လျှို့ဝှက်ဆန်းပြားလောက〘Uni+Za...

By Kaiyou1111

236K 40.5K 1K

[တစ်ကမ္ဘာလုံးက မင်းကို အနိုင်ကျင့်ကြတယ်၊ မုန်းတီးကြတယ်၊ နောက်ပြီး မင်းကို ခွဲခြားဆက်ဆံကြတယ်၊ ဒါပေမဲ့ မင်းရဲ့က... More

Description
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၂)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၃)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၆)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၇)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၈)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၉)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၀)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၁)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၂)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၃)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၆)
သေမင်းတမန် (၁)
သေမင်းတမန် (၂)
သေမင်းတမန် (၃)
သေမင်းတမန် (၄)
သေမင်းတမန် (၅)
သေမင်းတမန် (၆)
သေမင်းတမန် (၇)
သေမင်းတမန် (၈)
သေမင်းတမန် (၉)
သေမင်းတမန် (၁၀)
သေမင်းတမန် (၁၁)
သေမင်းတမန် (၁၂)
သေမင်းတမန် (၁၃)
သေမင်းတမန် (၁၄)
သေမင်းတမန် (၁၅)
လူသားစားမြို့(၁)
လူသားစားမြို့(၂)
လူသားစားမြို့(၃)
လူသားစားမြို့(၄)
လူသားစားမြို့(၅)
လူသားစားမြို့(၆)
လူသားစားမြို့(၇)
လူသားစားမြို့(၈)
လူသားစားမြို့(၉)
လူသားစားမြို့(၁၀)
လူသားစားမြို့(၁၁)
လူသားစားမြို့(၁၂)
လူသားစားမြို့(၁၃)
လူသားစားမြို့(၁၄)
လူသားစားမြို့(၁၅)
လူသားစားမြို့(၁၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၇)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၈)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၀)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၆)
Not Update!!
Good New (。•̀ᴗ-)✧
Hello (。•̀ᴗ-)✧
လူသတ်ဂိမ်း (၁)
လူသတ်ဂိမ်း (၂)
လူသတ်ဂိမ်း (၃)
လူသတ်ဂိမ်း (၄)
လူသတ်ဂိမ်း (၅)
လူသတ်ဂိမ်း (၆)
လူသတ်ဂိမ်း(၇)
လူသတ်ဂိမ်း (၈)
လူသတ်ဂိမ်း (၉)
လူသတ်ဂိမ်း (၁၀)
လူသတ်ဂိမ်း (၁၁)
လူသတ်ဂိမ်း (၁၂)
တစ္ဆေမျက်လုံး (၁)
တစ္ဆေမျက်လုံး (၂)
တစ္ဆေမျက်လုံး (၃)
တစ္ဆေမျက်လုံး (၄)
တစ္ဆေမျက်လုံး (၅)
တစ္ဆေမျက်လုံး (၆)
တစ္ဆေမျက်လုံး (၇)
တစ္ဆေမျက်လုံး (၈)
တစ္ဆေမျက်လုံး(၉)
တစ္ဆေမျက်လုံး (၁၀)
တစ္ဆေမျက်လုံး (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၂)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၃)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၄)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၅)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၆)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၇)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၈)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၉)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၀)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၂)

နတ်ဆိုးနဲ့လဲလှယ်ခြင်း(၉)

1.3K 298 2
By Kaiyou1111

Unicode

ကောင်းကင်က တဖြည်းဖြည်း မဲမှောင်လာခဲ့သည်။ နွေရာသီတွင် ညအချိန်က မြန်မြန်ရောက်လာတက်ပြီး မကြာခင်မှာပဲ ကောင်းကင်တစ်ခုလုံးက မဲမှောင်သွားခဲ့ပြီး ညအချိန်တွင် တစ်ကမ္ဘာလုံးက အဆုံးအစမဲ့နေသည်။

လေကတိုက်ခတ်လာပြီး သစ်ကိုင်းတွင် ချိတ်ဆွဲထားသည့် သံစုံခေါင်းလောင်းလေးတွေက မြည်လာခဲ့ပြီး တိတ်ဆိတ်နေသည့် ညအချိန်အား ကျောချမ်းစရာကောင်းအောင် ဖြစ်စေသည်။

“သွားရအောင်” မိန်းကလေး တစ်ယောက်ရဲ့အသံက အဝေးမှ ထွက်လာခဲ့သည်။ သူမအသံက တိုးလျနေပြီး ကြောက်လန့်နေသလိုမျိုး တုန်နေခဲ့သည်။

ဒီလိုနေရာမျိုးမှာ ဒိတ်ကျသည့် ကောင်လေးတွေက ကြောက်စရာကောင်းတယ်လို့ သူမ တွေးလိုက်သည်။

“မင်းကြောက်နေတာလား? ကိုယ်ရှိတယ်” ကောင်လေးက ပြောလိုက်ပြီး အာရုံသိပ်မစိုက်ပေ။

“ဒါပေမဲ့ မကြာခင်တုန်းကမှ ကျောင်းထဲမှာ လူသတ်မှုနှစ်ခု ဖြစ်ခဲ့တာလေ။ နေ့ဘက်မှာတောင် စာကြည့်တိုက်ဘက်ကို လူအများကြီး မလာကြတော့ဘူး၊ ညဘက်မှာဆို တစ်ယောက်တောင် မရှိဘူးလေ” မိန်းကလေးက ကြောက်နေပြီး သူမအသံက ပိုပြီးတော့တောင် တိုးနေသည်။ သူမအသက်ရှူသံက ဖိအားတွေကြောင့် တိုးလျနေသည်။

ကောင်လေးက သိပ်ပြီးအာရုံမစိုက်ပဲ သိသိသာသာလို၊ မတော်တဆလိုမျိုးဖြင့် သူ့လက်တွေအား မိန်းကလေးရဲ့ ခန္ဓာကိုယ်ပေါ် လှုပ်ရှားလိုက်တာကြောင့် သူမက သူနဲ့အဝေးကို ရောက်သွားစေသည်။

“အဲ့လိုမလုပ်နဲ့” မိန်းကလေးရဲ့အသံက ပြောင်းလဲသွားပြီး ရှက်ရယ်သည့်အသံတောင် ထွက်လာခဲ့သည်။

သစ်ပင်တွင် ချိတ်ဆွဲထားသည့် အနီရောင်ဖဲကြိုးတွေက လေကြောင့် လှုပ်ရှားနေပြီး တရှဲရှဲအသံက ထွက်နေခဲ့သည်။

“ဘမ်း” ကြီးမားသည့် တစ်စုံတစ်ခုက မြေပြင်ပေါ်ကို အရှိန်ပြင်းစွာ ပြုတ်ကျလာခဲ့ပြီး မြေကြီးကိုတောင် တုန်သွားစေလောက်သည့် အသံကျယ်ကြီးက ထွက်လာခဲ့သည်။

“အားးးး!” မိန်းကလေးရဲ့ တစ်ကိုယ်လုံးက ရုတ်တရက် အဖြစ်အပျက်ကြောင့် တုန်လှုပ်သွားပြီး မြေပြင်ပေါ်ကို လဲကျသွားခဲ့သည်။

ကောင်းကင်ကနေ အရိပ်ကြီးတစ်ခု ပြုတ်ကျလာတာကို သူမမြင်လိုက်တယ်!

ကောင်းကင်မှ ထွက်လာသည့် ကျယ်လောင်လှသည့် ဆူညံသံကြီးကြောင့် ထိတ်လန့်သွားပြီး မိန်းကလေးကိုယ်ပေါ်ရှိ ကောင်လေးရဲ့ လက်တွေက ချက်ချင်း ပြန်ရုတ်သွားခဲ့သည်။ မိန်းကလေးကြောင့် သူ့တစ်ကိုယ်လုံးကလည်း မြေပြင်ပေါ် လဲကျသွားခဲ့သည်။

“ဒုတ်၊ ဒုတ်” သူတို့နှစ်ယောက်က အရမ်းနီးကပ်နေတာကြောင့် တခြားသူရဲ့ မြန်ဆန်နေသည့် နှလုံးခုန်သံကို ရှင်းလင်းစွာ ကြားနေရသည်။

မိန်းကလေးရဲ့ ခြေထောက်တွေက ပျော့ခွေနေခဲ့သည်။

ကောင်လေးရဲ့ ကိုယ့်ကိုကိုယ် တန်ဖိုးထားခြင်းက အရမ်းမြင့်မားတာကြောင့် ခုန်ထွက်လုနီးပါး ကြောက်လန့်နေသည့် နှလုံးသားအား တည်ငြိမ်အောင်လုပ်ကာ ထ,ရပ်ဖို့လုပ်လိုက်သည်။ မိန်းကလေးက သူ့အား ကြောက်လန့်နေသည့် မျက်နှာထားနှင့် စိုးရိမ်စွာ ကြည့်လာခဲ့ပြီး တစ်ဖက်လူရဲ့ အင်္ကျီအား ဆွဲလိုက်ပြီး တုန်ရီနေသည့်အသံဖြင့် ပြောလိုက်သည်။ “ကျွန်မတို့ ဘာလုပ်ကြမလဲ?”

သူမမျက်နှာက ဖြူဖျော့နေပြီး သူမခန္ဓာကိုယ်က စိုးထိတ်နေမှုကြောင့် တုန်ရီနေသည်။

ကောင်လေးက သူမထက် အများကြီး ကောင်းမနေပေ။ သူက တံတွေးကို မျိုချလိုက်ပြီး သူ့မျက်တောင်တွေက ဆက်တိုက်လှုပ်ရှားနေကာ သူ့ခြေထောက်တွေက အနည်းငယ် အားနည်းနေသည်။

မိန်းကလေးက သူလှုပ်ရှားမှာကို စောင့်နေသလိုမျိုး သူမအကြည့်တွေက ကောင်လေးအပေါ်တွင်သာ ရှိနေသည်။

ကောင်လေးက နဖူးထက်တွင် ချွေးတွေကျနေရင်း ပြုံးဖို့ကြိုးစားလိုက်ပြီး ကောင်မလေးအား ထ,ရပ်နိုင်ဖို့ ကူညီလိုက်သည်။ နောက်ဆုံးတော့ ကောင်မလေးရဲ့ စိုက်ကြည့်မှုကြောင့် အကူအညီမဲ့စွာ ပြန်ဖြေလိုက်သည်။ “ဘယ်လို... ကိုယ်တို့ အဲ့ကိုလျှောက်သွားကြည့်ကြမလား?”

ကောင်မလေးက ထိုစကားတွေကြောင့် ခေါင်းကိုပြင်းထန်စွာ ခါလိုက်သည်။ သူမအသိဉာဏ်က ကြောက်လန့်မှုကြောင့် ပျောက်ဆုံးနေပေမဲ့ နောက်ဆုံးတော့ ငိုကြွေးကာ ပြောလိုက်သည်။ “အိုကေ၊ အိုကေ”

သူတို့နှစ်ယောက်က အမွှာတွေလို ကပ်လိုက်ပြီး ခြေလှမ်းတိုင်းအား ဂရုတစိုက်လှမ်းလိုက်သည်။ မြက်တွေကိုနင်းလို့ ထွက်လာသည့်အသံကတောင် သူတို့နှစ်ယောက်ကို ထိတ်လန့်စေသည်။

သူတို့နှစ်ယောက်ရဲ့ အဝေးမှ အနက်ရောင်ပစ္စည်းက ရှိနေသည်။

ကောင်မလေးက သူမဖုန်းမီးကို ဖွင့်လိုက်ပြီး သူမခန္ဓာကိုယ်အား ဂရုတစိုက်နဲ့ တစ်လှမ်းချင်းလှမ်းကာ ရွှေ့လိုက်သည်။

သို့သော် မီးအလင်းရောင်က ထိုနေရာအထိ လင်းစေဖို့က အရမ်းဝေးနေပြီး သူတို့နှစ်ယောက်က တုန်နေသည့်လက်တွေနဲ့ သူတို့ရှေ့မှ အလင်းရောင်ပြန်တာကိုသာ ကြည့်နေခဲ့သည်။

နီးလာပြီ...

သူတို့နှစ်ယောက်က သတိလက်လွတ် တံတွေးမျိုချလိုက်ကြသည်။

အလင်းရောင်က အနက်ရောင်ပစ္စည်းဆီ ရောက်ဖို့နီးကပ်လာခဲ့သည်။

နှစ်ယောက်သား ရပ်သွားကြသည်။

“အားးးးး!” ကောင်မလေးက သူမလက်တွေနဲ့ ခေါင်းကိုကိုင်လိုက်ပြီး ကြောက်လန့်စွာ အော်ဟစ်လိုက်သည်။ သူမခြေထောက်တွေက အထိန်းအချုပ်မဲ့သွားပုံပေါ်ကာ မြေပြင်ထက်ကို တိုက်ရိုက်ဒူးထောက်ကျသွားပြီး သူမခန္ဓာကိုယ်က ပိုပြီးတော့တောင် တုန်ရီလာခဲ့သည်။

ထိုနေရာတွင် လဲနေတာက လူတစ်ယောက်ပင်။

သွေးလွှမ်းနေသည့် အလောင်းက ဦးနှောက်တွေ ထွက်နေတယ်!!

မိန်းကလေးရဲ့နှုတ်ခမ်းက ဖြူဖျော့သွားခဲ့သည်။ သူမခေါင်းက မူးနောက်သွားခဲ့သည်။

ထိုလူရဲ့မျက်နှာကို သူမမြင်လိုက်သည်။

မိန်းကလေးက တံတွေးကို မျိုချလိုက်သည်။

ဂျန်လင်း။

“နင်ကြားပြီးပြီလား? တစ်ယောက် ထပ်သေသွားပြန်ပြီတဲ့!”

“အို၊ ဘုရား၊ ငါကြားခဲ့တယ်!” ခဏရပ်ပြီးနောက် ထိုလူက တီးတိုးပြောလိုက်သည်။ “ဒါပေမဲ့ သူမက ကိုယ့်ဘာသာ သတ်သေခဲ့တာလို့လည်း ငါကြားခဲ့တယ်”

“အာ! ရပ်လိုက်တော့! နောက်ပိုင်း ကျောင်းမှာဖြစ်နေတာတွေ အရမ်းများတာပဲ! ဒီအကြောင်း နားထောင်ဖို့က ငါ့အတွက် အရမ်းများလွန်းတယ်!”

အတင်းအဖျင်းတွေက နေရာတိုင်းမှ အပိုင်းအစလေးတွေ စုဆောင်းပြီး ထွက်လာခဲ့သည်။

ဝမ်ရီဇီ ရဲ့သွားတွေက ကြိတ်ထားပြီး သူ့မျက်ခုံးတွေက ကြုတ်နေခဲ့သည်။ သူ့အမူအရာက နည်းနည်း တင်းမာနေကာ သူ့နားတွေက သူ့ပတ်လည်က အတင်းပြောနေသည့် လူတွေရဲ့အသံကို နားစိုက်ထောင်နေခဲ့သည်။ ဂျန်လင်း ရဲ့သတ်သေမှုအကြောင်း အတင်းတွေကို သူကြားလိုက်ပြီး မထိန်းချုပ်နိုင်ပဲ မျက်မှောင်ကြုတ်လိုက်သည်။

ဂျန်လင်း ရဲ့သတ်သေမှုကို အစောကတည်းက သူကြားပြီးသားပင်။

ဒါပေမဲ့ ဒီကိစ္စကြီက အရမ်းထူးဆန်းနေတယ်!

လော့ရှောင်ရှောင် ကအသက်ရှင်နေတုန်းပဲ။ ဂျန်လင်း ကဘယ်လိုလုပ်ပြီး သတ်သေသွားရတာလဲ?

ဂျန်လင်း ကဘာကြောင့် သတ်သေသွားလဲဆိုတာ သူတောင် မသိပေ။

ထိုအကြောင်းကို တွေးလိုက်ပြီး စိတ်ဓာတ်ကျသွားကာ သူ့နှလုံးသားကလည်း ပိုပြီးလောင်မြိုက်လာခဲ့သည်။

သို့သော် လော့ရှောင်ရှောင် ဖြစ်ဖြစ် ဂျန်လင်း ဖြစ်ဖြစ် ဘယ်သူပဲသေသေ သူ့အတွက် အကျိုးအမြတ်ရစေနိုင်တာကြောင့် သူ့ကိုယ်သူ အလျင်အမြန် ထိန်းချုပ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ဂျန်လင်း ကမကြာခင်မှာ သေမှာပဲလေ၊ အခု သူမ သေသွားတော့ သူ့အတွက် ပြဿနာများလာနိုင်သည်။

နောက်တစ်ယောက်က လော့ရှောင်ရှောင် ဖြစ်နေသ၍ သူ့ mission ကပြီးမြောက်လိမ့်မည်။

ဒီလိုတွေးလိုက်ရင်း ဝမ်ရီဇီ ရဲ့ဒေါသက နည်းနည်းလျော့သွားခဲ့သည်။ စကားပြောနိုင်ဖို့နဲ့ ထူးဆန်းမှု အရိပ်အယောင်တွေ၊ ဖြစ်လာသည့်ကိစ္စမှ ထိတ်လန့်မှုတွေကို ဖိနှိပ်နိုင်ဖို့ သူ့ကိုယ်သူ ကြိုးစားလိုက်သည်။

အဆင်ပြေပါတယ်၊ ပြဿနာမရှိဘူး။

ဝမ်ရီဇီ ကသူ့ကိုယ်သူ နှစ်သိမ့်လိုက်ပြီး သူ့ရင်ဘတ်အား လက်နဲ့ပုတ်လိုက်ကာ ထို့နောက်တွင် သူ့မျက်လုံးတွေက တင်းမာသွားပြီး တချို့အရာကြောင့် ရက်စက်နေသည်။

လော့ရှောင်ရှောင် ကဘာပဲဖြစ်ဖြစ် သေသင့်တယ်!

-

ရှောင်ချန်း ကတစ်နာရီကျော်လောက် စာကြည့်တိုက် ပြတင်းပေါက်နားတွင် ထိုင်နေခဲ့ပြီး သူ့ခေါင်းက ပြတင်းပေါက်အပြင်ကို ထွက်နေပြီး ဆုတောင်းသစ်ပင်အား ကြည့်နေခဲ့သည်။

ဝင်ပေါက်ပတ်လည်တွင် ရဲတွေက ပိတ်ဆို့ထားခဲ့သည်။ မြေပြင်ထက်တွင် အဖြူရောင်တွေကို ဖြူးထားပြီး လူသေအလောင်းအတိုင်း ပုံဖော်ထားခဲ့သည်။

ထိုနေရာတွင် အပြင်လူမရှိပေ။ သေချာပြောရရင် စာကြည့်တိုက်ထဲတွင် လက်တစ်ဖက်စာလောက် လူတောင်မရှိသလို ဘာလှုပ်ရှားမှုမှလည်း မရှိပေ။

ကျိုးမင် က ရှောင်ချန်း အနောက်တွင် ထိုင်နေပြီး ခြေထောက်တွေကို ချိတ်ထားကာ ပုံမှန်အတိုင်း သူ့လက်ထဲတွင် ဂိမ်းစက်ဖြင့် ကစားနေခဲ့သည်။

ရှောင်ချန်း ကသူ့အသိကို ပြန်ရသွားပြီး ညစ်ညူးနေတာ ပျောက်သွားစေဖို့ သူ့နားထင်အား နှိပ်လိုက်သည်။

မျက်မှန်တွေ တပ်ထားတာကြောင့် ဘယ်သူကမှ သူ့အမူအရာအား ရှင်းလင်းစွာ မမြင်ရပေ။

ကျိုးမင် ကသူ့ပုံစံကို ပြောင်းလိုက်ပြီး အစနေ အဆုံးထိ တိတ်ဆိတ်စွာနေပြီး လက်ထဲတွင် ဂိမ်းစက်ကို ကိုင်ထားခဲ့သည်။

ထို့ကြောင့် ဒီနေ့တွင် ရှောင်ချန်း အရမ်းကြီး အနှောက်အယှက် ဖြစ်မနေပေ။ အခုနောက်ပိုင်း ကျိုးမင် ကနည်းနည်း ထူးဆန်းနေတာကိုသာ သူသတိပြုမိသည်။ သို့သော် ရှောင်ချန်း သိနေရင်တောင် ဒီအကြောင်းအား အာရုံမစိုက်ပေ။

“ကျိုးမင်” ရှောင်ချန်း ကရုတ်တရက် ကျိုးမင် ကိုလှည့်ကြည့်လိုက်ပြီး ခေါ်လိုက်သည်။

ကျိုးမင် ကဂိမ်းကစားနေတာကို ရပ်လိုက်ပြီး မော့ကြည့်လာခဲ့သည်။ “ဘာလဲ?”

“သရဲတွေ၊ နတ်ဘုရားတွေရှိတယ်လို့ မင်းယုံလား?” ရှောင်ချန်း ရဲ့အမူအရာက ဖျော့တော့နေပြီး သူဘာတွေးနေမှန်း မသိနိုင်ပေ။

ကျိုးမင် ကရယ်လိုက်သည်။ “မဟုတ်တာ၊ ငါတော့ မယုံဘူး”

ရှောင်ချန်း ကဆက်မေးလိုက်သည်။ “ဒါဆို မင်း ဘာကိုယုံလဲ?”

ကျိုးမင် ရဲ့လက်တွေက ရပ်တန့်သွားပြီး သူ့နှုတ်ခမ်းက စေ့သွားကာ ခဏလောက် တွေးတောသွားပုံပေါ်သည်။ “ငါ့ကိုယ်ငါ ယုံတယ်”

ရှောင်ချန်း ကဘာမှမပြောပေမဲ့ ကျိုးမင် ရဲ့နှုတ်ခမ်းက ကွေးသွားခဲ့သည်။ သူ့မျက်လုံးတွေက အလင်းတချို့ကြောင့် တောက်ပသွားရင်း ရှောင်ချန်း အားကြည့်ကာ ပြန်မေးလိုက်သည်။ “ရှောင်ချန်း၊ ကမ္ဘာကြီးရဲ့ သဘာဝတရားက ဘယ်လိုဆိုတာ မင်းသိလား?”

ရှောင်ချန်း ရဲ့စိတ်က တခုခုကြောင့် မွန်းကြပ်သွားပေမဲ့ ထူးဆန်းစွာပင် အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။ သူရပ်လိုက်ပြီး သူ့မျက်လုံး အလင်းရောင်က ဖျော့တော့နေကာ အမှန်အတိုင်း ပြောလိုက်သည်။ “ငါမသိဘူး”

ကျိုးမင် က ရှောင်ချန်း ရဲ့အဖြေကို ကြားလိုက်ပြီး အံ့ဩပုံမပြပေ။ သူက သူ့ခေါင်းကိုစောင်းလိုက်ပြီး ဂရုမစိုက်ပုံပေါ်ကာ သူ့ပုခုံးကို တွန့်လိုက်သည်။ “ငါလည်း မသိဘူး”

သူတို့နှစ်ယောက်က သဘောတူညီချက်ဖြင့် တိတ်ဆိတ်သွားခဲ့သည်။

ကမ္ဘာကြီးရဲ့သဘာဝတရားက ဘာလဲ?

ဒီနေရာက ရုပ်ရှင်(ဇာတ်ကား)ပဲ။

-

ကောင်လေးက တောက်ပနေသည့် မျက်နှာထားဖြင့် တံခါးနားတွင် ရပ်နေခဲ့သည်။ သူ့လက်ထဲတွင် ခုံပုလေးကို ကိုင်ထားပြီး တစ်ခုခုအား ထင်ရာစိုင်းလုပ်နေသလိုမျိုး တံခါးအား ရူးမိုက်စွာ ရိုက်ချိုးနေခဲ့သည်။ သူ့မျက်လုံးတွေက ပြူးကျယ်နေပြီး သွေးရောင်လွှမ်းနေကာ သူ့အမူအရာက တင်းမာနေသည်။

“WTH!!!” သူ့အသံက အက်ရှနေပြီး အားစိုက်ထုတ်မှုကြောင့် သူ့အသံတွေက တိမ်ဝင်နေခဲ့သည်။

“သူဘယ်မှာလဲ?” သူက ခုံပုလေးနဲ့ တံခါးကို ရိုက်ချလိုက်သည်။ သတ္ထုတံခါးပေါ်တွင် ခုံနဲ့ရိုက်ထားမှုကြောင့် အစင်းရာတွေရှိနေသည်။

တံခါးအပြင်တွင် သူနာပြုတွေက ဖရိုဖရဲဖြစ်နေပြီး စစ်ဆေးဖို့အတွက် အုပ်စုဖွဲ့နေကြသည်။

ကောင်လေးက ခုံပုလေးအား ကျယ်လောင်သည့်အသံဖြင့် ကြမ်းပြင်ထက်ကို ပစ်ချလိုက်သည်။

သူက လက်သီးဆုပ်လိုက်ပြီး နာကျင်မှုကို မခံစားရသလိုမျိုး တံခါးအား လက်သီးနဲ့ ထိုးလိုက်သည်။ သူ့လက်တွေက အညိုအမဲတွေဖြစ်လာပြီး သွေးတွေတောင် ထွက်လာခဲ့သည်။ သို့သော် သူက အရူးလိုမျိုး တံခါးအား ဆက်တိုက်ရိုက်ချိုးနေခဲ့သည်။

“ကျွန်မတို့ ဘာလုပ်သင့်လဲ? ဒီလူနာက နောက်ထပ်သောင်းကျန်းနေပြီ!” သူနာပြုရဲ့အသံက တုန်နေခဲ့သည်။

ဒီလူနာက တိုက်ခိုက်လာသည်နှင့် သူက ရူးသွပ်သွားနိုင်သည်။ ပြီးခဲ့သည့်အချိန်က လွန်ခဲ့သည့် ငါးလကဖြစ်ပြီး ဒီကောင်လေးက သူ့လက်တွေကို သူ့ဘာသာ ဖြတ်ပစ်လောက်တဲ့အထိ ကြမ်းတမ်းမှန်း သူမ မေ့လုနီးပါး ဖြစ်ခဲ့သည်။

ထိုအကြောင်းကို တွေးလိုက်ပြီး သူမက တောင့်တင်းသွားကာ အတွင်းဘက်မှ ကျယ်လောင်သည့် အသံကြီးကို ကြားလိုက်ချိန်တွင် လန့်သွားခဲ့သည်။

သူနာပြုခေါင်းဆောင်က အသက်အကြီးဆုံး ဖြစ်ပေမဲ့ နည်းနည်းလန့်နေသည်။ သူမက လှည့်ပတ်သာ မေးနိုင်သည်။ “သူ့ကို လာလာရှာတက်တဲ့ အဲ့ကောင်လေး ဘယ်မှာလဲ? သူ့ကို မြန်မြန်သွားခေါ်!”

အဲ့ကောင်လေးက သူ့အတွက် ဆေးဖြစ်တယ်ဆိုတာကို ဒီနေရာက ဘယ်သူမှမသိကြပေ။

ထောင့်ဘက်မှ အလျင်စလိုအသံဖြင့် ဖြေသံက ထွက်လာခဲ့သည်။ “ဒီနေ့ အဲ့ကောင်လေးရဲ့ ခွဲစိတ်မှုက မအောင်မြင်တာကို အစ်မမေ့သွားပြီလား? သူ့ကို ရင်ခွဲရုံခေါ်သွားပြီ!”

သူနာပြုခေါင်းဆောင်က အေးခဲသွားပြီး ပြောစရာစကားတွေ ပျောက်သွားခဲ့သည်။

အထဲက ကောင်လေးက သူတို့စကားတွေကို ကြားလိုက်လား မသေချာပေမဲ့ တံခါးရိုက်ချိုးနေသည့် အသံက ပိုပိုကျယ်လောင်လာပြီး တံခါးအား သူ့ပုခုံးနဲ့ပါ စတိုက်လာခဲ့သည်။

သူ့အသံက ရူးသွပ်နေသလိုမျိုး ကျယ်လောင်လာခဲ့သည်။ “သူရှိတယ်!!! သူ့ကို အခုချက်ချင်း ငါ့ဆီခေါ်လာခဲ့!”

ငါ့ကလေးလေး ထွက်သွားပြီ။ သူဘယ်သွားလဲဆိုတာ မင်းသိလား?

---------------

Zawgyi

ေကာင္းကင္က တျဖည္းျဖည္း မဲေမွာင္လာခဲ့သည္။ ေႏြရာသီတြင္ ညအခ်ိန္က ျမန္ျမန္ေရာက္လာတက္ၿပီး မၾကာခင္မွာပဲ ေကာင္းကင္တစ္ခုလုံးက မဲေမွာင္သြားခဲ့ၿပီး ညအခ်ိန္တြင္ တစ္ကမ႓ာလုံးက အဆုံးအစမဲ့ေနသည္။

ေလကတိုက္ခတ္လာၿပီး သစ္ကိုင္းတြင္ ခ်ိတ္ဆြဲထားသည့္ သံစုံေခါင္းေလာင္းေလးေတြက ျမည္လာခဲ့ၿပီး တိတ္ဆိတ္ေနသည့္ ညအခ်ိန္အား ေက်ာခ်မ္းစရာေကာင္းေအာင္ ျဖစ္ေစသည္။

“သြားရေအာင္” မိန္းကေလး တစ္ေယာက္ရဲ႕အသံက အေဝးမွ ထြက္လာခဲ့သည္။ သူမအသံက တိုးလ်ေနၿပီး ေၾကာက္လန္႔ေနသလိုမ်ိဳး တုန္ေနခဲ့သည္။

ဒီလိုေနရာမ်ိဳးမွာ ဒိတ္က်သည့္ ေကာင္ေလးေတြက ေၾကာက္စရာေကာင္းတယ္လို႔ သူမ ေတြးလိုက္သည္။

“မင္းေၾကာက္ေနတာလား? ကိုယ္႐ွိတယ္” ေကာင္ေလးက ေျပာလိုက္ၿပီး အာ႐ုံသိပ္မစိုက္ေပ။

“ဒါေပမဲ့ မၾကာခင္တုန္းကမွ ေက်ာင္းထဲမွာ လူသတ္မႈႏွစ္ခု ျဖစ္ခဲ့တာေလ။ ေန႔ဘက္မွာေတာင္ စာၾကည့္တိုက္ဘက္ကို လူအမ်ားႀကီး မလာၾကေတာ့ဘူး၊ ညဘက္မွာဆို တစ္ေယာက္ေတာင္ မ႐ွိဘူးေလ” မိန္းကေလးက ေၾကာက္ေနၿပီး သူမအသံက ပိုၿပီးေတာ့ေတာင္ တိုးေနသည္။ သူမအသက္႐ွဴသံက ဖိအားေတြေၾကာင့္ တိုးလ်ေနသည္။

ေကာင္ေလးက သိပ္ၿပီးအာ႐ုံမစိုက္ပဲ သိသိသာသာလို၊ မေတာ္တဆလိုမ်ိဳးျဖင့္ သူ႕လက္ေတြအား မိန္းကေလးရဲ႕ ခႏၶာကိုယ္ေပၚ လႈပ္႐ွားလိုက္တာေၾကာင့္ သူမက သူနဲ႔အေဝးကို ေရာက္သြားေစသည္။

“အဲ့လိုမလုပ္နဲ႔” မိန္းကေလးရဲ႕အသံက ေျပာင္းလဲသြားၿပီး ႐ွက္ရယ္သည့္အသံေတာင္ ထြက္လာခဲ့သည္။

သစ္ပင္တြင္ ခ်ိတ္ဆြဲထားသည့္ အနီေရာင္ဖဲႀကိဳးေတြက ေလေၾကာင့္ လႈပ္႐ွားေနၿပီး တ႐ွဲ႐ွဲအသံက ထြက္ေနခဲ့သည္။

“ဘမ္း” ႀကီးမားသည့္ တစ္စုံတစ္ခုက ေျမျပင္ေပၚကို အ႐ွိန္ျပင္းစြာ ျပဳတ္က်လာခဲ့ၿပီး ေျမႀကီးကိုေတာင္ တုန္သြားေစေလာက္သည့္ အသံက်ယ္ႀကီးက ထြက္လာခဲ့သည္။

“အားးးး!” မိန္းကေလးရဲ႕ တစ္ကိုယ္လုံးက ႐ုတ္တရက္ အျဖစ္အပ်က္ေၾကာင့္ တုန္လႈပ္သြားၿပီး ေျမျပင္ေပၚကို လဲက်သြားခဲ့သည္။

ေကာင္းကင္ကေန အရိပ္ႀကီးတစ္ခု ျပဳတ္က်လာတာကို သူမျမင္လိုက္တယ္!

ေကာင္းကင္မွ ထြက္လာသည့္ က်ယ္ေလာင္လွသည့္ ဆူညံသံႀကီးေၾကာင့္ ထိတ္လန္႔သြားၿပီး မိန္းကေလးကိုယ္ေပၚ႐ွိ ေကာင္ေလးရဲ႕ လက္ေတြက ခ်က္ခ်င္း ျပန္႐ုတ္သြားခဲ့သည္။ မိန္းကေလးေၾကာင့္ သူ႕တစ္ကိုယ္လုံးကလည္း ေျမျပင္ေပၚ လဲက်သြားခဲ့သည္။

“ဒုတ္၊ ဒုတ္” သူတို႔ႏွစ္ေယာက္က အရမ္းနီးကပ္ေနတာေၾကာင့္ တျခားသူရဲ႕ ျမန္ဆန္ေနသည့္ ႏွလုံးခုန္သံကို ႐ွင္းလင္းစြာ ၾကားေနရသည္။

မိန္းကေလးရဲ႕ ေျခေထာက္ေတြက ေပ်ာ့ေခြေနခဲ့သည္။

ေကာင္ေလးရဲ႕ ကိုယ့္ကိုကိုယ္ တန္ဖိုးထားျခင္းက အရမ္းျမင့္မားတာေၾကာင့္ ခုန္ထြက္လုနီးပါး ေၾကာက္လန္႔ေနသည့္ ႏွလုံးသားအား တည္ၿငိမ္ေအာင္လုပ္ကာ ထ,ရပ္ဖို႔လုပ္လိုက္သည္။ မိန္းကေလးက သူ႕အား ေၾကာက္လန္႔ေနသည့္ မ်က္ႏွာထားႏွင့္ စိုးရိမ္စြာ ၾကည့္လာခဲ့ၿပီး တစ္ဖက္လူရဲ႕ အက်ႌအား ဆြဲလိုက္ၿပီး တုန္ရီေနသည့္အသံျဖင့္ ေျပာလိုက္သည္။ “ကြၽန္မတို႔ ဘာလုပ္ၾကမလဲ?”

သူမမ်က္ႏွာက ျဖဴေဖ်ာ့ေနၿပီး သူမခႏၶာကိုယ္က စိုးထိတ္ေနမႈေၾကာင့္ တုန္ရီေနသည္။

ေကာင္ေလးက သူမထက္ အမ်ားႀကီး ေကာင္းမေနေပ။ သူက တံေတြးကို မ်ိဳခ်လိုက္ၿပီး သူ႕မ်က္ေတာင္ေတြက ဆက္တိုက္လႈပ္႐ွားေနကာ သူ႕ေျခေထာက္ေတြက အနည္းငယ္ အားနည္းေနသည္။

မိန္းကေလးက သူလႈပ္႐ွားမွာကို ေစာင့္ေနသလိုမ်ိဳး သူမအၾကည့္ေတြက ေကာင္ေလးအေပၚတြင္သာ ႐ွိေနသည္။

ေကာင္ေလးက နဖူးထက္တြင္ ေခြၽးေတြက်ေနရင္း ျပဳံးဖို႔ႀကိဳးစားလိုက္ၿပီး ေကာင္မေလးအား ထ,ရပ္ႏိုင္ဖို႔ ကူညီလိုက္သည္။ ေနာက္ဆုံးေတာ့ ေကာင္မေလးရဲ႕ စိုက္ၾကည့္မႈေၾကာင့္ အကူအညီမဲ့စြာ ျပန္ေျဖလိုက္သည္။ “ဘယ္လို... ကိုယ္တို႔ အဲ့ကိုေလွ်ာက္သြားၾကည့္ၾကမလား?”

ေကာင္မေလးက ထိုစကားေတြေၾကာင့္ ေခါင္းကိုျပင္းထန္စြာ ခါလိုက္သည္။ သူမအသိဉာဏ္က ေၾကာက္လန္႔မႈေၾကာင့္ ေပ်ာက္ဆုံးေနေပမဲ့ ေနာက္ဆုံးေတာ့ ငိုေႂကြးကာ ေျပာလိုက္သည္။ “အိုေက၊ အိုေက”

သူတို႔ႏွစ္ေယာက္က အမႊာေတြလို ကပ္လိုက္ၿပီး ေျခလွမ္းတိုင္းအား ဂ႐ုတစိုက္လွမ္းလိုက္သည္။ ျမက္ေတြကိုနင္းလို႔ ထြက္လာသည့္အသံကေတာင္ သူတို႔ႏွစ္ေယာက္ကို ထိတ္လန္႔ေစသည္။

သူတို႔ႏွစ္ေယာက္ရဲ႕ အေဝးမွ အနက္ေရာင္ပစၥည္းက ႐ွိေနသည္။

ေကာင္မေလးက သူမဖုန္းမီးကို ဖြင့္လိုက္ၿပီး သူမခႏၶာကိုယ္အား ဂ႐ုတစိုက္နဲ႔ တစ္လွမ္းခ်င္းလွမ္းကာ ေ႐ႊ႕လိုက္သည္။

သို႔ေသာ္ မီးအလင္းေရာင္က ထိုေနရာအထိ လင္းေစဖို႔က အရမ္းေဝးေနၿပီး သူတို႔ႏွစ္ေယာက္က တုန္ေနသည့္လက္ေတြနဲ႔ သူတို႔ေ႐ွ႕မွ အလင္းေရာင္ျပန္တာကိုသာ ၾကည့္ေနခဲ့သည္။

နီးလာၿပီ...

သူတို႔ႏွစ္ေယာက္က သတိလက္လြတ္ တံေတြးမ်ိဳခ်လိုက္ၾကသည္။

အလင္းေရာင္က အနက္ေရာင္ပစၥည္းဆီ ေရာက္ဖို႔နီးကပ္လာခဲ့သည္။

ႏွစ္ေယာက္သား ရပ္သြားၾကသည္။

“အားးးးး!” ေကာင္မေလးက သူမလက္ေတြနဲ႔ ေခါင္းကိုကိုင္လိုက္ၿပီး ေၾကာက္လန္႔စြာ ေအာ္ဟစ္လိုက္သည္။ သူမေျခေထာက္ေတြက အထိန္းအခ်ဳပ္မဲ့သြားပုံေပၚကာ ေျမျပင္ထက္ကို တိုက္႐ိုက္ဒူးေထာက္က်သြားၿပီး သူမခႏၶာကိုယ္က ပိုၿပီးေတာ့ေတာင္ တုန္ရီလာခဲ့သည္။

ထိုေနရာတြင္ လဲေနတာက လူတစ္ေယာက္ပင္။

ေသြးလႊမ္းေနသည့္ အေလာင္းက ဦးေႏွာက္ေတြ ထြက္ေနတယ္!!

မိန္းကေလးရဲ႕ႏႈတ္ခမ္းက ျဖဴေဖ်ာ့သြားခဲ့သည္။ သူမေခါင္းက မူးေနာက္သြားခဲ့သည္။

ထိုလူရဲ႕မ်က္ႏွာကို သူမျမင္လိုက္သည္။

မိန္းကေလးက တံေတြးကို မ်ိဳခ်လိုက္သည္။

ဂ်န္လင္း။

“နင္ၾကားၿပီးၿပီလား? တစ္ေယာက္ ထပ္ေသသြားျပန္ၿပီတဲ့!”

“အို၊ ဘုရား၊ ငါၾကားခဲ့တယ္!” ခဏရပ္ၿပီးေနာက္ ထိုလူက တီးတိုးေျပာလိုက္သည္။ “ဒါေပမဲ့ သူမက ကိုယ့္ဘာသာ သတ္ေသခဲ့တာလို႔လည္း ငါၾကားခဲ့တယ္”

“အာ! ရပ္လိုက္ေတာ့! ေနာက္ပိုင္း ေက်ာင္းမွာျဖစ္ေနတာေတြ အရမ္းမ်ားတာပဲ! ဒီအေၾကာင္း နားေထာင္ဖို႔က ငါ့အတြက္ အရမ္းမ်ားလြန္းတယ္!”

အတင္းအဖ်င္းေတြက ေနရာတိုင္းမွ အပိုင္းအစေလးေတြ စုေဆာင္းၿပီး ထြက္လာခဲ့သည္။

ဝမ္ရီဇီ ရဲ႕သြားေတြက ႀကိတ္ထားၿပီး သူ႕မ်က္ခုံးေတြက ၾကဳတ္ေနခဲ့သည္။ သူ႕အမူအရာက နည္းနည္း တင္းမာေနကာ သူ႕နားေတြက သူ႕ပတ္လည္က အတင္းေျပာေနသည့္ လူေတြရဲ႕အသံကို နားစိုက္ေထာင္ေနခဲ့သည္။ ဂ်န္လင္း ရဲ႕သတ္ေသမႈအေၾကာင္း အတင္းေတြကို သူၾကားလိုက္ၿပီး မထိန္းခ်ဳပ္ႏိုင္ပဲ မ်က္ေမွာင္ၾကဳတ္လိုက္သည္။

ဂ်န္လင္း ရဲ႕သတ္ေသမႈကို အေစာကတည္းက သူၾကားၿပီးသားပင္။

ဒါေပမဲ့ ဒီကိစၥႀကီက အရမ္းထူးဆန္းေနတယ္!

ေလာ့ေ႐ွာင္ေ႐ွာင္ ကအသက္႐ွင္ေနတုန္းပဲ။ ဂ်န္လင္း ကဘယ္လိုလုပ္ၿပီး သတ္ေသသြားရတာလဲ?

ဂ်န္လင္း ကဘာေၾကာင့္ သတ္ေသသြားလဲဆိုတာ သူေတာင္ မသိေပ။

ထိုအေၾကာင္းကို ေတြးလိုက္ၿပီး စိတ္ဓာတ္က်သြားကာ သူ႕ႏွလုံးသားကလည္း ပိုၿပီးေလာင္ၿမိဳက္လာခဲ့သည္။

သို႔ေသာ္ ေလာ့ေ႐ွာင္ေ႐ွာင္ ျဖစ္ျဖစ္ ဂ်န္လင္း ျဖစ္ျဖစ္ ဘယ္သူပဲေသေသ သူ႕အတြက္ အက်ိဳးအျမတ္ရေစႏိုင္တာေၾကာင့္ သူ႕ကိုယ္သူ အလ်င္အျမန္ ထိန္းခ်ဳပ္လိုက္သည္။ ဘာပဲျဖစ္ျဖစ္ ဂ်န္လင္း ကမၾကာခင္မွာ ေသမွာပဲေလ၊ အခု သူမ ေသသြားေတာ့ သူ႕အတြက္ ျပႆနာမ်ားလာႏိုင္သည္။

ေနာက္တစ္ေယာက္က ေလာ့ေ႐ွာင္ေ႐ွာင္ ျဖစ္ေနသ၍ သူ႕ mission ကၿပီးေျမာက္လိမ့္မည္။

ဒီလိုေတြးလိုက္ရင္း ဝမ္ရီဇီ ရဲ႕ေဒါသက နည္းနည္းေလ်ာ့သြားခဲ့သည္။ စကားေျပာႏိုင္ဖို႔နဲ႔ ထူးဆန္းမႈ အရိပ္အေယာင္ေတြ၊ ျဖစ္လာသည့္ကိစၥမွ ထိတ္လန္႔မႈေတြကို ဖိႏွိပ္ႏိုင္ဖို႔ သူ႕ကိုယ္သူ ႀကိဳးစားလိုက္သည္။

အဆင္ေျပပါတယ္၊ ျပႆနာမ႐ွိဘူး။

ဝမ္ရီဇီ ကသူ႕ကိုယ္သူ ႏွစ္သိမ့္လိုက္ၿပီး သူ႕ရင္ဘတ္အား လက္နဲ႔ပုတ္လိုက္ကာ ထို႔ေနာက္တြင္ သူ႕မ်က္လုံးေတြက တင္းမာသြားၿပီး တခ်ိဳ႕အရာေၾကာင့္ ရက္စက္ေနသည္။

ေလာ့ေ႐ွာင္ေ႐ွာင္ ကဘာပဲျဖစ္ျဖစ္ ေသသင့္တယ္!

-

ေ႐ွာင္ခ်န္း ကတစ္နာရီေက်ာ္ေလာက္ စာၾကည့္တိုက္ ျပတင္းေပါက္နားတြင္ ထိုင္ေနခဲ့ၿပီး သူ႕ေခါင္းက ျပတင္းေပါက္အျပင္ကို ထြက္ေနၿပီး ဆုေတာင္းသစ္ပင္အား ၾကည့္ေနခဲ့သည္။

ဝင္ေပါက္ပတ္လည္တြင္ ရဲေတြက ပိတ္ဆို႔ထားခဲ့သည္။ ေျမျပင္ထက္တြင္ အျဖဴေရာင္ေတြကို ျဖဴးထားၿပီး လူေသအေလာင္းအတိုင္း ပုံေဖာ္ထားခဲ့သည္။

ထိုေနရာတြင္ အျပင္လူမ႐ွိေပ။ ေသခ်ာေျပာရရင္ စာၾကည့္တိုက္ထဲတြင္ လက္တစ္ဖက္စာေလာက္ လူေတာင္မ႐ွိသလို ဘာလႈပ္႐ွားမႈမွလည္း မ႐ွိေပ။

က်ိဳးမင္ က ေ႐ွာင္ခ်န္း အေနာက္တြင္ ထိုင္ေနၿပီး ေျခေထာက္ေတြကို ခ်ိတ္ထားကာ ပုံမွန္အတိုင္း သူ႕လက္ထဲတြင္ ဂိမ္းစက္ျဖင့္ ကစားေနခဲ့သည္။

ေ႐ွာင္ခ်န္း ကသူ႕အသိကို ျပန္ရသြားၿပီး ညစ္ညဴးေနတာ ေပ်ာက္သြားေစဖို႔ သူ႕နားထင္အား ႏွိပ္လိုက္သည္။

မ်က္မွန္ေတြ တပ္ထားတာေၾကာင့္ ဘယ္သူကမွ သူ႕အမူအရာအား ႐ွင္းလင္းစြာ မျမင္ရေပ။

က်ိဳးမင္ ကသူ႕ပုံစံကို ေျပာင္းလိုက္ၿပီး အစေန အဆုံးထိ တိတ္ဆိတ္စြာေနၿပီး လက္ထဲတြင္ ဂိမ္းစက္ကို ကိုင္ထားခဲ့သည္။

ထို႔ေၾကာင့္ ဒီေန႔တြင္ ေ႐ွာင္ခ်န္း အရမ္းႀကီး အေႏွာက္အယွက္ ျဖစ္မေနေပ။ အခုေနာက္ပိုင္း က်ိဳးမင္ ကနည္းနည္း ထူးဆန္းေနတာကိုသာ သူသတိျပဳမိသည္။ သို႔ေသာ္ ေ႐ွာင္ခ်န္း သိေနရင္ေတာင္ ဒီအေၾကာင္းအား အာ႐ုံမစိုက္ေပ။

“က်ိဳးမင္” ေ႐ွာင္ခ်န္း က႐ုတ္တရက္ က်ိဳးမင္ ကိုလွည့္ၾကည့္လိုက္ၿပီး ေခၚလိုက္သည္။

က်ိဳးမင္ ကဂိမ္းကစားေနတာကို ရပ္လိုက္ၿပီး ေမာ့ၾကည့္လာခဲ့သည္။ “ဘာလဲ?”

“သရဲေတြ၊ နတ္ဘုရားေတြ႐ွိတယ္လို႔ မင္းယုံလား?” ေ႐ွာင္ခ်န္း ရဲ႕အမူအရာက ေဖ်ာ့ေတာ့ေနၿပီး သူဘာေတြးေနမွန္း မသိႏိုင္ေပ။

က်ိဳးမင္ ကရယ္လိုက္သည္။ “မဟုတ္တာ၊ ငါေတာ့ မယုံဘူး”

ေ႐ွာင္ခ်န္း ကဆက္ေမးလိုက္သည္။ “ဒါဆို မင္း ဘာကိုယုံလဲ?”

က်ိဳးမင္ ရဲ႕လက္ေတြက ရပ္တန္႔သြားၿပီး သူ႕ႏႈတ္ခမ္းက ေစ့သြားကာ ခဏေလာက္ ေတြးေတာသြားပုံေပၚသည္။ “ငါ့ကိုယ္ငါ ယုံတယ္”

ေ႐ွာင္ခ်န္း ကဘာမွမေျပာေပမဲ့ က်ိဳးမင္ ရဲ႕ႏႈတ္ခမ္းက ေကြးသြားခဲ့သည္။ သူ႕မ်က္လုံးေတြက အလင္းတခ်ိဳ႕ေၾကာင့္ ေတာက္ပသြားရင္း ေ႐ွာင္ခ်န္း အားၾကည့္ကာ ျပန္ေမးလိုက္သည္။ “ေ႐ွာင္ခ်န္း၊ ကမ႓ာႀကီးရဲ႕ သဘာဝတရားက ဘယ္လိုဆိုတာ မင္းသိလား?”

ေ႐ွာင္ခ်န္း ရဲ႕စိတ္က တခုခုေၾကာင့္ မြန္းၾကပ္သြားေပမဲ့ ထူးဆန္းစြာပင္ အလ်င္အျမန္ ေပ်ာက္ကြယ္သြားခဲ့သည္။ သူရပ္လိုက္ၿပီး သူ႕မ်က္လုံး အလင္းေရာင္က ေဖ်ာ့ေတာ့ေနကာ အမွန္အတိုင္း ေျပာလိုက္သည္။ “ငါမသိဘူး”

က်ိဳးမင္ က ေ႐ွာင္ခ်န္း ရဲ႕အေျဖကို ၾကားလိုက္ၿပီး အံ့ဩပုံမျပေပ။ သူက သူ႕ေခါင္းကိုေစာင္းလိုက္ၿပီး ဂ႐ုမစိုက္ပုံေပၚကာ သူ႕ပုခုံးကို တြန္႔လိုက္သည္။ “ငါလည္း မသိဘူး”

သူတို႔ႏွစ္ေယာက္က သေဘာတူညီခ်က္ျဖင့္ တိတ္ဆိတ္သြားခဲ့သည္။

ကမ႓ာႀကီးရဲ႕သဘာဝတရားက ဘာလဲ?

ဒီေနရာက ႐ုပ္႐ွင္(ဇာတ္ကား)ပဲ။

-

ေကာင္ေလးက ေတာက္ပေနသည့္ မ်က္ႏွာထားျဖင့္ တံခါးနားတြင္ ရပ္ေနခဲ့သည္။ သူ႕လက္ထဲတြင္ ခုံပုေလးကို ကိုင္ထားၿပီး တစ္ခုခုအား ထင္ရာစိုင္းလုပ္ေနသလိုမ်ိဳး တံခါးအား ႐ူးမိုက္စြာ ႐ိုက္ခ်ိဳးေနခဲ့သည္။ သူ႕မ်က္လုံးေတြက ျပဴးက်ယ္ေနၿပီး ေသြးေရာင္လႊမ္းေနကာ သူ႕အမူအရာက တင္းမာေနသည္။

“WTH!!!” သူ႕အသံက အက္႐ွေနၿပီး အားစိုက္ထုတ္မႈေၾကာင့္ သူ႕အသံေတြက တိမ္ဝင္ေနခဲ့သည္။

“သူဘယ္မွာလဲ?” သူက ခုံပုေလးနဲ႔ တံခါးကို ႐ိုက္ခ်လိုက္သည္။ သတၳဳတံခါးေပၚတြင္ ခုံနဲ႔႐ိုက္ထားမႈေၾကာင့္ အစင္းရာေတြ႐ွိေနသည္။

တံခါးအျပင္တြင္ သူနာျပဳေတြက ဖ႐ိုဖရဲျဖစ္ေနၿပီး စစ္ေဆးဖို႔အတြက္ အုပ္စုဖြဲ႕ေနၾကသည္။

ေကာင္ေလးက ခုံပုေလးအား က်ယ္ေလာင္သည့္အသံျဖင့္ ၾကမ္းျပင္ထက္ကို ပစ္ခ်လိုက္သည္။

သူက လက္သီးဆုပ္လိုက္ၿပီး နာက်င္မႈကို မခံစားရသလိုမ်ိဳး တံခါးအား လက္သီးနဲ႔ ထိုးလိုက္သည္။ သူ႕လက္ေတြက အညိဳအမဲေတြျဖစ္လာၿပီး ေသြးေတြေတာင္ ထြက္လာခဲ့သည္။ သို႔ေသာ္ သူက အ႐ူးလိုမ်ိဳး တံခါးအား ဆက္တိုက္႐ိုက္ခ်ိဳးေနခဲ့သည္။

“ကြၽန္မတို႔ ဘာလုပ္သင့္လဲ? ဒီလူနာက ေနာက္ထပ္ေသာင္းက်န္းေနၿပီ!” သူနာျပဳရဲ႕အသံက တုန္ေနခဲ့သည္။

ဒီလူနာက တိုက္ခိုက္လာသည္ႏွင့္ သူက ႐ူးသြပ္သြားႏိုင္သည္။ ၿပီးခဲ့သည့္အခ်ိန္က လြန္ခဲ့သည့္ ငါးလကျဖစ္ၿပီး ဒီေကာင္ေလးက သူ႕လက္ေတြကို သူ႕ဘာသာ ျဖတ္ပစ္ေလာက္တဲ့အထိ ၾကမ္းတမ္းမွန္း သူမ ေမ့လုနီးပါး ျဖစ္ခဲ့သည္။

ထိုအေၾကာင္းကို ေတြးလိုက္ၿပီး သူမက ေတာင့္တင္းသြားကာ အတြင္းဘက္မွ က်ယ္ေလာင္သည့္ အသံႀကီးကို ၾကားလိုက္ခ်ိန္တြင္ လန္႔သြားခဲ့သည္။

သူနာျပဳေခါင္းေဆာင္က အသက္အႀကီးဆုံး ျဖစ္ေပမဲ့ နည္းနည္းလန္႔ေနသည္။ သူမက လွည့္ပတ္သာ ေမးႏိုင္သည္။ “သူ႕ကို လာလာ႐ွာတက္တဲ့ အဲ့ေကာင္ေလး ဘယ္မွာလဲ? သူ႕ကို ျမန္ျမန္သြားေခၚ!”

အဲ့ေကာင္ေလးက သူ႕အတြက္ ေဆးျဖစ္တယ္ဆိုတာကို ဒီေနရာက ဘယ္သူမွမသိၾကေပ။

ေထာင့္ဘက္မွ အလ်င္စလိုအသံျဖင့္ ေျဖသံက ထြက္လာခဲ့သည္။ “ဒီေန႔ အဲ့ေကာင္ေလးရဲ႕ ခြဲစိတ္မႈက မေအာင္ျမင္တာကို အစ္မေမ့သြားၿပီလား? သူ႕ကို ရင္ခြဲ႐ုံေခၚသြားၿပီ!”

သူနာျပဳေခါင္းေဆာင္က ေအးခဲသြားၿပီး ေျပာစရာစကားေတြ ေပ်ာက္သြားခဲ့သည္။

အထဲက ေကာင္ေလးက သူတို႔စကားေတြကို ၾကားလိုက္လား မေသခ်ာေပမဲ့ တံခါး႐ိုက္ခ်ိဳးေနသည့္ အသံက ပိုပိုက်ယ္ေလာင္လာၿပီး တံခါးအား သူ႕ပုခုံးနဲ႔ပါ စတိုက္လာခဲ့သည္။

သူ႕အသံက ႐ူးသြပ္ေနသလိုမ်ိဳး က်ယ္ေလာင္လာခဲ့သည္။ “သူ႐ွိတယ္!!! သူ႕ကို အခုခ်က္ခ်င္း ငါ့ဆီေခၚလာခဲ့!”

ငါ့ကေလးေလး ထြက္သြားၿပီ။ သူဘယ္သြားလဲဆိုတာ မင္းသိလား?

---------------

Continue Reading

You'll Also Like

266K 8.2K 16
စိတ္တဇထောင်ချောက်တစ်ခုထဲ သင်ကိုယ်တိုင်ရောက်သွားတဲ့ ခံစားချက်မျိုး လိုချင်ရင် ဒီ fic ကို သင်ဖတ်နိုင်ပါတယ် သို့ပေမယ့် 18+နော်😁
33.9K 4.4K 44
ဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမ...
67.3K 4.3K 46
ေဆာင္ၾကာၿမိဳင္ကမိန္းကေလးနဲ႔ ေတာ္ဝင္မင္းသားတစ္ပါးရဲ႕ အခ်စ္ဇာတ္လမ္း... ဒီလိုနဲ႔ဝမ္းနည္းစရာခေရပန္းပံုျပင္တစ္ပုဒ္ျဖစ္လာခဲ့တယ္ ဆောင်ကြာမြိုင်ကမိန်းကလေးနဲ...
118K 18.4K 103
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။