My Son Or Boyfriend (Complete)

Від KhineLay443

375K 19.3K 1.9K

Uni ကလေးနဲ့ကိုယ့်ကြားမှာ တားဆီးတာမှန်သမျှကို အကုန်ရှင်းပြစ်ဖို့ ဝန်မလေးဘူး။ ကိုယ်က မနူးညံ့တတ်ဘူး...ဒါပင်မဲ့ က... Більше

My Son Or Boyfriend 1
My Son Or Boyfriend 2
My Son or boyfriend 3
My son or boyfriend 4
My Son or boyfriend 5
My son or boyfriend 6
My son or boyfriend 7
My son or boyfriend 8
My son or boyfriend 9
My son or boyfriend 10
My son or boyfriend 11
My son or boyfriend 12
My son or boyfriend 13
my son or boyfriend 14
My son or boyfriend 15
My son or boyfriend 16
My son or boyfriend 17
My son or boyfriend 18
My son or boyfriend 19
My son or boyfriend 20
My son or boyfriend 21
My son or boyfriend 22
My son or boyfriend 23
My son or boyfriend 24
My son or boyfriend 25
My son or boyfriend 26
My son or boyfriend 27
My son or boyfriend 28
My son or boyfriend 29
My son or boyfriend 30
My son or boyfriend 31
My son or boyfriend 32
My son or boyfriend 33
My son or boyfriend 34
My son or boyfriend 35
My son or boyfriend 37
My son or boyfriend 38
My son or boyfriend 39
My son or boyfriend 40
My son or boyfriend 41
My son or boyfriend 42
My son or boyfriend 43 (Final)
စျေးဗန်း
Happy news
Season 2 is coming

My son or boyfriend 36

6.2K 367 26
Від KhineLay443

Uni

ဇေရဲမာန် မှာ သူ့ကလေးအခြေအနေကို ဥက္ကာမှတစ်ဆင့် သိရသော်လဲ သူဖုန်းဆက်ပြီး ကလေးအသံလေးကို ကြားချင်မိတယ်။ ဒါကြောင့် နေ့လယ်ထမင်းစားချိန်ကိုရွေးပြီး ကလေးကို ဖုန်းခေါ်မိပြန်သည်။

သူ့ဘက်မှာ ညနေစောင်းနေပင်မဲ့ ကလေးရှိရာ မြန်မာပြည်ကတော့ နေ့လယ်ပင်။

မြည်နေသောဖုန်းအသံက နှလုံးခုန်သံနီးပါး ထပ်တူကျနေပင်မဲ့ အခြားတစ်ဖက်မှာတော့ ကိုင်သူမဲ့....

ပထမအကြိမ်မရတာကြောင့် ဒုတိယအကြိမ်ထက်ကြိုးစားကြည့်တော့ တစ်ဖက်မှ သူသိပ်ကို လွမ်းဆွတ်နေသော အသံပိုင်ရှင်....

"ဟယ်လို"
". ......." ဇေရဲမာန် မှာ သူ့ဖုန်းကို မကိုင်လောက်ဖူးဟု တွေးထားတာကြောင့် ခုလိုတစ်ဖက်ကအသံပြန်ကြားတော့ သူဆွံ့အသွားသည့်အလား....

"ဟယ်ဟို.....မပြောရင် ကျွန်တော်ဖုန်းချတော့မယ်"
"ခ...ခဏလေး!!" တစ်ဖက်က ဘောက်ဆက်ဆက်အသံကြောင့် ဇေရဲမာန် အမြန်တားလိုက်ရသည်။ သူသိပ်ကိုလွမ်းနေပြီလေ။

"ကလေး နေကောင်းအောင်နေနော်....ထမင်းလဲ သိပ်မစားဘူးဆို"
"စားပါတယ်...ဒါနဲ့......"

သံရှည်ဆွဲကာ လပြည့်ဝန်း ဆက်ပြောချက်ပင်မဲ့ ပြောမထွက်ပြန်။
"ပြောလေ ကလေး"
"ဘယ်...ဘယ်တော့ပြန်လာမှာလဲလို့"

ခုသူ့ကလေးက လွမ်းနေတာပဲ.....
"ကိုယ်အမြန်ပြီးအောင်လုပ်မယ်နော်...သိပ်မကြာတော့ပါဘူး။ ကိုယ် ကလေးဆီအရောက်ပြန်လာမှာပါ။ ကိုယ့်ကိုလွမ်းလား"
". ....."
တစ်ဖက်က တိတ်ဆိတ်သွားပြန်သည်။

လပြည့်ဝန်း ဘယ်လိုဖြေရပါ့မလဲ..... သူလွမ်းနေတာ သူအသိဆုံး။ သူစိတ်ကောက်နေတာတောင် ကြာကြာမကောက်နိုင်ဖြစ်နေတာ အဲ့ဒီကိုကိုဆိုတဲ့သူကို ချစ်မိနေလို့.....

"အင်း"
"ဘာ...အင်းလဲ။ ကိုယ့်ကိုလွမ်းနေလားလို့"

"ကိုကို့ကို လွမ်းတယ် ဒါကြောင့် မြန်မြန် ပြန်လာခဲ့ ဒါပဲ"
ရတိပြတ်ဖုန်းကိုချပြစ်လိုက်ပင်မဲ့ နှစ်ယောက်လုံး စိတ်မဆိုးမိ။ ဇေရဲမာန် မှာ သူ့ကလေး သူ့ကိုလွမ်းနေတယ်ဆိုတဲ့ စိတ်ကြောင့် ကျေနပ်ပီတိက ဂွမ်းဆီထိနေလေရဲ့ မျက်နှာကြီးမှာလဲ ပြုံးဖြီးလို့။

တစ်ဖက်က လပြည့်ဝန်းမှာလဲ ခုန်နေသော နှလုံးသားအစုံကို သူကိုယ်တိုင်ညာမရပြန်...ရင်ဖက်လေးကိုဖိကာ ကုတင်ပေါ်တွင် ဟိုလှိမ့်ဒီလှိမ့်ဖြင့်။

အစကဖုန်းမကိုင်ဖို့ ဆုံးဖြတ်ထားပင်မဲ့ သူ့လက်တွေက သူ့စကားကိုနားမထောင်သလို သူ့နှလုံးသားကလဲ သူ့ဦးနှောက်ကို လျစ်လျူရှုထားလေရဲ့။
_________________

"ဘဲကြီး...ဒါက ဘယ်ခေါ်သွားနေတာလဲ"
ကားပေါ်တွင် သူ့အားစကားအဖက်ပင်မလုပ် မောင်းမြဲမောင်းနေသူကြောင့် Jelly စိတ်ဆိုးချင်လာပြီ....

"ဘဲကြီးးးးလို့"
"ရောက်ရင်သိလိမ့်မယ်"

မနက်ကလဲ အိမ်ကို မပြောမဆိုနဲ့ ရောက်ချလာတယ်။ ပြီးတော့ သူ့ကိုကားနဲ့လာခေါ်တယ် ဘယ်သွားပြန်လဲ မသိရသေး....

ခဏအကြာအိမ်တစ်ခုရှေ့ရပ်လိုက်တော့....
"ဟင်...ဒါ လပြည့်ဝန်း အိမ်ပဲ"
ခြံစောင့်က ခြံတံခါးလာဖွင့်ပေးတော့ ကားကို စင်ဝင်အောက်ရှေ့မောင်းသွားလိုက်သည်။

အိမ်ထဲက လူတစ်ယောက်ထွက်လာကာ....
"သားတို့ရောက်ပြီလား.....လာကြ"
"ဦးလေး??"

Jelly အံ့သြရင်း အံ့သြရပြန်သည်။ ဒါက လပြည့်ဝန်း အဖေမှတ်လား....ဘဲကြီးကဘာလို့ ဒီကို.....

"လာလေ ဆင်း" ဥက္ကာ ဖွင့်ပေးတဲ့အတိုင်းဆင်းကာ ဧည့်ခန်းထဲတွင် နေရာယူသည့်တိုင် Jelly နားမလည်သေး..

ဥက္ကာနားကို တိုးကပ်ကာ...
"ဘဲကြီး...ဘာတွေလုပ်နေတာလဲ"
"ခဏနေရင် သိလိမ့်မယ်"

"ကဲ..... ထမင်းအရင်စားကြမလား..."
"နေပါစေ အဖေ မစားသေးပါဘူး။ အရင်ဆုံး မိတ်ဆက်ပေးချင်လို့"

ဦးမင်းဟိန်းမှာ Jellyကိုကြည့်ကာ ပြုံးမိသည်။

"ချာတိတ်...ဒါက ငါ့အဖေ ဦးမင်းဟိန်း...အဖေဒါက ကျွန်တော့်ချစ်သူ Jellyတဲ့"
"အေးကွယ်...တွေ့ရတာ ဝမ်းသာပါတယ်"

"ဟမ်!!!ခ..ခဏလေး...ကျွန်..တော့်ကို ရှင်းပြကြပါဦး"
Jelly ခုထိ နားမလည်နိုင်သေး။ သူသိတာ ဒါက လပြည့်ဝန်း အဖေလေ...ပြီးတော့ လပြည့်ဝန်း က တစ်ဦးတည်းသော သားလေ....ခုဟာက ဘဲကြီးအဖေတဲ့.... ထားဦးပြီးတော့ သူက ဘဲကြီးရဲ့ ချစ်သူတဲ့

"ချာတိတ်ရှုပ်သွားပြီထင်တယ်။ ခုတော့ အဲ့လိုပဲ သိထားပေး နောက်တော့ အားလုံးရှင်းသွားလိမ့်မယ်"
"ဒါဆို ကျွန်တော်က ဘဲကြီး ချစ်သူဆိုတာကကော"

လူပျိုကြီး ဥက္ကာမှာ ခုတော့ ချောင်းတဟန့်ဟန့်နှင့် ရှေ့က ဦးမင်းဟိန်းမှာ မနေနိုင်ဘဲ...
"အဲ့တာသာ ကြည့်တော့ သားငယ်ရေ....သူ့bossနဲ့ သူက တစ်ပုံထဲ မပြောလိုက်ချင်ဘူး။ ကဲ..စကားပြောနှင့်ကြ...အဖေအခန်းထဲ ရှောင်ပေးဦးမယ်ကွာ"

ဦးမင်းဟိန်း စကားကြောင့် Jellyမျက်နှာလေး ရဲတတ်သွားသည်။

"ပြောဦး!!!" လက်မောင်းကိုထုကာ မေးလိုက်တော့
"အ့....ဖြည်းဖြည်း ချာတိတ်...ငါရှင်းပါ့မယ်"

"ပြောဒါဆို!!"
"ချာတိတ်က ငါ့ကို မချစ်ဖူးလား"

ဒည့်ကြီးဖြစ်သွားတာကြောင့် Jellyမှာ ရှက်ရှက်နှင့်
"ချစ်တယ်လေ"
"အဟမ်း ငါလဲချစ်တယ် ပြီးပြီပေါ့"

"ဟ..မ်...မ...မဟုတ်သေးဘူးလေ"
"မဟုတ်လဲနေပါစေ ခုဟုတ်ပြီ...မွ"

Jellyမှာ ကိုယ့်ကိုယ်ကို လက်ရဲလှပြီမှတ်တယ်....ဘဲကြီးကြောင့် သူမှာ ခံစားမှုတွေတစ်ခုပြီးတစ်ခု ဖြစ်နေရသေး။ ခုလဲ ပါးကိုနမ်းခံလိုက်ရတာကြောင့် အံ့သြရသေး

"လူလည်ကြီး"
"ချာတိတ်ကို ချစ်တာကိုးးးး"
__________________

"ကလေး......ကလေးရေ!!!" အိမ်ထဲသို့ တကြော်ကြော်နဲ့ အော်ပြီး ဝင်သွားတဲ့ Bossကိုကြည့်ရင်း ဥက္ကာပြုံးမိသည်။ သူလဲ အချစ်ကိုတွေ့နေပြီမို့ Bossခံစားချက်ကို သူကောင်းကောင်းနားလည်လေသည်။

အော်ခေါ်နေသော်လဲ ထူးသူမဲ့နေတာကြောင့် အိမ်အကူကောင်မလေးတစ်ယောက်မှ အမြန်ထွက်လာပြီး
"ကိုလေးက စာကြည့်ခန်းထဲ ဝင်သွားပါတယ်....ဟို..."

တွန့်ဆုတ်နေသော ကောင်မလေးကြောင့် ဇေရဲမာန် စိတ်မရှည်တော့ဘဲ...
"ပြောလေ!"

"ကျွန်မတို့တားပါတယ်။ ကိုလေးက Bossစားပွဲကို ကိုယ်တိုင်ရှင်းချင်တယ်ဆိုပြီး ပြောလို့ပါ"
"ကျစ်...ကလေးကတော့ကွာ နားနားနေနေ မနေဘူး။ ဥက္ကာ ပေး"

ဥက္ကာဆီက ပန်းစည်းကို လက်လွှဲယူလိုက်သည်။ အပြာနုရောင်နှင်းဆီပန်းအတုလေးတွေ ဝန်းရံထားပြီး အလည်တွင် ဝက်ဝံရုပ်လေးတွေက ပန်းစည်းကို ပိုလို့ပင် လှတောင် ထောက်ပံ့ပေးနေလေသည်။

ပန်းစည်းကိုကိုင်ကာ စာဖတ်ခန်းသို့~~~~
တံခါးကိုဖွင့်ကာ အထဲကို ကြည့်လိုက်တော့ မိမိအား ကျောပေးကာ ရပ်နေသော ကျောပြင်လေး....
"ကလေးးး...."

တုန်သွားသော ကျောပြင်လေးက မကြာမီ ဇေရဲမာန် ရှိရာဘက်သို့ လှည့်ကြည့်လာသည်။

ဖော်မပြတတ်သော မျက်နှာထားမျိုးကြောင့် ဇေရဲမာန် ထိန့်လန့်သွားမိသည်။
"ကလေး...ဘာဖြစ်လို့"

လပြည့်ဝန်း ဆီအပြေးတစ်ပိုင်းသွားလိုက်တော့ တုန်ရင်နေသော လက်ကလေးနဲ့ကိုင်ထားသော စာရွက်ဆီသို့ အကြည့်ရောက်သွားမိသည်။

"ပေးကလေး!!" လက်ထဲက စာရွက်အား ဇေရဲမာန် အလျင်အမြန်လုလိုက်ပင်မဲ့ အချိန်တွေအားလုံးက နောက်ကျကုန်ပြီ................................

"အဲ့စာချုပ်က ဘာသဘောလဲ ကျွန်တော်.....ထင်တာ မမှားဘူး မှတ်လား....ဟင်.....ပြေ​ာလေ...မဟုတ်ဘူး...ထင်တာမဟုတ်ဘူး....မြင်တာ မြင်တာ.....ကျွန်တော်မြင်တာ မမှားဘူးမှတ်လားလို့!!"

ခုမှခုန်ဆင်းလာသော မျက်ရည်ပေါက်များ ထိန်းထားတဲ့ကြားက ကျလာခဲ့လေပြီ....တုန်ရင်နေသော အသံကို ထိန်းသော်လဲ ဘယ်လိုမှထိန်းလို့မရခဲ့.....

"ကလေး....ကိုယ်ပြောတာ အရင် နားထောင်ပေးဦးနော်"
လက်ထဲက ပန်းစည်းလဲ ဘယ်ရောက်သွားမှန်းမသိတော့တုန်ရင်နေသော ကလေးကိုယ်ကို ထိဖို့ကြိုးစားပင်မဲ့ ကလေးက အထိမခံဘဲ နောက်ဆုတ်သွားသည်။

"မထိနဲ့!! ကျွန်တော်မေးတာ အရင်ဖြေ....ဒီစာချုပ်ကို ရှင်းပြ!!!"
"Okok. ......ကိုယ်ရှင်းပြမယ်။ စိတ်အေးအေးထားနော်။ ဥက္ကာ!!!"

အပြင်က ဥက္ကာမှာ ခေါ်သံကြောင့် အမြန်ပြေးဝင်လာတော့ သူမထင်မှတ်ထားသော မြင်ကွင်းကိုတွေ့လိုက်ရသည်။
"Boss"
"ဦးလေးကို ဖုန်းဆက်ပြီး ခေါ်လိုက်တော့"
Bossမျက်နှာမှာ အလျင်လိုနေတာကြောင့် ဥက္ကာလဲ ထက်မမေးတော့ဘဲ အဖေ့ဆီ ဖုန်းဆက်ခေါ်ရတော့သည်။

ဘာတွေလဲ....လပြည့်ဝန်း တကယ်ရှုပ်သွားပြီ နားမလည်နိုင်ဘူး.....
________________

1.9.2021
Khine Lay

ဒါကို ပြဿနာ လို့ မခေါ်ပါဘူး...အဖေအရင်းကိစ္စရှင်းပေးမို့ပါ😁😁😁😁

Zaw

ေဇရဲမာန္ မွာ သူ႕ကေလးအေျခအေနကို ဥကၠာမွတစ္ဆင့္ သိရေသာ္လဲ သူဖုန္းဆက္ၿပီး ကေလးအသံေလးကို ၾကားခ်င္မိတယ္။ ဒါေၾကာင့္ ေန႕လယ္ထမင္းစားခ်ိန္ကိုေ႐ြးၿပီး ကေလးကို ဖုန္းေခၚမိျပန္သည္။

သူ႕ဘက္မွာ ညေနေစာင္းေနပင္မဲ့ ကေလးရွိရာ ျမန္မာျပည္ကေတာ့ ေန႕လယ္ပင္။

ျမည္ေနေသာဖုန္းအသံက ႏွလုံးခုန္သံနီးပါး ထပ္တူက်ေနပင္မဲ့ အျခားတစ္ဖက္မွာေတာ့ ကိုင္သူမဲ့....

ပထမအႀကိမ္မရတာေၾကာင့္ ဒုတိယအႀကိမ္ထက္ႀကိဳးစားၾကည့္ေတာ့ တစ္ဖက္မွ သူသိပ္ကို လြမ္းဆြတ္ေနေသာ အသံပိုင္ရွင္....

"ဟယ္လို"
". ......." ေဇရဲမာန္ မွာ သူ႕ဖုန္းကို မကိုင္ေလာက္ဖူးဟု ေတြးထားတာေၾကာင့္ ခုလိုတစ္ဖက္ကအသံျပန္ၾကားေတာ့ သူဆြံ႕အသြားသည့္အလား....

"ဟယ္ဟို.....မေျပာရင္ ကြၽန္ေတာ္ဖုန္းခ်ေတာ့မယ္"
"ခ...ခဏေလး!!" တစ္ဖက္က ေဘာက္ဆက္ဆက္အသံေၾကာင့္ ေဇရဲမာန္ အျမန္တားလိုက္ရသည္။ သူသိပ္ကိုလြမ္းေနၿပီေလ။

"ကေလး ေနေကာင္းေအာင္ေနေနာ္....ထမင္းလဲ သိပ္မစားဘူးဆို"
"စားပါတယ္...ဒါနဲ႕......"

သံရွည္ဆြဲကာ လျပည့္ဝန္း ဆက္ေျပာခ်က္ပင္မဲ့ ေျပာမထြက္ျပန္။
"ေျပာေလ ကေလး"
"ဘယ္...ဘယ္ေတာ့ျပန္လာမွာလဲလို႔"

ခုသူ႕ကေလးက လြမ္းေနတာပဲ.....
"ကိုယ္အျမန္ၿပီးေအာင္လုပ္မယ္ေနာ္...သိပ္မၾကာေတာ့ပါဘူး။ ကိုယ္ ကေလးဆီအေရာက္ျပန္လာမွာပါ။ ကိုယ့္ကိုလြမ္းလား"
". ....."
တစ္ဖက္က တိတ္ဆိတ္သြားျပန္သည္။

လျပည့္ဝန္း ဘယ္လိုေျဖရပါ့မလဲ..... သူလြမ္းေနတာ သူအသိဆုံး။ သူစိတ္ေကာက္ေနတာေတာင္ ၾကာၾကာမေကာက္နိုင္ျဖစ္ေနတာ အဲ့ဒီကိုကိုဆိုတဲ့သူကို ခ်စ္မိေနလို႔.....

"အင္း"
"ဘာ...အင္းလဲ။ ကိုယ့္ကိုလြမ္းေနလားလို႔"

"ကိုကို႔ကို လြမ္းတယ္ ဒါေၾကာင့္ ျမန္ျမန္ ျပန္လာခဲ့ ဒါပဲ"
ရတိျပတ္ဖုန္းကိုခ်ျပစ္လိုက္ပင္မဲ့ ႏွစ္ေယာက္လုံး စိတ္မဆိုးမိ။ ေဇရဲမာန္ မွာ သူ႕ကေလး သူ႕ကိုလြမ္းေနတယ္ဆိုတဲ့ စိတ္ေၾကာင့္ ေက်နပ္ပီတိက ဂြမ္းဆီထိေနေလရဲ႕ မ်က္ႏွာႀကီးမွာလဲ ၿပဳံးၿဖီးလို႔။

တစ္ဖက္က လျပည့္ဝန္းမွာလဲ ခုန္ေနေသာ ႏွလုံးသားအစုံကို သူကိုယ္တိုင္ညာမရျပန္...ရင္ဖက္ေလးကိုဖိကာ ကုတင္ေပၚတြင္ ဟိုလွိမ့္ဒီလွိမ့္ျဖင့္။

အစကဖုန္းမကိုင္ဖို႔ ဆုံးျဖတ္ထားပင္မဲ့ သူ႕လက္ေတြက သူ႕စကားကိုနားမေထာင္သလို သူ႕ႏွလုံးသားကလဲ သူ႕ဦးႏွောက္ကို လ်စ္လ်ဴရႈထားေလရဲ႕။
_________________

"ဘဲႀကီး...ဒါက ဘယ္ေခၚသြားေနတာလဲ"
ကားေပၚတြင္ သူ႕အားစကားအဖက္ပင္မလုပ္ ေမာင္းၿမဲေမာင္းေနသူေၾကာင့္ Jelly စိတ္ဆိုးခ်င္လာၿပီ....

"ဘဲႀကီးးးးလို႔"
"ေရာက္ရင္သိလိမ့္မယ္"

မနက္ကလဲ အိမ္ကို မေျပာမဆိုနဲ႕ ေရာက္ခ်လာတယ္။ ၿပီးေတာ့ သူ႕ကိုကားနဲ႕လာေခၚတယ္ ဘယ္သြားျပန္လဲ မသိရေသး....

ခဏအၾကာအိမ္တစ္ခုေရွ႕ရပ္လိုက္ေတာ့....
"ဟင္...ဒါ လျပည့္ဝန္း အိမ္ပဲ"
ၿခံေစာင့္က ၿခံတံခါးလာဖြင့္ေပးေတာ့ ကားကို စင္ဝင္ေအာက္ေရွ႕ေမာင္းသြားလိုက္သည္။

အိမ္ထဲက လူတစ္ေယာက္ထြက္လာကာ....
"သားတို႔ေရာက္ၿပီလား.....လာၾက"
"ဦးေလး??"

Jelly အံ့ၾသရင္း အံ့ၾသရျပန္သည္။ ဒါက လျပည့္ဝန္း အေဖမွတ္လား....ဘဲႀကီးကဘာလို႔ ဒီကို.....

"လာေလ ဆင္း" ဥကၠာ ဖြင့္ေပးတဲ့အတိုင္းဆင္းကာ ဧည့္ခန္းထဲတြင္ ေနရာယူသည့္တိုင္ Jelly နားမလည္ေသး..

ဥကၠာနားကို တိုးကပ္ကာ...
"ဘဲႀကီး...ဘာေတြလုပ္ေနတာလဲ"
"ခဏေနရင္ သိလိမ့္မယ္"

"ကဲ..... ထမင္းအရင္စားၾကမလား..."
"ေနပါေစ အေဖ မစားေသးပါဘူး။ အရင္ဆုံး မိတ္ဆက္ေပးခ်င္လို႔"

ဦးမင္းဟိန္းမွာ Jellyကိုၾကည့္ကာ ၿပဳံးမိသည္။

"ခ်ာတိတ္...ဒါက ငါ့အေဖ ဦးမင္းဟိန္း...အေဖဒါက ကြၽန္ေတာ့္ခ်စ္သူ Jellyတဲ့"
"ေအးကြယ္...ေတြ႕ရတာ ဝမ္းသာပါတယ္"

"ဟမ္!!!ခ..ခဏေလး...ကြၽန္..ေတာ့္ကို ရွင္းျပၾကပါဦး"
Jelly ခုထိ နားမလည္နိုင္ေသး။ သူသိတာ ဒါက လျပည့္ဝန္း အေဖေလ...ၿပီးေတာ့ လျပည့္ဝန္း က တစ္ဦးတည္းေသာ သားေလ....ခုဟာက ဘဲႀကီးအေဖတဲ့.... ထားဦးၿပီးေတာ့ သူက ဘဲႀကီးရဲ႕ ခ်စ္သူတဲ့

"ခ်ာတိတ္ရႈပ္သြားၿပီထင္တယ္။ ခုေတာ့ အဲ့လိုပဲ သိထားေပး ေနာက္ေတာ့ အားလုံးရွင္းသြားလိမ့္မယ္"
"ဒါဆို ကြၽန္ေတာ္က ဘဲႀကီး ခ်စ္သူဆိုတာကေကာ"

လူပ်ိဳႀကီး ဥကၠာမွာ ခုေတာ့ ေခ်ာင္းတဟန့္ဟန့္ႏွင့္ ေရွ႕က ဦးမင္းဟိန္းမွာ မေနနိုင္ဘဲ...
"အဲ့တာသာ ၾကည့္ေတာ့ သားငယ္ေရ....သူ႕bossနဲ႕ သူက တစ္ပုံထဲ မေျပာလိုက္ခ်င္ဘူး။ ကဲ..စကားေျပာႏွင့္ၾက...အေဖအခန္းထဲ ေရွာင္ေပးဦးမယ္ကြာ"

ဦးမင္းဟိန္း စကားေၾကာင့္ Jellyမ်က္ႏွာေလး ရဲတတ္သြားသည္။

"ေျပာဦး!!!" လက္ေမာင္းကိုထုကာ ေမးလိုက္ေတာ့
"အ့....ျဖည္းျဖည္း ခ်ာတိတ္...ငါရွင္းပါ့မယ္"

"ေျပာဒါဆို!!"
"ခ်ာတိတ္က ငါ့ကို မခ်စ္ဖူးလား"

ဒည့္ႀကီးျဖစ္သြားတာေၾကာင့္ Jellyမွာ ရွက္ရွက္ႏွင့္
"ခ်စ္တယ္ေလ"
"အဟမ္း ငါလဲခ်စ္တယ္ ၿပီးၿပီေပါ့"

"ဟ..မ္...မ...မဟုတ္ေသးဘူးေလ"
"မဟုတ္လဲေနပါေစ ခုဟုတ္ၿပီ...မြ"

Jellyမွာ ကိုယ့္ကိုယ္ကို လက္ရဲလွၿပီမွတ္တယ္....ဘဲႀကီးေၾကာင့္ သူမွာ ခံစားမႈေတြတစ္ခုၿပီးတစ္ခု ျဖစ္ေနရေသး။ ခုလဲ ပါးကိုနမ္းခံလိုက္ရတာေၾကာင့္ အံ့ၾသရေသး

"လူလည္ႀကီး"
"ခ်ာတိတ္ကို ခ်စ္တာကိုးးးး"
__________________

"ကေလး......ကေလးေရ!!!" အိမ္ထဲသို႔ တေၾကာ္ေၾကာ္နဲ႕ ေအာ္ၿပီး ဝင္သြားတဲ့ Bossကိုၾကည့္ရင္း ဥကၠာၿပဳံးမိသည္။ သူလဲ အခ်စ္ကိုေတြ႕ေနၿပီမို႔ Bossခံစားခ်က္ကို သူေကာင္းေကာင္းနားလည္ေလသည္။

ေအာ္ေခၚေနေသာ္လဲ ထူးသူမဲ့ေနတာေၾကာင့္ အိမ္အကူေကာင္မေလးတစ္ေယာက္မွ အျမန္ထြက္လာၿပီး
"ကိုေလးက စာၾကည့္ခန္းထဲ ဝင္သြားပါတယ္....ဟို..."

တြန့္ဆုတ္ေနေသာ ေကာင္မေလးေၾကာင့္ ေဇရဲမာန္ စိတ္မရွည္ေတာ့ဘဲ...
"ေျပာေလ!"

"ကြၽန္မတို႔တားပါတယ္။ ကိုေလးက Bossစားပြဲကို ကိုယ္တိုင္ရွင္းခ်င္တယ္ဆိုၿပီး ေျပာလို႔ပါ"
"က်စ္...ကေလးကေတာ့ကြာ နားနားေနေန မေနဘူး။ ဥကၠာ ေပး"

ဥကၠာဆီက ပန္းစည္းကို လက္လႊဲယူလိုက္သည္။ အျပာႏုေရာင္ႏွင္းဆီပန္းအတုေလးေတြ ဝန္းရံထားၿပီး အလည္တြင္ ဝက္ဝံ႐ုပ္ေလးေတြက ပန္းစည္းကို ပိုလို႔ပင္ လွေတာင္ ေထာက္ပံ့ေပးေနေလသည္။

ပန္းစည္းကိုကိုင္ကာ စာဖတ္ခန္းသို႔~~~~
တံခါးကိုဖြင့္ကာ အထဲကို ၾကည့္လိုက္ေတာ့ မိမိအား ေက်ာေပးကာ ရပ္ေနေသာ ေက်ာျပင္ေလး....
"ကေလးးး...."

တုန္သြားေသာ ေက်ာျပင္ေလးက မၾကာမီ ေဇရဲမာန္ ရွိရာဘက္သို႔ လွည့္ၾကည့္လာသည္။

ေဖာ္မျပတတ္ေသာ မ်က္ႏွာထားမ်ိဳးေၾကာင့္ ေဇရဲမာန္ ထိန့္လန့္သြားမိသည္။
"ကေလး...ဘာျဖစ္လို႔"

လျပည့္ဝန္း ဆီအေျပးတစ္ပိုင္းသြားလိုက္ေတာ့ တုန္ရင္ေနေသာ လက္ကေလးနဲ႕ကိုင္ထားေသာ စာ႐ြက္ဆီသို႔ အၾကည့္ေရာက္သြားမိသည္။

"ေပးကေလး!!" လက္ထဲက စာ႐ြက္အား ေဇရဲမာန္ အလ်င္အျမန္လုလိုက္ပင္မဲ့ အခ်ိန္ေတြအားလုံးက ေနာက္က်ကဳန္ၿပီ................................

"အဲ့စာခ်ဳပ္က ဘာသေဘာလဲ ကြၽန္ေတာ္.....ထင္တာ မမွားဘူး မွတ္လား....ဟင္.....ေျပ​ာေလ...မဟုတ္ဘူး...ထင္တာမဟုတ္ဘူး....ျမင္တာ ျမင္တာ.....ကြၽန္ေတာ္ျမင္တာ မမွားဘူးမွတ္လားလို႔!!"

ခုမွခုန္ဆင္းလာေသာ မ်က္ရည္ေပါက္မ်ား ထိန္းထားတဲ့ၾကားက က်လာခဲ့ေလၿပီ....တုန္ရင္ေနေသာ အသံကို ထိန္းေသာ္လဲ ဘယ္လိုမွထိန္းလို႔မရခဲ့.....

"ကေလး....ကိုယ္ေျပာတာ အရင္ နားေထာင္ေပးဦးေနာ္"
လက္ထဲက ပန္းစည္းလဲ ဘယ္ေရာက္သြားမွန္းမသိေတာ့တုန္ရင္ေနေသာ ကေလးကိုယ္ကို ထိဖို႔ႀကိဳးစားပင္မဲ့ ကေလးက အထိမခံဘဲ ေနာက္ဆုတ္သြားသည္။

"မထိနဲ႕!! ကြၽန္ေတာ္ေမးတာ အရင္ေျဖ....ဒီစာခ်ဳပ္ကို ရွင္းျပ!!!"
"Okok. ......ကိုယ္ရွင္းျပမယ္။ စိတ္ေအးေအးထားေနာ္။ ဥကၠာ!!!"

အျပင္က ဥကၠာမွာ ေခၚသံေၾကာင့္ အျမန္ေျပးဝင္လာေတာ့ သူမထင္မွတ္ထားေသာ ျမင္ကြင္းကိုေတြ႕လိုက္ရသည္။
"Boss"
"ဦးေလးကို ဖုန္းဆက္ၿပီး ေခၚလိုက္ေတာ့"
Bossမ်က္ႏွာမွာ အလ်င္လိုေနတာေၾကာင့္ ဥကၠာလဲ ထက္မေမးေတာ့ဘဲ အေဖ့ဆီ ဖုန္းဆက္ေခၚရေတာ့သည္။

ဘာေတြလဲ....လျပည့္ဝန္း တကယ္ရႈပ္သြားၿပီ နားမလည္နိုင္ဘူး.....
________________

1.9.2021
Khine Lay

ဒါကို ျပႆနာ လို႔ မေခၚပါဘူး...အေဖအရင္းကိစၥရွင္းေပးမို႔ပါ😁😁😁😁

Продовжити читання

Вам також сподобається

641K 29.1K 42
Needs editing [ the destiny series #1] 𝑻𝒉𝒆 𝒇𝒂𝒕𝒆 𝒑𝒖𝒔𝒉𝒆𝒅 𝒕𝒉𝒆𝒎 𝒂𝒑𝒂𝒓𝒕 𝒃𝒖𝒕 𝒅𝒆𝒔𝒕𝒊𝒏𝒚 𝒂𝒈𝒂𝒊𝒏 𝒑𝒖𝒍𝒍𝒆𝒅 𝒕𝒉𝒆𝒎 𝒕𝒐𝒈...
22.1K 2.1K 27
Zay Group လုပ်ငန်းစုရဲ့ မိသားစုလေးဆီ အလည်ခေါ်သွားကြည့်ပါ့မယ် ✨ Zay Group လုပ္ငန္းစုရဲ႕ မိသားစုေလးဆီ အလည္ေခၚသြားၾကည့္ပါ့မယ္ ✨
445K 24.8K 71
In a world where myth is feared by mortal humans, one species has thrived in secret. Humans call them werewolves. Their world is ruled by DNA: Alph...
446K 17.7K 48
Vikram, a senior officer, prioritizes his duty above all else, much like his father, ACP Rajendra. He has three siblings: one is an officer, and the...