[Zawgyi]
အပိုင္း ၂၉ (ေထာင္ေခ်ာက္ဆင္ျခင္း)
ယြီေရွာင္ေခ်ာင္းက စိတ္အားထက္သန္တာေၾကာင့္ ေထာင္ေခ်ာက္ ဘယ္လိုဆင္ရမလဲဆိုတာ လ်င္လ်င္
ျမန္ျမန္နဲ႔ သင္ယူႏိုင္ခဲ့တယ္။ ေန႔လယ္ေလာက္ေရာက္ေတာ့ သူမက ေထာင္ေခ်ာက္ဆင္တဲ့ အဆင့္ေတြကို ကိုယ့္ဘာသာ လုပ္ႏိုင္သြားၿပီျဖစ္သည္။ သူမ မသိလိုက္ခင္မွာပဲ သူတို႔အဖြဲ႕က သစ္ေတာရဲ႕
အနက္ရႈိင္းဆုံးအပိုင္းကို ဝင္ေရာက္ၿပီးျဖစ္သည္။
ဘမ္း!
အခြံမာအသီးတစ္ခုက ျပဳတ္က်လာၿပီး ရွီထုန္ေလးရဲ႕ ေခါင္းေပၚက်သြားသည္။
အားယား! ဘယ္သူ ကြၽန္ေတာ့္ကို ႐ိုက္တာလဲ
ရွီထုန္ေလးက သူ႔ေခါင္းကိုကိုင္ကာ ဘယ္သူက သူ႔ကို႐ိုက္တာလဲဆိုတာ မ်က္လုံးလွန္ၾကည့္ၿပီး ရွာေလ
သည္။
ဘမ္း!
ေနာက္ထပ္ အသီးတစ္ခုက သူ႔နဖူးကို မွန္ျပန္တယ္။ မီးခိုးေရာင္ရွဥ့္ကေလးက သစ္႐ြက္ေတြၾကားက သူ႔
ေခါင္းေလးျပဴထြက္ကာ လူသုံးေယာက္ကို စပ္စပ္စုစုၾကည့္ေလသည္။
ရွဥ့္စုတ္ေလး ငါ့ကို လွမ္းထုရဲတယ္ေပါ့
ရွီထုန္ေလးက ေျမႀကီးေပၚက ခဲကို ေကာက္ကိုင္ကာ သစ္ပင္ေတြဆီကို ပစ္ေပါက္လိုက္တယ္။
ရွဥ့္ေလးကလည္း သူ႔လက္ဖဝါးထဲက ေနာက္ထပ္အခြံမာသီးေတြနဲ႔ သစ္ကိုင္းေတြေပၚကေန လွစ္ခနဲထြက္ေျပးကာ ေပ်ာက္သြားသည္။ ယြီေရွာင္ေခ်ာင္းက ေသေစေလာက္တဲ့လက္နက္ႀကီးကို ေျမႀကီးေပၚက ကုန္းေကာက္လိုက္ရာ သစ္အယ္သီးျဖစ္ေနေလတယ္။ သူမက ရယ္ေမာလ်က္
ရွီထုန္ေလး ပစ္မွတ္ေကာင္းမိတာပဲ ဒီအပင္က သစ္အယ္ပင္ေလ ဒီအခြံမာသီးေတြကို
ဆီပူထိုးေၾကာ္စားရင္ အရမ္းအရသာရွိမွာ ငါတို႔ေထာင္ေခ်ာက္ေတြဆင္ၿပီးရင္ သစ္အယ္သီးေတြလည္း ခူးရေအာင္ ဒါမွ ေဆာင္းတြင္းမွာ စားစရာေတြအမ်ိဳးမ်ိဳးရွိမွာ
ရွီထုန္ေလးက ေရွာင္ေခ်ာင္းအႀကံကို စိတ္မဝင္စားဘဲ မခူးခ်င္ပါဘူး ႀကိဳးႀကိဳးစားစားခူးလည္း ကြၽန္
ေတာ္တို႔အတြက္ အက်ိဳးမွမရွိတာ ခူးရင္လည္း ကြၽန္ေတာ္တို႔ သစ္အယ္သီးေတြကို စားရမွာ မဟုတ္ဘူး
ေက်ာက္ဟန္က ေခါင္းထဲအျမန္ အႀကံထုတ္ၿပီး အေျဖကိုစဥ္းစားမိလိုက္တယ္။ မင္းတို႔ႏွစ္ေယာက္ ငါ့
ကိုယုံရင္ သစ္အယ္သီးကို ငါ့အိမ္မွာ ထားထားလို႔ရတယ္။ မင္းတို႔စားခ်င္တဲ့အခ်ိန္ ငါ့အေမကို လုပ္ခိုင္းလို႔ရတယ္ မင္းတို႔ငါ့အိမ္မွာ လာစားလို႔ရတယ္ေလ
ဒီအႀကံမဆိုးဘူးပဲ။ ယြီေရွာင္ေခ်ာင္းက ေပ်ာ္႐ႊင္စြာၿပဳံးလိုက္တယ္။ အနာဂတ္မွာ အံ့ဖြယ္ေက်ာက္ေရနဲ႔ သူမ အမဲလိုက္လို႔ရတဲ့ဟာက နည္းမွာမဟုတ္။ ဒါေပမယ့္ သူမက အမဲလိုက္လို႔ရတာကို လုံးဝ အိမ္ျပန္သယ္မသြားခ်င္ေပ။ ဘာျဖစ္လို႔လဲဆိုေတာ့ အဲ့တာက သူမအတြက္ အက်ိဳးမရွိလို႔ပင္။ သူမ ႀကိဳးပမ္းၿပီး ရလာတဲ့အရာေတြကို ဝွက္စရာေနရာမရွိတာက သူမကို ညႇဥ္းပန္းေနခဲ့တာ။ အခုေတာ့ ျပႆနာကိုေျဖရွင္းလို႔ရသြားေလၿပီ။ အဲ့ဒါက သူမအိပ္ခ်င္ေနတဲ့အခ်ိန္ ေခါင္းအုံးေလးတစ္ခုေပၚလာသလိုပဲ။
ေက်ာက္ဟန္က အင္မတန္ျမင့္မားတဲ့ သစ္အယ္ပင္ႀကီးေပၚ ဖက္တြယ္ တက္သြားသည္။ သူက မွည့္ေနတဲ့ သစ္အယ္သီးေတြအကုန္ခူးၿပီး ေျမႀကီးေပၚပစ္ခ်ေပးတယ္။ အသီးခူးေနတာက
ေရွာင္ေခ်ာင္းစိတ္ထဲ ေႏွးေနသလိုခံစားရတာေၾကာင့္ သူမက သစ္ကိုင္းခပ္တုတ္တုတ္ကို
ေကာက္ၿပီး သစ္အယ္ပင္ႀကီးေပၚက အသီးေတြကို စတင္႐ိုက္ခ်ေတာ့တယ္။ အသီးေတြနားက သစ္႐ြက္နဲ႔ သစ္ကိုင္းေလးေတြပါ ေႂကြက်လာသည္။
ဒီအပင္ႀကီးက ေတာ္ေတာ္အိုေနေလၿပီ။ ဒီအပင္ႀကီးက သစ္အယ္သီးေတြက သိပ္မႀကီးေပ။
ဒါေပမယ့္ အသီးအေရအတြက္ကေတာ့ မနည္းလွ။ မိနစ္အနည္းငယ္အတြင္းမွာပဲ သူတို႔သုံးေယာက္ဟာ ျခင္းတစ္ျခင္းအျပည့္ သစ္အယ္သီးေတြ ေကာက္လို႔ရသြားတယ္။
အစ္ကိုဟန္က ဒီကို ျခင္းယူလာလို႔ ေတာ္ေသးတာေပါ့ ႏို႔မို႔ဆို ဒီအသီးေတြကို ႐ြာဆီ
ဘယ္လိုသယ္သြားရမလဲသိမွာမဟုတ္ဘူး ဆိုၿပီး ရွီထုန္ေလးက အၿပဳံးႀကီးၿပဳံးလိုက္တဲ့အခါ မ်က္လုံးေလးေမွးသြားၿပီး လျခမ္းေကြးေလးလိုပင္ျဖစ္ေနသည္။
သူတို႔သုံးေယာက္ လာရာလမ္းအတိုင္းျပန္လာၾကတဲ့အခါ ယြီေရွာင္ေခ်ာင္းက သူတို႔ေစာနက
ေထာင္ထားခဲ့တဲ့ ေထာင္ေခ်ာက္ေတြကို မ်က္စိရွင္ရွင္နဲ႔ ေသခ်ာၾကည့္လိုက္သည္။
အဲ့တာကိုျမင္ေတာ့ ေက်ာက္ဟန္က တခစ္ခစ္ရယ္ကာ ယုန္ေတြဖမ္းမိဖို႔က အဲ့ဒီထက္ နည္းနည္း ၾကာဦးမွာ ေျပာေနတုန္းရွိေသးတယ္ ယြီေရွာင္ေခ်ာင္းက သူ႔စကားကိုျဖတ္ကာ
ၾကည့္ပါဦး အဲ့တာဘာေလးလဲ သမင္ေပါက္ေလးမလား အား အရမ္းခ်စ္ဖို႔ေကာင္းတာပဲ! ဆိုၿပီး
စိတ္လႈပ္ရွားစြာ ေအာ္ေလသည္။ ဒီေထာင္ေခ်ာက္က ယြီေရွာင္ေခ်ာင္းကိုယ္တိုင္ ဆင္ထားခဲ့တဲ့
ေထာင္ေခ်ာက္ပဲ။ ဒီအေကာင္ငယ္ေလးဟာ ေမြးခါစပဲရွိဦးမယ္။ ႀကိဳးကြင္းမွာမိေနေသာ
အေကာင္ေလးမွာ မီးခိုးေရာင္သန္းေနတဲ့ သားေမြးရွိၿပီး နား႐ြက္ခြၽန္ခြၽန္ေလးေတြကလည္း ေကြးေကြးေလးပင္။ မဲၿပီးလုံးေနတဲ့ႏွာေခါင္းေလးနဲ႔ ေသးသြယ္သြယ္ ေျခေလးေခ်ာင္းလည္း ရွိေလတယ္။ တင္ပါးနဲ႔ ေနာက္ေျခေထာက္က အေမြးေတြက အျဖဴေရာင္ျဖစ္ေနေတာ့ အျဖဴေရာင္ေဘာင္းဘီဝတ္ထားတာနဲ႔တူေနၿပီး ကေလးငယ္ကို အိုးနဲ႔အခင္းသြားတတ္ေအာင္သင္ေပးစဥ္ ဝတ္တဲ့ဟာနဲ႔ ဆင္တူေနေလတယ္။
ဖမ္းမိထားတဲ့ အေကာင္ငယ္ေလးက လုံးဝ ႐ုန္းမေနေပ။ အဲ့ေနရာမွာပဲ တုံးအစြာရပ္ေနၿပီး အနီးနားက
ျမက္ကေလးေတြကို တတိတိနဲ႔ ကိုက္စားေနတယ္။ ေက်ာက္ဟန္က ေျခလွမ္းက်ဲႀကီးေတြနဲ႔သြားကာ
႐ူးမိုက္တဲ့ အေကာင္ငယ္ေလးကို လက္တစ္ဖက္နဲ႔ ဖမ္းလိုက္တယ္။ သူက ရယ္ေမာရင္း ဒါက သမင္ငယ္ေလးမဟုတ္ဘူး တုံးအတဲ့ ဒရယ္ငယ္အမ်ိဳးအစားပဲ
ဒီေကာင္ေလးက ေတာ္ေတာ္အတယ္ ဖမ္းမိတာတာေတာင္ ထြက္ေျပးဖို႔ မ႐ုန္းကန္ဘဲ အစားပဲ စိတ္ဝင္စားေနတယ္
ကေလးငယ္ေလးေတြအားလုံးက ခ်စ္ဖို႔ေကာင္းတဲ့ တိရစာၦန္ေသးေသးေလးေတြကို ခ်စ္တတ္ၾကတယ္။
ရွီထုန္ေလးက အဲ့ဒီသတၱဝါငယ္ေလးရဲ႕ နား႐ြက္ကို ပြတ္သပ္ေပးၿပီး ေပ်ာ္႐ႊင္စြာနဲ႔ ဒုတိယအစ္မ ဒီဒရယ္ေလးက အစားပုပ္ေလးပဲ
ရွီထုန္က အစားပုပ္ေလး ဆိုတဲ့စကားကို သူ႔ဒုတိယအစ္မဆီကေန အလိုလိုတတ္ေနတယ္။ အဲ့စကားလုံးကို သိသိခ်င္းမွာပဲ ဒရယ္အေသးေလးကို ေခၚဖို႔သုံးလိုက္တယ္။
သူမ ဖမ္းမိတဲ့အတြက္ ေပ်ာ္ေပမယ့္လည္း ယြီေရွာင္ေခ်ာင္းက စိတ္ပ်က္ခ်င္ေယာင္ေဆာင္ၿပီး အေကာင္ကလည္း ေသးေသးေလး အသားလည္း အမ်ားႀကီးရွိမယ့္ပုံမေပၚဘူး။ ေဈးထဲမွာလည္း ေဈးသိပ္ရမွာမဟုတ္ဘူး"
ဒုတိယအစ္မ သူ႔ကို အိမ္ျပန္တဲ့အခါ ေခၚသြားၿပီး ေမြးထားရေအာင္ သူႀကီးလာရင္ ကြၽန္ေတာ္တို႔ အသား
စားလို႔ရၿပီ!
ရွီထုန္ေလးက တကယ္ အ႐ိုးထဲကကို အစားပုပ္တာပဲ။ ရွီထုန္ေလးက ဒရယ္ငယ္ေလးကို ႐ြာကိုျပန္တဲ့
အခါသယ္သြားဖို႔ဆိုတာ ခက္ခဲတာေတာင္ သူကိုယ္တိုင္ သယ္မယ္ဆိုၿပီး စိန္ေခၚၾကည့္ခ်င္ေသးတာ။
သူက အေကာင္ငယ္ကို ေျမႀကီးေပၚကေန မ,ႏိုင္လိုက္ေပမယ့္ ေျခလွမ္းအနည္းငယ္ပဲ ယိုင္နဲ႔နဲ႔လွမ္းႏိုင္ၿပီး ပစ္လဲသြားတယ္။ ဒရယ္ငယ္အေကာင္ေလးကလည္း သူနဲ႔အတူ လွိမ့္က်သြားတယ္။ ကံေကာင္းစြာနဲ႔ သူတို႔ေအာက္မွာ ျမက္ထူထူနဲ႔ ေပါင္းပင္ေတြရွိေနလို႔ တစ္ေယာက္မွ ဒဏ္ရာမရၾကေပ။
ယြီေရွာင္ေခ်ာင္းက ေထာင္ေခ်ာက္က ကြင္းေလွ်ာကို တစ္စစီျဖည္ေပးလိုက္ၿပီး ဒရယ္ေလးရဲ႕လည္ပင္းမွာ
ႀကိဳးကြင္းစြပ္ ခ်ည္ေပးထားလိုက္တယ္။ အဲ့ဒီေနာက္ သူမက အဝါေရာင္ျမက္ေျခာက္ေတြကို လက္ႏွစ္ဖက္အျပည့္စုၿပီး ေနာက္ဆုံးက်န္ရွိေနတဲ့ အံ့ဖြယ္ေက်ာက္ေရကို အဲ့ဒီအေပၚမွာ ေလာင္းခ်လိုက္
တယ္။ အဲ့ဒီလိုနဲ႔ ဒရယ္ေလးကို သူ႔ေနာက္လိုက္ေစခဲ့တယ္။ လက္တစ္ဖက္ထဲမွာ ႀကိဳးကိုင္ထားၿပီး ေနာက္တစ္ဖက္မွာ ျမက္ေတြနဲ႔ ျဖစ္တယ္။ အေကာင္ငယ္ေလးက သူ႔ရဲ႕ ျပဴးက်ယ္မည္းနက္ေနၿပီး အျပစ္ကင္းစင္တဲ့ မ်က္လုံးေတြနဲ႔ သူမေနာက္ကေန လိမၼာၿပီးနာခံတတ္တဲ့ ကေလးတစ္ေယာက္ပမာ လိုက္လာေလတယ္။
ဒုတိယအစ္မ ဒီဒရယ္ငယ္အေကာင္ေလးကို လူေတြက ေမြးျမဴပ်ိဳးေထာင္ထားတာလို႔ ထင္လား ဘယ္လိုျဖစ္ၿပီး ဒီအေကာင္ေလးက ကြၽန္ေတာ္တို႔ကိုမေၾကာက္ပဲ အနားေတာင္ကပ္ခ်င္ေနရတာလဲ ရွီထုန္ေလးက အေကာင္ေလးေဘးနား ခုန္ကူးလာၿပီး တခါတရံသူ႔လက္ကေလးကို ဒရယ္ငယ္ရဲ႕ အေမႊးေတြကိုပြတ္သပ္ၿပီး ကစားေနသည္။
ေက်ာက္ဟန္က ဟားတိုက္ရယ္ေမာကာ
ငါတို႔က ဒီေလာက္ေတာနက္ထဲမွာ အိမ္ေထာင္စု တခုတေလေတာင္မျမင္ရဘူး ဘယ္ေနရာမွာ ဘယ္လို ေမြးျမဴမွာလဲ ငါ့အထင္ ဒီေကာင္ေလးက သူ႔အေမနဲ႔ ကြဲသြားတာ ျဖစ္ရမယ္။ ဒီေကာင္ေလးက မင္းတို႔ႏွစ္ေယာက္ကို သူ႔ရဲ႕ အစားထိုးအေမလို႔ ထင္ခ်င္ထင္ေနမွာ ဟုေျပာေလသည္။
ယြီေရွာင္ေခ်ာင္းက သူမရဲ႕မ်က္လုံးေတြကို စိတ္ကုန္မႈနဲ႔ ဖုံးအုပ္ထားလိုက္ခ်င္တယ္။ သူမရဲ႕အဝတ္အစားေတြက အေရာင္မြဲၿပီး မီးခိုးေရာင္ျဖစ္ေနေပမယ့္ ဒရယ္ငယ္ေလးရဲ႕ ကိုယ္အေရာင္ကိုေတာ့ မမီေပ။ ဒီအေကာင္ေလးရဲ႕မ်က္လုံးက ဘယ္ေလာက္ေတာင္မြဲေနလို႔ သူတို႔ကို သူ႔အေမအေနနဲ႔ အထင္မွားရတာတုန္း။
သူတို႔ေတြ ေတာင္ေပၚကေနေအာက္ကိုဆင္းေတာ့ သူတို႔ရဲ႕ေထာင္ေခ်ာက္ တစ္ဝက္ေက်ာ္ေက်ာ္ေလာက္မွာ သားေကာင္ေတြမိေနတယ္။ တစ္ျခားတစ္ဝက္ေလာက္က တစ္ခ်ိဳ႕တိရစာၦန္ေတြ ဒါမွမဟုတ္ တစ္ခုခုရဲ႕ ဖ်က္ဆီးျခင္းခံထားရေလတယ္။ ေက်ာက္ဟန္က သူတို႔ရဲ႕ ကံေကာင္းမႈကို အံ့အားသင့္ေနေလတယ္။ ေက်ာက္ဟန္က ပတ္ဝန္းက်င္ကို သတိနဲ႔ စစ္ေဆးၾကည့္တဲ့အခါ ဖ်က္ဆီးခံထားရတဲ့ ေထာင္ေခ်ာက္နားက အပင္ ေတာ္ေတာ္မ်ားမ်ားဟာ ငုတ္တိုပဲက်န္ေအာင္ အစားခံထားရတာကို ေတြ႕လိုက္တယ္။
ေတာင္ေပၚက တိရစာၦန္ေတာ္ေတာ္မ်ားမ်ားက ဒီေန႔ ေတာ္ေတာ္ လႈပ္လႈပ္ရွားရွားရွိတယ္နဲ႔ တူတယ္။
အေကာင္ေတြအကုန္လုံး ေဆာင္းခိုဖို႔ ေစာေစာစီးစီး ျပင္ဆင္ေနၾကၿပီလားပဲ ဟုဆိုၿပီး ေက်ာက္ဟန္က ဒီလိုျမင္ကြင္းမ်ိဳး တစ္ခါမွ မျမင္ဖူးတာမို႔ ထူးျခားတဲ့အေျခအေနေၾကာင့္ ေခါင္းေျခာက္ေနေလသည္။ သူက သူ႔အေဖ အမဲလိုက္ကျပန္လာရင္ ဒီေန႔ ဘယ္လိုျဖစ္တာလဲ ေမးၾကည့္ရမယ္ဆိုၿပီး ေတြးထားလိုက္သည္။
ယြီေရွာင္ေခ်ာင္းက သူမရဲ႕ ေငြရဖို႔ အႀကံအစည္က အလုပ္ျဖစ္တာကို သိေတာ့ ေပ်ာ္႐ႊင္အံ့ဩေနသည္။
သူမက အစ္ကိုဟန္ ဒီေန႔ ညီမတို႔အတြက္ ေတာ္ေတာ္ အက်ိဳးျဖစ္တဲ့ ခရီးပဲ
ဟု အံ့အားသင့္စြာ ေျပာသည္။
ဟုတ္တာေပါ့ ဟုတ္တာေပါ့ သားတို႔ဒီေန႔ ယုန္အခ်ိဳ႕ဖမ္းမိ႐ုံတင္မကဘူး ရစ္ငွက္ေတြလည္း
ဖမ္းမိထားတယ္ တစ္ခ်ိဳ႕အေကာင္ေတြက အသက္ရွင္ေနတုန္းဆိုေတာ့ ပိုေတာင္ေကာင္းေသးတယ္။
သားအေဖကေျပာဖူးတယ္ ရွင္ေနတဲ့သားေကာင္က ေရာင္းလို႔လြယ္တယ္တဲ့
ရွီထုန္ေလးက စိတ္လႈပ္ရွားစြာေျပာလိုက္သည္။
ေက်ာက္ဟန္က သူတို႔ေျပာတာကို သေဘာတူလိုက္တယ္။
ဒီေန႔ ငါတို႔ ေတာ္ေတာ္ကံေကာင္းတယ္ ဒါေပမယ့္ ဒီသားေကာင္ေတြအားလုံးဆိုရင္ ငါတို႔အကုန္လုံး ကုန္ေအာင္ မစားႏိုင္ေလာက္ဘူး ေနမြန္းလြဲက်ရင္ ငါ့အေဖနဲ႔ ဦးေလးယြီက သူတို႔ဖမ္းမိထားတဲ့ သားေကာင္ေတြကို ၿမိဳ႕ထဲသြားေရာင္းဖို႔ စီစဥ္ထားတယ္။ ငါ့အေဖကို ငါတို႔ရဲ႕သားေကာင္အခ်ိဳ႕
ေရာင္းေပးဖို႔ ေျပာၾကည့္ရင္ေရာ
ညီမလည္း ၿမိဳ႕ထဲကိုသြားခ်င္တယ္
ယြီေရွာင္ေခ်ာင္းက ေျမႀကီးေပၚက အေကာင္ဆယ္ေကာင္ကို ၾကည့္ရင္းေျပာလိုက္သည္။
အစ္ကိုဟန္ရဲ႕ ပင္ကိုစ႐ိုက္ကို သူမ,သိရသေလာက္ေတာ့ သူမလည္း ဖမ္းမိထားတဲ့ထဲက
အနည္းဆုံး ႏွစ္ေကာင္သုံးေကာင္ေတာ့ ရမွာပဲလို႔ သေဘာေပါက္လိုက္တယ္။
ေက်ာက္ဟန္က သူမရဲ႕မိသားစုအေၾကာင္းကို
သိတာမို႔ ခနစဥ္းစားၿပီးေတာ့မွ ငါၿမိဳ႕ကို အႀကိမ္ေပါင္းမ်ားစြာ ေရာက္ဖူးတယ္ဆိုေတာ့ အဲ့ဒီကို
ဘယ္လိုသြားရလဲ ရင္းႏွီးၿပီးသား ငါမင္းတို႔ႏွစ္ေယာက္ကို အတူေခၚသြားေပးမယ္ဆို ဘယ္လိုလဲ
ယြီေရွာင္ေခ်ာင္းက သူ႔ရဲ႕ အႀကံေပးခ်က္ကိုၾကားေတာ့ ထင္ထားတာထက္ေတာင္ ပိုဝမ္းသာသြားတယ္။
ေရွာင္ေခ်ာင္းက သူမရဲ႕ အေဖကို သူမနဲ႔ ေမာင္ႏွမေတြစားဖို႔ သားေကာင္ တစ္စႏွစ္စ ခ်န္ထားေပးဖို႔
ေျပာရင္လည္းရတယ္ဆိုေပမယ့္ သူမအေဖက က်န္တဲ့ မိသားစုေတြနဲ႔ ခြဲၿပီး ေဝစုသက္သက္ ဖြက္ထားသလိုမ်ိဳး ျဖစ္ေနမွာဆိုေတာ့ အဆင္မေျပဘူး ။
သူ႔အျမင္မွာ သူက ယြီမိသားစုကေန အနာဂတ္မွာ ခ႐ိုင္အမႈထမ္း ဒါမွမဟုတ္ ျဖစ္ႏိုင္လွ်င္
စီရင္စုအမႈထမ္းတစ္ေယာက္ ေပၚထြန္းဖို႔ ကူညီေပးေနတယ္လို႔ ေတြးထားသည္။ မိသားစုထဲမွာ
အမႈထမ္းတစ္ေယာက္ရွိျခင္းက သူ႔ကေလးေတြရဲ႕ အနာဂတ္ကိုလည္း အလြန္ အက်ိဳးျဖစ္ထြန္း ေစလိမ့္မယ္။ အဲ့ဒါက သူတို႔အတြက္ သူႀကိဳးစားပမ္းစား အလုပ္လုပ္ေပးေနတဲ့ အေၾကာင္းရင္းျဖစ္သည္။
သူက သူ႔သမီး သူမဘာသာ ပိုက္ဆံျဖည့္ေနတာကိုသာသိရင္လည္း သူမကို အျပစ္ျမင္မွာ မဟုတ္ေပ။ သို႔ေသာ္လည္း အဘြားႀကီးက်န္းက အၿမဲတမ္း ပိုက္ဆံမေလာက္လို႔ ပြစိပြစိေျပာတဲ့အခါ သူ႔အတြက္
ဒီလ်ိဳ႕ဝွက္ခ်က္ကို မေျပာထြက္မိဖို႔ ခက္ခဲမွာပင္။ အဲ့ဒီအေတြးနဲ႔တင္ ယြီေရွာင္ေခ်ာင္းက သူမရဲ႕ပိုက္ဆံေတြကို သူမအေမနဲ႔အေဖဆီက ဝွက္ထားဖို႔ ဆုံးျဖတ္ခ်က္ကို ျပတ္ျပတ္သားသားခ်ထားလိုက္တယ္။
သူမေကာင္းကင္ကို ေမာ့ၾကည္လိုက္ေတာ့ အေတာ္ေစာေသးတာကို သိလိုက္ရတယ္။ သူမက ရွီထုန္ေလးနဲ႔အတူအိမ္ကို အေျပးျပန္သြားတုန္း ေက်ာက္ဟန္က သစ္အယ္သီးေတြနဲ႔ သားေကာင္ေတြကို
ေက်ာက္အိမ္ဆီ ယူသြားဖို႔ေျပာလိုက္တယ္။ သူတို႔ အဲ့ဒီေႂကြအိုးအေဟာင္းႀကီးကို ျပန္ယူဖို႔လိုတယ္။
"အို ဟိုး!" သူတို႔ၿခံဝန္းထဲျဖတ္သြားသြားခ်င္း သူတို႔အဘြားနဲ႔ဝင္တိုက္မိမလိုျဖစ္သြားတယ္။
အဘြားႀကီးက်န္းက မေက်မနပ္နဲ႔ မ်က္ခုံးႏွစ္ခုၾကား နဖူးေရတြန႔္တဲ့အထိ မ်က္လုံးေတြကို
ေမွးၾကည့္လိုက္သည္။
အစုတ္ပလုတ္ေလးေတြ နင္တို႔ေတြ မိုးေသာက္ၿပီးစကတည္းက ေပ်ာက္သြားၾကတာ နင္တို႔ က်န္တဲ့အိမ္သူအိမ္သားေတြကို အိမ္အလုပ္ ဘယ္လိုကူရမလဲ မသိဘူးလား
ယြီေရွာင္ေခ်ာင္းက မ်က္လုံးေလး ေပကလပ္ေပကလပ္လုပ္ၿပီး အဘြားႀကီးကို အျပစ္ကင္းစြာၾကည့္လိုက္သည္။
အဘြား သမီးလည္း ငါးညႇီပင္ေတြ ကူသိမ္း၊ ထင္းကူခြဲၿပီး တစ္ျခားအိမ္အလုပ္ေတြ ကူလုပ္ေပးခ်င္ပါတယ္။ ဒါေပမယ့္ သမီး ခႏၶာကိုယ္က အားနည္းတယ္ေလ ပင္ပန္းၿပီးဖ်ားသြားလို႔ ဆရာဝန္ျပဖို႔ ပိုက္ဆံကုန္ရရင္
ဘယ္လိုလုပ္မတုန္း။ သမီးကအားနည္းတာမလို႔ သမီး ဘာဒုကၡမွ မေပးတာ ပိုေကာင္းမယ္ထင္တယ္။ အဘြား ဒီလိုက အေကာင္းဆုံးပဲလို႔ မထင္ဘူးလား
အဘြားႀကီးက်န္းက ေရွာင္ေခ်ာင္း ေျပာတာအကုန္မွန္ေနေတာ့ ဘာျပန္ေျပာရမလဲမသိ ျဖစ္ေနတယ္။
ေကာင္မေလးက ေႂကြးအိုးေဟာင္းအႀကီးႀကီး သယ္ေနတာျမင္ေတာ့ အမ်ိဳးသမီးႀကီးနဲ႔ မ်က္ခုံးႏွစ္ခု အၾကား အရစ္ေတြက အနည္းငယ္ေျပသြားတယ္။ အမ်ိဳးသမီးႀကီးက သေဘာတူတဲ့အေနနဲ႔ ေခါင္းညိတ္
ျပလိုက္တယ္။
နင္တို႔ေတြ အဲ့အိုးနဲ႔ငါးသြားဖမ္းၾကမလို႔လား
နင္တို႔အရင္တစ္ခါဖမ္းခဲ့တဲ့ငါးေတြက ေသးတယ္ေျပာလို႔ရေပမယ့္ အရသာရွိတယ္။ မင္းတို႔ဦးေလးငယ္ရဲ႕ သား သုန္ဇီေလးက အဲ့ငါးစားရတာ တကယ္ႀကိဳက္တယ္။ ငါးေတြပိုဖမ္းခဲ့ ။
မနက္ျဖန္ မင္းတို႔ ဦးေလးဆီ ငါပို႔ေပးမလို႔
ေရွာင္ေခ်ာင္းက သဟဇာတျဖစ္တဲ့အၿပဳံး, ၿပဳံးမျပခင္မွာပဲ တခဏေလာက္ မ်က္ေမွာင္ၾကဳတ္သြားတယ္။
မနက္ျဖန္အထိ ေစာင့္ေနဖို႔မလိုပါဘူး ဦးေလးေက်ာက္ရဲ႕သား အကိုဟန္က ဒီေန႔ေတာယုန္႐ိုင္းေတြဖမ္းမိလို႔ ၿမိဳ႕ကိုသြားေရာင္းခ်င္ေနတာ။
သမီးလည္း ငါးေတြဖမ္းၿပီး သူနဲ႔ၿမိဳ႕ကိုလိုက္သြားရင္ေရာ။ အဲ့လိုဆို ဦးေလးငယ္လည္း လတ္ဆတ္ၿပီးအရသာရွိတဲ့ ငါးဟင္းရည္ စားလို႔ရတာေပါ့
အဘြားႀကီးက်န္းက တုံ႔ဆိုင္းမေနပဲသေဘာတူလိုက္တယ္ မင္းတို႔အိုးက ေသးလြန္းတယ္
အဲ့ထဲမွာ ငါးက ဘယ္ေလာက္ဆံ့မွာမို႔လို႔လဲ မင္းတို႔ေတြ အဲ့ဒီအစား ငါတို႔ဟင္းသီးဟင္း႐ြက္ေတြ
ဆားစိမ္တဲ့ ေရခ်ိဴင့္ယူသြားရင္ေရာ အဲ့ဒီေရခ်ိဳင့္ဆို မင္းတို႔ဦးေလး သုံးေလးနပ္စားဖို႔လုံေလာက္တဲ့ ငါးေတြဆန႔္ေလာက္မယ္
ယြီေရွာင္ေခ်ာင္းက ျပန္စဥ္းစားၾကည့္မွ ေျမထည္ပစၥည္းေတြရဲ႕ အ႐ြယ္အစားက တစ္ေပခြဲေလာက္အျမင့္ရွိတယ္။ ေရွာင္ေခ်ာင္းက ျပန္မေျဖခင္ သူမအဘြားကို တိတ္ဆိတ္စြာ စိုက္ၾကည့္ၿပီးမွ အဘြား တကယ္ပဲ သမီးရဲ႕ ခႏၶာကိုယ္ေသးေသးေလးက အဲ့ဒီအႀကီးႀကီးကို သယ္ဖို႔ အားရွိမယ္ထင္ေနတာလား ေနာက္ၿပီး
ေတာ့ အဲ့ဒီငါးေတြဖမ္းမိဖို႔က တကယ္မလြယ္ဘူး သမီးဒီအိုးေတာင္ အျပည့္ဖမ္းႏိုင္မယ္ဆိုတာ မေသခ်ာဘူး အဘြား သမီးတို႔သြားေတာ့မယ္။ သမီးတို႔ေနာက္က်ေနရင္ အစ္ကိုဟန္က သမီးတို႔မပါပဲသြားလိမ့္မယ္
အဘြားႀကီးက်န္းက ဘာမွျပန္မေျပာႏိုင္ေသးခင္မွာပဲ ေရွာင္ေခ်ာင္းက ေႂကြအိုးကို ရွီထုန္ေလး
လက္ထဲထည့္ၿပီး မီးဖိုေခ်ာင္ဘက္ကို သုတ္သီးသုတ္ပ်ာေျပးသြားသည္။ မီးဖိုေပၚမွာ
ေပါင္းၿပီးခါစ အေငြ႕တေထာင္းေထာင္းနဲ႔ ေပါက္စီသုံးလုံးရွိေနတယ္။ သူမက ေပါင္းဖိုျခင္းထဲက
ေပါက္စီသုံးလုံးရွိတဲ့ထဲက ႏွစ္လုံးကိုယူၿပီး ဆီစိမ္စကၠဴနဲ႔ပတ္ၿပီး သူမပခုံးေပၚလြယ္ထားတဲ့
ျခင္းေလးထဲ ထည့္လိုက္တယ္။
ဟဲ့ ဒီဆတ္ဆတ္လူးမေလးနဲ႔အဲ့ဒီေပါက္စီေတြက နင့္အဘိုးနဲ႔ က်န္တဲ့ေယာက်္ားသားေတြအတြက္.....သူမကေနာက္က ကပ္လိုက္လာတဲ့အဘြားႀကီးက်န္းက စိတ္ဖိစီးစြာ ေအာ္ေျပာလိုက္တယ္။
ယြီေရွာင္ေခ်ာင္းက သူမေမာင္ေလးလက္ကို ဆြဲၿပီးသားျဖစ္ၿပီး တံခါးကေန ထြက္ေျပးသြားတယ္။ သူမအသံ ေနာက္ထဲမွာပဲ ၿမိဳ႕ထဲကိုေရာက္ဖို႔က နာရီအနည္းငယ္ၾကာေအာင္လမ္းေလွ်ာက္သြားရမွာ သမီးတို႔စားမသြားရင္ အဲ့ဒီကို ဘယ္လိုေရာက္ေအာင္သြားႏိုင္မွာလဲ စိတ္မပူပါနဲ႔အဘြားေရ ဒီည အဘြားရဲ႕အဖိုးတန္ေျမးေလး လတ္ဆတ္တဲ့ ငါးဟင္းရည္ေသာက္ရမယ္ဆိုတာ ကတိေပးပါတယ္
အဘြားႀကီးက်န္းက သူတို႔ေနာက္ကို လိုက္ခ်င္ေပမယ့္ သိပ္ကိုေနာက္က်သြားၿပီျဖစ္သည္။ မခံခ်ိမခံသာျဖစ္ေနတဲ့ အဘြားႀကီးက ၿခံဝန္းထဲက်ယ္ေလာင္စြာ ေျခေဆာင့္ရင္း ဝန္းက်င္တစ္ခြင္မွာ ဆဲဆိုသံေတြ ပ်ံ႕ႏွံ႔ေနေတာ့တယ္။
ေမာင္ႏွမႏွစ္ေယာက္ ေတာင္ၾကားထဲငါးဖမ္းၿပီး ျပန္လာခ်ိန္မွာ မနက္ကိုးနာရီေလာက္ရွိၿပီ။ သူတို႔ေတာင္ကုန္းအေျခက ေက်ာက္ဟန္အိမ္ကိုေရာက္တဲ့အခါ ႀကီးမားတဲ့ ျခင္းေတာင္းႀကီး
သယ္ကာ ေတာင္ကုန္းထိပ္မွာရပ္ေနတဲ့ ေက်ာက္ဟန္ကိုေတြ႕လိုက္တယ္။ အေဝးကေန လူငယ္ေလးက လက္လွမ္းျပေနတာကို သူတို႔ေတြ႕ေတာ့ သူတို႔ကို ေတာင္ကုန္းေလးေပၚတက္ခဲ့ဖို႔ အခ်က္ျပေနတယ္ ဆိုတာ သိလိုက္တယ္။ အသက္က တစ္ဆယ့္သုံးႏွစ္ပဲရွိေသးေပမယ့္ အရပ္က၁.၇ မီတာ ေက်ာ္ေနၿပီျဖစ္တယ္။ ဒါ့အျပင္ သူက ကိုယ္ခံပညာရပ္ေတြကို တစ္ႏွစ္ပတ္လုံး ေလ့က်င့္ေနတာမို႔ သားေကာင္ ဆယ္ေကာင္သယ္တယ္ဆိုတာ သူ႔အတြက္မုန႔္စားသေလာက္ပဲရွိေလတယ္။ ေက်ာက္ဟန္က သူ႔ရဲ႕ရွည္လ်ားသန္မာတဲ့ ေျခေထာက္ေတြနဲ႔ ခပ္လွမ္းလွမ္းေလွ်ာက္လာကာ ေမာင္ႏွမႏွစ္ေယာက္နဲ႔ အျမန္ျပန္ဆုံၾကတယ္။
လူငယ္ေလးက ေရွာင္ေခ်ာင္းလက္ထဲက ေႂကြအိုးကို သဘာဝက်က်ပဲ ဆြဲယူကာ ၿပဳံးလ်က္
ဟိုငတုံးဒရယ္ေပါက္ေလးကို မင္းတို႔ႏွစ္ေယာက္ ေတာ္ေတာ္သေဘာက်ေနတာ သတိထားမိလို႔
အဲ့အေကာင္ကို အိမ္မွာထားခဲ့ဖို႔ ဆုံးျဖတ္ခဲ့လိုက္တာ မင္းတို႔ေတြ အဲ့အေကာင္ကို အိမ္ျပန္ယူသြားခ်င္လား ဒါမွမဟုတ္ ငါ့အိမ္မွာပဲ ေမြးထားမလား မင္းတို႔သေဘာပဲ
ရွီထုန္ေလးရဲ႕မ်က္လုံးေတြက ေပ်ာ္႐ႊင္မႈနဲ႔ေတာက္ပသြားၿပီး ၿပဳံးၿပဳံး ၿပဳံးၿပဳံးနဲ႔ ဒုတိယအစ္မ အဲ့အေကာင္ေလးကို အိမ္ေခၚသြားၿပီးေမြးရေအာင္ ဒရယ္ေပါက္ေလးက အသားလည္းသိပ္မရွိဘူး အဲ့ေတာ့ ေလာေလာဆယ္ အဘြားလည္း သူ႔ကို စားခ်င္ေသးမွာမဟုတ္ေလာက္ပါဘူး
ေကာင္းၿပီေလ ဟု ယြီေရွာင္ေခ်ာင္းက ဘာမွသိပ္စဥ္းစားမေနပဲ သေဘာတူလိုက္တယ္။ ဒရယ္ငယ္ေလးက သိပ္ခ်စ္ဖို႔ေကာင္းတာ ၿပီးေတာ့ ဆန္းၾကယ္ေက်ာက္ေရနဲ႔ဆို ဒီအေကာင္ေလးက က်ိဳးႏြံလာေလာက္မွာပါ။
မင္းတို႔မိသားစုဝင္ေတြက အဲ့အေကာင္ေလးကို အႏၲရာယ္ျပဳမွာစိုးရင္ အဲ့အေကာင္ေလးကို
ငါဖမ္းမိထားၿပီး မင္းတို႔ကို ခနေမြးခိုင္းထားတာလို႔ ေျပာလို႔ရတယ္ ေက်ာက္ဟန္က ေရွ႕ကိုဆက္ေလွ်ာက္ရင္း သူတို႔ဆီေခါင္းလွည့္ကာ ေျပာသည္။
.......
[Unicode]
အပိုင်း ၂၉ (ထောင်ချောက်ဆင်ခြင်း)
ယွီရှောင်ချောင်းက စိတ်အားထက်သန်တာကြောင့် ထောင်ချောက် ဘယ်လိုဆင်ရမလဲဆိုတာ လျင်လျင်
မြန်မြန်နဲ့ သင်ယူနိုင်ခဲ့တယ်။ နေ့လယ်လောက်ရောက်တော့ သူမက ထောင်ချောက်ဆင်တဲ့ အဆင့်တွေကို ကိုယ့်ဘာသာ လုပ်နိုင်သွားပြီဖြစ်သည်။ သူမ မသိလိုက်ခင်မှာပဲ သူတို့အဖွဲ့က သစ်တောရဲ့
အနက်ရှိုင်းဆုံးအပိုင်းကို ဝင်ရောက်ပြီးဖြစ်သည်။
ဘမ်း!
အခွံမာအသီးတစ်ခုက ပြုတ်ကျလာပြီး ရှီထုန်လေးရဲ့ ခေါင်းပေါ်ကျသွားသည်။
အားယား! ဘယ်သူ ကျွန်တော့်ကို ရိုက်တာလဲ
ရှီထုန်လေးက သူ့ခေါင်းကိုကိုင်ကာ ဘယ်သူက သူ့ကိုရိုက်တာလဲဆိုတာ မျက်လုံးလှန်ကြည့်ပြီး ရှာလေ
သည်။
ဘမ်း!
နောက်ထပ် အသီးတစ်ခုက သူ့နဖူးကို မှန်ပြန်တယ်။ မီးခိုးရောင်ရှဉ့်ကလေးက သစ်ရွက်တွေကြားက သူ့
ခေါင်းလေးပြူထွက်ကာ လူသုံးယောက်ကို စပ်စပ်စုစုကြည့်လေသည်။
ရှဉ့်စုတ်လေး ငါ့ကို လှမ်းထုရဲတယ်ပေါ့
ရှီထုန်လေးက မြေကြီးပေါ်က ခဲကို ကောက်ကိုင်ကာ သစ်ပင်တွေဆီကို ပစ်ပေါက်လိုက်တယ်။
ရှဉ့်လေးကလည်း သူ့လက်ဖဝါးထဲက နောက်ထပ်အခွံမာသီးတွေနဲ့ သစ်ကိုင်းတွေပေါ်ကနေ လှစ်ခနဲထွက်ပြေးကာ ပျောက်သွားသည်။ ယွီရှောင်ချောင်းက သေစေလောက်တဲ့လက်နက်ကြီးကို မြေကြီးပေါ်က ကုန်းကောက်လိုက်ရာ သစ်အယ်သီးဖြစ်နေလေတယ်။ သူမက ရယ်မောလျက်
ရှီထုန်လေး ပစ်မှတ်ကောင်းမိတာပဲ ဒီအပင်က သစ်အယ်ပင်လေ ဒီအခွံမာသီးတွေကို
ဆီပူထိုးကြော်စားရင် အရမ်းအရသာရှိမှာ ငါတို့ထောင်ချောက်တွေဆင်ပြီးရင် သစ်အယ်သီးတွေလည်း ခူးရအောင် ဒါမှ ဆောင်းတွင်းမှာ စားစရာတွေအမျိုးမျိုးရှိမှာ
ရှီထုန်လေးက ရှောင်ချောင်းအကြံကို စိတ်မဝင်စားဘဲ မခူးချင်ပါဘူး ကြိုးကြိုးစားစားခူးလည်း ကျွန်
တော်တို့အတွက် အကျိုးမှမရှိတာ ခူးရင်လည်း ကျွန်တော်တို့ သစ်အယ်သီးတွေကို စားရမှာ မဟုတ်ဘူး
ကျောက်ဟန်က ခေါင်းထဲအမြန် အကြံထုတ်ပြီး အဖြေကိုစဉ်းစားမိလိုက်တယ်။ မင်းတို့နှစ်ယောက် ငါ့
ကိုယုံရင် သစ်အယ်သီးကို ငါ့အိမ်မှာ ထားထားလို့ရတယ်။ မင်းတို့စားချင်တဲ့အချိန် ငါ့အမေကို လုပ်ခိုင်းလို့ရတယ် မင်းတို့ငါ့အိမ်မှာ လာစားလို့ရတယ်လေ
ဒီအကြံမဆိုးဘူးပဲ။ ယွီရှောင်ချောင်းက ပျော်ရွှင်စွာပြုံးလိုက်တယ်။ အနာဂတ်မှာ အံ့ဖွယ်ကျောက်ရေနဲ့ သူမ အမဲလိုက်လို့ရတဲ့ဟာက နည်းမှာမဟုတ်။ ဒါပေမယ့် သူမက အမဲလိုက်လို့ရတာကို လုံးဝ အိမ်ပြန်သယ်မသွားချင်ပေ။ ဘာဖြစ်လို့လဲဆိုတော့ အဲ့တာက သူမအတွက် အကျိုးမရှိလို့ပင်။ သူမ ကြိုးပမ်းပြီး ရလာတဲ့အရာတွေကို ဝှက်စရာနေရာမရှိတာက သူမကို ညှဉ်းပန်းနေခဲ့တာ။ အခုတော့ ပြဿနာကိုဖြေရှင်းလို့ရသွားလေပြီ။ အဲ့ဒါက သူမအိပ်ချင်နေတဲ့အချိန် ခေါင်းအုံးလေးတစ်ခုပေါ်လာသလိုပဲ။
ကျောက်ဟန်က အင်မတန်မြင့်မားတဲ့ သစ်အယ်ပင်ကြီးပေါ် ဖက်တွယ် တက်သွားသည်။ သူက မှည့်နေတဲ့ သစ်အယ်သီးတွေအကုန်ခူးပြီး မြေကြီးပေါ်ပစ်ချပေးတယ်။ အသီးခူးနေတာက
ရှောင်ချောင်းစိတ်ထဲ နှေးနေသလိုခံစားရတာကြောင့် သူမက သစ်ကိုင်းခပ်တုတ်တုတ်ကို
ကောက်ပြီး သစ်အယ်ပင်ကြီးပေါ်က အသီးတွေကို စတင်ရိုက်ချတော့တယ်။ အသီးတွေနားက သစ်ရွက်နဲ့ သစ်ကိုင်းလေးတွေပါ ကြွေကျလာသည်။
ဒီအပင်ကြီးက တော်တော်အိုနေလေပြီ။ ဒီအပင်ကြီးက သစ်အယ်သီးတွေက သိပ်မကြီးပေ။
ဒါပေမယ့် အသီးအရေအတွက်ကတော့ မနည်းလှ။ မိနစ်အနည်းငယ်အတွင်းမှာပဲ သူတို့သုံးယောက်ဟာ ခြင်းတစ်ခြင်းအပြည့် သစ်အယ်သီးတွေ ကောက်လို့ရသွားတယ်။
အစ်ကိုဟန်က ဒီကို ခြင်းယူလာလို့ တော်သေးတာပေါ့ နို့မို့ဆို ဒီအသီးတွေကို ရွာဆီ
ဘယ်လိုသယ်သွားရမလဲသိမှာမဟုတ်ဘူး ဆိုပြီး ရှီထုန်လေးက အပြုံးကြီးပြုံးလိုက်တဲ့အခါ မျက်လုံးလေးမှေးသွားပြီး လခြမ်းကွေးလေးလိုပင်ဖြစ်နေသည်။
သူတို့သုံးယောက် လာရာလမ်းအတိုင်းပြန်လာကြတဲ့အခါ ယွီရှောင်ချောင်းက သူတို့စောနက
ထောင်ထားခဲ့တဲ့ ထောင်ချောက်တွေကို မျက်စိရှင်ရှင်နဲ့ သေချာကြည့်လိုက်သည်။
အဲ့တာကိုမြင်တော့ ကျောက်ဟန်က တခစ်ခစ်ရယ်ကာ ယုန်တွေဖမ်းမိဖို့က အဲ့ဒီထက် နည်းနည်း ကြာဦးမှာ ပြောနေတုန်းရှိသေးတယ် ယွီရှောင်ချောင်းက သူ့စကားကိုဖြတ်ကာ
ကြည့်ပါဦး အဲ့တာဘာလေးလဲ သမင်ပေါက်လေးမလား အား အရမ်းချစ်ဖို့ကောင်းတာပဲ! ဆိုပြီး
စိတ်လှုပ်ရှားစွာ အော်လေသည်။ ဒီထောင်ချောက်က ယွီရှောင်ချောင်းကိုယ်တိုင် ဆင်ထားခဲ့တဲ့
ထောင်ချောက်ပဲ။ ဒီအကောင်ငယ်လေးဟာ မွေးခါစပဲရှိဦးမယ်။ ကြိုးကွင်းမှာမိနေသော
အကောင်လေးမှာ မီးခိုးရောင်သန်းနေတဲ့ သားမွေးရှိပြီး နားရွက်ချွန်ချွန်လေးတွေကလည်း ကွေးကွေးလေးပင်။ မဲပြီးလုံးနေတဲ့နှာခေါင်းလေးနဲ့ သေးသွယ်သွယ် ခြေလေးချောင်းလည်း ရှိလေတယ်။ တင်ပါးနဲ့ နောက်ခြေထောက်က အမွေးတွေက အဖြူရောင်ဖြစ်နေတော့ အဖြူရောင်ဘောင်းဘီဝတ်ထားတာနဲ့တူနေပြီး ကလေးငယ်ကို အိုးနဲ့အခင်းသွားတတ်အောင်သင်ပေးစဉ် ဝတ်တဲ့ဟာနဲ့ ဆင်တူနေလေတယ်။
ဖမ်းမိထားတဲ့ အကောင်ငယ်လေးက လုံးဝ ရုန်းမနေပေ။ အဲ့နေရာမှာပဲ တုံးအစွာရပ်နေပြီး အနီးနားက
မြက်ကလေးတွေကို တတိတိနဲ့ ကိုက်စားနေတယ်။ ကျောက်ဟန်က ခြေလှမ်းကျဲကြီးတွေနဲ့သွားကာ
ရူးမိုက်တဲ့ အကောင်ငယ်လေးကို လက်တစ်ဖက်နဲ့ ဖမ်းလိုက်တယ်။ သူက ရယ်မောရင်း ဒါက သမင်ငယ်လေးမဟုတ်ဘူး တုံးအတဲ့ ဒရယ်ငယ်အမျိုးအစားပဲ
ဒီကောင်လေးက တော်တော်အတယ် ဖမ်းမိတာတာတောင် ထွက်ပြေးဖို့ မရုန်းကန်ဘဲ အစားပဲ စိတ်ဝင်စားနေတယ်
ကလေးငယ်လေးတွေအားလုံးက ချစ်ဖို့ကောင်းတဲ့ တိရစ္ဆာန်သေးသေးလေးတွေကို ချစ်တတ်ကြတယ်။
ရှီထုန်လေးက အဲ့ဒီသတ္တဝါငယ်လေးရဲ့ နားရွက်ကို ပွတ်သပ်ပေးပြီး ပျော်ရွှင်စွာနဲ့ ဒုတိယအစ်မ ဒီဒရယ်လေးက အစားပုပ်လေးပဲ
ရှီထုန်က အစားပုပ်လေး ဆိုတဲ့စကားကို သူ့ဒုတိယအစ်မဆီကနေ အလိုလိုတတ်နေတယ်။ အဲ့စကားလုံးကို သိသိချင်းမှာပဲ ဒရယ်အသေးလေးကို ခေါ်ဖို့သုံးလိုက်တယ်။
သူမ ဖမ်းမိတဲ့အတွက် ပျော်ပေမယ့်လည်း ယွီရှောင်ချောင်းက စိတ်ပျက်ချင်ယောင်ဆောင်ပြီး အကောင်ကလည်း သေးသေးလေး အသားလည်း အများကြီးရှိမယ့်ပုံမပေါ်ဘူး။ ဈေးထဲမှာလည်း ဈေးသိပ်ရမှာမဟုတ်ဘူး"
ဒုတိယအစ်မ သူ့ကို အိမ်ပြန်တဲ့အခါ ခေါ်သွားပြီး မွေးထားရအောင် သူကြီးလာရင် ကျွန်တော်တို့ အသား
စားလို့ရပြီ!
ရှီထုန်လေးက တကယ် အရိုးထဲကကို အစားပုပ်တာပဲ။ ရှီထုန်လေးက ဒရယ်ငယ်လေးကို ရွာကိုပြန်တဲ့
အခါသယ်သွားဖို့ဆိုတာ ခက်ခဲတာတောင် သူကိုယ်တိုင် သယ်မယ်ဆိုပြီး စိန်ခေါ်ကြည့်ချင်သေးတာ။
သူက အကောင်ငယ်ကို မြေကြီးပေါ်ကနေ မ,နိုင်လိုက်ပေမယ့် ခြေလှမ်းအနည်းငယ်ပဲ ယိုင်နဲ့နဲ့လှမ်းနိုင်ပြီး ပစ်လဲသွားတယ်။ ဒရယ်ငယ်အကောင်လေးကလည်း သူနဲ့အတူ လှိမ့်ကျသွားတယ်။ ကံကောင်းစွာနဲ့ သူတို့အောက်မှာ မြက်ထူထူနဲ့ ပေါင်းပင်တွေရှိနေလို့ တစ်ယောက်မှ ဒဏ်ရာမရကြပေ။
ယွီရှောင်ချောင်းက ထောင်ချောက်က ကွင်းလျှောကို တစ်စစီဖြည်ပေးလိုက်ပြီး ဒရယ်လေးရဲ့လည်ပင်းမှာ
ကြိုးကွင်းစွပ် ချည်ပေးထားလိုက်တယ်။ အဲ့ဒီနောက် သူမက အဝါရောင်မြက်ခြောက်တွေကို လက်နှစ်ဖက်အပြည့်စုပြီး နောက်ဆုံးကျန်ရှိနေတဲ့ အံ့ဖွယ်ကျောက်ရေကို အဲ့ဒီအပေါ်မှာ လောင်းချလိုက်
တယ်။ အဲ့ဒီလိုနဲ့ ဒရယ်လေးကို သူ့နောက်လိုက်စေခဲ့တယ်။ လက်တစ်ဖက်ထဲမှာ ကြိုးကိုင်ထားပြီး နောက်တစ်ဖက်မှာ မြက်တွေနဲ့ ဖြစ်တယ်။ အကောင်ငယ်လေးက သူ့ရဲ့ ပြူးကျယ်မည်းနက်နေပြီး အပြစ်ကင်းစင်တဲ့ မျက်လုံးတွေနဲ့ သူမနောက်ကနေ လိမ္မာပြီးနာခံတတ်တဲ့ ကလေးတစ်ယောက်ပမာ လိုက်လာလေတယ်။
ဒုတိယအစ်မ ဒီဒရယ်ငယ်အကောင်လေးကို လူတွေက မွေးမြူပျိုးထောင်ထားတာလို့ ထင်လား ဘယ်လိုဖြစ်ပြီး ဒီအကောင်လေးက ကျွန်တော်တို့ကိုမကြောက်ပဲ အနားတောင်ကပ်ချင်နေရတာလဲ ရှီထုန်လေးက အကောင်လေးဘေးနား ခုန်ကူးလာပြီး တခါတရံသူ့လက်ကလေးကို ဒရယ်ငယ်ရဲ့ အမွှေးတွေကိုပွတ်သပ်ပြီး ကစားနေသည်။
ကျောက်ဟန်က ဟားတိုက်ရယ်မောကာ
ငါတို့က ဒီလောက်တောနက်ထဲမှာ အိမ်ထောင်စု တခုတလေတောင်မမြင်ရဘူး ဘယ်နေရာမှာ ဘယ်လို မွေးမြူမှာလဲ ငါ့အထင် ဒီကောင်လေးက သူ့အမေနဲ့ ကွဲသွားတာ ဖြစ်ရမယ်။ ဒီကောင်လေးက မင်းတို့နှစ်ယောက်ကို သူ့ရဲ့ အစားထိုးအမေလို့ ထင်ချင်ထင်နေမှာ ဟုပြောလေသည်။
ယွီရှောင်ချောင်းက သူမရဲ့မျက်လုံးတွေကို စိတ်ကုန်မှုနဲ့ ဖုံးအုပ်ထားလိုက်ချင်တယ်။ သူမရဲ့အဝတ်အစားတွေက အရောင်မွဲပြီး မီးခိုးရောင်ဖြစ်နေပေမယ့် ဒရယ်ငယ်လေးရဲ့ ကိုယ်အရောင်ကိုတော့ မမီပေ။ ဒီအကောင်လေးရဲ့မျက်လုံးက ဘယ်လောက်တောင်မွဲနေလို့ သူတို့ကို သူ့အမေအနေနဲ့ အထင်မှားရတာတုန်း။
သူတို့တွေ တောင်ပေါ်ကနေအောက်ကိုဆင်းတော့ သူတို့ရဲ့ထောင်ချောက် တစ်ဝက်ကျော်ကျော်လောက်မှာ သားကောင်တွေမိနေတယ်။ တစ်ခြားတစ်ဝက်လောက်က တစ်ချို့တိရစ္ဆာန်တွေ ဒါမှမဟုတ် တစ်ခုခုရဲ့ ဖျက်ဆီးခြင်းခံထားရလေတယ်။ ကျောက်ဟန်က သူတို့ရဲ့ ကံကောင်းမှုကို အံ့အားသင့်နေလေတယ်။ ကျောက်ဟန်က ပတ်ဝန်းကျင်ကို သတိနဲ့ စစ်ဆေးကြည့်တဲ့အခါ ဖျက်ဆီးခံထားရတဲ့ ထောင်ချောက်နားက အပင် တော်တော်များများဟာ ငုတ်တိုပဲကျန်အောင် အစားခံထားရတာကို တွေ့လိုက်တယ်။
တောင်ပေါ်က တိရစ္ဆာန်တော်တော်များများက ဒီနေ့ တော်တော် လှုပ်လှုပ်ရှားရှားရှိတယ်နဲ့ တူတယ်။
အကောင်တွေအကုန်လုံး ဆောင်းခိုဖို့ စောစောစီးစီး ပြင်ဆင်နေကြပြီလားပဲ ဟုဆိုပြီး ကျောက်ဟန်က ဒီလိုမြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးတာမို့ ထူးခြားတဲ့အခြေအနေကြောင့် ခေါင်းခြောက်နေလေသည်။ သူက သူ့အဖေ အမဲလိုက်ကပြန်လာရင် ဒီနေ့ ဘယ်လိုဖြစ်တာလဲ မေးကြည့်ရမယ်ဆိုပြီး တွေးထားလိုက်သည်။
ယွီရှောင်ချောင်းက သူမရဲ့ ငွေရဖို့ အကြံအစည်က အလုပ်ဖြစ်တာကို သိတော့ ပျော်ရွှင်အံ့ဩနေသည်။
သူမက အစ်ကိုဟန် ဒီနေ့ ညီမတို့အတွက် တော်တော် အကျိုးဖြစ်တဲ့ ခရီးပဲ
ဟု အံ့အားသင့်စွာ ပြောသည်။
ဟုတ်တာပေါ့ ဟုတ်တာပေါ့ သားတို့ဒီနေ့ ယုန်အချို့ဖမ်းမိရုံတင်မကဘူး ရစ်ငှက်တွေလည်း
ဖမ်းမိထားတယ် တစ်ချို့အကောင်တွေက အသက်ရှင်နေတုန်းဆိုတော့ ပိုတောင်ကောင်းသေးတယ်။
သားအဖေကပြောဖူးတယ် ရှင်နေတဲ့သားကောင်က ရောင်းလို့လွယ်တယ်တဲ့
ရှီထုန်လေးက စိတ်လှုပ်ရှားစွာပြောလိုက်သည်။
ကျောက်ဟန်က သူတို့ပြောတာကို သဘောတူလိုက်တယ်။
ဒီနေ့ ငါတို့ တော်တော်ကံကောင်းတယ် ဒါပေမယ့် ဒီသားကောင်တွေအားလုံးဆိုရင် ငါတို့အကုန်လုံး ကုန်အောင် မစားနိုင်လောက်ဘူး နေမွန်းလွဲကျရင် ငါ့အဖေနဲ့ ဦးလေးယွီက သူတို့ဖမ်းမိထားတဲ့ သားကောင်တွေကို မြို့ထဲသွားရောင်းဖို့ စီစဉ်ထားတယ်။ ငါ့အဖေကို ငါတို့ရဲ့သားကောင်အချို့
ရောင်းပေးဖို့ ပြောကြည့်ရင်ရော
ညီမလည်း မြို့ထဲကိုသွားချင်တယ်
ယွီရှောင်ချောင်းက မြေကြီးပေါ်က အကောင်ဆယ်ကောင်ကို ကြည့်ရင်းပြောလိုက်သည်။
အစ်ကိုဟန်ရဲ့ ပင်ကိုစရိုက်ကို သူမ,သိရသလောက်တော့ သူမလည်း ဖမ်းမိထားတဲ့ထဲက
အနည်းဆုံး နှစ်ကောင်သုံးကောင်တော့ ရမှာပဲလို့ သဘောပေါက်လိုက်တယ်။
ကျောက်ဟန်က သူမရဲ့မိသားစုအကြောင်းကို
သိတာမို့ ခနစဉ်းစားပြီးတော့မှ ငါမြို့ကို အကြိမ်ပေါင်းများစွာ ရောက်ဖူးတယ်ဆိုတော့ အဲ့ဒီကို
ဘယ်လိုသွားရလဲ ရင်းနှီးပြီးသား ငါမင်းတို့နှစ်ယောက်ကို အတူခေါ်သွားပေးမယ်ဆို ဘယ်လိုလဲ
ယွီရှောင်ချောင်းက သူ့ရဲ့ အကြံပေးချက်ကိုကြားတော့ ထင်ထားတာထက်တောင် ပိုဝမ်းသာသွားတယ်။
ရှောင်ချောင်းက သူမရဲ့ အဖေကို သူမနဲ့ မောင်နှမတွေစားဖို့ သားကောင် တစ်စနှစ်စ ချန်ထားပေးဖို့
ပြောရင်လည်းရတယ်ဆိုပေမယ့် သူမအဖေက ကျန်တဲ့ မိသားစုတွေနဲ့ ခွဲပြီး ဝေစုသက်သက် ဖွက်ထားသလိုမျိုး ဖြစ်နေမှာဆိုတော့ အဆင်မပြေဘူး ။
သူ့အမြင်မှာ သူက ယွီမိသားစုကနေ အနာဂတ်မှာ ခရိုင်အမှုထမ်း ဒါမှမဟုတ် ဖြစ်နိုင်လျှင်
စီရင်စုအမှုထမ်းတစ်ယောက် ပေါ်ထွန်းဖို့ ကူညီပေးနေတယ်လို့ တွေးထားသည်။ မိသားစုထဲမှာ
အမှုထမ်းတစ်ယောက်ရှိခြင်းက သူ့ကလေးတွေရဲ့ အနာဂတ်ကိုလည်း အလွန် အကျိုးဖြစ်ထွန်း စေလိမ့်မယ်။ အဲ့ဒါက သူတို့အတွက် သူကြိုးစားပမ်းစား အလုပ်လုပ်ပေးနေတဲ့ အကြောင်းရင်းဖြစ်သည်။
သူက သူ့သမီး သူမဘာသာ ပိုက်ဆံဖြည့်နေတာကိုသာသိရင်လည်း သူမကို အပြစ်မြင်မှာ မဟုတ်ပေ။ သို့သော်လည်း အဘွားကြီးကျန်းက အမြဲတမ်း ပိုက်ဆံမလောက်လို့ ပွစိပွစိပြောတဲ့အခါ သူ့အတွက်
ဒီလျို့ဝှက်ချက်ကို မပြောထွက်မိဖို့ ခက်ခဲမှာပင်။ အဲ့ဒီအတွေးနဲ့တင် ယွီရှောင်ချောင်းက သူမရဲ့ပိုက်ဆံတွေကို သူမအမေနဲ့အဖေဆီက ဝှက်ထားဖို့ ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသားချထားလိုက်တယ်။
သူမကောင်းကင်ကို မော့ကြည်လိုက်တော့ အတော်စောသေးတာကို သိလိုက်ရတယ်။ သူမက ရှီထုန်လေးနဲ့အတူအိမ်ကို အပြေးပြန်သွားတုန်း ကျောက်ဟန်က သစ်အယ်သီးတွေနဲ့ သားကောင်တွေကို
ကျောက်အိမ်ဆီ ယူသွားဖို့ပြောလိုက်တယ်။ သူတို့ အဲ့ဒီကြွေအိုးအဟောင်းကြီးကို ပြန်ယူဖို့လိုတယ်။
"အို ဟိုး!" သူတို့ခြံဝန်းထဲဖြတ်သွားသွားချင်း သူတို့အဘွားနဲ့ဝင်တိုက်မိမလိုဖြစ်သွားတယ်။
အဘွားကြီးကျန်းက မကျေမနပ်နဲ့ မျက်ခုံးနှစ်ခုကြား နဖူးရေတွန့်တဲ့အထိ မျက်လုံးတွေကို
မှေးကြည့်လိုက်သည်။
အစုတ်ပလုတ်လေးတွေ နင်တို့တွေ မိုးသောက်ပြီးစကတည်းက ပျောက်သွားကြတာ နင်တို့ ကျန်တဲ့အိမ်သူအိမ်သားတွေကို အိမ်အလုပ် ဘယ်လိုကူရမလဲ မသိဘူးလား
ယွီရှောင်ချောင်းက မျက်လုံးလေး ပေကလပ်ပေကလပ်လုပ်ပြီး အဘွားကြီးကို အပြစ်ကင်းစွာကြည့်လိုက်သည်။
အဘွား သမီးလည်း ငါးညှီပင်တွေ ကူသိမ်း၊ ထင်းကူခွဲပြီး တစ်ခြားအိမ်အလုပ်တွေ ကူလုပ်ပေးချင်ပါတယ်။ ဒါပေမယ့် သမီး ခန္ဓာကိုယ်က အားနည်းတယ်လေ ပင်ပန်းပြီးဖျားသွားလို့ ဆရာဝန်ပြဖို့ ပိုက်ဆံကုန်ရရင်
ဘယ်လိုလုပ်မတုန်း။ သမီးကအားနည်းတာမလို့ သမီး ဘာဒုက္ခမှ မပေးတာ ပိုကောင်းမယ်ထင်တယ်။ အဘွား ဒီလိုက အကောင်းဆုံးပဲလို့ မထင်ဘူးလား
အဘွားကြီးကျန်းက ရှောင်ချောင်း ပြောတာအကုန်မှန်နေတော့ ဘာပြန်ပြောရမလဲမသိ ဖြစ်နေတယ်။
ကောင်မလေးက ကြွေးအိုးဟောင်းအကြီးကြီး သယ်နေတာမြင်တော့ အမျိုးသမီးကြီးနဲ့ မျက်ခုံးနှစ်ခု အကြား အရစ်တွေက အနည်းငယ်ပြေသွားတယ်။ အမျိုးသမီးကြီးက သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်
ပြလိုက်တယ်။
နင်တို့တွေ အဲ့အိုးနဲ့ငါးသွားဖမ်းကြမလို့လား
နင်တို့အရင်တစ်ခါဖမ်းခဲ့တဲ့ငါးတွေက သေးတယ်ပြောလို့ရပေမယ့် အရသာရှိတယ်။ မင်းတို့ဦးလေးငယ်ရဲ့ သား သုန်ဇီလေးက အဲ့ငါးစားရတာ တကယ်ကြိုက်တယ်။ ငါးတွေပိုဖမ်းခဲ့ ။
မနက်ဖြန် မင်းတို့ ဦးလေးဆီ ငါပို့ပေးမလို့
ရှောင်ချောင်းက သဟဇာတဖြစ်တဲ့အပြုံး, ပြုံးမပြခင်မှာပဲ တခဏလောက် မျက်မှောင်ကြုတ်သွားတယ်။
မနက်ဖြန်အထိ စောင့်နေဖို့မလိုပါဘူး ဦးလေးကျောက်ရဲ့သား အကိုဟန်က ဒီနေ့တောယုန်ရိုင်းတွေဖမ်းမိလို့ မြို့ကိုသွားရောင်းချင်နေတာ။
သမီးလည်း ငါးတွေဖမ်းပြီး သူနဲ့မြို့ကိုလိုက်သွားရင်ရော။ အဲ့လိုဆို ဦးလေးငယ်လည်း လတ်ဆတ်ပြီးအရသာရှိတဲ့ ငါးဟင်းရည် စားလို့ရတာပေါ့
အဘွားကြီးကျန်းက တုံ့ဆိုင်းမနေပဲသဘောတူလိုက်တယ် မင်းတို့အိုးက သေးလွန်းတယ်
အဲ့ထဲမှာ ငါးက ဘယ်လောက်ဆံ့မှာမို့လို့လဲ မင်းတို့တွေ အဲ့ဒီအစား ငါတို့ဟင်းသီးဟင်းရွက်တွေ
ဆားစိမ်တဲ့ ရေချိူင့်ယူသွားရင်ရော အဲ့ဒီရေချိုင့်ဆို မင်းတို့ဦးလေး သုံးလေးနပ်စားဖို့လုံလောက်တဲ့ ငါးတွေဆန့်လောက်မယ်
ယွီရှောင်ချောင်းက ပြန်စဉ်းစားကြည့်မှ မြေထည်ပစ္စည်းတွေရဲ့ အရွယ်အစားက တစ်ပေခွဲလောက်အမြင့်ရှိတယ်။ ရှောင်ချောင်းက ပြန်မဖြေခင် သူမအဘွားကို တိတ်ဆိတ်စွာ စိုက်ကြည့်ပြီးမှ အဘွား တကယ်ပဲ သမီးရဲ့ ခန္ဓာကိုယ်သေးသေးလေးက အဲ့ဒီအကြီးကြီးကို သယ်ဖို့ အားရှိမယ်ထင်နေတာလား နောက်ပြီး
တော့ အဲ့ဒီငါးတွေဖမ်းမိဖို့က တကယ်မလွယ်ဘူး သမီးဒီအိုးတောင် အပြည့်ဖမ်းနိုင်မယ်ဆိုတာ မသေချာဘူး အဘွား သမီးတို့သွားတော့မယ်။ သမီးတို့နောက်ကျနေရင် အစ်ကိုဟန်က သမီးတို့မပါပဲသွားလိမ့်မယ်
အဘွားကြီးကျန်းက ဘာမှပြန်မပြောနိုင်သေးခင်မှာပဲ ရှောင်ချောင်းက ကြွေအိုးကို ရှီထုန်လေး
လက်ထဲထည့်ပြီး မီးဖိုချောင်ဘက်ကို သုတ်သီးသုတ်ပျာပြေးသွားသည်။ မီးဖိုပေါ်မှာ
ပေါင်းပြီးခါစ အငွေ့တထောင်းထောင်းနဲ့ ပေါက်စီသုံးလုံးရှိနေတယ်။ သူမက ပေါင်းဖိုခြင်းထဲက
ပေါက်စီသုံးလုံးရှိတဲ့ထဲက နှစ်လုံးကိုယူပြီး ဆီစိမ်စက္ကူနဲ့ပတ်ပြီး သူမပခုံးပေါ်လွယ်ထားတဲ့
ခြင်းလေးထဲ ထည့်လိုက်တယ်။
ဟဲ့ ဒီဆတ်ဆတ်လူးမလေးနဲ့အဲ့ဒီပေါက်စီတွေက နင့်အဘိုးနဲ့ ကျန်တဲ့ယောကျ်ားသားတွေအတွက်.....သူမကနောက်က ကပ်လိုက်လာတဲ့အဘွားကြီးကျန်းက စိတ်ဖိစီးစွာ အော်ပြောလိုက်တယ်။
ယွီရှောင်ချောင်းက သူမမောင်လေးလက်ကို ဆွဲပြီးသားဖြစ်ပြီး တံခါးကနေ ထွက်ပြေးသွားတယ်။ သူမအသံ နောက်ထဲမှာပဲ မြို့ထဲကိုရောက်ဖို့က နာရီအနည်းငယ်ကြာအောင်လမ်းလျှောက်သွားရမှာ သမီးတို့စားမသွားရင် အဲ့ဒီကို ဘယ်လိုရောက်အောင်သွားနိုင်မှာလဲ စိတ်မပူပါနဲ့အဘွားရေ ဒီည အဘွားရဲ့အဖိုးတန်မြေးလေး လတ်ဆတ်တဲ့ ငါးဟင်းရည်သောက်ရမယ်ဆိုတာ ကတိပေးပါတယ်
အဘွားကြီးကျန်းက သူတို့နောက်ကို လိုက်ချင်ပေမယ့် သိပ်ကိုနောက်ကျသွားပြီဖြစ်သည်။ မခံချိမခံသာဖြစ်နေတဲ့ အဘွားကြီးက ခြံဝန်းထဲကျယ်လောင်စွာ ခြေဆောင့်ရင်း ဝန်းကျင်တစ်ခွင်မှာ ဆဲဆိုသံတွေ ပျံ့နှံ့နေတော့တယ်။
မောင်နှမနှစ်ယောက် တောင်ကြားထဲငါးဖမ်းပြီး ပြန်လာချိန်မှာ မနက်ကိုးနာရီလောက်ရှိပြီ။ သူတို့တောင်ကုန်းအခြေက ကျောက်ဟန်အိမ်ကိုရောက်တဲ့အခါ ကြီးမားတဲ့ ခြင်းတောင်းကြီး
သယ်ကာ တောင်ကုန်းထိပ်မှာရပ်နေတဲ့ ကျောက်ဟန်ကိုတွေ့လိုက်တယ်။ အဝေးကနေ လူငယ်လေးက လက်လှမ်းပြနေတာကို သူတို့တွေ့တော့ သူတို့ကို တောင်ကုန်းလေးပေါ်တက်ခဲ့ဖို့ အချက်ပြနေတယ် ဆိုတာ သိလိုက်တယ်။ အသက်က တစ်ဆယ့်သုံးနှစ်ပဲရှိသေးပေမယ့် အရပ်က၁.၇ မီတာ ကျော်နေပြီဖြစ်တယ်။ ဒါ့အပြင် သူက ကိုယ်ခံပညာရပ်တွေကို တစ်နှစ်ပတ်လုံး လေ့ကျင့်နေတာမို့ သားကောင် ဆယ်ကောင်သယ်တယ်ဆိုတာ သူ့အတွက်မုန့်စားသလောက်ပဲရှိလေတယ်။ ကျောက်ဟန်က သူ့ရဲ့ရှည်လျားသန်မာတဲ့ ခြေထောက်တွေနဲ့ ခပ်လှမ်းလှမ်းလျှောက်လာကာ မောင်နှမနှစ်ယောက်နဲ့ အမြန်ပြန်ဆုံကြတယ်။
လူငယ်လေးက ရှောင်ချောင်းလက်ထဲက ကြွေအိုးကို သဘာဝကျကျပဲ ဆွဲယူကာ ပြုံးလျက်
ဟိုငတုံးဒရယ်ပေါက်လေးကို မင်းတို့နှစ်ယောက် တော်တော်သဘောကျနေတာ သတိထားမိလို့
အဲ့အကောင်ကို အိမ်မှာထားခဲ့ဖို့ ဆုံးဖြတ်ခဲ့လိုက်တာ မင်းတို့တွေ အဲ့အကောင်ကို အိမ်ပြန်ယူသွားချင်လား ဒါမှမဟုတ် ငါ့အိမ်မှာပဲ မွေးထားမလား မင်းတို့သဘောပဲ
ရှီထုန်လေးရဲ့မျက်လုံးတွေက ပျော်ရွှင်မှုနဲ့တောက်ပသွားပြီး ပြုံးပြုံး ပြုံးပြုံးနဲ့ ဒုတိယအစ်မ အဲ့အကောင်လေးကို အိမ်ခေါ်သွားပြီးမွေးရအောင် ဒရယ်ပေါက်လေးက အသားလည်းသိပ်မရှိဘူး အဲ့တော့ လောလောဆယ် အဘွားလည်း သူ့ကို စားချင်သေးမှာမဟုတ်လောက်ပါဘူး
ကောင်းပြီလေ ဟု ယွီရှောင်ချောင်းက ဘာမှသိပ်စဉ်းစားမနေပဲ သဘောတူလိုက်တယ်။ ဒရယ်ငယ်လေးက သိပ်ချစ်ဖို့ကောင်းတာ ပြီးတော့ ဆန်းကြယ်ကျောက်ရေနဲ့ဆို ဒီအကောင်လေးက ကျိုးနွံလာလောက်မှာပါ။
မင်းတို့မိသားစုဝင်တွေက အဲ့အကောင်လေးကို အန္တရာယ်ပြုမှာစိုးရင် အဲ့အကောင်လေးကို
ငါဖမ်းမိထားပြီး မင်းတို့ကို ခနမွေးခိုင်းထားတာလို့ ပြောလို့ရတယ် ကျောက်ဟန်က ရှေ့ကိုဆက်လျှောက်ရင်း သူတို့ဆီခေါင်းလှည့်ကာ ပြောသည်။
.......