သက်တန့်ရောင် မိန်းမပျို Book...

By CharmZoey

649K 84.2K 679

ခေါင်းစဉ် - သက်တန့်ရောင် မိန်းမပျို (ဘာသာပြန်) မူရင်းခေါင်းစဉ် - Fields of Gold အမျိုးအစား - သဘာဝလွန်၊ စိတ်ကူ... More

Intro
အပိုင္း၁ (ေပါက္စီတစ္လုံးေၾကာင့္ အသတ္ခံရျခင္း)
အပိုင္း၂ (အက်င့္ပုတ္တဲ့ အဘြား)
အပိုင္း၃ (ထူးဆန္းတဲ့ ေရာင္စုံေက်ာက္တုံး )
အပိုင္း၄ (သူမမွာ ေကာင္းမြန္တဲ့ အေဖရွိတယ္)
အပိုင္း၅ (မ်က္ေတာင္မခတ္ပဲလိမ္လည္ျခင္း)
အပိုင္း၆ (ပင္လယ္စာ ေကာက္ယူျခင္း)
အခန္း ၇ - အလွေလးကိုကယ္တင္ျခင္း
အပိုင္း ၈ (ထူးျခားတဲ့ ေနာက္ခံ)
အပိုင္း၉ (အက်ိဳးမ်ားတဲ့ ခရီးတို)
အခန္း၁၀ (လ်ိဳ႕ဝွက္အႀကံအစည္)
အခန်း ၁၁
အပိုင္း ၁၂ (က်ိန္ရႈံစားေသာက္ဆိုင္ရဲ႕
အပိုင္း ၁၃ (လုံးဝရႈပ္ေထြးေနေသာ)
အပိုင္း ၁၄ (လိမ္ရလြယ္တဲ့သားေကာင္)
အခန္း ၁၅ (အေကာင္းဆုံးဟင္းခတ္အေမႊးအႀကိဳင္)
အခန္း ၁၆ (ေဈးဝယ္ထြက္ျခင္း)
အပိုင္း ၁၇ (မိဘရဲ႕ ခ်စ္ျခင္းတရား)
အပိုင္း ၁၈ (ေတာင္ေပၚက ေကာင္ေခ်ာေလး)
အပိုင္း ၁၉ ( အကိုဟန႔္ေနာက္ကိုလိုက္ရင္ စားဖို႔အသားရွိတယ္ )
အပိုင္း ၂၀ (အံ့ဖြယ္ေက်ာက္တုံး ျပန္လာျခင္း)
အပိုင္း ၂၁ -အသားကင္တတ္တဲ့သူက အေခ်ာဆုံးပဲ!
အပိုင္း ၂၂ (လမ္းမွာေတြ႕ရတဲ့ အတားအဆီး)
အပိုင္း ၂၃ (အငယ္ဆုံးဦးေလး အိမ္ျပန္လာၿပီ)
အခန္း ၂၄ (ေျမႇာက္ပင့္ျခင္း)
အပိုင္း ၂၅ (ခ်ီးမြမ္းျခင္း)
အပိုင္း၂၆ (ဂုဏ္သိကၡာ)
အပိုင္း ၂၇ ( အလုပ္သင္ )
အပိုင္း ၂၈ (ပိုက္ဆံစုေဆာင္းျခင္း)
အပိုင္း ၂၉ (ေထာင္ေခ်ာက္ဆင္ျခင္း)
အပိုင္း ၃၀ (ထူးျခားမႈ)
အပိုင္း၃၁ (ေကာင္ေခ်ာေလးေနာက္တစ္ေယာက္)
အခန္း ၃၂ (အစားမက္သူ)
အပိုင္း ၃၃ -(အ႐ိုက္ခံရျခင္း)
အပိုင္း ၃၄ (ေဆးပညာသင္ယူျခင္း)
အပိုင္း-၃၅ ( ခ်စ္စရာ အိမ္ေမြးတိရိစာၦန္)
အပိုင္း ၃၆ (သဘာဝရဲ႕လက္ေဆာင္)
အပိုင္း ၃၇ - (ဆိပ္ကမ္း)
အပိုင္း ၃၈ - (ေတာ္ဝင္မင္းသား)
အပိုင္း ၃၉ (ေက်းဇူးတင္ျခင္းသေကၤတ)
အခန္း ၄၀ (ျမင့္မားေသာအထြက္ႏႈန္း)
အပိုင္း ၄၁ - (ျပင္းထန္စြာ ဖ်ားနာမႈ)
အပိုင္း၄၂ (ေဆာင္းတြင္းကပ္ေဘးဒုကၡ)
အပိုင္း -၄၃ ( အၾကင္နာတရားမရွိဘူး )
အပိုင္း -၄၄( ခါးသီးတဲ့စိတ္ထိခိုက္မႈ )
အပိုင္း ၄၅ (ခ်မ္းသာလာျခင္း)
အပိုင္း ၄၆ (အေၾကာင္းျပခ်က္ဖန္တီးျခင္း)
အပိုင္း ၄၇ (ျပစ္ဒဏ္)
အပိုင်း ၄၉ (အတွေးစိတ်ကူးများ)
အပိုင်း ၄၈ (အပြောင်းအလဲတစ်ခု)
အပိုင်း၅၀ (ပိုက်ဆံလက်ဆောင်)
အခန္း၅၁ (စီးပြားေရးရင္းႏွီးျမႇဳပ္ႏွံမႈ)
အပိုင်း-၅၂ (အိမ်ကိုအလည်လာခြင်း)
အပိုင်း ၅၃ (ရှင်ယာဝင်ဖြစ်လာခြင်း)
အပိုင်း ၅၄ - (ကြော်ငြာခြင်း)
အပိုင်း၅၅ (နှစ်သစ်ကူး)
အပိုင်း ၅၆ (ဒုက္ခရောက်သောနှစ်)
အပိုင်း ၅၇ - (ဘေးအန္တရာယ်)
အပိုင်း ၅၈ (ဖြတ်တောက်ခြင်း)
အပိုင်း ၅၉ (အတိတ်)
အပိုင်း ၆၀ (သတိလစ်မေ့မျောခြင်း )
အပိုင်း ၆၁ (ပြန်သတိရလာခြင်း)
အပိုင်း၆၂ (ရောင်းစားခံရခြင်း)
အပိုင်း ၆၃ - မိသားစုကွဲခြင်း (၁)
အပိုင်း ၆၄ - မိသားစုကွဲခြင်း ( ၂ )
အပိုင်း ၆၅ (နေအိမ်ဟောင်း)
အပိုင်း ၆၆ (မိခင်ဘက်မှမိသားစု)
အပိုင်း ၆၇ (အိမ်ပြင်ခြင်း)
အပိုင်း ၆၈ (ပိုကောင်းတဲ့အရွေ့အပြောင်း)
အပိုင်း ၆၉ (ငွေရှာမည့်အရင်းအမြစ်များကိုတိုးချဲ့ခြင်း)
အပိုင်း၇၀ (ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း)
အပိုင်း ၇၁ (ချစ်စရာကောင်းတဲ့လူငယ်လေး)
အပိုင်း၇၂ (ပေါက်စီ)
အပိုင်း ၇၃ (တိတ်တိတ်လေး သည်းညည်းခံနေခြင်း)
အပိုင်း၇၄ (လက်တွဲလုပ်ဆောင်မှု)
အပိုင်း၇၅ (ကူညီခြင်း)
အပိုင်း ၇၆ (အံ့ဩစရာကောင်းလိုက်တာ!)
အပိုင္း၇၈ (ဆိုင္ဖြင့္တဲ့ေန႔)
အပိုင်း ၇၉ (ဝက်ခေါင်း)
အပိုင်း၈၀ (ပြဿနာတက်ခြင်း)
အပိုင်း ၈၁ (လျှို့ဝှက်ချက်ပြုတ်နည်း)
အပိုင်း ၈၂ (အရသာသစ်)
အပိုင်း၈၃ (ကျော်ကြားတဲ့ပညာရှိ)
အပိုင်း ၈၄ (အစားကြီးသူ)
အပိုင်း ၈၅ (တပည့်တစ်ယောက်အဖြစ်လက်ခံခြင်း)
အပိုင်း၈၆ (ငါးဖမ်းခြင်း)
အပိုင်း ၈၇ (ငါးချဉ်)
အပိုင်း၈၈ (အဖေနဲ့သမီး)
အခန်း ၈၉ (ကျောင်းလခ)
အပိုင်း ၉၀ (လျို့ကော)
အခန်း၉၁ (ကြေးမြင့်တဲ့ပေးချေမှု)
အပိုင်း ၉၂ ( စိုနေတဲ့ဆန် )
အပိုင်း ၉၃ (အထင်ကြီးစရာဧည့်သည်)
အပိုင်း ၉၄ (မြည်းလှည်း)
အပိုင်း ၉၅ (ကျောင်းတက်ခြင်း)
အပိုင်း ၉၆ (အပူအပင်)
အပိုင်း ၉၇ (ဖျားနာနေသောမြည်း)
အပိုင်း ၉၈ (ဝေစု)
အပိုင်း ၉၉ - တွေ့ဆုံဖို့ အခွင့်အရေး
အပိုင်း ၁၀၀ (အချိန်အခါမဟုတ်အိမ်ကိုလာခြင်း)
အပိုင်း၁၀၁ (ကျိုးမိသားစု)
အပိုင်း၁၀၂ (အလုပ်မှာရေသာခိုခြင်း)
အပိုင်း ၁၀၃ (အကျင့်ပျက်ခြင်း)
အခန်း ၁၀၄ (လုယက်သူ)
အခန်း ၁၀၅ (ဝိညာဉ်တစ်ခုကိုမြင်ရခြင်း)
အပိုင်း ၁၀၆ (သေလုဆဲဆဲဖြစ်ခြင်း)
အပိုင်း ၁၀၇ (စုံစမ်းမေးမြန်းခြင်း)
အပိုင်း ၁၀၈ (မိုးကြိုး)
အပိုင်း၁၀၉ (မိုးကြိုးပစ်ခြင်း)
အပိုင်း ၁၁၀ (ဝန်ချတောင်းပန်ခြင်း)
အပိုင်း ၁၁၁ (အိမ်ပြန်လာခြင်း)
အခန်း ၁၁၂ (ထွက်ခွာခြင်း)
အပိုင်း ၁၁၃ (ဆေးဖက်ဝင်ဂျင်ဆင်းဘုရင်)
အပိုင်း ၁၁၄ (အကျိုးများတဲ့ခရီးတိုတစ်ခု)
အပိုင်း ၁၁၅ ( အသီးအရွက်များရောင်းခြင်း)
အပိုင်း ၁၁၆ (မင်းသားလေး)
အပိုင်း ၁၁၇ (ဟင်းသီးဟင်းရွက်များကြောင့် ရန်ဖြစ်ကြခြင်း)
အပိုင်း ၁၁၈ (လူကဲခတ်မြန်တဲ့လူကြီးမင်း)
အပိုင်း ၁၁၉ (ကျေနပ်အားရခြင်း)
အပိုင်း ၁၂၀ (ဆုလာဘ်)
အပိုင်း ၁၂၁ (ရင်းနှီးမြှပ်နှံမှု)
အပိုင်း ၁၂၂ (ဝဋ်လည်ခြင်း)
အပိုင်း ၁၂၃ ( အလုပ်များသော)
အပိုင်း ၁၂၄ (နောက်တစ်ခေါက်လာကြပြန်ပြီ! )
အပိုင်း ၁၂၅ (ကုတ်ခြစ်ခံရခြင်း)
အပိုင်း ၁၂၆
အပိုင်း ၁၂၇ (တိုင်ပင်ခြင်း)
အပိုင်း ၁၂၈ (သူမအိမ်လည်လာခြင်းရဲ့ရည်ရွယ်ချက်)
အပိုင်း ၁၂၉ (အဆိပ်မရှိခြင်း)
အပိုင်း၁၃၀ (အလည်ရောက်လာသူများ)
အပိုင်း ၁၃၁ ( မနက်စာ )
အပိုင်း ၁၃၂ (ဘဲသားနှပ်)
အပိုင်း ၁၃၃ (ကြမ္မာဖန်သောတွေ့ဆုံမှု)
အပိုင်း ၁၃၄ (အတွေ့အကြုံရင့်တဲ့အစားချစ်သူ)
အပိုင်း ၁၃၅ (အကင်းပါးသော)
အပိုင်း ၁၃၆ (ညနောက်ကျမှပြန်လာခြင်း)
အပိုင်း၁၃၇ (သိမ်းသွင်းစည်းရုံးခြင်း)
အပိုင်း ၁၃၈ (အစီအစဉ်ချခြင်း)
အပိုင်း ၁၃၉ ( စီရင်စုမြို့)
အပိုင်း ၁၄၀ (ဈေးဝယ်ထွက်ခြင်း)
အပိုင်း ၁၄၁ (စစ်သူကြီး)
အပိုင်း ၁၄၂ (အပြန်လမ်း)
အပိုင်း ၁၄၃ (လည်ပတ်ခြင်း)
အပိုင်း ၁၄၄ (အကြံဉာဏ်ပေးခြင်း)
အခန်း ၁၄၅ (အဆိုပြုခြင်း)
အပိုင်း ၁၄၆ (သံတမန်)
အပိုင်း ၁၄၇ (မွေးစားသမီး?)
အပိုင်း၁၄၈ (မွေးစားအဖေ)
အပိုင်း ၁၄၉ (မိသားစုဖြစ်လာခြင်း)
အပိုင်း ၁၅၀ (လူထူးလူဆန်း)
အပိုင်း ၁၅၁ (တော်ဝင်အမိန့်ပြန်တမ်း)
အပိုင်း၁၅၂ (မှတ်ဉာဏ်ဟောင်းများ)
အပိုင်း ၁၅၃ (ဧကရာဇ်ဟောင်း)
အပိုင်း ၁၅၄ (ဂျုံကြာဇံ)
အခန်း၁၅၅ (ထွက်ခွာဖို့လေးကန်နေခြင်း)
အခန်း ၁၅၆ (ပို့ဆောင်ခြင်း)
အခန်း ၁၅၇ (ပင်လယ်မျှော့)
အပိုင်း ၁၅၈ (မသမာတဲ့နည်းလမ်းသုံးခြင်း)
အပိုင်း ၁၅၉ (ခြိမ်းခြောက်ခြင်း)
အပိုင်း - ၁၆၀ ( အကြပ်ရိုက်အောင် လုပ်ခြင်း )
အပိုင်း ၁၆၁ (မနာလိုဖြစ်ခြင်း)
အပိုင်း ၁၆၂ - မနာလိုမှု
အပိုင်း ၁၆၃ - အကူ
အပိုင်း ၁၆၄ (ဝန်ခံလက်မြှောက်ခြင်း)
အပိုင်း ၁၆၅ (ပြောင်းလဲဖို့)
အခန်း ၁၆၆ (ဟုန်းဟုန်းတောက်ကျော်ကြားခြင်း)
အပိုင်း ၁၆၇ - (သမီးကိုကာကွယ်ခြင်း)
အခန်း ၁၆၈ - ချမ်းသာကြွယ်ဝခြင်း
အပိုင်း ၁၆၉ - အလုပ်ခေါ်စာ
အခန်း ၁၇၀ (ဖရဲသီးရောင်းခြင်း)
အပိုင်း ၁၇၁ ဖရဲသီးဆိုင်
အပိုင္း-၁၇၂( ခမ္းနားေသာ ဖြင့္ပြဲ )
အပိုင္း - ၁၇၃ (အကုန္ ေရာင္းထြက္ျခင္း)
အပိုင်း၁၇၄ - ဂုဏ်ပြုစားပွဲ
အပိုင်း ၁၇၅ - ချိုမြိန်ခြင်း အရသာ
အပိုင်း ၁၇၆ - ကြင်ယာတော်မင်းသမီး
အပိုင်း ၁၇၇ - အကြံအစည်
အပိုင်း - ၁၇၈ ( မွေးစားအမေ )
အပိုင်း ၁၇၉ - ရန်လိုမှု
အပိုင်း ၁၈၀ - ကံကြမ္မာ
အပိုင်း-၁၈၁ ( ထမင်းတစ်နပ်ကျွေးခြင်း )
အပိုင်း၁၈၂ - (ဧည့်ဝတ်ကျေပွန်မှု)
အပိုင်း၁၈၃ - မျက်နှာသာပေးတာ ခံချင်သူ
အပိုင်း ၁၈၄ နေထိုင်အခြေချဖို့ကူညီပေးခြင်း
အပိုင်း ၁၈၅ - သူခိုး
အခန်း ၁၈၆ - စဉ်းလဲတဲ့အကြံကိုလက်လွှတ်ဖို့ ငြင်းဆန်ခြင်း
အခန်း ၁၈၇ - အဆုံးမရှိ ဒုက္ခပေးခြင်း
အပိုင်း -၁၈၈ ( အရှက်မရှိခြင်း )
အပိုင်း ၁၈၉ - အချိန်ဆွဲထားခြင်း
အပိုင်း ၁၉၀ (စုံစမ်းမေးမြန်ခြင်း)
အပိုင်း ၁၉၁ ပြစ်မှုတစ်ခုကို တိုင်ကြားခြင်း
အပိုင်း ၁၉၂ - အိမ်မက်ဆိုး
အပိုင်း ၁၉၃ - ပေါ်ပေါက်လာခြင်း
အပိုင်း - ၁၉၄ (သဘောတူစာချုပ်)
အပိုင်း ၁၉၅ - ဝိညာဉ်
အပိုင်း ၁၉၆ (တရားရုံးအမှုစစ်များ)
အပိုင်း ၁၉၇ (ကိုယ့်ပါးကို ပြန်ရိုက်ခြင်း)
အပိုင်း ၁၉၈ (တရားရုံးသို့သွားခြင်း)
အပိုင်း ၁၉၉ (ကြီးမားတဲ့ချစ်ခြင်းမေတ္တာတရား)

အပိုင်း ၇၇ (အသားနှပ်)

3.6K 460 2
By CharmZoey

[Zawgyi]
အပိုင္း ၇၇ (အသားႏွပ္)

သူမက ၾကက္အူေတြဖြင့္ဖို႔ ကတ္ေၾကးတစ္စုံကို သုံးလိုက္ၿပီး ေရေအးနဲ႔ အညစ္အေၾကးေတြကို ေဆးခ်လိုက္တယ္။ သူမတို႔ ေနာက္ေဖးၿခံဝန္းကို ျပင္ဆင္ေနတုန္းက သူမက လူေတြကို ေရတြင္းရဲ႕ေဘးမွာ ေျမာင္းတစ္ခုေဖာက္ေပးဖို႔နဲ႔ ထိုေျမာင္းကို အိမ္အျပင္ဘက္က အိမ္သာကြၽင္းနဲ႔ ဆက္ေပးဖို႔ ေျပာထားတာျဖစ္တယ္။ ဒါသာရွိေနရင္ သူတို႔အဝတ္ေလွ်ာ္တာ၊ အသီးအ႐ြက္ေဆးတာနဲ႔ ေရဆိုးေရညစ္ေတြက ကြၽင္းထဲပဲတိုက္႐ိုက္ေရာက္သြားမွာပင္။
ေခ်ာင္းအာ အေမ ဘာကူေပးရဦးမလဲ အမ်ိဳးသမီးလီက ညီအစ္မႏွစ္ေယာက္ အလုပ္ရႈပ္ေနတာကို ၾကည့္မေနႏိုင္ေတာ့ပဲ အနားသြားလိုက္တယ္။
ယြီေရွာင္ေခ်ာင္းက သူမကို ၿပဳံးရင္းေျပာလိုက္တယ္။
အေမ ေရာက္လာတာနဲ႔ အေတာ္ပဲ အိမ္မွာ ဆားၾကမ္းေတြ က်န္ေသးလား အဲ့ဒါကိုသုံးၿပီး ၾကက္အူေတြကို လုံးဝသန႔္စင္ေအာင္ တိုက္ခြၽတ္ပစ္လို႔ ရတယ္။ အဲ့ဒါက ၾကက္အူရဲ႕ အနံ႔ဆိုးေတြအကုန္ ဖယ္ရွားႏိုင္တယ္
ေဆးေၾကာပစ္ဖို႔ ဆားၾကမ္းကို သုံးမယ္! သမီး ဒါေတြအကုန္ ေရာင္းႏိုင္မယ္ဆိုတာ ေသခ်ာလို႔လား ငါေတာ့ အကုန္ေရာင္းကုန္ႏိုင္ဖို႔ ေမွ်ာ္လင့္တယ္ေဟး မဟုတ္ရင္ ရွိသမွ်ပစၥည္းေတြ အကုန္သုံးေနတာနဲ႔ ငါတို႔လည္းစားစရာရွိေတာ့မွာမဟုတ္ဘူး
ေၾကးျပားတစ္ျပားနဲ႔တင္ ပင္လယ္နဲ႔နီးတဲ့ေဒသမွာ ဆားၾကမ္း အိုးတစ္ဝက္ေလာက္ရေအာင္ ေဈးေပါေပါနဲ႔ ဝယ္လို႔ရေပမဲ့ အမ်ိဳးသမီးလ်ိဳက အက်ိဳးမရွိဘဲ မသုံးပစ္ဖို႔ကိုေတာ့ သူမ သမီးအား သတိေပးထားရေပမည္။
ေရွာင္ေခ်ာင္းက ႏႈတ္ခမ္းကို ဆူလိုက္ရင္း ေျပာလိုက္တယ္ အေမရယ္ စိတ္ေလ်ာ့စမ္းပါ သမီးရဲ႕ နည္းလမ္းေတြက ကံၾကမၼာနတ္ဘုရား ေပးထားတာမလို႔ ေသခ်ာေပါက္က်ရႈံးမွာ မဟုတ္ဘူး
သူမေလးက နတ္ဘုရားနာမည္ကို သုံးၿပီး ျပန္လည္ေခ်ပလိုက္ေတာ့ အမ်ိဳးသမီးလ်ိဳက ဘာကိုမွ ထပ္မေျပာေတာ့ဘဲ ၾကက္အူေတြကို ဆားနဲ႔ေဆးေၾကာဖို႔ ေဆာင့္ေၾကာင့္ထိုင္ခ်လိုက္ေတာ့တယ္။ သူမသာ ေသခ်ာ မသန႔္စင္လိုက္မိရင္ သူမသမီးအတြက္ ျပႆနာေတြ ပိုျဖစ္ေစမွာစိုးတာေၾကာင့္ သူမအလုပ္ကို ေစ့စပ္ေသခ်ာစြာ လုပ္ေနေလတယ္။
ေရွာင္ေခ်ာင္းက ၾကက္အသည္းအျမစ္ေတြကို ျပင္ဆင္ဖို႔ လုံးဝ စတင္အာ႐ုံစိုက္လိုက္ေတာ့တယ္။ အသည္းကို သန႔္စင္တဲ့အခါမွာ အေရးႀကီးဆုံးအပိုင္းက အေပၚက သည္းေျခအိတ္ကို ျဖတ္ထုတ္ဖို႔ပဲ ျဖစ္တယ္။ ဒါက အႏုစိတ္လုပ္ရတဲ့ အလုပ္ျဖစ္တယ္။ ေသခ်ာ ဂ႐ုမစိုက္မိလိုက္ရင္ သည္းေျခအိတ္ကို အလြယ္တကူမွားျဖတ္မိၿပီး သည္းေျခရည္ေတြ ထြက္ကုန္ႏိုင္တယ္။ ဒီအရည္ေတြေၾကာင့္ အသည္းအရသာ ခါးသြားၿပီး ဟင္းပြဲရဲ႕ အရသာကို ဆိုး႐ြားတဲ့သက္ေရာက္မႈ ျဖစ္သြားေစႏိုင္တယ္။ ကံေကာင္းစြာနဲ႔ သူမအရင္ဘဝတုန္းက ဒါကိုျပင္ဆင္တဲ့ေနရာမွာ ဆယ္ႏွစ္ေက်ာ္အေတြ႕အႀကဳံ ရွိခဲ့တာေၾကာင့္ သူမအိပ္ေနရင္းနဲ႔ေတာင္ ဒါကို လုပ္ႏိုင္တယ္။
ေနာက္တစ္ခုျဖစ္တဲ့ အျမစ္ကေတာ့ ညႇပ္ဖြင့္ၿပီး အညစ္အေၾကးေတြကို ေဆးေၾကာ၊ ၿပီးရင္ အတြင္းပိုင္းက အဝါေရာင္အလႊာပါးပါးေလးကို ျဖတ္ထုတ္ဖို႔လိုတာေၾကာင့္ အနည္းငယ္ ပိုဒုကၡေရာက္ေလတယ္။ သို႔ေသာ္လည္း ဒီအဝါေရာင္ ၾကက္အျမစ္အလႊာေလးက အေရးႀကီးတဲ့ ေဆးဘက္ဆိုင္ရာ ပါဝင္ပစၥည္းတစ္ခုျဖစ္ၿပီး ၾကက္အညႇာ လို႔ ေခၚေလ့ရွိၾကတယ္။ ကေလးတစ္ေယာက္ အစားလြန္ၿပီး အစာမေၾကျဖစ္ရင္ အေျခာက္လွမ္းထားတဲ့ ၾကက္အညႇာ ကို အမႈန႔္ျဖစ္ေအာင္ေခ်လိုက္ၿပီး တိုက္လို႔ရတယ္။ အဲ့ဒါကို ေသာက္လိုက္ရင္အစာမေၾကတဲ့ ျပႆနာက ေပ်ာက္ကင္းသြားလိမ့္မယ္။
ေရွာင္ေခ်ာင္းက ဒီအေျမႇးေတြကိုဖယ္ထုတ္တဲ့ ေနရာမွာေတာ့ ဆရာႀကီးပင္။ သူမထုတ္ထားတဲ့ ၾကက္အျမစ္အလႊာ အခု၄၀ေလာက္မွာ တစ္ခုခ်င္းဆီက အေကာင္းအတိုင္းျဖစ္ၿပီး ျခစ္ရာေလး တစ္ခုေတာင္ မျမင္ရပါေခ်။
ၾကက္အူ၊ အသည္းအျမစ္ေတြကို သန႔္စင္ၿပီးသြားေတာ့ ေရွာင္ေခ်ာင္းက သူ႔အေမကို သြားနားဖို႔ေျပာ လိုက္တယ္။ ေနာက္ေတာ့ သူမက ေရွာင္လ်န္ကို မီးဖိုေခ်ာင္ထဲ ဆြဲေခၚသြားေတာ့တယ္။ အစီအစဥ္က ဒီည ဒီအသားေတြကို ၿပီးေအာင္ႏွပ္ထားၿပီး ေနာက္တစ္ေန႔ ၿမိဳ႕ထဲကိုသြားၿပီး ေရာင္းလို႔ရမလား ၾကည့္ဖို႔ပဲျဖစ္တယ္။
ဒါေတြကို ၿမိဳ႕ထဲမွာ ေရာင္းခ်င္တာလား ၿမိဳ႕ကလူေတြက ဇီဇာေၾကာင္ၿပီး ဂ်ီးမ်ားၾကတယ္။ သူတို႔သာ ဒီဟင္းပြဲေတြကို ၾကက္အတြင္းကလီစာေတြနဲ႔ လုပ္ထားသာသိသြားရင္ နင့္ကို ေသေအာင္ ႐ိုက္ၾကလိမ့္မယ္။ ငါ့အျမင္ေတာ့ ဆိပ္ကမ္းမွာပဲ နင့္ရဲ႕ကံကို အရင္စမ္းၾကည့္သင့္တယ္။ ပထမအခ်က္အေနနဲ႔ ငါတို႔ေနတာက ဆိပ္ကမ္းနဲ႔နီးတာမလို႔ လမ္းေလွ်ာက္သြားရင္ ႏွစ္နာရီေတာင္ မၾကာႏိုင္ဘူး။ ဒုတိယအေနနဲ႔ အဲ့ဒီမွာ အလုပ္လုပ္တဲ့ သူေတြက ငါးစိမ္းသည္ေတြနဲ႔ ကုန္သယ္ရတဲ့သူေတြ ျဖစ္လို႔ အကုန္ေစာေစာ ထၾကရတယ္။ သူတို႔အမ်ားစုက အိမ္ကေန မနက္စာ ယူလာရင္ယူလာ မဟုတ္ရင္ တစ္ခုခု ဝယ္စားလိုက္ၾကတာ။ ဒီလူေတြက သူတို႔ အစားအစာအတြက္ ေမွ်ာ္လင့္ခ်က္ အမ်ားႀကီး မထားၾကဘူး။ အရသာေကာင္းၿပီး ေဈးႏႈန္းသင့္တင့္ရင္ ရတယ္။ အစားအစာအတြက္ဆို ေငြစအနည္းငယ္ သုံးလိုက္ဖို႔ ေတြေဝေနမွာ မဟုတ္ဘူး
ေရွာင္လ်န္က ေခါင္းထဲမွာ သူမအေမဘက္က အေဒၚရဲ႕ ဆိပ္ကမ္းက စီးပြားေရးအေသးစားေလးကို ေတြးမိသြားတာေၾကာင့္ ထိုအႀကံကို ေရွာင္ေခ်ာင္းအား ေျပာျပလိုက္တယ္။
ေရွာင္ေခ်ာင္းက ခဏေလာက္ေတြးၾကည့္လိုက္ၿပီး ေခါင္းကိုညိမ့္လိုက္တယ္။ ဟုတ္ၿပီ နင္ေျပာတာမွန္တယ္ ထန္ကူဆိပ္ကမ္းက အရမ္းစည္ကားၿပီး ပ်ားပန္းခတ္ေနၾကတာ ဆိပ္ကမ္းအလုပ္သမားေတြရွိလို႔ အစားအစာေတြအတြက္ ေကာင္းမြန္တဲ့ ေဈးတစ္ခုရွိေတာ့ ငါတို႔ ကံစမ္းၾကည့္ရေအာင္ မနက္ျဖန္သြားၾကတာေပါ့
ညီအစ္မႏွစ္ေယာက္က မီးဖိုေခ်ာင္ထဲကို ဝင္သြားၿပီး ေရေႏြးတည္ဖို႔ မီးေမႊးလိုက္ၾကတယ္။ ေရေႏြးဆူလာတာနဲ႔ ပထမဆုံး အနံ႔အသက္ေတြကို ဖယ္ရွားဖို႔ ၾကက္အတြင္းကလီစာေတြကို ေရေႏြးေျဖာလိုက္တယ္။ ၿပီးသြားေတာ့ ဟင္းအႏွစ္ကို လုပ္ဖို႔လိုတယ္။ ႏွပ္ထားတဲ့ ဟင္းပြဲတစ္ခုရဲ႕ အရသာ ေကာင္းမေကာင္းက သူ႔ရဲ႕ဟင္းအႏွစ္ေပၚမွာ လုံးဝမူတည္တယ္။ ႏွပ္ထားတဲ့ အစားအစာအတြက္ အၾကမ္းအားျဖင့္ ဟင္းခတ္အႏွစ္ သုံးမ်ိဳးရွိတယ္: အနီေရာင္ အႏွစ္၊ အျဖဴေရာင္အႏွစ္နဲ႔ အဝါေရာင္အႏွစ္
အရင္ဘဝတုန္းက ေရွာင္ေခ်ာင္းက သူမဆိုင္ရဲ႕သူေဌးဆီကေန စစ္မွန္တဲ့ ဟင္းအႏွစ္လုပ္နည္းကို ရရွိခဲ့တယ္။ ဒီအႏွစ္ေတြအားလုံးက သူမပိုင္ဆိုင္တဲ့ အရည္အခ်င္းေတြလည္းျဖစ္တယ္။ သူမကခဏေလာက္ ေတြးလိုက္ၿပီး ေရွာင္လ်န္ကိုေမးလိုက္တယ္
ေရွာင္လ်န္ ေငြစနည္းနည္းေလာက္ ေပးပါဦး ငါသမားေတာ္ယိုဆီမွာ ေဆးပင္နည္းနည္း ဝယ္စရာရွိလို႔ ငါျပန္လာခဲ့မယ္...
ေႏြဦးအစပိုင္းေလာက္မွာ သမားေတာ္ယိုက ဆယ္ႏွစ္အ႐ြယ္ေလာက္ရွိတဲ့ ေကာင္ေလးတစ္ေယာက္နဲ႔အတူ ႐ြာကို ျပန္ေရာက္လာခဲ့တယ္။ အဲ့ေကာင္ေလးက သူ႔တူ၊ တူမတစ္ေယာက္ရဲ႕သား ဒါမွမဟုတ္ အမ်ိဳးတစ္ေယာက္လို႔ ေျပာၾကတာပဲ။ ေရွာင္ေခ်ာင္းက ေဆာင္းဦးနဲ႔ ေဆာင္းရာသီအတြင္း စုေဆာင္းရရွိခဲ့တဲ့ ပိုက္ဆံေတြနဲ႔ ေဆးေသတၱာကို သူ႔ကို ျပန္ေပးလိုက္ၿပီး ျဖစ္တယ္။ ႐ြာသူ႐ြာသားမ်ားကလည္း စိတ္သက္သာရာ ရသြားၾကေလတယ္။ လူအမ်ားစုက သူမရဲ႕ ေဆးပညာစြမ္းရည္ကို သိရွိၿပီးျဖစ္ေပမဲ့ ႐ြာသူ႐ြာသားေတြက အသက္အ႐ြယ္ႀကီးတဲ့သမားေတာ္က ၾကည့္ရႈေပးတာကိုသာ ပိုသေဘာက်ၾကတုန္းပင္ျဖစ္တယ္။
ေဆးဖက္ဝင္အပင္ေတြလား အဲ့ဒါေတြနဲ႔ တကယ္ခ်က္မလို႔လား ေရွာင္လ်န္က စိတ္ရႈပ္ေထြးစြာနဲ႔ ေမးလိုက္တယ္။
ေရွာင္ေခ်ာင္းက ၿပဳံးလိုက္ၿပီး ဒါေပါ့ ပိုခ်မ္းသာတဲ့မိသားစုေတြက တစ္ခါတစ္ေလ ဂ်င္ဆင္းၾကက္သားနဲ႔ သုံးေခြၽ႕ၾကက္သားဟင္းလည္း စားၾကတာပဲမလား အဲ့ဒီဟင္းေတြကေရာ ေဆးဖက္ဝင္ ပစၥည္းေတြမပါလို႔လား
(သုံးေခြၽ႕- female ginseng)
ေရွာင္လ်န္က သက္ျပင္းခ်လိုက္ရင္း အဲ့ဒီခ်မ္းသာတဲ့လူေတြနဲ႔ ငါတို႔က ဘယ္လိုယွဥ္လို႔ရမွာလဲ လို႔ ေရ႐ြတ္ေနေတာ့တယ္။ သို႔ေသာ္လည္း သူမက အခန္းထဲကို ဝင္သြားၿပီး ေန႔လည္တုန္းက ေရွာင္ေခ်ာင္း ျပန္ေပးထားတဲ့ ပန္းထိုးပိုက္ဆံအိတ္ေလးကို သူမညီမရဲ႕ လက္ထဲျပန္ထည့္ေပးလိုက္ရေတာ့တယ္။
ေရွာင္ေခ်ာင္းလိုတဲ့ ေဆးပင္ေတြက သာမန္အမ်ိဳးအစားေတြပဲ ျဖစ္တာေၾကာင့္ ေဈးေပါၾကတယ္။ အမ်ိဳးအစားအစုံပါတဲ့ အစည္းလိုက္ကိုမွ ေၾကးျပား ဆယ္ျပားပဲ ကုန္ခဲ့တယ္။ သူမအိမ္ကို ျပန္ေရာက္တာနဲ႔ ဟင္းအႏွစ္ကို စတင္လုပ္ေတာ့တယ္။ အခုရာသီဥတုက ေအးေနေသးတာမို႔ ဟင္းအႏွစ္အမ်ားႀကီးကို ျပဳလုပ္လိုက္တယ္။
ႏွပ္ထားတဲ့ဟင္းပြဲတစ္ခုရဲ႕ ဟင္းအႏွစ္က ေသေသခ်ာခ်ာ ထိန္းသိမ္းထားရင္ အႀကိမ္အမ်ားႀကီး အသုံးျပဳလို႔ရတယ္။ အႏွစ္ကို အခ်ိန္ၾကာၾကာသုံးၿပီး ပိုၾကာၾကာအခ်ည္ေဖာက္ေလေလ အရသာနဲ႔ အရည္အေသြးက ပိုေကာင္းေလေလပင္။ အခ်ိန္ၾကလာတာနဲ႔အမွ် အႏွစ္ထဲမွာ ပ႐ိုတင္း(အသားဓာတ္) ပါဝင္မႈပမာဏ ပိုမ်ားလာတာေၾကာင့္ျဖစ္တယ္။ ဒါ့ေၾကာင့္မလို႔ သက္တမ္းပိုၾကာတဲ့ ဟင္းအႏွစ္နဲ႔ လုပ္ထားတဲ့ ဟင္းပြဲေတြက သက္တမ္းႏုတဲ့ ဟင္းအႏွစ္ေတြနဲ႔ လုပ္ထားတာထက္ ပိုမိုႂကြယ္ဝၿပီးေကာင္းမြန္တဲ့ အနံ႔အရသာ ရွိေနတာျဖစ္တယ္။
ေရွာင္ေခ်ာင္းက ပါဝင္ပစၥည္းေတြကို ခ်ိန္ဆၾကည့္လိုက္ေတာ့တယ္။ သူမရဲ႕နည္းမွာ လိုအပ္တာက- စမုန္စပါးပြင့္ ၂၀ ဂရမ္၊ သစ္ႀကံပိုးေခါက္ ၂၀ ဂရမ္၊ လိေမၼာ္ခြံေျခာက္ ၅၀ ဂရမ္၊ စီခြၽမ္း င႐ုတ္ေကာင္းေစ့ ၂၀ ဂရမ္၊ စမုန္နက္ ၁၅ ဂရမ္၊ ကရေဝး႐ြက္ ၂၀ ဂရမ္၊ ႏြယ္ခ်ိဳ ၁၅ ဂရမ္၊ င႐ုတ္ေျခာက္ ၁၀၀ ဂရမ္၊ ၾကက္သြန္ၿမိတ္ ၁၅၀ ဂရမ္၊ လက္ဆတ္တဲ့ဂ်င္း ၁၅၀ ဂရမ္၊ ဝိုင္ဝါ ၁က်င္း၊ ၾကာညိဳ႕ ၄၀၀ ဂရမ္နဲ႔ ဆား ၂၀၀ ဂရမ္၊တို႔ျဖစ္တယ္... (A/N  ဒါက ႐ိုးရွင္းေအာင္ လုပ္ထားတဲ့အၫႊန္းျဖစ္တာမို႔ ေက်းဇူးျပဳၿပီး အိမ္မွာ လိုက္မလုပ္ၾကပါနဲ႔ေနာ္)
ေရွာင္လ်န္က ေၾကးျပားေလးဆယ္တန္တဲ့ ပစၥည္းေတြအားလုံးကို ခပ္က်ဲက်ဲရက္ထားတဲ့ ပိတ္ပါးတစ္ခုနဲ႔ ထုတ္ၿပီး ဇလုံထဲကိုထည့္လိုက္တာကိုျမင္ေတာ့ အျမန္ေမးလိုက္တယ္။ ပထမဆုံးလုပ္တာကို အဲ့ေလာက္အမ်ားႀကီးလုပ္ရင္ အဆင္ေျပပါ့မလား မေကာင္းရင္ ဘယ္လိုလုပ္မလဲ...
ျပႆနာတစ္ခုမွ ရွိမွာ မဟုတ္ပါဘူး ေရွာင္ေခ်ာင္းက သူမကို အခိုင္အမာ ၾကားျဖတ္ေျပာလိုက္တယ္။ ေရွာင္ေခ်ာင္းရဲ႕ ယုံၾကည္မႈရွိျခင္းကပဲ ေရွာင္လ်န္ကို ပိုမို စိတ္ခ်ယုံၾကည္ေစသြားတာလားေတာ့မသိ... သူမက ဘာတစ္ခြန္းမွ မေျပာေတာ့ဘဲ ေရွာင္ေခ်ာင္းေျပာတဲ့အတိုင္း မီးဖိုမီးကို တိုးလိုက္ ေလွ်ာ့လိုက္ လုပ္ေနလိုက္တယ္။
အနံ႔ေလးက ေမႊးလိုက္တာ အေမ အနံ႔ရတယ္မလား ဒါ ဒုတိယအစ္မရဲ႕ ကလီစာဟင္း အနံ႔ပဲ ျဖစ္မယ္။ သား သြားၾကည့္လိုက္ဦးမယ္
အိပ္ယာေပၚမွာလွဲရင္း အစာေခ်ျဖတ္ေနတဲ့ ရွီထုန္ေလးက ရဲေခြးတစ္ေကာင္လိုမ်ိဳး စိတ္ဝင္စားစရာအနံ႔ကို ရလိုက္တယ္။ သူက ကုတင္ေပၚကေန ကုတ္ကပ္ဆင္းလိုက္ၿပီး သူရဲ႕ ေဟာင္းၿပီးစုတ္ေနတဲ့ ဝါဂြမ္းဖိနပ္ေလးကို အျမန္ စီးလိုက္ရင္း အခန္းထဲကေန တဟုန္ထိုးထြက္သြားေတာ့တယ္။ တအားေျပးသြားတာေၾကာင့္ တံခါးခုံကို ခလုတ္တိုက္ လုနီးပါးေတာင္ ျဖစ္သြားတယ္။
အမ်ိဳးသမီးလ်ိဳက ေခါင္းရမ္းလိုက္ရင္း ရယ္သာရယ္ေနေတာ့တယ္။ ဒီကေလးကေတာ့ေလ... ရွီထုန႔္အေဖေရာ သြားၾကည့္ၾကမလား
ယြီဟိုင္ကလည္း သိခ်င္စိတ္ျပင္းျပေနတာမလို႔ ေခါင္းညိမ့္လိုက္ၿပီး မီးဖိုေခ်ာင္ထဲကိုသြားဖို႔ ဖိနပ္ကို အျမန္စီးလိုက္ေတာ့တယ္။
ၾကက္အေကာင္ ၄၀ ရဲ႕ကလီစာအားလုံးကို အိုးႀကီးတစ္ခုထဲမွာ ထည့္ထားၿပီး မီးဖိုေပၚမွာ မီးနည္းနည္းနဲ႔ တည္ထားတာျဖစ္တယ္။ ရွီထုန္ေလးက မီးဖိုေဘးမွာ စိတ္မရွည္စြာနဲ႔ ေစာင့္ေနၿပီး သူ႔မ်က္လုံးေတြက ဂနာမၿငိမ္နဲ႔ စိတ္လႈပ္ရွားမႈေၾကာင့္ ေတာက္ပေနေတာ့တယ္။ သူက အရည္႐ႊမ္းၿပီး အသားမ်ားတဲ့ အ႐ိုးတစ္ေခ်ာင္းကို ရွာေတြ႕လိုက္တဲ့ ေခြးေပါက္ေလးတစ္ေကာင္နဲ႔ ဆင္တူေနေတာ့တယ္။ သူ႔မွာ မရွိတာက လႈပ္ယမ္းေနတဲ့ အၿမီးေလးနဲ႔ လွ်ာတန္းလန္းေလးပင္။
ေရွာင္ေခ်ာင္းက ရေလာက္တဲ့ အခ်ိန္ေရာက္ၿပီလို႔ သိလိုက္တာေၾကာင့္ အဖုံးကို ဖြင့္လိုက္တယ္။ သူမက ၾကက္အူတစ္ခ်ိဳ႕ကို ခပ္လိုက္ၿပီး အေကာင္ေပါက္ေလးရဲ႕ ပါးစပ္ထဲ ထည့္မေပးခင္ အႀကိမ္အနည္းငယ္ မႈတ္ေပးလိုက္တယ္။
ရွီထုန္ေလးက ျငင္းဆန္တဲ့ အေနနဲ႔ ေခါင္းရမ္းလိုက္ၿပီး ဒါေတြက ေရာင္းဖို႔မလား သားစားလို႔ မျဖစ္ဘူးေလ...
ဒါေလးက တစ္လုတ္စာေလးပဲရွိတာ ကိစၥမရွိပါဘူး ေရွာင္ေခ်ာင္းက ေကာင္ငယ္ေလးရဲ႕ ပါးစပ္ထဲကို အတင္းခြင့္ေပးလိုက္ေတာ့တယ္။ ႏွပ္ထားတဲ့အူေတြက အရသာရွိလွၿပီး အေနအထားကလည္း ပါးစပ္အရသာခံေနရေလာက္ေအာင္ ႏူးအိေနေတာ့တယ္။ ေကာင္ကေလးက ေပ်ာ္႐ႊင္မႈအျပည့္နဲ႔ မ်က္လုံးကိုမွိတ္လိုက္ၿပီး အစာကို ရႏိုင္သေလာက္အရသာခံရင္း ေသခ်ာေလးဝါးေနေတာ့တယ္။
ေရွာင္ေခ်ာင္းက အားလုံးျမည္းလို႔ရေအာင္ ေဝမွ်ေပးလိုက္တယ္။ ယြီဟိုင္နဲ႔ ေရွာင္လ်န္ကလည္း စိတ္အားထက္သန္စြာနဲ႔ ပါးစပ္ကိုဖြင့္ၿပီး စားလိုက္ၾကေတာ့တယ္။ တစ္ဖက္မွာေတာ့ အမ်ိဳးသမီးလ်ိဳက ခ်ီတုံခ်တုံ ျဖစ္ေနေတာ့တယ္။ သူမက သူမေယာက္်ားကို သံသယျဖစ္စြာနဲ႔ ေမးလိုက္တယ္။
အရသာ ဘယ္လိုလဲ အနံ႔အရသာဆိုးေနလား
ေရွာင္ေခ်ာင္းမွာ ရယ္ရခက္ ငိုရခက္ျဖစ္သြားၿပီး အေမရယ္ သမီးခ်က္တာကို မေကာင္းဘူးလို႔ တကယ္ထင္ေနတာေပါ့
ယြီဟိုင္ေခါင္းရမ္းလိုက္ရင္း သူမကို ႏွစ္သိမ့္လိုက္တယ္။ အရသာရွိတယ္ လုံးဝကို အရသာရွိတယ္! ဒါၾကက္အူေတြပါလို႔ေတာင္ လုံးဝမေျပာႏိုင္ဘူး ဒါက ၾကက္သားအရသာလိုပဲ_ မဟုတ္ေသးဘူး ၾကက္သားနီခ်က္ထက္ေတာင္ ပိုေကာင္းေသးတယ္...ဟုတ္တယ္ ဒါေတြကို ေရာင္းမယ္ဆိုရင္ စားခ်င္ၾကမယ့္သူေတြ ေသခ်ာေပါက္ရွိလိမ့္မယ္
ေရွာင္လ်န္ကလည္း သေဘာတူတာကိုျပဖို႔ ေခါင္းကို အားတက္သေရာ ညိမ့္လိုက္ေတာ့တယ္။
ေရွာင္ေခ်ာင္းကလည္း သူမကိုယ္တိုင္ျမည္းၾကည့္လိုက္ၿပီး မ်က္ေမွာင္ အနည္းငယ္ ၾကဳတ္လိုက္ရင္း ေျပာလိုက္တယ္။ အရသာမႈန႔္နဲ႔ အ႐ိုးတစ္ခုမွ မရွိတာ ဆိုးတာပဲ။ အရသာက ေကာင္းသင့္သေလာက္ မေကာင္းေသးဘူး ဒါေပမဲ့လည္း ေတာ္ေတာ္ေလးေကာင္းေနပါၿပီ
အမ်ိဳးသမီးလ်ိဳက အကုန္လုံး ဒီဟင္းကို မရပ္မနား ခ်ီးက်ဴးေနၾကတာေတြ႕ေတာ့ ပါးစပ္အျပည့္ ျမည္းၾကည့္ဖို႔ သတၱိရွိသြားတယ္။ သူမပါးစပ္ထဲကို ထည့္လိုက္တာနဲ႔ အနံ႔အရသာက သူမကို ေတာင့္သြားေစၿပီး ဒါ...ဒါက တကယ္ အဲ့ဒီ ညစ္ပတ္ေနတဲ့ ၾကက္အူအရသာေပါ့ ဒါက တကယ့္ကို မယုံၾကည္ႏိုင္ေလာက္ေအာင္ပဲ!!
ေရွာင္ေခ်ာင္းက မေန႔ညက က်န္တဲ့ၾကက္ေသြးခဲေတြကိုလည္း ဟင္းအိုးထဲထည့္ထားေသးတယ္။ အဲ့ဒါေတြကို အတူတကြႏွပ္လိုက္ၿပီး ၾကက္အသည္းအျမစ္ေတြနဲ႔ အတူေရာင္းဖို႔ စဥ္းစားထားတယ္။
တစ္က်င္းကို ဘယ္ေလာက္နဲ႔ ေရာင္းသင့္လဲ ေရွာင္ေခ်ာင္းက အနည္းငယ္ေသာကေရာက္စြာနဲ႔ သူမကိုယ္သူမ ေျပာေနခဲ့တယ္။
ယြီဟိုင္က သူမကို အႀကံဉာဏ္ေကာင္းတစ္ခု ေပးလိုက္တယ္: ဆိပ္ကမ္းအလုပ္သမားေတြက မ်ားေသာအားျဖင့္ တစ္ေန႔ကို ေငြစ သုံးဆယ္ ေလးဆယ္ေလာက္ ရေလ့ရွိၾကတယ္။ စီးပြားေရး မေကာင္းရင္ေတာင္ ေငြစႏွစ္ဆယ္ထက္ ပိုရၾကတယ္။ ေရွာင္ေခ်ာင္းလုပ္ထားတဲ့ ႏွပ္ထားတဲ့ အစားအစာက ၾကက္ဝမ္းတြင္းသားနဲ႔လုပ္ထားတာဆိုေပမဲ့ အသားအရသာ ရွိေနတုန္းပဲ။ သူမသာ က်င္းနဲ႔ေရာင္းၿပီး ေဈးႏႈန္းက နည္းေနမယ္ဆိုရင္ သူမ ပိုက္ဆံအမ်ားႀကီး စုမိမွာမဟုတ္ဘူး။ တကယ္လို႔ ေဈးအရမ္းျမင့္ေနမယ္ဆိုရင္လည္း ဝယ္မယ့္သူရွိမွာ မဟုတ္ေပ။
သို႔ေသာ္လည္း သူမသာအစားအစာေတြကို အထုပ္ေသးေသးေလးေတြနဲ႔ ထုတ္လိုက္ၿပီး တစ္ထုပ္ကို ေၾကးတစ္ျပားနဲ႔ ေရာင္းလိုက္မယ္ဆိုရင္ အလုပ္သမားေတြက ေငြစ တစ္စ၊ ႏွစ္စေလာက္ သုံးဖို႔ကို ေသခ်ာေပါက္ ဂ႐ုစိုက္မွာ မဟုတ္ေပ။ အဲ့ဒါဆိုရင္ အထဲမွာ အသားလည္းပါ၊ အရသာလည္းရွိၿပီး ေဈးခ်ိဳတဲ့ အစားအစာျဖစ္ေနတာမလို႔ မေရာင္းရပဲ ေနပါဦးမလား!
ေရွာင္ေခ်ာင္းက လႈိဏ္ဂူရဲ႕ အဆုံးမွာ အလင္းေရာင္ေလးတစ္ခုကို ေတြ႕ျမင္လိုက္ရသလိုမ်ိဳး သူမအေဖကို ေတာက္ပၿပီး ေလးစားေနတဲ့ မ်က္လုံးေတြနဲ႔ ၾကည့္ေနေတာ့တယ္။ သူမအေဖမွာ စီးပြားေရးအျမင္ရွိတာကိုေတာ့ သူမဝန္ခံရေပမည္။
ယြီဟိုင္က သူ႔သမီးရဲ႕ ၾကည္ညိဳေလးစားေနတဲ့ အၾကည့္ကိုျမင္ေတာ့ ပီတီျဖာမႈေတြ တဖြားဖြား ျဖစ္ေပၚလာေတာ့တယ္။ သူက တဟားဟားရယ္ေမာလိုက္ရင္း ဆီစကၠဴအခ်ိဳ႕ သြားရွာလိုက္တယ္။ မိသားစုတစ္ခုလုံးက ၾကက္ဝမ္းတြင္းသားႏွပ္ကို အထုပ္ေသးေသးေလး ၆၀ အျဖစ္ ခြဲေဝထည့္ေနၾက ေတာ့တယ္။ အထုပ္တစ္ခုဆီမွာ အူအခ်ိဴ႕၊ အသည္းအျမစ္တစ္ခ်ိဳ႕ ပါရွိတယ္။ ၾကက္ေသြးခဲက ဆီစကၠဴနဲ႔ ထုတ္ပိုးဖို႔ မလြယ္ကူတာမို႔ အိုးတစ္ခုထဲကို ထည့္ထားလိုက္ေတာ့တယ္။ သူတို႔ေရာင္းတဲ့အခါၾကမွ ၾကက္ေသြးခဲအနည္းငယ္ကို တစ္ထုပ္ဆီမွာ ထည့္ေပးလို႔ရတယ္။ ဒီလိုနည္းနဲ႔ဆိုရင္ ေၾကးတစ္ျပားတန္ အထုပ္ေလးေတြက ေသးေနေတာ့မည္ မဟုတ္ေခ်။
ဒီညမွာေတာ့ ေရွာင္ေခ်ာင္းက အလြန္စိတ္လႈပ္ရွားေနတာေၾကာင့္ ကုတင္ေပၚမွာ အခ်ိန္အၾကာႀကီး ဟိုလွည့္ဒီလွည့္နဲ႔ အိပ္မေပ်ာ္ႏိုင္ျဖစ္ေနေလတယ္။ မနက္သုံးနာရီေလာက္မွသာ ခဏေလာက္ ေမွးလိုက္ရၿပီး မိုးေသာက္ခ်ိန္မွာ ျပန္ထရေလတယ္။ ယြီဟိုင္က သူ႔သမီးငယ္ေလးရဲ႕ မ်က္လုံးေအာက္မွာ မ်က္ကြင္းေတြ ညိဳေနတာကိုေတြ႕ေတာ့ ရယ္လိုက္ရင္း သူမကို စလိုက္တယ္။ အခုထိ အေတြ႕အႀကဳံ မရွိေသးဘူးမလား ဟမ္! ကိုယ့္အရည္အခ်င္းကို ယုံၾကည္မႈမရွိဘူးလား အာ ဘာေတြကို စိတ္ပူေနတာလဲ
ဒီမွာ ကြၽန္မက စိတ္ပူေနတဲ့ပုံေပါက္ေနလို႔လား စိတ္လႈပ္ရွားေနတာပါ ဟုတ္ၿပီလား!
မနက္စာစားၿပီး မိုးေသာက္ခ်ိန္မွာေတာ့ ေရွာင္ေခ်ာင္းက သူမအေဖ သူမနဲ႔အတူ လိုက္ခဲ့ေပးမယ္ ေျပာတာကို ျငင္းဆိုလိုက္တယ္။ အဲ့ဒီအစား သူမလိုမ်ိဳး အလြန္စိတ္လႈပ္ရွားေနတဲ့ ရွီထုန္ေလးကို အတူေခၚသြားလိုက္ၿပီး သူတို႔ရဲ႕ပစၥည္းေတြ ထည့္ထားတဲ့ ျခင္းေတာင္းအႀကီးႀကီးနဲ႔ ဆိပ္ကမ္းဆီကို ဦးတည္ေလွ်ာက္သြားလိုက္ေတာ့တယ္။
မနက္ခင္းရဲ႕ေနေရာင္ျခည္ေလးက ဆိပ္ကမ္းေပၚ၌ က်ေရာက္လာခ်ိန္မွာေတာ့ ေနရာတစ္ခုလုံးက အရင္ကလိုပဲ ပ်ားပန္ခတ္စည္ကားေနေတာ့တယ္။ ေခါင္း႐ြက္ေဈးသည္ေတြရဲ႕ သူတို႔ပစၥည္းေတြကို ေၾကညာေနသံေတြ၊ ေအာ္သံေတြနဲ႔ အလုပ္သမားေတြရဲ႕ ေႂကြးေၾကာ္သံေတြက အတူတကြ ပ်ံ႕ႏွံ႔ေနျပန္တယ္။ အေဝးကေနလာခဲ့တဲ့ ကုန္တင္သေဘၤာက အခုေလးတင္ ကမ္းေျခကို ဆိုက္ကပ္တာျဖစ္လို႔ ဆိပ္ကမ္းအလုပ္သမားေတြက အားမာန္အျပည့္နဲ႔ ကုန္ပစၥည္းေတြ ခ်ေနၾကေလတယ္။
ဒီဆိပ္ကမ္းကိုလာတာ သူမအတြက္ ဒုတိယအႀကိမ္ျဖစ္တယ္။ အရင္ကလိုပဲ ေရွာင္ေခ်ာင္းက ဒီျမင္ကြင္းနဲ႔ အသံေတြကို စိတ္ဝင္စားမႈအျပည့္နဲ႔ စူးစမ္းေနေတာ့တယ္။
ဒုတိယအစ္မ သားတို႔ အသားႏွပ္ေတြကို ဘယ္နားမွာ ေရာင္းရင္ေကာင္းမလဲ ရွီထုန္ေလးက သူ႔အစ္မအပၚမွာ ယုံၾကည္မႈအျပည့္ရွိၿပီး စတင္လုပ္ေဆာင္ဖို႔အတြက္ စိတ္အားထက္သန္ေနေတာ့တယ္။
ေရွာင္ေခ်ာင္းက ခဏေလာက္ေတြးၾကည့္လိုက္တယ္။ ဆိပ္ကမ္းအလုပ္သမားေတြနဲ႔ တံငါသည္ အမ်ားစုက အိမ္ကေန အစားအစာေတြ ယူလာေလ့ရွိၾကတယ္။ သို႔ေသာ္လည္း မနက္ခင္းရဲ႕ ေလေအးေအးေၾကာင့္ သူတို႔အမ်ားစုက သူတို႔ကိုယ္သူတို႔ ေႏြးေထြးေစဖို႔ စြပ္ျပဳတ္ပူပူေလးတစ္ပန္းကန္ ေသာက္ဖို႔ လိုအပ္ေနေသးတယ္။ ထို႔ေၾကာင့္ သူမက သူမလက္ထဲမွာ ျခင္းေတာင္းကိုကိုင္ၿပီး တဲကုတ္ေလးတစ္ခုဆီကို သြားလိုက္ေတာ့တယ္။
ဒီနားက ဆိုင္တန္းေတြက ယာဂု၊ ေခါက္ဆြဲျပဳတ္ပူပူေလးနဲ႔ မီးဖိုထဲက လက္ဆတ္တဲ့ ေပါက္စီတို႔ကို ေရာင္းေနၾကတယ္။ အဲ့ဒီမွာ သူမလိုမ်ိဳး လက္ထဲမွာ ျခင္းေတာင္းေတြနဲ႔ အိမ္က အဆာေျပမုန႔္အခ်ိဳ႕ ဒါမွမဟုတ္ ဆားရည္စိမ္အသီးအ႐ြက္အခ်ိဳ႕ ေရာင္းေနၾကသူမ်ားလည္းရွိတယ္။ ဥပမာအေနနဲ႔ ေရွာင္ေခ်ာင္းရဲ႕ အေမဘက္က အႀကီးဆုံးအရီးလည္း တစ္ေယာက္အပါအဝင္ ျဖစ္တယ္။

.........

[Unicode]
အပိုင်း ၇၇ (အသားနှပ်)

သူမက ကြက်အူတွေဖွင့်ဖို့ ကတ်ကြေးတစ်စုံကို သုံးလိုက်ပြီး ရေအေးနဲ့ အညစ်အကြေးတွေကို ဆေးချလိုက်တယ်။ သူမတို့ နောက်ဖေးခြံဝန်းကို ပြင်ဆင်နေတုန်းက သူမက လူတွေကို ရေတွင်းရဲ့ဘေးမှာ မြောင်းတစ်ခုဖောက်ပေးဖို့နဲ့ ထိုမြောင်းကို အိမ်အပြင်ဘက်က အိမ်သာကျွင်းနဲ့ ဆက်ပေးဖို့ ပြောထားတာဖြစ်တယ်။ ဒါသာရှိနေရင် သူတို့အဝတ်လျှော်တာ၊ အသီးအရွက်ဆေးတာနဲ့ ရေဆိုးရေညစ်တွေက ကျွင်းထဲပဲတိုက်ရိုက်ရောက်သွားမှာပင်။
ချောင်းအာ အမေ ဘာကူပေးရဦးမလဲ အမျိုးသမီးလီက ညီအစ်မနှစ်ယောက် အလုပ်ရှုပ်နေတာကို ကြည့်မနေနိုင်တော့ပဲ အနားသွားလိုက်တယ်။
ယွီရှောင်ချောင်းက သူမကို ပြုံးရင်းပြောလိုက်တယ်။
အမေ ရောက်လာတာနဲ့ အတော်ပဲ အိမ်မှာ ဆားကြမ်းတွေ ကျန်သေးလား အဲ့ဒါကိုသုံးပြီး ကြက်အူတွေကို လုံးဝသန့်စင်အောင် တိုက်ချွတ်ပစ်လို့ ရတယ်။ အဲ့ဒါက ကြက်အူရဲ့ အနံ့ဆိုးတွေအကုန် ဖယ်ရှားနိုင်တယ်
ဆေးကြောပစ်ဖို့ ဆားကြမ်းကို သုံးမယ်! သမီး ဒါတွေအကုန် ရောင်းနိုင်မယ်ဆိုတာ သေချာလို့လား ငါတော့ အကုန်ရောင်းကုန်နိုင်ဖို့ မျှော်လင့်တယ်ဟေး မဟုတ်ရင် ရှိသမျှပစ္စည်းတွေ အကုန်သုံးနေတာနဲ့ ငါတို့လည်းစားစရာရှိတော့မှာမဟုတ်ဘူး
ကြေးပြားတစ်ပြားနဲ့တင် ပင်လယ်နဲ့နီးတဲ့ဒေသမှာ ဆားကြမ်း အိုးတစ်ဝက်လောက်ရအောင် ဈေးပေါပေါနဲ့ ဝယ်လို့ရပေမဲ့ အမျိုးသမီးလျိုက အကျိုးမရှိဘဲ မသုံးပစ်ဖို့ကိုတော့ သူမ သမီးအား သတိပေးထားရပေမည်။
ရှောင်ချောင်းက နှုတ်ခမ်းကို ဆူလိုက်ရင်း ပြောလိုက်တယ် အမေရယ် စိတ်လျော့စမ်းပါ သမီးရဲ့ နည်းလမ်းတွေက ကံကြမ္မာနတ်ဘုရား ပေးထားတာမလို့ သေချာပေါက်ကျရှုံးမှာ မဟုတ်ဘူး
သူမလေးက နတ်ဘုရားနာမည်ကို သုံးပြီး ပြန်လည်ချေပလိုက်တော့ အမျိုးသမီးလျိုက ဘာကိုမှ ထပ်မပြောတော့ဘဲ ကြက်အူတွေကို ဆားနဲ့ဆေးကြောဖို့ ဆောင့်ကြောင့်ထိုင်ချလိုက်တော့တယ်။ သူမသာ သေချာ မသန့်စင်လိုက်မိရင် သူမသမီးအတွက် ပြဿနာတွေ ပိုဖြစ်စေမှာစိုးတာကြောင့် သူမအလုပ်ကို စေ့စပ်သေချာစွာ လုပ်နေလေတယ်။
ရှောင်ချောင်းက ကြက်အသည်းအမြစ်တွေကို ပြင်ဆင်ဖို့ လုံးဝ စတင်အာရုံစိုက်လိုက်တော့တယ်။ အသည်းကို သန့်စင်တဲ့အခါမှာ အရေးကြီးဆုံးအပိုင်းက အပေါ်က သည်းခြေအိတ်ကို ဖြတ်ထုတ်ဖို့ပဲ ဖြစ်တယ်။ ဒါက အနုစိတ်လုပ်ရတဲ့ အလုပ်ဖြစ်တယ်။ သေချာ ဂရုမစိုက်မိလိုက်ရင် သည်းခြေအိတ်ကို အလွယ်တကူမှားဖြတ်မိပြီး သည်းခြေရည်တွေ ထွက်ကုန်နိုင်တယ်။ ဒီအရည်တွေကြောင့် အသည်းအရသာ ခါးသွားပြီး ဟင်းပွဲရဲ့ အရသာကို ဆိုးရွားတဲ့သက်ရောက်မှု ဖြစ်သွားစေနိုင်တယ်။ ကံကောင်းစွာနဲ့ သူမအရင်ဘဝတုန်းက ဒါကိုပြင်ဆင်တဲ့နေရာမှာ ဆယ်နှစ်ကျော်အတွေ့အကြုံ ရှိခဲ့တာကြောင့် သူမအိပ်နေရင်းနဲ့တောင် ဒါကို လုပ်နိုင်တယ်။
နောက်တစ်ခုဖြစ်တဲ့ အမြစ်ကတော့ ညှပ်ဖွင့်ပြီး အညစ်အကြေးတွေကို ဆေးကြော၊ ပြီးရင် အတွင်းပိုင်းက အဝါရောင်အလွှာပါးပါးလေးကို ဖြတ်ထုတ်ဖို့လိုတာကြောင့် အနည်းငယ် ပိုဒုက္ခရောက်လေတယ်။ သို့သော်လည်း ဒီအဝါရောင် ကြက်အမြစ်အလွှာလေးက အရေးကြီးတဲ့ ဆေးဘက်ဆိုင်ရာ ပါဝင်ပစ္စည်းတစ်ခုဖြစ်ပြီး ကြက်အညှာ လို့ ခေါ်လေ့ရှိကြတယ်။ ကလေးတစ်ယောက် အစားလွန်ပြီး အစာမကြေဖြစ်ရင် အခြောက်လှမ်းထားတဲ့ ကြက်အညှာ ကို အမှုန့်ဖြစ်အောင်ချေလိုက်ပြီး တိုက်လို့ရတယ်။ အဲ့ဒါကို သောက်လိုက်ရင်အစာမကြေတဲ့ ပြဿနာက ပျောက်ကင်းသွားလိမ့်မယ်။
ရှောင်ချောင်းက ဒီအမြှေးတွေကိုဖယ်ထုတ်တဲ့ နေရာမှာတော့ ဆရာကြီးပင်။ သူမထုတ်ထားတဲ့ ကြက်အမြစ်အလွှာ အခု၄၀လောက်မှာ တစ်ခုချင်းဆီက အကောင်းအတိုင်းဖြစ်ပြီး ခြစ်ရာလေး တစ်ခုတောင် မမြင်ရပါချေ။
ကြက်အူ၊ အသည်းအမြစ်တွေကို သန့်စင်ပြီးသွားတော့ ရှောင်ချောင်းက သူ့အမေကို သွားနားဖို့ပြော လိုက်တယ်။ နောက်တော့ သူမက ရှောင်လျန်ကို မီးဖိုချောင်ထဲ ဆွဲခေါ်သွားတော့တယ်။ အစီအစဉ်က ဒီည ဒီအသားတွေကို ပြီးအောင်နှပ်ထားပြီး နောက်တစ်နေ့ မြို့ထဲကိုသွားပြီး ရောင်းလို့ရမလား ကြည့်ဖို့ပဲဖြစ်တယ်။
ဒါတွေကို မြို့ထဲမှာ ရောင်းချင်တာလား မြို့ကလူတွေက ဇီဇာကြောင်ပြီး ဂျီးများကြတယ်။ သူတို့သာ ဒီဟင်းပွဲတွေကို ကြက်အတွင်းကလီစာတွေနဲ့ လုပ်ထားသာသိသွားရင် နင့်ကို သေအောင် ရိုက်ကြလိမ့်မယ်။ ငါ့အမြင်တော့ ဆိပ်ကမ်းမှာပဲ နင့်ရဲ့ကံကို အရင်စမ်းကြည့်သင့်တယ်။ ပထမအချက်အနေနဲ့ ငါတို့နေတာက ဆိပ်ကမ်းနဲ့နီးတာမလို့ လမ်းလျှောက်သွားရင် နှစ်နာရီတောင် မကြာနိုင်ဘူး။ ဒုတိယအနေနဲ့ အဲ့ဒီမှာ အလုပ်လုပ်တဲ့ သူတွေက ငါးစိမ်းသည်တွေနဲ့ ကုန်သယ်ရတဲ့သူတွေ ဖြစ်လို့ အကုန်စောစော ထကြရတယ်။ သူတို့အများစုက အိမ်ကနေ မနက်စာ ယူလာရင်ယူလာ မဟုတ်ရင် တစ်ခုခု ဝယ်စားလိုက်ကြတာ။ ဒီလူတွေက သူတို့ အစားအစာအတွက် မျှော်လင့်ချက် အများကြီး မထားကြဘူး။ အရသာကောင်းပြီး ဈေးနှုန်းသင့်တင့်ရင် ရတယ်။ အစားအစာအတွက်ဆို ငွေစအနည်းငယ် သုံးလိုက်ဖို့ တွေဝေနေမှာ မဟုတ်ဘူး
ရှောင်လျန်က ခေါင်းထဲမှာ သူမအမေဘက်က အဒေါ်ရဲ့ ဆိပ်ကမ်းက စီးပွားရေးအသေးစားလေးကို တွေးမိသွားတာကြောင့် ထိုအကြံကို ရှောင်ချောင်းအား ပြောပြလိုက်တယ်။
ရှောင်ချောင်းက ခဏလောက်တွေးကြည့်လိုက်ပြီး ခေါင်းကိုညိမ့်လိုက်တယ်။ ဟုတ်ပြီ နင်ပြောတာမှန်တယ် ထန်ကူဆိပ်ကမ်းက အရမ်းစည်ကားပြီး ပျားပန်းခတ်နေကြတာ ဆိပ်ကမ်းအလုပ်သမားတွေရှိလို့ အစားအစာတွေအတွက် ကောင်းမွန်တဲ့ ဈေးတစ်ခုရှိတော့ ငါတို့ ကံစမ်းကြည့်ရအောင် မနက်ဖြန်သွားကြတာပေါ့
ညီအစ်မနှစ်ယောက်က မီးဖိုချောင်ထဲကို ဝင်သွားပြီး ရေနွေးတည်ဖို့ မီးမွှေးလိုက်ကြတယ်။ ရေနွေးဆူလာတာနဲ့ ပထမဆုံး အနံ့အသက်တွေကို ဖယ်ရှားဖို့ ကြက်အတွင်းကလီစာတွေကို ရေနွေးဖြောလိုက်တယ်။ ပြီးသွားတော့ ဟင်းအနှစ်ကို လုပ်ဖို့လိုတယ်။ နှပ်ထားတဲ့ ဟင်းပွဲတစ်ခုရဲ့ အရသာ ကောင်းမကောင်းက သူ့ရဲ့ဟင်းအနှစ်ပေါ်မှာ လုံးဝမူတည်တယ်။ နှပ်ထားတဲ့ အစားအစာအတွက် အကြမ်းအားဖြင့် ဟင်းခတ်အနှစ် သုံးမျိုးရှိတယ်: အနီရောင် အနှစ်၊ အဖြူရောင်အနှစ်နဲ့ အဝါရောင်အနှစ်
အရင်ဘဝတုန်းက ရှောင်ချောင်းက သူမဆိုင်ရဲ့သူဌေးဆီကနေ စစ်မှန်တဲ့ ဟင်းအနှစ်လုပ်နည်းကို ရရှိခဲ့တယ်။ ဒီအနှစ်တွေအားလုံးက သူမပိုင်ဆိုင်တဲ့ အရည်အချင်းတွေလည်းဖြစ်တယ်။ သူမကခဏလောက် တွေးလိုက်ပြီး ရှောင်လျန်ကိုမေးလိုက်တယ်
ရှောင်လျန် ငွေစနည်းနည်းလောက် ပေးပါဦး ငါသမားတော်ယိုဆီမှာ ဆေးပင်နည်းနည်း ဝယ်စရာရှိလို့ ငါပြန်လာခဲ့မယ်...
နွေဦးအစပိုင်းလောက်မှာ သမားတော်ယိုက ဆယ်နှစ်အရွယ်လောက်ရှိတဲ့ ကောင်လေးတစ်ယောက်နဲ့အတူ ရွာကို ပြန်ရောက်လာခဲ့တယ်။ အဲ့ကောင်လေးက သူ့တူ၊ တူမတစ်ယောက်ရဲ့သား ဒါမှမဟုတ် အမျိုးတစ်ယောက်လို့ ပြောကြတာပဲ။ ရှောင်ချောင်းက ဆောင်းဦးနဲ့ ဆောင်းရာသီအတွင်း စုဆောင်းရရှိခဲ့တဲ့ ပိုက်ဆံတွေနဲ့ ဆေးသေတ္တာကို သူ့ကို ပြန်ပေးလိုက်ပြီး ဖြစ်တယ်။ ရွာသူရွာသားများကလည်း စိတ်သက်သာရာ ရသွားကြလေတယ်။ လူအများစုက သူမရဲ့ ဆေးပညာစွမ်းရည်ကို သိရှိပြီးဖြစ်ပေမဲ့ ရွာသူရွာသားတွေက အသက်အရွယ်ကြီးတဲ့သမားတော်က ကြည့်ရှုပေးတာကိုသာ ပိုသဘောကျကြတုန်းပင်ဖြစ်တယ်။
ဆေးဖက်ဝင်အပင်တွေလား အဲ့ဒါတွေနဲ့ တကယ်ချက်မလို့လား ရှောင်လျန်က စိတ်ရှုပ်ထွေးစွာနဲ့ မေးလိုက်တယ်။
ရှောင်ချောင်းက ပြုံးလိုက်ပြီး ဒါပေါ့ ပိုချမ်းသာတဲ့မိသားစုတွေက တစ်ခါတစ်လေ ဂျင်ဆင်းကြက်သားနဲ့ သုံးချွေ့ကြက်သားဟင်းလည်း စားကြတာပဲမလား အဲ့ဒီဟင်းတွေကရော ဆေးဖက်ဝင် ပစ္စည်းတွေမပါလို့လား
(သုံးချွေ့- female ginseng)
ရှောင်လျန်က သက်ပြင်းချလိုက်ရင်း အဲ့ဒီချမ်းသာတဲ့လူတွေနဲ့ ငါတို့က ဘယ်လိုယှဉ်လို့ရမှာလဲ လို့ ရေရွတ်နေတော့တယ်။ သို့သော်လည်း သူမက အခန်းထဲကို ဝင်သွားပြီး နေ့လည်တုန်းက ရှောင်ချောင်း ပြန်ပေးထားတဲ့ ပန်းထိုးပိုက်ဆံအိတ်လေးကို သူမညီမရဲ့ လက်ထဲပြန်ထည့်ပေးလိုက်ရတော့တယ်။
ရှောင်ချောင်းလိုတဲ့ ဆေးပင်တွေက သာမန်အမျိုးအစားတွေပဲ ဖြစ်တာကြောင့် ဈေးပေါကြတယ်။ အမျိုးအစားအစုံပါတဲ့ အစည်းလိုက်ကိုမှ ကြေးပြား ဆယ်ပြားပဲ ကုန်ခဲ့တယ်။ သူမအိမ်ကို ပြန်ရောက်တာနဲ့ ဟင်းအနှစ်ကို စတင်လုပ်တော့တယ်။ အခုရာသီဥတုက အေးနေသေးတာမို့ ဟင်းအနှစ်အများကြီးကို ပြုလုပ်လိုက်တယ်။
နှပ်ထားတဲ့ဟင်းပွဲတစ်ခုရဲ့ ဟင်းအနှစ်က သေသေချာချာ ထိန်းသိမ်းထားရင် အကြိမ်အများကြီး အသုံးပြုလို့ရတယ်။ အနှစ်ကို အချိန်ကြာကြာသုံးပြီး ပိုကြာကြာအချည်ဖောက်လေလေ အရသာနဲ့ အရည်အသွေးက ပိုကောင်းလေလေပင်။ အချိန်ကြလာတာနဲ့အမျှ အနှစ်ထဲမှာ ပရိုတင်း(အသားဓာတ်) ပါဝင်မှုပမာဏ ပိုများလာတာကြောင့်ဖြစ်တယ်။ ဒါ့ကြောင့်မလို့ သက်တမ်းပိုကြာတဲ့ ဟင်းအနှစ်နဲ့ လုပ်ထားတဲ့ ဟင်းပွဲတွေက သက်တမ်းနုတဲ့ ဟင်းအနှစ်တွေနဲ့ လုပ်ထားတာထက် ပိုမိုကြွယ်ဝပြီးကောင်းမွန်တဲ့ အနံ့အရသာ ရှိနေတာဖြစ်တယ်။
ရှောင်ချောင်းက ပါဝင်ပစ္စည်းတွေကို ချိန်ဆကြည့်လိုက်တော့တယ်။ သူမရဲ့နည်းမှာ လိုအပ်တာက- စမုန်စပါးပွင့် ၂၀ ဂရမ်၊ သစ်ကြံပိုးခေါက် ၂၀ ဂရမ်၊ လိမ္မော်ခွံခြောက် ၅၀ ဂရမ်၊ စီချွမ်း ငရုတ်ကောင်းစေ့ ၂၀ ဂရမ်၊ စမုန်နက် ၁၅ ဂရမ်၊ ကရဝေးရွက် ၂၀ ဂရမ်၊ နွယ်ချို ၁၅ ဂရမ်၊ ငရုတ်ခြောက် ၁၀၀ ဂရမ်၊ ကြက်သွန်မြိတ် ၁၅၀ ဂရမ်၊ လက်ဆတ်တဲ့ဂျင်း ၁၅၀ ဂရမ်၊ ဝိုင်ဝါ ၁ကျင်း၊ ကြာညို့ ၄၀၀ ဂရမ်နဲ့ ဆား ၂၀၀ ဂရမ်၊တို့ဖြစ်တယ်... (A/N  ဒါက ရိုးရှင်းအောင် လုပ်ထားတဲ့အညွှန်းဖြစ်တာမို့ ကျေးဇူးပြုပြီး အိမ်မှာ လိုက်မလုပ်ကြပါနဲ့နော်)
ရှောင်လျန်က ကြေးပြားလေးဆယ်တန်တဲ့ ပစ္စည်းတွေအားလုံးကို ခပ်ကျဲကျဲရက်ထားတဲ့ ပိတ်ပါးတစ်ခုနဲ့ ထုတ်ပြီး ဇလုံထဲကိုထည့်လိုက်တာကိုမြင်တော့ အမြန်မေးလိုက်တယ်။ ပထမဆုံးလုပ်တာကို အဲ့လောက်အများကြီးလုပ်ရင် အဆင်ပြေပါ့မလား မကောင်းရင် ဘယ်လိုလုပ်မလဲ...
ပြဿနာတစ်ခုမှ ရှိမှာ မဟုတ်ပါဘူး ရှောင်ချောင်းက သူမကို အခိုင်အမာ ကြားဖြတ်ပြောလိုက်တယ်။ ရှောင်ချောင်းရဲ့ ယုံကြည်မှုရှိခြင်းကပဲ ရှောင်လျန်ကို ပိုမို စိတ်ချယုံကြည်စေသွားတာလားတော့မသိ... သူမက ဘာတစ်ခွန်းမှ မပြောတော့ဘဲ ရှောင်ချောင်းပြောတဲ့အတိုင်း မီးဖိုမီးကို တိုးလိုက် လျှော့လိုက် လုပ်နေလိုက်တယ်။
အနံ့လေးက မွှေးလိုက်တာ အမေ အနံ့ရတယ်မလား ဒါ ဒုတိယအစ်မရဲ့ ကလီစာဟင်း အနံ့ပဲ ဖြစ်မယ်။ သား သွားကြည့်လိုက်ဦးမယ်
အိပ်ယာပေါ်မှာလှဲရင်း အစာချေဖြတ်နေတဲ့ ရှီထုန်လေးက ရဲခွေးတစ်ကောင်လိုမျိုး စိတ်ဝင်စားစရာအနံ့ကို ရလိုက်တယ်။ သူက ကုတင်ပေါ်ကနေ ကုတ်ကပ်ဆင်းလိုက်ပြီး သူရဲ့ ဟောင်းပြီးစုတ်နေတဲ့ ဝါဂွမ်းဖိနပ်လေးကို အမြန် စီးလိုက်ရင်း အခန်းထဲကနေ တဟုန်ထိုးထွက်သွားတော့တယ်။ တအားပြေးသွားတာကြောင့် တံခါးခုံကို ခလုတ်တိုက် လုနီးပါးတောင် ဖြစ်သွားတယ်။
အမျိုးသမီးလျိုက ခေါင်းရမ်းလိုက်ရင်း ရယ်သာရယ်နေတော့တယ်။ ဒီကလေးကတော့လေ... ရှီထုန့်အဖေရော သွားကြည့်ကြမလား
ယွီဟိုင်ကလည်း သိချင်စိတ်ပြင်းပြနေတာမလို့ ခေါင်းညိမ့်လိုက်ပြီး မီးဖိုချောင်ထဲကိုသွားဖို့ ဖိနပ်ကို အမြန်စီးလိုက်တော့တယ်။
ကြက်အကောင် ၄၀ ရဲ့ကလီစာအားလုံးကို အိုးကြီးတစ်ခုထဲမှာ ထည့်ထားပြီး မီးဖိုပေါ်မှာ မီးနည်းနည်းနဲ့ တည်ထားတာဖြစ်တယ်။ ရှီထုန်လေးက မီးဖိုဘေးမှာ စိတ်မရှည်စွာနဲ့ စောင့်နေပြီး သူ့မျက်လုံးတွေက ဂနာမငြိမ်နဲ့ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေတော့တယ်။ သူက အရည်ရွှမ်းပြီး အသားများတဲ့ အရိုးတစ်ချောင်းကို ရှာတွေ့လိုက်တဲ့ ခွေးပေါက်လေးတစ်ကောင်နဲ့ ဆင်တူနေတော့တယ်။ သူ့မှာ မရှိတာက လှုပ်ယမ်းနေတဲ့ အမြီးလေးနဲ့ လျှာတန်းလန်းလေးပင်။
ရှောင်ချောင်းက ရလောက်တဲ့ အချိန်ရောက်ပြီလို့ သိလိုက်တာကြောင့် အဖုံးကို ဖွင့်လိုက်တယ်။ သူမက ကြက်အူတစ်ချို့ကို ခပ်လိုက်ပြီး အကောင်ပေါက်လေးရဲ့ ပါးစပ်ထဲ ထည့်မပေးခင် အကြိမ်အနည်းငယ် မှုတ်ပေးလိုက်တယ်။
ရှီထုန်လေးက ငြင်းဆန်တဲ့ အနေနဲ့ ခေါင်းရမ်းလိုက်ပြီး ဒါတွေက ရောင်းဖို့မလား သားစားလို့ မဖြစ်ဘူးလေ...
ဒါလေးက တစ်လုတ်စာလေးပဲရှိတာ ကိစ္စမရှိပါဘူး ရှောင်ချောင်းက ကောင်ငယ်လေးရဲ့ ပါးစပ်ထဲကို အတင်းခွင့်ပေးလိုက်တော့တယ်။ နှပ်ထားတဲ့အူတွေက အရသာရှိလှပြီး အနေအထားကလည်း ပါးစပ်အရသာခံနေရလောက်အောင် နူးအိနေတော့တယ်။ ကောင်ကလေးက ပျော်ရွှင်မှုအပြည့်နဲ့ မျက်လုံးကိုမှိတ်လိုက်ပြီး အစာကို ရနိုင်သလောက်အရသာခံရင်း သေချာလေးဝါးနေတော့တယ်။
ရှောင်ချောင်းက အားလုံးမြည်းလို့ရအောင် ဝေမျှပေးလိုက်တယ်။ ယွီဟိုင်နဲ့ ရှောင်လျန်ကလည်း စိတ်အားထက်သန်စွာနဲ့ ပါးစပ်ကိုဖွင့်ပြီး စားလိုက်ကြတော့တယ်။ တစ်ဖက်မှာတော့ အမျိုးသမီးလျိုက ချီတုံချတုံ ဖြစ်နေတော့တယ်။ သူမက သူမယောက်ျားကို သံသယဖြစ်စွာနဲ့ မေးလိုက်တယ်။
အရသာ ဘယ်လိုလဲ အနံ့အရသာဆိုးနေလား
ရှောင်ချောင်းမှာ ရယ်ရခက် ငိုရခက်ဖြစ်သွားပြီး အမေရယ် သမီးချက်တာကို မကောင်းဘူးလို့ တကယ်ထင်နေတာပေါ့
ယွီဟိုင်ခေါင်းရမ်းလိုက်ရင်း သူမကို နှစ်သိမ့်လိုက်တယ်။ အရသာရှိတယ် လုံးဝကို အရသာရှိတယ်! ဒါကြက်အူတွေပါလို့တောင် လုံးဝမပြောနိုင်ဘူး ဒါက ကြက်သားအရသာလိုပဲ_ မဟုတ်သေးဘူး ကြက်သားနီချက်ထက်တောင် ပိုကောင်းသေးတယ်...ဟုတ်တယ် ဒါတွေကို ရောင်းမယ်ဆိုရင် စားချင်ကြမယ့်သူတွေ သေချာပေါက်ရှိလိမ့်မယ်
ရှောင်လျန်ကလည်း သဘောတူတာကိုပြဖို့ ခေါင်းကို အားတက်သရော ညိမ့်လိုက်တော့တယ်။
ရှောင်ချောင်းကလည်း သူမကိုယ်တိုင်မြည်းကြည့်လိုက်ပြီး မျက်မှောင် အနည်းငယ် ကြုတ်လိုက်ရင်း ပြောလိုက်တယ်။ အရသာမှုန့်နဲ့ အရိုးတစ်ခုမှ မရှိတာ ဆိုးတာပဲ။ အရသာက ကောင်းသင့်သလောက် မကောင်းသေးဘူး ဒါပေမဲ့လည်း တော်တော်လေးကောင်းနေပါပြီ
အမျိုးသမီးလျိုက အကုန်လုံး ဒီဟင်းကို မရပ်မနား ချီးကျူးနေကြတာတွေ့တော့ ပါးစပ်အပြည့် မြည်းကြည့်ဖို့ သတ္တိရှိသွားတယ်။ သူမပါးစပ်ထဲကို ထည့်လိုက်တာနဲ့ အနံ့အရသာက သူမကို တောင့်သွားစေပြီး ဒါ...ဒါက တကယ် အဲ့ဒီ ညစ်ပတ်နေတဲ့ ကြက်အူအရသာပေါ့ ဒါက တကယ့်ကို မယုံကြည်နိုင်လောက်အောင်ပဲ!!
ရှောင်ချောင်းက မနေ့ညက ကျန်တဲ့ကြက်သွေးခဲတွေကိုလည်း ဟင်းအိုးထဲထည့်ထားသေးတယ်။ အဲ့ဒါတွေကို အတူတကွနှပ်လိုက်ပြီး ကြက်အသည်းအမြစ်တွေနဲ့ အတူရောင်းဖို့ စဉ်းစားထားတယ်။
တစ်ကျင်းကို ဘယ်လောက်နဲ့ ရောင်းသင့်လဲ ရှောင်ချောင်းက အနည်းငယ်သောကရောက်စွာနဲ့ သူမကိုယ်သူမ ပြောနေခဲ့တယ်။
ယွီဟိုင်က သူမကို အကြံဉာဏ်ကောင်းတစ်ခု ပေးလိုက်တယ်: ဆိပ်ကမ်းအလုပ်သမားတွေက များသောအားဖြင့် တစ်နေ့ကို ငွေစ သုံးဆယ် လေးဆယ်လောက် ရလေ့ရှိကြတယ်။ စီးပွားရေး မကောင်းရင်တောင် ငွေစနှစ်ဆယ်ထက် ပိုရကြတယ်။ ရှောင်ချောင်းလုပ်ထားတဲ့ နှပ်ထားတဲ့ အစားအစာက ကြက်ဝမ်းတွင်းသားနဲ့လုပ်ထားတာဆိုပေမဲ့ အသားအရသာ ရှိနေတုန်းပဲ။ သူမသာ ကျင်းနဲ့ရောင်းပြီး ဈေးနှုန်းက နည်းနေမယ်ဆိုရင် သူမ ပိုက်ဆံအများကြီး စုမိမှာမဟုတ်ဘူး။ တကယ်လို့ ဈေးအရမ်းမြင့်နေမယ်ဆိုရင်လည်း ဝယ်မယ့်သူရှိမှာ မဟုတ်ပေ။
သို့သော်လည်း သူမသာအစားအစာတွေကို အထုပ်သေးသေးလေးတွေနဲ့ ထုတ်လိုက်ပြီး တစ်ထုပ်ကို ကြေးတစ်ပြားနဲ့ ရောင်းလိုက်မယ်ဆိုရင် အလုပ်သမားတွေက ငွေစ တစ်စ၊ နှစ်စလောက် သုံးဖို့ကို သေချာပေါက် ဂရုစိုက်မှာ မဟုတ်ပေ။ အဲ့ဒါဆိုရင် အထဲမှာ အသားလည်းပါ၊ အရသာလည်းရှိပြီး ဈေးချိုတဲ့ အစားအစာဖြစ်နေတာမလို့ မရောင်းရပဲ နေပါဦးမလား!
ရှောင်ချောင်းက လှိုဏ်ဂူရဲ့ အဆုံးမှာ အလင်းရောင်လေးတစ်ခုကို တွေ့မြင်လိုက်ရသလိုမျိုး သူမအဖေကို တောက်ပပြီး လေးစားနေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတော့တယ်။ သူမအဖေမှာ စီးပွားရေးအမြင်ရှိတာကိုတော့ သူမဝန်ခံရပေမည်။
ယွီဟိုင်က သူ့သမီးရဲ့ ကြည်ညိုလေးစားနေတဲ့ အကြည့်ကိုမြင်တော့ ပီတီဖြာမှုတွေ တဖွားဖွား ဖြစ်ပေါ်လာတော့တယ်။ သူက တဟားဟားရယ်မောလိုက်ရင်း ဆီစက္ကူအချို့ သွားရှာလိုက်တယ်။ မိသားစုတစ်ခုလုံးက ကြက်ဝမ်းတွင်းသားနှပ်ကို အထုပ်သေးသေးလေး ၆၀ အဖြစ် ခွဲဝေထည့်နေကြ တော့တယ်။ အထုပ်တစ်ခုဆီမှာ အူအချိူ့၊ အသည်းအမြစ်တစ်ချို့ ပါရှိတယ်။ ကြက်သွေးခဲက ဆီစက္ကူနဲ့ ထုတ်ပိုးဖို့ မလွယ်ကူတာမို့ အိုးတစ်ခုထဲကို ထည့်ထားလိုက်တော့တယ်။ သူတို့ရောင်းတဲ့အခါကြမှ ကြက်သွေးခဲအနည်းငယ်ကို တစ်ထုပ်ဆီမှာ ထည့်ပေးလို့ရတယ်။ ဒီလိုနည်းနဲ့ဆိုရင် ကြေးတစ်ပြားတန် အထုပ်လေးတွေက သေးနေတော့မည် မဟုတ်ချေ။
ဒီညမှာတော့ ရှောင်ချောင်းက အလွန်စိတ်လှုပ်ရှားနေတာကြောင့် ကုတင်ပေါ်မှာ အချိန်အကြာကြီး ဟိုလှည့်ဒီလှည့်နဲ့ အိပ်မပျော်နိုင်ဖြစ်နေလေတယ်။ မနက်သုံးနာရီလောက်မှသာ ခဏလောက် မှေးလိုက်ရပြီး မိုးသောက်ချိန်မှာ ပြန်ထရလေတယ်။ ယွီဟိုင်က သူ့သမီးငယ်လေးရဲ့ မျက်လုံးအောက်မှာ မျက်ကွင်းတွေ ညိုနေတာကိုတွေ့တော့ ရယ်လိုက်ရင်း သူမကို စလိုက်တယ်။ အခုထိ အတွေ့အကြုံ မရှိသေးဘူးမလား ဟမ်! ကိုယ့်အရည်အချင်းကို ယုံကြည်မှုမရှိဘူးလား အာ ဘာတွေကို စိတ်ပူနေတာလဲ
ဒီမှာ ကျွန်မက စိတ်ပူနေတဲ့ပုံပေါက်နေလို့လား စိတ်လှုပ်ရှားနေတာပါ ဟုတ်ပြီလား!
မနက်စာစားပြီး မိုးသောက်ချိန်မှာတော့ ရှောင်ချောင်းက သူမအဖေ သူမနဲ့အတူ လိုက်ခဲ့ပေးမယ် ပြောတာကို ငြင်းဆိုလိုက်တယ်။ အဲ့ဒီအစား သူမလိုမျိုး အလွန်စိတ်လှုပ်ရှားနေတဲ့ ရှီထုန်လေးကို အတူခေါ်သွားလိုက်ပြီး သူတို့ရဲ့ပစ္စည်းတွေ ထည့်ထားတဲ့ ခြင်းတောင်းအကြီးကြီးနဲ့ ဆိပ်ကမ်းဆီကို ဦးတည်လျှောက်သွားလိုက်တော့တယ်။
မနက်ခင်းရဲ့နေရောင်ခြည်လေးက ဆိပ်ကမ်းပေါ်၌ ကျရောက်လာချိန်မှာတော့ နေရာတစ်ခုလုံးက အရင်ကလိုပဲ ပျားပန်ခတ်စည်ကားနေတော့တယ်။ ခေါင်းရွက်ဈေးသည်တွေရဲ့ သူတို့ပစ္စည်းတွေကို ကြေညာနေသံတွေ၊ အော်သံတွေနဲ့ အလုပ်သမားတွေရဲ့ ကြွေးကြော်သံတွေက အတူတကွ ပျံ့နှံ့နေပြန်တယ်။ အဝေးကနေလာခဲ့တဲ့ ကုန်တင်သင်္ဘောက အခုလေးတင် ကမ်းခြေကို ဆိုက်ကပ်တာဖြစ်လို့ ဆိပ်ကမ်းအလုပ်သမားတွေက အားမာန်အပြည့်နဲ့ ကုန်ပစ္စည်းတွေ ချနေကြလေတယ်။
ဒီဆိပ်ကမ်းကိုလာတာ သူမအတွက် ဒုတိယအကြိမ်ဖြစ်တယ်။ အရင်ကလိုပဲ ရှောင်ချောင်းက ဒီမြင်ကွင်းနဲ့ အသံတွေကို စိတ်ဝင်စားမှုအပြည့်နဲ့ စူးစမ်းနေတော့တယ်။
ဒုတိယအစ်မ သားတို့ အသားနှပ်တွေကို ဘယ်နားမှာ ရောင်းရင်ကောင်းမလဲ ရှီထုန်လေးက သူ့အစ်မအပါ်မှာ ယုံကြည်မှုအပြည့်ရှိပြီး စတင်လုပ်ဆောင်ဖို့အတွက် စိတ်အားထက်သန်နေတော့တယ်။
ရှောင်ချောင်းက ခဏလောက်တွေးကြည့်လိုက်တယ်။ ဆိပ်ကမ်းအလုပ်သမားတွေနဲ့ တံငါသည် အများစုက အိမ်ကနေ အစားအစာတွေ ယူလာလေ့ရှိကြတယ်။ သို့သော်လည်း မနက်ခင်းရဲ့ လေအေးအေးကြောင့် သူတို့အများစုက သူတို့ကိုယ်သူတို့ နွေးထွေးစေဖို့ စွပ်ပြုတ်ပူပူလေးတစ်ပန်းကန် သောက်ဖို့ လိုအပ်နေသေးတယ်။ ထို့ကြောင့် သူမက သူမလက်ထဲမှာ ခြင်းတောင်းကိုကိုင်ပြီး တဲကုတ်လေးတစ်ခုဆီကို သွားလိုက်တော့တယ်။
ဒီနားက ဆိုင်တန်းတွေက ယာဂု၊ ခေါက်ဆွဲပြုတ်ပူပူလေးနဲ့ မီးဖိုထဲက လက်ဆတ်တဲ့ ပေါက်စီတို့ကို ရောင်းနေကြတယ်။ အဲ့ဒီမှာ သူမလိုမျိုး လက်ထဲမှာ ခြင်းတောင်းတွေနဲ့ အိမ်က အဆာပြေမုန့်အချို့ ဒါမှမဟုတ် ဆားရည်စိမ်အသီးအရွက်အချို့ ရောင်းနေကြသူများလည်းရှိတယ်။ ဥပမာအနေနဲ့ ရှောင်ချောင်းရဲ့ အမေဘက်က အကြီးဆုံးအရီးလည်း တစ်ယောက်အပါအဝင် ဖြစ်တယ်။

.........

Continue Reading

You'll Also Like

2.8M 185K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
135K 9.5K 41
ဒါကဘာသာပြန်လုံး၀ လုံး၀ မဟုတ်ရပါ! ကျောက်မျက်များဖြင့်ဖန်တီးထားသောစကြာ၀ဠာ၏အဆင်းရဲဆုံးနဲ့အငြိမ်းချမ်းဆုံးကမ္ဘာထဲသို့၂၁ရာစုမှကောင်လေးတစ်ဦးဟာ ကလေးတစ်ယောက်...