သက်တန့်ရောင် မိန်းမပျို Book...

By CharmZoey

649K 84.2K 679

ခေါင်းစဉ် - သက်တန့်ရောင် မိန်းမပျို (ဘာသာပြန်) မူရင်းခေါင်းစဉ် - Fields of Gold အမျိုးအစား - သဘာဝလွန်၊ စိတ်ကူ... More

Intro
အပိုင္း၁ (ေပါက္စီတစ္လုံးေၾကာင့္ အသတ္ခံရျခင္း)
အပိုင္း၂ (အက်င့္ပုတ္တဲ့ အဘြား)
အပိုင္း၃ (ထူးဆန္းတဲ့ ေရာင္စုံေက်ာက္တုံး )
အပိုင္း၄ (သူမမွာ ေကာင္းမြန္တဲ့ အေဖရွိတယ္)
အပိုင္း၅ (မ်က္ေတာင္မခတ္ပဲလိမ္လည္ျခင္း)
အပိုင္း၆ (ပင္လယ္စာ ေကာက္ယူျခင္း)
အခန္း ၇ - အလွေလးကိုကယ္တင္ျခင္း
အပိုင္း ၈ (ထူးျခားတဲ့ ေနာက္ခံ)
အပိုင္း၉ (အက်ိဳးမ်ားတဲ့ ခရီးတို)
အခန္း၁၀ (လ်ိဳ႕ဝွက္အႀကံအစည္)
အခန်း ၁၁
အပိုင္း ၁၂ (က်ိန္ရႈံစားေသာက္ဆိုင္ရဲ႕
အပိုင္း ၁၃ (လုံးဝရႈပ္ေထြးေနေသာ)
အပိုင္း ၁၄ (လိမ္ရလြယ္တဲ့သားေကာင္)
အခန္း ၁၅ (အေကာင္းဆုံးဟင္းခတ္အေမႊးအႀကိဳင္)
အခန္း ၁၆ (ေဈးဝယ္ထြက္ျခင္း)
အပိုင္း ၁၇ (မိဘရဲ႕ ခ်စ္ျခင္းတရား)
အပိုင္း ၁၈ (ေတာင္ေပၚက ေကာင္ေခ်ာေလး)
အပိုင္း ၁၉ ( အကိုဟန႔္ေနာက္ကိုလိုက္ရင္ စားဖို႔အသားရွိတယ္ )
အပိုင္း ၂၀ (အံ့ဖြယ္ေက်ာက္တုံး ျပန္လာျခင္း)
အပိုင္း ၂၁ -အသားကင္တတ္တဲ့သူက အေခ်ာဆုံးပဲ!
အပိုင္း ၂၂ (လမ္းမွာေတြ႕ရတဲ့ အတားအဆီး)
အပိုင္း ၂၃ (အငယ္ဆုံးဦးေလး အိမ္ျပန္လာၿပီ)
အခန္း ၂၄ (ေျမႇာက္ပင့္ျခင္း)
အပိုင္း ၂၅ (ခ်ီးမြမ္းျခင္း)
အပိုင္း၂၆ (ဂုဏ္သိကၡာ)
အပိုင္း ၂၇ ( အလုပ္သင္ )
အပိုင္း ၂၈ (ပိုက္ဆံစုေဆာင္းျခင္း)
အပိုင္း ၂၉ (ေထာင္ေခ်ာက္ဆင္ျခင္း)
အပိုင္း ၃၀ (ထူးျခားမႈ)
အပိုင္း၃၁ (ေကာင္ေခ်ာေလးေနာက္တစ္ေယာက္)
အခန္း ၃၂ (အစားမက္သူ)
အပိုင္း ၃၃ -(အ႐ိုက္ခံရျခင္း)
အပိုင္း ၃၄ (ေဆးပညာသင္ယူျခင္း)
အပိုင္း-၃၅ ( ခ်စ္စရာ အိမ္ေမြးတိရိစာၦန္)
အပိုင္း ၃၆ (သဘာဝရဲ႕လက္ေဆာင္)
အပိုင္း ၃၇ - (ဆိပ္ကမ္း)
အပိုင္း ၃၈ - (ေတာ္ဝင္မင္းသား)
အပိုင္း ၃၉ (ေက်းဇူးတင္ျခင္းသေကၤတ)
အခန္း ၄၀ (ျမင့္မားေသာအထြက္ႏႈန္း)
အပိုင္း ၄၁ - (ျပင္းထန္စြာ ဖ်ားနာမႈ)
အပိုင္း၄၂ (ေဆာင္းတြင္းကပ္ေဘးဒုကၡ)
အပိုင္း -၄၃ ( အၾကင္နာတရားမရွိဘူး )
အပိုင္း -၄၄( ခါးသီးတဲ့စိတ္ထိခိုက္မႈ )
အပိုင္း ၄၅ (ခ်မ္းသာလာျခင္း)
အပိုင္း ၄၆ (အေၾကာင္းျပခ်က္ဖန္တီးျခင္း)
အပိုင္း ၄၇ (ျပစ္ဒဏ္)
အပိုင်း ၄၉ (အတွေးစိတ်ကူးများ)
အပိုင်း ၄၈ (အပြောင်းအလဲတစ်ခု)
အပိုင်း၅၀ (ပိုက်ဆံလက်ဆောင်)
အခန္း၅၁ (စီးပြားေရးရင္းႏွီးျမႇဳပ္ႏွံမႈ)
အပိုင်း-၅၂ (အိမ်ကိုအလည်လာခြင်း)
အပိုင်း ၅၃ (ရှင်ယာဝင်ဖြစ်လာခြင်း)
အပိုင်း ၅၄ - (ကြော်ငြာခြင်း)
အပိုင်း၅၅ (နှစ်သစ်ကူး)
အပိုင်း ၅၆ (ဒုက္ခရောက်သောနှစ်)
အပိုင်း ၅၇ - (ဘေးအန္တရာယ်)
အပိုင်း ၅၈ (ဖြတ်တောက်ခြင်း)
အပိုင်း ၅၉ (အတိတ်)
အပိုင်း ၆၀ (သတိလစ်မေ့မျောခြင်း )
အပိုင်း ၆၁ (ပြန်သတိရလာခြင်း)
အပိုင်း၆၂ (ရောင်းစားခံရခြင်း)
အပိုင်း ၆၃ - မိသားစုကွဲခြင်း (၁)
အပိုင်း ၆၄ - မိသားစုကွဲခြင်း ( ၂ )
အပိုင်း ၆၅ (နေအိမ်ဟောင်း)
အပိုင်း ၆၆ (မိခင်ဘက်မှမိသားစု)
အပိုင်း ၆၇ (အိမ်ပြင်ခြင်း)
အပိုင်း ၆၈ (ပိုကောင်းတဲ့အရွေ့အပြောင်း)
အပိုင်း ၆၉ (ငွေရှာမည့်အရင်းအမြစ်များကိုတိုးချဲ့ခြင်း)
အပိုင်း၇၀ (ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း)
အပိုင်း ၇၁ (ချစ်စရာကောင်းတဲ့လူငယ်လေး)
အပိုင်း၇၂ (ပေါက်စီ)
အပိုင်း၇၄ (လက်တွဲလုပ်ဆောင်မှု)
အပိုင်း၇၅ (ကူညီခြင်း)
အပိုင်း ၇၆ (အံ့ဩစရာကောင်းလိုက်တာ!)
အပိုင်း ၇၇ (အသားနှပ်)
အပိုင္း၇၈ (ဆိုင္ဖြင့္တဲ့ေန႔)
အပိုင်း ၇၉ (ဝက်ခေါင်း)
အပိုင်း၈၀ (ပြဿနာတက်ခြင်း)
အပိုင်း ၈၁ (လျှို့ဝှက်ချက်ပြုတ်နည်း)
အပိုင်း ၈၂ (အရသာသစ်)
အပိုင်း၈၃ (ကျော်ကြားတဲ့ပညာရှိ)
အပိုင်း ၈၄ (အစားကြီးသူ)
အပိုင်း ၈၅ (တပည့်တစ်ယောက်အဖြစ်လက်ခံခြင်း)
အပိုင်း၈၆ (ငါးဖမ်းခြင်း)
အပိုင်း ၈၇ (ငါးချဉ်)
အပိုင်း၈၈ (အဖေနဲ့သမီး)
အခန်း ၈၉ (ကျောင်းလခ)
အပိုင်း ၉၀ (လျို့ကော)
အခန်း၉၁ (ကြေးမြင့်တဲ့ပေးချေမှု)
အပိုင်း ၉၂ ( စိုနေတဲ့ဆန် )
အပိုင်း ၉၃ (အထင်ကြီးစရာဧည့်သည်)
အပိုင်း ၉၄ (မြည်းလှည်း)
အပိုင်း ၉၅ (ကျောင်းတက်ခြင်း)
အပိုင်း ၉၆ (အပူအပင်)
အပိုင်း ၉၇ (ဖျားနာနေသောမြည်း)
အပိုင်း ၉၈ (ဝေစု)
အပိုင်း ၉၉ - တွေ့ဆုံဖို့ အခွင့်အရေး
အပိုင်း ၁၀၀ (အချိန်အခါမဟုတ်အိမ်ကိုလာခြင်း)
အပိုင်း၁၀၁ (ကျိုးမိသားစု)
အပိုင်း၁၀၂ (အလုပ်မှာရေသာခိုခြင်း)
အပိုင်း ၁၀၃ (အကျင့်ပျက်ခြင်း)
အခန်း ၁၀၄ (လုယက်သူ)
အခန်း ၁၀၅ (ဝိညာဉ်တစ်ခုကိုမြင်ရခြင်း)
အပိုင်း ၁၀၆ (သေလုဆဲဆဲဖြစ်ခြင်း)
အပိုင်း ၁၀၇ (စုံစမ်းမေးမြန်းခြင်း)
အပိုင်း ၁၀၈ (မိုးကြိုး)
အပိုင်း၁၀၉ (မိုးကြိုးပစ်ခြင်း)
အပိုင်း ၁၁၀ (ဝန်ချတောင်းပန်ခြင်း)
အပိုင်း ၁၁၁ (အိမ်ပြန်လာခြင်း)
အခန်း ၁၁၂ (ထွက်ခွာခြင်း)
အပိုင်း ၁၁၃ (ဆေးဖက်ဝင်ဂျင်ဆင်းဘုရင်)
အပိုင်း ၁၁၄ (အကျိုးများတဲ့ခရီးတိုတစ်ခု)
အပိုင်း ၁၁၅ ( အသီးအရွက်များရောင်းခြင်း)
အပိုင်း ၁၁၆ (မင်းသားလေး)
အပိုင်း ၁၁၇ (ဟင်းသီးဟင်းရွက်များကြောင့် ရန်ဖြစ်ကြခြင်း)
အပိုင်း ၁၁၈ (လူကဲခတ်မြန်တဲ့လူကြီးမင်း)
အပိုင်း ၁၁၉ (ကျေနပ်အားရခြင်း)
အပိုင်း ၁၂၀ (ဆုလာဘ်)
အပိုင်း ၁၂၁ (ရင်းနှီးမြှပ်နှံမှု)
အပိုင်း ၁၂၂ (ဝဋ်လည်ခြင်း)
အပိုင်း ၁၂၃ ( အလုပ်များသော)
အပိုင်း ၁၂၄ (နောက်တစ်ခေါက်လာကြပြန်ပြီ! )
အပိုင်း ၁၂၅ (ကုတ်ခြစ်ခံရခြင်း)
အပိုင်း ၁၂၆
အပိုင်း ၁၂၇ (တိုင်ပင်ခြင်း)
အပိုင်း ၁၂၈ (သူမအိမ်လည်လာခြင်းရဲ့ရည်ရွယ်ချက်)
အပိုင်း ၁၂၉ (အဆိပ်မရှိခြင်း)
အပိုင်း၁၃၀ (အလည်ရောက်လာသူများ)
အပိုင်း ၁၃၁ ( မနက်စာ )
အပိုင်း ၁၃၂ (ဘဲသားနှပ်)
အပိုင်း ၁၃၃ (ကြမ္မာဖန်သောတွေ့ဆုံမှု)
အပိုင်း ၁၃၄ (အတွေ့အကြုံရင့်တဲ့အစားချစ်သူ)
အပိုင်း ၁၃၅ (အကင်းပါးသော)
အပိုင်း ၁၃၆ (ညနောက်ကျမှပြန်လာခြင်း)
အပိုင်း၁၃၇ (သိမ်းသွင်းစည်းရုံးခြင်း)
အပိုင်း ၁၃၈ (အစီအစဉ်ချခြင်း)
အပိုင်း ၁၃၉ ( စီရင်စုမြို့)
အပိုင်း ၁၄၀ (ဈေးဝယ်ထွက်ခြင်း)
အပိုင်း ၁၄၁ (စစ်သူကြီး)
အပိုင်း ၁၄၂ (အပြန်လမ်း)
အပိုင်း ၁၄၃ (လည်ပတ်ခြင်း)
အပိုင်း ၁၄၄ (အကြံဉာဏ်ပေးခြင်း)
အခန်း ၁၄၅ (အဆိုပြုခြင်း)
အပိုင်း ၁၄၆ (သံတမန်)
အပိုင်း ၁၄၇ (မွေးစားသမီး?)
အပိုင်း၁၄၈ (မွေးစားအဖေ)
အပိုင်း ၁၄၉ (မိသားစုဖြစ်လာခြင်း)
အပိုင်း ၁၅၀ (လူထူးလူဆန်း)
အပိုင်း ၁၅၁ (တော်ဝင်အမိန့်ပြန်တမ်း)
အပိုင်း၁၅၂ (မှတ်ဉာဏ်ဟောင်းများ)
အပိုင်း ၁၅၃ (ဧကရာဇ်ဟောင်း)
အပိုင်း ၁၅၄ (ဂျုံကြာဇံ)
အခန်း၁၅၅ (ထွက်ခွာဖို့လေးကန်နေခြင်း)
အခန်း ၁၅၆ (ပို့ဆောင်ခြင်း)
အခန်း ၁၅၇ (ပင်လယ်မျှော့)
အပိုင်း ၁၅၈ (မသမာတဲ့နည်းလမ်းသုံးခြင်း)
အပိုင်း ၁၅၉ (ခြိမ်းခြောက်ခြင်း)
အပိုင်း - ၁၆၀ ( အကြပ်ရိုက်အောင် လုပ်ခြင်း )
အပိုင်း ၁၆၁ (မနာလိုဖြစ်ခြင်း)
အပိုင်း ၁၆၂ - မနာလိုမှု
အပိုင်း ၁၆၃ - အကူ
အပိုင်း ၁၆၄ (ဝန်ခံလက်မြှောက်ခြင်း)
အပိုင်း ၁၆၅ (ပြောင်းလဲဖို့)
အခန်း ၁၆၆ (ဟုန်းဟုန်းတောက်ကျော်ကြားခြင်း)
အပိုင်း ၁၆၇ - (သမီးကိုကာကွယ်ခြင်း)
အခန်း ၁၆၈ - ချမ်းသာကြွယ်ဝခြင်း
အပိုင်း ၁၆၉ - အလုပ်ခေါ်စာ
အခန်း ၁၇၀ (ဖရဲသီးရောင်းခြင်း)
အပိုင်း ၁၇၁ ဖရဲသီးဆိုင်
အပိုင္း-၁၇၂( ခမ္းနားေသာ ဖြင့္ပြဲ )
အပိုင္း - ၁၇၃ (အကုန္ ေရာင္းထြက္ျခင္း)
အပိုင်း၁၇၄ - ဂုဏ်ပြုစားပွဲ
အပိုင်း ၁၇၅ - ချိုမြိန်ခြင်း အရသာ
အပိုင်း ၁၇၆ - ကြင်ယာတော်မင်းသမီး
အပိုင်း ၁၇၇ - အကြံအစည်
အပိုင်း - ၁၇၈ ( မွေးစားအမေ )
အပိုင်း ၁၇၉ - ရန်လိုမှု
အပိုင်း ၁၈၀ - ကံကြမ္မာ
အပိုင်း-၁၈၁ ( ထမင်းတစ်နပ်ကျွေးခြင်း )
အပိုင်း၁၈၂ - (ဧည့်ဝတ်ကျေပွန်မှု)
အပိုင်း၁၈၃ - မျက်နှာသာပေးတာ ခံချင်သူ
အပိုင်း ၁၈၄ နေထိုင်အခြေချဖို့ကူညီပေးခြင်း
အပိုင်း ၁၈၅ - သူခိုး
အခန်း ၁၈၆ - စဉ်းလဲတဲ့အကြံကိုလက်လွှတ်ဖို့ ငြင်းဆန်ခြင်း
အခန်း ၁၈၇ - အဆုံးမရှိ ဒုက္ခပေးခြင်း
အပိုင်း -၁၈၈ ( အရှက်မရှိခြင်း )
အပိုင်း ၁၈၉ - အချိန်ဆွဲထားခြင်း
အပိုင်း ၁၉၀ (စုံစမ်းမေးမြန်ခြင်း)
အပိုင်း ၁၉၁ ပြစ်မှုတစ်ခုကို တိုင်ကြားခြင်း
အပိုင်း ၁၉၂ - အိမ်မက်ဆိုး
အပိုင်း ၁၉၃ - ပေါ်ပေါက်လာခြင်း
အပိုင်း - ၁၉၄ (သဘောတူစာချုပ်)
အပိုင်း ၁၉၅ - ဝိညာဉ်
အပိုင်း ၁၉၆ (တရားရုံးအမှုစစ်များ)
အပိုင်း ၁၉၇ (ကိုယ့်ပါးကို ပြန်ရိုက်ခြင်း)
အပိုင်း ၁၉၈ (တရားရုံးသို့သွားခြင်း)
အပိုင်း ၁၉၉ (ကြီးမားတဲ့ချစ်ခြင်းမေတ္တာတရား)

အပိုင်း ၇၃ (တိတ်တိတ်လေး သည်းညည်းခံနေခြင်း)

3.4K 424 1
By CharmZoey

[Zawgyi]
အပိုင္း ၇၃ (တိတ္တိတ္ေလး သည္းညည္းခံေနျခင္း)

ဂ်ဳံမႈန႔္ေတြကို ဆန္ၾကမ္းမႈန႔္ေတြနဲ႔အစားထိုးလိုက္ေပမယ့္ ေဆးဖက္ဝင္မုန္ညင္းဘိန္းမုန႔္ကို ဒယ္ေစာက္ထဲမွာ ေ႐ႊအိုေရာင္ျဖစ္လာတဲ့အထိ ဖုတ္ထားတာျဖစ္တယ္။ တူးသြားတဲ့အနံ႔က ေဆးပင္ရဲ႕သင္းပ်ံ႕တဲ့အနံ႔နဲ႔ အတူစုေပါင္းသြားၿပီး အရမ္းကိုအရသာရွိေနတယ္။ ဒီမတိုင္ခင္ မိသားစုက ဒီလိုအစားအစာမ်ိဳး တစ္ခါမွမစားဖူးတာမို႔ စြဲမက္စရာေကာင္းတဲ့အရသာက ခ်က္ခ်င္းကို လႊမ္းမိုးသြားတယ္။
အမ်ိဳးသမီးလ်ိဳက သူမႏွလုံးသားထဲမွာ အဲ့တာကို တိတ္တိတ္ေလးသတိရၿပီး အၿပဳံးေလးနဲ႔ေျပာလိုက္တယ္။ " ဂ်ဳံမႈန႔္မပါဘဲနဲ႔ ပဲမႈန႔္နဲ႔ ႏွံစားေျပာင္းမႈန႔္ေတြနဲ႔တင္ ဒီေလာက္အရသာရွိေအာင္လုပ္ႏိုင္မယ္လို႔ မေတြးမိဖူးဘူး။ ေခ်ာင္းအာ, ဒီနည္းကလည္း သမီးကို နတ္ဘုရားသင္ေပးခဲ့တဲ့နည္းလား"
အားရပါးရ ဘိန္းမုန႔္ကိုစားေနတဲ့ ယြီေရွာင္ေခ်ာင္းက သူမအေမရဲ႕ေမးခြန္းကိုၾကားတဲ့အခါ ၾကက္ေသ ေသသြားခဲ့တယ္။ ထို႔ေနာက္ ခ်က္ခ်င္းေျဖလိုက္တယ္။
"သမီးလည္း မသိဘူး သမီးႏိုးလာေတာ့ ဘယ္လိုလုပ္ရမလဲဆိုတာ သိေန႐ုံပဲ။ ဒီလိုေဆးပင္အမ်ိဳးအစားကို အခုခ်ိန္တူးလို႔ရမယ္ဆိုတာနဲ႔ သူတို႔ကို ခ်က္ျပဳတ္ရမယ့္နည္းေတြကို သမီးအိပ္မက္ထဲမွာ တစ္ေယာက္ေယာက္က လာေျပာသြားသလိုပဲ အေဖနဲ႔အေမ , ေပါက္စီကိုစားၾကည့္ ဒါက နံျပားထက္ အရသာပိုရွိတယ္"
ေပါက္စီကို ျပဳလုပ္တုန္းက ေရွာင္ေခ်ာင္းက တို႔ဟူးေၾကာ္နဲ႔ င႐ုတ္ေလွာ္ကိုလည္း ထည့္ခဲ့တယ္။ ၿပီးေတာ့ အေမဘက္က အဘြားပို႔ေပးလိုက္တဲ့ ၁ က်င္းနီးပါးရွိတဲ့ ဟင္း႐ြက္ဆီထဲကမွ တစ္ဇြန္းစာ သုံးလိုက္တယ္။ ဒါကအမ်ိဳးသမီးလ်ိဳကို ရင္ေအာင့္သြားေစတယ္။ အဲ့တာအျပင္ ေပါက္စီရဲ႕အျပင္အကာကိုျပဳလုပ္ဖို႔ ဂ်ဳံမႈန႔္ကိုလက္ႏွစ္ဆုပ္စာ သုံးလိုက္တာကလည္း အမ်ိဳးသမီးလ်ိဳရဲ႕ထင္ျမင္ခ်က္ကေတာ့ အရမ္းျဖဳန္းတီးလြန္းတဲ့ပုံေပၚတယ္။
သူမက ေပါင္းဖိုထဲက ေပါက္စီေတြကို ဖ်က္ကနဲၾကည့္ၿပီး တြန႔္ဆုတ္သြားတယ္။ အဲ့ဒီေနာက္ သူမက တစ္ခုယူကာ ယြီဟိုင္ကိုေပးလိုက္ၿပီးေတာ့ ေျပာတယ္။
"ဘိန္းမုန႔္ ၂ ခုစားၿပီး မုန္ညင္းစြပ္ျပဳတ္တစ္ဇလုံေသာက္လိုက္လို႔ ကြၽန္မေတာ့ဗိုက္ျပည့္ေနၿပီ ေယာက္်ား , ရွင္တစ္ခုေလာက္စားၾကည့္ၿပီး က်န္တာေတြကို ကေလးေတြအတြက္ ထားလိုက္။ စကားမစပ္ ေရွာင္လ်န္, မနက္ျဖန္ ၿမိဳ႕ကိုသြားရင္ သမီးအစ္ကိုအတြက္ ေပါက္စီနည္းနည္း ယူသြားလိုက္ သမီး အဲ့မွာရွိေနတုန္း ၿမိဳ႕က ကုန္စုံဆိုင္ဆီကို သမီးအေဖလုပ္ထားတဲ့ ျခင္းေတာင္းေတြကိုလည္း ယူသြားလိုက္ေနာ္"
ေနာက္ဆုံးအႀကိမ္ ယြီေရွာင္ေခ်ာင္း ၿမိဳ႕ကိုသြားခဲ့တဲ့အခ်ိန္က သူမ ဖ်ားခ်င္ေယာင္ေဆာင္လို႔ သူမအေဖနဲ႔ ၿမိဳ႕ကို အေလာတႀကီးသြားတုန္းကျဖစ္သည္။ အဲ့တာေၾကာင့္ အခု ၿမိဳ႕ကို သြားဖို႔အခြင့္အေရးကို သူမၾကားလိုက္တဲ့အခါ ခ်က္ခ်င္းေျပာလိုက္တယ္။
" မနက္ျဖန္ သမီးနဲ႔ရွီထုန္ေလး ၿမိဳ႕ကိုသြားလိုက္မယ္ေလ။ ေရွာင္လ်န္က အိမ္မွာေနၿပီး ပန္းထိုးေပါ့"
သူမရဲ႕ စိတ္အားထက္သန္တဲ့ အမူအရာကိုျမင္ေတာ့ ယြီဟိုင္က သူမကို မျငင္းပယ္ႏိုင္ခဲ့ဘဲ
သတိေပးလိုက္တယ္။
"သမီး သြားလို႔ရပါတယ္ ဒါေပမယ့္ ဂ႐ုစိုက္ရမယ္ေနာ္... သူစိမ္းေတြကို စကားမေျပာရဘူး။ ရွီထုန္ေလး, သားရဲ႕အစ္မကို ဂ႐ုစိုက္ရမယ္ေနာ္ သူနဲ႔ လူမကြဲေစနဲ႔"
သူစကားေျပာေနစဥ္ ေပါက္စီကို တစ္ဝက္ခြဲလိုက္တယ္။ သူ႔မိန္းမကို ႀကီးတဲ့အပိုင္း ေပးလိုက္ၿပီးေတာ့ ေျပာလိုက္တယ္။
" ငါတို႔သမီးလက္ရာကို ျမည္းၾကည့္ရေအာင္ အရသာေကာင္းရင္ ငါတို႔ ေဆးဖက္ဝင္မုန္ညင္းပင္ေတြ မ်ားမ်ားတူးၿပီး ေနာက္က် ဆိပ္ကမ္းမွာ ေပါက္စီေတြေရာင္းၾကမယ္"
ေရွာင္ေခ်ာင္းက သူ႔စကားကို ၾကားတဲ့အခါ ေထာက္ခံတဲ့အေနနဲ႔ ေခါင္းညိတ္လိုက္တယ္။ သူမအေဖက စီးပြားေရး တယ္ကြၽမ္းက်င္တာပဲ။
တုန္ရွန္း႐ြာကေန ၿမိဳ႕ကိုသြားဖို႔ ၃ နာရီၾကာတယ္။ ဒါေၾကာင့္ ေရွာင္ေခ်ာင္းနဲ႔ တစ္ခန္းတည္းေနတဲ့ ေရွာင္လ်န္က အ႐ုဏ္တက္ခ်ိန္မွာပဲ ေရွာင္ေခ်ာင္းကို ႏႈိးလိုက္တယ္။
ေမာင္ႏွမေတြ ၿမိဳ႕ကိုသြားမွာေၾကာင့္ ေရွာင္လ်န္က မသြားခင္ သူတို႔အစာအိမ္ကိုျဖည့္ဖို႔အတြက္ မနက္စာ ျပင္ဖို႔ ေစာေစာထခဲ့တယ္။ မနက္စာအတြက္ သူတို႔က ႏူးညံ့ၿပီးေပ်ာ့ေပ်ာင္းသည္အထိ ခ်က္ျပဳတ္ထားတဲ့ ကန္စြန္းဥယာဂုကို စားခဲ့ၾကတယ္။ မေန႔က နံျပားေတြကိုလည္း အိုးထဲမွာ ျပန္ဖုတ္ထားတယ္။
ေရွာင္ေခ်ာင္းက ယာဂုကို တစ္ဇလုံအျပည့္ ေသာက္လိုက္ၿပီး မုန႔္ကိုစားလိုက္တယ္။ အဲ့ဒီေနာက္ သူမပါးစပ္ကိုသုတ္ၿပီး ေျပာလိုက္တယ္။
"ငါေတာ့ ဗိုက္ျပည့္ၿပီ ရွီထုန္ေလး, ျမန္ျမန္စား ငါတို႔ေနာက္က်ေနရင္ မင္းကို မေစာင့္ဘူးေနာ္"
အမ်ိဳးသမီးလ်ိဳက သူတို႔ ဗိုက္ဆာတဲ့အခါ စားႏိုင္ဖို႔အတြက္ က်န္တဲ့မုန႔္ ၃ ခုကို အဝတ္အိတ္နဲ႔ ထုတ္ထားလိုက္တယ္။ ခဏေလာက္ေတြးလိုက္ၿပီး သူမက ႀကိမ္ေသတၱာရဲ႕ေအာက္ေျခက ပိုက္ဆံအိတ္ကို ယူလိုက္တယ္။ သူမက အဲ့ထဲကေန ေၾကးဒဂၤါး ၂၀ ကိုထုတ္ၿပီး ေရွာင္ေခ်ာင္းကို ေပးလိုက္တယ္။
ဒီမွာ ဒါကိုယူသြား...ၿမိဳ႕ေဈးကိုသြားတာက သမီးရဲ႕ပထမဆုံးအႀကိမ္မို႔ လိုခ်င္တာေတြရွိရင္ နည္းနည္းဝယ္ခဲ့
ေၾကးဒဂၤါး ၂၀ က မမ်ားေသာ္လည္း ေၾကးဒဂၤါး ၂၀၀ ပဲက်န္တဲ့ ယြီမိသားစုအတြက္ေတာ့ အရမ္းတန္ဖိုးရွိတယ္။ ေၾကးဒဂၤါး ၂၀ က ဂ်ဳံမႈန႔္ ၂ က်င္းေက်ာ္ ဒါမွမဟုတ္ ဆန္ၾကမ္းမႈန႔္ ၄ က်င္းေက်ာ္ ဝယ္ဖို႔လုံေလာက္တယ္။ ေရွာင္ေခ်ာင္းက အဲ့တာကို မလိုခ်င္ေပမယ့္ အမ်ိဳးသမီးလ်ိဳက သူမလက္ထဲကို အတင္းထည့္ေပးၿပီး ေျပာတယ္။
"အဆင္ေျပတယ္ယူလိုက္ သမီးမသုံးျဖစ္ရင္သာျပန္ယူခဲ့"
အဲ့ဒီေနာက္ သူမက အႀကီးဆုံးသား ယြီဟန္အတြက္ ေပါက္စီ ၅ ခုကိုယူလိုက္ၿပီး အဝတ္အိတ္တစ္ခုတည္းမွာပဲ အကုန္လုံးကို ထုတ္ပိုးလိုက္တယ္။ ေရွာင္လ်န္က သူမအခန္းထဲက ပန္းထိုးထားတဲ့အိတ္ငယ္ ၅ ခုကို ယူလာၿပီး ေျပာတယ္။
"က်ိန္လုံပန္းထိုးအလုပ္႐ုံကိုသြားၿပီး သူေဌးမေလးကို ဒါေတြေပးလိုက္။ ၿပီးရင္ ေၾကးဒဂၤါး ၁၀ ျပားတန္တဲ့ ပိုးအပ္ခ်ည္အခ်ိဳ႕ဝယ္လာေပး က်န္တဲ့ေငြေတြကိုေတာ့ သၾကားလုံးဝယ္စားလို႔ရတယ္"
ယြီေရွာင္ေခ်ာင္းရဲ႕ပါးစပ္က ခဏေလာက္ မဲ့သြားတယ္။ သူမမွာ အသက္ ၃၀အ႐ြယ္ မိန္းမတစ္ေယာက္ရဲ႕စိတ္ရွိတယ္ေလ။ တစ္ဆိတ္ေလာက္ ငါကိုကေလးလိုမဆက္ဆံလို႔မရဘူးလား?
မိသားစုဝင္ေတြက ထပ္ခါထပ္ခါ သတိေပးၿပီးတဲ့ေနာက္မွာေတာ့ ေမာင္ႏွမႏွစ္ေယာက္ရဲ႕ ၿမိဳ႕ကိုသြားတဲ့ ခရီးစဥ္က ေနာက္ဆုံးမွာေတာ့ စတင္ခဲ့တယ္။ နည္းနည္းေလာက္ သြားၿပီးေနာက္ သူတို႔က အိတ္ေသးေသးေလးလြယ္ထားတဲ့ ခ်န္းဝိန္နဲ႔ သူ႔ကို တံခါးအျပင္ဘက္ဆီလိုက္ပို႔ေနတဲ့ အမ်ိဳးသမီးေမာက္ကိုေတြ႕ခဲ့တယ္။
"မင္းတို႔ ေမာင္ႏွမေတြ ဘယ္သြားမို႔လဲ"
မေန႔က စြပ္ျပဳတ္လုပ္ဖို႔ အမ်ိဳးသမီးေမာက္က ေဆးဖက္ဝင္မုန္ညင္းကိုအသုံးျပဳခဲ့တယ္။ ဒါက ေတာ္ေတာ္အရသာရွိတာေၾကာင့္ သူမကေလးေတြအတြက္ ေပါက္စီေတြလုပ္ဖို႔ သူတို႔ကိုေခၚၿပီး နည္းနည္းျပန္သြားတူးမယ္လို႔ စီစဥ္ထားတယ္။
ရွီထုန္ေလးက ပုလဲကဲ့သို႔ ျဖဴေဖြးတဲ့ သြားေလးေတြနဲ႔ စိတ္လႈပ္ရွားစြာ အားပါးတရၿပဳံးလိုက္တယ္။ သူဘယ္ကိုသြားေနတယ္ဆိုတာ တျခားလူေတြမသိမွာမ်ား စိုးေနလားမသိ သူကက်ယ္ေလာင္စြာ ေအာ္ေျပာတယ္။
"ဒုတိယအစ္မနဲ႔က်ေနာ္က အစ္ကိုႀကီးအတြက္ အစာသြပ္ေပါက္စီသြားပို႔ၾကမို႔!"
အမ်ိဳးသမီးေမာက္ေနာက္မွာ ရပ္ေနၿပီး အိပ္ခ်င္ေနတဲ့မ်က္လုံးကို ပြတ္ေနတဲ့ ခ်န္းဝူက သူေျပာတာ ၾကားတဲ့အခါ ခ်က္ခ်င္းတက္ႂကြသြားတယ္။
"အေမ, ရွီထုန္နဲ႔သား ၿမိဳ႕ထဲမွာ ေလွ်ာက္ကစားခ်င္လို႔"
"ဘာကစားမွာလဲ ဂ႐ုမစိုက္မိရင္ျပန္ေပးဆြဲသမားေတြနဲ႔ ေတြ႕သြားမယ္။ ဒီေန႔ မင္းက အေမနဲ႔မုန္ညင္းတူးဖို႔ လာတာေလ။ မဟုတ္ရင္ေတာ့ မင္း ဒီေန႔ညစာ မစားရဘူး"
အမ်ိဳးသမီးေမာက္က ၿခံဝင္းထဲမွာ ေဒါသထြက္ေနတဲ့ ခ်န္းဝူကို ဆြဲလိုက္ၿပီး သူမအႀကီးဆုံးသားကို လွည့္ၿပီးစကားေျပာလိုက္တယ္။
"လမ္းကိုဂ႐ုစိုက္။ ေနာက္တစ္ခါျပန္လာရင္ အေမက သားအတြက္ အရသာရွိတာေတြလုပ္ေပးဦးမယ္"
ရွီထုန္ေလးက ခ်န္းဝိန္ရဲ႕အဝတ္အစားကိုၾကည့္ၿပီး ေျပာလိုက္တယ္။
"အကိုေရွာင္ဝိန္, စာသင္ဖို႔ ၿမိဳ႕ကိုျပန္သြားမလို႔လား။ ဒုတိယအစ္မနဲ႔ ကြၽန္ေတာ္လည္း ၿမိဳ႕သြားမလို႔ တူတူသြားၾကမယ္ေလ"
ယြီေရွာင္ေခ်ာင္းက ႀကီးမားတဲ့အထုပ္အပိုးကို သယ္႐ုံသာမက လက္တစ္ဖက္မွာ ျခင္းေသးေသးေလး ၃ ခုနဲ႔ ေနာက္တစ္ဖက္မွာ ျခင္းေတာင္းအႀကီးႀကီးတစ္ခု ကိုင္ထားတာကို ခ်န္းဝိန္က ျမင္ေတာ့ သူကေရွ႕ကိုသြားၿပီး သူမလက္ထဲက ျခင္းကိုယူၿပီး ေျပာလိုက္တယ္။
"ၿမိဳ႕ေရာက္ဖို႔ အၾကာႀကီးသြားရမွာ မင္း ပစၥည္းေတြအမ်ားႀကီးသယ္ရင္ သိပ္မၾကာခင္ ပင္ပန္းလာလိမ့္မယ္ ငါျခင္းေတာင္းကူသယ္ေပးမယ္"
"မလိုဘူး မလိုပါဘူး! ကြၽန္မ ပင္ပန္းတဲ့အခါက် ရွီထုန္ေလးနဲ႔လဲလို႔ရတယ္"
ယြီေရွာင္ေခ်ာင္းက ျခင္းေတာင္းကို တင္းၾကပ္စြာဆုပ္ကိုင္ထားၿပီး မလႊတ္ေပးေပမယ့္ သူမက ခ်န္းဝိန္ေလာက္ေတာ့ ဘယ္သန္ပါ့မလဲ။ အဲ့တာေၾကာင့္ သူက သူမလက္ထဲက ျခင္းေတာင္းကိုေနာက္ဆုံးေတာ့ ဆြဲယူႏိုင္လိုက္တယ္။ ေရွာင္ေခ်ာင္းက မတတ္ႏိုင္ဘဲ သူ႔ကိုေက်းဇူးတင္လိုက္႐ုံသာျဖစ္တယ္။
ယြီေရွာင္ေခ်ာင္းရဲ႕ အေတြးအရ သူမက ခရီးရွည္နဲ႔ တကယ္မသင့္ေတာ္ဘူး။ အံ့ဖြယ္ေက်ာက္တုံးေရနဲ႔ အားျဖည့္ေပးၿပီးတဲ့ေနာက္မွာ သူမရဲ႕ ခႏၶာကိုယ္က ပုံမွန္ထက္ပိုေကာင္းလာတယ္လို႔ ထင္ခဲ့မိတယ္။ သူမက ကီလိုမီတာေတာ္ေတာ္မ်ားမ်ား လမ္းေလွ်ာက္ႏိုင္လိမ့္မယ္လို႔ ထင္ခဲ့ေပမယ့္ သူမကိုယ္သူမ အရမ္း ေမွ်ာ္လင့္မိခဲ့တာပဲ။ သူမ လမ္းပိုေလွ်ာက္ေလ သူမ လက္ထဲက အရာေတြက ပိုေလးလာေလလဲ။ ေနာက္ထပ္ေျခလွမ္းလွမ္းဖို႔ သူမအတြက္ ပိုၿပီးခက္ခဲလာခဲ့တယ္။
ကံေကာင္းစြာနဲ႔ တစ္ဖက္႐ြာက ျမည္းလွည္းရွိတဲ့ဦးေလးမာက လူေတြ အမ်ားႀကီးကိုတင္ၿပီး ၿမိဳ႕ကို သြားေနၾကတာနဲ႔ ႀကဳံေတာ့သည္။ ကေလးသုံးေယာက္ကို ျမင္တဲ့အခါ ဦးေလးမာက ေႏြးေထြးစြာ ႏႈတ္ဆက္လာတယ္။
"မင္းတို႔ေတြလိုက္မလား...ငါမင္းတို႔သုံးေယာက္ကို ႏွစ္ေယာက္စာပဲ ယူမယ္ေလ"
ျမည္းလွည္းေပၚက အဖြဲ႕သုံးဖြဲ႕က ၿမိဳ႕ကို ျမန္ျမန္ပဲ ေရာက္ခဲ့ၾကတယ္။ ခ်န္းဝိန္က ဒီေမာင္ႏွမႏွစ္ေယာက္ရဲ႕ လုံၿခဳံေရးကို စိုးရိမ္ေနခဲ့ၿပီး ႏူးညံ့တဲ့အသံနဲ႔ ေျပာတယ္။
"ေရွာင္ေခ်ာင္း ၿမိဳ႕မွာက လူမ်ိဳးစုံရွိတာ! ငါနဲ႔ ေက်ာင္းဆီအရင္လိုက္ၿပီး ငါ့ပစၥည္းေတြထားၿပီးတာနဲ႔ မင္းတို႔အကိုႀကီးဆီ ေခၚသြားေပးမယ္ဆိုရင္ေကာ"
ယြီေရွာင္ေခ်ာင္းက ယဥ္ေက်းစြာ ျငင္းပယ္လိုက္တယ္။
"မလိုပါဘူး ေက်းဇူးတင္ပါတယ္ ေမာင္ေလးနဲ႔ကြၽန္မ အရင္က ၿမိဳ႕ကိုေရာက္ဖူးတယ္။ ဒါေၾကာင့္ လမ္းေတြကို ရင္းႏွီးတယ္။ ကြၽန္မတို႔ အကိုေရွာင္ဝိန္ရဲ႕ စာေလ့လာမႈကို ထပ္ၿပီး မေႏွာင့္ေႏွးေစခ်င္လို႔ပါ"
"တာ့တာ အကို ေရွာင္ဝိန္"
ရွီထုန္ေလးက သူ႔ကို လက္ျပခဲ့ၿပီး သူရဲ႕ ႀကီးမားၿပီး ဝိုင္းေနတဲ့ မ်က္လုံးေတြနဲ႔ ေလွ်ာက္ပတ္ၾကည့္ေနခဲ့တယ္။
ေရွာင္ေခ်ာင္းနဲ႔ သူမေမာင္ေလးက ခ်န္းဝိန္ကို လႈိက္လွဲစြာ ႏႈတ္ဆက္ၿပီးတဲ့ေနာက္ ကုန္စုံဆိုင္ကို သြားမယ့္ လမ္းကို စုံစမ္းၿပီး ဝါးေတာင္းေတြပို႔ဖို႔ အဆင္သင့္ျပင္လိုက္ၾကတယ္။ ကုန္စုံဆိုင္က လူသူကင္းတဲ့ ေနရာမွာ တည္ရွိတယ္။ ေဈးဆိုင္ပိုင္ရွင္က ေမာင္ႏွမႏွစ္ေယာက္ ရက္လုပ္ထားတဲ့ ျခင္းေတာင္းအသစ္ေတြ သယ္လာတာကို ျမင္တဲ့အခါ ဒုကၡေရာက္ေနတဲ့ မ်က္ႏွာအမူအရာနဲ႔ ေျပာတယ္။
"ေရွာင္လ်န္ မင္း ေနာက္ထပ္ ျခင္းေတာင္းေတြ ထပ္ပို႔ျပန္ၿပီလား အခုက စိုက္ပ်ိဳးေရးရာသီမဟုတ္လို႔ ဝါးပစၥည္းေတြ မဝယ္ၾကဘူး။ မင္း ေနာက္ဆုံးအခ်ိန္တုန္းက ယူခဲ့တာေတြေတာင္ ငါမေရာင္းရေသးဘူး။ အခုေတာ့ ငါမင္းကို ခက္ခဲေအာင္မလုပ္ခ်င္လို႔ ဒီပစၥည္းေတြ လက္ခံလိုက္မယ္။ ဒါေပမယ့္ ေနာက္က် ထပ္ပို႔ဖို႔ မလိုေတာ့ဘူး"
ေရွာင္ေခ်ာင္းက ဆိုင္ရွင္ လူမွားေျပာတာကို ျပင္မေနေတာ့ပါဘူး။ သူမက ဆိုင္ရွင္ကို ေက်းဇူးတင္ခဲ့ၿပီးေနာက္ သူမေမာင္ေလးရဲ႕ လက္ကို တိတ္ဆိတ္စြာကိုင္ၿပီး လမ္းေပၚကို လမ္းေလွ်ာက္လာခဲ့တယ္။ သူမ စိတ္ဓာတ္က်ေနခဲ့တယ္။ သူမ အေဖက ဝါးေတာင္းေတြ ေရာင္းျခင္းကေန ပိုက္ဆံတခ်ိဳ႕ရမယ္ ေမွ်ာ္လင့္ေနေပမယ့္ ဒီဝါးပစၥည္းေတြ ရက္လုပ္တာရဲ႕ အဓိကရည္႐ြယ္ခ်က္က ပိုက္ဆံေၾကာင့္မဟုတ္ဘူး။ ဝါးပစၥည္းေတြ ရက္လုပ္ျခင္းကေန သူမအေဖက သူ႔ကိုယ္သူ အသုံးမဝင္တဲ့လူ မဟုတ္ဘူးဆိုတာ သက္ေသျပခ်င္ေနပုံေပၚသည္။
သူ႔အေဖေျခေထာက္ မၾကာခင္ျပန္ေကာင္းမယ္ဆို ေကာင္းမွာပဲ။
သူတို႔ က်ိန္းလုံ ပန္းထိုးအလုပ္႐ုံကိုေရာက္တဲ့အခါ သူေဌးအမ်ိဳးသမီးက သူတို႔ကို ေႏြးေထြးလႈိက္လွဲစြာ ႀကိဳဆိုခဲ့တယ္။
"အိုး ေရွာင္လ်န္ ငါမင္းကို ရက္အနည္းငယ္ပဲ မေတြ႕ရေပမယ့္ မင္းအသားက ပိုၿပီး ျဖဴလာလိုက္တာ ပိုၿပီးလည္း လွလာေသးတယ္ မိန္းကေလးေတြက အသက္ႀကီးလာတာနဲ႔ ေျပာင္းလဲလာၾကတယ္ဆိုတာ တကယ္ပဲ"
အရင္ဧကရာဇ္ေဟာင္း ထီးနန္းတက္ၿပီးေနာက္ 'အမ်ိဳးသမီးနဲ႔အမ်ိဳးသားၾကားက တန္းတူအခြင့္အေရး' အေၾကာင္း သူက စိတ္အားထက္သန္စြာ ေၾကညာခဲ့တယ္ဆိုတာကို ယြီေရွာင္ေခ်ာင္းက သိထားတယ္။ ေနာက္ပိုင္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ထိုမူဝါဒက မတည္ၿမဲခဲ့ေပ။ သို႔ရာတြင္ အမ်ိဳးသမီးေတြရဲ႕ အဆင့္အတန္းက အမွန္တကယ္ တိုးတက္လာခဲ့တယ္။ လမ္းေပၚမွာ လမ္းေလွ်ာက္ေနတဲ့ ေဈးဝယ္ေနတဲ့ အမ်ိဳးသမီးေတြကို ေနရာတိုင္းမွာ ေတြ႕ႏိုင္တယ္။ အမ်ိဳးသမီးတစ္ေယာက္က က်ိန္းလုံ ပန္းထိုးအလုပ္႐ုံကလို သူေဌးတစ္ေယာက္ျဖစ္ေနတာ သိပ္ေတာ့ထူးဆန္းမေနဘူး။
ေရွာင္ေခ်ာင္း ဒီေနရာကို ေျပာင္းေ႐ႊ႕လာတာကို အနည္းငယ္ စိတ္သက္သာရာရသြားတယ္။ အနာဂတ္မွာ သူမရဲ႕မိသားစုကို ေထာက္ပံ့ဖို႔ အေသးစား စီးပြားေရးလုပ္ငန္းတခ်ိဳ႕လုပ္ၿပီး ပိုက္ဆံရွာရင္လည္း ထူးဆန္းေနၾကမွာ မဟုတ္ဘူး။
သူမအတြက္ သက္ေတာင့္သက္သာျဖစ္ေစတဲ့ ပတ္ဝန္းက်င္ကို ဖန္တီးေပးလို႔ ကူးေျပာင္းေပးသူေလးကို ေက်းဇူးတင္ဖို႔လိုတယ္။ ေကာလဟလေတြကေနတဆင့္ ဧကရာဇ္ေဟာင္းနဲ႔ လက္ရွိဧကရာဇ္ အေၾကာင္းၾကားခဲ့ရၿပီး ေရွာင္ေခ်ာင္းက သူတို႔ကလည္း သူမလိုဘဲ ဝိဉာဥ္ေျပာင္းလာတာဆိုတာကို အတည္ျပဳခဲ့တယ္။ ဒီႏွစ္ေယာက္ ရွိၿပီးတည္းက တျခားသူေတြလဲ ရွိႏိုင္တာပဲ။
သူမမွာ ရည္မွန္းခ်က္ ႀကီးႀကီးမားမားေတာ့ မရွိပါဘူး။ သူမက ကိုယ္ပိုင္မိသားစုေလးကို တိတ္တဆိတ္ ကာကြယ္ခ်င္ၿပီး လယ္သမားေကာင္မေလးအျဖစ္ ေပ်ာ္႐ႊင္စြာ ေနသြားခ်င္တယ္။ သူမ အႀကံအသစ္ေတြထုတ္ၿပီး ဝင္ေငြရွာမယ္ေပါ့။
'ေမြးရပ္ေျမတူတဲ့သူေတြ တစ္ေယာက္နဲ႔တစ္ေယာက္ေတြ႕တဲ့အခါ သူတို႔ရဲ႕ မ်က္လုံးေတြက ဝမ္းသာမႈ မ်က္ရည္ေတြနဲ႔ ျပည့္ေနတယ္' ဆိုတဲ့စကားပုံက ေျပာင္းလာတဲ့သူတိုင္းကို သုံးလို႔မရဘူး။
သူမက တျခားသူတစ္ဦးရဲ႕ အေျမႇာက္စာ မျဖစ္ခ်င္ဘူးေလ။ အနာဂတ္မွာ မထင္ေပၚေအာင္ေနမွ ျဖစ္မယ္ထင္တယ္။
"ေရွာင္လ်န္ရဲ႕လက္ရာက ပိုပိုၿပီးေကာင္းလာတာပဲ! မၾကာခင္ မင္းအေမကိုေတာင္ ေက်ာ္သြားမယ္ထင္တယ္။ အိုး ဒီတစ္ခါ ဒီဇိုင္းပုံစံေဖာ္ထားေတြက ၿပိဳင္ဘက္ကင္းၿပီး အေရာင္စပ္ထားတာလည္း အဆန္းေလးပဲ ဒီပန္းထိုးထားတဲ့ အိတ္ငါးခုအတြက္ ေဈးျမႇင့္ေပးမယ္ေနာ္ မင္းအေမကိုေပးတဲ့ ပမာဏနဲ႔တူတူပဲ။ တစ္အိတ္ကို ေၾကးဒဂၤါး ႏွစ္ဆယ္ ေပးမယ္။ အနာဂတ္မွာ ဒီလို ပိုက္ဆံအိတ္ေတြမ်ားမ်ား ထပ္လုပ္မယ္ဆိုရင္ ငါမင္းကို ေနာက္ထပ္ေဈးပိုေပးမယ္"
အရင္တုန္းက ေရွာင္လ်န္ ပိုက္ဆံအိတ္ေတြက တစ္ခုကို ေၾကးဒဂၤါး၁၅ျပား ရတယ္။ ဒါေၾကာင့္
အရင္ကထက္ သူက ေၾကးဒဂၤါး ႏွစ္ဆယ့္ငါးျပား ပိုဝင္ခဲ့ၿပီျဖစ္သည္။ ဒီအခ်က္အလက္ေၾကာင့္ ေရွာင္ေခ်ာင္းက အသိအမွတ္ျပဳ ခ်ီးက်ဴးခံသင့္သည္။ ဘာလို႔ဆို ဒီဇိုင္းပုံေဖာ္ထားတာကို သူမလုပ္ထားတာေၾကာင့္ ျဖစ္သည္။
အရင္ဘဝမွာ သူမက အႏုပညာမွာ စိတ္ဝင္စားတယ္။ သူမမိဘေတြသာ မေတာ္တဆမျဖစ္ခဲ့ရင္ သူမက အထက္တန္းေက်ာင္းမွာ အထူးတန္းထဲ ဝင္ေလာက္သည္။ သူမက အသားႏွပ္ဆိုင္ကို လႊဲေျပာင္းယူၿပီးေနာက္ အားလပ္ခ်ိန္ေတြမွာ ဝါသနာအရ ပန္းနဲ႔သစ္ပင္ေတြကို ဆြဲရတာႀကိဳက္ခဲ့တယ္။ သူမ ေျပာင္းလာၿပီးတဲ့ေနာက္မွာ ဒီစြမ္းရည္ကို အသုံးခ်ႏိုင္ၿပီး ပိုက္ဆံဝင္လာလိမ့္မယ္လို႔ မေမွ်ာ္လင့္ထားခဲ့ဘူး။
ပိုက္ဆံေတြကို လုံၿခဳံစြာ ထားၿပီးတဲ့ေနာက္မွာ ေရွာင္ေခ်ာင္းက သူ႔ေမာင္ေလးကို လက္သမားဆိုင္ကို ေခၚလာခဲ့တယ္။ လက္သမားဆိုင္မွာ အရင္တေခါက္က အထက္ဖားေအာက္ဖိ အလုပ္သမားက ဆိုင္မွာ ရွိေနေလတယ္။ သူက လက္ရွိ သူ႔ေျခေထာက္ေတြယွက္ၿပီး ထိုင္ခုံမွာ ထိုင္ေနၿပီး ငိုက္ျမည္းေနတယ္။ ယြီဟန္ကို သူ႔ေမာင္ႏွမေတြ လိုက္ရွာေနတာ သူၾကားတဲ့အခါ သူက အင္တင္တင္နဲ႔ မတ္တပ္ရပ္ၿပီး ၿငီးတြားခဲ့တယ္
"ယြီဟန္ကို ရွာတာလား။ လြန္ခဲ့တဲ့ ၁၂ရက္ေလာက္ကမွ အဲ့ကေလး အိမ္ျပန္ေသးတယ္မလား တကယ္ကို စိတ္ပ်က္စရာေကာင္းတယ္!"
ယြီဟန္ ထြက္လာတဲ့အခါမွာ သူက ေရွာင္ေခ်ာင္း ႏွစ္သစ္မတိုင္ခင္က ေပးထားတဲ့ ဂြမ္းကပ္အေႏြးထည္ေလး ဝတ္ထားတယ္။ အဲ့တာက ႏွစ္လေက်ာ္ေလာက္သာရွိေပမယ့္ အေပၚဝတ္မွာ အေပါက္ေတြအမ်ားႀကီး ရွိၿပီး အထဲက ဝါးဂြမ္းေတြေတာင္ထြက္လို႔။ သူမရဲ႕အစ္ကိုက သူ႔ကိုယ္ပိုင္ အဝတ္နဲ႔ပိုင္ဆိုင္တာေတြကို ခ်စ္ျမတ္ႏိုးတတ္သူဆိုတာ ေရွာင္ေခ်ာင္းက နားလည္သေဘာေပါက္ထားတယ္။ ဒါေၾကာင့္ သူ႔ အဝတ္အစားအသစ္ေတြက ဒီလိုျဖစ္သြားတာေတာ့ ထူးဆန္းေနသည္။

.........

[Unicode]
အပိုင်း ၇၃ (တိတ်တိတ်လေး သည်းညည်းခံနေခြင်း)

ဂျုံမှုန့်တွေကို ဆန်ကြမ်းမှုန့်တွေနဲ့အစားထိုးလိုက်ပေမယ့် ဆေးဖက်ဝင်မုန်ညင်းဘိန်းမုန့်ကို ဒယ်စောက်ထဲမှာ ရွှေအိုရောင်ဖြစ်လာတဲ့အထိ ဖုတ်ထားတာဖြစ်တယ်။ တူးသွားတဲ့အနံ့က ဆေးပင်ရဲ့သင်းပျံ့တဲ့အနံ့နဲ့ အတူစုပေါင်းသွားပြီး အရမ်းကိုအရသာရှိနေတယ်။ ဒီမတိုင်ခင် မိသားစုက ဒီလိုအစားအစာမျိုး တစ်ခါမှမစားဖူးတာမို့ စွဲမက်စရာကောင်းတဲ့အရသာက ချက်ချင်းကို လွှမ်းမိုးသွားတယ်။
အမျိုးသမီးလျိုက သူမနှလုံးသားထဲမှာ အဲ့တာကို တိတ်တိတ်လေးသတိရပြီး အပြုံးလေးနဲ့ပြောလိုက်တယ်။ " ဂျုံမှုန့်မပါဘဲနဲ့ ပဲမှုန့်နဲ့ နှံစားပြောင်းမှုန့်တွေနဲ့တင် ဒီလောက်အရသာရှိအောင်လုပ်နိုင်မယ်လို့ မတွေးမိဖူးဘူး။ ချောင်းအာ, ဒီနည်းကလည်း သမီးကို နတ်ဘုရားသင်ပေးခဲ့တဲ့နည်းလား"
အားရပါးရ ဘိန်းမုန့်ကိုစားနေတဲ့ ယွီရှောင်ချောင်းက သူမအမေရဲ့မေးခွန်းကိုကြားတဲ့အခါ ကြက်သေ သေသွားခဲ့တယ်။ ထို့နောက် ချက်ချင်းဖြေလိုက်တယ်။
"သမီးလည်း မသိဘူး သမီးနိုးလာတော့ ဘယ်လိုလုပ်ရမလဲဆိုတာ သိနေရုံပဲ။ ဒီလိုဆေးပင်အမျိုးအစားကို အခုချိန်တူးလို့ရမယ်ဆိုတာနဲ့ သူတို့ကို ချက်ပြုတ်ရမယ့်နည်းတွေကို သမီးအိပ်မက်ထဲမှာ တစ်ယောက်ယောက်က လာပြောသွားသလိုပဲ အဖေနဲ့အမေ , ပေါက်စီကိုစားကြည့် ဒါက နံပြားထက် အရသာပိုရှိတယ်"
ပေါက်စီကို ပြုလုပ်တုန်းက ရှောင်ချောင်းက တို့ဟူးကြော်နဲ့ ငရုတ်လှော်ကိုလည်း ထည့်ခဲ့တယ်။ ပြီးတော့ အမေဘက်က အဘွားပို့ပေးလိုက်တဲ့ ၁ ကျင်းနီးပါးရှိတဲ့ ဟင်းရွက်ဆီထဲကမှ တစ်ဇွန်းစာ သုံးလိုက်တယ်။ ဒါကအမျိုးသမီးလျိုကို ရင်အောင့်သွားစေတယ်။ အဲ့တာအပြင် ပေါက်စီရဲ့အပြင်အကာကိုပြုလုပ်ဖို့ ဂျုံမှုန့်ကိုလက်နှစ်ဆုပ်စာ သုံးလိုက်တာကလည်း အမျိုးသမီးလျိုရဲ့ထင်မြင်ချက်ကတော့ အရမ်းဖြုန်းတီးလွန်းတဲ့ပုံပေါ်တယ်။
သူမက ပေါင်းဖိုထဲက ပေါက်စီတွေကို ဖျက်ကနဲကြည့်ပြီး တွန့်ဆုတ်သွားတယ်။ အဲ့ဒီနောက် သူမက တစ်ခုယူကာ ယွီဟိုင်ကိုပေးလိုက်ပြီးတော့ ပြောတယ်။
"ဘိန်းမုန့် ၂ ခုစားပြီး မုန်ညင်းစွပ်ပြုတ်တစ်ဇလုံသောက်လိုက်လို့ ကျွန်မတော့ဗိုက်ပြည့်နေပြီ ယောက်ျား , ရှင်တစ်ခုလောက်စားကြည့်ပြီး ကျန်တာတွေကို ကလေးတွေအတွက် ထားလိုက်။ စကားမစပ် ရှောင်လျန်, မနက်ဖြန် မြို့ကိုသွားရင် သမီးအစ်ကိုအတွက် ပေါက်စီနည်းနည်း ယူသွားလိုက် သမီး အဲ့မှာရှိနေတုန်း မြို့က ကုန်စုံဆိုင်ဆီကို သမီးအဖေလုပ်ထားတဲ့ ခြင်းတောင်းတွေကိုလည်း ယူသွားလိုက်နော်"
နောက်ဆုံးအကြိမ် ယွီရှောင်ချောင်း မြို့ကိုသွားခဲ့တဲ့အချိန်က သူမ ဖျားချင်ယောင်ဆောင်လို့ သူမအဖေနဲ့ မြို့ကို အလောတကြီးသွားတုန်းကဖြစ်သည်။ အဲ့တာကြောင့် အခု မြို့ကို သွားဖို့အခွင့်အရေးကို သူမကြားလိုက်တဲ့အခါ ချက်ချင်းပြောလိုက်တယ်။
" မနက်ဖြန် သမီးနဲ့ရှီထုန်လေး မြို့ကိုသွားလိုက်မယ်လေ။ ရှောင်လျန်က အိမ်မှာနေပြီး ပန်းထိုးပေါ့"
သူမရဲ့ စိတ်အားထက်သန်တဲ့ အမူအရာကိုမြင်တော့ ယွီဟိုင်က သူမကို မငြင်းပယ်နိုင်ခဲ့ဘဲ
သတိပေးလိုက်တယ်။
"သမီး သွားလို့ရပါတယ် ဒါပေမယ့် ဂရုစိုက်ရမယ်နော်... သူစိမ်းတွေကို စကားမပြောရဘူး။ ရှီထုန်လေး, သားရဲ့အစ်မကို ဂရုစိုက်ရမယ်နော် သူနဲ့ လူမကွဲစေနဲ့"
သူစကားပြောနေစဉ် ပေါက်စီကို တစ်ဝက်ခွဲလိုက်တယ်။ သူ့မိန်းမကို ကြီးတဲ့အပိုင်း ပေးလိုက်ပြီးတော့ ပြောလိုက်တယ်။
" ငါတို့သမီးလက်ရာကို မြည်းကြည့်ရအောင် အရသာကောင်းရင် ငါတို့ ဆေးဖက်ဝင်မုန်ညင်းပင်တွေ များများတူးပြီး နောက်ကျ ဆိပ်ကမ်းမှာ ပေါက်စီတွေရောင်းကြမယ်"
ရှောင်ချောင်းက သူ့စကားကို ကြားတဲ့အခါ ထောက်ခံတဲ့အနေနဲ့ ခေါင်းညိတ်လိုက်တယ်။ သူမအဖေက စီးပွားရေး တယ်ကျွမ်းကျင်တာပဲ။
တုန်ရှန်းရွာကနေ မြို့ကိုသွားဖို့ ၃ နာရီကြာတယ်။ ဒါကြောင့် ရှောင်ချောင်းနဲ့ တစ်ခန်းတည်းနေတဲ့ ရှောင်လျန်က အရုဏ်တက်ချိန်မှာပဲ ရှောင်ချောင်းကို နှိုးလိုက်တယ်။
မောင်နှမတွေ မြို့ကိုသွားမှာကြောင့် ရှောင်လျန်က မသွားခင် သူတို့အစာအိမ်ကိုဖြည့်ဖို့အတွက် မနက်စာ ပြင်ဖို့ စောစောထခဲ့တယ်။ မနက်စာအတွက် သူတို့က နူးညံ့ပြီးပျော့ပျောင်းသည်အထိ ချက်ပြုတ်ထားတဲ့ ကန်စွန်းဥယာဂုကို စားခဲ့ကြတယ်။ မနေ့က နံပြားတွေကိုလည်း အိုးထဲမှာ ပြန်ဖုတ်ထားတယ်။
ရှောင်ချောင်းက ယာဂုကို တစ်ဇလုံအပြည့် သောက်လိုက်ပြီး မုန့်ကိုစားလိုက်တယ်။ အဲ့ဒီနောက် သူမပါးစပ်ကိုသုတ်ပြီး ပြောလိုက်တယ်။
"ငါတော့ ဗိုက်ပြည့်ပြီ ရှီထုန်လေး, မြန်မြန်စား ငါတို့နောက်ကျနေရင် မင်းကို မစောင့်ဘူးနော်"
အမျိုးသမီးလျိုက သူတို့ ဗိုက်ဆာတဲ့အခါ စားနိုင်ဖို့အတွက် ကျန်တဲ့မုန့် ၃ ခုကို အဝတ်အိတ်နဲ့ ထုတ်ထားလိုက်တယ်။ ခဏလောက်တွေးလိုက်ပြီး သူမက ကြိမ်သေတ္တာရဲ့အောက်ခြေက ပိုက်ဆံအိတ်ကို ယူလိုက်တယ်။ သူမက အဲ့ထဲကနေ ကြေးဒင်္ဂါး ၂၀ ကိုထုတ်ပြီး ရှောင်ချောင်းကို ပေးလိုက်တယ်။
ဒီမှာ ဒါကိုယူသွား...မြို့ဈေးကိုသွားတာက သမီးရဲ့ပထမဆုံးအကြိမ်မို့ လိုချင်တာတွေရှိရင် နည်းနည်းဝယ်ခဲ့
ကြေးဒင်္ဂါး ၂၀ က မများသော်လည်း ကြေးဒင်္ဂါး ၂၀၀ ပဲကျန်တဲ့ ယွီမိသားစုအတွက်တော့ အရမ်းတန်ဖိုးရှိတယ်။ ကြေးဒင်္ဂါး ၂၀ က ဂျုံမှုန့် ၂ ကျင်းကျော် ဒါမှမဟုတ် ဆန်ကြမ်းမှုန့် ၄ ကျင်းကျော် ဝယ်ဖို့လုံလောက်တယ်။ ရှောင်ချောင်းက အဲ့တာကို မလိုချင်ပေမယ့် အမျိုးသမီးလျိုက သူမလက်ထဲကို အတင်းထည့်ပေးပြီး ပြောတယ်။
"အဆင်ပြေတယ်ယူလိုက် သမီးမသုံးဖြစ်ရင်သာပြန်ယူခဲ့"
အဲ့ဒီနောက် သူမက အကြီးဆုံးသား ယွီဟန်အတွက် ပေါက်စီ ၅ ခုကိုယူလိုက်ပြီး အဝတ်အိတ်တစ်ခုတည်းမှာပဲ အကုန်လုံးကို ထုတ်ပိုးလိုက်တယ်။ ရှောင်လျန်က သူမအခန်းထဲက ပန်းထိုးထားတဲ့အိတ်ငယ် ၅ ခုကို ယူလာပြီး ပြောတယ်။
"ကျိန်လုံပန်းထိုးအလုပ်ရုံကိုသွားပြီး သူဌေးမလေးကို ဒါတွေပေးလိုက်။ ပြီးရင် ကြေးဒင်္ဂါး ၁၀ ပြားတန်တဲ့ ပိုးအပ်ချည်အချို့ဝယ်လာပေး ကျန်တဲ့ငွေတွေကိုတော့ သကြားလုံးဝယ်စားလို့ရတယ်"
ယွီရှောင်ချောင်းရဲ့ပါးစပ်က ခဏလောက် မဲ့သွားတယ်။ သူမမှာ အသက် ၃၀အရွယ် မိန်းမတစ်ယောက်ရဲ့စိတ်ရှိတယ်လေ။ တစ်ဆိတ်လောက် ငါကိုကလေးလိုမဆက်ဆံလို့မရဘူးလား?
မိသားစုဝင်တွေက ထပ်ခါထပ်ခါ သတိပေးပြီးတဲ့နောက်မှာတော့ မောင်နှမနှစ်ယောက်ရဲ့ မြို့ကိုသွားတဲ့ ခရီးစဉ်က နောက်ဆုံးမှာတော့ စတင်ခဲ့တယ်။ နည်းနည်းလောက် သွားပြီးနောက် သူတို့က အိတ်သေးသေးလေးလွယ်ထားတဲ့ ချန်းဝိန်နဲ့ သူ့ကို တံခါးအပြင်ဘက်ဆီလိုက်ပို့နေတဲ့ အမျိုးသမီးမောက်ကိုတွေ့ခဲ့တယ်။
"မင်းတို့ မောင်နှမတွေ ဘယ်သွားမို့လဲ"
မနေ့က စွပ်ပြုတ်လုပ်ဖို့ အမျိုးသမီးမောက်က ဆေးဖက်ဝင်မုန်ညင်းကိုအသုံးပြုခဲ့တယ်။ ဒါက တော်တော်အရသာရှိတာကြောင့် သူမကလေးတွေအတွက် ပေါက်စီတွေလုပ်ဖို့ သူတို့ကိုခေါ်ပြီး နည်းနည်းပြန်သွားတူးမယ်လို့ စီစဉ်ထားတယ်။
ရှီထုန်လေးက ပုလဲကဲ့သို့ ဖြူဖွေးတဲ့ သွားလေးတွေနဲ့ စိတ်လှုပ်ရှားစွာ အားပါးတရပြုံးလိုက်တယ်။ သူဘယ်ကိုသွားနေတယ်ဆိုတာ တခြားလူတွေမသိမှာများ စိုးနေလားမသိ သူကကျယ်လောင်စွာ အော်ပြောတယ်။
"ဒုတိယအစ်မနဲ့ကျနော်က အစ်ကိုကြီးအတွက် အစာသွပ်ပေါက်စီသွားပို့ကြမို့!"
အမျိုးသမီးမောက်နောက်မှာ ရပ်နေပြီး အိပ်ချင်နေတဲ့မျက်လုံးကို ပွတ်နေတဲ့ ချန်းဝူက သူပြောတာ ကြားတဲ့အခါ ချက်ချင်းတက်ကြွသွားတယ်။
"အမေ, ရှီထုန်နဲ့သား မြို့ထဲမှာ လျှောက်ကစားချင်လို့"
"ဘာကစားမှာလဲ ဂရုမစိုက်မိရင်ပြန်ပေးဆွဲသမားတွေနဲ့ တွေ့သွားမယ်။ ဒီနေ့ မင်းက အမေနဲ့မုန်ညင်းတူးဖို့ လာတာလေ။ မဟုတ်ရင်တော့ မင်း ဒီနေ့ညစာ မစားရဘူး"
အမျိုးသမီးမောက်က ခြံဝင်းထဲမှာ ဒေါသထွက်နေတဲ့ ချန်းဝူကို ဆွဲလိုက်ပြီး သူမအကြီးဆုံးသားကို လှည့်ပြီးစကားပြောလိုက်တယ်။
"လမ်းကိုဂရုစိုက်။ နောက်တစ်ခါပြန်လာရင် အမေက သားအတွက် အရသာရှိတာတွေလုပ်ပေးဦးမယ်"
ရှီထုန်လေးက ချန်းဝိန်ရဲ့အဝတ်အစားကိုကြည့်ပြီး ပြောလိုက်တယ်။
"အကိုရှောင်ဝိန်, စာသင်ဖို့ မြို့ကိုပြန်သွားမလို့လား။ ဒုတိယအစ်မနဲ့ ကျွန်တော်လည်း မြို့သွားမလို့ တူတူသွားကြမယ်လေ"
ယွီရှောင်ချောင်းက ကြီးမားတဲ့အထုပ်အပိုးကို သယ်ရုံသာမက လက်တစ်ဖက်မှာ ခြင်းသေးသေးလေး ၃ ခုနဲ့ နောက်တစ်ဖက်မှာ ခြင်းတောင်းအကြီးကြီးတစ်ခု ကိုင်ထားတာကို ချန်းဝိန်က မြင်တော့ သူကရှေ့ကိုသွားပြီး သူမလက်ထဲက ခြင်းကိုယူပြီး ပြောလိုက်တယ်။
"မြို့ရောက်ဖို့ အကြာကြီးသွားရမှာ မင်း ပစ္စည်းတွေအများကြီးသယ်ရင် သိပ်မကြာခင် ပင်ပန်းလာလိမ့်မယ် ငါခြင်းတောင်းကူသယ်ပေးမယ်"
"မလိုဘူး မလိုပါဘူး! ကျွန်မ ပင်ပန်းတဲ့အခါကျ ရှီထုန်လေးနဲ့လဲလို့ရတယ်"
ယွီရှောင်ချောင်းက ခြင်းတောင်းကို တင်းကြပ်စွာဆုပ်ကိုင်ထားပြီး မလွှတ်ပေးပေမယ့် သူမက ချန်းဝိန်လောက်တော့ ဘယ်သန်ပါ့မလဲ။ အဲ့တာကြောင့် သူက သူမလက်ထဲက ခြင်းတောင်းကိုနောက်ဆုံးတော့ ဆွဲယူနိုင်လိုက်တယ်။ ရှောင်ချောင်းက မတတ်နိုင်ဘဲ သူ့ကိုကျေးဇူးတင်လိုက်ရုံသာဖြစ်တယ်။
ယွီရှောင်ချောင်းရဲ့ အတွေးအရ သူမက ခရီးရှည်နဲ့ တကယ်မသင့်တော်ဘူး။ အံ့ဖွယ်ကျောက်တုံးရေနဲ့ အားဖြည့်ပေးပြီးတဲ့နောက်မှာ သူမရဲ့ ခန္ဓာကိုယ်က ပုံမှန်ထက်ပိုကောင်းလာတယ်လို့ ထင်ခဲ့မိတယ်။ သူမက ကီလိုမီတာတော်တော်များများ လမ်းလျှောက်နိုင်လိမ့်မယ်လို့ ထင်ခဲ့ပေမယ့် သူမကိုယ်သူမ အရမ်း မျှော်လင့်မိခဲ့တာပဲ။ သူမ လမ်းပိုလျှောက်လေ သူမ လက်ထဲက အရာတွေက ပိုလေးလာလေလဲ။ နောက်ထပ်ခြေလှမ်းလှမ်းဖို့ သူမအတွက် ပိုပြီးခက်ခဲလာခဲ့တယ်။
ကံကောင်းစွာနဲ့ တစ်ဖက်ရွာက မြည်းလှည်းရှိတဲ့ဦးလေးမာက လူတွေ အများကြီးကိုတင်ပြီး မြို့ကို သွားနေကြတာနဲ့ ကြုံတော့သည်။ ကလေးသုံးယောက်ကို မြင်တဲ့အခါ ဦးလေးမာက နွေးထွေးစွာ နှုတ်ဆက်လာတယ်။
"မင်းတို့တွေလိုက်မလား...ငါမင်းတို့သုံးယောက်ကို နှစ်ယောက်စာပဲ ယူမယ်လေ"
မြည်းလှည်းပေါ်က အဖွဲ့သုံးဖွဲ့က မြို့ကို မြန်မြန်ပဲ ရောက်ခဲ့ကြတယ်။ ချန်းဝိန်က ဒီမောင်နှမနှစ်ယောက်ရဲ့ လုံခြုံရေးကို စိုးရိမ်နေခဲ့ပြီး နူးညံ့တဲ့အသံနဲ့ ပြောတယ်။
"ရှောင်ချောင်း မြို့မှာက လူမျိုးစုံရှိတာ! ငါနဲ့ ကျောင်းဆီအရင်လိုက်ပြီး ငါ့ပစ္စည်းတွေထားပြီးတာနဲ့ မင်းတို့အကိုကြီးဆီ ခေါ်သွားပေးမယ်ဆိုရင်ကော"
ယွီရှောင်ချောင်းက ယဉ်ကျေးစွာ ငြင်းပယ်လိုက်တယ်။
"မလိုပါဘူး ကျေးဇူးတင်ပါတယ် မောင်လေးနဲ့ကျွန်မ အရင်က မြို့ကိုရောက်ဖူးတယ်။ ဒါကြောင့် လမ်းတွေကို ရင်းနှီးတယ်။ ကျွန်မတို့ အကိုရှောင်ဝိန်ရဲ့ စာလေ့လာမှုကို ထပ်ပြီး မနှောင့်နှေးစေချင်လို့ပါ"
"တာ့တာ အကို ရှောင်ဝိန်"
ရှီထုန်လေးက သူ့ကို လက်ပြခဲ့ပြီး သူရဲ့ ကြီးမားပြီး ဝိုင်းနေတဲ့ မျက်လုံးတွေနဲ့ လျှောက်ပတ်ကြည့်နေခဲ့တယ်။
ရှောင်ချောင်းနဲ့ သူမမောင်လေးက ချန်းဝိန်ကို လှိုက်လှဲစွာ နှုတ်ဆက်ပြီးတဲ့နောက် ကုန်စုံဆိုင်ကို သွားမယ့် လမ်းကို စုံစမ်းပြီး ဝါးတောင်းတွေပို့ဖို့ အဆင်သင့်ပြင်လိုက်ကြတယ်။ ကုန်စုံဆိုင်က လူသူကင်းတဲ့ နေရာမှာ တည်ရှိတယ်။ ဈေးဆိုင်ပိုင်ရှင်က မောင်နှမနှစ်ယောက် ရက်လုပ်ထားတဲ့ ခြင်းတောင်းအသစ်တွေ သယ်လာတာကို မြင်တဲ့အခါ ဒုက္ခရောက်နေတဲ့ မျက်နှာအမူအရာနဲ့ ပြောတယ်။
"ရှောင်လျန် မင်း နောက်ထပ် ခြင်းတောင်းတွေ ထပ်ပို့ပြန်ပြီလား အခုက စိုက်ပျိုးရေးရာသီမဟုတ်လို့ ဝါးပစ္စည်းတွေ မဝယ်ကြဘူး။ မင်း နောက်ဆုံးအချိန်တုန်းက ယူခဲ့တာတွေတောင် ငါမရောင်းရသေးဘူး။ အခုတော့ ငါမင်းကို ခက်ခဲအောင်မလုပ်ချင်လို့ ဒီပစ္စည်းတွေ လက်ခံလိုက်မယ်။ ဒါပေမယ့် နောက်ကျ ထပ်ပို့ဖို့ မလိုတော့ဘူး"
ရှောင်ချောင်းက ဆိုင်ရှင် လူမှားပြောတာကို ပြင်မနေတော့ပါဘူး။ သူမက ဆိုင်ရှင်ကို ကျေးဇူးတင်ခဲ့ပြီးနောက် သူမမောင်လေးရဲ့ လက်ကို တိတ်ဆိတ်စွာကိုင်ပြီး လမ်းပေါ်ကို လမ်းလျှောက်လာခဲ့တယ်။ သူမ စိတ်ဓာတ်ကျနေခဲ့တယ်။ သူမ အဖေက ဝါးတောင်းတွေ ရောင်းခြင်းကနေ ပိုက်ဆံတချို့ရမယ် မျှော်လင့်နေပေမယ့် ဒီဝါးပစ္စည်းတွေ ရက်လုပ်တာရဲ့ အဓိကရည်ရွယ်ချက်က ပိုက်ဆံကြောင့်မဟုတ်ဘူး။ ဝါးပစ္စည်းတွေ ရက်လုပ်ခြင်းကနေ သူမအဖေက သူ့ကိုယ်သူ အသုံးမဝင်တဲ့လူ မဟုတ်ဘူးဆိုတာ သက်သေပြချင်နေပုံပေါ်သည်။
သူ့အဖေခြေထောက် မကြာခင်ပြန်ကောင်းမယ်ဆို ကောင်းမှာပဲ။
သူတို့ ကျိန်းလုံ ပန်းထိုးအလုပ်ရုံကိုရောက်တဲ့အခါ သူဌေးအမျိုးသမီးက သူတို့ကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့တယ်။
"အိုး ရှောင်လျန် ငါမင်းကို ရက်အနည်းငယ်ပဲ မတွေ့ရပေမယ့် မင်းအသားက ပိုပြီး ဖြူလာလိုက်တာ ပိုပြီးလည်း လှလာသေးတယ် မိန်းကလေးတွေက အသက်ကြီးလာတာနဲ့ ပြောင်းလဲလာကြတယ်ဆိုတာ တကယ်ပဲ"
အရင်ဧကရာဇ်ဟောင်း ထီးနန်းတက်ပြီးနောက် 'အမျိုးသမီးနဲ့အမျိုးသားကြားက တန်းတူအခွင့်အရေး' အကြောင်း သူက စိတ်အားထက်သန်စွာ ကြေညာခဲ့တယ်ဆိုတာကို ယွီရှောင်ချောင်းက သိထားတယ်။ နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ထိုမူဝါဒက မတည်မြဲခဲ့ပေ။ သို့ရာတွင် အမျိုးသမီးတွေရဲ့ အဆင့်အတန်းက အမှန်တကယ် တိုးတက်လာခဲ့တယ်။ လမ်းပေါ်မှာ လမ်းလျှောက်နေတဲ့ ဈေးဝယ်နေတဲ့ အမျိုးသမီးတွေကို နေရာတိုင်းမှာ တွေ့နိုင်တယ်။ အမျိုးသမီးတစ်ယောက်က ကျိန်းလုံ ပန်းထိုးအလုပ်ရုံကလို သူဌေးတစ်ယောက်ဖြစ်နေတာ သိပ်တော့ထူးဆန်းမနေဘူး။
ရှောင်ချောင်း ဒီနေရာကို ပြောင်းရွှေ့လာတာကို အနည်းငယ် စိတ်သက်သာရာရသွားတယ်။ အနာဂတ်မှာ သူမရဲ့မိသားစုကို ထောက်ပံ့ဖို့ အသေးစား စီးပွားရေးလုပ်ငန်းတချို့လုပ်ပြီး ပိုက်ဆံရှာရင်လည်း ထူးဆန်းနေကြမှာ မဟုတ်ဘူး။
သူမအတွက် သက်တောင့်သက်သာဖြစ်စေတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးလို့ ကူးပြောင်းပေးသူလေးကို ကျေးဇူးတင်ဖို့လိုတယ်။ ကောလဟလတွေကနေတဆင့် ဧကရာဇ်ဟောင်းနဲ့ လက်ရှိဧကရာဇ် အကြောင်းကြားခဲ့ရပြီး ရှောင်ချောင်းက သူတို့ကလည်း သူမလိုဘဲ ဝိဉာဉ်ပြောင်းလာတာဆိုတာကို အတည်ပြုခဲ့တယ်။ ဒီနှစ်ယောက် ရှိပြီးတည်းက တခြားသူတွေလဲ ရှိနိုင်တာပဲ။
သူမမှာ ရည်မှန်းချက် ကြီးကြီးမားမားတော့ မရှိပါဘူး။ သူမက ကိုယ်ပိုင်မိသားစုလေးကို တိတ်တဆိတ် ကာကွယ်ချင်ပြီး လယ်သမားကောင်မလေးအဖြစ် ပျော်ရွှင်စွာ နေသွားချင်တယ်။ သူမ အကြံအသစ်တွေထုတ်ပြီး ဝင်ငွေရှာမယ်ပေါ့။
'မွေးရပ်မြေတူတဲ့သူတွေ တစ်ယောက်နဲ့တစ်ယောက်တွေ့တဲ့အခါ သူတို့ရဲ့ မျက်လုံးတွေက ဝမ်းသာမှု မျက်ရည်တွေနဲ့ ပြည့်နေတယ်' ဆိုတဲ့စကားပုံက ပြောင်းလာတဲ့သူတိုင်းကို သုံးလို့မရဘူး။
သူမက တခြားသူတစ်ဦးရဲ့ အမြှောက်စာ မဖြစ်ချင်ဘူးလေ။ အနာဂတ်မှာ မထင်ပေါ်အောင်နေမှ ဖြစ်မယ်ထင်တယ်။
"ရှောင်လျန်ရဲ့လက်ရာက ပိုပိုပြီးကောင်းလာတာပဲ! မကြာခင် မင်းအမေကိုတောင် ကျော်သွားမယ်ထင်တယ်။ အိုး ဒီတစ်ခါ ဒီဇိုင်းပုံစံဖော်ထားတွေက ပြိုင်ဘက်ကင်းပြီး အရောင်စပ်ထားတာလည်း အဆန်းလေးပဲ ဒီပန်းထိုးထားတဲ့ အိတ်ငါးခုအတွက် ဈေးမြှင့်ပေးမယ်နော် မင်းအမေကိုပေးတဲ့ ပမာဏနဲ့တူတူပဲ။ တစ်အိတ်ကို ကြေးဒင်္ဂါး နှစ်ဆယ် ပေးမယ်။ အနာဂတ်မှာ ဒီလို ပိုက်ဆံအိတ်တွေများများ ထပ်လုပ်မယ်ဆိုရင် ငါမင်းကို နောက်ထပ်ဈေးပိုပေးမယ်"
အရင်တုန်းက ရှောင်လျန် ပိုက်ဆံအိတ်တွေက တစ်ခုကို ကြေးဒင်္ဂါး၁၅ပြား ရတယ်။ ဒါကြောင့်
အရင်ကထက် သူက ကြေးဒင်္ဂါး နှစ်ဆယ့်ငါးပြား ပိုဝင်ခဲ့ပြီဖြစ်သည်။ ဒီအချက်အလက်ကြောင့် ရှောင်ချောင်းက အသိအမှတ်ပြု ချီးကျူးခံသင့်သည်။ ဘာလို့ဆို ဒီဇိုင်းပုံဖော်ထားတာကို သူမလုပ်ထားတာကြောင့် ဖြစ်သည်။
အရင်ဘဝမှာ သူမက အနုပညာမှာ စိတ်ဝင်စားတယ်။ သူမမိဘတွေသာ မတော်တဆမဖြစ်ခဲ့ရင် သူမက အထက်တန်းကျောင်းမှာ အထူးတန်းထဲ ဝင်လောက်သည်။ သူမက အသားနှပ်ဆိုင်ကို လွှဲပြောင်းယူပြီးနောက် အားလပ်ချိန်တွေမှာ ဝါသနာအရ ပန်းနဲ့သစ်ပင်တွေကို ဆွဲရတာကြိုက်ခဲ့တယ်။ သူမ ပြောင်းလာပြီးတဲ့နောက်မှာ ဒီစွမ်းရည်ကို အသုံးချနိုင်ပြီး ပိုက်ဆံဝင်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
ပိုက်ဆံတွေကို လုံခြုံစွာ ထားပြီးတဲ့နောက်မှာ ရှောင်ချောင်းက သူ့မောင်လေးကို လက်သမားဆိုင်ကို ခေါ်လာခဲ့တယ်။ လက်သမားဆိုင်မှာ အရင်တခေါက်က အထက်ဖားအောက်ဖိ အလုပ်သမားက ဆိုင်မှာ ရှိနေလေတယ်။ သူက လက်ရှိ သူ့ခြေထောက်တွေယှက်ပြီး ထိုင်ခုံမှာ ထိုင်နေပြီး ငိုက်မြည်းနေတယ်။ ယွီဟန်ကို သူ့မောင်နှမတွေ လိုက်ရှာနေတာ သူကြားတဲ့အခါ သူက အင်တင်တင်နဲ့ မတ်တပ်ရပ်ပြီး ငြီးတွားခဲ့တယ်
"ယွီဟန်ကို ရှာတာလား။ လွန်ခဲ့တဲ့ ၁၂ရက်လောက်ကမှ အဲ့ကလေး အိမ်ပြန်သေးတယ်မလား တကယ်ကို စိတ်ပျက်စရာကောင်းတယ်!"
ယွီဟန် ထွက်လာတဲ့အခါမှာ သူက ရှောင်ချောင်း နှစ်သစ်မတိုင်ခင်က ပေးထားတဲ့ ဂွမ်းကပ်အနွေးထည်လေး ဝတ်ထားတယ်။ အဲ့တာက နှစ်လကျော်လောက်သာရှိပေမယ့် အပေါ်ဝတ်မှာ အပေါက်တွေအများကြီး ရှိပြီး အထဲက ဝါးဂွမ်းတွေတောင်ထွက်လို့။ သူမရဲ့အစ်ကိုက သူ့ကိုယ်ပိုင် အဝတ်နဲ့ပိုင်ဆိုင်တာတွေကို ချစ်မြတ်နိုးတတ်သူဆိုတာ ရှောင်ချောင်းက နားလည်သဘောပေါက်ထားတယ်။ ဒါကြောင့် သူ့ အဝတ်အစားအသစ်တွေက ဒီလိုဖြစ်သွားတာတော့ ထူးဆန်းနေသည်။

.........

Continue Reading

You'll Also Like

307K 30.6K 62
CHAPTERS 148 (completed) ကွကိုဖတ်ချင်လို့ ဘာသာပြန်တာပါ..ဘယ်သူ့ဆီမှ ခွင့်ပြုချက် မတောင်းထားပါဘူး..တခြားလူပြန်ထားတာတွေ့ရင် ပြောပါ..ချက်ချင်းပြန်ဖျက်ပေး...
832K 147K 186
bl ဘာသာပြန် ဝတ္ထုဖြစ်တယ်။
2.8M 185K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022