သက်တန့်ရောင် မိန်းမပျို Book...

By CharmZoey

661K 84.9K 679

ခေါင်းစဉ် - သက်တန့်ရောင် မိန်းမပျို (ဘာသာပြန်) မူရင်းခေါင်းစဉ် - Fields of Gold အမျိုးအစား - သဘာဝလွန်၊ စိတ်ကူ... More

Intro
အပိုင္း၁ (ေပါက္စီတစ္လုံးေၾကာင့္ အသတ္ခံရျခင္း)
အပိုင္း၂ (အက်င့္ပုတ္တဲ့ အဘြား)
အပိုင္း၃ (ထူးဆန္းတဲ့ ေရာင္စုံေက်ာက္တုံး )
အပိုင္း၄ (သူမမွာ ေကာင္းမြန္တဲ့ အေဖရွိတယ္)
အပိုင္း၅ (မ်က္ေတာင္မခတ္ပဲလိမ္လည္ျခင္း)
အပိုင္း၆ (ပင္လယ္စာ ေကာက္ယူျခင္း)
အခန္း ၇ - အလွေလးကိုကယ္တင္ျခင္း
အပိုင္း ၈ (ထူးျခားတဲ့ ေနာက္ခံ)
အပိုင္း၉ (အက်ိဳးမ်ားတဲ့ ခရီးတို)
အခန္း၁၀ (လ်ိဳ႕ဝွက္အႀကံအစည္)
အခန်း ၁၁
အပိုင္း ၁၂ (က်ိန္ရႈံစားေသာက္ဆိုင္ရဲ႕
အပိုင္း ၁၃ (လုံးဝရႈပ္ေထြးေနေသာ)
အပိုင္း ၁၄ (လိမ္ရလြယ္တဲ့သားေကာင္)
အခန္း ၁၅ (အေကာင္းဆုံးဟင္းခတ္အေမႊးအႀကိဳင္)
အခန္း ၁၆ (ေဈးဝယ္ထြက္ျခင္း)
အပိုင္း ၁၇ (မိဘရဲ႕ ခ်စ္ျခင္းတရား)
အပိုင္း ၁၈ (ေတာင္ေပၚက ေကာင္ေခ်ာေလး)
အပိုင္း ၁၉ ( အကိုဟန႔္ေနာက္ကိုလိုက္ရင္ စားဖို႔အသားရွိတယ္ )
အပိုင္း ၂၀ (အံ့ဖြယ္ေက်ာက္တုံး ျပန္လာျခင္း)
အပိုင္း ၂၁ -အသားကင္တတ္တဲ့သူက အေခ်ာဆုံးပဲ!
အပိုင္း ၂၂ (လမ္းမွာေတြ႕ရတဲ့ အတားအဆီး)
အပိုင္း ၂၃ (အငယ္ဆုံးဦးေလး အိမ္ျပန္လာၿပီ)
အခန္း ၂၄ (ေျမႇာက္ပင့္ျခင္း)
အပိုင္း ၂၅ (ခ်ီးမြမ္းျခင္း)
အပိုင္း၂၆ (ဂုဏ္သိကၡာ)
အပိုင္း ၂၇ ( အလုပ္သင္ )
အပိုင္း ၂၈ (ပိုက္ဆံစုေဆာင္းျခင္း)
အပိုင္း ၂၉ (ေထာင္ေခ်ာက္ဆင္ျခင္း)
အပိုင္း ၃၀ (ထူးျခားမႈ)
အပိုင္း၃၁ (ေကာင္ေခ်ာေလးေနာက္တစ္ေယာက္)
အခန္း ၃၂ (အစားမက္သူ)
အပိုင္း ၃၃ -(အ႐ိုက္ခံရျခင္း)
အပိုင္း ၃၄ (ေဆးပညာသင္ယူျခင္း)
အပိုင္း-၃၅ ( ခ်စ္စရာ အိမ္ေမြးတိရိစာၦန္)
အပိုင္း ၃၆ (သဘာဝရဲ႕လက္ေဆာင္)
အပိုင္း ၃၇ - (ဆိပ္ကမ္း)
အပိုင္း ၃၈ - (ေတာ္ဝင္မင္းသား)
အပိုင္း ၃၉ (ေက်းဇူးတင္ျခင္းသေကၤတ)
အခန္း ၄၀ (ျမင့္မားေသာအထြက္ႏႈန္း)
အပိုင္း ၄၁ - (ျပင္းထန္စြာ ဖ်ားနာမႈ)
အပိုင္း၄၂ (ေဆာင္းတြင္းကပ္ေဘးဒုကၡ)
အပိုင္း -၄၃ ( အၾကင္နာတရားမရွိဘူး )
အပိုင္း -၄၄( ခါးသီးတဲ့စိတ္ထိခိုက္မႈ )
အပိုင္း ၄၅ (ခ်မ္းသာလာျခင္း)
အပိုင္း ၄၆ (အေၾကာင္းျပခ်က္ဖန္တီးျခင္း)
အပိုင္း ၄၇ (ျပစ္ဒဏ္)
အပိုင်း ၄၉ (အတွေးစိတ်ကူးများ)
အပိုင်း ၄၈ (အပြောင်းအလဲတစ်ခု)
အပိုင်း၅၀ (ပိုက်ဆံလက်ဆောင်)
အခန္း၅၁ (စီးပြားေရးရင္းႏွီးျမႇဳပ္ႏွံမႈ)
အပိုင်း-၅၂ (အိမ်ကိုအလည်လာခြင်း)
အပိုင်း ၅၄ - (ကြော်ငြာခြင်း)
အပိုင်း၅၅ (နှစ်သစ်ကူး)
အပိုင်း ၅၆ (ဒုက္ခရောက်သောနှစ်)
အပိုင်း ၅၇ - (ဘေးအန္တရာယ်)
အပိုင်း ၅၈ (ဖြတ်တောက်ခြင်း)
အပိုင်း ၅၉ (အတိတ်)
အပိုင်း ၆၀ (သတိလစ်မေ့မျောခြင်း )
အပိုင်း ၆၁ (ပြန်သတိရလာခြင်း)
အပိုင်း၆၂ (ရောင်းစားခံရခြင်း)
အပိုင်း ၆၃ - မိသားစုကွဲခြင်း (၁)
အပိုင်း ၆၄ - မိသားစုကွဲခြင်း ( ၂ )
အပိုင်း ၆၅ (နေအိမ်ဟောင်း)
အပိုင်း ၆၆ (မိခင်ဘက်မှမိသားစု)
အပိုင်း ၆၇ (အိမ်ပြင်ခြင်း)
အပိုင်း ၆၈ (ပိုကောင်းတဲ့အရွေ့အပြောင်း)
အပိုင်း ၆၉ (ငွေရှာမည့်အရင်းအမြစ်များကိုတိုးချဲ့ခြင်း)
အပိုင်း၇၀ (ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း)
အပိုင်း ၇၁ (ချစ်စရာကောင်းတဲ့လူငယ်လေး)
အပိုင်း၇၂ (ပေါက်စီ)
အပိုင်း ၇၃ (တိတ်တိတ်လေး သည်းညည်းခံနေခြင်း)
အပိုင်း၇၄ (လက်တွဲလုပ်ဆောင်မှု)
အပိုင်း၇၅ (ကူညီခြင်း)
အပိုင်း ၇၆ (အံ့ဩစရာကောင်းလိုက်တာ!)
အပိုင်း ၇၇ (အသားနှပ်)
အပိုင္း၇၈ (ဆိုင္ဖြင့္တဲ့ေန႔)
အပိုင်း ၇၉ (ဝက်ခေါင်း)
အပိုင်း၈၀ (ပြဿနာတက်ခြင်း)
အပိုင်း ၈၁ (လျှို့ဝှက်ချက်ပြုတ်နည်း)
အပိုင်း ၈၂ (အရသာသစ်)
အပိုင်း၈၃ (ကျော်ကြားတဲ့ပညာရှိ)
အပိုင်း ၈၄ (အစားကြီးသူ)
အပိုင်း ၈၅ (တပည့်တစ်ယောက်အဖြစ်လက်ခံခြင်း)
အပိုင်း၈၆ (ငါးဖမ်းခြင်း)
အပိုင်း ၈၇ (ငါးချဉ်)
အပိုင်း၈၈ (အဖေနဲ့သမီး)
အခန်း ၈၉ (ကျောင်းလခ)
အပိုင်း ၉၀ (လျို့ကော)
အခန်း၉၁ (ကြေးမြင့်တဲ့ပေးချေမှု)
အပိုင်း ၉၂ ( စိုနေတဲ့ဆန် )
အပိုင်း ၉၃ (အထင်ကြီးစရာဧည့်သည်)
အပိုင်း ၉၄ (မြည်းလှည်း)
အပိုင်း ၉၅ (ကျောင်းတက်ခြင်း)
အပိုင်း ၉၆ (အပူအပင်)
အပိုင်း ၉၇ (ဖျားနာနေသောမြည်း)
အပိုင်း ၉၈ (ဝေစု)
အပိုင်း ၉၉ - တွေ့ဆုံဖို့ အခွင့်အရေး
အပိုင်း ၁၀၀ (အချိန်အခါမဟုတ်အိမ်ကိုလာခြင်း)
အပိုင်း၁၀၁ (ကျိုးမိသားစု)
အပိုင်း၁၀၂ (အလုပ်မှာရေသာခိုခြင်း)
အပိုင်း ၁၀၃ (အကျင့်ပျက်ခြင်း)
အခန်း ၁၀၄ (လုယက်သူ)
အခန်း ၁၀၅ (ဝိညာဉ်တစ်ခုကိုမြင်ရခြင်း)
အပိုင်း ၁၀၆ (သေလုဆဲဆဲဖြစ်ခြင်း)
အပိုင်း ၁၀၇ (စုံစမ်းမေးမြန်းခြင်း)
အပိုင်း ၁၀၈ (မိုးကြိုး)
အပိုင်း၁၀၉ (မိုးကြိုးပစ်ခြင်း)
အပိုင်း ၁၁၀ (ဝန်ချတောင်းပန်ခြင်း)
အပိုင်း ၁၁၁ (အိမ်ပြန်လာခြင်း)
အခန်း ၁၁၂ (ထွက်ခွာခြင်း)
အပိုင်း ၁၁၃ (ဆေးဖက်ဝင်ဂျင်ဆင်းဘုရင်)
အပိုင်း ၁၁၄ (အကျိုးများတဲ့ခရီးတိုတစ်ခု)
အပိုင်း ၁၁၅ ( အသီးအရွက်များရောင်းခြင်း)
အပိုင်း ၁၁၆ (မင်းသားလေး)
အပိုင်း ၁၁၇ (ဟင်းသီးဟင်းရွက်များကြောင့် ရန်ဖြစ်ကြခြင်း)
အပိုင်း ၁၁၈ (လူကဲခတ်မြန်တဲ့လူကြီးမင်း)
အပိုင်း ၁၁၉ (ကျေနပ်အားရခြင်း)
အပိုင်း ၁၂၀ (ဆုလာဘ်)
အပိုင်း ၁၂၁ (ရင်းနှီးမြှပ်နှံမှု)
အပိုင်း ၁၂၂ (ဝဋ်လည်ခြင်း)
အပိုင်း ၁၂၃ ( အလုပ်များသော)
အပိုင်း ၁၂၄ (နောက်တစ်ခေါက်လာကြပြန်ပြီ! )
အပိုင်း ၁၂၅ (ကုတ်ခြစ်ခံရခြင်း)
အပိုင်း ၁၂၆
အပိုင်း ၁၂၇ (တိုင်ပင်ခြင်း)
အပိုင်း ၁၂၈ (သူမအိမ်လည်လာခြင်းရဲ့ရည်ရွယ်ချက်)
အပိုင်း ၁၂၉ (အဆိပ်မရှိခြင်း)
အပိုင်း၁၃၀ (အလည်ရောက်လာသူများ)
အပိုင်း ၁၃၁ ( မနက်စာ )
အပိုင်း ၁၃၂ (ဘဲသားနှပ်)
အပိုင်း ၁၃၃ (ကြမ္မာဖန်သောတွေ့ဆုံမှု)
အပိုင်း ၁၃၄ (အတွေ့အကြုံရင့်တဲ့အစားချစ်သူ)
အပိုင်း ၁၃၅ (အကင်းပါးသော)
အပိုင်း ၁၃၆ (ညနောက်ကျမှပြန်လာခြင်း)
အပိုင်း၁၃၇ (သိမ်းသွင်းစည်းရုံးခြင်း)
အပိုင်း ၁၃၈ (အစီအစဉ်ချခြင်း)
အပိုင်း ၁၃၉ ( စီရင်စုမြို့)
အပိုင်း ၁၄၀ (ဈေးဝယ်ထွက်ခြင်း)
အပိုင်း ၁၄၁ (စစ်သူကြီး)
အပိုင်း ၁၄၂ (အပြန်လမ်း)
အပိုင်း ၁၄၃ (လည်ပတ်ခြင်း)
အပိုင်း ၁၄၄ (အကြံဉာဏ်ပေးခြင်း)
အခန်း ၁၄၅ (အဆိုပြုခြင်း)
အပိုင်း ၁၄၆ (သံတမန်)
အပိုင်း ၁၄၇ (မွေးစားသမီး?)
အပိုင်း၁၄၈ (မွေးစားအဖေ)
အပိုင်း ၁၄၉ (မိသားစုဖြစ်လာခြင်း)
အပိုင်း ၁၅၀ (လူထူးလူဆန်း)
အပိုင်း ၁၅၁ (တော်ဝင်အမိန့်ပြန်တမ်း)
အပိုင်း၁၅၂ (မှတ်ဉာဏ်ဟောင်းများ)
အပိုင်း ၁၅၃ (ဧကရာဇ်ဟောင်း)
အပိုင်း ၁၅၄ (ဂျုံကြာဇံ)
အခန်း၁၅၅ (ထွက်ခွာဖို့လေးကန်နေခြင်း)
အခန်း ၁၅၆ (ပို့ဆောင်ခြင်း)
အခန်း ၁၅၇ (ပင်လယ်မျှော့)
အပိုင်း ၁၅၈ (မသမာတဲ့နည်းလမ်းသုံးခြင်း)
အပိုင်း ၁၅၉ (ခြိမ်းခြောက်ခြင်း)
အပိုင်း - ၁၆၀ ( အကြပ်ရိုက်အောင် လုပ်ခြင်း )
အပိုင်း ၁၆၁ (မနာလိုဖြစ်ခြင်း)
အပိုင်း ၁၆၂ - မနာလိုမှု
အပိုင်း ၁၆၃ - အကူ
အပိုင်း ၁၆၄ (ဝန်ခံလက်မြှောက်ခြင်း)
အပိုင်း ၁၆၅ (ပြောင်းလဲဖို့)
အခန်း ၁၆၆ (ဟုန်းဟုန်းတောက်ကျော်ကြားခြင်း)
အပိုင်း ၁၆၇ - (သမီးကိုကာကွယ်ခြင်း)
အခန်း ၁၆၈ - ချမ်းသာကြွယ်ဝခြင်း
အပိုင်း ၁၆၉ - အလုပ်ခေါ်စာ
အခန်း ၁၇၀ (ဖရဲသီးရောင်းခြင်း)
အပိုင်း ၁၇၁ ဖရဲသီးဆိုင်
အပိုင္း-၁၇၂( ခမ္းနားေသာ ဖြင့္ပြဲ )
အပိုင္း - ၁၇၃ (အကုန္ ေရာင္းထြက္ျခင္း)
အပိုင်း၁၇၄ - ဂုဏ်ပြုစားပွဲ
အပိုင်း ၁၇၅ - ချိုမြိန်ခြင်း အရသာ
အပိုင်း ၁၇၆ - ကြင်ယာတော်မင်းသမီး
အပိုင်း ၁၇၇ - အကြံအစည်
အပိုင်း - ၁၇၈ ( မွေးစားအမေ )
အပိုင်း ၁၇၉ - ရန်လိုမှု
အပိုင်း ၁၈၀ - ကံကြမ္မာ
အပိုင်း-၁၈၁ ( ထမင်းတစ်နပ်ကျွေးခြင်း )
အပိုင်း၁၈၂ - (ဧည့်ဝတ်ကျေပွန်မှု)
အပိုင်း၁၈၃ - မျက်နှာသာပေးတာ ခံချင်သူ
အပိုင်း ၁၈၄ နေထိုင်အခြေချဖို့ကူညီပေးခြင်း
အပိုင်း ၁၈၅ - သူခိုး
အခန်း ၁၈၆ - စဉ်းလဲတဲ့အကြံကိုလက်လွှတ်ဖို့ ငြင်းဆန်ခြင်း
အခန်း ၁၈၇ - အဆုံးမရှိ ဒုက္ခပေးခြင်း
အပိုင်း -၁၈၈ ( အရှက်မရှိခြင်း )
အပိုင်း ၁၈၉ - အချိန်ဆွဲထားခြင်း
အပိုင်း ၁၉၀ (စုံစမ်းမေးမြန်ခြင်း)
အပိုင်း ၁၉၁ ပြစ်မှုတစ်ခုကို တိုင်ကြားခြင်း
အပိုင်း ၁၉၂ - အိမ်မက်ဆိုး
အပိုင်း ၁၉၃ - ပေါ်ပေါက်လာခြင်း
အပိုင်း - ၁၉၄ (သဘောတူစာချုပ်)
အပိုင်း ၁၉၅ - ဝိညာဉ်
အပိုင်း ၁၉၆ (တရားရုံးအမှုစစ်များ)
အပိုင်း ၁၉၇ (ကိုယ့်ပါးကို ပြန်ရိုက်ခြင်း)
အပိုင်း ၁၉၈ (တရားရုံးသို့သွားခြင်း)
အပိုင်း ၁၉၉ (ကြီးမားတဲ့ချစ်ခြင်းမေတ္တာတရား)

အပိုင်း ၅၃ (ရှင်ယာဝင်ဖြစ်လာခြင်း)

2.6K 432 1
By CharmZoey

[Zawgyi]
အပိုင္း ၅၃ (ရွင္ယာဝင္ျဖစ္လာျခင္း)

ယြီေရွာင္ေခ်ာင္းက ထိုအေၾကာင္းကို ေတြးဆၿပီး ေျပာလိုက္တယ္။

ခ႐ုဆီစက္႐ုံဖြင့္ခ်င္တယ္ဆိုရင္ ခ႐ုဆီရဲ႕ သိုေလွာင္ႏိုင္တဲ့သက္တမ္းက တကယ့္ျပႆနာပဲ ေဆာင္းတြင္း ဆိုရင္ ေျမာက္ပိုင္းမွာ အပူခ်ိန္နည္းတာမလို႔ ကိစၥမရွိဘူး အဲ့ဒါေၾကာင့္ ျပႆနာမရွိဘဲ လေပါင္းမ်ားစြာ သိမ္းထားႏိုင္လိမ့္မယ္ ဒါေပမဲ့ ေႏြရာသီမွာေတာ့ ေတာ္ေတာ္ေလးကို ဒုကၡေရာက္မွာ

သူမ အရင္ဘဝတုန္းက အစားအစာေတြကို ၾကာရွည္ခံဖို႔ ဘာနည္းေတြသုံးၾကပါလိမ့္။ ယြီေရွာင္ေခ်ာင္းက သူမ မ်က္ခုံးေမြးေတြကို တြန႔္ေကြးလိုက္ရင္း အေတြးထဲမွာ နစ္ေျမာေနေတာ့တယ္။ က်ိဳးက်ီ႐ႊီက စိုးရိမ္ေနေပမဲ့ သူမကို မေႏွာက္ယွက္မိေအာင္ သူ႔ကိုယ္သူ ေအာင့္အီးထားလိုက္တယ္။

ယြီေရွာင္ေခ်ာင္းက သူမကိုယ္သူမ တိုးတိုးေလးေရ႐ြတ္ေနေတာ့တယ္။

အစားအစာေတြၾကာရွည္ခံဖို႔ ပုံမွန္သုံးေလ့ရွိတဲ့နည္းက အပူခ်ိန္နိမ့္တဲ့ေနရာမွာ သိုေလွာင္တာပဲ ဒါေပမဲ့ ဒီမွာ ေရခဲေသတၱာမွ မရွိတာ...

ေရခဲေသတၱာ? ေရခဲေတြထည့္ထားတဲ့ ပုံးကို ေျပာတာလား က်ိဳးက်ီး႐ႊီေခၚလာခဲ့တဲ့ အိမ္ေတာ္ထိန္းက်ိဳးက ေမးခြန္းတစ္ခု ေမးလိုက္ေတာ့တယ္။

အာ... ဟုတ္တယ္ ေရခဲေတြ ထည့္ထားတဲ့ ပုံးကို ေျပာတာ

ယြီေရွာင္ေခ်ာင္းက သူမစိတ္ထဲက အေတြးကို ႏႈတ္ကေျပာမိသြားတယ္ဆိုတာအခုမွ သတိထားမိသြားတယ္။ ဒါေပမဲ့ ေရခဲေသတၱာက ဘာလဲဆိုတာ ရွင္းျပဖို႔ ခက္ခဲတာေၾကာင့္ အိမ္ေတာ္ထိန္းက်ိဳးရဲ႕ စကားကိုပဲ သေဘာတူလိုက္ေတာ့တယ္။

အိမ္ေတာ္ထိန္းက်ိဳးက ခဏေလာက္ေတြးဆလိုက္ၿပီးေတာ့ ေျပာလိုက္တယ္။

ေဆာင္းရာသီမွာ ေရခဲပုံးေတြနဲ႔ ပစၥည္းေတြကို သယ္ပို႔တာ အဆင္ေျပေပမဲ့ ေႏြရာသီမွာေတာ့ အကုန္အက်ေတာ္ေတာ္ မ်ားလိမ့္မယ္။ ၿပီးေတာ့လည္း တစ္ႏွစ္စာ ေရခဲေတြကို သိုေလွာင္ထားဖို႔ အေဆာက္အအုံက ဘယ္ေလာက္ေတာင္ႀကီးႀကီး လိုမွာလဲ

ၾကာရွည္ခံဖို႔အတြက္ ဆားေတြ သၾကားေတြအမ်ားႀကီးထည့္ရတဲ့ ေနာက္တစ္နည္းလည္း ရွိေသးတယ္ ဒါေပမဲ့ အဲ့ဒီနည္းလမ္းက ခ႐ုဆီရဲ႕ အရသာကို ေသခ်ာေပါက္ သက္ေရာက္မႈရွိလိမ့္မယ္ ယြီေရွာင္ေခ်ာင္းက ေခါင္းကို ခါရမ္းလိုက္ရင္း သူမအႀကံကို သူမ ျငင္းပယ္လိုက္ေတာ့တယ္။

ေတာ္ဝင္ကုန္သည္မိသားစုက လာခဲ့တဲ့ က်ိဳးက်ီ႐ႊီကလည္း ပစၥည္းအရည္အေသြးရဲ႕ အေရးပါမႈကို ေသခ်ာေပါက္သိေလတယ္။ သူက မေနႏိုင္ေတာ့ဘဲ ေမးလိုက္မိေတာ့တယ္

တျခားနည္းလမ္းေတြေရာ ရွိေသးလား

ပ်ားဖေယာင္းနဲ႔ တာရွည္ခံေအာင္ လုပ္တဲ့နည္းလည္း ရွိေသးတယ္... ဒါေပမဲ့ ပ်ားရည္က ေဈးႀကီးတာမလို႔ ပ်ားဖေယာင္းကို ထားလိုက္ေတာ့! အဲ့ဒါကလည္း ေရခဲကို သုံးၿပီး သယ္ယူသိုေလွာင္တာနဲ႔ အကုန္အက် သိပ္မကြာေလာက္ဘူး

ပ်ားဖေယာင္း! က်ိဳးက်ီ႐ႊီ ပ်ားရည္အေၾကာင္း ၾကားဖူးတယ္။ သူ႔အေမက ပ်ားရည္ကို ေသာက္ရင္ သူမရဲ႕ အလွကို တိုးေစၿပီး သူမပုံစံကို ထိန္းသိမ္းထားႏိုင္တယ္လို႔ မေသခ်ာမေရရာတဲ့ ေနရာကေန ၾကားခဲ့တာေၾကာင့္ သူ႔အေမက မႏွစ္ကစၿပီး ေန႔တိုင္း ပ်ားရည္ကို ေဖ်ာ္ေသာက္ေလ့ရွိတယ္။ ဒါေပမဲ့ ပ်ားဖေယာင္းက ဘာလဲ!

ေႏြရာသီမွာလည္း ေရခဲေတြလုပ္ႏိုင္ရင္ ေတာ္ေတာ္ေလးေကာင္းမွာ အရင္ဘဝကတည္းက ယြီေရွာင္ေခ်ာင္းမွာ သူမကိုယ္သူမ စကားေျပာတတ္တဲ့ အက်င့္ရွိေလတယ္။

ေရခဲက အပူခ်ိန္နိမ့္တဲ့အခ်ိန္မွာ သဘာဝအေလ်ာက္ျဖစ္တာ မဟုတ္ဘူးလား။ အဲဒါကို ျပဳလုပ္လို႔ရတာေရာ ဟုတ္ရဲ႕လား။ ဒီမိန္းကေလးရဲ႕ အေတြးအေခၚေတြက ေတာ္ေတာ္ေလး စိတ္ကူးယဥ္ဆန္တာပဲ။ သူ႔စိတ္ထဲမွာေတာ့ အိမ္ေတာ္ထိန္းက်ိဳးက သူ႔သခင္ေလး ဒီဆင္းရဲတဲ့ေကာင္မေလးနဲ႔ စက္႐ုံဖြင့္ဖို႔ ပူးေပါင္းလုပ္မယ့္ အႀကံကို သေဘာမက်ေပ။

တတိယသခင္ေလး ယမ္းစိမ္းကို ၾကားဖူးလား

ယြီေရွာင္ေခ်ာင္းက ႐ုတ္တရက္ သူမအရင္ဘဝက ဖတ္ခဲ့ဖူးတဲ့ တီထြင္ညဏ္ေကာင္းတဲ့ ေရွးအခါက ေရခဲျပဳလုပ္နည္း ဆိုတဲ့ေဆာင္းပါးတစ္ခုကို သတိရသြားတယ္။ ထန္မင္းဆက္ ေနာက္ပိုင္းကစၿပီး လူေတြက ယမ္းစိမ္းေတြအမ်ားႀကီး တူးေဖာ္ၿပီး ယမ္းမႈန႔္ေတြကို ျပဳလုပ္ခဲ့ၾကပုံေပၚတယ္။

အဲ့ဒီအခ်ိန္ကစၿပီး ေႏြရာသီမွာ ေရခဲျပဳလုပ္ျခင္း အစဥ္အလာကို စတင္ခဲ့ၾကတယ္။ အဲ့ဒီေနာက္မွာေတာ့ ေဖာက္သည္ေတြကို ဆြဲေဆာင္ဖို႔အတြက္ ေရခဲထဲကို သၾကားထည့္ၾကတဲ့ ကုန္သည္ေတြ ထြက္ေပၚလာခဲ့တယ္။ စုန္းမင္းဆက္မွာေတာ့ ကုန္သည္ေတြက အဲ့ဒီအထဲကို သစ္သီးေတြနဲ႔ ေဖ်ာ္ရည္ေတြ ထည့္လာၾကတယ္။ ယြမ္မင္းဆက္လက္ထက္ စီးပြာေရးလုပ္ငန္းရွင္ေတြက ယခုေခတ္ ေရခဲမုန႔္နဲ႔ ေတာ္ေတာ္ေလး တူညီတဲ့ သစ္သီးယိုေတြ ႏို႔ေတြကို ေရခဲထဲသို႔ ထည့္လာၾကတယ္။ ဒီအခ်ိန္အခါမွာေရာ ယမ္းစိမ္းနဲ႔ ေရခဲလုပ္လို႔ရမယ့္နည္းလမ္း ရွိမလားဆိုတာ သူမ သိခ်င္မိတယ္။

ယမ္းစိမ္း ဟုတ္လား သိတာေပါ့ ေဆးဆိုင္ေတြမွာေရာင္းတယ္ေလ ယမ္းစိမ္းက... ေရခဲလုပ္လို႔ရလို႔လား

က်ိဳးက်ီ႐ႊီက သူမ,မသဲမကြဲေျပာေနတဲ့ စကားကို ၾကားခဲ့တာမလို႔ သူမယမ္းစိမ္းအေၾကာင္းေမးေတာ့ ခ်က္ခ်င္း ဆက္စပ္မိသြားတယ္။

ယြီေရွာင္ေခ်ာင္းက သူ႔ကိုၾကည့္လိုက္ၿပီး ေထာက္ခံတဲ့အေနနဲ႔ ေခါင္းၿငိမ့္ျပလိုက္တယ္

ယမ္းစိမ္းက ေရမွာေပ်ာ္ဝင္သြားရင္ အပူေတြအမ်ားႀကီးကို စုပ္ယူလိုက္ၿပီး ေရရဲ႕အပူခ်ိန္ကို ေလ်ာ့က်ေစတယ္။ အဲ့တာက ေရကိုေတာင္ ခဲေစႏိုင္တယ္

တကယ္လား မင္းဘယ္လိုသိတာလဲ က်ိဳးက်ီ႐ႊီက ေတာ္ေတာ္ေလး မယုံၾကည္ႏိုင္ျဖစ္ေနေသးတယ္။

ယြီေရွာင္ေခ်ာင္းက ခဏေလာက္ ေတာင့္သြားၿပီး မ်က္ႏွာထားတင္းတင္းနဲ႔ ျပန္ေျပာလိုက္တယ္

ဒါက သခင္ေလးကိစၥမဟုတ္ပါဘူး ကြၽန္မကို မယုံရင္ ယမ္းစိမ္းအခ်ိဳ႕ ဝယ္ၿပီး စမ္းၾကည့္လို႔ ရပါတယ္

အိမ္ေတာ္ထိန္းက်ိဳးက သူ႔ရဲ႕မုတ္ဆိတ္ေမြးကို ပြတ္သပ္လိုက္ရင္း ခဏေလာက္ စဥ္းစားၾကည့္လိုက္ၿပီးေတာ့ ေျပာလိုက္တယ္

ကြၽန္ေတာ္ ဒုတိယသခင္ႀကီးမေသခင္ စုေဆာင္းခဲ့တဲ့ ေရွးေဟာင္းစာအုပ္ေတြကို ျပန္စီတုန္းက ေရခဲလုပ္ဖို႔ ယမ္းစိမ္အသုံးျပဳပုံကို မွတ္တမ္းတင္ထားတဲ့ စာ႐ြက္စာတမ္းေတြကို ေတြ႕မိတယ္ထင္တယ္

အိုး အဲ့ဒါဆို ယမ္းစိမ္းနဲ႔ ေရခဲလုပ္လို႔ရတာ အမွန္ပဲေပါ့ အိမ္ေတာ္ထိန္းက်ိဳး ဆက္ေျပာပါဦး က်ိဳးက်ီ႐ႊီက စိတ္ဝင္စားမႈအျပည့္နဲ႔ ေမးျမန္းေနေတာ့တယ္။

အိမ္ေတာ္ထိန္းက်ိဳးက ေခါင္းကိုယမ္းလိုက္ရင္း ခါးသက္တဲ့ အၿပဳံးေလးနဲ႔ ေျပာလိုက္တယ္

ဒုတိယသခင္ႀကီး စုေဆာင္းထားတဲ့ စာအုပ္ေတြက အမ်ားႀကီးပဲရွိတာမလို႔ ဘယ္စာအုပ္ထဲမွာ ျမင္ဖူးမွန္း ေသခ်ာ မမွတ္မိေတာ့ဘူး။ မိန္းကေလးယြီဆီကေနပဲ ေရခဲလုပ္နည္းနဲ႔ပတ္သတ္ၿပီး အေသးစိတ္ အခ်က္အလက္ေတြကို နားေထာင္ၾကည့္သင့္တယ္

က်ိဳးက်ီ႐ႊီရဲ႕ မ်က္လုံးေတြက ခ်ိဳခ်ဥ္ေတာင္းေနတဲ့ ကေလးတစ္ေယာက္လိုမ်ိဳး ေတာက္ပေနရင္း ယြီေရွာင္ေခ်ာင္းကို ၾကည့္လိုက္ၿပီး ေရွာင္ေခ်ာင္း,ငါတို႔ကို ခန႔္မွန္းခိုင္းမေနပါနဲ႔ေတာ့ ေျပာေျပာ ျမန္ျမန္ေလးေျပာ!

စက္႐ုံထဲမွာ ေရကန္ႀကီးတစ္ခု တူးဖို႔လို႔တယ္... ၿပီးေတာ့လည္း ကန္အလယ္တည့္တည့္မွာ ေရတစ္ဝက္ျဖည့္ထားတဲ့ စည္အႀကီးႀကီးတစ္ခုထားရမယ္။ ၿပီးရင္ေတာ့ ယမ္းစိမ္းေတြကို ကန္ထဲ ထည့္လိုက္ၿပီး ကန္ကို ေရျဖည့္ရမယ္။ ကြၽန္မလည္း တစ္ခါမွမလုပ္ဘူးေတာ့ ေရနဲ႔ ယမ္းစိမ္းကို အခ်ိဳး ဘယ္ေလာက္ထည့္ရမယ္ဆိုတာ ကြၽန္မလည္း ေသခ်ာ မသိဘူး။ အႀကိမ္နည္းနည္းေလာက္ စမ္းလုပ္ၾကည့္ ၿပီးရင္ေတာ့ သိလာမွာပါ

ယြီေရွာင္ေခ်ာင္းက သူတို႔ကို လမ္းၫႊန္ခ်က္ အၾကမ္းဖ်င္းေလာက္သာ ေျပာျပလိုက္ေပမဲ့ က်ိဳးက်ီ႐ႊီကေတာ့ တကယ့္လုပ္ငန္းစဥ္ကို လုပ္ဖို႔ တာဝန္ရွိသူျဖစ္တယ္။

က်ီဳးက်ီ႐ႊီက ေခါင္းၿငိမ့္လိုက္ၿပီး သူျပန္သြားရင္ ဘယ္လို စမ္းသပ္လုပ္ရမလဲ ဆိုတာကို ေတြးေနေတာ့တယ္။ ဘ႑ာထိန္းက်ိဳးက ထပ္ေျပာလိုက္တယ္ မင္းေျပာသလိုဆိုရင္ ယမ္းစိမ္း ပမာဏ အမ်ားႀကီးလိုမယ့္ပုံပဲ ဒါေပမဲ့ ယမ္းစိမ္းရဲ႕ ေဈးကလည္း မနည္းဘူးေနာ္

သူတို႔က ယမ္းစိမ္းကို သုံးၿပီး ေရခဲထုတ္မယ့္ စိတ္ကူးနဲ႔ ထုတ္လုပ္ေရးကုန္က်စရိတ္ကို ေလ်ာ့ခ်ဖို႔ အႀကံရခဲ့တာျဖစ္တယ္။ သို႔ေသာ္လည္း အေျခခံကုန္က်စရိတ္က ေရခဲအေဆာက္အအုံထဲမွာ ေရခဲသိုေလွာင္တာနဲ႔ သိပ္မကြာေလာက္ေပ။

ေမွ်ာ္လင့္ထားသလိုပဲ က်ိဳးမိသားစုရဲ႕ ျပင္ပအေရးကိစၥေတြကို ေဆာင္႐ြက္ေပးရတဲ့ အိမ္ေတာ္ထိန္းက စဥ္းစာခ်င့္ခ်ိန္တတ္ၿပီးေတာ့ အေျမာ္အျမင္ရွိေလတယ္။ ယြီေရွာင္ေခ်ာင္းက အၿပဳံးေလးနဲ႔ ေခါင္းၿငိမ့္ျပလိုက္ၿပီး အိမ္ေတာ္ထိန္းက်ိဳး ေျပာတာမွန္ပါတယ္ ဒါေပမဲ့ ယမ္းစိမ္းက ျပန္သုံးလို႔ရတယ္ေလ အေငြ႕ပ်ံ ပုံေဆာင္ခဲျခင္းနည္းလမ္းက ေရမွာေပ်ာ္ဝင္သြားတဲ့ ယမ္းစိမ္းေတြကို ျပန္ရႏိုင္တယ္

အိမ္ေတာ္ထိန္းက်ိဳးက ေခါင္းကို ျဖည္းျဖည္းခ်င္း ညိမ့္လိုက္ရင္း စိတ္ထဲမွာ အံ့အားသင့္ေနေတာ့တယ္

ဒီမိန္းကေလးက ေတာ္ေတာ္ေလး ငယ္ပါေသးတယ္ ဘယ္လိုေတာင္ သူမမွာ ေတာ္ေတာ္ေလး က်ယ္ေျပာတဲ့ ဗဟုသုတေတြနဲ႔ မွတ္ဉာဏ္ေကာင္းေကာင္းရွိပါလိမ့္ စာအုပ္ေတြ အမ်ားႀကီး ဖတ္ေလ့ရွိတဲ့ သူ႔လို အိမ္ေတာ္ထိန္းတစ္ေယာက္ထက္ေတာင္ ဗဟုသုတပို ႂကြယ္ဝေသးတယ္ ယြီမိသားစုမွာ ငါမသိေသးတဲ့ လ်ိဳ႕ဝွက္ခ်က္မ်ားရွိလို႔လား

မယုံၾကည္ႏိုင္ျဖစ္ေနရသည္မွာ မထူးဆန္းပါေပ။ အရင္မင္းဆက္အဆုံးမွာ စစ္ပြဲေတြေၾကာင့္ ပရမ္းပတာေတြ အမ်ားႀကီးျဖစ္ခဲ့ၿပီး မင္းမ်ိဳးမင္းႏြယ္မိသားစု အမ်ားအျပားလည္း အဲ့ဒီရွည္လ်ားတဲ့ ျဖစ္စဥ္ႀကီးေၾကာင့္ ေပ်ာက္ကြယ္သြားၾကတယ္။ ပ်က္စီးသြားတဲ့ မင္းမ်ိဳးမင္းႏြယ္တစ္ခုကမ်ား ဒီတံငါ႐ြာ ေသးေသးေလးမွာ အေျခခ်ေနထိုင္ခဲ့တာမ်ားလား...

အိမ္ေတာ္ထိန္းက်ိဳး ဒီကိစၥကို အေတြးလြန္ေနတာရပ္လိုက္ေတာ့ စီပြားေရးနဲ႔ ပတ္သတ္တဲ့ကိစၥကလြဲၿပီး က်န္တာကို အေသးစိတ္မေမးဖို႔ ေရွာင္ေခ်ာင္းနဲ႔ သေဘာတူညီမႈလုပ္ထားတယ္။ ယမ္းစိမ္းနဲ႔ ေရခဲလုပ္လို႔ရတာကို သူမဘယ္လိုသိလဲဆိုတာက ငါတို႔နဲ႔မဆိုင္ဘူးေလ ကိစၥေတြကို ရႈပ္ေထြးေအာင္ မလုပ္ပါနဲ႔ စီးပြားဖက္ေကာင္းတစ္ေယာက္ကို ငါမဆုံးရႈံးခ်င္ဘူး

က်ိဳးက်ီ႐ႊီက အၿပဳံးေလးတစ္ခုကို ခ်ိတ္ဆြဲလိုက္ရင္း ေျပာလာခဲ့တယ္။ သူက ျမင့္ျမတ္တဲ့ မိသားစုက သခင္ေလးတစ္ေယာက္ရဲ႕ ခံ့ညားၿပီး သိကၡာရွိတဲ့ အမူအရာေတြကို သဘာဝအေလ်ာက္ ထုတ္ေဖာ္ျပေနေတာ့တယ္။

အိမ္ေတာ္ထိန္းက်ိဳးက စိတ္ထဲမွာ ၾကက္ေသေသေနခိုက္ သူ႔ရဲ႕ႏွလုံးသားထဲမွာ ေခါင္းေလာင္းႀကီးတစ္ခုက က်ယ္ေလာင္စြာ ျမည္သြားသလိုမ်ိဳး ျပန္သတိဝင္လာခဲ့တယ္။ သူက ေခ်ာ္ထြက္ေနတဲ့ သူ႔ရဲ႕အေတြးေတြကို ေဘးဖယ္ထားလိုက္ၿပီး ေလးစားမႈအျပည့္နဲ႔ တည္ၿငိမ္စြာ ဦးၫႊတ္လိုက္ရင္း

တတိယသခင္ေလး သတိေပးတဲ့ အတြက္ေက်းဇူးတင္ပါတယ္ ဒီအေစခံအိုႀကီးက ေတာ္ေတာ္ေလး ရွက္မိပါတယ္

က်ိဳးက်ီ႐ႊီက ယြီေရွာင္ေခ်ာင္းဆီကို မ်က္ႏွာလွည့္လိုက္တာနဲ႔ ႏူးညံ့ၿပီးခင္မင္တတ္တဲ့ပုံစံ ျပန္ေျပာင္းသြားေတာ့တယ္

ကဲအခု ခ႐ုဆီ သိုေလွာင္ဖို႔နဲ႔ သယ္ယူပို႔ေဆာင္ေရး ျပႆနာကို ေျဖရွင္းၿပီးၿပီဆိုေတာ့ ေႏြဦးအေစာပိုင္းမွာ ခ႐ုဆီစက္႐ုံတည္ေဆာက္ေရးကို စလို႔ရၿပီ ခ႐ုဆီစက္႐ုံကို ဘယ္နားမွာ ဖြင့္သင့္တယ္လို႔ထင္လဲ

စီးပြားေရးမွာပိုင္းမွာေတာ့ တတိယသခင္ေလးက်ိဳးက ကြၽန္မလို ရွစ္ႏွစ္အ႐ြယ္ မိန္းကေလး တစ္ေယာက္ထက္ ပိုအေျမာ္အျမင္ရွိမွာပါ။ အဲ့ဒါေၾကာင့္မလို႔ ကိုယ္ဟာကိုပဲ ဆုံးျဖတ္ခ်က္ခ်လိုက္ပါ

အေစာတုန္းက ယြီေရွာင္ေခ်ာင္း အိမ္ေတာ္ထိန္းက်ိဳးရဲ႕ စူးစမ္းေနတဲ့ အၾကည့္ေတြကို ခံစားမိတယ္။ အမေလး ဘုရား ဘုရား ကံေကာင္းေပလို႔ တတိယသခင္ေလးက်ိဳးက ဒီအေျခအေနကို ဝင္ထိန္းလိုက္ၿပီး သူမ သတိမမူဘဲ လုပ္မိမွာကေန ကာကြယ္ေပးလိုက္လို႔ေပါ့။ သူစိတ္ထဲမွာ သူမကိုယ္သူမ မေပၚလြင္ေအာင္ေနဖို႔နဲ႔ အရမ္း သိသာေအာင္ မလုပ္မိဖို႔ သတိေပးေနေတာ့တယ္။

သူမသတိလက္လြတ္ျဖစ္ေနတာကို သတိမျပဳမိဖို႔ဆိုတာ က်ိဳးက်ီ႐ြီအတြက္ မျဖစ္ႏိုင္ေပ။ သို႔ေသာ္လည္း သူ႔အေရွ႕က မိန္းကေလးက ပုန္းကြယ္ေနတဲ့ ရတနာေတြကို ေျဖးေျဖးခ်င္းနဲ႔ နက္နက္ရႈိင္းရႈိင္း တူးေဖာ္မွသာရႏိုင္မယ့္ တိမ္ျမဳပ္ေနတဲ့ မိုင္းတြင္းေလးတစ္ခုလို႔ သူအလိုအေလ်ာက္ ခံစားမိတယ္။ ဒီရတနာေလး ဘယ္လိုျဖစ္ေပၚလာတယ္ ဆိုတာအတြက္ သိခ်င္ေဇာနဲ႔ ေအာက္ဆုံးထိသြားဖို႔ မလိုအပ္ပါေခ်။ သိခ်င္စိတ္ျဖစ္မိတဲ့ ခဏတာေၾကာင့္နဲ႔ ေနာက္မွေနာင္တမရခ်င္ေပ။

ငါ့အထင္ေတာ့ ခ႐ုဆီစက္႐ုံကို ဆိပ္ကမ္းနားမွာ ေဆာက္ရင္ေကာင္းမယ္ထင္တယ္။ အသြားအလာ လုပ္ဖို႔လည္း ကုန္းျဖစ္ျဖစ္ ေရျဖစ္ျဖစ္ အရမ္းအဆင္ေျပႏိုင္တယ္။ ၿပီးေတာ့လည္း ပင္လယ္နဲ႔နီးေတာ့ ကုန္ၾကမ္းပစၥည္းေတြ ဝယ္ဖို႔လည္း ပိုအဆင္ေျပတယ္

က်ိဳးက်ီ႐ႊီက သူ႔အေတြးကို ေဖာ္ျပလိုက္ၿပီး ယြီေရွာင္ေခ်ာင္းကို အႀကံဉာဏ္ေတာင္းလိုက္တယ္။

ခုေလးတင္မွ သင္ခန္းစာရထားတဲ့ ယြီေရွာင္ေခ်ာင္းက ၿပဳံး႐ုံသာၿပဳံးလိုက္ၿပီး တိတ္တဆိတ္ ေခါင္းညိမ့္ လိုက္ေတာ့တယ္။

က်ိဳးက်ီ႐ႊီရဲ႕မ်က္လုံးေတြက အျမန္လွည့္ပတ္လိုက္ၿပီး ဒီမိန္းကေလးကို စကားေျပာလာေအာင္ ဘယ္လိုလုပ္ရမလဲ သိလိုက္တယ္။ သူ႔မ်က္ႏွာမွာ အၿပဳံးတုေလးတစ္ခုနဲ႔ ေရွာင္ေခ်ာင္းကို ၾကည့္လိုက္ၿပီး ေမးလိုက္တယ္

မင္းခ႐ုဆီစက္ဆီ႐ုံမွာ ရွယ္ယာဝင္ခ်င္လား

ရွာ္ယာဝင္တစ္ေယာက္ျဖစ္လာဖို႔? ဒါေခတ္သစ္အသုံးအႏႈန္းမဟုတ္ဘူးလား ဘာလို႔ ဒီစကားလုံးက တတိယသခင္ေလးက်ိဳးရဲ႕ ပါးစပ္ကေနထြက္လာတာလဲ ျဖစ္ႏိုင္တာက... တတိယသခင္ေလးက်ိဳးက လည္း ဝိညာဥ္ကူးေျပာင္းလာတဲ့သူပဲလား။ ယြီေရွာင္ေခ်ာင္းရဲ႕ မ်က္လုံးေတြက ျပဴးက်ယ္သြားၿပီး သူ႔ကို မယုံၾကည္ႏိုင္စြာ ၾကည့္ေနေတာ့တယ္။

က်ိဳးက်ီ႐ႊီက သူမျဖစ္ေနတာကို အထင္မွားသြားၿပီး ၿပဳံးလိုက္တယ္

ဘာလဲ ရွယ္ယာဝင္တယ္ဆိုတဲ့ အဓိပၸာယ္ကို မသိဘူးလား က်န္းဝိန္ဧကရာဇ္ ေတာ္ဝင္အိမ္ေရွ႕စံမင္းသားဘဝတုန္းက ပင္လယ္ကူး သေဘၤာေတြနဲ႔ ကုန္စည္ပို႔ေဆာင္ေရးအဖြဲ႕ကို ဖြဲ႕စည္းၿပီး ရာထူးျမင့္တဲ့ အရာရွိေတြနဲ႔ ေတာ္ဝင္လူမ်ိဳးေတြကို ရင္းႏွီးျမဳပ္ႏွံ႔မႈေတြ လုပ္ခိုင္းခဲ့တယ္။ အဲ့ဒါေၾကာင့္ စီးပြားေရးေလာကမွာ ရွယ္ယာဝင္တယ္ဆိုတဲ့ အသုံးအႏႈန္းက ပ်ံ႕လာခဲ့တာ ရင္းႏွီးျမဳပ္ႏွံမႈေတြလုပ္ၿပီး စီးပြားေရးလုပ္တယ္ဆိုတဲ့ အဓိပၸာယ္ပါပဲ

အိုး...

ယြီေရွာင္ေခ်ာင္းက အမွားလုပ္မိသြားတာေၾကာင့္ လန႔္သြားၿပီး ေခြၽးေစးေတြ ထြက္လုမတက္ပဲ။ ဒါေပမဲ့လည္း သူမ ခ႐ုဆီစက္႐ုံမွာ ရင္းႏွီးျမဳပ္ႏွံလို႔ရတယ္ဆိုတာကိုၾကားေတာ့ သူမခ်က္ခ်င္းပဲ စိတ္ဝင္စားသြားေတာ့တယ္။

ဒါေပမဲ့ အခုကြၽန္မလက္ထဲမွာ ပိုက္ဆံအမ်ားႀကီး မရွိဘူး ကြၽန္မမွာရွိတာက ၁၀၀ လ်န္ထက္ေတာင္ နည္းေနေသးတယ္...

ေရွာင္ေခ်ာင္းက ေထာင့္ေလးကေန သူမရဲ႕လ်ိဳ႕ဝွက္ပိုက္ဆံအိတ္ေလးကို ယူလိုက္ၿပီး ရွက္ကိုးရွက္ကန္းနဲ႔ ေခါင္းကိုသာ ကုတ္ေနမိေတာ့တယ္။

က်ိဳးက်ီ႐ႊီက ကုတင္ေပၚမွာ ျပန႔္က်ဲေနတဲ့ ပိုက္ဆံေတြကို ၾကည့္လိုက္တယ္။ သူမရဲ႕ ပိုက္ဆံေတြ အကုန္လုံးက သူဆီကေနပဲ ရခဲ့တာဆိုေတာ့ သူမဆီမွာ ေငြဘယ္ေလာက္ရွိလဲဆိုတာကို သူေသခ်ာေပါက္ သိတာေပါ့။ သူအစကေတာ့ သူမေလးအတြက္ စက္႐ုံရဲ႕ရွယ္ယာကို လက္ေဆာင္အျဖစ္ေပးဖို႔ ရည္႐ြယ္ထားေပမဲ့ အခုေတာ့ သူ သူမကို စေနာက္ခ်င္စိတ္ေလး ေပၚလာေတာ့တယ္။

သူက ေခ်ာင္းဟန႔္လိုက္ရင္း ေျပာလိုက္တယ္။

ခ႐ုဆီလုပ္နည္းကို မင္းဆီက ရထားတာဆိုေတာ့ စက္႐ုံေဆာက္ၿပီးရင္ ရွယ္ယာတစ္ခ်ိဳ႕ မင္းကို ေပးဖို႔စဥ္းစားထားတာ ဒါေပမဲ့လည္း မင္းက အလကားယူရမွာ စိတ္မေကာင္းျဖစ္ေနတာဆိုေတာ့ ဒီေငြေတြကို...လက္ခံထားလိုက္ပါ့မယ္ေလ

ယြီေရွာင္ေခ်ာင္းမ်က္ႏွာအမူအရာက ခ်က္ခ်င္းေတာင့္သြားေတာ့တယ္။ သူမက သူမရဲ႕ပိုက္ဆံေတြကို ႏွလုံးသားမရွိတဲ့ စီးပြားေရးသမား မေကာင္းဆိုးဝါးတစ္ေယာက္က လုယူသြားသလိုမ်ိဳး အကူအညီမဲ့စြာ ၾကည့္ေနေတာ့တယ္။ သူမႏွလုံးသားေလးက ေသြးထြက္ေနပါၿပီ။

မျဖစ္ႏိုင္ဘူး သူမယြီေရွာင္ေခ်ာင္း တိတ္တဆိတ္ ဆုံးရႈံးလိုက္ရမ်ိဳးကို လုံးဝလက္မခံႏိုင္ဘူး!

တတိယသခင္ေလးက်ိဳး

သူမက အံကိုႀကိတ္ရင္း ေျပာလိုက္တယ္။

စက္႐ုံအႀကီးႀကီးမွာ ခ႐ုဆီတစ္ခုပဲ ထုတ္ရင္ ပ်င္းစရာမေကာင္းဘူးလား

က်ိဳးက်ီ႐ႊီရဲ႕ မ်က္လုံးေတြက ေတာက္ပသြားၿပီး ငါ့ရဲ႕ဘိုးေဘးေလး မင္းဒီလိုေျပာလာမွာကိုပဲ ငါေစာင့္ေနခဲ့တာ

ဘာလဲ ေရွာင္ေခ်ာင္းမွာ တျခား အႀကံဉာဏ္ ရွိေသးလို႔လား က်ိဳးက်ီ႐ႊီက သူမကို စိတ္ဝင္စားမႈအျပည့္နဲ႔ ၾကည့္ေနခဲ့တယ္။

ကြၽန္မမွာ ေနာက္ထပ္အရသာႏွစ္ ႏွစ္မ်ိဳးအတြက္ လွ်ိဳ႕ဝွက္လုပ္နည္းရွိေသးတယ္... တတိယသခင္ေလးက်ိဳးမ်ား စိတ္ဝင္စားမလားဆိုတာ သိခ်င္မိတယ္

ယြီေရွာင္ေခ်ာင္းက သူမရဲ႕ေလသံက တတိယသခင္ေလးက်ိဳး ဆိုတာကို ဖိေျပာလိုက္တာ အသိတရားရွိတဲ့လူတိုင္း ခံစားႏိုင္တယ္။ ဒါက ေၾကာင္ေပါက္ေလးက သူ႔ရဲ႕လက္သည္းေတြကို ထုတ္ျပေနတာနဲ႔ တူေလတယ္။

က်ိဳးက်ီး႐ႊီက ေပ်ာ္႐ႊင္စြာနဲ႔ အနားကို ကပ္သြားလိုက္ၿပီး ေျပာလိုက္တယ္ စိတ္ဝင္စားတာေပါ့ တကယ္ကို စိတ္ဝင္စားတာ အဲ့ဒီအေၾကာင္း ျမန္ျမန္ေလးေျပာျပပါဦး

ဟြန႔္! ယြီေရွာင္ေခ်ာင္းက ဂုဏ္ယူစြာနဲ႔ သူမေခါင္းကို လွည့္လိုက္ၿပီး လွ်ိဳ႕ဝွက္လုပ္နည္းကို လိုခ်င္ရင္ ရွယ္ယာနဲ႔ လဲေလ

အမွန္တကယ္ေတာ့ စက္႐ုံတည္ေထာင္ဖို႔အတြက္ ခ႐ုဆီနဲ႔ ဒီမိန္းကေလးေျပာခဲ့တဲ့ အျခားအရသာႏွစ္,ႏွစ္မ်ိဳး အားလုံးက ယြီေရွာင္ေခ်ာင္းဆီကသာ ရျခင္းျဖစ္ၿပီး က်ိဳးမိသားစုက ေငြနဲ႔အလုပ္သမား ေထာက္ပံ့႐ုံသာ ျဖစ္တယ္။

က်ိဳးက်ီ႐ႊီက အျမတ္နည္းနည္းေလးအတြက္နဲ႔ မကုန္ဆုံးႏိုင္တဲ့ ရတနာေတြကို အရႈံးေပးမည့္သူ မဟုတ္ပါေခ်။ သူက ရဲရင့္စြာနဲ႔ ဒီလ်ိဳ႕ဝွက္နည္းႏွစ္ခုကလည္း ခ႐ုဆီလိုမ်ိဳး တန္ဖိုးရွိမယ္ဆိုရင္ စက္႐ုံရဲ႕ ရွယ္ယာတစ္ဝက္ကိုေပးမယ္

တစ္ဝက္? ယြီေရွာင္ေခ်ာင္း အစက အျမတ္ေငြ ၂၀ရာခိုင္ႏႈန္းပဲယူဖို႔ စဥ္းစားထားတာ အခုေတာ့ သူမေမွ်ာ္မွန္းထားတာထက္ေတာင္ ေက်ာ္လြန္ေနေသးတယ္။

.......

[Unicode]
အပိုင်း ၅၃ (ရှင်ယာဝင်ဖြစ်လာခြင်း)

ယွီရှောင်ချောင်းက ထိုအကြောင်းကို တွေးဆပြီး ပြောလိုက်တယ်။

ခရုဆီစက်ရုံဖွင့်ချင်တယ်ဆိုရင် ခရုဆီရဲ့ သိုလှောင်နိုင်တဲ့သက်တမ်းက တကယ့်ပြဿနာပဲ ဆောင်းတွင်း ဆိုရင် မြောက်ပိုင်းမှာ အပူချိန်နည်းတာမလို့ ကိစ္စမရှိဘူး အဲ့ဒါကြောင့် ပြဿနာမရှိဘဲ လပေါင်းများစွာ သိမ်းထားနိုင်လိမ့်မယ် ဒါပေမဲ့ နွေရာသီမှာတော့ တော်တော်လေးကို ဒုက္ခရောက်မှာ

သူမ အရင်ဘဝတုန်းက အစားအစာတွေကို ကြာရှည်ခံဖို့ ဘာနည်းတွေသုံးကြပါလိမ့်။ ယွီရှောင်ချောင်းက သူမ မျက်ခုံးမွေးတွေကို တွန့်ကွေးလိုက်ရင်း အတွေးထဲမှာ နစ်မြောနေတော့တယ်။ ကျိုးကျီရွှီက စိုးရိမ်နေပေမဲ့ သူမကို မနှောက်ယှက်မိအောင် သူ့ကိုယ်သူ အောင့်အီးထားလိုက်တယ်။

ယွီရှောင်ချောင်းက သူမကိုယ်သူမ တိုးတိုးလေးရေရွတ်နေတော့တယ်။

အစားအစာတွေကြာရှည်ခံဖို့ ပုံမှန်သုံးလေ့ရှိတဲ့နည်းက အပူချိန်နိမ့်တဲ့နေရာမှာ သိုလှောင်တာပဲ ဒါပေမဲ့ ဒီမှာ ရေခဲသေတ္တာမှ မရှိတာ...

ရေခဲသေတ္တာ? ရေခဲတွေထည့်ထားတဲ့ ပုံးကို ပြောတာလား ကျိုးကျီးရွှီခေါ်လာခဲ့တဲ့ အိမ်တော်ထိန်းကျိုးက မေးခွန်းတစ်ခု မေးလိုက်တော့တယ်။

အာ... ဟုတ်တယ် ရေခဲတွေ ထည့်ထားတဲ့ ပုံးကို ပြောတာ

ယွီရှောင်ချောင်းက သူမစိတ်ထဲက အတွေးကို နှုတ်ကပြောမိသွားတယ်ဆိုတာအခုမှ သတိထားမိသွားတယ်။ ဒါပေမဲ့ ရေခဲသေတ္တာက ဘာလဲဆိုတာ ရှင်းပြဖို့ ခက်ခဲတာကြောင့် အိမ်တော်ထိန်းကျိုးရဲ့ စကားကိုပဲ သဘောတူလိုက်တော့တယ်။

အိမ်တော်ထိန်းကျိုးက ခဏလောက်တွေးဆလိုက်ပြီးတော့ ပြောလိုက်တယ်။

ဆောင်းရာသီမှာ ရေခဲပုံးတွေနဲ့ ပစ္စည်းတွေကို သယ်ပို့တာ အဆင်ပြေပေမဲ့ နွေရာသီမှာတော့ အကုန်အကျတော်တော် များလိမ့်မယ်။ ပြီးတော့လည်း တစ်နှစ်စာ ရေခဲတွေကို သိုလှောင်ထားဖို့ အဆောက်အအုံက ဘယ်လောက်တောင်ကြီးကြီး လိုမှာလဲ

ကြာရှည်ခံဖို့အတွက် ဆားတွေ သကြားတွေအများကြီးထည့်ရတဲ့ နောက်တစ်နည်းလည်း ရှိသေးတယ် ဒါပေမဲ့ အဲ့ဒီနည်းလမ်းက ခရုဆီရဲ့ အရသာကို သေချာပေါက် သက်ရောက်မှုရှိလိမ့်မယ် ယွီရှောင်ချောင်းက ခေါင်းကို ခါရမ်းလိုက်ရင်း သူမအကြံကို သူမ ငြင်းပယ်လိုက်တော့တယ်။

တော်ဝင်ကုန်သည်မိသားစုက လာခဲ့တဲ့ ကျိုးကျီရွှီကလည်း ပစ္စည်းအရည်အသွေးရဲ့ အရေးပါမှုကို သေချာပေါက်သိလေတယ်။ သူက မနေနိုင်တော့ဘဲ မေးလိုက်မိတော့တယ်

တခြားနည်းလမ်းတွေရော ရှိသေးလား

ပျားဖယောင်းနဲ့ တာရှည်ခံအောင် လုပ်တဲ့နည်းလည်း ရှိသေးတယ်... ဒါပေမဲ့ ပျားရည်က ဈေးကြီးတာမလို့ ပျားဖယောင်းကို ထားလိုက်တော့! အဲ့ဒါကလည်း ရေခဲကို သုံးပြီး သယ်ယူသိုလှောင်တာနဲ့ အကုန်အကျ သိပ်မကွာလောက်ဘူး

ပျားဖယောင်း! ကျိုးကျီရွှီ ပျားရည်အကြောင်း ကြားဖူးတယ်။ သူ့အမေက ပျားရည်ကို သောက်ရင် သူမရဲ့ အလှကို တိုးစေပြီး သူမပုံစံကို ထိန်းသိမ်းထားနိုင်တယ်လို့ မသေချာမရေရာတဲ့ နေရာကနေ ကြားခဲ့တာကြောင့် သူ့အမေက မနှစ်ကစပြီး နေ့တိုင်း ပျားရည်ကို ဖျော်သောက်လေ့ရှိတယ်။ ဒါပေမဲ့ ပျားဖယောင်းက ဘာလဲ!

နွေရာသီမှာလည်း ရေခဲတွေလုပ်နိုင်ရင် တော်တော်လေးကောင်းမှာ အရင်ဘဝကတည်းက ယွီရှောင်ချောင်းမှာ သူမကိုယ်သူမ စကားပြောတတ်တဲ့ အကျင့်ရှိလေတယ်။

ရေခဲက အပူချိန်နိမ့်တဲ့အချိန်မှာ သဘာဝအလျောက်ဖြစ်တာ မဟုတ်ဘူးလား။ အဲဒါကို ပြုလုပ်လို့ရတာရော ဟုတ်ရဲ့လား။ ဒီမိန်းကလေးရဲ့ အတွေးအခေါ်တွေက တော်တော်လေး စိတ်ကူးယဉ်ဆန်တာပဲ။ သူ့စိတ်ထဲမှာတော့ အိမ်တော်ထိန်းကျိုးက သူ့သခင်လေး ဒီဆင်းရဲတဲ့ကောင်မလေးနဲ့ စက်ရုံဖွင့်ဖို့ ပူးပေါင်းလုပ်မယ့် အကြံကို သဘောမကျပေ။

တတိယသခင်လေး ယမ်းစိမ်းကို ကြားဖူးလား

ယွီရှောင်ချောင်းက ရုတ်တရက် သူမအရင်ဘဝက ဖတ်ခဲ့ဖူးတဲ့ တီထွင်ညဏ်ကောင်းတဲ့ ရှေးအခါက ရေခဲပြုလုပ်နည်း ဆိုတဲ့ဆောင်းပါးတစ်ခုကို သတိရသွားတယ်။ ထန်မင်းဆက် နောက်ပိုင်းကစပြီး လူတွေက ယမ်းစိမ်းတွေအများကြီး တူးဖော်ပြီး ယမ်းမှုန့်တွေကို ပြုလုပ်ခဲ့ကြပုံပေါ်တယ်။

အဲ့ဒီအချိန်ကစပြီး နွေရာသီမှာ ရေခဲပြုလုပ်ခြင်း အစဉ်အလာကို စတင်ခဲ့ကြတယ်။ အဲ့ဒီနောက်မှာတော့ ဖောက်သည်တွေကို ဆွဲဆောင်ဖို့အတွက် ရေခဲထဲကို သကြားထည့်ကြတဲ့ ကုန်သည်တွေ ထွက်ပေါ်လာခဲ့တယ်။ စုန်းမင်းဆက်မှာတော့ ကုန်သည်တွေက အဲ့ဒီအထဲကို သစ်သီးတွေနဲ့ ဖျော်ရည်တွေ ထည့်လာကြတယ်။ ယွမ်မင်းဆက်လက်ထက် စီးပွာရေးလုပ်ငန်းရှင်တွေက ယခုခေတ် ရေခဲမုန့်နဲ့ တော်တော်လေး တူညီတဲ့ သစ်သီးယိုတွေ နို့တွေကို ရေခဲထဲသို့ ထည့်လာကြတယ်။ ဒီအချိန်အခါမှာရော ယမ်းစိမ်းနဲ့ ရေခဲလုပ်လို့ရမယ့်နည်းလမ်း ရှိမလားဆိုတာ သူမ သိချင်မိတယ်။

ယမ်းစိမ်း ဟုတ်လား သိတာပေါ့ ဆေးဆိုင်တွေမှာရောင်းတယ်လေ ယမ်းစိမ်းက... ရေခဲလုပ်လို့ရလို့လား

ကျိုးကျီရွှီက သူမ,မသဲမကွဲပြောနေတဲ့ စကားကို ကြားခဲ့တာမလို့ သူမယမ်းစိမ်းအကြောင်းမေးတော့ ချက်ချင်း ဆက်စပ်မိသွားတယ်။

ယွီရှောင်ချောင်းက သူ့ကိုကြည့်လိုက်ပြီး ထောက်ခံတဲ့အနေနဲ့ ခေါင်းငြိမ့်ပြလိုက်တယ်

ယမ်းစိမ်းက ရေမှာပျော်ဝင်သွားရင် အပူတွေအများကြီးကို စုပ်ယူလိုက်ပြီး ရေရဲ့အပူချိန်ကို လျော့ကျစေတယ်။ အဲ့တာက ရေကိုတောင် ခဲစေနိုင်တယ်

တကယ်လား မင်းဘယ်လိုသိတာလဲ ကျိုးကျီရွှီက တော်တော်လေး မယုံကြည်နိုင်ဖြစ်နေသေးတယ်။

ယွီရှောင်ချောင်းက ခဏလောက် တောင့်သွားပြီး မျက်နှာထားတင်းတင်းနဲ့ ပြန်ပြောလိုက်တယ်

ဒါက သခင်လေးကိစ္စမဟုတ်ပါဘူး ကျွန်မကို မယုံရင် ယမ်းစိမ်းအချို့ ဝယ်ပြီး စမ်းကြည့်လို့ ရပါတယ်

အိမ်တော်ထိန်းကျိုးက သူ့ရဲ့မုတ်ဆိတ်မွေးကို ပွတ်သပ်လိုက်ရင်း ခဏလောက် စဉ်းစားကြည့်လိုက်ပြီးတော့ ပြောလိုက်တယ်

ကျွန်တော် ဒုတိယသခင်ကြီးမသေခင် စုဆောင်းခဲ့တဲ့ ရှေးဟောင်းစာအုပ်တွေကို ပြန်စီတုန်းက ရေခဲလုပ်ဖို့ ယမ်းစိမ်အသုံးပြုပုံကို မှတ်တမ်းတင်ထားတဲ့ စာရွက်စာတမ်းတွေကို တွေ့မိတယ်ထင်တယ်

အိုး အဲ့ဒါဆို ယမ်းစိမ်းနဲ့ ရေခဲလုပ်လို့ရတာ အမှန်ပဲပေါ့ အိမ်တော်ထိန်းကျိုး ဆက်ပြောပါဦး ကျိုးကျီရွှီက စိတ်ဝင်စားမှုအပြည့်နဲ့ မေးမြန်းနေတော့တယ်။

အိမ်တော်ထိန်းကျိုးက ခေါင်းကိုယမ်းလိုက်ရင်း ခါးသက်တဲ့ အပြုံးလေးနဲ့ ပြောလိုက်တယ်

ဒုတိယသခင်ကြီး စုဆောင်းထားတဲ့ စာအုပ်တွေက အများကြီးပဲရှိတာမလို့ ဘယ်စာအုပ်ထဲမှာ မြင်ဖူးမှန်း သေချာ မမှတ်မိတော့ဘူး။ မိန်းကလေးယွီဆီကနေပဲ ရေခဲလုပ်နည်းနဲ့ပတ်သတ်ပြီး အသေးစိတ် အချက်အလက်တွေကို နားထောင်ကြည့်သင့်တယ်

ကျိုးကျီရွှီရဲ့ မျက်လုံးတွေက ချိုချဉ်တောင်းနေတဲ့ ကလေးတစ်ယောက်လိုမျိုး တောက်ပနေရင်း ယွီရှောင်ချောင်းကို ကြည့်လိုက်ပြီး ရှောင်ချောင်း,ငါတို့ကို ခန့်မှန်းခိုင်းမနေပါနဲ့တော့ ပြောပြော မြန်မြန်လေးပြော!

စက်ရုံထဲမှာ ရေကန်ကြီးတစ်ခု တူးဖို့လို့တယ်... ပြီးတော့လည်း ကန်အလယ်တည့်တည့်မှာ ရေတစ်ဝက်ဖြည့်ထားတဲ့ စည်အကြီးကြီးတစ်ခုထားရမယ်။ ပြီးရင်တော့ ယမ်းစိမ်းတွေကို ကန်ထဲ ထည့်လိုက်ပြီး ကန်ကို ရေဖြည့်ရမယ်။ ကျွန်မလည်း တစ်ခါမှမလုပ်ဘူးတော့ ရေနဲ့ ယမ်းစိမ်းကို အချိုး ဘယ်လောက်ထည့်ရမယ်ဆိုတာ ကျွန်မလည်း သေချာ မသိဘူး။ အကြိမ်နည်းနည်းလောက် စမ်းလုပ်ကြည့် ပြီးရင်တော့ သိလာမှာပါ

ယွီရှောင်ချောင်းက သူတို့ကို လမ်းညွှန်ချက် အကြမ်းဖျင်းလောက်သာ ပြောပြလိုက်ပေမဲ့ ကျိုးကျီရွှီကတော့ တကယ့်လုပ်ငန်းစဉ်ကို လုပ်ဖို့ တာဝန်ရှိသူဖြစ်တယ်။

ကျီုးကျီရွှီက ခေါင်းငြိမ့်လိုက်ပြီး သူပြန်သွားရင် ဘယ်လို စမ်းသပ်လုပ်ရမလဲ ဆိုတာကို တွေးနေတော့တယ်။ ဘဏ္ဍာထိန်းကျိုးက ထပ်ပြောလိုက်တယ် မင်းပြောသလိုဆိုရင် ယမ်းစိမ်း ပမာဏ အများကြီးလိုမယ့်ပုံပဲ ဒါပေမဲ့ ယမ်းစိမ်းရဲ့ ဈေးကလည်း မနည်းဘူးနော်

သူတို့က ယမ်းစိမ်းကို သုံးပြီး ရေခဲထုတ်မယ့် စိတ်ကူးနဲ့ ထုတ်လုပ်ရေးကုန်ကျစရိတ်ကို လျော့ချဖို့ အကြံရခဲ့တာဖြစ်တယ်။ သို့သော်လည်း အခြေခံကုန်ကျစရိတ်က ရေခဲအဆောက်အအုံထဲမှာ ရေခဲသိုလှောင်တာနဲ့ သိပ်မကွာလောက်ပေ။

မျှော်လင့်ထားသလိုပဲ ကျိုးမိသားစုရဲ့ ပြင်ပအရေးကိစ္စတွေကို ဆောင်ရွက်ပေးရတဲ့ အိမ်တော်ထိန်းက စဉ်းစာချင့်ချိန်တတ်ပြီးတော့ အမြော်အမြင်ရှိလေတယ်။ ယွီရှောင်ချောင်းက အပြုံးလေးနဲ့ ခေါင်းငြိမ့်ပြလိုက်ပြီး အိမ်တော်ထိန်းကျိုး ပြောတာမှန်ပါတယ် ဒါပေမဲ့ ယမ်းစိမ်းက ပြန်သုံးလို့ရတယ်လေ အငွေ့ပျံ ပုံဆောင်ခဲခြင်းနည်းလမ်းက ရေမှာပျော်ဝင်သွားတဲ့ ယမ်းစိမ်းတွေကို ပြန်ရနိုင်တယ်

အိမ်တော်ထိန်းကျိုးက ခေါင်းကို ဖြည်းဖြည်းချင်း ညိမ့်လိုက်ရင်း စိတ်ထဲမှာ အံ့အားသင့်နေတော့တယ်

ဒီမိန်းကလေးက တော်တော်လေး ငယ်ပါသေးတယ် ဘယ်လိုတောင် သူမမှာ တော်တော်လေး ကျယ်ပြောတဲ့ ဗဟုသုတတွေနဲ့ မှတ်ဉာဏ်ကောင်းကောင်းရှိပါလိမ့် စာအုပ်တွေ အများကြီး ဖတ်လေ့ရှိတဲ့ သူ့လို အိမ်တော်ထိန်းတစ်ယောက်ထက်တောင် ဗဟုသုတပို ကြွယ်ဝသေးတယ် ယွီမိသားစုမှာ ငါမသိသေးတဲ့ လျို့ဝှက်ချက်များရှိလို့လား

မယုံကြည်နိုင်ဖြစ်နေရသည်မှာ မထူးဆန်းပါပေ။ အရင်မင်းဆက်အဆုံးမှာ စစ်ပွဲတွေကြောင့် ပရမ်းပတာတွေ အများကြီးဖြစ်ခဲ့ပြီး မင်းမျိုးမင်းနွယ်မိသားစု အများအပြားလည်း အဲ့ဒီရှည်လျားတဲ့ ဖြစ်စဉ်ကြီးကြောင့် ပျောက်ကွယ်သွားကြတယ်။ ပျက်စီးသွားတဲ့ မင်းမျိုးမင်းနွယ်တစ်ခုကများ ဒီတံငါရွာ သေးသေးလေးမှာ အခြေချနေထိုင်ခဲ့တာများလား...

အိမ်တော်ထိန်းကျိုး ဒီကိစ္စကို အတွေးလွန်နေတာရပ်လိုက်တော့ စီပွားရေးနဲ့ ပတ်သတ်တဲ့ကိစ္စကလွဲပြီး ကျန်တာကို အသေးစိတ်မမေးဖို့ ရှောင်ချောင်းနဲ့ သဘောတူညီမှုလုပ်ထားတယ်။ ယမ်းစိမ်းနဲ့ ရေခဲလုပ်လို့ရတာကို သူမဘယ်လိုသိလဲဆိုတာက ငါတို့နဲ့မဆိုင်ဘူးလေ ကိစ္စတွေကို ရှုပ်ထွေးအောင် မလုပ်ပါနဲ့ စီးပွားဖက်ကောင်းတစ်ယောက်ကို ငါမဆုံးရှုံးချင်ဘူး

ကျိုးကျီရွှီက အပြုံးလေးတစ်ခုကို ချိတ်ဆွဲလိုက်ရင်း ပြောလာခဲ့တယ်။ သူက မြင့်မြတ်တဲ့ မိသားစုက သခင်လေးတစ်ယောက်ရဲ့ ခံ့ညားပြီး သိက္ခာရှိတဲ့ အမူအရာတွေကို သဘာဝအလျောက် ထုတ်ဖော်ပြနေတော့တယ်။

အိမ်တော်ထိန်းကျိုးက စိတ်ထဲမှာ ကြက်သေသေနေခိုက် သူ့ရဲ့နှလုံးသားထဲမှာ ခေါင်းလောင်းကြီးတစ်ခုက ကျယ်လောင်စွာ မြည်သွားသလိုမျိုး ပြန်သတိဝင်လာခဲ့တယ်။ သူက ချော်ထွက်နေတဲ့ သူ့ရဲ့အတွေးတွေကို ဘေးဖယ်ထားလိုက်ပြီး လေးစားမှုအပြည့်နဲ့ တည်ငြိမ်စွာ ဦးညွှတ်လိုက်ရင်း

တတိယသခင်လေး သတိပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ် ဒီအစေခံအိုကြီးက တော်တော်လေး ရှက်မိပါတယ်

ကျိုးကျီရွှီက ယွီရှောင်ချောင်းဆီကို မျက်နှာလှည့်လိုက်တာနဲ့ နူးညံ့ပြီးခင်မင်တတ်တဲ့ပုံစံ ပြန်ပြောင်းသွားတော့တယ်

ကဲအခု ခရုဆီ သိုလှောင်ဖို့နဲ့ သယ်ယူပို့ဆောင်ရေး ပြဿနာကို ဖြေရှင်းပြီးပြီဆိုတော့ နွေဦးအစောပိုင်းမှာ ခရုဆီစက်ရုံတည်ဆောက်ရေးကို စလို့ရပြီ ခရုဆီစက်ရုံကို ဘယ်နားမှာ ဖွင့်သင့်တယ်လို့ထင်လဲ

စီးပွားရေးမှာပိုင်းမှာတော့ တတိယသခင်လေးကျိုးက ကျွန်မလို ရှစ်နှစ်အရွယ် မိန်းကလေး တစ်ယောက်ထက် ပိုအမြော်အမြင်ရှိမှာပါ။ အဲ့ဒါကြောင့်မလို့ ကိုယ်ဟာကိုပဲ ဆုံးဖြတ်ချက်ချလိုက်ပါ

အစောတုန်းက ယွီရှောင်ချောင်း အိမ်တော်ထိန်းကျိုးရဲ့ စူးစမ်းနေတဲ့ အကြည့်တွေကို ခံစားမိတယ်။ အမလေး ဘုရား ဘုရား ကံကောင်းပေလို့ တတိယသခင်လေးကျိုးက ဒီအခြေအနေကို ဝင်ထိန်းလိုက်ပြီး သူမ သတိမမူဘဲ လုပ်မိမှာကနေ ကာကွယ်ပေးလိုက်လို့ပေါ့။ သူစိတ်ထဲမှာ သူမကိုယ်သူမ မပေါ်လွင်အောင်နေဖို့နဲ့ အရမ်း သိသာအောင် မလုပ်မိဖို့ သတိပေးနေတော့တယ်။

သူမသတိလက်လွတ်ဖြစ်နေတာကို သတိမပြုမိဖို့ဆိုတာ ကျိုးကျီရွီအတွက် မဖြစ်နိုင်ပေ။ သို့သော်လည်း သူ့အရှေ့က မိန်းကလေးက ပုန်းကွယ်နေတဲ့ ရတနာတွေကို ဖြေးဖြေးချင်းနဲ့ နက်နက်ရှိုင်းရှိုင်း တူးဖော်မှသာရနိုင်မယ့် တိမ်မြုပ်နေတဲ့ မိုင်းတွင်းလေးတစ်ခုလို့ သူအလိုအလျောက် ခံစားမိတယ်။ ဒီရတနာလေး ဘယ်လိုဖြစ်ပေါ်လာတယ် ဆိုတာအတွက် သိချင်ဇောနဲ့ အောက်ဆုံးထိသွားဖို့ မလိုအပ်ပါချေ။ သိချင်စိတ်ဖြစ်မိတဲ့ ခဏတာကြောင့်နဲ့ နောက်မှနောင်တမရချင်ပေ။

ငါ့အထင်တော့ ခရုဆီစက်ရုံကို ဆိပ်ကမ်းနားမှာ ဆောက်ရင်ကောင်းမယ်ထင်တယ်။ အသွားအလာ လုပ်ဖို့လည်း ကုန်းဖြစ်ဖြစ် ရေဖြစ်ဖြစ် အရမ်းအဆင်ပြေနိုင်တယ်။ ပြီးတော့လည်း ပင်လယ်နဲ့နီးတော့ ကုန်ကြမ်းပစ္စည်းတွေ ဝယ်ဖို့လည်း ပိုအဆင်ပြေတယ်

ကျိုးကျီရွှီက သူ့အတွေးကို ဖော်ပြလိုက်ပြီး ယွီရှောင်ချောင်းကို အကြံဉာဏ်တောင်းလိုက်တယ်။

ခုလေးတင်မှ သင်ခန်းစာရထားတဲ့ ယွီရှောင်ချောင်းက ပြုံးရုံသာပြုံးလိုက်ပြီး တိတ်တဆိတ် ခေါင်းညိမ့် လိုက်တော့တယ်။

ကျိုးကျီရွှီရဲ့မျက်လုံးတွေက အမြန်လှည့်ပတ်လိုက်ပြီး ဒီမိန်းကလေးကို စကားပြောလာအောင် ဘယ်လိုလုပ်ရမလဲ သိလိုက်တယ်။ သူ့မျက်နှာမှာ အပြုံးတုလေးတစ်ခုနဲ့ ရှောင်ချောင်းကို ကြည့်လိုက်ပြီး မေးလိုက်တယ်

မင်းခရုဆီစက်ဆီရုံမှာ ရှယ်ယာဝင်ချင်လား

ရှာ်ယာဝင်တစ်ယောက်ဖြစ်လာဖို့? ဒါခေတ်သစ်အသုံးအနှုန်းမဟုတ်ဘူးလား ဘာလို့ ဒီစကားလုံးက တတိယသခင်လေးကျိုးရဲ့ ပါးစပ်ကနေထွက်လာတာလဲ ဖြစ်နိုင်တာက... တတိယသခင်လေးကျိုးက လည်း ဝိညာဉ်ကူးပြောင်းလာတဲ့သူပဲလား။ ယွီရှောင်ချောင်းရဲ့ မျက်လုံးတွေက ပြူးကျယ်သွားပြီး သူ့ကို မယုံကြည်နိုင်စွာ ကြည့်နေတော့တယ်။

ကျိုးကျီရွှီက သူမဖြစ်နေတာကို အထင်မှားသွားပြီး ပြုံးလိုက်တယ်

ဘာလဲ ရှယ်ယာဝင်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို မသိဘူးလား ကျန်းဝိန်ဧကရာဇ် တော်ဝင်အိမ်ရှေ့စံမင်းသားဘဝတုန်းက ပင်လယ်ကူး သင်္ဘောတွေနဲ့ ကုန်စည်ပို့ဆောင်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး ရာထူးမြင့်တဲ့ အရာရှိတွေနဲ့ တော်ဝင်လူမျိုးတွေကို ရင်းနှီးမြုပ်နှံ့မှုတွေ လုပ်ခိုင်းခဲ့တယ်။ အဲ့ဒါကြောင့် စီးပွားရေးလောကမှာ ရှယ်ယာဝင်တယ်ဆိုတဲ့ အသုံးအနှုန်းက ပျံ့လာခဲ့တာ ရင်းနှီးမြုပ်နှံမှုတွေလုပ်ပြီး စီးပွားရေးလုပ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ

အိုး...

ယွီရှောင်ချောင်းက အမှားလုပ်မိသွားတာကြောင့် လန့်သွားပြီး ချွေးစေးတွေ ထွက်လုမတက်ပဲ။ ဒါပေမဲ့လည်း သူမ ခရုဆီစက်ရုံမှာ ရင်းနှီးမြုပ်နှံလို့ရတယ်ဆိုတာကိုကြားတော့ သူမချက်ချင်းပဲ စိတ်ဝင်စားသွားတော့တယ်။

ဒါပေမဲ့ အခုကျွန်မလက်ထဲမှာ ပိုက်ဆံအများကြီး မရှိဘူး ကျွန်မမှာရှိတာက ၁၀၀ လျန်ထက်တောင် နည်းနေသေးတယ်...

ရှောင်ချောင်းက ထောင့်လေးကနေ သူမရဲ့လျို့ဝှက်ပိုက်ဆံအိတ်လေးကို ယူလိုက်ပြီး ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းကိုသာ ကုတ်နေမိတော့တယ်။

ကျိုးကျီရွှီက ကုတင်ပေါ်မှာ ပြန့်ကျဲနေတဲ့ ပိုက်ဆံတွေကို ကြည့်လိုက်တယ်။ သူမရဲ့ ပိုက်ဆံတွေ အကုန်လုံးက သူဆီကနေပဲ ရခဲ့တာဆိုတော့ သူမဆီမှာ ငွေဘယ်လောက်ရှိလဲဆိုတာကို သူသေချာပေါက် သိတာပေါ့။ သူအစကတော့ သူမလေးအတွက် စက်ရုံရဲ့ရှယ်ယာကို လက်ဆောင်အဖြစ်ပေးဖို့ ရည်ရွယ်ထားပေမဲ့ အခုတော့ သူ သူမကို စနောက်ချင်စိတ်လေး ပေါ်လာတော့တယ်။

သူက ချောင်းဟန့်လိုက်ရင်း ပြောလိုက်တယ်။

ခရုဆီလုပ်နည်းကို မင်းဆီက ရထားတာဆိုတော့ စက်ရုံဆောက်ပြီးရင် ရှယ်ယာတစ်ချို့ မင်းကို ပေးဖို့စဉ်းစားထားတာ ဒါပေမဲ့လည်း မင်းက အလကားယူရမှာ စိတ်မကောင်းဖြစ်နေတာဆိုတော့ ဒီငွေတွေကို...လက်ခံထားလိုက်ပါ့မယ်လေ

ယွီရှောင်ချောင်းမျက်နှာအမူအရာက ချက်ချင်းတောင့်သွားတော့တယ်။ သူမက သူမရဲ့ပိုက်ဆံတွေကို နှလုံးသားမရှိတဲ့ စီးပွားရေးသမား မကောင်းဆိုးဝါးတစ်ယောက်က လုယူသွားသလိုမျိုး အကူအညီမဲ့စွာ ကြည့်နေတော့တယ်။ သူမနှလုံးသားလေးက သွေးထွက်နေပါပြီ။

မဖြစ်နိုင်ဘူး သူမယွီရှောင်ချောင်း တိတ်တဆိတ် ဆုံးရှုံးလိုက်ရမျိုးကို လုံးဝလက်မခံနိုင်ဘူး!

တတိယသခင်လေးကျိုး

သူမက အံကိုကြိတ်ရင်း ပြောလိုက်တယ်။

စက်ရုံအကြီးကြီးမှာ ခရုဆီတစ်ခုပဲ ထုတ်ရင် ပျင်းစရာမကောင်းဘူးလား

ကျိုးကျီရွှီရဲ့ မျက်လုံးတွေက တောက်ပသွားပြီး ငါ့ရဲ့ဘိုးဘေးလေး မင်းဒီလိုပြောလာမှာကိုပဲ ငါစောင့်နေခဲ့တာ

ဘာလဲ ရှောင်ချောင်းမှာ တခြား အကြံဉာဏ် ရှိသေးလို့လား ကျိုးကျီရွှီက သူမကို စိတ်ဝင်စားမှုအပြည့်နဲ့ ကြည့်နေခဲ့တယ်။

ကျွန်မမှာ နောက်ထပ်အရသာနှစ် နှစ်မျိုးအတွက် လျှို့ဝှက်လုပ်နည်းရှိသေးတယ်... တတိယသခင်လေးကျိုးများ စိတ်ဝင်စားမလားဆိုတာ သိချင်မိတယ်

ယွီရှောင်ချောင်းက သူမရဲ့လေသံက တတိယသခင်လေးကျိုး ဆိုတာကို ဖိပြောလိုက်တာ အသိတရားရှိတဲ့လူတိုင်း ခံစားနိုင်တယ်။ ဒါက ကြောင်ပေါက်လေးက သူ့ရဲ့လက်သည်းတွေကို ထုတ်ပြနေတာနဲ့ တူလေတယ်။

ကျိုးကျီးရွှီက ပျော်ရွှင်စွာနဲ့ အနားကို ကပ်သွားလိုက်ပြီး ပြောလိုက်တယ် စိတ်ဝင်စားတာပေါ့ တကယ်ကို စိတ်ဝင်စားတာ အဲ့ဒီအကြောင်း မြန်မြန်လေးပြောပြပါဦး

ဟွန့်! ယွီရှောင်ချောင်းက ဂုဏ်ယူစွာနဲ့ သူမခေါင်းကို လှည့်လိုက်ပြီး လျှို့ဝှက်လုပ်နည်းကို လိုချင်ရင် ရှယ်ယာနဲ့ လဲလေ

အမှန်တကယ်တော့ စက်ရုံတည်ထောင်ဖို့အတွက် ခရုဆီနဲ့ ဒီမိန်းကလေးပြောခဲ့တဲ့ အခြားအရသာနှစ်,နှစ်မျိုး အားလုံးက ယွီရှောင်ချောင်းဆီကသာ ရခြင်းဖြစ်ပြီး ကျိုးမိသားစုက ငွေနဲ့အလုပ်သမား ထောက်ပံ့ရုံသာ ဖြစ်တယ်။

ကျိုးကျီရွှီက အမြတ်နည်းနည်းလေးအတွက်နဲ့ မကုန်ဆုံးနိုင်တဲ့ ရတနာတွေကို အရှုံးပေးမည့်သူ မဟုတ်ပါချေ။ သူက ရဲရင့်စွာနဲ့ ဒီလျို့ဝှက်နည်းနှစ်ခုကလည်း ခရုဆီလိုမျိုး တန်ဖိုးရှိမယ်ဆိုရင် စက်ရုံရဲ့ ရှယ်ယာတစ်ဝက်ကိုပေးမယ်

တစ်ဝက်? ယွီရှောင်ချောင်း အစက အမြတ်ငွေ ၂၀ရာခိုင်နှုန်းပဲယူဖို့ စဉ်းစားထားတာ အခုတော့ သူမမျှော်မှန်းထားတာထက်တောင် ကျော်လွန်နေသေးတယ်။

.......

Continue Reading

You'll Also Like

215K 23.9K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
168K 3.8K 33
"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အ...
3.5M 281K 89
|| Zaw & Uni || မေမ်ွာ္လင့္ထားေသာ အခ်စ္.... ဒါက fantasy အမိ်ဳးအစားေလးပါ။ Title မွာလိုမ်ိဳး ' မာနႀကီးတဲ့ကြၽန္ေတာ့္ ေယာက်ာ္းရဲ႕ကိုယ္ဝန္ရိွေနတယ္တဲ့ ' bl...