သက်တန့်ရောင် မိန်းမပျို Book...

By CharmZoey

649K 84.2K 679

ခေါင်းစဉ် - သက်တန့်ရောင် မိန်းမပျို (ဘာသာပြန်) မူရင်းခေါင်းစဉ် - Fields of Gold အမျိုးအစား - သဘာဝလွန်၊ စိတ်ကူ... More

Intro
အပိုင္း၁ (ေပါက္စီတစ္လုံးေၾကာင့္ အသတ္ခံရျခင္း)
အပိုင္း၂ (အက်င့္ပုတ္တဲ့ အဘြား)
အပိုင္း၃ (ထူးဆန္းတဲ့ ေရာင္စုံေက်ာက္တုံး )
အပိုင္း၄ (သူမမွာ ေကာင္းမြန္တဲ့ အေဖရွိတယ္)
အပိုင္း၅ (မ်က္ေတာင္မခတ္ပဲလိမ္လည္ျခင္း)
အပိုင္း၆ (ပင္လယ္စာ ေကာက္ယူျခင္း)
အခန္း ၇ - အလွေလးကိုကယ္တင္ျခင္း
အပိုင္း ၈ (ထူးျခားတဲ့ ေနာက္ခံ)
အပိုင္း၉ (အက်ိဳးမ်ားတဲ့ ခရီးတို)
အခန္း၁၀ (လ်ိဳ႕ဝွက္အႀကံအစည္)
အခန်း ၁၁
အပိုင္း ၁၂ (က်ိန္ရႈံစားေသာက္ဆိုင္ရဲ႕
အပိုင္း ၁၃ (လုံးဝရႈပ္ေထြးေနေသာ)
အပိုင္း ၁၄ (လိမ္ရလြယ္တဲ့သားေကာင္)
အခန္း ၁၅ (အေကာင္းဆုံးဟင္းခတ္အေမႊးအႀကိဳင္)
အခန္း ၁၆ (ေဈးဝယ္ထြက္ျခင္း)
အပိုင္း ၁၇ (မိဘရဲ႕ ခ်စ္ျခင္းတရား)
အပိုင္း ၁၈ (ေတာင္ေပၚက ေကာင္ေခ်ာေလး)
အပိုင္း ၁၉ ( အကိုဟန႔္ေနာက္ကိုလိုက္ရင္ စားဖို႔အသားရွိတယ္ )
အပိုင္း ၂၀ (အံ့ဖြယ္ေက်ာက္တုံး ျပန္လာျခင္း)
အပိုင္း ၂၁ -အသားကင္တတ္တဲ့သူက အေခ်ာဆုံးပဲ!
အပိုင္း ၂၂ (လမ္းမွာေတြ႕ရတဲ့ အတားအဆီး)
အပိုင္း ၂၃ (အငယ္ဆုံးဦးေလး အိမ္ျပန္လာၿပီ)
အခန္း ၂၄ (ေျမႇာက္ပင့္ျခင္း)
အပိုင္း ၂၅ (ခ်ီးမြမ္းျခင္း)
အပိုင္း၂၆ (ဂုဏ္သိကၡာ)
အပိုင္း ၂၇ ( အလုပ္သင္ )
အပိုင္း ၂၈ (ပိုက္ဆံစုေဆာင္းျခင္း)
အပိုင္း ၂၉ (ေထာင္ေခ်ာက္ဆင္ျခင္း)
အပိုင္း ၃၀ (ထူးျခားမႈ)
အပိုင္း၃၁ (ေကာင္ေခ်ာေလးေနာက္တစ္ေယာက္)
အခန္း ၃၂ (အစားမက္သူ)
အပိုင္း ၃၃ -(အ႐ိုက္ခံရျခင္း)
အပိုင္း ၃၄ (ေဆးပညာသင္ယူျခင္း)
အပိုင္း-၃၅ ( ခ်စ္စရာ အိမ္ေမြးတိရိစာၦန္)
အပိုင္း ၃၆ (သဘာဝရဲ႕လက္ေဆာင္)
အပိုင္း ၃၇ - (ဆိပ္ကမ္း)
အပိုင္း ၃၈ - (ေတာ္ဝင္မင္းသား)
အပိုင္း ၃၉ (ေက်းဇူးတင္ျခင္းသေကၤတ)
အခန္း ၄၀ (ျမင့္မားေသာအထြက္ႏႈန္း)
အပိုင္း ၄၁ - (ျပင္းထန္စြာ ဖ်ားနာမႈ)
အပိုင္း၄၂ (ေဆာင္းတြင္းကပ္ေဘးဒုကၡ)
အပိုင္း -၄၃ ( အၾကင္နာတရားမရွိဘူး )
အပိုင္း -၄၄( ခါးသီးတဲ့စိတ္ထိခိုက္မႈ )
အပိုင္း ၄၅ (ခ်မ္းသာလာျခင္း)
အပိုင္း ၄၆ (အေၾကာင္းျပခ်က္ဖန္တီးျခင္း)
အပိုင္း ၄၇ (ျပစ္ဒဏ္)
အပိုင်း ၄၉ (အတွေးစိတ်ကူးများ)
အပိုင်း ၄၈ (အပြောင်းအလဲတစ်ခု)
အပိုင်း၅၀ (ပိုက်ဆံလက်ဆောင်)
အခန္း၅၁ (စီးပြားေရးရင္းႏွီးျမႇဳပ္ႏွံမႈ)
အပိုင်း-၅၂ (အိမ်ကိုအလည်လာခြင်း)
အပိုင်း ၅၃ (ရှင်ယာဝင်ဖြစ်လာခြင်း)
အပိုင်း ၅၄ - (ကြော်ငြာခြင်း)
အပိုင်း၅၅ (နှစ်သစ်ကူး)
အပိုင်း ၅၆ (ဒုက္ခရောက်သောနှစ်)
အပိုင်း ၅၇ - (ဘေးအန္တရာယ်)
အပိုင်း ၅၈ (ဖြတ်တောက်ခြင်း)
အပိုင်း ၅၉ (အတိတ်)
အပိုင်း ၆၀ (သတိလစ်မေ့မျောခြင်း )
အပိုင်း၆၂ (ရောင်းစားခံရခြင်း)
အပိုင်း ၆၃ - မိသားစုကွဲခြင်း (၁)
အပိုင်း ၆၄ - မိသားစုကွဲခြင်း ( ၂ )
အပိုင်း ၆၅ (နေအိမ်ဟောင်း)
အပိုင်း ၆၆ (မိခင်ဘက်မှမိသားစု)
အပိုင်း ၆၇ (အိမ်ပြင်ခြင်း)
အပိုင်း ၆၈ (ပိုကောင်းတဲ့အရွေ့အပြောင်း)
အပိုင်း ၆၉ (ငွေရှာမည့်အရင်းအမြစ်များကိုတိုးချဲ့ခြင်း)
အပိုင်း၇၀ (ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း)
အပိုင်း ၇၁ (ချစ်စရာကောင်းတဲ့လူငယ်လေး)
အပိုင်း၇၂ (ပေါက်စီ)
အပိုင်း ၇၃ (တိတ်တိတ်လေး သည်းညည်းခံနေခြင်း)
အပိုင်း၇၄ (လက်တွဲလုပ်ဆောင်မှု)
အပိုင်း၇၅ (ကူညီခြင်း)
အပိုင်း ၇၆ (အံ့ဩစရာကောင်းလိုက်တာ!)
အပိုင်း ၇၇ (အသားနှပ်)
အပိုင္း၇၈ (ဆိုင္ဖြင့္တဲ့ေန႔)
အပိုင်း ၇၉ (ဝက်ခေါင်း)
အပိုင်း၈၀ (ပြဿနာတက်ခြင်း)
အပိုင်း ၈၁ (လျှို့ဝှက်ချက်ပြုတ်နည်း)
အပိုင်း ၈၂ (အရသာသစ်)
အပိုင်း၈၃ (ကျော်ကြားတဲ့ပညာရှိ)
အပိုင်း ၈၄ (အစားကြီးသူ)
အပိုင်း ၈၅ (တပည့်တစ်ယောက်အဖြစ်လက်ခံခြင်း)
အပိုင်း၈၆ (ငါးဖမ်းခြင်း)
အပိုင်း ၈၇ (ငါးချဉ်)
အပိုင်း၈၈ (အဖေနဲ့သမီး)
အခန်း ၈၉ (ကျောင်းလခ)
အပိုင်း ၉၀ (လျို့ကော)
အခန်း၉၁ (ကြေးမြင့်တဲ့ပေးချေမှု)
အပိုင်း ၉၂ ( စိုနေတဲ့ဆန် )
အပိုင်း ၉၃ (အထင်ကြီးစရာဧည့်သည်)
အပိုင်း ၉၄ (မြည်းလှည်း)
အပိုင်း ၉၅ (ကျောင်းတက်ခြင်း)
အပိုင်း ၉၆ (အပူအပင်)
အပိုင်း ၉၇ (ဖျားနာနေသောမြည်း)
အပိုင်း ၉၈ (ဝေစု)
အပိုင်း ၉၉ - တွေ့ဆုံဖို့ အခွင့်အရေး
အပိုင်း ၁၀၀ (အချိန်အခါမဟုတ်အိမ်ကိုလာခြင်း)
အပိုင်း၁၀၁ (ကျိုးမိသားစု)
အပိုင်း၁၀၂ (အလုပ်မှာရေသာခိုခြင်း)
အပိုင်း ၁၀၃ (အကျင့်ပျက်ခြင်း)
အခန်း ၁၀၄ (လုယက်သူ)
အခန်း ၁၀၅ (ဝိညာဉ်တစ်ခုကိုမြင်ရခြင်း)
အပိုင်း ၁၀၆ (သေလုဆဲဆဲဖြစ်ခြင်း)
အပိုင်း ၁၀၇ (စုံစမ်းမေးမြန်းခြင်း)
အပိုင်း ၁၀၈ (မိုးကြိုး)
အပိုင်း၁၀၉ (မိုးကြိုးပစ်ခြင်း)
အပိုင်း ၁၁၀ (ဝန်ချတောင်းပန်ခြင်း)
အပိုင်း ၁၁၁ (အိမ်ပြန်လာခြင်း)
အခန်း ၁၁၂ (ထွက်ခွာခြင်း)
အပိုင်း ၁၁၃ (ဆေးဖက်ဝင်ဂျင်ဆင်းဘုရင်)
အပိုင်း ၁၁၄ (အကျိုးများတဲ့ခရီးတိုတစ်ခု)
အပိုင်း ၁၁၅ ( အသီးအရွက်များရောင်းခြင်း)
အပိုင်း ၁၁၆ (မင်းသားလေး)
အပိုင်း ၁၁၇ (ဟင်းသီးဟင်းရွက်များကြောင့် ရန်ဖြစ်ကြခြင်း)
အပိုင်း ၁၁၈ (လူကဲခတ်မြန်တဲ့လူကြီးမင်း)
အပိုင်း ၁၁၉ (ကျေနပ်အားရခြင်း)
အပိုင်း ၁၂၀ (ဆုလာဘ်)
အပိုင်း ၁၂၁ (ရင်းနှီးမြှပ်နှံမှု)
အပိုင်း ၁၂၂ (ဝဋ်လည်ခြင်း)
အပိုင်း ၁၂၃ ( အလုပ်များသော)
အပိုင်း ၁၂၄ (နောက်တစ်ခေါက်လာကြပြန်ပြီ! )
အပိုင်း ၁၂၅ (ကုတ်ခြစ်ခံရခြင်း)
အပိုင်း ၁၂၆
အပိုင်း ၁၂၇ (တိုင်ပင်ခြင်း)
အပိုင်း ၁၂၈ (သူမအိမ်လည်လာခြင်းရဲ့ရည်ရွယ်ချက်)
အပိုင်း ၁၂၉ (အဆိပ်မရှိခြင်း)
အပိုင်း၁၃၀ (အလည်ရောက်လာသူများ)
အပိုင်း ၁၃၁ ( မနက်စာ )
အပိုင်း ၁၃၂ (ဘဲသားနှပ်)
အပိုင်း ၁၃၃ (ကြမ္မာဖန်သောတွေ့ဆုံမှု)
အပိုင်း ၁၃၄ (အတွေ့အကြုံရင့်တဲ့အစားချစ်သူ)
အပိုင်း ၁၃၅ (အကင်းပါးသော)
အပိုင်း ၁၃၆ (ညနောက်ကျမှပြန်လာခြင်း)
အပိုင်း၁၃၇ (သိမ်းသွင်းစည်းရုံးခြင်း)
အပိုင်း ၁၃၈ (အစီအစဉ်ချခြင်း)
အပိုင်း ၁၃၉ ( စီရင်စုမြို့)
အပိုင်း ၁၄၀ (ဈေးဝယ်ထွက်ခြင်း)
အပိုင်း ၁၄၁ (စစ်သူကြီး)
အပိုင်း ၁၄၂ (အပြန်လမ်း)
အပိုင်း ၁၄၃ (လည်ပတ်ခြင်း)
အပိုင်း ၁၄၄ (အကြံဉာဏ်ပေးခြင်း)
အခန်း ၁၄၅ (အဆိုပြုခြင်း)
အပိုင်း ၁၄၆ (သံတမန်)
အပိုင်း ၁၄၇ (မွေးစားသမီး?)
အပိုင်း၁၄၈ (မွေးစားအဖေ)
အပိုင်း ၁၄၉ (မိသားစုဖြစ်လာခြင်း)
အပိုင်း ၁၅၀ (လူထူးလူဆန်း)
အပိုင်း ၁၅၁ (တော်ဝင်အမိန့်ပြန်တမ်း)
အပိုင်း၁၅၂ (မှတ်ဉာဏ်ဟောင်းများ)
အပိုင်း ၁၅၃ (ဧကရာဇ်ဟောင်း)
အပိုင်း ၁၅၄ (ဂျုံကြာဇံ)
အခန်း၁၅၅ (ထွက်ခွာဖို့လေးကန်နေခြင်း)
အခန်း ၁၅၆ (ပို့ဆောင်ခြင်း)
အခန်း ၁၅၇ (ပင်လယ်မျှော့)
အပိုင်း ၁၅၈ (မသမာတဲ့နည်းလမ်းသုံးခြင်း)
အပိုင်း ၁၅၉ (ခြိမ်းခြောက်ခြင်း)
အပိုင်း - ၁၆၀ ( အကြပ်ရိုက်အောင် လုပ်ခြင်း )
အပိုင်း ၁၆၁ (မနာလိုဖြစ်ခြင်း)
အပိုင်း ၁၆၂ - မနာလိုမှု
အပိုင်း ၁၆၃ - အကူ
အပိုင်း ၁၆၄ (ဝန်ခံလက်မြှောက်ခြင်း)
အပိုင်း ၁၆၅ (ပြောင်းလဲဖို့)
အခန်း ၁၆၆ (ဟုန်းဟုန်းတောက်ကျော်ကြားခြင်း)
အပိုင်း ၁၆၇ - (သမီးကိုကာကွယ်ခြင်း)
အခန်း ၁၆၈ - ချမ်းသာကြွယ်ဝခြင်း
အပိုင်း ၁၆၉ - အလုပ်ခေါ်စာ
အခန်း ၁၇၀ (ဖရဲသီးရောင်းခြင်း)
အပိုင်း ၁၇၁ ဖရဲသီးဆိုင်
အပိုင္း-၁၇၂( ခမ္းနားေသာ ဖြင့္ပြဲ )
အပိုင္း - ၁၇၃ (အကုန္ ေရာင္းထြက္ျခင္း)
အပိုင်း၁၇၄ - ဂုဏ်ပြုစားပွဲ
အပိုင်း ၁၇၅ - ချိုမြိန်ခြင်း အရသာ
အပိုင်း ၁၇၆ - ကြင်ယာတော်မင်းသမီး
အပိုင်း ၁၇၇ - အကြံအစည်
အပိုင်း - ၁၇၈ ( မွေးစားအမေ )
အပိုင်း ၁၇၉ - ရန်လိုမှု
အပိုင်း ၁၈၀ - ကံကြမ္မာ
အပိုင်း-၁၈၁ ( ထမင်းတစ်နပ်ကျွေးခြင်း )
အပိုင်း၁၈၂ - (ဧည့်ဝတ်ကျေပွန်မှု)
အပိုင်း၁၈၃ - မျက်နှာသာပေးတာ ခံချင်သူ
အပိုင်း ၁၈၄ နေထိုင်အခြေချဖို့ကူညီပေးခြင်း
အပိုင်း ၁၈၅ - သူခိုး
အခန်း ၁၈၆ - စဉ်းလဲတဲ့အကြံကိုလက်လွှတ်ဖို့ ငြင်းဆန်ခြင်း
အခန်း ၁၈၇ - အဆုံးမရှိ ဒုက္ခပေးခြင်း
အပိုင်း -၁၈၈ ( အရှက်မရှိခြင်း )
အပိုင်း ၁၈၉ - အချိန်ဆွဲထားခြင်း
အပိုင်း ၁၉၀ (စုံစမ်းမေးမြန်ခြင်း)
အပိုင်း ၁၉၁ ပြစ်မှုတစ်ခုကို တိုင်ကြားခြင်း
အပိုင်း ၁၉၂ - အိမ်မက်ဆိုး
အပိုင်း ၁၉၃ - ပေါ်ပေါက်လာခြင်း
အပိုင်း - ၁၉၄ (သဘောတူစာချုပ်)
အပိုင်း ၁၉၅ - ဝိညာဉ်
အပိုင်း ၁၉၆ (တရားရုံးအမှုစစ်များ)
အပိုင်း ၁၉၇ (ကိုယ့်ပါးကို ပြန်ရိုက်ခြင်း)
အပိုင်း ၁၉၈ (တရားရုံးသို့သွားခြင်း)
အပိုင်း ၁၉၉ (ကြီးမားတဲ့ချစ်ခြင်းမေတ္တာတရား)

အပိုင်း ၆၁ (ပြန်သတိရလာခြင်း)

2.5K 391 1
By CharmZoey

[Zawgyi]
အပိုင္း ၆၁ (ျပန္သတိရလာျခင္း)

အျပင္လူေတြရဲ႕ အျမင္မွာေတာ့ ယြီဟိုင္ဒဏ္ရာရၿပီးကတည္းက သူ႔အေျခအေနက ေကာင္းလိုက္ ဆိုးလိုက္ျဖစ္ေနတယ္။ လြန္ခဲ့တဲ့ ရက္အနည္းငယ္တုန္းက သူက အဖ်ားအနည္းငယ္ ဝင္ခဲ့ေသးတယ္။ အဲ့ဒီအခ်ိန္တုန္းက လက္ကို အပူေလာင္ႏိုင္ေလာက္ေအာင္ကို အဖ်ားအရမ္းတက္ေနခဲ့တယ္။ ဒုတိယမိသားစုဝင္ေတြကလြဲၿပီး က်န္တဲ့ယြီမိသားစုဝင္အားလုံးက သူဒီအခက္အခဲကို ေက်ာ္ျဖတ္ႏိုင္မွာ မဟုတ္ဘူးလို႔ ေတြးေနၾကတယ္။ သို႔ေသာ္လည္း ေျခာက္ရက္ေျမာက္ေန႔မွာေတာ့ ယြီဟိုင္က သတိေမ့ေျမာေနရာကေန ေနာက္ဆုံးမွာ ျပန္လည္ႏိုးထလာႏိုင္ခဲ့တယ္။
ယြီမိသားစုအတြင္းမွာေတာ့ လူႀကီးမင္းယြီနဲ႔ ဒုတိယမိသားစုသာလွ်င္ သူ႔အတြက္ အမွန္တကယ္ ေပ်ာ္႐ႊင္ေပးၾကတဲ့သူေတြ ျဖစ္ႏိုင္တယ္။ ႏူးညံ့တဲ့ စိတ္သေဘာထားရွိၿပီး သူတစ္ပါးကိစၥေတြကို ဝင္မစြက္ဖက္တတ္တဲ့ ယြီခ်ိဳင္သ်ဲ႕ကလည္း သူ႔အတြက္ စိတ္ရင္းအမွန္နဲ႔ ေပ်ာ္႐ႊင္ေပးေနေတာ့တယ္။
အဘိုး, အေဖက ဘာမွ မစားရေသးတာ ငါးရက္ေတာင္ ရွိၿပီ အေဖ့အတြက္ ေခါက္ဆြဲတစ္ပန္းကန္ သြားလုပ္ေပးလိုက္ဦးမယ္
ဒီရက္ေတြမွာ သူမအေဖက အံ့ဖြယ္ေက်ာက္ေရေၾကာင့္သာလွ်င္ အသက္ရွင္ႏိုင္ခဲ့တာျဖစ္ေပမဲ့ အစာစားျခင္းကလည္း သဘာဝအေလ်ာက္ ဒဏ္ရာေတြ ျပန္လည္ေကာင္းမြန္ႏိုင္ဖို႔ အေထာက္အကူ ျဖစ္ေစႏိုင္တယ္။
လူႀကီးမင္းယြီက ေခါင္းညိမ့္လိုက္ၿပီး ေျပာလိုက္တယ္ ေကာင္းၿပီ မင္းအေဖအတြက္ ၾကက္ဥႏွစ္လုံးပါ ေၾကာ္ေပးလိုက္ ျပန္သတိရလာလို႔ ေတာ္ပါေသးတယ္ ငါတို႔ရဲ႕ဘိုးဘြားေတြက သူ႔ကို ေကာင္းခ်ီးေပးၿပီး ကာကြယ္ေပးေနလို႔ေပါ့... မနက္ျဖန္မနက္က်ရင္ သာ့ရွန္းနဲ႔ ၿမိဳ႕ကိုသြားၿပီး သာ့ဟိုင္ အႏၲရာယ္ကင္းၿပီလား ဆိုတာ စစ္ေဆးဖို႔ သမားေတာ္စန္းကို သြားေခၚခဲ့မယ္
အမ်ိဳးသမီးက်န္းက သူ႔ကိုစိုက္ၾကည့္လိုက္ၿပီး တစ္ခုခုေျပာခ်င္ေနေပမဲ့ သူမစကားလုံးေတြကို စိတ္ထဲမွာသာ ထားလိုက္ေတာ့တယ္ လ်န္သုံးရာအတြက္ ငါသည္းခံထားရမယ္
ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ အဖိုး ယြီေရွာင္ေခ်ာင္းက သူမ မ်က္ႏွာမွာ အၿပဳံးေလးတစ္ခုနဲ႔ က်ယ္ေလာင္စြာ ျပန္ေျဖလိုက္ေတာ့တယ္။ သူမတို႔ မနက္စာအျဖစ္စားရတဲ့ ႐ြံစရာ ဂ်ဳံမုန႔္ျပားနဲ႔ ပဲႏွစ္ဟင္းက တကယ့္ကို လူစားသင့္တဲ့ အရာမဟုတ္ပါေခ်။ သူမအဖိုးက သေဘာတူလိုက္ၿပီဆိုေတာ့ သူမမိသားစုပါ ထူးျခားတာေလးကို စားရေအာင္လို႔ ဂ်ဳံမႈန႔္ေတြကို ပဲမႈန႔္လက္ႏွစ္ဆုပ္စာေလာက္နဲ႔ ေရာနယ္ၿပီး ေခါက္ဆြဲနည္းနည္း ပိုလုပ္ရမယ္။
အေမ ကြၽန္ေတာ္လည္း ၾကက္ဥေၾကာ္စားခ်င္တယ္... မ်က္လုံးေတြ ထိကပ္ေနလုမတက္ အလြန္ဝတဲ့ ပထမမိသားစုရဲ႕ဖက္တီးေလးက သူ႔လက္ထဲကဂ်ဳံျပားကို လႊင့္ပစ္လိုက္ရင္း ေအာ္ဟစ္ ေနေတာ့တယ္။
အမ်ိဳးသမီးလီက ေဒါသျဖစ္သြားတာေၾကာင့္ သူ႔ကို ႐ိုက္လိုက္ေတာ့တယ္ ေအး စား စား! ၿမိဳဆို႔လြန္ၿပီး ေသသြားမွာ မေၾကာက္ဘူးလား
ယြီေရွာင္ေခ်ာင္းက သူရထားတဲ့ ဂ်ဳံျပားကို သူမလက္ေမာင္းထဲမွာ ထည့္ထားၿပီး ႏွာေခါင္းကို ပိတ္လိုက္ရင္း ေအာ္ဂလီဆန္စရာေကာင္းတဲ့ ပဲႏွစ္ေတြကို အလ်င္အျမန္စားလိုက္ေတာ့တယ္။ ၿပီးသြားေတာ့မွ ေရွာင္လ်န္ကို မီးဖိုေခ်ာင္ထဲ ဆြဲေခၚသြားေတာ့တယ္။
ရွီထုန္ေလးကလည္း သူမအတိုင္း လိုက္လုပ္ရင္း တူးေနတဲ့အရသာရွိတဲ့ သူရဲ႕ပဲႏွစ္ပန္းကန္ကို အျမန္ အၿပီးသတ္လိုက္ၿပီး  သြားကူေပးလိုက္ဦးမယ္ လို႔ ဆိုလာေတာ့တယ္။
ယြီေရွာင္ေခ်ာင္းက မီးဖိုေခ်ာင္ထဲကို ၾကည့္လိုက္ေတာ့ အေျခာက္ခံထားတဲ့ မုန္လာဥ၊ ပဲမႈန္႔အိတ္တစ္ဝက္၊ ကန္စြန္းဥဂ်ဳံမႈန႔္ အိတ္အႀကီးႀကီးတစ္လုံးကလြဲ၍ အစားအစာ အနည္းငယ္မွ်ပင္မရွိပါေခ်။ သူမက ခဏေလာက္ေတြးလိုက္ၿပီးေတာ့ ေရွာင္လ်န္ကို ေမးလိုက္တယ္ အိမ္မွာ အေျခာက္ခံထားတဲ့ အသီးအ႐ြက္ေတြ ရွိေသးလား
ေရွာင္လ်န္က ခဏေလာက္ေတြးၾကည့္လိုက္ၿပီးေတာ့ ေမးလိုက္တယ္ ငါတို႔မွာ ေနလွန္းထားတဲ့ ကန္စြန္းဥ အ႐ြက္ေတြနဲ႔ မုန္လာ႐ြက္ေတြေတာ့ရွိတယ္ အဆင္ေျပေလာက္လား
အဲ့ဒါဆိုလည္း ကန္စြန္းဥ အ႐ြက္ကို သုံးၾကတာေပါ့
ယြီေရွာင္ေခ်ာင္းလည္း ပါဝင္ပစၥည္းေတြအမ်ားႀကီး ေမွ်ာ္လင့္ထားတာ မဟုတ္လို႔ ပုခုံးကိုသာ တြန႔္ျပလိုက္ေတာ့တယ္။
ေရွာင္လ်န္ ဂ်ဳံမႈန႔္နဲ႔ ပဲမႈန႔္ေတြကို ေရာၿပီး ေခါက္ဆြဲလုပ္ၾကရေအာင္
ဒုတိယအစ္မက အရသာအရွိဆုံးအစားအစာေတြ လုပ္ႏိုင္တယ္။ ဒါေပမဲ့ အိမ္ကလူေတြက တစ္ခါတစ္ေလ ဂ်ဳံျဖဴသုံးတာကို သိပ္မလိုလားၾကဘူး အမ်ားႀကီးသုံးလိုက္ရင္ အဘြားထပ္ဆူေနဦးမယ္
ရွီထုန္ေလးက သူ႔ဒုတိယအစ္မရဲ႕ ဟင္းခ်က္စြမ္းရည္ကို အရမ္း ယုံၾကည္မႈရွိေနေတာ့တယ္။ သူက ေရွာင္ေခ်ာင္းရဲ႕ ငရဲသို႔ ခရီးတစ္ေခါက္ သြားျခင္း ဆိုတဲ့ အေၾကာင္းကို ယုံၾကည္ၿပီး သူမအတြက္ လ်ိဳ႕ဝွက္ေပးဖို႔ ကတိေပးထားတယ္။ သူ႔ရဲ႕ဒုတိယအစ္မ ေျမေအာက္ကမာၻထဲကို ေရာက္သြားတုန္းက မေမွ်ာ္လင့္ဘဲနဲ႔ ကံၾကမၼာနတ္ဘုရားရဲ႕ အကူအညီေပးတာကို ရလိုက္ၿပီး ဟင္းခ်က္နည္းနဲ႔ေငြရွာနည္းကို သင္ေပးလိုက္တယ္။ အဆိုးထဲက အေကာင္းလို႔ ေျပာရမလားပဲ။
ယြီေရွာင္ေခ်ာင္းက ပဲေခါက္ဆြဲလုပ္တဲ့ေနရာမွာ အရမ္းကြၽမ္းက်င္တယ္။ သူမအရင္ဘဝတုန္းက သူမနဲ႔ သူမရဲ႕ ေမာင္ႏွမေတြက သူတို႔မိဘေတြ ကားမေတာ္တဆျဖစ္ၿပီး ေသဆုံးသြားတဲ့ေနာက္ ဆင္းရဲဒုကၡေတြကို အခ်ိန္အၾကာႀကီး ႀကဳံေတြ႕ခဲ့ရတယ္။ အဲ့ဒါေၾကာင့္မလို႔ သူမက ႐ိုးရွင္းတဲ့ ပါဝင္ပစၥည္းေတြနဲ႔တင္ အရသာရွိတဲ့ အစားအစာေတြကို ျပဳလုပ္ႏိုင္ခဲ့တယ္။
ယြီေရွာင္ေခ်ာင္းက ၿပဳံးလိုက္ရင္း ရွီထုန္ေလးရဲ႕ ႏွာေခါင္းကို ဆြဲညစ္လိုက္ၿပီး ေျပာလိုက္တယ္ စိတ္ပူစရာမလိုပါဘူး ဒါအတြက္ ဂ်ဳံျဖဴ အမ်ားႀကီးမလိုဘူး ၿပီးေတာ့လည္း ငါတို႔ေတာင္ နည္းနည္းေလာက္ စားလို႔ ရႏိုင္ေသးတယ္
သူမကေျပာေနရင္း ကန္းစြန္းဥ အ႐ြက္ေျခာက္ကို ေခါက္ဆြဲအိုးထဲမွာ မထည့္ခင္ ေပ်ာ့သြားေအာင္လို႔ ေရထဲမွာ စိမ္လိုက္တယ္။ ၿပီးတဲ့အခါမွာေတာ့ သူမက ပဲမႈန႔္ေယာက္ခ်ိဳဇြန္းတစ္ဝက္ကို ကြၽမ္းက်င္စြာ ယူလိုက္ၿပီး ရက္မေပၚမွာ ခ်ိတ္ဆြဲထားတဲ့ ျခင္းထဲကေန ဂ်ဳံမႈန႔္တစ္ပန္းကန္အျပည့္ ယူလိုက္တယ္။ ျခင္းထဲမွာ ဂ်ဳံအမ်ားႀကီး မရွိတာေၾကာင့္ သူမတစ္ပန္းကန္ယူလိုက္တာနဲ႔ တစ္ဝက္ေလာက္ ကုန္သြားေတာ့တယ္။
ေရွာင္လ်န္ရဲ႕ မ်က္လုံးေတြ ျပဴးက်ယ္သြားၿပီး အလန႔္တၾကားဆိုလာတယ္
ေခါက္ဆြဲတစ္ပန္းကန္အတြက္ ငါတို႔ ဂ်ဳံအဲ့ေလာက္အမ်ားႀကီး သုံးလို႔မရဘူးေလ အဘြားျမင္သြားရင္ ငါတို႔ကို ထပ္ဆူေနလိမ့္မယ္...
သူ႔ကို ထားလိုက္စမ္းပါ ငါတို႔ ဘယ္ေလာက္ပဲ ေကာင္းေကာင္းလုပ္လုပ္ သူမက အၿမဲငါတို႔ကို မဲေနတာပဲေလ ဆူခ်င္ရင္ ဆူစမ္းပါေစ သူေျပာတာ ဘာမွမၾကားသလို ေနလိုက္မွာေပါ့
ေရွာင္ေခ်ာင္းက ဇလုံထဲကို အံ့ဖြယ္ေက်ာက္ေရအခ်ိဳ႕ ေလာင္းထည့္လိုက္ၿပီး ပဲမႈန႔္ ဂ်ဳံမႈန႔္ေတြနဲ႔ ေရာနယ္လိုက္ေတာ့တယ္။
ယြီေရွာင္လ်န္က ဂ်ဳံမႈန႔္ေတြကို ကြၽမ္းက်င္စြာနဲ႔ နယ္လိုက္လွိမ့္လိုက္ လုပ္ေနတဲ့ သူမရဲ႕ ညီမေလးကို ၾကည့္ေနလိုက္တယ္။ သူမရဲ႕ဟင္းခ်က္စြမ္းရည္က သူတို႔အေမထက္ေတာင္ ပိုေကာင္းေလတယ္။ ခဏအၾကာမွာေတာ့ ေရွာင္ေခ်ာင္းက ဂ်ဳံကို စက္ဝိုင္းျပားအႀကီးႀကီး ျဖစ္ေအာင္ လွိမ့္လိုက္ၿပီး ပူးကပ္မေနေစဖို႔အတြက္ ပဲမႈန႔္အခ်ိဳ႕ကို ျဖဴးလိုက္တယ္။ သူမက ေခါင္းကိုေတာင္မေမာ့ဘဲ ေျပာလိုက္တယ္။
ေခါက္ဆြဲက အရမ္းေသးလို႔ မရဘူး အရမ္းေသးသြားရင္ အလြယ္တကူ ေရာေထြးသြားၿပီး ဂ်ဳံေကာ္ျဖစ္သြားလိမ့္မယ္
သူမက ဂ်ဳံေတြကို ေခါက္ဆြဲအမွ်င္ေတြျဖစ္ေအာင္ ျဖတ္လိုက္တယ္။ ပဲေခါက္ဆြဲက အရမ္းအႀကီးႀကီး ျဖတ္လို႔မရဘဲ စားဖို႔သင့္ေတာ္တဲ့ အထူေလာက္ကိုသာ ျဖတ္ရတယ္။ ေခါက္ဆြဲေတြကို ႏူးညံ့ၿပီး ဝါးလို႔ရႏိုင္တဲ့ အေနအထားအထိ ျပဳတ္ႏိုင္ရင္ ပိုေကာင္းမွာပင္။ ျပႆနာမျဖစ္ေစႏိုင္တဲ့ တစ္ခုတည္းေသာ အရာက ေခါက္ဆြဲရဲ႕ အရွည္ပဲ။
ဒုတိယ အစ္မ, ေခါက္ဆြဲက တအားအရသာရွိမဲ့ပုံပဲ
ရွီထုန္ေလးက အထူညီၿပီး အဝါေရာင္ ေဖ်ာ့ေဖ်ာ့ေလး ျဖစ္ေနတဲ့ ေခါက္ဆြဲကို စိတ္လႈပ္ရွားစြာ ၾကည့္လိုက္တယ္။ သူက ပဲေခါက္ဆြဲ အမွ်င္ေလးေတြကို ၾကည့္လိုက္ရင္း မေနႏိုင္ဘဲ တံေတြးကို မ်ိဳခ်မိေတာ့တယ္။
ယြီေရွာင္ေခ်ာင္းက ေကာင္ကေလးရဲ႕ ပါးမို႔ေလးကို ဆြဲညစ္လိုက္ၿပီး ဂ်ဳံမႈန႔္ျဖဴေတြကို သူ႔မ်က္ႏွာမွာ သုတ္လိုက္တယ္။ သူမကေပါ့ပါးစြာရယ္လိုက္ၿပီး ၾကက္သြန္ၿမိတ္နဲ႔ ေရစိမ္ထားတဲ့ အသီးအ႐ြက္ေျခာက္ ေတြကို လွီးဖို႔ ေခါင္းကို ငုံ႔လိုက္ေတာ့တယ္။
သူမက ဂ်ဳံျဖဴထည့္ထားတဲ့ ျခင္းေတာင္းထဲကို တစ္ခ်က္ေဝ့ၾကည့္လိုက္ေတာ့ အထဲမွာ ဝက္ေပါင္ေျခာက္ရဲ႕ အဆီပိုင္းေလးကို ေတြ႕လိုက္တယ္။ အဲ့ဒါေၾကာင့္ သူမက သူမဆုံးျဖတ္ခ်က္နဲ႔ သူမ ယူလိုက္ၿပီး ပူေနတဲ့ သံဒယ္အိုးမွာ သုတ္လိုက္တယ္။ ဒယ္အိုးထဲမွာ ခ်က္ခ်င္းပဲ ဆီအလႊာေလး ေပၚလာေတာ့တယ္။
ေရွာင္ေခ်ာင္းက ပုံမပ်က္သြားတဲ့ ဝက္ေပါင္ေျခာက္ေလးကို ျခင္းေတာင္းထဲ ျပန္ထည့္လိုက္ၿပီး ေရွာင္လ်န္ကို ရက္မေပၚျပန္ခ်ိတ္ေပးဖို႔ အကူအညီေတာင္းလိုက္တယ္။ အဲ့ဒီေနာက္မွာေတာ့ သူမက လွီးထားတဲ့ ၾကက္သြန္ၿမိတ္ေတြနဲ႔ အသီးအ႐ြက္ေျခာက္ေတြကို အျမန္ ေရာေၾကာလိုက္ၿပီး ဆားအနည္းငယ္ထည့္လိုက္တယ္။
လွီးထားတဲ့ ၾကက္သြန္ၿမိတ္ေတြကို ဝက္ဆီထဲမွာ ခ်က္ၿပီးသြားတဲ့ အခါမွာေတာ့ စားခ်င္စဖြယ္အနံ႔ေလး ထြက္လာေတာ့တယ္။ ရွီထုန္ေလးက ထြက္လာတဲ့ရနံ႔ကို တစ္ဝႀကီးရႉရွိက္လိုက္ၿပီး ပါးစပ္တျပင္ျပင္ ျဖစ္ေနေတာ့တယ္။
အနံ႔ေလးက အရမ္းေမႊးလြန္းလို႔ သြားရည္ေတြေတာင္ က်ကုန္ေတာ့မယ္
ႏွစ္သစ္ကူးတုန္းက ဖက္ထုပ္ေတြ သူတို႔စားၿပီးကတည္းက ယြီမိသားစုထမင္းဝိုင္းဟာ ၾကမ္းေထာ္ေနတဲ့ဂ်ဳံေတြသာ ပါဝင္ေတာ့တယ္။ အစားအစာေတြက မျပည့္ဝ႐ုံသာမကဘဲ အဲ့အထဲမွာ ဆီတစိုးတစိမွ်ေတာင္ မပါဝင္ေပ။ ႏွစ္သစ္ကူးမတိုင္ခင္တုန္းက လ်ိဳ႕ဝွက္စြာနဲ႔ ေကာင္းေကာင္းမြန္မြန္စားခဲ့ရတဲ့ ရွီထုန္ေလးက ပဲမႈန႔္နဲ႔ ဂ်ဳံမႈန႔္ေရာၿပီးလုပ္ထားတဲ့ ေခါက္ဆြဲကို စားႏိုင္ေတာ့မွာျဖစ္လို႔ အလြန္ကို ေပ်ာ္႐ႊင္ေနေတာ့တယ္။
မနက္စာစားၿပီး ၿခံဝင္းထဲမွာ ေနပူစာလႈံေနတဲ့ အဖြားႀကီးက်န္းက ဝက္ဆီအနံ႔ကို ရလိုက္ေတာ့ မီးဖိုေခ်ာင္ထဲကို ဝ႐ုန္းသုန္းကား ေျပးဝင္လာတယ္။ သူမက အျမန္ ျခင္းကို ယူလိုက္ၿပီး လက္ဖဝါးအ႐ြယ္ ဝက္ေပါင္ေျခာက္ကို ဂ႐ုတစိုက္ စစ္ေဆးၾကည့္လိုက္တယ္။ ဘာတစ္ခုမွ မွားေနတာကို မေတြ႕ေတာ့ သူမက တမင္တကာကို ေအာ္ဟစ္ေနေတာ့တယ္။
ေခါက္ဆြဲတစ္ပန္းကန္အတြက္နဲ႔ ေခါက္ဆြဲေတြ အဲ့ေလာက္ အမ်ားႀကီးလုပ္ဖို႔ လိုလို႔လား မင္းတို႔အသုံးအျဖဳန္းႀကီးတဲ့ မိသားစုကေတာ့ ငါတို႔ မိသားစု အရင္းအႏွီးေတြကို ေလ်ာ့ကုန္ေအာင္လုပ္ေနတာပဲ
ေရွာင္ေခ်ာင္းက စဥ့္ႏွီတုံးေပၚက ပဲေခါက္ဆြဲေတြကို ၫႊန္ျပလိုက္ရင္း ေျပာလိုက္တယ္ ဒါက သမီး ပထမဆုံးအႀကိမ္ ေခါက္ဆြဲလုပ္တာဆိုေတာ့ ပမာဏ ေကာင္းေကာင္းမြန္မြန္ မခ်ိန္ဆတတ္ဘူး ဒါေပမဲ့ ေခါက္ဆြဲကို ပဲမႈန႔္တစ္ဝက္ ဂ်ဳံမႈန႔္တစ္ဝက္နဲ႔ လုပ္ထားတာပါ။ အဲ့ဒါေၾကာင့္ သမီး ဂ်ဳံမႈန႔္ အမ်ားႀကီး မသုံးခဲ့ပါဘူး
အဖြားႀကီးက်န္းက ဂ်ဳံအိတ္အေသးေလးကို ယူၾကည့္လိုက္ေတာ့ အထဲမွာ ဂ်ဳံမႈန႔္အနည္းငယ္ က်န္ေနေသးတာကို ေတြ႕လိုက္ရတယ္။ ၿပီးေတာ့လည္း ေခါက္ဆြဲေတြက အဝါေရာင္သန္းၿပီး ပဲနံ႔ ရေနတာေၾကာင့္ ျခင္းကို ျပန္ထားလိုက္ၿပီး ညည္းတြားလိုက္ရင္း ထြက္သြားေတာ့တယ္။
အိုးထဲကေရေတြဆူလာေတာ့ ယြီေရွာင္ေခ်ာင္းက အိုးထဲသို႔ ေခါက္ဆြဲေတြကို ျဖန႔္က်ဲထည့္လိုက္ၿပီး ၾကက္ဥႏွစ္လုံးကို ေဖာက္ထည့္လိုက္ေတာ့တယ္။ သူမက အိုးကို အဖုံးဖုံးလိုက္ၿပီး မီးနည္းနည္းနဲ႔ ခဏေလာက္ တည္ထားလိုက္တယ္။ ေခါက္ဆြဲသားက ႏူးညံ့ၿပီး ေစးကပ္လာတဲ့အခါမွာေတာ့ စားလို႔ရၿပီ ျဖစ္တယ္။
ယြီေရွာင္လ်န္နဲ႔ ရွီထုန္ေလးက တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္လိုက္ၾကတယ္။ ရွီထုန္ေလးက ႏူးအိေနတဲ့ ေခါက္ဆြဲေတြကို ၾကည့္လိုက္ရင္း အသံေသးေသးေလးနဲ႔ ေမးလိုက္တယ္ နည္းနည္း အက်က္လြန္ သြားတာလား
ေရွာင္ေခ်ာင္းက ေကာင္ကေလးအတြက္ တစ္ပန္းကန္ ထည့္ေပးလိုက္ၿပီး အၿပဳံးေလးနဲ႔ ေျပာလိုက္တယ္ စားၾကည့္ပါဦး မင္းအစ္မရဲ႕လက္ရာက ဘယ္လိုလဲဆိုတာ
ရွီထုန္ေလးက ေခါက္ဆြဲေတြကို မႈတ္လိုက္ၿပီး ပါးစပ္အျပည့္ ထည့္လိုက္ေတာ့တယ္။ ေခါက္ဆြဲကို ပါးစပ္ထဲမွာ ဝါးလိုက္တာနဲ႔ သူ႔ရဲ႕ မ်က္ဝန္းနက္နက္ကေလးေတြက ေတာက္ပသြားေတာ့တယ္။ ပူေနတာေတာင္မွပဲ သူကေနာက္တစ္ေခါက္ ပါးစပ္အျပည့္ထပ္စားလိုက္တယ္။ စားေနရင္းနဲ႔ ခ်ီးက်ဴးစကားေတြလည္း ေရ႐ြတ္ေနေသးတယ္။
အရသာရွိလိုက္တာ တကယ္ကို အရသာရွိလိုက္တာ! အရင္တုန္းက စားဖူးတဲ့ ဂ်ဳံေခါက္ဆြဲထက္ေတာင္ ပိုစားေကာင္းေသးတယ္
ေရွာင္ေခ်ာင္းက အစိုဓာတ္ေကာင္းေကာင္းရွိတဲ့ မုန္လာဥေနာက္တစ္ခုကို ယူလိုက္ၿပီး အေအးစာ လုပ္ဖို႔အတြက္ အမွ်င္ေသးေသးေလးေတြျဖစ္ေအာင္ ျဖတ္လိုက္တယ္။ ပဲေခါက္ဆြဲက မ်ားျပားတဲ့ အရံဟင္းေတြ မလိုအပ္ေပ။ ႏုတ္ႏုတ္စင္းထာတဲ့ မုန္လာဥနဲ႔ ေဂၚဖီခ်ဥ္ကသာ အေကာင္းဆုံး ျဖည့္စြက္စာ ျဖစ္တယ္။
ေရွာင္ေခ်ာင္းက ေနာက္ထပ္ ပဲေခါက္ဆြဲဇြန္းအျပည့္ကို ရွီထုန္ေလးရဲ႕ ပန္းကန္ထဲကို ထည့္ေပးလိုက္ၿပီး သူမဖို႔နဲ႔ ေရွာင္လ်န္ဖို႔ပါ တစ္ပန္းကန္စီ ထည့္လိုက္တယ္။ သူတို႔က မီးဖိုေခ်ာင္ထဲမွာတင္ အလ်င္အျမန္နဲ႔ အငမ္းမရ စားေနၾကေတာ့တယ္။ ပဲေခါက္ဆြဲနဲ႔ အရံဟင္းက ႐ိုးရွင္းၿပီး မျပည့္စုံတဲ့ ပါဝင္ပစၥည္းေတြနဲ႔သာ ျပဳလုပ္ထားတာျဖစ္တယ္။ သို႔ေသာ္လည္း ေရွာင္ေခ်ာင္းရဲ႕ ဟင္းခ်က္စြမ္းရည္နဲ႔ အံ့ဖြယ္ေက်ာက္ေရရဲ႕ ပံ့ပိုးမႈေၾကာင့္ ကေလးသုံးေယာက္က သူတို႔ရဲ႕လွ်ာကိုေတာင္ ၿမိဳခ်မိမတက္ စားေနၾကေတာ့တယ္။
အမ်ိဳးသမီးလီက အနံ႔ရၿပီး သူ႔သားနဲ႔ ေရာက္လာတဲ့အခါမွာေတာ့ ေမာင္ႏွမသုံးေယာက္က ေခါက္ဆြဲေတြကို စားၿပီးသြားၿပီျဖစ္ၿပီး သူတို႔အေဖအတြက္ ေခါက္ဆြဲတစ္ပန္းကန္ကို သာခ်န္ထားတာ ျဖစ္တယ္။ သူတို႔က သူတို႔စားထားတဲ့ ပန္းကန္ေတြကိုေတာင္ ေဆးၿပီးေနေလၿပီ။
"ေကာင္မစုတ္ေလးႏွစ္ေယာက္ မီးဖိုေခ်ာင္ထဲမွာ ခိုးေၾကာင္ခိုးဝွက္ စားေနၾကတာမလား က်န္ေသးရင္ မင္းတို႔အစ္ကို ဟိန္ဇီအတြက္လည္း တစ္ပန္းကန္ ထည့္ေပးလိုက္
အမ်ိဳးသမီးလီက အိုးကို ဖြင့္ၾကည့္လိုက္ၿပီး ပဲေခါက္ဆြဲပန္းကန္ကို လိုခ်င္တပ္မက္တဲ့ မ်က္လုံးေတြနဲ႔ ၾကည့္ေနေတာ့တယ္။
မရဘူး အိမ္မွာ ဂ်ဳံမႈန႔္နည္းနည္းေလးပဲ ရွိေတာ့တာ အဘိုးက အေဖ့အတြက္ ေခါက္ဆြဲတစ္ပန္းကန္ပဲ လုပ္ခိုင္းတာမလို႔ ထပ္ၿပီး မလုပ္ရဲဘူး ထပ္လုပ္ရင္ အဘြားက သမီးတို႔ကို သေဘာေတြ႕မွာ မဟုတ္ဘူး ၾကည့္ပါလား ဒီမွာတစ္ပန္းကန္ထဲရယ္ ရွီထုန္ေလးေတာင္ စားခ်င္လြန္းလို႔ သားရည္ယိုေနေပမဲ့ နည္းနည္းေလးေတာင္ မစားရဲဘူး
ယြီေရွာင္ေခ်ာင္းကေတာ့ မယုံရင္ ကိုယ္တိုင္သာ ၾကည့္လိုက္ ဆိုတဲ့ အမူအရာနဲ႔ ေျပာေနေတာ့တယ္။
အမ်ိဳးသမီးလီက သူမကိုမယုံဘဲ မီးဖိုေခ်ာင္ရဲ႕ေနရာတိုင္းကိုသာ လိုက္ၾကည့္ေနေတာ့တယ္။ သူမ ဘာကိုမွ ရွာမေတြ႕ေတာ့ တစ္ပန္းကန္ထဲရွိတဲ့ ေခါက္ဆြဲပန္းကန္ကိုသာ စိုက္ၾကည့္လိုက္ရင္း
မင္းတို႔အေဖက ဒဏ္ရာအျပင္းအထန္ရတာကေန အခုမွႏိုးလာတာေလ သူ႔မွာ စားခ်င္စိတ္ရွိေသးမွာ မဟုတ္ဘူး တစ္ဝက္ခြဲၿပီး မင္းအစ္ကို ဟိန္ဇီကို ေကြၽးလိုက္... သူမက ေျပာၿပီးတာနဲ႔ ေခါက္ဆြဲပန္းကန္ကို ခြဲထည့္ဖို႔ လုပ္ေတာ့တယ္။
ယြီေရွာင္ေခ်ာင္းက ေခါက္ဆြဲပန္းကန္ကိုအျမန္မလိုက္ၿပီး မီးဖိုေခ်ာင္အဝကို ေအာ္ေနရင္းနဲ႔ ေျပးသြားေတာ့တယ္ အေဖက ဘာမွမစားရတာ ငါးရက္ေလာက္ေတာင္ရွိၿပီ အစားမ်ားမ်ားစားမွ ျမန္ျမန္ ျပန္ေနေကာင္းမွာေပါ့... အဘိုးေရ အဘိုး! ဒီမွာ အစ္ကိုဟိန္ဇီက အေဖ့အတြက္ လုပ္ထားတဲ့ ေခါက္ဆြဲေတြကို ခိုးစားခ်င္ေနလို႔_
ဟိန္ဇီက သူမလက္ထဲက ပန္းကန္လုံးကို ဆြဲယူဖို႔ လုပ္ေနတာကို ျမင္တာနဲ႔ ယြီေရွာင္ေခ်ာင္းက ၿခံဝင္းထဲကို ေအာ္ၿပီး ေျပးသြားေတာ့တယ္။ ဟိန္ဇီက ဘယ္သူ႔ကိုမွ မေၾကာက္ေပမဲ့ သူ႔အဘိုးရဲ႕အၾကည့္ကိုေတာ့ အေၾကာက္ဆုံး ျဖစ္တယ္။ သူက အရမ္းေၾကာက္သြားတာေၾကာင့္ အလ်င္အျမန္ သူ႔လက္ကို ျပန္႐ုတ္သိမ္းလိုက္ၿပီး သူ႔ရဲ႕ မ်က္စိေရွ႕က ေရွာင္ေခ်ာင္းကို လႊတ္ေပးလိုက္ရေတာ့တယ္။
အဲ့ဒီအခ်ိန္မွာ အဘိုးယြီက ၿခံဝင္းထဲမွာ ငါးဖမ္းပိုက္ကြန္ကို ျပင္ေနတာျဖစ္တယ္။ မီးဖိုေခ်ာင္ထဲက ေျပးထြက္လာတဲ့ ယြီေရွာင္ေခ်ာင္းက အမ်ိဳးသမီးလီနဲ႔ သူ႔သားက ၿခံဝင္းထဲမွာေတာ့ မ်က္ႏွာေျပာင္တိုက္ၿပီး သူမဆီက ေခါက္ဆြဲကို ယူရဲမွာ မဟုတ္တာကို သိေလတယ္။ သူမက သူ႔ကို ဝင့္ႂကြားစြာနဲ႔ ေဝ့ၾကည့္လိုက္ၿပီး ေခါက္ဆြဲပန္းကန္ကို သူမတို႔ အခန္းထဲ ယူသြားေတာ့တယ္။
အခန္းထဲမွာေတာ့ အမ်ိဳးသမီးလ်ိဳက ေရွာင္ေခ်ာင္းရဲ႕ အေဖကို ဇြန္းတစ္ေခ်ာင္းနဲ႔ ေရတိုက္ေနေလတယ္။ ယြီဟိုင္ရဲ႕ မ်က္ႏွာက ရဲေနၿပီး အဖ်ားတက္ေနေသးသည္မွာ အေသအခ်ာပင္။ သူက အမ်ိဳးသမီးလ်ိဳရဲ႕ လက္နားကို ကပ္သြားၿပီး အံ့ဖြယ္ေက်ာက္ေရကို ေသာက္လိုက္ေတာ့တယ္။ အမ်ိဳးသမီးလ်ိဳက သူပါးစပ္ေထာင့္ကေန စီးက်လာတဲ့ ေရေတြကို ဂ႐ုတစိုက္နဲ႔ သုတ္ေပးလိုက္တယ္။ သူမရဲ႕ ေသးသြယ္လွတဲ့ မ်က္ႏွာေလးက ၾကင္နာမႈအျပည့္နဲ႔ပင္။ သူ႔တိုႏွစ္ေယာက္က တိတ္ဆိတ္စြာနဲ႔ မ်က္ႏွာခ်င္းဆိုင္ထိုင္ေနၾကၿပီး ကမာၻေပၚမွာ သူတို႔ႏွစ္ေယာက္ပဲရွိေတာ့သလိုမ်ိဳး တစ္ေယာက္ကို တစ္ေယာက္ အခ်ိန္အၾကာႀကီး စိုက္ၾကည့္ေနၾကတယ္...
ဒီခဏမွာ သူကိုယ့္သူအဖ်က္သမားလို႔ေတာင္ ေရွာင္ေခ်ာင္းထင္မိသြားတယ္။
သူတို႔ကို ေႏွာက္ယွက္လိုက္မိတာက ခြင့္မလႊတ္ႏိုင္စရာ အျပစ္တစ္ခုပဲ။ သူမေရာက္ေနတာကို ပထမဆုံးသတိျပဳမိသူက အမ်ိဳးသမီးလ်ိဳ ျဖစ္တယ္။ ေရွာင္ေခ်ာင္းလက္ထဲက ေခါက္ဆြဲပန္းကန္ကို ျမင္လိုက္ေတာ့ သူမ်က္လုံးထဲမွာ တုန္လႈပ္မႈေတြနဲ႔ ျပည့္သြားတယ္။ အရင္တုန္းက ဒုတိယမိသားစုထဲက တစ္ေယာက္ေယာက္ အစာစားဖို႔ လြတ္သြားခဲ့ရင္ ေနာက္တစ္ေခါက္မစားခင္အထိ အဆာခံေနရတာျဖစ္တယ္။ သူတို႔ကိုေနာက္တစ္ေခါက္ ခ်က္ျပဳတ္ဖို႔ ခြင့္ျပဳတဲ့ အခါမ်ိဳး မရွိဖူးေပ။ အဆီတ႐ႊမ္း႐ႊမ္းနဲ႔ စားခ်င္စရာေကာင္းလွတဲ့ေခါက္ဆြဲက သူတို႔ မနက္စာအျဖစ္စားႏိုင္တဲ့ အရာမ်ိဳး လုံးဝမဟုတ္ပါေခ်...
ေရွာင္လ်န္က သူမ အေမရဲ႕မ်က္လုံးထဲက သံသယေတြကို ျမင္ေတာ့ ရယ္လိုက္ၿပီး
အဘိုးက အေဖ သတိျပန္ရလာတယ္ဆိုတာကို ၾကားေတာ့ ေခါက္ဆြဲလုပ္ဖို႔ ခြင့္ျပဳေပးလိုက္တာ သမီးက တမင္တကာ ပိုလုပ္ထားတာ အေမပါစားလို႔ ရတယ္
ပဲေခါက္ဆြဲကို ပဲမႈန႔္ေတြနဲ႔ ေရာၿပီးလုပ္ထားတာ ျဖစ္ေပမဲ့ ဂ်ဳံမႈန႔္ေတြလည္းအမ်ားႀကီး ပါေသးတာမလား။ ၿပီးေတာ့လည္း ဆီပါးပါးေလးလည္း ပါေသးတာမလို႔ အမ်ိဳးသမီးလ်ိဳက စားရမွာကို အင္တင္တင္ ျဖစ္ေနၿပီး သူမရဲ႕ ကေလးေတြကိုလည္း ေကြၽးခ်င္ေနေသးေတာ့တယ္။
.......

[Unicode]
အပိုင်း ၆၁ (ပြန်သတိရလာခြင်း)

အပြင်လူတွေရဲ့ အမြင်မှာတော့ ယွီဟိုင်ဒဏ်ရာရပြီးကတည်းက သူ့အခြေအနေက ကောင်းလိုက် ဆိုးလိုက်ဖြစ်နေတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက သူက အဖျားအနည်းငယ် ဝင်ခဲ့သေးတယ်။ အဲ့ဒီအချိန်တုန်းက လက်ကို အပူလောင်နိုင်လောက်အောင်ကို အဖျားအရမ်းတက်နေခဲ့တယ်။ ဒုတိယမိသားစုဝင်တွေကလွဲပြီး ကျန်တဲ့ယွီမိသားစုဝင်အားလုံးက သူဒီအခက်အခဲကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူးလို့ တွေးနေကြတယ်။ သို့သော်လည်း ခြောက်ရက်မြောက်နေ့မှာတော့ ယွီဟိုင်က သတိမေ့မြောနေရာကနေ နောက်ဆုံးမှာ ပြန်လည်နိုးထလာနိုင်ခဲ့တယ်။
ယွီမိသားစုအတွင်းမှာတော့ လူကြီးမင်းယွီနဲ့ ဒုတိယမိသားစုသာလျှင် သူ့အတွက် အမှန်တကယ် ပျော်ရွှင်ပေးကြတဲ့သူတွေ ဖြစ်နိုင်တယ်။ နူးညံ့တဲ့ စိတ်သဘောထားရှိပြီး သူတစ်ပါးကိစ္စတွေကို ဝင်မစွက်ဖက်တတ်တဲ့ ယွီချိုင်သျဲ့ကလည်း သူ့အတွက် စိတ်ရင်းအမှန်နဲ့ ပျော်ရွှင်ပေးနေတော့တယ်။
အဘိုး, အဖေက ဘာမှ မစားရသေးတာ ငါးရက်တောင် ရှိပြီ အဖေ့အတွက် ခေါက်ဆွဲတစ်ပန်းကန် သွားလုပ်ပေးလိုက်ဦးမယ်
ဒီရက်တွေမှာ သူမအဖေက အံ့ဖွယ်ကျောက်ရေကြောင့်သာလျှင် အသက်ရှင်နိုင်ခဲ့တာဖြစ်ပေမဲ့ အစာစားခြင်းကလည်း သဘာဝအလျောက် ဒဏ်ရာတွေ ပြန်လည်ကောင်းမွန်နိုင်ဖို့ အထောက်အကူ ဖြစ်စေနိုင်တယ်။
လူကြီးမင်းယွီက ခေါင်းညိမ့်လိုက်ပြီး ပြောလိုက်တယ် ကောင်းပြီ မင်းအဖေအတွက် ကြက်ဥနှစ်လုံးပါ ကြော်ပေးလိုက် ပြန်သတိရလာလို့ တော်ပါသေးတယ် ငါတို့ရဲ့ဘိုးဘွားတွေက သူ့ကို ကောင်းချီးပေးပြီး ကာကွယ်ပေးနေလို့ပေါ့... မနက်ဖြန်မနက်ကျရင် သာ့ရှန်းနဲ့ မြို့ကိုသွားပြီး သာ့ဟိုင် အန္တရာယ်ကင်းပြီလား ဆိုတာ စစ်ဆေးဖို့ သမားတော်စန်းကို သွားခေါ်ခဲ့မယ်
အမျိုးသမီးကျန်းက သူ့ကိုစိုက်ကြည့်လိုက်ပြီး တစ်ခုခုပြောချင်နေပေမဲ့ သူမစကားလုံးတွေကို စိတ်ထဲမှာသာ ထားလိုက်တော့တယ် လျန်သုံးရာအတွက် ငါသည်းခံထားရမယ်
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အဖိုး ယွီရှောင်ချောင်းက သူမ မျက်နှာမှာ အပြုံးလေးတစ်ခုနဲ့ ကျယ်လောင်စွာ ပြန်ဖြေလိုက်တော့တယ်။ သူမတို့ မနက်စာအဖြစ်စားရတဲ့ ရွံစရာ ဂျုံမုန့်ပြားနဲ့ ပဲနှစ်ဟင်းက တကယ့်ကို လူစားသင့်တဲ့ အရာမဟုတ်ပါချေ။ သူမအဖိုးက သဘောတူလိုက်ပြီဆိုတော့ သူမမိသားစုပါ ထူးခြားတာလေးကို စားရအောင်လို့ ဂျုံမှုန့်တွေကို ပဲမှုန့်လက်နှစ်ဆုပ်စာလောက်နဲ့ ရောနယ်ပြီး ခေါက်ဆွဲနည်းနည်း ပိုလုပ်ရမယ်။
အမေ ကျွန်တော်လည်း ကြက်ဥကြော်စားချင်တယ်... မျက်လုံးတွေ ထိကပ်နေလုမတက် အလွန်ဝတဲ့ ပထမမိသားစုရဲ့ဖက်တီးလေးက သူ့လက်ထဲကဂျုံပြားကို လွှင့်ပစ်လိုက်ရင်း အော်ဟစ် နေတော့တယ်။
အမျိုးသမီးလီက ဒေါသဖြစ်သွားတာကြောင့် သူ့ကို ရိုက်လိုက်တော့တယ် အေး စား စား! မြိုဆို့လွန်ပြီး သေသွားမှာ မကြောက်ဘူးလား
ယွီရှောင်ချောင်းက သူရထားတဲ့ ဂျုံပြားကို သူမလက်မောင်းထဲမှာ ထည့်ထားပြီး နှာခေါင်းကို ပိတ်လိုက်ရင်း အော်ဂလီဆန်စရာကောင်းတဲ့ ပဲနှစ်တွေကို အလျင်အမြန်စားလိုက်တော့တယ်။ ပြီးသွားတော့မှ ရှောင်လျန်ကို မီးဖိုချောင်ထဲ ဆွဲခေါ်သွားတော့တယ်။
ရှီထုန်လေးကလည်း သူမအတိုင်း လိုက်လုပ်ရင်း တူးနေတဲ့အရသာရှိတဲ့ သူရဲ့ပဲနှစ်ပန်းကန်ကို အမြန် အပြီးသတ်လိုက်ပြီး  သွားကူပေးလိုက်ဦးမယ် လို့ ဆိုလာတော့တယ်။
ယွီရှောင်ချောင်းက မီးဖိုချောင်ထဲကို ကြည့်လိုက်တော့ အခြောက်ခံထားတဲ့ မုန်လာဥ၊ ပဲမှုန့်အိတ်တစ်ဝက်၊ ကန်စွန်းဥဂျုံမှုန့် အိတ်အကြီးကြီးတစ်လုံးကလွဲ၍ အစားအစာ အနည်းငယ်မျှပင်မရှိပါချေ။ သူမက ခဏလောက်တွေးလိုက်ပြီးတော့ ရှောင်လျန်ကို မေးလိုက်တယ် အိမ်မှာ အခြောက်ခံထားတဲ့ အသီးအရွက်တွေ ရှိသေးလား
ရှောင်လျန်က ခဏလောက်တွေးကြည့်လိုက်ပြီးတော့ မေးလိုက်တယ် ငါတို့မှာ နေလှန်းထားတဲ့ ကန်စွန်းဥ အရွက်တွေနဲ့ မုန်လာရွက်တွေတော့ရှိတယ် အဆင်ပြေလောက်လား
အဲ့ဒါဆိုလည်း ကန်စွန်းဥ အရွက်ကို သုံးကြတာပေါ့
ယွီရှောင်ချောင်းလည်း ပါဝင်ပစ္စည်းတွေအများကြီး မျှော်လင့်ထားတာ မဟုတ်လို့ ပုခုံးကိုသာ တွန့်ပြလိုက်တော့တယ်။
ရှောင်လျန် ဂျုံမှုန့်နဲ့ ပဲမှုန့်တွေကို ရောပြီး ခေါက်ဆွဲလုပ်ကြရအောင်
ဒုတိယအစ်မက အရသာအရှိဆုံးအစားအစာတွေ လုပ်နိုင်တယ်။ ဒါပေမဲ့ အိမ်ကလူတွေက တစ်ခါတစ်လေ ဂျုံဖြူသုံးတာကို သိပ်မလိုလားကြဘူး အများကြီးသုံးလိုက်ရင် အဘွားထပ်ဆူနေဦးမယ်
ရှီထုန်လေးက သူ့ဒုတိယအစ်မရဲ့ ဟင်းချက်စွမ်းရည်ကို အရမ်း ယုံကြည်မှုရှိနေတော့တယ်။ သူက ရှောင်ချောင်းရဲ့ ငရဲသို့ ခရီးတစ်ခေါက် သွားခြင်း ဆိုတဲ့ အကြောင်းကို ယုံကြည်ပြီး သူမအတွက် လျို့ဝှက်ပေးဖို့ ကတိပေးထားတယ်။ သူ့ရဲ့ဒုတိယအစ်မ မြေအောက်ကမ္ဘာထဲကို ရောက်သွားတုန်းက မမျှော်လင့်ဘဲနဲ့ ကံကြမ္မာနတ်ဘုရားရဲ့ အကူအညီပေးတာကို ရလိုက်ပြီး ဟင်းချက်နည်းနဲ့ငွေရှာနည်းကို သင်ပေးလိုက်တယ်။ အဆိုးထဲက အကောင်းလို့ ပြောရမလားပဲ။
ယွီရှောင်ချောင်းက ပဲခေါက်ဆွဲလုပ်တဲ့နေရာမှာ အရမ်းကျွမ်းကျင်တယ်။ သူမအရင်ဘဝတုန်းက သူမနဲ့ သူမရဲ့ မောင်နှမတွေက သူတို့မိဘတွေ ကားမတော်တဆဖြစ်ပြီး သေဆုံးသွားတဲ့နောက် ဆင်းရဲဒုက္ခတွေကို အချိန်အကြာကြီး ကြုံတွေ့ခဲ့ရတယ်။ အဲ့ဒါကြောင့်မလို့ သူမက ရိုးရှင်းတဲ့ ပါဝင်ပစ္စည်းတွေနဲ့တင် အရသာရှိတဲ့ အစားအစာတွေကို ပြုလုပ်နိုင်ခဲ့တယ်။
ယွီရှောင်ချောင်းက ပြုံးလိုက်ရင်း ရှီထုန်လေးရဲ့ နှာခေါင်းကို ဆွဲညစ်လိုက်ပြီး ပြောလိုက်တယ် စိတ်ပူစရာမလိုပါဘူး ဒါအတွက် ဂျုံဖြူ အများကြီးမလိုဘူး ပြီးတော့လည်း ငါတို့တောင် နည်းနည်းလောက် စားလို့ ရနိုင်သေးတယ်
သူမကပြောနေရင်း ကန်းစွန်းဥ အရွက်ခြောက်ကို ခေါက်ဆွဲအိုးထဲမှာ မထည့်ခင် ပျော့သွားအောင်လို့ ရေထဲမှာ စိမ်လိုက်တယ်။ ပြီးတဲ့အခါမှာတော့ သူမက ပဲမှုန့်ယောက်ချိုဇွန်းတစ်ဝက်ကို ကျွမ်းကျင်စွာ ယူလိုက်ပြီး ရက်မပေါ်မှာ ချိတ်ဆွဲထားတဲ့ ခြင်းထဲကနေ ဂျုံမှုန့်တစ်ပန်းကန်အပြည့် ယူလိုက်တယ်။ ခြင်းထဲမှာ ဂျုံအများကြီး မရှိတာကြောင့် သူမတစ်ပန်းကန်ယူလိုက်တာနဲ့ တစ်ဝက်လောက် ကုန်သွားတော့တယ်။
ရှောင်လျန်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားပြီး အလန့်တကြားဆိုလာတယ်
ခေါက်ဆွဲတစ်ပန်းကန်အတွက် ငါတို့ ဂျုံအဲ့လောက်အများကြီး သုံးလို့မရဘူးလေ အဘွားမြင်သွားရင် ငါတို့ကို ထပ်ဆူနေလိမ့်မယ်...
သူ့ကို ထားလိုက်စမ်းပါ ငါတို့ ဘယ်လောက်ပဲ ကောင်းကောင်းလုပ်လုပ် သူမက အမြဲငါတို့ကို မဲနေတာပဲလေ ဆူချင်ရင် ဆူစမ်းပါစေ သူပြောတာ ဘာမှမကြားသလို နေလိုက်မှာပေါ့
ရှောင်ချောင်းက ဇလုံထဲကို အံ့ဖွယ်ကျောက်ရေအချို့ လောင်းထည့်လိုက်ပြီး ပဲမှုန့် ဂျုံမှုန့်တွေနဲ့ ရောနယ်လိုက်တော့တယ်။
ယွီရှောင်လျန်က ဂျုံမှုန့်တွေကို ကျွမ်းကျင်စွာနဲ့ နယ်လိုက်လှိမ့်လိုက် လုပ်နေတဲ့ သူမရဲ့ ညီမလေးကို ကြည့်နေလိုက်တယ်။ သူမရဲ့ဟင်းချက်စွမ်းရည်က သူတို့အမေထက်တောင် ပိုကောင်းလေတယ်။ ခဏအကြာမှာတော့ ရှောင်ချောင်းက ဂျုံကို စက်ဝိုင်းပြားအကြီးကြီး ဖြစ်အောင် လှိမ့်လိုက်ပြီး ပူးကပ်မနေစေဖို့အတွက် ပဲမှုန့်အချို့ကို ဖြူးလိုက်တယ်။ သူမက ခေါင်းကိုတောင်မမော့ဘဲ ပြောလိုက်တယ်။
ခေါက်ဆွဲက အရမ်းသေးလို့ မရဘူး အရမ်းသေးသွားရင် အလွယ်တကူ ရောထွေးသွားပြီး ဂျုံကော်ဖြစ်သွားလိမ့်မယ်
သူမက ဂျုံတွေကို ခေါက်ဆွဲအမျှင်တွေဖြစ်အောင် ဖြတ်လိုက်တယ်။ ပဲခေါက်ဆွဲက အရမ်းအကြီးကြီး ဖြတ်လို့မရဘဲ စားဖို့သင့်တော်တဲ့ အထူလောက်ကိုသာ ဖြတ်ရတယ်။ ခေါက်ဆွဲတွေကို နူးညံ့ပြီး ဝါးလို့ရနိုင်တဲ့ အနေအထားအထိ ပြုတ်နိုင်ရင် ပိုကောင်းမှာပင်။ ပြဿနာမဖြစ်စေနိုင်တဲ့ တစ်ခုတည်းသော အရာက ခေါက်ဆွဲရဲ့ အရှည်ပဲ။
ဒုတိယ အစ်မ, ခေါက်ဆွဲက တအားအရသာရှိမဲ့ပုံပဲ
ရှီထုန်လေးက အထူညီပြီး အဝါရောင် ဖျော့ဖျော့လေး ဖြစ်နေတဲ့ ခေါက်ဆွဲကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်တယ်။ သူက ပဲခေါက်ဆွဲ အမျှင်လေးတွေကို ကြည့်လိုက်ရင်း မနေနိုင်ဘဲ တံတွေးကို မျိုချမိတော့တယ်။
ယွီရှောင်ချောင်းက ကောင်ကလေးရဲ့ ပါးမို့လေးကို ဆွဲညစ်လိုက်ပြီး ဂျုံမှုန့်ဖြူတွေကို သူ့မျက်နှာမှာ သုတ်လိုက်တယ်။ သူမကပေါ့ပါးစွာရယ်လိုက်ပြီး ကြက်သွန်မြိတ်နဲ့ ရေစိမ်ထားတဲ့ အသီးအရွက်ခြောက် တွေကို လှီးဖို့ ခေါင်းကို ငုံ့လိုက်တော့တယ်။
သူမက ဂျုံဖြူထည့်ထားတဲ့ ခြင်းတောင်းထဲကို တစ်ချက်ဝေ့ကြည့်လိုက်တော့ အထဲမှာ ဝက်ပေါင်ခြောက်ရဲ့ အဆီပိုင်းလေးကို တွေ့လိုက်တယ်။ အဲ့ဒါကြောင့် သူမက သူမဆုံးဖြတ်ချက်နဲ့ သူမ ယူလိုက်ပြီး ပူနေတဲ့ သံဒယ်အိုးမှာ သုတ်လိုက်တယ်။ ဒယ်အိုးထဲမှာ ချက်ချင်းပဲ ဆီအလွှာလေး ပေါ်လာတော့တယ်။
ရှောင်ချောင်းက ပုံမပျက်သွားတဲ့ ဝက်ပေါင်ခြောက်လေးကို ခြင်းတောင်းထဲ ပြန်ထည့်လိုက်ပြီး ရှောင်လျန်ကို ရက်မပေါ်ပြန်ချိတ်ပေးဖို့ အကူအညီတောင်းလိုက်တယ်။ အဲ့ဒီနောက်မှာတော့ သူမက လှီးထားတဲ့ ကြက်သွန်မြိတ်တွေနဲ့ အသီးအရွက်ခြောက်တွေကို အမြန် ရောကြောလိုက်ပြီး ဆားအနည်းငယ်ထည့်လိုက်တယ်။
လှီးထားတဲ့ ကြက်သွန်မြိတ်တွေကို ဝက်ဆီထဲမှာ ချက်ပြီးသွားတဲ့ အခါမှာတော့ စားချင်စဖွယ်အနံ့လေး ထွက်လာတော့တယ်။ ရှီထုန်လေးက ထွက်လာတဲ့ရနံ့ကို တစ်ဝကြီးရှူရှိက်လိုက်ပြီး ပါးစပ်တပြင်ပြင် ဖြစ်နေတော့တယ်။
အနံ့လေးက အရမ်းမွှေးလွန်းလို့ သွားရည်တွေတောင် ကျကုန်တော့မယ်
နှစ်သစ်ကူးတုန်းက ဖက်ထုပ်တွေ သူတို့စားပြီးကတည်းက ယွီမိသားစုထမင်းဝိုင်းဟာ ကြမ်းထော်နေတဲ့ဂျုံတွေသာ ပါဝင်တော့တယ်။ အစားအစာတွေက မပြည့်ဝရုံသာမကဘဲ အဲ့အထဲမှာ ဆီတစိုးတစိမျှတောင် မပါဝင်ပေ။ နှစ်သစ်ကူးမတိုင်ခင်တုန်းက လျို့ဝှက်စွာနဲ့ ကောင်းကောင်းမွန်မွန်စားခဲ့ရတဲ့ ရှီထုန်လေးက ပဲမှုန့်နဲ့ ဂျုံမှုန့်ရောပြီးလုပ်ထားတဲ့ ခေါက်ဆွဲကို စားနိုင်တော့မှာဖြစ်လို့ အလွန်ကို ပျော်ရွှင်နေတော့တယ်။
မနက်စာစားပြီး ခြံဝင်းထဲမှာ နေပူစာလှုံနေတဲ့ အဖွားကြီးကျန်းက ဝက်ဆီအနံ့ကို ရလိုက်တော့ မီးဖိုချောင်ထဲကို ဝရုန်းသုန်းကား ပြေးဝင်လာတယ်။ သူမက အမြန် ခြင်းကို ယူလိုက်ပြီး လက်ဖဝါးအရွယ် ဝက်ပေါင်ခြောက်ကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်တယ်။ ဘာတစ်ခုမှ မှားနေတာကို မတွေ့တော့ သူမက တမင်တကာကို အော်ဟစ်နေတော့တယ်။
ခေါက်ဆွဲတစ်ပန်းကန်အတွက်နဲ့ ခေါက်ဆွဲတွေ အဲ့လောက် အများကြီးလုပ်ဖို့ လိုလို့လား မင်းတို့အသုံးအဖြုန်းကြီးတဲ့ မိသားစုကတော့ ငါတို့ မိသားစု အရင်းအနှီးတွေကို လျော့ကုန်အောင်လုပ်နေတာပဲ
ရှောင်ချောင်းက စဉ့်နှီတုံးပေါ်က ပဲခေါက်ဆွဲတွေကို ညွှန်ပြလိုက်ရင်း ပြောလိုက်တယ် ဒါက သမီး ပထမဆုံးအကြိမ် ခေါက်ဆွဲလုပ်တာဆိုတော့ ပမာဏ ကောင်းကောင်းမွန်မွန် မချိန်ဆတတ်ဘူး ဒါပေမဲ့ ခေါက်ဆွဲကို ပဲမှုန့်တစ်ဝက် ဂျုံမှုန့်တစ်ဝက်နဲ့ လုပ်ထားတာပါ။ အဲ့ဒါကြောင့် သမီး ဂျုံမှုန့် အများကြီး မသုံးခဲ့ပါဘူး
အဖွားကြီးကျန်းက ဂျုံအိတ်အသေးလေးကို ယူကြည့်လိုက်တော့ အထဲမှာ ဂျုံမှုန့်အနည်းငယ် ကျန်နေသေးတာကို တွေ့လိုက်ရတယ်။ ပြီးတော့လည်း ခေါက်ဆွဲတွေက အဝါရောင်သန်းပြီး ပဲနံ့ ရနေတာကြောင့် ခြင်းကို ပြန်ထားလိုက်ပြီး ညည်းတွားလိုက်ရင်း ထွက်သွားတော့တယ်။
အိုးထဲကရေတွေဆူလာတော့ ယွီရှောင်ချောင်းက အိုးထဲသို့ ခေါက်ဆွဲတွေကို ဖြန့်ကျဲထည့်လိုက်ပြီး ကြက်ဥနှစ်လုံးကို ဖောက်ထည့်လိုက်တော့တယ်။ သူမက အိုးကို အဖုံးဖုံးလိုက်ပြီး မီးနည်းနည်းနဲ့ ခဏလောက် တည်ထားလိုက်တယ်။ ခေါက်ဆွဲသားက နူးညံ့ပြီး စေးကပ်လာတဲ့အခါမှာတော့ စားလို့ရပြီ ဖြစ်တယ်။
ယွီရှောင်လျန်နဲ့ ရှီထုန်လေးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ ရှီထုန်လေးက နူးအိနေတဲ့ ခေါက်ဆွဲတွေကို ကြည့်လိုက်ရင်း အသံသေးသေးလေးနဲ့ မေးလိုက်တယ် နည်းနည်း အကျက်လွန် သွားတာလား
ရှောင်ချောင်းက ကောင်ကလေးအတွက် တစ်ပန်းကန် ထည့်ပေးလိုက်ပြီး အပြုံးလေးနဲ့ ပြောလိုက်တယ် စားကြည့်ပါဦး မင်းအစ်မရဲ့လက်ရာက ဘယ်လိုလဲဆိုတာ
ရှီထုန်လေးက ခေါက်ဆွဲတွေကို မှုတ်လိုက်ပြီး ပါးစပ်အပြည့် ထည့်လိုက်တော့တယ်။ ခေါက်ဆွဲကို ပါးစပ်ထဲမှာ ဝါးလိုက်တာနဲ့ သူ့ရဲ့ မျက်ဝန်းနက်နက်ကလေးတွေက တောက်ပသွားတော့တယ်။ ပူနေတာတောင်မှပဲ သူကနောက်တစ်ခေါက် ပါးစပ်အပြည့်ထပ်စားလိုက်တယ်။ စားနေရင်းနဲ့ ချီးကျူးစကားတွေလည်း ရေရွတ်နေသေးတယ်။
အရသာရှိလိုက်တာ တကယ်ကို အရသာရှိလိုက်တာ! အရင်တုန်းက စားဖူးတဲ့ ဂျုံခေါက်ဆွဲထက်တောင် ပိုစားကောင်းသေးတယ်
ရှောင်ချောင်းက အစိုဓာတ်ကောင်းကောင်းရှိတဲ့ မုန်လာဥနောက်တစ်ခုကို ယူလိုက်ပြီး အအေးစာ လုပ်ဖို့အတွက် အမျှင်သေးသေးလေးတွေဖြစ်အောင် ဖြတ်လိုက်တယ်။ ပဲခေါက်ဆွဲက များပြားတဲ့ အရံဟင်းတွေ မလိုအပ်ပေ။ နုတ်နုတ်စင်းထာတဲ့ မုန်လာဥနဲ့ ဂေါ်ဖီချဉ်ကသာ အကောင်းဆုံး ဖြည့်စွက်စာ ဖြစ်တယ်။
ရှောင်ချောင်းက နောက်ထပ် ပဲခေါက်ဆွဲဇွန်းအပြည့်ကို ရှီထုန်လေးရဲ့ ပန်းကန်ထဲကို ထည့်ပေးလိုက်ပြီး သူမဖို့နဲ့ ရှောင်လျန်ဖို့ပါ တစ်ပန်းကန်စီ ထည့်လိုက်တယ်။ သူတို့က မီးဖိုချောင်ထဲမှာတင် အလျင်အမြန်နဲ့ အငမ်းမရ စားနေကြတော့တယ်။ ပဲခေါက်ဆွဲနဲ့ အရံဟင်းက ရိုးရှင်းပြီး မပြည့်စုံတဲ့ ပါဝင်ပစ္စည်းတွေနဲ့သာ ပြုလုပ်ထားတာဖြစ်တယ်။ သို့သော်လည်း ရှောင်ချောင်းရဲ့ ဟင်းချက်စွမ်းရည်နဲ့ အံ့ဖွယ်ကျောက်ရေရဲ့ ပံ့ပိုးမှုကြောင့် ကလေးသုံးယောက်က သူတို့ရဲ့လျှာကိုတောင် မြိုချမိမတက် စားနေကြတော့တယ်။
အမျိုးသမီးလီက အနံ့ရပြီး သူ့သားနဲ့ ရောက်လာတဲ့အခါမှာတော့ မောင်နှမသုံးယောက်က ခေါက်ဆွဲတွေကို စားပြီးသွားပြီဖြစ်ပြီး သူတို့အဖေအတွက် ခေါက်ဆွဲတစ်ပန်းကန်ကို သာချန်ထားတာ ဖြစ်တယ်။ သူတို့က သူတို့စားထားတဲ့ ပန်းကန်တွေကိုတောင် ဆေးပြီးနေလေပြီ။
"ကောင်မစုတ်လေးနှစ်ယောက် မီးဖိုချောင်ထဲမှာ ခိုးကြောင်ခိုးဝှက် စားနေကြတာမလား ကျန်သေးရင် မင်းတို့အစ်ကို ဟိန်ဇီအတွက်လည်း တစ်ပန်းကန် ထည့်ပေးလိုက်
အမျိုးသမီးလီက အိုးကို ဖွင့်ကြည့်လိုက်ပြီး ပဲခေါက်ဆွဲပန်းကန်ကို လိုချင်တပ်မက်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေတော့တယ်။
မရဘူး အိမ်မှာ ဂျုံမှုန့်နည်းနည်းလေးပဲ ရှိတော့တာ အဘိုးက အဖေ့အတွက် ခေါက်ဆွဲတစ်ပန်းကန်ပဲ လုပ်ခိုင်းတာမလို့ ထပ်ပြီး မလုပ်ရဲဘူး ထပ်လုပ်ရင် အဘွားက သမီးတို့ကို သဘောတွေ့မှာ မဟုတ်ဘူး ကြည့်ပါလား ဒီမှာတစ်ပန်းကန်ထဲရယ် ရှီထုန်လေးတောင် စားချင်လွန်းလို့ သားရည်ယိုနေပေမဲ့ နည်းနည်းလေးတောင် မစားရဲဘူး
ယွီရှောင်ချောင်းကတော့ မယုံရင် ကိုယ်တိုင်သာ ကြည့်လိုက် ဆိုတဲ့ အမူအရာနဲ့ ပြောနေတော့တယ်။
အမျိုးသမီးလီက သူမကိုမယုံဘဲ မီးဖိုချောင်ရဲ့နေရာတိုင်းကိုသာ လိုက်ကြည့်နေတော့တယ်။ သူမ ဘာကိုမှ ရှာမတွေ့တော့ တစ်ပန်းကန်ထဲရှိတဲ့ ခေါက်ဆွဲပန်းကန်ကိုသာ စိုက်ကြည့်လိုက်ရင်း
မင်းတို့အဖေက ဒဏ်ရာအပြင်းအထန်ရတာကနေ အခုမှနိုးလာတာလေ သူ့မှာ စားချင်စိတ်ရှိသေးမှာ မဟုတ်ဘူး တစ်ဝက်ခွဲပြီး မင်းအစ်ကို ဟိန်ဇီကို ကျွေးလိုက်... သူမက ပြောပြီးတာနဲ့ ခေါက်ဆွဲပန်းကန်ကို ခွဲထည့်ဖို့ လုပ်တော့တယ်။
ယွီရှောင်ချောင်းက ခေါက်ဆွဲပန်းကန်ကိုအမြန်မလိုက်ပြီး မီးဖိုချောင်အဝကို အော်နေရင်းနဲ့ ပြေးသွားတော့တယ် အဖေက ဘာမှမစားရတာ ငါးရက်လောက်တောင်ရှိပြီ အစားများများစားမှ မြန်မြန် ပြန်နေကောင်းမှာပေါ့... အဘိုးရေ အဘိုး! ဒီမှာ အစ်ကိုဟိန်ဇီက အဖေ့အတွက် လုပ်ထားတဲ့ ခေါက်ဆွဲတွေကို ခိုးစားချင်နေလို့_
ဟိန်ဇီက သူမလက်ထဲက ပန်းကန်လုံးကို ဆွဲယူဖို့ လုပ်နေတာကို မြင်တာနဲ့ ယွီရှောင်ချောင်းက ခြံဝင်းထဲကို အော်ပြီး ပြေးသွားတော့တယ်။ ဟိန်ဇီက ဘယ်သူ့ကိုမှ မကြောက်ပေမဲ့ သူ့အဘိုးရဲ့အကြည့်ကိုတော့ အကြောက်ဆုံး ဖြစ်တယ်။ သူက အရမ်းကြောက်သွားတာကြောင့် အလျင်အမြန် သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး သူ့ရဲ့ မျက်စိရှေ့က ရှောင်ချောင်းကို လွှတ်ပေးလိုက်ရတော့တယ်။
အဲ့ဒီအချိန်မှာ အဘိုးယွီက ခြံဝင်းထဲမှာ ငါးဖမ်းပိုက်ကွန်ကို ပြင်နေတာဖြစ်တယ်။ မီးဖိုချောင်ထဲက ပြေးထွက်လာတဲ့ ယွီရှောင်ချောင်းက အမျိုးသမီးလီနဲ့ သူ့သားက ခြံဝင်းထဲမှာတော့ မျက်နှာပြောင်တိုက်ပြီး သူမဆီက ခေါက်ဆွဲကို ယူရဲမှာ မဟုတ်တာကို သိလေတယ်။ သူမက သူ့ကို ဝင့်ကြွားစွာနဲ့ ဝေ့ကြည့်လိုက်ပြီး ခေါက်ဆွဲပန်းကန်ကို သူမတို့ အခန်းထဲ ယူသွားတော့တယ်။
အခန်းထဲမှာတော့ အမျိုးသမီးလျိုက ရှောင်ချောင်းရဲ့ အဖေကို ဇွန်းတစ်ချောင်းနဲ့ ရေတိုက်နေလေတယ်။ ယွီဟိုင်ရဲ့ မျက်နှာက ရဲနေပြီး အဖျားတက်နေသေးသည်မှာ အသေအချာပင်။ သူက အမျိုးသမီးလျိုရဲ့ လက်နားကို ကပ်သွားပြီး အံ့ဖွယ်ကျောက်ရေကို သောက်လိုက်တော့တယ်။ အမျိုးသမီးလျိုက သူပါးစပ်ထောင့်ကနေ စီးကျလာတဲ့ ရေတွေကို ဂရုတစိုက်နဲ့ သုတ်ပေးလိုက်တယ်။ သူမရဲ့ သေးသွယ်လှတဲ့ မျက်နှာလေးက ကြင်နာမှုအပြည့်နဲ့ပင်။ သူ့တိုနှစ်ယောက်က တိတ်ဆိတ်စွာနဲ့ မျက်နှာချင်းဆိုင်ထိုင်နေကြပြီး ကမ္ဘာပေါ်မှာ သူတို့နှစ်ယောက်ပဲရှိတော့သလိုမျိုး တစ်ယောက်ကို တစ်ယောက် အချိန်အကြာကြီး စိုက်ကြည့်နေကြတယ်...
ဒီခဏမှာ သူကိုယ့်သူအဖျက်သမားလို့တောင် ရှောင်ချောင်းထင်မိသွားတယ်။
သူတို့ကို နှောက်ယှက်လိုက်မိတာက ခွင့်မလွှတ်နိုင်စရာ အပြစ်တစ်ခုပဲ။ သူမရောက်နေတာကို ပထမဆုံးသတိပြုမိသူက အမျိုးသမီးလျို ဖြစ်တယ်။ ရှောင်ချောင်းလက်ထဲက ခေါက်ဆွဲပန်းကန်ကို မြင်လိုက်တော့ သူမျက်လုံးထဲမှာ တုန်လှုပ်မှုတွေနဲ့ ပြည့်သွားတယ်။ အရင်တုန်းက ဒုတိယမိသားစုထဲက တစ်ယောက်ယောက် အစာစားဖို့ လွတ်သွားခဲ့ရင် နောက်တစ်ခေါက်မစားခင်အထိ အဆာခံနေရတာဖြစ်တယ်။ သူတို့ကိုနောက်တစ်ခေါက် ချက်ပြုတ်ဖို့ ခွင့်ပြုတဲ့ အခါမျိုး မရှိဖူးပေ။ အဆီတရွှမ်းရွှမ်းနဲ့ စားချင်စရာကောင်းလှတဲ့ခေါက်ဆွဲက သူတို့ မနက်စာအဖြစ်စားနိုင်တဲ့ အရာမျိုး လုံးဝမဟုတ်ပါချေ...
ရှောင်လျန်က သူမ အမေရဲ့မျက်လုံးထဲက သံသယတွေကို မြင်တော့ ရယ်လိုက်ပြီး
အဘိုးက အဖေ သတိပြန်ရလာတယ်ဆိုတာကို ကြားတော့ ခေါက်ဆွဲလုပ်ဖို့ ခွင့်ပြုပေးလိုက်တာ သမီးက တမင်တကာ ပိုလုပ်ထားတာ အမေပါစားလို့ ရတယ်
ပဲခေါက်ဆွဲကို ပဲမှုန့်တွေနဲ့ ရောပြီးလုပ်ထားတာ ဖြစ်ပေမဲ့ ဂျုံမှုန့်တွေလည်းအများကြီး ပါသေးတာမလား။ ပြီးတော့လည်း ဆီပါးပါးလေးလည်း ပါသေးတာမလို့ အမျိုးသမီးလျိုက စားရမှာကို အင်တင်တင် ဖြစ်နေပြီး သူမရဲ့ ကလေးတွေကိုလည်း ကျွေးချင်နေသေးတော့တယ်။
.......

Continue Reading

You'll Also Like

2.8M 185K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
1.1M 60.2K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...
1.3M 178K 151
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
1.7M 161K 161
အင်ပါယာရဲ့ဗိုလ်မှူးချုပ်ဟောင်း အခုတော့ အလိုရှိနေကြတဲ့အပြစ်သားဟာ ရုတ်တရက် မုဆိုးပြင်ဆင်ထားတဲ့ထောင်ချောက်ထဲ ကျသွားခဲ့တယ်။ နေစမ်းပါဦး အဲ့မုဆိုးက အရင်တုန...