သက်တန့်ရောင် မိန်းမပျို Book...

By CharmZoey

670K 85.2K 680

ခေါင်းစဉ် - သက်တန့်ရောင် မိန်းမပျို (ဘာသာပြန်) မူရင်းခေါင်းစဉ် - Fields of Gold အမျိုးအစား - သဘာဝလွန်၊ စိတ်ကူ... More

Intro
အပိုင္း၁ (ေပါက္စီတစ္လုံးေၾကာင့္ အသတ္ခံရျခင္း)
အပိုင္း၂ (အက်င့္ပုတ္တဲ့ အဘြား)
အပိုင္း၃ (ထူးဆန္းတဲ့ ေရာင္စုံေက်ာက္တုံး )
အပိုင္း၄ (သူမမွာ ေကာင္းမြန္တဲ့ အေဖရွိတယ္)
အပိုင္း၅ (မ်က္ေတာင္မခတ္ပဲလိမ္လည္ျခင္း)
အပိုင္း၆ (ပင္လယ္စာ ေကာက္ယူျခင္း)
အခန္း ၇ - အလွေလးကိုကယ္တင္ျခင္း
အပိုင္း ၈ (ထူးျခားတဲ့ ေနာက္ခံ)
အပိုင္း၉ (အက်ိဳးမ်ားတဲ့ ခရီးတို)
အခန္း၁၀ (လ်ိဳ႕ဝွက္အႀကံအစည္)
အခန်း ၁၁
အပိုင္း ၁၂ (က်ိန္ရႈံစားေသာက္ဆိုင္ရဲ႕
အပိုင္း ၁၃ (လုံးဝရႈပ္ေထြးေနေသာ)
အပိုင္း ၁၄ (လိမ္ရလြယ္တဲ့သားေကာင္)
အခန္း ၁၅ (အေကာင္းဆုံးဟင္းခတ္အေမႊးအႀကိဳင္)
အခန္း ၁၆ (ေဈးဝယ္ထြက္ျခင္း)
အပိုင္း ၁၇ (မိဘရဲ႕ ခ်စ္ျခင္းတရား)
အပိုင္း ၁၈ (ေတာင္ေပၚက ေကာင္ေခ်ာေလး)
အပိုင္း ၁၉ ( အကိုဟန႔္ေနာက္ကိုလိုက္ရင္ စားဖို႔အသားရွိတယ္ )
အပိုင္း ၂၀ (အံ့ဖြယ္ေက်ာက္တုံး ျပန္လာျခင္း)
အပိုင္း ၂၁ -အသားကင္တတ္တဲ့သူက အေခ်ာဆုံးပဲ!
အပိုင္း ၂၂ (လမ္းမွာေတြ႕ရတဲ့ အတားအဆီး)
အပိုင္း ၂၃ (အငယ္ဆုံးဦးေလး အိမ္ျပန္လာၿပီ)
အခန္း ၂၄ (ေျမႇာက္ပင့္ျခင္း)
အပိုင္း ၂၅ (ခ်ီးမြမ္းျခင္း)
အပိုင္း၂၆ (ဂုဏ္သိကၡာ)
အပိုင္း ၂၇ ( အလုပ္သင္ )
အပိုင္း ၂၈ (ပိုက္ဆံစုေဆာင္းျခင္း)
အပိုင္း ၂၉ (ေထာင္ေခ်ာက္ဆင္ျခင္း)
အပိုင္း ၃၀ (ထူးျခားမႈ)
အပိုင္း၃၁ (ေကာင္ေခ်ာေလးေနာက္တစ္ေယာက္)
အခန္း ၃၂ (အစားမက္သူ)
အပိုင္း ၃၃ -(အ႐ိုက္ခံရျခင္း)
အပိုင္း ၃၄ (ေဆးပညာသင္ယူျခင္း)
အပိုင္း-၃၅ ( ခ်စ္စရာ အိမ္ေမြးတိရိစာၦန္)
အပိုင္း ၃၆ (သဘာဝရဲ႕လက္ေဆာင္)
အပိုင္း ၃၇ - (ဆိပ္ကမ္း)
အပိုင္း ၃၈ - (ေတာ္ဝင္မင္းသား)
အပိုင္း ၃၉ (ေက်းဇူးတင္ျခင္းသေကၤတ)
အခန္း ၄၀ (ျမင့္မားေသာအထြက္ႏႈန္း)
အပိုင္း ၄၁ - (ျပင္းထန္စြာ ဖ်ားနာမႈ)
အပိုင္း၄၂ (ေဆာင္းတြင္းကပ္ေဘးဒုကၡ)
အပိုင္း -၄၃ ( အၾကင္နာတရားမရွိဘူး )
အပိုင္း -၄၄( ခါးသီးတဲ့စိတ္ထိခိုက္မႈ )
အပိုင္း ၄၅ (ခ်မ္းသာလာျခင္း)
အပိုင္း ၄၆ (အေၾကာင္းျပခ်က္ဖန္တီးျခင္း)
အပိုင္း ၄၇ (ျပစ္ဒဏ္)
အပိုင်း ၄၉ (အတွေးစိတ်ကူးများ)
အပိုင်း ၄၈ (အပြောင်းအလဲတစ်ခု)
အပိုင်း၅၀ (ပိုက်ဆံလက်ဆောင်)
အခန္း၅၁ (စီးပြားေရးရင္းႏွီးျမႇဳပ္ႏွံမႈ)
အပိုင်း-၅၂ (အိမ်ကိုအလည်လာခြင်း)
အပိုင်း ၅၃ (ရှင်ယာဝင်ဖြစ်လာခြင်း)
အပိုင်း ၅၄ - (ကြော်ငြာခြင်း)
အပိုင်း၅၅ (နှစ်သစ်ကူး)
အပိုင်း ၅၆ (ဒုက္ခရောက်သောနှစ်)
အပိုင်း ၅၇ - (ဘေးအန္တရာယ်)
အပိုင်း ၅၈ (ဖြတ်တောက်ခြင်း)
အပိုင်း ၅၉ (အတိတ်)
အပိုင်း ၆၀ (သတိလစ်မေ့မျောခြင်း )
အပိုင်း ၆၁ (ပြန်သတိရလာခြင်း)
အပိုင်း၆၂ (ရောင်းစားခံရခြင်း)
အပိုင်း ၆၃ - မိသားစုကွဲခြင်း (၁)
အပိုင်း ၆၄ - မိသားစုကွဲခြင်း ( ၂ )
အပိုင်း ၆၅ (နေအိမ်ဟောင်း)
အပိုင်း ၆၆ (မိခင်ဘက်မှမိသားစု)
အပိုင်း ၆၇ (အိမ်ပြင်ခြင်း)
အပိုင်း ၆၈ (ပိုကောင်းတဲ့အရွေ့အပြောင်း)
အပိုင်း ၆၉ (ငွေရှာမည့်အရင်းအမြစ်များကိုတိုးချဲ့ခြင်း)
အပိုင်း၇၀ (ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း)
အပိုင်း ၇၁ (ချစ်စရာကောင်းတဲ့လူငယ်လေး)
အပိုင်း၇၂ (ပေါက်စီ)
အပိုင်း ၇၃ (တိတ်တိတ်လေး သည်းညည်းခံနေခြင်း)
အပိုင်း၇၄ (လက်တွဲလုပ်ဆောင်မှု)
အပိုင်း၇၅ (ကူညီခြင်း)
အပိုင်း ၇၆ (အံ့ဩစရာကောင်းလိုက်တာ!)
အပိုင်း ၇၇ (အသားနှပ်)
အပိုင္း၇၈ (ဆိုင္ဖြင့္တဲ့ေန႔)
အပိုင်း ၇၉ (ဝက်ခေါင်း)
အပိုင်း၈၀ (ပြဿနာတက်ခြင်း)
အပိုင်း ၈၁ (လျှို့ဝှက်ချက်ပြုတ်နည်း)
အပိုင်း ၈၂ (အရသာသစ်)
အပိုင်း၈၃ (ကျော်ကြားတဲ့ပညာရှိ)
အပိုင်း ၈၄ (အစားကြီးသူ)
အပိုင်း၈၆ (ငါးဖမ်းခြင်း)
အပိုင်း ၈၇ (ငါးချဉ်)
အပိုင်း၈၈ (အဖေနဲ့သမီး)
အခန်း ၈၉ (ကျောင်းလခ)
အပိုင်း ၉၀ (လျို့ကော)
အခန်း၉၁ (ကြေးမြင့်တဲ့ပေးချေမှု)
အပိုင်း ၉၂ ( စိုနေတဲ့ဆန် )
အပိုင်း ၉၃ (အထင်ကြီးစရာဧည့်သည်)
အပိုင်း ၉၄ (မြည်းလှည်း)
အပိုင်း ၉၅ (ကျောင်းတက်ခြင်း)
အပိုင်း ၉၆ (အပူအပင်)
အပိုင်း ၉၇ (ဖျားနာနေသောမြည်း)
အပိုင်း ၉၈ (ဝေစု)
အပိုင်း ၉၉ - တွေ့ဆုံဖို့ အခွင့်အရေး
အပိုင်း ၁၀၀ (အချိန်အခါမဟုတ်အိမ်ကိုလာခြင်း)
အပိုင်း၁၀၁ (ကျိုးမိသားစု)
အပိုင်း၁၀၂ (အလုပ်မှာရေသာခိုခြင်း)
အပိုင်း ၁၀၃ (အကျင့်ပျက်ခြင်း)
အခန်း ၁၀၄ (လုယက်သူ)
အခန်း ၁၀၅ (ဝိညာဉ်တစ်ခုကိုမြင်ရခြင်း)
အပိုင်း ၁၀၆ (သေလုဆဲဆဲဖြစ်ခြင်း)
အပိုင်း ၁၀၇ (စုံစမ်းမေးမြန်းခြင်း)
အပိုင်း ၁၀၈ (မိုးကြိုး)
အပိုင်း၁၀၉ (မိုးကြိုးပစ်ခြင်း)
အပိုင်း ၁၁၀ (ဝန်ချတောင်းပန်ခြင်း)
အပိုင်း ၁၁၁ (အိမ်ပြန်လာခြင်း)
အခန်း ၁၁၂ (ထွက်ခွာခြင်း)
အပိုင်း ၁၁၃ (ဆေးဖက်ဝင်ဂျင်ဆင်းဘုရင်)
အပိုင်း ၁၁၄ (အကျိုးများတဲ့ခရီးတိုတစ်ခု)
အပိုင်း ၁၁၅ ( အသီးအရွက်များရောင်းခြင်း)
အပိုင်း ၁၁၆ (မင်းသားလေး)
အပိုင်း ၁၁၇ (ဟင်းသီးဟင်းရွက်များကြောင့် ရန်ဖြစ်ကြခြင်း)
အပိုင်း ၁၁၈ (လူကဲခတ်မြန်တဲ့လူကြီးမင်း)
အပိုင်း ၁၁၉ (ကျေနပ်အားရခြင်း)
အပိုင်း ၁၂၀ (ဆုလာဘ်)
အပိုင်း ၁၂၁ (ရင်းနှီးမြှပ်နှံမှု)
အပိုင်း ၁၂၂ (ဝဋ်လည်ခြင်း)
အပိုင်း ၁၂၃ ( အလုပ်များသော)
အပိုင်း ၁၂၄ (နောက်တစ်ခေါက်လာကြပြန်ပြီ! )
အပိုင်း ၁၂၅ (ကုတ်ခြစ်ခံရခြင်း)
အပိုင်း ၁၂၆
အပိုင်း ၁၂၇ (တိုင်ပင်ခြင်း)
အပိုင်း ၁၂၈ (သူမအိမ်လည်လာခြင်းရဲ့ရည်ရွယ်ချက်)
အပိုင်း ၁၂၉ (အဆိပ်မရှိခြင်း)
အပိုင်း၁၃၀ (အလည်ရောက်လာသူများ)
အပိုင်း ၁၃၁ ( မနက်စာ )
အပိုင်း ၁၃၂ (ဘဲသားနှပ်)
အပိုင်း ၁၃၃ (ကြမ္မာဖန်သောတွေ့ဆုံမှု)
အပိုင်း ၁၃၄ (အတွေ့အကြုံရင့်တဲ့အစားချစ်သူ)
အပိုင်း ၁၃၅ (အကင်းပါးသော)
အပိုင်း ၁၃၆ (ညနောက်ကျမှပြန်လာခြင်း)
အပိုင်း၁၃၇ (သိမ်းသွင်းစည်းရုံးခြင်း)
အပိုင်း ၁၃၈ (အစီအစဉ်ချခြင်း)
အပိုင်း ၁၃၉ ( စီရင်စုမြို့)
အပိုင်း ၁၄၀ (ဈေးဝယ်ထွက်ခြင်း)
အပိုင်း ၁၄၁ (စစ်သူကြီး)
အပိုင်း ၁၄၂ (အပြန်လမ်း)
အပိုင်း ၁၄၃ (လည်ပတ်ခြင်း)
အပိုင်း ၁၄၄ (အကြံဉာဏ်ပေးခြင်း)
အခန်း ၁၄၅ (အဆိုပြုခြင်း)
အပိုင်း ၁၄၆ (သံတမန်)
အပိုင်း ၁၄၇ (မွေးစားသမီး?)
အပိုင်း၁၄၈ (မွေးစားအဖေ)
အပိုင်း ၁၄၉ (မိသားစုဖြစ်လာခြင်း)
အပိုင်း ၁၅၀ (လူထူးလူဆန်း)
အပိုင်း ၁၅၁ (တော်ဝင်အမိန့်ပြန်တမ်း)
အပိုင်း၁၅၂ (မှတ်ဉာဏ်ဟောင်းများ)
အပိုင်း ၁၅၃ (ဧကရာဇ်ဟောင်း)
အပိုင်း ၁၅၄ (ဂျုံကြာဇံ)
အခန်း၁၅၅ (ထွက်ခွာဖို့လေးကန်နေခြင်း)
အခန်း ၁၅၆ (ပို့ဆောင်ခြင်း)
အခန်း ၁၅၇ (ပင်လယ်မျှော့)
အပိုင်း ၁၅၈ (မသမာတဲ့နည်းလမ်းသုံးခြင်း)
အပိုင်း ၁၅၉ (ခြိမ်းခြောက်ခြင်း)
အပိုင်း - ၁၆၀ ( အကြပ်ရိုက်အောင် လုပ်ခြင်း )
အပိုင်း ၁၆၁ (မနာလိုဖြစ်ခြင်း)
အပိုင်း ၁၆၂ - မနာလိုမှု
အပိုင်း ၁၆၃ - အကူ
အပိုင်း ၁၆၄ (ဝန်ခံလက်မြှောက်ခြင်း)
အပိုင်း ၁၆၅ (ပြောင်းလဲဖို့)
အခန်း ၁၆၆ (ဟုန်းဟုန်းတောက်ကျော်ကြားခြင်း)
အပိုင်း ၁၆၇ - (သမီးကိုကာကွယ်ခြင်း)
အခန်း ၁၆၈ - ချမ်းသာကြွယ်ဝခြင်း
အပိုင်း ၁၆၉ - အလုပ်ခေါ်စာ
အခန်း ၁၇၀ (ဖရဲသီးရောင်းခြင်း)
အပိုင်း ၁၇၁ ဖရဲသီးဆိုင်
အပိုင္း-၁၇၂( ခမ္းနားေသာ ဖြင့္ပြဲ )
အပိုင္း - ၁၇၃ (အကုန္ ေရာင္းထြက္ျခင္း)
အပိုင်း၁၇၄ - ဂုဏ်ပြုစားပွဲ
အပိုင်း ၁၇၅ - ချိုမြိန်ခြင်း အရသာ
အပိုင်း ၁၇၆ - ကြင်ယာတော်မင်းသမီး
အပိုင်း ၁၇၇ - အကြံအစည်
အပိုင်း - ၁၇၈ ( မွေးစားအမေ )
အပိုင်း ၁၇၉ - ရန်လိုမှု
အပိုင်း ၁၈၀ - ကံကြမ္မာ
အပိုင်း-၁၈၁ ( ထမင်းတစ်နပ်ကျွေးခြင်း )
အပိုင်း၁၈၂ - (ဧည့်ဝတ်ကျေပွန်မှု)
အပိုင်း၁၈၃ - မျက်နှာသာပေးတာ ခံချင်သူ
အပိုင်း ၁၈၄ နေထိုင်အခြေချဖို့ကူညီပေးခြင်း
အပိုင်း ၁၈၅ - သူခိုး
အခန်း ၁၈၆ - စဉ်းလဲတဲ့အကြံကိုလက်လွှတ်ဖို့ ငြင်းဆန်ခြင်း
အခန်း ၁၈၇ - အဆုံးမရှိ ဒုက္ခပေးခြင်း
အပိုင်း -၁၈၈ ( အရှက်မရှိခြင်း )
အပိုင်း ၁၈၉ - အချိန်ဆွဲထားခြင်း
အပိုင်း ၁၉၀ (စုံစမ်းမေးမြန်ခြင်း)
အပိုင်း ၁၉၁ ပြစ်မှုတစ်ခုကို တိုင်ကြားခြင်း
အပိုင်း ၁၉၂ - အိမ်မက်ဆိုး
အပိုင်း ၁၉၃ - ပေါ်ပေါက်လာခြင်း
အပိုင်း - ၁၉၄ (သဘောတူစာချုပ်)
အပိုင်း ၁၉၅ - ဝိညာဉ်
အပိုင်း ၁၉၆ (တရားရုံးအမှုစစ်များ)
အပိုင်း ၁၉၇ (ကိုယ့်ပါးကို ပြန်ရိုက်ခြင်း)
အပိုင်း ၁၉၈ (တရားရုံးသို့သွားခြင်း)
အပိုင်း ၁၉၉ (ကြီးမားတဲ့ချစ်ခြင်းမေတ္တာတရား)

အပိုင်း ၈၅ (တပည့်တစ်ယောက်အဖြစ်လက်ခံခြင်း)

3.7K 456 4
By CharmZoey

[Zawgyi]
အပိုင္း ၈၅ (တပည့္တစ္ေယာက္အျဖစ္လက္ခံျခင္း)

ရွီထုန္ေလးက ယုံၾကည္မႈအျပည့္နဲ႔ လက္ေခ်ာင္းထိပ္ေလးကို ေရထဲမွာႏွစ္လိုက္ၿပီး သူ႔နာမည္ကို သစ္သားစားပြဲေပၚမွာ ယြီဖန္း ဆိုၿပီး အႀကီးႀကီး ေရးလိုက္ေတာ့တယ္။

ယြမ္စီန်န္က အသားႏွပ္ကို ေပ်ာ္႐ႊင္မႈအျပည့္နဲ႔ စားေနရင္း ေကာင္ငယ္ေလး ေရးေနတာကို မမွိတ္မသုန္ စိုက္ၾကည့္ေနေလတယ္။ ေကာင္ကေလးရဲ႕ လက္ေရးလက္သားက ထူးျခားၿပီး သားနားတာကို ေတြ႕ေတာ့ သူကၿပဳံးလိုက္ၿပီး
မဆိုးဘူးပဲ ဒီကေလးက သင္ၾကားတာကို ေကာင္းေကာင္း လိုက္လုပ္ႏိုင္ပုံပဲ ယြီဖန္း မင္းငါနဲ႔အတူ ႐ုံ႐ႊမ္ေက်ာင္းေတာ္မွာ လိုက္ၿပီး စာသင္ခ်င္လား

ကုန္သည္က်င္းက သူတို႔ေျပာေနတာကို ေဘးမွာ နားေထာင္ေနရင္းနဲ႔ သူ႔စိတ္ထဲမွာ မနာလို ဝန္တိုမႈေတြ ျပည့္ႏွက္ေနေတာ့တယ္။ ဒီေကာင္ကေလးက အေတာ္ေလး ကံေကာင္းတာပဲ။ သူ႔မွာ အခ်က္အျပဳတ္ ကြၽမ္းက်င္တဲ့ အစ္မတစ္ေယာက္လည္း ရွိေသးတယ္။ ေကာင္ေလးက သူ႔နာမည္ဘယ္လိုေရးရမလဲ ဆိုတာကိုသာ သိေပမဲ့ ႀကီးျမတ္တဲ့ ပညာရွင္ယြမ္ကိုယ္တိုင္က ေက်ာင္းေတာ္ကိုလာဖို႔ သူ႔ကို ဖိတ္ေခၚတယ္။ တစ္ဖက္မွာေတာ့ သူ႔သားက အထူးခြၽန္ဆုံးသူတစ္ေယာက္ေတာ့ မဟုတ္ေပမဲ့ ေက်ာင္းေတာ္ကိုဝင္ဖို႔ သူ႔ကိုယ္ပိုင္အရည္အခ်င္းကိုသာ မွီခိုေနရတယ္။ အဲ့ဒါသူ႔ေၾကာင့္ ေနာင္တေတြရလိုက္တာ အား သူရဲ႕အျပဳအမူေတြအတြက္ အလြန္ေနာင္တရေနေတာ့တယ္။

ရွီထုန္ေလးက အႀကိမ္အနည္းငယ္ မ်က္ေတာင္ခတ္လိုက္ၿပီး အၿပဳံးေလးတစ္ခု ေပၚထြက္လာေတာ့တယ္
ဖိုးဖိုးရဲ႕ ေစတနာအတြက္ ေက်းဇူးတင္ပါတယ္ ဒါေပမဲ့ အတန္းတက္ဖို႔ အတြက္ ကြၽန္ေတာ္တို႔မွာ ေငြလုံလုံေလာက္ေလာက္ မရွိေသးပါဘူး ပိုက္ဆံလုံလုံေလာက္ေလာက္ရွိမွ ၿမိဳ႕ထဲမွာ ဖိုးဖိုးကို လာရွာပါ့မယ္

ကုန္သည္က်င္းက သူတို႔ကို အျမန္သတိေပးလိုက္တယ္
ဆရာယြမ္က ဒီအခ်ိန္အခါမွာ ေက်ာ္ၾကားတဲ့ ပညာရွင္ပဲ သူဖြင့္ထားတဲ့ ႐ုံ႐ႊမ္ေက်ာင္းေတာ္က မင္မင္းဆက္ႀကီးတစ္ခုလုံးရဲ႕ အေကာင္းဆုံးေက်ာင္းေတြ ထဲကတစ္ခုပဲ အဲ့ဒီမွာတက္ခ်င္ေပမဲ့ လက္မခံလို႔ မတက္ရတဲ့သူေတြမွ အမ်ားႀကီးပဲ... ေကာင္ကေလး ဒီလိုအခြင့္အေရးကို လက္လႊတ္မခံနဲ႔

ဝိုး ဆရာက အရမ္းမိုက္တာပဲ!! ကြၽန္ေတာ္က ေနာက္က်ရင္ ဆရာ့လိုမ်ိဳး လူအမ်ားက ေလးစားရတဲ့ သူတစ္ေယာက္ ျဖစ္လာခ်င္တာ
ရွီထုန္ေလးက ယြမ္စီန်န္ကို ေလးစားမႈအျပည့္နဲ႔ ၾကည့္ရင္း ဆိုလာတယ္။ သူ႔ဘဝမွာ ပထမဆုံးအႀကိမ္အျဖစ္နဲ႔ ထူးခြၽန္ထက္ျမက္လွတဲ့ ေကာင္ငယ္ေလးက အလြန္ေလးစားရတဲ့ သူတစ္ေယာက္ကို ရွာေတြ႕ခဲ့ေလၿပီ။

ဟားဟား! ေကာင္ကေလး ငါ့လိုျဖစ္ခ်င္ရတဲ့ အေၾကာင္းအရင္းကဘာလဲ မင္းရဲ႕မိဘေတြနဲ႔ ေမာင္ႏွမေတြက မင္းကို ဘယ္ေတာ့မွ အထင္မေသးေအာင္နဲ႔ ထပ္အႏိုင္မက်င့္ေအာင္လို႔ ရာထူးျမင့္တဲ့ အမႈထမ္းတစ္ေယာက္ ျဖစ္လာခ်င္တာလား
ယြမ္စီန်န္က စိတ္အေျခအေနေကာင္းေနတာေၾကာင့္ ဟားတိုက္ရယ္ေမာေနေတာ့တယ္။ ကေလးဆန္ဆန္ စကားေျပာဆိုျခင္းက ကေလးတစ္ေယာက္ရဲ႕ စိတ္ႏွလုံးသားကို ထုတ္ေဖာ္ႏိုင္ဖို႔ အေကာင္းဆုံးနည္းလမ္းပင္။

ရွီထုန္ေလးရဲ႕ မ်က္ႏွာဝိုင္းေလးက သူ႔စိတ္ထဲမွာ ဝ႐ုန္းသုန္းကားျဖစ္ၿပီး ပူပန္မႈေၾကာင့္ တြန္႔ခ်ိဳးသြားကာ ေျပာလိုက္တယ္
အဲ့ဒါဆို... ဖိုးဖိုးေျပာတဲ့အတိုင္း အရာရွိတစ္ေယာက္ျဖစ္လာတာလည္း မဆိုးပါဘူး။ ကြၽန္ေတာ္က ဖိုးဖိုးလိုမ်ိဳး အားလုံးက ကြၽန္ေတာ့္ကို ေလးစားေစခ်င္တာဆိုေပမဲ့ ရာထူးျမင့္တဲ့ အရာရွိတစ္ေယာက္ျဖစ္လာၿပီး ကြၽန္ေတာ့္မိဘေတြနဲ႔ အစ္ကိုအစ္မေတြကို သက္ေတာင့္သက္သာလည္း ေနႏိုင္ေစခ်င္တယ္။ ကြၽန္ေတာ္ တအားေလာဘႀကီးသလိုမ်ား ျဖစ္သြားသလား

ယြီေရွာင္ေခ်ာင္းက သူ႔စကားလုံးေတြက တအားရယ္ရတယ္လို႔ ခံစားရဝာာေကြာင့် ေခါင္းကို ေခါက္လိုက္ၿပီး ေျပာလိုက္တယ္
မင္းက ေက်ာင္းကို ဝင္ေတာင္ မဝင္ရေသးဘူး ေရွ႕ေလ်ာက္ ျဖစ္မွာေတြကို အေဝးႀကီး ႀကိဳေတြးေနၿပီေပါ့ ငါမင္းကို ေက်ာင္းကိုလႊတ္ခ်င္တဲ့ အေၾကာင္းအရင္းက ဗဟုသုတႂကြယ္ဝၿပီး ပညာတတ္ပုဂၢိဳလ္တစ္ေယာက္ ျဖစ္လာေစခ်င္လို႔ပဲ မင္းမႈထမ္းတစ္ေယာက္ျဖစ္ဖို႔ လြယ္တယ္မ်ားထင္ေနလား ေတာ္ဝင္စာေမးပြဲေတြအမ်ားႀကီး ေျဖႏိုင္ဖို႔ လိုေသးတယ္။ မင္းရဲ႕ ဦးေလးငယ္ကိုပဲၾကည့္ပါ့လား သူက ဆယ္ႏွစ္ေက်ာ္ေလာက္ ေလ့လာခဲ့ေပမဲ့ ျပည္နယ္အဆင့္ စာေမးပြဲကိုေတာင္ မေအာင္ေသးဘူး မင္းမွာ ေခါင္းႀကီးႀကီးရွိေနရင္ ဦးထုပ္ႀကီးႀကီးေဆာင္းေနရမွာပဲ အရမ္းႀကီး စိတ္ႀကီးမဝင္မိေစနဲ႔ မဟုတ္လို႔ ရႈံးနိမ့္ခဲ့ရင္ မင္းပဲပိုနာက်င္ရလိမ့္မယ္

ယြမ္စီန်န္က သူ႔ရဲ႕တူကို ခ်ထားလိုက္တယ္။ သူက အားရပါးရနဲ႔ အသားအားလုံးကို စားၿပီးတဲ့ေနာက္ အားရေက်နပ္စြာ မုတ္ဆိတ္ေမြးကို ပြတ္သတ္ေနေတာ့တယ္။ သူက ၿပဳံးၿပီး ေျပာလိုက္တယ္
ေကာင္ကေလး မင္းအစ္မေျပာတာေတြက မွန္ေတာ့မွန္ပါတယ္... ဒါေပမဲ့ လူျဖစ္တဲ့ ငါတို႔ေတြက ဦးတည္ရမယ့္ ပန္းတိုင္နဲ႔ အိမ္မက္ဆိုတာေတာ့ ရွိေနရမွာပဲေလ လက္ေတြ႕က်တဲ့ ပန္းတိုင္တစ္ခုေတာ့ ျဖစ္ဖို႔ေတာ့လိုတာေပါ့ အေျခအျမစ္မရွိတဲ့ စိတ္ကူးအိမ္မက္ေတြနဲ႔ ႀကီးမားလြန္းတဲ့ ရည္မွန္းခ်က္ေတြကလည္း အႀကံအဉာဏ္ေကာင္း မဟုတ္ဘူးေလ... ေကာင္းၿပီ ေတာ္ေတာ္လည္း ေနာက္က်ေနၿပီဆိုေတာ့ ငါတို႔လည္း သြားရေတာ့မယ္ မိန္းကေလး ငါက အၿမဲငါ့ကတိကို တည္ပါတယ္ ထူးခြၽန္တဲ့အဆင့္ရရွိတဲ့ ေက်ာင္းသားေတြကို ေက်ာင္းလခနဲ႔ အသုံးစရိတ္အခ်ိဳ႕ ေလ်ာ့ေပးတာမလို႔ မင္းေမာင္ေလးကို ေက်ာင္းေစာေစာပို႔လို႔ရပါတယ္... ထပ္ေျပာရဦးမယ္ မင္းရဲ႕ ဟင္းပြဲက ေတာ္ေတာ္ေလးကို အရသာရွိတယ္ ေနာက္တစ္ခါက်ရင္ ထပ္စားခ်င္ေသးတယ္

ကုန္သည္က်င္းက ပညာရွင္ႀကီးယြမ္ ထြက္ခြာေတာ့မွာကို ျမင္တာနဲ႔ သူက အလ်င္အျမန္ အေရွ႕ထြက္လာၿပီး ယဥ္ေက်းစြာနဲ႔ သူရဲ႕ အိတ္ကို ကူသယ္ေပးေလတယ္။ ဆရာယြမ္ရဲ႕ စိတ္အေျခအေန ေတာ္ေတာ္ေလး ေကာင္းေနပုံေပၚတာနဲ႔ စိုးရိမ္တႀကီးနဲ႔ ေျပာလိုက္ေတာ့တယ္
ဆရာ အားလုံးက ကြၽန္ေတာ့္အမွားပါ ကြၽန္ေတာ္တို႔ မိသားစုက ကုန္သည္ျဖစ္တာ မ်ိဳးဆက္(၆)ဆက္ရွိၿပီ ကြၽန္ေတာ္ သက္လတ္ပိုင္းေလာက္မွ သားေလးတစ္ေယာက္ရခဲ့တာမလို႔ က်ိဳးအာကို တုန္ေနေအာင္ခ်စ္ရတာေလ ကြၽန္ေတာ္ေျပာင္းလဲမွာပါ ေရွ႕ေလ်ာက္ ကြၽန္ေတာ္ရေအာင္ ေျပာင္းလဲမွာပါ... က်ိဳးအာကို ေက်ာင္းေတာ္ကေန ထုတ္ပယ္လိုက္ကတည္းက သူမစားမေသာက္ဘဲ ေနေနတာ ၿပီးခဲ့တဲ့ေဆာင္းတြင္းတုန္းက ေသလုနီးပါးပဲ... ျဖစ္ႏိုင္ရင္ေလ...သူ႔ကို ေနာက္ထပ္ အခြင့္အေရးေလး ေပးလို႔ရမလား

ယြမ္စီန်န္က သူ႔ရဲ႕ေရွ႕က ခမ္းနားႀကီးက်ယ္လွတဲ့လွည္းကို တိတ္တဆိတ္ၾကည့္လိုက္ၿပီး သူ႔ကို ေခါင္းအစ ေျခအဆုံး မ်က္စိတစ္ခ်က္ ေဝ့ၾကည့္လိုက္တယ္။ ၿပီးတဲ့ေနာက္ သူက ေျပာလိုက္တယ္
စမ္းသပ္စစ္ေဆးမႈေတြနဲ႔ ဆင္းရဲဒုကၡေတြကို မျဖတ္ေက်ာ္ႏိုင္တဲ့ လူတစ္ေယာက္က ဂုဏ္က်က္သေရနဲ႔ ေအာင္ျမင္မႈကို မရရွိႏိုင္ဘူး ပညာရွင္တစ္ေယာက္က အၿမဲခက္ခဲၿပီး အက်ိဳးအျမတ္မရရွိတဲ့ အလုပ္ကိုပဲ လုပ္ရတယ္ ၿခိဳးၿခံေခြၽတာေနၿပီးရင္ သုံးျဖဳန္းလိုက္ဖို႔လြယ္ေပမဲ့ စည္းစိမ္ဥစၥာေတြနဲ႔ အသားက်ေနၿပီးရင္ ၿခိဳးၿခံေခြၽတာဖို႔ ခက္ခဲသြားလိမ့္မယ္ ငါေနာက္ထပ္ အခြင့္အေရးတစ္ခုထပ္ေပးမယ္... ဒါေပမဲ့ က်င္းဝိန္က်ိဳးသာ အခက္အခဲေတြကို ခံႏိုင္ရည္မရွိဘူးဆိုရင္ အခုကတည္းက ထြက္သြားတာ ပိုေကာင္းလိမ့္မယ္

သူလုပ္ႏိုင္ပါတယ္! သူလုပ္ႏိုင္မွာပါ!! က်ိဳးအားေလးက ေသခ်ာေပါက္ အခက္အခဲေတြကို သည္းခံႏိုင္ပါတယ္!! ေက်းဇူးတင္ပါတယ္ ဆရာယြမ္ ေက်းဇူးတင္ပါတယ္...
ကုန္သည္က်င္းရဲ႕ႀကိဳးပမ္းမႈက ေနာက္ဆုံးမွာ သူလိုခ်င္တဲ့ ရလဒ္ကို ရလိုက္တာေၾကာင့္ သူ႔မ်က္ႏွာမွာ မ်က္ရည္ေတြ ခ်က္ခ်င္း စီးက်လာေတာ့တယ္။ သူက အလြန္ေပ်ာ္႐ႊင္ေနတာေၾကာင့္ ပညာရွိႀကီးကို ထပ္ခါထပ္ခါ ေက်းဇူးတင္ေနေတာ့တယ္။

ေပ်ာ္႐ႊင္ေက်နပ္သြားတဲ့ ကုန္သည္က်င္းက ပညာရွင္ႀကီးကို လိုက္ပို႔ၿပီးတဲ့အခါမွာေတာ့ ဆူညံ ပ်ားပန္းခတ္ေနတဲ့ ဆိပ္ကမ္းကေန ထြက္ခြာသြားေတာ့တယ္။သူမက သူတို႔ရဲ႕ စိတ္ဆႏၵကို ျဖည့္ဆည္းေပးလိုက္ၿပီး ေပ်ာ္႐ႊင္မႈေတြရေစႏိုင္လိုက္တဲ့သူသာ ျဖစ္တယ္...

ပညာရွိႀကီးယြမ္စီန်န္က ထန္ကူဆိပ္ကမ္းကို မၾကာခဏလာလည္ေလ့ရွိသူ ျဖစ္တယ္။ သူက တစ္ခါတစ္ေလ ၿမိဳ႕ကေန ဆိပ္ကမ္းကို ျမင္းလွည္းနဲ႔ ႏွစ္နာရီေလာက္စီးလာၿပီး ၾကမ္းတမ္းတဲ့ ဆိပ္ကမ္းအလုပ္သမားေတြနဲ႔ အစားအစာေတြကို လုယက္ေလ့ရွိေသးတယ္။ ဟဲ ဟဲ ဒါေပါ့ သူ႔ကို အသားႏွပ္ဝယ္ဖို႔အတြက္ အလုပ္သမားေတြနဲ႔ တိုးေဝွ႔ တြန္းထုတ္ဖို႔ ခြင့္မျပဳခဲ့ပါေခ်။ ၿပီးတဲ့ေနာက္မွာေတာ့ သူ႔ေမာင္ငယ္ေလးရဲ႕ ဆရာေလးျဖစ္လာခဲ့ၿပီေလ...

အေဖ! အေမ! သားတို႔ ဒီေန႔ ေက်ာင္းေတာ္က အစ္ကိုေရွာင္းဝိန္ေလးစားရတဲ့ ဆရာကို ေတြ႕ခဲ့တယ္ သူက သားကို ေက်ာင္းမွာ စာသင္ဖို႔ ဝင္ခြင့္လည္းျပဳလိုက္တယ္
ရွီထုန္ေလးက အိမ္ကို သြားတဲ့ လမ္းတစ္ေလွ်ာက္မွာ စိတ္လႈပ္ရွားေနခဲ့ၿပီး ေရွာင္ေခ်ာင္းအား သူၿမိဳ႕ကိုသြားၿပီး ေက်ာင္းမွာ တကယ္စာသင္လို႔ ရလားဆိုၿပီး မရပ္မနားေမးေနေတာ့တယ္။ သူက ဒါတစ္ကယ္ပဲလား လို႔ အႀကိမ္ႀကိမ္ေမးေနခဲ့တာေၾကာင့္ ေရွာင္ေခ်ာင္းမွာ တစ္ၿပိဳင္နက္တည္း ရယ္လည္းရယ္ခ်င္မိသလို စိတ္မေကာင္းလည္း ျဖစ္မိသြားတယ္။

ထင္းေတြကို ခုတ္ပိုင္းေနတဲ့ ယြီဟိုင္က သူတို႔ျပန္လာတာေတြ႕ေတာ့ လုပ္လက္စကို ရပ္ထားလိုက္ေတာ့တယ္။ သူက ထြက္လာၿပီး သူ႔သမီးလက္ထဲက ျခင္းေတာင္းအေလးႀကီးကို သယ္လိုက္ရင္း သူ႔သားရဲ႕ ဆံပင္ေလးေတြကို ဖြလိုက္တယ္။ သူ႔ရဲ႕ မ်က္ႏွာေပၚက အၿပဳံးေလးမွာ အကူအညီမဲ့မႈေတြနဲ႔ အျပစ္ရွိစိတ္ေတြနဲ႔ ျပည့္ေနရင္း
ရွီထုန္ မင္းစာအရမ္းသင္ခ်င္တာကို အေဖသိပါတယ္ ဒါေပမဲ့ အခုလက္ရွိ မိသားစု အေျခအေနေတြက မင္းကို လႊတ္ဖို႔ သိပ္အေျခအေန မေကာင္းေသးဘူး... မင္းက အခုေတာ္ေတာ္ေလးငယ္ပါေသးတယ္ ေက်ာင္းေတာ္ကို သြားဖို႔ ေနာက္ႏွစ္ေလာက္ထိ ေစာင့္ရေအာင္ေလ အဆင္ေျပတယ္မလား

သူတို႔ရဲ႕ အိမ္နီးနားခ်င္း ခ်န္းမိသားစုရဲ႕ အႀကီးဆုံးသားက ၿမိဳ႕ရဲ႕ နာမည္အႀကီးဆုံးေက်ာင္းေတာ္မွာ စာေမးပြဲေအာင္ၿပီး တက္ခြင့္ရခဲ့တယ္။ တုန္ရွန္း႐ြာထဲမွာေတာ့ စဥ္းစားလို႔ေတာင္ မရႏိုင္ခဲ့တဲ့ သတင္းတစ္ခု ျဖစ္ခဲ့တယ္။ ႐ုံ႐ႊမ္ေက်ာင္းေတာ္က ဖြင့္လွစ္ခဲ့တဲ့ ဆယ္ႏွစ္တာအတြင္း ေတာ္ဝင္နန္းတြင္းစာေမးပြဲမွာ ဒုတိယေနရာရရွိခဲ့သူတစ္ဦး၊ တတိယေနရာရရွိခဲ့သူ တစ္ဦးတို႔ျဖစ္တဲ့ အမွတ္ျမင့္ေက်ာင္းသားႏွစ္ဦးကို သင္ၾကားေပးခဲ့ေလတယ္။ ႐ြာသားအားလုံးက ခ်န္းမိသားစုကေတာ့ ရာထူးျမင့္ျမင့္ အရာရွိတစ္ဦးေမြးထုတ္ႏိုင္ေတာ့မယ္ဆိုၿပီး ေျပာၾကတယ္။
ကံေကာင္းစြာနဲ႔ ခ်န္းမိသားစုကလည္း ဝင္ေၾကးေပးဖို႔အတြက္ ဘဲအေကာင္၂၀၀ ေလာက္ကို ေမြးႏိုင္ခဲ့တယ္။ ဘဲဥေတြနဲ႔ ဘဲသားေတြကို ၿမိဳ႕ထဲက စားေသာက္ဆိုင္ေတြမွာ ေရာင္းရင္းနဲ႔ ေငြအခ်ိဳ႕ ရရွိခဲ့ေလတယ္။ မဟုတ္ရင္ တစ္လကို တစ္လ်န္ေလာက္ရွိတဲ့အတန္းကို သူတို႔တက္ႏိုင္မွာ မဟုတ္ေပ။ ဒီ႐ြာမွာ ရွိတဲ့ မိသားစုအမ်ားစုက အဲ့ေလာက္အမ်ားႀကီး ဘယ္ေတာ့မွ တတ္ႏိုင္မွာ မဟုတ္ေပ။

မိသားစုမွာ အပိုတစ္လ်န္ေလာက္သုံးလိုက္လို႔ရေပမဲ့ လက္ရွိသူတို႔ရဲ႕ အေျခအေနက ေရွာင္ေခ်ာင္းသာ အသားႏွပ္ေတြကို ႏွစ္ရက္ေလာက္ မေရာင္းလိုက္ရရင္ ေငြစ သုံးရာေလာက္ကို ကုတ္ကပ္ရွာေနရ ေလာက္ေအာင္ ဆိုး႐ြားေနေလတယ္။ အာ သူက သူ႔ကေလးရဲ႕ ေက်ာင္းသြားခ်င္တဲ့ ဆႏၵကို မျဖည့္ဆည္း ေပးႏိုင္ေလာက္ေအာင္ကို အသုံးမက်တဲ့ အေဖတစ္ေယာက္ျဖစ္ေနၿပီပဲ...

ေရွာင္ေခ်ာင္းက သူမအေဖ သူ႔ကိုယ္သူ အျပစ္တင္ေနတာကို သတိထားမိတာေၾကာင့္ အေရွ႕ကို ေလွ်ာက္ သြားလိုက္ၿပီး သူ႔အေဖရဲ႕လက္ကို ညင္ညင္သာသာေလး ဆြဲလိုက္တယ္။ သူမက ၿပဳံးလိုက္ၿပီး
ဒီေန႔ ႐ုံ႐ႊမ္ေက်ာင္းအုပ္ႀကီးက သမီးရဲ႕အသားႏွပ္အရသာကို သေဘာေတြ႕သြားတာေလ သူက သမီးတို႔အတြက္ ေက်ာင္းလခကို အခုဆိုင္းငံ့ေပးထားၿပီး ေနာက္မွ အေႂကြးေပးလို႔ရပါတယ္လို႔ ကတိေပးထားတယ္။ ေက်ာင္းေတာ္စာေမးပြဲေန ထူးခြၽန္တဲ့ေက်ာင္းသားေတြကို မၾကာမၾကာေ႐ြးထုတ္ၿပီး ေကာင္းေကာင္း လုပ္ႏိုင္တဲ့သူေတြအတြက္ ေက်ာင္းလခလည္းေလွ်ာ့ေပးတယ္လို႔ ေက်ာင္းအုပ္ႀကီးက ေျပာလိုက္ေသးတယ္။ စာေမးပြဲက သုံးလတစ္ခါ က်င္းပေလ့ရွိတယ္။ ရွီထုန္ေလး ႀကိဳးစားေနသေ႐ြ႕ သမီးတို႔လုပ္ရမွာက သူ႔အတြက္ သုံးလစာေငြကို စုေဆာင္းဖို႔ပဲ... စိတ္မပူပါနဲ႔ အေဖ အေဖ့ရဲ႕ေျခေထာက္ေတြ လုံးဝ ျပန္ေကာင္းသြားရင္ တိရစာၦန္ေတြေမြးဖြားတဲ့ ရာသီလည္း ေက်ာ္ေလာက္ၿပီဆိုေတာ့ အေဖလည္း အမဲလိုက္ၿပီး မိသားစုကို ျပန္ေထာက္ပံ့ႏိုင္မွာပါ ေနာက္တစ္လေလာက္ဆိုရင္ သမီးတို႔ရဲ႕ အသီးအ႐ြက္ေတြလည္း ေဈးမွာ သြားေရာင္းလို႔ ရေနေလာက္ၿပီ သုံးလစာကို မၾကာခင္ေတာင္ စုေဆာင္းႏိုင္ေတာ့မယ္ မဟုတ္ဘူးလား

ယြီဟိုင္က အခုထိ အေလးခ်ိန္အမ်ားႀကီးမသယ္ႏိုင္ေသးတဲ့ သူရဲ႕ေျခေထာက္ကို ပြတ္သပ္လိုက္ရင္း သက္ျပင္းဖြဖြခ်လိုက္ေတာ့တယ္။ ေရွာင္ေခ်ာင္းက ေန႔တိုင္း ႏွိပ္ႏွယ္ ေပးေနတာမလို႔ သူ႔ေျခေထာက္ေတြက ေတာ္ေတာ္ေလး ျပန္ေကာင္းေနၿပီျဖစ္တယ္။ အခုသူက လမ္းေလွ်ာက္ဖို႔ ခ်ိဳင္းေထာက္ကို ထပ္အသုံးျပဳစရာမလိုေတာ့ေပ။ အိမ္ပတ္ဝန္းက်င္က ပုံမွန္အလုပ္အခ်ိဳ႕ကိုေတာင္ ျပန္လုပ္ႏိုင္ေနၿပီပင္။

ယခင္က ၿမိဳ႕ကဆရာဝန္က သူ႔ကိုေသသြားခ်င္ေလာက္ေအာင္ကို ျဖစ္ေစခဲ့တဲ့ ေျခေထာက္က ကုသလို႔ မရႏိုင္ေတာ့ဘူး ဆိုတဲ့ စကားကို ေျပာခဲ့တယ္။ သူ႔ေျခေထာက္ ဒီေလာက္အထိျပန္ေကာင္းလာတာမလို႔ တုန္းရန္ေဆးခန္းက သမားေတာ္ကေတာင္မွ မယုံႏိုင္ေအာင္ျဖစ္ေနခဲ့တယ္။ တကယ္ေတာ့ ဒီေလာက္အေျခအေနနဲ႔တင္ ေရာင့္ရဲသင့္ပါတယ္။ ဒါေပမဲ့ သူ႔ေျခေထာက္လုံးလုံး ျပန္ေကာင္းဖို႔နဲ႔ ေတာင္ေပၚမွာ အမဲျပန္လိုက္ႏိုင္ဖို႔က မျဖစ္ႏိုင္ေပမဲ့ သူ႔ႏွလုံးသားထဲက ေတာင့္တမိတဲ့ ဆႏၵအစစ္အမွန္ပဲ။

ေရွာင္ေခ်ာင္းက သူ႔အေဖ ေခါင္းကိုငုံ႔ၿပီး တစ္စုံတစ္ရာကို နက္နက္နဲနဲေတြးေနတာကို ျမင္ေတာ့ သူမ အာ႐ုံကို ရွီထုန္ေလးဘက္ လွည့္လိုက္ေတာ့တယ္။ သူမက သူ႔ရဲ႕ တျဖည္းျဖည္းနဲ႔ အသားျပည့္လာၿပီ ျဖစ္တဲ့ မ်က္ႏွာေလးကို ပြတ္သပ္လိုက္ရင္း ၿပဳံးျပလိုက္တယ္
ငါတို႔ရွီထုန္ေလးက ရက္နည္းနည္းေလာက္ေတာ့ ေစာင့္ရမယ္ေနာ္ မမက ပိုက္ဆံစုၿပီးရင္ အသစ္စက္စက္အဝတ္ေတြနဲ႔ ေက်ာင္းတက္ႏိုင္ေအာင္လို႔ အဝတ္ႏွစ္ထည္ ခ်ဳပ္ေပးမယ္။ အိမ္နီးနားခ်င္းအစ္ကို ေရွာင္းဝိန္ျပန္လာရင္ ေက်ာင္းအတြက္ျပင္ဆင္ဖို႔ လိုအပ္တာေတြကို သူ႔ကို ေမးၾကတာေပါ့ ေသခ်ာေပါက္ ငါတို႔ပညာရွိေလး ယြီဖန္းကို အဲ့ဒီမွာ အႏိုင္က်င့္ မခံေစရဘူး

ရွီထုန္ေလးက ပညာရွိေလး ယြီဖန္း ဆိုတဲ့ နာမည္ကို ေတာ္ေတာ္ေလး သေဘာက်ေနၿပီး ေပ်ာ္႐ႊင္စြာနဲ႔ ရယ္ေနေတာ့တယ္
ဒုတိယအစ္မ! မမက ဘာကိုမွ ျပင္ဆင္ေပးစရာ မလိုေတာ့ပါဘူး အစ္ကို ေရွာင္းဝိန္ ေျပာတာကို သားၾကားၿပီးၿပီ ေက်ာင္းေတာ္မွာ ေက်ာင္းသားေတြေနဖို႔ ေနရာနဲ႔ စားဖို႔ေနရာလည္း ရွိတယ္တဲ့ သားအတြက္လည္း အဝတ္အသစ္ေတြ လုပ္ေပးဖို႔ မလိုပါဘူး ေက်ာင္းေတာ္ကလူေတြက ဆင္းရဲတဲ့သူေတြကိုမဟုတ္ပဲ မယဥ္ေက်းတဲ့သူေတြကိုသာ အထင္အျမင္ေသးၾကတာပါ သား ေကာင္းေကာင္း လုပ္ေနသေ႐ြ႕ ဘယ္သူမွ သားကို အထင္ေသးရဲမွာ မဟုတ္ပါဘူး

ဟမ္း သူတို႔က ဆင္းရဲ႕တဲ့သူေတြကို မဟုတ္ဘဲ မယဥ္ေက်းတဲ့သူေတြကိုပဲ ရယ္တာ ဆိုတဲ့ စကားက အစ္ကိုေရွာင္းဝိန္ဆီကေန သင္ခဲ့တာေပါ့ ေမာင္ေလး မင္းလည္း မမတို႔စီပြားေရးဘယ္ေလာက္ေကာင္းလဲ ဆိုတာ ျမင္ေနတာပဲမလား အခု မင္းအတြက္ အဝတ္သစ္လုပ္ေပးတာက ေရပုံးထဲက ေရစက္တစ္စက္ေလာက္ပဲ ရွိတယ္လို႔ မထင္မိဘူးလား ထပ္ေျပာမေနတာ့ပါဘူး ငါတို႔ပိုက္ဆံအိတ္ကို ထုတ္ၿပီး ငါတို႔ ဒီေန႔ငါတို႔ ဘယ္ေလာက္ရခဲ့လဲ ေရၾကည့္လိုက္
သူတို႔ အိမ္ကို လမ္းေလွ်ာက္ျပန္ေနစဥ္မွာ ေကာင္ငယ္ေလးက ပိုက္ဆံအိတ္အေလးႀကီးကို အျပန္လမ္းတစ္ေလွ်ာက္လုံး ခံစားမိေနခဲ့တယ္။ သူ႔မ်က္ႏွာေပၚမွာ ေမး႐ိုးကြဲမတက္ အၿပဳံးေလးတစ္ခု ေပၚလာၿပီး ေငြလုယက္သူေလးနဲ႔ေတာင္ တူေနေတာ့တယ္။

အမ်ိဳးသမီးလ်ိဳနဲ႔ ေရွာင္လ်န္က သူတို႔ရဲ႕ ပန္းထိုးအထည္ေတြကို ခ်ထားလိုက္ၿပီး ဝက္ေခါင္းသားနဲ႔ အူေတြထည့္ထားတဲ့ ျခင္းေတာင္းကို ယူလိုက္တယ္။ သူတို႔က ေရွာင္ေခ်ာင္းကို ၿပဳံးျပလိုက္ၿပီး
ခဏေလာက္ သြားနားလိုက္ဦး သန႔္ရွင္းတာေတြကို ငါတို႔လုပ္လိုက္မယ္ ဟုတ္ၿပီလား ေကာင္းေကာင္းနားပါ ငါတို႔က ဟင္းခတ္အေမႊးအႀကိဳင္ေတြ လုပ္တဲ့ေနရာမွာ ကူညီမေပးႏိုင္ေပမဲ့ အရာအားလုံးမွာ ေသခ်ာေပါက္ မင္းရဲ႕ လက္ေထာက္ အျဖစ္ေနေပးမွာပါ

ေရွာင္ေခ်ာင္းကလည္း သူတို႔ကို ေပ်ာ္႐ႊင္စြာနဲ႔ ထိုခက္ခဲတဲ့အလုပ္ကို လုပ္ခြင့္ျပဳလိုက္ၿပီး အားရဝမ္းသာစြာနဲ႔ ရွီထုန္ေလးနဲ႔အတူ ေငြေတြကို ေရတြက္ေနေတာ့တယ္။ သူတို႔ရဲ႕ ဒီေန႔ ရလဒ္က မေန႔ကထက္ လုံးဝပိုမ်ား ေလတယ္။ သူတို႔ အသားႏွပ္အားလုံးအတြက္ စုစုေပါင္း ေၾကးျပား တစ္ရာ့သုံးဆယ္ဖိုး ေရာင္းရခဲ့တယ္။ သူတို႔ကို ကုန္သည္က်င္းေပးတဲ့ ေငြတုံးတစ္တုံးကိုပါ ေပါင္းလိုက္ရင္ ေၾကးဒဂၤါးႏွစ္ရာေလာက္ စုမိေလတယ္။
ဒီေန႔ ဆိပ္ကမ္းမွာ ၿမိဳ႕ထဲက ပစၥည္းေတြရဲ႕ ေဈးႏႈန္းေတြကို စုံစမ္းၾကည့္ခဲ့တယ္။ ေဈးထဲမွာ အိမ္တြင္းျဖစ္ အထည္လိပ္ တစ္လိပ္ကို ေၾကးဒဂၤါးႏွစ္ရာကေန သုံးရာ့ေလးဆယ္ဝန္းက်င္ေလာက္ ေရာင္းတယ္။ သူတို႔သာ ပိတ္စ ေပအနည္းငယ္ေလာက္နဲ႔ ဝါဂြမ္းတစ္က်င္းေလာက္သာရရင္ ရွီထုန္ေလးအတြက္ ဂြမ္းကပ္အက်ႌ ႏွစ္ထည္ေလာက္ရႏိုင္တာမလို႔ ေငြေၾကးျပႆနာရွိမွာ မဟုတ္ေပ။ သို႔ေသာ္လည္း သူတို႔မွာ လက္ရွိ ပညာသင္သုံးပစၥည္းေလးမ်ိဳးျဖစ္တဲ့ မင္၊ စုတ္တံေတြ၊ စာ႐ြက္ေတြနဲ႔ မင္တုံးေတြဝယ္ဖို႔ ပိုက္ဆံအလုံအေလာက္ မရွိေသးေပ။ အဲ့ဒီပစၥည္းေတြက ေတာ္ေတာ္ေလး ေဈးႀကီးတယ္လို႔ သူမၾကားဖူးတယ္။
ၾကည့္ရတာေတာ့ သူတို႔ ရက္နည္းနည္းေလာက္ ပိုႀကိဳးစားလုပ္ဖို႔ လိုမယ္ထင္တယ္။ ေရွာင္ေခ်ာင္းက ေငြအပုံႀကီးကို စိုက္ၾကည့္ေနၿပီး ပိုက္ဆံရွာႏိုင္ဖို႔အတြက္ တျခားအႀကံဉာဏ္ေတြရဖို႔ သူမဦးေႏွာက္ကို အလုပ္ေပးေနေတာ့တယ္။

ဒုတိယအစ္မ မေန႔ကရခဲ့တဲ့ အဝါေရာင္ငါးပုတ္သင္ေလးေတြကိုႏွပ္ၿပီး ေရာင္းလို႔ရေလာက္လား ဆိပ္ကမ္းက ဦးေလးႀကီးေတြက သားတို႔ကို ေန႔လည္မွာလည္း ေရာင္းႏိုင္မလားလို႔ ေမးေနတာ
ရွီထုန္ေလးကလည္း ေရွာင္ေခ်ာင္းႀကဳံေနရတဲ့ ျပႆနာကို ေျဖရွင္းႏိုင္ဖို႔ စဥ္းစားေနေလတယ္။

ေန႔စဥ္ ေၾကးဒဂၤါးႏွစ္ရာေလာက္ရရွိျခင္းက သူ႔ကို ခ်ိဳၿမိန္တဲ့ ေအာင္ျမင္မႈအရသာကို ေပးေလတယ္။ သူတို႔သာ ဒီအတိုင္းဆက္သြားႏိုင္မယ္ဆိုရင္ ငါးရက္၊ ေျခာက္ရက္ေလာက္ေနရင္ အတန္းေၾကးေပးဖို႔ လုံလုံ ေလာက္ေလာက္ရႏိုင္တယ္။ အိမ္မွာ တည္ၿငိမ္တဲ့ဝင္ေငြရွိေနရင္ သူလည္း ေက်ာင္းေတာ္မွာ သက္ေတာင့္သက္သာနဲ႔ စာသင္ႏိုင္မွာျဖစ္တယ္။ သူတို႔ တစ္ေန႔ကို ေဈးကေန ဝက္ေခါင္းတစ္ခုနဲ႔ ဝက္တစ္ေကာင္တန္ဖိုးရွိ အူေတြကိုပဲ ဝယ္ႏိုင္တာကေတာ့ ႏွေျမာစရာပင္။ ဒီပစၥည္းေတြနဲ႔ တစ္မနက္လုံးစာ အသားႏွပ္ရဖို႔ မေလာက္ပါေခ်။

အဝါေရာင္ငါးပုတ္သင္? တကယ္ေတာ့ သူမဒီငါးအမ်ိဳးအစားကို ျပင္ဆင္နည္းအခ်ိဳ႕ သိထားေလတယ္: ငါးပုတ္သင္ေျခာက္ေၾကာ္နည္း ေလးေလး ေလးနဲ႔ ႂကြပ္တဲ့ ငါးပုတ္သင္လုပ္နည္း ငါးပုတ္သင္ခ်ိဳခ်ဥ္ လုပ္နည္း ...ဒီဟင္းပြဲအမ်ိဳးအစားေတြ အားလုံးက အရမ္းအရသာ ရွိေပမဲ့ ျပဳလုပ္ဖို႔ အခ်ိန္နဲ႔ လုံ႔လ အမ်ားႀကီးလိုအပ္တယ္။ ၿပီးေတာ့လည္း အဝါေရာင္ငါးပုတ္သင္ေတြအျပင္ လုပ္နည္းမွာ သုံးမယ့္ ဟင္းခပ္အေမႊးအႀကိဳင္နဲ႔ ဆီေတြ ဝယ္ဖို႔ ပိုက္ဆံသုံးရလိမ့္မယ္။ သူတို႔သာ ေၾကးျပားတစ္ျပားကို ႏွစ္ခုဆီႏႈန္းနဲ႔ ေရာင္းၿပီး ကုန္က်စရိတ္ကို ျပန္ႏႈတ္လိုက္ရင္ သူတို႔အတြက္ အျမတ္ဘယ္ေလာက္မွ မက်န္မွာကို သူမေျပာရဲတယ္...

***

[Unicode]
အပိုင်း ၈၅ (တပည့်တစ်ယောက်အဖြစ်လက်ခံခြင်း)

ရှီထုန်လေးက ယုံကြည်မှုအပြည့်နဲ့ လက်ချောင်းထိပ်လေးကို ရေထဲမှာနှစ်လိုက်ပြီး သူ့နာမည်ကို သစ်သားစားပွဲပေါ်မှာ ယွီဖန်း ဆိုပြီး အကြီးကြီး ရေးလိုက်တော့တယ်။

ယွမ်စီနျန်က အသားနှပ်ကို ပျော်ရွှင်မှုအပြည့်နဲ့ စားနေရင်း ကောင်ငယ်လေး ရေးနေတာကို မမှိတ်မသုန် စိုက်ကြည့်နေလေတယ်။ ကောင်ကလေးရဲ့ လက်ရေးလက်သားက ထူးခြားပြီး သားနားတာကို တွေ့တော့ သူကပြုံးလိုက်ပြီး
မဆိုးဘူးပဲ ဒီကလေးက သင်ကြားတာကို ကောင်းကောင်း လိုက်လုပ်နိုင်ပုံပဲ ယွီဖန်း မင်းငါနဲ့အတူ ရုံရွှမ်ကျောင်းတော်မှာ လိုက်ပြီး စာသင်ချင်လား

ကုန်သည်ကျင်းက သူတို့ပြောနေတာကို ဘေးမှာ နားထောင်နေရင်းနဲ့ သူ့စိတ်ထဲမှာ မနာလို ဝန်တိုမှုတွေ ပြည့်နှက်နေတော့တယ်။ ဒီကောင်ကလေးက အတော်လေး ကံကောင်းတာပဲ။ သူ့မှာ အချက်အပြုတ် ကျွမ်းကျင်တဲ့ အစ်မတစ်ယောက်လည်း ရှိသေးတယ်။ ကောင်လေးက သူ့နာမည်ဘယ်လိုရေးရမလဲ ဆိုတာကိုသာ သိပေမဲ့ ကြီးမြတ်တဲ့ ပညာရှင်ယွမ်ကိုယ်တိုင်က ကျောင်းတော်ကိုလာဖို့ သူ့ကို ဖိတ်ခေါ်တယ်။ တစ်ဖက်မှာတော့ သူ့သားက အထူးချွန်ဆုံးသူတစ်ယောက်တော့ မဟုတ်ပေမဲ့ ကျောင်းတော်ကိုဝင်ဖို့ သူ့ကိုယ်ပိုင်အရည်အချင်းကိုသာ မှီခိုနေရတယ်။ အဲ့ဒါသူ့ကြောင့် နောင်တတွေရလိုက်တာ အား သူရဲ့အပြုအမူတွေအတွက် အလွန်နောင်တရနေတော့တယ်။

ရှီထုန်လေးက အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်ပြီး အပြုံးလေးတစ်ခု ပေါ်ထွက်လာတော့တယ်
ဖိုးဖိုးရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ် ဒါပေမဲ့ အတန်းတက်ဖို့ အတွက် ကျွန်တော်တို့မှာ ငွေလုံလုံလောက်လောက် မရှိသေးပါဘူး ပိုက်ဆံလုံလုံလောက်လောက်ရှိမှ မြို့ထဲမှာ ဖိုးဖိုးကို လာရှာပါ့မယ်

ကုန်သည်ကျင်းက သူတို့ကို အမြန်သတိပေးလိုက်တယ်
ဆရာယွမ်က ဒီအချိန်အခါမှာ ကျော်ကြားတဲ့ ပညာရှင်ပဲ သူဖွင့်ထားတဲ့ ရုံရွှမ်ကျောင်းတော်က မင်မင်းဆက်ကြီးတစ်ခုလုံးရဲ့ အကောင်းဆုံးကျောင်းတွေ ထဲကတစ်ခုပဲ အဲ့ဒီမှာတက်ချင်ပေမဲ့ လက်မခံလို့ မတက်ရတဲ့သူတွေမှ အများကြီးပဲ... ကောင်ကလေး ဒီလိုအခွင့်အရေးကို လက်လွှတ်မခံနဲ့

ဝိုး ဆရာက အရမ်းမိုက်တာပဲ!! ကျွန်တော်က နောက်ကျရင် ဆရာ့လိုမျိုး လူအများက လေးစားရတဲ့ သူတစ်ယောက် ဖြစ်လာချင်တာ
ရှီထုန်လေးက ယွမ်စီနျန်ကို လေးစားမှုအပြည့်နဲ့ ကြည့်ရင်း ဆိုလာတယ်။ သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ်နဲ့ ထူးချွန်ထက်မြက်လှတဲ့ ကောင်ငယ်လေးက အလွန်လေးစားရတဲ့ သူတစ်ယောက်ကို ရှာတွေ့ခဲ့လေပြီ။

ဟားဟား! ကောင်ကလေး ငါ့လိုဖြစ်ချင်ရတဲ့ အကြောင်းအရင်းကဘာလဲ မင်းရဲ့မိဘတွေနဲ့ မောင်နှမတွေက မင်းကို ဘယ်တော့မှ အထင်မသေးအောင်နဲ့ ထပ်အနိုင်မကျင့်အောင်လို့ ရာထူးမြင့်တဲ့ အမှုထမ်းတစ်ယောက် ဖြစ်လာချင်တာလား
ယွမ်စီနျန်က စိတ်အခြေအနေကောင်းနေတာကြောင့် ဟားတိုက်ရယ်မောနေတော့တယ်။ ကလေးဆန်ဆန် စကားပြောဆိုခြင်းက ကလေးတစ်ယောက်ရဲ့ စိတ်နှလုံးသားကို ထုတ်ဖော်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းပင်။

ရှီထုန်လေးရဲ့ မျက်နှာဝိုင်းလေးက သူ့စိတ်ထဲမှာ ဝရုန်းသုန်းကားဖြစ်ပြီး ပူပန်မှုကြောင့် တွန့်ချိုးသွားကာ ပြောလိုက်တယ်
အဲ့ဒါဆို... ဖိုးဖိုးပြောတဲ့အတိုင်း အရာရှိတစ်ယောက်ဖြစ်လာတာလည်း မဆိုးပါဘူး။ ကျွန်တော်က ဖိုးဖိုးလိုမျိုး အားလုံးက ကျွန်တော့်ကို လေးစားစေချင်တာဆိုပေမဲ့ ရာထူးမြင့်တဲ့ အရာရှိတစ်ယောက်ဖြစ်လာပြီး ကျွန်တော့်မိဘတွေနဲ့ အစ်ကိုအစ်မတွေကို သက်တောင့်သက်သာလည်း နေနိုင်စေချင်တယ်။ ကျွန်တော် တအားလောဘကြီးသလိုများ ဖြစ်သွားသလား

ယွီရှောင်ချောင်းက သူ့စကားလုံးတွေက တအားရယ်ရတယ်လို့ ခံစားရဝာာကွောင့ျ ခေါင်းကို ခေါက်လိုက်ပြီး ပြောလိုက်တယ်
မင်းက ကျောင်းကို ဝင်တောင် မဝင်ရသေးဘူး ရှေ့လျောက် ဖြစ်မှာတွေကို အဝေးကြီး ကြိုတွေးနေပြီပေါ့ ငါမင်းကို ကျောင်းကိုလွှတ်ချင်တဲ့ အကြောင်းအရင်းက ဗဟုသုတကြွယ်ဝပြီး ပညာတတ်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာစေချင်လို့ပဲ မင်းမှုထမ်းတစ်ယောက်ဖြစ်ဖို့ လွယ်တယ်များထင်နေလား တော်ဝင်စာမေးပွဲတွေအများကြီး ဖြေနိုင်ဖို့ လိုသေးတယ်။ မင်းရဲ့ ဦးလေးငယ်ကိုပဲကြည့်ပါ့လား သူက ဆယ်နှစ်ကျော်လောက် လေ့လာခဲ့ပေမဲ့ ပြည်နယ်အဆင့် စာမေးပွဲကိုတောင် မအောင်သေးဘူး မင်းမှာ ခေါင်းကြီးကြီးရှိနေရင် ဦးထုပ်ကြီးကြီးဆောင်းနေရမှာပဲ အရမ်းကြီး စိတ်ကြီးမဝင်မိစေနဲ့ မဟုတ်လို့ ရှုံးနိမ့်ခဲ့ရင် မင်းပဲပိုနာကျင်ရလိမ့်မယ်

ယွမ်စီနျန်က သူ့ရဲ့တူကို ချထားလိုက်တယ်။ သူက အားရပါးရနဲ့ အသားအားလုံးကို စားပြီးတဲ့နောက် အားရကျေနပ်စွာ မုတ်ဆိတ်မွေးကို ပွတ်သတ်နေတော့တယ်။ သူက ပြုံးပြီး ပြောလိုက်တယ်
ကောင်ကလေး မင်းအစ်မပြောတာတွေက မှန်တော့မှန်ပါတယ်... ဒါပေမဲ့ လူဖြစ်တဲ့ ငါတို့တွေက ဦးတည်ရမယ့် ပန်းတိုင်နဲ့ အိမ်မက်ဆိုတာတော့ ရှိနေရမှာပဲလေ လက်တွေ့ကျတဲ့ ပန်းတိုင်တစ်ခုတော့ ဖြစ်ဖို့တော့လိုတာပေါ့ အခြေအမြစ်မရှိတဲ့ စိတ်ကူးအိမ်မက်တွေနဲ့ ကြီးမားလွန်းတဲ့ ရည်မှန်းချက်တွေကလည်း အကြံအဉာဏ်ကောင်း မဟုတ်ဘူးလေ... ကောင်းပြီ တော်တော်လည်း နောက်ကျနေပြီဆိုတော့ ငါတို့လည်း သွားရတော့မယ် မိန်းကလေး ငါက အမြဲငါ့ကတိကို တည်ပါတယ် ထူးချွန်တဲ့အဆင့်ရရှိတဲ့ ကျောင်းသားတွေကို ကျောင်းလခနဲ့ အသုံးစရိတ်အချို့ လျော့ပေးတာမလို့ မင်းမောင်လေးကို ကျောင်းစောစောပို့လို့ရပါတယ်... ထပ်ပြောရဦးမယ် မင်းရဲ့ ဟင်းပွဲက တော်တော်လေးကို အရသာရှိတယ် နောက်တစ်ခါကျရင် ထပ်စားချင်သေးတယ်

ကုန်သည်ကျင်းက ပညာရှင်ကြီးယွမ် ထွက်ခွာတော့မှာကို မြင်တာနဲ့ သူက အလျင်အမြန် အရှေ့ထွက်လာပြီး ယဉ်ကျေးစွာနဲ့ သူရဲ့ အိတ်ကို ကူသယ်ပေးလေတယ်။ ဆရာယွမ်ရဲ့ စိတ်အခြေအနေ တော်တော်လေး ကောင်းနေပုံပေါ်တာနဲ့ စိုးရိမ်တကြီးနဲ့ ပြောလိုက်တော့တယ်
ဆရာ အားလုံးက ကျွန်တော့်အမှားပါ ကျွန်တော်တို့ မိသားစုက ကုန်သည်ဖြစ်တာ မျိုးဆက်(၆)ဆက်ရှိပြီ ကျွန်တော် သက်လတ်ပိုင်းလောက်မှ သားလေးတစ်ယောက်ရခဲ့တာမလို့ ကျိုးအာကို တုန်နေအောင်ချစ်ရတာလေ ကျွန်တော်ပြောင်းလဲမှာပါ ရှေ့လျောက် ကျွန်တော်ရအောင် ပြောင်းလဲမှာပါ... ကျိုးအာကို ကျောင်းတော်ကနေ ထုတ်ပယ်လိုက်ကတည်းက သူမစားမသောက်ဘဲ နေနေတာ ပြီးခဲ့တဲ့ဆောင်းတွင်းတုန်းက သေလုနီးပါးပဲ... ဖြစ်နိုင်ရင်လေ...သူ့ကို နောက်ထပ် အခွင့်အရေးလေး ပေးလို့ရမလား

ယွမ်စီနျန်က သူ့ရဲ့ရှေ့က ခမ်းနားကြီးကျယ်လှတဲ့လှည်းကို တိတ်တဆိတ်ကြည့်လိုက်ပြီး သူ့ကို ခေါင်းအစ ခြေအဆုံး မျက်စိတစ်ချက် ဝေ့ကြည့်လိုက်တယ်။ ပြီးတဲ့နောက် သူက ပြောလိုက်တယ်
စမ်းသပ်စစ်ဆေးမှုတွေနဲ့ ဆင်းရဲဒုက္ခတွေကို မဖြတ်ကျော်နိုင်တဲ့ လူတစ်ယောက်က ဂုဏ်ကျက်သရေနဲ့ အောင်မြင်မှုကို မရရှိနိုင်ဘူး ပညာရှင်တစ်ယောက်က အမြဲခက်ခဲပြီး အကျိုးအမြတ်မရရှိတဲ့ အလုပ်ကိုပဲ လုပ်ရတယ် ခြိုးခြံချွေတာနေပြီးရင် သုံးဖြုန်းလိုက်ဖို့လွယ်ပေမဲ့ စည်းစိမ်ဥစ္စာတွေနဲ့ အသားကျနေပြီးရင် ခြိုးခြံချွေတာဖို့ ခက်ခဲသွားလိမ့်မယ် ငါနောက်ထပ် အခွင့်အရေးတစ်ခုထပ်ပေးမယ်... ဒါပေမဲ့ ကျင်းဝိန်ကျိုးသာ အခက်အခဲတွေကို ခံနိုင်ရည်မရှိဘူးဆိုရင် အခုကတည်းက ထွက်သွားတာ ပိုကောင်းလိမ့်မယ်

သူလုပ်နိုင်ပါတယ်! သူလုပ်နိုင်မှာပါ!! ကျိုးအားလေးက သေချာပေါက် အခက်အခဲတွေကို သည်းခံနိုင်ပါတယ်!! ကျေးဇူးတင်ပါတယ် ဆရာယွမ် ကျေးဇူးတင်ပါတယ်...
ကုန်သည်ကျင်းရဲ့ကြိုးပမ်းမှုက နောက်ဆုံးမှာ သူလိုချင်တဲ့ ရလဒ်ကို ရလိုက်တာကြောင့် သူ့မျက်နှာမှာ မျက်ရည်တွေ ချက်ချင်း စီးကျလာတော့တယ်။ သူက အလွန်ပျော်ရွှင်နေတာကြောင့် ပညာရှိကြီးကို ထပ်ခါထပ်ခါ ကျေးဇူးတင်နေတော့တယ်။

ပျော်ရွှင်ကျေနပ်သွားတဲ့ ကုန်သည်ကျင်းက ပညာရှင်ကြီးကို လိုက်ပို့ပြီးတဲ့အခါမှာတော့ ဆူညံ ပျားပန်းခတ်နေတဲ့ ဆိပ်ကမ်းကနေ ထွက်ခွာသွားတော့တယ်။သူမက သူတို့ရဲ့ စိတ်ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ပြီး ပျော်ရွှင်မှုတွေရစေနိုင်လိုက်တဲ့သူသာ ဖြစ်တယ်...

ပညာရှိကြီးယွမ်စီနျန်က ထန်ကူဆိပ်ကမ်းကို မကြာခဏလာလည်လေ့ရှိသူ ဖြစ်တယ်။ သူက တစ်ခါတစ်လေ မြို့ကနေ ဆိပ်ကမ်းကို မြင်းလှည်းနဲ့ နှစ်နာရီလောက်စီးလာပြီး ကြမ်းတမ်းတဲ့ ဆိပ်ကမ်းအလုပ်သမားတွေနဲ့ အစားအစာတွေကို လုယက်လေ့ရှိသေးတယ်။ ဟဲ ဟဲ ဒါပေါ့ သူ့ကို အသားနှပ်ဝယ်ဖို့အတွက် အလုပ်သမားတွေနဲ့ တိုးဝှေ့ တွန်းထုတ်ဖို့ ခွင့်မပြုခဲ့ပါချေ။ ပြီးတဲ့နောက်မှာတော့ သူ့မောင်ငယ်လေးရဲ့ ဆရာလေးဖြစ်လာခဲ့ပြီလေ...

အဖေ! အမေ! သားတို့ ဒီနေ့ ကျောင်းတော်က အစ်ကိုရှောင်းဝိန်လေးစားရတဲ့ ဆရာကို တွေ့ခဲ့တယ် သူက သားကို ကျောင်းမှာ စာသင်ဖို့ ဝင်ခွင့်လည်းပြုလိုက်တယ်
ရှီထုန်လေးက အိမ်ကို သွားတဲ့ လမ်းတစ်လျှောက်မှာ စိတ်လှုပ်ရှားနေခဲ့ပြီး ရှောင်ချောင်းအား သူမြို့ကိုသွားပြီး ကျောင်းမှာ တကယ်စာသင်လို့ ရလားဆိုပြီး မရပ်မနားမေးနေတော့တယ်။ သူက ဒါတစ်ကယ်ပဲလား လို့ အကြိမ်ကြိမ်မေးနေခဲ့တာကြောင့် ရှောင်ချောင်းမှာ တစ်ပြိုင်နက်တည်း ရယ်လည်းရယ်ချင်မိသလို စိတ်မကောင်းလည်း ဖြစ်မိသွားတယ်။

ထင်းတွေကို ခုတ်ပိုင်းနေတဲ့ ယွီဟိုင်က သူတို့ပြန်လာတာတွေ့တော့ လုပ်လက်စကို ရပ်ထားလိုက်တော့တယ်။ သူက ထွက်လာပြီး သူ့သမီးလက်ထဲက ခြင်းတောင်းအလေးကြီးကို သယ်လိုက်ရင်း သူ့သားရဲ့ ဆံပင်လေးတွေကို ဖွလိုက်တယ်။ သူ့ရဲ့ မျက်နှာပေါ်က အပြုံးလေးမှာ အကူအညီမဲ့မှုတွေနဲ့ အပြစ်ရှိစိတ်တွေနဲ့ ပြည့်နေရင်း
ရှီထုန် မင်းစာအရမ်းသင်ချင်တာကို အဖေသိပါတယ် ဒါပေမဲ့ အခုလက်ရှိ မိသားစု အခြေအနေတွေက မင်းကို လွှတ်ဖို့ သိပ်အခြေအနေ မကောင်းသေးဘူး... မင်းက အခုတော်တော်လေးငယ်ပါသေးတယ် ကျောင်းတော်ကို သွားဖို့ နောက်နှစ်လောက်ထိ စောင့်ရအောင်လေ အဆင်ပြေတယ်မလား

သူတို့ရဲ့ အိမ်နီးနားချင်း ချန်းမိသားစုရဲ့ အကြီးဆုံးသားက မြို့ရဲ့ နာမည်အကြီးဆုံးကျောင်းတော်မှာ စာမေးပွဲအောင်ပြီး တက်ခွင့်ရခဲ့တယ်။ တုန်ရှန်းရွာထဲမှာတော့ စဉ်းစားလို့တောင် မရနိုင်ခဲ့တဲ့ သတင်းတစ်ခု ဖြစ်ခဲ့တယ်။ ရုံရွှမ်ကျောင်းတော်က ဖွင့်လှစ်ခဲ့တဲ့ ဆယ်နှစ်တာအတွင်း တော်ဝင်နန်းတွင်းစာမေးပွဲမှာ ဒုတိယနေရာရရှိခဲ့သူတစ်ဦး၊ တတိယနေရာရရှိခဲ့သူ တစ်ဦးတို့ဖြစ်တဲ့ အမှတ်မြင့်ကျောင်းသားနှစ်ဦးကို သင်ကြားပေးခဲ့လေတယ်။ ရွာသားအားလုံးက ချန်းမိသားစုကတော့ ရာထူးမြင့်မြင့် အရာရှိတစ်ဦးမွေးထုတ်နိုင်တော့မယ်ဆိုပြီး ပြောကြတယ်။
ကံကောင်းစွာနဲ့ ချန်းမိသားစုကလည်း ဝင်ကြေးပေးဖို့အတွက် ဘဲအကောင်၂၀၀ လောက်ကို မွေးနိုင်ခဲ့တယ်။ ဘဲဥတွေနဲ့ ဘဲသားတွေကို မြို့ထဲက စားသောက်ဆိုင်တွေမှာ ရောင်းရင်းနဲ့ ငွေအချို့ ရရှိခဲ့လေတယ်။ မဟုတ်ရင် တစ်လကို တစ်လျန်လောက်ရှိတဲ့အတန်းကို သူတို့တက်နိုင်မှာ မဟုတ်ပေ။ ဒီရွာမှာ ရှိတဲ့ မိသားစုအများစုက အဲ့လောက်အများကြီး ဘယ်တော့မှ တတ်နိုင်မှာ မဟုတ်ပေ။

မိသားစုမှာ အပိုတစ်လျန်လောက်သုံးလိုက်လို့ရပေမဲ့ လက်ရှိသူတို့ရဲ့ အခြေအနေက ရှောင်ချောင်းသာ အသားနှပ်တွေကို နှစ်ရက်လောက် မရောင်းလိုက်ရရင် ငွေစ သုံးရာလောက်ကို ကုတ်ကပ်ရှာနေရ လောက်အောင် ဆိုးရွားနေလေတယ်။ အာ သူက သူ့ကလေးရဲ့ ကျောင်းသွားချင်တဲ့ ဆန္ဒကို မဖြည့်ဆည်း ပေးနိုင်လောက်အောင်ကို အသုံးမကျတဲ့ အဖေတစ်ယောက်ဖြစ်နေပြီပဲ...

ရှောင်ချောင်းက သူမအဖေ သူ့ကိုယ်သူ အပြစ်တင်နေတာကို သတိထားမိတာကြောင့် အရှေ့ကို လျှောက် သွားလိုက်ပြီး သူ့အဖေရဲ့လက်ကို ညင်ညင်သာသာလေး ဆွဲလိုက်တယ်။ သူမက ပြုံးလိုက်ပြီး
ဒီနေ့ ရုံရွှမ်ကျောင်းအုပ်ကြီးက သမီးရဲ့အသားနှပ်အရသာကို သဘောတွေ့သွားတာလေ သူက သမီးတို့အတွက် ကျောင်းလခကို အခုဆိုင်းငံ့ပေးထားပြီး နောက်မှ အကြွေးပေးလို့ရပါတယ်လို့ ကတိပေးထားတယ်။ ကျောင်းတော်စာမေးပွဲနေ ထူးချွန်တဲ့ကျောင်းသားတွေကို မကြာမကြာရွေးထုတ်ပြီး ကောင်းကောင်း လုပ်နိုင်တဲ့သူတွေအတွက် ကျောင်းလခလည်းလျှော့ပေးတယ်လို့ ကျောင်းအုပ်ကြီးက ပြောလိုက်သေးတယ်။ စာမေးပွဲက သုံးလတစ်ခါ ကျင်းပလေ့ရှိတယ်။ ရှီထုန်လေး ကြိုးစားနေသရွေ့ သမီးတို့လုပ်ရမှာက သူ့အတွက် သုံးလစာငွေကို စုဆောင်းဖို့ပဲ... စိတ်မပူပါနဲ့ အဖေ အဖေ့ရဲ့ခြေထောက်တွေ လုံးဝ ပြန်ကောင်းသွားရင် တိရစ္ဆာန်တွေမွေးဖွားတဲ့ ရာသီလည်း ကျော်လောက်ပြီဆိုတော့ အဖေလည်း အမဲလိုက်ပြီး မိသားစုကို ပြန်ထောက်ပံ့နိုင်မှာပါ နောက်တစ်လလောက်ဆိုရင် သမီးတို့ရဲ့ အသီးအရွက်တွေလည်း ဈေးမှာ သွားရောင်းလို့ ရနေလောက်ပြီ သုံးလစာကို မကြာခင်တောင် စုဆောင်းနိုင်တော့မယ် မဟုတ်ဘူးလား

ယွီဟိုင်က အခုထိ အလေးချိန်အများကြီးမသယ်နိုင်သေးတဲ့ သူရဲ့ခြေထောက်ကို ပွတ်သပ်လိုက်ရင်း သက်ပြင်းဖွဖွချလိုက်တော့တယ်။ ရှောင်ချောင်းက နေ့တိုင်း နှိပ်နှယ် ပေးနေတာမလို့ သူ့ခြေထောက်တွေက တော်တော်လေး ပြန်ကောင်းနေပြီဖြစ်တယ်။ အခုသူက လမ်းလျှောက်ဖို့ ချိုင်းထောက်ကို ထပ်အသုံးပြုစရာမလိုတော့ပေ။ အိမ်ပတ်ဝန်းကျင်က ပုံမှန်အလုပ်အချို့ကိုတောင် ပြန်လုပ်နိုင်နေပြီပင်။

ယခင်က မြို့ကဆရာဝန်က သူ့ကိုသေသွားချင်လောက်အောင်ကို ဖြစ်စေခဲ့တဲ့ ခြေထောက်က ကုသလို့ မရနိုင်တော့ဘူး ဆိုတဲ့ စကားကို ပြောခဲ့တယ်။ သူ့ခြေထောက် ဒီလောက်အထိပြန်ကောင်းလာတာမလို့ တုန်းရန်ဆေးခန်းက သမားတော်ကတောင်မှ မယုံနိုင်အောင်ဖြစ်နေခဲ့တယ်။ တကယ်တော့ ဒီလောက်အခြေအနေနဲ့တင် ရောင့်ရဲသင့်ပါတယ်။ ဒါပေမဲ့ သူ့ခြေထောက်လုံးလုံး ပြန်ကောင်းဖို့နဲ့ တောင်ပေါ်မှာ အမဲပြန်လိုက်နိုင်ဖို့က မဖြစ်နိုင်ပေမဲ့ သူ့နှလုံးသားထဲက တောင့်တမိတဲ့ ဆန္ဒအစစ်အမှန်ပဲ။

ရှောင်ချောင်းက သူ့အဖေ ခေါင်းကိုငုံ့ပြီး တစ်စုံတစ်ရာကို နက်နက်နဲနဲတွေးနေတာကို မြင်တော့ သူမ အာရုံကို ရှီထုန်လေးဘက် လှည့်လိုက်တော့တယ်။ သူမက သူ့ရဲ့ တဖြည်းဖြည်းနဲ့ အသားပြည့်လာပြီ ဖြစ်တဲ့ မျက်နှာလေးကို ပွတ်သပ်လိုက်ရင်း ပြုံးပြလိုက်တယ်
ငါတို့ရှီထုန်လေးက ရက်နည်းနည်းလောက်တော့ စောင့်ရမယ်နော် မမက ပိုက်ဆံစုပြီးရင် အသစ်စက်စက်အဝတ်တွေနဲ့ ကျောင်းတက်နိုင်အောင်လို့ အဝတ်နှစ်ထည် ချုပ်ပေးမယ်။ အိမ်နီးနားချင်းအစ်ကို ရှောင်းဝိန်ပြန်လာရင် ကျောင်းအတွက်ပြင်ဆင်ဖို့ လိုအပ်တာတွေကို သူ့ကို မေးကြတာပေါ့ သေချာပေါက် ငါတို့ပညာရှိလေး ယွီဖန်းကို အဲ့ဒီမှာ အနိုင်ကျင့် မခံစေရဘူး

ရှီထုန်လေးက ပညာရှိလေး ယွီဖန်း ဆိုတဲ့ နာမည်ကို တော်တော်လေး သဘောကျနေပြီး ပျော်ရွှင်စွာနဲ့ ရယ်နေတော့တယ်
ဒုတိယအစ်မ! မမက ဘာကိုမှ ပြင်ဆင်ပေးစရာ မလိုတော့ပါဘူး အစ်ကို ရှောင်းဝိန် ပြောတာကို သားကြားပြီးပြီ ကျောင်းတော်မှာ ကျောင်းသားတွေနေဖို့ နေရာနဲ့ စားဖို့နေရာလည်း ရှိတယ်တဲ့ သားအတွက်လည်း အဝတ်အသစ်တွေ လုပ်ပေးဖို့ မလိုပါဘူး ကျောင်းတော်ကလူတွေက ဆင်းရဲတဲ့သူတွေကိုမဟုတ်ပဲ မယဉ်ကျေးတဲ့သူတွေကိုသာ အထင်အမြင်သေးကြတာပါ သား ကောင်းကောင်း လုပ်နေသရွေ့ ဘယ်သူမှ သားကို အထင်သေးရဲမှာ မဟုတ်ပါဘူး

ဟမ်း သူတို့က ဆင်းရဲ့တဲ့သူတွေကို မဟုတ်ဘဲ မယဉ်ကျေးတဲ့သူတွေကိုပဲ ရယ်တာ ဆိုတဲ့ စကားက အစ်ကိုရှောင်းဝိန်ဆီကနေ သင်ခဲ့တာပေါ့ မောင်လေး မင်းလည်း မမတို့စီပွားရေးဘယ်လောက်ကောင်းလဲ ဆိုတာ မြင်နေတာပဲမလား အခု မင်းအတွက် အဝတ်သစ်လုပ်ပေးတာက ရေပုံးထဲက ရေစက်တစ်စက်လောက်ပဲ ရှိတယ်လို့ မထင်မိဘူးလား ထပ်ပြောမနေတာ့ပါဘူး ငါတို့ပိုက်ဆံအိတ်ကို ထုတ်ပြီး ငါတို့ ဒီနေ့ငါတို့ ဘယ်လောက်ရခဲ့လဲ ရေကြည့်လိုက်
သူတို့ အိမ်ကို လမ်းလျှောက်ပြန်နေစဉ်မှာ ကောင်ငယ်လေးက ပိုက်ဆံအိတ်အလေးကြီးကို အပြန်လမ်းတစ်လျှောက်လုံး ခံစားမိနေခဲ့တယ်။ သူ့မျက်နှာပေါ်မှာ မေးရိုးကွဲမတက် အပြုံးလေးတစ်ခု ပေါ်လာပြီး ငွေလုယက်သူလေးနဲ့တောင် တူနေတော့တယ်။

အမျိုးသမီးလျိုနဲ့ ရှောင်လျန်က သူတို့ရဲ့ ပန်းထိုးအထည်တွေကို ချထားလိုက်ပြီး ဝက်ခေါင်းသားနဲ့ အူတွေထည့်ထားတဲ့ ခြင်းတောင်းကို ယူလိုက်တယ်။ သူတို့က ရှောင်ချောင်းကို ပြုံးပြလိုက်ပြီး
ခဏလောက် သွားနားလိုက်ဦး သန့်ရှင်းတာတွေကို ငါတို့လုပ်လိုက်မယ် ဟုတ်ပြီလား ကောင်းကောင်းနားပါ ငါတို့က ဟင်းခတ်အမွှေးအကြိုင်တွေ လုပ်တဲ့နေရာမှာ ကူညီမပေးနိုင်ပေမဲ့ အရာအားလုံးမှာ သေချာပေါက် မင်းရဲ့ လက်ထောက် အဖြစ်နေပေးမှာပါ

ရှောင်ချောင်းကလည်း သူတို့ကို ပျော်ရွှင်စွာနဲ့ ထိုခက်ခဲတဲ့အလုပ်ကို လုပ်ခွင့်ပြုလိုက်ပြီး အားရဝမ်းသာစွာနဲ့ ရှီထုန်လေးနဲ့အတူ ငွေတွေကို ရေတွက်နေတော့တယ်။ သူတို့ရဲ့ ဒီနေ့ ရလဒ်က မနေ့ကထက် လုံးဝပိုများ လေတယ်။ သူတို့ အသားနှပ်အားလုံးအတွက် စုစုပေါင်း ကြေးပြား တစ်ရာ့သုံးဆယ်ဖိုး ရောင်းရခဲ့တယ်။ သူတို့ကို ကုန်သည်ကျင်းပေးတဲ့ ငွေတုံးတစ်တုံးကိုပါ ပေါင်းလိုက်ရင် ကြေးဒင်္ဂါးနှစ်ရာလောက် စုမိလေတယ်။
ဒီနေ့ ဆိပ်ကမ်းမှာ မြို့ထဲက ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကို စုံစမ်းကြည့်ခဲ့တယ်။ ဈေးထဲမှာ အိမ်တွင်းဖြစ် အထည်လိပ် တစ်လိပ်ကို ကြေးဒင်္ဂါးနှစ်ရာကနေ သုံးရာ့လေးဆယ်ဝန်းကျင်လောက် ရောင်းတယ်။ သူတို့သာ ပိတ်စ ပေအနည်းငယ်လောက်နဲ့ ဝါဂွမ်းတစ်ကျင်းလောက်သာရရင် ရှီထုန်လေးအတွက် ဂွမ်းကပ်အင်္ကျီ နှစ်ထည်လောက်ရနိုင်တာမလို့ ငွေကြေးပြဿနာရှိမှာ မဟုတ်ပေ။ သို့သော်လည်း သူတို့မှာ လက်ရှိ ပညာသင်သုံးပစ္စည်းလေးမျိုးဖြစ်တဲ့ မင်၊ စုတ်တံတွေ၊ စာရွက်တွေနဲ့ မင်တုံးတွေဝယ်ဖို့ ပိုက်ဆံအလုံအလောက် မရှိသေးပေ။ အဲ့ဒီပစ္စည်းတွေက တော်တော်လေး ဈေးကြီးတယ်လို့ သူမကြားဖူးတယ်။
ကြည့်ရတာတော့ သူတို့ ရက်နည်းနည်းလောက် ပိုကြိုးစားလုပ်ဖို့ လိုမယ်ထင်တယ်။ ရှောင်ချောင်းက ငွေအပုံကြီးကို စိုက်ကြည့်နေပြီး ပိုက်ဆံရှာနိုင်ဖို့အတွက် တခြားအကြံဉာဏ်တွေရဖို့ သူမဦးနှောက်ကို အလုပ်ပေးနေတော့တယ်။

ဒုတိယအစ်မ မနေ့ကရခဲ့တဲ့ အဝါရောင်ငါးပုတ်သင်လေးတွေကိုနှပ်ပြီး ရောင်းလို့ရလောက်လား ဆိပ်ကမ်းက ဦးလေးကြီးတွေက သားတို့ကို နေ့လည်မှာလည်း ရောင်းနိုင်မလားလို့ မေးနေတာ
ရှီထုန်လေးကလည်း ရှောင်ချောင်းကြုံနေရတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ စဉ်းစားနေလေတယ်။

နေ့စဉ် ကြေးဒင်္ဂါးနှစ်ရာလောက်ရရှိခြင်းက သူ့ကို ချိုမြိန်တဲ့ အောင်မြင်မှုအရသာကို ပေးလေတယ်။ သူတို့သာ ဒီအတိုင်းဆက်သွားနိုင်မယ်ဆိုရင် ငါးရက်၊ ခြောက်ရက်လောက်နေရင် အတန်းကြေးပေးဖို့ လုံလုံ လောက်လောက်ရနိုင်တယ်။ အိမ်မှာ တည်ငြိမ်တဲ့ဝင်ငွေရှိနေရင် သူလည်း ကျောင်းတော်မှာ သက်တောင့်သက်သာနဲ့ စာသင်နိုင်မှာဖြစ်တယ်။ သူတို့ တစ်နေ့ကို ဈေးကနေ ဝက်ခေါင်းတစ်ခုနဲ့ ဝက်တစ်ကောင်တန်ဖိုးရှိ အူတွေကိုပဲ ဝယ်နိုင်တာကတော့ နှမြောစရာပင်။ ဒီပစ္စည်းတွေနဲ့ တစ်မနက်လုံးစာ အသားနှပ်ရဖို့ မလောက်ပါချေ။

အဝါရောင်ငါးပုတ်သင်? တကယ်တော့ သူမဒီငါးအမျိုးအစားကို ပြင်ဆင်နည်းအချို့ သိထားလေတယ်: ငါးပုတ်သင်ခြောက်ကြော်နည်း လေးလေး လေးနဲ့ ကြွပ်တဲ့ ငါးပုတ်သင်လုပ်နည်း ငါးပုတ်သင်ချိုချဉ် လုပ်နည်း ...ဒီဟင်းပွဲအမျိုးအစားတွေ အားလုံးက အရမ်းအရသာ ရှိပေမဲ့ ပြုလုပ်ဖို့ အချိန်နဲ့ လုံ့လ အများကြီးလိုအပ်တယ်။ ပြီးတော့လည်း အဝါရောင်ငါးပုတ်သင်တွေအပြင် လုပ်နည်းမှာ သုံးမယ့် ဟင်းခပ်အမွှေးအကြိုင်နဲ့ ဆီတွေ ဝယ်ဖို့ ပိုက်ဆံသုံးရလိမ့်မယ်။ သူတို့သာ ကြေးပြားတစ်ပြားကို နှစ်ခုဆီနှုန်းနဲ့ ရောင်းပြီး ကုန်ကျစရိတ်ကို ပြန်နှုတ်လိုက်ရင် သူတို့အတွက် အမြတ်ဘယ်လောက်မှ မကျန်မှာကို သူမပြောရဲတယ်...

***

Continue Reading

You'll Also Like

74.4K 11.5K 52
၉ကြိမ်မြောက် ကြင်ဖက်တွေ့ခြင်း ကျရှုံးပြီးနောက် ရှန့်ဟန် အလုပ်တစ်ခုရလေပြီ။ ဆက်ဆံရေးကောင်း၊ လစာမြင့်၊ နေစရိတ် စားစရိတ်ငြိမ်းနဲ့ အခမဲ့ကမ္ဘာပတ်ခရီးသွားနိ...
778K 33.8K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
208K 23.9K 72
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...