[Zawgyi]
အပိုင္း ၉၄ (ျမည္းလွည္း)
လ်ိဳ႕ေကာ တည္းခိုေဆာင္ထဲကေနထြက္လာေတာ့ ေရွာင္ေခ်ာင္းက ထိုေနရာမွာ ရပ္ေနေသးတာကို သတိျပဳမိလိုက္တယ္။ သူက သူ႔မ်က္ခုံးေတြကို ပင့္လိုက္ရင္း
ဒီေန႔ မင္းရဲ႕ အကူအညီအတြက္ ေက်းဇူးတင္ပါတယ္_ တစ္ခုခု လိုအပ္တာမ်ားရွိေသးလို႔လား
ေရွာင္ေခ်ာင္းက သူမရဲ႕ ပန္းထိုးထားတဲ့ ပိုက္ဆံအိတ္ထဲကေန ေၾကးဒဂၤါးတစ္တြဲကို ထုတ္ယူလိုက္ၿပီး သူ႔ဆီကို ေပးလိုက္တယ္
လ်ိဳ႕ေကာ ဒါက ပါဝင္ပစၥည္းအားလုံးဝယ္ၿပီးတာကေန က်န္တဲ့ေငြ... ယူလိုက္ပါ...
စားပြဲဝိုင္းတစ္ခုလုံးအတြက္ လိုအပ္တာက ဝက္ဗိုက္သား တစ္က်င္းဝက္၊ ဝက္ေျခေထာက္တစ္က်င္း၊ ဘဲဥအႏွစ္ ၅လုံး၊ သူတို႔ကိုတိုင္တိုင္ ဖမ္းမိထားတဲ့ငါးေတြ၊ တိုဖူးေျခာက္နဲ႔ ေငြေၾကးတန္ဖိုး နည္းပါးတဲ့ ေဂၚဖီထုပ္တို႔သာ ျဖစ္တယ္။ အကုန္လုံးေပါင္းလိုက္မယ္ဆိုရင္ စား ပြဲတစ္ခုလုံးကို ျပင္ဆင္ဖို႔အတြက္ တစ္လ်န္နဲ႔ ေၾကးျပား ၃၀၀ ေလာက္သာ က်သင့္တာျဖစ္တယ္။
သို႔ေသာ္လည္း လ်ိဳ႕ေကာက ပိုက္ဆံကို လက္ခံဖို႔ လက္ကို မဆန႔္ထုတ္လိုက္ပါေခ်။ သူက သူမလက္ေတြကို ဂ႐ုမစိုက္စြာနဲ႔ ၾကည့္လိုက္ၿပီး ေျပာလိုက္တယ္
မလိုပါဘူး က်ိန္ရႈံစားေသာက္ဆိုင္မွာဆိုရင္ စားပြဲတစ္ခုအတြက္ အနည္းဆုံး သုံးဆယ္ကေန ငါးဆယ္လ်န္ေလာက္ က်သင့္လိမ့္မယ္ မင္းတြက္ၾကည့္ လိုက္မယ္ဆိုရင္ ငါကသာ အက်ိဳးအျမတ္ရတဲ့သူ ျဖစ္မွာပါ ငါ့ရဲ႕ အရမ္းအေရးႀကီးတဲ့ ေဖာက္သည္အတြက္ ကူညီေပးလို႔ ေက်းဇူးတင္ပါတယ္
ေရွာင္ေခ်ာင္းက ေပ်ာ္႐ႊင္ဝမ္းေျမာက္စြာနဲ႔ ေငြေတြကို သူမပိုက္ဆံအိတ္ထဲ ျပန္ထည့္ထားလိုက္ၿပီး ေဖာင္းကားေနတဲ့ ပိုက္ဆံအိတ္ေလးကို ပြတ္သတ္ေနေတာ့တယ္။ သူမက ၿပဳံးရယ္လိုက္ၿပီး
ဘာအတြက္ ေက်းဇူးတင္ေနရတာလဲ။ အစ္ကို႔ကို ကူညီေပးႏိုင္တဲ့အတြက္ အရမ္းဝမ္းသာမိပါတယ္။ သိပ္လည္း မေစာေတာ့ဘူးဆိုေတာ့ လ်ိဳ႕ေကာလည္း သြားစရာရွိတာ သြားၿပီး လုပ္စရာရွိတာ လုပ္လို႔ရပါၿပီ
ဟင္းပြဲအနည္းငယ္ ျပဳလုပ္ေပးလိုက္႐ုံနဲ႔ သူမ အနည္းဆုံးဝင္ေငြ တစ္လ်န္ေလာက္ ရခဲ့တယ္။ ဒီလိုအလုပ္မ်ိဳး တစ္လမွာ အႀကိမ္ႀကိမ္လုပ္ရဖို႔ ေမွ်ာ္လင့္မိတယ္။ သူမ လ်ိဳ႕ေကာရဲ႕ အေရးႀကီး ေဖာက္သည္က ခ်ီးျမႇင့္လိုက္တဲ့ ေငြငါးလ်န္အေၾကာင္း ေတြးမိေတာ့ ေရွာင္ေခ်ာင္းက အလြန္ကို ဝမ္းသာလုံးဆို႔ၿပီး ပီတိျဖာေနေလေတာ့တယ္။ သူမေမာင္ေလးအတြက္ ေက်ာင္းစရိတ္ေပးဖို႔ ေငြ လုံလုံ ေလာက္ေလာက္ရခဲ့႐ုံသာမက သူမမိသားစုဝင္တိုင္းအတြက္ အနည္းဆုံး အဝတ္ႏွစ္စုံစီနဲ႔ အေႏြးေစာင္ ႏွစ္ထည္လုပ္ရန္ လိုတဲ့ပစၥည္းေတြဝယ္ဖို႔ ေငြအခ်ိဳ႕ေတာင္ က်န္ေနေသးတယ္။
ေခ်ာင္းအာ ဘာေတြကမ်ား မင္းကို ဒီေလာက္ေပ်ာ္ေအာင္ လုပ္လိုက္တာလဲ
ယြီဟိုင္က လက္တြန္းလွည္းကို တြန္းေနရင္းနဲ႔ အေပၚမွာ ထိုင္ေနတဲ့ သူ႔သမီးက သူ႔ကို ဇေဝဇဝါ ျဖစ္သြားေအာင္ ရံဖန္ရံခါ တိုးတိုးေလး ထထရယ္ေနတာကို သတိျပဳမိသြားတယ္။ ၿပီးခဲ့တဲ့ ႏွစ္ဝက္ေလာက္အတြင္းမွာ သူသမီးငယ္ေလးက ေတာ္ေတာ္ေလး စဥ္းစားခ်င့္ခ်ိန္တတ္လာၿပီး ရင့္က်က္လာခဲ့တယ္။ တစ္ခါတစ္ေလ လူႀကီးတစ္ေယာက္ရဲ႕ ဝိညာဥ္က ဒီပိန္ပိန္ပါးပါးနဲ႔ သူမေလးဆီမွာ ေရာက္ေနသလားလို႔ေတာင္ သူ ခံစားမိေလတယ္။
ေရွာင္ေခ်ာင္းက သူမရင္ဘတ္အိတ္ကပ္ထဲက ေငြတုံးတစ္တုံးကို ဆြဲမထုတ္ခင္ ေဘးပတ္ဝန္းက်င္ကို အရင္ၾကည့္လိုက္တယ္။ သူမက ပိုက္ဆံေတြကို သူမအေဖေရွ႕မွာ ထုတ္ျပလိုက္ၿပီး
ၾကည့္လိုက္! ဒါဘာလို႔ ထင္လဲ...
ဒါက ေငြတုံးမလား ဘယ္ေလာက္ေတာင္ႀကီးလိုက္သလဲ ဒါ ငါးလ်န္ေလာက္ တန္ေလာက္တယ္ ဟုတ္တယ္မလား
သူမကို ေမးေနရင္းနဲ႔ ယြီဟိုင္ရဲ႕ မ်က္ႏွာေပၚမွာအံ့ၾသေနတဲ့ အၾကည့္ေလးတစ္ခု ေပၚလာေတာ့တယ္ ေခ်ာင္းအာ ဒါဘယ္ကရလာတာလဲ
လ်ိဳ႕ေကာရဲ႕ အေရးႀကီးဧည့္သည္က သမီးကို ဆုခ်ီးျမႇင့္တဲ့အေနနဲ႔ ေပးလိုက္တာ သမီးလုပ္ေပးတဲ့ အစားအစာက ၿမိဳ႕ေတာ္မွာရွိတဲ့ အေကာင္းဆုံး စားေသာက္ဆိုင္ေတြ ထက္ေတာင္ ပိုအရသာ ရွိတယ္လို႔ သူက ေျပာတယ္
ေရွာင္ေခ်ာင္းရဲ႕ မ်က္ႏွာမွာ ပီတီေသာမနႆေတြ ျဖာထြက္ေနၿပီး သူမသာ ေခြးေပါက္ေလး တစ္ေကာင္သာဆိုရင္ သူမအၿမီးေလးက အမွန္ကို ေထာင္ေထာင္ ေထာင္ေထာင္ ျဖစ္ေနမွာပင္။
သူ႔သမီးငယ္ေလးက သူမရဲ႕ ကေလးဆန္တဲ့ပုံစံကို ျပခဲတာေၾကာင့္ ယြီဟိုင္က ရယ္ေမာလိုက္ၿပီး
ဒါေပါ့ ငါ့ေခ်ာင္းအားေလးက အေတာ္ဆုံးပဲ! အေဖသာ ေသခ်ာမသိခဲ့ရင္ အစားအေသာက္နတ္ဘုရားက မင္းရဲ႕ ခႏၶာကိုယ္ထဲ ဝင္ေနတာလို႔ ထင္ေနေတာ့မွာ
ဟီး ဟီး! အစားအေသာက္နတ္ဘုရားက သမီးနဲ႔ ရွိေနတာပဲျဖစ္ျဖစ္ ကံၾကမၼာနတ္ဘုရားက ေကာင္းခ်ီး ေပးတာပဲ ျဖစ္ျဖစ္ ကိစၥမရွိပါဘူး သမီးပိုက္ဆံရွာႏိုင္ေနသေ႐ြ႕ အဆင္ေျပပါတယ္ ႏွစ္ရက္ေလာက္ေနရင္ အစ္ကို ခ်န္းဝိန္ ရက္တိုအားလပ္ရက္မွာ အိမ္ကို ျပန္လာမယ္လို႔ထင္လား မနက္ျဖန္က ဆိပ္ကမ္းရဲ႕ ေဈးေန႔ပဲ သမီးတို႔ ရွီထုန္ေလးအတြက္ အဝတ္ႏွစ္စုံခ်ဳပ္ေပးဖို႔ ပိတ္စအခ်ိဳ႕နဲ႔ ဝါဂြမ္းအခ်ိဳ႕ ဝယ္သင့္တယ္...
ေရွာင္ေခ်ာင္းက ေပ်ာ္႐ႊင္စြာနဲ႔ အဆက္မျပတ္ေျပာဆိုေနၿပီး မဆုံးႏိုင္တဲ့ စမ္းေခ်ာင္းတစ္ခုလိုမ်ိဳး စကားလုံးေတြက သူမ ပါးစပ္ကေန ထြက္က်လာေတာ့တယ္။ သူမ စိတ္လႈပ္ရွား ေပ်ာ္႐ႊင္ေနတာကို ျမင္ရေတာ့ ယြီဟိုင္က ႐ိုးရွင္းစြာပဲ ေခါင္းညိမ့္ရင္း သူမေျပာသမွ်ကို ေထာက္ခံေနေတာ့တယ္။
ယြီဟိုင္တြန္းလာတာမို႔ ႏွစ္ဆယ္ကီလိုမီတာေက်ာ္တဲ့ အိမ္ျပန္လမ္းက အရင္ေလာက္မၾကာေတာ့ သလိုပင္။ သူတို႔ႏွစ္ေယာက္လုံး လမ္းတစ္ဝက္ေလာက္မွာ နားလိုက္ၾကတယ္။ ေရွာင္ေခ်ာင္းက သူမအေဖရဲ႕ ေဘာင္းဘီေျခေထာက္ကို ပင့္မလိုက္ၿပီး သူ႔ရဲ႕ ဒဏ္ရာရထားတဲ့ ေျခေထာက္ကို ေလက်င့္ထားတဲ့ လႈပ္ရွားမႈေတြနဲ႔ စတင္ႏွိပ္နယ္ေပးေတာ့တယ္။ သူမက သူ႔အေဖ လမ္းေလွ်ာက္တာကို ပင္ပင္ပန္းပန္းလုပ္ေနရတာ ခံစားမိၿပီး ေျပာလိုက္တယ္
အေဖ သမီးတို႔မွာ အခု ခုႏွစ္လ်န္ ရွစ္လ်န္ ေလာက္ေတာင္ ရွိေနၿပီ အဝတ္အစားအသစ္နဲ႔ ေစာင္ေတြ ဝယ္တာထက္ သမီးတို႔ ႏြားလွည္းေလး တစ္စီး ဝယ္က်ရင္ေရာ ဘယ္လိုလဲ
ယြီဟိုင္က သူ႔မ်က္ႏွာေပၚက ေခြၽးေတြကို သုတ္လိုက္ၿပီး မတိုင္မီက ႀကိဳခ်က္ထားေသာ ခ်ိဳၿမိန္ၿပီး အရသာရွိလွတဲ့ ေရေတြကို ပါးစပ္အျပည့္ေသာက္လိုက္တယ္။ သူ႔ခႏၶာကိုယ္က ေမာပန္းႏြမ္းနယ္မႈေတြ အားလုံး အလ်င္အျမန္ ေဆးေၾကာပစ္လိုက္သလို ခံစားရတယ္။ ေရွာင္ေခ်ာင္းက သူမအေဖ သယ္လာဖို႔ အတြက္ အံ့ဖြယ္ေက်ာက္ေရအခ်ိဳ႕ကို အထူးျပင္ဆင္လာခဲ့တာေၾကာင့္ အက်ိဳးသက္ေရာက္မႈ ရွိမည္မွာ ပုံမွန္ပင္။
သူ သူမရဲ႕ အႀကံျပဳခ်က္ကို ၾကားေတာ့ ရယ္လိုက္ၿပီး
ခုႏွစ္လ်န္ ရွစ္လ်န္ေလာက္က ႏြားတစ္ေကာင္ တည္းကိုပဲ ဝယ္လို႔ရမွာ ႏြားလွည္းလိုခ်င္တာဆိုရင္ အေဖတို႔က သစ္သားေတြစိုက္ရင္ ေတာင္မွ ေနာက္ထပ္ေၾကးဒဂၤါး တစ္ရာႏွစ္ရာေလာက္လိုဦးမွာ အေဖတို႔မိသားစုရဲ႕ေငြေတြက အခုမွ ျမည္းတစ္ေကာင္ ဝယ္ႏိုင္ေလာက္႐ုံပဲ ရွိေသးတာ...
ျမည္းတစ္ေကာင္က ႏြားတစ္ေကာင္ထက္ ပိုျမန္တယ္ဆိုေတာ့ ျမည္းတစ္ေကာင္ပဲဝယ္ၿပီး လွည္းကို ဆြဲခိုင္းတာ ပိုေကာင္းမယ္ထင္တယ္! အေဖ ျမည္းတစ္ေကာင္က ဘယ္ေလာက္ေလာက္ရွိေလာက္လဲ ျမည္းတစ္ေကာင္ဝယ္ၿပီး အေမ့ဘက္က တတိယဦးေလးကို ျမည္းလွည္းေလး ကူလုပ္ခိုင္းရင္ေရာ ဘယ္လိုလဲ ရက္အနည္းငယ္ေလာက္ေနရင္ အိမ္က အသီးအ႐ြက္ေတြလည္း ေရာင္းလို႔ ရေလာက္ၿပီ သမီးတို႔မွာသာ ျမည္းလွည္းေလးရွိရင္ ေစ်းကို သယ္သြားဖို႔ ပိုအဆင္မေျပဘူးလား
သူမအရင္ဘဝတုန္းကေတာ့ ေက်းလက္ေဒသမွာဆိုရင္ေတာင္ ျမည္းတစ္ေကာင္ကို ေတြ႕ရခဲေလတယ္။ သူမငယ္ငယ္တုန္းက သူမတို႔မိသားစု ျမည္းတစ္ေကာင္ေမြးခဲ့ဖူးတာကို သူမ ေရးေတးေတး မွတ္မိေနေသးတယ္။ သူမအေဖက သူမကိုတင္ကာ ျမည္းလွည္းေမာင္းၿပီးေတာ့ေတာင္ ၿမိဳ႕ေဈးကို သြားခဲ့ဖူးတယ္။
ယြီဟိုင္က ထိုအႀကံေၾကာင့္ ႏွလုံးခုန္ေတြေတာင္ ျမန္လာေတာ့တယ္။ ၿခံရဲ႕ အေရွ႕နဲ႔အေနာက္ ေျမကြက္ေတြက ဟင္းသီးဟင္း႐ြက္ေတြနဲ႔ စိမ္းလန္းစိုျပည္ေနၿပီျဖစ္တယ္။ ရက္ေပါင္းႏွစ္ဆယ္ေက်ာ္ ေလာက္ စိုက္ပ်ိဳးထားၿပီးရင္ မၾကာခင္ အသီးအႏွံေတြကို ခူးၿပီး ေဈးမွာ ေရာင္းလို႔ရေလာက္ေလၿပီ။ သူတို႔ မွာသာ လွည္းတစ္စီးမရွိခဲ့ရင္ ၿမိဳ႕ကို ေျခလ်င္သြားၿပီး အသီးအ႐ြက္ေတြကို တင္ဖို႔ တစ္ေယာက္ေယာက္ကို မွီခိုဖို႔ လိုအပ္လိမ့္မွာျဖစ္တယ္။ ေတာ္ေတာ္ေလးေတာ့ အားစိုက္ထုတ္ရလိမ့္မယ္။
ျမည္းအထီးတစ္ေကာင္ဆိုရင္ ေလး၊ ငါးလ်န္ေလာက္ေတာ့ရွိတယ္။ လွည္းကိုပါ ေပါင္းထည့္လိုက္မယ္ ဆိုရင္ ေခ်ာင္အာေလး အက်ႌအသစ္ဝတ္လို႔ မရေလာက္ေတာ့ဘူးထင္တယ္...
ယြီဟိုင္က သူ႔သမီးရဲ႕ ေဟာင္းႏြမ္းၿပီး ဖာေထးထားတဲ့ အက်ႌေလးကို စိတ္ထိခိုက္စြာနဲ႔ ခဏေလာက္ၾကည့္လိုက္မိတယ္။ ရာသီဥတုက ပိုေႏြးလာေပမဲ့ သူ႔ကေလးေတြ တစ္ေယာက္စီမွာမွ ၾကည့္ေကာင္းတဲ့ ဝတ္စရာ အက်ႌမရွိေပ။ အေဖတစ္ေယာက္ျဖစ္ၿပီး သူ႔ကေလးေတြအတြက္ တကယ္အားမကိုးရတာပဲ။
ကိစၥ မရွိပါဘူး သမီးတို႔ ပိုက္ဆံေတြအကုန္သုံးလိုက္ရင္လည္း ေနာက္က်ရင္ ထပ္ရွာလို႔ ရတာပဲေလ သမီးတို႔ အရင္ဆုံး ျမည္းတစ္ေကာင္ေတာ့ ဝယ္သင့္တယ္ ဒါမွ ေနာက္ဆိုရင္ ဆိပ္ကမ္းကို အသားႏွပ္သြားေရာင္းတာျဖစ္ျဖစ္ ၿမိဳ႕ထဲကိုသြားတာပဲျဖစ္ျဖစ္ သြားဖို႔လာဖို႔ ေတာ္ေတာ္ေလး အဆင္ေျပသြားမွာ
ေရွာင္ေခ်ာင္းရဲ႕ ပါးစပ္ေထာင့္ေလးက အၿပဳံးေလးတစ္ခုအျဖစ္ ေကာ့တက္သြားၿပီး စိတ္လႈပ္ရွားမႈေတြက သူမႏွလုံးသားထဲမွာ ဝုန္းဒိုင္းႀကဲေနေတာ့တယ္_ မၾကာခင္မွာ သူမတို႔ မိသားစုက လွည္းပိုင္ရွင္ ျဖစ္လာေတာ့မည္ပင္။
ေကာင္းၿပီ ရွီထုန္ေလးကို ၿမိဳ႕မွာ ေက်ာင္းသြားပို႔တဲ့အခါက်ရင္ ျမင္းေတြ ႏြားေတြ ေရာင္းတဲ့ေဈးမွာ တစ္ခါတည္း ဝင္ၾကည့္ၾကတာေပါ့ အဲ့ဒီမွာ သင့္ေတာ္တဲ့ အေကာင္ရွိရင္လည္း တစ္ေကာင္ေလာက္ ဝယ္လိုက္မယ္ေလ ေရွ႕ေလ်ာက္ ရွီထုန္ေလးၿမိဳ႕ကို သြားရင္လည္း ျမည္းလွည္းေလးနဲ႔ လိုက္ပို႔တာေရာ သြားႀကိဳတာေရာ အလြယ္တကူလုပ္လို႔ရၿပီ မင္းအေမလည္း စိတ္သက္သာရာ ရသြားလိမ့္မယ္ ယြီဟိုင္က ေနာက္ဆုံးမွာ ဆုံးျဖတ္ခ်က္ခ်လိုက္ၿပီး ျမည္းလွည္းေလး ရေတာ့မယ့္အေၾကာင္းကို မေတြးမိပဲ မေနႏိုင္ေအာင္ ျဖစ္ေနေလတယ္!
ရက္အနည္းငယ္ေလာက္ၾကာတဲ့အခါမွာေတာ့ ယြီမိသားစုတစ္ခုလုံးက သူတို႔ရဲ႕ အလုပ္တာဝန္ေတြနဲ႔ အလုပ္ရႈပ္ေနၾကေတာ့တယ္။ ေရွာင္ေခ်ာင္းနဲ႔ ယြီဟိုင္က မနက္မွာ ဆိပ္ကမ္းကို သူတို႔ရဲ႕ အသားႏွပ္ေတြ သြားေရာင္းရတယ္။ အဲ့အခ်ိန္အတြင္းမွာေတာ့ ရွီထုန္ေလးက သူ႔အစ္မႀကီးေရွာင္လ်န္ကို သူတို႔အိမ္ အေနာက္ဘက္က ေရကန္မွာ ငါးဖမ္းဖို႔ ေခၚသြားေလတယ္။ အမ်ိဳးသမီးလ်ိဳကေတာ့ သူမ သားငယ္ေလးအတြက္ အိမ္ထဲမွာ အက်ႌခ်ဳပ္ေနရင္းနဲ႔ အခ်ိန္ကုန္ဆုံးေလ့ရွိတယ္။ သူမက သူတို႔ရဲ႕ အိမ္နီးခ်င္းေကာင္ေလး ခ်န္းဝိန္က ဝတ္႐ုံရွည္ဝတ္ထားတာကို ျမင္လိုက္ရတယ္။ ဒါေၾကာင့္ သူမက ထိုပုံစံကို ကူးယူၿပီး သူမသားအတြက္ မဲနယ္ျပာေရာင္ ဝတ္႐ုံရွည္တစ္ထည္ကို ဖန္တီးေနတာျဖစ္တယ္။
မြန္းတည့္ခ်ိန္မွာေတာ့ ေရွာင္ေခ်ာင္းက အိမ္ကိုျပန္လာၿပီး တစ္နာရီေလာက္ တစ္ေရးအိပ္ေလ့ရွိတယ္။ သူမႏိုးလာတဲ့အခါမွာ သူမက သူမအေမနဲ႔ ေရွာင္လ်န္ကို ငါးခ်ဥ္လုပ္ဖို႔ ကူျပင္ဆင္ေပးတယ္။ မြန္းလြဲပိုင္းမွာေတာ့ ေရွာင္လ်န္နဲ႔ ရွီထုန္ေလးက ဆိပ္ကမ္းကိုသြားၿပီး ေနာက္ထပ္အသားႏွပ္ေတြ ေရာင္းရေလတယ္။
တကယ္ေတာ့ အဲ့ဒါက ေတာ္ေတာ္ေလးရယ္စရာ ေကာင္းေလတယ္။ ေရွာင္လ်န္က ဆိပ္ကမ္းကိုသြားတာ ေလး၊ ငါးရက္ေလာက္ရွိေနၿပီေပမဲ့ ဆိပ္ကမ္းက ေဖာက္သည္တစ္ေယာက္မွ မိန္းကေလးႏွစ္ေယာက္က မတူညီတဲ့လူေတြဆိုတာကို မသိၾကေပ။ လ်ိဳ႕ေကာက လြဲလို႔ေပါ့။ လ်ိဳ႕ေကာ သူငါးခ်ဥ္တစ္ခါ လာဝယ္တုန္းက ေတာ္ေတာ္ေလး အံ့အားသင့္သြားပုံေပၚေပမဲ့ ဘာစကားတစ္လုံးမွ ေျပာမသြားဘူးလို႔ ရွီထုန္ေလးက ေျပာျပတယ္။
ေရွာင္ေခ်ာင္းနဲ႔ ေရွာင္လ်န္က ခြၽတ္စြတ္တူတဲ့ အႁမႊာေတြျဖစ္သည္။ အရင္တုန္းက ေရွာင္ေခ်ာင္းဟာ ခ်ဳခ်ာၿပီး ေမြးကတည္းက ဖြံၿဖိဳးမႈနည္းေလတယ္။ သူမခႏၶာကိုယ္က ပိန္ပိန္ပါးပါးနဲ႔ အားနည္းၿပီး လူေသေကာင္လို ျဖဴဖက္ျဖဴေရာ ျဖစ္ေနေလတယ္။ တစ္ဖက္မွာေတာ့ ေရွာင္လ်န္က သူမအေမနဲ႔ လိုက္ၿပီး ႏွစ္ေပါင္းမ်ားစြာ အိမ္အလုပ္ေတြ လုပ္ရေလတယ္။ သူမခႏၶာကိုယ္ကလည္း ပိန္ပိန္ပါးပါးေပမဲ့ သန္မာတဲ့ ဖြဲ႕စည္းပုံရွိၿပီး သူမအသားေရက အညိဳေရာင္သန္းေနေလတယ္။ သူတို႔ႏွစ္ေယာက္ ေဘးခ်င္းကပ္ ရပ္မေနရင္ေတာင္မွ မိန္းကေလးႏွစ္ေယာက္ကို ခြဲျခားဖို႔ လြယ္ကူခဲ့ေလတယ္။
အခုအခါမွာေတာ့ အရာအားလုံး ေျပာင္းလဲသြားၿပီပင္။ ေန႔တိုင္း အံ့ဖြယ္ေက်ာက္တုံးေလးေၾကာင့္ ေရွာင္ေခ်ာင္းက သူရဲ႕စြမ္းအင္နဲ႔ သူမခႏၶာကိုယ္ က်န္းမာသန္စြမ္းလာသည္အထိ ျဖည္းျဖည္းခ်င္း အားျပည့္လာခဲ့တယ္။ သူမ လြန္ခဲ့တဲ့ ႏွစ္ဝက္ေလာက္အတြင္းမွာ အရပ္အနည္းငယ္ေတာင္ ရွည္ထြက္လာခဲ့ၿပီး အရင္တုန္းက သူမထက္ ေခါင္းတစ္ဝက္ေလာက္ပိုရွည္တဲ့ ေရွာင္လ်န္ကိုေတာင္ မွီလုနီးပါး ျဖစ္လာခဲ့တယ္။ ေရွာင္လ်န္ကလည္း သူမရဲ႕မ်က္ႏွာကို ေန႔တိုင္း အံ့ဖြယ္ေက်ာက္ေရနဲ႔ သစ္ေလ့ရွိတယ္။ ၿပီးေတာ့လည္း သူမစားသမွ် ေသာက္သမွ်အားလုံးက ေက်ာက္တုံးေရနဲ႔ ထိထားတာေတြပဲ ျဖစ္တယ္။ ဒါ့ေၾကာင့္ သူမရဲ႕အရင္က အနည္းငယ္ ၾကမ္းတမ္းၿပီး အညိဳေရာင္ အသားအေရကလည္း ႏူးညံ့ၿပီး ေတာက္ပတဲ့ အသားအေရျဖစ္ ေျပာင္းလာေတာ့တယ္။
အခု တစ္ေယာက္ေယာက္ကသာ သူမတို႔ႏွစ္ေယာက္ကို ၾကည့္မိလိုက္ရင္ သူတို႔ရဲ႕ ျခားနားခ်က္ကို ေျပာႏိုင္ဖို႔ ခက္ခဲလွတယ္။ သို႔ေသာ္လည္း သူမတို႔ႏွစ္ေယာက္နဲ႔ ရင္းႏွီးတဲ့သူေတြကေတာ့ ဖ်က္ကနဲ ၾကည့္လိုက္႐ုံနဲ႔တင္ ကြာျခားခ်က္ေတြကို ဖမ္းမိႏိုင္တယ္။ ေရွာင္ေခ်ာင္းရဲ႕ မ်က္လုံးေတြက အၿမဲေတာက္ပေနၿပီး ေရွာင္လ်န္ကေတာ့ တစ္ခါတစ္ခါ ခ်စ္ဖို႔ေကာင္းၿပီး ကေလးဆန္တဲ့ အမူအရာေတြကို ေဖာ္ျပေလ့ရွိတယ္...
ရွီထုန္ေျပာသလိုဆိုရင္ေတာ့ သူမနဲ႔ အႀကိမ္အနည္းငယ္သာ ေတြ႕ဖူးတဲ့ လ်ိဳ႕ေကာကလည္း တစ္ခ်က္ ၾကည့္႐ုံနဲ႔ သူမနဲ႔ ေရွာင္လ်န္ရဲ႕ ျခားနားခ်က္ကို ေျပာႏိုင္ပုံပင္။ ေရွာင္ေခ်ာင္းက ဒီအေျခအေနကိုေတာ့ အနည္းငယ္ နားမလည္ႏိုင္ျဖစ္မိတယ္။
သို႔ေသာ္လည္း သူမက အျခားအႀကံေတြေပၚလာတာေၾကာင့္ ထိုအေတြးေတြကို ေနာက္ပို႔ထားလိုက္ ေတာ့တယ္။ သူတို႔က တစ္ေန႔ကို ေၾကးျပားသုံးရာနီးပါးစုမိတာေၾကာင့္ မိသားစုတစ္ခုလုံးက အနာဂတ္မွာ ေကာင္းမြန္ႏိုင္ဖို႔အတြက္ မအားလပ္ႏိုင္ေအာင္ ႀကိဳးစားအားထုတ္ေနၾကေလတယ္။
ခ်န္းဝိန္က သူ႔ရဲ႕ရက္တိုအားလပ္ရက္အတြက္ ျပန္လာတဲ့ေန႔အထိ အခ်ိန္ေတြက အလ်င္အျမန္ကုန္ဆုံး သြားခဲ့တယ္။ အခုအခ်ိန္အခါမွာေတာ့ ဝိညာဥ္ကူးေျပာင္းလာသူျဖစ္ႏိုင္ေခ်ရွိတဲ့ လက္ရွိမင္းဆက္ကို တည္ေထာင္ခဲ့သူရဲ႕ ၾသဇာလႊမ္းမိုးမႈေတြေၾကာင့္ တိုင္းျပည္အတြင္းမွာရွိတဲ့ ေက်ာင္းအားလုံးက ေခတ္သစ္ အခ်ိန္ဇယားအတိုင္း ငါးရက္စာသင္၊ ႏွစ္ရက္နားစနစ္ကို အသုံးျပဳေလတယ္။ ၿမိဳ႕ထဲမွာေနထိုင္ဖို႔ အခန္းငွားေနၾကတဲ့သူေတြထက္ တျခားေက်ာင္းသားအမ်ားစုက အိပ္ေဆာင္ေတြမွာ လခေပးၿပီး ေနထိုင္ၾကတယ္။ ရက္သတၱပတ္ရဲ႕ ပထမဆုံးေန႔မွာေတာ့ အတန္းေတြက မနက္ ခုႏွစ္နာရီမွာ စတင္ၿပီး ငါးရက္ေျမာက္ေန႔ရဲ႕ ညေနငါးနာရီမွာ အတန္းဆင္းေလတယ္။ ဒါေၾကာင့္ အိမ္နဲ႔နီးတဲ့သူေတြကေတာ့ သုံးညအိပ္ ႏွစ္ရက္ ကုန္ဆုံးႏိုင္ေလတယ္။
ယြီဟိုင္က ခ်န္းမိသားစုဆီ သြားလည္တဲ့အခါမွာေတာ့ သူက အသားႏွပ္အခ်ိဳ႕ကို တမင္တကာ ယူသြားေလတယ္။ သူက ရွီထုန္ေလး ေက်ာင္းကိုဘာေတြယူသြားဖို႔ လိုသလဲဆိုတာနဲ႔ တျခား လိုအပ္တာေတြကို အကူညီေတာင္းဖို႔နဲ႔ လမ္းၫႊန္ခ်က္ေတြအတြက္ သူတို႔ကို ေမးျမန္းခ်င္တာျဖစ္တယ္။
ခ်န္းဝိန္က ရွီထုန္ေလး ေက်ာင္းေတာ္ကို ေက်ာင္းအုပ္ႀကီးရဲ႕ ေထာက္ခံခ်က္နဲ႔ ဝင္ခြင့္ရတယ္ဆိုတာကို ၾကားေတာ့ တစ္ခ်ိန္တည္းမွာပဲ သူက ေကာင္ငယ္ေလးအတြက္ ေပ်ာ္႐ႊင္မိသလို သူ႔စိတ္ထဲမွာ မနာလိုမႈ အနည္းငယ္လည္း ေပါက္ဖြားလာေလတယ္။ ႐ုံ႐ႊမ္ေက်ာင္းေတာ္ရဲ႕ ေက်ာင္းအုပ္ဆရာႀကီးက သူ႔တို႔ေခတ္အခါရဲ႕ အေက်ာ္ၾကားဆုံး ပညာရွိတစ္ေယာက္ ျဖစ္ေလတယ္။ ေက်ာင္းေတာ္မွာရွိတဲ့ ေက်ာင္းသားအားလုံးက သူ႔ရဲ႕ဂုဏ္သတင္းေၾကာင့္ ေက်ာင္းေတာ္ကို ဝင္ခ်င္ၾကတာျဖစ္တယ္။
သို႔ေသာ္လည္း ေက်ာင္းအုပ္ႀကီးက အေျခခံအတန္းေတြကို သင္ေပးခဲေလတယ္။ အလယ္တန္းေတြနဲ႔ အဆင့္ျမင့္အတန္းေတြကိုေတာင္ သူကိုယ္တိုင္ သင္ၾကားေပးတာ ႀကဳံေတာင့္ႀကဳံခဲပင္။ ပညာရွိႀကီးယြမ္က ၿမိဳ႕ေတာ္စာေမးပြဲမွာ ပါဝင္ႏိုင္ေခ်ရွိတဲ့ ေက်ာင္းသားေတြကိုသာ နည္းေပးလမ္းျပ လုပ္ေပးတာ ျဖစ္ေလတယ္။
တစ္ေယာက္ေယာက္ကသာ ပညာရွိႀကီးယြမ္ရဲ႕ အာ႐ုံကို ဖမ္းစားႏိုင္သြားရင္ စာေမးပြဲမွာ ပထမရႏိုင္ဖို႔ လုံးဝမခဲယဥ္းေတာ့ေပ။ ေက်ာင္းေတာ္ကေန ေတာ္ဝင္စာေမးပြဲမွာ ပထမကေန တတိယေနရာ ရရွိခဲ့သူ ေက်ာင္းသားအားလုံးက ေက်ာင္းအုပ္ႀကီးကိုယ္တိုင္ လမ္းၫႊန္ျပသေပးခဲ့တာ ျဖစ္တယ္။
ရွီထုန္ေလးက အခုမွ ေျခာက္ႏွစ္အ႐ြယ္သာ ရွိေသးေပမဲ့ ထက္ျမက္ၿပီး သင္ယူဖို႔ရာ စိတ္အားထက္သန္ ေလတယ္။ သူက မၾကာခဏ ခ်န္းဝိန္ရွိတဲ့ေနရာကိုလာၿပီး စာလုံးေတြကို ဘယ္လိုေရးရမယ္နဲ႔ ဘယ္လိုဖတ္ရမယ္ဆိုတာကို သင္ယူေလ့ရွိတယ္။ ေကာင္ငယ္ေလးက အတတ္ျမန္ၿပီး မွတ္မိဖို႔အတြက္ တစ္ေခါက္၊ ႏွစ္ေခါက္ေလာက္သာ လိုအပ္ေလတယ္။ ခ်န္းဝိန္က ဒီေကာင္ငယ္ေလးဟာ ဆိပ္ကမ္းမွာ အသားႏွပ္ေရာင္းေနရင္းနဲ႔ သူအရည္အခ်င္းကို ေက်ာင္းအုပ္ႀကီးက အသိအမွတ္ျပဳေလာက္ေအာင္ အလြန္ကံေကာင္းလိမ့္မယ္လို႔ေတာ့ လုံးဝမေမွ်ာ္လင့္မိခဲ့...
ေႏြဦးမနက္ခင္းေစာေစာေလးမွာ ေလေျပေအးေလးက တိုက္ခတ္ေနေလတယ္။ လမ္းမထက္မွာရွိတဲ့ မိုးမခပင္ အကိုင္းအခတ္မ်ားကလည္း စတင္ၿပီးေတာ့ ေပ်ာ့ေျပာင္းလႈပ္ခတ္ေနေလတယ္။ ေျခာက္ေသြ႕ေနတဲ့ ျမက္ပင္ေတြၾကားထဲမွာ အစိမ္းေရာင္ ျမက္ပင္အခ်ိဳ႕ကို ရံဖန္ရံခါ ျမင္ႏိုင္ေနၿပီပင္။ ဒါေတြအားလုံးက ေနာက္ဆုံးမွာ ေႏြဦးကို ေရာက္ေနၿပီျဖစ္ေၾကာင္း လူေတြကို ခံစားရေစတယ္။
အဘိုးက်န္း ၿမိဳ႕ကို ထင္းသြားမပို႔တဲ့ေန႔ေတြမွာေတာ့ မနက္မိုးေသာက္ခ်ိန္ လမ္းဆုံလမ္းခြမွာ သူ႔ရဲ႕ ႏြားလွည္းနဲ႔အတူ သူ႔ကို အၿမဲေတြ႕ရေလတယ္။ ၿမိဳ႕ကိုသြားဖို႔လိုတဲ့ ႐ြာသားအခ်ိဳ႕က လိုက္ပါစီးနင္း ေလ့ရွိၾကၿပီး တစ္ခါစီးလွ်င္ တစ္ေယာက္ကို ေၾကးျပားတစ္ျပား က်သင့္ေလတယ္။ အဘိုးက်န္းက ဒီလိုမ်ိဳးနဲ႔ သုံးဖို႔ ပိုက္ဆံရရွိေလတယ္။
တစ္ခါတစ္ေလ ပို႔ေဆာင္ေပးျခင္းကေန ေၾကးျပားဆယ္ျပား၊ ရွစ္ျပားဝန္းက်င္ေလာက္ စုေဆာင္းမိရင္ သူ႔အတြက္ ေကာင္းမြန္တဲ့ ေန႔တစ္ေန႔လို႔ယူဆႏိုင္တယ္။ ႐ြာသားအမ်ားစုက ၿခိဳးၿခံေခြၽတာၾကၿပီး ထို႔အတြက္ ေၾကးျပားတစ္ျပားမသုံးခ်င္ၾကတာေၾကာင့္ သူ႔တို႔အမ်ားစုက ကိုယ့္ေျခေထာက္ကိုသာ သုံးၿပီး ၿမိဳ႕ကို သြားေလ့ရွိၾကတယ္။
ဒီေန႔က ေက်ာင္းသားေတြ႕ရဲ႕ အားလပ္ရက္ ေနာက္ဆုံးေန႔ ျဖစ္တယ္။ ၿမိဳ႕ထဲက ေက်ာင္းေတြမွာ စာလာသင္ၾကတဲ့ ႐ြာနီးစပ္က ေက်ာင္းသားအခ်ိဳ႕လည္း ရွိတယ္။ အမ်ားစုမွာ ႐ုံ႐ႊမ္ေက်ာင္းေတာ္က ေက်ာင္းသားမ်ား မဟုတ္ၾကေသာ္လည္း ပညာအရည္အခ်င္းေတြ ရွိ႐ုံနဲ႔တင္ သူတို႔မိဘေတြအတြက္ ဂုဏ္ယူရဖို႔ လုံေလာက္ေလတယ္။ ေက်ာင္းလခေပးဖို႔ တတ္ႏိုင္ၾကတဲ့ မိသားစုေတြက ႏြားလွည္းစီးဖို႔အတြက္ ေၾကးျပားတစ္ျပားေလာက္ကေတာ့ မရွိမွာ မဟုတ္ေပ။ ဒါေၾကာင့္ သူတို႔ရဲ႕ကေလးေတြကို အလြန္အမင္းခ်စ္ျမတ္ႏိုးၾကတဲ့ မိဘေတြဟာ အၿမဲတေစ အဘိုးက်န္း ထင္းေတြကို သယ္လာရင္ ေတာင္မွ ေၾကးျပားတစ္ျပားသုံးၿပီး လမ္းႀကဳံ လိုက္စီးေလ့ရွိတယ္။
အဘိုးက်န္းက ခ်န္းဝိန္ နေဘးမွာ ယြီဟိုင္နဲ႔ သူ႔ကေလးႏွစ္ေယာက္ကို ျမင္လိုက္ရေတာ့ အံ့အားသင့္သြားေလတယ္။ သူက သိခ်င္စိတ္ျပင္းျပစြာနဲ႔ ေမးလိုက္မိတယ္
သာ့ဟိုင္ ၿမိဳ႕ကိုသြားၿပီး မင္းရဲ႕ ေျခေထာက္ကို စစ္ေဆးမလို႔လား
ယြီဟိုင္ရဲ႕ မ်က္ႏွာတစ္ခုလုံးက ေပ်ာ္႐ႊင္မႈေတြနဲ႔ လႊမ္းၿခဳံေနရင္း ေခါင္းရမ္းလိုက္တယ္
မဟုတ္ဘူး ဦးေလးက်န္း ကြၽန္ေတာ့္ ေျခေထာက္ေတြက ေတာ္ေတာ္ေလးေကာင္းေနပါၿပီ ေခ်ာင္းအာနဲ႔ ကြၽန္ေတာ္က ရွီထုန္ေလးကို ၿမိဳ႕မွာ ေက်ာင္းလိုက္ပို႔မလို႔
သူက ၿမိဳ႕မွာ စာသင္မလို႔? တစ္ႏွစ္စာ စာသင္စရိတ္က ေတာ္ေတာ္ေလးမ်ားတယ္မလား မင္းတို႔မိသားစုက...
အဘိုးက်န္းက သူ႔ရဲ႕ အေတြးယာဥ္တြဲႀကီးကို ဆက္မေျပာေတာ့ဘဲ စာနာတဲ့ အၾကည့္နဲ႔သာ ယြီဟိုင္ကို ၾကည့္ေနေတာ့တယ္။
ယြီဟိုင္ရဲ႕အမူအရာက ေျပာင္းလဲမသြားဘဲနဲ႔ ေတာက္ပစြာ ဆက္ၿပဳံးေနၿပီး
ေက်ာင္းေတာ္က ကြၽန္ေတာ္တို႔ကို ပထမႏွစ္လစာ ေစာင့္ဆိုင္းေပးမယ္လို႔ ေျပာတယ္ ရက္အနည္းေလာက္ေနရင္ ကြၽန္ေတာ့္ ေျခေထာက္ေတြလည္း လုံးဝျပန္ေကာင္းေတာ့မွာဆိုေတာ့ ေတာင္ေပၚမွာ အမဲလိုက္သြားေတာ့မွာေလ ေက်ာင္းလခေပးစရာမရွိေတာ့ေရာ ဘာျဖစ္လဲ ဘယ္ေလာက္ပဲခက္ခဲ ၾကမ္းတမ္းေနပါေစ ကြၽန္ေတာ့္ကေလးေတြကိုေတာ့ ဆြဲမခ်ႏိုင္ဘူး!
မင္းအခုထိေတာင္ေပၚကို သြားရဲေသးတယ္ေပါ့ မင္းေနာက္ဆုံးတစ္ေခါက္ ျပန္လာခဲ့တုန္းက မင္းတစ္ကိုယ္လုံးမွာ ေသြးေတြႀကီးပဲ ႐ြာသားေတြအားလုံး တကယ့္ကို ေၾကာက္လန႔္သြားခဲ့ၾကတာ! နည္းနည္းေလာက္ ပိုဆင္းရဲ႐ုံေပါ့ကြာ ေတာင္ေပၚမွာ ဘာေတြရွိမလဲဆိုတာ ဘယ္သူသိမွာလဲ မင္းမသြားတာ ပိုေကာင္းလိမ့္မယ္ေနာ္
အဖိုးက်န္းက စိုးရိမ္စြာနဲ႔ ယြီဟိုင္ကို ျပန္လည္ စဥ္းစားခိုင္းေနေလတယ္။
......
[Unicode]
အပိုင်း ၉၄ (မြည်းလှည်း)
လျို့ကော တည်းခိုဆောင်ထဲကနေထွက်လာတော့ ရှောင်ချောင်းက ထိုနေရာမှာ ရပ်နေသေးတာကို သတိပြုမိလိုက်တယ်။ သူက သူ့မျက်ခုံးတွေကို ပင့်လိုက်ရင်း
ဒီနေ့ မင်းရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်_ တစ်ခုခု လိုအပ်တာများရှိသေးလို့လား
ရှောင်ချောင်းက သူမရဲ့ ပန်းထိုးထားတဲ့ ပိုက်ဆံအိတ်ထဲကနေ ကြေးဒင်္ဂါးတစ်တွဲကို ထုတ်ယူလိုက်ပြီး သူ့ဆီကို ပေးလိုက်တယ်
လျို့ကော ဒါက ပါဝင်ပစ္စည်းအားလုံးဝယ်ပြီးတာကနေ ကျန်တဲ့ငွေ... ယူလိုက်ပါ...
စားပွဲဝိုင်းတစ်ခုလုံးအတွက် လိုအပ်တာက ဝက်ဗိုက်သား တစ်ကျင်းဝက်၊ ဝက်ခြေထောက်တစ်ကျင်း၊ ဘဲဥအနှစ် ၅လုံး၊ သူတို့ကိုတိုင်တိုင် ဖမ်းမိထားတဲ့ငါးတွေ၊ တိုဖူးခြောက်နဲ့ ငွေကြေးတန်ဖိုး နည်းပါးတဲ့ ဂေါ်ဖီထုပ်တို့သာ ဖြစ်တယ်။ အကုန်လုံးပေါင်းလိုက်မယ်ဆိုရင် စား ပွဲတစ်ခုလုံးကို ပြင်ဆင်ဖို့အတွက် တစ်လျန်နဲ့ ကြေးပြား ၃၀၀ လောက်သာ ကျသင့်တာဖြစ်တယ်။
သို့သော်လည်း လျို့ကောက ပိုက်ဆံကို လက်ခံဖို့ လက်ကို မဆန့်ထုတ်လိုက်ပါချေ။ သူက သူမလက်တွေကို ဂရုမစိုက်စွာနဲ့ ကြည့်လိုက်ပြီး ပြောလိုက်တယ်
မလိုပါဘူး ကျိန်ရှုံစားသောက်ဆိုင်မှာဆိုရင် စားပွဲတစ်ခုအတွက် အနည်းဆုံး သုံးဆယ်ကနေ ငါးဆယ်လျန်လောက် ကျသင့်လိမ့်မယ် မင်းတွက်ကြည့် လိုက်မယ်ဆိုရင် ငါကသာ အကျိုးအမြတ်ရတဲ့သူ ဖြစ်မှာပါ ငါ့ရဲ့ အရမ်းအရေးကြီးတဲ့ ဖောက်သည်အတွက် ကူညီပေးလို့ ကျေးဇူးတင်ပါတယ်
ရှောင်ချောင်းက ပျော်ရွှင်ဝမ်းမြောက်စွာနဲ့ ငွေတွေကို သူမပိုက်ဆံအိတ်ထဲ ပြန်ထည့်ထားလိုက်ပြီး ဖောင်းကားနေတဲ့ ပိုက်ဆံအိတ်လေးကို ပွတ်သတ်နေတော့တယ်။ သူမက ပြုံးရယ်လိုက်ပြီး
ဘာအတွက် ကျေးဇူးတင်နေရတာလဲ။ အစ်ကို့ကို ကူညီပေးနိုင်တဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ သိပ်လည်း မစောတော့ဘူးဆိုတော့ လျို့ကောလည်း သွားစရာရှိတာ သွားပြီး လုပ်စရာရှိတာ လုပ်လို့ရပါပြီ
ဟင်းပွဲအနည်းငယ် ပြုလုပ်ပေးလိုက်ရုံနဲ့ သူမ အနည်းဆုံးဝင်ငွေ တစ်လျန်လောက် ရခဲ့တယ်။ ဒီလိုအလုပ်မျိုး တစ်လမှာ အကြိမ်ကြိမ်လုပ်ရဖို့ မျှော်လင့်မိတယ်။ သူမ လျို့ကောရဲ့ အရေးကြီး ဖောက်သည်က ချီးမြှင့်လိုက်တဲ့ ငွေငါးလျန်အကြောင်း တွေးမိတော့ ရှောင်ချောင်းက အလွန်ကို ဝမ်းသာလုံးဆို့ပြီး ပီတိဖြာနေလေတော့တယ်။ သူမမောင်လေးအတွက် ကျောင်းစရိတ်ပေးဖို့ ငွေ လုံလုံ လောက်လောက်ရခဲ့ရုံသာမက သူမမိသားစုဝင်တိုင်းအတွက် အနည်းဆုံး အဝတ်နှစ်စုံစီနဲ့ အနွေးစောင် နှစ်ထည်လုပ်ရန် လိုတဲ့ပစ္စည်းတွေဝယ်ဖို့ ငွေအချို့တောင် ကျန်နေသေးတယ်။
ချောင်းအာ ဘာတွေကများ မင်းကို ဒီလောက်ပျော်အောင် လုပ်လိုက်တာလဲ
ယွီဟိုင်က လက်တွန်းလှည်းကို တွန်းနေရင်းနဲ့ အပေါ်မှာ ထိုင်နေတဲ့ သူ့သမီးက သူ့ကို ဇဝေဇဝါ ဖြစ်သွားအောင် ရံဖန်ရံခါ တိုးတိုးလေး ထထရယ်နေတာကို သတိပြုမိသွားတယ်။ ပြီးခဲ့တဲ့ နှစ်ဝက်လောက်အတွင်းမှာ သူသမီးငယ်လေးက တော်တော်လေး စဉ်းစားချင့်ချိန်တတ်လာပြီး ရင့်ကျက်လာခဲ့တယ်။ တစ်ခါတစ်လေ လူကြီးတစ်ယောက်ရဲ့ ဝိညာဉ်က ဒီပိန်ပိန်ပါးပါးနဲ့ သူမလေးဆီမှာ ရောက်နေသလားလို့တောင် သူ ခံစားမိလေတယ်။
ရှောင်ချောင်းက သူမရင်ဘတ်အိတ်ကပ်ထဲက ငွေတုံးတစ်တုံးကို ဆွဲမထုတ်ခင် ဘေးပတ်ဝန်းကျင်ကို အရင်ကြည့်လိုက်တယ်။ သူမက ပိုက်ဆံတွေကို သူမအဖေရှေ့မှာ ထုတ်ပြလိုက်ပြီး
ကြည့်လိုက်! ဒါဘာလို့ ထင်လဲ...
ဒါက ငွေတုံးမလား ဘယ်လောက်တောင်ကြီးလိုက်သလဲ ဒါ ငါးလျန်လောက် တန်လောက်တယ် ဟုတ်တယ်မလား
သူမကို မေးနေရင်းနဲ့ ယွီဟိုင်ရဲ့ မျက်နှာပေါ်မှာအံ့သြနေတဲ့ အကြည့်လေးတစ်ခု ပေါ်လာတော့တယ် ချောင်းအာ ဒါဘယ်ကရလာတာလဲ
လျို့ကောရဲ့ အရေးကြီးဧည့်သည်က သမီးကို ဆုချီးမြှင့်တဲ့အနေနဲ့ ပေးလိုက်တာ သမီးလုပ်ပေးတဲ့ အစားအစာက မြို့တော်မှာရှိတဲ့ အကောင်းဆုံး စားသောက်ဆိုင်တွေ ထက်တောင် ပိုအရသာ ရှိတယ်လို့ သူက ပြောတယ်
ရှောင်ချောင်းရဲ့ မျက်နှာမှာ ပီတီသောမနဿတွေ ဖြာထွက်နေပြီး သူမသာ ခွေးပေါက်လေး တစ်ကောင်သာဆိုရင် သူမအမြီးလေးက အမှန်ကို ထောင်ထောင် ထောင်ထောင် ဖြစ်နေမှာပင်။
သူ့သမီးငယ်လေးက သူမရဲ့ ကလေးဆန်တဲ့ပုံစံကို ပြခဲတာကြောင့် ယွီဟိုင်က ရယ်မောလိုက်ပြီး
ဒါပေါ့ ငါ့ချောင်းအားလေးက အတော်ဆုံးပဲ! အဖေသာ သေချာမသိခဲ့ရင် အစားအသောက်နတ်ဘုရားက မင်းရဲ့ ခန္ဓာကိုယ်ထဲ ဝင်နေတာလို့ ထင်နေတော့မှာ
ဟီး ဟီး! အစားအသောက်နတ်ဘုရားက သမီးနဲ့ ရှိနေတာပဲဖြစ်ဖြစ် ကံကြမ္မာနတ်ဘုရားက ကောင်းချီး ပေးတာပဲ ဖြစ်ဖြစ် ကိစ္စမရှိပါဘူး သမီးပိုက်ဆံရှာနိုင်နေသရွေ့ အဆင်ပြေပါတယ် နှစ်ရက်လောက်နေရင် အစ်ကို ချန်းဝိန် ရက်တိုအားလပ်ရက်မှာ အိမ်ကို ပြန်လာမယ်လို့ထင်လား မနက်ဖြန်က ဆိပ်ကမ်းရဲ့ ဈေးနေ့ပဲ သမီးတို့ ရှီထုန်လေးအတွက် အဝတ်နှစ်စုံချုပ်ပေးဖို့ ပိတ်စအချို့နဲ့ ဝါဂွမ်းအချို့ ဝယ်သင့်တယ်...
ရှောင်ချောင်းက ပျော်ရွှင်စွာနဲ့ အဆက်မပြတ်ပြောဆိုနေပြီး မဆုံးနိုင်တဲ့ စမ်းချောင်းတစ်ခုလိုမျိုး စကားလုံးတွေက သူမ ပါးစပ်ကနေ ထွက်ကျလာတော့တယ်။ သူမ စိတ်လှုပ်ရှား ပျော်ရွှင်နေတာကို မြင်ရတော့ ယွီဟိုင်က ရိုးရှင်းစွာပဲ ခေါင်းညိမ့်ရင်း သူမပြောသမျှကို ထောက်ခံနေတော့တယ်။
ယွီဟိုင်တွန်းလာတာမို့ နှစ်ဆယ်ကီလိုမီတာကျော်တဲ့ အိမ်ပြန်လမ်းက အရင်လောက်မကြာတော့ သလိုပင်။ သူတို့နှစ်ယောက်လုံး လမ်းတစ်ဝက်လောက်မှာ နားလိုက်ကြတယ်။ ရှောင်ချောင်းက သူမအဖေရဲ့ ဘောင်းဘီခြေထောက်ကို ပင့်မလိုက်ပြီး သူ့ရဲ့ ဒဏ်ရာရထားတဲ့ ခြေထောက်ကို လေကျင့်ထားတဲ့ လှုပ်ရှားမှုတွေနဲ့ စတင်နှိပ်နယ်ပေးတော့တယ်။ သူမက သူ့အဖေ လမ်းလျှောက်တာကို ပင်ပင်ပန်းပန်းလုပ်နေရတာ ခံစားမိပြီး ပြောလိုက်တယ်
အဖေ သမီးတို့မှာ အခု ခုနှစ်လျန် ရှစ်လျန် လောက်တောင် ရှိနေပြီ အဝတ်အစားအသစ်နဲ့ စောင်တွေ ဝယ်တာထက် သမီးတို့ နွားလှည်းလေး တစ်စီး ဝယ်ကျရင်ရော ဘယ်လိုလဲ
ယွီဟိုင်က သူ့မျက်နှာပေါ်က ချွေးတွေကို သုတ်လိုက်ပြီး မတိုင်မီက ကြိုချက်ထားသော ချိုမြိန်ပြီး အရသာရှိလှတဲ့ ရေတွေကို ပါးစပ်အပြည့်သောက်လိုက်တယ်။ သူ့ခန္ဓာကိုယ်က မောပန်းနွမ်းနယ်မှုတွေ အားလုံး အလျင်အမြန် ဆေးကြောပစ်လိုက်သလို ခံစားရတယ်။ ရှောင်ချောင်းက သူမအဖေ သယ်လာဖို့ အတွက် အံ့ဖွယ်ကျောက်ရေအချို့ကို အထူးပြင်ဆင်လာခဲ့တာကြောင့် အကျိုးသက်ရောက်မှု ရှိမည်မှာ ပုံမှန်ပင်။
သူ သူမရဲ့ အကြံပြုချက်ကို ကြားတော့ ရယ်လိုက်ပြီး
ခုနှစ်လျန် ရှစ်လျန်လောက်က နွားတစ်ကောင် တည်းကိုပဲ ဝယ်လို့ရမှာ နွားလှည်းလိုချင်တာဆိုရင် အဖေတို့က သစ်သားတွေစိုက်ရင် တောင်မှ နောက်ထပ်ကြေးဒင်္ဂါး တစ်ရာနှစ်ရာလောက်လိုဦးမှာ အဖေတို့မိသားစုရဲ့ငွေတွေက အခုမှ မြည်းတစ်ကောင် ဝယ်နိုင်လောက်ရုံပဲ ရှိသေးတာ...
မြည်းတစ်ကောင်က နွားတစ်ကောင်ထက် ပိုမြန်တယ်ဆိုတော့ မြည်းတစ်ကောင်ပဲဝယ်ပြီး လှည်းကို ဆွဲခိုင်းတာ ပိုကောင်းမယ်ထင်တယ်! အဖေ မြည်းတစ်ကောင်က ဘယ်လောက်လောက်ရှိလောက်လဲ မြည်းတစ်ကောင်ဝယ်ပြီး အမေ့ဘက်က တတိယဦးလေးကို မြည်းလှည်းလေး ကူလုပ်ခိုင်းရင်ရော ဘယ်လိုလဲ ရက်အနည်းငယ်လောက်နေရင် အိမ်က အသီးအရွက်တွေလည်း ရောင်းလို့ ရလောက်ပြီ သမီးတို့မှာသာ မြည်းလှည်းလေးရှိရင် ဈေးကို သယ်သွားဖို့ ပိုအဆင်မပြေဘူးလား
သူမအရင်ဘဝတုန်းကတော့ ကျေးလက်ဒေသမှာဆိုရင်တောင် မြည်းတစ်ကောင်ကို တွေ့ရခဲလေတယ်။ သူမငယ်ငယ်တုန်းက သူမတို့မိသားစု မြည်းတစ်ကောင်မွေးခဲ့ဖူးတာကို သူမ ရေးတေးတေး မှတ်မိနေသေးတယ်။ သူမအဖေက သူမကိုတင်ကာ မြည်းလှည်းမောင်းပြီးတော့တောင် မြို့ဈေးကို သွားခဲ့ဖူးတယ်။
ယွီဟိုင်က ထိုအကြံကြောင့် နှလုံးခုန်တွေတောင် မြန်လာတော့တယ်။ ခြံရဲ့ အရှေ့နဲ့အနောက် မြေကွက်တွေက ဟင်းသီးဟင်းရွက်တွေနဲ့ စိမ်းလန်းစိုပြည်နေပြီဖြစ်တယ်။ ရက်ပေါင်းနှစ်ဆယ်ကျော် လောက် စိုက်ပျိုးထားပြီးရင် မကြာခင် အသီးအနှံတွေကို ခူးပြီး ဈေးမှာ ရောင်းလို့ရလောက်လေပြီ။ သူတို့ မှာသာ လှည်းတစ်စီးမရှိခဲ့ရင် မြို့ကို ခြေလျင်သွားပြီး အသီးအရွက်တွေကို တင်ဖို့ တစ်ယောက်ယောက်ကို မှီခိုဖို့ လိုအပ်လိမ့်မှာဖြစ်တယ်။ တော်တော်လေးတော့ အားစိုက်ထုတ်ရလိမ့်မယ်။
မြည်းအထီးတစ်ကောင်ဆိုရင် လေး၊ ငါးလျန်လောက်တော့ရှိတယ်။ လှည်းကိုပါ ပေါင်းထည့်လိုက်မယ် ဆိုရင် ချောင်အာလေး အင်္ကျီအသစ်ဝတ်လို့ မရလောက်တော့ဘူးထင်တယ်...
ယွီဟိုင်က သူ့သမီးရဲ့ ဟောင်းနွမ်းပြီး ဖာထေးထားတဲ့ အင်္ကျီလေးကို စိတ်ထိခိုက်စွာနဲ့ ခဏလောက်ကြည့်လိုက်မိတယ်။ ရာသီဥတုက ပိုနွေးလာပေမဲ့ သူ့ကလေးတွေ တစ်ယောက်စီမှာမှ ကြည့်ကောင်းတဲ့ ဝတ်စရာ အင်္ကျီမရှိပေ။ အဖေတစ်ယောက်ဖြစ်ပြီး သူ့ကလေးတွေအတွက် တကယ်အားမကိုးရတာပဲ။
ကိစ္စ မရှိပါဘူး သမီးတို့ ပိုက်ဆံတွေအကုန်သုံးလိုက်ရင်လည်း နောက်ကျရင် ထပ်ရှာလို့ ရတာပဲလေ သမီးတို့ အရင်ဆုံး မြည်းတစ်ကောင်တော့ ဝယ်သင့်တယ် ဒါမှ နောက်ဆိုရင် ဆိပ်ကမ်းကို အသားနှပ်သွားရောင်းတာဖြစ်ဖြစ် မြို့ထဲကိုသွားတာပဲဖြစ်ဖြစ် သွားဖို့လာဖို့ တော်တော်လေး အဆင်ပြေသွားမှာ
ရှောင်ချောင်းရဲ့ ပါးစပ်ထောင့်လေးက အပြုံးလေးတစ်ခုအဖြစ် ကော့တက်သွားပြီး စိတ်လှုပ်ရှားမှုတွေက သူမနှလုံးသားထဲမှာ ဝုန်းဒိုင်းကြဲနေတော့တယ်_ မကြာခင်မှာ သူမတို့ မိသားစုက လှည်းပိုင်ရှင် ဖြစ်လာတော့မည်ပင်။
ကောင်းပြီ ရှီထုန်လေးကို မြို့မှာ ကျောင်းသွားပို့တဲ့အခါကျရင် မြင်းတွေ နွားတွေ ရောင်းတဲ့ဈေးမှာ တစ်ခါတည်း ဝင်ကြည့်ကြတာပေါ့ အဲ့ဒီမှာ သင့်တော်တဲ့ အကောင်ရှိရင်လည်း တစ်ကောင်လောက် ဝယ်လိုက်မယ်လေ ရှေ့လျောက် ရှီထုန်လေးမြို့ကို သွားရင်လည်း မြည်းလှည်းလေးနဲ့ လိုက်ပို့တာရော သွားကြိုတာရော အလွယ်တကူလုပ်လို့ရပြီ မင်းအမေလည်း စိတ်သက်သာရာ ရသွားလိမ့်မယ် ယွီဟိုင်က နောက်ဆုံးမှာ ဆုံးဖြတ်ချက်ချလိုက်ပြီး မြည်းလှည်းလေး ရတော့မယ့်အကြောင်းကို မတွေးမိပဲ မနေနိုင်အောင် ဖြစ်နေလေတယ်!
ရက်အနည်းငယ်လောက်ကြာတဲ့အခါမှာတော့ ယွီမိသားစုတစ်ခုလုံးက သူတို့ရဲ့ အလုပ်တာဝန်တွေနဲ့ အလုပ်ရှုပ်နေကြတော့တယ်။ ရှောင်ချောင်းနဲ့ ယွီဟိုင်က မနက်မှာ ဆိပ်ကမ်းကို သူတို့ရဲ့ အသားနှပ်တွေ သွားရောင်းရတယ်။ အဲ့အချိန်အတွင်းမှာတော့ ရှီထုန်လေးက သူ့အစ်မကြီးရှောင်လျန်ကို သူတို့အိမ် အနောက်ဘက်က ရေကန်မှာ ငါးဖမ်းဖို့ ခေါ်သွားလေတယ်။ အမျိုးသမီးလျိုကတော့ သူမ သားငယ်လေးအတွက် အိမ်ထဲမှာ အင်္ကျီချုပ်နေရင်းနဲ့ အချိန်ကုန်ဆုံးလေ့ရှိတယ်။ သူမက သူတို့ရဲ့ အိမ်နီးချင်းကောင်လေး ချန်းဝိန်က ဝတ်ရုံရှည်ဝတ်ထားတာကို မြင်လိုက်ရတယ်။ ဒါကြောင့် သူမက ထိုပုံစံကို ကူးယူပြီး သူမသားအတွက် မဲနယ်ပြာရောင် ဝတ်ရုံရှည်တစ်ထည်ကို ဖန်တီးနေတာဖြစ်တယ်။
မွန်းတည့်ချိန်မှာတော့ ရှောင်ချောင်းက အိမ်ကိုပြန်လာပြီး တစ်နာရီလောက် တစ်ရေးအိပ်လေ့ရှိတယ်။ သူမနိုးလာတဲ့အခါမှာ သူမက သူမအမေနဲ့ ရှောင်လျန်ကို ငါးချဉ်လုပ်ဖို့ ကူပြင်ဆင်ပေးတယ်။ မွန်းလွဲပိုင်းမှာတော့ ရှောင်လျန်နဲ့ ရှီထုန်လေးက ဆိပ်ကမ်းကိုသွားပြီး နောက်ထပ်အသားနှပ်တွေ ရောင်းရလေတယ်။
တကယ်တော့ အဲ့ဒါက တော်တော်လေးရယ်စရာ ကောင်းလေတယ်။ ရှောင်လျန်က ဆိပ်ကမ်းကိုသွားတာ လေး၊ ငါးရက်လောက်ရှိနေပြီပေမဲ့ ဆိပ်ကမ်းက ဖောက်သည်တစ်ယောက်မှ မိန်းကလေးနှစ်ယောက်က မတူညီတဲ့လူတွေဆိုတာကို မသိကြပေ။ လျို့ကောက လွဲလို့ပေါ့။ လျို့ကော သူငါးချဉ်တစ်ခါ လာဝယ်တုန်းက တော်တော်လေး အံ့အားသင့်သွားပုံပေါ်ပေမဲ့ ဘာစကားတစ်လုံးမှ ပြောမသွားဘူးလို့ ရှီထုန်လေးက ပြောပြတယ်။
ရှောင်ချောင်းနဲ့ ရှောင်လျန်က ချွတ်စွတ်တူတဲ့ အမြွှာတွေဖြစ်သည်။ အရင်တုန်းက ရှောင်ချောင်းဟာ ချုချာပြီး မွေးကတည်းက ဖွံဖြိုးမှုနည်းလေတယ်။ သူမခန္ဓာကိုယ်က ပိန်ပိန်ပါးပါးနဲ့ အားနည်းပြီး လူသေကောင်လို ဖြူဖက်ဖြူရော ဖြစ်နေလေတယ်။ တစ်ဖက်မှာတော့ ရှောင်လျန်က သူမအမေနဲ့ လိုက်ပြီး နှစ်ပေါင်းများစွာ အိမ်အလုပ်တွေ လုပ်ရလေတယ်။ သူမခန္ဓာကိုယ်ကလည်း ပိန်ပိန်ပါးပါးပေမဲ့ သန်မာတဲ့ ဖွဲ့စည်းပုံရှိပြီး သူမအသားရေက အညိုရောင်သန်းနေလေတယ်။ သူတို့နှစ်ယောက် ဘေးချင်းကပ် ရပ်မနေရင်တောင်မှ မိန်းကလေးနှစ်ယောက်ကို ခွဲခြားဖို့ လွယ်ကူခဲ့လေတယ်။
အခုအခါမှာတော့ အရာအားလုံး ပြောင်းလဲသွားပြီပင်။ နေ့တိုင်း အံ့ဖွယ်ကျောက်တုံးလေးကြောင့် ရှောင်ချောင်းက သူရဲ့စွမ်းအင်နဲ့ သူမခန္ဓာကိုယ် ကျန်းမာသန်စွမ်းလာသည်အထိ ဖြည်းဖြည်းချင်း အားပြည့်လာခဲ့တယ်။ သူမ လွန်ခဲ့တဲ့ နှစ်ဝက်လောက်အတွင်းမှာ အရပ်အနည်းငယ်တောင် ရှည်ထွက်လာခဲ့ပြီး အရင်တုန်းက သူမထက် ခေါင်းတစ်ဝက်လောက်ပိုရှည်တဲ့ ရှောင်လျန်ကိုတောင် မှီလုနီးပါး ဖြစ်လာခဲ့တယ်။ ရှောင်လျန်ကလည်း သူမရဲ့မျက်နှာကို နေ့တိုင်း အံ့ဖွယ်ကျောက်ရေနဲ့ သစ်လေ့ရှိတယ်။ ပြီးတော့လည်း သူမစားသမျှ သောက်သမျှအားလုံးက ကျောက်တုံးရေနဲ့ ထိထားတာတွေပဲ ဖြစ်တယ်။ ဒါ့ကြောင့် သူမရဲ့အရင်က အနည်းငယ် ကြမ်းတမ်းပြီး အညိုရောင် အသားအရေကလည်း နူးညံ့ပြီး တောက်ပတဲ့ အသားအရေဖြစ် ပြောင်းလာတော့တယ်။
အခု တစ်ယောက်ယောက်ကသာ သူမတို့နှစ်ယောက်ကို ကြည့်မိလိုက်ရင် သူတို့ရဲ့ ခြားနားချက်ကို ပြောနိုင်ဖို့ ခက်ခဲလှတယ်။ သို့သော်လည်း သူမတို့နှစ်ယောက်နဲ့ ရင်းနှီးတဲ့သူတွေကတော့ ဖျက်ကနဲ ကြည့်လိုက်ရုံနဲ့တင် ကွာခြားချက်တွေကို ဖမ်းမိနိုင်တယ်။ ရှောင်ချောင်းရဲ့ မျက်လုံးတွေက အမြဲတောက်ပနေပြီး ရှောင်လျန်ကတော့ တစ်ခါတစ်ခါ ချစ်ဖို့ကောင်းပြီး ကလေးဆန်တဲ့ အမူအရာတွေကို ဖော်ပြလေ့ရှိတယ်...
ရှီထုန်ပြောသလိုဆိုရင်တော့ သူမနဲ့ အကြိမ်အနည်းငယ်သာ တွေ့ဖူးတဲ့ လျို့ကောကလည်း တစ်ချက် ကြည့်ရုံနဲ့ သူမနဲ့ ရှောင်လျန်ရဲ့ ခြားနားချက်ကို ပြောနိုင်ပုံပင်။ ရှောင်ချောင်းက ဒီအခြေအနေကိုတော့ အနည်းငယ် နားမလည်နိုင်ဖြစ်မိတယ်။
သို့သော်လည်း သူမက အခြားအကြံတွေပေါ်လာတာကြောင့် ထိုအတွေးတွေကို နောက်ပို့ထားလိုက် တော့တယ်။ သူတို့က တစ်နေ့ကို ကြေးပြားသုံးရာနီးပါးစုမိတာကြောင့် မိသားစုတစ်ခုလုံးက အနာဂတ်မှာ ကောင်းမွန်နိုင်ဖို့အတွက် မအားလပ်နိုင်အောင် ကြိုးစားအားထုတ်နေကြလေတယ်။
ချန်းဝိန်က သူ့ရဲ့ရက်တိုအားလပ်ရက်အတွက် ပြန်လာတဲ့နေ့အထိ အချိန်တွေက အလျင်အမြန်ကုန်ဆုံး သွားခဲ့တယ်။ အခုအချိန်အခါမှာတော့ ဝိညာဉ်ကူးပြောင်းလာသူဖြစ်နိုင်ချေရှိတဲ့ လက်ရှိမင်းဆက်ကို တည်ထောင်ခဲ့သူရဲ့ သြဇာလွှမ်းမိုးမှုတွေကြောင့် တိုင်းပြည်အတွင်းမှာရှိတဲ့ ကျောင်းအားလုံးက ခေတ်သစ် အချိန်ဇယားအတိုင်း ငါးရက်စာသင်၊ နှစ်ရက်နားစနစ်ကို အသုံးပြုလေတယ်။ မြို့ထဲမှာနေထိုင်ဖို့ အခန်းငှားနေကြတဲ့သူတွေထက် တခြားကျောင်းသားအများစုက အိပ်ဆောင်တွေမှာ လခပေးပြီး နေထိုင်ကြတယ်။ ရက်သတ္တပတ်ရဲ့ ပထမဆုံးနေ့မှာတော့ အတန်းတွေက မနက် ခုနှစ်နာရီမှာ စတင်ပြီး ငါးရက်မြောက်နေ့ရဲ့ ညနေငါးနာရီမှာ အတန်းဆင်းလေတယ်။ ဒါကြောင့် အိမ်နဲ့နီးတဲ့သူတွေကတော့ သုံးညအိပ် နှစ်ရက် ကုန်ဆုံးနိုင်လေတယ်။
ယွီဟိုင်က ချန်းမိသားစုဆီ သွားလည်တဲ့အခါမှာတော့ သူက အသားနှပ်အချို့ကို တမင်တကာ ယူသွားလေတယ်။ သူက ရှီထုန်လေး ကျောင်းကိုဘာတွေယူသွားဖို့ လိုသလဲဆိုတာနဲ့ တခြား လိုအပ်တာတွေကို အကူညီတောင်းဖို့နဲ့ လမ်းညွှန်ချက်တွေအတွက် သူတို့ကို မေးမြန်းချင်တာဖြစ်တယ်။
ချန်းဝိန်က ရှီထုန်လေး ကျောင်းတော်ကို ကျောင်းအုပ်ကြီးရဲ့ ထောက်ခံချက်နဲ့ ဝင်ခွင့်ရတယ်ဆိုတာကို ကြားတော့ တစ်ချိန်တည်းမှာပဲ သူက ကောင်ငယ်လေးအတွက် ပျော်ရွှင်မိသလို သူ့စိတ်ထဲမှာ မနာလိုမှု အနည်းငယ်လည်း ပေါက်ဖွားလာလေတယ်။ ရုံရွှမ်ကျောင်းတော်ရဲ့ ကျောင်းအုပ်ဆရာကြီးက သူ့တို့ခေတ်အခါရဲ့ အကျော်ကြားဆုံး ပညာရှိတစ်ယောက် ဖြစ်လေတယ်။ ကျောင်းတော်မှာရှိတဲ့ ကျောင်းသားအားလုံးက သူ့ရဲ့ဂုဏ်သတင်းကြောင့် ကျောင်းတော်ကို ဝင်ချင်ကြတာဖြစ်တယ်။
သို့သော်လည်း ကျောင်းအုပ်ကြီးက အခြေခံအတန်းတွေကို သင်ပေးခဲလေတယ်။ အလယ်တန်းတွေနဲ့ အဆင့်မြင့်အတန်းတွေကိုတောင် သူကိုယ်တိုင် သင်ကြားပေးတာ ကြုံတောင့်ကြုံခဲပင်။ ပညာရှိကြီးယွမ်က မြို့တော်စာမေးပွဲမှာ ပါဝင်နိုင်ချေရှိတဲ့ ကျောင်းသားတွေကိုသာ နည်းပေးလမ်းပြ လုပ်ပေးတာ ဖြစ်လေတယ်။
တစ်ယောက်ယောက်ကသာ ပညာရှိကြီးယွမ်ရဲ့ အာရုံကို ဖမ်းစားနိုင်သွားရင် စာမေးပွဲမှာ ပထမရနိုင်ဖို့ လုံးဝမခဲယဉ်းတော့ပေ။ ကျောင်းတော်ကနေ တော်ဝင်စာမေးပွဲမှာ ပထမကနေ တတိယနေရာ ရရှိခဲ့သူ ကျောင်းသားအားလုံးက ကျောင်းအုပ်ကြီးကိုယ်တိုင် လမ်းညွှန်ပြသပေးခဲ့တာ ဖြစ်တယ်။
ရှီထုန်လေးက အခုမှ ခြောက်နှစ်အရွယ်သာ ရှိသေးပေမဲ့ ထက်မြက်ပြီး သင်ယူဖို့ရာ စိတ်အားထက်သန် လေတယ်။ သူက မကြာခဏ ချန်းဝိန်ရှိတဲ့နေရာကိုလာပြီး စာလုံးတွေကို ဘယ်လိုရေးရမယ်နဲ့ ဘယ်လိုဖတ်ရမယ်ဆိုတာကို သင်ယူလေ့ရှိတယ်။ ကောင်ငယ်လေးက အတတ်မြန်ပြီး မှတ်မိဖို့အတွက် တစ်ခေါက်၊ နှစ်ခေါက်လောက်သာ လိုအပ်လေတယ်။ ချန်းဝိန်က ဒီကောင်ငယ်လေးဟာ ဆိပ်ကမ်းမှာ အသားနှပ်ရောင်းနေရင်းနဲ့ သူအရည်အချင်းကို ကျောင်းအုပ်ကြီးက အသိအမှတ်ပြုလောက်အောင် အလွန်ကံကောင်းလိမ့်မယ်လို့တော့ လုံးဝမမျှော်လင့်မိခဲ့...
နွေဦးမနက်ခင်းစောစောလေးမှာ လေပြေအေးလေးက တိုက်ခတ်နေလေတယ်။ လမ်းမထက်မှာရှိတဲ့ မိုးမခပင် အကိုင်းအခတ်များကလည်း စတင်ပြီးတော့ ပျော့ပြောင်းလှုပ်ခတ်နေလေတယ်။ ခြောက်သွေ့နေတဲ့ မြက်ပင်တွေကြားထဲမှာ အစိမ်းရောင် မြက်ပင်အချို့ကို ရံဖန်ရံခါ မြင်နိုင်နေပြီပင်။ ဒါတွေအားလုံးက နောက်ဆုံးမှာ နွေဦးကို ရောက်နေပြီဖြစ်ကြောင်း လူတွေကို ခံစားရစေတယ်။
အဘိုးကျန်း မြို့ကို ထင်းသွားမပို့တဲ့နေ့တွေမှာတော့ မနက်မိုးသောက်ချိန် လမ်းဆုံလမ်းခွမှာ သူ့ရဲ့ နွားလှည်းနဲ့အတူ သူ့ကို အမြဲတွေ့ရလေတယ်။ မြို့ကိုသွားဖို့လိုတဲ့ ရွာသားအချို့က လိုက်ပါစီးနင်း လေ့ရှိကြပြီး တစ်ခါစီးလျှင် တစ်ယောက်ကို ကြေးပြားတစ်ပြား ကျသင့်လေတယ်။ အဘိုးကျန်းက ဒီလိုမျိုးနဲ့ သုံးဖို့ ပိုက်ဆံရရှိလေတယ်။
တစ်ခါတစ်လေ ပို့ဆောင်ပေးခြင်းကနေ ကြေးပြားဆယ်ပြား၊ ရှစ်ပြားဝန်းကျင်လောက် စုဆောင်းမိရင် သူ့အတွက် ကောင်းမွန်တဲ့ နေ့တစ်နေ့လို့ယူဆနိုင်တယ်။ ရွာသားအများစုက ခြိုးခြံချွေတာကြပြီး ထို့အတွက် ကြေးပြားတစ်ပြားမသုံးချင်ကြတာကြောင့် သူ့တို့အများစုက ကိုယ့်ခြေထောက်ကိုသာ သုံးပြီး မြို့ကို သွားလေ့ရှိကြတယ်။
ဒီနေ့က ကျောင်းသားတွေ့ရဲ့ အားလပ်ရက် နောက်ဆုံးနေ့ ဖြစ်တယ်။ မြို့ထဲက ကျောင်းတွေမှာ စာလာသင်ကြတဲ့ ရွာနီးစပ်က ကျောင်းသားအချို့လည်း ရှိတယ်။ အများစုမှာ ရုံရွှမ်ကျောင်းတော်က ကျောင်းသားများ မဟုတ်ကြသော်လည်း ပညာအရည်အချင်းတွေ ရှိရုံနဲ့တင် သူတို့မိဘတွေအတွက် ဂုဏ်ယူရဖို့ လုံလောက်လေတယ်။ ကျောင်းလခပေးဖို့ တတ်နိုင်ကြတဲ့ မိသားစုတွေက နွားလှည်းစီးဖို့အတွက် ကြေးပြားတစ်ပြားလောက်ကတော့ မရှိမှာ မဟုတ်ပေ။ ဒါကြောင့် သူတို့ရဲ့ကလေးတွေကို အလွန်အမင်းချစ်မြတ်နိုးကြတဲ့ မိဘတွေဟာ အမြဲတစေ အဘိုးကျန်း ထင်းတွေကို သယ်လာရင် တောင်မှ ကြေးပြားတစ်ပြားသုံးပြီး လမ်းကြုံ လိုက်စီးလေ့ရှိတယ်။
အဘိုးကျန်းက ချန်းဝိန် နဘေးမှာ ယွီဟိုင်နဲ့ သူ့ကလေးနှစ်ယောက်ကို မြင်လိုက်ရတော့ အံ့အားသင့်သွားလေတယ်။ သူက သိချင်စိတ်ပြင်းပြစွာနဲ့ မေးလိုက်မိတယ်
သာ့ဟိုင် မြို့ကိုသွားပြီး မင်းရဲ့ ခြေထောက်ကို စစ်ဆေးမလို့လား
ယွီဟိုင်ရဲ့ မျက်နှာတစ်ခုလုံးက ပျော်ရွှင်မှုတွေနဲ့ လွှမ်းခြုံနေရင်း ခေါင်းရမ်းလိုက်တယ်
မဟုတ်ဘူး ဦးလေးကျန်း ကျွန်တော့် ခြေထောက်တွေက တော်တော်လေးကောင်းနေပါပြီ ချောင်းအာနဲ့ ကျွန်တော်က ရှီထုန်လေးကို မြို့မှာ ကျောင်းလိုက်ပို့မလို့
သူက မြို့မှာ စာသင်မလို့? တစ်နှစ်စာ စာသင်စရိတ်က တော်တော်လေးများတယ်မလား မင်းတို့မိသားစုက...
အဘိုးကျန်းက သူ့ရဲ့ အတွေးယာဉ်တွဲကြီးကို ဆက်မပြောတော့ဘဲ စာနာတဲ့ အကြည့်နဲ့သာ ယွီဟိုင်ကို ကြည့်နေတော့တယ်။
ယွီဟိုင်ရဲ့အမူအရာက ပြောင်းလဲမသွားဘဲနဲ့ တောက်ပစွာ ဆက်ပြုံးနေပြီး
ကျောင်းတော်က ကျွန်တော်တို့ကို ပထမနှစ်လစာ စောင့်ဆိုင်းပေးမယ်လို့ ပြောတယ် ရက်အနည်းလောက်နေရင် ကျွန်တော့် ခြေထောက်တွေလည်း လုံးဝပြန်ကောင်းတော့မှာဆိုတော့ တောင်ပေါ်မှာ အမဲလိုက်သွားတော့မှာလေ ကျောင်းလခပေးစရာမရှိတော့ရော ဘာဖြစ်လဲ ဘယ်လောက်ပဲခက်ခဲ ကြမ်းတမ်းနေပါစေ ကျွန်တော့်ကလေးတွေကိုတော့ ဆွဲမချနိုင်ဘူး!
မင်းအခုထိတောင်ပေါ်ကို သွားရဲသေးတယ်ပေါ့ မင်းနောက်ဆုံးတစ်ခေါက် ပြန်လာခဲ့တုန်းက မင်းတစ်ကိုယ်လုံးမှာ သွေးတွေကြီးပဲ ရွာသားတွေအားလုံး တကယ့်ကို ကြောက်လန့်သွားခဲ့ကြတာ! နည်းနည်းလောက် ပိုဆင်းရဲရုံပေါ့ကွာ တောင်ပေါ်မှာ ဘာတွေရှိမလဲဆိုတာ ဘယ်သူသိမှာလဲ မင်းမသွားတာ ပိုကောင်းလိမ့်မယ်နော်
အဖိုးကျန်းက စိုးရိမ်စွာနဲ့ ယွီဟိုင်ကို ပြန်လည် စဉ်းစားခိုင်းနေလေတယ်။
......