သက်တန့်ရောင် မိန်းမပျို Book...

By CharmZoey

647K 84.1K 678

ခေါင်းစဉ် - သက်တန့်ရောင် မိန်းမပျို (ဘာသာပြန်) မူရင်းခေါင်းစဉ် - Fields of Gold အမျိုးအစား - သဘာဝလွန်၊ စိတ်ကူ... More

Intro
အပိုင္း၁ (ေပါက္စီတစ္လုံးေၾကာင့္ အသတ္ခံရျခင္း)
အပိုင္း၂ (အက်င့္ပုတ္တဲ့ အဘြား)
အပိုင္း၃ (ထူးဆန္းတဲ့ ေရာင္စုံေက်ာက္တုံး )
အပိုင္း၄ (သူမမွာ ေကာင္းမြန္တဲ့ အေဖရွိတယ္)
အပိုင္း၅ (မ်က္ေတာင္မခတ္ပဲလိမ္လည္ျခင္း)
အပိုင္း၆ (ပင္လယ္စာ ေကာက္ယူျခင္း)
အခန္း ၇ - အလွေလးကိုကယ္တင္ျခင္း
အပိုင္း ၈ (ထူးျခားတဲ့ ေနာက္ခံ)
အပိုင္း၉ (အက်ိဳးမ်ားတဲ့ ခရီးတို)
အခန္း၁၀ (လ်ိဳ႕ဝွက္အႀကံအစည္)
အခန်း ၁၁
အပိုင္း ၁၂ (က်ိန္ရႈံစားေသာက္ဆိုင္ရဲ႕
အပိုင္း ၁၃ (လုံးဝရႈပ္ေထြးေနေသာ)
အပိုင္း ၁၄ (လိမ္ရလြယ္တဲ့သားေကာင္)
အခန္း ၁၅ (အေကာင္းဆုံးဟင္းခတ္အေမႊးအႀကိဳင္)
အခန္း ၁၆ (ေဈးဝယ္ထြက္ျခင္း)
အပိုင္း ၁၇ (မိဘရဲ႕ ခ်စ္ျခင္းတရား)
အပိုင္း ၁၈ (ေတာင္ေပၚက ေကာင္ေခ်ာေလး)
အပိုင္း ၁၉ ( အကိုဟန႔္ေနာက္ကိုလိုက္ရင္ စားဖို႔အသားရွိတယ္ )
အပိုင္း ၂၀ (အံ့ဖြယ္ေက်ာက္တုံး ျပန္လာျခင္း)
အပိုင္း ၂၁ -အသားကင္တတ္တဲ့သူက အေခ်ာဆုံးပဲ!
အပိုင္း ၂၂ (လမ္းမွာေတြ႕ရတဲ့ အတားအဆီး)
အပိုင္း ၂၃ (အငယ္ဆုံးဦးေလး အိမ္ျပန္လာၿပီ)
အခန္း ၂၄ (ေျမႇာက္ပင့္ျခင္း)
အပိုင္း ၂၅ (ခ်ီးမြမ္းျခင္း)
အပိုင္း၂၆ (ဂုဏ္သိကၡာ)
အပိုင္း ၂၇ ( အလုပ္သင္ )
အပိုင္း ၂၈ (ပိုက္ဆံစုေဆာင္းျခင္း)
အပိုင္း ၂၉ (ေထာင္ေခ်ာက္ဆင္ျခင္း)
အပိုင္း ၃၀ (ထူးျခားမႈ)
အပိုင္း၃၁ (ေကာင္ေခ်ာေလးေနာက္တစ္ေယာက္)
အခန္း ၃၂ (အစားမက္သူ)
အပိုင္း ၃၃ -(အ႐ိုက္ခံရျခင္း)
အပိုင္း ၃၄ (ေဆးပညာသင္ယူျခင္း)
အပိုင္း-၃၅ ( ခ်စ္စရာ အိမ္ေမြးတိရိစာၦန္)
အပိုင္း ၃၆ (သဘာဝရဲ႕လက္ေဆာင္)
အပိုင္း ၃၇ - (ဆိပ္ကမ္း)
အပိုင္း ၃၈ - (ေတာ္ဝင္မင္းသား)
အပိုင္း ၃၉ (ေက်းဇူးတင္ျခင္းသေကၤတ)
အခန္း ၄၀ (ျမင့္မားေသာအထြက္ႏႈန္း)
အပိုင္း ၄၁ - (ျပင္းထန္စြာ ဖ်ားနာမႈ)
အပိုင္း၄၂ (ေဆာင္းတြင္းကပ္ေဘးဒုကၡ)
အပိုင္း -၄၃ ( အၾကင္နာတရားမရွိဘူး )
အပိုင္း -၄၄( ခါးသီးတဲ့စိတ္ထိခိုက္မႈ )
အပိုင္း ၄၅ (ခ်မ္းသာလာျခင္း)
အပိုင္း ၄၆ (အေၾကာင္းျပခ်က္ဖန္တီးျခင္း)
အပိုင္း ၄၇ (ျပစ္ဒဏ္)
အပိုင်း ၄၉ (အတွေးစိတ်ကူးများ)
အပိုင်း ၄၈ (အပြောင်းအလဲတစ်ခု)
အပိုင်း၅၀ (ပိုက်ဆံလက်ဆောင်)
အခန္း၅၁ (စီးပြားေရးရင္းႏွီးျမႇဳပ္ႏွံမႈ)
အပိုင်း-၅၂ (အိမ်ကိုအလည်လာခြင်း)
အပိုင်း ၅၃ (ရှင်ယာဝင်ဖြစ်လာခြင်း)
အပိုင်း ၅၄ - (ကြော်ငြာခြင်း)
အပိုင်း၅၅ (နှစ်သစ်ကူး)
အပိုင်း ၅၆ (ဒုက္ခရောက်သောနှစ်)
အပိုင်း ၅၇ - (ဘေးအန္တရာယ်)
အပိုင်း ၅၈ (ဖြတ်တောက်ခြင်း)
အပိုင်း ၅၉ (အတိတ်)
အပိုင်း ၆၀ (သတိလစ်မေ့မျောခြင်း )
အပိုင်း ၆၁ (ပြန်သတိရလာခြင်း)
အပိုင်း၆၂ (ရောင်းစားခံရခြင်း)
အပိုင်း ၆၃ - မိသားစုကွဲခြင်း (၁)
အပိုင်း ၆၄ - မိသားစုကွဲခြင်း ( ၂ )
အပိုင်း ၆၅ (နေအိမ်ဟောင်း)
အပိုင်း ၆၆ (မိခင်ဘက်မှမိသားစု)
အပိုင်း ၆၇ (အိမ်ပြင်ခြင်း)
အပိုင်း ၆၈ (ပိုကောင်းတဲ့အရွေ့အပြောင်း)
အပိုင်း ၆၉ (ငွေရှာမည့်အရင်းအမြစ်များကိုတိုးချဲ့ခြင်း)
အပိုင်း၇၀ (ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း)
အပိုင်း ၇၁ (ချစ်စရာကောင်းတဲ့လူငယ်လေး)
အပိုင်း၇၂ (ပေါက်စီ)
အပိုင်း ၇၃ (တိတ်တိတ်လေး သည်းညည်းခံနေခြင်း)
အပိုင်း၇၄ (လက်တွဲလုပ်ဆောင်မှု)
အပိုင်း၇၅ (ကူညီခြင်း)
အပိုင်း ၇၆ (အံ့ဩစရာကောင်းလိုက်တာ!)
အပိုင်း ၇၇ (အသားနှပ်)
အပိုင္း၇၈ (ဆိုင္ဖြင့္တဲ့ေန႔)
အပိုင်း ၇၉ (ဝက်ခေါင်း)
အပိုင်း၈၀ (ပြဿနာတက်ခြင်း)
အပိုင်း ၈၁ (လျှို့ဝှက်ချက်ပြုတ်နည်း)
အပိုင်း ၈၂ (အရသာသစ်)
အပိုင်း ၈၄ (အစားကြီးသူ)
အပိုင်း ၈၅ (တပည့်တစ်ယောက်အဖြစ်လက်ခံခြင်း)
အပိုင်း၈၆ (ငါးဖမ်းခြင်း)
အပိုင်း ၈၇ (ငါးချဉ်)
အပိုင်း၈၈ (အဖေနဲ့သမီး)
အခန်း ၈၉ (ကျောင်းလခ)
အပိုင်း ၉၀ (လျို့ကော)
အခန်း၉၁ (ကြေးမြင့်တဲ့ပေးချေမှု)
အပိုင်း ၉၂ ( စိုနေတဲ့ဆန် )
အပိုင်း ၉၃ (အထင်ကြီးစရာဧည့်သည်)
အပိုင်း ၉၄ (မြည်းလှည်း)
အပိုင်း ၉၅ (ကျောင်းတက်ခြင်း)
အပိုင်း ၉၆ (အပူအပင်)
အပိုင်း ၉၇ (ဖျားနာနေသောမြည်း)
အပိုင်း ၉၈ (ဝေစု)
အပိုင်း ၉၉ - တွေ့ဆုံဖို့ အခွင့်အရေး
အပိုင်း ၁၀၀ (အချိန်အခါမဟုတ်အိမ်ကိုလာခြင်း)
အပိုင်း၁၀၁ (ကျိုးမိသားစု)
အပိုင်း၁၀၂ (အလုပ်မှာရေသာခိုခြင်း)
အပိုင်း ၁၀၃ (အကျင့်ပျက်ခြင်း)
အခန်း ၁၀၄ (လုယက်သူ)
အခန်း ၁၀၅ (ဝိညာဉ်တစ်ခုကိုမြင်ရခြင်း)
အပိုင်း ၁၀၆ (သေလုဆဲဆဲဖြစ်ခြင်း)
အပိုင်း ၁၀၇ (စုံစမ်းမေးမြန်းခြင်း)
အပိုင်း ၁၀၈ (မိုးကြိုး)
အပိုင်း၁၀၉ (မိုးကြိုးပစ်ခြင်း)
အပိုင်း ၁၁၀ (ဝန်ချတောင်းပန်ခြင်း)
အပိုင်း ၁၁၁ (အိမ်ပြန်လာခြင်း)
အခန်း ၁၁၂ (ထွက်ခွာခြင်း)
အပိုင်း ၁၁၃ (ဆေးဖက်ဝင်ဂျင်ဆင်းဘုရင်)
အပိုင်း ၁၁၄ (အကျိုးများတဲ့ခရီးတိုတစ်ခု)
အပိုင်း ၁၁၅ ( အသီးအရွက်များရောင်းခြင်း)
အပိုင်း ၁၁၆ (မင်းသားလေး)
အပိုင်း ၁၁၇ (ဟင်းသီးဟင်းရွက်များကြောင့် ရန်ဖြစ်ကြခြင်း)
အပိုင်း ၁၁၈ (လူကဲခတ်မြန်တဲ့လူကြီးမင်း)
အပိုင်း ၁၁၉ (ကျေနပ်အားရခြင်း)
အပိုင်း ၁၂၀ (ဆုလာဘ်)
အပိုင်း ၁၂၁ (ရင်းနှီးမြှပ်နှံမှု)
အပိုင်း ၁၂၂ (ဝဋ်လည်ခြင်း)
အပိုင်း ၁၂၃ ( အလုပ်များသော)
အပိုင်း ၁၂၄ (နောက်တစ်ခေါက်လာကြပြန်ပြီ! )
အပိုင်း ၁၂၅ (ကုတ်ခြစ်ခံရခြင်း)
အပိုင်း ၁၂၆
အပိုင်း ၁၂၇ (တိုင်ပင်ခြင်း)
အပိုင်း ၁၂၈ (သူမအိမ်လည်လာခြင်းရဲ့ရည်ရွယ်ချက်)
အပိုင်း ၁၂၉ (အဆိပ်မရှိခြင်း)
အပိုင်း၁၃၀ (အလည်ရောက်လာသူများ)
အပိုင်း ၁၃၁ ( မနက်စာ )
အပိုင်း ၁၃၂ (ဘဲသားနှပ်)
အပိုင်း ၁၃၃ (ကြမ္မာဖန်သောတွေ့ဆုံမှု)
အပိုင်း ၁၃၄ (အတွေ့အကြုံရင့်တဲ့အစားချစ်သူ)
အပိုင်း ၁၃၅ (အကင်းပါးသော)
အပိုင်း ၁၃၆ (ညနောက်ကျမှပြန်လာခြင်း)
အပိုင်း၁၃၇ (သိမ်းသွင်းစည်းရုံးခြင်း)
အပိုင်း ၁၃၈ (အစီအစဉ်ချခြင်း)
အပိုင်း ၁၃၉ ( စီရင်စုမြို့)
အပိုင်း ၁၄၀ (ဈေးဝယ်ထွက်ခြင်း)
အပိုင်း ၁၄၁ (စစ်သူကြီး)
အပိုင်း ၁၄၂ (အပြန်လမ်း)
အပိုင်း ၁၄၃ (လည်ပတ်ခြင်း)
အပိုင်း ၁၄၄ (အကြံဉာဏ်ပေးခြင်း)
အခန်း ၁၄၅ (အဆိုပြုခြင်း)
အပိုင်း ၁၄၆ (သံတမန်)
အပိုင်း ၁၄၇ (မွေးစားသမီး?)
အပိုင်း၁၄၈ (မွေးစားအဖေ)
အပိုင်း ၁၄၉ (မိသားစုဖြစ်လာခြင်း)
အပိုင်း ၁၅၀ (လူထူးလူဆန်း)
အပိုင်း ၁၅၁ (တော်ဝင်အမိန့်ပြန်တမ်း)
အပိုင်း၁၅၂ (မှတ်ဉာဏ်ဟောင်းများ)
အပိုင်း ၁၅၃ (ဧကရာဇ်ဟောင်း)
အပိုင်း ၁၅၄ (ဂျုံကြာဇံ)
အခန်း၁၅၅ (ထွက်ခွာဖို့လေးကန်နေခြင်း)
အခန်း ၁၅၆ (ပို့ဆောင်ခြင်း)
အခန်း ၁၅၇ (ပင်လယ်မျှော့)
အပိုင်း ၁၅၈ (မသမာတဲ့နည်းလမ်းသုံးခြင်း)
အပိုင်း ၁၅၉ (ခြိမ်းခြောက်ခြင်း)
အပိုင်း - ၁၆၀ ( အကြပ်ရိုက်အောင် လုပ်ခြင်း )
အပိုင်း ၁၆၁ (မနာလိုဖြစ်ခြင်း)
အပိုင်း ၁၆၂ - မနာလိုမှု
အပိုင်း ၁၆၃ - အကူ
အပိုင်း ၁၆၄ (ဝန်ခံလက်မြှောက်ခြင်း)
အပိုင်း ၁၆၅ (ပြောင်းလဲဖို့)
အခန်း ၁၆၆ (ဟုန်းဟုန်းတောက်ကျော်ကြားခြင်း)
အပိုင်း ၁၆၇ - (သမီးကိုကာကွယ်ခြင်း)
အခန်း ၁၆၈ - ချမ်းသာကြွယ်ဝခြင်း
အပိုင်း ၁၆၉ - အလုပ်ခေါ်စာ
အခန်း ၁၇၀ (ဖရဲသီးရောင်းခြင်း)
အပိုင်း ၁၇၁ ဖရဲသီးဆိုင်
အပိုင္း-၁၇၂( ခမ္းနားေသာ ဖြင့္ပြဲ )
အပိုင္း - ၁၇၃ (အကုန္ ေရာင္းထြက္ျခင္း)
အပိုင်း၁၇၄ - ဂုဏ်ပြုစားပွဲ
အပိုင်း ၁၇၅ - ချိုမြိန်ခြင်း အရသာ
အပိုင်း ၁၇၆ - ကြင်ယာတော်မင်းသမီး
အပိုင်း ၁၇၇ - အကြံအစည်
အပိုင်း - ၁၇၈ ( မွေးစားအမေ )
အပိုင်း ၁၇၉ - ရန်လိုမှု
အပိုင်း ၁၈၀ - ကံကြမ္မာ
အပိုင်း-၁၈၁ ( ထမင်းတစ်နပ်ကျွေးခြင်း )
အပိုင်း၁၈၂ - (ဧည့်ဝတ်ကျေပွန်မှု)
အပိုင်း၁၈၃ - မျက်နှာသာပေးတာ ခံချင်သူ
အပိုင်း ၁၈၄ နေထိုင်အခြေချဖို့ကူညီပေးခြင်း
အပိုင်း ၁၈၅ - သူခိုး
အခန်း ၁၈၆ - စဉ်းလဲတဲ့အကြံကိုလက်လွှတ်ဖို့ ငြင်းဆန်ခြင်း
အခန်း ၁၈၇ - အဆုံးမရှိ ဒုက္ခပေးခြင်း
အပိုင်း -၁၈၈ ( အရှက်မရှိခြင်း )
အပိုင်း ၁၈၉ - အချိန်ဆွဲထားခြင်း
အပိုင်း ၁၉၀ (စုံစမ်းမေးမြန်ခြင်း)
အပိုင်း ၁၉၁ ပြစ်မှုတစ်ခုကို တိုင်ကြားခြင်း
အပိုင်း ၁၉၂ - အိမ်မက်ဆိုး
အပိုင်း ၁၉၃ - ပေါ်ပေါက်လာခြင်း
အပိုင်း - ၁၉၄ (သဘောတူစာချုပ်)
အပိုင်း ၁၉၅ - ဝိညာဉ်
အပိုင်း ၁၉၆ (တရားရုံးအမှုစစ်များ)
အပိုင်း ၁၉၇ (ကိုယ့်ပါးကို ပြန်ရိုက်ခြင်း)
အပိုင်း ၁၉၈ (တရားရုံးသို့သွားခြင်း)
အပိုင်း ၁၉၉ (ကြီးမားတဲ့ချစ်ခြင်းမေတ္တာတရား)

အပိုင်း၈၃ (ကျော်ကြားတဲ့ပညာရှိ)

3.7K 415 4
By CharmZoey

[Zawgyi]
အပိုင္း၈၃ (ေက်ာ္ၾကားတဲ့ပညာရွိ)

ဆိပ္ကမ္းမွာ သေဘၤာေပၚက ကုန္စည္ေတြကို အတင္အခ်ျပဳလုပ္တဲ့ လုပ္သားအဖြဲေပါင္း အနည္းဆုံး ဆယ္ဖြဲ႕ေလာက္ ရွိေလသည္။ ထိုထဲမွ အႀကီးဆုံးအဖြဲ႕ေတြကေတာ့ အလုပ္ၾကပ္စြမ္နဲ႔ ေလာင္လ်ိဳ႕တို႔ ဦးစီးသည့္ အဖြဲ႕ႏွစ္ဖြဲ႕ပင္ျဖစ္သည္။ သူတို႔ရဲ႕လက္ေအာက္မွာ ဆိပ္ကမ္းအလုပ္သမား အနည္းဆုံး တစ္ရာခန႔္ရွိၿပီး သေဘၤာ၅စီး ၆စီးကို တၿပိဳင္နက္တည္း ကုန္တင္ကုန္ခ်ျပဳလုပ္ႏိုင္သည္။ ထို႔ေၾကာင့္ ေဖာက္သည္အမ်ားစုကို ထိုလူႏွစ္ေယာက္ကသာ လက္ဝါးႀကီးအုပ္ထားၾကသည္။
ဒီေတာ့ သဘာဝဆန္စြာပဲ သူတို႔ႏွစ္ေယာက္က တစ္ေယာက္ကိုတစ္ေယာက္ ၿပိဳင္ဘက္ေတြလို႔ သတ္မွတ္ထားၾကေလသည္။ သူတို႔ၾကားက စီးပြားေရးၿပိဳင္ဆိုင္မႈေတြက ထင္သာျမင္သာမဟုတ္ေပမယ့္ ေနာက္ကြယ္မွာေတာ့ ႀကိတ္ပုန္းေလး ပြဲထေနတတ္သည္။ လြန္ခဲ့တဲ့ႏွစ္ရက္က အလုပ္ၾကပ္စြမ္က မိန္းမငယ္ေလးရဲ႕ စားစရာေတြအကူအညီနဲ႔ ေဖာက္သည္ႀကီးႏွစ္ေယာက္ကို ႏွစ္ရက္ဆက္တိုက္ ရရွိခဲ့တာေၾကာင့္ သူက ေယာက္သြားတစ္ေကာင္လို ေပ်ာ္႐ႊင္ေနၿပီး ထိုမိန္းမငယ္ေလးကို သူ႔ဘက္ပါေအာင္ ေသခ်ာေခၚထားသင့္သလားဆိုတာကို စတင္စဥ္စားေနမိၿပီ။
ဆိပ္ကမ္းအလုပ္သမားေတြက စိတ္႐ူးေပါက္ေနတဲ့လူႀကီးေတြလို အလုပ္ကိုအတင္းအၾကမ္း လုပ္ေနၾက ေတာ့တယ္။ ပုံမွန္ဆိုရင္ သူတို႔ ယခုလုပ္ေနတဲ့ သေဘၤာေပၚက ကုန္ေတြခ်ဖို႔ တစ္နာရီခြဲဝန္းက်င္ ၾကာတတ္ေပမယ့္ ဒီေန႔ေတာ့ တစ္နာရီအတြင္းမွာပဲ ၿပီးဆုံးသြားခဲ့တယ္။ ကုန္စည္ပိုင္ရွင္ႀကီးက အံ့ဩေနၿပီး ဒီအလုပ္သမားအဖြဲ႕က တျခားအဖြဲ႕ေတြထက္ ပိုစြမ္းေဆာင္ႏိုင္တယ္လို႔ ေတြးေနမိတယ္။ ဒါေၾကာင့္ ေနာက္တစ္ခါ သူ႔ရဲ႕ကုန္စည္ေတြ တင္ရာခ်ရာမွာ ဒီအဖြဲကိုပဲခိုင္းဖို႔ ဆုံးျဖတ္လိုက္တယ္။ မရည္႐ြယ္ဘဲ ေရွာင္ေခ်ာင္းက အလုပ္ၾကပ္စြမ္အတြက္ ေဖာက္သည္တစ္ေယာက္ရေအာင္ ကူညီေပးလိုက္ျပန္တယ္။
ေရွာင္ေခ်ာင္း ဒီေန႔ေတာ့ မင္းရဲ႕အသားဟင္းႏွစ္ထုပ္ေပးကြာမေန႔ညေနက မင္းရဲ႕အသားႏွပ္ တခ်ိဳ႕ကို အိမ္သယ္သြားေတာ့ ငါ့ရဲ႕ကေလးႏွစ္ေယာက္က အရမ္းႀကိဳက္ေနၾကတာ ငါ့မိန္းမဆို ဘာလို႔ ဒီလိုေဈးခ်ိဳတဲ့ အသားႏွပ္ကို အိမ္အတြက္ မ်ားမ်ားမဝယ္ခဲ့လဲဆိုၿပီးေတာင္ ငါ့ကို အျပစ္တင္ေနေသးတယ္! မေန႔ကသူမရဲ႕ ပထမဆုံးေဖာက္သည္ အဖိုးေဟာင္က သူမကိုႏႈတ္ဆက္ဖို႔ အေျပးေရာက္လာခဲ့တယ္။ သူ႔တစ္ကိုယ္လုံးက ေခြၽးေတြစို႐ႊဲေနေပမယ့္ သုတ္ဖို႔ေတာင္ဂ႐ုမထားႏိုင္ဘူး။
ဟုတ္ၿပီ! အသားႏွပ္ႏွစ္ထုပ္, ရွီထုန္ ဦးရီးဆီက ပိုက္ဆံယူလိုက္အုံး!
ေရွာင္ေခ်ာင္းက အဖိုးေဟာင္ရဲ႕ေနာက္မွာ လူေတြအုပ္လိုက္ႀကီး သူတို႔ဆီေျပးလာေနၾကတာကို ျမင္တာေၾကာင့္ သူမေမာင္ေလးကို ခပ္ျမန္ျမန္ အလုပ္ေပးလိုက္တယ္။
ဟုတ္! ဦးရီးေဟာင္, အသားႏွစ္ထုပ္ဆိုရင္ ေၾကးျပားႏွစ္ျပားက်ပါတယ္ခင္ဗ်!
ရွီထုန္ေလးက သူ႔လက္ကိုဆန႔္ထုတ္လိုက္ၿပီး မ်က္လုံးႀကီးႀကီးေလးေတြ လျခမ္းပုံသဏၭာန္ ေျပာင္းလဲသြားတဲ့အထိ ၿပဳံးရယ္ေနေလသည္။ သူ႔ပုံစံက လာဘ္ေကာင္းေတြ ယူေဆာင္လာေပးမယ့္ ေကာင္ငယ္ေလးတစ္ေယာက္ရဲ႕အသြင္နဲ႔ တူေနေတာ့သည္။
အဖိုးေဟာင္က ေပ်ာ္႐ႊင္စြာပဲ ေငြေခ်ၿပီး သူတို႔ဆီက ဆီစိမ္စကၠဴထုပ္ႏွစ္ခုကို ယူလိုက္သည္။ ထို႔ေနာက္ ေကာ္ျပန္႔ေပါင္းႏွစ္ခုသြားဝယ္ၿပီး အသားႏွပ္ကို မုန႔္လိပ္ထဲညႇပ္ကာ အကိုက္အႀကီးႀကီးေတြ ကိုက္စားေနေတာ့သည္။ သူအထုပ္ကိုဖြင့္လိုက္ေတာ့ ဒီေန႔ရဲ႕အသားႏွပ္က မေန႔ကအထုပ္ေတြနဲ႔ မတူတာကို ေတြ႕လိုက္ရတယ္။ အမွန္ေျပာရရင္ ဒီေန႔ဟာက မေန႔ကဟာထက္ ပိုေကာင္းၿပီး အရသာရွိေနေလတယ္။ ေနာင္တရစိတ္ေလးတစ္ခု သူ႔ရင္ထဲျဖတ္ေျပးသြားေတာ့တယ္။ ေစာေစာတုန္းက ဒီ့ထက္မ်ားမ်ား ဝယ္လိုက္ရမွာကြာ
သူ အသားႏွပ္ေရာင္းေနတဲ့ ေမာင္ႏွမႏွစ္ေယာက္ဆီကို လွမ္းၾကည့္လိုက္တဲ့အခါမွာေတာ့ ကေလးႏွစ္ေယာက္ရဲ႕ ေသးငယ္တဲ့ကိုယ္ထည္ေလးေတြက လူအုပ္ႀကီးထဲမွာ နစ္ျမဳပ္ေနေတာ့တယ္။ သူအခုသြားၿပီး တိုးေဝ့ျပန္ရင္လည္း ေနာက္ထပ္ဝယ္ရဖို႔ မေသခ်ာလုနီးပါးပဲ။ အဖိုးေဟာင္က သက္ျပင္းခ်လိုက္ၿပီး အသားႏွပ္ကို ျဖည္းျဖည္းခ်င္းပဲ စစားလိုက္ေတာ့တယ္။ ျမန္ျမန္စားလိုက္မိရင္ သူ႔ရဲ႕အရသာေလး လြတ္ထြက္သြားမွာ စိုးေနသလိုမ်ိဳး
ေရွာင္ေခ်ာင္း ငါ့ကိုတစ္ထုပ္
ရွီထုန္ ရွီထုန္! ငါ့ပိုက္ဆံကိုအရင္ယူ... ဟဟ ဒီေၾကးျပားႏွစ္ျပားကို ျပဳတ္မက်ေအာင္ ေသခ်ာကိုင္ေနာ္!
ငါကသုံးထုပ္ ငါ့အတြက္သုံးထုပ္ခ်န္ထားၾက! မင္းတို႔အားလုံး တိရစာၦန္ေတြက်ေနတာပဲ အကုန္ယူမသြားၾကပါနဲ႔ ငါမေန႔က ဘာမွမရလိုက္ဘူး
ငါပိုက္ဆံေပးၿပီးၿပီ ငါ့ကိုတစ္ထုပ္ေပးဟိတ္ေကာင္ ဟူက်ီ!! ဘာလို႔အရမ္းႀကီးတြန္းေနတာလဲ ဒီမယ္ မင္းလုပ္လို႔ မိန္းကေလး ေျမေပၚပစ္လဲေတာ့မယ္!!...
ပိုက္ဆံေတြလက္ခံရလြန္းလို ရွီထုန္ရဲ႕လက္ေလးေတြ နာက်င္စျပဳလာတယ္။ သူ႔ဆီကို မေရမတြက္ႏိုင္တဲ့ လက္ေတြက ေၾကးျပားေတြထိုးေပးေနသလိုပဲ။ ၾကာေတာ့ ဘယ္သူက ဘယ္ေလာက္ ေပးလိုက္မွန္းေတာင္ မမွတ္မိေတာ့ဘူး။ သူက စိတ္ဖိစီးမႈေၾကာင့္ မ်က္ေမွာင္ေလးၾကဳတ္ၿပီး မ်က္ႏွာကို ေလေဖာင္း႐ုပ္ေလးလို ေဖာင္းလိုက္ေတာ့တယ္။
ကံေကာင္းစြာပဲ ဆိပ္ကမ္းအလုပ္သမားအမ်ားစုက ကမာၻႀကီးရဲ႕နည္းလမ္းေတြကို သိနားလည္တာေၾကာင့္ ေၾကးျပားတစ္ျပား၊ ႏွစ္ျပားေလာက္ကိုေတာ့ သိပ္ဂ႐ုမစိုက္ၾကေပ။ ဒါေၾကာင့္ ဘယ္သူကမွ သူတို႔ႏွစ္ေယာက္ကို ျပႆနာမရွာၾကဘူး။
ကံေကာင္းေထာက္မစြာနဲ႔ ဒီေန႔မွာ မေန႔ကထက္ အသားႏွပ္ေတြ မ်ားမ်ားျပင္ဆင္ခဲ့တာေၾကာင့္ အလုပ္သမားေတြအားလုံး အလုအယက္ဝယ္ၿပီးေနာက္မွာေတာ့ ျခင္းေတာင္းထဲမွာ အသားႏွပ္ ဆယ္ထုပ္ေလာက္ က်န္ေနေသးတယ္။ ထုတ္လုပ္မႈျပႆနာအခ်ိဳ႕ေၾကာင့္ ဒီေန႔ရဲ႕အထုပ္အ႐ြယ္အစားက မေန႔ကဟာေတြထက္ အနည္းငယ္ ပိုေသးသြားတယ္။ ဒါေပမယ့္ ပန္းကန္လုံးေလးတစ္လုံးကို တစ္ဝက္ျပည့္သြားေလာက္တဲ့ ပမာဏရွိၿပီး လူတစ္ေယာက္ ေပါက္စီနဲ႔ စားဖို႔အတြက္ေတာ့ လုံးဝ လုံေလာက္တယ္။
ခရီးသည္တင္တဲ့သေဘၤာႀကီးလည္း ဆိပ္ကမ္းကို ဆိုက္ကပ္လာေလၿပီ။ တကယ္ေတာ့ ဒီနားတဝိုက္က ၿမိဳနဲ႔ေဈးေတြနဲ႔ နီးတဲ့ေနရာျဖစ္သည္။ သေဘၤာေပၚကဆင္းလာတဲ့ ခရီးသည္ေတြက သူတို႔ပတ္ဝန္းက်င္က ပ်ာပန္းခပ္ေနတဲ့ျမင္ကြင္းကို စူးစမ္းလိုစိတ္ေတြနဲ႔ ၾကည့္ရႈေနၾကတယ္။
အလို, ဟိုနားေလးမွာ လူေတြအမ်ားႀကီး ဝိုင္းအုံေနတာ ဘာမ်ားျဖစ္လို႔ပါလိမ့္ ယြင္ရွီး သြားၿပီး အေျခအေနကို တစ္ခ်က္ၾကည့္ခ်ည္စမ္း
စကားေျပာလိုက္တဲ့လူႀကီးက ေခါင္းမွာဆံပင္ေမႊးျဖဴေတြအျပည့္နဲ႔ အဘိုးအိုတစ္ေယာက္ျဖစ္ၿပီး က်န္းမာနီေစြးတဲ့ အသားအရည္ရွိေလသည္။ ႏႈတ္ခမ္းေမႊး ပါးသိုင္းေမႊးေတြနဲ႔ ထိုသူရဲ႕ မ်က္လုံးေတြက ဉာဏ္ပညာအလင္းေရာင္ေတြနဲ႔ ေတာက္ပေနဟန္ရွိသည္။ သူ႔ရဲ႕လႈပ္ရွားမႈတိုင္းကလည္း သူ႔ရဲ႕ပညာရည္အဆင့္အတန္းကို ထင္ဟပ္ေစတဲ့ က်က္သေရတစ္မ်ိဳးနဲ႔ ျပည့္စုံေနသည္။ ဒါေပမယ့္ ဒီအေျခအေနမွာေတာ့ သူရဲ႕အျပင္ပန္းပုံရိပ္နဲ႔ မသက္ဆိုင္စြာ သူမ်ားအေၾကာင္း စပ္စုခ်င္စိတ္တို႔ ႀကီးမားေနပုံရသည္။
သူ ယြင္ရွီးလို႔ ေခၚလိုက္တဲ့လူက အသက္ဆယ္ႏွစ္ဝန္းက်င္ ေကာင္ငယ္ေလးတစ္ေယာက္ျဖစ္သည္။ သူက အျဖဴေရာင္ဝတ္႐ုံရွည္ေပၚမွာ အျပာႏုေရာင္လိုင္းေဖာက္ထားတဲ့အေပၚဝတ္႐ုံကို ဝတ္ဆင္ထားေလသည္။ သူ႔ရဲ႕ မ်က္ႏွာေသးေသးေလးက ႏူးညံ့စြာလွပတာေၾကာင့္ တစ္ခ်က္ၾကည့္႐ုံနဲ႔ ေယာက်္ားေလး မိန္းကေလးမွန္း ခြဲျခားရခက္ေစသည္။ သူ႔ရဲ႕ၾကည့္ေကာင္းတဲ့ ႏႈတ္ခမ္းေလးေတြက သူ႔အဘိုးရဲ႕ ထူးဆန္းတဲ့ စပ္စုခ်င္စိတ္ကို မတတ္ႏိုင္တဲ့ပုံလိုမ်ိဳး စိတ္ပ်က္လက္ပ်က္ စုခြၽန္သြားေတာ့တယ္။
သူ႔စိတ္နဲ႔သာဆိုရင္ ဘာျဖစ္လဲသိရဖို႔အတြက္ ထိုၾကမ္းၾကမ္းတမ္းတမ္း လူအုပ္ႀကီးထဲကို တိုးေဝွ႔ၾကည့္ခ်င္စိတ္ လုံးဝမရွိေပမယ့္ သူ႔အဘိုးရဲ႕စ႐ိုက္ကို သူေကာင္းေကာင္းသိသည္။ သူသိခ်င္ၿပီဆိုရင္ အေသးစိတ္အားလုံး မသိရမခ်င္း လက္ေလွ်ာ့မွာမဟုတ္ေပ။ ဆယ္ႏွစ္အ႐ြယ္ေကာင္ငယ္ေလးက လူအုပ္ႀကီးဆီကို မေႏွးမျမန္တဲ့ႏႈန္းနဲ႔ ေအးေအးေဆးေဆးေလး ေလွ်ာက္သြားလိုက္ေတာ့သည္။
ဆရာယြမ္! ခရီးေဝးႀကီးလာခဲ့ရတာ ပင္ပန္းေနေရာေပါ့ဟိုနားေလးမွာ ျမင္းဆြဲရထားလုံးရွိတယ္ ဒီဘက္ကို ႂကြပါဗ်ာ
လူေတြအားလုံးကို သူ႔မွာေငြရွိေၾကာင္း သိေစခ်င္ေနသလိုမ်ိဳး ေခါင္းကေနေျခမအထိ ေျပာင္လက္ေတာက္ပေအာင္ အဖိုးတန္ေတြ ဝတ္စားထားတဲ့ လူတစ္ေယာက္ ေရာက္ခ်လာသည္။
ယြမ္စီန်န္က အရင္မင္းဆက္ရဲ႕ ေက်ာ္ၾကားတဲ့ ပညာရွိတစ္ေယာက္ျဖစ္သည္။ တကယ္ဆိုရင္ ယြမ္မင္းဆက္ရဲ႕ ေနာက္ဆုံးဧကရာဇ္က သူ႔ရဲ႕ပညာအရည္အခ်င္းေတြကို ေလးစားလြန္းလို႔ ေတာ္ဝင္နန္းေတာ္ကိုလာေရာက္ၿပီး ေတာ္ဝင္မင္းသားေလးေတြကို ပညာသင္ေပးဖို႔ အႀကိမ္ႀကိမ္ ဖိတ္ၾကားခဲ့ဖူးသည္။ သို႔ေသာ္လည္း ထိုကမ္းလွမ္းမႈေတြကို က်န္းမာေရးခ်ိဳ႕တဲ့လို႔ဆိုတဲ့ အေၾကာင္းျပခ်က္ေတြနဲ႔ ယဥ္ေက်းစြာ ျငင္းပယ္ခဲ့သည္။ ေနာက္ပိုင္း တိုင္းျပည္မွာ မၿငိမ္မသက္ျဖစ္မႈေတြ က်ေရာက္ၿပီး အနာဂတ္မေသခ်ာေတာ့တဲ့အခါ သူက သူ႔မိသားစုေတြကိုေခၚၿပီး လူမနီးတဲ့ ေတာင္ေတြရဲ႕အနက္ပိုင္းမွာ ႏွစ္အတန္ငယ္ၾကာ ပုန္းေအာင္းေနထိုင္ခဲ့သည္။
ႀကီးျမတ္တဲ့ မင္မင္းဆက္ႀကီး စတင္တဲ့အခါမွာ လက္ရွိမင္းဆက္ရဲ႕ ဧကရာဇ္ေဟာင္းကလည္း သူ႔ရဲ႕စြမ္းေဆာင္ရည္ေတြကို ေလးစားတန္ဖိုးထားတာေၾကာင့္ ေတာင္ေတြကိုစြန႔္ခြာၿပီး အမတ္ရာထူးကိုလက္ခံဖို႔ အႀကိမ္ႀကိမ္ေတာင္းဆိုခဲ့သည္။ သိုေသာ္လည္း ထိုလူႀကီးက ျငင္းဆန္ၿပီး ရွာေတြ႕ဖို႔ ခက္ခဲေနေလတယ္။
ေနာက္ေတာ့ သူက ဧကရာဇ္ေဟာင္းရဲ႕ ဇြဲေကာင္းမႈနဲ႔ စစ္မွန္မႈတို႔အေပၚ ထိမိခံစားသြားရၿပီး သူနဲ႔တန္းတူ ဉာဏ္ပညာရွိၿပီး အေတြ႕အႀကဳံရင့္က်က္တဲ့ သားျဖစ္သူ ယြမ္ေကာအန္းကို ေထာက္ခံေပးခဲ့သည္။ ထိုသူသည္ ေနာင္တစ္ခ်ိန္တြင္ ဧကရာဇ္ေဟာင္း၏ အရႈပ္ေတာ္ပုံတို႔ကို ေနာက္ကြယ္က ရွင္းလင္းေပးရသည့္၊ သူ႔အထက္မွာ ဧကရာဇ္တစ္ပါးသာရွိၿပီး လက္ေအာက္မွာ လူေပါင္းေသာင္းခ်ီရွိသည့္ ေျဖာင့္မတ္တဲ့ ဘုရင့္အႀကံေပးအမတ္တစ္ေယာက္ ျဖစ္လာခဲ့သည္။
မင္မင္းဆက္ကို တည္ေထာင္စအခ်ိန္မွာ ထိုအခ်ိန္မွာ ဧကရာဇ္ျဖစ္ေနဆဲျဖစ္တဲ့ ဧကရာဇ္ေဟာင္းက နယ္စပ္တလႊားမွာ စစ္ပြဲေတြ ျဖစ္ေအာင္လုပ္ရတာကို စြဲလမ္းႏွစ္သက္တယ္။ တကယ္လို႔ သူ႔ရဲ႕ဘယ္လက္႐ုံးျဖစ္ေသာ ေက်ာ္ၾကားတဲ့ အႀကံေပးအမတ္ႀကီးနဲ႔ ညာလက္႐ုံးျဖစ္ေသာ စိတ္ဓာတ္ခိုင္မာတဲ့ ေတာ္ဝင္မင္းဆရာသာမရွိရင္ ႀကီးျမတ္တဲ့ မင္မင္းဆက္လည္း ၿပိဳလဲသြားႏိုင္ေလာက္တယ္!
လက္ရွိဧကရာဇ္ နန္းတက္တဲ့အခါမွာေတာ့ အမတ္ယြမ္က အဆုံးမရွိတဲ့ လုပ္ပိုင္ခြင့္ေတြနဲ႔အတူ ၿမိဳစားဘြဲ႕ကို ေပးအပ္ခံရေလတယ္။ မၾကာခင္မွာပဲ ယြမ္ေကာအန္းဟာ နန္းတြင္းမွာ အေရးေပးအခံရဆုံး ၿပိဳင္စံရွားအမတ္တစ္ဦး ျဖစ္လာေတာ့တယ္။
တစ္ဖက္မွာလည္း ပညာရွိႀကီးယြမ္စီန်န္က အသက္ခုႏွစ္ဆယ္ရွိၿပီျဖစ္ေပမဲ့ သူ႔ရဲ႕ လက္ရွိသာယာတဲ့ ဘဝေလးမွာပဲ ေမြ႕ေလ်ာ္ေနေတာ့တယ္။ သူက ထန္ကူၿမိဳငယ္ေလးမွာ ႐ုံ႐ႊမ္ဆိုတဲ့ စာသင္ေက်ာင္းတစ္ခုကို တည္ေထာင္ထားတယ္။ ပထမေတာ့ ေန႔တိုင္း စာေတြသင္လိုက္ သူ႔ရဲ႕ ဥယ်ာဥ္ေလးကို ဂ႐ုစိုက္လိုက္နဲ႔ သူ႔ဘဝက သာယာဇိမ္က်ေနေလတယ္။
ေနာက္က်ေတာ့ သူ႔ရဲ႕အသင္အျပ ေကာင္းမြန္တယ္ဆိုတဲ့ သတင္းကပ်ံ႕ႏွံသြားၿပီး ေက်ာင္းသားေတြ အမ်ားႀကီး အပ္ႏွံလာၾကေတာ့တယ္။ ၿမိဳ႕ေတာ္က အရာရွိအရာခံေတြကလည္း သူတို႔ရဲ႕ကေလးေတြ ထိုေက်ာင္းကိုဝင္ခြင့္ရဖို႔ ရွိရွိသမွ် အဆက္အသြယ္ေတြနဲ႔ နည္းလမ္းမ်ိဳးစုံ အသုံးျပဳၾကေလတယ္။ စာသင္သားအေရအတြက္ေတြ တိုးပြားလာတာနဲ႔အမွ် စီမံခန႔္ခြဲဖို႔ကလည္း မ်ားျပားလာတယ္။ ဒါတင္မက ေက်ာ္ၾကားတဲ့ပညာရွိေတြကလည္း သူ႔ေက်ာင္းမွာ ဆရာျဖစ္လာဖို႔ သူတို႔ကိုယ္တိုင္ ေလ်ာက္ထားလာၾကတယ္။ သူတို႔ထဲမွာ သူ႔ရဲ႕တပည္ေဟာင္းေတြေတာင္ ပါလာေသးတယ္
ပညာရွိႀကီးယြမ္က ႐ုံ႐ႊမ္စာသင္ေက်ာင္းက သူ႔ရဲ႕မူလရည္႐ြယ္ခ်က္ကေန ေသြဖယ္သြားတာကို သတိျပဳမိတဲ့အခါ ဝင္ခြင့္အတြက္ တင္းၾကပ္တဲ့ သတ္မွတ္ခ်က္တခ်ိဳ႕ကို ခ်မွတ္လိုက္တယ္။ မင္းက ႐ုံ႐ႊမ္ေက်ာင္းကို ဝင္ခြင့္ရခ်င္တယ္ဆိုရင္ ဒါက ျဖစ္ႏိုင္ပါတယ္! ဒါေပမယ့္ ခက္ခဲတဲ့ ဝင္ခြင့္စာေမးပြဲ မ်ားစြာကို ျဖတ္ေက်ာ္ႏိုင္ရမယ္။ ဒါမွမဟုတ္ မင္းမွာ သူ႔မ်က္လုံးကို ဖမ္းစားႏိုင္တဲ့ အရည္အေသြးနဲ႔ အလားအလာေကာင္းတစ္ခုခုရွိရမယ္။ မဟုတ္ရင္ေတာ့ မင္းကဘာေကာင္ႀကီးပဲျဖစ္ေနပေစ ပိုက္ဆံေတြဘယ္ေလာက္ပဲရွိေနပေစ ဂ႐ုမစိုက္။ ဒီအဘိုးႀကီးကေတာ့ ဝင္ခြင့္ျပဳမွာမဟုတ္
ယြမ္စီန်န္က အျပင္ပန္းၾကည့္ရင္သာ ပညာရွိႀကီးတစ္ေယာက္ရဲ႕ ျပည့္စုံတဲ့ဥပမာျဖစ္ေပမယ့္ တကယ့္အ႐ိုးထဲမွာေတာ့ ကေလးဆိုး,ဆိုးေနတဲ့ လူႀကီးတစ္ေယာက္သာျဖစ္သည္။ သူ႔မွာ အေတာမသပ္ႏိုင္တဲ့ စပ္စုခ်င္စိတ္ကေလးရွိၿပီး အတင္းတုပ္ရတာကိုလည္း ႀကိဳက္ႏွစ္သက္ေသးတယ္။ ေနာက္တစ္ခုက သူကအစားေကာင္းဆို သိပ္ႀကိဳက္တတ္တာပဲ ဒီအခ်က္ကိုေတာ့ သိတဲ့လူအေတာ္ နည္းေလတယ္။ မဟုတ္ရင္ သူတို႔ကေလးေတြကို ဝင္ခြင့္ရေစခ်င္တဲ့ မိဘေတြက သူ႔ကို ျဖားေယာင္းဖို႔အတြက္ မုန႔္အေကာင္းစားေတြကို ေနရာအႏွံ႔လိုက္ရွာၾကလိမ့္မယ္။ ဒီလိုသာဆို ေသခ်ာေပါက္ ဝ႐ုန္းသုန္းကားေတြ ျဖစ္ကုန္မွာ!
သူတို႔ကေလးေတြရဲ႕ အနာဂတ္အတြက္ ပညာရွိႀကီးယြမ္ရဲ႕ စိတ္ကိုဖမ္းစားႏိုင္ဖို႔ နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ ႀကိဳးစားေနၾကတဲ့ မိဘေတြကို ေနရာတိုင္းမွာ ေတြ႕ျမင္ႏိုင္တယ္။ ဥပမာေျပာရရင္ ေ႐ႊေတြ လက္လက္ထေနေအာင္ ဝတ္ဆင္ထားတဲ့ ဆိပ္ကမ္းက ဖက္တီးႀကီးကလည္း သူတို႔ထဲက တစ္ေယာက္ပဲ။
ပညာရွိယြမ္က မ်က္ေမွာင္က်ဳံ႕လိုက္ၿပီး သူမျမင္ေအာင္ မ်က္ေစာင္းထိုးလိုက္တယ္။ ထို႔ေနာက္ ဟင္းခနဲသက္ျပင္းခ်ၿပီး ေအးစက္စြာ ေျပာလိုက္တယ္။
ငါ့ကို ဆိပ္ကမ္းမွာ ဘယ္သူမွ လာႀကိဳစရာမလိုဘူးလို႔ မေျပာခဲ့ဘူးလား, အာ? ကုန္သည္က်င္း ေမာင္မင္းကအခု ငါ့ရဲ႕ဆႏၵေတြကို သိသိသာသာႀကီး ဆန႔္က်င္ေနတာပဲ!
စိတ္ထဲမွာေတာ့ ထိုလူ႔ကို ႀကိတ္ကင္ေနၿပီျဖစ္သည္။
ငတုံးေကာင္ အဲ့ဒီေ႐ႊေတြနဲ႔ မင္းကိုယ္မင္း သံခ်ပ္ကာဝတ္စုံပါ လုပ္လိုက္ပါေတာ့လား! ဒီအဘိုးႀကီးရဲ႕ မ်က္လုံးေတြက သိပ္မေကာင္းပါဘူးဆို မင္းကိုယ္ေပၚကေ႐ႊေတြနဲ႔ ငါ့ကို ကန္းေစခ်င္ေနတာလား!
လုံးဝိုင္းျပည့္ၿဖိဳးတဲ့ ကုန္သည္က်င္းရဲ႕ ကပ္ဖားရပ္ဖားလုပ္မႈက ထင္သလိုျဖစ္မလာခဲ့ေပ။ ႐ုတ္တရက္ပဲ သူ႔ရဲ႕ဝကစ္ေနတဲ့ မ်က္ႏွာႀကီးေပၚမွာ ေဇာေခြၽးေတြစီးက်လာေတာ့သည္။ မ်ိဳးဆက္ ေျခာက္ဆက္တိုင္တိုင္ သူတို႔ရဲ႕က်င္းမိသားစုက ကုန္သည္ေတြျဖစ္ခဲ့ၾကတယ္။ သူတို႔မွာ ခ်မ္းသာႂကြယ္ဝမႈနဲ႔ မ်ားျပားတဲ့ ပိုင္ဆိုင္မႈေတြရွိေပမယ့္ တိုင္းျပည္ရဲ႕ လူတန္းစားေလးခုအနက္ အနိမ့္ဆုံး အရပ္သားအလႊာအဆင့္မွာ ပါဝင္ေနေသးတယ္။ (အရပ္သားလူတန္းစား - ပညာရွိ၊ လယ္သမား၊ လက္မႈပညာရွင္၊ ကုန္သည္ )
လက္ရွိဘုရင္ နန္းတက္တဲ့အခါမွာ လူမႈအဖြဲ႕အစည္းအတြင္းက ကုန္သည္ေတြရဲ႕ အေရးပါမႈကို တိုးျမင့္ေပးႏိုင္မယ့္ ဥပေဒတစ္ခုကို ျပဌာန္းခဲ့တယ္။ ထိုသည္ကေတာ့ ကုန္သည္ေတြရဲ႕ သားသမီးေတြလည္း ႏိုင္ငံအဆင့္ေတာ္ဝင္စာေမးေတြကို ေျဖဆိုခြင့္ရွိသြားၿပီပင္! မေမွ်ာ္လင့္ထားတဲ့ သတင္းေကာင္းကို ၾကားလိုက္ရတဲ့အခါ ကုန္သည္က်င္းက အလြန္အမင္း ေပ်ာ္႐ႊင္သြားၿပီး ငယ္ငယ္ကတည္းက လိမၼာထက္ျမက္တဲ့ သူ႔သားအတြက္ အေတာ္ဆုံး စာျပဆရာကို ငွားရမ္းခ်င္ခဲ့တယ္။ ဒါမွသာ သူ႔ရဲ႕ကုန္သည္ ကံၾကမၼာကေန ႐ုန္းထြက္ႏိုင္လိမ့္မည္ျဖစ္သည္။
ထန္ကူၿမိဳ႕မွာ တည္ရွိတဲ့ ႐ုံ႐ႊမ္စာသင္ေက်ာင္းရဲ႕ တည္ေထာင္သူဆရာႀကီးမွာ အရင္မင္းဆက္က ဉာဏ္ပညာျပည့္ဝတဲ့ ပညာရွိႀကီးတစ္ဦးျဖစ္ၿပီး ေရွ႕မွီေနာက္မွီ လူတစ္ေယာက္ ျဖစ္သည္ဆိုတာကို သူၾကားသိခဲ့ရတယ္။ ဒါ့အျပင္ ယခုလက္ရွိမင္းဆက္ရဲ႕ အႀကံေပးအရာရွိကလည္း ထိုဆရာႀကီးကိုယ္တိုင္ ေမြးျမဴသင္ၾကားေပးခဲ့တဲ့ လူလို႔သိရတယ္။ ကုန္သည္က်င္းက သူ႔သားနဲ႔အတူ ေဝးလံတဲ့ခရီးကို ေက်ာ္ျဖတ္ၿပီး ထန္ကူၿမိဳဆီ လာခဲ့ရတယ္။ ဝမ္းသာစရာကေတာ့ သူ႔ရဲ႕သားက ဝင္ခြင့္စာေမးပြဲကို တစ္ႀကိမ္ထဲနဲ႔ ေအာင္ျမင္ခဲ့ၿပီး ထိုေက်ာင္းရဲ႕ တရားဝင္ေက်ာင္းသားတစ္ေယာက္ ျဖစ္လာခဲ့တယ္။
ဒါေပမယ့္ ကိစၥတစ္ခု ျဖစ္ပ်က္သြားခဲ့တယ္။ ကုန္သည္က်င္းက မိမိသား အိမ္နဲ႔အေဝးႀကီးမွာ ေက်ာင္းသြားတက္ရတဲ့အခါ ေနဖို႔ထိုင္ဖို႔ အခက္အခဲျဖစ္ေနမလားဟု ေတြးမိခဲ့တယ္။ ၿပီးေတာ့လည္း ဒါကသူ႔သားအတြက္ ပထမဆုံးအႀကိမ္ အိမ္နဲ႔ခြဲေနဖူးတာျဖစ္တာေၾကာင့္ အဆင္မေျပျဖစ္မွာကို စိုးရိမ္ခဲ့တယ္။ ဒါေၾကာင့္ ေက်ာင္းကသူ႔သားရဲ႕ အေဆာင္ခန္းကို ဇိမ္ခံပစၥည္းေတြ ပရိေဘာကေတြ အျပည့္နဲ႔ ျပန္လည္ျပင္ဆင္လိုက္တယ္။ ပိုက္ဆံနဲ႔ဝယ္လို႔ရသမွ် အရာအားလုံးကို အေကာင္းဆုံးေတြအျဖစ္သို႔ ေျပာင္းလဲပစ္လိုက္တယ္။ မင္တုံးနဲ႔ စုတ္တံကအစ တန္ဖိုးႀကီးတဲ့ တံဆိပ္ေတြျဖစ္သည္။ ေက်ာင္းေတာ္မွာ ဒီလိုပစၥည္းမ်ိဳးေတြ ျမင္ဖူးတဲ့ စာသင္သားပင္ ေတာ္ေတာ္ရွားသည္။
စိတ္ျမန္လက္ျမန္ရွိလွတဲ့ ဆရာယြမ္က ဒါေတြအားလုံးကို သိရွိသြားတဲ့အခါ ကုန္သည္က်င္းရဲ႕သားကို မွတ္ခ်က္တစ္ခုနဲ႔ ေက်ာင္းမွထုတ္ပယ္လိုက္သည္။
စာသင္ေက်ာင္းဆိုတဲ့ေနရာက သင္ယူဖို႔နဲ႔ ေလ့လာဖို႔ အေပ်ာ္ခရီးထြက္တဲ့ေနရာမဟုတ္ဘူး မင္းရဲ႕သားက အခက္အခဲေတြကို သည္းမခံႏိုင္မွာ ေၾကာက္ေနရင္ အိမ္မွာသာ သက္ေတာင့္သက္သာေနဖို႔ ျပန္ေခၚသြားလိုက္!
ကုန္သည္က်င္းက ထုံထိုင္းစြာ ဆြံ႕အတုန္လႈပ္သြားခဲ့သည္။ သူ႔ရဲ႕သားက သူတို႔မိသားစုအတြက္ ဂုဏ္အသေရတို႔ ေဆာင္ယူလာေပးမည္ကို ေမွ်ာ္တလင့္လင့္ ျဖစ္ေနခဲ့ေပမယ့္ ေက်ာင္းကိုဝင္တာေတာင္ မၾကာေသးဘဲ သူ႔ရဲ႕အမွားေၾကာင့္ ထိုေမွ်ာ္လင့္ခ်က္ႀကီး ပ်က္စီးသြားခဲ့သည္။ သူ႔သားက အရမ္းစိတ္တိုၿပီး ရက္အနည္းငယ္ၾကာတဲ့အထိ အစားလည္းမစား ေရလည္းမေသာက္ဘဲ အခန္းတြင္းေအာင္းေနခဲ့သည္။ ကုန္သည္က်င္းက သူ႔ရဲ႕အမွားအတြက္ အလြန္စိတ္မေကာင္းျဖစ္ရၿပီး တစ္ညအတြင္းမွာပဲ ေခါင္းတစ္ဝက္ေလာက္ထိ ဆံပင္ေတြျဖဴသြားခဲ့တယ္။ သူ႔သားေရွ႕ေရးပ်က္စီးရတဲ့ အေၾကာင္းအရင္း မျဖစ္ေစဖို႔အတြက္ ကုန္သည္က်င္းက ေန႔စဥ္မျပတ္သြားေရာက္ၿပီး သူ႔ရဲ႕အမွားကို ျပင္ဆင္ႏိုင္ဖို႔ အမ်ိဳးမ်ိဳးႀကိဳးစား ရွာေဖြၾကည့္ေလတယ္။
သို႔ေသာ္လည္း ဆရာယြမ္နဲ႔ေတြ႕ရဖို႔ အခြင့္အေရးက အလြန္နည္းပါးလွတယ္။ ရက္အနည္းငယ္ မတိုင္ခင္က ႏွစ္စဥ္အားလပ္ရက္ျဖစ္တဲ့အတြက္ ေက်ာင္းေတာ္ကို ပိတ္ထားခဲ့ေလတယ္။ ဆရာယြမ္က မိသားစုေတြဆီ အလည္သြားဖို႔ သူ႔ေျမးကိုပါေခၚၿပီး အိမ္ျပန္သြားခဲ့တယ္။ ဒါေပမဲ့ ကုန္သည္က်င္းက လက္မေလ်ာ့ခ်င္ေသးေပ။ ႏွစ္သစ္ကူးမွာေတာင္ သူ႔မိသားစုေတြနဲ႔အတူ က်င္းပဖို႔ အိမ္ကိုမျပန္ႏိုင္ဘဲ သူအျပစ္ကို ကုစားႏိုင္မယ့္ အခြင့္အေရးတစ္ခုခု ရလိုရျငား ထန္ကူၿမိဳ႕မွာပဲ ဆက္ေနခဲ့တယ္။
ပထမတစ္လလုံး ထန္ကူၿမိဳ႕ဆိပ္ကမ္းမွာပဲေနၿပီး ေစာင့္ေနခဲ့တယ္။ ဆရာယြမ္ သူ႔ရဲ႕စစ္မွန္မႈကို ေတြ႕ျမင္ၿပီး သူ႔သားကို ေနာက္တစ္ႀကိမ္ အခြင့္အေရးေပးဖို႔ ေမွ်ာ္လင့္ေနခဲ့တယ္။ ေနာက္ဆုံးမွာေတာ့ ဒီအခြင့္အေရး ေရာက္လာခဲ့ေလၿပီ။ ဒါေပမယ့္ ျမင္တဲ့အတိုင္းပဲ သူထပ္ၿပီး ဆရာႀကီးကို စိတ္အေႏွာက္အယွက္ ေပးမိျပန္ၿပီ။
ကုန္သည္က်င္း စိတ္ညစ္လြန္းလို႔ ခုန္သာေပါက္လိုက္ခ်င္ေတာ့သည္။ ဒီအေျခအေနကို ဘယ္လိုျပန္ထိန္းရမလဲဆိုတာ မသိေတာ့ဘူး။ သူတစ္ေယာက္ထဲေဘးမွာ ကမာၻပ်က္မတတ္ စိုးရိမ္ေနတုန္း ဆရာယြမ္ရဲ႕ေျမး ယြမ္ယြင္ရွီးတစ္ေယာက္ လႈပ္လႈပ္ လႈပ္လႈပ္နဲ႔ ျပန္ေရာက္လာၿပီး သူ႔ရဲ႕စပ္စုတဲ့ဘိုးေအကို ေျပာလိုက္တယ္။
ဘာမွမဟုတ္ပါဘူးဗ်ာ, တစ္ေယာက္ေယာက္က အသားႏွပ္ဆိုတဲ့ဟာ ေရာင္းေနတာပါ
အသားႏွပ္? အဲ့ဒါက ဟင္းပြဲအမ်ိဳးအစားလား ငါတစ္ခါမွမၾကားဖူးပါဘူး အရသာေကာင္းတယ္တဲ့လား လူေတြအမ်ားႀကီးဝယ္ဖို႔ ေစာင့္ေနၾကတာဆိုေတာ့ အရသာေကာင္းလို႔ပဲျဖစ္ရမယ္! ျမည္းစမ္းၾကည့္လို႔ရမယ့္ စားစရာ အသစ္အဆန္းအေၾကာင္း ၾကားတဲ့အခါမွာေတာ့ ယြမ္စီန်န္ရဲ႕ မ်က္လုံးေတြက စိတ္လႈပ္ရွားမႈနဲ႔ ႐ုတ္တရက္ ေတာက္ပသြားေတာ့တယ္။ ဒါက သူ႔ရဲ႕က်က္သေရရွိတဲ့ ပညာရွိပုံစံကို အလိုအေလ်ာက္ ေပ်ာက္ပ်က္သြားေစၿပီး ႐ူးသြပ္ငမ္းငမ္းတက္ေနတဲ့ အစားႀကီးသူတစ္ေယာက္ပုံစံ ျဖစ္သြားေစတယ္။
ဆရာယြမ္ရဲ႕အႀကိဳက္ကို ဘယ္လိုေဆာင္ရမလဲ ပူပန္ေနတဲ့ ကုန္သည္က်င္းက ခ်က္ခ်င္းပဲ ဝင္ေျပာလိုက္တယ္။
ဆရာယြမ္ထိုင္ဖို႔ ေနရာတစ္ခုရွာၿပီး ခဏေလာက္အနားယူေနလိုက္ပါ ဘာလဲဆိုတာ က်ေနာ္သြားၾကည့္လိုက္ပါမယ္
သူ႔ရဲ႕ ေ႐ႊေရာင္ေဘာလုံးနဲ႔တူတဲ့ ဝတုတ္တုတ္ခႏၶာကိုယ္ႀကီးက ေရွာင္ေခ်ာင္းရဲ႕ေဘးကို အလ်င္အျမန္ ေရာက္ရွိသြားေတာ့တယ္။
မိန္းကေလး, မင္းေရာင္းေနတဲ့ အသားႏွပ္ေတြ က်န္တာအကုန္ ငါယူမယ္
.......

[Unicode]
အပိုင်း၈၃ (ကျော်ကြားတဲ့ပညာရှိ)

ဆိပ်ကမ်းမှာ သင်္ဘောပေါ်က ကုန်စည်တွေကို အတင်အချပြုလုပ်တဲ့ လုပ်သားအဖွဲပေါင်း အနည်းဆုံး ဆယ်ဖွဲ့လောက် ရှိလေသည်။ ထိုထဲမှ အကြီးဆုံးအဖွဲ့တွေကတော့ အလုပ်ကြပ်စွမ်နဲ့ လောင်လျို့တို့ ဦးစီးသည့် အဖွဲ့နှစ်ဖွဲ့ပင်ဖြစ်သည်။ သူတို့ရဲ့လက်အောက်မှာ ဆိပ်ကမ်းအလုပ်သမား အနည်းဆုံး တစ်ရာခန့်ရှိပြီး သင်္ဘော၅စီး ၆စီးကို တပြိုင်နက်တည်း ကုန်တင်ကုန်ချပြုလုပ်နိုင်သည်။ ထို့ကြောင့် ဖောက်သည်အများစုကို ထိုလူနှစ်ယောက်ကသာ လက်ဝါးကြီးအုပ်ထားကြသည်။
ဒီတော့ သဘာဝဆန်စွာပဲ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ပြိုင်ဘက်တွေလို့ သတ်မှတ်ထားကြလေသည်။ သူတို့ကြားက စီးပွားရေးပြိုင်ဆိုင်မှုတွေက ထင်သာမြင်သာမဟုတ်ပေမယ့် နောက်ကွယ်မှာတော့ ကြိတ်ပုန်းလေး ပွဲထနေတတ်သည်။ လွန်ခဲ့တဲ့နှစ်ရက်က အလုပ်ကြပ်စွမ်က မိန်းမငယ်လေးရဲ့ စားစရာတွေအကူအညီနဲ့ ဖောက်သည်ကြီးနှစ်ယောက်ကို နှစ်ရက်ဆက်တိုက် ရရှိခဲ့တာကြောင့် သူက ယောက်သွားတစ်ကောင်လို ပျော်ရွှင်နေပြီး ထိုမိန်းမငယ်လေးကို သူ့ဘက်ပါအောင် သေချာခေါ်ထားသင့်သလားဆိုတာကို စတင်စဉ်စားနေမိပြီ။
ဆိပ်ကမ်းအလုပ်သမားတွေက စိတ်ရူးပေါက်နေတဲ့လူကြီးတွေလို အလုပ်ကိုအတင်းအကြမ်း လုပ်နေကြ တော့တယ်။ ပုံမှန်ဆိုရင် သူတို့ ယခုလုပ်နေတဲ့ သင်္ဘောပေါ်က ကုန်တွေချဖို့ တစ်နာရီခွဲဝန်းကျင် ကြာတတ်ပေမယ့် ဒီနေ့တော့ တစ်နာရီအတွင်းမှာပဲ ပြီးဆုံးသွားခဲ့တယ်။ ကုန်စည်ပိုင်ရှင်ကြီးက အံ့ဩနေပြီး ဒီအလုပ်သမားအဖွဲ့က တခြားအဖွဲ့တွေထက် ပိုစွမ်းဆောင်နိုင်တယ်လို့ တွေးနေမိတယ်။ ဒါကြောင့် နောက်တစ်ခါ သူ့ရဲ့ကုန်စည်တွေ တင်ရာချရာမှာ ဒီအဖွဲကိုပဲခိုင်းဖို့ ဆုံးဖြတ်လိုက်တယ်။ မရည်ရွယ်ဘဲ ရှောင်ချောင်းက အလုပ်ကြပ်စွမ်အတွက် ဖောက်သည်တစ်ယောက်ရအောင် ကူညီပေးလိုက်ပြန်တယ်။
ရှောင်ချောင်း ဒီနေ့တော့ မင်းရဲ့အသားဟင်းနှစ်ထုပ်ပေးကွာမနေ့ညနေက မင်းရဲ့အသားနှပ် တချို့ကို အိမ်သယ်သွားတော့ ငါ့ရဲ့ကလေးနှစ်ယောက်က အရမ်းကြိုက်နေကြတာ ငါ့မိန်းမဆို ဘာလို့ ဒီလိုဈေးချိုတဲ့ အသားနှပ်ကို အိမ်အတွက် များများမဝယ်ခဲ့လဲဆိုပြီးတောင် ငါ့ကို အပြစ်တင်နေသေးတယ်! မနေ့ကသူမရဲ့ ပထမဆုံးဖောက်သည် အဖိုးဟောင်က သူမကိုနှုတ်ဆက်ဖို့ အပြေးရောက်လာခဲ့တယ်။ သူ့တစ်ကိုယ်လုံးက ချွေးတွေစိုရွှဲနေပေမယ့် သုတ်ဖို့တောင်ဂရုမထားနိုင်ဘူး။
ဟုတ်ပြီ! အသားနှပ်နှစ်ထုပ်, ရှီထုန် ဦးရီးဆီက ပိုက်ဆံယူလိုက်အုံး!
ရှောင်ချောင်းက အဖိုးဟောင်ရဲ့နောက်မှာ လူတွေအုပ်လိုက်ကြီး သူတို့ဆီပြေးလာနေကြတာကို မြင်တာကြောင့် သူမမောင်လေးကို ခပ်မြန်မြန် အလုပ်ပေးလိုက်တယ်။
ဟုတ်! ဦးရီးဟောင်, အသားနှစ်ထုပ်ဆိုရင် ကြေးပြားနှစ်ပြားကျပါတယ်ခင်ဗျ!
ရှီထုန်လေးက သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး မျက်လုံးကြီးကြီးလေးတွေ လခြမ်းပုံသဏ္ဌာန် ပြောင်းလဲသွားတဲ့အထိ ပြုံးရယ်နေလေသည်။ သူ့ပုံစံက လာဘ်ကောင်းတွေ ယူဆောင်လာပေးမယ့် ကောင်ငယ်လေးတစ်ယောက်ရဲ့အသွင်နဲ့ တူနေတော့သည်။
အဖိုးဟောင်က ပျော်ရွှင်စွာပဲ ငွေချေပြီး သူတို့ဆီက ဆီစိမ်စက္ကူထုပ်နှစ်ခုကို ယူလိုက်သည်။ ထို့နောက် ကော်ပြန့်ပေါင်းနှစ်ခုသွားဝယ်ပြီး အသားနှပ်ကို မုန့်လိပ်ထဲညှပ်ကာ အကိုက်အကြီးကြီးတွေ ကိုက်စားနေတော့သည်။ သူအထုပ်ကိုဖွင့်လိုက်တော့ ဒီနေ့ရဲ့အသားနှပ်က မနေ့ကအထုပ်တွေနဲ့ မတူတာကို တွေ့လိုက်ရတယ်။ အမှန်ပြောရရင် ဒီနေ့ဟာက မနေ့ကဟာထက် ပိုကောင်းပြီး အရသာရှိနေလေတယ်။ နောင်တရစိတ်လေးတစ်ခု သူ့ရင်ထဲဖြတ်ပြေးသွားတော့တယ်။ စောစောတုန်းက ဒီ့ထက်များများ ဝယ်လိုက်ရမှာကွာ
သူ အသားနှပ်ရောင်းနေတဲ့ မောင်နှမနှစ်ယောက်ဆီကို လှမ်းကြည့်လိုက်တဲ့အခါမှာတော့ ကလေးနှစ်ယောက်ရဲ့ သေးငယ်တဲ့ကိုယ်ထည်လေးတွေက လူအုပ်ကြီးထဲမှာ နစ်မြုပ်နေတော့တယ်။ သူအခုသွားပြီး တိုးဝေ့ပြန်ရင်လည်း နောက်ထပ်ဝယ်ရဖို့ မသေချာလုနီးပါးပဲ။ အဖိုးဟောင်က သက်ပြင်းချလိုက်ပြီး အသားနှပ်ကို ဖြည်းဖြည်းချင်းပဲ စစားလိုက်တော့တယ်။ မြန်မြန်စားလိုက်မိရင် သူ့ရဲ့အရသာလေး လွတ်ထွက်သွားမှာ စိုးနေသလိုမျိုး
ရှောင်ချောင်း ငါ့ကိုတစ်ထုပ်
ရှီထုန် ရှီထုန်! ငါ့ပိုက်ဆံကိုအရင်ယူ... ဟဟ ဒီကြေးပြားနှစ်ပြားကို ပြုတ်မကျအောင် သေချာကိုင်နော်!
ငါကသုံးထုပ် ငါ့အတွက်သုံးထုပ်ချန်ထားကြ! မင်းတို့အားလုံး တိရစ္ဆာန်တွေကျနေတာပဲ အကုန်ယူမသွားကြပါနဲ့ ငါမနေ့က ဘာမှမရလိုက်ဘူး
ငါပိုက်ဆံပေးပြီးပြီ ငါ့ကိုတစ်ထုပ်ပေးဟိတ်ကောင် ဟူကျီ!! ဘာလို့အရမ်းကြီးတွန်းနေတာလဲ ဒီမယ် မင်းလုပ်လို့ မိန်းကလေး မြေပေါ်ပစ်လဲတော့မယ်!!...
ပိုက်ဆံတွေလက်ခံရလွန်းလို ရှီထုန်ရဲ့လက်လေးတွေ နာကျင်စပြုလာတယ်။ သူ့ဆီကို မရေမတွက်နိုင်တဲ့ လက်တွေက ကြေးပြားတွေထိုးပေးနေသလိုပဲ။ ကြာတော့ ဘယ်သူက ဘယ်လောက် ပေးလိုက်မှန်းတောင် မမှတ်မိတော့ဘူး။ သူက စိတ်ဖိစီးမှုကြောင့် မျက်မှောင်လေးကြုတ်ပြီး မျက်နှာကို လေဖောင်းရုပ်လေးလို ဖောင်းလိုက်တော့တယ်။
ကံကောင်းစွာပဲ ဆိပ်ကမ်းအလုပ်သမားအများစုက ကမ္ဘာကြီးရဲ့နည်းလမ်းတွေကို သိနားလည်တာကြောင့် ကြေးပြားတစ်ပြား၊ နှစ်ပြားလောက်ကိုတော့ သိပ်ဂရုမစိုက်ကြပေ။ ဒါကြောင့် ဘယ်သူကမှ သူတို့နှစ်ယောက်ကို ပြဿနာမရှာကြဘူး။
ကံကောင်းထောက်မစွာနဲ့ ဒီနေ့မှာ မနေ့ကထက် အသားနှပ်တွေ များများပြင်ဆင်ခဲ့တာကြောင့် အလုပ်သမားတွေအားလုံး အလုအယက်ဝယ်ပြီးနောက်မှာတော့ ခြင်းတောင်းထဲမှာ အသားနှပ် ဆယ်ထုပ်လောက် ကျန်နေသေးတယ်။ ထုတ်လုပ်မှုပြဿနာအချို့ကြောင့် ဒီနေ့ရဲ့အထုပ်အရွယ်အစားက မနေ့ကဟာတွေထက် အနည်းငယ် ပိုသေးသွားတယ်။ ဒါပေမယ့် ပန်းကန်လုံးလေးတစ်လုံးကို တစ်ဝက်ပြည့်သွားလောက်တဲ့ ပမာဏရှိပြီး လူတစ်ယောက် ပေါက်စီနဲ့ စားဖို့အတွက်တော့ လုံးဝ လုံလောက်တယ်။
ခရီးသည်တင်တဲ့သင်္ဘောကြီးလည်း ဆိပ်ကမ်းကို ဆိုက်ကပ်လာလေပြီ။ တကယ်တော့ ဒီနားတဝိုက်က မြိုနဲ့ဈေးတွေနဲ့ နီးတဲ့နေရာဖြစ်သည်။ သင်္ဘောပေါ်ကဆင်းလာတဲ့ ခရီးသည်တွေက သူတို့ပတ်ဝန်းကျင်က ပျာပန်းခပ်နေတဲ့မြင်ကွင်းကို စူးစမ်းလိုစိတ်တွေနဲ့ ကြည့်ရှုနေကြတယ်။
အလို, ဟိုနားလေးမှာ လူတွေအများကြီး ဝိုင်းအုံနေတာ ဘာများဖြစ်လို့ပါလိမ့် ယွင်ရှီး သွားပြီး အခြေအနေကို တစ်ချက်ကြည့်ချည်စမ်း
စကားပြောလိုက်တဲ့လူကြီးက ခေါင်းမှာဆံပင်မွှေးဖြူတွေအပြည့်နဲ့ အဘိုးအိုတစ်ယောက်ဖြစ်ပြီး ကျန်းမာနီစွေးတဲ့ အသားအရည်ရှိလေသည်။ နှုတ်ခမ်းမွှေး ပါးသိုင်းမွှေးတွေနဲ့ ထိုသူရဲ့ မျက်လုံးတွေက ဉာဏ်ပညာအလင်းရောင်တွေနဲ့ တောက်ပနေဟန်ရှိသည်။ သူ့ရဲ့လှုပ်ရှားမှုတိုင်းကလည်း သူ့ရဲ့ပညာရည်အဆင့်အတန်းကို ထင်ဟပ်စေတဲ့ ကျက်သရေတစ်မျိုးနဲ့ ပြည့်စုံနေသည်။ ဒါပေမယ့် ဒီအခြေအနေမှာတော့ သူရဲ့အပြင်ပန်းပုံရိပ်နဲ့ မသက်ဆိုင်စွာ သူများအကြောင်း စပ်စုချင်စိတ်တို့ ကြီးမားနေပုံရသည်။
သူ ယွင်ရှီးလို့ ခေါ်လိုက်တဲ့လူက အသက်ဆယ်နှစ်ဝန်းကျင် ကောင်ငယ်လေးတစ်ယောက်ဖြစ်သည်။ သူက အဖြူရောင်ဝတ်ရုံရှည်ပေါ်မှာ အပြာနုရောင်လိုင်းဖောက်ထားတဲ့အပေါ်ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ သူ့ရဲ့ မျက်နှာသေးသေးလေးက နူးညံ့စွာလှပတာကြောင့် တစ်ချက်ကြည့်ရုံနဲ့ ယောကျ်ားလေး မိန်းကလေးမှန်း ခွဲခြားရခက်စေသည်။ သူ့ရဲ့ကြည့်ကောင်းတဲ့ နှုတ်ခမ်းလေးတွေက သူ့အဘိုးရဲ့ ထူးဆန်းတဲ့ စပ်စုချင်စိတ်ကို မတတ်နိုင်တဲ့ပုံလိုမျိုး စိတ်ပျက်လက်ပျက် စုချွန်သွားတော့တယ်။
သူ့စိတ်နဲ့သာဆိုရင် ဘာဖြစ်လဲသိရဖို့အတွက် ထိုကြမ်းကြမ်းတမ်းတမ်း လူအုပ်ကြီးထဲကို တိုးဝှေ့ကြည့်ချင်စိတ် လုံးဝမရှိပေမယ့် သူ့အဘိုးရဲ့စရိုက်ကို သူကောင်းကောင်းသိသည်။ သူသိချင်ပြီဆိုရင် အသေးစိတ်အားလုံး မသိရမချင်း လက်လျှော့မှာမဟုတ်ပေ။ ဆယ်နှစ်အရွယ်ကောင်ငယ်လေးက လူအုပ်ကြီးဆီကို မနှေးမမြန်တဲ့နှုန်းနဲ့ အေးအေးဆေးဆေးလေး လျှောက်သွားလိုက်တော့သည်။
ဆရာယွမ်! ခရီးဝေးကြီးလာခဲ့ရတာ ပင်ပန်းနေရောပေါ့ဟိုနားလေးမှာ မြင်းဆွဲရထားလုံးရှိတယ် ဒီဘက်ကို ကြွပါဗျာ
လူတွေအားလုံးကို သူ့မှာငွေရှိကြောင်း သိစေချင်နေသလိုမျိုး ခေါင်းကနေခြေမအထိ ပြောင်လက်တောက်ပအောင် အဖိုးတန်တွေ ဝတ်စားထားတဲ့ လူတစ်ယောက် ရောက်ချလာသည်။
ယွမ်စီနျန်က အရင်မင်းဆက်ရဲ့ ကျော်ကြားတဲ့ ပညာရှိတစ်ယောက်ဖြစ်သည်။ တကယ်ဆိုရင် ယွမ်မင်းဆက်ရဲ့ နောက်ဆုံးဧကရာဇ်က သူ့ရဲ့ပညာအရည်အချင်းတွေကို လေးစားလွန်းလို့ တော်ဝင်နန်းတော်ကိုလာရောက်ပြီး တော်ဝင်မင်းသားလေးတွေကို ပညာသင်ပေးဖို့ အကြိမ်ကြိမ် ဖိတ်ကြားခဲ့ဖူးသည်။ သို့သော်လည်း ထိုကမ်းလှမ်းမှုတွေကို ကျန်းမာရေးချို့တဲ့လို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ယဉ်ကျေးစွာ ငြင်းပယ်ခဲ့သည်။ နောက်ပိုင်း တိုင်းပြည်မှာ မငြိမ်မသက်ဖြစ်မှုတွေ ကျရောက်ပြီး အနာဂတ်မသေချာတော့တဲ့အခါ သူက သူ့မိသားစုတွေကိုခေါ်ပြီး လူမနီးတဲ့ တောင်တွေရဲ့အနက်ပိုင်းမှာ နှစ်အတန်ငယ်ကြာ ပုန်းအောင်းနေထိုင်ခဲ့သည်။
ကြီးမြတ်တဲ့ မင်မင်းဆက်ကြီး စတင်တဲ့အခါမှာ လက်ရှိမင်းဆက်ရဲ့ ဧကရာဇ်ဟောင်းကလည်း သူ့ရဲ့စွမ်းဆောင်ရည်တွေကို လေးစားတန်ဖိုးထားတာကြောင့် တောင်တွေကိုစွန့်ခွာပြီး အမတ်ရာထူးကိုလက်ခံဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။ သိုသော်လည်း ထိုလူကြီးက ငြင်းဆန်ပြီး ရှာတွေ့ဖို့ ခက်ခဲနေလေတယ်။
နောက်တော့ သူက ဧကရာဇ်ဟောင်းရဲ့ ဇွဲကောင်းမှုနဲ့ စစ်မှန်မှုတို့အပေါ် ထိမိခံစားသွားရပြီး သူနဲ့တန်းတူ ဉာဏ်ပညာရှိပြီး အတွေ့အကြုံရင့်ကျက်တဲ့ သားဖြစ်သူ ယွမ်ကောအန်းကို ထောက်ခံပေးခဲ့သည်။ ထိုသူသည် နောင်တစ်ချိန်တွင် ဧကရာဇ်ဟောင်း၏ အရှုပ်တော်ပုံတို့ကို နောက်ကွယ်က ရှင်းလင်းပေးရသည့်၊ သူ့အထက်မှာ ဧကရာဇ်တစ်ပါးသာရှိပြီး လက်အောက်မှာ လူပေါင်းသောင်းချီရှိသည့် ဖြောင့်မတ်တဲ့ ဘုရင့်အကြံပေးအမတ်တစ်ယောက် ဖြစ်လာခဲ့သည်။
မင်မင်းဆက်ကို တည်ထောင်စအချိန်မှာ ထိုအချိန်မှာ ဧကရာဇ်ဖြစ်နေဆဲဖြစ်တဲ့ ဧကရာဇ်ဟောင်းက နယ်စပ်တလွှားမှာ စစ်ပွဲတွေ ဖြစ်အောင်လုပ်ရတာကို စွဲလမ်းနှစ်သက်တယ်။ တကယ်လို့ သူ့ရဲ့ဘယ်လက်ရုံးဖြစ်သော ကျော်ကြားတဲ့ အကြံပေးအမတ်ကြီးနဲ့ ညာလက်ရုံးဖြစ်သော စိတ်ဓာတ်ခိုင်မာတဲ့ တော်ဝင်မင်းဆရာသာမရှိရင် ကြီးမြတ်တဲ့ မင်မင်းဆက်လည်း ပြိုလဲသွားနိုင်လောက်တယ်!
လက်ရှိဧကရာဇ် နန်းတက်တဲ့အခါမှာတော့ အမတ်ယွမ်က အဆုံးမရှိတဲ့ လုပ်ပိုင်ခွင့်တွေနဲ့အတူ မြိုစားဘွဲ့ကို ပေးအပ်ခံရလေတယ်။ မကြာခင်မှာပဲ ယွမ်ကောအန်းဟာ နန်းတွင်းမှာ အရေးပေးအခံရဆုံး ပြိုင်စံရှားအမတ်တစ်ဦး ဖြစ်လာတော့တယ်။
တစ်ဖက်မှာလည်း ပညာရှိကြီးယွမ်စီနျန်က အသက်ခုနှစ်ဆယ်ရှိပြီဖြစ်ပေမဲ့ သူ့ရဲ့ လက်ရှိသာယာတဲ့ ဘဝလေးမှာပဲ မွေ့လျော်နေတော့တယ်။ သူက ထန်ကူမြိုငယ်လေးမှာ ရုံရွှမ်ဆိုတဲ့ စာသင်ကျောင်းတစ်ခုကို တည်ထောင်ထားတယ်။ ပထမတော့ နေ့တိုင်း စာတွေသင်လိုက် သူ့ရဲ့ ဥယျာဉ်လေးကို ဂရုစိုက်လိုက်နဲ့ သူ့ဘဝက သာယာဇိမ်ကျနေလေတယ်။
နောက်ကျတော့ သူ့ရဲ့အသင်အပြ ကောင်းမွန်တယ်ဆိုတဲ့ သတင်းကပျံ့နှံသွားပြီး ကျောင်းသားတွေ အများကြီး အပ်နှံလာကြတော့တယ်။ မြို့တော်က အရာရှိအရာခံတွေကလည်း သူတို့ရဲ့ကလေးတွေ ထိုကျောင်းကိုဝင်ခွင့်ရဖို့ ရှိရှိသမျှ အဆက်အသွယ်တွေနဲ့ နည်းလမ်းမျိုးစုံ အသုံးပြုကြလေတယ်။ စာသင်သားအရေအတွက်တွေ တိုးပွားလာတာနဲ့အမျှ စီမံခန့်ခွဲဖို့ကလည်း များပြားလာတယ်။ ဒါတင်မက ကျော်ကြားတဲ့ပညာရှိတွေကလည်း သူ့ကျောင်းမှာ ဆရာဖြစ်လာဖို့ သူတို့ကိုယ်တိုင် လျောက်ထားလာကြတယ်။ သူတို့ထဲမှာ သူ့ရဲ့တပည်ဟောင်းတွေတောင် ပါလာသေးတယ်
ပညာရှိကြီးယွမ်က ရုံရွှမ်စာသင်ကျောင်းက သူ့ရဲ့မူလရည်ရွယ်ချက်ကနေ သွေဖယ်သွားတာကို သတိပြုမိတဲ့အခါ ဝင်ခွင့်အတွက် တင်းကြပ်တဲ့ သတ်မှတ်ချက်တချို့ကို ချမှတ်လိုက်တယ်။ မင်းက ရုံရွှမ်ကျောင်းကို ဝင်ခွင့်ရချင်တယ်ဆိုရင် ဒါက ဖြစ်နိုင်ပါတယ်! ဒါပေမယ့် ခက်ခဲတဲ့ ဝင်ခွင့်စာမေးပွဲ များစွာကို ဖြတ်ကျော်နိုင်ရမယ်။ ဒါမှမဟုတ် မင်းမှာ သူ့မျက်လုံးကို ဖမ်းစားနိုင်တဲ့ အရည်အသွေးနဲ့ အလားအလာကောင်းတစ်ခုခုရှိရမယ်။ မဟုတ်ရင်တော့ မင်းကဘာကောင်ကြီးပဲဖြစ်နေပစေ ပိုက်ဆံတွေဘယ်လောက်ပဲရှိနေပစေ ဂရုမစိုက်။ ဒီအဘိုးကြီးကတော့ ဝင်ခွင့်ပြုမှာမဟုတ်
ယွမ်စီနျန်က အပြင်ပန်းကြည့်ရင်သာ ပညာရှိကြီးတစ်ယောက်ရဲ့ ပြည့်စုံတဲ့ဥပမာဖြစ်ပေမယ့် တကယ့်အရိုးထဲမှာတော့ ကလေးဆိုး,ဆိုးနေတဲ့ လူကြီးတစ်ယောက်သာဖြစ်သည်။ သူ့မှာ အတောမသပ်နိုင်တဲ့ စပ်စုချင်စိတ်ကလေးရှိပြီး အတင်းတုပ်ရတာကိုလည်း ကြိုက်နှစ်သက်သေးတယ်။ နောက်တစ်ခုက သူကအစားကောင်းဆို သိပ်ကြိုက်တတ်တာပဲ ဒီအချက်ကိုတော့ သိတဲ့လူအတော် နည်းလေတယ်။ မဟုတ်ရင် သူတို့ကလေးတွေကို ဝင်ခွင့်ရစေချင်တဲ့ မိဘတွေက သူ့ကို ဖြားယောင်းဖို့အတွက် မုန့်အကောင်းစားတွေကို နေရာအနှံ့လိုက်ရှာကြလိမ့်မယ်။ ဒီလိုသာဆို သေချာပေါက် ဝရုန်းသုန်းကားတွေ ဖြစ်ကုန်မှာ!
သူတို့ကလေးတွေရဲ့ အနာဂတ်အတွက် ပညာရှိကြီးယွမ်ရဲ့ စိတ်ကိုဖမ်းစားနိုင်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားနေကြတဲ့ မိဘတွေကို နေရာတိုင်းမှာ တွေ့မြင်နိုင်တယ်။ ဥပမာပြောရရင် ရွှေတွေ လက်လက်ထနေအောင် ဝတ်ဆင်ထားတဲ့ ဆိပ်ကမ်းက ဖက်တီးကြီးကလည်း သူတို့ထဲက တစ်ယောက်ပဲ။
ပညာရှိယွမ်က မျက်မှောင်ကျုံ့လိုက်ပြီး သူမမြင်အောင် မျက်စောင်းထိုးလိုက်တယ်။ ထို့နောက် ဟင်းခနဲသက်ပြင်းချပြီး အေးစက်စွာ ပြောလိုက်တယ်။
ငါ့ကို ဆိပ်ကမ်းမှာ ဘယ်သူမှ လာကြိုစရာမလိုဘူးလို့ မပြောခဲ့ဘူးလား, အာ? ကုန်သည်ကျင်း မောင်မင်းကအခု ငါ့ရဲ့ဆန္ဒတွေကို သိသိသာသာကြီး ဆန့်ကျင်နေတာပဲ!
စိတ်ထဲမှာတော့ ထိုလူ့ကို ကြိတ်ကင်နေပြီဖြစ်သည်။
ငတုံးကောင် အဲ့ဒီရွှေတွေနဲ့ မင်းကိုယ်မင်း သံချပ်ကာဝတ်စုံပါ လုပ်လိုက်ပါတော့လား! ဒီအဘိုးကြီးရဲ့ မျက်လုံးတွေက သိပ်မကောင်းပါဘူးဆို မင်းကိုယ်ပေါ်ကရွှေတွေနဲ့ ငါ့ကို ကန်းစေချင်နေတာလား!
လုံးဝိုင်းပြည့်ဖြိုးတဲ့ ကုန်သည်ကျင်းရဲ့ ကပ်ဖားရပ်ဖားလုပ်မှုက ထင်သလိုဖြစ်မလာခဲ့ပေ။ ရုတ်တရက်ပဲ သူ့ရဲ့ဝကစ်နေတဲ့ မျက်နှာကြီးပေါ်မှာ ဇောချွေးတွေစီးကျလာတော့သည်။ မျိုးဆက် ခြောက်ဆက်တိုင်တိုင် သူတို့ရဲ့ကျင်းမိသားစုက ကုန်သည်တွေဖြစ်ခဲ့ကြတယ်။ သူတို့မှာ ချမ်းသာကြွယ်ဝမှုနဲ့ များပြားတဲ့ ပိုင်ဆိုင်မှုတွေရှိပေမယ့် တိုင်းပြည်ရဲ့ လူတန်းစားလေးခုအနက် အနိမ့်ဆုံး အရပ်သားအလွှာအဆင့်မှာ ပါဝင်နေသေးတယ်။ (အရပ်သားလူတန်းစား - ပညာရှိ၊ လယ်သမား၊ လက်မှုပညာရှင်၊ ကုန်သည် )
လက်ရှိဘုရင် နန်းတက်တဲ့အခါမှာ လူမှုအဖွဲ့အစည်းအတွင်းက ကုန်သည်တွေရဲ့ အရေးပါမှုကို တိုးမြင့်ပေးနိုင်မယ့် ဥပဒေတစ်ခုကို ပြဌာန်းခဲ့တယ်။ ထိုသည်ကတော့ ကုန်သည်တွေရဲ့ သားသမီးတွေလည်း နိုင်ငံအဆင့်တော်ဝင်စာမေးတွေကို ဖြေဆိုခွင့်ရှိသွားပြီပင်! မမျှော်လင့်ထားတဲ့ သတင်းကောင်းကို ကြားလိုက်ရတဲ့အခါ ကုန်သည်ကျင်းက အလွန်အမင်း ပျော်ရွှင်သွားပြီး ငယ်ငယ်ကတည်းက လိမ္မာထက်မြက်တဲ့ သူ့သားအတွက် အတော်ဆုံး စာပြဆရာကို ငှားရမ်းချင်ခဲ့တယ်။ ဒါမှသာ သူ့ရဲ့ကုန်သည် ကံကြမ္မာကနေ ရုန်းထွက်နိုင်လိမ့်မည်ဖြစ်သည်။
ထန်ကူမြို့မှာ တည်ရှိတဲ့ ရုံရွှမ်စာသင်ကျောင်းရဲ့ တည်ထောင်သူဆရာကြီးမှာ အရင်မင်းဆက်က ဉာဏ်ပညာပြည့်ဝတဲ့ ပညာရှိကြီးတစ်ဦးဖြစ်ပြီး ရှေ့မှီနောက်မှီ လူတစ်ယောက် ဖြစ်သည်ဆိုတာကို သူကြားသိခဲ့ရတယ်။ ဒါ့အပြင် ယခုလက်ရှိမင်းဆက်ရဲ့ အကြံပေးအရာရှိကလည်း ထိုဆရာကြီးကိုယ်တိုင် မွေးမြူသင်ကြားပေးခဲ့တဲ့ လူလို့သိရတယ်။ ကုန်သည်ကျင်းက သူ့သားနဲ့အတူ ဝေးလံတဲ့ခရီးကို ကျော်ဖြတ်ပြီး ထန်ကူမြိုဆီ လာခဲ့ရတယ်။ ဝမ်းသာစရာကတော့ သူ့ရဲ့သားက ဝင်ခွင့်စာမေးပွဲကို တစ်ကြိမ်ထဲနဲ့ အောင်မြင်ခဲ့ပြီး ထိုကျောင်းရဲ့ တရားဝင်ကျောင်းသားတစ်ယောက် ဖြစ်လာခဲ့တယ်။
ဒါပေမယ့် ကိစ္စတစ်ခု ဖြစ်ပျက်သွားခဲ့တယ်။ ကုန်သည်ကျင်းက မိမိသား အိမ်နဲ့အဝေးကြီးမှာ ကျောင်းသွားတက်ရတဲ့အခါ နေဖို့ထိုင်ဖို့ အခက်အခဲဖြစ်နေမလားဟု တွေးမိခဲ့တယ်။ ပြီးတော့လည်း ဒါကသူ့သားအတွက် ပထမဆုံးအကြိမ် အိမ်နဲ့ခွဲနေဖူးတာဖြစ်တာကြောင့် အဆင်မပြေဖြစ်မှာကို စိုးရိမ်ခဲ့တယ်။ ဒါကြောင့် ကျောင်းကသူ့သားရဲ့ အဆောင်ခန်းကို ဇိမ်ခံပစ္စည်းတွေ ပရိဘောကတွေ အပြည့်နဲ့ ပြန်လည်ပြင်ဆင်လိုက်တယ်။ ပိုက်ဆံနဲ့ဝယ်လို့ရသမျှ အရာအားလုံးကို အကောင်းဆုံးတွေအဖြစ်သို့ ပြောင်းလဲပစ်လိုက်တယ်။ မင်တုံးနဲ့ စုတ်တံကအစ တန်ဖိုးကြီးတဲ့ တံဆိပ်တွေဖြစ်သည်။ ကျောင်းတော်မှာ ဒီလိုပစ္စည်းမျိုးတွေ မြင်ဖူးတဲ့ စာသင်သားပင် တော်တော်ရှားသည်။
စိတ်မြန်လက်မြန်ရှိလှတဲ့ ဆရာယွမ်က ဒါတွေအားလုံးကို သိရှိသွားတဲ့အခါ ကုန်သည်ကျင်းရဲ့သားကို မှတ်ချက်တစ်ခုနဲ့ ကျောင်းမှထုတ်ပယ်လိုက်သည်။
စာသင်ကျောင်းဆိုတဲ့နေရာက သင်ယူဖို့နဲ့ လေ့လာဖို့ အပျော်ခရီးထွက်တဲ့နေရာမဟုတ်ဘူး မင်းရဲ့သားက အခက်အခဲတွေကို သည်းမခံနိုင်မှာ ကြောက်နေရင် အိမ်မှာသာ သက်တောင့်သက်သာနေဖို့ ပြန်ခေါ်သွားလိုက်!
ကုန်သည်ကျင်းက ထုံထိုင်းစွာ ဆွံ့အတုန်လှုပ်သွားခဲ့သည်။ သူ့ရဲ့သားက သူတို့မိသားစုအတွက် ဂုဏ်အသရေတို့ ဆောင်ယူလာပေးမည်ကို မျှော်တလင့်လင့် ဖြစ်နေခဲ့ပေမယ့် ကျောင်းကိုဝင်တာတောင် မကြာသေးဘဲ သူ့ရဲ့အမှားကြောင့် ထိုမျှော်လင့်ချက်ကြီး ပျက်စီးသွားခဲ့သည်။ သူ့သားက အရမ်းစိတ်တိုပြီး ရက်အနည်းငယ်ကြာတဲ့အထိ အစားလည်းမစား ရေလည်းမသောက်ဘဲ အခန်းတွင်းအောင်းနေခဲ့သည်။ ကုန်သည်ကျင်းက သူ့ရဲ့အမှားအတွက် အလွန်စိတ်မကောင်းဖြစ်ရပြီး တစ်ညအတွင်းမှာပဲ ခေါင်းတစ်ဝက်လောက်ထိ ဆံပင်တွေဖြူသွားခဲ့တယ်။ သူ့သားရှေ့ရေးပျက်စီးရတဲ့ အကြောင်းအရင်း မဖြစ်စေဖို့အတွက် ကုန်သည်ကျင်းက နေ့စဉ်မပြတ်သွားရောက်ပြီး သူ့ရဲ့အမှားကို ပြင်ဆင်နိုင်ဖို့ အမျိုးမျိုးကြိုးစား ရှာဖွေကြည့်လေတယ်။
သို့သော်လည်း ဆရာယွမ်နဲ့တွေ့ရဖို့ အခွင့်အရေးက အလွန်နည်းပါးလှတယ်။ ရက်အနည်းငယ် မတိုင်ခင်က နှစ်စဉ်အားလပ်ရက်ဖြစ်တဲ့အတွက် ကျောင်းတော်ကို ပိတ်ထားခဲ့လေတယ်။ ဆရာယွမ်က မိသားစုတွေဆီ အလည်သွားဖို့ သူ့မြေးကိုပါခေါ်ပြီး အိမ်ပြန်သွားခဲ့တယ်။ ဒါပေမဲ့ ကုန်သည်ကျင်းက လက်မလျော့ချင်သေးပေ။ နှစ်သစ်ကူးမှာတောင် သူ့မိသားစုတွေနဲ့အတူ ကျင်းပဖို့ အိမ်ကိုမပြန်နိုင်ဘဲ သူအပြစ်ကို ကုစားနိုင်မယ့် အခွင့်အရေးတစ်ခုခု ရလိုရငြား ထန်ကူမြို့မှာပဲ ဆက်နေခဲ့တယ်။
ပထမတစ်လလုံး ထန်ကူမြို့ဆိပ်ကမ်းမှာပဲနေပြီး စောင့်နေခဲ့တယ်။ ဆရာယွမ် သူ့ရဲ့စစ်မှန်မှုကို တွေ့မြင်ပြီး သူ့သားကို နောက်တစ်ကြိမ် အခွင့်အရေးပေးဖို့ မျှော်လင့်နေခဲ့တယ်။ နောက်ဆုံးမှာတော့ ဒီအခွင့်အရေး ရောက်လာခဲ့လေပြီ။ ဒါပေမယ့် မြင်တဲ့အတိုင်းပဲ သူထပ်ပြီး ဆရာကြီးကို စိတ်အနှောက်အယှက် ပေးမိပြန်ပြီ။
ကုန်သည်ကျင်း စိတ်ညစ်လွန်းလို့ ခုန်သာပေါက်လိုက်ချင်တော့သည်။ ဒီအခြေအနေကို ဘယ်လိုပြန်ထိန်းရမလဲဆိုတာ မသိတော့ဘူး။ သူတစ်ယောက်ထဲဘေးမှာ ကမ္ဘာပျက်မတတ် စိုးရိမ်နေတုန်း ဆရာယွမ်ရဲ့မြေး ယွမ်ယွင်ရှီးတစ်ယောက် လှုပ်လှုပ် လှုပ်လှုပ်နဲ့ ပြန်ရောက်လာပြီး သူ့ရဲ့စပ်စုတဲ့ဘိုးအေကို ပြောလိုက်တယ်။
ဘာမှမဟုတ်ပါဘူးဗျာ, တစ်ယောက်ယောက်က အသားနှပ်ဆိုတဲ့ဟာ ရောင်းနေတာပါ
အသားနှပ်? အဲ့ဒါက ဟင်းပွဲအမျိုးအစားလား ငါတစ်ခါမှမကြားဖူးပါဘူး အရသာကောင်းတယ်တဲ့လား လူတွေအများကြီးဝယ်ဖို့ စောင့်နေကြတာဆိုတော့ အရသာကောင်းလို့ပဲဖြစ်ရမယ်! မြည်းစမ်းကြည့်လို့ရမယ့် စားစရာ အသစ်အဆန်းအကြောင်း ကြားတဲ့အခါမှာတော့ ယွမ်စီနျန်ရဲ့ မျက်လုံးတွေက စိတ်လှုပ်ရှားမှုနဲ့ ရုတ်တရက် တောက်ပသွားတော့တယ်။ ဒါက သူ့ရဲ့ကျက်သရေရှိတဲ့ ပညာရှိပုံစံကို အလိုအလျောက် ပျောက်ပျက်သွားစေပြီး ရူးသွပ်ငမ်းငမ်းတက်နေတဲ့ အစားကြီးသူတစ်ယောက်ပုံစံ ဖြစ်သွားစေတယ်။
ဆရာယွမ်ရဲ့အကြိုက်ကို ဘယ်လိုဆောင်ရမလဲ ပူပန်နေတဲ့ ကုန်သည်ကျင်းက ချက်ချင်းပဲ ဝင်ပြောလိုက်တယ်။
ဆရာယွမ်ထိုင်ဖို့ နေရာတစ်ခုရှာပြီး ခဏလောက်အနားယူနေလိုက်ပါ ဘာလဲဆိုတာ ကျနော်သွားကြည့်လိုက်ပါမယ်
သူ့ရဲ့ ရွှေရောင်ဘောလုံးနဲ့တူတဲ့ ဝတုတ်တုတ်ခန္ဓာကိုယ်ကြီးက ရှောင်ချောင်းရဲ့ဘေးကို အလျင်အမြန် ရောက်ရှိသွားတော့တယ်။
မိန်းကလေး, မင်းရောင်းနေတဲ့ အသားနှပ်တွေ ကျန်တာအကုန် ငါယူမယ်
.......

Continue Reading

You'll Also Like

2.8M 185K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
670K 30.1K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
2.6M 40.7K 10
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...