လျှို့ဝှက်ဆန်းပြားလောက〘Uni+Za...

By Kaiyou1111

237K 40.5K 1K

[တစ်ကမ္ဘာလုံးက မင်းကို အနိုင်ကျင့်ကြတယ်၊ မုန်းတီးကြတယ်၊ နောက်ပြီး မင်းကို ခွဲခြားဆက်ဆံကြတယ်၊ ဒါပေမဲ့ မင်းရဲ့က... More

Description
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၂)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၃)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၆)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၇)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၈)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၉)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၀)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၁)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၂)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၃)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၆)
သေမင်းတမန် (၁)
သေမင်းတမန် (၂)
သေမင်းတမန် (၃)
သေမင်းတမန် (၄)
သေမင်းတမန် (၅)
သေမင်းတမန် (၆)
သေမင်းတမန် (၇)
သေမင်းတမန် (၈)
သေမင်းတမန် (၉)
သေမင်းတမန် (၁၀)
သေမင်းတမန် (၁၁)
သေမင်းတမန် (၁၂)
သေမင်းတမန် (၁၃)
သေမင်းတမန် (၁၄)
သေမင်းတမန် (၁၅)
လူသားစားမြို့(၁)
လူသားစားမြို့(၂)
လူသားစားမြို့(၃)
လူသားစားမြို့(၅)
လူသားစားမြို့(၆)
လူသားစားမြို့(၇)
လူသားစားမြို့(၈)
လူသားစားမြို့(၉)
လူသားစားမြို့(၁၀)
လူသားစားမြို့(၁၁)
လူသားစားမြို့(၁၂)
လူသားစားမြို့(၁၃)
လူသားစားမြို့(၁၄)
လူသားစားမြို့(၁၅)
လူသားစားမြို့(၁၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၇)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၈)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၉)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၀)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၆)
Not Update!!
Good New (。•̀ᴗ-)✧
Hello (。•̀ᴗ-)✧
လူသတ်ဂိမ်း (၁)
လူသတ်ဂိမ်း (၂)
လူသတ်ဂိမ်း (၃)
လူသတ်ဂိမ်း (၄)
လူသတ်ဂိမ်း (၅)
လူသတ်ဂိမ်း (၆)
လူသတ်ဂိမ်း(၇)
လူသတ်ဂိမ်း (၈)
လူသတ်ဂိမ်း (၉)
လူသတ်ဂိမ်း (၁၀)
လူသတ်ဂိမ်း (၁၁)
လူသတ်ဂိမ်း (၁၂)
တစ္ဆေမျက်လုံး (၁)
တစ္ဆေမျက်လုံး (၂)
တစ္ဆေမျက်လုံး (၃)
တစ္ဆေမျက်လုံး (၄)
တစ္ဆေမျက်လုံး (၅)
တစ္ဆေမျက်လုံး (၆)
တစ္ဆေမျက်လုံး (၇)
တစ္ဆေမျက်လုံး (၈)
တစ္ဆေမျက်လုံး(၉)
တစ္ဆေမျက်လုံး (၁၀)
တစ္ဆေမျက်လုံး (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၂)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၃)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၄)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၅)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၆)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၇)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၈)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၉)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၀)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၂)

လူသားစားမြို့(၄)

1.9K 408 6
By Kaiyou1111

Unicode

“သေလိုက်၊ တောင်ပေါ်မှာ ပိုးကောင်တွေ အရမ်းများတာပဲ!” အမျိုးသမီးက ဒေါက်မြင့်ကို စီးထားပြီး သူမခြေထောက်တွေက နည်းနည်းပျော့ခွေနေကာ လမ်းတစ်လျှောက်လုံး ညည်းညူလာရင်း မထိန်းချုပ်နိုင်ပဲ ကျိန်ဆဲနေခဲ့သည်။

ဘာမေးခွန်းမှမထုတ်သည့် ရှောင်ချန်း မှလွဲရင် တခြားလူငါးယောက်က သူမကို နည်းနည်းတော့ စိတ်မရှည်ဖြစ်နေကြသည်။

“ဘယ်လို ပျက်စီးနေတဲ့ရွာလဲ! စီးစရာလေးတောင် မရှိဘူး! တောင်ပေါ်မှာတောင် လိုင်းမမိဘူး! WTH!” အမျိုးသမီးက ကျိန်ဆဲလိုက်ပြီး ရွှေနဲ့ငွေရောင်ကို ဝတ်ဆင်ထားပေမဲ့ သူမရဲ့အောက်တန်းကျမှုကို မဖုံးကွယ်ထားနိုင်ပေ။

သူမက လူအိုကြီးရှေ့တွင် စကားပြောခဲ့သည့် ကျန့်တနွေ့ ရဲ့သမီးဖြစ်သည်။

“အခြေအနေက အခုတော့ နည်းနည်း အလျင်လိုတယ်လို့ ငါတွေးမိတယ်။ ငါတို့ထိုင်ပြီး ဆက်စောင့်မနေနိုင်တော့ဘူး!” မာချန်းဂုံ ကသူ့ကိုယ်သူ တည်ငြိမ်သွားအောင် သူ့လက်နှစ်ဖက်လုံးက ဘောင်းဘီရှည်ဝတ်ထားသည့် ခြေထောက်တွေကို အလျင်အမြန် ပွတ်သပ်လိုက်သည်။ “ရွာထဲမှ စီးစရာဘာမှရမှာ မဟုတ်ဘူး! ဒီမှာ ဘာလျှပ်စစ်ပစ္စည်းမှလည်း မရှိသလို ငါတို့ဖုန်းလိုင်းတွေလည်း မိမှာမဟုတ်ဘူး။ သိပ်မကြာခင် ဖုန်းအားကုန်သွားပြီး ပိတ်သွားလိမ့်မယ်! အဲ့လိုဖြစ်လာရင် ငါတို့ တကယ့်ကို အဆုံးသတ်ရောက်ပြီပဲ!”

လူတိုင်းရဲ့အသားအရည်က ဆိုးရွားသွားပြီး မာချန်းဂုံ ကဘာမှမပြောရင်တောင် လူတိုင်းက ဒီအဆင့်ကို တွေးထားပြီးသားပင်။

“ဆိုတော့ ငါတိုက်ရိုက်ပဲပြောမယ်!” မာချန်းဂုံ ကဖုံးကွယ်ထားသည့် အစီစဉ်ဖြင့် ခေါင်းမော့လိုက်ပြီး လူတွေရဲ့မျက်နှာတွေကို ကြည့်ကာပြောလိုက်သည်။ “မွန်းတည့်ချိန်ပဲရှိသေးလို့ ငါတို့အတွက် တောင်အောက်ဆင်းဖို့က နောက်မကျသေးဘူး! မဟုတ်လို့ ငါတို့အချိန်ဆွဲနေရင် ဒီမှာ စားစရာလည်း ရှိမှာမဟုတ်ဘူး၊ နောက်ပြီး ငါတို့ယူလာတဲ့ အစားအသောက်တွေ ကုန်သွားတာနဲ့ ဒီပျင်းစရာကောင်းတဲ့ နေရာမှာ ဆာလောင်ပြီး သေဆုံးမှာပဲ!”

မာချန်းဂုံ ကသူ့မျက်နှာမှ ကြွက်သားတွေကို တင်းမာလိုက်သည်။

မတိုင်ခင် သူတို့ထဲက တစ်ယောက်က အကြိမ်ကြိမ် အချိန်ဆွဲနေခဲ့သည်။ ထို့ကြောင့်ပဲ သူတို့က အစား၊ လျှပ်စစ်ပစ္စည်းနဲ့ သန့်စင်တဲ့ရေမရှိသည့် နေရာဆီ ကျရှုံးခဲ့ရသည်။ တန်ဂျွန် ကသူတို့တံခါးဆီ ရောက်မလာခင် သူတို့က တစ်ယောက်နဲ့ တစ်ယောက် စတင်သတ်ဖြတ်ခဲ့ကြပြီးပြီ။

မာဟုန် ကရှေ့တစ်လှမ်းတိုးကာ ပုံမှန်မဟုတ်သည့် သူ့အစ်ကိုအား ထောက်ခံကာ ပြောလိုက်သည်။ “ငါသဘောတူတယ်!”

မာချန်းဂုံ ကသူ့အား ရှုပ်ထွေးသည့်မျက်လုံးတွေနဲ့ ကြည့်လိုက်သည်။ မငြိမ်သက်မှုက ထွက်ပေါ်လာတာကို မရပ်တန့်နိုင်ပဲ အကြိမ်ကြိမ် တွန်းချနေခဲ့သည်။

အမျိုးသမီး ကျန်းရှောင်ရှန်း ကသူမရဲ့ကောက်နေသည့် ဆံပင်တွေကို လှုပ်ရှားလိုက်ကာ သူမအိတ်ထဲမှ ကဒ်တစ်ကဒ်ကို ဆွဲထုတ်လိုက်ပြီး ပြောလိုက်သည်။ “ဒီကိစ္စမှာတော့ ငါ နင်တို့နောက် မလိုက်နိုင်ဘူး။ ဒါက စရံပေးတာပဲ၊ အဲ့အထဲမှာ ၁၀ သိန်းရှိတယ်၊ နင်တို့တွေ တောင်အောက်ဆင်းပြီး လူတွေ့တာနဲ့ ငါ့ကိုလာခေါ်ပေး၊ ငွေကတော့ ဒါထက် ဆယ်ဆဖြစ်လိမ့်မယ်”

လူတိုင်းက တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ကြပြီး သူမအပြုအမူကို သဘောမကျပုံပေါ်နေသည်။

မာချန်းဂုံ ကထိုအချိန်တွင် လှောင်ပြုံးပြုံးလိုက်ကာ နည်းနည်းဒေါသထွက်ပြီး မကျေနပ်ပုံပေါ်ပေမဲ့ ပြန်မငြင်းခုံပေ။

ရှောင်ချန်း ရဲ့မျက်နှာက ဖြူဖွေးနေပြီး သူ့မျက်လုံးတွေက မနှစ်မြို့မှုတွေ ပေါ်လွင်နေသည်။ သူက ထိုနေရာတွင်သာ ရပ်နေခဲ့ပြီး လူအုပ်ကြီးရဲ့ ဆွေးနွေးမှုအား အစကနေ အဆုံးထိ ပါဝင်ပြောဆိုခြင်း မရှိပေ။

အရာအားလုံးက ဆုံးဖြတ်ပြီးချိန်မှသာ ဂရုမစိုက်စွာဖြင့် ထ,ပြောလိုက်သည်။ “ငါထွက်မသွားဘူး”

လူတိုင်းက နည်းနည်းအံ့ဩသွားကြပေမဲ့ သူတို့က ထိုအရာထက်ပိုပြီး မကျေနပ်ကြပဲ သူကလည်း ကျန်းရှောင်ရှန်း လိုမျိုးငွေနဲ့ တူညီသည့်ပုံစံမျိုး လုပ်လိမ့်မယ်လို့ ထင်နေကြသည်။

ဂျင်းဟောင် က ရှောင်ချန်း ရဲ့စကားကို ကြားလိုက်ချိန်တွင် သူမက တစ်ခုခုပြောဖို့ ရည်ရွယ်လိုက်ကာ ချက်ချင်း သူ့လက်ကို ကိုင်လိုက်သည်။

“ငါ့ကို နှောင့်ယှက်ဖို့မလိုဘူး” ရှောင်ချန်း က ဂျင်းဟောင် ရဲ့လက်ကို တိုက်ရိုက်ပင် ရှောင်လိုက်ကာ မျက်မှောင်ကြုတ်နေခဲ့သည်။ သူ့အသွင်အပြင်က အရင်ကအတိုင်း တည်ငြိမ်နေသည်။ သူ့လက်နှစ်ဖက်လုံးက အိတ်ကပ်ထဲ ရှိနေပြီး နောက်လှည့်မကြည့်ပဲ တံခါးအပြင်ကို ထွက်သွားခဲ့သည်။

တန်ဂျွန် ကဒီမှာရှိနေတယ်! ဘယ်လိုလုပ်ပြီး သူထွက်သွားနိုင်မှာလဲ! ဒီကိုပြန်လာတာ တန်ဂျွန် အတွက်ပဲလေ!

ရှောင်ချန်း ကသူ့လည်ပင်းမှ ဆွဲကြိုးကို ထိလိုက်သည်။

တစ်စုံတစ်ယောက်က နူးညံ့စွာရယ်လိုက်ပုံပေါ်ကာ ထိုရယ်သံက လူတိုင်း သတိမမူမိလောက်သည်အထိ တိုးလျနေပေမဲ့ ထိုရယ်သံတွင် မထိန်းချုပ်နိုင်ပဲ အလိုလိုက်သည့်ပုံစံမျိုး ပါဝင်နေသည်။

မာချန်းဂုံ က ရှောင်ချန်း ရဲ့ကျောပြင်ကို ကြည့်လိုက်ပြီး သူ့ဖျားနာခြင်းကို ကျိန်ဆဲလိုက်သည်။

မေ့လိုက်တော့! ဘယ်သူကဂရုစိုက်လို့လဲ!

မာချန်းဂုံ ကအဓိကခေါင်းဆောင်အဖြစ် သူ့ကဏ္ဍတွင်သာ ဆက်ကစားနေရင်း ပြောလိုက်သည်။ “လူတိုင်း၊ အဆင်သင့်ပြင်၊ ငါတို့အခု အောက်ဆင်းကြမယ်!”

ရှောင်ချန်း ကတံခါးအပြင်ကို လျှောက်သွားချိန် ဝင်ပေါက်တွင် ရပ်လိုက်သည်။ တစ်ခုခုကို ရှာဖွေနေသလိုမျိုး ရည်ရွယ်ချက်ရှိရှိဖြင့် ဦးတည်ချက်တစ်ခုဆီ စတင်လျှောက်လိုက်သည်။

သူ့လက်တွေက သူ့လည်ပင်းမှ ဆွဲကြိုးကို ပွတ်သပ်နေခဲ့သည်။ သူက အချိန်ခဏလောက်သာ လျှောက်လိုက်ပေမဲ့ သူ့နဖူးမှ ချွေးထွက်နေတာက မရပ်တန့်ပေ။ သူ့အမြင်တွေတောင် ဝေဝါးလာခဲ့ပြီး သူ့ဗိုက်ကလည်း စတင်ပြီး ဆန့်ကျင်လာကာ ကြမ်းတမ်းစွာ ထိုးသွင်းခံရသလိုမျိုး နာကျင်လာခဲ့သည်။

သို့သော် တချို့အကြောင်းကြောင့် သူက ခေါင်းမာနေကာ သူ့ခြေထောက်တွေက အားနည်းနေတာတောင် ရှေ့ဆက်သွားဖို့သာ ဦးတည်နေခဲ့သည်။

သူက ထောင့်တိုင်းကို ကွေ့သွားနေကာ လမ်းကြားအနည်းငယ်ထဲ ဝင်လိုက်ပြီးနောက် အိမ်တစ်လုံးရှေ့တွင် ရပ်လိုက်သည်။

အိမ်ကတော့ ၁၀ စုနှစ်စာလောက် စွန့်ပစ်ထားပုံပေါ်နေကာ မိုးဒဏ်လေဒဏ်ကြောင့် တစ်ဝက်က ပြိုကျနေသည်။ မြေပြင်ရှိ အုတ်ကြွပ်ပြားတွေတောင် ရာသီဥတုအခြေအနေကြောင့် ကျိုးပဲ့လွယ်နေသည်။

ရှောင်ချန်း ရဲ့ဖျားနာသည့် မျက်နှာထက်တွင် အတော်လေးကို သွေးရောမဲ့နေကာ ဖြူဖျော့နေသည်။

ဒူးတွေကို မြေပြင်ထက်တွင် ထောက်လိုက်ပြီး သူ့ပါးစပ်ကို ဖွင့်လိုက်ပေမဲ့ အသံတစ်သံမှ ထွက်မလာပဲ သူ့ညာလက်က ဆွဲကြိုးကို တင်းကြပ်စွာ ကိုင်လိုက်သည်။

‘ကိုယ်ရှိတယ်’ တန်ဂျွန် ရဲ့အသံက သူ့နှလုံးသားအောက်ခြေမှ ထွက်လာခဲ့သည်။

ရှောင်ချန်း ရဲ့တစ်ကိုယ်လုံးက အားနည်းနေပုံရကာ သူ့မျက်နှာ၊ လက်မောင်းနဲ့ ခြေထောက်တွေက နည်းနည်းသာ အားရှိနေပေမဲ့ တန်ဂျွန် ရဲ့အသံကို ကြားလိုက်ချိန်တွင် သူ့နှလုံးသားထဲမှ နာကျင်မှုက ထွက်လာခဲ့သည်။ သူ ထုတ်မေးလိုက်သည်။ “ခင်ဗျား နာနေလား?”

တန်ဂျွန် ကသူမေးနေတာကို သိနေခဲ့သည်။

‘မနာပါဘူး’

ရှောင်ချန်း ကသူ့အသံကို မျိုချလိုက်ပြီး မျက်ရည်တွေကို ထိန်းလိုက်သည်။ စိတ်ထဲမှတစ်ခုခုက ထွက်ပေါ်လာပြီး သူက တွန့်သွားခဲ့သည်။ “ခင်ဗျား ဘာကြောင့် ကျွန်တော့်ကို အပြစ်မတင်ရတာလဲ?”

ထိုလူက နူးညံ့စွာရယ်လိုက်သည်။ ‘လက်လွှတ်ဖို့ ဆန္ဒမရှိဘူး’

တန်ဂျွန် ကသူ့ခေါင်းအား ရှောင်ချန်း ရဲ့လည်ပင်းနားတွင် မှီလိုက်ကာ မြေပြင်ပေါ်ကို ကွေးချလိုက်ပြီး ရှောင်ချန်း ရဲ့တစ်ကိုယ်လုံးအား သူ့လက်တွေနဲ့ ပွေ့ဖက်ထားလိုက်သည်။

သို့သော် ရှောင်ချန်း ကသူ့ကို မမြင်နိုင်ပေ။

တန်ဂျွန် ရဲ့မျက်လုံးတွေက ပိုင်ဆိုင်လိုစိတ်တွေနဲ့ မဲမှောင်နေခဲ့သည်။

နည်းနည်းလောက် ထပ်စောင့်လိုက်ရင် ကလေး ကိုယ့်ကို ထပ်မြင်ရမှာ!

ကိုယ့်ခန္ဓာကိုယ်က ဖျက်ဆီးခံလိုက်ရတာတောင် ကိုယ့်ဝိဉာဉ်က ထာဝရတည်ရှိနေတုန်းပဲ။ ကလေးအတွက် ကိုယ့်အချစ်တွေက ဖော်မလင်းထဲမှာ ပျော်ဝင်နေတဲ့လူလိုမျိုး ဘယ်တော့မှ ယို့ယွင်းမသွားပဲ ယုံကြည်မှုတွေ၊ ရူးမိုက်မှုတွေနဲ့အတူ ကိုယ့်သေခြင်းတရားကတောင် ကလေးကို ခွဲထုတ်နိုင်မှာ မဟုတ်ဘူး။

*ဖော်မလင်း = တာရှည်ခံဆေးရည်*

-

“ဒေါက် ဒေါက်” တံခါးအပြင်ဘက်မှ နူးညံ့သည့်ခေါက်သံက ထွက်လာခဲ့သည်။

ကျန်းရှောင်ရှန်း ကအသက်ရှူသွင်းလိုက်ပြီး သူမဆံပင်ကို ထပ်ချည်လိုက်ကာ တံခါးဖွင့်ဖို့ကို အလျင်မလိုပေ။

ဒီလူတွေ ထွက်သွားတာ မကြာသေးပဲ ပြန်လာကြတာက နည်းနည်းတော့ ထူးဆန်းတယ်!

ရုတ်တရက် သူမလိုမျိုး ထွက်မသွားသည့် ရှောင်ချန်း ကိုတွေးမိသွားပြီး ကျိတ်ရယ်လိုက်သည်။

သူဖြစ်ရမယ်။

“ဒေါက် ဒေါက်!” ဒီအသံကတော့ အရင်ကထက် ပိုကျယ်နေသည်။

“လာပြီ! လာပြီ! ဘာတွေအလျင်လိုနေတာလဲ!” ကျန်းရှောင်ရှန်း ကစိတ်မရှည်စွာဖြင့် မျက်မှောင်ကြုတ်လိုက်ပေမဲ့ သူမလက်ထဲတွင် သူမအကြိုက်ဆုံး လက်သည်းဆိုးဆေး အနီရောင်ကို အေးဆေးစွာ ယူလိုက်သည်။

“ဒေါက် ဒေါက်!” ကျန်းရှောင်ရှန်း ရဲ့တုန့်ပြန်ချက်ကြောင့် တံခါးအပြင်ဘက်ရှိ ခေါက်သံက မရပ်တန့်သွားပေ။ အသံက ပိုပိုကျယ်လာခဲ့သည်။ တံခါးခေါက်နေတဲ့သူက အရူးလိုမျိုး နောက်တစ်စက္ကန့်လောက်တွင် တံခါးအား ချိုးဖျက်ပစ်တော့မလို ပေါ်နေသည်။

ကျန်းရှောင်ရှန်း ကအကြိမ်အနည်းငယ်လောက် ကျိန်ဆဲလိုက်ပြီး ချက်ချင်းပင် သူ့အား သင်ခန်းစာပေးဖို့ လုပ်လိုက်သည်။

“နင် ဘာဖြစ်နေတာလဲ!” ကျန်းရှောင်ရှန်း ကတံခါးအား ပြင်းထန်စွာ ဖွင့်လိုက်ပြီး တစ်ဖက်လူရဲ့ နှာခေါင်းနဲ့ တံခါးအား ရိုက်မိသွားဖို့ ရည်ရွယ်လိုက်ကာ သူ့အား ကျိန်ဆဲဖို့လုပ်လိုက်ပေမဲ့ သူ့အား ကြည့်လိုက်ချိန်တွင် သူမတစ်ကိုယ်လုံးက ထိုနေရာတွင်သာ အေးခဲသွားခဲ့သည်။

တံခါးဝတွင် ရပ်နေသည့်လူက ၆၀ လောက်ရှိသည့် လူအိုကြီးဖြစ်သည်။ ထိုလူအိုကြီးက ပိန်ပါးနေကာ မျက်တွန်းကျနေပြီး သူ့လည်ပင်တွင်လည်း တွန့်ရာတွေရှိနေသည်။ သူ့မျက်လုံးတွေက တစ်ခုခုကြောင့် ဖြူနေသည်။ သူ့အသားအရည်ကလည်း မဲနေပြီး သူ့နှုတ်ခမ်းထောင့်က မရည်ရွယ်ပဲ မြောက်တက်သွားကာ ကွေးကောက်မှုကို ထုတ်ပြလာခဲ့သည်။

“မိန်းမငယ်လေး၊ ဆာနေလား?” လူအိုကြီးရဲ့အသံက အက်ကွဲနေပြီး သူ့မျက်လုံးတွေက ကျန်းရှောင်ရှန်း ရဲ့ခြေထောက်တွင်သာ ရှိနေပြီး ကျန်းရှောင်ရှန်း ရဲ့ခန္ဓာကိုယ်ကိုတောင် ရင်းနှီးနေသလိုမျိုး အပေါ်အောက် ကြည့်နေခဲ့သည်။

သေချာပေါက်ကို ထိုလူအိုကြီးရဲ့ လက်ထဲတွင် ဓားတစ်ချောင်းမှ မရှိပေ။

“အားးးး!!!” ကျန်းရှောင်ရှန်း ကဖြူဖျော့သွားပြီး ရူးနှမ်းနေသလိုမျိုး အနောက်ကိုဆုတ်လိုက်သည်။ သူမရဲ့အေးချမ်းမှု တစ်ခုလုံးကလည်း လုံးဝကို ဗြောင်းဆန်သွားပြီး မတည်မငြိမ် ဖြစ်လာခဲ့တယ်!

ပြေးလွှားနေစဉ် သူမက သူမခြေထောက်မှ စီးထားသည့် ဖိနပ်ပါးတစ်ဖက် ကျွတ်သွားတာကိုတောင် သတိမပြုမိပဲ သူမအခန်းဆီ ပြေးသွားလိုက်သည်။

“ကယ်ကြပါ! ကယ်ကြပါ!!!”

လူအိုကြီးက ရယ်လိုက်ပြီး ပါးစပ်အပြည့် ဝါထိန်နေသည့်သွားတွေကို ထုတ်ပြလိုက်ကာ ကျန်းရှောင်ရှန်း ရဲ့တုန့်ပြန်မှုအား နည်းနည်းလေးတောင် အနှောင့်အယှက်ဖြစ်ပုံ ပေါ်မနေပေ။

“ဘယ်လိုတောင် နာခံမှုမရှိရတာလဲ! ငါနဲ့ တူတူပုန်းတမ်းတောင် ကစားချင်နေတာပဲ! အို!”

ဒီနေ့ နောက်ထပ်ဟင်းကောင်း ထပ်ရပြီ!

10.10.2021(Sun)
.............................

Zawgyi

“ေသလိုက္၊ ေတာင္ေပၚမွာ ပိုးေကာင္ေတြ အရမ္းမ်ားတာပဲ!” အမ်ိဳးသမီးက ေဒါက္ျမင့္ကို စီးထားၿပီး သူမေျခေထာက္ေတြက နည္းနည္းေပ်ာ့ေခြေနကာ လမ္းတစ္ေလွ်ာက္လုံး ညည္းညဴလာရင္း မထိန္းခ်ဳပ္ႏိုင္ပဲ က်ိန္ဆဲေနခဲ့သည္။

ဘာေမးခြန္းမွမထုတ္သည့္ ေ႐ွာင္ခ်န္း မွလြဲရင္ တျခားလူငါးေယာက္က သူမကို နည္းနည္းေတာ့ စိတ္မ႐ွည္ျဖစ္ေနၾကသည္။

“ဘယ္လို ပ်က္စီးေနတဲ့႐ြာလဲ! စီးစရာေလးေတာင္ မ႐ွိဘူး! ေတာင္ေပၚမွာေတာင္ လိုင္းမမိဘူး! WTH!” အမ်ိဳးသမီးက က်ိန္ဆဲလိုက္ၿပီး ေ႐ႊနဲ႔ေငြေရာင္ကို ဝတ္ဆင္ထားေပမဲ့ သူမရဲ႕ေအာက္တန္းက်မႈကို မဖုံးကြယ္ထားႏိုင္ေပ။

သူမက လူအိုႀကီးေ႐ွ႕တြင္ စကားေျပာခဲ့သည့္ က်န္႔တေႏြ႕ ရဲ႕သမီးျဖစ္သည္။

“အေျခအေနက အခုေတာ့ နည္းနည္း အလ်င္လိုတယ္လို႔ ငါေတြးမိတယ္။ ငါတို႔ထိုင္ၿပီး ဆက္ေစာင့္မေနႏိုင္ေတာ့ဘူး!” မာခ်န္းဂုံ ကသူ႕ကိုယ္သူ တည္ၿငိမ္သြားေအာင္ သူ႕လက္ႏွစ္ဖက္လုံးက ေဘာင္းဘီ႐ွည္ဝတ္ထားသည့္ ေျခေထာက္ေတြကို အလ်င္အျမန္ ပြတ္သပ္လိုက္သည္။ “႐ြာထဲမွ စီးစရာဘာမွရမွာ မဟုတ္ဘူး! ဒီမွာ ဘာလွ်ပ္စစ္ပစၥည္းမွလည္း မ႐ွိသလို ငါတို႔ဖုန္းလိုင္းေတြလည္း မိမွာမဟုတ္ဘူး။ သိပ္မၾကာခင္ ဖုန္းအားကုန္သြားၿပီး ပိတ္သြားလိမ့္မယ္! အဲ့လိုျဖစ္လာရင္ ငါတို႔ တကယ့္ကို အဆုံးသတ္ေရာက္ၿပီပဲ!”

လူတိုင္းရဲ႕အသားအရည္က ဆိုး႐ြားသြားၿပီး မာခ်န္းဂုံ ကဘာမွမေျပာရင္ေတာင္ လူတိုင္းက ဒီအဆင့္ကို ေတြးထားၿပီးသားပင္။

“ဆိုေတာ့ ငါတိုက္႐ိုက္ပဲေျပာမယ္!” မာခ်န္းဂုံ ကဖုံးကြယ္ထားသည့္ အစီစဥ္ျဖင့္ ေခါင္းေမာ့လိုက္ၿပီး လူေတြရဲ႕မ်က္ႏွာေတြကို ၾကည့္ကာေျပာလိုက္သည္။ “မြန္းတည့္ခ်ိန္ပဲ႐ွိေသးလို႔ ငါတို႔အတြက္ ေတာင္ေအာက္ဆင္းဖို႔က ေနာက္မက်ေသးဘူး! မဟုတ္လို႔ ငါတို႔အခ်ိန္ဆြဲေနရင္ ဒီမွာ စားစရာလည္း ႐ွိမွာမဟုတ္ဘူး၊ ေနာက္ၿပီး ငါတို႔ယူလာတဲ့ အစားအေသာက္ေတြ ကုန္သြားတာနဲ႔ ဒီပ်င္းစရာေကာင္းတဲ့ ေနရာမွာ ဆာေလာင္ၿပီး ေသဆုံးမွာပဲ!”

မာခ်န္းဂုံ ကသူ႕မ်က္ႏွာမွ ႂကြက္သားေတြကို တင္းမာလိုက္သည္။

မတိုင္ခင္ သူတို႔ထဲက တစ္ေယာက္က အႀကိမ္ႀကိမ္ အခ်ိန္ဆြဲေနခဲ့သည္။ ထို႔ေၾကာင့္ပဲ သူတို႔က အစား၊ လွ်ပ္စစ္ပစၥည္းနဲ႔ သန္႔စင္တဲ့ေရမ႐ွိသည့္ ေနရာဆီ က်႐ႈံးခဲ့ရသည္။ တန္ဂြၽန္ ကသူတို႔တံခါးဆီ ေရာက္မလာခင္ သူတို႔က တစ္ေယာက္နဲ႔ တစ္ေယာက္ စတင္သတ္ျဖတ္ခဲ့ၾကၿပီးၿပီ။

မာဟုန္ ကေ႐ွ႕တစ္လွမ္းတိုးကာ ပုံမွန္မဟုတ္သည့္ သူ႕အစ္ကိုအား ေထာက္ခံကာ ေျပာလိုက္သည္။ “ငါသေဘာတူတယ္!”

မာခ်န္းဂုံ ကသူ႕အား ႐ႈပ္ေထြးသည့္မ်က္လုံးေတြနဲ႔ ၾကည့္လိုက္သည္။ မၿငိမ္သက္မႈက ထြက္ေပၚလာတာကို မရပ္တန္႔ႏိုင္ပဲ အႀကိမ္ႀကိမ္ တြန္းခ်ေနခဲ့သည္။

အမ်ိဳးသမီး က်န္းေ႐ွာင္႐ွန္း ကသူမရဲ႕ေကာက္ေနသည့္ ဆံပင္ေတြကို လႈပ္႐ွားလိုက္ကာ သူမအိတ္ထဲမွ ကဒ္တစ္ကဒ္ကို ဆြဲထုတ္လိုက္ၿပီး ေျပာလိုက္သည္။ “ဒီကိစၥမွာေတာ့ ငါ နင္တို႔ေနာက္ မလိုက္ႏိုင္ဘူး။ ဒါက စရံေပးတာပဲ၊ အဲ့အထဲမွာ ၁၀ သိန္း႐ွိတယ္၊ နင္တို႔ေတြ ေတာင္ေအာက္ဆင္းၿပီး လူေတြ႕တာနဲ႔ ငါ့ကိုလာေခၚေပး၊ ေငြကေတာ့ ဒါထက္ ဆယ္ဆျဖစ္လိမ့္မယ္”

လူတိုင္းက တစ္ေယာက္နဲ႔ တစ္ေယာက္ ၾကည့္လိုက္ၾကၿပီး သူမအျပဳအမူကို သေဘာမက်ပုံေပၚေနသည္။

မာခ်န္းဂုံ ကထိုအခ်ိန္တြင္ ေလွာင္ျပဳံးျပဳံးလိုက္ကာ နည္းနည္းေဒါသထြက္ၿပီး မေက်နပ္ပုံေပၚေပမဲ့ ျပန္မျငင္းခုံေပ။

ေ႐ွာင္ခ်န္း ရဲ႕မ်က္ႏွာက ျဖဴေဖြးေနၿပီး သူ႕မ်က္လုံးေတြက မႏွစ္ၿမိဳ႕မႈေတြ ေပၚလြင္ေနသည္။ သူက ထိုေနရာတြင္သာ ရပ္ေနခဲ့ၿပီး လူအုပ္ႀကီးရဲ႕ ေဆြးေႏြးမႈအား အစကေန အဆုံးထိ ပါဝင္ေျပာဆိုျခင္း မ႐ွိေပ။

အရာအားလုံးက ဆုံးျဖတ္ၿပီးခ်ိန္မွသာ ဂ႐ုမစိုက္စြာျဖင့္ ထ,ေျပာလိုက္သည္။ “ငါထြက္မသြားဘူး”

လူတိုင္းက နည္းနည္းအံ့ဩသြားၾကေပမဲ့ သူတို႔က ထိုအရာထက္ပိုၿပီး မေက်နပ္ၾကပဲ သူကလည္း က်န္းေ႐ွာင္႐ွန္း လိုမ်ိဳးေငြနဲ႔ တူညီသည့္ပုံစံမ်ိဳး လုပ္လိမ့္မယ္လို႔ ထင္ေနၾကသည္။

ဂ်င္းေဟာင္ က ေ႐ွာင္ခ်န္း ရဲ႕စကားကို ၾကားလိုက္ခ်ိန္တြင္ သူမက တစ္ခုခုေျပာဖို႔ ရည္႐ြယ္လိုက္ကာ ခ်က္ခ်င္း သူ႕လက္ကို ကိုင္လိုက္သည္။

“ငါ့ကို ေႏွာင့္ယွက္ဖို႔မလိုဘူး” ေ႐ွာင္ခ်န္း က ဂ်င္းေဟာင္ ရဲ႕လက္ကို တိုက္႐ိုက္ပင္ ေ႐ွာင္လိုက္ကာ မ်က္ေမွာင္ၾကဳတ္ေနခဲ့သည္။ သူ႕အသြင္အျပင္က အရင္ကအတိုင္း တည္ၿငိမ္ေနသည္။ သူ႕လက္ႏွစ္ဖက္လုံးက အိတ္ကပ္ထဲ ႐ွိေနၿပီး ေနာက္လွည့္မၾကည့္ပဲ တံခါးအျပင္ကို ထြက္သြားခဲ့သည္။

တန္ဂြၽန္ ကဒီမွာ႐ွိေနတယ္! ဘယ္လိုလုပ္ၿပီး သူထြက္သြားႏိုင္မွာလဲ! ဒီကိုျပန္လာတာ တန္ဂြၽန္ အတြက္ပဲေလ!

ေ႐ွာင္ခ်န္း ကသူ႕လည္ပင္းမွ ဆြဲႀကိဳးကို ထိလိုက္သည္။

တစ္စုံတစ္ေယာက္က ႏူးညံ့စြာရယ္လိုက္ပုံေပၚကာ ထိုရယ္သံက လူတိုင္း သတိမမူမိေလာက္သည္အထိ တိုးလ်ေနေပမဲ့ ထိုရယ္သံတြင္ မထိန္းခ်ဳပ္ႏိုင္ပဲ အလိုလိုက္သည့္ပုံစံမ်ိဳး ပါဝင္ေနသည္။

မာခ်န္းဂုံ က ေ႐ွာင္ခ်န္း ရဲ႕ေက်ာျပင္ကို ၾကည့္လိုက္ၿပီး သူ႕ဖ်ားနာျခင္းကို က်ိန္ဆဲလိုက္သည္။

ေမ့လိုက္ေတာ့! ဘယ္သူကဂ႐ုစိုက္လို႔လဲ!

မာခ်န္းဂုံ ကအဓိကေခါင္းေဆာင္အျဖစ္ သူ႕က႑တြင္သာ ဆက္ကစားေနရင္း ေျပာလိုက္သည္။ “လူတိုင္း၊ အဆင္သင့္ျပင္၊ ငါတို႔အခု ေအာက္ဆင္းၾကမယ္!”

ေ႐ွာင္ခ်န္း ကတံခါးအျပင္ကို ေလွ်ာက္သြားခ်ိန္ ဝင္ေပါက္တြင္ ရပ္လိုက္သည္။ တစ္ခုခုကို ႐ွာေဖြေနသလိုမ်ိဳး ရည္႐ြယ္ခ်က္႐ွိ႐ွိျဖင့္ ဦးတည္ခ်က္တစ္ခုဆီ စတင္ေလွ်ာက္လိုက္သည္။

သူ႕လက္ေတြက သူ႕လည္ပင္းမွ ဆြဲႀကိဳးကို ပြတ္သပ္ေနခဲ့သည္။ သူက အခ်ိန္ခဏေလာက္သာ ေလွ်ာက္လိုက္ေပမဲ့ သူ႕နဖူးမွ ေခြၽးထြက္ေနတာက မရပ္တန္႔ေပ။ သူ႕အျမင္ေတြေတာင္ ေဝဝါးလာခဲ့ၿပီး သူ႕ဗိုက္ကလည္း စတင္ၿပီး ဆန္႔က်င္လာကာ ၾကမ္းတမ္းစြာ ထိုးသြင္းခံရသလိုမ်ိဳး နာက်င္လာခဲ့သည္။

သို႔ေသာ္ တခ်ိဳ႕အေၾကာင္းေၾကာင့္ သူက ေခါင္းမာေနကာ သူ႕ေျခေထာက္ေတြက အားနည္းေနတာေတာင္ ေ႐ွ႕ဆက္သြားဖို႔သာ ဦးတည္ေနခဲ့သည္။

သူက ေထာင့္တိုင္းကို ေကြ႕သြားေနကာ လမ္းၾကားအနည္းငယ္ထဲ ဝင္လိုက္ၿပီးေနာက္ အိမ္တစ္လုံးေ႐ွ႕တြင္ ရပ္လိုက္သည္။

အိမ္ကေတာ့ ၁၀ စုႏွစ္စာေလာက္ စြန္႔ပစ္ထားပုံေပၚေနကာ မိုးဒဏ္ေလဒဏ္ေၾကာင့္ တစ္ဝက္က ၿပိဳက်ေနသည္။ ေျမျပင္႐ွိ အုတ္ႂကြပ္ျပားေတြေတာင္ ရာသီဥတုအေျခအေနေၾကာင့္ က်ိဳးပဲ့လြယ္ေနသည္။

ေ႐ွာင္ခ်န္း ရဲ႕ဖ်ားနာသည့္ မ်က္ႏွာထက္တြင္ အေတာ္ေလးကို ေသြးေရာမဲ့ေနကာ ျဖဴေဖ်ာ့ေနသည္။

ဒူးေတြကို ေျမျပင္ထက္တြင္ ေထာက္လိုက္ၿပီး သူ႕ပါးစပ္ကို ဖြင့္လိုက္ေပမဲ့ အသံတစ္သံမွ ထြက္မလာပဲ သူ႕ညာလက္က ဆြဲႀကိဳးကို တင္းၾကပ္စြာ ကိုင္လိုက္သည္။

‘ကိုယ္႐ွိတယ္’ တန္ဂြၽန္ ရဲ႕အသံက သူ႕ႏွလုံးသားေအာက္ေျခမွ ထြက္လာခဲ့သည္။

ေ႐ွာင္ခ်န္း ရဲ႕တစ္ကိုယ္လုံးက အားနည္းေနပုံရကာ သူ႕မ်က္ႏွာ၊ လက္ေမာင္းနဲ႔ ေျခေထာက္ေတြက နည္းနည္းသာ အား႐ွိေနေပမဲ့ တန္ဂြၽန္ ရဲ႕အသံကို ၾကားလိုက္ခ်ိန္တြင္ သူ႕ႏွလုံးသားထဲမွ နာက်င္မႈက ထြက္လာခဲ့သည္။ သူ ထုတ္ေမးလိုက္သည္။ “ခင္ဗ်ား နာေနလား?”

တန္ဂြၽန္ ကသူေမးေနတာကို သိေနခဲ့သည္။

‘မနာပါဘူး’

ေ႐ွာင္ခ်န္း ကသူ႕အသံကို မ်ိဳခ်လိုက္ၿပီး မ်က္ရည္ေတြကို ထိန္းလိုက္သည္။ စိတ္ထဲမွတစ္ခုခုက ထြက္ေပၚလာၿပီး သူက တြန္႔သြားခဲ့သည္။ “ခင္ဗ်ား ဘာေၾကာင့္ ကြၽန္ေတာ့္ကို အျပစ္မတင္ရတာလဲ?”

ထိုလူက ႏူးညံ့စြာရယ္လိုက္သည္။ ‘လက္လႊတ္ဖို႔ ဆႏၵမ႐ွိဘူး’

တန္ဂြၽန္ ကသူ႕ေခါင္းအား ေ႐ွာင္ခ်န္း ရဲ႕လည္ပင္းနားတြင္ မွီလိုက္ကာ ေျမျပင္ေပၚကို ေကြးခ်လိုက္ၿပီး ေ႐ွာင္ခ်န္း ရဲ႕တစ္ကိုယ္လုံးအား သူ႕လက္ေတြနဲ႔ ေပြ႕ဖက္ထားလိုက္သည္။

သို႔ေသာ္ ေ႐ွာင္ခ်န္း ကသူ႕ကို မျမင္ႏိုင္ေပ။

တန္ဂြၽန္ ရဲ႕မ်က္လုံးေတြက ပိုင္ဆိုင္လိုစိတ္ေတြနဲ႔ မဲေမွာင္ေနခဲ့သည္။

နည္းနည္းေလာက္ ထပ္ေစာင့္လိုက္ရင္ ကေလး ကိုယ့္ကို ထပ္ျမင္ရမွာ!

ကိုယ့္ခႏၶာကိုယ္က ဖ်က္ဆီးခံလိုက္ရတာေတာင္ ကိုယ့္ဝိဉာဥ္က ထာဝရတည္႐ွိေနတုန္းပဲ။ ကေလးအတြက္ ကိုယ့္အခ်စ္ေတြက ေဖာ္မလင္းထဲမွာ ေပ်ာ္ဝင္ေနတဲ့လူလိုမ်ိဳး ဘယ္ေတာ့မွ ယို႔ယြင္းမသြားပဲ ယုံၾကည္မႈေတြ၊ ႐ူးမိုက္မႈေတြနဲ႔အတူ ကိုယ့္ေသျခင္းတရားကေတာင္ ကေလးကို ခြဲထုတ္ႏိုင္မွာ မဟုတ္ဘူး။

*ေဖာ္မလင္း = တာ႐ွည္ခံေဆးရည္*

-

“ေဒါက္ ေဒါက္” တံခါးအျပင္ဘက္မွ ႏူးညံ့သည့္ေခါက္သံက ထြက္လာခဲ့သည္။

က်န္းေ႐ွာင္႐ွန္း ကအသက္႐ွဴသြင္းလိုက္ၿပီး သူမဆံပင္ကို ထပ္ခ်ည္လိုက္ကာ တံခါးဖြင့္ဖို႔ကို အလ်င္မလိုေပ။

ဒီလူေတြ ထြက္သြားတာ မၾကာေသးပဲ ျပန္လာၾကတာက နည္းနည္းေတာ့ ထူးဆန္းတယ္!

႐ုတ္တရက္ သူမလိုမ်ိဳး ထြက္မသြားသည့္ ေ႐ွာင္ခ်န္း ကိုေတြးမိသြားၿပီး က်ိတ္ရယ္လိုက္သည္။

သူျဖစ္ရမယ္။

“ေဒါက္ ေဒါက္!” ဒီအသံကေတာ့ အရင္ကထက္ ပိုက်ယ္ေနသည္။

“လာၿပီ! လာၿပီ! ဘာေတြအလ်င္လိုေနတာလဲ!” က်န္းေ႐ွာင္႐ွန္း ကစိတ္မ႐ွည္စြာျဖင့္ မ်က္ေမွာင္ၾကဳတ္လိုက္ေပမဲ့ သူမလက္ထဲတြင္ သူမအႀကိဳက္ဆုံး လက္သည္းဆိုးေဆး အနီေရာင္ကို ေအးေဆးစြာ ယူလိုက္သည္။

“ေဒါက္ ေဒါက္!” က်န္းေ႐ွာင္႐ွန္း ရဲ႕တုန္႔ျပန္ခ်က္ေၾကာင့္ တံခါးအျပင္ဘက္႐ွိ ေခါက္သံက မရပ္တန္႔သြားေပ။ အသံက ပိုပိုက်ယ္လာခဲ့သည္။ တံခါးေခါက္ေနတဲ့သူက အ႐ူးလိုမ်ိဳး ေနာက္တစ္စကၠန္႔ေလာက္တြင္ တံခါးအား ခ်ိဳးဖ်က္ပစ္ေတာ့မလို ေပၚေနသည္။

က်န္းေ႐ွာင္႐ွန္း ကအႀကိမ္အနည္းငယ္ေလာက္ က်ိန္ဆဲလိုက္ၿပီး ခ်က္ခ်င္းပင္ သူ႕အား သင္ခန္းစာေပးဖို႔ လုပ္လိုက္သည္။

“နင္ ဘာျဖစ္ေနတာလဲ!” က်န္းေ႐ွာင္႐ွန္း ကတံခါးအား ျပင္းထန္စြာ ဖြင့္လိုက္ၿပီး တစ္ဖက္လူရဲ႕ ႏွာေခါင္းနဲ႔ တံခါးအား ႐ိုက္မိသြားဖို႔ ရည္႐ြယ္လိုက္ကာ သူ႕အား က်ိန္ဆဲဖို႔လုပ္လိုက္ေပမဲ့ သူ႕အား ၾကည့္လိုက္ခ်ိန္တြင္ သူမတစ္ကိုယ္လုံးက ထိုေနရာတြင္သာ ေအးခဲသြားခဲ့သည္။

တံခါးဝတြင္ ရပ္ေနသည့္လူက ၆၀ ေလာက္႐ွိသည့္ လူအိုႀကီးျဖစ္သည္။ ထိုလူအိုႀကီးက ပိန္ပါးေနကာ မ်က္တြန္းက်ေနၿပီး သူ႕လည္ပင္တြင္လည္း တြန္႔ရာေတြ႐ွိေနသည္။ သူ႕မ်က္လုံးေတြက တစ္ခုခုေၾကာင့္ ျဖဴေနသည္။ သူ႕အသားအရည္ကလည္း မဲေနၿပီး သူ႕ႏႈတ္ခမ္းေထာင့္က မရည္႐ြယ္ပဲ ေျမာက္တက္သြားကာ ေကြးေကာက္မႈကို ထုတ္ျပလာခဲ့သည္။

“မိန္းမငယ္ေလး၊ ဆာေနလား?” လူအိုႀကီးရဲ႕အသံက အက္ကြဲေနၿပီး သူ႕မ်က္လုံးေတြက က်န္းေ႐ွာင္႐ွန္း ရဲ႕ေျခေထာက္တြင္သာ ႐ွိေနၿပီး က်န္းေ႐ွာင္႐ွန္း ရဲ႕ခႏၶာကိုယ္ကိုေတာင္ ရင္းႏွီးေနသလိုမ်ိဳး အေပၚေအာက္ ၾကည့္ေနခဲ့သည္။

ေသခ်ာေပါက္ကို ထိုလူအိုႀကီးရဲ႕ လက္ထဲတြင္ ဓားတစ္ေခ်ာင္းမွ မ႐ွိေပ။

“အားးးး!!!” က်န္းေ႐ွာင္႐ွန္း ကျဖဴေဖ်ာ့သြားၿပီး ႐ူးႏွမ္းေနသလိုမ်ိဳး အေနာက္ကိုဆုတ္လိုက္သည္။ သူမရဲ႕ေအးခ်မ္းမႈ တစ္ခုလုံးကလည္း လုံးဝကို ေျဗာင္းဆန္သြားၿပီး မတည္မၿငိမ္ ျဖစ္လာခဲ့တယ္!

ေျပးလႊားေနစဥ္ သူမက သူမေျခေထာက္မွ စီးထားသည့္ ဖိနပ္ပါးတစ္ဖက္ ကြၽတ္သြားတာကိုေတာင္ သတိမျပဳမိပဲ သူမအခန္းဆီ ေျပးသြားလိုက္သည္။

“ကယ္ၾကပါ! ကယ္ၾကပါ!!!”

လူအိုႀကီးက ရယ္လိုက္ၿပီး ပါးစပ္အျပည့္ ဝါထိန္ေနသည့္သြားေတြကို ထုတ္ျပလိုက္ကာ က်န္းေ႐ွာင္႐ွန္း ရဲ႕တုန္႔ျပန္မႈအား နည္းနည္းေလးေတာင္ အေႏွာင့္အယွက္ျဖစ္ပုံ ေပၚမေနေပ။

“ဘယ္လိုေတာင္ နာခံမႈမ႐ွိရတာလဲ! ငါနဲ႔ တူတူပုန္းတမ္းေတာင္ ကစားခ်င္ေနတာပဲ! အို!”

ဒီေန႔ ေနာက္ထပ္ဟင္းေကာင္း ထပ္ရၿပီ!

10.10.2021(Sun)
.............................

Continue Reading

You'll Also Like

266K 35.1K 131
ဘာသာပြန်သူ - Swae Nyoe Team, ဆုမြတ်လှိုင်
112K 22.9K 60
Completed ✔️✔️ (جۆری چیرۆک :-خەیاڵی .... ترسناک ... سەرکێشی ... ئاکشن ... خۆشەویستی ... جەنگان لە پێناو مانەوە لەژیان ..) Mama I'm In love with a cri...
417K 36.7K 29
"နတ်ဆိုးတကောင်က နတ်သားလိုလှပတဲ့ ကောင်လေးကို ပိုင်ဆိုင်ဖို့ဆိုတာ ထိုက်တန်တယ်မလား" Lucas "သေချာတာပ...
12.3K 1.5K 15
Horror ကြိုက်တဲ့ဒါဒါလေးများအတွက် အကြိုက်တွေ့စေမှာပါရှင့်။ ဖတ်ကြည့်ကြပါဦးနော်။ ပြီးရင် ကျဲကျဲနဲ့တူတူ ကြောက်ကြရအောင် 😁 သောကြာနေ့တိုင်း update ရှိပါသည...