သက်တန့်ရောင် မိန်းမပျို Book...

By CharmZoey

648K 84.2K 678

ခေါင်းစဉ် - သက်တန့်ရောင် မိန်းမပျို (ဘာသာပြန်) မူရင်းခေါင်းစဉ် - Fields of Gold အမျိုးအစား - သဘာဝလွန်၊ စိတ်ကူ... More

Intro
အပိုင္း၁ (ေပါက္စီတစ္လုံးေၾကာင့္ အသတ္ခံရျခင္း)
အပိုင္း၂ (အက်င့္ပုတ္တဲ့ အဘြား)
အပိုင္း၃ (ထူးဆန္းတဲ့ ေရာင္စုံေက်ာက္တုံး )
အပိုင္း၄ (သူမမွာ ေကာင္းမြန္တဲ့ အေဖရွိတယ္)
အပိုင္း၅ (မ်က္ေတာင္မခတ္ပဲလိမ္လည္ျခင္း)
အပိုင္း၆ (ပင္လယ္စာ ေကာက္ယူျခင္း)
အခန္း ၇ - အလွေလးကိုကယ္တင္ျခင္း
အပိုင္း ၈ (ထူးျခားတဲ့ ေနာက္ခံ)
အပိုင္း၉ (အက်ိဳးမ်ားတဲ့ ခရီးတို)
အခန္း၁၀ (လ်ိဳ႕ဝွက္အႀကံအစည္)
အခန်း ၁၁
အပိုင္း ၁၂ (က်ိန္ရႈံစားေသာက္ဆိုင္ရဲ႕
အပိုင္း ၁၃ (လုံးဝရႈပ္ေထြးေနေသာ)
အပိုင္း ၁၄ (လိမ္ရလြယ္တဲ့သားေကာင္)
အခန္း ၁၅ (အေကာင္းဆုံးဟင္းခတ္အေမႊးအႀကိဳင္)
အခန္း ၁၆ (ေဈးဝယ္ထြက္ျခင္း)
အပိုင္း ၁၇ (မိဘရဲ႕ ခ်စ္ျခင္းတရား)
အပိုင္း ၁၈ (ေတာင္ေပၚက ေကာင္ေခ်ာေလး)
အပိုင္း ၁၉ ( အကိုဟန႔္ေနာက္ကိုလိုက္ရင္ စားဖို႔အသားရွိတယ္ )
အပိုင္း ၂၀ (အံ့ဖြယ္ေက်ာက္တုံး ျပန္လာျခင္း)
အပိုင္း ၂၁ -အသားကင္တတ္တဲ့သူက အေခ်ာဆုံးပဲ!
အပိုင္း ၂၂ (လမ္းမွာေတြ႕ရတဲ့ အတားအဆီး)
အပိုင္း ၂၃ (အငယ္ဆုံးဦးေလး အိမ္ျပန္လာၿပီ)
အခန္း ၂၄ (ေျမႇာက္ပင့္ျခင္း)
အပိုင္း ၂၅ (ခ်ီးမြမ္းျခင္း)
အပိုင္း၂၆ (ဂုဏ္သိကၡာ)
အပိုင္း ၂၇ ( အလုပ္သင္ )
အပိုင္း ၂၈ (ပိုက္ဆံစုေဆာင္းျခင္း)
အပိုင္း ၂၉ (ေထာင္ေခ်ာက္ဆင္ျခင္း)
အပိုင္း ၃၀ (ထူးျခားမႈ)
အပိုင္း၃၁ (ေကာင္ေခ်ာေလးေနာက္တစ္ေယာက္)
အခန္း ၃၂ (အစားမက္သူ)
အပိုင္း ၃၃ -(အ႐ိုက္ခံရျခင္း)
အပိုင္း ၃၄ (ေဆးပညာသင္ယူျခင္း)
အပိုင္း-၃၅ ( ခ်စ္စရာ အိမ္ေမြးတိရိစာၦန္)
အပိုင္း ၃၆ (သဘာဝရဲ႕လက္ေဆာင္)
အပိုင္း ၃၇ - (ဆိပ္ကမ္း)
အပိုင္း ၃၈ - (ေတာ္ဝင္မင္းသား)
အပိုင္း ၃၉ (ေက်းဇူးတင္ျခင္းသေကၤတ)
အခန္း ၄၀ (ျမင့္မားေသာအထြက္ႏႈန္း)
အပိုင္း ၄၁ - (ျပင္းထန္စြာ ဖ်ားနာမႈ)
အပိုင္း၄၂ (ေဆာင္းတြင္းကပ္ေဘးဒုကၡ)
အပိုင္း -၄၃ ( အၾကင္နာတရားမရွိဘူး )
အပိုင္း -၄၄( ခါးသီးတဲ့စိတ္ထိခိုက္မႈ )
အပိုင္း ၄၅ (ခ်မ္းသာလာျခင္း)
အပိုင္း ၄၇ (ျပစ္ဒဏ္)
အပိုင်း ၄၉ (အတွေးစိတ်ကူးများ)
အပိုင်း ၄၈ (အပြောင်းအလဲတစ်ခု)
အပိုင်း၅၀ (ပိုက်ဆံလက်ဆောင်)
အခန္း၅၁ (စီးပြားေရးရင္းႏွီးျမႇဳပ္ႏွံမႈ)
အပိုင်း-၅၂ (အိမ်ကိုအလည်လာခြင်း)
အပိုင်း ၅၃ (ရှင်ယာဝင်ဖြစ်လာခြင်း)
အပိုင်း ၅၄ - (ကြော်ငြာခြင်း)
အပိုင်း၅၅ (နှစ်သစ်ကူး)
အပိုင်း ၅၆ (ဒုက္ခရောက်သောနှစ်)
အပိုင်း ၅၇ - (ဘေးအန္တရာယ်)
အပိုင်း ၅၈ (ဖြတ်တောက်ခြင်း)
အပိုင်း ၅၉ (အတိတ်)
အပိုင်း ၆၀ (သတိလစ်မေ့မျောခြင်း )
အပိုင်း ၆၁ (ပြန်သတိရလာခြင်း)
အပိုင်း၆၂ (ရောင်းစားခံရခြင်း)
အပိုင်း ၆၃ - မိသားစုကွဲခြင်း (၁)
အပိုင်း ၆၄ - မိသားစုကွဲခြင်း ( ၂ )
အပိုင်း ၆၅ (နေအိမ်ဟောင်း)
အပိုင်း ၆၆ (မိခင်ဘက်မှမိသားစု)
အပိုင်း ၆၇ (အိမ်ပြင်ခြင်း)
အပိုင်း ၆၈ (ပိုကောင်းတဲ့အရွေ့အပြောင်း)
အပိုင်း ၆၉ (ငွေရှာမည့်အရင်းအမြစ်များကိုတိုးချဲ့ခြင်း)
အပိုင်း၇၀ (ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း)
အပိုင်း ၇၁ (ချစ်စရာကောင်းတဲ့လူငယ်လေး)
အပိုင်း၇၂ (ပေါက်စီ)
အပိုင်း ၇၃ (တိတ်တိတ်လေး သည်းညည်းခံနေခြင်း)
အပိုင်း၇၄ (လက်တွဲလုပ်ဆောင်မှု)
အပိုင်း၇၅ (ကူညီခြင်း)
အပိုင်း ၇၆ (အံ့ဩစရာကောင်းလိုက်တာ!)
အပိုင်း ၇၇ (အသားနှပ်)
အပိုင္း၇၈ (ဆိုင္ဖြင့္တဲ့ေန႔)
အပိုင်း ၇၉ (ဝက်ခေါင်း)
အပိုင်း၈၀ (ပြဿနာတက်ခြင်း)
အပိုင်း ၈၁ (လျှို့ဝှက်ချက်ပြုတ်နည်း)
အပိုင်း ၈၂ (အရသာသစ်)
အပိုင်း၈၃ (ကျော်ကြားတဲ့ပညာရှိ)
အပိုင်း ၈၄ (အစားကြီးသူ)
အပိုင်း ၈၅ (တပည့်တစ်ယောက်အဖြစ်လက်ခံခြင်း)
အပိုင်း၈၆ (ငါးဖမ်းခြင်း)
အပိုင်း ၈၇ (ငါးချဉ်)
အပိုင်း၈၈ (အဖေနဲ့သမီး)
အခန်း ၈၉ (ကျောင်းလခ)
အပိုင်း ၉၀ (လျို့ကော)
အခန်း၉၁ (ကြေးမြင့်တဲ့ပေးချေမှု)
အပိုင်း ၉၂ ( စိုနေတဲ့ဆန် )
အပိုင်း ၉၃ (အထင်ကြီးစရာဧည့်သည်)
အပိုင်း ၉၄ (မြည်းလှည်း)
အပိုင်း ၉၅ (ကျောင်းတက်ခြင်း)
အပိုင်း ၉၆ (အပူအပင်)
အပိုင်း ၉၇ (ဖျားနာနေသောမြည်း)
အပိုင်း ၉၈ (ဝေစု)
အပိုင်း ၉၉ - တွေ့ဆုံဖို့ အခွင့်အရေး
အပိုင်း ၁၀၀ (အချိန်အခါမဟုတ်အိမ်ကိုလာခြင်း)
အပိုင်း၁၀၁ (ကျိုးမိသားစု)
အပိုင်း၁၀၂ (အလုပ်မှာရေသာခိုခြင်း)
အပိုင်း ၁၀၃ (အကျင့်ပျက်ခြင်း)
အခန်း ၁၀၄ (လုယက်သူ)
အခန်း ၁၀၅ (ဝိညာဉ်တစ်ခုကိုမြင်ရခြင်း)
အပိုင်း ၁၀၆ (သေလုဆဲဆဲဖြစ်ခြင်း)
အပိုင်း ၁၀၇ (စုံစမ်းမေးမြန်းခြင်း)
အပိုင်း ၁၀၈ (မိုးကြိုး)
အပိုင်း၁၀၉ (မိုးကြိုးပစ်ခြင်း)
အပိုင်း ၁၁၀ (ဝန်ချတောင်းပန်ခြင်း)
အပိုင်း ၁၁၁ (အိမ်ပြန်လာခြင်း)
အခန်း ၁၁၂ (ထွက်ခွာခြင်း)
အပိုင်း ၁၁၃ (ဆေးဖက်ဝင်ဂျင်ဆင်းဘုရင်)
အပိုင်း ၁၁၄ (အကျိုးများတဲ့ခရီးတိုတစ်ခု)
အပိုင်း ၁၁၅ ( အသီးအရွက်များရောင်းခြင်း)
အပိုင်း ၁၁၆ (မင်းသားလေး)
အပိုင်း ၁၁၇ (ဟင်းသီးဟင်းရွက်များကြောင့် ရန်ဖြစ်ကြခြင်း)
အပိုင်း ၁၁၈ (လူကဲခတ်မြန်တဲ့လူကြီးမင်း)
အပိုင်း ၁၁၉ (ကျေနပ်အားရခြင်း)
အပိုင်း ၁၂၀ (ဆုလာဘ်)
အပိုင်း ၁၂၁ (ရင်းနှီးမြှပ်နှံမှု)
အပိုင်း ၁၂၂ (ဝဋ်လည်ခြင်း)
အပိုင်း ၁၂၃ ( အလုပ်များသော)
အပိုင်း ၁၂၄ (နောက်တစ်ခေါက်လာကြပြန်ပြီ! )
အပိုင်း ၁၂၅ (ကုတ်ခြစ်ခံရခြင်း)
အပိုင်း ၁၂၆
အပိုင်း ၁၂၇ (တိုင်ပင်ခြင်း)
အပိုင်း ၁၂၈ (သူမအိမ်လည်လာခြင်းရဲ့ရည်ရွယ်ချက်)
အပိုင်း ၁၂၉ (အဆိပ်မရှိခြင်း)
အပိုင်း၁၃၀ (အလည်ရောက်လာသူများ)
အပိုင်း ၁၃၁ ( မနက်စာ )
အပိုင်း ၁၃၂ (ဘဲသားနှပ်)
အပိုင်း ၁၃၃ (ကြမ္မာဖန်သောတွေ့ဆုံမှု)
အပိုင်း ၁၃၄ (အတွေ့အကြုံရင့်တဲ့အစားချစ်သူ)
အပိုင်း ၁၃၅ (အကင်းပါးသော)
အပိုင်း ၁၃၆ (ညနောက်ကျမှပြန်လာခြင်း)
အပိုင်း၁၃၇ (သိမ်းသွင်းစည်းရုံးခြင်း)
အပိုင်း ၁၃၈ (အစီအစဉ်ချခြင်း)
အပိုင်း ၁၃၉ ( စီရင်စုမြို့)
အပိုင်း ၁၄၀ (ဈေးဝယ်ထွက်ခြင်း)
အပိုင်း ၁၄၁ (စစ်သူကြီး)
အပိုင်း ၁၄၂ (အပြန်လမ်း)
အပိုင်း ၁၄၃ (လည်ပတ်ခြင်း)
အပိုင်း ၁၄၄ (အကြံဉာဏ်ပေးခြင်း)
အခန်း ၁၄၅ (အဆိုပြုခြင်း)
အပိုင်း ၁၄၆ (သံတမန်)
အပိုင်း ၁၄၇ (မွေးစားသမီး?)
အပိုင်း၁၄၈ (မွေးစားအဖေ)
အပိုင်း ၁၄၉ (မိသားစုဖြစ်လာခြင်း)
အပိုင်း ၁၅၀ (လူထူးလူဆန်း)
အပိုင်း ၁၅၁ (တော်ဝင်အမိန့်ပြန်တမ်း)
အပိုင်း၁၅၂ (မှတ်ဉာဏ်ဟောင်းများ)
အပိုင်း ၁၅၃ (ဧကရာဇ်ဟောင်း)
အပိုင်း ၁၅၄ (ဂျုံကြာဇံ)
အခန်း၁၅၅ (ထွက်ခွာဖို့လေးကန်နေခြင်း)
အခန်း ၁၅၆ (ပို့ဆောင်ခြင်း)
အခန်း ၁၅၇ (ပင်လယ်မျှော့)
အပိုင်း ၁၅၈ (မသမာတဲ့နည်းလမ်းသုံးခြင်း)
အပိုင်း ၁၅၉ (ခြိမ်းခြောက်ခြင်း)
အပိုင်း - ၁၆၀ ( အကြပ်ရိုက်အောင် လုပ်ခြင်း )
အပိုင်း ၁၆၁ (မနာလိုဖြစ်ခြင်း)
အပိုင်း ၁၆၂ - မနာလိုမှု
အပိုင်း ၁၆၃ - အကူ
အပိုင်း ၁၆၄ (ဝန်ခံလက်မြှောက်ခြင်း)
အပိုင်း ၁၆၅ (ပြောင်းလဲဖို့)
အခန်း ၁၆၆ (ဟုန်းဟုန်းတောက်ကျော်ကြားခြင်း)
အပိုင်း ၁၆၇ - (သမီးကိုကာကွယ်ခြင်း)
အခန်း ၁၆၈ - ချမ်းသာကြွယ်ဝခြင်း
အပိုင်း ၁၆၉ - အလုပ်ခေါ်စာ
အခန်း ၁၇၀ (ဖရဲသီးရောင်းခြင်း)
အပိုင်း ၁၇၁ ဖရဲသီးဆိုင်
အပိုင္း-၁၇၂( ခမ္းနားေသာ ဖြင့္ပြဲ )
အပိုင္း - ၁၇၃ (အကုန္ ေရာင္းထြက္ျခင္း)
အပိုင်း၁၇၄ - ဂုဏ်ပြုစားပွဲ
အပိုင်း ၁၇၅ - ချိုမြိန်ခြင်း အရသာ
အပိုင်း ၁၇၆ - ကြင်ယာတော်မင်းသမီး
အပိုင်း ၁၇၇ - အကြံအစည်
အပိုင်း - ၁၇၈ ( မွေးစားအမေ )
အပိုင်း ၁၇၉ - ရန်လိုမှု
အပိုင်း ၁၈၀ - ကံကြမ္မာ
အပိုင်း-၁၈၁ ( ထမင်းတစ်နပ်ကျွေးခြင်း )
အပိုင်း၁၈၂ - (ဧည့်ဝတ်ကျေပွန်မှု)
အပိုင်း၁၈၃ - မျက်နှာသာပေးတာ ခံချင်သူ
အပိုင်း ၁၈၄ နေထိုင်အခြေချဖို့ကူညီပေးခြင်း
အပိုင်း ၁၈၅ - သူခိုး
အခန်း ၁၈၆ - စဉ်းလဲတဲ့အကြံကိုလက်လွှတ်ဖို့ ငြင်းဆန်ခြင်း
အခန်း ၁၈၇ - အဆုံးမရှိ ဒုက္ခပေးခြင်း
အပိုင်း -၁၈၈ ( အရှက်မရှိခြင်း )
အပိုင်း ၁၈၉ - အချိန်ဆွဲထားခြင်း
အပိုင်း ၁၉၀ (စုံစမ်းမေးမြန်ခြင်း)
အပိုင်း ၁၉၁ ပြစ်မှုတစ်ခုကို တိုင်ကြားခြင်း
အပိုင်း ၁၉၂ - အိမ်မက်ဆိုး
အပိုင်း ၁၉၃ - ပေါ်ပေါက်လာခြင်း
အပိုင်း - ၁၉၄ (သဘောတူစာချုပ်)
အပိုင်း ၁၉၅ - ဝိညာဉ်
အပိုင်း ၁၉၆ (တရားရုံးအမှုစစ်များ)
အပိုင်း ၁၉၇ (ကိုယ့်ပါးကို ပြန်ရိုက်ခြင်း)
အပိုင်း ၁၉၈ (တရားရုံးသို့သွားခြင်း)
အပိုင်း ၁၉၉ (ကြီးမားတဲ့ချစ်ခြင်းမေတ္တာတရား)

အပိုင္း ၄၆ (အေၾကာင္းျပခ်က္ဖန္တီးျခင္း)

2.8K 430 5
By CharmZoey

[Zawgyi]
အပိုင္း ၄၆ (အေၾကာင္းျပခ်က္ဖန္တီးျခင္း)

အဲ့တာဆို ေက်းဇူးတင္ပါတယ္

ယြီေရွာင္ေခ်ာင္းက သူမရဲ႕ေငြစကၠဴကို အျပန္ျပန္အလွန္လွန္ၾကည့္ၿပီး အခ်ိန္အၾကာႀကီး စစ္ေဆးၾကည့္ရႈေနခဲ့တယ္။ သူမ,သိလိုတာေတြ အကုန္သိရၿပီဆိုမွ ထိုေငြစကၠဴကို ေသေသခ်ာခ်ာေခါက္ၿပီး သူမအေပၚဝတ္အက်ႌအိတ္ေထာင္ထဲ ထည့္ထားလိုက္တယ္။ အဲ့ဒီေနာက္ သူမက အေက်နပ္ႀကီးေက်နပ္စြာနဲ႔ အိတ္ေထာင္ကိုဖြဖြပုတ္လိုက္တယ္။

ငါးဆယ္လ်န္ ေငြစကၠဴ! သူမအရင္တစ္ခါ သားေကာင္ေတြေရာင္းလို႔ရတဲ့ ပိုက္ဆံေတြအျပင္ သူမမွာ အခုအနည္းဆုံး ခုနစ္ဆယ္ ရွစ္ဆယ္လ်န္ေလာက္ရွိၿပီ။ အခုသူမ ေငြအေတာ္စုေဆာင္းမိလာတဲ့ပုံပဲ။

တတိယသခင္ေလးက်ိဳးက ေငြမက္တဲ့ပုံေပါက္ေနတဲ့ ေရွာင္ေခ်ာင္းကို ၾကည့္လိုက္တယ္။ သူမရဲ႕ျပဴးက်ယ္တဲ့ မ်က္ဝန္းေတြက လျခမ္းေကြးတစ္စုံနဲ႔တူၿပီး သူမရဲ႕ ႏွင္းဆီေရာင္သန္းေနတဲ့ ႏႈတ္ခမ္းအစုံက အနည္းငယ္ေကြးတက္ေနတယ္။ သူမရဲ႕ ကေပကေရ ေဟာင္းႏြမ္းစုတ္ျပတ္ေနတဲ့ အဝတ္အစားကေတာင္ သူမရဲ႕ ခ်စ္ဖို႔ေကာင္းမႈကို မဖုံးကြယ္ႏိုင္ဘူး။

ယြီဟိုင္က သူ႔သမီး ေငြစကၠဴကို သူမအိတ္ေထာင္ထဲ လုံးလုံးလ်ားလ်ား ထည့္လိုက္တာျမင္ေတာ့ အေတာ္ အံ့အားသင့္သြားတယ္။ ဘယ္အခ်ိန္ကစၿပီး သူ႔သမီးက ကိုယ့္ကိုယ္ကိုယုံၾကည္လြန္းၿပီး ငါသိငါတတ္ ျဖစ္လာရတာလဲ။ သူမက ငါးဆယ္လ်န္ကို သူမကိုယ္ပိုင္အိတ္ကပ္ထဲ ေအးေအးေဆးေဆး ထည့္ထား လိုက္တယ္။ ေငြငါးဆယ္လ်န္နဲ႔ ပစၥည္းဘယ္ေလာက္မ်ားမ်ားဝယ္လို႔ရလဲ သူမ,မသိဘူး မဟုတ္လား။ တုန္ရွန္း႐ြာမွာ အခန္းငါးခန္းပါတဲ့ အိမ္ေဆာက္ရင္ေတာင္ ပိုက္ဆံအမ်ားႀကီးလိုမွာမဟုတ္ဘူး။

ေရွာင္ေခ်ာင္းက သူမအေဖနဲ႔အရင္မတိုင္ပင္ပဲ ေငြသားကိုသူမကိုယ္တိုင္ယူလိုက္ေတာ့ ယြီဟိုင္က ေရွာင္ေခ်ာင္းကို ခ်ီတုံခ်တုံအမူအရာနဲ႔ ၾကည့္ေနတာကို တတိယသခင္ေလးက်ိဳးက သတိထားမိတယ္။ ဒါေပမယ့္ ယြီဟိုင္က အဆုံးမွာ ဘာမွမေျပာခဲ့ေခ်။ သာမန္မိသားစုတစ္စုအတြက္ ႏွစ္ေပါင္းမ်ားစြာ သုံးစြဲႏိုင္တဲ့ ေငြပမာဏရွိတဲ့ ေငြစကၠဴကိုလည္းသူက မသိမ္းယူခဲ့ေပ။ က်ိဳးက်ီ႐ႊီက မသိမသာၿပဳံးၿပီး ယြီဟိုင္ကိုေျပာလိုက္တယ္။ ဦးေလးက ဦးေလးသမီးကို သဲသဲလႈပ္ခ်စ္တဲ့ တကယ့္ဖခင္ေကာင္းတစ္ေယာက္ပဲ

ယြီဟိုင္က ေလာေလာဆယ္ မုန႔္စားေနတဲ့ သူ႔သမီးေထြးေလးကို ေမတၱာျဖင့္ၾကည့္လိုက္သည္။ သူက သူ႔သမီးမူးလဲတဲ့အခ်ိန္နဲ႔ ပိန္လွီၿပီးအားနည္းေနတဲ့ သူ႔ကေလးေတြ ပိုက္ဆံမရွိလို႔ ဆင္းရဲဒဏ္ ႐ိုက္ခတ္ ခံရတဲ့ အေျခအေနကို ေတြးေတာမိတယ္။ သူ႔ေခါင္းကို အသာရမ္းၿပီး ကိုယ့္ကိုယ္ကို ေနာင္တရမႈေတြ နဲ႔ျပည့္ၿပီး တည္ၿငိမ္တဲ့အသံနဲ႔ မဟုတ္ပါဘူး ငါက ဖခင္ေကာင္းတစ္ေယာက္မဟုတ္ဘူး

အေဖ အေဖသာ အဘြားစကားေတြကို အခ်ိန္ျပည့္နားမေထာင္ေတာ့ပဲ သမီးတို႔မိသားစုကိုပဲ ပိုအာ႐ုံစိုက္ရင္ အေဖက တကယ့္ဖခင္ေကာင္းတစ္ေယာက္ျဖစ္မွာ! ယြီေရွာင္ေခ်ာင္းက အေငြ႕တေထာင္းေထာင္းထေနတဲ့ အညိဳေရာင္ သၾကားနဲ႔ခ်င္းျပဳတ္ရည္ကို ေသာက္ရင္း သူမအေဖကို သင္ေပးလိုက္တယ္။

အေဖ့အေမ သမီးရဲ႕အဘြားအရင္းက အေဖငယ္ငယ္ေလးကတည္းက ဆုံးသြားခဲ့တာ။ ဒါေၾကာင့္မို႔ သမီးရဲ႕ဒီအဘြားက အေဖ့ကိုျပဳစုပ်ိဳးေထာင္ေပးခဲ့တဲ့အတြက္ ေက်းဇူးတရားေတြရွိတယ္။ သမီးရဲ႕ အရီးအငယ္ဆုံး အိမ္ေထာင္က်ၿပီး တတိယဦးေလးလည္း အမႈထမ္းစာေမးပြဲေအာင္သြားရင္ အိမ္ရဲ႕ ဝန္ထုပ္ဝန္ပိုးေတြ ေလ်ာ့သြားလိမ့္မယ္။ ဒါဆို အေဖတို႔မိသားစုေလး ဒီမိသားစုႀကီးကေနခြဲထြက္ၿပီး သူတို႔နဲ႔ခြဲေနလို႔ရၿပီ။ အဲ့ဒီအခ်ိန္က် အေဖလည္း အမဲလိုက္နဲ႔ငါးဖမ္းပိုထြက္ၿပီး ပိုက္ဆံပိုရွာႏိုင္လိမ့္မယ္။ အေဖက ငါတို႔ေရွာင္ေခ်ာင္းေလး အတြက္လည္း အဝတ္အစားအသစ္ေတြနဲ႔ ဆံပင္အလွဆင္ပစၥည္းေတြ လည္း အမ်ားႀကီးပိုဝယ္ေပးမယ္

ယြီဟိုင္က ေျခာက္ေသြ႕ၿပီး ဝါက်င္က်င္ျဖစ္ေနတဲ့ သူ႔သမီးဆံပင္ေတြကို ဖြသပ္ရင္း စိတ္လက္သက္သာစြာနဲ႔ ေျပာတယ္။

ယြီေရွာင္ေခ်ာင္းက က်ိတ္ၿပီး ႏႈတ္ခမ္းဆူမိတယ္။ သူမအေဖက မိသားစုအကုန္လုံးကို ရွာေဖြေကြၽးေမြးရတဲ့သူပဲ ဦးေလးအငယ္က အမႈထမ္းစာေမးပြဲေအာင္ရင္ စီရင္စုအဆင့္စာေမးပြဲ ေျဖခ်င္ဦးမွာ ၿပီးရင္ ေတာ္ဝင္စာေမးပြဲ။ သူမအဘြားကလည္း ေမွ်ာ့လိုပဲ သူ႔ေသြးေတြကုန္ေအာင္ စုပ္ယူလို႔မၿပီးမခ်င္း လႊတ္ေပးမွာမဟုတ္ဘူး။ ဒီမိသားစုႀကီးကေန ခြဲထြက္ႏိုင္ဖို႔ သူတို႔ေမွ်ာ္လင့္လို႔ရတာက ပါးပါးေလးပဲရွိတယ္။

တတိယသခင္ေလးက်ိဳးရဲ႕ တျခားအေစခံေယာက္်ားက တံခါးေခါက္ၿပီး ႀကီးမားတဲ့အထုပ္အပိုးတစ္ခုနဲ႔ ဝင္လာတယ္။ သူ႔မ်က္ႏွာေပၚက ေနရခက္တဲ့အမူအရာနဲ႔ က်ိဳးက်ီ႐ႊီရဲ႕ အနီးကပ္အေစခံ စီေမာ့က အထုပ္အပိုးကို သူ႔ဆီကယူၿပီး ဒီအေစခံက ဒီခ်ည္ထည္အဝတ္အစားေတြကို သိပ္မဝတ္ရေသးဘူး မိန္းကေလးယြီသာ စိတ္မရွိဘူးဆိုရင္....

ကိစၥမရွိပါဘူး ရပါတယ္ သူက ထန္ကူၿမိဳ႕က အခ်မ္းသာဆုံးက်ိဳးမိသားစုက သခင္ေလးရဲ႕ အနီးကပ္အေစခံပဲ အဲဒီေတာ့ သူက ၿမိဳ႕ထဲက သာမာန္လူေတြထက္ေတာ့ ပိုေကာင္းေကာင္းမြန္မြန္ ဝတ္စားဆင္ယင္တယ္။ သူဝတ္တဲ့ ဂြမ္းကပ္အဝတ္အထည္ေတြကဆို ေကာင္းမြန္တဲ့ ခ်ည္သားနဲ႔ ျပဳလုပ္ထားၿပီး ပိတ္စက တစ္မီတာရဲ႕သုံးပုံတစ္ပုံကို သုံးဆယ့္ေလးေၾကးဒဂၤါးကုန္က်တယ္။

သူမက အဝတ္ထုပ္ကို ယူလိုက္ၿပီးေနာက္ နက္ျပာေရာင္ဂြမ္းကပ္အေပၚဝတ္နဲ႔ ေဘာင္းဘီရွည္ အသစ္စက္စက္တစ္စုံကို ေတြ႕လိုက္ရတယ္။ ဝတ္စုံက ေခ်ာေမြ႕တဲ့ ခ်ည္သားနဲ႔ျပဳလုပ္ထားၿပီး ထူထဲတဲ့ ဂြမ္းသားနဲ႔ျပည့္ေနတယ္။ အဲ့ဒါေၾကာင့္ ဝတ္စုံက အင္မတန္ႏူးညံ့လွတယ္။ သူမက ပစၥည္းကို ထိမၾကည့္ပဲနဲ႔ကို သူတို႔က သစ္လြင္တဲ့ခ်ည္သားနဲ႔ ျပဳလုပ္ထားတယ္တာဆိုတာ အလြယ္တကူေျပာႏိုင္တယ္။ ဒီဂြမ္းကပ္ဝတ္စုံက အနည္းဆုံး ေၾကးဒဂၤါးရာဂဏန္းေတာ့ ကုန္က်မွာပဲ။

အေစခံတစ္ေယာက္အေနနဲ႔အလုပ္လုပ္ရတာ လြယ္တာမဟုတ္ဘူး။ အဲ့ေတာ့ ယြီေရွာင္းေခ်ာင္းက ဒီတိုင္း သူ႔ဆီက အလကားမလိုခ်င္ေပ။ သူမက သူမအေဖဆီမွာ လက္ျဖန႔္ေတာင္းၿပီး

သမီးတို႔ ဒီအစ္ကိုေလးဆီက ဒီဝတ္စုံကို ဝယ္ရေအာင္ သမီးကို ပိုက္ဆံေပးပါဦး

တတိယသခင္ေလးက်ိဳးက သူမအိပ္ကပ္ထဲမွာ ငါးဆယ္လ်န္ ေငြစကၠဴရွိရဲ႕သားနဲ႔ ေကာင္မေလးက သူမအေဖဆီ လက္ျဖန႔္ေတာင္းတာ ျမင္ေတာ့ လြန္စြာ သေဘာက်မိတယ္။ ဒါ့အျပင္ စကားနားေထာင္တဲ့ အေဖျဖစ္သူကလည္း သူ႔သမီးေျပာတဲ့အတိုင္း မျငင္းဆန္ဘဲ သူ႔ပိုက္ဆံကို ေပးလိုက္တယ္။

စီေမာ့က ယြီဟိုင္သူ႔ဆီကမ္းေပးတဲ့ ေၾကးဒဂၤါးတြဲကို တြန႔္ဆုတ္စြာနဲ႔ ျငင္းပယ္ၿပီး ဒီခ်ည္ဂြမ္းကပ္အဝတ္အထည္ေတြက ကြၽန္ေတာ့္အတြက္ဝတ္လို႔မရေအာင္ ေသးလြန္းတယ္ ကြၽန္ေတာ့္ဆီ သိမ္းထားလည္း အသုံးမွမက်ပဲ ဒီတိုင္း လႊင့္ပစ္ဖို႔ကလည္း ႏွေျမာဖို႔ေကာင္းတာမို႔ မိန္းကေလးယြီက ယူဖို႔အလိုရွိတယ္ဆိုတာ ကြၽန္ေတာ္ ကံေကာင္းတာပါ အဲ့ဒီေတာ့ ကြၽန္ေတာ္က ဘယ္လိုလုပ္ အဲ့အတြက္ ပိုက္ဆံလက္ခံႏိုင္မွာလဲ

တကယ္ေတာ့ သခင္မက်ိဳးကေန သူက သခင္ေလးကို စိတ္ေရာကိုယ္ပါ တာဝန္ထမ္းေဆာင္ေပးတာ သိျမင္တဲ့အတြက္ ဂြမ္းကပ္အထည္အလိပ္ေတြကို ဆုခ်ထားတာျဖစ္တယ္။ စီေမာ့အေမက သူ႔သားေလး သူမအတြက္ ဂုဏ္ေဆာင္ႏိုင္ခဲ့သလို ခံစားရတဲ့အတြက္ သူမက ဝမ္းေျမာက္စြာနဲ႔ ႏွစ္ညဆက္တိုက္ မနားမေန သူ႔အတြက္ ဒီအဝတ္အထည္ေတြကိုခ်ဳပ္ေပးခဲ့တာ။ သို႔ေသာ္လည္း ရာသီဥတုက ပူေႏြးလာ တဲ့အတြက္ သူအဲ့တာကိုဝတ္ဖို႔အတြက္ အခြင့္အေရးမရခဲ့ဘူး။ ေဆာင္းတြင္းပိုင္းေရာက္ေရာက္ခ်င္း သူက အဲ့တာကို ဝတ္ဖို႔အတြက္ ထုတ္လိုက္ခ်ိန္မွာ အဲ့ဒီအဝတ္အထည္ေတြက သူ႔အတြက္ ေတာ္ေတာ္ေသးသြားေလၿပီ။ သူ႔သခင္ေလးရဲ႕ က်ိဳးမိသားစုတြင္း ဂုဏ္ရွိန္က က်ိန္ရႈံစားေသာက္ဆိုင္ရဲ႕ ေအာင္ျမင္မႈေၾကာင့္ ျမင့္တက္လာတယ္။ သခင္ႀကီးကလည္း သူ႔ရဲ႕သခင္ေလးကို အျခားသခင္ေလးေတြေရွ႕မွာေတာင္ တစ္ခါမက ခ်ီးမြမ္းေျပာဆိုတယ္။ အဲ့ေတာ့ သူ႔လို အနီးကပ္အေစခံကလည္း ပိုၿပီး အေရးေပးခံရတယ္။

သူ႔ရဲ႕ ေနရာကို သတိျပဳမိလာတဲ့စီေမာ့က သူ႔အေမကို အဝတ္ေတြျပန္ျပင္မခ်ဳပ္ခိုင္းေတာ့ေပ။ ဒုတိယဆိုင္ခြဲရဲ႕ တစ္ဦးတည္းေသာဆက္ခံသူ၏ အနီးကပ္အေစခံက ျပန္ျပင္ခ်ဳပ္ထားတဲ့ အဝတ္အစားနဲ႔ထြက္လာရင္ ရွက္စရာျဖစ္ေနလိမ့္မယ္။ အဲ့လိုဆိုက သူကလူဟားတိုက္စရာ ျဖစ္သြားလိမ့္မယ္မဟုတ္လား။ ဒါေၾကာင့္ ေကာင္းမြန္ၿပီး အသစ္စက္စက္ပဲရွိေသးတဲ့ ဂြမ္းကပ္အဝတ္အစားေတြက သူ႔အတြက္ အသုံးမဝင္ေတာ့တဲ့ဟာေတြ ျဖစ္သြားတယ္။

မိန္းကေလးယြီက ဘယ္သူမို႔လို႔လဲ။ ႏွစ္ဝက္ေလာက္အၾကာမွာ က်ိန္ရႈံစားေသာက္ဆိုင္က ထန္ကူၿမိဳ႕က အေကာင္းဆုံးစားေသာက္ဆိုင္ျဖစ္လာတယ္။ က်ိန္ရႈံစားေသာက္ဆိုင္ေအာင္ျမင္မႈက မိန္းကေလးယြီရဲ႕ ေက်းဇူး အနည္းဆုံး တစ္ဝက္ေလာက္ပါတယ္။ ဒါေၾကာင့္မို႔ သူ႔ရဲ႕သခင္ေလးကပင္ သူမကို ေလးစားသမႈနဲ႔ ေက်းဇူးသိတတ္စြာ ဆက္ဆံတယ္။ သူမက မဆိုင္းမတြနဲ႔ ဂြမ္းကပ္အဝတ္အထည္ေတြကို လက္ခံေပးတာကို သူဘယ္လိုလုပ္ၿပီး သူမရဲ႕ပိုက္ဆံကိုယူဝံ့မွာလဲ။

ယြီေရွာင္ေခ်ာင္းက သူမသာ သူ႔ကို ပိုက္ဆံဆက္ၿပီး ေပးေနမယ္ဆို ထိုအစ္ကိုေလး စိတ္ညစ္ရေတာ့မယ္ဆိုတာ သတိထားလိုက္မိတယ္။ ထို႔ေၾကာင့္ သူမက ဇြတ္အတင္းေပးမေနေတာ့ပဲ အေစခံအား သူမေက်းဇူးတင္ေၾကာင္းပဲ ထပ္မံေဖာ္ျပလိုက္ေတာ့တယ္။ အဲ့ဒီေနာက္ သူမက ဂြမ္းကပ္အဝတ္အစားေတြကို သူမအေဖလက္ထဲထည့္ၿပီး တတိယသခင္ေလးက်ိဳးကို ႏႈတ္ခြန္းဆက္လိုက္သည္။

က်ိဳးက်ီ႐ႊီက ညည္းညဴစြာနဲ႔ ေခါင္းေဆာင္စားဖိုမႉးဝမ္က ဟင္းလ်ာအသစ္ ျပဳလုပ္ထားတယ္။ မင္းကို ျမည္းစမ္းၾကည့္ေစၿပီး အႀကံဉာဏ္တစ္ခ်ိဳ႕ေပးဖို႔ ေတာင္းဆိုခ်င္ေနတာ ဒါေပမယ့္ ျမည္းစမ္းတာကို ေနာက္ေန႔မွပဲ လုပ္ရေတာ့မယ္ထင္တယ္ ။ စကားမစပ္ ေရွာင္ေခ်ာင္း မင္းကဘယ္မွာေနတာလဲ။ ငါ့ကို မင္းရဲ႕လိပ္စာေပးထားခဲ့ပါ့လား ဒါဆို မင္းကို ေနာက္တစ္ခ်ိန္က် ရွာရပိုလြယ္တာေပါ့

ကြၽန္မက ၿမိဳ႕ရဲ႕ အေရွ႕ေတာင္ဘက္က တုန္ရွန္း႐ြာမွာေနတယ္ ႐ြာက ႏွစ္ဆယ့္ငါးကီလိုမီတာ စြန္းစြန္းေဝးတဲ့ တံငါ႐ြာေလးပါ သူမရဲ႕ တိတ္တဆိတ္ ကံေကာင္းမႈေလးရယူဖို႔ အစီအစဥ္က သူမရဲ႕က်ိဳးခ်ိဳင္ရွိန္းနဲ႔ တေပါင္းတစည္းတည္း ရွိေနမွျဖစ္မွာေလ။

(က်ိဳးခ်ိဳင္ရွိန္း-ကံေကာင္းျခင္းနတ္ဘုရား)

ဒါေၾကာင့္မို႔ သူမက သူ႔ရဲ႕ေတာင္းဆိုခ်က္ကို ျငင္းပယ္မွာမဟုတ္။

သူတို႔ သီးသန႔္အခန္းကေန ထြက္လာတဲ့အခါ သူတို႔ အေဆာတလ်င္လာေနတဲ့ စာဖိုမႉးႀကီးဝမ္နဲ႔ တိုးမိတယ္။ ယြီေရွာင္ေခ်ာင္းက ျပန္ေတာ့မယ္ဆိုတာ ျမင္ေတာ့ သူ႔မ်က္ႏွာမွာ နည္းနည္း စိတ္ပ်က္သြားတဲ့ပုံေပါက္တယ္။ ယြီေရွာင္ေခ်ာင္းက အလုပ္သင္အေနနဲ႔ အလုပ္လုပ္ေနတဲ့ သူမအစ္ကိုဆီ အလည္သြားမလို႔ဆိုတာ သိလိုက္ရတယ္။ စားဖိုမႉးႀကီးဝမ္ကလည္း အလုပ္သင္ဘဝကေန စတင္ခဲ့ရတာဆိုေတာ့ အလုပ္တစ္ေယာက္ရဲ႕ ခက္ခဲပင္ပန္းမႈကို ေသခ်ာေပါက္ သိတာေပါ့။ ဒါေၾကာင့္ သူက ဧည့္ခံတစ္ေယာက္အား လတ္လတ္ဆတ္ဆတ္ျပဳလုပ္ထားတဲ့ ပူပူေႏြးေႏြးေပါက္စီေတြကို စားဖိုေဆာင္ထဲကေန အိတ္နဲ႔ထုပ္လာဖို႔မွာလိုက္ၿပီး ေရွာင္ေခ်ာင္းကို သူမအစ္ကိုဆီ ယူသြားဖို႔ ေျပာလိုက္တယ္။

ယြီေရွာင္ေခ်ာင္းက သိပ္ကိုေက်းဇူးတင္မိၿပီး သူ႔ကို ထပ္ခ်ည္းတလဲလဲ ေက်းဇူးတင္စကားေျပာမိတယ္။ စားဖိုမႉးႀကီးဝမ္က ေပ်ာ္႐ႊင္စြာရယ္ရင္း ငါ့ကိုေက်းဇူးတင္ဖို႔မလိုပါဘူး ငါက သူေဌးဆီက ပန္းငွားၿပီး မိန္ကေလးယြီကို ေပး႐ုံတင္ပါ မိန္းကေလးယြီ တကယ္လို႔ ေနာက္ေနာင္ အခြင့္အေရးမ်ားရခဲ့ရင္ ခ်က္ျပဳတ္နည္းနဲ႔ဆိုင္တဲ့ ဗဟုသုတေတြ အျပန္အလွန္ လဲလွယ္ရေအာင္

ကြၽန္မရဲ႕ ႏုံခ်ာတဲ့ အခ်က္အျပဳတ္ဆိုင္ရာကြၽမ္းက်င္မႈက စားဖိုးမႉးႀကီးရဲ႕ ကြၽမ္းက်င္မႈနဲ႔ ႏႈိင္းယွဥ္လို႔ မရပါဘူး။ ဒါေပမယ့္ ကြၽန္မမွာ ဟင္းခ်က္နည္း အႀကံဉာဏ္အသစ္ရွိရင္ ဦးေလးဝမ္ရဲ႕ အႀကံဉာဏ္ကို ေသခ်ာေပါက္ေမးမွာပါ

ယြီေရွာင္ေခ်ာင္းက စားဖိုမႉးႀကီးဝမ္ရဲ႕ စိတ္အားထက္သန္မႈကေန ေရွာင္လႊဲႏိုင္သြားခဲ့တယ္။ ဒါေပမယ့္ သူမ သက္ျပင္းမခ်ႏိုင္ခင္မွာဘဲ သူမအေဖရဲ႕ ေမးခြန္းက သူမကို ထိုးႏွက္လိုက္တယ္။

ခ႐ုဆီက က်ိန္ရႈံစားေသာက္ဆိုင္ရဲ႕ ထူးျခားမႈပဲ ေခ်ာင္းအာ! သမီးက သူတို႔ကို သင္ေပးခဲ့တဲ့သူလား သမီးက ဘယ္လိုလုပ္ၿပီး ခ႐ုဆီလုပ္တဲ့နည္း သိေနရတာလဲ။ က်ိန္ရႈံစားေသာက္ဆိုင္ရဲ႕ ဂုဏ္ရွိန္ႀကီးတဲ့ စားဖိုမႉးႀကီးဝမ္က ဘာလို႔ သမီးကို ေလးေလးစားစားနဲ႔ ရင္းရင္းႏွီးႏွီး ဆက္ဆံေနတာလဲ ယြီဟိုင္က သူ႔စိတ္ထဲက ေမးခြန္းေတြေမးလိုက္တယ္။

ယြီေရွာင္ေခ်ာင္းက သူ႔ေမးခြန္းေတြကို ခ်က္ခ်င္းမေျဖႏိုင္ခဲ့ေပ။ သူမ သူ႔ကို ဒီအတိုင္းပဲ
အေဖ အေဖ့သမီးအရင္းက ေသသြားၿပီ။ သမီးက အရင္ဘဝက ဗဟုသုတ အသိဉာဏ္ေတြရွိေနတဲ့ တစ္ျခားကမာၻက ဝိညာဥ္ လို႔ ေျပာဖို႔က် မျဖစ္ႏိုင္ဘူး။ သူမသာ တကယ္သူ႔ကို အဲ့လို ေျပာလိုက္မယ္ ဆိုရင္ သူမက မေကာင္းဆိုးဝါးလို႔ အထင္ခံရၿပီး မီးရႈိ႕သတ္ခံရလိမ့္မယ္။ သူမက ခဏအၾကာ စဥ္းစား ဆင္ျခင္ၿပီးတဲ့ေနာက္ သတၱိေမြးလိုက္ၿပီး အေဖ ေသရာမွ ျပန္လည္ ရွင္သန္ျခင္းကို ယုံၾကည္လား လို႔ ျပန္ေမးလိုက္တယ္။

ယြီဟိုင္ရဲ႕ အမူအရာက ခ်က္ခ်င္းေျပာင္းလဲသြားတယ္။ သူက ျခင္ဖမ္းႏိုင္ေတာ့မယ့္အတိုင္းပဲ မ်က္ေမွာင္က်ဳံ႕သြားတယ္။ သူက ျပန္ေျဖတယ္။

ေသသူတစ္ေယာက္က ဘယ္လိုလုပ္ၿပီး ျပန္ရွင္ႏိုင္မွာလဲ ငရဲမင္းႀကီးက သူ႔သက္တမ္းမေစ့လို႔ သူ႔ကိုလက္မခံရင္သာ

သမီးသာ ငရဲနန္းေတာ္ဆီေရာက္ဖူးၿပီး ငရဲမင္းႀကီးနဲ႔ေတြ႕ဖူးတယ္လို႔ အေဖ့ကို သမီးေျပာရင္ အေဖ သမီးကိုယုံမွာလား

ယြီေရွာင္ေခ်ာင္းက ယြီဟိုင္ရဲ႕အရိပ္အေျခကို ေသခ်ာအကဲခတ္လိုက္တယ္။ သူသာ လုံးဝလက္မခံဘဲ မႏွစ္ၿမိဳ႕ပုံေပါက္တယ္ဆိုရင္ စေနာက္တယ္လို႔ အေၾကာင္းျပၿပီး ဒီအလိမ္အညာကို ရပ္ဖို႔ႀကိဳးစားမွာ။

သူမ ဒီကမာၻကိုလာခဲ့ၿပီး တစ္ခုတည္းေသာ ေျဖသိမ့္စရာက မိဘေမတၱာနဲ႔ ဂ႐ုစိုက္မႈကို တစ္ဖန္ျပန္လည္ ခံစားေပ်ာ္႐ႊင္ႏိုင္ျခင္းပဲျဖစ္တယ္။ သူမက သူမအေဖရဲ႕ ႀကီးမားတဲ့ခ်စ္ေမတၱာနဲ႔ သူမအေမရဲ႕ ႏူးညံ့တဲ့ ဂ႐ုစိုက္မူေတြကို ထပ္မဆုံးရႈံးခ်င္ဘူး... ယြီဟိုင္က သူ႔ေျခလွမ္းေတြ တုံ႔ခနဲ ရပ္ၿပီး သူမကို ငုံ႔ၾကည့္လိုက္သည္။ သူ႔ရဲ႕မ်က္လုံးေတြထဲမွာ ပူပန္ေသာကနဲ႔ အျပစ္ရွိသလို ခံစားရမႈေတြနဲ႔ ျပည့္ေနကာ သူက ေႏြးေထြးတဲ့ အသံနဲ႔ ေမးလိုက္တယ္။

ေခ်ာင္းအာ အဲ့တာက သမီး သမီးေခါင္းထိခိုက္မိတုန္းကလား သမီးရဲ႕ အႀကီးဆုံးအဘိုးေလး ကေျပာတယ္ အဲ့ဒီတုန္းက သမီး အသက္ရႉတာ ရပ္သြားတယ္တဲ့ သမားေတာ္ယိုက အခ်ိန္မီေရာက္လာၿပီး သမီးကို ကယ္တင္ႏိုင္ခဲ့လို႔သာ...
ဒီအေဖက တကယ္အသုံးမက်တာပါ။ အေဖက သမီးရဲ႕အေဖျဖစ္ဖို႔ မထိုက္တန္ပါဘူး...

အေဖ အေဖက နည္းနည္းစုံလုံးမွိတ္ၿပီး အေဖ့မိဘေတြကို အၿမဲသစၥာရွိၿပီး နည္းနည္းႏူးညံ့တဲ့ စိတ္ေနသေဘာထားရွိေပမယ့္ အေဖက ေခ်ာင္းအာအတြက္ အေကာင္းဆုံးအေဖပါ။ အေဖ ကိုယ့္ကိုယ္ကို အျပစ္တင္ဖို႔ မလိုပါဘူး။ သမီးက ငရဲတံခါးဝမွာ လွည့္လည္သြားခဲ့ဖူးေပမယ့္ အဲ့တာက အဆိုးထဲက အေကာင္းပါ ဘာလို႔လဲဆိုေတာ့ သမီးက ပိုက္ဆံဘယ္လိုရတယ္ဆိုတဲ့ နည္းလမ္းေတြ သိလာလို႔ေလ

သူမရဲ႕ အေဖအသစ္က မေကာင္းဆိုးေတြ နတ္ဘုရားေတြအေၾကာင္းကို မျငင္းပယ္တဲ့အတြက္ သူမက ေလးေလးနက္နက္မထားပဲ သူမရဲ႕ လုပ္ဇာတ္ကို ဆက္ေျပာလိုက္တယ္။ ဘာပဲျဖစ္ျဖစ္ သူမက သူမရဲ႕ အရင္ဘဝမွာ အသက္သုံးဆယ္ေလာက္ရွိၿပီ။ သူမက ကေလးတစ္ေယာက္လို ျပဳမူဖို႔အေကာင္းဆုံး ႀကိဳးစားခဲ့ေပမယ့္ သူမက သံသယဝင္စရာ တစ္ခုခုကို အမႈမဲ့အမွတ္မဲ့ လွစ္ဟျပမိေတာ့မလို႔။ ဒါ့အျပင္ သူမရဲ႕ ေငြရွာေပါက္ အစီအစဥ္အႀကီးႀကီးကို အရင္းအခ်ာ မိသားစုဆီကေန မဖုံးကြယ္ႏိုင္ဘူး။ ေရွးတုန္းကလူေတြက သဘာဝလြန္ကိစၥေတြကို ႐ိုေသေၾကာက္႐ြံ႕တတ္ၾကတယ္မလား။ သူမရဲ႕ ဖန္တီးထားတဲ့ပုံျပင္က လူေတြကို အ႐ူးလုပ္လို႔ရမယ္လို႔ ေမွ်ာ္လင့္ရတာပဲ။

သူရွစ္ႏွစ္လုံးလုံး ဂ႐ုတစိုက္ ကာကြယ္ေစာင့္ေရွာက္ေပးခဲ့တဲ့ သမီးေလးက အခ်ည္းႏွီး
ေသမလိုျဖစ္ခဲ့တယ္ဆိုတဲ့ အေတြးနဲ႔ ယြီဟိုင္ရဲ႕ႏွလုံးသားထဲမွာ စိုးထိတ္မႈကို ခံစားသြားရတယ္။ သူက သူ႔သမီးရဲ႕ ခႏၶာကိုယ္ေသးေသးေလးကို တင္းၾကပ္စြာဖက္ၿပီး ဝမ္းနည္းမႈေတြ ဆို႔နင့္လ်က္

ဘယ္ပိုက္ဆံကမွ အေဖ့သမီးေလးရဲ႕ အသက္ရွင္ျခင္းနဲ႔ က်န္းမာျခင္းေလာက္အေရးမႀကီးပါဘူး။ မေၾကာက္ပါနဲ႔ေခ်ာင္းအာ သမီး အေဖ့ကို ဘာေတြျဖစ္ခဲ့တယ္ဆိုတာ ေသခ်ာေျပာျပႏိုင္မလား

တကယ္ေတာ့ သမီးလည္း သိပ္မေသခ်ာဘူး သမီးဦးေခါင္း ဒဏ္ရာရၿပီးတဲ့ေနာက္ သတိေမ့ေျမာေနခဲ့တာ သမီး ဝိုးတဝါးနဲ႔ အျဖဴဝတ္စုံ အနက္ဝတ္စုံအသီးသီးနဲ႔ လူႏွစ္ေယာက္ကို ေတြ႕ခဲ့တယ္။ သူတို႔က သမီးကို ဂုဏ္အရွိန္အဝါနဲ႔ျပည့္စုံတဲ့ အရာရွိလိုလူမ်ိဳးကိုေတြ႕ဖို႔ ေနရာတစ္ေနရာကို ေခၚသြားတယ္။ အဲ့ဒီေနာက္ သူတို႔က မၿပီးဆုံးေသးတဲ့ သက္တမ္းနဲ႔ လူတစ္ေယာက္ ကို မွားေခၚလာေၾကာင္း ေျပာသံ ၾကားတယ္။ သူတို႔က သမီးကို ျပန္အစားေလ်ာ္ေပးဖို႔ေတာင္ ေျပာၾကေသးတယ္။ သမီးႏိုးလာတဲ့အခါ သမီးစိတ္ထဲ တစ္ခ်ိဳ႕အရာေတြေပၚလာတယ္။ ခ႐ုဆီအေၾကာင္းကလည္း ႏိုးလာၿပီးေနာက္မွာ သမီးအသိထဲေပၚလာတာ။ ဒါေပမယ့္လည္း သမီးကိုယ္တိုင္ ျပဳလုပ္ၾကည့္ဖို႔ မစဥ္းစားခဲ့ဘူး ဘာလို႔လဲဆိုေတာ့ သမီးတို႔မိသားစုမွာ နည္းလမ္းမရွိဘူးေလ

ယြီေရွာင္ေခ်ာင္း စကားေျပာဖို႔ႀကိဳးစားတဲ့အခါ မသဲမကြဲျဖစ္ေနၿပီး နဂို လက္ခံခႏၶာကိုယ္က ႏွစ္သစ္ကူးက်မွ အသက္ကိုးႏွစ္ျပည့္ပဲရွိဦးမယ္။ သူမက မရင္းႏွီးတဲ့ေနရာကို ေခၚေဆာင္သြားခံရတဲ့အခါ ေသခ်ာေပါက္ ေၾကာက္လန႔္ၿပီး တစ္ခ်ိဳ႕အရာေတြကို ရွင္းရွင္းလင္းလင္း မမွတ္မိႏိုင္ဘူး။

ေခ်ာင္းအာ မေၾကာက္ပါနဲ႔ အဆိုရွိတယ္ ရွန္းထြင္႐ြာက အသက္ရာေက်ာ္ အဘိုးႀကီးက်န္းက ေျမေအာက္ကမာၻကို သြားဖူးတယ္တဲ့ ငရဲမင္းက လူမွားေခၚမိတာမို႔ အဲ့ဒီအစား သူ႔ကို အသက္ရွည္ရွည္ေနေစခဲ့တယ္။ ဒါေၾကာင္မို႔ အဘိုးႀကီးက်န္း အသက္တစ္ရာ့ရွစ္ႏွစ္ထိ မေသဘဲ အသက္ရာေက်ာ္ေနထိုင္ႏိုင္ခဲ့တာ။ ငါတို႔ေခ်ာင္းအာေလးလည္း အနာဂတ္မွာ ေသခ်ာေပါက္ အသက္ရွည္ရွည္ေနရမွာပါ

ယြီဟိုင္က သူ႔ရဲ႕ ႏူညံ့ၿပီး ခ်ိနဲ႔တဲ့သမီးေလး ေခ်ာက္ခ်ားေၾကာက္႐ြံ႕ဖြယ္ ေျမေအာက္ေလာကမွာ ဝဲလည္လည္ျဖစ္ေနမွာကို ေတြးေတာင္မေတြးဝံ့ဘူး။ သူ႔သမီးက ပုံမွန္ဆိုရင္ေတာင္ မဝံ့မရဲျဖစ္တတ္တာ ဒါဆို အဲ့ဒီအခ်ိန္တုန္းက သူမဘယ္ေလာက္ေတာင္ ေၾကာက္လန႔္ေနလိမ့္မလဲ။

ယြီေရွာင္ေခ်ာင္းက သူမလုပ္ဇာတ္ခင္းခဲ့တဲ့ပုံျပင္နဲ႔ ဆင္တူတဲ့အျဖစ္ တကယ့္အျပင္မွာ ျဖစ္ဖူးတာ ရွိခဲ့တယ္ဆိုေတာ့ သူမအလြန္ အံ့အားသင့္သြားတယ္။ သူမပုံျပင္ကိုပိုၿပီး ယုံၾကည္လက္ခံေစႏိုင္လို႔ ပိုေတာင္ေကာင္းသြားေသးတယ္။

အေဖနဲ႔သမီးႏွစ္ေယာက္သား ဘာမွမရွိတဲ့လမ္းေပၚမွာ ေဘးခ်င္းယွဥ္ေလွ်ာက္သြားၾကတယ္။ ယြီဟိုင္က သူ႔သမီးလက္ေသးေသးကေလးကို သူရဲ႕ႀကီးမားတဲ့လက္နဲ႔ ၿမဲၿမံစြာ ဆုပ္ကိုင္ထားတယ္။ သူသာၿမဲၿမဲကိုင္မထားဘူးဆိုရင္ သူနဲ႔အေဝးကို ေခၚေဆာင္သြားခံရမွာ စိုး႐ြံ႕ေနသလိုမ်ိဳး။

....

[Unicode]
အပိုင်း ၄၆ (အကြောင်းပြချက်ဖန်တီးခြင်း)

အဲ့တာဆို ကျေးဇူးတင်ပါတယ်

ယွီရှောင်ချောင်းက သူမရဲ့ငွေစက္ကူကို အပြန်ပြန်အလှန်လှန်ကြည့်ပြီး အချိန်အကြာကြီး စစ်ဆေးကြည့်ရှုနေခဲ့တယ်။ သူမ,သိလိုတာတွေ အကုန်သိရပြီဆိုမှ ထိုငွေစက္ကူကို သေသေချာချာခေါက်ပြီး သူမအပေါ်ဝတ်အင်္ကျီအိတ်ထောင်ထဲ ထည့်ထားလိုက်တယ်။ အဲ့ဒီနောက် သူမက အကျေနပ်ကြီးကျေနပ်စွာနဲ့ အိတ်ထောင်ကိုဖွဖွပုတ်လိုက်တယ်။

ငါးဆယ်လျန် ငွေစက္ကူ! သူမအရင်တစ်ခါ သားကောင်တွေရောင်းလို့ရတဲ့ ပိုက်ဆံတွေအပြင် သူမမှာ အခုအနည်းဆုံး ခုနစ်ဆယ် ရှစ်ဆယ်လျန်လောက်ရှိပြီ။ အခုသူမ ငွေအတော်စုဆောင်းမိလာတဲ့ပုံပဲ။

တတိယသခင်လေးကျိုးက ငွေမက်တဲ့ပုံပေါက်နေတဲ့ ရှောင်ချောင်းကို ကြည့်လိုက်တယ်။ သူမရဲ့ပြူးကျယ်တဲ့ မျက်ဝန်းတွေက လခြမ်းကွေးတစ်စုံနဲ့တူပြီး သူမရဲ့ နှင်းဆီရောင်သန်းနေတဲ့ နှုတ်ခမ်းအစုံက အနည်းငယ်ကွေးတက်နေတယ်။ သူမရဲ့ ကပေကရေ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အဝတ်အစားကတောင် သူမရဲ့ ချစ်ဖို့ကောင်းမှုကို မဖုံးကွယ်နိုင်ဘူး။

ယွီဟိုင်က သူ့သမီး ငွေစက္ကူကို သူမအိတ်ထောင်ထဲ လုံးလုံးလျားလျား ထည့်လိုက်တာမြင်တော့ အတော် အံ့အားသင့်သွားတယ်။ ဘယ်အချိန်ကစပြီး သူ့သမီးက ကိုယ့်ကိုယ်ကိုယုံကြည်လွန်းပြီး ငါသိငါတတ် ဖြစ်လာရတာလဲ။ သူမက ငါးဆယ်လျန်ကို သူမကိုယ်ပိုင်အိတ်ကပ်ထဲ အေးအေးဆေးဆေး ထည့်ထား လိုက်တယ်။ ငွေငါးဆယ်လျန်နဲ့ ပစ္စည်းဘယ်လောက်များများဝယ်လို့ရလဲ သူမ,မသိဘူး မဟုတ်လား။ တုန်ရှန်းရွာမှာ အခန်းငါးခန်းပါတဲ့ အိမ်ဆောက်ရင်တောင် ပိုက်ဆံအများကြီးလိုမှာမဟုတ်ဘူး။

ရှောင်ချောင်းက သူမအဖေနဲ့အရင်မတိုင်ပင်ပဲ ငွေသားကိုသူမကိုယ်တိုင်ယူလိုက်တော့ ယွီဟိုင်က ရှောင်ချောင်းကို ချီတုံချတုံအမူအရာနဲ့ ကြည့်နေတာကို တတိယသခင်လေးကျိုးက သတိထားမိတယ်။ ဒါပေမယ့် ယွီဟိုင်က အဆုံးမှာ ဘာမှမပြောခဲ့ချေ။ သာမန်မိသားစုတစ်စုအတွက် နှစ်ပေါင်းများစွာ သုံးစွဲနိုင်တဲ့ ငွေပမာဏရှိတဲ့ ငွေစက္ကူကိုလည်းသူက မသိမ်းယူခဲ့ပေ။ ကျိုးကျီရွှီက မသိမသာပြုံးပြီး ယွီဟိုင်ကိုပြောလိုက်တယ်။ ဦးလေးက ဦးလေးသမီးကို သဲသဲလှုပ်ချစ်တဲ့ တကယ့်ဖခင်ကောင်းတစ်ယောက်ပဲ

ယွီဟိုင်က လောလောဆယ် မုန့်စားနေတဲ့ သူ့သမီးထွေးလေးကို မေတ္တာဖြင့်ကြည့်လိုက်သည်။ သူက သူ့သမီးမူးလဲတဲ့အချိန်နဲ့ ပိန်လှီပြီးအားနည်းနေတဲ့ သူ့ကလေးတွေ ပိုက်ဆံမရှိလို့ ဆင်းရဲဒဏ် ရိုက်ခတ် ခံရတဲ့ အခြေအနေကို တွေးတောမိတယ်။ သူ့ခေါင်းကို အသာရမ်းပြီး ကိုယ့်ကိုယ်ကို နောင်တရမှုတွေ နဲ့ပြည့်ပြီး တည်ငြိမ်တဲ့အသံနဲ့ မဟုတ်ပါဘူး ငါက ဖခင်ကောင်းတစ်ယောက်မဟုတ်ဘူး

အဖေ အဖေသာ အဘွားစကားတွေကို အချိန်ပြည့်နားမထောင်တော့ပဲ သမီးတို့မိသားစုကိုပဲ ပိုအာရုံစိုက်ရင် အဖေက တကယ့်ဖခင်ကောင်းတစ်ယောက်ဖြစ်မှာ! ယွီရှောင်ချောင်းက အငွေ့တထောင်းထောင်းထနေတဲ့ အညိုရောင် သကြားနဲ့ချင်းပြုတ်ရည်ကို သောက်ရင်း သူမအဖေကို သင်ပေးလိုက်တယ်။

အဖေ့အမေ သမီးရဲ့အဘွားအရင်းက အဖေငယ်ငယ်လေးကတည်းက ဆုံးသွားခဲ့တာ။ ဒါကြောင့်မို့ သမီးရဲ့ဒီအဘွားက အဖေ့ကိုပြုစုပျိုးထောင်ပေးခဲ့တဲ့အတွက် ကျေးဇူးတရားတွေရှိတယ်။ သမီးရဲ့ အရီးအငယ်ဆုံး အိမ်ထောင်ကျပြီး တတိယဦးလေးလည်း အမှုထမ်းစာမေးပွဲအောင်သွားရင် အိမ်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေ လျော့သွားလိမ့်မယ်။ ဒါဆို အဖေတို့မိသားစုလေး ဒီမိသားစုကြီးကနေခွဲထွက်ပြီး သူတို့နဲ့ခွဲနေလို့ရပြီ။ အဲ့ဒီအချိန်ကျ အဖေလည်း အမဲလိုက်နဲ့ငါးဖမ်းပိုထွက်ပြီး ပိုက်ဆံပိုရှာနိုင်လိမ့်မယ်။ အဖေက ငါတို့ရှောင်ချောင်းလေး အတွက်လည်း အဝတ်အစားအသစ်တွေနဲ့ ဆံပင်အလှဆင်ပစ္စည်းတွေ လည်း အများကြီးပိုဝယ်ပေးမယ်

ယွီဟိုင်က ခြောက်သွေ့ပြီး ဝါကျင်ကျင်ဖြစ်နေတဲ့ သူ့သမီးဆံပင်တွေကို ဖွသပ်ရင်း စိတ်လက်သက်သာစွာနဲ့ ပြောတယ်။

ယွီရှောင်ချောင်းက ကျိတ်ပြီး နှုတ်ခမ်းဆူမိတယ်။ သူမအဖေက မိသားစုအကုန်လုံးကို ရှာဖွေကျွေးမွေးရတဲ့သူပဲ ဦးလေးအငယ်က အမှုထမ်းစာမေးပွဲအောင်ရင် စီရင်စုအဆင့်စာမေးပွဲ ဖြေချင်ဦးမှာ ပြီးရင် တော်ဝင်စာမေးပွဲ။ သူမအဘွားကလည်း မျှော့လိုပဲ သူ့သွေးတွေကုန်အောင် စုပ်ယူလို့မပြီးမချင်း လွှတ်ပေးမှာမဟုတ်ဘူး။ ဒီမိသားစုကြီးကနေ ခွဲထွက်နိုင်ဖို့ သူတို့မျှော်လင့်လို့ရတာက ပါးပါးလေးပဲရှိတယ်။

တတိယသခင်လေးကျိုးရဲ့ တခြားအစေခံယောက်ျားက တံခါးခေါက်ပြီး ကြီးမားတဲ့အထုပ်အပိုးတစ်ခုနဲ့ ဝင်လာတယ်။ သူ့မျက်နှာပေါ်က နေရခက်တဲ့အမူအရာနဲ့ ကျိုးကျီရွှီရဲ့ အနီးကပ်အစေခံ စီမော့က အထုပ်အပိုးကို သူ့ဆီကယူပြီး ဒီအစေခံက ဒီချည်ထည်အဝတ်အစားတွေကို သိပ်မဝတ်ရသေးဘူး မိန်းကလေးယွီသာ စိတ်မရှိဘူးဆိုရင်....

ကိစ္စမရှိပါဘူး ရပါတယ် သူက ထန်ကူမြို့က အချမ်းသာဆုံးကျိုးမိသားစုက သခင်လေးရဲ့ အနီးကပ်အစေခံပဲ အဲဒီတော့ သူက မြို့ထဲက သာမာန်လူတွေထက်တော့ ပိုကောင်းကောင်းမွန်မွန် ဝတ်စားဆင်ယင်တယ်။ သူဝတ်တဲ့ ဂွမ်းကပ်အဝတ်အထည်တွေကဆို ကောင်းမွန်တဲ့ ချည်သားနဲ့ ပြုလုပ်ထားပြီး ပိတ်စက တစ်မီတာရဲ့သုံးပုံတစ်ပုံကို သုံးဆယ့်လေးကြေးဒင်္ဂါးကုန်ကျတယ်။

သူမက အဝတ်ထုပ်ကို ယူလိုက်ပြီးနောက် နက်ပြာရောင်ဂွမ်းကပ်အပေါ်ဝတ်နဲ့ ဘောင်းဘီရှည် အသစ်စက်စက်တစ်စုံကို တွေ့လိုက်ရတယ်။ ဝတ်စုံက ချောမွေ့တဲ့ ချည်သားနဲ့ပြုလုပ်ထားပြီး ထူထဲတဲ့ ဂွမ်းသားနဲ့ပြည့်နေတယ်။ အဲ့ဒါကြောင့် ဝတ်စုံက အင်မတန်နူးညံ့လှတယ်။ သူမက ပစ္စည်းကို ထိမကြည့်ပဲနဲ့ကို သူတို့က သစ်လွင်တဲ့ချည်သားနဲ့ ပြုလုပ်ထားတယ်တာဆိုတာ အလွယ်တကူပြောနိုင်တယ်။ ဒီဂွမ်းကပ်ဝတ်စုံက အနည်းဆုံး ကြေးဒင်္ဂါးရာဂဏန်းတော့ ကုန်ကျမှာပဲ။

အစေခံတစ်ယောက်အနေနဲ့အလုပ်လုပ်ရတာ လွယ်တာမဟုတ်ဘူး။ အဲ့တော့ ယွီရှောင်းချောင်းက ဒီတိုင်း သူ့ဆီက အလကားမလိုချင်ပေ။ သူမက သူမအဖေဆီမှာ လက်ဖြန့်တောင်းပြီး

သမီးတို့ ဒီအစ်ကိုလေးဆီက ဒီဝတ်စုံကို ဝယ်ရအောင် သမီးကို ပိုက်ဆံပေးပါဦး

တတိယသခင်လေးကျိုးက သူမအိပ်ကပ်ထဲမှာ ငါးဆယ်လျန် ငွေစက္ကူရှိရဲ့သားနဲ့ ကောင်မလေးက သူမအဖေဆီ လက်ဖြန့်တောင်းတာ မြင်တော့ လွန်စွာ သဘောကျမိတယ်။ ဒါ့အပြင် စကားနားထောင်တဲ့ အဖေဖြစ်သူကလည်း သူ့သမီးပြောတဲ့အတိုင်း မငြင်းဆန်ဘဲ သူ့ပိုက်ဆံကို ပေးလိုက်တယ်။

စီမော့က ယွီဟိုင်သူ့ဆီကမ်းပေးတဲ့ ကြေးဒင်္ဂါးတွဲကို တွန့်ဆုတ်စွာနဲ့ ငြင်းပယ်ပြီး ဒီချည်ဂွမ်းကပ်အဝတ်အထည်တွေက ကျွန်တော့်အတွက်ဝတ်လို့မရအောင် သေးလွန်းတယ် ကျွန်တော့်ဆီ သိမ်းထားလည်း အသုံးမှမကျပဲ ဒီတိုင်း လွှင့်ပစ်ဖို့ကလည်း နှမြောဖို့ကောင်းတာမို့ မိန်းကလေးယွီက ယူဖို့အလိုရှိတယ်ဆိုတာ ကျွန်တော် ကံကောင်းတာပါ အဲ့ဒီတော့ ကျွန်တော်က ဘယ်လိုလုပ် အဲ့အတွက် ပိုက်ဆံလက်ခံနိုင်မှာလဲ

တကယ်တော့ သခင်မကျိုးကနေ သူက သခင်လေးကို စိတ်ရောကိုယ်ပါ တာဝန်ထမ်းဆောင်ပေးတာ သိမြင်တဲ့အတွက် ဂွမ်းကပ်အထည်အလိပ်တွေကို ဆုချထားတာဖြစ်တယ်။ စီမော့အမေက သူ့သားလေး သူမအတွက် ဂုဏ်ဆောင်နိုင်ခဲ့သလို ခံစားရတဲ့အတွက် သူမက ဝမ်းမြောက်စွာနဲ့ နှစ်ညဆက်တိုက် မနားမနေ သူ့အတွက် ဒီအဝတ်အထည်တွေကိုချုပ်ပေးခဲ့တာ။ သို့သော်လည်း ရာသီဥတုက ပူနွေးလာ တဲ့အတွက် သူအဲ့တာကိုဝတ်ဖို့အတွက် အခွင့်အရေးမရခဲ့ဘူး။ ဆောင်းတွင်းပိုင်းရောက်ရောက်ချင်း သူက အဲ့တာကို ဝတ်ဖို့အတွက် ထုတ်လိုက်ချိန်မှာ အဲ့ဒီအဝတ်အထည်တွေက သူ့အတွက် တော်တော်သေးသွားလေပြီ။ သူ့သခင်လေးရဲ့ ကျိုးမိသားစုတွင်း ဂုဏ်ရှိန်က ကျိန်ရှုံစားသောက်ဆိုင်ရဲ့ အောင်မြင်မှုကြောင့် မြင့်တက်လာတယ်။ သခင်ကြီးကလည်း သူ့ရဲ့သခင်လေးကို အခြားသခင်လေးတွေရှေ့မှာတောင် တစ်ခါမက ချီးမွမ်းပြောဆိုတယ်။ အဲ့တော့ သူ့လို အနီးကပ်အစေခံကလည်း ပိုပြီး အရေးပေးခံရတယ်။

သူ့ရဲ့ နေရာကို သတိပြုမိလာတဲ့စီမော့က သူ့အမေကို အဝတ်တွေပြန်ပြင်မချုပ်ခိုင်းတော့ပေ။ ဒုတိယဆိုင်ခွဲရဲ့ တစ်ဦးတည်းသောဆက်ခံသူ၏ အနီးကပ်အစေခံက ပြန်ပြင်ချုပ်ထားတဲ့ အဝတ်အစားနဲ့ထွက်လာရင် ရှက်စရာဖြစ်နေလိမ့်မယ်။ အဲ့လိုဆိုက သူကလူဟားတိုက်စရာ ဖြစ်သွားလိမ့်မယ်မဟုတ်လား။ ဒါကြောင့် ကောင်းမွန်ပြီး အသစ်စက်စက်ပဲရှိသေးတဲ့ ဂွမ်းကပ်အဝတ်အစားတွေက သူ့အတွက် အသုံးမဝင်တော့တဲ့ဟာတွေ ဖြစ်သွားတယ်။

မိန်းကလေးယွီက ဘယ်သူမို့လို့လဲ။ နှစ်ဝက်လောက်အကြာမှာ ကျိန်ရှုံစားသောက်ဆိုင်က ထန်ကူမြို့က အကောင်းဆုံးစားသောက်ဆိုင်ဖြစ်လာတယ်။ ကျိန်ရှုံစားသောက်ဆိုင်အောင်မြင်မှုက မိန်းကလေးယွီရဲ့ ကျေးဇူး အနည်းဆုံး တစ်ဝက်လောက်ပါတယ်။ ဒါကြောင့်မို့ သူ့ရဲ့သခင်လေးကပင် သူမကို လေးစားသမှုနဲ့ ကျေးဇူးသိတတ်စွာ ဆက်ဆံတယ်။ သူမက မဆိုင်းမတွနဲ့ ဂွမ်းကပ်အဝတ်အထည်တွေကို လက်ခံပေးတာကို သူဘယ်လိုလုပ်ပြီး သူမရဲ့ပိုက်ဆံကိုယူဝံ့မှာလဲ။

ယွီရှောင်ချောင်းက သူမသာ သူ့ကို ပိုက်ဆံဆက်ပြီး ပေးနေမယ်ဆို ထိုအစ်ကိုလေး စိတ်ညစ်ရတော့မယ်ဆိုတာ သတိထားလိုက်မိတယ်။ ထို့ကြောင့် သူမက ဇွတ်အတင်းပေးမနေတော့ပဲ အစေခံအား သူမကျေးဇူးတင်ကြောင်းပဲ ထပ်မံဖော်ပြလိုက်တော့တယ်။ အဲ့ဒီနောက် သူမက ဂွမ်းကပ်အဝတ်အစားတွေကို သူမအဖေလက်ထဲထည့်ပြီး တတိယသခင်လေးကျိုးကို နှုတ်ခွန်းဆက်လိုက်သည်။

ကျိုးကျီရွှီက ညည်းညူစွာနဲ့ ခေါင်းဆောင်စားဖိုမှူးဝမ်က ဟင်းလျာအသစ် ပြုလုပ်ထားတယ်။ မင်းကို မြည်းစမ်းကြည့်စေပြီး အကြံဉာဏ်တစ်ချို့ပေးဖို့ တောင်းဆိုချင်နေတာ ဒါပေမယ့် မြည်းစမ်းတာကို နောက်နေ့မှပဲ လုပ်ရတော့မယ်ထင်တယ် ။ စကားမစပ် ရှောင်ချောင်း မင်းကဘယ်မှာနေတာလဲ။ ငါ့ကို မင်းရဲ့လိပ်စာပေးထားခဲ့ပါ့လား ဒါဆို မင်းကို နောက်တစ်ချိန်ကျ ရှာရပိုလွယ်တာပေါ့

ကျွန်မက မြို့ရဲ့ အရှေ့တောင်ဘက်က တုန်ရှန်းရွာမှာနေတယ် ရွာက နှစ်ဆယ့်ငါးကီလိုမီတာ စွန်းစွန်းဝေးတဲ့ တံငါရွာလေးပါ သူမရဲ့ တိတ်တဆိတ် ကံကောင်းမှုလေးရယူဖို့ အစီအစဉ်က သူမရဲ့ကျိုးချိုင်ရှိန်းနဲ့ တပေါင်းတစည်းတည်း ရှိနေမှဖြစ်မှာလေ။

(ကျိုးချိုင်ရှိန်း-ကံကောင်းခြင်းနတ်ဘုရား)

ဒါကြောင့်မို့ သူမက သူ့ရဲ့တောင်းဆိုချက်ကို ငြင်းပယ်မှာမဟုတ်။

သူတို့ သီးသန့်အခန်းကနေ ထွက်လာတဲ့အခါ သူတို့ အဆောတလျင်လာနေတဲ့ စာဖိုမှူးကြီးဝမ်နဲ့ တိုးမိတယ်။ ယွီရှောင်ချောင်းက ပြန်တော့မယ်ဆိုတာ မြင်တော့ သူ့မျက်နှာမှာ နည်းနည်း စိတ်ပျက်သွားတဲ့ပုံပေါက်တယ်။ ယွီရှောင်ချောင်းက အလုပ်သင်အနေနဲ့ အလုပ်လုပ်နေတဲ့ သူမအစ်ကိုဆီ အလည်သွားမလို့ဆိုတာ သိလိုက်ရတယ်။ စားဖိုမှူးကြီးဝမ်ကလည်း အလုပ်သင်ဘဝကနေ စတင်ခဲ့ရတာဆိုတော့ အလုပ်တစ်ယောက်ရဲ့ ခက်ခဲပင်ပန်းမှုကို သေချာပေါက် သိတာပေါ့။ ဒါကြောင့် သူက ဧည့်ခံတစ်ယောက်အား လတ်လတ်ဆတ်ဆတ်ပြုလုပ်ထားတဲ့ ပူပူနွေးနွေးပေါက်စီတွေကို စားဖိုဆောင်ထဲကနေ အိတ်နဲ့ထုပ်လာဖို့မှာလိုက်ပြီး ရှောင်ချောင်းကို သူမအစ်ကိုဆီ ယူသွားဖို့ ပြောလိုက်တယ်။

ယွီရှောင်ချောင်းက သိပ်ကိုကျေးဇူးတင်မိပြီး သူ့ကို ထပ်ချည်းတလဲလဲ ကျေးဇူးတင်စကားပြောမိတယ်။ စားဖိုမှူးကြီးဝမ်က ပျော်ရွှင်စွာရယ်ရင်း ငါ့ကိုကျေးဇူးတင်ဖို့မလိုပါဘူး ငါက သူဌေးဆီက ပန်းငှားပြီး မိန်ကလေးယွီကို ပေးရုံတင်ပါ မိန်းကလေးယွီ တကယ်လို့ နောက်နောင် အခွင့်အရေးများရခဲ့ရင် ချက်ပြုတ်နည်းနဲ့ဆိုင်တဲ့ ဗဟုသုတတွေ အပြန်အလှန် လဲလှယ်ရအောင်

ကျွန်မရဲ့ နုံချာတဲ့ အချက်အပြုတ်ဆိုင်ရာကျွမ်းကျင်မှုက စားဖိုးမှူးကြီးရဲ့ ကျွမ်းကျင်မှုနဲ့ နှိုင်းယှဉ်လို့ မရပါဘူး။ ဒါပေမယ့် ကျွန်မမှာ ဟင်းချက်နည်း အကြံဉာဏ်အသစ်ရှိရင် ဦးလေးဝမ်ရဲ့ အကြံဉာဏ်ကို သေချာပေါက်မေးမှာပါ

ယွီရှောင်ချောင်းက စားဖိုမှူးကြီးဝမ်ရဲ့ စိတ်အားထက်သန်မှုကနေ ရှောင်လွှဲနိုင်သွားခဲ့တယ်။ ဒါပေမယ့် သူမ သက်ပြင်းမချနိုင်ခင်မှာဘဲ သူမအဖေရဲ့ မေးခွန်းက သူမကို ထိုးနှက်လိုက်တယ်။

ခရုဆီက ကျိန်ရှုံစားသောက်ဆိုင်ရဲ့ ထူးခြားမှုပဲ ချောင်းအာ! သမီးက သူတို့ကို သင်ပေးခဲ့တဲ့သူလား သမီးက ဘယ်လိုလုပ်ပြီး ခရုဆီလုပ်တဲ့နည်း သိနေရတာလဲ။ ကျိန်ရှုံစားသောက်ဆိုင်ရဲ့ ဂုဏ်ရှိန်ကြီးတဲ့ စားဖိုမှူးကြီးဝမ်က ဘာလို့ သမီးကို လေးလေးစားစားနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံနေတာလဲ ယွီဟိုင်က သူ့စိတ်ထဲက မေးခွန်းတွေမေးလိုက်တယ်။

ယွီရှောင်ချောင်းက သူ့မေးခွန်းတွေကို ချက်ချင်းမဖြေနိုင်ခဲ့ပေ။ သူမ သူ့ကို ဒီအတိုင်းပဲ
အဖေ အဖေ့သမီးအရင်းက သေသွားပြီ။ သမီးက အရင်ဘဝက ဗဟုသုတ အသိဉာဏ်တွေရှိနေတဲ့ တစ်ခြားကမ္ဘာက ဝိညာဉ် လို့ ပြောဖို့ကျ မဖြစ်နိုင်ဘူး။ သူမသာ တကယ်သူ့ကို အဲ့လို ပြောလိုက်မယ် ဆိုရင် သူမက မကောင်းဆိုးဝါးလို့ အထင်ခံရပြီး မီးရှို့သတ်ခံရလိမ့်မယ်။ သူမက ခဏအကြာ စဉ်းစား ဆင်ခြင်ပြီးတဲ့နောက် သတ္တိမွေးလိုက်ပြီး အဖေ သေရာမှ ပြန်လည် ရှင်သန်ခြင်းကို ယုံကြည်လား လို့ ပြန်မေးလိုက်တယ်။

ယွီဟိုင်ရဲ့ အမူအရာက ချက်ချင်းပြောင်းလဲသွားတယ်။ သူက ခြင်ဖမ်းနိုင်တော့မယ့်အတိုင်းပဲ မျက်မှောင်ကျုံ့သွားတယ်။ သူက ပြန်ဖြေတယ်။

သေသူတစ်ယောက်က ဘယ်လိုလုပ်ပြီး ပြန်ရှင်နိုင်မှာလဲ ငရဲမင်းကြီးက သူ့သက်တမ်းမစေ့လို့ သူ့ကိုလက်မခံရင်သာ

သမီးသာ ငရဲနန်းတော်ဆီရောက်ဖူးပြီး ငရဲမင်းကြီးနဲ့တွေ့ဖူးတယ်လို့ အဖေ့ကို သမီးပြောရင် အဖေ သမီးကိုယုံမှာလား

ယွီရှောင်ချောင်းက ယွီဟိုင်ရဲ့အရိပ်အခြေကို သေချာအကဲခတ်လိုက်တယ်။ သူသာ လုံးဝလက်မခံဘဲ မနှစ်မြို့ပုံပေါက်တယ်ဆိုရင် စနောက်တယ်လို့ အကြောင်းပြပြီး ဒီအလိမ်အညာကို ရပ်ဖို့ကြိုးစားမှာ။

သူမ ဒီကမ္ဘာကိုလာခဲ့ပြီး တစ်ခုတည်းသော ဖြေသိမ့်စရာက မိဘမေတ္တာနဲ့ ဂရုစိုက်မှုကို တစ်ဖန်ပြန်လည် ခံစားပျော်ရွှင်နိုင်ခြင်းပဲဖြစ်တယ်။ သူမက သူမအဖေရဲ့ ကြီးမားတဲ့ချစ်မေတ္တာနဲ့ သူမအမေရဲ့ နူးညံ့တဲ့ ဂရုစိုက်မူတွေကို ထပ်မဆုံးရှုံးချင်ဘူး... ယွီဟိုင်က သူ့ခြေလှမ်းတွေ တုံ့ခနဲ ရပ်ပြီး သူမကို ငုံ့ကြည့်လိုက်သည်။ သူ့ရဲ့မျက်လုံးတွေထဲမှာ ပူပန်သောကနဲ့ အပြစ်ရှိသလို ခံစားရမှုတွေနဲ့ ပြည့်နေကာ သူက နွေးထွေးတဲ့ အသံနဲ့ မေးလိုက်တယ်။

ချောင်းအာ အဲ့တာက သမီး သမီးခေါင်းထိခိုက်မိတုန်းကလား သမီးရဲ့ အကြီးဆုံးအဘိုးလေး ကပြောတယ် အဲ့ဒီတုန်းက သမီး အသက်ရှူတာ ရပ်သွားတယ်တဲ့ သမားတော်ယိုက အချိန်မီရောက်လာပြီး သမီးကို ကယ်တင်နိုင်ခဲ့လို့သာ...
ဒီအဖေက တကယ်အသုံးမကျတာပါ။ အဖေက သမီးရဲ့အဖေဖြစ်ဖို့ မထိုက်တန်ပါဘူး...

အဖေ အဖေက နည်းနည်းစုံလုံးမှိတ်ပြီး အဖေ့မိဘတွေကို အမြဲသစ္စာရှိပြီး နည်းနည်းနူးညံ့တဲ့ စိတ်နေသဘောထားရှိပေမယ့် အဖေက ချောင်းအာအတွက် အကောင်းဆုံးအဖေပါ။ အဖေ ကိုယ့်ကိုယ်ကို အပြစ်တင်ဖို့ မလိုပါဘူး။ သမီးက ငရဲတံခါးဝမှာ လှည့်လည်သွားခဲ့ဖူးပေမယ့် အဲ့တာက အဆိုးထဲက အကောင်းပါ ဘာလို့လဲဆိုတော့ သမီးက ပိုက်ဆံဘယ်လိုရတယ်ဆိုတဲ့ နည်းလမ်းတွေ သိလာလို့လေ

သူမရဲ့ အဖေအသစ်က မကောင်းဆိုးတွေ နတ်ဘုရားတွေအကြောင်းကို မငြင်းပယ်တဲ့အတွက် သူမက လေးလေးနက်နက်မထားပဲ သူမရဲ့ လုပ်ဇာတ်ကို ဆက်ပြောလိုက်တယ်။ ဘာပဲဖြစ်ဖြစ် သူမက သူမရဲ့ အရင်ဘဝမှာ အသက်သုံးဆယ်လောက်ရှိပြီ။ သူမက ကလေးတစ်ယောက်လို ပြုမူဖို့အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် သူမက သံသယဝင်စရာ တစ်ခုခုကို အမှုမဲ့အမှတ်မဲ့ လှစ်ဟပြမိတော့မလို့။ ဒါ့အပြင် သူမရဲ့ ငွေရှာပေါက် အစီအစဉ်အကြီးကြီးကို အရင်းအချာ မိသားစုဆီကနေ မဖုံးကွယ်နိုင်ဘူး။ ရှေးတုန်းကလူတွေက သဘာဝလွန်ကိစ္စတွေကို ရိုသေကြောက်ရွံ့တတ်ကြတယ်မလား။ သူမရဲ့ ဖန်တီးထားတဲ့ပုံပြင်က လူတွေကို အရူးလုပ်လို့ရမယ်လို့ မျှော်လင့်ရတာပဲ။

သူရှစ်နှစ်လုံးလုံး ဂရုတစိုက် ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့ သမီးလေးက အချည်းနှီး
သေမလိုဖြစ်ခဲ့တယ်ဆိုတဲ့ အတွေးနဲ့ ယွီဟိုင်ရဲ့နှလုံးသားထဲမှာ စိုးထိတ်မှုကို ခံစားသွားရတယ်။ သူက သူ့သမီးရဲ့ ခန္ဓာကိုယ်သေးသေးလေးကို တင်းကြပ်စွာဖက်ပြီး ဝမ်းနည်းမှုတွေ ဆို့နင့်လျက်

ဘယ်ပိုက်ဆံကမှ အဖေ့သမီးလေးရဲ့ အသက်ရှင်ခြင်းနဲ့ ကျန်းမာခြင်းလောက်အရေးမကြီးပါဘူး။ မကြောက်ပါနဲ့ချောင်းအာ သမီး အဖေ့ကို ဘာတွေဖြစ်ခဲ့တယ်ဆိုတာ သေချာပြောပြနိုင်မလား

တကယ်တော့ သမီးလည်း သိပ်မသေချာဘူး သမီးဦးခေါင်း ဒဏ်ရာရပြီးတဲ့နောက် သတိမေ့မြောနေခဲ့တာ သမီး ဝိုးတဝါးနဲ့ အဖြူဝတ်စုံ အနက်ဝတ်စုံအသီးသီးနဲ့ လူနှစ်ယောက်ကို တွေ့ခဲ့တယ်။ သူတို့က သမီးကို ဂုဏ်အရှိန်အဝါနဲ့ပြည့်စုံတဲ့ အရာရှိလိုလူမျိုးကိုတွေ့ဖို့ နေရာတစ်နေရာကို ခေါ်သွားတယ်။ အဲ့ဒီနောက် သူတို့က မပြီးဆုံးသေးတဲ့ သက်တမ်းနဲ့ လူတစ်ယောက် ကို မှားခေါ်လာကြောင်း ပြောသံ ကြားတယ်။ သူတို့က သမီးကို ပြန်အစားလျော်ပေးဖို့တောင် ပြောကြသေးတယ်။ သမီးနိုးလာတဲ့အခါ သမီးစိတ်ထဲ တစ်ချို့အရာတွေပေါ်လာတယ်။ ခရုဆီအကြောင်းကလည်း နိုးလာပြီးနောက်မှာ သမီးအသိထဲပေါ်လာတာ။ ဒါပေမယ့်လည်း သမီးကိုယ်တိုင် ပြုလုပ်ကြည့်ဖို့ မစဉ်းစားခဲ့ဘူး ဘာလို့လဲဆိုတော့ သမီးတို့မိသားစုမှာ နည်းလမ်းမရှိဘူးလေ

ယွီရှောင်ချောင်း စကားပြောဖို့ကြိုးစားတဲ့အခါ မသဲမကွဲဖြစ်နေပြီး နဂို လက်ခံခန္ဓာကိုယ်က နှစ်သစ်ကူးကျမှ အသက်ကိုးနှစ်ပြည့်ပဲရှိဦးမယ်။ သူမက မရင်းနှီးတဲ့နေရာကို ခေါ်ဆောင်သွားခံရတဲ့အခါ သေချာပေါက် ကြောက်လန့်ပြီး တစ်ချို့အရာတွေကို ရှင်းရှင်းလင်းလင်း မမှတ်မိနိုင်ဘူး။

ချောင်းအာ မကြောက်ပါနဲ့ အဆိုရှိတယ် ရှန်းထွင်ရွာက အသက်ရာကျော် အဘိုးကြီးကျန်းက မြေအောက်ကမ္ဘာကို သွားဖူးတယ်တဲ့ ငရဲမင်းက လူမှားခေါ်မိတာမို့ အဲ့ဒီအစား သူ့ကို အသက်ရှည်ရှည်နေစေခဲ့တယ်။ ဒါကြောင်မို့ အဘိုးကြီးကျန်း အသက်တစ်ရာ့ရှစ်နှစ်ထိ မသေဘဲ အသက်ရာကျော်နေထိုင်နိုင်ခဲ့တာ။ ငါတို့ချောင်းအာလေးလည်း အနာဂတ်မှာ သေချာပေါက် အသက်ရှည်ရှည်နေရမှာပါ

ယွီဟိုင်က သူ့ရဲ့ နူညံ့ပြီး ချိနဲ့တဲ့သမီးလေး ချောက်ချားကြောက်ရွံ့ဖွယ် မြေအောက်လောကမှာ ဝဲလည်လည်ဖြစ်နေမှာကို တွေးတောင်မတွေးဝံ့ဘူး။ သူ့သမီးက ပုံမှန်ဆိုရင်တောင် မဝံ့မရဲဖြစ်တတ်တာ ဒါဆို အဲ့ဒီအချိန်တုန်းက သူမဘယ်လောက်တောင် ကြောက်လန့်နေလိမ့်မလဲ။

ယွီရှောင်ချောင်းက သူမလုပ်ဇာတ်ခင်းခဲ့တဲ့ပုံပြင်နဲ့ ဆင်တူတဲ့အဖြစ် တကယ့်အပြင်မှာ ဖြစ်ဖူးတာ ရှိခဲ့တယ်ဆိုတော့ သူမအလွန် အံ့အားသင့်သွားတယ်။ သူမပုံပြင်ကိုပိုပြီး ယုံကြည်လက်ခံစေနိုင်လို့ ပိုတောင်ကောင်းသွားသေးတယ်။

အဖေနဲ့သမီးနှစ်ယောက်သား ဘာမှမရှိတဲ့လမ်းပေါ်မှာ ဘေးချင်းယှဉ်လျှောက်သွားကြတယ်။ ယွီဟိုင်က သူ့သမီးလက်သေးသေးကလေးကို သူရဲ့ကြီးမားတဲ့လက်နဲ့ မြဲမြံစွာ ဆုပ်ကိုင်ထားတယ်။ သူသာမြဲမြဲကိုင်မထားဘူးဆိုရင် သူနဲ့အဝေးကို ခေါ်ဆောင်သွားခံရမှာ စိုးရွံ့နေသလိုမျိုး။

....

Continue Reading

You'll Also Like

173K 20.4K 64
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
831K 147K 186
bl ဘာသာပြန် ဝတ္ထုဖြစ်တယ်။
19.7K 3.2K 42
ဘာသာပြန်သူ - စွဲညို့အသင်း