Unicode
၁၆၇၅။ အဆင့်မြင့်ကမ္ဘာတာဝန်
_____________________
ကုန်သွယ်ရေးခန်းမမှာ ပစ္စည်းတွေရောင်းဝယ်နေကြတဲ့လူတွေရှိပေမယ့် ပစ္စည်းအားလုံးက ရှားပါးပစ္စည်းတွေဖြစ်သည်။ အဲ့ဒါတွေက နဉ်ရှု စာအုပ်ထဲမှာပဲမြင်ဖူးတဲ့ပစ္စည်းတွေဖြစ်၏။
သူမရဲ့ပိုင်ဆိုင်မှုထဲမှာ ဘာကောင်းတာမှတကယ်မရှိဘူးဆိုတာ နဉ်ရှုသိသွားသည်။ သူမမှာရှိတာတွေက ဒီလူတွေမှာရှိတာတွေနဲ့ယှဉ်လို့မရပေ။
အဲ၊ သူမမှာ ဝိဉာဉ်ပုလဲတစ်လုံးရှိတယ်လေ။
ဒါပေမယ့် ဝိဉာဉ်ပုလဲကအရမ်းအသုံးဝင်တာမို့ သူမ ရောင်းဖို့မရည်ရွယ်ပါဘူးနော်။
"2333၊ ဒီကိုလာ။"
မိန်ကျီချင်းက ခန်းမထဲရှိတိုင်လုံးတစ်လုံးကိုမှီထားရင်းမှ နဉ်ရှုကိုလက်ပြသည်။
နဉ်ရှုက ခေါင်းငုံ့ကာ သူမကိုမမြင်ဟန်ဆောင်၏။
"2333။"
နဉ်ရှု : →_→
ဒီနံပါတ်ကိုတကယ်မုန်းတယ်။
နဉ်ရှုက မိန်ကျီချင်းဆီ လေးကန်ကန်လျှောက်သွားသည်။
"အပေါ်ထပ်သွားရအောင်။"
မိန်ကျီချင်းက လမ်းလျှောက်သွားပြီး နဉ်ရှုက သူမနောက်ကနေလိုက်လာသည်။
"ဒီတစ်ခေါက်တာဝန်က အဆင့်မြင့်ကမ္ဘာတစ်ခုမှာရယ်။ အဲ့ကမ္ဘာက အထူးကမ္ဘာအဖြစ်အဆင့်တိုးနေရင်း စည်းမျဉ်းတွေပရမ်းပတာဖြစ်သွားတာ။"
မိန်ကျီချင်းကနဉ်ရှုကိုပြောပြသည်။
"ဒီတာဝန်မှာ တခြားလူတွေလည်းရှိသေးတယ်။ ခဏနေလို့ သူတို့က နင့်နံပါတ်ကဘာလဲမေးရင် နင့်နံပါတ်သာပြောလိုက်။ ဥပမာ၊ ငါ့နံပါတ်က696။"
မိန်ကျီချင်းက နဉ်ရှုကိုပြောသည်။
နဉ်ရှုက စိတ်ဓာတ်ကျနေတဲ့အမူအရာနဲ့ခေါင်းငြိမ့်သည်။ သူမရဲ့နံပါတ်!!?
မိန်ကျီချင်းက အခန်းတစ်ခန်းရဲ့တံခါးကိုဖွင့်လိုက်ပြီး သူမ တံခါးဖွင့်လိုက်တာနဲ့ ငြင်းခုန်နေကြတဲ့အသံတွေထွက်လာသည်။
"မင်းက အဲ့လူအတွက်ဒီရောက်နေတာမဟုတ်ဘူးလား? ဒါက ကမ္ဘာပြင်ဆင်ရေးတာဝန်လေးပဲကို သူလာမယ်ဆိုတာသိတာနဲ့ မင်းက ဒီကိုပြေးလာတယ်။"
အမျိုးသားတစ်ယောက်ကဆိုသည်၊ သူ့မျက်နှာက ကဲ့ရဲ့မှုတွေနဲ့ပြည့်နေသည်။ သူ့ရုပ်ရည်က ထူးခြားတာမရှိပေ။
သူ့မျက်နှာထက်က သုန်သုန်မှုန်မှုန်အကြည့်က သူနဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့အမျိုးသမီးဆီဦးတည်နေတာသိသာသည်။
အဲ့အမျိုးသမီးက အတော်ကြီးကိုလှသည်။ သူမရဲ့လှုပ်ရှားမှုတိုင်းမှာ ခံ့ညားတဲ့ရောင်ဝါတွေပါရှိနေပြီး သူမရဲ့မျက်လုံးတွေက အသက်ရှူမှားလောက်သည်၊ သူမက ရှည်လျားတဲ့အင်္ကျီလက်တွေနဲ့ဝဲလွင့်ကျနေတဲ့လက်ရာမြောက်လှပလွန်းတဲ့ရှေးခေတ်ဝတ်စုံကိုဝတ်ဆင်ထားသည်။ သူမရဲ့ဆံပင်တွေကို နည်းနည်းသပ်တင်ထားကာ သူမရဲ့ကိုယ်ပေါ်မှာ ကျောက်မျက်ရတနာတစ်ခုမှမရှိတာမို့ သူမကို အင်မတန်သိမ်မွေ့နူးညံ့ကာလှပနေစေသည်။
ဒါက လောကကြီးထဲကဘယ်ရတနာကမှ သူမနဲ့မလိုက်ဖက်နိုင်သလိုခံစားရစေသည်။
နဉ်ရှုက အသည်းအသန်ကိုစိုက်ကြည့်နေတာမို့ သူမရဲ့မျက်လုံးတွေပင်စွေစောင်းကုန်၏။ လှလိုက်တာ၊ သူက အရမ်းလှတာပဲ။
သို့သော်ငြား လက်ရှိတွင် အလှလေးကစိတ်တိုနေသည်မို့ သူမရဲ့အော်ရာက အင်မတန်မှပင်ရှိန်ဖို့ကောင်းနေသည်။ သူမက အစောတုန်းကစကားပြောလိုက်တဲ့အမျိုးသားကို အေးစက်စက်ပြောသည်။
"ဒီစကားက နင် ဘာကိုဆိုလိုတာလဲ? ငါတို့က တာဝန်လုပ်နေရင်း ပဋိပက္ခလေးနည်းနည်းဖြစ်ခဲ့တာကို နင် ဘယ်လောက်ကြာအောင်အငြိုးထားနေဦးမှာလဲ?"
"ဟားဟား..."
အမျိုးသားရဲ့မျက်နှာက စက်ဆုပ်မှုတွေနဲ့ပြည့်နေသည်။
"ငါ မိန်းမပျက်တွေနဲ့စကားမပြောဘူး။"
"နင်ဘာပြောလိုက်တာလဲ? နင့်အသုံးအနှုန်းကိုပြင်တာကောင်းမယ်၊ ငါက အထူးတာဝန်ထမ်းဆောင်သူနော်၊ နင်က အဆင့်မြင့်တာဝန်ထမ်းဆောင်သူပေါက်စလေး။"
အမျိုးသမီးက မျက်မှောင်ကုတ်ထားရင်းဆိုသည်။ သူမဒေါသထွက်နေချိန်မှာတောင် သူမက အတော်လေးလှနေဆဲဖြစ်သည်။
"အိုကေ၊ လူတွေရဲ့နှလုံးသားနဲ့ဘဝကိုလိမ်ညာလှည့်ဖျားနေတဲ့ ထိပ်တန်းမိန်းမပျက်။"
အမျိုးသားက လုံးဝအရေးမစိုက်ဘဲဆိုသည်။
"နင်..."
"ကဲ၊ ကဲ၊ တော်ကြတော့။"
သူတို့နောက်မှာရှိနေတဲ့လူတစ်ယောက်ကပြောလာသည်။
နဉ်ရှု : →_→
ဘယ်လိုလုပ်ပြီး သူမဝင်လာတာနဲ့ ဒီလိုကြမ်းတမ်းတဲ့မြင်ကွင်းနဲ့တိုးနေရတာလဲ?
အဲ့နှစ်ယောက်ကြားမှာ ရန်ငြိုးအတော်ရှိတဲ့ပုံပဲ။
မိန်ကျီချင်းက နဉ်ရှုနဲ့အတူဝင်လာပြီး အခန်းထဲမှာရှိနေတဲ့လူလေးယောက်က သူမတို့ကို ချက်ချင်းလှည့်ကြည့်လာသည်။
နဉ်ရှုက သူတို့ကိုဝေ့ဝဲကြည့်လိုက်ပြီး သူမရဲ့မျက်လုံးတွေက လူတစ်ယောက်ဆီကျရောက်သွားချိန်မှာတော့ သူမ တကယ်ကိုချက်ချင်းလှည့်ထွက်သွားချင်မိရတော့သည်။
လီး၊ ကျန်းကျားစန်က ဘာလို့ဒီမှာရှိနေတာတုန်း?
နဉ်ရှုကိုမြင်တဲ့အခါ ကျန်းကျားစန်က သူမကိုပြုံးပြလာသည်။
"တိုက်ဆိုင်လိုက်တာ။"
ကျန်းကျားစန်ရဲ့ဟန်ဆောင်ပြုံးကိုမြင်သည်၌ နဉ်ရှုက သူမ သူနဲ့လုံးဝအဆက်အဆံမလုပ်ချင်ပါဆိုတာကို ချက်ချင်းအမူအရာပြသည်။
"နင်တို့အချင်းချင်းသိတယ်လား?"
မိန်ကျီချင်းကမေးသည်။
နဉ်ရှုကခေါင်းခါ၏။
"မသိဘူး။"
"သိတယ်။"
နဉ်ရှု မျက်လုံးလှန်လိုက်တော့သည်။
"ငါ နင့်ကိုမိတ်ဆက်ပေးမယ်။ ဒီမှာရှိနေတဲ့လူတိုင်းက ဒီတာဝန်အတွက်တာဝန်ထမ်းဆောင်သူတွေပဲ။"
...
Zawgyi
၁၆၇၅။ အဆင့္ျမင့္ကမ႓ာတာဝန္
_____________________
ကုန္သြယ္ေရးခန္းမမွာ ပစၥည္းေတြေရာင္းဝယ္ေနၾကတဲ့လူေတြရိွေပမယ့္ ပစၥည္းအားလံုးက ရွားပါးပစၥည္းေတျြဖစ္သည္။ အဲ့ဒါေတြက နဉ္ရႈ စာအုပ္ထဲမွာပဲျမင္ဖူးတဲ့ပစၥည္းေတျြဖစ္၏။
သူမရဲ့ပိုင္ဆိုင္မႈထဲမွာ ဘာေကာင္းတာမွတကယ္မရိွဘူးဆိုတာ နဉ္ရႈသိသြားသည္။ သူမမွာရိွတာေတြက ဒီလူေတြမွာရိွတာေတြနဲ႔ယွဉ္လို႔မရေပ။
အဲ၊ သူမမွာ ဝိဉာဉ္ပုလဲတစ္လံုးရိွတယ္ေလ။
ဒါေပမယ့္ ဝိဉာဉ္ပုလဲကအရမ္းအသံုးဝင္တာမို႔ သူမ ေရာင္းဖို႔မရည္ရြယ္ပါဘူးေနာ္။
"2333၊ ဒီကိုလာ။"
မိန္က်ီခ်င္းက ခန္းမထဲရိွတိုင္လံုးတစ္လံုးကိုမွီထားရင္းမွ နဉ္ရႈကိုလက္ျပသည္။
နဉ္ရႈက ေခါင္းငံု႔ကာ သူမကိုမျမင္ဟန္ေဆာင္၏။
"2333။"
နဉ္ရႈ : →_→
ဒီနံပါတ္ကိုတကယ္မုန္းတယ္။
နဉ္ရႈက မိန္က်ီခ်င္းဆီ ေလးကန္ကန္ေလ်ွာက္သြားသည္။
"အေပၚထပ္သြားရေအာင္။"
မိန္က်ီခ်င္းက လမ္းေလ်ွာက္သြားၿပီး နဉ္ရႈက သူမေနာက္ကေနလိုက္လာသည္။
"ဒီတစ္ေခါက္တာဝန္က အဆင့္ျမင့္ကမ႓ာတစ္ခုမွာရယ္။ အဲ့ကမ႓ာက အထူးကမ႓ာအျဖစ္အဆင့္တိုးေနရင္း စည္းမ်ဉ္းေတြပရမ္းပတာျဖစ္သြားတာ။"
မိန္က်ီခ်င္းကနဉ္ရႈကိုေျပာျပသည္။
"ဒီတာဝန္မွာ တျခားလူေတြလည္းရိွေသးတယ္။ ခဏေနလို႔ သူတို႔က နင့္နံပါတ္ကဘာလဲေမးရင္ နင့္နံပါတ္သာေျပာလိုက္။ ဥပမာ၊ ငါ့နံပါတ္က696။"
မိန္က်ီခ်င္းက နဉ္ရႈကိုေျပာသည္။
နဉ္ရႈက စိတ္ဓာတ္က်ေနတဲ့အမူအရာနဲ႔ေခါင္းၿငိမ့္သည္။ သူမရဲ့နံပါတ္!!?
မိန္က်ီခ်င္းက အခန္းတစ္ခန္းရဲ့တံခါးကိုဖြင့္လိုက္ၿပီး သူမ တံခါးဖြင့္လိုက္တာနဲ႔ ျငင္းခုန္ေနၾကတဲ့အသံေတြထြက္လာသည္။
"မင္းက အဲ့လူအတြက္ဒီေရာက္ေနတာမဟုတ္ဘူးလား? ဒါက ကမ႓ာျပင္ဆင္ေရးတာဝန္ေလးပဲကို သူလာမယ္ဆိုတာသိတာနဲ႔ မင္းက ဒီကိုေျပးလာတယ္။"
အမ်ိဳးသားတစ္ေယာက္ကဆိုသည္၊ သူ႔မ်က္ႏွာက ကဲ့ရဲ့မႈေတြနဲ႔ျပၫ့္ေနသည္။ သူ႔ရုပ္ရည္က ထူးျခားတာမရိွေပ။
သူ႔မ်က္ႏွာထက္က သုန္သုန္မႈန္မႈန္အၾကၫ့္က သူနဲ႔မ်က္ႏွာခ်င္းဆိုင္မွာထိုင္ေနတဲ့အမ်ိဳးသမီးဆီဦးတည္ေနတာသိသာသည္။
အဲ့အမ်ိဳးသမီးက အေတာ္ႀကီးကိုလွသည္။ သူမရဲ့လႈပ္ရွားမႈတိုင္းမွာ ခံ့ညားတဲ့ေရာင္ဝါေတြပါရိွေနၿပီး သူမရဲ့မ်က္လံုးေတြက အသက္ရႉမွားေလာက္သည္၊ သူမက ရွည္လ်ားတဲ့အက်ႌလက္ေတြနဲ႔ဝဲလြင့္က်ေနတဲ့လက္ရာေျမာက္လွပလြန္းတဲ့ေရွးေခတ္ဝတ္စံုကိုဝတ္ဆင္ထားသည္။ သူမရဲ့ဆံပင္ေတြကို နည္းနည္းသပ္တင္ထားကာ သူမရဲ့ကိုယ္ေပၚမွာ ေက်ာက္မ်က္ရတနာတစ္ခုမွမရိွတာမို႔ သူမကို အင္မတန္သိမ္ေမြ့ႏူးညံ့ကာလွပေနေစသည္။
ဒါက ေလာကႀကီးထဲကဘယ္ရတနာကမွ သူမနဲ႔မလိုက္ဖက္ႏိုင္သလိုခံစားရေစသည္။
နဉ္ရႈက အသည္းအသန္ကိုစိုက္ၾကၫ့္ေနတာမို႔ သူမရဲ့မ်က္လံုးေတြပင္ေစြေစာင္းကုန္၏။ လွလိုက္တာ၊ သူက အရမ္းလွတာပဲ။
သို႔ေသာ္ျငား လက္ရိွတြင္ အလွေလးကစိတ္တိုေနသည္မို႔ သူမရဲ့ေအာ္ရာက အင္မတန္မွပင္ရိွန္ဖို႔ေကာင္းေနသည္။ သူမက အေစာတုန္းကစကားေျပာလိုက္တဲ့အမ်ိဳးသားကို ေအးစက္စက္ေျပာသည္။
"ဒီစကားက နင္ ဘာကိုဆိုလိုတာလဲ? ငါတို႔က တာဝန္လုပ္ေနရင္း ပဋိပကၡေလးနည္းနည္းျဖစ္ခဲ့တာကို နင္ ဘယ္ေလာက္ၾကာေအာင္အၿငိဳးထားေနဦးမွာလဲ?"
"ဟားဟား..."
အမ်ိဳးသားရဲ့မ်က္ႏွာက စက္ဆုပ္မႈေတြနဲ႔ျပၫ့္ေနသည္။
"ငါ မိန္းမပ်က္ေတြနဲ႔စကားမေျပာဘူး။"
"နင္ဘာေျပာလိုက္တာလဲ? နင့္အသံုးအႏႈန္းကိုျပင္တာေကာင္းမယ္၊ ငါက အထူးတာဝန္ထမ္းေဆာင္သူေနာ္၊ နင္က အဆင့္ျမင့္တာဝန္ထမ္းေဆာင္သူေပါက္စေလး။"
အမ်ိဳးသမီးက မ်က္ေမွာင္ကုတ္ထားရင္းဆိုသည္။ သူမေဒါသထြက္ေနခ်ိန္မွာေတာင္ သူမက အေတာ္ေလးလွေနဆဲျဖစ္သည္။
"အိုေက၊ လူေတြရဲ့ႏွလံုးသားနဲ႔ဘဝကိုလိမ္ညာလွၫ့္ဖ်ားေနတဲ့ ထိပ္တန္းမိန္းမပ်က္။"
အမ်ိဳးသားက လံုးဝအေရးမစိုက္ဘဲဆိုသည္။
"နင္..."
"ကဲ၊ ကဲ၊ ေတာ္ၾကေတာ့။"
သူတို႔ေနာက္မွာရိွေနတဲ့လူတစ္ေယာက္ကေျပာလာသည္။
နဉ္ရႈ : →_→
ဘယ္လိုလုပ္ၿပီး သူမဝင္လာတာနဲ႔ ဒီလိုၾကမ္းတမ္းတဲ့ျမင္ကြင္းနဲ႔တိုးေနရတာလဲ?
အဲ့ႏွစ္ေယာက္ၾကားမွာ ရန္ၿငိဳးအေတာ္ရိွတဲ့ပံုပဲ။
မိန္က်ီခ်င္းက နဉ္ရႈနဲ႔အတူဝင္လာၿပီး အခန္းထဲမွာရိွေနတဲ့လူေလးေယာက္က သူမတို႔ကို ခ်က္ခ်င္းလွၫ့္ၾကၫ့္လာသည္။
နဉ္ရႈက သူတို႔ကိုေဝ့ဝဲၾကၫ့္လိုက္ၿပီး သူမရဲ့မ်က္လံုးေတြက လူတစ္ေယာက္ဆီက်ေရာက္သြားခ်ိန္မွာေတာ့ သူမ တကယ္ကိုခ်က္ခ်င္းလွၫ့္ထြက္သြားခ်င္မိရေတာ့သည္။
လီး၊ က်န္းက်ားစန္က ဘာလို႔ဒီမွာရိွေနတာတုန္း?
နဉ္ရႈကိုျမင္တဲ့အခါ က်န္းက်ားစန္က သူမကိုၿပံဳးျပလာသည္။
"တိုက္ဆိုင္လိုက္တာ။"
က်န္းက်ားစန္ရဲ့ဟန္ေဆာင္ၿပံဳးကိုျမင္သည္၌ နဉ္ရႈက သူမ သူနဲ႔လံုးဝအဆက္အဆံမလုပ္ခ်င္ပါဆိုတာကို ခ်က္ခ်င္းအမူအရာျပသည္။
"နင္တို႔အခ်င္းခ်င္းသိတယ္လား?"
မိန္က်ီခ်င္းကေမးသည္။
နဉ္ရႈကေခါင္းခါ၏။
"မသိဘူး။"
"သိတယ္။"
နဉ္ရႈ မ်က္လံုးလွန္လိုက္ေတာ့သည္။
"ငါ နင့္ကိုမိတ္ဆက္ေပးမယ္။ ဒီမွာရိွေနတဲ့လူတိုင္းက ဒီတာဝန္အတြက္တာဝန္ထမ္းေဆာင္သူေတြပဲ။"
...