လျှို့ဝှက်ဆန်းပြားလောက〘Uni+Za...

By Kaiyou1111

236K 40.5K 1K

[တစ်ကမ္ဘာလုံးက မင်းကို အနိုင်ကျင့်ကြတယ်၊ မုန်းတီးကြတယ်၊ နောက်ပြီး မင်းကို ခွဲခြားဆက်ဆံကြတယ်၊ ဒါပေမဲ့ မင်းရဲ့က... More

Description
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၂)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၃)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၆)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၇)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၈)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၉)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၀)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၁)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၂)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၃)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၆)
သေမင်းတမန် (၁)
သေမင်းတမန် (၂)
သေမင်းတမန် (၃)
သေမင်းတမန် (၄)
သေမင်းတမန် (၅)
သေမင်းတမန် (၆)
သေမင်းတမန် (၇)
သေမင်းတမန် (၈)
သေမင်းတမန် (၉)
သေမင်းတမန် (၁၀)
သေမင်းတမန် (၁၁)
သေမင်းတမန် (၁၂)
သေမင်းတမန် (၁၃)
သေမင်းတမန် (၁၄)
သေမင်းတမန် (၁၅)
လူသားစားမြို့(၁)
လူသားစားမြို့(၂)
လူသားစားမြို့(၃)
လူသားစားမြို့(၄)
လူသားစားမြို့(၅)
လူသားစားမြို့(၆)
လူသားစားမြို့(၇)
လူသားစားမြို့(၈)
လူသားစားမြို့(၉)
လူသားစားမြို့(၁၀)
လူသားစားမြို့(၁၁)
လူသားစားမြို့(၁၂)
လူသားစားမြို့(၁၃)
လူသားစားမြို့(၁၅)
လူသားစားမြို့(၁၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၇)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၈)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၉)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၀)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၆)
Not Update!!
Good New (。•̀ᴗ-)✧
Hello (。•̀ᴗ-)✧
လူသတ်ဂိမ်း (၁)
လူသတ်ဂိမ်း (၂)
လူသတ်ဂိမ်း (၃)
လူသတ်ဂိမ်း (၄)
လူသတ်ဂိမ်း (၅)
လူသတ်ဂိမ်း (၆)
လူသတ်ဂိမ်း(၇)
လူသတ်ဂိမ်း (၈)
လူသတ်ဂိမ်း (၉)
လူသတ်ဂိမ်း (၁၀)
လူသတ်ဂိမ်း (၁၁)
လူသတ်ဂိမ်း (၁၂)
တစ္ဆေမျက်လုံး (၁)
တစ္ဆေမျက်လုံး (၂)
တစ္ဆေမျက်လုံး (၃)
တစ္ဆေမျက်လုံး (၄)
တစ္ဆေမျက်လုံး (၅)
တစ္ဆေမျက်လုံး (၆)
တစ္ဆေမျက်လုံး (၇)
တစ္ဆေမျက်လုံး (၈)
တစ္ဆေမျက်လုံး(၉)
တစ္ဆေမျက်လုံး (၁၀)
တစ္ဆေမျက်လုံး (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၂)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၃)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၄)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၅)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၆)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၇)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၈)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၉)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၀)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၂)

လူသားစားမြို့(၁၄)

1.5K 343 2
By Kaiyou1111

Unicode

“အားးးးး!!!” ဂျင်းဟောင် ကအရမ်းကြောက်နေတာကြောင့် အနောက်ကိုဆုတ်လိုက်ပြီး သူမတစ်ကိုယ်လုံးက ဟူဘင်း နောက်တွင် ရောက်သွားခဲ့သည်။ ဟူဘင်း ရဲ့နှလုံးခုန်သံကလည်း မြန်နေခဲ့ပြီး အံကြိတ်ထားကာ သူ့ဘေးမှ မာချန်းဂုံ ကိုကြည့်နေခဲ့သည်။

အခန်းထဲတွင် အရသာရှိမဲ့ တစ်ခုခုကို အနံ့ရလိုက်သလို သမန်းဝံပုလွေရဲ့နှာခေါင်းက လှုပ်ရှားသွားပြီး အေးစက်ပြီး တင်းမာနေသည့် အစိမ်းရောင်မျက်လုံးတွေက လှည့်လာခဲ့ပြီး ပါးစပ်က ဟ,သွားကာ အစွယ်တွေပေါ်လာခဲ့သည်။

မာချန်းဂုံ ကသမန်းဝံပုလွေနဲ့ ရင်ဆိုင်တွေ့ပြီး အစမပျိုးချင်ပေ။ သူ့လက်ထဲတွင် ငွေဓားကို ကိုင်ထားပြီး သူ့မျက်နှာက လေးနက်နေကာ မျက်လုံးတွေက မဲမှောင်နေသည်။

သူက တစ်ကြိမ်သေခဲ့ဖူးပြီး ကြောက်တာဘာမှမရှိတော့ပေ၊ အခုတော့ မာဟန် အားအသက်ရှင်စေဖို့သာ သူအလိုရှိသည်။

ထိုအကြောင်းကို တွေးလိုက်ပြီး မာချန်းဂုံ ကသူ့လက်ထဲမှ လက်နက်အား တင်းကြပ်စွာ ထပ်ကိုင်လိုက်သည်။

သမန်းဝံပုလွေရဲ့ တစ္ဆေမျက်လုံးတွေက ကျဉ်းမြောင်းသွားပြီး မျက်လုံးအဆံက ရုတ်ချင်း ရှည်သွယ်သွားကာ တချို့အရာက အားပေးလိုက်သလိုမျိုး ရုတ်တရက် စူးရှသွားခဲ့သည်။ ထို့နောက် ညာခြေကို ဆန့်လိုက်ပြီး ပါးစပ်ဟ,လိုက်ကာ လူအုပ်ဆီကို ဦးတည်ကာ ခုံဝင်လိုက်သည်။

“အားး!” ဂျင်းဟောင် ကကြောက်လန့်စွာဖြင့် အော်လိုက်ပြီး ဘေးဘက်ကို ပြေးသွားလိုက်သည်။

ခုန်လိုက်တာ အရမ်းဝေးဝေး ရောက်သွားတယ်! ပေါ့ပါးသည့်ခုန်နှုန်း တစ်ချက်လေးနဲ့ မီတာများစွာကိုတောင် ရောက်သွားနိုင်တယ်!

လူတိုင်းက သမန်းဝံပုလွေတွေ ခုန်လိုက်သည်နှင့် ချက်ချင်းပင် တုန့်ပြန်ကာ ဘေးဘက်ကို ရှောင်လိုက်သည်!

သို့သော် သမန်းဝံပုလွေတွေက တိုက်ခိုက်မှုအား လက်မလျော့ပဲ အရှိန်ပြန်လျော့လိုက်သည်။ ဒီအရာက သိမ်းငှက်က ကြက်ကလေးအား တစ်ချက်တည်းနဲ့ ထိုးသုတ်နိုင်ပေမဲ့ ကစားနေတာနဲ့တောင် တူနေသည်။

“အား!” သမန်းဝံပုလွေရဲ့ အဆွဲခံရမှုကြောင့် ဂျင်းဟောင် ကစင်တီမီတာ အနည်းငယ်အဝေးကို ရောက်သွားခဲ့သည်။ သူမက ကြောက်လန့်မှုကြောင့် ထပ်အော်လိုက်သည်။ ဟူဘင်း ကအလျင်အမြန်ပင် သူမအား သူ့လက်မောင်းထဲ ဆွဲလိုက်သည်။

သမန်းဝံပုလွေက လွှတ်ပေးလိုက်ပြီး ခက်ထန်နေသည့် မျက်နှာက တွန့်သွားခဲ့ပြီး ပါးစပ်အား ကျယ်ကျယ်ဟ,လိုက်သည်။ ဂျင်းဟောင် ရဲ့အော်သံက သူ့ကိုဒေါသထွက်စေတာနဲ့ တူနေပေမဲ့ ခေါင်းကိုဆန့်လိုက်ကာ အသံရှည်နဲ့ အူလိုက်သည်။

“ဝူး-”

အသံက ကျယ်လောင်နေပြီး စူးရှနေပြီး ခဏအကြာတွင် သူ့ခေါင်းကိုဆန့်လိုက်ကာ လူအုပ်အား လန့်သွားအောင် လုပ်လိုက်သည်။

ဂျင်းဟောင် ရဲ့ခြေထောက်တွေက အားနည်းနေပြီး ကြောက်လန့်မှုကြောင့် သူမမျက်လုံးမှ မျက်ရည်တွေ ကျလာခဲ့သည်။ သမန်းဝံပုလွေရဲ့ အသံရှည်ဆွဲသံက သူမခြေထောက်ကို ပိုပြီးအားနည်းစေသည်။

“ဝူးအူး-” နောက်ထပ်အူသံက လူအုပ်နောက်မှ ထွက်လာခဲ့သည်။

ဟူဘင်း နဲ့ မာချန်းဂုံ ရဲ့မျက်နှာက တစ်ချိန်တည်းမှာပဲ ဖြူဖွေးသွားကြသည်။

သမန်းဝံပုလွေအသစ် တစ်ကောင်က လူတိုင်း အာရုံမစိုက်နိုင်ခင်မှာ တစ်နေရာရာမှ တံခါးဝဆီ ရောက်လာခဲ့သည်။ ထိုသမန်းဝံပုလွေက အိမ်ထဲရှိသည့် သမန်းဝံပုလွေထက် တစ်ဝက်စာလောက် ပိုသေးသော်လည်း တစ်ထပ်တည်းတူနေသည်။ မျက်လုံးတွေက တစ္ဆေလိုမျိုး အစိမ်းရောင်ရှိကာ လျှာက သွေးတွေရှိနေသည့် သူ့အစွယ်ကို လျှက်လိုက်သည်။

ဟူဘင်း ရဲ့ဦးနှောက်က ဗလာဖြစ်သွားပြီး တံတွေးကို မြိုချလိုက်သည်။

ဒီသမန်းဝံပုလွေက တံခါးအပြင်ဘက်က အလောင်းကို စားလိုက်တာပဲ!

လူအုပ်ကြီးရဲ့ နှလုံးခုန်နှုန်းက ချက်ချင်းပင် မြန်ဆန်လာပြီး ထိုနေရာတွင်သာ အေးခဲနေပေမဲ့ သူတို့တုန့်ပြန်ဖို့ မတွေးနိုင်ခင်မှာပဲ သူတို့ရှေ့က မြင်ကွင်းက လူအုပ်အား လန့်သွားစေသည်။

“ဝူး-”

“အူးဝူး-”

သမန်းဝံပုလွေ နှစ်ကောင် ဆုံလိုက်ချိန်တွင် သူတို့အချင်းချင်း ကြင်နာနေသည့် ခံစားချက်မျိုး ရှိမနေပေ။ ထိုအစား သူတို့က အချင်းချင်း တွေ့လိုက်ချိန်တွင် အူလိုက်ကြပြီး ရက်စက်သည့် အမူအရာတွေကို ထုတ်ပြနေခဲ့သည်။

ပိုသေးသည့် သမန်းဝံပုလွေက မျက်လုံးပြူးကျယ်စွာ စိုက်ကြည့်နေပြီး သူငယ်အိမ်တွေက အာရုံစိုက်နေကာ သူ့ခြေထောက်တွေက မာချန်းဂုံ ဆီကို နှစ်လှမ်းရွှေ့လိုက်သည်။ ဒီအပြုအမူက အိမ်ထဲရှိ သမန်းဝံပုလွေအား ချက်ချင်း ဒေါသထွက်သွားစေသည်။ ဘာမှမပြောပဲ တင်းမာသွားကာ အလျင်အမြန် ပြေးဝင်သွားပြီး စူးရှသည့် လက်သည်းတွေကို ထုတ်ပြလိုက်ပြီး တစ်ဖက်သမန်းဝံပုလွေအား ထိကာကုတ်လိုက်သည်။

သို့သော် သူတို့က တစ်ဖွဲ့တည်းဖြစ်ပြီး သူတို့လက်ခုံလိုမျိုး အချင်းချင်း သိနေကြသည်။ တိုက်ခိုက်ချိန်တွင် ပိုသေးသည့်တစ်ကောင်က အနောက်ဘက်ရှိ နံရံဆီတိုက်မိသွားပြီး ပိုကြီးသည့်အကောင်ရဲ့ မျက်နှာအား ရက်စက်စွာ ကုတ်ခြစ်လိုက်သည်။

“အူဝူး!!!” ပိုကြီးသည့် သမန်းဝံပုလွေက အရမ်းဒေါသထွက်သွားပုံရကာ နှစ်ကောင်က ရုတ်ချင်းပင် ပြင်းထန်စွာ တိုက်ခိုက်ကြတော့သည်။

ဝံပုလွေတစ်ကောင်က လောဘကြီးပြီး အစားအသောက်အတွက် နင်းခြေခံရနိုင်သည့် အပြစ်သားလိုပဲ!

တစ်ဖွဲ့တည်းဆိုရင်တောင် သည်းမခံနိုင်ကြဘူး!

ဟူဘင်း နဲ့ မာချန်းဂုံ ကတစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ကြပြီး ချက်ချင်းပင် ဂျင်းဟောင် ရဲ့လက်မောင်းကိုဆွဲလိုက်ပြီး အနောက်ကို ဆုတ်လိုက်သည်။

ဟွမ်ခဲ ကအစကနေ အဆုံးထိ တိတ်ဆိတ်နေခဲ့ပြီး ဘာခံစားချက်ကိုမှ ထုတ်မပြပဲ ကြိုးဆွဲထားသည့် အသက်မဲ့ရုပ်သေးရုပ်နဲ့ ပိုတူနေသည်။

သမန်းဝံပုလွေ နှစ်ကောင်က သူတို့အားရှိသလောက် တိုက်ခိုက်နေကြပြီး အချင်းချင်း ညှာတာခြင်းမရှိ ကိုက်ကာ သတ်ပုတ်နေကြသည်...

နောက်ဆုံးတော့ အကြိမ်များစွာတိုက်ခိုက်ပြီးနောက် မောပန်းလာကြသည်။ တစ်ဖက်သမန်းဝံပုလွေက အခွင့်အရေးကို မြင်လိုက်သည်။ စူးရှစွာကြည့်လိုက်ပြီး လက်သည်းနဲ့သွားတွေကို ထုတ်လိုက်ပြီး တစ်ဖက်ဝံပုလွေရဲ့ နှလုံးဆီကို ကိုက်ချလိုက်သည်။

ပိုသေးသည့်ဝံပုလွေရဲ့ ခန္ဓာကိုယ်က တုန်သွားပြီး တစ်ခုခုကို နားလည်လိုက်ကာ ပြန်ဆုတ်လိုက်ပေမဲ့ အရမ်းကို နောက်ကျသွားခဲ့သည်။ သူ့နှလုံးကို မကာကွယ်နိုင်ရုံမက ရှောင်လိုက်ရင်း ထိခိုက်လွယ်သည့် လည်ပင်းတောင် ပေါ်သွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း လတ်ဆတ်သည့် သွေးတွေက နေရာတိုင်းကို စင်သွားခဲ့သည်။ သမန်းဝံပုလွေက အဆုတ်ကွဲသည်အထိ အော်လိုက်သည်။ အသံက ကြောက်စရာကောင်းနေပြီး စူးရှနေသည်။

ပိုကြီးသည့် သမန်းဝံပုလွေက အသက်ရှူနေသေးတာကြောင့် မလွှတ်ပေးသေးပေမဲ့ ကြမ်းပြင်တွင် ထိုင်ချလိုက်ပြီး တစ်ဖက်ရဲ့ လတ်ဆတ်သည့်သွေးတွေကို သောက်လိုက်ပြီး စတင်ကိုက်ဝါးလိုက်သည်။

ထိုနှလုံးရပ်စရာမြင်ကွင်းကို ဟူဘင်း မြင်လိုက်ချိန်တွင် သူ့မျက်လုံးက ပြူးကျယ်သွားခဲ့သည်။ သူ့စိတ်ထဲ ဘာရောက်လာမှန်း မသိရပဲ ကြောက်လန့်စွာဖြင့် ချက်ချင်း ပြောလိုက်သည်။ “မဟုတ်ဘူး၊ ငါတို့သွားရမယ်! ဒီအော်သံတွေနဲ့ သွေးနံ့တွေက သမန်းဝံပုလွေတွေကို ပိုပြီးဆွဲဆောင်နေလိမ့်မယ်!”

ဂျင်းဟောင် ရဲ့ခြေထောက်က အားနည်းနေပြီး သူမနှလုံးက ပြင်းထန်စွာခုန်နေကာ ကြက်သီးထ,နေပြီး စိတ်ပျက်ပြားစွာဖြင့် ပြောလိုက်သည်။ “သွားရမယ်? ကျွန်မတို့ ဘယ်နေရာကို သွားနိုင်မှာလဲ?”

ဟူဘင်း ကပြန်မဖြေနိုင်ခင် တံခါးအပြင်ဘက်မှ အူသံရှည်ကြီးအား ရုတ်ချင်း ကြားလိုက်ရသည်။ အသံက ပိုပိုကျယ်လာကာ ပိုနီးကပ်လာခဲ့ပြီး နောက်တစ်စက္ကန့်တွင် တချို့သမန်းဝံပုလွေတွေက တံခါးဆီရောက်လာလိမ့်မယ်!

ရှောင်ချန်း ကသူ့အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် သူမြင်လိုက်သည့်အရာကြောင့် သူ့မျက်တောင်က လှုပ်ရှားသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ အခန်းက နယ်နိမိတ်စည်းလို အလွှာလေးတစ်ခုခုနဲ့ နေရာချထားမှန်း နားလည်လိုက်သည်။ သူ့အခန်းတွင် အပြင်ဘက်မှ ဘာလှုပ်ရှားမှုကိုမှ မကြားနိုင်ပဲ တံခါးကနေ အပြင်ကို ထွက်လိုက်သည်နှင့် သူ့နားထဲသို့ ဝံပုလွေရဲ့ အူသံတွေက ဝင်ရောက်လာခဲ့သည်။

ဟူဘင်း ရဲ့အုပ်စုက ထောင့်ဘက်ကိုသွားဖို့ ဖိအားပေးခံနေရပြီး ရှောင်ချန်း နဲ့မျက်နှာချင်းဆိုင် တိုက်ရိုက်နေရာဖြစ်သည်။

ဟူဘင်း က ရှောင်ချန်း ရဲ့အခန်းအတွင်း ပုန်းနေဖို့ စီစဉ်ထားပေမဲ့ ပထမဆုံး ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် နီရဲနေသည့် မျက်လုံးတွေနဲ့ မာချန်းဂုံ ကသူ့အား တားလိုက်သည်။ “မဟုတ်ဘူး! ငါတို့တွေ ရှောင်ဟန် ကိုသွားခေါ်ရမယ်!”

မာဟန် ရဲ့အခန်းက ရှောင်ချန်း ရဲ့အခန်းနဲ့ ကပ်လျှက်ဖြစ်သည်။

ဟူဘင်း ကမျက်ခုံးပင့်လိုက်သည်။ သူ့အတွက် တွေးတောနေဖို့ အချိန်မရှိပဲ ခေါင်းသာညိတ်နိုင်သည်။ “ကောင်းပြီ၊ အဲ့ကိုသွားရအောင်!”

ရှောင်ချန်း ကသူ့ပါးစပ်နဲ့ နှာခေါင်းအား ကာကီရောင်ဆွယ်တာဖြင့် ကာလိုက်ပြီး သူ့လက်နှစ်ဖက်လုံးက အိတ်ကပ်ထဲရှိနေကာ ပုံမှန်အတိုင်း တိတ်ဆိတ်နေသည်။

ဟွမ်ခဲ ရဲ့အမူအရာမဲ့မျက်နှာက ရှောင်ချန်း ပေါ်လာချိန်တွင် ပျက်ယွင်းသွားခဲ့သည်။ သူ့မျက်လုံးတွေက မျက်တောင်မခတ်ပဲ ရှောင်ချန်း အားစိုက်ကြည့်နေပြီး သူ့နောက်ကိုတောင် တိုက်ရိုက်လျှောက်သွားကာ သူ့အား ဆက်စိုက်ကြည့်နေခဲ့သည်။

ရှောင်ချန်း က ဟွမ်ခဲ ကိုမြင်လိုက်သည်နှင့် တန်ဂျွန် ရဲ့သေဆုံးခြင်းကို တွေးမိသွားပြီး သူ့လက်တွေက ဆုပ်သွားပြီး သူ့မျက်လုံးထဲတွင် မထိန်းချုပ်နိုင်သည့် မနှစ်မြို့မှုတွေ ရှိနေခဲ့သည်။

တချို့အရာကြောင့် ပျော်ရွှင်စွာ စားသောက်နေသည့် သမန်းဝံပုလွေက ရုတ်တရပ် ရပ်သွားခဲ့ပြီး သူ့လက်တွေကို ချလိုက်သည်။ အစားအသောက် အနံ့ရလိုက်သလိုမျိုး နှာခေါင်းက လှုပ်ရှာသွားကာ ကြမ်းပြင်မှ ထ,ရပ်လိုက်ပြီး လည်ပင်းကို လှုပ်ရှားလိုက်ကာ အရိုးချိုးသံကို ပြုလုပ်လိုက်သည်။

ရှောင်ချန်း ကသမန်းဝံပုလွေရဲ့ အချက်ပေးမှုကို သိသွားခဲ့သည်။ သမန်းဝံပုလွေရဲ့ ပစ်မှတ်က သူကိုယ်တိုင် ဖြစ်နေတာကိုတောင် သူချက်ချင်း မြင်လိုက်ရတယ်!
သမန်းဝံပုလွေက လူအုပ်ကို စိုက်ကြည့်နေပေမဲ့ ဒီတစ်ကြိမ်တော့ ပထမဆုံးအကြိမ်ကလို တိုက်ရိုက်အပြုအမူကို မလုပ်ပေ။ ထိုအစား မကောင်းမှုတချို့ကို ရှောင်ရှားသလိုမျိုး နည်းနည်းတွန့်ဆုတ်နေကာ သူ့ခြေထောက်တွေက လှည့်သွားပြီး သူ့အမူအရာက နည်းနည်းတုန်လှုပ်နေပေမဲ့ ရှေ့ကိုတော့ လုံးဝတိုးမလာခဲ့ပေ။

သို့သော် နောက်စက္ကန့်တွင် ခြိမ်းခြောက်ခံလိုက်ရသလိုမျိုး အရမ်းကိုရက်စက်ပုံပေါ်သွားသည်။ ဝံပုလွေရဲ့ သဘာဝအတိုင်း သွားနဲ့လက်သည်းတွေကို ထုတ်ပြလိုက်ပြီး မျက်လုံးတွေမှ တစ္ဆေလို အစိမ်းရောင်အလင်းတွေက ထုတ်လွှင့်နေသည်။ လက်သည်းတွေက သွေးတွေနဲ့ပြည့်နေပြီး ရှေ့တိုးကာ တိုက်ခိုက်ဖို့ လုပ်လိုက်သည်။

ရှောင်ချန်း ရဲ့မျက်လုံးက ပြူးသွားခဲ့သည်။ သူက တိုက်ရိုက်ပင် ဘေးဘက်ကိုလှည့်လိုက်ပြီး ဟူဘင်း၊ ဂျင်းဟောင် နဲ့ မာချန်းဂုံ တို့က မာဟန် ရဲ့အခန်းဆီသွားဖို့ လုပ်နေစဉ် သူက တခြားဘက်ကို ပြေးသွားလိုက်သည်။

ဟွမ်ခဲ ရဲ့မျက်လုံးက ကျဉ်းမြောင်းသွားခဲ့သည်။ အစက ဗလာဖြစ်နေသည့် အကြည့်တွေက တဖြည်းဖြည်း အသိပြန်ဝင်လာခဲ့ပြီး မျက်လုံးအရောင်တောင် ပိုတောက်ပလာခဲ့သည်။ သူ့ပုံစံက စူးရှနေကာ တွန့်ဆုတ်ခြင်းမရှိပဲ ရှောင်ချန်း အားသူ့လက်မောင်းထဲ ပွေ့ဖက်လိုက်ပြီးနောက် သူ့လက်ကိုဆွဲကာ တစ်ဖက်ကို ပြေးသွားလိုက်သည်။

ရှောင်ချန်း ကလန့်သွားပြီး ဟွမ်ခဲ ရဲ့လက်ကို ခါထုတ်လိုက်ပေမဲ့ တစ်ဖက်လူက သူ့အား ပိုတင်းကြပ်စွာ ကိုင်လိုက်သည်။ အန္တရာယ်ကျခံနီးဖြစ်နေကာ ရှောင်ချန်း တွင်တခြားအရာကို တွေးနေဖို့အချိန်မရှိတော့ပဲ တစ်ဖက်လူအား သူ့လက်ကိုင်ဖို့သာ ခွင့်ပြုလိုက်ရသည်။

ရှောင်ချန်း ကသူ့အစာအဖြစ် သမန်းဝံပုလွေက လက်သည်းတွေထုတ်ကာ ပြသလိုက်ပြီး ရိုက်ချက်တိုင်းက သက်ညှာခြင်းမရှိပဲ ကြမ်းတမ်းနေသည်။ ပိုသေးသည့် သမန်းဝံပုလွေနဲ့ တိုက်ခိုက်တာကနေ သူ့အား နှလုံးဆုံးရှုံးရမလို စနောက်ခံလိုက်ရတာကြောင့် ထိုအချိန်တွင်တော့ သူ့အစာကိုသာ အလျင်အမြန် အမဲလိုက်ချင်နေခဲ့သည်။ ထို့ကြောင့် သမန်းဝံပုလွေက ရှောင်ချန်း အနောက်ကို နီးကပ်စွာ လိုက်သွားပြီး ရိုက်ချဖို့ အခွင့်အရေးရမဲ့အချိန်ကို စောင့်နေခဲ့သည်။

သို့သော် သမန်းဝံပုလွေကို အရှုံးမပေးပဲ ဟွမ်ခဲ ရဲ့အရှိန်က မြန်ဆန်နေပြီး ရှောင်ချန်း ရဲ့လက်ကို ဆွဲထားကာ အလျင်အမြန်ပင် ရှောင်လိုက်သည်။ သမန်းဝံပုလွေက တိုက်ခိုက်သည်နှင့် သူက အချိန်တိုအတွင်း တုန့်ပြန်လိုက်ပြီး တိကျစွာဖြင့် လှုပ်ရှားမှုတိုင်းကိုတောင် ရှောင်နေခဲ့သည်။

ထို့နောက် ရှောင်ချန်း ကသမန်းဝံပုလွေရဲ့ ပစ်မှတ်ဖြစ်နေတာကြောင့် ဟူဘင်း အုပ်စုက ပိုပြီးအဆင်ပြေပြေ လှုပ်ရှားနိုင်ခဲ့သည်။ သိုသော် ဒီအဓိကအချိန်တွင် သူတို့က ရှောင်ချန်း နဲ့ ဟွမ်ခဲ အားကူညီပေးဖို့ အချိန်မရှိပေ။

မာချန်းဂုံ ရဲ့စိတ်ထဲတွင် မာဟန် သာရှိနေပြီး အခွင့်အရေးကို မြင်လိုက်သည်နှင့် သူက မာဟန် ရဲ့အခန်းဆီကို အပြေးအလွှားသွားလိုက်ကာ သူ့ညီရဲ့အခြေအနေကို စစ်ဆေးလိုက်သည်။

ဟူဘင်း နဲ့ ဂျင်းဟောင် က ရှောင်ချန်း ဘက်ကိုကြည့်လိုက်ပြီး တွန့်ဆုတ်နေပေမဲ့ သူတို့လည်း အခန်းထဲကို လိုက်ဝင်လိုက်သည်။

သမန်းဝံပုလွေက ပြေးတာပိုမြန်လာပြီး ပိုပြီးတော့တောင် ကြမ်းတမ်းလာခဲ့သည်။

ဟွမ်ခဲ ရဲ့မျက်လုံးက မဲမှောင်နေကာ တင်းမာနေပြီး ရှောင်ချန်း အားသူ့အနောက်ကို ပို့လိုက်ကာ သမန်းဝံပုလွေရဲ့ အစိမ်းရောင်မျက်လုံးတွေကို စိုက်ကြည့်လိုက်ပြီး အော်လိုက်သည်။ “ထွက်သွား!!!”

သမန်းဝံပုလွေက သွေးကြွစေမဲ့အရာကို ရသွားပုံပေါ်ကာ သူ့အမူအရာက တုန်လှုပ်သွားပြီး အေးချမ်းစွာ တိုက်ခိုက်နိုင်ရန် ချက်ချင်း ရပ်လိုက်သည်။ ထို့နောက် ခြေနှစ်လှမ်းဆုတ်လိုက်ပြီး အသက်ရှူသွင်းလိုက်ကာ တိုက်ရိုက်လှည့်သွားပြီး ပြေးထွက်သွားဖို့လုပ်လိုက်သည်။

ဟွမ်ခဲ ကသူကိုယ်ထဲမှ ငွေဓားကို ထုတ်လိုက်သည်။ သမန်းဝံပုလွေရဲ့ စူးရှသည့်အကြည့်ကို စိုက်ကြည့်နေရင်း တစ်ခုခုကို တွက်ချက်နေကာ ဓားနဲ့ပစ်လိုက်သည်။ ဟွမ်ခဲ တွင်အားဘယ်လောက်ရှိနေမှန်း မသိပေ။ သို့သော် ဓားက သမန်းဝံပုလွေရဲ့ နှလုံးဆီကို စိုက်ဝင်သွားပြီး သူ့ရင်ဘတ်တောင် ကွဲသွားခဲ့သည်။

သမန်းဝံပုလွေက ထိတ်လန့်သွားပြီး မျက်လုံးတွေက ပြူးကျယ်သွားခဲ့သည်။ သူ့ခြေတွေက တောင့်တင်းသွားပြီး ကျယ်လောင်သည့်အသံကို ကြားလိုက်ရသည်။ သူ့မျက်လုံးတွေတောင် မမှိတ်သွားပဲ တစ်ကိုယ်လုံးက ကြမ်းပြင်ပေါ်ကို လဲကျသွားပြီး ဓားစိုက်နေသည့်နေရာမှ သွေးတွေစီးကျနေခဲ့သည်။

22.10.2021 (Fri)
.............................

Zawgyi

“အားးးးး!!!” ဂ်င္းေဟာင္ ကအရမ္းေၾကာက္ေနတာေၾကာင့္ အေနာက္ကိုဆုတ္လိုက္ၿပီး သူမတစ္ကိုယ္လုံးက ဟူဘင္း ေနာက္တြင္ ေရာက္သြားခဲ့သည္။ ဟူဘင္း ရဲ႕ႏွလုံးခုန္သံကလည္း ျမန္ေနခဲ့ၿပီး အံႀကိတ္ထားကာ သူ႕ေဘးမွ မာခ်န္းဂုံ ကိုၾကည့္ေနခဲ့သည္။

အခန္းထဲတြင္ အရသာ႐ွိမဲ့ တစ္ခုခုကို အနံ႔ရလိုက္သလို သမန္းဝံပုေလြရဲ႕ႏွာေခါင္းက လႈပ္႐ွားသြားၿပီး ေအးစက္ၿပီး တင္းမာေနသည့္ အစိမ္းေရာင္မ်က္လုံးေတြက လွည့္လာခဲ့ၿပီး ပါးစပ္က ဟ,သြားကာ အစြယ္ေတြေပၚလာခဲ့သည္။

မာခ်န္းဂုံ ကသမန္းဝံပုေလြနဲ႔ ရင္ဆိုင္ေတြ႕ၿပီး အစမပ်ိဳးခ်င္ေပ။ သူ႕လက္ထဲတြင္ ေငြဓားကို ကိုင္ထားၿပီး သူ႕မ်က္ႏွာက ေလးနက္ေနကာ မ်က္လုံးေတြက မဲေမွာင္ေနသည္။

သူက တစ္ႀကိမ္ေသခဲ့ဖူးၿပီး ေၾကာက္တာဘာမွမ႐ွိေတာ့ေပ၊ အခုေတာ့ မာဟန္ အားအသက္႐ွင္ေစဖို႔သာ သူအလို႐ွိသည္။

ထိုအေၾကာင္းကို ေတြးလိုက္ၿပီး မာခ်န္းဂုံ ကသူ႕လက္ထဲမွ လက္နက္အား တင္းၾကပ္စြာ ထပ္ကိုင္လိုက္သည္။

သမန္းဝံပုေလြရဲ႕ တေစၧမ်က္လုံးေတြက က်ဥ္းေျမာင္းသြားၿပီး မ်က္လုံးအဆံက ႐ုတ္ခ်င္း ႐ွည္သြယ္သြားကာ တခ်ိဳ႕အရာက အားေပးလိုက္သလိုမ်ိဳး ႐ုတ္တရက္ စူး႐ွသြားခဲ့သည္။ ထို႔ေနာက္ ညာေျခကို ဆန္႔လိုက္ၿပီး ပါးစပ္ဟ,လိုက္ကာ လူအုပ္ဆီကို ဦးတည္ကာ ခုံဝင္လိုက္သည္။

“အားး!” ဂ်င္းေဟာင္ ကေၾကာက္လန္႔စြာျဖင့္ ေအာ္လိုက္ၿပီး ေဘးဘက္ကို ေျပးသြားလိုက္သည္။

ခုန္လိုက္တာ အရမ္းေဝးေဝး ေရာက္သြားတယ္! ေပါ့ပါးသည့္ခုန္ႏႈန္း တစ္ခ်က္ေလးနဲ႔ မီတာမ်ားစြာကိုေတာင္ ေရာက္သြားႏိုင္တယ္!

လူတိုင္းက သမန္းဝံပုေလြေတြ ခုန္လိုက္သည္ႏွင့္ ခ်က္ခ်င္းပင္ တုန္႔ျပန္ကာ ေဘးဘက္ကို ေ႐ွာင္လိုက္သည္!

သို႔ေသာ္ သမန္းဝံပုေလြေတြက တိုက္ခိုက္မႈအား လက္မေလ်ာ့ပဲ အ႐ွိန္ျပန္ေလ်ာ့လိုက္သည္။ ဒီအရာက သိမ္းငွက္က ၾကက္ကေလးအား တစ္ခ်က္တည္းနဲ႔ ထိုးသုတ္ႏိုင္ေပမဲ့ ကစားေနတာနဲ႔ေတာင္ တူေနသည္။

“အား!” သမန္းဝံပုေလြရဲ႕ အဆြဲခံရမႈေၾကာင့္ ဂ်င္းေဟာင္ ကစင္တီမီတာ အနည္းငယ္အေဝးကို ေရာက္သြားခဲ့သည္။ သူမက ေၾကာက္လန္႔မႈေၾကာင့္ ထပ္ေအာ္လိုက္သည္။ ဟူဘင္း ကအလ်င္အျမန္ပင္ သူမအား သူ႕လက္ေမာင္းထဲ ဆြဲလိုက္သည္။

သမန္းဝံပုေလြက လႊတ္ေပးလိုက္ၿပီး ခက္ထန္ေနသည့္ မ်က္ႏွာက တြန္႔သြားခဲ့ၿပီး ပါးစပ္အား က်ယ္က်ယ္ဟ,လိုက္သည္။ ဂ်င္းေဟာင္ ရဲ႕ေအာ္သံက သူ႕ကိုေဒါသထြက္ေစတာနဲ႔ တူေနေပမဲ့ ေခါင္းကိုဆန္႔လိုက္ကာ အသံ႐ွည္နဲ႔ အူလိုက္သည္။

“ဝူး-”

အသံက က်ယ္ေလာင္ေနၿပီး စူး႐ွေနၿပီး ခဏအၾကာတြင္ သူ႕ေခါင္းကိုဆန္႔လိုက္ကာ လူအုပ္အား လန္႔သြားေအာင္ လုပ္လိုက္သည္။

ဂ်င္းေဟာင္ ရဲ႕ေျခေထာက္ေတြက အားနည္းေနၿပီး ေၾကာက္လန္႔မႈေၾကာင့္ သူမမ်က္လုံးမွ မ်က္ရည္ေတြ က်လာခဲ့သည္။ သမန္းဝံပုေလြရဲ႕ အသံ႐ွည္ဆြဲသံက သူမေျခေထာက္ကို ပိုၿပီးအားနည္းေစသည္။

“ဝူးအူး-” ေနာက္ထပ္အူသံက လူအုပ္ေနာက္မွ ထြက္လာခဲ့သည္။

ဟူဘင္း နဲ႔ မာခ်န္းဂုံ ရဲ႕မ်က္ႏွာက တစ္ခ်ိန္တည္းမွာပဲ ျဖဴေဖြးသြားၾကသည္။

သမန္းဝံပုေလြအသစ္ တစ္ေကာင္က လူတိုင္း အာ႐ုံမစိုက္ႏိုင္ခင္မွာ တစ္ေနရာရာမွ တံခါးဝဆီ ေရာက္လာခဲ့သည္။ ထိုသမန္းဝံပုေလြက အိမ္ထဲ႐ွိသည့္ သမန္းဝံပုေလြထက္ တစ္ဝက္စာေလာက္ ပိုေသးေသာ္လည္း တစ္ထပ္တည္းတူေနသည္။ မ်က္လုံးေတြက တေစၧလိုမ်ိဳး အစိမ္းေရာင္႐ွိကာ လွ်ာက ေသြးေတြ႐ွိေနသည့္ သူ႕အစြယ္ကို လွ်က္လိုက္သည္။

ဟူဘင္း ရဲ႕ဦးေႏွာက္က ဗလာျဖစ္သြားၿပီး တံေတြးကို ၿမိဳခ်လိုက္သည္။

ဒီသမန္းဝံပုေလြက တံခါးအျပင္ဘက္က အေလာင္းကို စားလိုက္တာပဲ!

လူအုပ္ႀကီးရဲ႕ ႏွလုံးခုန္ႏႈန္းက ခ်က္ခ်င္းပင္ ျမန္ဆန္လာၿပီး ထိုေနရာတြင္သာ ေအးခဲေနေပမဲ့ သူတို႔တုန္႔ျပန္ဖို႔ မေတြးႏိုင္ခင္မွာပဲ သူတို႔ေ႐ွ႕က ျမင္ကြင္းက လူအုပ္အား လန္႔သြားေစသည္။

“ဝူး-”

“အူးဝူး-”

သမန္းဝံပုေလြ ႏွစ္ေကာင္ ဆုံလိုက္ခ်ိန္တြင္ သူတို႔အခ်င္းခ်င္း ၾကင္နာေနသည့္ ခံစားခ်က္မ်ိဳး ႐ွိမေနေပ။ ထိုအစား သူတို႔က အခ်င္းခ်င္း ေတြ႕လိုက္ခ်ိန္တြင္ အူလိုက္ၾကၿပီး ရက္စက္သည့္ အမူအရာေတြကို ထုတ္ျပေနခဲ့သည္။

ပိုေသးသည့္ သမန္းဝံပုေလြက မ်က္လုံးျပဴးက်ယ္စြာ စိုက္ၾကည့္ေနၿပီး သူငယ္အိမ္ေတြက အာ႐ုံစိုက္ေနကာ သူ႕ေျခေထာက္ေတြက မာခ်န္းဂုံ ဆီကို ႏွစ္လွမ္းေ႐ႊ႕လိုက္သည္။ ဒီအျပဳအမူက အိမ္ထဲ႐ွိ သမန္းဝံပုေလြအား ခ်က္ခ်င္း ေဒါသထြက္သြားေစသည္။ ဘာမွမေျပာပဲ တင္းမာသြားကာ အလ်င္အျမန္ ေျပးဝင္သြားၿပီး စူး႐ွသည့္ လက္သည္းေတြကို ထုတ္ျပလိုက္ၿပီး တစ္ဖက္သမန္းဝံပုေလြအား ထိကာကုတ္လိုက္သည္။

သို႔ေသာ္ သူတို႔က တစ္ဖြဲ႕တည္းျဖစ္ၿပီး သူတို႔လက္ခုံလိုမ်ိဳး အခ်င္းခ်င္း သိေနၾကသည္။ တိုက္ခိုက္ခ်ိန္တြင္ ပိုေသးသည့္တစ္ေကာင္က အေနာက္ဘက္႐ွိ နံရံဆီတိုက္မိသြားၿပီး ပိုႀကီးသည့္အေကာင္ရဲ႕ မ်က္ႏွာအား ရက္စက္စြာ ကုတ္ျခစ္လိုက္သည္။

“အူဝူး!!!” ပိုႀကီးသည့္ သမန္းဝံပုေလြက အရမ္းေဒါသထြက္သြားပုံရကာ ႏွစ္ေကာင္က ႐ုတ္ခ်င္းပင္ ျပင္းထန္စြာ တိုက္ခိုက္ၾကေတာ့သည္။

ဝံပုေလြတစ္ေကာင္က ေလာဘႀကီးၿပီး အစားအေသာက္အတြက္ နင္းေျခခံရႏိုင္သည့္ အျပစ္သားလိုပဲ!

တစ္ဖြဲ႕တည္းဆိုရင္ေတာင္ သည္းမခံႏိုင္ၾကဘူး!

ဟူဘင္း နဲ႔ မာခ်န္းဂုံ ကတစ္ေယာက္နဲ႔ တစ္ေယာက္ ၾကည့္လိုက္ၾကၿပီး ခ်က္ခ်င္းပင္ ဂ်င္းေဟာင္ ရဲ႕လက္ေမာင္းကိုဆြဲလိုက္ၿပီး အေနာက္ကို ဆုတ္လိုက္သည္။

ဟြမ္ခဲ ကအစကေန အဆုံးထိ တိတ္ဆိတ္ေနခဲ့ၿပီး ဘာခံစားခ်က္ကိုမွ ထုတ္မျပပဲ ႀကိဳးဆြဲထားသည့္ အသက္မဲ့႐ုပ္ေသး႐ုပ္နဲ႔ ပိုတူေနသည္။

သမန္းဝံပုေလြ ႏွစ္ေကာင္က သူတို႔အား႐ွိသေလာက္ တိုက္ခိုက္ေနၾကၿပီး အခ်င္းခ်င္း ညႇာတာျခင္းမ႐ွိ ကိုက္ကာ သတ္ပုတ္ေနၾကသည္...

ေနာက္ဆုံးေတာ့ အႀကိမ္မ်ားစြာတိုက္ခိုက္ၿပီးေနာက္ ေမာပန္းလာၾကသည္။ တစ္ဖက္သမန္းဝံပုေလြက အခြင့္အေရးကို ျမင္လိုက္သည္။ စူး႐ွစြာၾကည့္လိုက္ၿပီး လက္သည္းနဲ႔သြားေတြကို ထုတ္လိုက္ၿပီး တစ္ဖက္ဝံပုေလြရဲ႕ ႏွလုံးဆီကို ကိုက္ခ်လိုက္သည္။

ပိုေသးသည့္ဝံပုေလြရဲ႕ ခႏၶာကိုယ္က တုန္သြားၿပီး တစ္ခုခုကို နားလည္လိုက္ကာ ျပန္ဆုတ္လိုက္ေပမဲ့ အရမ္းကို ေနာက္က်သြားခဲ့သည္။ သူ႕ႏွလုံးကို မကာကြယ္ႏိုင္႐ုံမက ေ႐ွာင္လိုက္ရင္း ထိခိုက္လြယ္သည့္ လည္ပင္းေတာင္ ေပၚသြားခဲ့သည္။

မ်က္စိတစ္မွိတ္အတြင္း လတ္ဆတ္သည့္ ေသြးေတြက ေနရာတိုင္းကို စင္သြားခဲ့သည္။ သမန္းဝံပုေလြက အဆုတ္ကြဲသည္အထိ ေအာ္လိုက္သည္။ အသံက ေၾကာက္စရာေကာင္းေနၿပီး စူး႐ွေနသည္။

ပိုႀကီးသည့္ သမန္းဝံပုေလြက အသက္႐ွဴေနေသးတာေၾကာင့္ မလႊတ္ေပးေသးေပမဲ့ ၾကမ္းျပင္တြင္ ထိုင္ခ်လိုက္ၿပီး တစ္ဖက္ရဲ႕ လတ္ဆတ္သည့္ေသြးေတြကို ေသာက္လိုက္ၿပီး စတင္ကိုက္ဝါးလိုက္သည္။

ထိုႏွလုံးရပ္စရာျမင္ကြင္းကို ဟူဘင္း ျမင္လိုက္ခ်ိန္တြင္ သူ႕မ်က္လုံးက ျပဴးက်ယ္သြားခဲ့သည္။ သူ႕စိတ္ထဲ ဘာေရာက္လာမွန္း မသိရပဲ ေၾကာက္လန္႔စြာျဖင့္ ခ်က္ခ်င္း ေျပာလိုက္သည္။ “မဟုတ္ဘူး၊ ငါတို႔သြားရမယ္! ဒီေအာ္သံေတြနဲ႔ ေသြးနံ႔ေတြက သမန္းဝံပုေလြေတြကို ပိုၿပီးဆြဲေဆာင္ေနလိမ့္မယ္!”

ဂ်င္းေဟာင္ ရဲ႕ေျခေထာက္က အားနည္းေနၿပီး သူမႏွလုံးက ျပင္းထန္စြာခုန္ေနကာ ၾကက္သီးထ,ေနၿပီး စိတ္ပ်က္ျပားစြာျဖင့္ ေျပာလိုက္သည္။ “သြားရမယ္? ကြၽန္မတို႔ ဘယ္ေနရာကို သြားႏိုင္မွာလဲ?”

ဟူဘင္း ကျပန္မေျဖႏိုင္ခင္ တံခါးအျပင္ဘက္မွ အူသံ႐ွည္ႀကီးအား ႐ုတ္ခ်င္း ၾကားလိုက္ရသည္။ အသံက ပိုပိုက်ယ္လာကာ ပိုနီးကပ္လာခဲ့ၿပီး ေနာက္တစ္စကၠန္႔တြင္ တခ်ိဳ႕သမန္းဝံပုေလြေတြက တံခါးဆီေရာက္လာလိမ့္မယ္!

ေ႐ွာင္ခ်န္း ကသူ႕အခန္းတံခါးကို ဖြင့္လိုက္သည္ႏွင့္ သူျမင္လိုက္သည့္အရာေၾကာင့္ သူ႕မ်က္ေတာင္က လႈပ္႐ွားသြားၿပီး မ်က္ေမွာင္ၾကဳတ္လိုက္သည္။ အခန္းက နယ္နိမိတ္စည္းလို အလႊာေလးတစ္ခုခုနဲ႔ ေနရာခ်ထားမွန္း နားလည္လိုက္သည္။ သူ႕အခန္းတြင္ အျပင္ဘက္မွ ဘာလႈပ္႐ွားမႈကိုမွ မၾကားႏိုင္ပဲ တံခါးကေန အျပင္ကို ထြက္လိုက္သည္ႏွင့္ သူ႕နားထဲသို႔ ဝံပုေလြရဲ႕ အူသံေတြက ဝင္ေရာက္လာခဲ့သည္။

ဟူဘင္း ရဲ႕အုပ္စုက ေထာင့္ဘက္ကိုသြားဖို႔ ဖိအားေပးခံေနရၿပီး ေ႐ွာင္ခ်န္း နဲ႔မ်က္ႏွာခ်င္းဆိုင္ တိုက္႐ိုက္ေနရာျဖစ္သည္။

ဟူဘင္း က ေ႐ွာင္ခ်န္း ရဲ႕အခန္းအတြင္း ပုန္းေနဖို႔ စီစဥ္ထားေပမဲ့ ပထမဆုံး ေျခတစ္လွမ္း လွမ္းလိုက္သည္ႏွင့္ နီရဲေနသည့္ မ်က္လုံးေတြနဲ႔ မာခ်န္းဂုံ ကသူ႕အား တားလိုက္သည္။ “မဟုတ္ဘူး! ငါတို႔ေတြ ေ႐ွာင္ဟန္ ကိုသြားေခၚရမယ္!”

မာဟန္ ရဲ႕အခန္းက ေ႐ွာင္ခ်န္း ရဲ႕အခန္းနဲ႔ ကပ္လွ်က္ျဖစ္သည္။

ဟူဘင္း ကမ်က္ခုံးပင့္လိုက္သည္။ သူ႕အတြက္ ေတြးေတာေနဖို႔ အခ်ိန္မ႐ွိပဲ ေခါင္းသာညိတ္ႏိုင္သည္။ “ေကာင္းၿပီ၊ အဲ့ကိုသြားရေအာင္!”

ေ႐ွာင္ခ်န္း ကသူ႕ပါးစပ္နဲ႔ ႏွာေခါင္းအား ကာကီေရာင္ဆြယ္တာျဖင့္ ကာလိုက္ၿပီး သူ႕လက္ႏွစ္ဖက္လုံးက အိတ္ကပ္ထဲ႐ွိေနကာ ပုံမွန္အတိုင္း တိတ္ဆိတ္ေနသည္။

ဟြမ္ခဲ ရဲ႕အမူအရာမဲ့မ်က္ႏွာက ေ႐ွာင္ခ်န္း ေပၚလာခ်ိန္တြင္ ပ်က္ယြင္းသြားခဲ့သည္။ သူ႕မ်က္လုံးေတြက မ်က္ေတာင္မခတ္ပဲ ေ႐ွာင္ခ်န္း အားစိုက္ၾကည့္ေနၿပီး သူ႕ေနာက္ကိုေတာင္ တိုက္႐ိုက္ေလွ်ာက္သြားကာ သူ႕အား ဆက္စိုက္ၾကည့္ေနခဲ့သည္။

ေ႐ွာင္ခ်န္း က ဟြမ္ခဲ ကိုျမင္လိုက္သည္ႏွင့္ တန္ဂြၽန္ ရဲ႕ေသဆုံးျခင္းကို ေတြးမိသြားၿပီး သူ႕လက္ေတြက ဆုပ္သြားၿပီး သူ႕မ်က္လုံးထဲတြင္ မထိန္းခ်ဳပ္ႏိုင္သည့္ မႏွစ္ၿမိဳ႕မႈေတြ ႐ွိေနခဲ့သည္။

တခ်ိဳ႕အရာေၾကာင့္ ေပ်ာ္႐ႊင္စြာ စားေသာက္ေနသည့္ သမန္းဝံပုေလြက ႐ုတ္တရပ္ ရပ္သြားခဲ့ၿပီး သူ႕လက္ေတြကို ခ်လိုက္သည္။ အစားအေသာက္ အနံ႔ရလိုက္သလိုမ်ိဳး ႏွာေခါင္းက လႈပ္႐ွာသြားကာ ၾကမ္းျပင္မွ ထ,ရပ္လိုက္ၿပီး လည္ပင္းကို လႈပ္႐ွားလိုက္ကာ အ႐ိုးခ်ိဳးသံကို ျပဳလုပ္လိုက္သည္။

ေ႐ွာင္ခ်န္း ကသမန္းဝံပုေလြရဲ႕ အခ်က္ေပးမႈကို သိသြားခဲ့သည္။ သမန္းဝံပုေလြရဲ႕ ပစ္မွတ္က သူကိုယ္တိုင္ ျဖစ္ေနတာကိုေတာင္ သူခ်က္ခ်င္း ျမင္လိုက္ရတယ္!
သမန္းဝံပုေလြက လူအုပ္ကို စိုက္ၾကည့္ေနေပမဲ့ ဒီတစ္ႀကိမ္ေတာ့ ပထမဆုံးအႀကိမ္ကလို တိုက္႐ိုက္အျပဳအမူကို မလုပ္ေပ။ ထိုအစား မေကာင္းမႈတခ်ိဳ႕ကို ေ႐ွာင္႐ွားသလိုမ်ိဳး နည္းနည္းတြန္႔ဆုတ္ေနကာ သူ႕ေျခေထာက္ေတြက လွည့္သြားၿပီး သူ႕အမူအရာက နည္းနည္းတုန္လႈပ္ေနေပမဲ့ ေ႐ွ႕ကိုေတာ့ လုံးဝတိုးမလာခဲ့ေပ။

သို႔ေသာ္ ေနာက္စကၠန္႔တြင္ ၿခိမ္းေျခာက္ခံလိုက္ရသလိုမ်ိဳး အရမ္းကိုရက္စက္ပုံေပၚသြားသည္။ ဝံပုေလြရဲ႕ သဘာဝအတိုင္း သြားနဲ႔လက္သည္းေတြကို ထုတ္ျပလိုက္ၿပီး မ်က္လုံးေတြမွ တေစၧလို အစိမ္းေရာင္အလင္းေတြက ထုတ္လႊင့္ေနသည္။ လက္သည္းေတြက ေသြးေတြနဲ႔ျပည့္ေနၿပီး ေ႐ွ႕တိုးကာ တိုက္ခိုက္ဖို႔ လုပ္လိုက္သည္။

ေ႐ွာင္ခ်န္း ရဲ႕မ်က္လုံးက ျပဴးသြားခဲ့သည္။ သူက တိုက္႐ိုက္ပင္ ေဘးဘက္ကိုလွည့္လိုက္ၿပီး ဟူဘင္း၊ ဂ်င္းေဟာင္ နဲ႔ မာခ်န္းဂုံ တို႔က မာဟန္ ရဲ႕အခန္းဆီသြားဖို႔ လုပ္ေနစဥ္ သူက တျခားဘက္ကို ေျပးသြားလိုက္သည္။

ဟြမ္ခဲ ရဲ႕မ်က္လုံးက က်ဥ္းေျမာင္းသြားခဲ့သည္။ အစက ဗလာျဖစ္ေနသည့္ အၾကည့္ေတြက တျဖည္းျဖည္း အသိျပန္ဝင္လာခဲ့ၿပီး မ်က္လုံးအေရာင္ေတာင္ ပိုေတာက္ပလာခဲ့သည္။ သူ႕ပုံစံက စူး႐ွေနကာ တြန္႔ဆုတ္ျခင္းမ႐ွိပဲ ေ႐ွာင္ခ်န္း အားသူ႕လက္ေမာင္းထဲ ေပြ႕ဖက္လိုက္ၿပီးေနာက္ သူ႕လက္ကိုဆြဲကာ တစ္ဖက္ကို ေျပးသြားလိုက္သည္။

ေ႐ွာင္ခ်န္း ကလန္႔သြားၿပီး ဟြမ္ခဲ ရဲ႕လက္ကို ခါထုတ္လိုက္ေပမဲ့ တစ္ဖက္လူက သူ႕အား ပိုတင္းၾကပ္စြာ ကိုင္လိုက္သည္။ အႏၲရာယ္က်ခံနီးျဖစ္ေနကာ ေ႐ွာင္ခ်န္း တြင္တျခားအရာကို ေတြးေနဖို႔အခ်ိန္မ႐ွိေတာ့ပဲ တစ္ဖက္လူအား သူ႕လက္ကိုင္ဖို႔သာ ခြင့္ျပဳလိုက္ရသည္။

ေ႐ွာင္ခ်န္း ကသူ႕အစာအျဖစ္ သမန္းဝံပုေလြက လက္သည္းေတြထုတ္ကာ ျပသလိုက္ၿပီး ႐ိုက္ခ်က္တိုင္းက သက္ညႇာျခင္းမ႐ွိပဲ ၾကမ္းတမ္းေနသည္။ ပိုေသးသည့္ သမန္းဝံပုေလြနဲ႔ တိုက္ခိုက္တာကေန သူ႕အား ႏွလုံးဆုံး႐ႈံးရမလို စေနာက္ခံလိုက္ရတာေၾကာင့္ ထိုအခ်ိန္တြင္ေတာ့ သူ႕အစာကိုသာ အလ်င္အျမန္ အမဲလိုက္ခ်င္ေနခဲ့သည္။ ထို႔ေၾကာင့္ သမန္းဝံပုေလြက ေ႐ွာင္ခ်န္း အေနာက္ကို နီးကပ္စြာ လိုက္သြားၿပီး ႐ိုက္ခ်ဖို႔ အခြင့္အေရးရမဲ့အခ်ိန္ကို ေစာင့္ေနခဲ့သည္။

သို႔ေသာ္ သမန္းဝံပုေလြကို အ႐ႈံးမေပးပဲ ဟြမ္ခဲ ရဲ႕အ႐ွိန္က ျမန္ဆန္ေနၿပီး ေ႐ွာင္ခ်န္း ရဲ႕လက္ကို ဆြဲထားကာ အလ်င္အျမန္ပင္ ေ႐ွာင္လိုက္သည္။ သမန္းဝံပုေလြက တိုက္ခိုက္သည္ႏွင့္ သူက အခ်ိန္တိုအတြင္း တုန္႔ျပန္လိုက္ၿပီး တိက်စြာျဖင့္ လႈပ္႐ွားမႈတိုင္းကိုေတာင္ ေ႐ွာင္ေနခဲ့သည္။

ထို႔ေနာက္ ေ႐ွာင္ခ်န္း ကသမန္းဝံပုေလြရဲ႕ ပစ္မွတ္ျဖစ္ေနတာေၾကာင့္ ဟူဘင္း အုပ္စုက ပိုၿပီးအဆင္ေျပေျပ လႈပ္႐ွားႏိုင္ခဲ့သည္။ သိုေသာ္ ဒီအဓိကအခ်ိန္တြင္ သူတို႔က ေ႐ွာင္ခ်န္း နဲ႔ ဟြမ္ခဲ အားကူညီေပးဖို႔ အခ်ိန္မ႐ွိေပ။

မာခ်န္းဂုံ ရဲ႕စိတ္ထဲတြင္ မာဟန္ သာ႐ွိေနၿပီး အခြင့္အေရးကို ျမင္လိုက္သည္ႏွင့္ သူက မာဟန္ ရဲ႕အခန္းဆီကို အေျပးအလႊားသြားလိုက္ကာ သူ႕ညီရဲ႕အေျခအေနကို စစ္ေဆးလိုက္သည္။

ဟူဘင္း နဲ႔ ဂ်င္းေဟာင္ က ေ႐ွာင္ခ်န္း ဘက္ကိုၾကည့္လိုက္ၿပီး တြန္႔ဆုတ္ေနေပမဲ့ သူတို႔လည္း အခန္းထဲကို လိုက္ဝင္လိုက္သည္။

သမန္းဝံပုေလြက ေျပးတာပိုျမန္လာၿပီး ပိုၿပီးေတာ့ေတာင္ ၾကမ္းတမ္းလာခဲ့သည္။

ဟြမ္ခဲ ရဲ႕မ်က္လုံးက မဲေမွာင္ေနကာ တင္းမာေနၿပီး ေ႐ွာင္ခ်န္း အားသူ႕အေနာက္ကို ပို႔လိုက္ကာ သမန္းဝံပုေလြရဲ႕ အစိမ္းေရာင္မ်က္လုံးေတြကို စိုက္ၾကည့္လိုက္ၿပီး ေအာ္လိုက္သည္။ “ထြက္သြား!!!”

သမန္းဝံပုေလြက ေသြးႂကြေစမဲ့အရာကို ရသြားပုံေပၚကာ သူ႕အမူအရာက တုန္လႈပ္သြားၿပီး ေအးခ်မ္းစြာ တိုက္ခိုက္ႏိုင္ရန္ ခ်က္ခ်င္း ရပ္လိုက္သည္။ ထို႔ေနာက္ ေျခႏွစ္လွမ္းဆုတ္လိုက္ၿပီး အသက္႐ွဴသြင္းလိုက္ကာ တိုက္႐ိုက္လွည့္သြားၿပီး ေျပးထြက္သြားဖို႔လုပ္လိုက္သည္။

ဟြမ္ခဲ ကသူကိုယ္ထဲမွ ေငြဓားကို ထုတ္လိုက္သည္။ သမန္းဝံပုေလြရဲ႕ စူး႐ွသည့္အၾကည့္ကို စိုက္ၾကည့္ေနရင္း တစ္ခုခုကို တြက္ခ်က္ေနကာ ဓားနဲ႔ပစ္လိုက္သည္။ ဟြမ္ခဲ တြင္အားဘယ္ေလာက္႐ွိေနမွန္း မသိေပ။ သို႔ေသာ္ ဓားက သမန္းဝံပုေလြရဲ႕ ႏွလုံးဆီကို စိုက္ဝင္သြားၿပီး သူ႕ရင္ဘတ္ေတာင္ ကြဲသြားခဲ့သည္။

သမန္းဝံပုေလြက ထိတ္လန္႔သြားၿပီး မ်က္လုံးေတြက ျပဴးက်ယ္သြားခဲ့သည္။ သူ႕ေျခေတြက ေတာင့္တင္းသြားၿပီး က်ယ္ေလာင္သည့္အသံကို ၾကားလိုက္ရသည္။ သူ႕မ်က္လုံးေတြေတာင္ မမွိတ္သြားပဲ တစ္ကိုယ္လုံးက ၾကမ္းျပင္ေပၚကို လဲက်သြားၿပီး ဓားစိုက္ေနသည့္ေနရာမွ ေသြးေတြစီးက်ေနခဲ့သည္။

22.10.2021 (Fri)
.............................

Continue Reading

You'll Also Like

83.1K 12.8K 100
Traslation all credit to Original Author and E Translator horror type uodate -mon.wed and Friday
30.2K 2.4K 56
ဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက...
33.4K 4.4K 44
ဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမ...
263K 34.8K 131
ဘာသာပြန်သူ - Swae Nyoe Team, ဆုမြတ်လှိုင်