[Zawgyi]
အပိုင္း ၄၁ - (ျပင္းထန္စြာ ဖ်ားနာမႈ)
သမားေတာ္ယို ထြက္သြားတာ ႏွစ္လၾကာၿပီးျဖစ္သည္။ တုန္ရွန္း႐ြာ အနီးအနားက လူေတြအတြက္ ကာလတိုေလးကေတာ့ ဘာမွ ထူးျခားမသြားေခ်။ ဒါေပမဲ့ အခ်ိန္ၾကာလာေတာ့ နည္းနည္းအဆင္မေျပမႈျဖစ္တာေတြ ခံစားလာရေတာ့သည္။ အရင္တုန္းကေတာ့ သူတို႔က သာမန္ဖ်ားတာေတြ ေသးငယ္တဲ့ကပ္ေရာဂါေလးေတြကို သမားေတာ္ယိုဆီျပဖို႔ ေၾကးျပား ႏွစ္ဆယ္ေလာက္သာ ေပးရသည္။ ေဆးတစ္ခ်ိဳ႕ ေသာက္ၿပီးသြားရင္ အဖ်ားေပ်ာက္သြားေတာ့သည္။
သမားေတာ္ယို ထြက္သြားၿပီးေနာက္မွာေတာ့ ႐ြာသားေတြက သာမန္ဖ်ားနာမႈေတြကိုေတာ့ ေဆးေသာက္ၿပီး ေက်ာ္လႊားႏိုင္ၾကသည္။ ဒါေပမယ့္ အခ်ိန္မီ ျပန္ေကာင္းမလာတဲ့အခါမွာေတာ့ ၿမိဳ႕ေဆးခန္းကို သြားရမည္။ သို႔ေသာ္လည္း သူတို႔ ေဆးခန္းငယ္ေလးသြားရင္ေတာင္ အနည္းဆုံးေၾကးျပားတစ္ရာေလာက္ ေပးရေလသည္။
အဖိုးယြီရဲ႕ ေျမးမေလးက သမားေတာ္ယိုဆီမွာ တစ္လၾကာ ေဆးပညာေလ့လာေနတာကို လူတိုင္းက သိၾကသည္။ ဒါေပမဲ့ သူမက အသက္ရွစ္ႏွစ္သာရွိေသးၿပီး သမားေတာ္ယိုထံလည္း အၾကာႀကီး မသင္ယူရေသးေပ။ ႐ြာသားေတြက ဒီကေလးမေလးလက္ထဲ သူတို႔အသက္ေတြ အပ္ႏွင္းရမွာထက္ သူတို႔ဘာသာပဲ အဖ်ားကို ေတာင့္ခံထားၾကမည္ျဖစ္သည္။ သူမက သူတို႔ရဲ႕ အဖ်ားအေသးစားေလးကိုေတာင္ ျပင္းထန္မႈသို႔ ေျပာင္းလဲႏိုင္ ေလာက္သည္!....
ေရွာင္ေခ်ာင္းက ေဆးပညာသင္ယူရာမွာ အေတာ္ေလး ပါရမီရွိၿပီး သမားေတာ္ယိုက သူမကို သင္ေပးစရာ သိပ္မက်န္ေတာ့ေခ်။ သို႔ေသာ္လည္း သူမက သုံးလၾကာသည့္တိုင္ လူနာတစ္ေယာက္ကိုမွ လက္ခံမရေသးေခ်။
ဒါေပမဲ့ သူမ ဂ႐ုမထားေခ်။ ေရွာင္ေခ်ာင္း ေဆးပညာေလ့လာရတဲ့ မူလရည္႐ြယ္ခ်က္က အံ့ဖြယ္ေက်ာက္တုံးေလးရဲ႕အက်ိဳးသက္ေရာက္မႈေတြကို တျခားသူေတြမရိပ္မိေအာင္ဖုံးကြယ္ဖို႔ပင္ျဖစ္သည္။ ဒါေၾကာင့္ သူမကိုအကူအညီေတာင္းတဲ့ လူနာရွိရွိမရွိရွိ အေရးမလုပ္ေပ။
သမားေတာ္ယိုက အေအးမိတာ၊ သာမန္ဖ်ားနာမႈႏွင့္ တျခား႐ိုး႐ိုးအဖ်ားကဲ့သို႔ေသာ အျဖစ္မ်ားၾကတဲ့အေျခအေနေတြအတြက္ ေဆးကို ေဖာ္စပ္ရတာ ႏွစ္သက္သည္။ တုန္ရွန္း႐ြာသားေတြရဲ႕ အဓိက က ထိုအရာမွန္းလည္းသိသည္။
သူမရွိတဲ့အခ်ိန္အတြင္းမွာ ႐ြာသားေတြက ေရွာင္ေခ်ာင္းဆီ လာၾကလိမ့္မည္။ သူမက အဖိုးယိုျပင္ဆင္ထားတဲ့ ေဆးေတြကို ယူၿပီး ႐ြာသားေတြကို ေပးလိမ့္မည္။ ဒါဟာ အဖိုးယို သူ႔ရဲ႕ တပည့္မအတြက္ သူထြက္မသြားခင္ ခ်န္ထားေပးခဲ့တာပဲ ျဖစ္သည္။
ေဆာင္းဦးႏွင္းေတြ ေတာင္ေတြကို မဖုံးလႊမ္းေသးတာကို အခြင့္ေကာင္းယူကာ ေတာင္တက္ဖို႔ ျပင္ဆင္မႈေတြကို စိမ္ေျပနေျပလုပ္ေနသည္။ သူမကလြန္ခဲ့တဲ့ရက္အနည္းငယ္ကတည္းက ေတာ္တက္ရင္း ေထာင္ေခ်ာက္ေတြကို ျဖည္းျဖည္းခ်င္းတပ္ဆင္ထားခဲ့တာျဖစ္သည္။
ရည္႐ြယ္ခ်က္အားလုံးက တည္ၾကက္ ျဖစ္တဲ့ အံဖြယ္ေက်ာက္တုံးရဲ႕ အစြမ္းေၾကာင့္ သူမ အက်ိဳးရလဒ္ေတြ ေတာ္ေတာ္ေပါမ်ားလာသည္။ သူမရဲ လွ်ိဳ႕ဝွက္ေငြအိတ္ေလးမွာ ေဖာင္းေဖာင္းလာ
သည္။
ေငြေတြမ်ားလာေလ ပိုစိုးရိမ္ေနရေလပင္။ အရင္တုန္းက ေငြေခ်ာင္းတစ္ေခ်ာင္းကို ဖြတ္ထားဖို႔ေနရာ အလြယ္တကူ ရွာႏိုင္သည္။ ဒါေပမဲ့ ခုခ်ိန္မွာ ေငြေခ်ာင္းေငြစေတြက အိတ္ေဖာင္းေဖာင္းေလးထဲမွာ ရွိသျဖင့္ ဖြက္ထားဖို႔ေနရာ ရွာဖို႔ခက္လာသည္။ ဒါ့အျပင္ အိမ္မွာ သူမ်ားပစၥည္းေတြရွာတတ္တဲ့ ယြီဟိန္ဇီလည္းရွိေသးသည္။
ယြီေရွာင္ေခ်ာင္းကေတာ့ သူ႔ကို မတရားသျဖင့္ မဆက္ဆံခ်င္ေပမယ့္ ဟိန္ဇီကတစ္ခါလုပ္ခဲ့ဖူးသည္။ ေနတိုင္းမွာ ယြီဟိုင္ႏွင့္ အမ်ိဳးသမီးလွ်ိဳ ႏွစ္ေယာက္လုံးက တစ္ေန႔တာ မၿပီးႏိုင္တဲ့ အလုပ္ေတြ လုပ္ေနရၿပီး ေရွာင္လ်န္ကလည္း အပ်င္းႀကီးေနခ်ိန္မရွိေခ်။ ေရွာင္ေခ်ာင္းကလည္း ေတာေကာင္ေထာင္ေခ်ာက္ဆင္ သြားလွ်င္ ရွီထုန္ေလးကို ေခၚသြားသည္။ သာမန္အားျဖင့္ သူတို႔စားေနအိပ္ေနခ်ိန္မွ လြဲ၍ အေနာက္ဘက္ခန္းတြင္ ဘယ္သူမွမရွိေခ်။
တစ္ခါတုန္းက ယြီေရွာင္ေခ်ာင္း ဖမ္းရခဲ့တဲ့ ေတာေကာင္ေတြ ေရာင္းၿပီးျပန္လာခ်ိန္တြင္ အေနာက္ခန္းက တံခါးဖြင့္ေနတာကို ျမင္လိုက္တာေၾကာင့္ သူမ ျမန္ျမန္သြားၾကည့္လိုက္သည္။ တစ္စုံတစ္ေယာက္ ဖြတာခံထားရတဲ့ အခန္းႀကီးသည္ ရႈပ္ပြေနသည္။ ေသတၱာထဲက စုတ္ေနတဲ့ အဝတ္ေတြက ေနရာတိုင္း ပ်ံ႕က်ဲေနသည္။ ကုတင္ေပၚက အိပ္ေစာင္ေတြကေတာင္မွ အလုံးႀကီးတစ္ခုလို ရႈပ္ေထြးေနသည္။
သူမ ခပ္ျမန္ျမန္ပဲ ေငြေတြဖြက္ထားတဲ့ ကုတင္ႏွင့္ နံရံၾကားက ဟေနတဲ့ေနရာကို စစ္ေဆးလိုက္သည္။ ကံေကာင္းစြာပင္ သူမက ေငြေတြ ဖြက္ၿပီးလွ်င္ ထိုေနရာကို ေျမစာတစ္ခ်ိဳ႕ကို ဖုံးအုပ္ထားတတ္သည္။ ဒါမွ ဟိန္ဇီလက္ကေန လြတ္ေအာင္ဖြက္ထားႏိုင္မည္ ျဖစ္သည္။
ေရွာင္ေခ်ာင္း စိတ္တိုသြားၿပီး ဒီကိစၥကို သူမအဖြားကို ေျပာျပလိုက္သည္။ ဘက္လိုက္တတ္တဲ့ အဖြားႀကီးကေတာ့ ေမးခြန္းအနည္းငယ္သာ ေမးခဲ့သည္။ သက္ေသမရွိတာေၾကာင့္ ဆက္မေျဖရွင္းဖို႔ ျဖစ္လာသည္။ ၿပီးတဲ့ေနာက္မွာေတာ့ ေရွာင္ေခ်ာင္းက ေငြေတြကို ပိုၿပီးဂ႐ုတစိုက္သိမ္းဆည္းလာသည္။
ေနာက္ဆုံးမွာေတာ့ သူမက ေငြေတြဝွက္ထားဖို႔ စိတ္ခ်ရတဲ့ နည္းလမ္းကို သိသြားေလသည္။ သူမ ႐ႊံ႕အုတ္နံရံေပၚတြင္ ေသးငယ္တဲ့ ေလးေထာင့္အေပါက္ေလး တူးလိုက္သည္။ သူမက ေငြေတြကို ထိုအေပါက္ထဲ ထည့္ၿပီးေနာက္ အုတ္ခ်ပ္တစ္ခုဖုံးလိုက္သည္။ ထိုေနာက္ ႐ႊံ႕အနည္းငယ္ယူကာ အက္ၾကားေလးေတြကို ျဖည့္ၿပီး အဆင္ေခ်ာသြားေအာင္ လုပ္လိုက္သည္။
အခ်ိန္ေတြ ကုန္လြန္လာသည္ႏွင့္အမွ် ေျမာက္ပိုင္းရွိ ေဆာင္းရာသီသည္ ေနာက္ဆုံးတြင္ ၎၏အစြမ္းခြန္အားကို ျပလာေတာ့သည္။ ဒီရက္ေတြမွာ ရာသီဥတုက မႈန္မႈိင္းေနသည္။ မိုးေကာင္းကင္တစ္ခုလုံးကို ထူထဲၿပီး မီးခိုးေရာင္ ဝါေဖ်ာ့ေဖ်ာ့ တိမ္မ်ားျဖင့္ ဖုံးလႊမ္းထားသည္ ။
အေရွ႕ေျမာက္ေလက ေတာကႏၲာရမွာ ကေသာင္းကနင္း ေဒါသေပါက္ကြဲျပေနသကဲ့သို႔ တဟူးဟူးတိုက္ခတ္လ်က္ရွိသည္။ ေလက တင္းက်ပ္တဲ့ သားေရအက်ႌကိုေတာင္ အလြယ္တကူ ထိုးေဖာက္ႏိုင္တဲ့ ဓားရွည္ကို ကိုင္ထားသည္ႏွင့္တူေနသည္။ ဒါေၾကာင့္ ေရွာင္ေခ်ာင္း အျပင္ထြက္တဲ့အခါ ေလက သူမရဲ႕ ပါးေလးေတြကို အဖန္ဖန္ ႐ိုက္ခတ္လွ်က္ရွိသည္။ သူမရဲ႕ပါးေတြကိုက္ခဲလာၿပီး ထိုနာက်င္မႈကို သူမ သည္းခံဖို႔ ခက္ခဲ့သည္။
အနက္ေရာင္ေကာင္းကင္ျပင္မွာေတာ့ အျဖဴေရာင္ ပြင့္ဖတ္ေလးေတြနဲ႔ ျဖန႔္ျဖဴးထားသည္။ အျဖဴေရာင္ ပြင့္ဖတ္ေလးေတြက သူတို႔အေပၚမွာ သင္းရနံ႔ေလးေတြ ရွိေနသကဲသို႔ပင္။ ငွက္ေမႊးေလးလို ႀကီးတဲ့ႏွင္းေတြက အဆင္သင့္ ကမာၻႀကီးကို အျဖဴေရာင္ဆိုးေနသလို မ်ားစြာပ်ံ႕က်ဆင္းသက္လာသည္။
သူမရဲ႕ အရင္ဘဝမွာ ယြီေရွာင္ေခ်ာင္းက တ႐ုတ္ျပည္မႀကီးအလယ္မွာ ေနထိုင္ခဲ့တာျဖစ္သည္။ ဒါေၾကာင့္ ထိုေနရာမွာ ႏွင္းက်ခဲ့ရင္ေတာင္ ပမာဏနည္းနည္းေလးပင္။ သူမအတြက္ ဒီလို ဝါဂြမ္းေတြ ေပါက္ထြက္က်လာသလို ႏွင္းေတြအမ်ားႀကီးကို ပထမဆုံျမင္ဖူးျခင္း ျဖစ္သည္။
သူမဝတ္ထားတဲ့ ေဟာင္းႏြမ္းေနတဲ့ ဂြမ္းအက်ႌအေပၚဝတ္က ေျမာက္ပိုင္းေဒသရဲ႕ ျပင္းထန္တဲ့အေအးကို ခုခံႏိုင္ဖို႔ မလုံေလာက္ေခ်။ ေဆာင္းရာသီ နီးလာတိုင္း သူမ အျပင္မထြက္ခ်င္ေပ။ သူမ ေန႔တိုင္း အိပ္ယာေပၚမွာပဲ ဝင္ေကြးေနတတ္သည္။
ဒါက ဒီႏွစ္ရဲ႕ ပထမဆုံးႏွင္း ျဖစ္တာေတာင္ အမ်ားႀကီးက်ေနၿပီ!... ဒီေဆာင္းကို ျဖတ္သန္းႏိုင္ဖို႔ ခက္ခဲမဲ့ ပုံပဲ!.....ငါတို႔ အိမ္မွာ အစားအစာ အလုံအေလာက္ သိုေလွာင္ထားၿပီးၿပီလား...
ညစာစားခ်ိန္တြင္ အဖိုးယြီက အိပ္ယာေပၚတြင္ ထိုင္ေနသည္။ သူက တစ္ေနလုံးက်ေနတဲ့ ႏွင္းေတြကို ၾကည့္ကာ သက္ျပင္းလိုက္သည္။ သူရဲ႕ အေတြ႕အႀကဳံအရ ဒီႏွင္းေတြက ေဘးအႏၲရာယ္ ျဖစ္ေစႏိုင္တာ အဆန္းမဟုတ္ေခ်။
အဖြားႀကီးက်န္းက သိုေလွာင္ခန္းထဲက လွီးၿပီးသားကန္းစြန္းဥ အပုံႀကီးအေၾကာင္း ေတြးေနသည္။ တစ္ဖန္ လက္ထဲက အစားအစာေတြၾကည့္ကာ ထိတ္လန႔္ မေနေခ်။
သူမကေခါင္းၿငိမ့္ကာ အစားအစာ အလုံအလာက္ရွိတယ္။ အမႈန႔္ေတာ့ မက်ိတ္ရေသးဘူး။
ႏွင္းရပ္သြားတဲ့အခ်ိန္က်ရင္ အႀကီးဆုံးသားနဲ႔ ဒုတိယသားက ကန္းစြန္းဥေတြအကုန္ အမႈန႔္သြားႀကိတ္ၿပီး သိုေလွာင္လိမ့္မယ္..."
အဖိုးယြီက မ်က္ခုံးတြန႔္လိုက္ကာ ေျပာလာသည္။
မင္း တစ္ေဆာင္းလုံး ကန္းစြန္းဥအမႈန္ေတြ စားရတာ မၿငီးေငြ႕ဘူးဆိုရင္ေတာင္ မင္းရဲ႕အစာအိမ္ကေတာ့ မခံႏိုင္ေလာက္ဘူး....ငါတို႔ ဆန္ၾကမ္း တစ္ခ်ိဳ႕ ဝယ္သိုေလွာင္ဖို႔လိုတယ္....ႏွင္းေတြ ေကာင္းကင္ထိ ပုံေနတဲ့ ႏွစ္သစ္ကူးထိေစာင့္ေနရင္ေတာ့ စပါးေဈးက ေသခ်ာေပါက္တက္သြားလိမ့္မယ္...
သူတို႔ ေဆြးေႏြးေနၾကတုန္းမွာပဲ ယြီမိသားစုရဲ႕ ေရွ႕တံခါးကို ေကာင္းကင္ႀကီးတုန္လႈပ္ေစေသာ အသံနဲ႔ ႐ိုက္ပုတ္လာသည္။ ေလႏွင္းသံတို႔ၾကား တံခါးနားမွာ တစ္စုံတစ္ေယာက္ေအာ္ေနသံကို သူတို႔ ၾကားရသည္။
ကြၽန္ေတာ္ သြားၾကည့္လိုက္မယ္!..ယြီဟိုင္က သူ႔ထမင္းပန္းကန္လုံးကို ခ်ထားလိုက္ၿပီ သူရဲ႕ ေဟာင္းႏြမ္းေနတဲ့ ဂြမ္းအက်ီအေပၚဝတ္ကို ဝတ္လိုက္သည္။ သူ တံခါးကို ဆြဲဖြင့္ကာ ေလျပင္းထဲသို႔ ဒယီးဒယိုင္ သြားေတာ့သည္။ တံခါး အပိတ္အဖြင့္ေလးမွာေတာင္ ႏွင္းဖြင့္အနည္းငယ္ အိမ္ထဲဝင္လာေသးသည္။ ႏွင္းမႈန္ေလးေတြက ၾကမ္းျပင္ေပၚက်သြားကာ ေရစက္ေလးေတြအျဖစ္ အရည္ေပ်ာ္သြားသည္။
အမ်ိဳးသမီးလီကေတာ့ အစားအစာေတြ ပါးစပ္အျပည့္ ဆက္စားေနတာေတာင္ ညည္းတြားဖို႔ မေမ့သြားေခ်။
ဘယ္သူလဲ.....ႏွင္းေတြ ဒီေလာက္က်ေနတာေတာင္ သူတို႔က ဘာလုပ္လာၾကတာလဲ.....ဒီလိုအခ်ိန္မ်ိဳး လာတယ္....သူတို႔က ငါတို႔ စားေသာက္ေနတာကို တားဆီးဖို႔ လုပ္ေနတာလား....
ေခ်ာင္းအာ...သမီးဆီမွာ အဖိုးယို ခ်န္ထားတဲ့ ေဆးေတြရွိေသးလား....သမီးရဲ႕ ဦးေလး႐ႊမ္းက်ဴးက အျပင္းဖ်ားေနလို႔ ခုေဆးလိုေနတယ္...
အ႐ိုးထိေအးခိုက္ေစတဲ့ေလေတြက တံခါးကို ျဖတ္ကာ ႐ုတ္ခ်ည္းတိုးေဝွ႔လာသည္။ ယြီဟိုင္ တံခါးကို ျမန္ျမန္ဆြဲဖြင့္ကာ အိမ္ထဲ ဝင္လာသည္။ သူ႔ေနာက္မွာေတာ့ မ်က္လုံးေတြ နီရဲေနတဲ့ ႐ႊမ္းက်ဴးရဲ႕ ဇနီးပင္။
ယြီေရွာင္ေခ်ာင္း သူမပါးစပ္ထဲက အာလူးကပ္ေၾကာ္ကို ၿမိဳခ်ကာ ျမန္ျမန္ျပန္ေျပာလိုက္သည္။
အဖိုးယြီ လုပ္ထားတဲ့ ေဆးေတြက အကုန္သုံးၿပီးသြားၿပီ....ဦးေလး႐ႊမ္းက်ဴးက အပူအရမ္းတက္ေနတာလား...သမီး ဦးေလးကို သြားၾကည့္ရမလား...
နင္က ကေလးပဲရွိေသးတာ သြားလည္း ဘယ္လိုလုပ္ အဆင္ေျပမွာလဲ...လူနာဖ်ားနာေနတာကို အခ်ိန္ဆြဲမေနနဲ႔ ....နင္ ၿမိဳ႕က သမားေတာ္ ျပတာပိုေကာင္းလိမ့္မယ္...ပိုက္ဆံအတြက္ စိတ္ပူမေနပါနဲ႔ ..
အဖြားႀကီးက်န္းက ယြီေရွာင္ေခ်ာင္း အိမ္ကို ျပႆနာေတြ သယ္လာမွာ စိုးရိမ္တာေၾကာင့္ ျမန္ျမန္ၾကားျဖတ္ေျပာလိုက္သည္။
႐ႊမ္းက်ဴးရဲ႕ ဇနီးက မ်က္ရည္က်လုနီးပါး ေတာ္ေတာ္ေလး စိုးရိမ္ေနေတာ့သည္။
မေန႔က ကြၽန္မေယာက်ာ္း အေအးမိခဲ့တာ..သူ ဒီေန႔ႏိုးလာေတာ့ မသက္သာဘူး ဒါေပမယ့္ အရမ္းဆိုး လာမယ္လို႔ မထင္ခဲ့ဘူး။ အရင္က သူကသူဘာသာ ျပန္ေကာင္းလာတဲ့ထိကို အဖ်ားကို သည္းခံႏိုင္တယ္...ဒါေပမဲ့ အခုတစ္ခါ ပိုဖ်ားလာမယ္လို႔ ဘယ္သူကထင္မွာလဲ....အေစာတုန္းက သူေျခေတြလက္ေတြ လႈပ္ႏိုင္ေသးတယ္.....ကြၽန္မတို႔ အဖ်ားေပ်ာက္ေဆးေတြလည္းကုန္သြားၿပီ....ခု ကြၽန္မ ဘာလုပ္သင့္လဲ...
အမ်ိဳးသမီးလီကလည္း တစ္ဖက္မွ အျပစ္ျမင္တတ္စြာ ေျပာလိုက္သည္။
ဘုရားေရ!....သူက တစ္ကိုယ္လုံး ပူက်စ္ေနတယ္...မျဖစ္ႏိုင္တာ! ...ကြၽန္မအေမမိသားစုရဲ႕ အိမ္နီးနားခ်င္းကလည္း အဖ်ားရွိတယ္... သူ႔အဖ်ားက အပူလြန္ၿပီး ေခါင္းထိသြားတာေလ အ႐ူးျဖစ္သြားတာ။... သူ အခု အသက္ေလးဆယ္နီးပါး ရွိေနၿပီ မိန္းမေတာင္ မရွာႏိုင္ေသးဘူး!....အခု နင့္အိမ္က ႐ႊမ္းက်ဴးက တစ္ေန႔လုံး ပူေနတယ္... သူအေျခအေနေရာ ေကာင္းရဲ႕လားဟယ္...
အဲ့ဒါ ေျပာၿပီးတဲ့ အခါမွာေတာ့ ႐ႊမ္းက်ဴးဇနီးက သူမမ်က္ရည္ေတြကို ထိန္းမထားႏိုင္ေတာ့ေပ။ ေျဖရွင္းဖို႔ နည္းလမ္းမရွိတာေၾကာင့္ သူမ ပူပန္ေနသည္။
ဒါဆို ဘာလုပ္ႏိုင္လဲ... ဆိုးဆိုးဝါးဝါးႏွင္းက်ေနတာ။ ၿမိဳ႕ကိုသမားေတာ္ ျပဖို႔ ေတာင္မပို႔ႏိုင္ဘူး... ေရွာင္ေခ်ာင္း ေဆးက တကယ္ မရွိေတာ့ ဘူးလား...
လူအသက္ထက္ ဘာကမွ အဖိုးမတန္ဘူး....ကြၽန္မမွာ ေဆးရွိခဲ့ရင္ ဖုံးဝွက္ထားမွာ မဟုတ္ပါဘူး!....အရီး ႐ႊမ္းက်ဴး ...အရီး ကြၽန္မကို ယုံၾကည္ရင္ ကြၽန္မ သူ႔ကို စစ္ေဆးဖို႔ လိုက္ခဲ့မယ္...အရီးက ဒီအတိုင္း အဖ်ားပိုဆိုးလာတာကို ရပ္ၾကည့္ေနေတာ့မွာလား....
ယြီေရွာင္ေခ်ာင္း သူမရဲ႕ ပထမဆုံးလူနာကို လက္ခံဖို႔ ဆုံးျဖတ္လိုက္သည္။
အမ်ိဴးသမီးက်န္းက ေဒါသထြက္စြာျဖင့္
မင္းလို ရွစ္ႏွစ္အ႐ြယ္ ေကာင္မေလးက ဘာလုပ္ႏိုင္မွာမို႔လို႔လဲ...လူနာၾကည့္ေပးရတာ လြယ္တဲ့အရာ ထင္ေနတာလား... အဲဒါ လူ႔အသက္တစ္ေခ်ာင္း!...နင္က သမားေတာ္ယို လက္ေအာက္မွာ ဘယ္ႏွရက္ေလာက္ ေလ့လာခဲ့တာမို႔လို႔လဲ....နင္ နင္ဦးေလး ႐ႊမ္းက်ဴးနဲ႔ သူ႔ဇနီးအခ်ိန္ေတြ ျဖဳန္းတီးမိမွာ မေၾကာက္ဘူးလား....ဘာလို႔ ၿမိဳ႕သြားၿပီး သမားေတာ္ မပင့္ၾကတာလဲ..."
အခု သူမက ႏွင္းက်ေနခ်ိန္ ၿမိဳ႕ထဲသြားမယ္ဆို အသြားအျပန္ သုံးေလးနာရီေလာက္ ၾကာမွာပင္။ သူမ ၿမိဳ႕ထဲေရာက္ခ်ိန္ဆို ညအခ်ိန္ပင္ေရာက္ေနလိမ့္မည္။ ထိုအျပင္ ဒီလို ရာသီဥတုဆိုးဝါးတဲ့ ညအခ်ိန္မွာ လူနာသြားၾကည့္ဖို႔အတြက္ သမားေတာ္ သေဘာတူရန္ ေျပာဖို႔ ခက္ခဲလိမ့္မည္။
႐ႊမ္းက်ဴးဇနီးက အဆင္မေျပမႈေၾကာင့္ ရွာရမည့္ သမားေတာ္တို႔ကို လွည့္မစဥ္းစားေတာ့ေပ။ သူမက ေနာက္ဆုံးေမွ်ာ္လင့္ခ်က္ကို ယြီေရွာင္ေခ်ာင္းဆီ ထားကာ ေရွာင္ေခ်ာင္း...မင္းရဲ႕ဦးေလး႐ႊမ္းက်ဴးနဲ႔ မင္းအေဖ က ေသျခင္းရွင္ျခင္းကို အတူတူ ျဖတ္သန္းလာတဲ့ သူငယ္ခ်င္းေတြပဲ... သူတို႔က ပင္လယ္မွာ ငါးမန္းကို ေတာင္ အတူတကြ တိုက္ခဲ့ၾကေသးတာ.... အရီးကိုဖုံးကြယ္မထားနဲ႔၊ သမီးရဲ႕ေဆးပညာကြၽမ္းက်င္မႈ ဘယ္ေလာက္ထိရွိလဲ ေျပာျပပါဦး..
ယြီေရွာင္ေခ်ာင္း တည္ၿငိမ္ေနတဲ့ မ်က္လုံးေတြနဲ႔ ႐ႊမ္းက်ဴးဇနီးကို ၾကည့္လိုက္သည္။ သူမ ႐ိုးသားစြာေျပာလိုက္သည္။
အရီး ႐ႊမ္းက်ဴး ..အဖိုးယိုက ေျပာတယ္ သမီးက အဖိုးရဲ႕ေဆးပညာကြၽမ္းက်င္မႈကေန ခုနမွတ္ရွစ္မွတ္နီးပါးထိ သင္ယူခဲ့ၿပီးၿပီတဲ့....က်န္တဲ့ ႏွစ္မွတ္သုံးမွတ္က သမီးမွာ အေတြ႕အႀကဳံမရွိတာတဲ့ သာမန္အေအးမိဖ်ားတာကို အဖိုးယို ကုသ သလို သမီးလည္း လုပ္ႏိုင္တယ္!...
႐ႊမ္းက်ဴးဇနီးရဲ႕ ေသြး႐ူေသြးတန္းစိုးရိမ္ေနတဲ့ စိတ္က ေရွာင္ေခ်ာင္းရဲ႕ တည္ၿငိမ္တဲ့ အၾကည့္မွာ တျဖည္းျဖည္း သက္သာရာ ရလာသည္။ သူမ သြားကိုက္လိုက္ၿပီး ခက္ခဲ့ေပမဲ့ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ကို လုပ္ႏိုင္ခဲ့သည္။
ေကာင္းတယ္!..အရီး မင္းကို ယုံၾကည္တယ္...အရီး မင္းဦးေလးရဲ႕ အသက္ကို မင္းလက္ထဲ အပ္လိုက္မယ္!....
အိုက္ယား!..႐ႊမ္းက်ဴးဇနီးေရ....နင္ဘယ္လိုမ်ား ဒီကေလးရဲ႕ ႂကြားဝါေနတဲ့ စကားေတြကို ယုံေနတာလဲ....ငါတို႔အိမ္က ေရွာင္ေခ်ာင္းက အသက္ရွစ္ႏွစ္ပဲရွိေသးတာ.....သူမက ႐ႊမ္းက်ဴးကို မွားကုခဲ့ရင္ ငါတို႔က မတတ္ႏိုင္ဘူးေနာ္!...
အမ်ိဳးသမီးလီက စားေသာက္ၿပီးသြားၿပီးျဖစ္သည္။ သူမက ပြဲထိုင္ၾကည့္ေနခဲ့ေပမဲ့ အခုေဝာာ့ သူမက မေကာင္းတာ တစ္ခုခုျဖစ္လာတဲ့အခါ အက်ိဳးဆက္ေတြကို စိုးရိမ္လာသည္။
႐ႊမ္းက်ဳးဇနီးက ေနာက္တစ္ခါထပ္ အံ့ႀကိတ္လိုက္သည္။ သူမ ေျခေဆာင့္လိုက္ကာ သူမက သူ႔ကို ကုႏိုင္တာျဖစ္ျဖစ္ မကုႏိုင္တာပဲျဖစ္ျဖစ္ ငါတို႔က နင္တို႔ကို တာဝန္ယူခိုင္းမွာ မဟုတ္ပါဘူး....ေရွာင္ေခ်ာင္း ျမန္ျမန္သြားရေအာင္... မင္းဦးေလးက အဖ်ားတက္ေနတုန္းပဲ!...
ယြီေရွာင္ေခ်ာင္း သူမရဲ႕ စားေနတဲ့တစ္ဝက္တစ္ပ်က္ ညစာကို ဂ႐ုမစိုက္ေပ။ သူမ အဖိုးယိုခ်န္ထားခဲ့တဲ့ ေဆးေသတၱာကို ယူဖို႔ အေနာက္ခန္းကို ျမန္ျမန္သြားလိုက္သည္။ သူမ ေသတၱာထဲက ေဆးပစၥည္းေတြကိုၾကည့္လိုက္ၿပီး ျပည့္စုံေၾကာင္း ျမင္လိုက္သည္။
သူမ ပိုေတြးလိုက္ကာ ပါဝင္မႈျမင့္တဲ့ အံ့ဖြယ္ေက်ာက္တုံးစိမ္ထားတဲ့ ေရကို ရွာလိုက္ၿပီး ေဆးပုလင္းေလးအလြတ္ထဲ ေလာင္းထည့္လိုက္သည္။ အေအးဒဏ္ခံႏိုင္တဲ့ အဝတ္ေတြ ဝတ္ၿပီးေနာက္ သူမ ႐ႊမ္းက်ဴးဇနီးႏွင့္အတူ အိမ္မွ ထြက္လာခဲ့သည္။
ယြီဟိုင္ စိတ္ခ်လက္ခ် ထမင္းဆက္မစား ႏိုင္ေခ်။ သူ ေဆးေသတၱာသယ္ကူရင္း သူ႔သမီးေနာက္ လိုက္သြားသည္။ အခါအားေလ်ာ္စြာ သူ သူသမီးငယ္ကို ႏွင္းေတြၾကားေခ်ာ္လဲမသြားေအာင္ ေထာက္ပံ့ေပးေသးသည္။
ပုံမွန္ဆို လမ္းေလွ်ာက္သြားရင္ ငါးမိနစ္သာ ၾကာသည္။ သိုေသာ္လည္း ေလေတြ ႏွင္းေတြက သူတို႔လမ္းကို ပိတ္ဆို႔ဟန႔္တားေနသျဖင့္ ဦးတည္ရာေရာက္ဖို႔ ဆယ့္ငါးမိနစ္ၾကာသြားသည္။ တံခါး ဖြင့္ဖြင့္ခ်င္းမွာပဲ လ်ိဳမိသားစုက ကေလးေတြရဲ႕ ဝမ္းနည္းဆူးရွတဲ့ ေအာ္ငိုသံေတြ ၾကားရသည္။
အေဖ!...အေဖ...ေက်းဇူးျပဳၿပီး ထပါဦး....အေဖ!...အေဖ အခုမေသရဘူး....
႐ႊမ္းက်ဴးဇနီးက ကေလးေတြငိုသံၾကားတဲ့အခါမွာ သူမေျခေထာက္ေတြ ႐ုတ္တရက္ ေပ်ာ့ေခြသြားသည္။ သူမ ၾကမ္းျပင္ေပၚထိုင္ကာ စငိုေတာ့သည္။
ယြီေရွာင္ေခ်ာင္း အိပ္ယာဆီသို႔ အေျပးတစ္ပိုင္း ေလွ်ာက္သြားလိုက္သည္။ သူမက ဦးေလး႐ႊမ္းက်ဴးရဲ႕ မ်က္ခြံေတြ ဆြဲလွန္လိုက္ၿပီး သူရဲ႕သူငယ္အိမ္ကို ၾကည့္လိုက္ကာ သူမ တည္ၿငိမ္စြာ ေျပာလိုက္သည္။
ထပ္မငိုၾကေတာ့ပါနဲ႔....ဦးေလးက မေသေသးပါဘူး...အဖ်ားႀကီးလို႔ သတိလစ္သြားတာပါ...အရီး ကိုယ္အပူခ်ိန္ ေလ်ာ့သြားေအာင္ ေရေႏြးတစ္ခ်ိဳ႕ ျမန္ျမန္ ျပင္ဆင္ေပး...
ဘာေျပာတာ.....မင္းက အခန္းအပူခ်ိန္ကို ေလ်ာ့ေစခ်င္တာလား.... (စကားလုံးခ်င္းဆင္ေနလို႔ ႐ႊမ္းက်ဴးဇနီးကမွားၾကားတာပါ)
သူက ဖ်ားေနတာေလ ဒီလိုေအးတဲ့ေန႔ႀကီးမွာ....မင္းက သူ႔ကိုယ္အပူခ်ိန္ ေလ်ာ့ခ်လိုက္ရင္ သူအဖ်ားက ပိုဆိုးမလာဘူးလား...
႐ႊမ္းက်ဴးဇနီးက ယိမ္းယိုင္စြာ ထလာသည္။ ယြီေရွာင္ေခ်ာင္းဆီ သူ႔ေယာက်ာ္းကုသဖို႔ ခြင့္ျပဳလိုက္တဲ့ သူမရဲ႕ ဆုံးျဖတ္ခ်က္က စတင္ယိုင္နဲ႔လာသည္။
ယြီေရွာင္ေခ်ာင္း ငိုရမလား ရယ္ရမလားပင္ မသိေတာ့ေခ်။
ဦးေလးက အဖ်ားတက္ေနတာ ...သူ ကိုယ္အပူခ်ိန္ က်သြားဖို႔လိုတယ္...သူက ေဆးဝါးကိုပဲ မွီခိုေနရင္ ျပန္ေကာင္းဖို႔ ေႏွးလိမ့္မယ္....ဒါေၾကာင့္ အရီးက ဦးေလးကိုယ္ကို ေရေႏြးေလးနဲ႔ သုတ္ေပးဖို႔လိုတယ္....ဒီလိုဆိုရင္ သူ႔အပူခ်ိန္က အက်ျမန္လိမ့္မယ္....
About VIP group>>
BlackPearl Translation Page
https://m.facebook.com/story.php?story_fbid=177339587793207&id=104239908436509
.....
[Unicode]
အပိုင်း ၄၁ - (ပြင်းထန်စွာ ဖျားနာမှု)
သမားတော်ယို ထွက်သွားတာ နှစ်လကြာပြီးဖြစ်သည်။ တုန်ရှန်းရွာ အနီးအနားက လူတွေအတွက် ကာလတိုလေးကတော့ ဘာမှ ထူးခြားမသွားချေ။ ဒါပေမဲ့ အချိန်ကြာလာတော့ နည်းနည်းအဆင်မပြေမှုဖြစ်တာတွေ ခံစားလာရတော့သည်။ အရင်တုန်းကတော့ သူတို့က သာမန်ဖျားတာတွေ သေးငယ်တဲ့ကပ်ရောဂါလေးတွေကို သမားတော်ယိုဆီပြဖို့ ကြေးပြား နှစ်ဆယ်လောက်သာ ပေးရသည်။ ဆေးတစ်ချို့ သောက်ပြီးသွားရင် အဖျားပျောက်သွားတော့သည်။
သမားတော်ယို ထွက်သွားပြီးနောက်မှာတော့ ရွာသားတွေက သာမန်ဖျားနာမှုတွေကိုတော့ ဆေးသောက်ပြီး ကျော်လွှားနိုင်ကြသည်။ ဒါပေမယ့် အချိန်မီ ပြန်ကောင်းမလာတဲ့အခါမှာတော့ မြို့ဆေးခန်းကို သွားရမည်။ သို့သော်လည်း သူတို့ ဆေးခန်းငယ်လေးသွားရင်တောင် အနည်းဆုံးကြေးပြားတစ်ရာလောက် ပေးရလေသည်။
အဖိုးယွီရဲ့ မြေးမလေးက သမားတော်ယိုဆီမှာ တစ်လကြာ ဆေးပညာလေ့လာနေတာကို လူတိုင်းက သိကြသည်။ ဒါပေမဲ့ သူမက အသက်ရှစ်နှစ်သာရှိသေးပြီး သမားတော်ယိုထံလည်း အကြာကြီး မသင်ယူရသေးပေ။ ရွာသားတွေက ဒီကလေးမလေးလက်ထဲ သူတို့အသက်တွေ အပ်နှင်းရမှာထက် သူတို့ဘာသာပဲ အဖျားကို တောင့်ခံထားကြမည်ဖြစ်သည်။ သူမက သူတို့ရဲ့ အဖျားအသေးစားလေးကိုတောင် ပြင်းထန်မှုသို့ ပြောင်းလဲနိုင် လောက်သည်!....
ရှောင်ချောင်းက ဆေးပညာသင်ယူရာမှာ အတော်လေး ပါရမီရှိပြီး သမားတော်ယိုက သူမကို သင်ပေးစရာ သိပ်မကျန်တော့ချေ။ သို့သော်လည်း သူမက သုံးလကြာသည့်တိုင် လူနာတစ်ယောက်ကိုမှ လက်ခံမရသေးချေ။
ဒါပေမဲ့ သူမ ဂရုမထားချေ။ ရှောင်ချောင်း ဆေးပညာလေ့လာရတဲ့ မူလရည်ရွယ်ချက်က အံ့ဖွယ်ကျောက်တုံးလေးရဲ့အကျိုးသက်ရောက်မှုတွေကို တခြားသူတွေမရိပ်မိအောင်ဖုံးကွယ်ဖို့ပင်ဖြစ်သည်။ ဒါကြောင့် သူမကိုအကူအညီတောင်းတဲ့ လူနာရှိရှိမရှိရှိ အရေးမလုပ်ပေ။
သမားတော်ယိုက အအေးမိတာ၊ သာမန်ဖျားနာမှုနှင့် တခြားရိုးရိုးအဖျားကဲ့သို့သော အဖြစ်များကြတဲ့အခြေအနေတွေအတွက် ဆေးကို ဖော်စပ်ရတာ နှစ်သက်သည်။ တုန်ရှန်းရွာသားတွေရဲ့ အဓိက က ထိုအရာမှန်းလည်းသိသည်။
သူမရှိတဲ့အချိန်အတွင်းမှာ ရွာသားတွေက ရှောင်ချောင်းဆီ လာကြလိမ့်မည်။ သူမက အဖိုးယိုပြင်ဆင်ထားတဲ့ ဆေးတွေကို ယူပြီး ရွာသားတွေကို ပေးလိမ့်မည်။ ဒါဟာ အဖိုးယို သူ့ရဲ့ တပည့်မအတွက် သူထွက်မသွားခင် ချန်ထားပေးခဲ့တာပဲ ဖြစ်သည်။
ဆောင်းဦးနှင်းတွေ တောင်တွေကို မဖုံးလွှမ်းသေးတာကို အခွင့်ကောင်းယူကာ တောင်တက်ဖို့ ပြင်ဆင်မှုတွေကို စိမ်ပြေနပြေလုပ်နေသည်။ သူမကလွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက တော်တက်ရင်း ထောင်ချောက်တွေကို ဖြည်းဖြည်းချင်းတပ်ဆင်ထားခဲ့တာဖြစ်သည်။
ရည်ရွယ်ချက်အားလုံးက တည်ကြက် ဖြစ်တဲ့ အံဖွယ်ကျောက်တုံးရဲ့ အစွမ်းကြောင့် သူမ အကျိုးရလဒ်တွေ တော်တော်ပေါများလာသည်။ သူမရဲ လျှို့ဝှက်ငွေအိတ်လေးမှာ ဖောင်းဖောင်းလာ
သည်။
ငွေတွေများလာလေ ပိုစိုးရိမ်နေရလေပင်။ အရင်တုန်းက ငွေချောင်းတစ်ချောင်းကို ဖွတ်ထားဖို့နေရာ အလွယ်တကူ ရှာနိုင်သည်။ ဒါပေမဲ့ ခုချိန်မှာ ငွေချောင်းငွေစတွေက အိတ်ဖောင်းဖောင်းလေးထဲမှာ ရှိသဖြင့် ဖွက်ထားဖို့နေရာ ရှာဖို့ခက်လာသည်။ ဒါ့အပြင် အိမ်မှာ သူများပစ္စည်းတွေရှာတတ်တဲ့ ယွီဟိန်ဇီလည်းရှိသေးသည်။
ယွီရှောင်ချောင်းကတော့ သူ့ကို မတရားသဖြင့် မဆက်ဆံချင်ပေမယ့် ဟိန်ဇီကတစ်ခါလုပ်ခဲ့ဖူးသည်။ နေတိုင်းမှာ ယွီဟိုင်နှင့် အမျိုးသမီးလျှို နှစ်ယောက်လုံးက တစ်နေ့တာ မပြီးနိုင်တဲ့ အလုပ်တွေ လုပ်နေရပြီး ရှောင်လျန်ကလည်း အပျင်းကြီးနေချိန်မရှိချေ။ ရှောင်ချောင်းကလည်း တောကောင်ထောင်ချောက်ဆင် သွားလျှင် ရှီထုန်လေးကို ခေါ်သွားသည်။ သာမန်အားဖြင့် သူတို့စားနေအိပ်နေချိန်မှ လွဲ၍ အနောက်ဘက်ခန်းတွင် ဘယ်သူမှမရှိချေ။
တစ်ခါတုန်းက ယွီရှောင်ချောင်း ဖမ်းရခဲ့တဲ့ တောကောင်တွေ ရောင်းပြီးပြန်လာချိန်တွင် အနောက်ခန်းက တံခါးဖွင့်နေတာကို မြင်လိုက်တာကြောင့် သူမ မြန်မြန်သွားကြည့်လိုက်သည်။ တစ်စုံတစ်ယောက် ဖွတာခံထားရတဲ့ အခန်းကြီးသည် ရှုပ်ပွနေသည်။ သေတ္တာထဲက စုတ်နေတဲ့ အဝတ်တွေက နေရာတိုင်း ပျံ့ကျဲနေသည်။ ကုတင်ပေါ်က အိပ်စောင်တွေကတောင်မှ အလုံးကြီးတစ်ခုလို ရှုပ်ထွေးနေသည်။
သူမ ခပ်မြန်မြန်ပဲ ငွေတွေဖွက်ထားတဲ့ ကုတင်နှင့် နံရံကြားက ဟနေတဲ့နေရာကို စစ်ဆေးလိုက်သည်။ ကံကောင်းစွာပင် သူမက ငွေတွေ ဖွက်ပြီးလျှင် ထိုနေရာကို မြေစာတစ်ချို့ကို ဖုံးအုပ်ထားတတ်သည်။ ဒါမှ ဟိန်ဇီလက်ကနေ လွတ်အောင်ဖွက်ထားနိုင်မည် ဖြစ်သည်။
ရှောင်ချောင်း စိတ်တိုသွားပြီး ဒီကိစ္စကို သူမအဖွားကို ပြောပြလိုက်သည်။ ဘက်လိုက်တတ်တဲ့ အဖွားကြီးကတော့ မေးခွန်းအနည်းငယ်သာ မေးခဲ့သည်။ သက်သေမရှိတာကြောင့် ဆက်မဖြေရှင်းဖို့ ဖြစ်လာသည်။ ပြီးတဲ့နောက်မှာတော့ ရှောင်ချောင်းက ငွေတွေကို ပိုပြီးဂရုတစိုက်သိမ်းဆည်းလာသည်။
နောက်ဆုံးမှာတော့ သူမက ငွေတွေဝှက်ထားဖို့ စိတ်ချရတဲ့ နည်းလမ်းကို သိသွားလေသည်။ သူမ ရွှံ့အုတ်နံရံပေါ်တွင် သေးငယ်တဲ့ လေးထောင့်အပေါက်လေး တူးလိုက်သည်။ သူမက ငွေတွေကို ထိုအပေါက်ထဲ ထည့်ပြီးနောက် အုတ်ချပ်တစ်ခုဖုံးလိုက်သည်။ ထိုနောက် ရွှံ့အနည်းငယ်ယူကာ အက်ကြားလေးတွေကို ဖြည့်ပြီး အဆင်ချောသွားအောင် လုပ်လိုက်သည်။
အချိန်တွေ ကုန်လွန်လာသည်နှင့်အမျှ မြောက်ပိုင်းရှိ ဆောင်းရာသီသည် နောက်ဆုံးတွင် ၎င်း၏အစွမ်းခွန်အားကို ပြလာတော့သည်။ ဒီရက်တွေမှာ ရာသီဥတုက မှုန်မှိုင်းနေသည်။ မိုးကောင်းကင်တစ်ခုလုံးကို ထူထဲပြီး မီးခိုးရောင် ဝါဖျော့ဖျော့ တိမ်များဖြင့် ဖုံးလွှမ်းထားသည် ။
အရှေ့မြောက်လေက တောကန္တာရမှာ ကသောင်းကနင်း ဒေါသပေါက်ကွဲပြနေသကဲ့သို့ တဟူးဟူးတိုက်ခတ်လျက်ရှိသည်။ လေက တင်းကျပ်တဲ့ သားရေအင်္ကျီကိုတောင် အလွယ်တကူ ထိုးဖောက်နိုင်တဲ့ ဓားရှည်ကို ကိုင်ထားသည်နှင့်တူနေသည်။ ဒါကြောင့် ရှောင်ချောင်း အပြင်ထွက်တဲ့အခါ လေက သူမရဲ့ ပါးလေးတွေကို အဖန်ဖန် ရိုက်ခတ်လျှက်ရှိသည်။ သူမရဲ့ပါးတွေကိုက်ခဲလာပြီး ထိုနာကျင်မှုကို သူမ သည်းခံဖို့ ခက်ခဲ့သည်။
အနက်ရောင်ကောင်းကင်ပြင်မှာတော့ အဖြူရောင် ပွင့်ဖတ်လေးတွေနဲ့ ဖြန့်ဖြူးထားသည်။ အဖြူရောင် ပွင့်ဖတ်လေးတွေက သူတို့အပေါ်မှာ သင်းရနံ့လေးတွေ ရှိနေသကဲသို့ပင်။ ငှက်မွှေးလေးလို ကြီးတဲ့နှင်းတွေက အဆင်သင့် ကမ္ဘာကြီးကို အဖြူရောင်ဆိုးနေသလို များစွာပျံ့ကျဆင်းသက်လာသည်။
သူမရဲ့ အရင်ဘဝမှာ ယွီရှောင်ချောင်းက တရုတ်ပြည်မကြီးအလယ်မှာ နေထိုင်ခဲ့တာဖြစ်သည်။ ဒါကြောင့် ထိုနေရာမှာ နှင်းကျခဲ့ရင်တောင် ပမာဏနည်းနည်းလေးပင်။ သူမအတွက် ဒီလို ဝါဂွမ်းတွေ ပေါက်ထွက်ကျလာသလို နှင်းတွေအများကြီးကို ပထမဆုံမြင်ဖူးခြင်း ဖြစ်သည်။
သူမဝတ်ထားတဲ့ ဟောင်းနွမ်းနေတဲ့ ဂွမ်းအင်္ကျီအပေါ်ဝတ်က မြောက်ပိုင်းဒေသရဲ့ ပြင်းထန်တဲ့အအေးကို ခုခံနိုင်ဖို့ မလုံလောက်ချေ။ ဆောင်းရာသီ နီးလာတိုင်း သူမ အပြင်မထွက်ချင်ပေ။ သူမ နေ့တိုင်း အိပ်ယာပေါ်မှာပဲ ဝင်ကွေးနေတတ်သည်။
ဒါက ဒီနှစ်ရဲ့ ပထမဆုံးနှင်း ဖြစ်တာတောင် အများကြီးကျနေပြီ!... ဒီဆောင်းကို ဖြတ်သန်းနိုင်ဖို့ ခက်ခဲမဲ့ ပုံပဲ!.....ငါတို့ အိမ်မှာ အစားအစာ အလုံအလောက် သိုလှောင်ထားပြီးပြီလား...
ညစာစားချိန်တွင် အဖိုးယွီက အိပ်ယာပေါ်တွင် ထိုင်နေသည်။ သူက တစ်နေလုံးကျနေတဲ့ နှင်းတွေကို ကြည့်ကာ သက်ပြင်းလိုက်သည်။ သူရဲ့ အတွေ့အကြုံအရ ဒီနှင်းတွေက ဘေးအန္တရာယ် ဖြစ်စေနိုင်တာ အဆန်းမဟုတ်ချေ။
အဖွားကြီးကျန်းက သိုလှောင်ခန်းထဲက လှီးပြီးသားကန်းစွန်းဥ အပုံကြီးအကြောင်း တွေးနေသည်။ တစ်ဖန် လက်ထဲက အစားအစာတွေကြည့်ကာ ထိတ်လန့် မနေချေ။
သူမကခေါင်းငြိမ့်ကာ အစားအစာ အလုံအလာက်ရှိတယ်။ အမှုန့်တော့ မကျိတ်ရသေးဘူး။
နှင်းရပ်သွားတဲ့အချိန်ကျရင် အကြီးဆုံးသားနဲ့ ဒုတိယသားက ကန်းစွန်းဥတွေအကုန် အမှုန့်သွားကြိတ်ပြီး သိုလှောင်လိမ့်မယ်..."
အဖိုးယွီက မျက်ခုံးတွန့်လိုက်ကာ ပြောလာသည်။
မင်း တစ်ဆောင်းလုံး ကန်းစွန်းဥအမှုန်တွေ စားရတာ မငြီးငွေ့ဘူးဆိုရင်တောင် မင်းရဲ့အစာအိမ်ကတော့ မခံနိုင်လောက်ဘူး....ငါတို့ ဆန်ကြမ်း တစ်ချို့ ဝယ်သိုလှောင်ဖို့လိုတယ်....နှင်းတွေ ကောင်းကင်ထိ ပုံနေတဲ့ နှစ်သစ်ကူးထိစောင့်နေရင်တော့ စပါးဈေးက သေချာပေါက်တက်သွားလိမ့်မယ်...
သူတို့ ဆွေးနွေးနေကြတုန်းမှာပဲ ယွီမိသားစုရဲ့ ရှေ့တံခါးကို ကောင်းကင်ကြီးတုန်လှုပ်စေသော အသံနဲ့ ရိုက်ပုတ်လာသည်။ လေနှင်းသံတို့ကြား တံခါးနားမှာ တစ်စုံတစ်ယောက်အော်နေသံကို သူတို့ ကြားရသည်။
ကျွန်တော် သွားကြည့်လိုက်မယ်!..ယွီဟိုင်က သူ့ထမင်းပန်းကန်လုံးကို ချထားလိုက်ပြီ သူရဲ့ ဟောင်းနွမ်းနေတဲ့ ဂွမ်းအကျီအပေါ်ဝတ်ကို ဝတ်လိုက်သည်။ သူ တံခါးကို ဆွဲဖွင့်ကာ လေပြင်းထဲသို့ ဒယီးဒယိုင် သွားတော့သည်။ တံခါး အပိတ်အဖွင့်လေးမှာတောင် နှင်းဖွင့်အနည်းငယ် အိမ်ထဲဝင်လာသေးသည်။ နှင်းမှုန်လေးတွေက ကြမ်းပြင်ပေါ်ကျသွားကာ ရေစက်လေးတွေအဖြစ် အရည်ပျော်သွားသည်။
အမျိုးသမီးလီကတော့ အစားအစာတွေ ပါးစပ်အပြည့် ဆက်စားနေတာတောင် ညည်းတွားဖို့ မမေ့သွားချေ။
ဘယ်သူလဲ.....နှင်းတွေ ဒီလောက်ကျနေတာတောင် သူတို့က ဘာလုပ်လာကြတာလဲ.....ဒီလိုအချိန်မျိုး လာတယ်....သူတို့က ငါတို့ စားသောက်နေတာကို တားဆီးဖို့ လုပ်နေတာလား....
ချောင်းအာ...သမီးဆီမှာ အဖိုးယို ချန်ထားတဲ့ ဆေးတွေရှိသေးလား....သမီးရဲ့ ဦးလေးရွှမ်းကျူးက အပြင်းဖျားနေလို့ ခုဆေးလိုနေတယ်...
အရိုးထိအေးခိုက်စေတဲ့လေတွေက တံခါးကို ဖြတ်ကာ ရုတ်ချည်းတိုးဝှေ့လာသည်။ ယွီဟိုင် တံခါးကို မြန်မြန်ဆွဲဖွင့်ကာ အိမ်ထဲ ဝင်လာသည်။ သူ့နောက်မှာတော့ မျက်လုံးတွေ နီရဲနေတဲ့ ရွှမ်းကျူးရဲ့ ဇနီးပင်။
ယွီရှောင်ချောင်း သူမပါးစပ်ထဲက အာလူးကပ်ကြော်ကို မြိုချကာ မြန်မြန်ပြန်ပြောလိုက်သည်။
အဖိုးယွီ လုပ်ထားတဲ့ ဆေးတွေက အကုန်သုံးပြီးသွားပြီ....ဦးလေးရွှမ်းကျူးက အပူအရမ်းတက်နေတာလား...သမီး ဦးလေးကို သွားကြည့်ရမလား...
နင်က ကလေးပဲရှိသေးတာ သွားလည်း ဘယ်လိုလုပ် အဆင်ပြေမှာလဲ...လူနာဖျားနာနေတာကို အချိန်ဆွဲမနေနဲ့ ....နင် မြို့က သမားတော် ပြတာပိုကောင်းလိမ့်မယ်...ပိုက်ဆံအတွက် စိတ်ပူမနေပါနဲ့ ..
အဖွားကြီးကျန်းက ယွီရှောင်ချောင်း အိမ်ကို ပြဿနာတွေ သယ်လာမှာ စိုးရိမ်တာကြောင့် မြန်မြန်ကြားဖြတ်ပြောလိုက်သည်။
ရွှမ်းကျူးရဲ့ ဇနီးက မျက်ရည်ကျလုနီးပါး တော်တော်လေး စိုးရိမ်နေတော့သည်။
မနေ့က ကျွန်မယောကျာ်း အအေးမိခဲ့တာ..သူ ဒီနေ့နိုးလာတော့ မသက်သာဘူး ဒါပေမယ့် အရမ်းဆိုး လာမယ်လို့ မထင်ခဲ့ဘူး။ အရင်က သူကသူဘာသာ ပြန်ကောင်းလာတဲ့ထိကို အဖျားကို သည်းခံနိုင်တယ်...ဒါပေမဲ့ အခုတစ်ခါ ပိုဖျားလာမယ်လို့ ဘယ်သူကထင်မှာလဲ....အစောတုန်းက သူခြေတွေလက်တွေ လှုပ်နိုင်သေးတယ်.....ကျွန်မတို့ အဖျားပျောက်ဆေးတွေလည်းကုန်သွားပြီ....ခု ကျွန်မ ဘာလုပ်သင့်လဲ...
အမျိုးသမီးလီကလည်း တစ်ဖက်မှ အပြစ်မြင်တတ်စွာ ပြောလိုက်သည်။
ဘုရားရေ!....သူက တစ်ကိုယ်လုံး ပူကျစ်နေတယ်...မဖြစ်နိုင်တာ! ...ကျွန်မအမေမိသားစုရဲ့ အိမ်နီးနားချင်းကလည်း အဖျားရှိတယ်... သူ့အဖျားက အပူလွန်ပြီး ခေါင်းထိသွားတာလေ အရူးဖြစ်သွားတာ။... သူ အခု အသက်လေးဆယ်နီးပါး ရှိနေပြီ မိန်းမတောင် မရှာနိုင်သေးဘူး!....အခု နင့်အိမ်က ရွှမ်းကျူးက တစ်နေ့လုံး ပူနေတယ်... သူအခြေအနေရော ကောင်းရဲ့လားဟယ်...
အဲ့ဒါ ပြောပြီးတဲ့ အခါမှာတော့ ရွှမ်းကျူးဇနီးက သူမမျက်ရည်တွေကို ထိန်းမထားနိုင်တော့ပေ။ ဖြေရှင်းဖို့ နည်းလမ်းမရှိတာကြောင့် သူမ ပူပန်နေသည်။
ဒါဆို ဘာလုပ်နိုင်လဲ... ဆိုးဆိုးဝါးဝါးနှင်းကျနေတာ။ မြို့ကိုသမားတော် ပြဖို့ တောင်မပို့နိုင်ဘူး... ရှောင်ချောင်း ဆေးက တကယ် မရှိတော့ ဘူးလား...
လူအသက်ထက် ဘာကမှ အဖိုးမတန်ဘူး....ကျွန်မမှာ ဆေးရှိခဲ့ရင် ဖုံးဝှက်ထားမှာ မဟုတ်ပါဘူး!....အရီး ရွှမ်းကျူး ...အရီး ကျွန်မကို ယုံကြည်ရင် ကျွန်မ သူ့ကို စစ်ဆေးဖို့ လိုက်ခဲ့မယ်...အရီးက ဒီအတိုင်း အဖျားပိုဆိုးလာတာကို ရပ်ကြည့်နေတော့မှာလား....
ယွီရှောင်ချောင်း သူမရဲ့ ပထမဆုံးလူနာကို လက်ခံဖို့ ဆုံးဖြတ်လိုက်သည်။
အမျိူးသမီးကျန်းက ဒေါသထွက်စွာဖြင့်
မင်းလို ရှစ်နှစ်အရွယ် ကောင်မလေးက ဘာလုပ်နိုင်မှာမို့လို့လဲ...လူနာကြည့်ပေးရတာ လွယ်တဲ့အရာ ထင်နေတာလား... အဲဒါ လူ့အသက်တစ်ချောင်း!...နင်က သမားတော်ယို လက်အောက်မှာ ဘယ်နှရက်လောက် လေ့လာခဲ့တာမို့လို့လဲ....နင် နင်ဦးလေး ရွှမ်းကျူးနဲ့ သူ့ဇနီးအချိန်တွေ ဖြုန်းတီးမိမှာ မကြောက်ဘူးလား....ဘာလို့ မြို့သွားပြီး သမားတော် မပင့်ကြတာလဲ..."
အခု သူမက နှင်းကျနေချိန် မြို့ထဲသွားမယ်ဆို အသွားအပြန် သုံးလေးနာရီလောက် ကြာမှာပင်။ သူမ မြို့ထဲရောက်ချိန်ဆို ညအချိန်ပင်ရောက်နေလိမ့်မည်။ ထိုအပြင် ဒီလို ရာသီဥတုဆိုးဝါးတဲ့ ညအချိန်မှာ လူနာသွားကြည့်ဖို့အတွက် သမားတော် သဘောတူရန် ပြောဖို့ ခက်ခဲလိမ့်မည်။
ရွှမ်းကျူးဇနီးက အဆင်မပြေမှုကြောင့် ရှာရမည့် သမားတော်တို့ကို လှည့်မစဉ်းစားတော့ပေ။ သူမက နောက်ဆုံးမျှော်လင့်ချက်ကို ယွီရှောင်ချောင်းဆီ ထားကာ ရှောင်ချောင်း...မင်းရဲ့ဦးလေးရွှမ်းကျူးနဲ့ မင်းအဖေ က သေခြင်းရှင်ခြင်းကို အတူတူ ဖြတ်သန်းလာတဲ့ သူငယ်ချင်းတွေပဲ... သူတို့က ပင်လယ်မှာ ငါးမန်းကို တောင် အတူတကွ တိုက်ခဲ့ကြသေးတာ.... အရီးကိုဖုံးကွယ်မထားနဲ့၊ သမီးရဲ့ဆေးပညာကျွမ်းကျင်မှု ဘယ်လောက်ထိရှိလဲ ပြောပြပါဦး..
ယွီရှောင်ချောင်း တည်ငြိမ်နေတဲ့ မျက်လုံးတွေနဲ့ ရွှမ်းကျူးဇနီးကို ကြည့်လိုက်သည်။ သူမ ရိုးသားစွာပြောလိုက်သည်။
အရီး ရွှမ်းကျူး ..အဖိုးယိုက ပြောတယ် သမီးက အဖိုးရဲ့ဆေးပညာကျွမ်းကျင်မှုကနေ ခုနမှတ်ရှစ်မှတ်နီးပါးထိ သင်ယူခဲ့ပြီးပြီတဲ့....ကျန်တဲ့ နှစ်မှတ်သုံးမှတ်က သမီးမှာ အတွေ့အကြုံမရှိတာတဲ့ သာမန်အအေးမိဖျားတာကို အဖိုးယို ကုသ သလို သမီးလည်း လုပ်နိုင်တယ်!...
ရွှမ်းကျူးဇနီးရဲ့ သွေးရူသွေးတန်းစိုးရိမ်နေတဲ့ စိတ်က ရှောင်ချောင်းရဲ့ တည်ငြိမ်တဲ့ အကြည့်မှာ တဖြည်းဖြည်း သက်သာရာ ရလာသည်။ သူမ သွားကိုက်လိုက်ပြီး ခက်ခဲ့ပေမဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို လုပ်နိုင်ခဲ့သည်။
ကောင်းတယ်!..အရီး မင်းကို ယုံကြည်တယ်...အရီး မင်းဦးလေးရဲ့ အသက်ကို မင်းလက်ထဲ အပ်လိုက်မယ်!....
အိုက်ယား!..ရွှမ်းကျူးဇနီးရေ....နင်ဘယ်လိုများ ဒီကလေးရဲ့ ကြွားဝါနေတဲ့ စကားတွေကို ယုံနေတာလဲ....ငါတို့အိမ်က ရှောင်ချောင်းက အသက်ရှစ်နှစ်ပဲရှိသေးတာ.....သူမက ရွှမ်းကျူးကို မှားကုခဲ့ရင် ငါတို့က မတတ်နိုင်ဘူးနော်!...
အမျိုးသမီးလီက စားသောက်ပြီးသွားပြီးဖြစ်သည်။ သူမက ပွဲထိုင်ကြည့်နေခဲ့ပေမဲ့ အခုဝောာ့ သူမက မကောင်းတာ တစ်ခုခုဖြစ်လာတဲ့အခါ အကျိုးဆက်တွေကို စိုးရိမ်လာသည်။
ရွှမ်းကျုးဇနီးက နောက်တစ်ခါထပ် အံ့ကြိတ်လိုက်သည်။ သူမ ခြေဆောင့်လိုက်ကာ သူမက သူ့ကို ကုနိုင်တာဖြစ်ဖြစ် မကုနိုင်တာပဲဖြစ်ဖြစ် ငါတို့က နင်တို့ကို တာဝန်ယူခိုင်းမှာ မဟုတ်ပါဘူး....ရှောင်ချောင်း မြန်မြန်သွားရအောင်... မင်းဦးလေးက အဖျားတက်နေတုန်းပဲ!...
ယွီရှောင်ချောင်း သူမရဲ့ စားနေတဲ့တစ်ဝက်တစ်ပျက် ညစာကို ဂရုမစိုက်ပေ။ သူမ အဖိုးယိုချန်ထားခဲ့တဲ့ ဆေးသေတ္တာကို ယူဖို့ အနောက်ခန်းကို မြန်မြန်သွားလိုက်သည်။ သူမ သေတ္တာထဲက ဆေးပစ္စည်းတွေကိုကြည့်လိုက်ပြီး ပြည့်စုံကြောင်း မြင်လိုက်သည်။
သူမ ပိုတွေးလိုက်ကာ ပါဝင်မှုမြင့်တဲ့ အံ့ဖွယ်ကျောက်တုံးစိမ်ထားတဲ့ ရေကို ရှာလိုက်ပြီး ဆေးပုလင်းလေးအလွတ်ထဲ လောင်းထည့်လိုက်သည်။ အအေးဒဏ်ခံနိုင်တဲ့ အဝတ်တွေ ဝတ်ပြီးနောက် သူမ ရွှမ်းကျူးဇနီးနှင့်အတူ အိမ်မှ ထွက်လာခဲ့သည်။
ယွီဟိုင် စိတ်ချလက်ချ ထမင်းဆက်မစား နိုင်ချေ။ သူ ဆေးသေတ္တာသယ်ကူရင်း သူ့သမီးနောက် လိုက်သွားသည်။ အခါအားလျော်စွာ သူ သူသမီးငယ်ကို နှင်းတွေကြားချော်လဲမသွားအောင် ထောက်ပံ့ပေးသေးသည်။
ပုံမှန်ဆို လမ်းလျှောက်သွားရင် ငါးမိနစ်သာ ကြာသည်။ သိုသော်လည်း လေတွေ နှင်းတွေက သူတို့လမ်းကို ပိတ်ဆို့ဟန့်တားနေသဖြင့် ဦးတည်ရာရောက်ဖို့ ဆယ့်ငါးမိနစ်ကြာသွားသည်။ တံခါး ဖွင့်ဖွင့်ချင်းမှာပဲ လျိုမိသားစုက ကလေးတွေရဲ့ ဝမ်းနည်းဆူးရှတဲ့ အော်ငိုသံတွေ ကြားရသည်။
အဖေ!...အဖေ...ကျေးဇူးပြုပြီး ထပါဦး....အဖေ!...အဖေ အခုမသေရဘူး....
ရွှမ်းကျူးဇနီးက ကလေးတွေငိုသံကြားတဲ့အခါမှာ သူမခြေထောက်တွေ ရုတ်တရက် ပျော့ခွေသွားသည်။ သူမ ကြမ်းပြင်ပေါ်ထိုင်ကာ စငိုတော့သည်။
ယွီရှောင်ချောင်း အိပ်ယာဆီသို့ အပြေးတစ်ပိုင်း လျှောက်သွားလိုက်သည်။ သူမက ဦးလေးရွှမ်းကျူးရဲ့ မျက်ခွံတွေ ဆွဲလှန်လိုက်ပြီး သူရဲ့သူငယ်အိမ်ကို ကြည့်လိုက်ကာ သူမ တည်ငြိမ်စွာ ပြောလိုက်သည်။
ထပ်မငိုကြတော့ပါနဲ့....ဦးလေးက မသေသေးပါဘူး...အဖျားကြီးလို့ သတိလစ်သွားတာပါ...အရီး ကိုယ်အပူချိန် လျော့သွားအောင် ရေနွေးတစ်ချို့ မြန်မြန် ပြင်ဆင်ပေး...
ဘာပြောတာ.....မင်းက အခန်းအပူချိန်ကို လျော့စေချင်တာလား.... (စကားလုံးချင်းဆင်နေလို့ ရွှမ်းကျူးဇနီးကမှားကြားတာပါ)
သူက ဖျားနေတာလေ ဒီလိုအေးတဲ့နေ့ကြီးမှာ....မင်းက သူ့ကိုယ်အပူချိန် လျော့ချလိုက်ရင် သူအဖျားက ပိုဆိုးမလာဘူးလား...
ရွှမ်းကျူးဇနီးက ယိမ်းယိုင်စွာ ထလာသည်။ ယွီရှောင်ချောင်းဆီ သူ့ယောကျာ်းကုသဖို့ ခွင့်ပြုလိုက်တဲ့ သူမရဲ့ ဆုံးဖြတ်ချက်က စတင်ယိုင်နဲ့လာသည်။
ယွီရှောင်ချောင်း ငိုရမလား ရယ်ရမလားပင် မသိတော့ချေ။
ဦးလေးက အဖျားတက်နေတာ ...သူ ကိုယ်အပူချိန် ကျသွားဖို့လိုတယ်...သူက ဆေးဝါးကိုပဲ မှီခိုနေရင် ပြန်ကောင်းဖို့ နှေးလိမ့်မယ်....ဒါကြောင့် အရီးက ဦးလေးကိုယ်ကို ရေနွေးလေးနဲ့ သုတ်ပေးဖို့လိုတယ်....ဒီလိုဆိုရင် သူ့အပူချိန်က အကျမြန်လိမ့်မယ်....
About VIP group>>
BlackPearl Translation Page
https://m.facebook.com/story.php?story_fbid=177339587793207&id=104239908436509
.....