သက်တန့်ရောင် မိန်းမပျို Book...

By CharmZoey

672K 85.2K 680

ခေါင်းစဉ် - သက်တန့်ရောင် မိန်းမပျို (ဘာသာပြန်) မူရင်းခေါင်းစဉ် - Fields of Gold အမျိုးအစား - သဘာဝလွန်၊ စိတ်ကူ... More

Intro
အပိုင္း၁ (ေပါက္စီတစ္လုံးေၾကာင့္ အသတ္ခံရျခင္း)
အပိုင္း၂ (အက်င့္ပုတ္တဲ့ အဘြား)
အပိုင္း၃ (ထူးဆန္းတဲ့ ေရာင္စုံေက်ာက္တုံး )
အပိုင္း၄ (သူမမွာ ေကာင္းမြန္တဲ့ အေဖရွိတယ္)
အပိုင္း၅ (မ်က္ေတာင္မခတ္ပဲလိမ္လည္ျခင္း)
အပိုင္း၆ (ပင္လယ္စာ ေကာက္ယူျခင္း)
အခန္း ၇ - အလွေလးကိုကယ္တင္ျခင္း
အပိုင္း ၈ (ထူးျခားတဲ့ ေနာက္ခံ)
အပိုင္း၉ (အက်ိဳးမ်ားတဲ့ ခရီးတို)
အခန္း၁၀ (လ်ိဳ႕ဝွက္အႀကံအစည္)
အခန်း ၁၁
အပိုင္း ၁၂ (က်ိန္ရႈံစားေသာက္ဆိုင္ရဲ႕
အပိုင္း ၁၃ (လုံးဝရႈပ္ေထြးေနေသာ)
အပိုင္း ၁၄ (လိမ္ရလြယ္တဲ့သားေကာင္)
အခန္း ၁၅ (အေကာင္းဆုံးဟင္းခတ္အေမႊးအႀကိဳင္)
အခန္း ၁၆ (ေဈးဝယ္ထြက္ျခင္း)
အပိုင္း ၁၇ (မိဘရဲ႕ ခ်စ္ျခင္းတရား)
အပိုင္း ၁၈ (ေတာင္ေပၚက ေကာင္ေခ်ာေလး)
အပိုင္း ၁၉ ( အကိုဟန႔္ေနာက္ကိုလိုက္ရင္ စားဖို႔အသားရွိတယ္ )
အပိုင္း ၂၀ (အံ့ဖြယ္ေက်ာက္တုံး ျပန္လာျခင္း)
အပိုင္း ၂၁ -အသားကင္တတ္တဲ့သူက အေခ်ာဆုံးပဲ!
အပိုင္း ၂၂ (လမ္းမွာေတြ႕ရတဲ့ အတားအဆီး)
အပိုင္း ၂၃ (အငယ္ဆုံးဦးေလး အိမ္ျပန္လာၿပီ)
အခန္း ၂၄ (ေျမႇာက္ပင့္ျခင္း)
အပိုင္း ၂၅ (ခ်ီးမြမ္းျခင္း)
အပိုင္း၂၆ (ဂုဏ္သိကၡာ)
အပိုင္း ၂၇ ( အလုပ္သင္ )
အပိုင္း ၂၈ (ပိုက္ဆံစုေဆာင္းျခင္း)
အပိုင္း ၂၉ (ေထာင္ေခ်ာက္ဆင္ျခင္း)
အပိုင္း ၃၀ (ထူးျခားမႈ)
အပိုင္း၃၁ (ေကာင္ေခ်ာေလးေနာက္တစ္ေယာက္)
အခန္း ၃၂ (အစားမက္သူ)
အပိုင္း ၃၃ -(အ႐ိုက္ခံရျခင္း)
အပိုင္း ၃၄ (ေဆးပညာသင္ယူျခင္း)
အပိုင္း-၃၅ ( ခ်စ္စရာ အိမ္ေမြးတိရိစာၦန္)
အပိုင္း ၃၆ (သဘာဝရဲ႕လက္ေဆာင္)
အပိုင္း ၃၇ - (ဆိပ္ကမ္း)
အပိုင္း ၃၈ - (ေတာ္ဝင္မင္းသား)
အပိုင္း ၃၉ (ေက်းဇူးတင္ျခင္းသေကၤတ)
အခန္း ၄၀ (ျမင့္မားေသာအထြက္ႏႈန္း)
အပိုင္း ၄၁ - (ျပင္းထန္စြာ ဖ်ားနာမႈ)
အပိုင္း၄၂ (ေဆာင္းတြင္းကပ္ေဘးဒုကၡ)
အပိုင္း -၄၃ ( အၾကင္နာတရားမရွိဘူး )
အပိုင္း -၄၄( ခါးသီးတဲ့စိတ္ထိခိုက္မႈ )
အပိုင္း ၄၅ (ခ်မ္းသာလာျခင္း)
အပိုင္း ၄၆ (အေၾကာင္းျပခ်က္ဖန္တီးျခင္း)
အပိုင္း ၄၇ (ျပစ္ဒဏ္)
အပိုင်း ၄၉ (အတွေးစိတ်ကူးများ)
အပိုင်း ၄၈ (အပြောင်းအလဲတစ်ခု)
အပိုင်း၅၀ (ပိုက်ဆံလက်ဆောင်)
အခန္း၅၁ (စီးပြားေရးရင္းႏွီးျမႇဳပ္ႏွံမႈ)
အပိုင်း-၅၂ (အိမ်ကိုအလည်လာခြင်း)
အပိုင်း ၅၃ (ရှင်ယာဝင်ဖြစ်လာခြင်း)
အပိုင်း ၅၄ - (ကြော်ငြာခြင်း)
အပိုင်း၅၅ (နှစ်သစ်ကူး)
အပိုင်း ၅၆ (ဒုက္ခရောက်သောနှစ်)
အပိုင်း ၅၇ - (ဘေးအန္တရာယ်)
အပိုင်း ၅၈ (ဖြတ်တောက်ခြင်း)
အပိုင်း ၅၉ (အတိတ်)
အပိုင်း ၆၀ (သတိလစ်မေ့မျောခြင်း )
အပိုင်း ၆၁ (ပြန်သတိရလာခြင်း)
အပိုင်း၆၂ (ရောင်းစားခံရခြင်း)
အပိုင်း ၆၃ - မိသားစုကွဲခြင်း (၁)
အပိုင်း ၆၄ - မိသားစုကွဲခြင်း ( ၂ )
အပိုင်း ၆၅ (နေအိမ်ဟောင်း)
အပိုင်း ၆၆ (မိခင်ဘက်မှမိသားစု)
အပိုင်း ၆၇ (အိမ်ပြင်ခြင်း)
အပိုင်း ၆၈ (ပိုကောင်းတဲ့အရွေ့အပြောင်း)
အပိုင်း ၆၉ (ငွေရှာမည့်အရင်းအမြစ်များကိုတိုးချဲ့ခြင်း)
အပိုင်း၇၀ (ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း)
အပိုင်း ၇၁ (ချစ်စရာကောင်းတဲ့လူငယ်လေး)
အပိုင်း၇၂ (ပေါက်စီ)
အပိုင်း ၇၃ (တိတ်တိတ်လေး သည်းညည်းခံနေခြင်း)
အပိုင်း၇၄ (လက်တွဲလုပ်ဆောင်မှု)
အပိုင်း၇၅ (ကူညီခြင်း)
အပိုင်း ၇၆ (အံ့ဩစရာကောင်းလိုက်တာ!)
အပိုင်း ၇၇ (အသားနှပ်)
အပိုင္း၇၈ (ဆိုင္ဖြင့္တဲ့ေန႔)
အပိုင်း ၇၉ (ဝက်ခေါင်း)
အပိုင်း၈၀ (ပြဿနာတက်ခြင်း)
အပိုင်း ၈၂ (အရသာသစ်)
အပိုင်း၈၃ (ကျော်ကြားတဲ့ပညာရှိ)
အပိုင်း ၈၄ (အစားကြီးသူ)
အပိုင်း ၈၅ (တပည့်တစ်ယောက်အဖြစ်လက်ခံခြင်း)
အပိုင်း၈၆ (ငါးဖမ်းခြင်း)
အပိုင်း ၈၇ (ငါးချဉ်)
အပိုင်း၈၈ (အဖေနဲ့သမီး)
အခန်း ၈၉ (ကျောင်းလခ)
အပိုင်း ၉၀ (လျို့ကော)
အခန်း၉၁ (ကြေးမြင့်တဲ့ပေးချေမှု)
အပိုင်း ၉၂ ( စိုနေတဲ့ဆန် )
အပိုင်း ၉၃ (အထင်ကြီးစရာဧည့်သည်)
အပိုင်း ၉၄ (မြည်းလှည်း)
အပိုင်း ၉၅ (ကျောင်းတက်ခြင်း)
အပိုင်း ၉၆ (အပူအပင်)
အပိုင်း ၉၇ (ဖျားနာနေသောမြည်း)
အပိုင်း ၉၈ (ဝေစု)
အပိုင်း ၉၉ - တွေ့ဆုံဖို့ အခွင့်အရေး
အပိုင်း ၁၀၀ (အချိန်အခါမဟုတ်အိမ်ကိုလာခြင်း)
အပိုင်း၁၀၁ (ကျိုးမိသားစု)
အပိုင်း၁၀၂ (အလုပ်မှာရေသာခိုခြင်း)
အပိုင်း ၁၀၃ (အကျင့်ပျက်ခြင်း)
အခန်း ၁၀၄ (လုယက်သူ)
အခန်း ၁၀၅ (ဝိညာဉ်တစ်ခုကိုမြင်ရခြင်း)
အပိုင်း ၁၀၆ (သေလုဆဲဆဲဖြစ်ခြင်း)
အပိုင်း ၁၀၇ (စုံစမ်းမေးမြန်းခြင်း)
အပိုင်း ၁၀၈ (မိုးကြိုး)
အပိုင်း၁၀၉ (မိုးကြိုးပစ်ခြင်း)
အပိုင်း ၁၁၀ (ဝန်ချတောင်းပန်ခြင်း)
အပိုင်း ၁၁၁ (အိမ်ပြန်လာခြင်း)
အခန်း ၁၁၂ (ထွက်ခွာခြင်း)
အပိုင်း ၁၁၃ (ဆေးဖက်ဝင်ဂျင်ဆင်းဘုရင်)
အပိုင်း ၁၁၄ (အကျိုးများတဲ့ခရီးတိုတစ်ခု)
အပိုင်း ၁၁၅ ( အသီးအရွက်များရောင်းခြင်း)
အပိုင်း ၁၁၆ (မင်းသားလေး)
အပိုင်း ၁၁၇ (ဟင်းသီးဟင်းရွက်များကြောင့် ရန်ဖြစ်ကြခြင်း)
အပိုင်း ၁၁၈ (လူကဲခတ်မြန်တဲ့လူကြီးမင်း)
အပိုင်း ၁၁၉ (ကျေနပ်အားရခြင်း)
အပိုင်း ၁၂၀ (ဆုလာဘ်)
အပိုင်း ၁၂၁ (ရင်းနှီးမြှပ်နှံမှု)
အပိုင်း ၁၂၂ (ဝဋ်လည်ခြင်း)
အပိုင်း ၁၂၃ ( အလုပ်များသော)
အပိုင်း ၁၂၄ (နောက်တစ်ခေါက်လာကြပြန်ပြီ! )
အပိုင်း ၁၂၅ (ကုတ်ခြစ်ခံရခြင်း)
အပိုင်း ၁၂၆
အပိုင်း ၁၂၇ (တိုင်ပင်ခြင်း)
အပိုင်း ၁၂၈ (သူမအိမ်လည်လာခြင်းရဲ့ရည်ရွယ်ချက်)
အပိုင်း ၁၂၉ (အဆိပ်မရှိခြင်း)
အပိုင်း၁၃၀ (အလည်ရောက်လာသူများ)
အပိုင်း ၁၃၁ ( မနက်စာ )
အပိုင်း ၁၃၂ (ဘဲသားနှပ်)
အပိုင်း ၁၃၃ (ကြမ္မာဖန်သောတွေ့ဆုံမှု)
အပိုင်း ၁၃၄ (အတွေ့အကြုံရင့်တဲ့အစားချစ်သူ)
အပိုင်း ၁၃၅ (အကင်းပါးသော)
အပိုင်း ၁၃၆ (ညနောက်ကျမှပြန်လာခြင်း)
အပိုင်း၁၃၇ (သိမ်းသွင်းစည်းရုံးခြင်း)
အပိုင်း ၁၃၈ (အစီအစဉ်ချခြင်း)
အပိုင်း ၁၃၉ ( စီရင်စုမြို့)
အပိုင်း ၁၄၀ (ဈေးဝယ်ထွက်ခြင်း)
အပိုင်း ၁၄၁ (စစ်သူကြီး)
အပိုင်း ၁၄၂ (အပြန်လမ်း)
အပိုင်း ၁၄၃ (လည်ပတ်ခြင်း)
အပိုင်း ၁၄၄ (အကြံဉာဏ်ပေးခြင်း)
အခန်း ၁၄၅ (အဆိုပြုခြင်း)
အပိုင်း ၁၄၆ (သံတမန်)
အပိုင်း ၁၄၇ (မွေးစားသမီး?)
အပိုင်း၁၄၈ (မွေးစားအဖေ)
အပိုင်း ၁၄၉ (မိသားစုဖြစ်လာခြင်း)
အပိုင်း ၁၅၀ (လူထူးလူဆန်း)
အပိုင်း ၁၅၁ (တော်ဝင်အမိန့်ပြန်တမ်း)
အပိုင်း၁၅၂ (မှတ်ဉာဏ်ဟောင်းများ)
အပိုင်း ၁၅၃ (ဧကရာဇ်ဟောင်း)
အပိုင်း ၁၅၄ (ဂျုံကြာဇံ)
အခန်း၁၅၅ (ထွက်ခွာဖို့လေးကန်နေခြင်း)
အခန်း ၁၅၆ (ပို့ဆောင်ခြင်း)
အခန်း ၁၅၇ (ပင်လယ်မျှော့)
အပိုင်း ၁၅၈ (မသမာတဲ့နည်းလမ်းသုံးခြင်း)
အပိုင်း ၁၅၉ (ခြိမ်းခြောက်ခြင်း)
အပိုင်း - ၁၆၀ ( အကြပ်ရိုက်အောင် လုပ်ခြင်း )
အပိုင်း ၁၆၁ (မနာလိုဖြစ်ခြင်း)
အပိုင်း ၁၆၂ - မနာလိုမှု
အပိုင်း ၁၆၃ - အကူ
အပိုင်း ၁၆၄ (ဝန်ခံလက်မြှောက်ခြင်း)
အပိုင်း ၁၆၅ (ပြောင်းလဲဖို့)
အခန်း ၁၆၆ (ဟုန်းဟုန်းတောက်ကျော်ကြားခြင်း)
အပိုင်း ၁၆၇ - (သမီးကိုကာကွယ်ခြင်း)
အခန်း ၁၆၈ - ချမ်းသာကြွယ်ဝခြင်း
အပိုင်း ၁၆၉ - အလုပ်ခေါ်စာ
အခန်း ၁၇၀ (ဖရဲသီးရောင်းခြင်း)
အပိုင်း ၁၇၁ ဖရဲသီးဆိုင်
အပိုင္း-၁၇၂( ခမ္းနားေသာ ဖြင့္ပြဲ )
အပိုင္း - ၁၇၃ (အကုန္ ေရာင္းထြက္ျခင္း)
အပိုင်း၁၇၄ - ဂုဏ်ပြုစားပွဲ
အပိုင်း ၁၇၅ - ချိုမြိန်ခြင်း အရသာ
အပိုင်း ၁၇၆ - ကြင်ယာတော်မင်းသမီး
အပိုင်း ၁၇၇ - အကြံအစည်
အပိုင်း - ၁၇၈ ( မွေးစားအမေ )
အပိုင်း ၁၇၉ - ရန်လိုမှု
အပိုင်း ၁၈၀ - ကံကြမ္မာ
အပိုင်း-၁၈၁ ( ထမင်းတစ်နပ်ကျွေးခြင်း )
အပိုင်း၁၈၂ - (ဧည့်ဝတ်ကျေပွန်မှု)
အပိုင်း၁၈၃ - မျက်နှာသာပေးတာ ခံချင်သူ
အပိုင်း ၁၈၄ နေထိုင်အခြေချဖို့ကူညီပေးခြင်း
အပိုင်း ၁၈၅ - သူခိုး
အခန်း ၁၈၆ - စဉ်းလဲတဲ့အကြံကိုလက်လွှတ်ဖို့ ငြင်းဆန်ခြင်း
အခန်း ၁၈၇ - အဆုံးမရှိ ဒုက္ခပေးခြင်း
အပိုင်း -၁၈၈ ( အရှက်မရှိခြင်း )
အပိုင်း ၁၈၉ - အချိန်ဆွဲထားခြင်း
အပိုင်း ၁၉၀ (စုံစမ်းမေးမြန်ခြင်း)
အပိုင်း ၁၉၁ ပြစ်မှုတစ်ခုကို တိုင်ကြားခြင်း
အပိုင်း ၁၉၂ - အိမ်မက်ဆိုး
အပိုင်း ၁၉၃ - ပေါ်ပေါက်လာခြင်း
အပိုင်း - ၁၉၄ (သဘောတူစာချုပ်)
အပိုင်း ၁၉၅ - ဝိညာဉ်
အပိုင်း ၁၉၆ (တရားရုံးအမှုစစ်များ)
အပိုင်း ၁၉၇ (ကိုယ့်ပါးကို ပြန်ရိုက်ခြင်း)
အပိုင်း ၁၉၈ (တရားရုံးသို့သွားခြင်း)
အပိုင်း ၁၉၉ (ကြီးမားတဲ့ချစ်ခြင်းမေတ္တာတရား)

အပိုင်း ၈၁ (လျှို့ဝှက်ချက်ပြုတ်နည်း)

3.7K 417 2
By CharmZoey

[Zawgyi]
အပိုင္း ၈၁ (လွ်ိဳ႕ဝွက္ခ်က္ျပဳတ္နည္း)

အမ်ိဳးသမီးလီက အထိတ္တလန႔္နဲ႔ ဝက္ေခါင္းအား အေဝးသို႔ လႊင့္ပစ္ၿပီးေနာက္ သူမရဲ႕ ပုခုံးေပၚ ရွည္လ်ားတဲ့ တစ္ခုခုက်လာတယ္လို႔ ႐ုတ္တရက္ ခံစားလိုက္ရတယ္။ သူမေခါင္းနဲ႔ ရင္ဘတ္ ကိုလဲ ႏူးညံ့တာတစ္ခုခုနဲ႔ ႐ိုက္မိလိုက္ေသးတယ္။ မရွင္းရေသးတဲ့ ဝက္ၿခံအနံ႔ကဲ့သို႔ ေၾကာက္စရာေကာင္းေသာ အနံ႔ဆိုးႀကီးက ေထာင္းကနဲထြက္လာၿပီး သူမႏွာေခါင္းထဲသို႔ ျပင္းထန္စြာ ဝင္လာတယ္။
သူမက သူမအေပၚမွာ ဘာေတြလဲဆိုတာ ရွင္းလင္းစြာ ျမင္လိုက္ရတဲ့အခါမွာေတာ့ ပူေနတဲ့ ေက်ာက္မီးေသြးေတြေပၚကို တက္နင္းလိုက္မိသလိုမ်ိဳး ျပဳမူေနေလတယ္။ သူမက ေၾကာက္လန္႔တၾကား ခုန္လိုက္ၿပီး သားသတ္သမားဆီက ဝက္တေကာင္လိုမ်ိဳး ေအာ္ေနေတာ့တယ္။ သူမ ပါးစပ္ကေန ဗ႐ုတ္သုတ္ခ စကားလုံးေတြ မဆုံးႏိုင္ေအာင္ ထြက္လာၿပီး သူမေနာက္ေၾကာင္းျပန္ျပေနတုန္း သူမရဲ႕ နား နားမွာတစ္စုံတစ္ခု ေပါက္ကြဲသြားသလိုမ်ိဳး ခံစားမိလိုက္တယ္။
"မင္း ေသရမယ္၊ ေသကိုေသရမယ္! ငါက မင္းရဲ႕ အေဖဘက္က အႀကီးဆုံးအရီးေနာ္ ဒါေတာင္ မင္းက ငါ့ကို ဒီလို စက္ဆုပ္စရာေတြနဲ႔ ပစ္ေပါက္ရဲတယ္။ လူငယ္ေတြက လူႀကီးေတြအေပၚ ေလးစားရမယ္ဆိုတာကိုေရာ အယုံအၾကည္ရွိေသးရဲ႕လား? မင္းငါ့ကို ဒီနည္းနဲ႔ ဆက္ဆံေနရင္ ေနာက္တစ္ႀကိမ္ မင္းအဖြားကိုလဲ ဒီနည္းအတိုင္း ဆက္ဆံေနမွာပဲ!! လ်ိဳမုယြမ္က သူ႔ကေလးေတြကို ဘယ္လိုသင္ေနလဲဆိုတာ တစ္႐ြာလုံးကို ငါက သိေစခ်င္ေသးပါရဲ႕!!"
အမ်ိဳးသမီးလီက ညစ္ပတ္ေနတဲ့ သူမ အဝတ္အစားေတြကို ေခါင္းငုံ႔ၾကည့္လိုက္တယ္။ သူမ ခႏၶာကိုယ္ေပၚက ဝက္ရဲ႕ အညစ္အေၾကးအနံ႔ဆိုးႀကီးဟာ သူမ ႏွာေခါင္းကို ခဏခဏ တိုက္ခိုက္ေနၿပီး သူမရဲ႕ အစာအိမ္ထဲကေန ပ်ိဳ႕အန္ခ်င္လာတယ္။ သူမ အဲ့ဒီအခ်ိန္မွာ မူးေမ့မတက္ပဲ။
ေရွာင္ေခ်ာင္းက သူမကို ခ်ိဳသာစြာ ၿပဳံးျပလိုက္ၿပီး
"အႀကီးဆုံးအရီး ကြၽန္မက အရီးအေပၚ ဘယ္လို ေလးစားမႈ မရွိတာျဖစ္ရတာလဲ အရီးပဲ ကြၽန္မတို႔ ျခင္းေတာင္းထဲမွာ ဘာရွိလဲ ျမင္ခ်င္တယ္ဆို အရီးရဲ႕ အသက္အ႐ြယ္ေၾကာင့္ ေကာင္းေကာင္းမျမင္ရမွာ စိုးလို႔ ရွင္းရွင္းလင္းလင္း ျမင္ရေအာင္ မ်က္စိေရွ႕ကို ေသေသခ်ာခ်ာေလး ပို႔ေပးလိုက္တာေလ အခု ဘာေတြလဲ ျမင္ၿပီမလား ဒါေတာင္ အဖိုးက ကြၽန္မတို႔ကို ပိုက္ဆံေတြ မ႐ိုးမသားေပးေနတယ္လို႔ ေျပာေနဦးမွာလား"
အမ်ိဳးသမီးလီရဲ႕ ျပန္ေျဖတာကို မေစာင့္ေတာ့ဘဲ ေရွာင္ေခ်ာင္းက သူမရဲ႕ အသံကို ျမႇင့္ၿပီး ဆက္ေျပာလိုက္တယ္
"အႀကီးဆုံးအရီး, အရီးေျပာတာ တစ္ခုေတာ့မွန္တယ္ ကြၽန္မတို႔ မိသားစုက အိမ္မွာ တကယ္ကို အမ်ားႀကီး မရွိဘူး။ ဒီေန႔ ဆိပ္ကမ္းမွာရွိတဲ့ေဈးကို ျမင္ခ်င္လို႔ ကြၽန္မေမာင္ေလးကို ဆိပ္ကမ္းကို ေခၚသြားခဲ့တာ။ ေျမႀကီးေပၚမွာ တျခားသူေတြ မလိုခ်င္တဲ့ ဟင္းသီးဟင္း႐ြက္ေတြ ဒါမွမဟုတ္ အဲ့လိုတျခားအစားအစာ တစ္ခုခုမ်ား ရွိမလားဆိုၿပီး ရွာခ်င္ခဲ့တာ။ ၿမိဳ႕က သားသတ္သမား ဦးေလးဝမ္က ကြၽန္မတို႔ကို သနားသြားၿပီးေတာ့ ဝက္ေခါင္းကိုေပးလိုက္တာေလ ဝက္ကလီစာေတြနဲ႔ အူေတြကိုေတာ့ သန႔္စင္ၿပီး စားလို႔ရႏိုင္ေလာက္မလားဆိုၿပီး ကြၽန္မနဲ႔ ရွီထုန္ေလးက ေျမႀကီးေပၚကေန ေကာက္လာခဲ့တာ... အဲ့ဒါေတြစားၿပီး ကြၽန္မတို႔ မေသဘူးဆိုရင္ အနံ႔နည္းနည္းေလာက္နံတာက ဘာအေရးလဲ... ငတ္ၿပီး ေသသြားတာထက္စာရင္ ေတာ္ေသးတာေပါ့... ကြၽန္မတို႔မိသားစုက ဒီလိုအေျခအေနမ်ိဳးမွာ ေရာက္ေနတာေတာင္ ဘာလို႔ အႀကီးဆုံးအရီးက ကြၽန္မတို႔အဖိုးဆီကေန အေထာက္အပံ့ယူေနပါတယ္လို႔ အခိုင္အမာေျပာေနရတာလဲ။ ကြၽန္မတို႔ တစ္မိသားစုလုံးကို တကယ္ ေသေစခ်င္ေနတာလား... ကြၽန္မတို႔ တစ္မိသားစုလုံး ငတ္မြတ္ၿပီး ဒါမွမဟုတ္ ေအးခဲၿပီး ေသသြားမွ အရီးကို ေပ်ာ္ေစမွာလား"
ေရွာင္ေခ်ာင္း သူမတို႔ မိသားစုကို အရင္တစ္ခါပို႔လိုက္တဲ့ အစာသြပ္ေပါက္စီေတြကို စားၿပီးကတည္းက အမ်ိဳးသမီးေမာက္ရဲ႕ ေရွာင္ေခ်ာင္းနဲ႔ သူမမိသားစုအေပၚရွိတဲ့ အျမင္က ေတာ္ေတာ္ေလး ေကာင္းလာခဲ့တယ္။ တစ္ဖက္မွာ သူမက ရည္႐ြယ္ခ်က္မရွိ မွတ္ခ်က္ေပးေတာ့တယ္။
"တုန္ရွန္း႐ြာ တစ္ခုလုံးမွာ ကိုယ့္မတ္ေလးျဖစ္သူရဲ႕ မိသားစုတစ္ခုလုံးကို အႀကီးဆုံးမရီးျဖစ္သူက ေသဖို႔ ဖိအားေပးေနတာ ဒါပထမဆုံး ၾကားဖူးတာဘဲ! အမ်ိဳးသမီးလီ ရွင္တကယ္လို႔ ဒါကို တကယ္လုပ္ခ်င္တယ္ဆိုရင္ ဒီနားပတ္ဝန္းက်င္မွာ ေက်ာ္ၾကားလာေတာ့မွာေလ... က်စ္ က်စ္ က်စ္ ၾကည့္လိုက္ပါဦး ကေလးေတြခမ်ာ စက္ဆုပ္စရာေကာင္းၿပီး နံေစာ္ေနတာေတြကို စားဖို႔ ႀကိဳးစားေနရေလာက္တဲ့အထိ အရမ္းဆာေလာင္ေနၾကရတာ"
အမ်ိဳးသမီးလီရဲ႕ မ်က္ႏွာအမူအရာက ခ်က္ခ်င္း ေျပာင္းသြားေတာ့တယ္။ သူမသားက လက္ထပ္ေၾကာင္းလွမ္းဖို႔နဲ႔ မိန္းမရွာဖို႔ ႏွစ္ႏွစ္သာလိုေတာ့တယ္။ သူမက သူ႔မတ္ေလးရဲ႕ မိသားစုကို ေသဖို႔တြန္းအားေပးတယ္ဆိုတဲ့ စကားသာထြက္လာခဲ့ရင္ ဘယ္သူကမ်ား သူတို႔သမီးကို သူမသားနဲ႔ လက္ထပ္ခြင့္ျပဳေတာ့မွာလဲ...
အမ်ိဳးသမီးလီက တစ္ခုခု ေျပာခ်င္ေနသလိုမ်ိဳး သူမပါးစပ္ကို ဖြင့္လိုက္ ပိတ္လိုက္ အႀကိမ္ႀကိမ္ လုပ္ေနခဲ့တယ္။ ႏူးညံ့ၿပီး အယုံလြယ္တဲ့ အမ်ိဳးသမီးဖန္းက သူမရဲ႕ အဆိုးဆုံး ရန္သူလိုမ်ိဳး သူမကို စိမ္းဝါးဝါး ၾကည့္လိုက္တယ္။ အမ်ိဳးသမီးဖန္းက ရွီထုန္ေလးကို သူမရဲ႕လက္ေမာင္းထဲကို ညင္ညင္သာသာ ဆြဲလိုက္ၿပီး သူမရဲ႕ မ်က္လုံးက မ်က္ရည္ေတြကို သုတ္ရင္း ေျပာလိုက္တယ္ "သနားစရာကေလးေတြ မင္းတို႔ ဒီလိုအရာေတြ စားလို႔ မရဘူးေလ... ဒါေတြကို ျမန္ျမန္လႊင့္ပစ္လိုက္။ အိမ္မွာ စားဖို႔ဘာမွမရွိရင္ စပါး က်င္းအနည္းငယ္ မင္းတို႔ကို ေခ်းေပးမွာေပါ့။"
ယြီဟိုင္ သူရဲ႕ ႏွလုံးေတြ စူးရွနာက်င္သြားၿပီး သူရဲ႕ မ်က္ႏွာေပၚမွာ ရႈပ္ေထြးတဲ့အၾကည့္တစ္ခု ျဖစ္ေပၚလာတယ္။ သူရဲ႕ေခါင္းကိုေမာ့ၿပီး သူ႔မ်က္လုံးထဲက မ်က္ရည္ေတြကို ျဖည္းျဖည္းခ်င္း ေပ်ာက္ကြယ္ေစလိုက္ေတာ့တယ္။ သူက အမ်ိဳးသမီးလီကို တစ္ခ်က္ၾကည့္ၿပီး ေျပာလိုက္တယ္။
"အႀကီးဆုံးမရီး ငါ ငါ့မိဘေတြကို ပိုက္ဆံေပးဖို႔ တစ္ခါမွ မေတာင္းဆိုဖူးတာကို ေကာင္းကင္ဘုံနဲ႔ က်ိန္ဆိုႏိုင္တယ္။ အေဖကလဲ ငါတို႔ကို တိတ္တဆိတ္ မေထာက္ပံ့ဖူးဘူး။ ငါတို႔ မိသားစု ခြဲထြက္လာခဲ့တုန္းက ငါတို႔ ဘယ္ေလာက္ပဲ ခက္ခဲပါေစ ဘယ္လိုပဲ ဆင္းရဲပါေစ ငါတို႔ေတာင္းစားရမယ္ဆိုရင္ေတာင္ က်န္ခဲ့တဲ့ မိသားစုဆီကေန ဘာတစ္ခုမွ ေတာင္းဆိုမွာ မဟုတ္ဘူး ဆိုတာ ရွင္းရွင္းလင္းလင္း ေျပာၿပီးသား။ ျခင္းထဲမွာ ဘာေတြလဲ မင္းျမင္ၿပီးသြားၿပီမလား တကယ္လို႔ ဘာကိစၥမွ မရွိေတာ့ရင္ ေက်းဇူးျပဳၿပီး အိမ္ျပန္လိုက္ပါေတာ့!!"
အမ်ိဳးသမီးလီက ဘာမွ ေရးႀကီးခြင္က်ယ္မလုပ္ေတာ့ဘဲ သူမရဲ႕ လက္ကိုင္ပုဝါကို ေျမႀကီးေပၚကို လႊတ္ခ်ၿပီး ေခါင္းကေန ေျခထိ ညစ္ပတ္ေနတာကို ဖုံးကြယ္လ်က္ ထြက္သြားေတာ့တယ္။ သူမကို သတင္းဆိုးေပးတဲ့ ဟိုမိန္းမကို ကလဲ့စားေခ်ဖို႔ ရွာရမယ္။
တံငါ႐ြာငယ္ေလးမွာ လွ်ိဳဝွက္ခ်က္ဆိုတာမ်ိဳး မရွိေပ။ ယြီဟိုင္နဲ႔ သူ႔မိသားစုဝင္ေတြက ဝက္အညစ္အေၾကးလို နံေဟာင္ေနတဲ့ အစားအစာေတြကို စုေဆာင္းဖို႔ ႀကံမိႀကံရာလုပ္တယ္ဆိုတဲ့ သတင္းစကားက တုန္ရွန္း႐ြာအႏွံ႔ကို ပ်ံ႕သြားခဲ့တယ္။
ယြီဟိုင္ရဲ႕ အႀကီးဆုံး ဦးေလး ယြီလီခြၽမ္း က ယြီမိသားစုရဲ႕ပင္မေနအိမ္ကို ေဒါသတႀကီး သြားေတြ႕ေတာ့တယ္။ သူက အဖိုးယြီကို ေဒါသနဲ႔ စူးစူးဝါးဝါး ေအာ္ေလတယ္
"ဒီမိန္းမက မိေထြးတစ္ေယာက္ဆိုေတာ့ မင္းကလည္း အေဖအတုျဖစ္လာတယ္လို႔ ဆိုလိုတာလား။ သာ့ဟိုင္က မင္းရဲ႕ေသြးသားအရင္းပါ... မင္းတို႔ေတြအားလုံးက သာ့ဟိုင္တို႔ မိသားစုတစ္ခုလုံးရဲ႕ ဘဝေတြကို ဆုံးရႈံးသြားေစခ်င္တာလား... ဒီလိုဆိုရင္ေတာ့ မင္းက ငါ့ညီ မဟုတ္ေတာ့ဘူး"
မ်က္ႏွာတစ္ခုလုံး မည္းေမွာင္ၿပီး အဖိုးယြီက အမ်ိဳးသမီးလီကိုေခၚကာ ဆူပူေတာ့တယ္။ သူက သူ႔အငယ္ဆုံးသမီးကို သူ႔ဒုတိယသားမိသားစုအတြက္ လူးဆပ္ေျပာင္းႏွံ ဆယ္က်င္းနဲ႔ ကန္စြန္းဥေကာ္မႈန႔္ ဆယ္က်င္း ယူလာခဲ့ဖို႔ေျပာလိုက္တယ္။
ပုံမွန္အတိုင္းပဲ ယြီဟိုင္က တစ္ခုကိုမွ မယူေခ်။ သူက ယြီမိသားစုကေန ဆံခ်ည္တစ္မွ်င္ေတာင္ မယူဖူးလို႔ ေျပာၿပီးသားျဖစ္တာမို႔ သူတို႔မွာ သြားစရာေနရာမရွိရင္ေတာင္ ထင္ရာမစိုင္းခဲ့။ ဒါေၾကာင့္ တစ္ေယာက္ေယာက္က သူတို႔ကို ေၾကာင္သူေတာ္လို႔ေခၚမွာကို ေရွာင္ရွားဖို႔အတြက္ အဖိုးယြီက ျပႆနာကိုေဆြးေႏြးဖို႔ ကိုယ္တိုင္လာတာေတာင္မွ သူရဲ႕ရပ္တည္ခ်က္ကိုသာ ဆုပ္ကိုင္ထားေလတယ္။
ယြီေရွာင္ေခ်ာင္းက အမ်ိဳးသမီးလီကို ထြက္သြားေစရန္ ေျခာက္လွန႔္ဖို႔ ဝက္ေခါင္းနဲ႔ အလြန္နံေဟာင္ေနေသာ ဝမ္းတြင္းသားေတြကို အသုံးျပဳၿပီးေနာက္ သူမက ပါဝင္ပစၥည္းေတြကို သန႔္ရွင္းတာနဲ႔ ျပင္ဆင္တာကို ခ်က္ခ်င္း စလုပ္ေတာ့တယ္။ အသားႏွပ္ေတြကို ျပဳလုပ္ဖို႔ အခ်ိန္ပင္။
"အာ... ေရွာင္ေခ်ာင္း, မင္း ဒီပစၥည္းေတြနဲ႔ အစားအစာျပဳလုပ္ဖို႔ အသုံးျပဳႏိုင္မွာ ေသခ်ာရဲ႕လား။ အလုပ္မျဖစ္ႏိုင္ဘူးဆိုရင္ မင္း အခ်ိန္နဲ႔ ဟင္းခတ္အေမႊးအႀကိဳင္ေတြကို မျဖဳန္းနဲ႔ေနာ္" အမ်ိဳးသမီးဖန္းက သူမကို ေႏြးေထြးစြာ သတိေပးလာခဲ့တယ္။ က်န္တဲ့ ယြီမိသားစုဝင္ေတြက အမႈိက္ကို ရတနာအျဖစ္ ေျပာင္းလဲႏိုင္တဲ့ သူမရဲ႕စြမ္းရည္ကို အသားက်ေနၿပီျဖစ္တာမို႔ ဘာမွမေျပာခဲ့ေပ။
အမ်ိးသမီးေမာက္က ကန္စြန္းဥေကာ္မႈန႔္အနည္းငယ္နဲ႔ သူမဒီေန႔ တူးထားတဲ့ ေဆးျမစ္႐ိုင္းအခ်ိဳ႕ကို ယူလာၿပီး ေျပာလိုက္တယ္။
"ဒီအရာေတြကို ျပင္ဆင္ဖို႔ ႀကိဳးစားေနတာကို ျမန္ျမန္ရပ္လိုက္။ မင္းရဲ႕အရီး ေျပာတာကို နားေထာင္ၿပီး သူတို႔ကို ပစ္လိုက္ေတာ့ ဟုတ္ၿပီလား။ ေနာက္ကို အိမ္မွာ စားစရာမရွိရင္ အရီးဆီမွာ နည္းနည္းလာေခ်းလိုက္... ကန္စြန္းဥေတြကို ရိတ္သိမ္းၿပီးတဲ့အခါက်မွ မင္းစားခဲ့တာေတြ ျပန္လာေပး။ အခုေရာ အရင္တုန္းကေရာ ဘယ္သူ႔မွာ ခက္ခဲတဲ့အခ်ိန္မရွိလို႔လဲ။ အဲ့တာကို လႊင့္ပစ္လိုက္ေတာ့" သူမကစကားေျပာေနရင္းနဲ႔ပဲ အမ်ိဳးသမီးေမာက္က ေရွာင္ေခ်ာင္းလက္ေတြထဲက ဝမ္းတြင္းသားကို စိတ္အားထက္သန္စြာနဲ႔ ဆြဲယူလိုက္ၿပီး အခန္းအျပင္ဘက္ကို ပစ္ထုတ္ဖို႔ လုပ္ေတာ့တယ္။
ေရွာင္ေခ်ာင္းက စိုးရိမ္ၿပီး ေခြၽးပ်ံလာေတာ့တယ္။ ဒီေငြရွာနည္းက သူမဦးေႏွာက္ကိုေမႊေႏွာက္ထားရတဲ့နည္းေလ။ သူတို႔သာ သူမရဲ႕ပါဝင္ပစၥည္းကို ပစ္လိုက္မယ္ဆိုရင္ မနက္ျဖန္ အသားႏွပ္တစ္ထုပ္ကို ေၾကးဒဂၤါး ၁ ျပားနဲ႔ သူမဘယ္လိုေရာင္းႏိုင္မွာလဲ။ သူမက ဆိပ္ကမ္းက လူေတြကို ကတိေပးခဲ့ၿပီးၿပီေလ!
သူ႔ရဲ႕ဒုတိယသမီးက စိုးရိမ္မႈနဲ႔ ခုန္ေပါက္လုနီးပါး ျဖစ္ေနတာကိုျမင္ေတာ့ ယြီဟိုင္က ေရွ႕ကို ကတိုက္က႐ိုက္ ေထာ့နဲ႔ေထာ့နဲ႔ေလွ်ာက္လာၿပီး အမ်ိဳးသမီးေမာက္ဆီက ဝက္ဝမ္းတြင္းသားေတြယူကာ ၿပဳံးလိုက္တယ္။
" အိမ္နီးခ်င္း, ကြၽန္ေတာ္တို႔မိသားစုက ငတ္မြတ္ၿပီး ေသေလာက္တဲ့ အေျခအေန မျဖစ္ေသးပါဘူး။ မင္းရဲ႕ေစတနာအတြက္ ေက်းဇူးတင္ပါတယ္။ ေရွာင္ေခ်ာင္းက ဝမ္းတြင္းသားေတြကိုသုံးၿပီး ကြၽန္ေတာ့္ရဲ႕ ေျခေထာက္အတြက္ အသုံးျပဳႏိုင္တဲ့ ေဆးရွိတယ္လို႔ တစ္ေယာက္ေယာက္ဆီကေန ၾကားခဲ့လို႔ပါ"
အမ်ိဳးသမီးေမာက္က သူ႔ေျခေထာက္ကို ဖ်က္ကနဲၾကည့္ၿပီး တစ္ခုခုကို ႐ုတ္တရက္ သေဘာေပါက္သြားကာ ေျပာလိုက္တယ္။
"အာ! ဒါဆို ေျခေထာက္အတြက္ သုံးဖို႔ေပါ့... အမ္.. အံ့ဩစရာေတာ့ မဟုတ္ဘူးေလ! အဲ့တာက မင္းေျခေထာက္ကို တကယ္ေပ်ာက္ကင္းေစႏိုင္တယ္ဆိုရင္ ဘယ္ေလာက္ပဲနံနံ မင္း သည္းခံႏိုင္ရမွာပဲ။ ေကာင္းၿပီ! အိမ္ကို ကန္စြန္းဥေကာ္မႈန႔္ေတြ ျပန္ယူသြားလိုက္ေတာ့မယ္ ဒါေပမဲ့ ေဆးျမစ္႐ိုင္းေတြကိုေတာ့ ယူထားလိုက္ၿပီး ဒီည စြပ္ျပဳတ္လုပ္ေသာက္ၾကေလ ေရွာင္ေခ်ာင္း မင္းတကယ္လို႔ မနက္ျဖန္ ေဆးျမစ္႐ိုင္းေတြကို ပိုၿပီး စုခ်င္တယ္ဆိုရင္ ငါ့ကို လာရွာလွည့္ ေဆးဖက္ဝင္မုန္ညင္းအမ်ားႀကီး ရွိတဲ့ ေနရာတစ္ခုကို ငါသိတယ္"
ေရွာင္ေခ်ာင္းက အျပင္ပိုင္းမွာ ေအးစက္ၿပီး ေႏြးေထြးတဲ့ ႏွလုံးသားရွိတဲ့ အမ်ိဳးသမီးေမာက္ကို လိုက္ပို႔လိုက္ရင္း ကတိေပးလိုက္တယ္။ အမ်ိဳးသမီးဖန္းက ေနာက္မွာ ေနရင္း ေျပာလာတယ္
"ေရွာင္ေခ်ာင္း မင္းအေမအခု အိမ္မွာ မရွိေသးဘူး။ ငါမင္းကို ဒီဟာေတြ ျပင္ဆင္တာ ကူညီေပးမယ္"
ေရွာင္ေခ်ာင္းက ဒီအမ်ိဳးသမီးႀကီးကို ေဖ်ာင္းဖ်ႏိုင္ဖို႔ နည္းလမ္းမရွိဘူးဆိုတာကို သိတာမလို႔ သူမက ဝမ္းတြင္းသားရဲ႕ ပါဝင္ပစၥည္းေတြကို ေဆးေၾကာၿပီး အပိုင္းပိုင္း ျဖတ္လိုက္ေတာ့တယ္။ အဲ့တာေတြကို ေျပာင္းျပန္လွန္ကာ ဆားၾကမ္းကို သုံးၿပီး ႏွံ႔ႏွံ႔စပ္စပ္ေဆးေၾကာဖို႔ သူမက အမ်ိဳးသမီးဖန္းကို ၫႊန္ၾကားလိုက္တယ္။ ထိုသို႔ျပဳလုပ္ျခင္းကက စြဲက်န္ေနတဲ့အနံ႔ေတြနဲ႔ အဆီပိုေတြကို ဖယ္ရွားဖို႔ကူညီေပးေလတယ္။ အမ်ိဳးသမီးဖန္းက စက္ဆုပ္ဖြယ္ေကာင္းတယ္ဆိုၿပီး မျပဳမူဘဲနဲ႔ အက်ႌလက္ကို လိပ္တင္ကာ အလုပ္မ်ားေနေတာ့တယ္။
ၿပီးတဲ့ေနာက္မွာေတာ့ ယြီေရွာင္ေခ်ာင္းက ေရွာင္လ်န္ကို ဝက္ရဲ႕ဝမ္းတြင္းသားကို ဘယ္လိုျပင္ဆင္ သန႔္ရွင္းရမယ္ဆိုတာကို သင္ေပးခဲ့တယ္။ သူမကိုယ္တိုင္လည္း ဝက္ေခါင္းကို ျပင္ဆင္ေလတယ္။ ပထမအဆင့္က အခ်ိန္ခဏေလာက္ သန႔္ရွင္းတဲ့ေရထဲမွာ ဝက္ေခါင္းကိုစိမ္ဖို႔နဲ႔ အျပင္က အညစ္အေၾကးေတြကို တိုက္ခြၽတ္ေဆးေၾကာၿပီး လုံးဝေျပာင္သြားသည္အထိ အေမြးေတြကို ဖယ္ပစ္ဖို႔ျဖစ္တယ္။ ၿပီးရင္ေတာ့ အဲ့တာကို ၁၅ မိနစ္ေလာက္ အိုးထဲမွာျပဳတ္ၿပီး ဝက္ေခါင္းမွာ အေမြးေတြ က်န္ေနေသးလားဆိုတာကို စစ္ေဆးရမွာျဖစ္တယ္။ အဲ့ဒီအခ်က္မွာ ဝက္မွင္ဘီးၾကမ္းကို သုံးၿပီး လုံးဝသန႔္ရွင္းသြားသည္အထိ မ်က္ႏွာျပင္တစ္ခုလုံးကို အားစိုက္တိုက္ခြၽတ္ေဆးေၾကာရမွာပင္။
ယြီဟိုင္က ဝက္ေခါင္းကိုေဆးေၾကာတဲ့တာဝန္ကို ယူလိုက္ေလတယ္။ သူ႔ေျခေထာက္ဒဏ္ရာမရခင္က ႐ြာသားေတြအားလုံးက သူတို႔ ဝက္သားထိုးတဲ့အခါတိုင္း သူ႔ကိုအကူအညီေတာင္းၾကတယ္။ အေၾကာင္းအရင္း ၂ ခ်က္ရွိေလတယ္။ တစ္ခ်က္မွာ သူကသန္မာၿပီး ခြန္အားေတြ အမ်ားႀကီးရွိလို႔ ျဖစ္တယ္။ ေနာက္တစ္ခ်က္က သူကိုယ္တိုင္ ဝက္ေတြကို ဘယ္လိုသားထိုးရမလဲဆိုတာနဲ႔ တိရိစာၦန္ေပၚက အေမႊးေတြကို ဘယ္လိုကိုင္တြယ္ရမယ္ဆိုတာကို သိတာေၾကာင့္ပင္။ သူက သူမလိုမ်ိဳး ကြၽမ္းက်င္တာကို ယြီေရွာင္ေခ်ာင္းက ျမင္တဲ့အခါ စိတ္သက္သာရာရၿပီး သူ႔ကို တာဝန္ေပးလိုက္ေတာ့တယ္။
ဝက္ေခါင္းကို ေသေသခ်ာခ်ာေလး သန႔္ရွင္းၿပီးတဲ့ေနာက္ အဲ့တာကို ခုတ္ဖြင့္ၿပီး အတြင္းကလီစာေတြကို ထုတ္ဖို႔အခ်ိန္ျဖစ္တယ္။ ဒီအလုပ္ကိုလည္း ပုံမွန္အတိုင္း ယြီဟိုင္ကိုေပးလိုက္ေတာ့တယ္။ တစ္ဖက္မွာ ေရွာင္ေခ်ာင္းက နား႐ြက္ေတြ၊ မ်က္လုံးေထာင့္ေတြ၊ ေသြးျဖဴအဖုေတြ နဲ႔ ႏွာေခါင္းေတြကို ဘယ္ေနရာမွာျဖတ္ၿပီး ရွင္းလင္းဖို႔လိုတာေတြကို ၫႊန္ျပေပးလိုက္တယ္။ အဲ့ဒီေနာက္ ဦးေႏွာက္ကို ထုတ္ၿပီး ညက်မွ အသုံးျပဳဖို႔ ဇလုံတစ္ခုထဲမွာ ဂ႐ုတစိုက္ ထည့္ထားလိုက္တယ္။ အဲ့တာကို တစ္မိသားစုလုံးစားရန္ ျပဳတ္ခ်က္လုပ္ဖို႔ အသုံးျပဳႏိုင္ေလတယ္။
ယြီဟိုင္က ကြၽမ္းက်င္တဲ့ လႈပ္ရွားမႈနဲ႔ ဝက္ေခါင္းထဲက အ႐ိုးေတြကို ထုတ္ၿပီး ငါးပိုင္းကေန ေျခာက္ပိုင္းေလာက္ထိ ခြဲလိုက္တယ္။ အ႐ိုးပိုင္းေတြကို ေရေအးထဲမွာထားၿပီး အက်ိဳးအပဲ့နဲ႔ ေသြးစြန္းကြက္ေတြကိုဖယ္ဖို႔ ဂ႐ုတစိုက္ေဆးလိုက္တယ္။ ဒီဟာက အိုးတစ္ခုလုံးကို ပ်က္စီးေစႏိုင္တဲ့ အရသာဆိုးေတြ ဝက္ေခါင္းႏွပ္ဟင္းထဲကို စိမ့္ဝင္ျခင္းကေန ကာကြယ္ေပးႏိုင္လိမ့္မယ္။
အဲ့ဒီေနာက္ ယြီေရွာင္ေခ်ာင္းက လႊဲယူလိုက္တယ္။ သူမက သန႔္ရွင္းထားတဲ့ဝက္ေခါင္းကိုယူၿပီး ဆူပြက္ေနတဲ့ေရထဲကို ထည့္လိုက္တယ္။ မိနစ္ ၂၀ ေလာက္ ေရေႏြးေျဖာၿပီးေနာက္ သူမက အဲ့တာကို ျပန္ထုတ္ၿပီး သန႔္ရွင္းေအာင္ ေဆးလိုက္တယ္။ အဲ့ဒီေနာက္ သူမက ေရေႏြးေျဖာထားတဲ့ ဝက္သားကိုယူၿပီး အိုးအသစ္ထဲကို ေခါင္းကအ႐ိုးေတြနဲ႔အတူ သန႔္ရွင္းတဲ့ေရေတြနဲ႔ ထည့္လိုက္တယ္။ နာရီဝက္ေလာက္တည္ထားၿပီးေတာ့ အေရာအေႏွာက ဆူပြက္လာၿပီးတစ္ဝက္က်က္သြားတဲ့အထိ ေပၚလာတဲ့အျမဳပ္ေတြကို အေပၚယံ လွ်ပ္ယူလိုက္တယ္။ အဲ့ဒီေနာက္ မေန႔က ႏွပ္ထားတဲ့ ဟင္းအႏွစ္ထဲကို အသားေတြထည့္လိုက္ၿပီး အသားကို ႏူးၿပီးေပ်ာ့သည္အထိ ျဖည္းျဖည္းခ်င္း ျပဳတ္လိုက္တယ္။ ၿပီးေတာ့လည္း အနံ႔အရသာေတြ ပိုပါဝင္လာေစရန္ အဓိကဟင္းအႏွစ္ကိုလည္း အသားထဲထည့္လိုက္တယ္။
ဝက္ေခါင္းသားကို ျဖည္းျဖည္းခ်င္း ျပဳတ္ၿပီး အသားရဲ႕ထူးကဲလွတဲ့အနံ႔က ၿခံဝန္းထဲကေန ကြင္းျပင္အထိပ်ံ႕ႏွံသြားခဲ့တယ္။ ၂၀၀ မီတာေလာက္ေဝးတဲ့ ခ်န္းမိသားစုအိမ္ကိုေတာင္မွ ဝက္သားႏွပ္ဟင္းရဲ႕ ေမႊးႀကိဳင္တဲ့အနံ႔က ရစ္ပတ္ေနေတာ့တယ္။ ခ်န္းဝူက ဝင္းထဲမွာ သစ္ကိုင္းေတြကို ရွင္းေနတုန္း အနံ႔ကို ျပင္းျပင္းရႉရႈိက္လိုက္မိေလတယ္။ သူ႔တံေတြးကို ခက္ခက္ခဲခဲ မ်ိဳခ်လိုက္ရၿပီး ေျပာလိုက္တယ္ "အနံ႔ေလးက ေမႊးလိုက္တာ! အေမ, အနံ႔ရတယ္မလား။ ႏွစ္သစ္ကူးလည္း မဟုတ္ အားလပ္ရက္လည္းမဟုတ္ဘဲ ဘယ္မိသားစုက အခုအခ်ိန္ႀကီး အသားခ်က္ေနတာလဲ"
အမ်ိဴသမီးေမာက္လည္း ထိုအနံ႔ကို ရလိုက္ၿပီး ဒီနယ္ေျမထဲက အိမ္နီးခ်င္းေတြအေၾကာင္း စဥ္းစားလိုက္တယ္။ အမဲလိုက္ကြၽမ္းက်င္တာေၾကာင့္ တစ္ခါတစ္ရံအသားစားရတဲ့ ေတာင္ေျခက မုဆိုးေက်ာက္တို႔ မိသားစုမဟုတ္ရင္ သူမနဲ႔အဆင္မေျပတဲ့ အမ်ိဳးသမီးဖန္းတို႔မိသားစုဆီကပဲ အနံ႔ရတာျဖစ္ႏိုင္တယ္။ အမ်ိဳးသမီးဖန္းမွာ ဧည့္သည္ရွိၿပီး သူတို႔အတြက္ ၾကက္သားကို သားထိုးတာျဖစ္ႏိုင္လား။ ဒါေပမယ့္ မဟုတ္ေလာက္ဘူးထင္တယ္။ ၾကက္သားရဲ႕အနံ႔လိုမ်ိဳး မဟုတ္ဘူး။ ေရွာင္ေခ်ာင္းမိသားစုကိုေတာ့ အမ်ိဳးသမီးေမာက္က လုံးဝေက်ာ္လိုက္တယ္။ သူတို႔မွာ စားဖို႔ေတာင္
အႏိုင္ႏိုင္ကို အသားဝယ္ဖို႔ ပိုက္ဆံအပိုဘယ္လိုရွိႏိုင္မွာလဲ။
"အစားမက္တဲ့မင္းကေတာ့ေလ! ေနာက္တစ္ႀကိမ္ နားရက္မွာ မင္းအကိုႀကီးျပန္လာရင္ မင္းတို႔ႏွစ္ေယာက္ စားဖို႔ အသားအခ်ိဳ႕ဝယ္လာၿပီး ခ်က္ေပးမယ္... မင္းဘယ္သြားေနတာလဲ။ ပိုၿပီးနာခံစမ္းပါ က်ိဳးမိသားစုေရွ႕မွာ မင္းအေမကိုမ်က္ႏွာပ်က္ေအာင္ မလုပ္စမ္းပါနဲ႔" မုဆိုးေက်ာက္က သူတို႔နဲ႔ နည္းနည္းေဝးတဲ့ ေနရာမွာေနတာေၾကာင့္ သူတို႔ခ်က္တဲ့အနံ႔က ေလနဲ႔ပါလာဖို႔ အလားအလာမရွိေပ။ အဲ့တာေၾကာင့္ အနံ႔လာႏိုင္တဲ့ မိသားစုကတစ္စုသာရွိတယ္။
အမွန္ေတာ့ အမ်ိဳးသမီးေမာက္နဲ႔ က်ိဳးမိသားစုၾကားမွာ တကယ့္သေဘာထားကြဲလြဲမႈႀကီး ရွိတာမဟုတ္ေပ။ မိသားစုတစ္ခုကဘဲေမြးၿပီး အျခားမိသားစုက ၾကက္ေမြးေတာ့ ခ်န္းမိသားစုရဲ႕ ဘဲနဲ႔ဘဲဥေတြက က်ိဳးမိသားစုရဲ႕ၾကက္ေတြေလာက္ မေက်ာ္ၾကားေပ။ ၿပီးေတာ့လည္း က်ိဳးမိသားစုရဲ႕ ဦးစီးသူက စိုက္ပ်ိဳးေရးပါးတဲ့အခ်ိန္တြင္းမွာ ကုန္ပစၥည္းေတြကိုေရာင္းခ်ၿပီး အဲ့ဒီကေန ပိုက္ဆံအမ်ားႀကီး ရေလတယ္။ အမ်ိဳးသမီးေမာက္က မတရားဘူးလို႔ခံစားရၿပီး သူမက စကားကို ေကာင္းေကာင္းမြန္မြန္ မေျပာတတ္ေပ။ အႀကိမ္အနည္းငယ္ နဖူးေတြ႕ ဒူးေတြ႕ၿပီးတဲ့ေနာက္ မိသားစုႏွစ္ခုၾကားက ဆက္ဆံေရးက တျဖည္းျဖည္းေအးစက္ၿပီး ေဝးကြာသြားေတာ့တယ္။
ခ်န္းဝူက သူ႔လက္ထဲက တုတ္ေခ်ာင္းေလးကို အေပါက္ဝအျပင္ဘက္ကိုပစ္လိုက္ၿပီး ေျပာခဲ့တယ္
"အကိုႀကီးေရွာင္ဟြားဆီ သြားမွာမဟုတ္ဘူး... ရွီထုန္ေလးကိုကစားဖို႔ သြားရွာမလို႔"
ခ်န္းဝူက ယြီမိသားစုေနအိမ္ရဲ႕ ဝင္ေပါက္ကို ေရာက္တဲ့အခါ အသားရဲ႕အနံ႔က ဒီမွာပိုျပင္းတယ္ဆိုတာကို သိလိုက္တယ္။ သူ႔အေမ ႏွစ္သစ္ကူးတုန္းကလုပ္တဲ့ ဝက္သားနီခ်က္ကေတာင္ ဒီလိုမ်ိဳး သြားရည္ယိုခ်င္စရာ အနံ႔မရခဲ့ဘူး။ သူရဲ႕ႏွာေခါင္းကေနတဆင့္ ေလကို ျပင္းျပင္း ရႈသြင္းလိုက္ၿပီး ၿခံဝင္းထဲကို ေျခလွမ္းလိုက္ေတာ့တယ္။
"ရွီထုန္ေလး, မင္းေရာ အနံ႔ရလား။ အနံ႔ေလးကအရမ္း ေမႊးတာပဲ" ခ်န္းဝူက အိမ္ကိုဝင္လိုက္ရင္း ေအာ္ေျပာလိုက္တယ္။
ရွီထုန္ေလးက မီးဖိုေခ်ာင္အျပင္ကို ထြက္လိုက္ၿပီး ၿပဳံးျပလိုက္တယ္။
"အကိုႀကီး ေရွာင္ဝူ, အစ္ကိုက ႏွာေခါင္းေကာင္းတာပဲ။ ဝက္ေခါင္းသားကို အခုေလးတင္ႏွပ္ၿပီးတာနဲ႔ အစ္ကိုေရာက္လာတာပဲ။ ဒီကိုလာ ဒီကိုလာ! ကြၽန္ေတာ့္ဒုတိယအစ္မက အေငြ႕တေထာင္းေထာင္းနဲ႔ ပူေနတဲ့ဝက္ေခါင္းသားႏွပ္ကို တစ္ပိုင္းျဖတ္ေပးၿပီး အစ္ကိုရဲ႕ေတာင့္တေနမႈကို ျဖည့္ဆည္းေပးလိမ့္မယ္"
"ဝိုး!အသားအနံ႔က တကယ္ေတာ့ မင္းတို႔မိသားစုကေနလာတာပဲ အာ!! မင္းတို႔မိသားစု ဒီေန႔ဘာျဖစ္လို႔ အသားခ်က္စားတာလဲ"
ခ်န္းဝူက သူ႔ပါးစပ္ကေန အေပၚဝတ္အက်ႌေပၚကို သြားရည္က်လုမတတ္ပဲ။ သူ႔လက္ေနာက္ကို သုံးၿပီးပါးစပ္ကိုသုတ္လိုက္ေပမဲ့ သူ႔ေျခေထာက္ကေတာ့ လုံးဝေ႐ြ႕မသြားခဲ့ေပ။

......

[Unicode]
အပိုင်း ၈၁ (လျှို့ဝှက်ချက်ပြုတ်နည်း)

အမျိုးသမီးလီက အထိတ်တလန့်နဲ့ ဝက်ခေါင်းအား အဝေးသို့ လွှင့်ပစ်ပြီးနောက် သူမရဲ့ ပုခုံးပေါ် ရှည်လျားတဲ့ တစ်ခုခုကျလာတယ်လို့ ရုတ်တရက် ခံစားလိုက်ရတယ်။ သူမခေါင်းနဲ့ ရင်ဘတ် ကိုလဲ နူးညံ့တာတစ်ခုခုနဲ့ ရိုက်မိလိုက်သေးတယ်။ မရှင်းရသေးတဲ့ ဝက်ခြံအနံ့ကဲ့သို့ ကြောက်စရာကောင်းသော အနံ့ဆိုးကြီးက ထောင်းကနဲထွက်လာပြီး သူမနှာခေါင်းထဲသို့ ပြင်းထန်စွာ ဝင်လာတယ်။
သူမက သူမအပေါ်မှာ ဘာတွေလဲဆိုတာ ရှင်းလင်းစွာ မြင်လိုက်ရတဲ့အခါမှာတော့ ပူနေတဲ့ ကျောက်မီးသွေးတွေပေါ်ကို တက်နင်းလိုက်မိသလိုမျိုး ပြုမူနေလေတယ်။ သူမက ကြောက်လန့်တကြား ခုန်လိုက်ပြီး သားသတ်သမားဆီက ဝက်တကောင်လိုမျိုး အော်နေတော့တယ်။ သူမ ပါးစပ်ကနေ ဗရုတ်သုတ်ခ စကားလုံးတွေ မဆုံးနိုင်အောင် ထွက်လာပြီး သူမနောက်ကြောင်းပြန်ပြနေတုန်း သူမရဲ့ နား နားမှာတစ်စုံတစ်ခု ပေါက်ကွဲသွားသလိုမျိုး ခံစားမိလိုက်တယ်။
"မင်း သေရမယ်၊ သေကိုသေရမယ်! ငါက မင်းရဲ့ အဖေဘက်က အကြီးဆုံးအရီးနော် ဒါတောင် မင်းက ငါ့ကို ဒီလို စက်ဆုပ်စရာတွေနဲ့ ပစ်ပေါက်ရဲတယ်။ လူငယ်တွေက လူကြီးတွေအပေါ် လေးစားရမယ်ဆိုတာကိုရော အယုံအကြည်ရှိသေးရဲ့လား? မင်းငါ့ကို ဒီနည်းနဲ့ ဆက်ဆံနေရင် နောက်တစ်ကြိမ် မင်းအဖွားကိုလဲ ဒီနည်းအတိုင်း ဆက်ဆံနေမှာပဲ!! လျိုမုယွမ်က သူ့ကလေးတွေကို ဘယ်လိုသင်နေလဲဆိုတာ တစ်ရွာလုံးကို ငါက သိစေချင်သေးပါရဲ့!!"
အမျိုးသမီးလီက ညစ်ပတ်နေတဲ့ သူမ အဝတ်အစားတွေကို ခေါင်းငုံ့ကြည့်လိုက်တယ်။ သူမ ခန္ဓာကိုယ်ပေါ်က ဝက်ရဲ့ အညစ်အကြေးအနံ့ဆိုးကြီးဟာ သူမ နှာခေါင်းကို ခဏခဏ တိုက်ခိုက်နေပြီး သူမရဲ့ အစာအိမ်ထဲကနေ ပျို့အန်ချင်လာတယ်။ သူမ အဲ့ဒီအချိန်မှာ မူးမေ့မတက်ပဲ။
ရှောင်ချောင်းက သူမကို ချိုသာစွာ ပြုံးပြလိုက်ပြီး
"အကြီးဆုံးအရီး ကျွန်မက အရီးအပေါ် ဘယ်လို လေးစားမှု မရှိတာဖြစ်ရတာလဲ အရီးပဲ ကျွန်မတို့ ခြင်းတောင်းထဲမှာ ဘာရှိလဲ မြင်ချင်တယ်ဆို အရီးရဲ့ အသက်အရွယ်ကြောင့် ကောင်းကောင်းမမြင်ရမှာ စိုးလို့ ရှင်းရှင်းလင်းလင်း မြင်ရအောင် မျက်စိရှေ့ကို သေသေချာချာလေး ပို့ပေးလိုက်တာလေ အခု ဘာတွေလဲ မြင်ပြီမလား ဒါတောင် အဖိုးက ကျွန်မတို့ကို ပိုက်ဆံတွေ မရိုးမသားပေးနေတယ်လို့ ပြောနေဦးမှာလား"
အမျိုးသမီးလီရဲ့ ပြန်ဖြေတာကို မစောင့်တော့ဘဲ ရှောင်ချောင်းက သူမရဲ့ အသံကို မြှင့်ပြီး ဆက်ပြောလိုက်တယ်
"အကြီးဆုံးအရီး, အရီးပြောတာ တစ်ခုတော့မှန်တယ် ကျွန်မတို့ မိသားစုက အိမ်မှာ တကယ်ကို အများကြီး မရှိဘူး။ ဒီနေ့ ဆိပ်ကမ်းမှာရှိတဲ့ဈေးကို မြင်ချင်လို့ ကျွန်မမောင်လေးကို ဆိပ်ကမ်းကို ခေါ်သွားခဲ့တာ။ မြေကြီးပေါ်မှာ တခြားသူတွေ မလိုချင်တဲ့ ဟင်းသီးဟင်းရွက်တွေ ဒါမှမဟုတ် အဲ့လိုတခြားအစားအစာ တစ်ခုခုများ ရှိမလားဆိုပြီး ရှာချင်ခဲ့တာ။ မြို့က သားသတ်သမား ဦးလေးဝမ်က ကျွန်မတို့ကို သနားသွားပြီးတော့ ဝက်ခေါင်းကိုပေးလိုက်တာလေ ဝက်ကလီစာတွေနဲ့ အူတွေကိုတော့ သန့်စင်ပြီး စားလို့ရနိုင်လောက်မလားဆိုပြီး ကျွန်မနဲ့ ရှီထုန်လေးက မြေကြီးပေါ်ကနေ ကောက်လာခဲ့တာ... အဲ့ဒါတွေစားပြီး ကျွန်မတို့ မသေဘူးဆိုရင် အနံ့နည်းနည်းလောက်နံတာက ဘာအရေးလဲ... ငတ်ပြီး သေသွားတာထက်စာရင် တော်သေးတာပေါ့... ကျွန်မတို့မိသားစုက ဒီလိုအခြေအနေမျိုးမှာ ရောက်နေတာတောင် ဘာလို့ အကြီးဆုံးအရီးက ကျွန်မတို့အဖိုးဆီကနေ အထောက်အပံ့ယူနေပါတယ်လို့ အခိုင်အမာပြောနေရတာလဲ။ ကျွန်မတို့ တစ်မိသားစုလုံးကို တကယ် သေစေချင်နေတာလား... ကျွန်မတို့ တစ်မိသားစုလုံး ငတ်မွတ်ပြီး ဒါမှမဟုတ် အေးခဲပြီး သေသွားမှ အရီးကို ပျော်စေမှာလား"
ရှောင်ချောင်း သူမတို့ မိသားစုကို အရင်တစ်ခါပို့လိုက်တဲ့ အစာသွပ်ပေါက်စီတွေကို စားပြီးကတည်းက အမျိုးသမီးမောက်ရဲ့ ရှောင်ချောင်းနဲ့ သူမမိသားစုအပေါ်ရှိတဲ့ အမြင်က တော်တော်လေး ကောင်းလာခဲ့တယ်။ တစ်ဖက်မှာ သူမက ရည်ရွယ်ချက်မရှိ မှတ်ချက်ပေးတော့တယ်။
"တုန်ရှန်းရွာ တစ်ခုလုံးမှာ ကိုယ့်မတ်လေးဖြစ်သူရဲ့ မိသားစုတစ်ခုလုံးကို အကြီးဆုံးမရီးဖြစ်သူက သေဖို့ ဖိအားပေးနေတာ ဒါပထမဆုံး ကြားဖူးတာဘဲ! အမျိုးသမီးလီ ရှင်တကယ်လို့ ဒါကို တကယ်လုပ်ချင်တယ်ဆိုရင် ဒီနားပတ်ဝန်းကျင်မှာ ကျော်ကြားလာတော့မှာလေ... ကျစ် ကျစ် ကျစ် ကြည့်လိုက်ပါဦး ကလေးတွေခမျာ စက်ဆုပ်စရာကောင်းပြီး နံစော်နေတာတွေကို စားဖို့ ကြိုးစားနေရလောက်တဲ့အထိ အရမ်းဆာလောင်နေကြရတာ"
အမျိုးသမီးလီရဲ့ မျက်နှာအမူအရာက ချက်ချင်း ပြောင်းသွားတော့တယ်။ သူမသားက လက်ထပ်ကြောင်းလှမ်းဖို့နဲ့ မိန်းမရှာဖို့ နှစ်နှစ်သာလိုတော့တယ်။ သူမက သူ့မတ်လေးရဲ့ မိသားစုကို သေဖို့တွန်းအားပေးတယ်ဆိုတဲ့ စကားသာထွက်လာခဲ့ရင် ဘယ်သူကများ သူတို့သမီးကို သူမသားနဲ့ လက်ထပ်ခွင့်ပြုတော့မှာလဲ...
အမျိုးသမီးလီက တစ်ခုခု ပြောချင်နေသလိုမျိုး သူမပါးစပ်ကို ဖွင့်လိုက် ပိတ်လိုက် အကြိမ်ကြိမ် လုပ်နေခဲ့တယ်။ နူးညံ့ပြီး အယုံလွယ်တဲ့ အမျိုးသမီးဖန်းက သူမရဲ့ အဆိုးဆုံး ရန်သူလိုမျိုး သူမကို စိမ်းဝါးဝါး ကြည့်လိုက်တယ်။ အမျိုးသမီးဖန်းက ရှီထုန်လေးကို သူမရဲ့လက်မောင်းထဲကို ညင်ညင်သာသာ ဆွဲလိုက်ပြီး သူမရဲ့ မျက်လုံးက မျက်ရည်တွေကို သုတ်ရင်း ပြောလိုက်တယ် "သနားစရာကလေးတွေ မင်းတို့ ဒီလိုအရာတွေ စားလို့ မရဘူးလေ... ဒါတွေကို မြန်မြန်လွှင့်ပစ်လိုက်။ အိမ်မှာ စားဖို့ဘာမှမရှိရင် စပါး ကျင်းအနည်းငယ် မင်းတို့ကို ချေးပေးမှာပေါ့။"
ယွီဟိုင် သူရဲ့ နှလုံးတွေ စူးရှနာကျင်သွားပြီး သူရဲ့ မျက်နှာပေါ်မှာ ရှုပ်ထွေးတဲ့အကြည့်တစ်ခု ဖြစ်ပေါ်လာတယ်။ သူရဲ့ခေါင်းကိုမော့ပြီး သူ့မျက်လုံးထဲက မျက်ရည်တွေကို ဖြည်းဖြည်းချင်း ပျောက်ကွယ်စေလိုက်တော့တယ်။ သူက အမျိုးသမီးလီကို တစ်ချက်ကြည့်ပြီး ပြောလိုက်တယ်။
"အကြီးဆုံးမရီး ငါ ငါ့မိဘတွေကို ပိုက်ဆံပေးဖို့ တစ်ခါမှ မတောင်းဆိုဖူးတာကို ကောင်းကင်ဘုံနဲ့ ကျိန်ဆိုနိုင်တယ်။ အဖေကလဲ ငါတို့ကို တိတ်တဆိတ် မထောက်ပံ့ဖူးဘူး။ ငါတို့ မိသားစု ခွဲထွက်လာခဲ့တုန်းက ငါတို့ ဘယ်လောက်ပဲ ခက်ခဲပါစေ ဘယ်လိုပဲ ဆင်းရဲပါစေ ငါတို့တောင်းစားရမယ်ဆိုရင်တောင် ကျန်ခဲ့တဲ့ မိသားစုဆီကနေ ဘာတစ်ခုမှ တောင်းဆိုမှာ မဟုတ်ဘူး ဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြီးသား။ ခြင်းထဲမှာ ဘာတွေလဲ မင်းမြင်ပြီးသွားပြီမလား တကယ်လို့ ဘာကိစ္စမှ မရှိတော့ရင် ကျေးဇူးပြုပြီး အိမ်ပြန်လိုက်ပါတော့!!"
အမျိုးသမီးလီက ဘာမှ ရေးကြီးခွင်ကျယ်မလုပ်တော့ဘဲ သူမရဲ့ လက်ကိုင်ပုဝါကို မြေကြီးပေါ်ကို လွှတ်ချပြီး ခေါင်းကနေ ခြေထိ ညစ်ပတ်နေတာကို ဖုံးကွယ်လျက် ထွက်သွားတော့တယ်။ သူမကို သတင်းဆိုးပေးတဲ့ ဟိုမိန်းမကို ကလဲ့စားချေဖို့ ရှာရမယ်။
တံငါရွာငယ်လေးမှာ လျှိုဝှက်ချက်ဆိုတာမျိုး မရှိပေ။ ယွီဟိုင်နဲ့ သူ့မိသားစုဝင်တွေက ဝက်အညစ်အကြေးလို နံဟောင်နေတဲ့ အစားအစာတွေကို စုဆောင်းဖို့ ကြံမိကြံရာလုပ်တယ်ဆိုတဲ့ သတင်းစကားက တုန်ရှန်းရွာအနှံ့ကို ပျံ့သွားခဲ့တယ်။
ယွီဟိုင်ရဲ့ အကြီးဆုံး ဦးလေး ယွီလီချွမ်း က ယွီမိသားစုရဲ့ပင်မနေအိမ်ကို ဒေါသတကြီး သွားတွေ့တော့တယ်။ သူက အဖိုးယွီကို ဒေါသနဲ့ စူးစူးဝါးဝါး အော်လေတယ်
"ဒီမိန်းမက မိထွေးတစ်ယောက်ဆိုတော့ မင်းကလည်း အဖေအတုဖြစ်လာတယ်လို့ ဆိုလိုတာလား။ သာ့ဟိုင်က မင်းရဲ့သွေးသားအရင်းပါ... မင်းတို့တွေအားလုံးက သာ့ဟိုင်တို့ မိသားစုတစ်ခုလုံးရဲ့ ဘဝတွေကို ဆုံးရှုံးသွားစေချင်တာလား... ဒီလိုဆိုရင်တော့ မင်းက ငါ့ညီ မဟုတ်တော့ဘူး"
မျက်နှာတစ်ခုလုံး မည်းမှောင်ပြီး အဖိုးယွီက အမျိုးသမီးလီကိုခေါ်ကာ ဆူပူတော့တယ်။ သူက သူ့အငယ်ဆုံးသမီးကို သူ့ဒုတိယသားမိသားစုအတွက် လူးဆပ်ပြောင်းနှံ ဆယ်ကျင်းနဲ့ ကန်စွန်းဥကော်မှုန့် ဆယ်ကျင်း ယူလာခဲ့ဖို့ပြောလိုက်တယ်။
ပုံမှန်အတိုင်းပဲ ယွီဟိုင်က တစ်ခုကိုမှ မယူချေ။ သူက ယွီမိသားစုကနေ ဆံချည်တစ်မျှင်တောင် မယူဖူးလို့ ပြောပြီးသားဖြစ်တာမို့ သူတို့မှာ သွားစရာနေရာမရှိရင်တောင် ထင်ရာမစိုင်းခဲ့။ ဒါကြောင့် တစ်ယောက်ယောက်က သူတို့ကို ကြောင်သူတော်လို့ခေါ်မှာကို ရှောင်ရှားဖို့အတွက် အဖိုးယွီက ပြဿနာကိုဆွေးနွေးဖို့ ကိုယ်တိုင်လာတာတောင်မှ သူရဲ့ရပ်တည်ချက်ကိုသာ ဆုပ်ကိုင်ထားလေတယ်။
ယွီရှောင်ချောင်းက အမျိုးသမီးလီကို ထွက်သွားစေရန် ခြောက်လှန့်ဖို့ ဝက်ခေါင်းနဲ့ အလွန်နံဟောင်နေသော ဝမ်းတွင်းသားတွေကို အသုံးပြုပြီးနောက် သူမက ပါဝင်ပစ္စည်းတွေကို သန့်ရှင်းတာနဲ့ ပြင်ဆင်တာကို ချက်ချင်း စလုပ်တော့တယ်။ အသားနှပ်တွေကို ပြုလုပ်ဖို့ အချိန်ပင်။
"အာ... ရှောင်ချောင်း, မင်း ဒီပစ္စည်းတွေနဲ့ အစားအစာပြုလုပ်ဖို့ အသုံးပြုနိုင်မှာ သေချာရဲ့လား။ အလုပ်မဖြစ်နိုင်ဘူးဆိုရင် မင်း အချိန်နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို မဖြုန်းနဲ့နော်" အမျိုးသမီးဖန်းက သူမကို နွေးထွေးစွာ သတိပေးလာခဲ့တယ်။ ကျန်တဲ့ ယွီမိသားစုဝင်တွေက အမှိုက်ကို ရတနာအဖြစ် ပြောင်းလဲနိုင်တဲ့ သူမရဲ့စွမ်းရည်ကို အသားကျနေပြီဖြစ်တာမို့ ဘာမှမပြောခဲ့ပေ။
အမျိးသမီးမောက်က ကန်စွန်းဥကော်မှုန့်အနည်းငယ်နဲ့ သူမဒီနေ့ တူးထားတဲ့ ဆေးမြစ်ရိုင်းအချို့ကို ယူလာပြီး ပြောလိုက်တယ်။
"ဒီအရာတွေကို ပြင်ဆင်ဖို့ ကြိုးစားနေတာကို မြန်မြန်ရပ်လိုက်။ မင်းရဲ့အရီး ပြောတာကို နားထောင်ပြီး သူတို့ကို ပစ်လိုက်တော့ ဟုတ်ပြီလား။ နောက်ကို အိမ်မှာ စားစရာမရှိရင် အရီးဆီမှာ နည်းနည်းလာချေးလိုက်... ကန်စွန်းဥတွေကို ရိတ်သိမ်းပြီးတဲ့အခါကျမှ မင်းစားခဲ့တာတွေ ပြန်လာပေး။ အခုရော အရင်တုန်းကရော ဘယ်သူ့မှာ ခက်ခဲတဲ့အချိန်မရှိလို့လဲ။ အဲ့တာကို လွှင့်ပစ်လိုက်တော့" သူမကစကားပြောနေရင်းနဲ့ပဲ အမျိုးသမီးမောက်က ရှောင်ချောင်းလက်တွေထဲက ဝမ်းတွင်းသားကို စိတ်အားထက်သန်စွာနဲ့ ဆွဲယူလိုက်ပြီး အခန်းအပြင်ဘက်ကို ပစ်ထုတ်ဖို့ လုပ်တော့တယ်။
ရှောင်ချောင်းက စိုးရိမ်ပြီး ချွေးပျံလာတော့တယ်။ ဒီငွေရှာနည်းက သူမဦးနှောက်ကိုမွှေနှောက်ထားရတဲ့နည်းလေ။ သူတို့သာ သူမရဲ့ပါဝင်ပစ္စည်းကို ပစ်လိုက်မယ်ဆိုရင် မနက်ဖြန် အသားနှပ်တစ်ထုပ်ကို ကြေးဒင်္ဂါး ၁ ပြားနဲ့ သူမဘယ်လိုရောင်းနိုင်မှာလဲ။ သူမက ဆိပ်ကမ်းက လူတွေကို ကတိပေးခဲ့ပြီးပြီလေ!
သူ့ရဲ့ဒုတိယသမီးက စိုးရိမ်မှုနဲ့ ခုန်ပေါက်လုနီးပါး ဖြစ်နေတာကိုမြင်တော့ ယွီဟိုင်က ရှေ့ကို ကတိုက်ကရိုက် ထော့နဲ့ထော့နဲ့လျှောက်လာပြီး အမျိုးသမီးမောက်ဆီက ဝက်ဝမ်းတွင်းသားတွေယူကာ ပြုံးလိုက်တယ်။
" အိမ်နီးချင်း, ကျွန်တော်တို့မိသားစုက ငတ်မွတ်ပြီး သေလောက်တဲ့ အခြေအနေ မဖြစ်သေးပါဘူး။ မင်းရဲ့စေတနာအတွက် ကျေးဇူးတင်ပါတယ်။ ရှောင်ချောင်းက ဝမ်းတွင်းသားတွေကိုသုံးပြီး ကျွန်တော့်ရဲ့ ခြေထောက်အတွက် အသုံးပြုနိုင်တဲ့ ဆေးရှိတယ်လို့ တစ်ယောက်ယောက်ဆီကနေ ကြားခဲ့လို့ပါ"
အမျိုးသမီးမောက်က သူ့ခြေထောက်ကို ဖျက်ကနဲကြည့်ပြီး တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားကာ ပြောလိုက်တယ်။
"အာ! ဒါဆို ခြေထောက်အတွက် သုံးဖို့ပေါ့... အမ်.. အံ့ဩစရာတော့ မဟုတ်ဘူးလေ! အဲ့တာက မင်းခြေထောက်ကို တကယ်ပျောက်ကင်းစေနိုင်တယ်ဆိုရင် ဘယ်လောက်ပဲနံနံ မင်း သည်းခံနိုင်ရမှာပဲ။ ကောင်းပြီ! အိမ်ကို ကန်စွန်းဥကော်မှုန့်တွေ ပြန်ယူသွားလိုက်တော့မယ် ဒါပေမဲ့ ဆေးမြစ်ရိုင်းတွေကိုတော့ ယူထားလိုက်ပြီး ဒီည စွပ်ပြုတ်လုပ်သောက်ကြလေ ရှောင်ချောင်း မင်းတကယ်လို့ မနက်ဖြန် ဆေးမြစ်ရိုင်းတွေကို ပိုပြီး စုချင်တယ်ဆိုရင် ငါ့ကို လာရှာလှည့် ဆေးဖက်ဝင်မုန်ညင်းအများကြီး ရှိတဲ့ နေရာတစ်ခုကို ငါသိတယ်"
ရှောင်ချောင်းက အပြင်ပိုင်းမှာ အေးစက်ပြီး နွေးထွေးတဲ့ နှလုံးသားရှိတဲ့ အမျိုးသမီးမောက်ကို လိုက်ပို့လိုက်ရင်း ကတိပေးလိုက်တယ်။ အမျိုးသမီးဖန်းက နောက်မှာ နေရင်း ပြောလာတယ်
"ရှောင်ချောင်း မင်းအမေအခု အိမ်မှာ မရှိသေးဘူး။ ငါမင်းကို ဒီဟာတွေ ပြင်ဆင်တာ ကူညီပေးမယ်"
ရှောင်ချောင်းက ဒီအမျိုးသမီးကြီးကို ဖျောင်းဖျနိုင်ဖို့ နည်းလမ်းမရှိဘူးဆိုတာကို သိတာမလို့ သူမက ဝမ်းတွင်းသားရဲ့ ပါဝင်ပစ္စည်းတွေကို ဆေးကြောပြီး အပိုင်းပိုင်း ဖြတ်လိုက်တော့တယ်။ အဲ့တာတွေကို ပြောင်းပြန်လှန်ကာ ဆားကြမ်းကို သုံးပြီး နှံ့နှံ့စပ်စပ်ဆေးကြောဖို့ သူမက အမျိုးသမီးဖန်းကို ညွှန်ကြားလိုက်တယ်။ ထိုသို့ပြုလုပ်ခြင်းကက စွဲကျန်နေတဲ့အနံ့တွေနဲ့ အဆီပိုတွေကို ဖယ်ရှားဖို့ကူညီပေးလေတယ်။ အမျိုးသမီးဖန်းက စက်ဆုပ်ဖွယ်ကောင်းတယ်ဆိုပြီး မပြုမူဘဲနဲ့ အင်္ကျီလက်ကို လိပ်တင်ကာ အလုပ်များနေတော့တယ်။
ပြီးတဲ့နောက်မှာတော့ ယွီရှောင်ချောင်းက ရှောင်လျန်ကို ဝက်ရဲ့ဝမ်းတွင်းသားကို ဘယ်လိုပြင်ဆင် သန့်ရှင်းရမယ်ဆိုတာကို သင်ပေးခဲ့တယ်။ သူမကိုယ်တိုင်လည်း ဝက်ခေါင်းကို ပြင်ဆင်လေတယ်။ ပထမအဆင့်က အချိန်ခဏလောက် သန့်ရှင်းတဲ့ရေထဲမှာ ဝက်ခေါင်းကိုစိမ်ဖို့နဲ့ အပြင်က အညစ်အကြေးတွေကို တိုက်ချွတ်ဆေးကြောပြီး လုံးဝပြောင်သွားသည်အထိ အမွေးတွေကို ဖယ်ပစ်ဖို့ဖြစ်တယ်။ ပြီးရင်တော့ အဲ့တာကို ၁၅ မိနစ်လောက် အိုးထဲမှာပြုတ်ပြီး ဝက်ခေါင်းမှာ အမွေးတွေ ကျန်နေသေးလားဆိုတာကို စစ်ဆေးရမှာဖြစ်တယ်။ အဲ့ဒီအချက်မှာ ဝက်မှင်ဘီးကြမ်းကို သုံးပြီး လုံးဝသန့်ရှင်းသွားသည်အထိ မျက်နှာပြင်တစ်ခုလုံးကို အားစိုက်တိုက်ချွတ်ဆေးကြောရမှာပင်။
ယွီဟိုင်က ဝက်ခေါင်းကိုဆေးကြောတဲ့တာဝန်ကို ယူလိုက်လေတယ်။ သူ့ခြေထောက်ဒဏ်ရာမရခင်က ရွာသားတွေအားလုံးက သူတို့ ဝက်သားထိုးတဲ့အခါတိုင်း သူ့ကိုအကူအညီတောင်းကြတယ်။ အကြောင်းအရင်း ၂ ချက်ရှိလေတယ်။ တစ်ချက်မှာ သူကသန်မာပြီး ခွန်အားတွေ အများကြီးရှိလို့ ဖြစ်တယ်။ နောက်တစ်ချက်က သူကိုယ်တိုင် ဝက်တွေကို ဘယ်လိုသားထိုးရမလဲဆိုတာနဲ့ တိရိစ္ဆာန်ပေါ်က အမွှေးတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို သိတာကြောင့်ပင်။ သူက သူမလိုမျိုး ကျွမ်းကျင်တာကို ယွီရှောင်ချောင်းက မြင်တဲ့အခါ စိတ်သက်သာရာရပြီး သူ့ကို တာဝန်ပေးလိုက်တော့တယ်။
ဝက်ခေါင်းကို သေသေချာချာလေး သန့်ရှင်းပြီးတဲ့နောက် အဲ့တာကို ခုတ်ဖွင့်ပြီး အတွင်းကလီစာတွေကို ထုတ်ဖို့အချိန်ဖြစ်တယ်။ ဒီအလုပ်ကိုလည်း ပုံမှန်အတိုင်း ယွီဟိုင်ကိုပေးလိုက်တော့တယ်။ တစ်ဖက်မှာ ရှောင်ချောင်းက နားရွက်တွေ၊ မျက်လုံးထောင့်တွေ၊ သွေးဖြူအဖုတွေ နဲ့ နှာခေါင်းတွေကို ဘယ်နေရာမှာဖြတ်ပြီး ရှင်းလင်းဖို့လိုတာတွေကို ညွှန်ပြပေးလိုက်တယ်။ အဲ့ဒီနောက် ဦးနှောက်ကို ထုတ်ပြီး ညကျမှ အသုံးပြုဖို့ ဇလုံတစ်ခုထဲမှာ ဂရုတစိုက် ထည့်ထားလိုက်တယ်။ အဲ့တာကို တစ်မိသားစုလုံးစားရန် ပြုတ်ချက်လုပ်ဖို့ အသုံးပြုနိုင်လေတယ်။
ယွီဟိုင်က ကျွမ်းကျင်တဲ့ လှုပ်ရှားမှုနဲ့ ဝက်ခေါင်းထဲက အရိုးတွေကို ထုတ်ပြီး ငါးပိုင်းကနေ ခြောက်ပိုင်းလောက်ထိ ခွဲလိုက်တယ်။ အရိုးပိုင်းတွေကို ရေအေးထဲမှာထားပြီး အကျိုးအပဲ့နဲ့ သွေးစွန်းကွက်တွေကိုဖယ်ဖို့ ဂရုတစိုက်ဆေးလိုက်တယ်။ ဒီဟာက အိုးတစ်ခုလုံးကို ပျက်စီးစေနိုင်တဲ့ အရသာဆိုးတွေ ဝက်ခေါင်းနှပ်ဟင်းထဲကို စိမ့်ဝင်ခြင်းကနေ ကာကွယ်ပေးနိုင်လိမ့်မယ်။
အဲ့ဒီနောက် ယွီရှောင်ချောင်းက လွှဲယူလိုက်တယ်။ သူမက သန့်ရှင်းထားတဲ့ဝက်ခေါင်းကိုယူပြီး ဆူပွက်နေတဲ့ရေထဲကို ထည့်လိုက်တယ်။ မိနစ် ၂၀ လောက် ရေနွေးဖြောပြီးနောက် သူမက အဲ့တာကို ပြန်ထုတ်ပြီး သန့်ရှင်းအောင် ဆေးလိုက်တယ်။ အဲ့ဒီနောက် သူမက ရေနွေးဖြောထားတဲ့ ဝက်သားကိုယူပြီး အိုးအသစ်ထဲကို ခေါင်းကအရိုးတွေနဲ့အတူ သန့်ရှင်းတဲ့ရေတွေနဲ့ ထည့်လိုက်တယ်။ နာရီဝက်လောက်တည်ထားပြီးတော့ အရောအနှောက ဆူပွက်လာပြီးတစ်ဝက်ကျက်သွားတဲ့အထိ ပေါ်လာတဲ့အမြုပ်တွေကို အပေါ်ယံ လျှပ်ယူလိုက်တယ်။ အဲ့ဒီနောက် မနေ့က နှပ်ထားတဲ့ ဟင်းအနှစ်ထဲကို အသားတွေထည့်လိုက်ပြီး အသားကို နူးပြီးပျော့သည်အထိ ဖြည်းဖြည်းချင်း ပြုတ်လိုက်တယ်။ ပြီးတော့လည်း အနံ့အရသာတွေ ပိုပါဝင်လာစေရန် အဓိကဟင်းအနှစ်ကိုလည်း အသားထဲထည့်လိုက်တယ်။
ဝက်ခေါင်းသားကို ဖြည်းဖြည်းချင်း ပြုတ်ပြီး အသားရဲ့ထူးကဲလှတဲ့အနံ့က ခြံဝန်းထဲကနေ ကွင်းပြင်အထိပျံ့နှံသွားခဲ့တယ်။ ၂၀၀ မီတာလောက်ဝေးတဲ့ ချန်းမိသားစုအိမ်ကိုတောင်မှ ဝက်သားနှပ်ဟင်းရဲ့ မွှေးကြိုင်တဲ့အနံ့က ရစ်ပတ်နေတော့တယ်။ ချန်းဝူက ဝင်းထဲမှာ သစ်ကိုင်းတွေကို ရှင်းနေတုန်း အနံ့ကို ပြင်းပြင်းရှူရှိုက်လိုက်မိလေတယ်။ သူ့တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရပြီး ပြောလိုက်တယ် "အနံ့လေးက မွှေးလိုက်တာ! အမေ, အနံ့ရတယ်မလား။ နှစ်သစ်ကူးလည်း မဟုတ် အားလပ်ရက်လည်းမဟုတ်ဘဲ ဘယ်မိသားစုက အခုအချိန်ကြီး အသားချက်နေတာလဲ"
အမျိူသမီးမောက်လည်း ထိုအနံ့ကို ရလိုက်ပြီး ဒီနယ်မြေထဲက အိမ်နီးချင်းတွေအကြောင်း စဉ်းစားလိုက်တယ်။ အမဲလိုက်ကျွမ်းကျင်တာကြောင့် တစ်ခါတစ်ရံအသားစားရတဲ့ တောင်ခြေက မုဆိုးကျောက်တို့ မိသားစုမဟုတ်ရင် သူမနဲ့အဆင်မပြေတဲ့ အမျိုးသမီးဖန်းတို့မိသားစုဆီကပဲ အနံ့ရတာဖြစ်နိုင်တယ်။ အမျိုးသမီးဖန်းမှာ ဧည့်သည်ရှိပြီး သူတို့အတွက် ကြက်သားကို သားထိုးတာဖြစ်နိုင်လား။ ဒါပေမယ့် မဟုတ်လောက်ဘူးထင်တယ်။ ကြက်သားရဲ့အနံ့လိုမျိုး မဟုတ်ဘူး။ ရှောင်ချောင်းမိသားစုကိုတော့ အမျိုးသမီးမောက်က လုံးဝကျော်လိုက်တယ်။ သူတို့မှာ စားဖို့တောင်
အနိုင်နိုင်ကို အသားဝယ်ဖို့ ပိုက်ဆံအပိုဘယ်လိုရှိနိုင်မှာလဲ။
"အစားမက်တဲ့မင်းကတော့လေ! နောက်တစ်ကြိမ် နားရက်မှာ မင်းအကိုကြီးပြန်လာရင် မင်းတို့နှစ်ယောက် စားဖို့ အသားအချို့ဝယ်လာပြီး ချက်ပေးမယ်... မင်းဘယ်သွားနေတာလဲ။ ပိုပြီးနာခံစမ်းပါ ကျိုးမိသားစုရှေ့မှာ မင်းအမေကိုမျက်နှာပျက်အောင် မလုပ်စမ်းပါနဲ့" မုဆိုးကျောက်က သူတို့နဲ့ နည်းနည်းဝေးတဲ့ နေရာမှာနေတာကြောင့် သူတို့ချက်တဲ့အနံ့က လေနဲ့ပါလာဖို့ အလားအလာမရှိပေ။ အဲ့တာကြောင့် အနံ့လာနိုင်တဲ့ မိသားစုကတစ်စုသာရှိတယ်။
အမှန်တော့ အမျိုးသမီးမောက်နဲ့ ကျိုးမိသားစုကြားမှာ တကယ့်သဘောထားကွဲလွဲမှုကြီး ရှိတာမဟုတ်ပေ။ မိသားစုတစ်ခုကဘဲမွေးပြီး အခြားမိသားစုက ကြက်မွေးတော့ ချန်းမိသားစုရဲ့ ဘဲနဲ့ဘဲဥတွေက ကျိုးမိသားစုရဲ့ကြက်တွေလောက် မကျော်ကြားပေ။ ပြီးတော့လည်း ကျိုးမိသားစုရဲ့ ဦးစီးသူက စိုက်ပျိုးရေးပါးတဲ့အချိန်တွင်းမှာ ကုန်ပစ္စည်းတွေကိုရောင်းချပြီး အဲ့ဒီကနေ ပိုက်ဆံအများကြီး ရလေတယ်။ အမျိုးသမီးမောက်က မတရားဘူးလို့ခံစားရပြီး သူမက စကားကို ကောင်းကောင်းမွန်မွန် မပြောတတ်ပေ။ အကြိမ်အနည်းငယ် နဖူးတွေ့ ဒူးတွေ့ပြီးတဲ့နောက် မိသားစုနှစ်ခုကြားက ဆက်ဆံရေးက တဖြည်းဖြည်းအေးစက်ပြီး ဝေးကွာသွားတော့တယ်။
ချန်းဝူက သူ့လက်ထဲက တုတ်ချောင်းလေးကို အပေါက်ဝအပြင်ဘက်ကိုပစ်လိုက်ပြီး ပြောခဲ့တယ်
"အကိုကြီးရှောင်ဟွားဆီ သွားမှာမဟုတ်ဘူး... ရှီထုန်လေးကိုကစားဖို့ သွားရှာမလို့"
ချန်းဝူက ယွီမိသားစုနေအိမ်ရဲ့ ဝင်ပေါက်ကို ရောက်တဲ့အခါ အသားရဲ့အနံ့က ဒီမှာပိုပြင်းတယ်ဆိုတာကို သိလိုက်တယ်။ သူ့အမေ နှစ်သစ်ကူးတုန်းကလုပ်တဲ့ ဝက်သားနီချက်ကတောင် ဒီလိုမျိုး သွားရည်ယိုချင်စရာ အနံ့မရခဲ့ဘူး။ သူရဲ့နှာခေါင်းကနေတဆင့် လေကို ပြင်းပြင်း ရှုသွင်းလိုက်ပြီး ခြံဝင်းထဲကို ခြေလှမ်းလိုက်တော့တယ်။
"ရှီထုန်လေး, မင်းရော အနံ့ရလား။ အနံ့လေးကအရမ်း မွှေးတာပဲ" ချန်းဝူက အိမ်ကိုဝင်လိုက်ရင်း အော်ပြောလိုက်တယ်။
ရှီထုန်လေးက မီးဖိုချောင်အပြင်ကို ထွက်လိုက်ပြီး ပြုံးပြလိုက်တယ်။
"အကိုကြီး ရှောင်ဝူ, အစ်ကိုက နှာခေါင်းကောင်းတာပဲ။ ဝက်ခေါင်းသားကို အခုလေးတင်နှပ်ပြီးတာနဲ့ အစ်ကိုရောက်လာတာပဲ။ ဒီကိုလာ ဒီကိုလာ! ကျွန်တော့်ဒုတိယအစ်မက အငွေ့တထောင်းထောင်းနဲ့ ပူနေတဲ့ဝက်ခေါင်းသားနှပ်ကို တစ်ပိုင်းဖြတ်ပေးပြီး အစ်ကိုရဲ့တောင့်တနေမှုကို ဖြည့်ဆည်းပေးလိမ့်မယ်"
"ဝိုး!အသားအနံ့က တကယ်တော့ မင်းတို့မိသားစုကနေလာတာပဲ အာ!! မင်းတို့မိသားစု ဒီနေ့ဘာဖြစ်လို့ အသားချက်စားတာလဲ"
ချန်းဝူက သူ့ပါးစပ်ကနေ အပေါ်ဝတ်အင်္ကျီပေါ်ကို သွားရည်ကျလုမတတ်ပဲ။ သူ့လက်နောက်ကို သုံးပြီးပါးစပ်ကိုသုတ်လိုက်ပေမဲ့ သူ့ခြေထောက်ကတော့ လုံးဝရွေ့မသွားခဲ့ပေ။

......

Continue Reading

You'll Also Like

4.7K 862 33
ලෝකයාගෙන් සැඟවී ගිය දක්ෂයන් රජ කරවන ඉන්ද්‍රජාලික රජදනක්. 🔮🪄 ලෝකයේ අති දක්ෂ ඉන්ද්‍රජාලිකයන් බිහි කරන තෝතැන්නක්. වසර දහසකට පෙර හිස එසවූ අඳුරු මායාවක...
727K 29.4K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
1.8M 185K 69
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့...