လျှို့ဝှက်ဆန်းပြားလောက〘Uni+Za...

By Kaiyou1111

237K 40.5K 1K

[တစ်ကမ္ဘာလုံးက မင်းကို အနိုင်ကျင့်ကြတယ်၊ မုန်းတီးကြတယ်၊ နောက်ပြီး မင်းကို ခွဲခြားဆက်ဆံကြတယ်၊ ဒါပေမဲ့ မင်းရဲ့က... More

Description
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၂)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၃)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၆)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၇)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၈)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၉)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၀)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၁)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၂)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၃)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၆)
သေမင်းတမန် (၁)
သေမင်းတမန် (၂)
သေမင်းတမန် (၃)
သေမင်းတမန် (၄)
သေမင်းတမန် (၅)
သေမင်းတမန် (၆)
သေမင်းတမန် (၇)
သေမင်းတမန် (၈)
သေမင်းတမန် (၉)
သေမင်းတမန် (၁၀)
သေမင်းတမန် (၁၁)
သေမင်းတမန် (၁၂)
သေမင်းတမန် (၁၃)
သေမင်းတမန် (၁၄)
သေမင်းတမန် (၁၅)
လူသားစားမြို့(၁)
လူသားစားမြို့(၂)
လူသားစားမြို့(၃)
လူသားစားမြို့(၄)
လူသားစားမြို့(၅)
လူသားစားမြို့(၆)
လူသားစားမြို့(၇)
လူသားစားမြို့(၈)
လူသားစားမြို့(၉)
လူသားစားမြို့(၁၀)
လူသားစားမြို့(၁၁)
လူသားစားမြို့(၁၂)
လူသားစားမြို့(၁၃)
လူသားစားမြို့(၁၄)
လူသားစားမြို့(၁၅)
လူသားစားမြို့(၁၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၇)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၈)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၉)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၀)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၆)
Not Update!!
Good New (。•̀ᴗ-)✧
Hello (。•̀ᴗ-)✧
လူသတ်ဂိမ်း (၁)
လူသတ်ဂိမ်း (၂)
လူသတ်ဂိမ်း (၃)
လူသတ်ဂိမ်း (၄)
လူသတ်ဂိမ်း (၅)
လူသတ်ဂိမ်း (၆)
လူသတ်ဂိမ်း(၇)
လူသတ်ဂိမ်း (၈)
လူသတ်ဂိမ်း (၉)
လူသတ်ဂိမ်း (၁၀)
လူသတ်ဂိမ်း (၁၁)
လူသတ်ဂိမ်း (၁၂)
တစ္ဆေမျက်လုံး (၁)
တစ္ဆေမျက်လုံး (၂)
တစ္ဆေမျက်လုံး (၃)
တစ္ဆေမျက်လုံး (၄)
တစ္ဆေမျက်လုံး (၅)
တစ္ဆေမျက်လုံး (၆)
တစ္ဆေမျက်လုံး (၇)
တစ္ဆေမျက်လုံး (၈)
တစ္ဆေမျက်လုံး(၉)
တစ္ဆေမျက်လုံး (၁၀)
တစ္ဆေမျက်လုံး (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၂)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၃)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၄)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၅)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၆)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၇)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၈)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၉)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၀)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၂)

နတ်ဆိုးနဲ့လဲလှယ်ခြင်း(၆)

1.6K 297 0
By Kaiyou1111

Unicode

“ရှောင်ရှောင် သွားစားမှာလား?” ကျစ်ဆံမြီးနဲ့ မိန်းကလေးက လော့ရှောင်ရှောင် ကိုဘယ်ဘက်လက်နဲ့ တွန်းလိုက်သည်။ သူမခေါင်းက ငုံ့နေခဲ့ပြီး ညာဘက်လက်တွင် ဖုန်းနဲ့ကစားနေကာ တခြားတစ်ယောက်ယောက်နဲ့ စကားပြောနေပုံပေါ်သည်။

လော့ရှောင်ရှောင် ရဲ့အမူအရာက နည်းနည်းမဲမှောင်နေကာ သူမမျက်လုံးတွေက ဗလာဖြစ်နေသည်။ သူမက ခုံပေါ်တွင်သာ ထိုင်နေခဲ့ပြီး နာရီဝက်နီးပါးလောက် မလှုပ်ရှားပဲ ထိုင်နေခဲ့သည်။ ပုံမှန်ဆို သူမက အလှအပကို သဘောကျတာကြောင့် မနက်စောစောထ,ကာ သန့်ရှင်းတက်သည်။

သို့သော် အံ့ဩစရာက သူမက မိတ်ကပ်မလိမ်းထားသလို နှုတ်ခမ်းနီတောင် မဆိုးထားပေ။ သူမဆံပင်က နည်းနည်းရှုပ်ပွနေကာ သူမပုံစံက ၁၀ နှစ်လောက် အသက်ပိုကြီးနေပုံ ဖြစ်စေသည်။

မိန်းကလေးက သူမကို တွန်းလိုက်သည်နှင့် သူမက အရမ်းလန့်သွားတာကြောင့် ခုံမှထ,ရပ်လိုက်သည်။ သူမလှုပ်ရှားမှုတွေက သူမအားတွန်းလိုက်သည့် မိန်းကလေးကို လန့်သွားစေသည်။

“ငါသွားတော့မယ်၊ ရှောင်ရှောင်။ နင်အဆင်ပြေရဲ့လား? ဒီနေ့ ဘာဖြစ်နေတာလဲ? နင့်ပုံစံက ကြောက်စရာတစ်ခုခု တွေ့ထားတဲ့ပုံဖြစ်နေတယ်” မိန်းကလေးက လော့ရှောင်ရှောင် ရဲ့ပုခုံးကို ထိဖို့လုပ်လိုက်ပြီး ပြောလိုက်သည်။ တစ်ဖက်လူရဲ့ သူငယ်အိမ်က စူးရှသွားခဲ့ပြီး ဒီလိုအရာအား မမြင်စေချင်သလိုမျိုး သူမမျက်နှာအား လက်နဲ့ကာလိုက်သည်။

ထိုအရာကိုမြင်လိုက်ပြီး မိန်းကလေးက မျက်မှောင်ကြုတ်လိုက်ပြီး သူမမျက်နှာက ဘေးဘက်ကို လွှဲသွားပြီး သူမမျက်ခုံးတွေက ကြုတ်နေခဲ့သည်။

လော့ရှောင်ရှောင် ကသူမဖုန်းထဲရှိ ညစ်ပတ်စရာတခုခုရှိနေသလို တုန့်ပြန်နေခဲ့သည်။ ထိုအကြောင်းကို စဉ်းစားလိုက်ပြီး သူမမျက်နှာက ရုပ်ဆိုးလာခဲ့သည်။ သူမနှုတ်ခမ်းတွေက ကွေးတက်သွားပြီး မနှစ်မြို့စွာဖြင့် နှာမှုတ်လိုက်ကာ ဒေါသဖြင့်ပြောလိုက်သည်။ “နင်မသွားချင်ရင် မသွားနဲ့။ ဒီပုံစံဘာလဲ? နင်ရူးနေပြီ!”

ထို့နောက်တွင် သူမက လော့ရှောင်ရှောင် ရဲ့မျက်နှာအား လှည့်မကြည့်တော့ပဲ တစ်ဖက်ကို လှည့်သွားခဲ့သည်။ သူမက တံခါးဆီကို သွားလိုက်ပြီး ကြမ်းပြင်ကို ဆောင့်နင်းကာ မကျေနပ်သည့် အသံကိုထုတ်ကာ သားရေဖိနပ်ကို စီးလိုက်သည်။ သူမ တံခါးဆီ ရောက်ချိန်တွင် တံခါးကို အသံကျယ်အောင်လို့ ပိတ်ပစ်လိုက်သည်။

လော့ရှောင်ရှောင် သာထိုနေရာတွင် ကျန်နေခဲ့သည်။

လော့ရှောင်ရှောင် ရဲ့နှုတ်ခမ်းက လှုပ်ရှားသွားပြီး သူမမျက်နှာတစ်ခုလုံးက သွေးရောင်မဲ့နေကာ သူမနှုတ်ခမ်းတွေက ဖြူဖျော့နေသည်။ သူမက တောင့်တင်းစွာဖြင့် ခေါင်းကိုလှည့်လိုက်ပြီး မိန်းကလေးထွက်သွားသည့် ဘက်အားကြည့်ကာ သူမလက်တွေက နည်းနည်းတုန်နေခဲ့သည်။ သူမခြေထောက်တွေက ပျော့ခွေနေပြီး စိတ်ဝိဉာဉ်ပျောက်ဆုံးသလို ဒူးထောက်ကျသွားခဲ့သည်။

ထွက်သွားပြီးနောက် မိန်းကလေးက ထိုအကြောင်းကိုပိုတွေးရင်း ပိုဒေါသထွက်လာခဲ့သည်။ သူမမျက်ခုံးတွေက ကြုတ်နေခဲ့ပြီး သူမညာလက်က ဖုန်းကိုတင်းကြပ်စွာ ဆုပ်ထားပြီး သူမအမူအရာက တွန့်ချိုးနေခဲ့သည်။

သူမက လော့ရှောင်ရှောင် နဲ့ရင်းနှီးပြီး အခန်းဖော်တွေလည်းဖြစ်ကာ မကြာခဏ အတူတူအပြင်ထွက်ကာ ညစာစားတက်ကြသည်။ သို့သော် တကယ်တော့ သူမက လော့ရှောင်ရှောင် ကိုအားကျနေကာ တစ်ချိန်တည်းတွင် သူမအား မနာလိုလည်း ဖြစ်နေခဲ့သည်။

လော့ရှောင်ရှောင် ကသူတို့ဌာနမှ ပန်းလေးဖြစ်သည်။ သူမက ကြည့်ကောင်းသည်၊ အဆင့်တွေကလည်း ကောင်းသည်၊ နောက်ပြီး သူမမိသားစုကလည်း အရမ်းကောင်းကြသည်။ သူတို့ဌာနက လူတွေအပြင် တခြားဌာနက လူတွေတောင် သူမကို ပိုးပန်းနေကြသည်။ တခြားကျောင်းတွေက လူတွေတောင်မှ သူမကို စိတ်ဝင်စားကြောင်း ထုတ်ပြကြသည်။

မိန်းကလေးက ထိုအကြောင်းကို တွေးလိုက်ရင်း စိတ်မကျေမနပ်ပိုဖြစ်လာကာ မနာလိုမှုတွေက အဆက်မပြတ် ထွက်ပေါ်လာပြီး လေကိုကန်လိုက်သည်။

အမှန်အတိုင်းပြောရရင် သူမက ရုပ်ဆိုးတာမဟုတ်သလို စာညံ့တာလည်း မဟုတ်ပေ။ သို့သော် သူမက လော့ရှောင်ရှောင် နဲ့လျှောက်သွားချိန်တွင် လော့ရှောင်ရှောင် ရဲ့လမ်းလျှောက်ပုံက ဆွဲဆောင်နိုင်ပြီး ပြိုင်ဘက်ကင်း ပင်ကိုယ်စရိုက်ရှိတာကြောင့် လူတိုင်းက လော့ရှောင်ရှောင် ကိုသာသတိပြုမိကြသည်။

ဒါက သူမရဲ့မာနကြီးပြီး ယှဉ်ပြိုင်လိုသည့် နှလုံးသားအား တိတ်တဆိတ် မနှစ်မြို့မှုကို ဖြစ်စေသည်။ လော့ရှောင်ရှောင် ကသူမလောက် ကြည့်မကောင်းသည့် ပန်းအိုးတစ်လုံးလို့သာ သူမခံစားမိသည်။

သူမက အတွေးတွေထဲ နစ်မြုတ်နေပြီး ခေါင်းငုံ့ထားကာ သူမခြေထောက်ကိုသာ ကြည့်နေတာကြောင့် တစ်ဖက်မှ အရပ်ရှည်သည့် ကောင်လေးရှေ့ ရောက်သွားတာကို မမြင်လိုက်ပေ။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် တိုက်မိသွားကြသည်။

“အတန်းဖော်၊ အဆင်ပြေရဲ့လား?” ကောင်လေးက ပြိုလဲသွားပြီးနောက် ကောင်မလေးကို ပြန်ဆွဲလိုက်ကာ ရပ်လိုက်ရင်း အရမ်းအာရုံစိုက်ထားသည့် အသံဖြင့် နူးညံ့စွာ မေးလိုက်သည်။

တစ်ဖက်လူက ဒီလိုမျိုး လူကြီးလူကောင်းဆန်နေမယ်လို့ မိန်းကလေးက မထင်ထားတာကြောင့် လန့်သွားခဲ့သည်။ သူမပါးတွေက နည်းနည်းရဲသွားပြီး အေးခဲနေကာ ပြန်ဖြေလိုက်သည်။ “မဟုတ်တာ၊ အဆင်ပြေပါတယ်”

တောင့်တင်းသည့် အသွင်အပြင်နဲ့ ထိုကောင်လေးက ခန့်ညားနေပြီး သူ့အသွင်အပြင်က မိန်းကလေးတွေ သဘောကျကြသည့် ပုံစံမျိုးဖြစ်သည်။ သူက ဝ,နေတာ မဟုတ်ပေမဲ့ အရမ်းကိုလန်းဆန်းနေကာ ရိုးရှင်းသည့် အဖြူရောင် ရှပ်အင်္ကျီနဲ့ ရှူးဖိနပ်ကို စီးထားသည်။

ဝမ်ရီဇီ ရဲ့နှုတ်ခမ်းက လှည့်စားစွာဖြင့် ကွေးတက်သွားခဲ့သည်။ သူက ပြုံးလိုက်ပြီး ရှေ့တိုးလိုက်ကာ ထိုလူအား ကူညီပြီး ထူလိုက်သည်။ သူ့မျက်လုံးနှစ်လုံးက တစ်ဖက်လူအား ဆုပ်ယူနေသည့် ဝဲဂယက်လို ဖြစ်နေသည်။

သူက မိန်းကလေးရဲ့ လက်တွေကို ကိုင်လိုက်တာကြောင့် တစ်ဖက်လူက သူ့အား မော့ကြည့်လာပြီးနောက် သူ့မျက်လုံးတွေနဲ့ သူမမျက်လုံးတွေကို စိုက်ကြည့်လိုက်သည်။

တစ်ဖက်လူရဲ့အမူအရာတွေက နှေးကွေးစွာဖြင့် လျော့ပါးလာပြီး မြင်နိုင်သည့်အမြန်နှုန်းဖြင့် ဗလာဖြစ်သွားကာ သူမမျက်လုံးမှ တောက်ပသည့် အလင်းရောင်တွေက ပျောက်ကွယ်သွားခဲ့သည်။ သူမမျက်လုံးတွေက အခေါင်းပေါက်လို ဖြစ်နေပြီး သူမတစ်ကိုယ်လုံးက ချိတ်ဆက်မှုမဲ့သွားသည့် ပရိုဂရမ်လိုမျိုး ဖြစ်နေခဲ့သည်။ သူမတစ်ကိုယ်လုံးက အသိစိတ်မဲ့နေသည့်လူလို ထိုနေရာတွင်သာ ရပ်နေခဲ့သည်။

ဝမ်ရီဇီ ကအခြေအနေကို မြင်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်က ကွေးသွားခဲ့သည်။ မိန်းကလေးအား နီးကပ်စွာစိုက်ကြည့်နေပြီး သူ့အသံက ဗလာဖြစ်နေပေမဲ့ မန္တာန်ရွတ်နေတာနဲ့ တူနေသည်။ “နောက်ကျရင် မင်း ငါပြောတဲ့အတိုင်း လုပ်ရမယ်”

မိန်းကလေးက ရပ်လိုက်ပြီး သူမလက်တွေ၊ ခြေတွေက တောင့်တင်းနေပြီး ရုပ်သေးရုပ်လိုမျိုး ခေါင်းညိတ်လိုက်သည်။

ထိုအရာကြောင့် ဝမ်ရီဇီ ရဲ့နှလုံးသားက ပျော်ရွှင်သွားခဲ့သည်။ သူ့ကိုယ်သူ ဂုဏ်ယူနေပြီး ဒီရွှေလက်ချောင်း system ကသူ့အတွက် အရမ်းအသုံးဝင်တဲ့ အရာကိုပြင်ထားပေးမှန်း မမျှော်လင့်ထားခဲ့ပေ။

အကြိမ်အရေအတွက်က အများကြီး မသုံးနိုင်သော်လည်း ဘာမှမရှိတာထက်တော့ ပိုကောင်းသေးသည်။

ထိုအကြောင်းကို တွေးလိုက်ပြီး ဝမ်ရီဇီ ရဲ့နှုတ်ခမ်းက ကွေးသွားပြီး ဂုဏ်ယူမှုအပြည့်ဖြင့် စိတ်ထဲမှ system ကိုခေါ်လိုက်သည်။ ‘ဟေး၊ system ရှိလား?’

ဘယ်သူမှ စကားဝိုင်းထဲ ရောက်မလာခဲ့ပေ။

မကြာခင်က System မှအကြိမ်များစွာ အော့ဖ်လိုင်းဖြစ်နေတာကြောင့် ဒီတစ်ကြိမ်တော့ ဝမ်ရီဇီ ကအနှောက်အယှက် မဖြစ်ပေ။ သို့သော် အချိန်တိုင်းက အန္တရာယ်မရှိတာကြောင့် သူ အလေးအနက် ထားမနေခဲ့ပေ။

သို့သော် သူပဲ ဒီကမ္ဘာနဲ့ ဆက်သွယ်မှုရှိနေပြီး မူလကမ္ဘာကတော့ system ကြောင့်သာ ပြန်ရမယ်ဆိုတာကို မေ့နေခဲ့သည်။ System သာ ၁၀ ကြိမ်မှာ ၅ ကြိမ်လောက် အွန်လိုင်းတွင် ရှိမနေရင် သူ့ကိုယ်ပိုင်လုံခြုံမှု၊ သူ့အာမခံချက်တွေ အားလုံးအတွက် အလေးအနက်ထားစရာ အခြေအနေမျိုးဖြစ်သည်။

ဘေးကျပ်နံကျပ် အချိန်ကိုရောက်လာရင် လွတ်မြောက်ဖို့ အချိန်မရှိနိုင်တာ သေချာလောက်သည်။

ရှောင်ချန်း ကသူ့အဆောင်ထဲတွင် ရပ်လိုက်ပြီး သူ့စိတ်ထဲတွင် အတွေးတွေက ရောက်လာခဲ့ပြီး တစ်ခုခုကို အာရုံခံမိကာ ကျောင်းဖိုရမ်ကို ဖွင့်လိုက်သည်။

သူမျှော်လင့်ထားသလို ကျောင်းဖိုရမ်မှ ရှာဖွေမှုထိပ်ဆုံးပို့စ်က မကြာသေးခင်က လူသေမှုနှစ်ခုဖြစ်သည်။

ရှောင်ချန်း ကသူ့မျက်မှန်တွေကို ပင့်တင်လိုက်ပြီး သူ့နှာခေါင်းရိုးက ဖြောင့်တန်းနေသည်။ သူ့လက်တွေက ဖုန်းစခရင်ကို ထိနေခဲ့ပြီး ပို့စ်စာမျက်နှာကို ဖွင့်လိုက်ပြီး တဖြည်းဖြည်း ဆွဲချလိုက်သည်။

ရုတ်တရက် သူ့လက်တွေက တန့်သွားခဲ့ပြီး အချိန်အတော်ကြာက တင်ထားခဲ့ပေမဲ့ ထိပ်ဆုံးတွင်သာ ရှိနေသည့် ပို့စ်တွင် အာရုံစိုက်သွားသည်။

ပို့စ်နာမည်က ‘ကျောင်းက ဆုတောင်းသစ်ပင်နဲ့ စကားပြောရအောင်၊ မင်းသိသလို လုပ်မနေနဲ့၊ လုံးဝကို အံ့ဩသွားရလိမ့်မယ်’

1L: နိုင်ငံတကာလေ့ကျင့်မှု၊ ပထမထပ်က အိမ်ပိုင်ရှင်ပဲ၊ ဒုတိယထပ်က ပြဿနာအကြောင်း ပြောကြတယ်။

2L: မင်းတို့သိတဲ့အတိုင်း ငါတို့ကျောင်းသမိုင်းက အရမ်းကြီး မရှည်လျားပဲ ၁၀ နှစ်လောက်တောင် မရှိသေးဘူး။ နောက်ပြီး ငါတို့ကျောင်းမြေက တခြားကျောင်းတွေနဲ့ ကွာတယ်။ သက်ရှည်တောင်တွေ၊ ရှုပ်ပွနေတဲ့အုတ်ဂူတွေလိုမျိုး မဟုတ်ဘူး။ ဒီနေရာက အဆင့်တန်းမြင့် ဆေးရုံဖြစ်ခဲ့တာ။

အရင်က မီးလောင်ကျသွားလို့ ဒီဆေးရုံက ပိတ်ခံလိုက်ရတာ။ မီးကြောင့်ပဲ လူတော်တော်များများ သေသွားကြတယ်လို့ ပြောကြတယ်၊ တိတိကျကျတော့ ငါမသိဘူး၊ ဒါပေမဲ့ အရေအတွက်က သုံးဂဏန်းထက် မနည်းတာတော့ သေချာတယ်။ လျော်ကြေးပမာဏက များပြားလွန်းလို့ ဆေးရုံက ဝန်ထုပ်ဝန်းပိုး ဖြစ်ခဲ့တယ်။

အို၊ နောက်ပြီး ဒါတွေက ဆုတောင်းသစ်ပင်နဲ့ ဘာပတ်သက်လို့လဲလို့ တစ်ယောက်ယောက်က မေးလိမ့်မယ်။

ဆုတောင်းသစ်ပင်ရဲ့ သက်တမ်းက ဘယ်လောက်ရှိပြီလို့ မင်းတို့ထင်ကြလဲ? မြေရှင်က သစ်ပင်၊ ပင်စည်တွေ၊ အကိုင်းတွေ၊ သစ်ခေါက် စတာတွေကို နားလည်တဲ့ သူငယ်ချင်းရှိတယ်၊ ဒီသစ်ပင်က နှစ်ပေါင်းတစ်ရာလောက် ရှိပြီလို့ ပြောထားတယ်။

ဒီလောက်ပြောတာတောင် မသိကြသေးဘူးလား?

အရင်က မီးလောင်ခဲ့တာ၊ လူတွေမပြောနဲ့ အပင်တွေနဲ့ တခြားအရာတွေ ဘာမှမရှင်နိုင်ခဲ့ဘူး! ဒါပေမဲ့ ဒီဆုတောင်းသစ်ပင်က တကယ်ပဲ ဒီနေ့အထိ ရှင်နေခဲ့တာ?

အိုကေ၊ ဒီအကြိမ်တော့ ကျောင်းထဲက စိမ်းလန်းမှုတွေက တခြားနေရာကနေ စိုက်ပျိုးဖို့သယ်လာပြီး ဒီဆုတောင်းသစ်ပင်လည်း အဲ့လိုပဲဖြစ်လိမ့်မယ်လို့ တချို့လူတွေက ပြောနိုင်လိမ့်မယ်။

မြေရှင်က ဒါနဲ့ပတ်သက်ပြီး အများကြီးမပြောထားတော့ ပုံကိုပဲ တိုက်ရိုက်ကြည့်လိုက်ကြတော့။

[ဓာတ်ပုံ]

3L: နောက်ပြီး ဆုတောင်းသစ်ပင်နဲ့ ပတ်သက်တဲ့ မှော်ဆိုင်ရာပစ္စည်းတွေက မီးထဲကနေ ရှင်နိုင်တာထက် အများကြီး ပိုနိုင်တယ်။

ဆုတောင်းသစ်ပင်က အရမ်းသန်မာနေပြီး တခြားအပင်တွေထက် ပိုကြီးမားတယ်။ နောက်ပြီး ထူးဆန်းတာက ဒီနှစ်တွေမှာ သူ့အကိုင်းတွေ၊ အရွက်တွေက အေးခဲတဲ့ရာသီချိန်လို ဝါနေပြီးတော့ လုံးဝမကြီးဘူး။

ဒါက ထူးဆန်းတဲ့တစ်ချက်ပဲ။

ဆုတောင်းသစ်ပင် နဲ့ပတ်သက်တဲ့အကြောင်းတွေ ညလယ်မှာ လူတွေက ရှိခိုးဆုတောင်းကြတာ၊ အမျိုးသမီးတွေက မိန်းမငယ်လေးအဖြစ် ပြောင်းသွားတဲ့ပုံပြင်တွေလို အရာတွေကို ကျောင်းဒဏ္ဍာရီထဲမှာ အများကြီး ကြားဖူးကြမှာ သေချာတယ်။

ဒါတွေအကုန်လုံးက လက်တွေ့မကျပေမဲ့ ဒီကျောင်းဝန်းထဲက ကောလဟာလတွေက ဆုတောင်းသစ်ပင်မှာ ထူးဆန်းတဲ့အလင်းရောင်တွေ ထင်ဟပ်လာစေတယ်။

သစ်ပင်မှာ အနီရောင်အဝတ်နဲ့ ဆုတောင်းမှုတွေကို ရေးသားပြီး ချိတ်ထားရင် ဆုတောင်းပြည့်တယ်လို့ ပြောကြတာနဲ့ပဲ ငါတို့က အဲ့သစ်ပင်ကို ဆုတောင်းသစ်ပင်လို့ ခေါ်ခဲ့ကြတယ်။ တဖြည်းဖြည်းနဲ့ လူတွေက ပိုပိုလုပ်လာကြပြီး သစ်ပင်က ကျောင်းရဲ့အဓိကအချက် ဖြစ်လာခဲ့တယ်။

ရှောင်ချန်း ကပုံကိုနှိပ်လိုက်ပြီး သူ့လည်ချောင်းက လှုပ်ရှားသွားခဲ့သည်။ သူ့အာရုံတွေက တွက်ချက်နေပြီး သူ့မျက်လုံးတွေက အရည်နည်းနည်းရှိနေသည်။

ထိုပုံက ဖုန်းနဲ့ရိုက်ထားသည့် ဓာတ်ပုံဟောင်းဖြစ်သည်။ ထိုပုံက နှစ်ပေါင်းများစွာ ကြာနေလောက်ပြီး ဘေးဘက်တွေက နည်းနည်းဝါနေသည်။

ဓာတ်ပုံကတော့ အရမ်းကိုရိုးရှင်းသည်။

ပြတင်းပေါက်တစ်ခု၊ သစ်ပင်နဲ့ အဝေးမှကြီးမားသည့် ဖုန်းတိုင်ကို မြင်နိုင်သည်။ နောက်ပြီး ဓာတ်ပုံရဲ့ရှုထောင့်က နည်းနည်းထူးဆန်းပြီး ဓာတ်ပုံရိုက်သူက အိမ်ထဲမှဖြစ်ပြီး အပြင်ကမဟုတ်ပဲ အလှတရားကို အတည်ပြုထားသည့် မြင်ကွင်းမျိုး ဖြစ်နေသည်။

သို့သော် ဓာတ်ပုံအား ဆုတ်ထားသလိုမျိုး တွန့်နေခဲ့သည်။ နောက်ပိုင်းတွင် ဓာတ်ပုံအား ကောင်းကောင်း ပြန်ထိန်းသိမ်းထားပုံရသည်။

ရှောင်ချန်း ကတစ်ခုခုကို တွေးလိုက်မိပြီး ရုတ်တရက် ဖုန်းကိုမြှောက်လိုက်ပြီး ဓာတ်ပုံထဲမှ နေရာအတိုင်း ယှဉ်ကာကြည့်လိုက်သည်။

ရှောင်ချန်း ရဲ့မျက်လုံးတွေက တင်းမာသွားခဲ့သည်။ သူပြန်ထိန်းလိုက်ပြီး သူ့လက်ချောင်းတွေက ဖုန်းစခရင်ကို ရောက်သွားပြီး သူ့လက်တွေက တုန်နေခဲ့သည်။ သူဖုန်းကို အလျင်စလို ဖယ်လိုက်ပြီး အသက်ရှူသွင်းလိုက်သည်။

ဓာတ်ပုံရဲ့ရှုထောင့်က...

ဒီနေရာကို သူအမြဲတမ်း သိနေခဲ့တာလား?

ထိုအကြောင်းကို တွေးလိုက်ပြီး ရှောင်ချန်း ကခေါင်းကိုက်သလို ခံစားလိုက်ရပြီး မူလကအတွေးတွေမှ နာကျင်မှုတွေ ဖြစ်လာခဲ့သည်။ သူ့လက်က နားထင်ကို ဖိလိုက်သည်။

ကောင်လေးက ပြတင်းပေါက်အပြင်ကို ကြည့်နေခဲ့သည်။ သူ့လက်ချောင်းတွေက မှန်ကိုထိနေခဲ့ပြီး ငြီးငွေ့နေကာ ဘာတွေးနေမှန်း မသိနိုင်ပေ။ သူ့ခေါင်းလေးက ဆိုဖာပေါ်တွင် ထိုင်နေကာ တိတ်ဆိတ်စွာ စာဖတ်နေသည့် ဆယ်ကျော်သက်လေးဆီ ရောက်သွားခဲ့သည်။ ဆယ်ကျော်သက်လေးက ဆေးရုံအဝတ်ကို ဝတ်ထားခဲ့ပြီး အင်္ကျီလည်ပင်းကျယ်မှ ညှပ်ရိုးတွေက ပေါ်နေခဲ့သည်။ ဆယ်ကျော်သက်လေးရဲ့ အသွင်အပြင်က အရမ်းသေးသွယ်နေပြီး လူတွေအား နေမကောင်းနေသည့် အလှလေးလို့ မြင်စေမိနိုင်သည်။

ကောင်လေးရဲ့အကြည့်က တိုက်ရိုက်ဆန်လွန်းနေတာကြောင့် ဆယ်ကျော်သက်လေးက သူကိုင်ထားသည့် စာအုပ်ကို ချလိုက်ပြီး သူ့အား မော့ကြည့်လိုက်ပြီး လက်ယက်ခေါ်ကာ နူးညံ့စွာပြောလိုက်သည်။ “လာ၊ ကိုယ့်ဘေးလာထိုင်”

ဆယ်ကျော်သက်လေးက အရမ်းနူးညံ့ကာ အားနည်းနေပုံပေါ်တာကြောင့် သူ့ညာလက်က ပတ်တီးက အရမ်းကိုသိသာနေပြီး လျစ်လျူရှုဖို့တောင် ခက်ခဲစေသည်။ ပိတ်ကျဲပေါ်တွင် သွေးတွေကရှိနေတုန်းဖြစ်ကာ ဒဏ်ရာနားမှ လက်တစ်ချောင်းက ပျောက်နေတာကို ပြောနိုင်သည်။

ကောင်လေးက နာခံစွာဖြင့် ပြေးသွားလိုက်ပြီး ဆိုဖာပေါ်သို့ နှေးကွေးစွာ တက်လိုက်သည်။ သူ့ခြေထောက်တိုလေးတွေနဲ့ နင်းတက်လိုက်ပြီး သူ့ခြေထောက်လေးအား လွှဲလိုက်သည်။ ရုတ်တရက် သူက ပြတင်းပေါက်ကို လက်ညှိုးထိုးကာ ရိုးသားစွာနဲ့ ပြောလိုက်သည်။ “ဘာလို့ ကိုကိုက အပြင်မထွက်တာလဲ?”

သူက သူနဲ့အတူကစားဖို့ အချိန်တိုင်း အထဲကိုလာသည်။

ဆယ်ကျော်သက်လေးက သူ့အပြစ်ကင်းသည့် စကားလုံးတွေကြောင့် စိတ်မဆိုးပေမဲ့ သူ့မျက်လုံးက နည်းနည်းမဲမှောင်သွားကာ သူဘာတွေးနေမှန်း မသိနိုင်ပေ။ ဆယ်ကျော်သက်လေးက သူ့မျက်နှာအား နှစ်မိနစ်လောက် စိုက်ကြည့်ပြီးနောက် ရယ်လိုက်ကာ ပြောလိုက်သည်။ “Ivory Tower အကြောင်းကို သိလား?”

ကောင်လေးက ရိုးသားစွာဖြင့် ခေါင်းခါလိုက်သည်။

ဆယ်ကျော်သက်လေးက ဆက်ပြောလိုက်သည်။ “Ivory Tower ကဘဝနဲ့ကွာဝေးတဲ့ ကမ္ဘာရဲ့နောက်ကွယ်က အိပ်မက်ကမ္ဘာလို့ ပြောကြတယ်” သူကရပ်လိုက်ပြီး သူ့မျက်လုံးထောင့်တွေက ကွေးသွားသည်။ “ဒီအခန်းက ကိုယ့်ရဲ့ Ivory Tower ပဲ”

ကောင်လေးက ရှုပ်ထွေးနေသည့်မျက်နှာဖြင့် ခဏလောက် တွေးနေကာ ပြောလိုက်သည်။ “ရမ်ပန်ဆယ်လိုမျိုး ဟုတ်တယ်မလား?”

မိန်းကလေး ရမ်ပန်ဆယ် ကိုစုန်းမကြီးက တာဝါထဲတွင် သော့ပိတ်ထားခဲ့ပြီး သူမက အထီးကျန်နေခဲ့သည်။ သူမက မင်းသားလေးနဲ့ ချစ်မိသွားခဲ့ပြီး စုန်းမကြီးရဲ့ လှည့်စားမှုတွေမှ ထွက်လာနိုင်ခဲ့သည်။

ထိုစကားကြောင့် ဆယ်ကျော်သက်လေးက ထပ်ပြုံးလိုက်ပြီး ကောင်လေးရဲ့ခေါင်းအား ထိလိုက်သည်။

မှားတယ်၊ ဒါက တစ်ဝက်ပဲမှန်တယ်။

Ivory Tower ကကောင်းတယ်လို့ လူတိုင်းက ပြောကြတယ်။ ဒါက ရိုးရှင်းပြီး သန့်စင်နေပေမဲ့ တခြားလူတွေက ပျော်ရွှင်နေချိန်မှာ Ivory Tower မှသော့ပိတ်ခံထားရပြီး လွတ်လပ်မှုတွေ ပျောက်ဆုံးနေတဲ့ လူတွေက ဘယ်လိုဆက်အသက်ရှင်မလဲ?

သူက နေမကောင်းနေတာကြောင့်ပဲ။

သူဖျားနေတည်းက သူ့ကိုယ်သူ နာကျင်အောင်လုပ်ရတာကို သဘောကျပြီး သူ့တွင် ပြင်းထန်လွန်းတဲ့ဗီဇ ရှိနေတာကြောင့် ဆရာဝန်တွေတောင် သိချင်နေခဲ့ကြသည်။

သူက ဒီအခန်းထဲတွင် သော့ပိတ်ခံခဲ့ရသည်။ အခန်းထဲတွင် ဘာမှမပျောက်ဆုံးရင်တောင် အသက်ရှိနေတာလည်း မရှိပဲ မှန်ကိုဖြတ်ပြီးတော့သာ ကမ္ဘာကြီးကို မြင်နိုင်သည်။ ရေကန်ထဲမှ ဖားလိုမျိုး သူ့တွင် ကမ္ဘာကြီးပေါ် အမြင်မရှိပေ။

ဘယ်သူ့မှ သူ့ကို စကားမပြောကြပေ။ သူ့ကိုဆေးပေးသည့် ဆရာဝန်တွေနဲ့ သူနာပြုတွေတောင် သူ့အား ရှောင်ကြပြီး စကားမပြောကြပေ။ ပြောရင်တောင် သူတို့စကားလုံးတွေက သတိထားမှုတွေနဲ့ ပြည့်နှက်နေသည်။

ဆယ်ကျော်သက်လေးရဲ့ အမူအရာက မဲမှောင်လာပေမဲ့ ကောင်လေးက သူ့လက်မှဒဏ်ရာကို ထိလိုက်ချိန်တွင် ကောင်လေးကို ငုံ့ကြည့်လိုက်သည်။ ကောင်လေးရဲ့ မျက်နှာလေးက ဘောလုံးလေးလို ဖောင်းနေသည်။ တစ်ခုခု စိတ်အနှောက်အယှက်ဖြစ်သလို သူ့လက်မှဒဏ်ရာအား လေမှုတ်လိုက်ပြီး ပြောလိုက်သည်။ “ဒဏ်ရာကို လေမှုတ်ပေးရင် မနာတော့ဘူး”

ဆယ်ကျော်သက်လေးရဲ့ နှုတ်ခမ်းက လှုပ်ရှားသွားပြီး သူ့အမူအရာက ခဏလောက် တုန်လှုပ်သွားခဲ့သည်။ ကောင်လေးကို သူ့လက်အား ကိုင်ပြီးကစားဖို့ကို ခွင့်ပြုထားခဲ့သည်။

ရုတ်တရက် ဆယ်ကျော်သက်လေးက ကောင်လေးကို စိုက်ကြည့်လိုက်ပြီး ဖောင်းနေသည့်မျက်နှာနဲ့ စိတ်အနှောက်အယှက်ဖြစ်မှုကို ဖုံးကွယ်ထားသည့် အလေးအနက် မျက်နှာထားကို ကြည့်လိုက်ပြီး ရယ်လိုက်သည်။

အဲ့နောက် ဘာတွေဖြစ်ခဲ့လဲ?

နောက်ပိုင်းတော့ ပုံပြင်လေးက Ivory Tower မှာနေတဲ့ မင်းသားလေးက မတော်တဆ တာဝါထဲရောက်လာတဲ့ ကောင်ငယ်လေးနဲ့ တွေ့သွားခဲ့တယ်။ အဲ့ကစပြီး သူ့အတွက် အဖြူအမဲသာရှိနေတဲ့ ကမ္ဘာကြီးက ပိုပိုပြီး အရောင်အသွေး စုံလင်လာခဲ့တယ်။

မင်းသားလေးနဲ့ ကောင်ငယ်လေးက အမြဲတမ်း အတူတူနေနိုင်ဖို့ သူသိမ်းသွင်းခဲ့တယ်။

ရမ်ပန်ဆယ် ကလည်း သူမချစ်သူ မင်းသားလေးနဲ့အတူ ခက်ခဲကြမ်းတမ်းမှုတွေကို ကျော်ဖြတ်ပြီးနောက် ကလေးတွေ ရှိလာခဲ့ပြီး ထာဝရတစ်သက်လုံး ပျော်ရွှင်စွာ နေထိုင်သွားတော့တယ်။

--------------

Zawgyi

“ေ႐ွာင္ေ႐ွာင္ သြားစားမွာလား?” က်စ္ဆံၿမီးနဲ႔ မိန္းကေလးက ေလာ့ေ႐ွာင္ေ႐ွာင္ ကိုဘယ္ဘက္လက္နဲ႔ တြန္းလိုက္သည္။ သူမေခါင္းက ငုံ႔ေနခဲ့ၿပီး ညာဘက္လက္တြင္ ဖုန္းနဲ႔ကစားေနကာ တျခားတစ္ေယာက္ေယာက္နဲ႔ စကားေျပာေနပုံေပၚသည္။

ေလာ့ေ႐ွာင္ေ႐ွာင္ ရဲ႕အမူအရာက နည္းနည္းမဲေမွာင္ေနကာ သူမမ်က္လုံးေတြက ဗလာျဖစ္ေနသည္။ သူမက ခုံေပၚတြင္သာ ထိုင္ေနခဲ့ၿပီး နာရီဝက္နီးပါးေလာက္ မလႈပ္႐ွားပဲ ထိုင္ေနခဲ့သည္။ ပုံမွန္ဆို သူမက အလွအပကို သေဘာက်တာေၾကာင့္ မနက္ေစာေစာထ,ကာ သန္႔႐ွင္းတက္သည္။

သို႔ေသာ္ အံ့ဩစရာက သူမက မိတ္ကပ္မလိမ္းထားသလို ႏႈတ္ခမ္းနီေတာင္ မဆိုးထားေပ။ သူမဆံပင္က နည္းနည္း႐ႈပ္ပြေနကာ သူမပုံစံက ၁၀ ႏွစ္ေလာက္ အသက္ပိုႀကီးေနပုံ ျဖစ္ေစသည္။

မိန္းကေလးက သူမကို တြန္းလိုက္သည္ႏွင့္ သူမက အရမ္းလန္႔သြားတာေၾကာင့္ ခုံမွထ,ရပ္လိုက္သည္။ သူမလႈပ္႐ွားမႈေတြက သူမအားတြန္းလိုက္သည့္ မိန္းကေလးကို လန္႔သြားေစသည္။

“ငါသြားေတာ့မယ္၊ ေ႐ွာင္ေ႐ွာင္။ နင္အဆင္ေျပရဲ႕လား? ဒီေန႔ ဘာျဖစ္ေနတာလဲ? နင့္ပုံစံက ေၾကာက္စရာတစ္ခုခု ေတြ႕ထားတဲ့ပုံျဖစ္ေနတယ္” မိန္းကေလးက ေလာ့ေ႐ွာင္ေ႐ွာင္ ရဲ႕ပုခုံးကို ထိဖို႔လုပ္လိုက္ၿပီး ေျပာလိုက္သည္။ တစ္ဖက္လူရဲ႕ သူငယ္အိမ္က စူး႐ွသြားခဲ့ၿပီး ဒီလိုအရာအား မျမင္ေစခ်င္သလိုမ်ိဳး သူမမ်က္ႏွာအား လက္နဲ႔ကာလိုက္သည္။

ထိုအရာကိုျမင္လိုက္ၿပီး မိန္းကေလးက မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး သူမမ်က္ႏွာက ေဘးဘက္ကို လႊဲသြားၿပီး သူမမ်က္ခုံးေတြက ၾကဳတ္ေနခဲ့သည္။

ေလာ့ေ႐ွာင္ေ႐ွာင္ ကသူမဖုန္းထဲ႐ွိ ညစ္ပတ္စရာတခုခု႐ွိေနသလို တုန္႔ျပန္ေနခဲ့သည္။ ထိုအေၾကာင္းကို စဥ္းစားလိုက္ၿပီး သူမမ်က္ႏွာက ႐ုပ္ဆိုးလာခဲ့သည္။ သူမႏႈတ္ခမ္းေတြက ေကြးတက္သြားၿပီး မႏွစ္ၿမိဳ႕စြာျဖင့္ ႏွာမႈတ္လိုက္ကာ ေဒါသျဖင့္ေျပာလိုက္သည္။ “နင္မသြားခ်င္ရင္ မသြားနဲ႔။ ဒီပုံစံဘာလဲ? နင္႐ူးေနၿပီ!”

ထို႔ေနာက္တြင္ သူမက ေလာ့ေ႐ွာင္ေ႐ွာင္ ရဲ႕မ်က္ႏွာအား လွည့္မၾကည့္ေတာ့ပဲ တစ္ဖက္ကို လွည့္သြားခဲ့သည္။ သူမက တံခါးဆီကို သြားလိုက္ၿပီး ၾကမ္းျပင္ကို ေဆာင့္နင္းကာ မေက်နပ္သည့္ အသံကိုထုတ္ကာ သားေရဖိနပ္ကို စီးလိုက္သည္။ သူမ တံခါးဆီ ေရာက္ခ်ိန္တြင္ တံခါးကို အသံက်ယ္ေအာင္လို႔ ပိတ္ပစ္လိုက္သည္။

ေလာ့ေ႐ွာင္ေ႐ွာင္ သာထိုေနရာတြင္ က်န္ေနခဲ့သည္။

ေလာ့ေ႐ွာင္ေ႐ွာင္ ရဲ႕ႏႈတ္ခမ္းက လႈပ္႐ွားသြားၿပီး သူမမ်က္ႏွာတစ္ခုလုံးက ေသြးေရာင္မဲ့ေနကာ သူမႏႈတ္ခမ္းေတြက ျဖဴေဖ်ာ့ေနသည္။ သူမက ေတာင့္တင္းစြာျဖင့္ ေခါင္းကိုလွည့္လိုက္ၿပီး မိန္းကေလးထြက္သြားသည့္ ဘက္အားၾကည့္ကာ သူမလက္ေတြက နည္းနည္းတုန္ေနခဲ့သည္။ သူမေျခေထာက္ေတြက ေပ်ာ့ေခြေနၿပီး စိတ္ဝိဉာဥ္ေပ်ာက္ဆုံးသလို ဒူးေထာက္က်သြားခဲ့သည္။

ထြက္သြားၿပီးေနာက္ မိန္းကေလးက ထိုအေၾကာင္းကိုပိုေတြးရင္း ပိုေဒါသထြက္လာခဲ့သည္။ သူမမ်က္ခုံးေတြက ၾကဳတ္ေနခဲ့ၿပီး သူမညာလက္က ဖုန္းကိုတင္းၾကပ္စြာ ဆုပ္ထားၿပီး သူမအမူအရာက တြန္႔ခ်ိဳးေနခဲ့သည္။

သူမက ေလာ့ေ႐ွာင္ေ႐ွာင္ နဲ႔ရင္းႏွီးၿပီး အခန္းေဖာ္ေတြလည္းျဖစ္ကာ မၾကာခဏ အတူတူအျပင္ထြက္ကာ ညစာစားတက္ၾကသည္။ သို႔ေသာ္ တကယ္ေတာ့ သူမက ေလာ့ေ႐ွာင္ေ႐ွာင္ ကိုအားက်ေနကာ တစ္ခ်ိန္တည္းတြင္ သူမအား မနာလိုလည္း ျဖစ္ေနခဲ့သည္။

ေလာ့ေ႐ွာင္ေ႐ွာင္ ကသူတို႔ဌာနမွ ပန္းေလးျဖစ္သည္။ သူမက ၾကည့္ေကာင္းသည္၊ အဆင့္ေတြကလည္း ေကာင္းသည္၊ ေနာက္ၿပီး သူမမိသားစုကလည္း အရမ္းေကာင္းၾကသည္။ သူတို႔ဌာနက လူေတြအျပင္ တျခားဌာနက လူေတြေတာင္ သူမကို ပိုးပန္းေနၾကသည္။ တျခားေက်ာင္းေတြက လူေတြေတာင္မွ သူမကို စိတ္ဝင္စားေၾကာင္း ထုတ္ျပၾကသည္။

မိန္းကေလးက ထိုအေၾကာင္းကို ေတြးလိုက္ရင္း စိတ္မေက်မနပ္ပိုျဖစ္လာကာ မနာလိုမႈေတြက အဆက္မျပတ္ ထြက္ေပၚလာၿပီး ေလကိုကန္လိုက္သည္။

အမွန္အတိုင္းေျပာရရင္ သူမက ႐ုပ္ဆိုးတာမဟုတ္သလို စာညံ့တာလည္း မဟုတ္ေပ။ သို႔ေသာ္ သူမက ေလာ့ေ႐ွာင္ေ႐ွာင္ နဲ႔ေလွ်ာက္သြားခ်ိန္တြင္ ေလာ့ေ႐ွာင္ေ႐ွာင္ ရဲ႕လမ္းေလွ်ာက္ပုံက ဆြဲေဆာင္ႏိုင္ၿပီး ၿပိဳင္ဘက္ကင္း ပင္ကိုယ္စ႐ိုက္႐ွိတာေၾကာင့္ လူတိုင္းက ေလာ့ေ႐ွာင္ေ႐ွာင္ ကိုသာသတိျပဳမိၾကသည္။

ဒါက သူမရဲ႕မာနႀကီးၿပီး ယွဥ္ၿပိဳင္လိုသည့္ ႏွလုံးသားအား တိတ္တဆိတ္ မႏွစ္ၿမိဳ႕မႈကို ျဖစ္ေစသည္။ ေလာ့ေ႐ွာင္ေ႐ွာင္ ကသူမေလာက္ ၾကည့္မေကာင္းသည့္ ပန္းအိုးတစ္လုံးလို႔သာ သူမခံစားမိသည္။

သူမက အေတြးေတြထဲ နစ္ျမဳတ္ေနၿပီး ေခါင္းငုံ႔ထားကာ သူမေျခေထာက္ကိုသာ ၾကည့္ေနတာေၾကာင့္ တစ္ဖက္မွ အရပ္႐ွည္သည့္ ေကာင္ေလးေ႐ွ႕ ေရာက္သြားတာကို မျမင္လိုက္ေပ။ သူတို႔ႏွစ္ေယာက္က တစ္ေယာက္နဲ႔ တစ္ေယာက္ တိုက္မိသြားၾကသည္။

“အတန္းေဖာ္၊ အဆင္ေျပရဲ႕လား?” ေကာင္ေလးက ၿပိဳလဲသြားၿပီးေနာက္ ေကာင္မေလးကို ျပန္ဆြဲလိုက္ကာ ရပ္လိုက္ရင္း အရမ္းအာ႐ုံစိုက္ထားသည့္ အသံျဖင့္ ႏူးညံ့စြာ ေမးလိုက္သည္။

တစ္ဖက္လူက ဒီလိုမ်ိဳး လူႀကီးလူေကာင္းဆန္ေနမယ္လို႔ မိန္းကေလးက မထင္ထားတာေၾကာင့္ လန္႔သြားခဲ့သည္။ သူမပါးေတြက နည္းနည္းရဲသြားၿပီး ေအးခဲေနကာ ျပန္ေျဖလိုက္သည္။ “မဟုတ္တာ၊ အဆင္ေျပပါတယ္”

ေတာင့္တင္းသည့္ အသြင္အျပင္နဲ႔ ထိုေကာင္ေလးက ခန္႔ညားေနၿပီး သူ႕အသြင္အျပင္က မိန္းကေလးေတြ သေဘာက်ၾကသည့္ ပုံစံမ်ိဳးျဖစ္သည္။ သူက ဝ,ေနတာ မဟုတ္ေပမဲ့ အရမ္းကိုလန္းဆန္းေနကာ ႐ိုး႐ွင္းသည့္ အျဖဴေရာင္ ႐ွပ္အက်ႌနဲ႔ ႐ွဴးဖိနပ္ကို စီးထားသည္။

ဝမ္ရီဇီ ရဲ႕ႏႈတ္ခမ္းက လွည့္စားစြာျဖင့္ ေကြးတက္သြားခဲ့သည္။ သူက ျပဳံးလိုက္ၿပီး ေ႐ွ႕တိုးလိုက္ကာ ထိုလူအား ကူညီၿပီး ထူလိုက္သည္။ သူ႕မ်က္လုံးႏွစ္လုံးက တစ္ဖက္လူအား ဆုပ္ယူေနသည့္ ဝဲဂယက္လို ျဖစ္ေနသည္။

သူက မိန္းကေလးရဲ႕ လက္ေတြကို ကိုင္လိုက္တာေၾကာင့္ တစ္ဖက္လူက သူ႕အား ေမာ့ၾကည့္လာၿပီးေနာက္ သူ႕မ်က္လုံးေတြနဲ႔ သူမမ်က္လုံးေတြကို စိုက္ၾကည့္လိုက္သည္။

တစ္ဖက္လူရဲ႕အမူအရာေတြက ေႏွးေကြးစြာျဖင့္ ေလ်ာ့ပါးလာၿပီး ျမင္ႏိုင္သည့္အျမန္ႏႈန္းျဖင့္ ဗလာျဖစ္သြားကာ သူမမ်က္လုံးမွ ေတာက္ပသည့္ အလင္းေရာင္ေတြက ေပ်ာက္ကြယ္သြားခဲ့သည္။ သူမမ်က္လုံးေတြက အေခါင္းေပါက္လို ျဖစ္ေနၿပီး သူမတစ္ကိုယ္လုံးက ခ်ိတ္ဆက္မႈမဲ့သြားသည့္ ပ႐ိုဂရမ္လိုမ်ိဳး ျဖစ္ေနခဲ့သည္။ သူမတစ္ကိုယ္လုံးက အသိစိတ္မဲ့ေနသည့္လူလို ထိုေနရာတြင္သာ ရပ္ေနခဲ့သည္။

ဝမ္ရီဇီ ကအေျခအေနကို ျမင္လိုက္ၿပီး သူ႕ႏႈတ္ခမ္းေထာင့္က ေကြးသြားခဲ့သည္။ မိန္းကေလးအား နီးကပ္စြာစိုက္ၾကည့္ေနၿပီး သူ႕အသံက ဗလာျဖစ္ေနေပမဲ့ မႏၲာန္႐ြတ္ေနတာနဲ႔ တူေနသည္။ “ေနာက္က်ရင္ မင္း ငါေျပာတဲ့အတိုင္း လုပ္ရမယ္”

မိန္းကေလးက ရပ္လိုက္ၿပီး သူမလက္ေတြ၊ ေျခေတြက ေတာင့္တင္းေနၿပီး ႐ုပ္ေသး႐ုပ္လိုမ်ိဳး ေခါင္းညိတ္လိုက္သည္။

ထိုအရာေၾကာင့္ ဝမ္ရီဇီ ရဲ႕ႏွလုံးသားက ေပ်ာ္႐ႊင္သြားခဲ့သည္။ သူ႕ကိုယ္သူ ဂုဏ္ယူေနၿပီး ဒီေ႐ႊလက္ေခ်ာင္း system ကသူ႕အတြက္ အရမ္းအသုံးဝင္တဲ့ အရာကိုျပင္ထားေပးမွန္း မေမွ်ာ္လင့္ထားခဲ့ေပ။

အႀကိမ္အေရအတြက္က အမ်ားႀကီး မသုံးႏိုင္ေသာ္လည္း ဘာမွမ႐ွိတာထက္ေတာ့ ပိုေကာင္းေသးသည္။

ထိုအေၾကာင္းကို ေတြးလိုက္ၿပီး ဝမ္ရီဇီ ရဲ႕ႏႈတ္ခမ္းက ေကြးသြားၿပီး ဂုဏ္ယူမႈအျပည့္ျဖင့္ စိတ္ထဲမွ system ကိုေခၚလိုက္သည္။ ‘ေဟး၊ system ႐ွိလား?’

ဘယ္သူမွ စကားဝိုင္းထဲ ေရာက္မလာခဲ့ေပ။

မၾကာခင္က System မွအႀကိမ္မ်ားစြာ ေအာ့ဖ္လိုင္းျဖစ္ေနတာေၾကာင့္ ဒီတစ္ႀကိမ္ေတာ့ ဝမ္ရီဇီ ကအေႏွာက္အယွက္ မျဖစ္ေပ။ သို႔ေသာ္ အခ်ိန္တိုင္းက အႏၲရာယ္မ႐ွိတာေၾကာင့္ သူ အေလးအနက္ ထားမေနခဲ့ေပ။

သို႔ေသာ္ သူပဲ ဒီကမ႓ာနဲ႔ ဆက္သြယ္မႈ႐ွိေနၿပီး မူလကမ႓ာကေတာ့ system ေၾကာင့္သာ ျပန္ရမယ္ဆိုတာကို ေမ့ေနခဲ့သည္။ System သာ ၁၀ ႀကိမ္မွာ ၅ ႀကိမ္ေလာက္ အြန္လိုင္းတြင္ ႐ွိမေနရင္ သူ႕ကိုယ္ပိုင္လုံျခဳံမႈ၊ သူ႕အာမခံခ်က္ေတြ အားလုံးအတြက္ အေလးအနက္ထားစရာ အေျခအေနမ်ိဳးျဖစ္သည္။

ေဘးက်ပ္နံက်ပ္ အခ်ိန္ကိုေရာက္လာရင္ လြတ္ေျမာက္ဖို႔ အခ်ိန္မ႐ွိႏိုင္တာ ေသခ်ာေလာက္သည္။

ေ႐ွာင္ခ်န္း ကသူ႕အေဆာင္ထဲတြင္ ရပ္လိုက္ၿပီး သူ႕စိတ္ထဲတြင္ အေတြးေတြက ေရာက္လာခဲ့ၿပီး တစ္ခုခုကို အာ႐ုံခံမိကာ ေက်ာင္းဖိုရမ္ကို ဖြင့္လိုက္သည္။

သူေမွ်ာ္လင့္ထားသလို ေက်ာင္းဖိုရမ္မွ ႐ွာေဖြမႈထိပ္ဆုံးပို႔စ္က မၾကာေသးခင္က လူေသမႈႏွစ္ခုျဖစ္သည္။

ေ႐ွာင္ခ်န္း ကသူ႕မ်က္မွန္ေတြကို ပင့္တင္လိုက္ၿပီး သူ႕ႏွာေခါင္း႐ိုးက ေျဖာင့္တန္းေနသည္။ သူ႕လက္ေတြက ဖုန္းစခရင္ကို ထိေနခဲ့ၿပီး ပို႔စ္စာမ်က္ႏွာကို ဖြင့္လိုက္ၿပီး တျဖည္းျဖည္း ဆြဲခ်လိုက္သည္။

႐ုတ္တရက္ သူ႕လက္ေတြက တန္႔သြားခဲ့ၿပီး အခ်ိန္အေတာ္ၾကာက တင္ထားခဲ့ေပမဲ့ ထိပ္ဆုံးတြင္သာ ႐ွိေနသည့္ ပို႔စ္တြင္ အာ႐ုံစိုက္သြားသည္။

ပို႔စ္နာမည္က ‘ေက်ာင္းက ဆုေတာင္းသစ္ပင္နဲ႔ စကားေျပာရေအာင္၊ မင္းသိသလို လုပ္မေနနဲ႔၊ လုံးဝကို အံ့ဩသြားရလိမ့္မယ္’

1L: ႏိုင္ငံတကာေလ့က်င့္မႈ၊ ပထမထပ္က အိမ္ပိုင္႐ွင္ပဲ၊ ဒုတိယထပ္က ျပႆနာအေၾကာင္း ေျပာၾကတယ္။

2L: မင္းတို႔သိတဲ့အတိုင္း ငါတို႔ေက်ာင္းသမိုင္းက အရမ္းႀကီး မ႐ွည္လ်ားပဲ ၁၀ ႏွစ္ေလာက္ေတာင္ မ႐ွိေသးဘူး။ ေနာက္ၿပီး ငါတို႔ေက်ာင္းေျမက တျခားေက်ာင္းေတြနဲ႔ ကြာတယ္။ သက္႐ွည္ေတာင္ေတြ၊ ႐ႈပ္ပြေနတဲ့အုတ္ဂူေတြလိုမ်ိဳး မဟုတ္ဘူး။ ဒီေနရာက အဆင့္တန္းျမင့္ ေဆး႐ုံျဖစ္ခဲ့တာ။

အရင္က မီးေလာင္က်သြားလို႔ ဒီေဆး႐ုံက ပိတ္ခံလိုက္ရတာ။ မီးေၾကာင့္ပဲ လူေတာ္ေတာ္မ်ားမ်ား ေသသြားၾကတယ္လို႔ ေျပာၾကတယ္၊ တိတိက်က်ေတာ့ ငါမသိဘူး၊ ဒါေပမဲ့ အေရအတြက္က သုံးဂဏန္းထက္ မနည္းတာေတာ့ ေသခ်ာတယ္။ ေလ်ာ္ေၾကးပမာဏက မ်ားျပားလြန္းလို႔ ေဆး႐ုံက ဝန္ထုပ္ဝန္းပိုး ျဖစ္ခဲ့တယ္။

အို၊ ေနာက္ၿပီး ဒါေတြက ဆုေတာင္းသစ္ပင္နဲ႔ ဘာပတ္သက္လို႔လဲလို႔ တစ္ေယာက္ေယာက္က ေမးလိမ့္မယ္။

ဆုေတာင္းသစ္ပင္ရဲ႕ သက္တမ္းက ဘယ္ေလာက္႐ွိၿပီလို႔ မင္းတို႔ထင္ၾကလဲ? ေျမ႐ွင္က သစ္ပင္၊ ပင္စည္ေတြ၊ အကိုင္းေတြ၊ သစ္ေခါက္ စတာေတြကို နားလည္တဲ့ သူငယ္ခ်င္း႐ွိတယ္၊ ဒီသစ္ပင္က ႏွစ္ေပါင္းတစ္ရာေလာက္ ႐ွိၿပီလို႔ ေျပာထားတယ္။

ဒီေလာက္ေျပာတာေတာင္ မသိၾကေသးဘူးလား?

အရင္က မီးေလာင္ခဲ့တာ၊ လူေတြမေျပာနဲ႔ အပင္ေတြနဲ႔ တျခားအရာေတြ ဘာမွမ႐ွင္ႏိုင္ခဲ့ဘူး! ဒါေပမဲ့ ဒီဆုေတာင္းသစ္ပင္က တကယ္ပဲ ဒီေန႔အထိ ႐ွင္ေနခဲ့တာ?

အိုေက၊ ဒီအႀကိမ္ေတာ့ ေက်ာင္းထဲက စိမ္းလန္းမႈေတြက တျခားေနရာကေန စိုက္ပ်ိဳးဖို႔သယ္လာၿပီး ဒီဆုေတာင္းသစ္ပင္လည္း အဲ့လိုပဲျဖစ္လိမ့္မယ္လို႔ တခ်ိဳ႕လူေတြက ေျပာႏိုင္လိမ့္မယ္။

ေျမ႐ွင္က ဒါနဲ႔ပတ္သက္ၿပီး အမ်ားႀကီးမေျပာထားေတာ့ ပုံကိုပဲ တိုက္႐ိုက္ၾကည့္လိုက္ၾကေတာ့။

[ဓာတ္ပုံ]

3L: ေနာက္ၿပီး ဆုေတာင္းသစ္ပင္နဲ႔ ပတ္သက္တဲ့ ေမွာ္ဆိုင္ရာပစၥည္းေတြက မီးထဲကေန ႐ွင္ႏိုင္တာထက္ အမ်ားႀကီး ပိုႏိုင္တယ္။

ဆုေတာင္းသစ္ပင္က အရမ္းသန္မာေနၿပီး တျခားအပင္ေတြထက္ ပိုႀကီးမားတယ္။ ေနာက္ၿပီး ထူးဆန္းတာက ဒီႏွစ္ေတြမွာ သူ႕အကိုင္းေတြ၊ အ႐ြက္ေတြက ေအးခဲတဲ့ရာသီခ်ိန္လို ဝါေနၿပီးေတာ့ လုံးဝမႀကီးဘူး။

ဒါက ထူးဆန္းတဲ့တစ္ခ်က္ပဲ။

ဆုေတာင္းသစ္ပင္ နဲ႔ပတ္သက္တဲ့အေၾကာင္းေတြ ညလယ္မွာ လူေတြက ႐ွိခိုးဆုေတာင္းၾကတာ၊ အမ်ိဳးသမီးေတြက မိန္းမငယ္ေလးအျဖစ္ ေျပာင္းသြားတဲ့ပုံျပင္ေတြလို အရာေတြကို ေက်ာင္းဒ႑ာရီထဲမွာ အမ်ားႀကီး ၾကားဖူးၾကမွာ ေသခ်ာတယ္။

ဒါေတြအကုန္လုံးက လက္ေတြ႕မက်ေပမဲ့ ဒီေက်ာင္းဝန္းထဲက ေကာလဟာလေတြက ဆုေတာင္းသစ္ပင္မွာ ထူးဆန္းတဲ့အလင္းေရာင္ေတြ ထင္ဟပ္လာေစတယ္။

သစ္ပင္မွာ အနီေရာင္အဝတ္နဲ႔ ဆုေတာင္းမႈေတြကို ေရးသားၿပီး ခ်ိတ္ထားရင္ ဆုေတာင္းျပည့္တယ္လို႔ ေျပာၾကတာနဲ႔ပဲ ငါတို႔က အဲ့သစ္ပင္ကို ဆုေတာင္းသစ္ပင္လို႔ ေခၚခဲ့ၾကတယ္။ တျဖည္းျဖည္းနဲ႔ လူေတြက ပိုပိုလုပ္လာၾကၿပီး သစ္ပင္က ေက်ာင္းရဲ႕အဓိကအခ်က္ ျဖစ္လာခဲ့တယ္။

ေ႐ွာင္ခ်န္း ကပုံကိုႏွိပ္လိုက္ၿပီး သူ႕လည္ေခ်ာင္းက လႈပ္႐ွားသြားခဲ့သည္။ သူ႕အာ႐ုံေတြက တြက္ခ်က္ေနၿပီး သူ႕မ်က္လုံးေတြက အရည္နည္းနည္း႐ွိေနသည္။

ထိုပုံက ဖုန္းနဲ႔႐ိုက္ထားသည့္ ဓာတ္ပုံေဟာင္းျဖစ္သည္။ ထိုပုံက ႏွစ္ေပါင္းမ်ားစြာ ၾကာေနေလာက္ၿပီး ေဘးဘက္ေတြက နည္းနည္းဝါေနသည္။

ဓာတ္ပုံကေတာ့ အရမ္းကို႐ိုး႐ွင္းသည္။

ျပတင္းေပါက္တစ္ခု၊ သစ္ပင္နဲ႔ အေဝးမွႀကီးမားသည့္ ဖုန္းတိုင္ကို ျမင္ႏိုင္သည္။ ေနာက္ၿပီး ဓာတ္ပုံရဲ႕႐ႈေထာင့္က နည္းနည္းထူးဆန္းၿပီး ဓာတ္ပုံ႐ိုက္သူက အိမ္ထဲမွျဖစ္ၿပီး အျပင္ကမဟုတ္ပဲ အလွတရားကို အတည္ျပဳထားသည့္ ျမင္ကြင္းမ်ိဳး ျဖစ္ေနသည္။

သို႔ေသာ္ ဓာတ္ပုံအား ဆုတ္ထားသလိုမ်ိဳး တြန္႔ေနခဲ့သည္။ ေနာက္ပိုင္းတြင္ ဓာတ္ပုံအား ေကာင္းေကာင္း ျပန္ထိန္းသိမ္းထားပုံရသည္။

ေ႐ွာင္ခ်န္း ကတစ္ခုခုကို ေတြးလိုက္မိၿပီး ႐ုတ္တရက္ ဖုန္းကိုေျမႇာက္လိုက္ၿပီး ဓာတ္ပုံထဲမွ ေနရာအတိုင္း ယွဥ္ကာၾကည့္လိုက္သည္။

ေ႐ွာင္ခ်န္း ရဲ႕မ်က္လုံးေတြက တင္းမာသြားခဲ့သည္။ သူျပန္ထိန္းလိုက္ၿပီး သူ႕လက္ေခ်ာင္းေတြက ဖုန္းစခရင္ကို ေရာက္သြားၿပီး သူ႕လက္ေတြက တုန္ေနခဲ့သည္။ သူဖုန္းကို အလ်င္စလို ဖယ္လိုက္ၿပီး အသက္႐ွဴသြင္းလိုက္သည္။

ဓာတ္ပုံရဲ႕႐ႈေထာင့္က...

ဒီေနရာကို သူအၿမဲတမ္း သိေနခဲ့တာလား?

ထိုအေၾကာင္းကို ေတြးလိုက္ၿပီး ေ႐ွာင္ခ်န္း ကေခါင္းကိုက္သလို ခံစားလိုက္ရၿပီး မူလကအေတြးေတြမွ နာက်င္မႈေတြ ျဖစ္လာခဲ့သည္။ သူ႕လက္က နားထင္ကို ဖိလိုက္သည္။

ေကာင္ေလးက ျပတင္းေပါက္အျပင္ကို ၾကည့္ေနခဲ့သည္။ သူ႕လက္ေခ်ာင္းေတြက မွန္ကိုထိေနခဲ့ၿပီး ၿငီးေငြ႕ေနကာ ဘာေတြးေနမွန္း မသိႏိုင္ေပ။ သူ႕ေခါင္းေလးက ဆိုဖာေပၚတြင္ ထိုင္ေနကာ တိတ္ဆိတ္စြာ စာဖတ္ေနသည့္ ဆယ္ေက်ာ္သက္ေလးဆီ ေရာက္သြားခဲ့သည္။ ဆယ္ေက်ာ္သက္ေလးက ေဆး႐ုံအဝတ္ကို ဝတ္ထားခဲ့ၿပီး အက်ႌလည္ပင္းက်ယ္မွ ညႇပ္႐ိုးေတြက ေပၚေနခဲ့သည္။ ဆယ္ေက်ာ္သက္ေလးရဲ႕ အသြင္အျပင္က အရမ္းေသးသြယ္ေနၿပီး လူေတြအား ေနမေကာင္းေနသည့္ အလွေလးလို႔ ျမင္ေစမိႏိုင္သည္။

ေကာင္ေလးရဲ႕အၾကည့္က တိုက္႐ိုက္ဆန္လြန္းေနတာေၾကာင့္ ဆယ္ေက်ာ္သက္ေလးက သူကိုင္ထားသည့္ စာအုပ္ကို ခ်လိုက္ၿပီး သူ႕အား ေမာ့ၾကည့္လိုက္ၿပီး လက္ယက္ေခၚကာ ႏူးညံ့စြာေျပာလိုက္သည္။ “လာ၊ ကိုယ့္ေဘးလာထိုင္”

ဆယ္ေက်ာ္သက္ေလးက အရမ္းႏူးညံ့ကာ အားနည္းေနပုံေပၚတာေၾကာင့္ သူ႕ညာလက္က ပတ္တီးက အရမ္းကိုသိသာေနၿပီး လ်စ္လ်ဴ႐ႈဖို႔ေတာင္ ခက္ခဲေစသည္။ ပိတ္က်ဲေပၚတြင္ ေသြးေတြက႐ွိေနတုန္းျဖစ္ကာ ဒဏ္ရာနားမွ လက္တစ္ေခ်ာင္းက ေပ်ာက္ေနတာကို ေျပာႏိုင္သည္။

ေကာင္ေလးက နာခံစြာျဖင့္ ေျပးသြားလိုက္ၿပီး ဆိုဖာေပၚသို႔ ေႏွးေကြးစြာ တက္လိုက္သည္။ သူ႕ေျခေထာက္တိုေလးေတြနဲ႔ နင္းတက္လိုက္ၿပီး သူ႕ေျခေထာက္ေလးအား လႊဲလိုက္သည္။ ႐ုတ္တရက္ သူက ျပတင္းေပါက္ကို လက္ညိႇဳးထိုးကာ ႐ိုးသားစြာနဲ႔ ေျပာလိုက္သည္။ “ဘာလို႔ ကိုကိုက အျပင္မထြက္တာလဲ?”

သူက သူနဲ႔အတူကစားဖို႔ အခ်ိန္တိုင္း အထဲကိုလာသည္။

ဆယ္ေက်ာ္သက္ေလးက သူ႕အျပစ္ကင္းသည့္ စကားလုံးေတြေၾကာင့္ စိတ္မဆိုးေပမဲ့ သူ႕မ်က္လုံးက နည္းနည္းမဲေမွာင္သြားကာ သူဘာေတြးေနမွန္း မသိႏိုင္ေပ။ ဆယ္ေက်ာ္သက္ေလးက သူ႕မ်က္ႏွာအား ႏွစ္မိနစ္ေလာက္ စိုက္ၾကည့္ၿပီးေနာက္ ရယ္လိုက္ကာ ေျပာလိုက္သည္။ “Ivory Tower အေၾကာင္းကို သိလား?”

ေကာင္ေလးက ႐ိုးသားစြာျဖင့္ ေခါင္းခါလိုက္သည္။

ဆယ္ေက်ာ္သက္ေလးက ဆက္ေျပာလိုက္သည္။ “Ivory Tower ကဘဝနဲ႔ကြာေဝးတဲ့ ကမ႓ာရဲ႕ေနာက္ကြယ္က အိပ္မက္ကမ႓ာလို႔ ေျပာၾကတယ္” သူကရပ္လိုက္ၿပီး သူ႕မ်က္လုံးေထာင့္ေတြက ေကြးသြားသည္။ “ဒီအခန္းက ကိုယ့္ရဲ႕ Ivory Tower ပဲ”

ေကာင္ေလးက ႐ႈပ္ေထြးေနသည့္မ်က္ႏွာျဖင့္ ခဏေလာက္ ေတြးေနကာ ေျပာလိုက္သည္။ “ရမ္ပန္ဆယ္လိုမ်ိဳး ဟုတ္တယ္မလား?”

မိန္းကေလး ရမ္ပန္ဆယ္ ကိုစုန္းမႀကီးက တာဝါထဲတြင္ ေသာ့ပိတ္ထားခဲ့ၿပီး သူမက အထီးက်န္ေနခဲ့သည္။ သူမက မင္းသားေလးနဲ႔ ခ်စ္မိသြားခဲ့ၿပီး စုန္းမႀကီးရဲ႕ လွည့္စားမႈေတြမွ ထြက္လာႏိုင္ခဲ့သည္။

ထိုစကားေၾကာင့္ ဆယ္ေက်ာ္သက္ေလးက ထပ္ျပဳံးလိုက္ၿပီး ေကာင္ေလးရဲ႕ေခါင္းအား ထိလိုက္သည္။

မွားတယ္၊ ဒါက တစ္ဝက္ပဲမွန္တယ္။

Ivory Tower ကေကာင္းတယ္လို႔ လူတိုင္းက ေျပာၾကတယ္။ ဒါက ႐ိုး႐ွင္းၿပီး သန္႔စင္ေနေပမဲ့ တျခားလူေတြက ေပ်ာ္႐ႊင္ေနခ်ိန္မွာ Ivory Tower မွေသာ့ပိတ္ခံထားရၿပီး လြတ္လပ္မႈေတြ ေပ်ာက္ဆုံးေနတဲ့ လူေတြက ဘယ္လိုဆက္အသက္႐ွင္မလဲ?

သူက ေနမေကာင္းေနတာေၾကာင့္ပဲ။

သူဖ်ားေနတည္းက သူ႕ကိုယ္သူ နာက်င္ေအာင္လုပ္ရတာကို သေဘာက်ၿပီး သူ႕တြင္ ျပင္းထန္လြန္းတဲ့ဗီဇ ႐ွိေနတာေၾကာင့္ ဆရာဝန္ေတြေတာင္ သိခ်င္ေနခဲ့ၾကသည္။

သူက ဒီအခန္းထဲတြင္ ေသာ့ပိတ္ခံခဲ့ရသည္။ အခန္းထဲတြင္ ဘာမွမေပ်ာက္ဆုံးရင္ေတာင္ အသက္႐ွိေနတာလည္း မ႐ွိပဲ မွန္ကိုျဖတ္ၿပီးေတာ့သာ ကမ႓ာႀကီးကို ျမင္ႏိုင္သည္။ ေရကန္ထဲမွ ဖားလိုမ်ိဳး သူ႕တြင္ ကမ႓ာႀကီးေပၚ အျမင္မ႐ွိေပ။

ဘယ္သူ႕မွ သူ႕ကို စကားမေျပာၾကေပ။ သူ႕ကိုေဆးေပးသည့္ ဆရာဝန္ေတြနဲ႔ သူနာျပဳေတြေတာင္ သူ႕အား ေ႐ွာင္ၾကၿပီး စကားမေျပာၾကေပ။ ေျပာရင္ေတာင္ သူတို႔စကားလုံးေတြက သတိထားမႈေတြနဲ႔ ျပည့္ႏွက္ေနသည္။

ဆယ္ေက်ာ္သက္ေလးရဲ႕ အမူအရာက မဲေမွာင္လာေပမဲ့ ေကာင္ေလးက သူ႕လက္မွဒဏ္ရာကို ထိလိုက္ခ်ိန္တြင္ ေကာင္ေလးကို ငုံ႔ၾကည့္လိုက္သည္။ ေကာင္ေလးရဲ႕ မ်က္ႏွာေလးက ေဘာလုံးေလးလို ေဖာင္းေနသည္။ တစ္ခုခု စိတ္အေႏွာက္အယွက္ျဖစ္သလို သူ႕လက္မွဒဏ္ရာအား ေလမႈတ္လိုက္ၿပီး ေျပာလိုက္သည္။ “ဒဏ္ရာကို ေလမႈတ္ေပးရင္ မနာေတာ့ဘူး”

ဆယ္ေက်ာ္သက္ေလးရဲ႕ ႏႈတ္ခမ္းက လႈပ္႐ွားသြားၿပီး သူ႕အမူအရာက ခဏေလာက္ တုန္လႈပ္သြားခဲ့သည္။ ေကာင္ေလးကို သူ႕လက္အား ကိုင္ၿပီးကစားဖို႔ကို ခြင့္ျပဳထားခဲ့သည္။

႐ုတ္တရက္ ဆယ္ေက်ာ္သက္ေလးက ေကာင္ေလးကို စိုက္ၾကည့္လိုက္ၿပီး ေဖာင္းေနသည့္မ်က္ႏွာနဲ႔ စိတ္အေႏွာက္အယွက္ျဖစ္မႈကို ဖုံးကြယ္ထားသည့္ အေလးအနက္ မ်က္ႏွာထားကို ၾကည့္လိုက္ၿပီး ရယ္လိုက္သည္။

အဲ့ေနာက္ ဘာေတြျဖစ္ခဲ့လဲ?

ေနာက္ပိုင္းေတာ့ ပုံျပင္ေလးက Ivory Tower မွာေနတဲ့ မင္းသားေလးက မေတာ္တဆ တာဝါထဲေရာက္လာတဲ့ ေကာင္ငယ္ေလးနဲ႔ ေတြ႕သြားခဲ့တယ္။ အဲ့ကစၿပီး သူ႕အတြက္ အျဖဴအမဲသာ႐ွိေနတဲ့ ကမ႓ာႀကီးက ပိုပိုၿပီး အေရာင္အေသြး စုံလင္လာခဲ့တယ္။

မင္းသားေလးနဲ႔ ေကာင္ငယ္ေလးက အၿမဲတမ္း အတူတူေနႏိုင္ဖို႔ သူသိမ္းသြင္းခဲ့တယ္။

ရမ္ပန္ဆယ္ ကလည္း သူမခ်စ္သူ မင္းသားေလးနဲ႔အတူ ခက္ခဲၾကမ္းတမ္းမႈေတြကို ေက်ာ္ျဖတ္ၿပီးေနာက္ ကေလးေတြ ႐ွိလာခဲ့ၿပီး ထာဝရတစ္သက္လုံး ေပ်ာ္႐ႊင္စြာ ေနထိုင္သြားေတာ့တယ္။

--------------

Continue Reading

You'll Also Like

157K 12K 49
အမှောင် အောက်က ‌ကျားရဲ တစ်ကောင်ရဲ့မျက်ဝန်းလို သွေးဆာ နေတဲ့ မျက်လုံး စိမ်းစိမ်း တောက်တောက်တွေ သွေးညှီနံ့ ဟောင်ထွက်နေတဲ့ အခန်းတွေ ထဲ က အလောင်းတွေ သတင်း...
266K 8.2K 16
စိတ္တဇထောင်ချောက်တစ်ခုထဲ သင်ကိုယ်တိုင်ရောက်သွားတဲ့ ခံစားချက်မျိုး လိုချင်ရင် ဒီ fic ကို သင်ဖတ်နိုင်ပါတယ် သို့ပေမယ့် 18+နော်😁
236K 48.3K 84
කැලෙ ඇතුලෙම පරවෙනවා බන් හුගක් මල් ජාති.....!
291K 51.9K 103
I rely on kisses to clear survival games. 90 Chapters + 9 Extras This is not my own. Totally Credited to original Author.