လျှို့ဝှက်ဆန်းပြားလောက〘Uni+Za...

By Kaiyou1111

237K 40.5K 1K

[တစ်ကမ္ဘာလုံးက မင်းကို အနိုင်ကျင့်ကြတယ်၊ မုန်းတီးကြတယ်၊ နောက်ပြီး မင်းကို ခွဲခြားဆက်ဆံကြတယ်၊ ဒါပေမဲ့ မင်းရဲ့က... More

Description
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၂)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၃)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၆)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၇)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၈)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၉)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၀)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၁)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၂)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၃)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၆)
သေမင်းတမန် (၁)
သေမင်းတမန် (၂)
သေမင်းတမန် (၃)
သေမင်းတမန် (၄)
သေမင်းတမန် (၅)
သေမင်းတမန် (၆)
သေမင်းတမန် (၇)
သေမင်းတမန် (၈)
သေမင်းတမန် (၉)
သေမင်းတမန် (၁၀)
သေမင်းတမန် (၁၁)
သေမင်းတမန် (၁၂)
သေမင်းတမန် (၁၃)
သေမင်းတမန် (၁၄)
သေမင်းတမန် (၁၅)
လူသားစားမြို့(၁)
လူသားစားမြို့(၂)
လူသားစားမြို့(၄)
လူသားစားမြို့(၅)
လူသားစားမြို့(၆)
လူသားစားမြို့(၇)
လူသားစားမြို့(၈)
လူသားစားမြို့(၉)
လူသားစားမြို့(၁၀)
လူသားစားမြို့(၁၁)
လူသားစားမြို့(၁၂)
လူသားစားမြို့(၁၃)
လူသားစားမြို့(၁၄)
လူသားစားမြို့(၁၅)
လူသားစားမြို့(၁၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၇)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၈)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၉)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၀)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၆)
Not Update!!
Good New (。•̀ᴗ-)✧
Hello (。•̀ᴗ-)✧
လူသတ်ဂိမ်း (၁)
လူသတ်ဂိမ်း (၂)
လူသတ်ဂိမ်း (၃)
လူသတ်ဂိမ်း (၄)
လူသတ်ဂိမ်း (၅)
လူသတ်ဂိမ်း (၆)
လူသတ်ဂိမ်း(၇)
လူသတ်ဂိမ်း (၈)
လူသတ်ဂိမ်း (၉)
လူသတ်ဂိမ်း (၁၀)
လူသတ်ဂိမ်း (၁၁)
လူသတ်ဂိမ်း (၁၂)
တစ္ဆေမျက်လုံး (၁)
တစ္ဆေမျက်လုံး (၂)
တစ္ဆေမျက်လုံး (၃)
တစ္ဆေမျက်လုံး (၄)
တစ္ဆေမျက်လုံး (၅)
တစ္ဆေမျက်လုံး (၆)
တစ္ဆေမျက်လုံး (၇)
တစ္ဆေမျက်လုံး (၈)
တစ္ဆေမျက်လုံး(၉)
တစ္ဆေမျက်လုံး (၁၀)
တစ္ဆေမျက်လုံး (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၂)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၃)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၄)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၅)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၆)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၇)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၈)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၉)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၀)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၂)

လူသားစားမြို့(၃)

2.2K 439 5
By Kaiyou1111

Unicode

“ကျွန်မတို့ ဘယ်သွားနေတာလဲ?” ဂျင်းဟောင် ကစိုးရိမ်နေပုံပေါ်ကာ သူမတစ်ကိုယ်လုံးက ရှောင်ချန်း အနားကို အရမ်းကပ်နေပေမဲ့ သူတို့ကြားတွင် တိကျသည့် အကွာအဝေးကတော့ ရှိနေသည်။

ရှောင်ချန်း ကသူ့လုံခြုံမှုဧရိယာအတွက် အာရုံစိုက်နေပေမဲ့ မိန်းကလေးရဲ့ အနားကပ်လာမှုကိုတော့ မရှောင်နိုင်ပေ။

“လမ်းကြားဆီသွားမယ်” ရှောင်ချန်း ရဲ့အသံက တချို့အရာကြောင့် အေးစက်နေသည်။

ဂျင်းဟောင် ကခေါင်းညိတ်လိုက်ပြီး သူမမျက်လုံးတွေက စူးစမ်းနေခဲ့သည်။

ဒါက ထူးဆန်းတယ်။

ရှောင်ချန်း ကသူတို့ ဒီလမ်းတွေကို လျှောက်လာချိန်တွင် မနေ့က လူသေလို လမ်းလျှောက်နေသည့် လူအိုကြီးတွေက တစ်ပြိုင်တည်း ရပ်လာကြပြီး သူတို့မျက်လုံးတွေက သူတို့ဆီ ရောက်လာကြသည်။

သူတို့အားလုံးက နှစ်ပေါင်းများစွာ နေလာကြသည့် လူအိုတွေဆိုတာ သိနိုင်သည်။ သို့သော် သူတို့လက်တွေ၊ ခြေထောက်တွေက အရမ်းကို သန်မာနေပြီး သူတို့ခန္ဓာကိုယ်တွေနဲ့ မလိုက်ဖက်ပေ။

ဂျင်းဟောင် ကစိုက်ကြည့်မှုကြောင့် လန့်သွားပြီး ရှောင်ချန်း ရဲ့အနောက်တွင် ပုန်းလိုက်သည်။

ရှောင်ချန်း ရဲ့မျက်နှာက စူးရှသွားပြီး အကွာအဝေးမှ လူအိုကြီး တစ်ယောက်က တံခါးနားတွင် ကြီးမားသည့် အိုးကိုသုံးကာ သစ်ကိုင်းတွေကို စုနေခဲ့သည်။ သူက ရေကျိုထားပြီး လက်ထဲတွင် မီးဖိုချောင်သုံးဓားကို ကိုင်ထားကာ မြေပြင်တွင် ထိုင်နေပြီး ကျောက်တုံးတွင် ဓားသွားအား အကြိမ်ကြိမ် သွေးနေခဲ့ပြီး ဝက်တစ်ကောင်ကို အမဲဖျက်တော့မှာနဲ့ တူနေသည်။

ရှောင်ချန်း နဲ့တခြားသူရဲ့ အသွင်အပြင်ကို မြင်လိုက်ပြီး သူတို့က မီးဖိုးချောင်သုံးဓားတွေနဲ့အတူ ထ,ရပ်လိုက်ကြပြီး သူတို့အား အမူအရာမဲ့စွာ ကြည့်လိုက်ပြီး ကြောက်လန့်ခြင်းမရှိပဲ ရှောင်ချန်း ရဲ့မျက်လုံးကိုတောင် စိုက်ကြည့်လာခဲ့သည်။

ရှောင်ချန်း ရဲ့မျက်လုံးက နည်းနည်း မဲမှောင်နေကာ အေးစက်နေပြီး သူ့လက်နဲ့ ခြေထောက်တွေက ထိန်းချုပ်မှုမဲ့စွာဖြင့် တုန်နေခဲ့သည်။

ထပ်ပြီးတော့ သူ့စိတ်က သူ့ဘဝတစ်ခုလုံးတွင် မမေ့နိုင်သည့် မြင်ကွင်းတစ်ခုနဲ့ ပြည့်နေခဲ့သည်။

ဓားက လူတစ်ယောက်ရဲ့ လည်ပင်းကို ဖြတ်သွားခဲ့ပြီး သွေးတွေက ချက်ချင်းပင် ထွက်လာကာ ပတ်လည်က လူတွေရဲ့အဝတ်တွေကို စင်လာခဲ့သည်။ လူတိုင်းရဲ့ အမူအရာတွေက လုံးဝကို အေးစက်နေပြီး ခံစားချက် နည်းနည်းလေးကိုတောင် ထုတ်မပြပေ။ သူတို့က အေးစက်သည့် မျက်လုံးတွေနဲ့ ရပ်နေကြပြီး ထိုလူရဲ့ လည်ပင်းအား ဖြတ်နေတာကို တိတ်ဆိတ်စွာ ကြည့်နေခဲ့ကြသည်။

သတ်ပွဲမှလူက သူ့လက်တွေ၊ ခြေထောက်တွေက ကြိုးတုတ်ခံထားရပြီး လည်ပင်းကလည်း အလှီးခံနေရတာကြောင့် မအော်နိုင်ပဲ သူ့လက်တွေ၊ ခြေထောက်တွေကိုသာ တွန့်လိမ်နေဖို့ လုပ်နိုင်သည်။

ရှောင်ချန်း ကစတင်ပြီး မအီမသာ ခံစားလိုက်ရကာ သူ့လက်နှစ်ဖက်က လက်သီးဆုပ်သွားပြီး ချွေးစေးတွေက သူ့နဖူးထက်မှ ကျဆင်းလာပြီး သူ့ခေါင်းကလည်း မူးနောက်လာခဲ့သည်။

လူအိုကြီးက ရှောင်ချန်း ကိုကြည့်လိုက်ပြီး သူမြင်တာကို မသိပုံရသည်။ သူ့မျက်နှာက ငါးသေလိုမျိုး ဖြစ်နေပြီး ဓားတောင်မှ မြေပြင်ပေါ်ကို ကျသွားခဲ့သည်။ နှစ်စက္ကန့်လောက် သူ့အသက်ရှူသံက မြန်သွားခဲ့ပြီး ပြန်လှည့်မကြည်ပဲ အိမ်ထဲကို ပြန်ပြေးဝင်သွားခဲ့သည်။

ဂျင်းဟောင် က ရှောင်ချန်း အနောက်တွင် ပုန်းကွယ်နေပြီး ပြောလိုက်သည်။ “သူသွားပြီလား?”

ရှောင်ချန်း ရဲ့လက်တွေက ချွေးအေးတွေနဲ့ ပြည့်နေပြီး စိက်သက်သာစွာဖြင့် သက်ပြင်းချလိုက်သည်။ “အင်း”

တဖြည်းဖြည်းနှင့် ရှောင်ချန်း နဲ့ ဂျင်းဟောင် တို့ကသူတို့ဘာသာ အာရုံပြန်စုစည်းလိုက်ပြီး အနီးနားက စီးနိုင်သည့်ယာဉ်ကို ရှာဖွေပေမဲ့ အရမ်းကို ထူးဆန်းနေတယ်!

အနီးနားတွင် အသက်ရှင်နေသည့် ကြက်တွေ၊ ဘဲတွေ၊ ငါးတွေတောင် ရှိမနေပဲ စီးနိုင်သည့်ယာဉ်ဆိုတာလည်း မရှိပေ။ အိမ်တိုင်းက အရမ်းကို အိုဟောင်းနေပြီး နံရံတွေက ရွှံ့တွေကပ်နေကာ ဘယ်အချိန်တည်းက ဆောက်ထားမှန်းတောင် မပြောနိုင်ပေ။

“ငါ တစ်ရွာလုံးကို ရှာပြီးပြီး ဘာမှမရှိဘူး!” မာဟန် ကဒေါသထွက်နေပြီး အသံတိုးနဲ့ ရေရွတ်လိုက်သည်။ “သေလိုက်၊ ဒီရွာက အရမ်းကို ထူးဆန်းတာပဲ။ အစတည်းက ပြန်မလာသင့်ဘူး!”

မာဟန် ကသူ့ဘေးက လူကိုတွန်းလိုက်သည်။ “အစ်ကို၊ ဘာလုပ်ကြမလဲ?!”

မာဟန် ကထိုလူရဲ့ ခန္ဓာကိုယ်ကို တွန်းလိုက်ချိန်တွင် ရုတ်တရက်ကြီး တွန့်သွားခဲ့သည်။ သူ့တစ်ကိုယ်လုံးက စိတ်ဝိဉာဉ် ပျောက်ဆုံးနေသလို မာဟန် ကတွန်းလိုက်ချိန်မှသာ သူ့မျက်လုံးတွေက တဖြည်းဖြည်း အာရုံပြန်စိုက်လာခဲ့သည်။

သူ့အစ်ကိုက သူ့ကို လျစ်လျူရှုထားပြီး တစ်ဖက်လူက သူ့အတွေးတွေကို အာရုံမစိုက်တာကို စိတ်အနှောက်အယှက် မဖြစ်ပေ။

မာချန်းဂုံ ကသူ့နဖူးကို ကိုင်လိုက်ပြီး သူ့ခန္ဓာကိုယ်က စတင်တုန်လာခဲ့သည်။

သူ့ဘေးကလူကို မြင်လိုက်ချိန်တွင် သူက ပါးစပ်ကျယ်ကျယ်ဟလိုက်သည်။ “မာဟန်?”

မာဟန် ကပြန်လှည့်လိုက်ပြီး ပြောလိုက်သည်။ “အစ်ကို”

မာချန်းဂုံ ကလှည့်ပတ်ကြည့်လိုက်သည်။

ကြမ်းတမ်းသည့် တောင်လမ်း၊ မရင်းနှီးသည့် တောင်ပေါ်ရွာ၊ ဒီလိုတောင်ပေါ်တွင် ငှက်လေး တစ်ကောင်တောင် ရှိမနေပေ...

မာချန်းဂုံ ကမထိန်းချုပ်နိုင်ပဲ သူ့နှလုံးသားကို ဖိလိုက်သည်။ သူ့တစ်ကိုယ်လုံးက တခြားကမ္ဘာတွင် ရှိနေတာနဲ့ တူနေသည်။

သူ အသက်ရှင်သေးတာလား?

ထိုအကြောင်းကို တွေးလိုက်ပြီး မာချန်းဂုံ ရဲ့မျက်လုံးတွေက အေးစက်သွားပြီး မာဟန် ကသူ့ကို မကြည့်သည့် အချိန်တွင် မာချန်းဂုံ ကမုန်းတီးမှုတွေနဲ့ သူ့အား ကြည့်လိုက်သည်။

ငါက မင်းအပေါ် ကောင်းပေးခဲ့တယ်! မင်းကတော့ ငါ့ကို ဒီလိုလုပ်ရက်တယ်!

မာချန်းဂုံ ကတံတွေးကို မြိုချလိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်ဖို့အတွက် ဖိအားပေးလိုက်သည်။ သူ့ညာလက်အား နဖူးတွင် ဖိထားရင်း သူ့ပြန်မွေးဖွားလာခြင်းမှ တည်ငြိမ်စေရန် ထိန်းချုပ်လိုက်သည်။

သို့သော် မကြာခင်မှာ သူ့အခြေအနေကို ပြန်တွေးလိုက်ပြီး သူ့နှလုံးသားက ထပ်ပြီးအေးစက်သွားခဲ့သည်။

သူက အလျင်လိုစွာ ပြောလိုက်သည်။ “တခြားသူ၊ သူတို့ကို ဘယ်လိုလဲ?”

မာဟန် ကသူ့အစ်ကိုရဲ့ ထူးဆန်းသည့် မေးခွန်းကို ကြားလိုက်ပြီး မျက်တောင်ခတ်လိုက်ပေမဲ့ အများကြီး မတွေးပေ။ “အဲ့လိုပဲ၊ သူတို့ဘာဖြစ်နေမှန်း ဘယ်သူက သိမှာလဲ? မွန်းမတည့်ခင် သူတို့ယာဉ်နဲ့အတူ ပြန်လာဖို့ စောင့်ရမှာပဲ”

ထိုစကားကို သူကြားလိုက်သည်နှင့် မာချန်းဂုံ ကချက်ချင်းပင် လက်ရှိအခြေအနေအား ရှင်းလင်းသွားခဲ့သည်။

အရာအားလုံး မစတင်ရသေးတဲ့ အချိန်ကို ရောက်လာတာပဲ!

သူက အံကြိတ်လိုက်ပြီး စတင်မှတ်မိလာခဲ့သည်။
ရွာနာမည်က လောင်ဒူရွာဖြစ်ပြီး သူနဲ့သူ့ညီ မာဟန် တို့ငယ်ငယ်က နေခဲ့ကြသည့် ရွာဖြစ်သည်။ သူငယ်ငယ်တုန်းက ဒီနေရာတွင် ငတ်မွတ်ဘေးကဒ်ဖြစ်ခဲ့ပြီး ရွာက လူသားစားသည့် အရာမျိုးတောင် ဖြစ်လာခဲ့သည်။

ပထမဆုံး လူတွေက တခြားရွာမှ လက်ထပ်ခဲ့သည့် ကလေးမရှိသည့် မုဆိုးမတွေကို တိုက်ခိုက်ခဲ့ပြီးနောက် မခုခံနိုင်သည့် ကလေးတွေကို တိုက်ခိုက်ခဲ့သည်။

ဂျပန်ယူနစ် 731 ရဲ့အတွေ့အကြုံမျိုး မိခင်ဘဝရဲ့ အကြောင်းကို ကြားဖူးလား?

သူတို့အပြုအမူကြောင့် အမေနဲ့ ကလေးငယ်တွေက အိမ်ထဲမှာသာ ချက်ပြုတ်နိုင်ခဲ့သည်။

အမေတွေက သူတို့ကလေးတွေကို တခြားလူတွေက ချက်ပြုတ်တာကို မြင်ရတာမျိုး၊ သူတို့ကလေးကို အရွေးခံရပြီး မီးရှို့ခံရမှာမျိုးကို ကာကွယ်ခဲ့ကြသည်။

ထိုအချိန်တွင် လူသားစားမှု ပျံ့နှံ့လာကာ တခြားလူရဲ့ကလေးကို စားသောက်ဖို့က လွယ်ကူတဲ့အရာမျိုး ဖြစ်လာခဲ့ပြီး ဒီထိတ်လန့်ဖွယ် မိခင်ဘဝအတွေ့အကြုံထက် မနည်းခဲ့ပေ။

ထိုကတည်းက ရွာက ကြောက်စရာကောင်းသည့် ကျိန်စာအောက် ရောက်ခဲ့တယ်!

မြုံခြင်း၊ ထူးခြားဆန်းကြယ်တဲ့ သေခြင်းအမျိုးအစားပဲ... ရွာက လူဦးရေတိုးတက်မှုက နည်းပါးလာခဲ့ပြီး လူအများစုက ရွာကနေ ထွက်သွားဖို့တောင် ကြိုးစားခဲ့ကြသည်။ အချိန်တိုင်း အသေအပျောက်တွေကို မရပ်တန့်နိုင်ခဲ့ပဲ ပိုထူးဆန်းစွာနဲ့ ကျယ်ပြန့်လာခဲ့တယ်...

အခုတော့ ပြန်ရောက်လာသည့် လူ ၇ ယောက်သာ တစ်ရွာလုံးတွင် ကျန်ရှိနေသည့် လူငယ်အကုန်ပဲ!

မာချန်းဂုံ ရဲ့ခန္ဓာကိုယ်က တွန့်သွားခဲ့သည်။

ဒါပေမဲ့ သူသိနေခဲ့တယ်! သူတို့လည်း သေရလိမ့်မယ်!

သူမသေခင် သူ့မျက်လုံးတွေကို မှိတ်လိုက်ချိန်တွင် လူအုပ်ကြီးနောက်မှ ပုံရိပ်တစ်ခုကို မြင်လိုက်ရတယ်!

တစ်ချက်ကြည့်ရုံပဲ!

နောက်ပြီး အဲ့လူကို သူမှတ်မိတယ်!

အဲ့လူက တန်ဂျွန် ပဲ!

အဲ့အရူးကောင်!

ဒါတွေအားလုံးက လူလုပ်တဲ့အရာတွေ မဟုတ်ဘူး! ဒါက သရဲကြောင့်ပဲ!

မာချန်းဂုံ ကလေအေးဖြင့် အသက်ရှူလိုက်ပြီး သူ့ခေါင်းထဲမှ ပေါ်လာသည့် မှတ်ဉာဏ်တွေကို တွေးမိလိုက်ရင်း သူ့ခြေထောက် နှစ်ဖက်လုံးက သတိလက်လွတ် တုန်ရီလာခဲ့သည်။

“နင်တို့ပဲ!” ဂျင်းဟောင် က မာဟုန် တို့နှစ်ယောက်ကို မြင်လိုက်ချိန်တွင် ပြောလိုက်ပေမဲ့ သူမက မျက်မှောင်ကြုတ်ကာ ရှေ့တစ်လှမ်းတောင် ဆက်မတိုးပေ။

မာချန်းဂုံ ရဲ့ခန္ဓာကိုယ်ရှေ့တွင် ရှောင်ချန်း ကပေါ်လာခဲ့ပြီး သူ့ထိတ်လန့်မှုက လုံးဝကို မနှစ်မြို့စရာပုံဖြစ်သွားပြီး အနောက်ကို တစ်လှမ်းဆုတ်လိုက်သည်။

သူတို့ ၇ ယောက်ထဲမှာ ရှောင်ချန်း ကအစောဆုံး သေသွားတဲ့သူပဲ!

သူက ဒယ်အိုးထဲ အနှစ်ခံခဲ့ရတယ်!

အရည်ပြားက လောင်ကျွမ်းပြီး အကင်ခံနေရတာတောင် တစ်ကိုယ်လုံးက အကင်ခံနေရတဲ့ ဝက်တစ်ကောင်လို နီရဲပြီး ဖောင်းပွနေသည်။ ထိုလူက မိနစ်အနည်းငယ်လောက် အော်ဟစ်လူးလှိမ့်နေပြီး ထုချေခံလိုက်ရသလို လောင်ကျွမ်းသွားခဲ့သည်။

နောက်ပြီး သူက ထိုနေရာတွင် မတ်တပ်ရပ်နေကာ မြင်ကွင်းတစ်ခုလုံးကို အစကနေ အဆုံးထိ မြင်နေခဲ့ရတယ်!

ရှောင်ချန်း က မာချန်းဂုံ ရဲ့မျက်လုံးအား ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်ပေမဲ့ သူက ဘာမှမပြောပေ။ သူက သူတို့နဲ့ အဝေးတွင် အနီးကပ်ဖို့ ဆန္ဒမရှိစွာဖြင့် ရပ်နေခဲ့သည်။ သူ့တွင် ဒီလူတွေကို သဘောမကျသည့် စိတ်ပိုင်းဆိုင်ရာ ရှိသည်။

လေက နူးညံ့စွာ တိုက်ခတ်လာပြီး သစ်ရွက်ခြောက်တွေက မြေပြင်ထက်သို့ တဖြည်းဖြည်း ကျလာခဲ့သည်။
ရှောင်ချန်း ကရုတ်တရက် အေးစက်သည့်အရာက သူ့လက်ကိုကိုင်လာသလို တစ်ခုခုကို ခံစားလိုက်ရပြီး သူ့အောက်ငုံ့ကြည့်လိုက်ချိန်တွင် လေသာရှိနေပြီး ဒါမှမဟုတ် ထိုအရာကို သူမမြင်နိုင်တာပဲ ဖြစ်လိမ့်မည်။

သို့သော် ရှောင်ချန်း ရဲ့နှလုံးသားက အေးချမ်းနေသည်။

ဒီကမ္ဘာတွင် လူတိုင်းက သူ့ကို နာကျင်အောင် လုပ်နိုင်ကြပေမဲ့ တန်ဂျွန် ကတော့ သူ့ကို ဘယ်တော့မှ မလုပ်မှန်း သူသိနေခဲ့သည်။

“ဟပ်-ချိုး!” မာချန်းဂုံ ကသူ့ခြေထောက်မှ အေးစက်မှုကို ခံစားလိုက်ရရင်း သူ့ပတ်ဝန်းကျင်တွင် ရေခဲတုံးတွေ ရှိနေသလိုမျိုး သူ့အား ကြက်သီးထ,သွားစေသည်။

တန်ဂျွန် ကဘယ်သူ့ကိုမှ လွှတ်ပေးမှာ မဟုတ်ဘူး!

မာချန်းဂုံ ကအံကြိတ်လိုက်ပြီး သူ့ခန္ဓာကိုယ်က ကြောက်လန့်စွာဖြင့် တုန်ရီနေခဲ့သည်။

ဒီဖြစ်ပျက်လာမည့် အကြောင်းကို သူသိခဲ့ရင် အဲ့လိုအရာမျိုး သူမလုပ်ခဲ့သင့်ဘူး!

အိမ်မက်ဆိုးကနေ အဝေးဆုံးကို လွတ်မြောက်ဖို့အတွက် သူတွေးနေခဲ့တယ်! ဘယ်သူက ထင်ခဲ့မှာလဲ!

ဒီသောက်ရွာလူကြီးက သူ့ကို စာတစ်စောင် ပို့ခဲ့တယ်လေ!

သူ့ရာထူးတိုးဖို့အတွက် အချိန်ပဲ! ဒီအရာကို စာထဲတွင် ဖော်ပြထားခဲ့တယ်! သူ့အနာဂတ်က ပျက်စီးသွားခဲ့တယ်!

ဘယ်သူက ထင်မိမှာလဲ!

ဒါတွေအားလုံးက သူတို့ပြန်လာဖို့ တန်ဂျွန် ရဲ့လှည့်စားချက်တွေပဲ! ပန်းတိုင်က သူတို့အားလုံးကို ဖယ်ရှားဖို့ပဲ!

မာချန်းဂုံ ကစိတ်ဓာတ်ပျက်ပြားနေခဲ့သည်။

သူသေခါနီး သူ့ခန္ဓာကိုယ်မှ ခံစားရသည့် နာကျင်မှုတွေကို လုံးဝမမေ့နိုင်ပေ။ ဒါက သောင်းပေါင်းများစွာသော အင်းစက်တွေက သူ့ခန္ဓာကိုယ်ထဲ ထိုးဝင်ပြီး ကိုက်နေသလိုမျိုး သူ့လက်ကျိုးတာထက်တောင် ပိုနာကျင်စေသည်။

စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုက အဆိုးရွားဆုံးပဲ!

သူထပ်သေဖို့ ပြန်လာခဲ့သလိုပဲ! ဘယ်လိုလုပ်ပြီး သူပျော်နိုင်မှာလဲ!

-

နောက်ဆုံးတော့ ကိုယ့်ကလေး ပြန်လာပြီ!

မင်းတို့ မနှစ်မြို့စရာကောင်းတဲ့ကောင်တွေ အကုန်လုံး ငရဲကိုသာ သွားလိုက်!

8.10.2021(Fri)
........................

Zawgyi

“ကြၽန္မတို႔ ဘယ္သြားေနတာလဲ?” ဂ်င္းေဟာင္ ကစိုးရိမ္ေနပုံေပၚကာ သူမတစ္ကိုယ္လုံးက ေ႐ွာင္ခ်န္း အနားကို အရမ္းကပ္ေနေပမဲ့ သူတို႔ၾကားတြင္ တိက်သည့္ အကြာအေဝးကေတာ့ ႐ွိေနသည္။

ေ႐ွာင္ခ်န္း ကသူ႕လုံျခဳံမႈဧရိယာအတြက္ အာ႐ုံစိုက္ေနေပမဲ့ မိန္းကေလးရဲ႕ အနားကပ္လာမႈကိုေတာ့ မေ႐ွာင္ႏိုင္ေပ။

“လမ္းၾကားဆီသြားမယ္” ေ႐ွာင္ခ်န္း ရဲ႕အသံက တခ်ိဳ႕အရာေၾကာင့္ ေအးစက္ေနသည္။

ဂ်င္းေဟာင္ ကေခါင္းညိတ္လိုက္ၿပီး သူမမ်က္လုံးေတြက စူးစမ္းေနခဲ့သည္။

ဒါက ထူးဆန္းတယ္။

ေ႐ွာင္ခ်န္း ကသူတို႔ ဒီလမ္းေတြကို ေလွ်ာက္လာခ်ိန္တြင္ မေန႔က လူေသလို လမ္းေလွ်ာက္ေနသည့္ လူအိုႀကီးေတြက တစ္ၿပိဳင္တည္း ရပ္လာၾကၿပီး သူတို႔မ်က္လုံးေတြက သူတို႔ဆီ ေရာက္လာၾကသည္။

သူတို႔အားလုံးက ႏွစ္ေပါင္းမ်ားစြာ ေနလာၾကသည့္ လူအိုေတြဆိုတာ သိႏိုင္သည္။ သို႔ေသာ္ သူတို႔လက္ေတြ၊ ေျခေထာက္ေတြက အရမ္းကို သန္မာေနၿပီး သူတို႔ခႏၶာကိုယ္ေတြနဲ႔ မလိုက္ဖက္ေပ။

ဂ်င္းေဟာင္ ကစိုက္ၾကည့္မႈေၾကာင့္ လန္႔သြားၿပီး ေ႐ွာင္ခ်န္း ရဲ႕အေနာက္တြင္ ပုန္းလိုက္သည္။

ေ႐ွာင္ခ်န္း ရဲ႕မ်က္ႏွာက စူး႐ွသြားၿပီး အကြာအေဝးမွ လူအိုႀကီး တစ္ေယာက္က တံခါးနားတြင္ ႀကီးမားသည့္ အိုးကိုသုံးကာ သစ္ကိုင္းေတြကို စုေနခဲ့သည္။ သူက ေရက်ိဳထားၿပီး လက္ထဲတြင္ မီးဖိုေခ်ာင္သုံးဓားကို ကိုင္ထားကာ ေျမျပင္တြင္ ထိုင္ေနၿပီး ေက်ာက္တုံးတြင္ ဓားသြားအား အႀကိမ္ႀကိမ္ ေသြးေနခဲ့ၿပီး ဝက္တစ္ေကာင္ကို အမဲဖ်က္ေတာ့မွာနဲ႔ တူေနသည္။

ေ႐ွာင္ခ်န္း နဲ႔တျခားသူရဲ႕ အသြင္အျပင္ကို ျမင္လိုက္ၿပီး သူတို႔က မီးဖိုးေခ်ာင္သုံးဓားေတြနဲ႔အတူ ထ,ရပ္လိုက္ၾကၿပီး သူတို႔အား အမူအရာမဲ့စြာ ၾကည့္လိုက္ၿပီး ေၾကာက္လန္႔ျခင္းမ႐ွိပဲ ေ႐ွာင္ခ်န္း ရဲ႕မ်က္လုံးကိုေတာင္ စိုက္ၾကည့္လာခဲ့သည္။

ေ႐ွာင္ခ်န္း ရဲ႕မ်က္လုံးက နည္းနည္း မဲေမွာင္ေနကာ ေအးစက္ေနၿပီး သူ႕လက္နဲ႔ ေျခေထာက္ေတြက ထိန္းခ်ဳပ္မႈမဲ့စြာျဖင့္ တုန္ေနခဲ့သည္။

ထပ္ၿပီးေတာ့ သူ႕စိတ္က သူ႕ဘဝတစ္ခုလုံးတြင္ မေမ့ႏိုင္သည့္ ျမင္ကြင္းတစ္ခုနဲ႔ ျပည့္ေနခဲ့သည္။

ဓားက လူတစ္ေယာက္ရဲ႕ လည္ပင္းကို ျဖတ္သြားခဲ့ၿပီး ေသြးေတြက ခ်က္ခ်င္းပင္ ထြက္လာကာ ပတ္လည္က လူေတြရဲ႕အဝတ္ေတြကို စင္လာခဲ့သည္။ လူတိုင္းရဲ႕ အမူအရာေတြက လုံးဝကို ေအးစက္ေနၿပီး ခံစားခ်က္ နည္းနည္းေလးကိုေတာင္ ထုတ္မျပေပ။ သူတို႔က ေအးစက္သည့္ မ်က္လုံးေတြနဲ႔ ရပ္ေနၾကၿပီး ထိုလူရဲ႕ လည္ပင္းအား ျဖတ္ေနတာကို တိတ္ဆိတ္စြာ ၾကည့္ေနခဲ့ၾကသည္။

သတ္ပြဲမွလူက သူ႕လက္ေတြ၊ ေျခေထာက္ေတြက ႀကိဳးတုတ္ခံထားရၿပီး လည္ပင္းကလည္း အလွီးခံေနရတာေၾကာင့္ မေအာ္ႏိုင္ပဲ သူ႕လက္ေတြ၊ ေျခေထာက္ေတြကိုသာ တြန္႔လိမ္ေနဖို႔ လုပ္ႏိုင္သည္။

ေ႐ွာင္ခ်န္း ကစတင္ၿပီး မအီမသာ ခံစားလိုက္ရကာ သူ႕လက္ႏွစ္ဖက္က လက္သီးဆုပ္သြားၿပီး ေခြၽးေစးေတြက သူ႕နဖူးထက္မွ က်ဆင္းလာၿပီး သူ႕ေခါင္းကလည္း မူးေနာက္လာခဲ့သည္။

လူအိုႀကီးက ေ႐ွာင္ခ်န္း ကိုၾကည့္လိုက္ၿပီး သူျမင္တာကို မသိပုံရသည္။ သူ႕မ်က္ႏွာက ငါးေသလိုမ်ိဳး ျဖစ္ေနၿပီး ဓားေတာင္မွ ေျမျပင္ေပၚကို က်သြားခဲ့သည္။ ႏွစ္စကၠန္႔ေလာက္ သူ႕အသက္႐ွဴသံက ျမန္သြားခဲ့ၿပီး ျပန္လွည့္မၾကည္ပဲ အိမ္ထဲကို ျပန္ေျပးဝင္သြားခဲ့သည္။

ဂ်င္းေဟာင္ က ေ႐ွာင္ခ်န္း အေနာက္တြင္ ပုန္းကြယ္ေနၿပီး ေျပာလိုက္သည္။ “သူသြားၿပီလား?”

ေ႐ွာင္ခ်န္း ရဲ႕လက္ေတြက ေခြၽးေအးေတြနဲ႔ ျပည့္ေနၿပီး စိက္သက္သာစြာျဖင့္ သက္ျပင္းခ်လိုက္သည္။ “အင္း”

တျဖည္းျဖည္းႏွင့္ ေ႐ွာင္ခ်န္း နဲ႔ ဂ်င္းေဟာင္ တို႔ကသူတို႔ဘာသာ အာ႐ုံျပန္စုစည္းလိုက္ၿပီး အနီးနားက စီးႏိုင္သည့္ယာဥ္ကို ႐ွာေဖြေပမဲ့ အရမ္းကို ထူးဆန္းေနတယ္!

အနီးနားတြင္ အသက္႐ွင္ေနသည့္ ၾကက္ေတြ၊ ဘဲေတြ၊ ငါးေတြေတာင္ ႐ွိမေနပဲ စီးႏိုင္သည့္ယာဥ္ဆိုတာလည္း မ႐ွိေပ။ အိမ္တိုင္းက အရမ္းကို အိုေဟာင္းေနၿပီး နံရံေတြက ႐ႊံ႕ေတြကပ္ေနကာ ဘယ္အခ်ိန္တည္းက ေဆာက္ထားမွန္းေတာင္ မေျပာႏိုင္ေပ။

“ငါ တစ္႐ြာလုံးကို ႐ွာၿပီးၿပီး ဘာမွမ႐ွိဘူး!” မာဟန္ ကေဒါသထြက္ေနၿပီး အသံတိုးနဲ႔ ေရ႐ြတ္လိုက္သည္။ “ေသလိုက္၊ ဒီ႐ြာက အရမ္းကို ထူးဆန္းတာပဲ။ အစတည္းက ျပန္မလာသင့္ဘူး!”

မာဟန္ ကသူ႕ေဘးက လူကိုတြန္းလိုက္သည္။ “အစ္ကို၊ ဘာလုပ္ၾကမလဲ?!”

မာဟန္ ကထိုလူရဲ႕ ခႏၶာကိုယ္ကို တြန္းလိုက္ခ်ိန္တြင္ ႐ုတ္တရက္ႀကီး တြန္႔သြားခဲ့သည္။ သူ႕တစ္ကိုယ္လုံးက စိတ္ဝိဉာဥ္ ေပ်ာက္ဆုံးေနသလို မာဟန္ ကတြန္းလိုက္ခ်ိန္မွသာ သူ႕မ်က္လုံးေတြက တျဖည္းျဖည္း အာ႐ုံျပန္စိုက္လာခဲ့သည္။

သူ႕အစ္ကိုက သူ႕ကို လ်စ္လ်ဴ႐ႈထားၿပီး တစ္ဖက္လူက သူ႕အေတြးေတြကို အာ႐ုံမစိုက္တာကို စိတ္အေႏွာက္အယွက္ မျဖစ္ေပ။

မာခ်န္းဂုံ ကသူ႕နဖူးကို ကိုင္လိုက္ၿပီး သူ႕ခႏၶာကိုယ္က စတင္တုန္လာခဲ့သည္။

သူ႕ေဘးကလူကို ျမင္လိုက္ခ်ိန္တြင္ သူက ပါးစပ္က်ယ္က်ယ္ဟလိုက္သည္။ “မာဟန္?”

မာဟန္ ကျပန္လွည့္လိုက္ၿပီး ေျပာလိုက္သည္။ “အစ္ကို”

မာခ်န္းဂုံ ကလွည့္ပတ္ၾကည့္လိုက္သည္။

ၾကမ္းတမ္းသည့္ ေတာင္လမ္း၊ မရင္းႏွီးသည့္ ေတာင္ေပၚ႐ြာ၊ ဒီလိုေတာင္ေပၚတြင္ ငွက္ေလး တစ္ေကာင္ေတာင္ ႐ွိမေနေပ...

မာခ်န္းဂုံ ကမထိန္းခ်ဳပ္ႏိုင္ပဲ သူ႕ႏွလုံးသားကို ဖိလိုက္သည္။ သူ႕တစ္ကိုယ္လုံးက တျခားကမ႓ာတြင္ ႐ွိေနတာနဲ႔ တူေနသည္။

သူ အသက္႐ွင္ေသးတာလား?

ထိုအေၾကာင္းကို ေတြးလိုက္ၿပီး မာခ်န္းဂုံ ရဲ႕မ်က္လုံးေတြက ေအးစက္သြားၿပီး မာဟန္ ကသူ႕ကို မၾကည့္သည့္ အခ်ိန္တြင္ မာခ်န္းဂုံ ကမုန္းတီးမႈေတြနဲ႔ သူ႕အား ၾကည့္လိုက္သည္။

ငါက မင္းအေပၚ ေကာင္းေပးခဲ့တယ္! မင္းကေတာ့ ငါ့ကို ဒီလိုလုပ္ရက္တယ္!

မာခ်န္းဂုံ ကတံေတြးကို ၿမိဳခ်လိုက္ၿပီး သူ႕ကိုယ္သူ တည္ၿငိမ္ဖို႔အတြက္ ဖိအားေပးလိုက္သည္။ သူ႕ညာလက္အား နဖူးတြင္ ဖိထားရင္း သူ႕ျပန္ေမြးဖြားလာျခင္းမွ တည္ၿငိမ္ေစရန္ ထိန္းခ်ဳပ္လိုက္သည္။

သို႔ေသာ္ မၾကာခင္မွာ သူ႕အေျခအေနကို ျပန္ေတြးလိုက္ၿပီး သူ႕ႏွလုံးသားက ထပ္ၿပီးေအးစက္သြားခဲ့သည္။

သူက အလ်င္လိုစြာ ေျပာလိုက္သည္။ “တျခားသူ၊ သူတို႔ကို ဘယ္လိုလဲ?”

မာဟန္ ကသူ႕အစ္ကိုရဲ႕ ထူးဆန္းသည့္ ေမးခြန္းကို ၾကားလိုက္ၿပီး မ်က္ေတာင္ခတ္လိုက္ေပမဲ့ အမ်ားႀကီး မေတြးေပ။ “အဲ့လိုပဲ၊ သူတို႔ဘာျဖစ္ေနမွန္း ဘယ္သူက သိမွာလဲ? မြန္းမတည့္ခင္ သူတို႔ယာဥ္နဲ႔အတူ ျပန္လာဖို႔ ေစာင့္ရမွာပဲ”

ထိုစကားကို သူၾကားလိုက္သည္ႏွင့္ မာခ်န္းဂုံ ကခ်က္ခ်င္းပင္ လက္႐ွိအေျခအေနအား ႐ွင္းလင္းသြားခဲ့သည္။

အရာအားလုံး မစတင္ရေသးတဲ့ အခ်ိန္ကို ေရာက္လာတာပဲ!

သူက အံႀကိတ္လိုက္ၿပီး စတင္မွတ္မိလာခဲ့သည္။
႐ြာနာမည္က ေလာင္ဒူ႐ြာျဖစ္ၿပီး သူနဲ႔သူ႕ညီ မာဟန္ တို႔ငယ္ငယ္က ေနခဲ့ၾကသည့္ ႐ြာျဖစ္သည္။ သူငယ္ငယ္တုန္းက ဒီေနရာတြင္ ငတ္မြတ္ေဘးကဒ္ျဖစ္ခဲ့ၿပီး ႐ြာက လူသားစားသည့္ အရာမ်ိဳးေတာင္ ျဖစ္လာခဲ့သည္။

ပထမဆုံး လူေတြက တျခား႐ြာမွ လက္ထပ္ခဲ့သည့္ ကေလးမ႐ွိသည့္ မုဆိုးမေတြကို တိုက္ခိုက္ခဲ့ၿပီးေနာက္ မခုခံႏိုင္သည့္ ကေလးေတြကို တိုက္ခိုက္ခဲ့သည္။

ဂ်ပန္ယူနစ္ 731 ရဲ႕အေတြ႕အၾကဳံမ်ိဳး မိခင္ဘဝရဲ႕ အေၾကာင္းကို ၾကားဖူးလား?

သူတို႔အျပဳအမူေၾကာင့္ အေမနဲ႔ ကေလးငယ္ေတြက အိမ္ထဲမွာသာ ခ်က္ျပဳတ္ႏိုင္ခဲ့သည္။

အေမေတြက သူတို႔ကေလးေတြကို တျခားလူေတြက ခ်က္ျပဳတ္တာကို ျမင္ရတာမ်ိဳး၊ သူတို႔ကေလးကို အေ႐ြးခံရၿပီး မီး႐ိႈ႕ခံရမွာမ်ိဳးကို ကာကြယ္ခဲ့ၾကသည္။

ထိုအခ်ိန္တြင္ လူသားစားမႈ ပ်ံ႕ႏွံ႔လာကာ တျခားလူရဲ႕ကေလးကို စားေသာက္ဖို႔က လြယ္ကူတဲ့အရာမ်ိဳး ျဖစ္လာခဲ့ၿပီး ဒီထိတ္လန္႔ဖြယ္ မိခင္ဘဝအေတြ႕အၾကဳံထက္ မနည္းခဲ့ေပ။

ထိုကတည္းက ႐ြာက ေၾကာက္စရာေကာင္းသည့္ က်ိန္စာေအာက္ ေရာက္ခဲ့တယ္!

ျမဳံျခင္း၊ ထူးျခားဆန္းၾကယ္တဲ့ ေသျခင္းအမ်ိဳးအစားပဲ... ႐ြာက လူဦးေရတိုးတက္မႈက နည္းပါးလာခဲ့ၿပီး လူအမ်ားစုက ႐ြာကေန ထြက္သြားဖို႔ေတာင္ ႀကိဳးစားခဲ့ၾကသည္။ အခ်ိန္တိုင္း အေသအေပ်ာက္ေတြကို မရပ္တန္႔ႏိုင္ခဲ့ပဲ ပိုထူးဆန္းစြာနဲ႔ က်ယ္ျပန္႔လာခဲ့တယ္...

အခုေတာ့ ျပန္ေရာက္လာသည့္ လူ ၇ ေယာက္သာ တစ္႐ြာလုံးတြင္ က်န္႐ွိေနသည့္ လူငယ္အကုန္ပဲ!

မာခ်န္းဂုံ ရဲ႕ခႏၶာကိုယ္က တြန္႔သြားခဲ့သည္။

ဒါေပမဲ့ သူသိေနခဲ့တယ္! သူတို႔လည္း ေသရလိမ့္မယ္!

သူမေသခင္ သူ႕မ်က္လုံးေတြကို မွိတ္လိုက္ခ်ိန္တြင္ လူအုပ္ႀကီးေနာက္မွ ပုံရိပ္တစ္ခုကို ျမင္လိုက္ရတယ္!

တစ္ခ်က္ၾကည့္႐ုံပဲ!

ေနာက္ၿပီး အဲ့လူကို သူမွတ္မိတယ္!

အဲ့လူက တန္ဂြၽန္ ပဲ!

အဲ့အ႐ူးေကာင္!

ဒါေတြအားလုံးက လူလုပ္တဲ့အရာေတြ မဟုတ္ဘူး! ဒါက သရဲေၾကာင့္ပဲ!

မာခ်န္းဂုံ ကေလေအးျဖင့္ အသက္႐ွဴလိုက္ၿပီး သူ႕ေခါင္းထဲမွ ေပၚလာသည့္ မွတ္ဉာဏ္ေတြကို ေတြးမိလိုက္ရင္း သူ႕ေျခေထာက္ ႏွစ္ဖက္လုံးက သတိလက္လြတ္ တုန္ရီလာခဲ့သည္။

“နင္တို႔ပဲ!” ဂ်င္းေဟာင္ က မာဟုန္ တို႔ႏွစ္ေယာက္ကို ျမင္လိုက္ခ်ိန္တြင္ ေျပာလိုက္ေပမဲ့ သူမက မ်က္ေမွာင္ၾကဳတ္ကာ ေ႐ွ႕တစ္လွမ္းေတာင္ ဆက္မတိုးေပ။

မာခ်န္းဂုံ ရဲ႕ခႏၶာကိုယ္ေ႐ွ႕တြင္ ေ႐ွာင္ခ်န္း ကေပၚလာခဲ့ၿပီး သူ႕ထိတ္လန္႔မႈက လုံးဝကို မႏွစ္ၿမိဳ႕စရာပုံျဖစ္သြားၿပီး အေနာက္ကို တစ္လွမ္းဆုတ္လိုက္သည္။

သူတို႔ ၇ ေယာက္ထဲမွာ ေ႐ွာင္ခ်န္း ကအေစာဆုံး ေသသြားတဲ့သူပဲ!

သူက ဒယ္အိုးထဲ အႏွစ္ခံခဲ့ရတယ္!

အရည္ျပားက ေလာင္ကြၽမ္းၿပီး အကင္ခံေနရတာေတာင္ တစ္ကိုယ္လုံးက အကင္ခံေနရတဲ့ ဝက္တစ္ေကာင္လို နီရဲၿပီး ေဖာင္းပြေနသည္။ ထိုလူက မိနစ္အနည္းငယ္ေလာက္ ေအာ္ဟစ္လူးလွိမ့္ေနၿပီး ထုေခ်ခံလိုက္ရသလို ေလာင္ကြၽမ္းသြားခဲ့သည္။

ေနာက္ၿပီး သူက ထိုေနရာတြင္ မတ္တပ္ရပ္ေနကာ ျမင္ကြင္းတစ္ခုလုံးကို အစကေန အဆုံးထိ ျမင္ေနခဲ့ရတယ္!

ေ႐ွာင္ခ်န္း က မာခ်န္းဂုံ ရဲ႕မ်က္လုံးအား ႐ႈပ္ေထြးစြာျဖင့္ ၾကည့္လိုက္ေပမဲ့ သူက ဘာမွမေျပာေပ။ သူက သူတို႔နဲ႔ အေဝးတြင္ အနီးကပ္ဖို႔ ဆႏၵမ႐ွိစြာျဖင့္ ရပ္ေနခဲ့သည္။ သူ႕တြင္ ဒီလူေတြကို သေဘာမက်သည့္ စိတ္ပိုင္းဆိုင္ရာ ႐ွိသည္။

ေလက ႏူးညံ့စြာ တိုက္ခတ္လာၿပီး သစ္႐ြက္ေျခာက္ေတြက ေျမျပင္ထက္သို႔ တျဖည္းျဖည္း က်လာခဲ့သည္။
ေ႐ွာင္ခ်န္း က႐ုတ္တရက္ ေအးစက္သည့္အရာက သူ႕လက္ကိုကိုင္လာသလို တစ္ခုခုကို ခံစားလိုက္ရၿပီး သူ႕ေအာက္ငုံ႔ၾကည့္လိုက္ခ်ိန္တြင္ ေလသာ႐ွိေနၿပီး ဒါမွမဟုတ္ ထိုအရာကို သူမျမင္ႏိုင္တာပဲ ျဖစ္လိမ့္မည္။

သို႔ေသာ္ ေ႐ွာင္ခ်န္း ရဲ႕ႏွလုံးသားက ေအးခ်မ္းေနသည္။

ဒီကမ႓ာတြင္ လူတိုင္းက သူ႕ကို နာက်င္ေအာင္ လုပ္ႏိုင္ၾကေပမဲ့ တန္ဂြၽန္ ကေတာ့ သူ႕ကို ဘယ္ေတာ့မွ မလုပ္မွန္း သူသိေနခဲ့သည္။

“ဟပ္-ခ်ိဳး!” မာခ်န္းဂုံ ကသူ႕ေျခေထာက္မွ ေအးစက္မႈကို ခံစားလိုက္ရရင္း သူ႕ပတ္ဝန္းက်င္တြင္ ေရခဲတုံးေတြ ႐ွိေနသလိုမ်ိဳး သူ႕အား ၾကက္သီးထ,သြားေစသည္။

တန္ဂြၽန္ ကဘယ္သူ႕ကိုမွ လႊတ္ေပးမွာ မဟုတ္ဘူး!

မာခ်န္းဂုံ ကအံႀကိတ္လိုက္ၿပီး သူ႕ခႏၶာကိုယ္က ေၾကာက္လန္႔စြာျဖင့္ တုန္ရီေနခဲ့သည္။

ဒီျဖစ္ပ်က္လာမည့္ အေၾကာင္းကို သူသိခဲ့ရင္ အဲ့လိုအရာမ်ိဳး သူမလုပ္ခဲ့သင့္ဘူး!

အိမ္မက္ဆိုးကေန အေဝးဆုံးကို လြတ္ေျမာက္ဖို႔အတြက္ သူေတြးေနခဲ့တယ္! ဘယ္သူက ထင္ခဲ့မွာလဲ!

ဒီေသာက္႐ြာလူႀကီးက သူ႕ကို စာတစ္ေစာင္ ပို႔ခဲ့တယ္ေလ!

သူ႕ရာထူးတိုးဖို႔အတြက္ အခ်ိန္ပဲ! ဒီအရာကို စာထဲတြင္ ေဖာ္ျပထားခဲ့တယ္! သူ႕အနာဂတ္က ပ်က္စီးသြားခဲ့တယ္!

ဘယ္သူက ထင္မိမွာလဲ!

ဒါေတြအားလုံးက သူတို႔ျပန္လာဖို႔ တန္ဂြၽန္ ရဲ႕လွည့္စားခ်က္ေတြပဲ! ပန္းတိုင္က သူတို႔အားလုံးကို ဖယ္႐ွားဖို႔ပဲ!

မာခ်န္းဂုံ ကစိတ္ဓာတ္ပ်က္ျပားေနခဲ့သည္။

သူေသခါနီး သူ႕ခႏၶာကိုယ္မွ ခံစားရသည့္ နာက်င္မႈေတြကို လုံးဝမေမ့ႏိုင္ေပ။ ဒါက ေသာင္းေပါင္းမ်ားစြာေသာ အင္းစက္ေတြက သူ႕ခႏၶာကိုယ္ထဲ ထိုးဝင္ၿပီး ကိုက္ေနသလိုမ်ိဳး သူ႕လက္က်ိဳးတာထက္ေတာင္ ပိုနာက်င္ေစသည္။

စိတ္ပိုင္းဆိုင္ရာ ႏွိပ္စက္မႈက အဆိုး႐ြားဆုံးပဲ!

သူထပ္ေသဖို႔ ျပန္လာခဲ့သလိုပဲ! ဘယ္လိုလုပ္ၿပီး သူေပ်ာ္ႏိုင္မွာလဲ!

-

ေနာက္ဆုံးေတာ့ ကိုယ့္ကေလး ျပန္လာၿပီ!

မင္းတို႔ မႏွစ္ၿမိဳ႕စရာေကာင္းတဲ့ေကာင္ေတြ အကုန္လုံး ငရဲကိုသာ သြားလိုက္!

8.10.2021(Fri)
........................

Continue Reading

You'll Also Like

42.6K 4.9K 36
//// 𝑬𝑽𝑬𝑵 𝑰𝑭 𝑰 𝑫𝑰𝑬 𝑰𝑻'𝑺 𝑶𝑵𝑳𝒀 𝒀𝑶𝑼 //// 𝚃𝚑𝚒𝚜 𝚒𝚜 𝚏𝚛𝚘𝚖 𝚖𝚢 𝚘𝚠𝚗 𝚒𝚖𝚊𝚐𝚒𝚗𝚊𝚝𝚒𝚘𝚗. 𝚃𝚑𝚒𝚜 𝚒𝚜 𝚓𝚞𝚜𝚝 𝚊 𝚏𝚊𝚗...
236K 48.3K 84
කැලෙ ඇතුලෙම පරවෙනවා බන් හුගක් මල් ජාති.....!
2.9K 121 14
ရိုင်းစိုင်းကြမ်းတမ်းသော အသုံးအနှုန်းတွေအများကြီးပါတာမို့ သေချာစဥ်းစားပြီးမှ ဖတ်ပေးပါ⚠
112K 22.9K 60
Completed ✔️✔️ (جۆری چیرۆک :-خەیاڵی .... ترسناک ... سەرکێشی ... ئاکشن ... خۆشەویستی ... جەنگان لە پێناو مانەوە لەژیان ..) Mama I'm In love with a cri...