[Zawgyi]
အပိုင္း၂၆ (ဂုဏ္သိကၡာ)
အဘိုးယြီက ခရမ္းသီးဆီေမႊးသပ္ကို ေနာက္တစ္ႀကိမ္ ယူစားလိုက္တယ္။ သူ႔ရဲ႕သြားေတြ စက်ိဳးေနၿပီ
ျဖစ္တဲ့အတြက္ ခရမ္းသီးေမႊေၾကာ္လို ႏူးညံ့တဲ့အစာေပ်ာ့ေတြစားရတာကိုပဲ ႏွစ္သက္ေတာ့တယ္။
ဒါေၾကာင့္ သူကိုယ္တိုင္ပင္မသိလိုက္ဘဲ ခရမ္းသီးဟင္းပန္းကန္ရဲ႕ တဝက္ခန႔္ကို တစ္ေယာက္ထဲ စားလိုက္မိတယ္။
ယြီဟိုင္ရဲ႕ထင္ျမင္ခ်က္ကို ၾကားတဲ့အခါမွာေတာ့ ခ်ီးက်ဴးဖို႔ မတြက္ကပ္တတ္တဲ့ အဘိုးယြီက
မွန္ပါ့ မွန္ပါ့၊ အရသာတယ္ရွိပါ့ေရာ! ငါ့တို႔ေရွာင္ေခ်ာင္းက တကယ္အရည္အခ်င္းရွိတာပဲ၊ သူ႔အေမထက္ေတာင္ ဟင္းခ်က္လက္ရာေတာ္ေနေသးတယ္၊ ေရွာင္ေခ်ာင္းအေမက သူ႔ကိုေသခ်ာ သင္ေပးထားတာပဲ၊ ဘာပါလိမ့္ နာမည္ႀကီးတဲ့ ဆိုရွိးတစ္ခုရွိတယ္ေလ.ဆရာထက္တပည့္က လက္စြမ္းထက္တယ္ဆိုတာ၊ တတိယသား အဲ့လိုဟုတ္တယ္မလား
အဘိုးယြီက သူမွတ္မိတဲ့ စကားတစ္ခုအတြက္ ကိုယ့္ကိုယ္ကို အထင္ႀကီးသလိုခံစားလိုက္ရတယ္။ သူ႔မုတ္ဆိတ္ေမႊးေတြကို သပ္ကာ ေသရည္တစ္ငုံေသာက္လိုက္ၿပီး ေက်နပ္သလိုေလးၿပဳံးတယ္။ ယြီမိသားစု ပီသခ်က္ကေတာ့!
အေဖေျပာတာမွန္တယ္၊ ဒါေပမယ့္ ေရွာင္ေခ်ာင္းခ်က္တဲ့ ဟင္းေတြက အကုန္ဆီနဲ႔ ေၾကာ္ထားတာ ေတြေလ ပုံမွန္ဆို အေဖတို႔က အသီးအ႐ြက္ေတြကို ဘာဆီမွမပါဘဲ ဆားနဲ႔ ျပဳတ္လိုက္တာပဲမလား၊ ဒီေတာ့ ဆီနဲ႔ေမႊေၾကာ္သလိုေတာ့ ဘယ္စားေကာင္းပါ့မလဲ၊ ေနာက္က်ရင္လည္း ဒီလိုမ်ိဳးဆီနဲ႔ပဲ ခ်က္စားသင့္တယ္
မိဘအိမ္မွာ စိတ္ေက်နပ္စရာေကာင္းတဲ့ ထမင္းတစ္နပ္ သုံးေဆာင္ၿပီးခ်ိန္မွာေတာ့ တတိယသားယြီေပၚရဲ႕စိတ္ေတြ ႐ႊင္လန္းေနၿပီး သူ႔အေဖရဲ႕ခြက္ထဲကို ေသရည္ငွဲ႔ေပးလိုက္တယ္။
အဘိုးယြီက သူ႔သားစကားကို ေခါင္းရမ္းလိုက္ရင္း မင္းအေမအေၾကာင္းလည္း သိရဲ႕သားနဲ႔ကြာ...ငါတို႔သာ ဝက္ဆီလုပ္ဖို႔ ဝက္သားေန႔တိုင္းဝယ္ရရင္ သူ႔ရဲ႕ကပ္စီးႏွဲတဲ့ ႏွလုံးသားက သူ႔အသားလွီးတာထက္ေတာင္ ပိုနာေနအုံးမယ္
ဒီတစ္ခါမွာေတာ့ ယြီဟိုင္က ဝင္ေျပာလိုက္တယ္။ ကြၽန္ေတာ္တို႔ ဝက္ဆီအစား ဟင္း႐ြက္ဆီ သုံးလို႔ရတာပဲ ကြၽန္ေတာ္တို႔မွာ မႏွစ္ကစုထားတဲ့ ပဲေတြရွိေသးတယ္မလား၊ အဲ့တာေတြကို ႀကိတ္ဆုံဆီ သြားႀကိတ္ၿပီး ဟင္းခ်က္ဖို႔အတြက္သုံးရင္ေရာဆီဆိုမွေတာ့ ဘယ္ဆီနဲ႔ခ်က္ခ်က္ အရသာေကာင္းမွာပါ
ပိုက္ဆံအစား ပဲကိုသုံးရင္ေတာ့ ခြင့္ျပဳေလာက္မလား?... အဘိုးယြီက သူ႔ဇနီး၏လက္ခံႏိုင္ေျခကို တြက္ခ်က္ၾကည့္လိုက္တယ္။
ယြီေပၚက အိမ္သားေတြအားလုံး ဆီနဲ႔ခ်က္တဲ့ဟင္းေတြကို ေပ်ာ္႐ႊင္စြာစားေနတာ ျမင္ရတဲ့အခါ သူတို႔အေျခအေနကို ထပ္စဥ္းစားၾကည့္မိတယ္။ ၿပီးေတာ့ ခံစားခ်က္ေတြကို မၿမိဳသိပ္ႏိုင္ဟန္နဲ႔ လက္ထဲကတူကိုခ်လိုက္ရင္း သူ႔အေဖကို တိုက္တြန္းလိုက္တယ္။
အေဖတကယ္လို႔သာ လူေတြက ကြၽန္ေတာ့္ပညာေရးအတြက္နဲ႔ အိမ္သားေတြက ဆီပုလင္းေလး တစ္လုံးေတာင္ အခက္အခဲျဖစ္ေနတယ္ဆိုတာ သိၾကရင္ ကြၽန္ေတာ္စာေရာဆက္သင္ဖို႔သင့္ရဲ႕လား၊ တေယာက္ေယာက္က ဒါကိုသိမသြားႏိုင္ဘူးလား၊ အေဖ အေမ့ကိုသိပ္ကပ္စီးမႏွဲဖို႔ နားခ်ေပးပါဗ်ာ၊ ေက်ာင္းက လူတခ်ိဳ႕ကေတာင္ ကြၽန္ေတာ့္ေနာက္ကြယ္မွာ အတင္းေျပာကုန္ၾကၿပီ
စာသင္သားေတြအတြက္ တန္ဖိုးအထားဆုံးအရာက သူတို႔ရဲ႕ ဂုဏ္သိကၡာ သာျဖစ္တယ္။
သူကေတာ့ ၿမိဳ႕ႀကီးေပၚမွာ အိမ္ေကာင္းႀကီးနဲ႔ေန၊ အစားေကာင္း အေသာက္ေကာင္းေတြ စားလို႔ သူ႔အိမ္ကလူေတြကေတာ့ တေန႔တေန႔ ဆန္ၾကမ္းဘိန္းမုန႔္ကိုေတာင္ အေရအတြက္ကန႔္သတ္ၿပီး စားေနရတာတဲ့
ထိုကဲ့သို႔ သူရဲ႕မေကာင္းသတင္းေတြကို ယြီေပၚၾကားရၿပီးျဖစ္သည္။ သူဒီတစ္ေခါက္ အိမ္ျပန္လာျခင္းရဲ႕ အဓိကရည္႐ြယ္ခ်က္က သူ႔အေမကို သူ႔တစ္ေယာက္အတြက္နဲ႔ ပိုက္ဆံကို မႏွေျမာဖို႔နားခ်ရန္ႏွင့္ သူ႔ကို သိကၡာခ်ေနတဲ့ အတင္းအဖ်င္းေတြကို ရပ္တန႔္ရန္သာျဖစ္တယ္။ ဒါေပမယ့္ သားျဖစ္သူပီပီ သူ႔အေမ အမ်ိဳးသမီးက်န္းရဲ႕ ေဒါသကိုသိတဲ့အေလ်ာက္ ဖေအျဖစ္သူနဲ႔သာ ေဆြေႏြးၾကည့္လိုက္တယ္။
ထိုအဘြားႀကီးက ေငြစတစ္ျပားကုန္က်တဲ့ပစၥည္းကိုေတာင္ တစ္ဝက္ေဈးနဲ႔လိုခ်င္တဲ့သူျဖစ္သည္။ သူမက မိသားစုေတြေပၚသာမက ကိုယ့္အတြက္ကိုယ္ပင္ ႏွေျမာတြန႔္တိုတတ္ၿပီး အၿမဲတမ္း ထမင္းဝိုင္းတြင္ တစ္ေယာက္ကို မည္မွ်သာစားရမည္ဟု သတ္မွတ္ထားတတ္သည္။ ဒုတိယသားရဲ႕ ကေလးေတြက အ႐ိုးေပၚအေရတင္၊ လမ္းေလွ်ာက္လွ်င္ပင္ မူမမွန္ခ်င္တဲ့အထိ အာဟာရခ်ိဳ႕တဲ့မႈရဲ႕ ေခ်ာက္ကမ္းပါးစြန္းမွာ ေရာက္ေနၾကေပမယ့္ သူ႔သားအငယ္ဆုံးရဲ႕ ပညာေရးအတြက္ အဘိုးယြီက သူ႔ဇနီးရဲ႕ အစြန္းေရာက္ ကပ္စီးႏွဲမႈေတြကို မ်က္ကြယ္ျပဳထားရတယ္။
တကယ္လို႔ သူမရဲ႕ ကပ္စီးႏွဲမႈေတြကသာ သူ႔သားရဲ႕ဂုဏ္သိကၡာကို ထိခိုက္တယ္ဆိုရင္ ဒါေတြအကုန္ ရပ္ဖို႔လိုအပ္ေလၿပီ! သူတို႔ရဲ႕ သားအငယ္ဆုံးက အရာရွိျဖစ္ဖို႔ ကံပါလာေပမယ့္ သူ႔အေမရဲ႕ ကပ္စီးႏွဲမႈ ေၾကာင့္သာ စြန႔္လႊတ္လိုက္ရမယ္ဆိုရင္ ဒါကလုံးဝကို စိတ္ပ်က္ဖြယ္ရာပဲ။ ေနာက္ဆုံးတြင္ အဘိုးယြီက အေျဖတစ္ခုကို ခ်မွတ္လိုက္ၿပီး သူ႔ဇနီးကို ဒီအေၾကာင္းေတြေျပာျပဖို႔ ဆုံးျဖတ္လိုက္တယ္။
အဲ့ဒီည မီးအိမ္ရဲ႕အလင္းေရာင္ေအာက္မွာ အသက္ႀကီးစုံတြဲႏွစ္ေယာက္ သူတို႔ရဲ႕အေျခအေနေတြကို အႀကိတ္အႏွယ္ ေဆြးေႏြးခဲ့ၾကတယ္။ အဘြားႀကီးက်န္းလည္း သူမသားေကာင္းက်ိဳးအတြက္ မျငင္းသာဘဲ လက္ခံလိုက္ရတယ္။ ေနာက္တေန႔မွာ သူမကိုယ္တိုင္ ဆီႀကိတ္ဆုံသို႔သြားၿပီး ပဲအိတ္ တဝက္နဲ႔ ဆီအျပည့္တစ္ခ်ိဳင့္ကို လဲလွယ္ခဲ့တယ္။ ဒါ့အျပင္ လူတစ္ေယာက္ကို ဆန္ၾကမ္းဘိန္းမုန႔္ ဘယ္ေလာက္ပဲစားရမယ္ဟုလည္း မထိန္းခ်ဳပ္ေတာ့ေပ။
အဘြားက်န္းရဲ႕ ျပင္းထန္တဲ့ ထိန္းခ်ဳပ္မႈေတြ မရွိေတာ့တဲ့အခါ အိမ္အတြက္ သိုေလွာင္ထားတဲ့ စားစရာေတြဟာ အရင္ကထက္လ်င္ျမန္စြာ ကုန္ဆုံးလာခဲ့တယ္။ အဘြားက်န္းက တိုးမ်ားလာတဲ့ အိမ္သုံးစရိတ္ေတြကို ၾကည့္ၿပီး စိတ္ႏွလုံးတုန္လႈပ္ကာ စိတ္ထဲကေအာ္ရင္း က်ိန္ဆဲလိုက္သည္။ ဘယ္သူကမ်ား အားအားယားယား သူမ်ားသားအေၾကာင္းမဟုတ္တာေတြ ေလ်ာက္ေျပာေနပါလိမ့္၊ အဲ့ဒီလူရဲ႕လွ်ာ ႂကြက္ကိုက္သြားပါေစေတာ္!
ဒီေျပာင္းလဲမႈအတြက္ အက်ိဳးအရွိဆုံးသူမွာေတာ့ ယြီေရွာင္ေခ်ာင္းနဲ႔ သူမမိသားစုတစ္ေတြပဲ ျဖစ္သည္။ အနည္းဆုံးေတာ့ ယခုတြင္ မိသားစုထဲရွိ ႀကီးႀကီးငယ္ငယ္မေ႐ြး ဗိုက္ျပည့္သည္အထိ စားႏိုင္ၿပီပဲ ျဖစ္သည္။ ဒါ့အျပင္ ယြီေရွာင္ေခ်ာင္းက သူမအေဖရလာတဲ့ သားေကာင္ေတြကို မၾကာခဏဆိုသလို ျဖတ္ျဖတ္ခုပ္ထားတတ္တယ္။ ဒီလိုနဲ႔ ဒုတိယအိမ္ခြဲမွ မိသားစုဝင္ေတြလည္း တျဖည္းျဖည္း ျပည့္ၿဖိဳး လာၾကေတာ့တယ္။
ဒါအမွန္ပဲ! ယြီေရွာင္ေခ်ာင္းရဲ႕ ကြၽမ္းက်င္စနစ္က်တဲ့ ပူဆာနည္းေတြနဲ႔ သနားစဖြယ္ တိုးလ်ိဳးမႈေတြ ေအာက္မွာ သမီး႐ူးယြီဟိုင္တစ္ေယာက္ လက္ေျမႇာက္အရႈံးဖို႔သာ တတ္ႏိုင္သည္ေလ။
သူအမဲလိုက္က ျပန္လာခ်ိန္တိုင္း အသားအေပါဆုံးအေကာင္ကို အဦးဆုံးေ႐ြးယူရန္ ေတာင္ေျခမွာ ေရွာင္ေခ်ာင္းက အၿမဲေစာင့္ေနလ်က္သား။ ၿပီးေတာ့ လူမျမင္ႏိုင္တဲ့ ခ်ိဳင့္ဝွမ္းထဲသို႔သြားကာ အသားကို ကင္ရင္ကင္ ဒါမွမဟုတ္ အိုးတြင္ျပဳတ္ၿပီးမွ အိမ္စားဖို႔ယူသြားသည္။
တခါတေလ ေက်ာက္ဟန္က သူဖမ္းမိတဲ့အသားတခ်ိဳ႕ကို သူတို႔အတြက္ ခြဲေပးေသးသည္။ ဒါ့အျပင္ သူတို႔ေတြ ေခ်ာင္းထဲက ေသးငယ္ျဖဴေဖြးတဲ့ ငါးေတြကိုလည္း မၾကာခဏဖမ္းၾကသည္။ လူအမ်ား အတြက္ ထိုငါး႐ိုင္းေတြက ေခ်ာ္ေခ်ာ္ခြၽတ္ခြၽတ္နဲ႔ ဖမ္းရခက္ေပမယ့္ ေရွာင္ေခ်ာင္းကေတာ့ အခက္အခဲမရွိ ဖမ္းႏိုင္တဲ့အတြက္ ေက်ာက္ဟန္စိတ္ထဲပင္ ထူးဆန္းေနေတာ့တယ္။ ကေလးမေလး တစ္ေယာက္က ဒီလို ငါးဖမ္းတတ္လိမ့္မယ္လို႔ သူတစ္ခါမွ ေတြးမၾကည့္ခဲ့မိဘူးေလ။
ၿမီးေကာင္ေပါက္အ႐ြယ္လူငယ္ေတြက လူႀကီးေတြထက္စားႏိုင္ၾကေပမယ့္ ပင္လယ္နားရွိ ငါးဖမ္း႐ြာေလးေတြက ေယာက်္ားေလး၊မိန္းကေလးေတြကေတာ့ ပင္လယ္စာစုေဆာင္းျခင္းနဲ႔ ဉယ်ာဥ္ၿခံထိန္းသိမ္းျခင္းတို႔ကလြဲ၍ သိပ္အသုံးမဝင္ၾကေပ။
သူမသားအငယ္ဆုံးရဲ႕ ဂုဏ္သိကၡာနဲ႔ အနာဂတ္အတြက္ အိမ္ရဲ႕စားေသာက္စရိတ္ တိုးလိုက္ရသည့္အခါမွစ၍ အဘြားႀကီးက်န္းရဲ႕ စိတ္ေတြသိသိသာသာ ပူေလာင္လာေတာ့တယ္။ ႏွစ္လအတြင္းမွာပင္ အိမ္သုံးေငြက အရင္ကထက္ႏွစ္ဆျဖစ္ေနတယ္။ တိုးလာတဲ့အသုံးေငြကိစၥနဲ႔ ေသြးဆုံးကိုင္ခ်ိန္ဝင္ခါစနဲ႔ ေပါင္းမိတဲ့အခါမွာေတာ့ အဘြားႀကီးက်န္းသည္ ျမင္ျမင္သမွ်ကို မုန္းတီးလာေတာ့သည္။ ေယာက်္ားသားေတြ ပင္လယ္ဘက္သြားသည့္အခ်ိန္တြင္ ေခြၽးမေတြကို ဆူဆဲမေနရရင္ ကေလးေတြကို ႐ိုက္ႏွက္ေနေတာ့တယ္။ မဆုံးႏိုင္တဲ့မေက်နပ္ခ်က္ေတြက သူ႔ပါးစပ္က တရစပ္ထြက္ေနေတာ့တယ္။
ထမင္းစားခ်ိန္ ေယာက်္ားသားမ်ားေရွ႕မွာသာ သူမရဲ႕ဆူပူသံေတြ ခဏရပ္ေတာ့တယ္။
ဒါေပမယ့္ သူ႔မ်က္လုံးေတြကေတာ့ ဓားတစ္ေခ်ာင္းလိုပဲ ေဘးပတ္ဝန္းက်င္ကို ပတ္ရမ္းေနတတ္တယ္။ မုန႔္တစ္ခ်ပ္ အပိုေကာက္တဲ့ ဘယ္သူမဆို သူ႔ရဲ႕မုန္းတီးတဲ့အၾကည့္ႀကီးနဲ႔ ၾကည့္ခံရမည္သာျဖစ္သည္။ သူရဲ႕ေခြၽးမေတြနဲ႔ သူတို႔ရဲ႕ေသာက္ကေလးတစ္သိုက္ ကိုယ့္အသိစိတ္နဲ႔ကိုယ္ နည္းနည္းပဲစားပါေစလို႔ ေမွ်ာ္လင့္ေပမယ့္ အခ်ည္းႏွီးသာျဖစ္တယ္။
အႀကီးဆုံးေခြၽးမဆိုရင္ အသိစိတ္ဆိုတာ သူ႔မ်က္ႏွာကို ျဖတ္႐ိုက္သြားရင္ေတာင္ သိမွာမဟုတ္ေပ။ စားပြဲေပၚမွာ စားစရာရွိေနသေ႐ြ႕ ပါးစပ္နဲ႔အစားမပ်က္။ သူရဲ႕အႀကီးဆုံးေျမးကလည္း သူ႔အေမရဲ႕အေမြကို ဆက္ခံထားသလိုပဲ အစားဆိုရင္ ငတ္မြတ္ေနတဲ့ သတၱဝါတစ္ေကာင္လိုစားတယ္။
ဒုတိယေခြၽးမကေတာ့ အားႏြဲ႕ၿပီးရွက္တတ္တဲ့သူျဖစ္ေပမယ့္ သူ႔သမီးႏွစ္ေယာက္ကေတာ့ သူ႔အေမနဲ႔ လုံးဝမတူ။ အဘြားႀကီးက်န္းရဲ႕ မ်က္လုံးေတြထြက္က်လုမတတ္ စူးစိုက္တဲ့ အၾကည့္ေတြ ေပးေပမယ့္ သူတို႔ႏွစ္ေယာက္ကေတာ့ ဘာမွမျဖစ္သလိုပင္ သူ႔ကို လ်စ္လ်ဴရႈထားၾကေလတယ္။ သူတို႔အေမအတြက္ ဘိန္းမုန႔္ထည့္ေပးရင္ေပး၊ မဟုတ္ရင္ အစ္ကိုနဲ႔ေမာင္အတြက္ အသီးအ႐ြက္ေတြ ထည့္ေပးေနၾကတယ္။
အခုဆိုရင္ သူတို႔ရဲ႕ဟင္းေတြမွာ ဆီေလးပါလာၿပီျဖစ္တဲ့အတြက္ ေၾကာ္ေၾကာ္ခ်က္ခ်က္ အရသာက အလြန္ေကာင္းမြန္လာတယ္။ ထမင္းပြဲတိုင္း အႀကီးဆုံးသားမိသားစုရဲ႕ ဦးေဆာင္မႈနဲ႔ အစားအေသာက္လုပြဲႀကီး တစ္ခုလိုျဖစ္လာတယ္။ လက္ေႏွးတဲ့သူကေတာ့ အကပ္အက်န္ေလးေတာင္ လွ်က္လိုက္ရမွာမဟုတ္ေပ။
မေလာက္ေလးမေလာက္စား ကေလးမႏွစ္ေယာက္ရဲ႕ လက္ေတြကလည္း အရိပ္ေလးပဲ ျမင္ရတဲ့အထိ လ်င္ျမန္လွတယ္။ သူတို႔ရဲ႕လက္ေတြ ရပ္သြားတဲ့အခ်ိန္မွာေတာ့ ဟင္းတစ္ခါမွမႏႈိက္ဝံ့တဲ့ ရွက္ေၾကာက္တတ္တဲ့ သူတို႔အေမ၊ အေနေအးတဲ့ အစ္ကိုျဖစ္သူနဲ႔ အငယ္ဆုံးေမာင္ေလးတို႔ရဲ႕ ပန္းကန္ေတြမွာ ဟင္းေတြအျပည့္ျဖစ္ေနၿပီပဲျဖစ္တယ္။ သူ႔ေျမးမႏွစ္ေယာက္က သူတို႔ မိသားစုဝင္ေတြအတြက္ ဟင္းထည့္ေပးေသးတဲ့အျပင္ ကိုယ္တိုင္ကလည္း အစားႀကီးၾကေသးတယ္။ ဒါေတြအားလုံးကိုၾကည့္ၿပီး အဘြားႀကီးက်န္းရဲ႕ ႏွလုံးသားေတြနာက်င္ေနတယ္။
အရင္ကဆို မလိမၼာတဲ့ ေရွာင္လ်န္တစ္ေယာက္ကို အခ်က္အနည္းငယ္ ႐ိုက္လိုက္႐ုံနဲ႔ စကားနားေထာင္ေအာင္ လုပ္ဖို႔လြယ္ေပမယ့္ အခုက ေနာက္ထပ္ျပႆနာအိုး ယြီေရွာင္ေခ်ာင္း။ အဲ့ဒီေခြးမေလးကိုေတာ့ က်န္းမာေရးအေျခအေနေၾကာင့္ ဒဏ္ေပးဆုံးမဖို႔ခက္ေနတယ္။ ငလည္မေလးကို ႐ိုက္ဖို႔မေျပာနဲ႔ ေအာ္လိုက္တာေလးကေတာင္ ေသမလိုေမ့လဲသြားတဲ့အထိ သူ႔ကို ေၾကာက္လန႔္ သြားေစႏိုင္သည္ေလ။
သူမ တတိယသားတို႔မိသားစု မျပန္ခင္အခ်ိန္ ျဖစ္ခဲ့တဲ့အျဖစ္အပ်က္က အေကာင္းဆုံး ဥပမာပဲ။ ေပါက္စီေတြအျပည့္ပါတဲ့ ေပါင္းခံျခင္းသုံးခုကို စားပြဲေပၚလာခ်တဲ့အခ်ိန္မွာ ေခြးမေလးက ခ်က္ခ်င္းပဲ သူ႔အေမကို တစ္လုံးေပးလိုက္တယ္။ ၿပီးေတာ့ ထိုင္ေတာင္မထိုင္ရေသးတဲ့ သူ႔အစ္ကိုနဲ႔ေမာင္ကိုပါ ကမ္းေပးလိုက္ေသးတယ္။ သူကိုယ္သူ ဒီအိမ္ရဲ႕ သခင္မလိုပုံစံနဲ႔!
အဘြားက်န္း ဒီလိုသိသိသာသာႀကီး လြန္ၾကဴးလာတာေတြကို တကယ္သည္းမခံႏိုင္ခဲ့ေပ။ သူမရဲ႕စ႐ိုက္က ဒီလိုမခန႔္ေလးစားလုပ္တာကို လြယ္လြယ္နဲ႔ေက်ာ္ေပးမယ့္သူမ်ိဳး မဟုတ္တာေၾကာင့္ ေဒါသေတြမီးေတာက္သြားၿပီး သစ္သားစားပြဲခုံကို လက္နဲ႔ျဗန္းခနဲ ႐ိုက္ခ်လိုက္တယ္။ ဒါေပမယ့္ အဘြားႀကီးက်န္း ေအာ္ပင္မေအာ္လိုက္ႏိုင္ခင္မွာပဲ ထိုေခြးမေလးရဲ႕ မ်က္လုံးေတြမွိတ္က်သြားၿပီး ေမ့လဲသြားေတာ့တယ္။
.......
[Unicode]
အပိုင်း၂၆ (ဂုဏ်သိက္ခာ)
အဘိုးယွီက ခရမ်းသီးဆီမွှေးသပ်ကို နောက်တစ်ကြိမ် ယူစားလိုက်တယ်။ သူ့ရဲ့သွားတွေ စကျိုးနေပြီ
ဖြစ်တဲ့အတွက် ခရမ်းသီးမွှေကြော်လို နူးညံ့တဲ့အစာပျော့တွေစားရတာကိုပဲ နှစ်သက်တော့တယ်။
ဒါကြောင့် သူကိုယ်တိုင်ပင်မသိလိုက်ဘဲ ခရမ်းသီးဟင်းပန်းကန်ရဲ့ တဝက်ခန့်ကို တစ်ယောက်ထဲ စားလိုက်မိတယ်။
ယွီဟိုင်ရဲ့ထင်မြင်ချက်ကို ကြားတဲ့အခါမှာတော့ ချီးကျူးဖို့ မတွက်ကပ်တတ်တဲ့ အဘိုးယွီက
မှန်ပါ့ မှန်ပါ့၊ အရသာတယ်ရှိပါ့ရော! ငါ့တို့ရှောင်ချောင်းက တကယ်အရည်အချင်းရှိတာပဲ၊ သူ့အမေထက်တောင် ဟင်းချက်လက်ရာတော်နေသေးတယ်၊ ရှောင်ချောင်းအမေက သူ့ကိုသေချာ သင်ပေးထားတာပဲ၊ ဘာပါလိမ့် နာမည်ကြီးတဲ့ ဆိုရှိးတစ်ခုရှိတယ်လေ.ဆရာထက်တပည့်က လက်စွမ်းထက်တယ်ဆိုတာ၊ တတိယသား အဲ့လိုဟုတ်တယ်မလား
အဘိုးယွီက သူမှတ်မိတဲ့ စကားတစ်ခုအတွက် ကိုယ့်ကိုယ်ကို အထင်ကြီးသလိုခံစားလိုက်ရတယ်။ သူ့မုတ်ဆိတ်မွှေးတွေကို သပ်ကာ သေရည်တစ်ငုံသောက်လိုက်ပြီး ကျေနပ်သလိုလေးပြုံးတယ်။ ယွီမိသားစု ပီသချက်ကတော့!
အဖေပြောတာမှန်တယ်၊ ဒါပေမယ့် ရှောင်ချောင်းချက်တဲ့ ဟင်းတွေက အကုန်ဆီနဲ့ ကြော်ထားတာ တွေလေ ပုံမှန်ဆို အဖေတို့က အသီးအရွက်တွေကို ဘာဆီမှမပါဘဲ ဆားနဲ့ ပြုတ်လိုက်တာပဲမလား၊ ဒီတော့ ဆီနဲ့မွှေကြော်သလိုတော့ ဘယ်စားကောင်းပါ့မလဲ၊ နောက်ကျရင်လည်း ဒီလိုမျိုးဆီနဲ့ပဲ ချက်စားသင့်တယ်
မိဘအိမ်မှာ စိတ်ကျေနပ်စရာကောင်းတဲ့ ထမင်းတစ်နပ် သုံးဆောင်ပြီးချိန်မှာတော့ တတိယသားယွီပေါ်ရဲ့စိတ်တွေ ရွှင်လန်းနေပြီး သူ့အဖေရဲ့ခွက်ထဲကို သေရည်ငှဲ့ပေးလိုက်တယ်။
အဘိုးယွီက သူ့သားစကားကို ခေါင်းရမ်းလိုက်ရင်း မင်းအမေအကြောင်းလည်း သိရဲ့သားနဲ့ကွာ...ငါတို့သာ ဝက်ဆီလုပ်ဖို့ ဝက်သားနေ့တိုင်းဝယ်ရရင် သူ့ရဲ့ကပ်စီးနှဲတဲ့ နှလုံးသားက သူ့အသားလှီးတာထက်တောင် ပိုနာနေအုံးမယ်
ဒီတစ်ခါမှာတော့ ယွီဟိုင်က ဝင်ပြောလိုက်တယ်။ ကျွန်တော်တို့ ဝက်ဆီအစား ဟင်းရွက်ဆီ သုံးလို့ရတာပဲ ကျွန်တော်တို့မှာ မနှစ်ကစုထားတဲ့ ပဲတွေရှိသေးတယ်မလား၊ အဲ့တာတွေကို ကြိတ်ဆုံဆီ သွားကြိတ်ပြီး ဟင်းချက်ဖို့အတွက်သုံးရင်ရောဆီဆိုမှတော့ ဘယ်ဆီနဲ့ချက်ချက် အရသာကောင်းမှာပါ
ပိုက်ဆံအစား ပဲကိုသုံးရင်တော့ ခွင့်ပြုလောက်မလား?... အဘိုးယွီက သူ့ဇနီး၏လက်ခံနိုင်ခြေကို တွက်ချက်ကြည့်လိုက်တယ်။
ယွီပေါ်က အိမ်သားတွေအားလုံး ဆီနဲ့ချက်တဲ့ဟင်းတွေကို ပျော်ရွှင်စွာစားနေတာ မြင်ရတဲ့အခါ သူတို့အခြေအနေကို ထပ်စဉ်းစားကြည့်မိတယ်။ ပြီးတော့ ခံစားချက်တွေကို မမြိုသိပ်နိုင်ဟန်နဲ့ လက်ထဲကတူကိုချလိုက်ရင်း သူ့အဖေကို တိုက်တွန်းလိုက်တယ်။
အဖေတကယ်လို့သာ လူတွေက ကျွန်တော့်ပညာရေးအတွက်နဲ့ အိမ်သားတွေက ဆီပုလင်းလေး တစ်လုံးတောင် အခက်အခဲဖြစ်နေတယ်ဆိုတာ သိကြရင် ကျွန်တော်စာရောဆက်သင်ဖို့သင့်ရဲ့လား၊ တယောက်ယောက်က ဒါကိုသိမသွားနိုင်ဘူးလား၊ အဖေ အမေ့ကိုသိပ်ကပ်စီးမနှဲဖို့ နားချပေးပါဗျာ၊ ကျောင်းက လူတချို့ကတောင် ကျွန်တော့်နောက်ကွယ်မှာ အတင်းပြောကုန်ကြပြီ
စာသင်သားတွေအတွက် တန်ဖိုးအထားဆုံးအရာက သူတို့ရဲ့ ဂုဏ်သိက္ခာ သာဖြစ်တယ်။
သူကတော့ မြို့ကြီးပေါ်မှာ အိမ်ကောင်းကြီးနဲ့နေ၊ အစားကောင်း အသောက်ကောင်းတွေ စားလို့ သူ့အိမ်ကလူတွေကတော့ တနေ့တနေ့ ဆန်ကြမ်းဘိန်းမုန့်ကိုတောင် အရေအတွက်ကန့်သတ်ပြီး စားနေရတာတဲ့
ထိုကဲ့သို့ သူရဲ့မကောင်းသတင်းတွေကို ယွီပေါ်ကြားရပြီးဖြစ်သည်။ သူဒီတစ်ခေါက် အိမ်ပြန်လာခြင်းရဲ့ အဓိကရည်ရွယ်ချက်က သူ့အမေကို သူ့တစ်ယောက်အတွက်နဲ့ ပိုက်ဆံကို မနှမြောဖို့နားချရန်နှင့် သူ့ကို သိက္ခာချနေတဲ့ အတင်းအဖျင်းတွေကို ရပ်တန့်ရန်သာဖြစ်တယ်။ ဒါပေမယ့် သားဖြစ်သူပီပီ သူ့အမေ အမျိုးသမီးကျန်းရဲ့ ဒေါသကိုသိတဲ့အလျောက် ဖအေဖြစ်သူနဲ့သာ ဆွေနွေးကြည့်လိုက်တယ်။
ထိုအဘွားကြီးက ငွေစတစ်ပြားကုန်ကျတဲ့ပစ္စည်းကိုတောင် တစ်ဝက်ဈေးနဲ့လိုချင်တဲ့သူဖြစ်သည်။ သူမက မိသားစုတွေပေါ်သာမက ကိုယ့်အတွက်ကိုယ်ပင် နှမြောတွန့်တိုတတ်ပြီး အမြဲတမ်း ထမင်းဝိုင်းတွင် တစ်ယောက်ကို မည်မျှသာစားရမည်ဟု သတ်မှတ်ထားတတ်သည်။ ဒုတိယသားရဲ့ ကလေးတွေက အရိုးပေါ်အရေတင်၊ လမ်းလျှောက်လျှင်ပင် မူမမှန်ချင်တဲ့အထိ အာဟာရချို့တဲ့မှုရဲ့ ချောက်ကမ်းပါးစွန်းမှာ ရောက်နေကြပေမယ့် သူ့သားအငယ်ဆုံးရဲ့ ပညာရေးအတွက် အဘိုးယွီက သူ့ဇနီးရဲ့ အစွန်းရောက် ကပ်စီးနှဲမှုတွေကို မျက်ကွယ်ပြုထားရတယ်။
တကယ်လို့ သူမရဲ့ ကပ်စီးနှဲမှုတွေကသာ သူ့သားရဲ့ဂုဏ်သိက္ခာကို ထိခိုက်တယ်ဆိုရင် ဒါတွေအကုန် ရပ်ဖို့လိုအပ်လေပြီ! သူတို့ရဲ့ သားအငယ်ဆုံးက အရာရှိဖြစ်ဖို့ ကံပါလာပေမယ့် သူ့အမေရဲ့ ကပ်စီးနှဲမှု ကြောင့်သာ စွန့်လွှတ်လိုက်ရမယ်ဆိုရင် ဒါကလုံးဝကို စိတ်ပျက်ဖွယ်ရာပဲ။ နောက်ဆုံးတွင် အဘိုးယွီက အဖြေတစ်ခုကို ချမှတ်လိုက်ပြီး သူ့ဇနီးကို ဒီအကြောင်းတွေပြောပြဖို့ ဆုံးဖြတ်လိုက်တယ်။
အဲ့ဒီည မီးအိမ်ရဲ့အလင်းရောင်အောက်မှာ အသက်ကြီးစုံတွဲနှစ်ယောက် သူတို့ရဲ့အခြေအနေတွေကို အကြိတ်အနှယ် ဆွေးနွေးခဲ့ကြတယ်။ အဘွားကြီးကျန်းလည်း သူမသားကောင်းကျိုးအတွက် မငြင်းသာဘဲ လက်ခံလိုက်ရတယ်။ နောက်တနေ့မှာ သူမကိုယ်တိုင် ဆီကြိတ်ဆုံသို့သွားပြီး ပဲအိတ် တဝက်နဲ့ ဆီအပြည့်တစ်ချိုင့်ကို လဲလှယ်ခဲ့တယ်။ ဒါ့အပြင် လူတစ်ယောက်ကို ဆန်ကြမ်းဘိန်းမုန့် ဘယ်လောက်ပဲစားရမယ်ဟုလည်း မထိန်းချုပ်တော့ပေ။
အဘွားကျန်းရဲ့ ပြင်းထန်တဲ့ ထိန်းချုပ်မှုတွေ မရှိတော့တဲ့အခါ အိမ်အတွက် သိုလှောင်ထားတဲ့ စားစရာတွေဟာ အရင်ကထက်လျင်မြန်စွာ ကုန်ဆုံးလာခဲ့တယ်။ အဘွားကျန်းက တိုးများလာတဲ့ အိမ်သုံးစရိတ်တွေကို ကြည့်ပြီး စိတ်နှလုံးတုန်လှုပ်ကာ စိတ်ထဲကအော်ရင်း ကျိန်ဆဲလိုက်သည်။ ဘယ်သူကများ အားအားယားယား သူများသားအကြောင်းမဟုတ်တာတွေ လျောက်ပြောနေပါလိမ့်၊ အဲ့ဒီလူရဲ့လျှာ ကြွက်ကိုက်သွားပါစေတော်!
ဒီပြောင်းလဲမှုအတွက် အကျိုးအရှိဆုံးသူမှာတော့ ယွီရှောင်ချောင်းနဲ့ သူမမိသားစုတစ်တွေပဲ ဖြစ်သည်။ အနည်းဆုံးတော့ ယခုတွင် မိသားစုထဲရှိ ကြီးကြီးငယ်ငယ်မရွေး ဗိုက်ပြည့်သည်အထိ စားနိုင်ပြီပဲ ဖြစ်သည်။ ဒါ့အပြင် ယွီရှောင်ချောင်းက သူမအဖေရလာတဲ့ သားကောင်တွေကို မကြာခဏဆိုသလို ဖြတ်ဖြတ်ခုပ်ထားတတ်တယ်။ ဒီလိုနဲ့ ဒုတိယအိမ်ခွဲမှ မိသားစုဝင်တွေလည်း တဖြည်းဖြည်း ပြည့်ဖြိုး လာကြတော့တယ်။
ဒါအမှန်ပဲ! ယွီရှောင်ချောင်းရဲ့ ကျွမ်းကျင်စနစ်ကျတဲ့ ပူဆာနည်းတွေနဲ့ သနားစဖွယ် တိုးလျိုးမှုတွေ အောက်မှာ သမီးရူးယွီဟိုင်တစ်ယောက် လက်မြှောက်အရှုံးဖို့သာ တတ်နိုင်သည်လေ။
သူအမဲလိုက်က ပြန်လာချိန်တိုင်း အသားအပေါဆုံးအကောင်ကို အဦးဆုံးရွေးယူရန် တောင်ခြေမှာ ရှောင်ချောင်းက အမြဲစောင့်နေလျက်သား။ ပြီးတော့ လူမမြင်နိုင်တဲ့ ချိုင့်ဝှမ်းထဲသို့သွားကာ အသားကို ကင်ရင်ကင် ဒါမှမဟုတ် အိုးတွင်ပြုတ်ပြီးမှ အိမ်စားဖို့ယူသွားသည်။
တခါတလေ ကျောက်ဟန်က သူဖမ်းမိတဲ့အသားတချို့ကို သူတို့အတွက် ခွဲပေးသေးသည်။ ဒါ့အပြင် သူတို့တွေ ချောင်းထဲက သေးငယ်ဖြူဖွေးတဲ့ ငါးတွေကိုလည်း မကြာခဏဖမ်းကြသည်။ လူအများ အတွက် ထိုငါးရိုင်းတွေက ချော်ချော်ချွတ်ချွတ်နဲ့ ဖမ်းရခက်ပေမယ့် ရှောင်ချောင်းကတော့ အခက်အခဲမရှိ ဖမ်းနိုင်တဲ့အတွက် ကျောက်ဟန်စိတ်ထဲပင် ထူးဆန်းနေတော့တယ်။ ကလေးမလေး တစ်ယောက်က ဒီလို ငါးဖမ်းတတ်လိမ့်မယ်လို့ သူတစ်ခါမှ တွေးမကြည့်ခဲ့မိဘူးလေ။
မြီးကောင်ပေါက်အရွယ်လူငယ်တွေက လူကြီးတွေထက်စားနိုင်ကြပေမယ့် ပင်လယ်နားရှိ ငါးဖမ်းရွာလေးတွေက ယောကျ်ားလေး၊မိန်းကလေးတွေကတော့ ပင်လယ်စာစုဆောင်းခြင်းနဲ့ ဉယျာဉ်ခြံထိန်းသိမ်းခြင်းတို့ကလွဲ၍ သိပ်အသုံးမဝင်ကြပေ။
သူမသားအငယ်ဆုံးရဲ့ ဂုဏ်သိက္ခာနဲ့ အနာဂတ်အတွက် အိမ်ရဲ့စားသောက်စရိတ် တိုးလိုက်ရသည့်အခါမှစ၍ အဘွားကြီးကျန်းရဲ့ စိတ်တွေသိသိသာသာ ပူလောင်လာတော့တယ်။ နှစ်လအတွင်းမှာပင် အိမ်သုံးငွေက အရင်ကထက်နှစ်ဆဖြစ်နေတယ်။ တိုးလာတဲ့အသုံးငွေကိစ္စနဲ့ သွေးဆုံးကိုင်ချိန်ဝင်ခါစနဲ့ ပေါင်းမိတဲ့အခါမှာတော့ အဘွားကြီးကျန်းသည် မြင်မြင်သမျှကို မုန်းတီးလာတော့သည်။ ယောကျ်ားသားတွေ ပင်လယ်ဘက်သွားသည့်အချိန်တွင် ချွေးမတွေကို ဆူဆဲမနေရရင် ကလေးတွေကို ရိုက်နှက်နေတော့တယ်။ မဆုံးနိုင်တဲ့မကျေနပ်ချက်တွေက သူ့ပါးစပ်က တရစပ်ထွက်နေတော့တယ်။
ထမင်းစားချိန် ယောကျ်ားသားများရှေ့မှာသာ သူမရဲ့ဆူပူသံတွေ ခဏရပ်တော့တယ်။
ဒါပေမယ့် သူ့မျက်လုံးတွေကတော့ ဓားတစ်ချောင်းလိုပဲ ဘေးပတ်ဝန်းကျင်ကို ပတ်ရမ်းနေတတ်တယ်။ မုန့်တစ်ချပ် အပိုကောက်တဲ့ ဘယ်သူမဆို သူ့ရဲ့မုန်းတီးတဲ့အကြည့်ကြီးနဲ့ ကြည့်ခံရမည်သာဖြစ်သည်။ သူရဲ့ချွေးမတွေနဲ့ သူတို့ရဲ့သောက်ကလေးတစ်သိုက် ကိုယ့်အသိစိတ်နဲ့ကိုယ် နည်းနည်းပဲစားပါစေလို့ မျှော်လင့်ပေမယ့် အချည်းနှီးသာဖြစ်တယ်။
အကြီးဆုံးချွေးမဆိုရင် အသိစိတ်ဆိုတာ သူ့မျက်နှာကို ဖြတ်ရိုက်သွားရင်တောင် သိမှာမဟုတ်ပေ။ စားပွဲပေါ်မှာ စားစရာရှိနေသရွေ့ ပါးစပ်နဲ့အစားမပျက်။ သူရဲ့အကြီးဆုံးမြေးကလည်း သူ့အမေရဲ့အမွေကို ဆက်ခံထားသလိုပဲ အစားဆိုရင် ငတ်မွတ်နေတဲ့ သတ္တဝါတစ်ကောင်လိုစားတယ်။
ဒုတိယချွေးမကတော့ အားနွဲ့ပြီးရှက်တတ်တဲ့သူဖြစ်ပေမယ့် သူ့သမီးနှစ်ယောက်ကတော့ သူ့အမေနဲ့ လုံးဝမတူ။ အဘွားကြီးကျန်းရဲ့ မျက်လုံးတွေထွက်ကျလုမတတ် စူးစိုက်တဲ့ အကြည့်တွေ ပေးပေမယ့် သူတို့နှစ်ယောက်ကတော့ ဘာမှမဖြစ်သလိုပင် သူ့ကို လျစ်လျူရှုထားကြလေတယ်။ သူတို့အမေအတွက် ဘိန်းမုန့်ထည့်ပေးရင်ပေး၊ မဟုတ်ရင် အစ်ကိုနဲ့မောင်အတွက် အသီးအရွက်တွေ ထည့်ပေးနေကြတယ်။
အခုဆိုရင် သူတို့ရဲ့ဟင်းတွေမှာ ဆီလေးပါလာပြီဖြစ်တဲ့အတွက် ကြော်ကြော်ချက်ချက် အရသာက အလွန်ကောင်းမွန်လာတယ်။ ထမင်းပွဲတိုင်း အကြီးဆုံးသားမိသားစုရဲ့ ဦးဆောင်မှုနဲ့ အစားအသောက်လုပွဲကြီး တစ်ခုလိုဖြစ်လာတယ်။ လက်နှေးတဲ့သူကတော့ အကပ်အကျန်လေးတောင် လျှက်လိုက်ရမှာမဟုတ်ပေ။
မလောက်လေးမလောက်စား ကလေးမနှစ်ယောက်ရဲ့ လက်တွေကလည်း အရိပ်လေးပဲ မြင်ရတဲ့အထိ လျင်မြန်လှတယ်။ သူတို့ရဲ့လက်တွေ ရပ်သွားတဲ့အချိန်မှာတော့ ဟင်းတစ်ခါမှမနှိုက်ဝံ့တဲ့ ရှက်ကြောက်တတ်တဲ့ သူတို့အမေ၊ အနေအေးတဲ့ အစ်ကိုဖြစ်သူနဲ့ အငယ်ဆုံးမောင်လေးတို့ရဲ့ ပန်းကန်တွေမှာ ဟင်းတွေအပြည့်ဖြစ်နေပြီပဲဖြစ်တယ်။ သူ့မြေးမနှစ်ယောက်က သူတို့ မိသားစုဝင်တွေအတွက် ဟင်းထည့်ပေးသေးတဲ့အပြင် ကိုယ်တိုင်ကလည်း အစားကြီးကြသေးတယ်။ ဒါတွေအားလုံးကိုကြည့်ပြီး အဘွားကြီးကျန်းရဲ့ နှလုံးသားတွေနာကျင်နေတယ်။
အရင်ကဆို မလိမ္မာတဲ့ ရှောင်လျန်တစ်ယောက်ကို အချက်အနည်းငယ် ရိုက်လိုက်ရုံနဲ့ စကားနားထောင်အောင် လုပ်ဖို့လွယ်ပေမယ့် အခုက နောက်ထပ်ပြဿနာအိုး ယွီရှောင်ချောင်း။ အဲ့ဒီခွေးမလေးကိုတော့ ကျန်းမာရေးအခြေအနေကြောင့် ဒဏ်ပေးဆုံးမဖို့ခက်နေတယ်။ ငလည်မလေးကို ရိုက်ဖို့မပြောနဲ့ အော်လိုက်တာလေးကတောင် သေမလိုမေ့လဲသွားတဲ့အထိ သူ့ကို ကြောက်လန့် သွားစေနိုင်သည်လေ။
သူမ တတိယသားတို့မိသားစု မပြန်ခင်အချိန် ဖြစ်ခဲ့တဲ့အဖြစ်အပျက်က အကောင်းဆုံး ဥပမာပဲ။ ပေါက်စီတွေအပြည့်ပါတဲ့ ပေါင်းခံခြင်းသုံးခုကို စားပွဲပေါ်လာချတဲ့အချိန်မှာ ခွေးမလေးက ချက်ချင်းပဲ သူ့အမေကို တစ်လုံးပေးလိုက်တယ်။ ပြီးတော့ ထိုင်တောင်မထိုင်ရသေးတဲ့ သူ့အစ်ကိုနဲ့မောင်ကိုပါ ကမ်းပေးလိုက်သေးတယ်။ သူကိုယ်သူ ဒီအိမ်ရဲ့ သခင်မလိုပုံစံနဲ့!
အဘွားကျန်း ဒီလိုသိသိသာသာကြီး လွန်ကြူးလာတာတွေကို တကယ်သည်းမခံနိုင်ခဲ့ပေ။ သူမရဲ့စရိုက်က ဒီလိုမခန့်လေးစားလုပ်တာကို လွယ်လွယ်နဲ့ကျော်ပေးမယ့်သူမျိုး မဟုတ်တာကြောင့် ဒေါသတွေမီးတောက်သွားပြီး သစ်သားစားပွဲခုံကို လက်နဲ့ဗြန်းခနဲ ရိုက်ချလိုက်တယ်။ ဒါပေမယ့် အဘွားကြီးကျန်း အော်ပင်မအော်လိုက်နိုင်ခင်မှာပဲ ထိုခွေးမလေးရဲ့ မျက်လုံးတွေမှိတ်ကျသွားပြီး မေ့လဲသွားတော့တယ်။
.......