သက်တန့်ရောင် မိန်းမပျို Book...

By CharmZoey

650K 84.2K 679

ခေါင်းစဉ် - သက်တန့်ရောင် မိန်းမပျို (ဘာသာပြန်) မူရင်းခေါင်းစဉ် - Fields of Gold အမျိုးအစား - သဘာဝလွန်၊ စိတ်ကူ... More

Intro
အပိုင္း၁ (ေပါက္စီတစ္လုံးေၾကာင့္ အသတ္ခံရျခင္း)
အပိုင္း၂ (အက်င့္ပုတ္တဲ့ အဘြား)
အပိုင္း၃ (ထူးဆန္းတဲ့ ေရာင္စုံေက်ာက္တုံး )
အပိုင္း၄ (သူမမွာ ေကာင္းမြန္တဲ့ အေဖရွိတယ္)
အပိုင္း၅ (မ်က္ေတာင္မခတ္ပဲလိမ္လည္ျခင္း)
အပိုင္း၆ (ပင္လယ္စာ ေကာက္ယူျခင္း)
အခန္း ၇ - အလွေလးကိုကယ္တင္ျခင္း
အပိုင္း ၈ (ထူးျခားတဲ့ ေနာက္ခံ)
အပိုင္း၉ (အက်ိဳးမ်ားတဲ့ ခရီးတို)
အခန္း၁၀ (လ်ိဳ႕ဝွက္အႀကံအစည္)
အခန်း ၁၁
အပိုင္း ၁၂ (က်ိန္ရႈံစားေသာက္ဆိုင္ရဲ႕
အပိုင္း ၁၃ (လုံးဝရႈပ္ေထြးေနေသာ)
အပိုင္း ၁၄ (လိမ္ရလြယ္တဲ့သားေကာင္)
အခန္း ၁၅ (အေကာင္းဆုံးဟင္းခတ္အေမႊးအႀကိဳင္)
အခန္း ၁၆ (ေဈးဝယ္ထြက္ျခင္း)
အပိုင္း ၁၇ (မိဘရဲ႕ ခ်စ္ျခင္းတရား)
အပိုင္း ၁၈ (ေတာင္ေပၚက ေကာင္ေခ်ာေလး)
အပိုင္း ၁၉ ( အကိုဟန႔္ေနာက္ကိုလိုက္ရင္ စားဖို႔အသားရွိတယ္ )
အပိုင္း ၂၀ (အံ့ဖြယ္ေက်ာက္တုံး ျပန္လာျခင္း)
အပိုင္း ၂၁ -အသားကင္တတ္တဲ့သူက အေခ်ာဆုံးပဲ!
အပိုင္း ၂၂ (လမ္းမွာေတြ႕ရတဲ့ အတားအဆီး)
အပိုင္း ၂၃ (အငယ္ဆုံးဦးေလး အိမ္ျပန္လာၿပီ)
အခန္း ၂၄ (ေျမႇာက္ပင့္ျခင္း)
အပိုင္း ၂၅ (ခ်ီးမြမ္းျခင္း)
အပိုင္း၂၆ (ဂုဏ္သိကၡာ)
အပိုင္း ၂၇ ( အလုပ္သင္ )
အပိုင္း ၂၈ (ပိုက္ဆံစုေဆာင္းျခင္း)
အပိုင္း ၂၉ (ေထာင္ေခ်ာက္ဆင္ျခင္း)
အပိုင္း ၃၀ (ထူးျခားမႈ)
အပိုင္း၃၁ (ေကာင္ေခ်ာေလးေနာက္တစ္ေယာက္)
အခန္း ၃၂ (အစားမက္သူ)
အပိုင္း ၃၃ -(အ႐ိုက္ခံရျခင္း)
အပိုင္း ၃၄ (ေဆးပညာသင္ယူျခင္း)
အပိုင္း ၃၆ (သဘာဝရဲ႕လက္ေဆာင္)
အပိုင္း ၃၇ - (ဆိပ္ကမ္း)
အပိုင္း ၃၈ - (ေတာ္ဝင္မင္းသား)
အပိုင္း ၃၉ (ေက်းဇူးတင္ျခင္းသေကၤတ)
အခန္း ၄၀ (ျမင့္မားေသာအထြက္ႏႈန္း)
အပိုင္း ၄၁ - (ျပင္းထန္စြာ ဖ်ားနာမႈ)
အပိုင္း၄၂ (ေဆာင္းတြင္းကပ္ေဘးဒုကၡ)
အပိုင္း -၄၃ ( အၾကင္နာတရားမရွိဘူး )
အပိုင္း -၄၄( ခါးသီးတဲ့စိတ္ထိခိုက္မႈ )
အပိုင္း ၄၅ (ခ်မ္းသာလာျခင္း)
အပိုင္း ၄၆ (အေၾကာင္းျပခ်က္ဖန္တီးျခင္း)
အပိုင္း ၄၇ (ျပစ္ဒဏ္)
အပိုင်း ၄၉ (အတွေးစိတ်ကူးများ)
အပိုင်း ၄၈ (အပြောင်းအလဲတစ်ခု)
အပိုင်း၅၀ (ပိုက်ဆံလက်ဆောင်)
အခန္း၅၁ (စီးပြားေရးရင္းႏွီးျမႇဳပ္ႏွံမႈ)
အပိုင်း-၅၂ (အိမ်ကိုအလည်လာခြင်း)
အပိုင်း ၅၃ (ရှင်ယာဝင်ဖြစ်လာခြင်း)
အပိုင်း ၅၄ - (ကြော်ငြာခြင်း)
အပိုင်း၅၅ (နှစ်သစ်ကူး)
အပိုင်း ၅၆ (ဒုက္ခရောက်သောနှစ်)
အပိုင်း ၅၇ - (ဘေးအန္တရာယ်)
အပိုင်း ၅၈ (ဖြတ်တောက်ခြင်း)
အပိုင်း ၅၉ (အတိတ်)
အပိုင်း ၆၀ (သတိလစ်မေ့မျောခြင်း )
အပိုင်း ၆၁ (ပြန်သတိရလာခြင်း)
အပိုင်း၆၂ (ရောင်းစားခံရခြင်း)
အပိုင်း ၆၃ - မိသားစုကွဲခြင်း (၁)
အပိုင်း ၆၄ - မိသားစုကွဲခြင်း ( ၂ )
အပိုင်း ၆၅ (နေအိမ်ဟောင်း)
အပိုင်း ၆၆ (မိခင်ဘက်မှမိသားစု)
အပိုင်း ၆၇ (အိမ်ပြင်ခြင်း)
အပိုင်း ၆၈ (ပိုကောင်းတဲ့အရွေ့အပြောင်း)
အပိုင်း ၆၉ (ငွေရှာမည့်အရင်းအမြစ်များကိုတိုးချဲ့ခြင်း)
အပိုင်း၇၀ (ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း)
အပိုင်း ၇၁ (ချစ်စရာကောင်းတဲ့လူငယ်လေး)
အပိုင်း၇၂ (ပေါက်စီ)
အပိုင်း ၇၃ (တိတ်တိတ်လေး သည်းညည်းခံနေခြင်း)
အပိုင်း၇၄ (လက်တွဲလုပ်ဆောင်မှု)
အပိုင်း၇၅ (ကူညီခြင်း)
အပိုင်း ၇၆ (အံ့ဩစရာကောင်းလိုက်တာ!)
အပိုင်း ၇၇ (အသားနှပ်)
အပိုင္း၇၈ (ဆိုင္ဖြင့္တဲ့ေန႔)
အပိုင်း ၇၉ (ဝက်ခေါင်း)
အပိုင်း၈၀ (ပြဿနာတက်ခြင်း)
အပိုင်း ၈၁ (လျှို့ဝှက်ချက်ပြုတ်နည်း)
အပိုင်း ၈၂ (အရသာသစ်)
အပိုင်း၈၃ (ကျော်ကြားတဲ့ပညာရှိ)
အပိုင်း ၈၄ (အစားကြီးသူ)
အပိုင်း ၈၅ (တပည့်တစ်ယောက်အဖြစ်လက်ခံခြင်း)
အပိုင်း၈၆ (ငါးဖမ်းခြင်း)
အပိုင်း ၈၇ (ငါးချဉ်)
အပိုင်း၈၈ (အဖေနဲ့သမီး)
အခန်း ၈၉ (ကျောင်းလခ)
အပိုင်း ၉၀ (လျို့ကော)
အခန်း၉၁ (ကြေးမြင့်တဲ့ပေးချေမှု)
အပိုင်း ၉၂ ( စိုနေတဲ့ဆန် )
အပိုင်း ၉၃ (အထင်ကြီးစရာဧည့်သည်)
အပိုင်း ၉၄ (မြည်းလှည်း)
အပိုင်း ၉၅ (ကျောင်းတက်ခြင်း)
အပိုင်း ၉၆ (အပူအပင်)
အပိုင်း ၉၇ (ဖျားနာနေသောမြည်း)
အပိုင်း ၉၈ (ဝေစု)
အပိုင်း ၉၉ - တွေ့ဆုံဖို့ အခွင့်အရေး
အပိုင်း ၁၀၀ (အချိန်အခါမဟုတ်အိမ်ကိုလာခြင်း)
အပိုင်း၁၀၁ (ကျိုးမိသားစု)
အပိုင်း၁၀၂ (အလုပ်မှာရေသာခိုခြင်း)
အပိုင်း ၁၀၃ (အကျင့်ပျက်ခြင်း)
အခန်း ၁၀၄ (လုယက်သူ)
အခန်း ၁၀၅ (ဝိညာဉ်တစ်ခုကိုမြင်ရခြင်း)
အပိုင်း ၁၀၆ (သေလုဆဲဆဲဖြစ်ခြင်း)
အပိုင်း ၁၀၇ (စုံစမ်းမေးမြန်းခြင်း)
အပိုင်း ၁၀၈ (မိုးကြိုး)
အပိုင်း၁၀၉ (မိုးကြိုးပစ်ခြင်း)
အပိုင်း ၁၁၀ (ဝန်ချတောင်းပန်ခြင်း)
အပိုင်း ၁၁၁ (အိမ်ပြန်လာခြင်း)
အခန်း ၁၁၂ (ထွက်ခွာခြင်း)
အပိုင်း ၁၁၃ (ဆေးဖက်ဝင်ဂျင်ဆင်းဘုရင်)
အပိုင်း ၁၁၄ (အကျိုးများတဲ့ခရီးတိုတစ်ခု)
အပိုင်း ၁၁၅ ( အသီးအရွက်များရောင်းခြင်း)
အပိုင်း ၁၁၆ (မင်းသားလေး)
အပိုင်း ၁၁၇ (ဟင်းသီးဟင်းရွက်များကြောင့် ရန်ဖြစ်ကြခြင်း)
အပိုင်း ၁၁၈ (လူကဲခတ်မြန်တဲ့လူကြီးမင်း)
အပိုင်း ၁၁၉ (ကျေနပ်အားရခြင်း)
အပိုင်း ၁၂၀ (ဆုလာဘ်)
အပိုင်း ၁၂၁ (ရင်းနှီးမြှပ်နှံမှု)
အပိုင်း ၁၂၂ (ဝဋ်လည်ခြင်း)
အပိုင်း ၁၂၃ ( အလုပ်များသော)
အပိုင်း ၁၂၄ (နောက်တစ်ခေါက်လာကြပြန်ပြီ! )
အပိုင်း ၁၂၅ (ကုတ်ခြစ်ခံရခြင်း)
အပိုင်း ၁၂၆
အပိုင်း ၁၂၇ (တိုင်ပင်ခြင်း)
အပိုင်း ၁၂၈ (သူမအိမ်လည်လာခြင်းရဲ့ရည်ရွယ်ချက်)
အပိုင်း ၁၂၉ (အဆိပ်မရှိခြင်း)
အပိုင်း၁၃၀ (အလည်ရောက်လာသူများ)
အပိုင်း ၁၃၁ ( မနက်စာ )
အပိုင်း ၁၃၂ (ဘဲသားနှပ်)
အပိုင်း ၁၃၃ (ကြမ္မာဖန်သောတွေ့ဆုံမှု)
အပိုင်း ၁၃၄ (အတွေ့အကြုံရင့်တဲ့အစားချစ်သူ)
အပိုင်း ၁၃၅ (အကင်းပါးသော)
အပိုင်း ၁၃၆ (ညနောက်ကျမှပြန်လာခြင်း)
အပိုင်း၁၃၇ (သိမ်းသွင်းစည်းရုံးခြင်း)
အပိုင်း ၁၃၈ (အစီအစဉ်ချခြင်း)
အပိုင်း ၁၃၉ ( စီရင်စုမြို့)
အပိုင်း ၁၄၀ (ဈေးဝယ်ထွက်ခြင်း)
အပိုင်း ၁၄၁ (စစ်သူကြီး)
အပိုင်း ၁၄၂ (အပြန်လမ်း)
အပိုင်း ၁၄၃ (လည်ပတ်ခြင်း)
အပိုင်း ၁၄၄ (အကြံဉာဏ်ပေးခြင်း)
အခန်း ၁၄၅ (အဆိုပြုခြင်း)
အပိုင်း ၁၄၆ (သံတမန်)
အပိုင်း ၁၄၇ (မွေးစားသမီး?)
အပိုင်း၁၄၈ (မွေးစားအဖေ)
အပိုင်း ၁၄၉ (မိသားစုဖြစ်လာခြင်း)
အပိုင်း ၁၅၀ (လူထူးလူဆန်း)
အပိုင်း ၁၅၁ (တော်ဝင်အမိန့်ပြန်တမ်း)
အပိုင်း၁၅၂ (မှတ်ဉာဏ်ဟောင်းများ)
အပိုင်း ၁၅၃ (ဧကရာဇ်ဟောင်း)
အပိုင်း ၁၅၄ (ဂျုံကြာဇံ)
အခန်း၁၅၅ (ထွက်ခွာဖို့လေးကန်နေခြင်း)
အခန်း ၁၅၆ (ပို့ဆောင်ခြင်း)
အခန်း ၁၅၇ (ပင်လယ်မျှော့)
အပိုင်း ၁၅၈ (မသမာတဲ့နည်းလမ်းသုံးခြင်း)
အပိုင်း ၁၅၉ (ခြိမ်းခြောက်ခြင်း)
အပိုင်း - ၁၆၀ ( အကြပ်ရိုက်အောင် လုပ်ခြင်း )
အပိုင်း ၁၆၁ (မနာလိုဖြစ်ခြင်း)
အပိုင်း ၁၆၂ - မနာလိုမှု
အပိုင်း ၁၆၃ - အကူ
အပိုင်း ၁၆၄ (ဝန်ခံလက်မြှောက်ခြင်း)
အပိုင်း ၁၆၅ (ပြောင်းလဲဖို့)
အခန်း ၁၆၆ (ဟုန်းဟုန်းတောက်ကျော်ကြားခြင်း)
အပိုင်း ၁၆၇ - (သမီးကိုကာကွယ်ခြင်း)
အခန်း ၁၆၈ - ချမ်းသာကြွယ်ဝခြင်း
အပိုင်း ၁၆၉ - အလုပ်ခေါ်စာ
အခန်း ၁၇၀ (ဖရဲသီးရောင်းခြင်း)
အပိုင်း ၁၇၁ ဖရဲသီးဆိုင်
အပိုင္း-၁၇၂( ခမ္းနားေသာ ဖြင့္ပြဲ )
အပိုင္း - ၁၇၃ (အကုန္ ေရာင္းထြက္ျခင္း)
အပိုင်း၁၇၄ - ဂုဏ်ပြုစားပွဲ
အပိုင်း ၁၇၅ - ချိုမြိန်ခြင်း အရသာ
အပိုင်း ၁၇၆ - ကြင်ယာတော်မင်းသမီး
အပိုင်း ၁၇၇ - အကြံအစည်
အပိုင်း - ၁၇၈ ( မွေးစားအမေ )
အပိုင်း ၁၇၉ - ရန်လိုမှု
အပိုင်း ၁၈၀ - ကံကြမ္မာ
အပိုင်း-၁၈၁ ( ထမင်းတစ်နပ်ကျွေးခြင်း )
အပိုင်း၁၈၂ - (ဧည့်ဝတ်ကျေပွန်မှု)
အပိုင်း၁၈၃ - မျက်နှာသာပေးတာ ခံချင်သူ
အပိုင်း ၁၈၄ နေထိုင်အခြေချဖို့ကူညီပေးခြင်း
အပိုင်း ၁၈၅ - သူခိုး
အခန်း ၁၈၆ - စဉ်းလဲတဲ့အကြံကိုလက်လွှတ်ဖို့ ငြင်းဆန်ခြင်း
အခန်း ၁၈၇ - အဆုံးမရှိ ဒုက္ခပေးခြင်း
အပိုင်း -၁၈၈ ( အရှက်မရှိခြင်း )
အပိုင်း ၁၈၉ - အချိန်ဆွဲထားခြင်း
အပိုင်း ၁၉၀ (စုံစမ်းမေးမြန်ခြင်း)
အပိုင်း ၁၉၁ ပြစ်မှုတစ်ခုကို တိုင်ကြားခြင်း
အပိုင်း ၁၉၂ - အိမ်မက်ဆိုး
အပိုင်း ၁၉၃ - ပေါ်ပေါက်လာခြင်း
အပိုင်း - ၁၉၄ (သဘောတူစာချုပ်)
အပိုင်း ၁၉၅ - ဝိညာဉ်
အပိုင်း ၁၉၆ (တရားရုံးအမှုစစ်များ)
အပိုင်း ၁၉၇ (ကိုယ့်ပါးကို ပြန်ရိုက်ခြင်း)
အပိုင်း ၁၉၈ (တရားရုံးသို့သွားခြင်း)
အပိုင်း ၁၉၉ (ကြီးမားတဲ့ချစ်ခြင်းမေတ္တာတရား)

အပိုင္း-၃၅ ( ခ်စ္စရာ အိမ္ေမြးတိရိစာၦန္)

3K 454 4
By CharmZoey

[Zawgyi]
အပိုင္း-၃၅ ( ခ်စ္စရာ အိမ္ေမြးတိရိစာၦန္)

ယြီေရွာင္ေခ်ာင္းက ဝမ္းသာအားရနဲ႔ ေရွ႕ကိုေျပးထြက္လာတယ္ ။ သူမအေဖက ခါးကိုင္းလိုက္ၿပီး သူမကို ေပြ႕ခ်ီလိုက္တယ္ ။ ယြီေရွာင္ေခ်ာင္းက ရွက္ကိုးရွက္ကန္းပုံစံေလးနဲ႔ သူမအေဖ ပါးစပ္ထဲ သစ္အယ္သီးကို ထည့္ေပးလိုက္ၿပီး ရယ္ၿပဳံးလ်က္

အေဖ သမီး ေထာင္ေခ်ာက္ ဘယ္လိုဆင္ရမလဲ
ဆိုတာ သင္ခဲ့တယ္! ေတာယုန္႐ိုင္းႀကီးတစ္ေကာင္ေတာင္ ဖမ္းမိခဲ့ေသးတယ္! ေနာက္ၿပီး အဲ့တာက အသက္ရွင္ေနေသးတယ္!

ယြီဟိုင္က ဒါကိုၾကားေတာ့ သူ႔သမီးကို ခ်ီးက်ဴးဖို႔ ဝန္ေလးမေနခဲ့ဘူး ။

ငါတို႔ ေခ်ာင္းအာက တကယ္ ေတာေကာင္ဖမ္းတတ္ေနၿပီပဲ... ေနာက္ဆို အေဖက ေခ်ာင္းအာ ဖမ္းတဲ့ ယုန္ေတြစားဖို႔ပဲ အိမ္က ထိုင္ေစာင့္ေနေတာ့မယ္

အေဖ အေဖ! ကြၽန္ေတာ္တို႔ ဒရယ္အေသးေလး တစ္ေကာင္လည္း ဖမ္းမိခဲ့ေသးတယ္! ၾကည့္လိုက္ဦး အဲ့တာေလးက လမ္းျပစရာေတာင္မလိုဘဲ ကြၽန္ေတာ္တို႔ ေနာက္ကို လိုက္ေနတာ... ေတာ္ေတာ္ လူယဥ္တဲ့ ဒရယ္ေလးပဲ! "
ရွီထုန္က ၾကည္ႏူးစြာ ေျပာတယ္ ။

သူက သူ႔အေဖရဲ႕ ေဘာင္းဘီကို လက္တစ္ဖက္နဲ႔ဆြဲၿပီး သူတို႔နားပတ္ေျပးေနတဲ့ ငတုံးဒရယ္ေလးကို ၫႊန္ျပလိုက္တယ္ ။

ယြီဟိုင္က ေျမျပင္ေပၚက သတၱဝါငယ္ေလးကို အနီးကပ္ ၾကည့္ၾကည့္ဖို႔ ေခါင္းကို ငုံ႔လိုက္တယ္ ။ အေစာပိုင္းတုန္းက ေမွာင္ေနတာမို႔ သိပ္ၿပီး ရွင္းရွင္းလင္းလင္း မျမင္ရတာေၾကာင့္ ယြီဟိုင္က အဲ့ဒီအေကာင္ေလးကို တျခားမိသားစုက ေခြးေလးလို႔ပဲထင္လိုက္မိတယ္။ ဒါေပမယ့္ အဲ့ဒါေလးက တကယ္ ဒရယ္ေပါက္ေလးတစ္ေကာင္ ျဖစ္ေနခဲ့မယ္လို႔ေတာ့ ယြီဟိုင္ မထင္ခဲ့မိေပ ။

ယြီဟိုင္က ယြီေရွာင္ေခ်ာင္းကို ခ်ီထားရာမွ ေအာက္ကိုခ်လိုက္ၿပီး ဒရယ္ေပါက္ေလးကို ၾကည့္ဖို႔ ခါးကို ကိုင္းၫြတ္လိုက္တယ္ ။ဒီ အေကာင္ေလးရဲ႕ မ်က္ဆံနက္နက္ေတြက ျပဴးက်ယ္ၿပီး ရႈပ္ေထြးေနတယ္ ။ ဒရယ္ေပါက္ေလးက ယြီေရွာင္ေခ်ာင္းကို ၾကည့္လိုက္ၿပီး ေရွာင္ေခ်ာင္းရဲ႕ ေျခေထာက္ကို သူ႔ရဲ႕ဦးေခါင္းနဲ႔ စတင္ ပြတ္သပ္ေနေတာ့တယ္ ။

ေဟး...!

ဒီလို လူမေၾကာက္တတ္တဲ့ ဒရယ္ေလးမ်ိဳးကို ယြီဟိုင္အရင္က တစ္ခါမွ မေတြ႕ဖူးဘူး ။ ၾကည့္
ရတာ ဒီအေကာင္ေလးနဲ႔ သူ႔အေမနဲ႔ လမ္းကြဲၿပီး ေရွာင္ေခ်ာင္းတို႔ကို သူနဲ႔ မ်ိဳးႏြယ္တူေတြလို႔မ်ား ထင္ေနတာလားမသိဘူး ။ တုံးလိုက္တဲ့ဒရယ္ေလး... ။ သူ႔နာမည္မွာကို "ငတုံး" ဆိုတဲ့ စကားလုံးေလးက ပါေနေတာ့ သူကအရမ္းေတာ့ ပါးနပ္မွာမဟုတ္ဘူး ။

ေခ်ာင္းအာ ဒီဒရယ္ေလးကို မင္း ဖမ္းခဲ့တာလား ေက်ာက္ဟန္ ဖမ္းခဲ့တာလား? ငါတို႔ ဘယ္ေတာ့မွ တျခားသူေတြရဲ႕အက်ိဳးအျမတ္ကို အေခ်ာင္ယူတာမ်ိဳးေတြ မလုပ္သင့္ဘူးေနာ္ ! အကိုေက်ာက္လို႔ေခၚတဲ့ ေက်ာက္ပုဖန္းက သူ႔ကိုကူညီေစာင့္ေရွာက္ေပးခဲ့တာမလို႔ ယြီဟိုင္က အလြန္ ေက်းဇူးတင္ခဲ့ရတယ္ ။ သူ႔ရဲ႕ အမဲလိုက္စြမ္းရည္အမ်ားစုကလည္း ေက်ာက္ပုဖန္းဆိုတဲ့ သူငယ္ခ်င္းဆီကေနပဲ သင္ယူခဲ့တာေၾကာင့္ အငယ္ဆုံးသမီးက ဆင္ျခင္တုံတရားကင္းမဲ့စြာနဲ႔ တျခားသူအေပၚ ဝန္ပိုေပးမိမွာကို ယြီဟိုင္က စိုးရိမ္ေနတယ္ ။

ယြီေရွာင္ေခ်ာင္းက ေခါင္းကိုခါလ်က္ ရယ္တယ္ ။

ဒီေန႔ ေထာင္ေခ်ာက္ ဘယ္လိုဆင္ရမလဲဆိုတာပဲ သမီး သင္ခဲ့တာပါ အဲ့တာေၾကာင့္ ဒီေန႔ ယုန္႐ိုင္းတစ္ေကာင္ဖမ္းလာမိခဲ့တာ အခုမွ အမဲစလိုက္သူ တစ္ေယာက္အဖို႔ ကံေကာင္းမႈ သက္သက္ရယ္ပါပဲ... ဒီဒရယ္ေလးက တကယ္ေတာ့ အကိုေက်ာက္ဟန္ရဲ႕ဟာပါ... သမီးတို႔က ရက္နည္းနည္းေလာက္ ၾကည့္ေပးထားဖို႔ပဲ ကူညီေပးတာပါ... အဲ့တာၿပီးရင္ သူ႔ကို အကိုေက်ာက္ဟန္ဆီ ျပန္ပို႔မွာ

ယြီဟန္က ေထာက္ခံတဲ့သေဘာနဲ႔ ေခါင္းကို ညိတ္လိုက္တယ္ ။

ဒီလိုလုပ္တာ မွန္တယ္! ရက္နည္းနည္းေလာက္ သူနဲ႔ ေဆာ့လို႔ ဝၿပီဆိုတာနဲ႔ သူ႔သခင္ဆီ ျပန္ပို႔ေပးသင့္တယ္! ဒီသတၱဝါေလးက ထိန္းသိမ္းဖို႔ လြယ္ရဲ႕လားေတာ့ မသိဘူး ဒါေပမယ့္ မင္းတို႔ သူ႔ကိုေတာ့ ေသခ်ာ ဂ႐ုစိုက္ေပးရလိမ့္မယ္... မင္းတို႔နဲ႔ရွိေနစဥ္အတြင္း သူ႔ကို မေသေစနဲ႔ေနာ္! မင္းတို႔ႏွစ္ေယာက္ ဒီအေကာင္ေလးကို တကယ္ပဲ ရက္အနည္းငယ္ ေခၚထားခ်င္တယ္ဆို မနက္ျဖန္ အေဖ ေက်ာက္မိသားစုဆီ အသားစိမ္းတခ်ိဳ႕ သြားေပးလိုက္မယ္... ကိုယ့္ဘက္က တစ္ခုခု
မကမ္းလွမ္းဘဲ တျခားသူဆီကေန အရာတစ္ခုကို ဘယ္ေတာ့မွ အလကားမလိုခ်င္ရဘူး ... သားတို႔သမီးတို႔ နားလည္တယ္ေနာ္?

စိတ္မပူပါနဲ႔ အေဖ!

ယြီေရွာင္ေခ်ာင္းက သူမလြယ္အိတ္ထဲက သစ္အယ္သီး ႏွစ္လုံးကို ထုတ္လိုက္ၿပီး သူမအေဖကို ေပးလိုက္တယ္ ။

အေဖ စားၾကည့္ပါဦး! ခုဏက သမီးတို႔ ေတာထဲကေန ရွာေတြ႕လာတဲ့ သစ္အယ္သီးေတြကို အရီးေက်ာက္က ေလွာ္ေပးလိုက္တာ... ေတာ္ေတာ္စားလို႔ေကာင္းတယ္!

အငယ္ဆုံသားရဲ႕ အိတ္ထဲကေန သစ္အယ္သီးတခ်ိဳ႕ ျပဳတ္က်ေနတာေတြ႕ေတာ့ ယြီဟိုင္က ေကာက္ေပးရင္း ေမးလိုက္တယ္ ။

မင္းတို႔ ႏွစ္ေယာက္ တေနကုန္ ဦးေလးေက်ာက္တို႔ အိမ္မွာ ရွိေနခဲ့တာလား? သူ႔အိမ္မွာ ဘာျပႆနာမွေတာ့ မရွာခဲ့ဘူးမလား

ကြၽန္ေတာ္တို႔ ၿမိဳ႕ကိုလည္း သြားခဲ့တယ္... ၾကည့္လိုက္! ဒုတိယအစ္မက ကြၽန္ေတာ့္ကို အစာသြတ္မုန႔္ေတြေတာင္ ဝယ္ေပးေသးတယ္ !!

ရွီထုန္ေလးက အစ္မျဖစ္သူကို ေပးထားတဲ့ ကတိကိုေမ့ၿပီး သူ႔အစ္မကို အေဖ့ဆီ ေရာင္းစားခဲ့ေလေတာ့တယ္ ။ (ေရာင္းစား=အလိမ္ေဖာ္)

ယြီဟိုင္က တျဖည္းျဖည္း မ်က္ေမွာင္က်ဳံ႕လာၿပီးေနာက္ စကၠဴနဲ႔ပတ္ထားတဲ့ အစာသြတ္မုန႔္ေတြကို ၾကည့္လိုက္တယ္ ၿပီးေနာက္ ယြီေရွာင္ေခ်ာင္းကို ၾကည့္လိုက္တယ္ ။ ဒီအစာသြတ္မုန႔္ေတြဝယ္ဖို႔ သူတို႔ ဘယ္က ပိုက္ဆံရတာလဲ ပင္လယ္ခ႐ုေတြ ေရာင္းတုန္းက က်န္တဲ့ပိုက္ဆံေတြဆိုတာ တကယ္ေရာ ဟုတ္ရဲ႕လား

အေဖ , အကိုေက်ာက္ဟန္က ဒီေန႔ ေတာေကာင္ေတြအမ်ားႀကီးရတယ္... အဲ့ဒါေတြေရာင္းဖို႔ သူက ၿမိဳ႕ကိုသြားတာ... အဲ့ဒါ သမီးတို႔လည္း အားေနတာနဲ႔ တလက္စတည္း လိုက္သြားလိုက္ၾကတာ... သမီးလည္း ဒီေန႔ ယုန္႐ိုင္းတစ္ေကာင္ ဖမ္းမိေသးတယ္ေလ... အဲ့ဒါကိုပါ ေရာင္းလိုက္တယ္... အဲ့ဒါေရာင္းရေငြက ေၾကးဒဂၤါးတစ္ရာေက်ာ္ရတယ္ အဲ့ေငြနဲ႔ သၾကားလုံးနဲ႔ မုန႔္ေတြ ဝယ္လိုက္တာ... ဒီမွာ က်န္တဲ့ေငြေတြ !

ယြီေရွာင္ေခ်ာင္းက သူမ ဝွက္ထားတဲ့ ဒဂၤါးေတြကိုေတာ့ ထုတ္မျပခဲ့ေပ ။ အဲ့ဒီအစား ငါးဆယ္ေျခာက္ဆယ္ေလာက္ပဲတန္မယ့္ ေငြဒဂၤါးအနည္းငယ္ကိုသာ ျပလိုက္တယ္ ။ ယြီဟိုင္က ကေလးႏွစ္ေယာက္ကို ေခၚကာ အိမ္ကိုျပန္လာခဲ့ၿပီး ဆုံးမစကား ဆက္ဆိုတယ္ ။

မင္းတို႔ သုံးေယာက္က တကယ္ကို မိုက္႐ူးရဲေလးေတြပဲ ! မင္းတို႔သုံးေယာက္ထဲက အႀကီးဆုံးတစ္ေယာက္ေတာင္အခုမွ ၁၂,၁၃ အ႐ြယ္ေလးပဲရွိေသးတာ... ဒါကိုေတာင္ မင္းတို႔က ၿမိဳ႕ကို သြားရဲေသးတယ္ေပါ့ မေတာ္လို႔မ်ား ကေလးဖမ္းတဲ့သူေတြနဲ႔ေတြ႕ရင္ ဘယ္လိုလုပ္မလဲ ...

ေနာက္ခါၿမိဳ႕ကို သြားခ်င္ရင္ အေဖ အသားေရာင္းသြားတဲ့အခ်ိန္ကို ေစာင့္ၿပီးမွ သြား... ဒါမွ မင္းတို႔ ပင္ပန္းတဲ့အခါ အေဖ နည္းနည္းပါးပါး ခ်ီသြားေပးလို႔ရမွာ

ကြၽန္ေတာ္တို႔ မပင္ပန္းပါဘူး... ရွီရွန္း႐ြာက အဘိုးက်န္းက ႏြားလွည္းနဲ႔လာတာေတြ႕လို႔ ကြၽန္ေတာ္တို႔သူနဲ႔လိုက္သြားၾကတာ... ဒုတိယအမက သူ႔ကို မုန႔္တစ္ထုပ္ေတာင္ လက္ေဆာင္ ေပးခဲ့ေသးတယ္

ရွီထုန္ေလးက ေျပာရင္း အဲ့ဒီ အစာသြတ္မုန္ထုပ္ေလးကိုေတာင္ နည္းနည္းႏွေျမာသလိုလိုရွိလာတယ္ ။

ဒါဆို မင္းရဲ႕ ဒုတိယအစ္မက မွန္ကန္တဲ့ လုပ္ရပ္ကို လုပ္ခဲ့တာပဲ... သူမ်ားဆီက အကူအညီယူၿပီးရင္ ေက်းဇူးတုန႔္ျပန္တဲ့အေနနဲ႔ ကိုယ့္ဘက္က တစ္ခုခု ျပန္ေပးရမယ္... အဲ့လိုမွ မဟုတ္ဘဲ သူမ်ားဆီက အကူအညီခ်ည္းယူေနရင္ ေနာက္ အခက္အခဲႀကဳံတဲ့အခါ ဘယ္သူမွ ကိုယ့္ကို ကူညီခ်င္ေတာ့မွာ မဟုတ္ဘူး

ယြီဟိုင္က သူ႔ကေလးေတြကို စတင္ လမ္းၫႊန္ သင္ၾကားလိုက္တယ္ ။

တေအာင့္ေလာက္ေနေတာ့ သူတို႔ အိမ္ၿခံဝင္း ထဲကို ျပန္ေရာက္လာခဲ့ၾကတယ္ ။ အဲ့ဒီအခ်ိန္မွာေတာ့ ေကာင္းကင္က လုံးဝေမွာင္ေနေလၿပီ။ ေျမာက္ပိုင္းေဒသက ေဆာင္းဦးညေတြက အေအးပိုေလ့ရွိတယ္ ။ ဒုတိယမိသားစုကလြဲလို႔ ယြီမိသားစုတစ္ခုလုံးက ကိုယ့္အခန္းထဲကိုယ္ဝင္ၿပီး အနားယူေနၾကၿပီ ။ တစ္အိမ္လုံးမွာ အေရွ႕ဘက္အစြန္းက အခန္းေလးတစ္ခန္းပဲ အလင္းမွိန္မွိန္ေလး လင္းေနတယ္ ။

ေခ်ာင္းအာနဲ႔ ရွီထုန္ မင္းတို႔ ဗိုက္ဆာေနေလာက္ေရာေပါ့... မင္းတို႔အေဖ သိမ္းထားတဲ့ အသားေပါင္းက်န္ေသးတယ္... အေမမင္းတို႔အတြက္ ေႏႊးေပးမယ္... ႏွစ္ေယာက္ခြဲစားလိုက္ၾကေနာ္!

ဒီဘဝမွာ စိတ္ႏွလုံးႏူးညံ့တဲ့အေမရွိရျခင္းရဲ႕ ေကာင္းက်ိဳးေတြက ႐ုတ္တရတ္ ေပၚလာတယ္ ။ အရင္ဘဝတုန္းက အေမကလည္း သူမ ညည အိမ္အျပင္ဘက္မွာ ေဆာ့ၿပီးျပန္လာတိုင္း က်န္တဲ့အစားအေသာက္ေတြ ေႏႊးၿပီး ေကြၽးေလ့ရွိတယ္ ။ ရွီထုန္ေလးက တံခါးကို မပိတ္ခင္ ေခါင္းေလးကိုေမာ့ၿပီး ေသခ်ာေခ်ာင္းၾကည့္လိုက္တယ္ ။ ေနာက္ၿပီးသူက အစာသြတ္မုန႔္အိတ္ကို ထုတ္ၿပီး အားလုံးကို ခြဲေဝေပးဖို႔ လုပ္ေတာ့တယ္ ။ ရွီထုန္ေလးက ဒီလိုသေရစာမုန႔္ေတြခ်ိဴခ်ဥ္ေတြကို အရမ္းႀကိဳက္ေပမယ့္ ဘယ္ေသာအခါမွ သူတစ္ေယာက္တည္းစားေလ့မရွိေပ ။ ဆီစကၠဴနဲ႔ပတ္ထားတဲ့ အစာသြတ္မုန႔္ ေျခာက္ခုကို သူက အိမ္သားေတြအတြက္ တစ္ေယာက္တစ္ခုစီ မွ်ေဝေပးတယ္ ။ သူက က်န္ေနတဲ့ ေနာက္ဆုံးတစ္ခုကို ေငးၾကည့္ၿပီးေနာက္ တြန႔္တြန႔္ဆုတ္ဆုတ္ေလးေျပာတယ္ ။

ဒီတစ္ခုကို အႀကီးဆုံးအကို အတြက္သိမ္းထားမယ္

ရွီထုန္ေလးစကားကို ၾကားၿပီးေနာက္ ယြီဟိုင္နဲ႔ သူ႔ဇနီး မ်က္ႏွာ သိသိသာသာ ညႇိဳးသြားတယ္ ။ အခန္းတစ္ခုလုံးမွာ အေနရခက္တဲ့ တိတ္ဆိတ္မႈေတြနဲ႔ ျပည့္လို႔ေနတယ္ ။ ခဏၾကာ တိတ္ေနၿပီးေနာက္ ယြီဟိုင္က သက္ျပင္းခ်ရင္း

မသိမ္းပါနဲ႔ေတာ့... မင္းရဲ႕ အစ္ကိုႀကီးက ဘယ္အခ်ိန္မွ ျပန္လာႏိုင္မယ္မွန္းမသိဘူး မုန႔္က ၾကာၾကာထားရင္ ရက္လြန္သြားလိမ့္မယ္... အဲ့တစ္ခုကို မင္းတို႔ သုံးေယာက္ပဲ ခြဲစားလိုက္... ေနာက္တစ္ခါ အေဖၿမိဳ႕ကို သြားရင္ မင္းတို႔ အစ္ကိုႀကီးစားဖို႔ မ်ားမ်ား ပိုဝယ္ေပးခဲ့မယ္

ၿမိဳ႕ကိုသြားတုန္းက အစ္ကိုႀကီး အားနည္းေနၿပီး ေမာေမာပန္းပန္းအလုပ္လုပ္ေနတာ ေတြ႕ခဲ့တဲ့ အေၾကာင္းကို ယြီေရွာင္ေခ်ာင္း စဥ္းစားေနမိတယ္ ။ သူမ ႏွလုံးသားနာက်င္သြားၿပီေနာက္ ယြီေရွာင္ေခ်ာင္းက အသံတိမ္တိမ္ေလးနဲ႔

အေဖ... အကိုႀကီးကို ျပန္ေခၚလိုက္ၾကရေအာင္ပါ... သူဟိုမွာ ဘယ္ေလာက္အဆင္ေျပတယ္ေျပာေျပာ အိမ္မွာေလာက္ေတာ့ ဘယ္သက္ေတာင့္သက္သာရွိပါ့မလဲ ဟုတ္တယ္မလား ?

အေဖလည္း မင္းတို႔ အကိုႀကီးကို ျပန္ေခၚခ်င္ပါတယ္... ဒါေပမယ့္...
သူတို႔ သူ႔ကိုသာအိမ္ျပန္ေခၚလာရင္ ဘာျဖစ္မတဲ့လဲ။ ေသခ်ာတာေပါ့ သူတို႔အတြက္ အိမ္မွာရန္ပြဲတစ္ခု အသင့္ေစာင့္ေနလိမ့္မယ္။

ယြီေရွာင္ေခ်ာင္းက ျပင္းျပင္းထန္ထန္ မာန္မဲလိုက္တယ္ ။

အဘြားနဲ႔ အႀကီးဆုံးအရီးက ကြၽန္မတို႔ကို ခိုကပ္စားေနတဲ့သူေတြဆိုၿပီး အၿမဲလိုလို သတ္မွတ္

ေနတာ! ဒါေပမယ့္ တကယ္တမ္းဆို ကြၽန္မတို႔က သူတို႔လုပ္စာ စားေနတာမွ မဟုတ္ဘဲ ! အေဖ အခုေရာင္းေနရတဲ့ သားေကာင္ေတြနဲ႔ ကြၽန္မတို႔မိသားစု လေပါင္းမ်ားစြာ ဗိုက္႐ိုက္စားလို႔ရတယ္

ေရွာင္ေခ်ာင္းက ကုတင္ေပၚ ထိုင္ခ်လိုက္ရင္း ဗလုံးဗေထြးေရ႐ြတ္ျပန္တယ္ ။

ကြၽန္မတို႔သာ ဒီမိသားစုက ခြဲထြက္လိုက္ရင္
ဒီဒဏ္ေတြ ခံစားရေတာ့မွာ မဟုတ္ဘူး !

ေရွာင္လ်န္ရဲ႕ မ်က္လုံးေတြက ေမွ်ာ္လင့္ခ်က္နဲ႔ အေရာင္ေတာက္သြားၿပီးေနာက္ တစ္ခုခုကို ေတြးမိသြားဟန္နဲ႔ အေရာင္ျပန္မွိန္သြားတယ္ ။ ေရွာင္လ်န္က ေခါင္းကို ညိတ္လိုက္ၿပီး

ဒါေပမယ့္ အဘြားက လုံးဝ သေဘာတူမွာမဟုတ္ဘူး... သူက ဦးေလးငယ္ရဲ႕ ေက်ာင္းစရိတ္အတြက္ အေဖ့လုပ္အားခေတြကို အားကိုးေနရဆိုေတာ့ေလ !

မင္းတို႔ႏွစ္ေယာက္ ဘာေတြ ေျပာေနၾကတာလဲ! မိသားစုဆိုတာ မိဘေတြ အသက္ရွင္ေနသေ႐ြ႕ စည္းစည္းလုံးလုံးစုစည္းေနရတာ... မင္းတို႔ အဖိုးအဖြားေတြက အခုထိ သက္ရွိထင္ရွားရွိေနၾကတုန္းပဲ... မိသားစုခြဲဖို႔ဆိုတာ လူ ေျပာစရာျဖစ္ေအာင္ ႀကံစည္တာပဲ... ဒီလို အေၾကာင္းအရာေတြကို အျပင္မွာ ေယာင္လို႔ေတာင္ မေျပာမိၾကေစနဲ႔ !

အသားေပါင္းကို ေႏႊးၿပီးေတာ့ အမ်ိဳးသမီးလ်ိဳက ဆားႏွယ္ထားတဲ့ အသီးအ႐ြက္တစ္ခ်ိဳ႕ကို ထည့္လိုက္တယ္ ။ ၿပီးေတာ့ သူမက အသားေပါင္းပန္းကန္ကို ေခ်ာင္းအာနဲ႔ရွီထုန္ဆီကို ေပးလိုက္တယ္။

အမ်ိဳးသမီးလ်ိဳက သူ႔ကေလးေတြကို မနက္ျဖန္ေကြၽးရေအာင္ က်န္ေနတဲ့ အစာသြတ္မုန႔္ေတြကို စကၠဴနဲ႔ျပန္ပတ္လိုက္တယ္ ။ ဒါေပမယ့္ အာ႐ုံမ်ားေနတုန္း ေရွာင္ေခ်ာင္းက သူမပါးစပ္ထဲကို မုန႔္တစ္ခုထည့္ေပးလိုက္တယ္ ။

ကြၽီ ~~

သစ္သားတံခါး ႐ုတ္တရက္ပြင့္လာတဲ့ အသံက အခန္းထဲက လႈပ္လႈပ္ရွားရွားျဖစ္ေနတဲ့ အေျခအေနကို တန႔္သြားေစတယ္ ။ အမ်ိဳးသမီးလ်ိဳလည္း ပါးစပ္ထဲကမုန႔္ကို ကတိုက္က႐ိုက္ မ်ိဳခ်လိုက္ေတာ့တယ္။ သူမလက္ကလည္း ပါးစပ္နားက မုန႔္အႂကြင္းအက်န္ေတြကို သိပ္မသိသာေအာင္ ျမန္ျမန္ ဖယ္ရွား လိုက္တယ္။

မ်က္လုံးငါးစုံလုံးက တံခါးဆီကို ခ်က္ခ်င္းၾကည့္လိုက္ၾကတယ္။
တံခါးကပြင့္သြားေပမယ့္ ဝင္လာတဲ့လူကိုေတာ့ မေတြ႕ရေပ။ ေအာက္ကိုၾကည့္လိုက္မွ ဦးေခါင္းေသးေသးေလးကေန ထိုးထြက္ေနတဲ့ ခပ္ႀကီးႀကီးနား႐ြက္တစ္စုံပါတဲ့ အေကာင္ေလးက အခန္းထဲကို စပ္စပ္စုစုနဲ႔စစ္ေဆးေနတာကို ေတြ႕ရတယ္ ။ ၾကည္လင္ေတာက္ပေနတဲ့ မ်က္လုံးေတြထဲမွာ
ယြီေရွာင္ေခ်ာင္းပုံရိပ္ကို ေတြ႕လိုက္ရေတာ့ အဲ့ဒါေလးက ေရွာင္ေခ်ာင္းဆီ ခုန္ေပါက္ၿပီး ေျပးလာေတာ့တယ္ ။ အဲ့ဒီအေကာင္ေလးက ယြီေရွာင္ေခ်ာင္းနားေရာက္ေတာ့ အ႐ိုးေတာင္းေနတဲ့ ေခြးကေလးတစ္ေကာင္ႏွယ္ ယြီေရွာင္ေခ်ာင္းရဲ႕ ေျခခ်င္းဝတ္ကို သူ႔ရဲ႕ဦးေခါင္းနဲ႔ ပြတ္သပ္လို႔ေနတယ္ ။

ဟယ္ ခ်စ္စရာေလး !

ယြီေရွာင္လ်န္က ေအာက္မွာရွိေနတဲ့ အေကာင္ေလးကို သူမရင္ခြင္ထဲ ေပြ႕ခ်ီၿပီး အသည္းယားစြာ ဆိုလိုက္တယ္ ။ လက္တစ္ဖက္နဲ႔ ယုယုယယ ပြတ္သပ္ေပးလိုက္ၿပီးေနာက္ ေရွာင္လ်န္က အဲ့ဒီအေကာင္ေလးရဲ႕ ႏူးညံ့တဲ့အေမႊးေတြထဲ သူ႔မ်က္ႏွာကို တိုးေဝွ႔ပြတ္သပ္လိုက္တယ္ ။

ဒီအေကာင္ေပါက္ေလး ~~ အဲ့ဒါ ေက်ာက္ဟန္ ဖမ္းလာတာေလ ! ရွီထုန္ေလးက အဲ့ေကာင္ေလးကို အရမ္းသေဘာက်ေနလို႔ ေက်ာက္ဟန္က ခဏေမြးဖို႔ ေပးလိုက္တာ... ဒီေကာင္ေလး ဗိုက္ဆာေနတာလားမသိဘူး မဟုတ္ရင္ အခန္းထဲဝင္လာမွာ မဟုတ္ဘူး... "

ယြီဟိုင္က ေရွာင္လ်န္ကို ေမာင္ႏွမႏွစ္ေယာက္အစား ရွင္းျပလိုက္တယ္ ။

ယြီေရွာင္လ်န္က တစ္လအ႐ြယ္ေတာင္မရွိေသးတဲ့ ဒရယ္ေပါက္ေလးကို တင္းတင္းက်ပ္က်ပ္ေပြ႕ဖက္လိုက္ၿပီး ျပန္လႊတ္ေပးရမွာေတာင္ ဝန္ေလးေနမိတယ္ ။

" ၿခံထဲမွာ ကြၽန္မ ဒီေန႔ စုထားတဲ့ ငါးညႇီပင္ေတြ
ရွိေသးတယ္... အဲ့တာ ေကြၽးဖို႔ သြားယူလိုက္မယ္... ဒီေကာင္ေလးၾကည့္ရတာ နာနာခံခံလည္းရွိၿပီးေတာ့ လူလည္း လုံးဝ မေၾကာက္တတ္ဘူး! ခ်စ္စရာေလး! "

ကံမေကာင္းစြာနဲ႔ပဲ ေရွာင္လ်န္က အထင္မွားခဲ့မိတယ္ ။ သူထင္တာ ဒီေကာင္ေလးက ငါးညႇီပင္ေတြကို ႀကိဳက္မယ္လို႔ ထင္ခဲ့တာ ။ တကယ္တမ္း သူမျပန္လာၿပီးေကြၽးေတာ့ ဒရယ္ေလးက ငါးညႇီပင္ေတြကို နည္းနည္းေလာက္ အနံ႔ခံၾကည့္ၿပီး မစားခ်င္တဲ့ အမူအရာနဲ႔ တစ္ဖက္ကို လွည့္သြားတယ္ ။

ဒရယ္ေလးက ေရွာင္ေခ်ာင္းကို သနားစဖြယ္ၾကည့္လိုက္ၿပီး ေရွာင္လ်န႔္လက္ထဲကေန ေျမေပၚျပန္ဆင္းဖို႔ အတင္း႐ုန္းကန္ေနေလေတာ့တယ္ ။ ေရွာင္လ်န္လည္း ဒရယ္ေလး ျပဳတ္က်သြားမွာ စိုးတာေၾကာင့္ ေအာက္ကို ျပန္ခ်ေပးလိုက္တယ္ ။ ေရွာင္လ်န္က ျမက္႐ိုင္းေတြခ်ေကြၽးၾကည့္ေတာ့လည္း ဒရယ္ေလးက လုံးဝ မစားဘဲ ေရွာင္ေခ်ာင္းနားကိုခ်ည္း ကပ္ဖို႔ ႀကိဳးစားေနတယ္ ။

ေရွာင္လ်န္က စိတ္ပ်က္လက္ပ်က္နဲ႔ သက္ျပင္းခ်လိုက္ၿပီး

သူက ညီမေလးကိုပဲ သေဘာက်တာထင္တယ္ ... အဲ့ဒါ ညီမေလးက သူ႔ကို ျပန္ေခၚလာတဲ့သူ မလို႔ပဲ ျဖစ္ရမယ္

ေရွာင္ေခ်ာင္းက ေရွာင္လ်န႔္လက္ထဲျမက္တခ်ိဳ႕ကို လက္တစ္ဆုပ္စာေလာက္ယူလိုက္ၿပီး ေရွာင္လ်န႔္ကို စလိုက္တယ္

ၾကည့္ရတာ ဒရယ္ေလးက အသန႔္ႀကိဳက္ပုံပဲ ၿပီးေတာ့ ေရွာင္လ်န႔္ကို ျငင္းလိုက္တာက ငါးညႇီပင္ေတြက စားဖို႔ မသန႔္ဘူးလို႔ သူထင္ေနတာ ျဖစ္ရမယ္

ေရွာင္ေခ်ာင္းက အံ့ဖြယ္ေက်ာက္တုံးေရ ထည့္ထားတဲ့ ခရားတစ္ခုကိုယူလိုက္ၿပီး ငါးညႇီပင္ေတြကို ေဆးလိုက္တယ္။ ၿပီးေတာ့ ဒရယ္ေလးကို ထပ္ေကြၽးၾကည့္လိုက္တယ္ ။ ဒီတစ္ႀကိမ္ေတာ့ ဒရယ္ေလးက ခုဏကလို မဟုတ္ေတာ့ဘဲ ငါးညႇီပင္ေတြကို အားရပါးရစားေတာ့တယ္ ။

ဒရယ္ေလးက တကယ္ႀကီး အသန႔္ ႀကိဳက္တာပဲ
ရွီထုန္ေလးက ေျပာရင္းနဲ႔ ရယ္ေနေလတယ္ ။ သူလည္းပဲ ငါးညႇီပင္နည္းနည္းေလာက္ယူလိုက္ၿပီး အံ့ဖြယ္ေက်ာက္တုံးေရနဲ႔ ေဆးလိုက္တယ္ ။

ေရွာင္ေခ်ာင္းလက္ထဲက ငါးညႇီပင္ေတြကို စားၿပီးေတာ့ ဒရယ္ေလးက အေမ့ႏို႔ထက္အရသာရွိ
သေယာင္ထင္ရတဲ့ အရာကို စားဖို႔ ရွီထုန္ေလးဆီ သြားလိုက္တယ္ ။ ၿပီးေနာက္ ရွီထုန္႔လက္ထဲက ငါးညႇီပင္ေတြကို စ စားေတာ့တယ္ ။ ေရွာင္လ်န္ကလည္း ေမာင္ေလးနဲ႔ညီမေလးကို ၾကည့္ၿပီး သူလည္း က်န္တဲ့ေရေတြနဲ႔ ငါးညႇီ႐ြက္လက္က်န္ေတြကို လိုက္ေဆးလိုက္တယ္ ။ ေရွာင္ေခ်ာင္းက အဲ့ဒါကို ၾကည့္ၿပီး နည္းနည္းေတာ့ စိတ္ထဲ မသက္မသာျဖစ္မိတယ္ ။

' ဒီ အသုံးအျဖဳန္းႀကီးတဲ့ ေကာင္မေလးက အံ့ဖြယ္ေက်ာက္တုံးေရ ႏွစ္ဇလုံစာေလာက္ကို သုံးပစ္ခဲ့တာ... ဒီေလာက္အဖိုးတန္တဲ့ ေရေတြကို T_T

အံ့ဖြယ္ေက်ာက္တုံးေရရဲ႕ ေကာင္းက်ိဳးေတြကိုသိၿပီးတဲ့ေနာက္ ေရွာင္ေခ်ာင္းက တစ္မိသားစုလုံးကိုအၿမဲ တစ္ခြက္စီတိုက္ေလ့ရွိတယ္ ။ ေရရဲ႕အစြမ္းကေတာ့ လုံးဝကို အံ့ဖြယ္ပဲ ။ ေရွာင္ေခ်ာင္းကို ထားပါဦး ။ သူ႔အေမ အမ်ိဳးသမီးလ်ိဳဆိုရင္ အဲ့ဒီေရေသာက္ၿပီး ႏွစ္လေလာက္ၾကာေတာ့ သူမသိသိသာသာကို က်န္းမာလာခဲ့တာ ။ ခႏၶာကိုယ္ကေတာ့ ပိန္တုန္းဆိုေပမယ့္ သူမက အရင္ကနဲ႔မတူဘဲ ေတာ္ေတာ္ႀကီး ဒဏ္ခံလာႏိုင္ခဲ့တယ္ ။ မၾကာခင္ကမွ အမ်ိဳးသမီးလ်ိဳ မိုးမိခဲ့ေသးတယ္။ အံ့ဖြယ္ေက်ာက္တုံးရဲ႕ေရ မရွိခင္တုန္းကသာ ျဖစ္ခဲ့မယ္ဆိုရင္ သူမ အဖ်ားႀကီးဖ်ားသြားမည္ျဖစ္သည္။ အခုေတာ့ အားျပန္ရလာဖို႔ ဂ်င္းျပဳတ္ရည္ေလးတစ္ခြက္ပဲ ေသာက္လိုက္ရသည္။ ႏွာေတာင္မစီးခဲ့ေပ။

ယြီဟိုင္ကလည္း သူအရင္ကထက္ အခု ပိုၿပီး သန္မာလာတယ္လို႔ ဆိုတယ္ ။ အရင္ကဆို ၁၀၀က်င္း အေလးခ်ိန္ရွိတဲ့ ေတာေကာင္ႀကီးေတြ ဖမ္းၿပီးျပန္လာတိုင္း ယြီဟိုင္က ကုတင္ေပၚ အၾကာႀကီး ျပန္အနားယူရတယ္ ။ အခုေတာ့ အဲ့လိုမဟုတ္ေတာ့ေပ ။က်င္း၃၀ က်င္း၄၀ ေလာက္ အေလးခ်ိန္ေတာင္ ထပ္ထည့္ႏိုင္ေသးတဲ့ အေနအထားကို ေရာက္ေနၿပီ ။

အဲ့ဒီ အက်ိဳးရလဒ္ေတြကို စဥ္းစားမိၿပီး ေရွာင္ေခ်ာင္းက လက္ထဲက ကရားအလြတ္ကို ယူၿပီး အေစာကဆူေနတဲ့ ေရေႏြးေတြနဲ႔ထပ္ျဖည့္ဖို႔ မီးဖိုေခ်ာင္ထဲ လာခဲ့လိုက္တယ္ ။ သူမက လက္ေကာက္ဝတ္က ငါးေရာင္ျခယ္ေက်ာက္တုံးကို ဂ႐ုတစိုက္ယူလိုက္ၿပီးေနာက္ ကရားထဲ ႏွစ္ခ်လိုက္တယ္ ။ ဒီေရာင္စုံေက်ာက္တုံးေလးထဲကေန အံ့ဖြယ္ေက်ာက္တုံးရဲ႕ စိတ္ဝိညာဥ္ ထြက္လာၿပီးေရထဲမွာ လြတ္လြတ္လပ္လပ္ ကူးခပ္ေနတယ္ ။

အခန္းထဲကသူေတြသာ ဒီနားမွာရွိေနရင္ ဒီျဖစ္ရပ္ကို ၾကည့္ၿပီး ၾကက္ေသေသေနၾကမွာ က်ိန္းေသပဲ ။ ဘယ္လိုလုပ္ ေ႐ႊေရာင္ေၾကာင္ပိစိေလးက ေရကရားထဲရွိေနၾကတာလည္းဆိုၿပီး ။ ဒါတင္မက အဲ့ဒီေၾကာင္ေလးက ကရားထဲမွာ ေရနစ္ေနသလို ေျခေတြလက္ေတြကို အဆက္အျပတ္ ရမ္းခါ ေနေသးတယ္ ။

ေနာက္ၿပီး အံ့ဖြယ္ေက်ာက္တုံးေလးက
မေက်မခ်မ္းနဲ႔ တတြတ္တြတ္ဆိုတယ္ ။

[ ကန႔္ကြက္တယ္ ကန႔္ကြက္တယ္ ! ဒီေနရာမွာ ဝိညာဥ္ေမွာ္အစြမ္းေတြ လုံလုံေလာက္ေလာက္မရွိဘူး! ဂ်င္းဆင္းပင္ေတြ မရွိတာက တစ္ခု ဒါေပမယ့္ ဘယ္သူက ဒီခ်ာတူးလန္ ေရေတြကို လိုခ်င္မွာလဲ။ ဒီဝိဉာဥ္က ေတာင္ေတြထဲက ဝါးသစ္ေတာမွာရွိတဲ့ ေရေတြကိုပဲ လိုခ်င္တာ! "

ဒီေလာက္ေလးနဲ႔ပဲ တင္းတိမ္ေပးလို႔ မရႏိုင္ဘူးလား ဒီ အံ့ဖြယ္ေက်ာက္တုံးေရက ငါတို႔အတြက္ တကယ္ကိုအသုံးဝင္လို႔ပါ ေနာက္ၿပီး မင္းအတြက္လည္း အက်ိဳးအျမတ္ရမွာပဲဟာ... မင္းတကယ္လို႔ ေက်ာက္တုံးပဲ ဆက္လုပ္ေနမယ္ဆို ငါမင္းကို ဒီနားက စမ္းေခ်ာင္းထဲ လႊင့္ပစ္ၿပီး ဘယ္ေတာ့မွ ျပန္မေကာက္ေတာ့ဘူးေနာ္!

ဒရယ္ေလးကို အစာေကြၽးတုန္းကလိုပဲ ဒီမာနႀကီးၿပီး ဂဂ်ီဂေဂ်ာင္လုပ္ေနတဲ့ အံ့ဖြယ္ေက်ာက္တုံးကို ယြီေရွာင္ေခ်ာင္းက စိတ္ပိုင္းဆိုင္ရာနဲ႔ ၿခိမ္းေျခာက္လိုက္ေတာ့တယ္ ။

......

[Unicode]
အပိုင်း-၃၅ ( ချစ်စရာ အိမ်မွေးတိရိစ္ဆာန်)

ယွီရှောင်ချောင်းက ဝမ်းသာအားရနဲ့ ရှေ့ကိုပြေးထွက်လာတယ် ။ သူမအဖေက ခါးကိုင်းလိုက်ပြီး သူမကို ပွေ့ချီလိုက်တယ် ။ ယွီရှောင်ချောင်းက ရှက်ကိုးရှက်ကန်းပုံစံလေးနဲ့ သူမအဖေ ပါးစပ်ထဲ သစ်အယ်သီးကို ထည့်ပေးလိုက်ပြီး ရယ်ပြုံးလျက်

အဖေ သမီး ထောင်ချောက် ဘယ်လိုဆင်ရမလဲ
ဆိုတာ သင်ခဲ့တယ်! တောယုန်ရိုင်းကြီးတစ်ကောင်တောင် ဖမ်းမိခဲ့သေးတယ်! နောက်ပြီး အဲ့တာက အသက်ရှင်နေသေးတယ်!

ယွီဟိုင်က ဒါကိုကြားတော့ သူ့သမီးကို ချီးကျူးဖို့ ဝန်လေးမနေခဲ့ဘူး ။

ငါတို့ ချောင်းအာက တကယ် တောကောင်ဖမ်းတတ်နေပြီပဲ... နောက်ဆို အဖေက ချောင်းအာ ဖမ်းတဲ့ ယုန်တွေစားဖို့ပဲ အိမ်က ထိုင်စောင့်နေတော့မယ်

အဖေ အဖေ! ကျွန်တော်တို့ ဒရယ်အသေးလေး တစ်ကောင်လည်း ဖမ်းမိခဲ့သေးတယ်! ကြည့်လိုက်ဦး အဲ့တာလေးက လမ်းပြစရာတောင်မလိုဘဲ ကျွန်တော်တို့ နောက်ကို လိုက်နေတာ... တော်တော် လူယဉ်တဲ့ ဒရယ်လေးပဲ! "
ရှီထုန်က ကြည်နူးစွာ ပြောတယ် ။

သူက သူ့အဖေရဲ့ ဘောင်းဘီကို လက်တစ်ဖက်နဲ့ဆွဲပြီး သူတို့နားပတ်ပြေးနေတဲ့ ငတုံးဒရယ်လေးကို ညွှန်ပြလိုက်တယ် ။

ယွီဟိုင်က မြေပြင်ပေါ်က သတ္တဝါငယ်လေးကို အနီးကပ် ကြည့်ကြည့်ဖို့ ခေါင်းကို ငုံ့လိုက်တယ် ။ အစောပိုင်းတုန်းက မှောင်နေတာမို့ သိပ်ပြီး ရှင်းရှင်းလင်းလင်း မမြင်ရတာကြောင့် ယွီဟိုင်က အဲ့ဒီအကောင်လေးကို တခြားမိသားစုက ခွေးလေးလို့ပဲထင်လိုက်မိတယ်။ ဒါပေမယ့် အဲ့ဒါလေးက တကယ် ဒရယ်ပေါက်လေးတစ်ကောင် ဖြစ်နေခဲ့မယ်လို့တော့ ယွီဟိုင် မထင်ခဲ့မိပေ ။

ယွီဟိုင်က ယွီရှောင်ချောင်းကို ချီထားရာမှ အောက်ကိုချလိုက်ပြီး ဒရယ်ပေါက်လေးကို ကြည့်ဖို့ ခါးကို ကိုင်းညွတ်လိုက်တယ် ။ဒီ အကောင်လေးရဲ့ မျက်ဆံနက်နက်တွေက ပြူးကျယ်ပြီး ရှုပ်ထွေးနေတယ် ။ ဒရယ်ပေါက်လေးက ယွီရှောင်ချောင်းကို ကြည့်လိုက်ပြီး ရှောင်ချောင်းရဲ့ ခြေထောက်ကို သူ့ရဲ့ဦးခေါင်းနဲ့ စတင် ပွတ်သပ်နေတော့တယ် ။

ဟေး...!

ဒီလို လူမကြောက်တတ်တဲ့ ဒရယ်လေးမျိုးကို ယွီဟိုင်အရင်က တစ်ခါမှ မတွေ့ဖူးဘူး ။ ကြည့်
ရတာ ဒီအကောင်လေးနဲ့ သူ့အမေနဲ့ လမ်းကွဲပြီး ရှောင်ချောင်းတို့ကို သူနဲ့ မျိုးနွယ်တူတွေလို့များ ထင်နေတာလားမသိဘူး ။ တုံးလိုက်တဲ့ဒရယ်လေး... ။ သူ့နာမည်မှာကို "ငတုံး" ဆိုတဲ့ စကားလုံးလေးက ပါနေတော့ သူကအရမ်းတော့ ပါးနပ်မှာမဟုတ်ဘူး ။

ချောင်းအာ ဒီဒရယ်လေးကို မင်း ဖမ်းခဲ့တာလား ကျောက်ဟန် ဖမ်းခဲ့တာလား? ငါတို့ ဘယ်တော့မှ တခြားသူတွေရဲ့အကျိုးအမြတ်ကို အချောင်ယူတာမျိုးတွေ မလုပ်သင့်ဘူးနော် ! အကိုကျောက်လို့ခေါ်တဲ့ ကျောက်ပုဖန်းက သူ့ကိုကူညီစောင့်ရှောက်ပေးခဲ့တာမလို့ ယွီဟိုင်က အလွန် ကျေးဇူးတင်ခဲ့ရတယ် ။ သူ့ရဲ့ အမဲလိုက်စွမ်းရည်အများစုကလည်း ကျောက်ပုဖန်းဆိုတဲ့ သူငယ်ချင်းဆီကနေပဲ သင်ယူခဲ့တာကြောင့် အငယ်ဆုံးသမီးက ဆင်ခြင်တုံတရားကင်းမဲ့စွာနဲ့ တခြားသူအပေါ် ဝန်ပိုပေးမိမှာကို ယွီဟိုင်က စိုးရိမ်နေတယ် ။

ယွီရှောင်ချောင်းက ခေါင်းကိုခါလျက် ရယ်တယ် ။

ဒီနေ့ ထောင်ချောက် ဘယ်လိုဆင်ရမလဲဆိုတာပဲ သမီး သင်ခဲ့တာပါ အဲ့တာကြောင့် ဒီနေ့ ယုန်ရိုင်းတစ်ကောင်ဖမ်းလာမိခဲ့တာ အခုမှ အမဲစလိုက်သူ တစ်ယောက်အဖို့ ကံကောင်းမှု သက်သက်ရယ်ပါပဲ... ဒီဒရယ်လေးက တကယ်တော့ အကိုကျောက်ဟန်ရဲ့ဟာပါ... သမီးတို့က ရက်နည်းနည်းလောက် ကြည့်ပေးထားဖို့ပဲ ကူညီပေးတာပါ... အဲ့တာပြီးရင် သူ့ကို အကိုကျောက်ဟန်ဆီ ပြန်ပို့မှာ

ယွီဟန်က ထောက်ခံတဲ့သဘောနဲ့ ခေါင်းကို ညိတ်လိုက်တယ် ။

ဒီလိုလုပ်တာ မှန်တယ်! ရက်နည်းနည်းလောက် သူနဲ့ ဆော့လို့ ဝပြီဆိုတာနဲ့ သူ့သခင်ဆီ ပြန်ပို့ပေးသင့်တယ်! ဒီသတ္တဝါလေးက ထိန်းသိမ်းဖို့ လွယ်ရဲ့လားတော့ မသိဘူး ဒါပေမယ့် မင်းတို့ သူ့ကိုတော့ သေချာ ဂရုစိုက်ပေးရလိမ့်မယ်... မင်းတို့နဲ့ရှိနေစဉ်အတွင်း သူ့ကို မသေစေနဲ့နော်! မင်းတို့နှစ်ယောက် ဒီအကောင်လေးကို တကယ်ပဲ ရက်အနည်းငယ် ခေါ်ထားချင်တယ်ဆို မနက်ဖြန် အဖေ ကျောက်မိသားစုဆီ အသားစိမ်းတချို့ သွားပေးလိုက်မယ်... ကိုယ့်ဘက်က တစ်ခုခု
မကမ်းလှမ်းဘဲ တခြားသူဆီကနေ အရာတစ်ခုကို ဘယ်တော့မှ အလကားမလိုချင်ရဘူး ... သားတို့သမီးတို့ နားလည်တယ်နော်?

စိတ်မပူပါနဲ့ အဖေ!

ယွီရှောင်ချောင်းက သူမလွယ်အိတ်ထဲက သစ်အယ်သီး နှစ်လုံးကို ထုတ်လိုက်ပြီး သူမအဖေကို ပေးလိုက်တယ် ။

အဖေ စားကြည့်ပါဦး! ခုဏက သမီးတို့ တောထဲကနေ ရှာတွေ့လာတဲ့ သစ်အယ်သီးတွေကို အရီးကျောက်က လှော်ပေးလိုက်တာ... တော်တော်စားလို့ကောင်းတယ်!

အငယ်ဆုံသားရဲ့ အိတ်ထဲကနေ သစ်အယ်သီးတချို့ ပြုတ်ကျနေတာတွေ့တော့ ယွီဟိုင်က ကောက်ပေးရင်း မေးလိုက်တယ် ။

မင်းတို့ နှစ်ယောက် တနေကုန် ဦးလေးကျောက်တို့ အိမ်မှာ ရှိနေခဲ့တာလား? သူ့အိမ်မှာ ဘာပြဿနာမှတော့ မရှာခဲ့ဘူးမလား

ကျွန်တော်တို့ မြို့ကိုလည်း သွားခဲ့တယ်... ကြည့်လိုက်! ဒုတိယအစ်မက ကျွန်တော့်ကို အစာသွတ်မုန့်တွေတောင် ဝယ်ပေးသေးတယ် !!

ရှီထုန်လေးက အစ်မဖြစ်သူကို ပေးထားတဲ့ ကတိကိုမေ့ပြီး သူ့အစ်မကို အဖေ့ဆီ ရောင်းစားခဲ့လေတော့တယ် ။ (ရောင်းစား=အလိမ်ဖော်)

ယွီဟိုင်က တဖြည်းဖြည်း မျက်မှောင်ကျုံ့လာပြီးနောက် စက္ကူနဲ့ပတ်ထားတဲ့ အစာသွတ်မုန့်တွေကို ကြည့်လိုက်တယ် ပြီးနောက် ယွီရှောင်ချောင်းကို ကြည့်လိုက်တယ် ။ ဒီအစာသွတ်မုန့်တွေဝယ်ဖို့ သူတို့ ဘယ်က ပိုက်ဆံရတာလဲ ပင်လယ်ခရုတွေ ရောင်းတုန်းက ကျန်တဲ့ပိုက်ဆံတွေဆိုတာ တကယ်ရော ဟုတ်ရဲ့လား

အဖေ , အကိုကျောက်ဟန်က ဒီနေ့ တောကောင်တွေအများကြီးရတယ်... အဲ့ဒါတွေရောင်းဖို့ သူက မြို့ကိုသွားတာ... အဲ့ဒါ သမီးတို့လည်း အားနေတာနဲ့ တလက်စတည်း လိုက်သွားလိုက်ကြတာ... သမီးလည်း ဒီနေ့ ယုန်ရိုင်းတစ်ကောင် ဖမ်းမိသေးတယ်လေ... အဲ့ဒါကိုပါ ရောင်းလိုက်တယ်... အဲ့ဒါရောင်းရငွေက ကြေးဒင်္ဂါးတစ်ရာကျော်ရတယ် အဲ့ငွေနဲ့ သကြားလုံးနဲ့ မုန့်တွေ ဝယ်လိုက်တာ... ဒီမှာ ကျန်တဲ့ငွေတွေ !

ယွီရှောင်ချောင်းက သူမ ဝှက်ထားတဲ့ ဒင်္ဂါးတွေကိုတော့ ထုတ်မပြခဲ့ပေ ။ အဲ့ဒီအစား ငါးဆယ်ခြောက်ဆယ်လောက်ပဲတန်မယ့် ငွေဒင်္ဂါးအနည်းငယ်ကိုသာ ပြလိုက်တယ် ။ ယွီဟိုင်က ကလေးနှစ်ယောက်ကို ခေါ်ကာ အိမ်ကိုပြန်လာခဲ့ပြီး ဆုံးမစကား ဆက်ဆိုတယ် ။

မင်းတို့ သုံးယောက်က တကယ်ကို မိုက်ရူးရဲလေးတွေပဲ ! မင်းတို့သုံးယောက်ထဲက အကြီးဆုံးတစ်ယောက်တောင်အခုမှ ၁၂,၁၃ အရွယ်လေးပဲရှိသေးတာ... ဒါကိုတောင် မင်းတို့က မြို့ကို သွားရဲသေးတယ်ပေါ့ မတော်လို့များ ကလေးဖမ်းတဲ့သူတွေနဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ ...

နောက်ခါမြို့ကို သွားချင်ရင် အဖေ အသားရောင်းသွားတဲ့အချိန်ကို စောင့်ပြီးမှ သွား... ဒါမှ မင်းတို့ ပင်ပန်းတဲ့အခါ အဖေ နည်းနည်းပါးပါး ချီသွားပေးလို့ရမှာ

ကျွန်တော်တို့ မပင်ပန်းပါဘူး... ရှီရှန်းရွာက အဘိုးကျန်းက နွားလှည်းနဲ့လာတာတွေ့လို့ ကျွန်တော်တို့သူနဲ့လိုက်သွားကြတာ... ဒုတိယအမက သူ့ကို မုန့်တစ်ထုပ်တောင် လက်ဆောင် ပေးခဲ့သေးတယ်

ရှီထုန်လေးက ပြောရင်း အဲ့ဒီ အစာသွတ်မုန်ထုပ်လေးကိုတောင် နည်းနည်းနှမြောသလိုလိုရှိလာတယ် ။

ဒါဆို မင်းရဲ့ ဒုတိယအစ်မက မှန်ကန်တဲ့ လုပ်ရပ်ကို လုပ်ခဲ့တာပဲ... သူများဆီက အကူအညီယူပြီးရင် ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ ကိုယ့်ဘက်က တစ်ခုခု ပြန်ပေးရမယ်... အဲ့လိုမှ မဟုတ်ဘဲ သူများဆီက အကူအညီချည်းယူနေရင် နောက် အခက်အခဲကြုံတဲ့အခါ ဘယ်သူမှ ကိုယ့်ကို ကူညီချင်တော့မှာ မဟုတ်ဘူး

ယွီဟိုင်က သူ့ကလေးတွေကို စတင် လမ်းညွှန် သင်ကြားလိုက်တယ် ။

တအောင့်လောက်နေတော့ သူတို့ အိမ်ခြံဝင်း ထဲကို ပြန်ရောက်လာခဲ့ကြတယ် ။ အဲ့ဒီအချိန်မှာတော့ ကောင်းကင်က လုံးဝမှောင်နေလေပြီ။ မြောက်ပိုင်းဒေသက ဆောင်းဦးညတွေက အအေးပိုလေ့ရှိတယ် ။ ဒုတိယမိသားစုကလွဲလို့ ယွီမိသားစုတစ်ခုလုံးက ကိုယ့်အခန်းထဲကိုယ်ဝင်ပြီး အနားယူနေကြပြီ ။ တစ်အိမ်လုံးမှာ အရှေ့ဘက်အစွန်းက အခန်းလေးတစ်ခန်းပဲ အလင်းမှိန်မှိန်လေး လင်းနေတယ် ။

ချောင်းအာနဲ့ ရှီထုန် မင်းတို့ ဗိုက်ဆာနေလောက်ရောပေါ့... မင်းတို့အဖေ သိမ်းထားတဲ့ အသားပေါင်းကျန်သေးတယ်... အမေမင်းတို့အတွက် နွှေးပေးမယ်... နှစ်ယောက်ခွဲစားလိုက်ကြနော်!

ဒီဘဝမှာ စိတ်နှလုံးနူးညံ့တဲ့အမေရှိရခြင်းရဲ့ ကောင်းကျိုးတွေက ရုတ်တရတ် ပေါ်လာတယ် ။ အရင်ဘဝတုန်းက အမေကလည်း သူမ ညည အိမ်အပြင်ဘက်မှာ ဆော့ပြီးပြန်လာတိုင်း ကျန်တဲ့အစားအသောက်တွေ နွှေးပြီး ကျွေးလေ့ရှိတယ် ။ ရှီထုန်လေးက တံခါးကို မပိတ်ခင် ခေါင်းလေးကိုမော့ပြီး သေချာချောင်းကြည့်လိုက်တယ် ။ နောက်ပြီးသူက အစာသွတ်မုန့်အိတ်ကို ထုတ်ပြီး အားလုံးကို ခွဲဝေပေးဖို့ လုပ်တော့တယ် ။ ရှီထုန်လေးက ဒီလိုသရေစာမုန့်တွေချိူချဉ်တွေကို အရမ်းကြိုက်ပေမယ့် ဘယ်သောအခါမှ သူတစ်ယောက်တည်းစားလေ့မရှိပေ ။ ဆီစက္ကူနဲ့ပတ်ထားတဲ့ အစာသွတ်မုန့် ခြောက်ခုကို သူက အိမ်သားတွေအတွက် တစ်ယောက်တစ်ခုစီ မျှဝေပေးတယ် ။ သူက ကျန်နေတဲ့ နောက်ဆုံးတစ်ခုကို ငေးကြည့်ပြီးနောက် တွန့်တွန့်ဆုတ်ဆုတ်လေးပြောတယ် ။

ဒီတစ်ခုကို အကြီးဆုံးအကို အတွက်သိမ်းထားမယ်

ရှီထုန်လေးစကားကို ကြားပြီးနောက် ယွီဟိုင်နဲ့ သူ့ဇနီး မျက်နှာ သိသိသာသာ ညှိုးသွားတယ် ။ အခန်းတစ်ခုလုံးမှာ အနေရခက်တဲ့ တိတ်ဆိတ်မှုတွေနဲ့ ပြည့်လို့နေတယ် ။ ခဏကြာ တိတ်နေပြီးနောက် ယွီဟိုင်က သက်ပြင်းချရင်း

မသိမ်းပါနဲ့တော့... မင်းရဲ့ အစ်ကိုကြီးက ဘယ်အချိန်မှ ပြန်လာနိုင်မယ်မှန်းမသိဘူး မုန့်က ကြာကြာထားရင် ရက်လွန်သွားလိမ့်မယ်... အဲ့တစ်ခုကို မင်းတို့ သုံးယောက်ပဲ ခွဲစားလိုက်... နောက်တစ်ခါ အဖေမြို့ကို သွားရင် မင်းတို့ အစ်ကိုကြီးစားဖို့ များများ ပိုဝယ်ပေးခဲ့မယ်

မြို့ကိုသွားတုန်းက အစ်ကိုကြီး အားနည်းနေပြီး မောမောပန်းပန်းအလုပ်လုပ်နေတာ တွေ့ခဲ့တဲ့ အကြောင်းကို ယွီရှောင်ချောင်း စဉ်းစားနေမိတယ် ။ သူမ နှလုံးသားနာကျင်သွားပြီနောက် ယွီရှောင်ချောင်းက အသံတိမ်တိမ်လေးနဲ့

အဖေ... အကိုကြီးကို ပြန်ခေါ်လိုက်ကြရအောင်ပါ... သူဟိုမှာ ဘယ်လောက်အဆင်ပြေတယ်ပြောပြော အိမ်မှာလောက်တော့ ဘယ်သက်တောင့်သက်သာရှိပါ့မလဲ ဟုတ်တယ်မလား ?

အဖေလည်း မင်းတို့ အကိုကြီးကို ပြန်ခေါ်ချင်ပါတယ်... ဒါပေမယ့်...
သူတို့ သူ့ကိုသာအိမ်ပြန်ခေါ်လာရင် ဘာဖြစ်မတဲ့လဲ။ သေချာတာပေါ့ သူတို့အတွက် အိမ်မှာရန်ပွဲတစ်ခု အသင့်စောင့်နေလိမ့်မယ်။

ယွီရှောင်ချောင်းက ပြင်းပြင်းထန်ထန် မာန်မဲလိုက်တယ် ။

အဘွားနဲ့ အကြီးဆုံးအရီးက ကျွန်မတို့ကို ခိုကပ်စားနေတဲ့သူတွေဆိုပြီး အမြဲလိုလို သတ်မှတ်

နေတာ! ဒါပေမယ့် တကယ်တမ်းဆို ကျွန်မတို့က သူတို့လုပ်စာ စားနေတာမှ မဟုတ်ဘဲ ! အဖေ အခုရောင်းနေရတဲ့ သားကောင်တွေနဲ့ ကျွန်မတို့မိသားစု လပေါင်းများစွာ ဗိုက်ရိုက်စားလို့ရတယ်

ရှောင်ချောင်းက ကုတင်ပေါ် ထိုင်ချလိုက်ရင်း ဗလုံးဗထွေးရေရွတ်ပြန်တယ် ။

ကျွန်မတို့သာ ဒီမိသားစုက ခွဲထွက်လိုက်ရင်
ဒီဒဏ်တွေ ခံစားရတော့မှာ မဟုတ်ဘူး !

ရှောင်လျန်ရဲ့ မျက်လုံးတွေက မျှော်လင့်ချက်နဲ့ အရောင်တောက်သွားပြီးနောက် တစ်ခုခုကို တွေးမိသွားဟန်နဲ့ အရောင်ပြန်မှိန်သွားတယ် ။ ရှောင်လျန်က ခေါင်းကို ညိတ်လိုက်ပြီး

ဒါပေမယ့် အဘွားက လုံးဝ သဘောတူမှာမဟုတ်ဘူး... သူက ဦးလေးငယ်ရဲ့ ကျောင်းစရိတ်အတွက် အဖေ့လုပ်အားခတွေကို အားကိုးနေရဆိုတော့လေ !

မင်းတို့နှစ်ယောက် ဘာတွေ ပြောနေကြတာလဲ! မိသားစုဆိုတာ မိဘတွေ အသက်ရှင်နေသရွေ့ စည်းစည်းလုံးလုံးစုစည်းနေရတာ... မင်းတို့ အဖိုးအဖွားတွေက အခုထိ သက်ရှိထင်ရှားရှိနေကြတုန်းပဲ... မိသားစုခွဲဖို့ဆိုတာ လူ ပြောစရာဖြစ်အောင် ကြံစည်တာပဲ... ဒီလို အကြောင်းအရာတွေကို အပြင်မှာ ယောင်လို့တောင် မပြောမိကြစေနဲ့ !

အသားပေါင်းကို နွှေးပြီးတော့ အမျိုးသမီးလျိုက ဆားနှယ်ထားတဲ့ အသီးအရွက်တစ်ချို့ကို ထည့်လိုက်တယ် ။ ပြီးတော့ သူမက အသားပေါင်းပန်းကန်ကို ချောင်းအာနဲ့ရှီထုန်ဆီကို ပေးလိုက်တယ်။

အမျိုးသမီးလျိုက သူ့ကလေးတွေကို မနက်ဖြန်ကျွေးရအောင် ကျန်နေတဲ့ အစာသွတ်မုန့်တွေကို စက္ကူနဲ့ပြန်ပတ်လိုက်တယ် ။ ဒါပေမယ့် အာရုံများနေတုန်း ရှောင်ချောင်းက သူမပါးစပ်ထဲကို မုန့်တစ်ခုထည့်ပေးလိုက်တယ် ။

ကျွီ ~~

သစ်သားတံခါး ရုတ်တရက်ပွင့်လာတဲ့ အသံက အခန်းထဲက လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ အခြေအနေကို တန့်သွားစေတယ် ။ အမျိုးသမီးလျိုလည်း ပါးစပ်ထဲကမုန့်ကို ကတိုက်ကရိုက် မျိုချလိုက်တော့တယ်။ သူမလက်ကလည်း ပါးစပ်နားက မုန့်အကြွင်းအကျန်တွေကို သိပ်မသိသာအောင် မြန်မြန် ဖယ်ရှား လိုက်တယ်။

မျက်လုံးငါးစုံလုံးက တံခါးဆီကို ချက်ချင်းကြည့်လိုက်ကြတယ်။
တံခါးကပွင့်သွားပေမယ့် ဝင်လာတဲ့လူကိုတော့ မတွေ့ရပေ။ အောက်ကိုကြည့်လိုက်မှ ဦးခေါင်းသေးသေးလေးကနေ ထိုးထွက်နေတဲ့ ခပ်ကြီးကြီးနားရွက်တစ်စုံပါတဲ့ အကောင်လေးက အခန်းထဲကို စပ်စပ်စုစုနဲ့စစ်ဆေးနေတာကို တွေ့ရတယ် ။ ကြည်လင်တောက်ပနေတဲ့ မျက်လုံးတွေထဲမှာ
ယွီရှောင်ချောင်းပုံရိပ်ကို တွေ့လိုက်ရတော့ အဲ့ဒါလေးက ရှောင်ချောင်းဆီ ခုန်ပေါက်ပြီး ပြေးလာတော့တယ် ။ အဲ့ဒီအကောင်လေးက ယွီရှောင်ချောင်းနားရောက်တော့ အရိုးတောင်းနေတဲ့ ခွေးကလေးတစ်ကောင်နှယ် ယွီရှောင်ချောင်းရဲ့ ခြေချင်းဝတ်ကို သူ့ရဲ့ဦးခေါင်းနဲ့ ပွတ်သပ်လို့နေတယ် ။

ဟယ် ချစ်စရာလေး !

ယွီရှောင်လျန်က အောက်မှာရှိနေတဲ့ အကောင်လေးကို သူမရင်ခွင်ထဲ ပွေ့ချီပြီး အသည်းယားစွာ ဆိုလိုက်တယ် ။ လက်တစ်ဖက်နဲ့ ယုယုယယ ပွတ်သပ်ပေးလိုက်ပြီးနောက် ရှောင်လျန်က အဲ့ဒီအကောင်လေးရဲ့ နူးညံ့တဲ့အမွှေးတွေထဲ သူ့မျက်နှာကို တိုးဝှေ့ပွတ်သပ်လိုက်တယ် ။

ဒီအကောင်ပေါက်လေး ~~ အဲ့ဒါ ကျောက်ဟန် ဖမ်းလာတာလေ ! ရှီထုန်လေးက အဲ့ကောင်လေးကို အရမ်းသဘောကျနေလို့ ကျောက်ဟန်က ခဏမွေးဖို့ ပေးလိုက်တာ... ဒီကောင်လေး ဗိုက်ဆာနေတာလားမသိဘူး မဟုတ်ရင် အခန်းထဲဝင်လာမှာ မဟုတ်ဘူး... "

ယွီဟိုင်က ရှောင်လျန်ကို မောင်နှမနှစ်ယောက်အစား ရှင်းပြလိုက်တယ် ။

ယွီရှောင်လျန်က တစ်လအရွယ်တောင်မရှိသေးတဲ့ ဒရယ်ပေါက်လေးကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုက်ပြီး ပြန်လွှတ်ပေးရမှာတောင် ဝန်လေးနေမိတယ် ။

" ခြံထဲမှာ ကျွန်မ ဒီနေ့ စုထားတဲ့ ငါးညှီပင်တွေ
ရှိသေးတယ်... အဲ့တာ ကျွေးဖို့ သွားယူလိုက်မယ်... ဒီကောင်လေးကြည့်ရတာ နာနာခံခံလည်းရှိပြီးတော့ လူလည်း လုံးဝ မကြောက်တတ်ဘူး! ချစ်စရာလေး! "

ကံမကောင်းစွာနဲ့ပဲ ရှောင်လျန်က အထင်မှားခဲ့မိတယ် ။ သူထင်တာ ဒီကောင်လေးက ငါးညှီပင်တွေကို ကြိုက်မယ်လို့ ထင်ခဲ့တာ ။ တကယ်တမ်း သူမပြန်လာပြီးကျွေးတော့ ဒရယ်လေးက ငါးညှီပင်တွေကို နည်းနည်းလောက် အနံ့ခံကြည့်ပြီး မစားချင်တဲ့ အမူအရာနဲ့ တစ်ဖက်ကို လှည့်သွားတယ် ။

ဒရယ်လေးက ရှောင်ချောင်းကို သနားစဖွယ်ကြည့်လိုက်ပြီး ရှောင်လျန့်လက်ထဲကနေ မြေပေါ်ပြန်ဆင်းဖို့ အတင်းရုန်းကန်နေလေတော့တယ် ။ ရှောင်လျန်လည်း ဒရယ်လေး ပြုတ်ကျသွားမှာ စိုးတာကြောင့် အောက်ကို ပြန်ချပေးလိုက်တယ် ။ ရှောင်လျန်က မြက်ရိုင်းတွေချကျွေးကြည့်တော့လည်း ဒရယ်လေးက လုံးဝ မစားဘဲ ရှောင်ချောင်းနားကိုချည်း ကပ်ဖို့ ကြိုးစားနေတယ် ။

ရှောင်လျန်က စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချလိုက်ပြီး

သူက ညီမလေးကိုပဲ သဘောကျတာထင်တယ် ... အဲ့ဒါ ညီမလေးက သူ့ကို ပြန်ခေါ်လာတဲ့သူ မလို့ပဲ ဖြစ်ရမယ်

ရှောင်ချောင်းက ရှောင်လျန့်လက်ထဲမြက်တချို့ကို လက်တစ်ဆုပ်စာလောက်ယူလိုက်ပြီး ရှောင်လျန့်ကို စလိုက်တယ်

ကြည့်ရတာ ဒရယ်လေးက အသန့်ကြိုက်ပုံပဲ ပြီးတော့ ရှောင်လျန့်ကို ငြင်းလိုက်တာက ငါးညှီပင်တွေက စားဖို့ မသန့်ဘူးလို့ သူထင်နေတာ ဖြစ်ရမယ်

ရှောင်ချောင်းက အံ့ဖွယ်ကျောက်တုံးရေ ထည့်ထားတဲ့ ခရားတစ်ခုကိုယူလိုက်ပြီး ငါးညှီပင်တွေကို ဆေးလိုက်တယ်။ ပြီးတော့ ဒရယ်လေးကို ထပ်ကျွေးကြည့်လိုက်တယ် ။ ဒီတစ်ကြိမ်တော့ ဒရယ်လေးက ခုဏကလို မဟုတ်တော့ဘဲ ငါးညှီပင်တွေကို အားရပါးရစားတော့တယ် ။

ဒရယ်လေးက တကယ်ကြီး အသန့် ကြိုက်တာပဲ
ရှီထုန်လေးက ပြောရင်းနဲ့ ရယ်နေလေတယ် ။ သူလည်းပဲ ငါးညှီပင်နည်းနည်းလောက်ယူလိုက်ပြီး အံ့ဖွယ်ကျောက်တုံးရေနဲ့ ဆေးလိုက်တယ် ။

ရှောင်ချောင်းလက်ထဲက ငါးညှီပင်တွေကို စားပြီးတော့ ဒရယ်လေးက အမေ့နို့ထက်အရသာရှိ
သယောင်ထင်ရတဲ့ အရာကို စားဖို့ ရှီထုန်လေးဆီ သွားလိုက်တယ် ။ ပြီးနောက် ရှီထုန့်လက်ထဲက ငါးညှီပင်တွေကို စ စားတော့တယ် ။ ရှောင်လျန်ကလည်း မောင်လေးနဲ့ညီမလေးကို ကြည့်ပြီး သူလည်း ကျန်တဲ့ရေတွေနဲ့ ငါးညှီရွက်လက်ကျန်တွေကို လိုက်ဆေးလိုက်တယ် ။ ရှောင်ချောင်းက အဲ့ဒါကို ကြည့်ပြီး နည်းနည်းတော့ စိတ်ထဲ မသက်မသာဖြစ်မိတယ် ။

' ဒီ အသုံးအဖြုန်းကြီးတဲ့ ကောင်မလေးက အံ့ဖွယ်ကျောက်တုံးရေ နှစ်ဇလုံစာလောက်ကို သုံးပစ်ခဲ့တာ... ဒီလောက်အဖိုးတန်တဲ့ ရေတွေကို T_T

အံ့ဖွယ်ကျောက်တုံးရေရဲ့ ကောင်းကျိုးတွေကိုသိပြီးတဲ့နောက် ရှောင်ချောင်းက တစ်မိသားစုလုံးကိုအမြဲ တစ်ခွက်စီတိုက်လေ့ရှိတယ် ။ ရေရဲ့အစွမ်းကတော့ လုံးဝကို အံ့ဖွယ်ပဲ ။ ရှောင်ချောင်းကို ထားပါဦး ။ သူ့အမေ အမျိုးသမီးလျိုဆိုရင် အဲ့ဒီရေသောက်ပြီး နှစ်လလောက်ကြာတော့ သူမသိသိသာသာကို ကျန်းမာလာခဲ့တာ ။ ခန္ဓာကိုယ်ကတော့ ပိန်တုန်းဆိုပေမယ့် သူမက အရင်ကနဲ့မတူဘဲ တော်တော်ကြီး ဒဏ်ခံလာနိုင်ခဲ့တယ် ။ မကြာခင်ကမှ အမျိုးသမီးလျို မိုးမိခဲ့သေးတယ်။ အံ့ဖွယ်ကျောက်တုံးရဲ့ရေ မရှိခင်တုန်းကသာ ဖြစ်ခဲ့မယ်ဆိုရင် သူမ အဖျားကြီးဖျားသွားမည်ဖြစ်သည်။ အခုတော့ အားပြန်ရလာဖို့ ဂျင်းပြုတ်ရည်လေးတစ်ခွက်ပဲ သောက်လိုက်ရသည်။ နှာတောင်မစီးခဲ့ပေ။

ယွီဟိုင်ကလည်း သူအရင်ကထက် အခု ပိုပြီး သန်မာလာတယ်လို့ ဆိုတယ် ။ အရင်ကဆို ၁၀၀ကျင်း အလေးချိန်ရှိတဲ့ တောကောင်ကြီးတွေ ဖမ်းပြီးပြန်လာတိုင်း ယွီဟိုင်က ကုတင်ပေါ် အကြာကြီး ပြန်အနားယူရတယ် ။ အခုတော့ အဲ့လိုမဟုတ်တော့ပေ ။ကျင်း၃၀ ကျင်း၄၀ လောက် အလေးချိန်တောင် ထပ်ထည့်နိုင်သေးတဲ့ အနေအထားကို ရောက်နေပြီ ။

အဲ့ဒီ အကျိုးရလဒ်တွေကို စဉ်းစားမိပြီး ရှောင်ချောင်းက လက်ထဲက ကရားအလွတ်ကို ယူပြီး အစောကဆူနေတဲ့ ရေနွေးတွေနဲ့ထပ်ဖြည့်ဖို့ မီးဖိုချောင်ထဲ လာခဲ့လိုက်တယ် ။ သူမက လက်ကောက်ဝတ်က ငါးရောင်ခြယ်ကျောက်တုံးကို ဂရုတစိုက်ယူလိုက်ပြီးနောက် ကရားထဲ နှစ်ချလိုက်တယ် ။ ဒီရောင်စုံကျောက်တုံးလေးထဲကနေ အံ့ဖွယ်ကျောက်တုံးရဲ့ စိတ်ဝိညာဉ် ထွက်လာပြီးရေထဲမှာ လွတ်လွတ်လပ်လပ် ကူးခပ်နေတယ် ။

အခန်းထဲကသူတွေသာ ဒီနားမှာရှိနေရင် ဒီဖြစ်ရပ်ကို ကြည့်ပြီး ကြက်သေသေနေကြမှာ ကျိန်းသေပဲ ။ ဘယ်လိုလုပ် ရွှေရောင်ကြောင်ပိစိလေးက ရေကရားထဲရှိနေကြတာလည်းဆိုပြီး ။ ဒါတင်မက အဲ့ဒီကြောင်လေးက ကရားထဲမှာ ရေနစ်နေသလို ခြေတွေလက်တွေကို အဆက်အပြတ် ရမ်းခါ နေသေးတယ် ။

နောက်ပြီး အံ့ဖွယ်ကျောက်တုံးလေးက
မကျေမချမ်းနဲ့ တတွတ်တွတ်ဆိုတယ် ။

[ ကန့်ကွက်တယ် ကန့်ကွက်တယ် ! ဒီနေရာမှာ ဝိညာဉ်မှော်အစွမ်းတွေ လုံလုံလောက်လောက်မရှိဘူး! ဂျင်းဆင်းပင်တွေ မရှိတာက တစ်ခု ဒါပေမယ့် ဘယ်သူက ဒီချာတူးလန် ရေတွေကို လိုချင်မှာလဲ။ ဒီဝိဉာဉ်က တောင်တွေထဲက ဝါးသစ်တောမှာရှိတဲ့ ရေတွေကိုပဲ လိုချင်တာ! "

ဒီလောက်လေးနဲ့ပဲ တင်းတိမ်ပေးလို့ မရနိုင်ဘူးလား ဒီ အံ့ဖွယ်ကျောက်တုံးရေက ငါတို့အတွက် တကယ်ကိုအသုံးဝင်လို့ပါ နောက်ပြီး မင်းအတွက်လည်း အကျိုးအမြတ်ရမှာပဲဟာ... မင်းတကယ်လို့ ကျောက်တုံးပဲ ဆက်လုပ်နေမယ်ဆို ငါမင်းကို ဒီနားက စမ်းချောင်းထဲ လွှင့်ပစ်ပြီး ဘယ်တော့မှ ပြန်မကောက်တော့ဘူးနော်!

ဒရယ်လေးကို အစာကျွေးတုန်းကလိုပဲ ဒီမာနကြီးပြီး ဂဂျီဂဂျောင်လုပ်နေတဲ့ အံ့ဖွယ်ကျောက်တုံးကို ယွီရှောင်ချောင်းက စိတ်ပိုင်းဆိုင်ရာနဲ့ ခြိမ်းခြောက်လိုက်တော့တယ် ။

......

Continue Reading

You'll Also Like

8.4K 779 17
တနင်္လာနေ့တိုင်း update ရှိပါသည်။ ကြာပန်းဖြူလေးများအဖွဲ့
2.8M 185K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
1.7M 182K 69
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့...