Unicode
ဝေလင်းတစ်ယောက် ရှင်းတို့လက်ထပ်ပွဲတုန်းက ပုံတွေကြည့်ရင်း ငိုင်နေမိသည်။
လုံချင်က အင်္ဂလန်မှာပဲ ရိ၀မ်တို့နဲ့အတူ
လုပ်ငန်းအသစ်စနေသည်မို့ သူ့ကို
ဂရုမစိုက်နိုင်အောင် အလုပ်များနေပုံပင်။
၂ လ။
သူကိုယ့်အပေါ် အေးစက်နေတာ
၂ လတိတိရှိပြီ ......
အလုပ်အကြောင်းပြပြီး အိမ်မှာတစ်ယောက်ထဲ ထားခဲ့တတ်သလို တခါတလေအိပ်ချိန်တွေမှာတောင် အပြင်ထွက်ပြီး ညနက်ထိဖုန်းပြောတတ်လာသည်။
သူ့မျက်နှာ တစ်ကမ္ဘာထင်ပြီး လိုက်လာခဲ့တဲ့
ကိုယ်ဟာ အားငယ်စိတ်တွေ ၀င်လာနေပြီ။
ဒါကို သူကမသိ ....
အခုလည်း ပြန်ရောက်ထဲက ၀တ်ကျေတန်းကျေ အနမ်းတစ်ခုသာပေးပြီး ရေချိုးခန်းထဲ
၀င်သွားလေရဲ့ .....
အတူမနေတာလဲ တစ်လနီးပါးရှိနေပြီ။
ဒီအတောအတွင်း သူဘာတွေလုပ်ပြီး
ဘယ်ခြေလှမ်းတွေ လှမ်းနေတယ်ဆိုတာ
ဝေလင်းမသိ။
သိအောင်လည်း မကြိုးစားချင် .....
နာကျင်ရမှာ တွေးကြောက်နေမိသည်။
ရေချိုးခန်းထဲက ထွက်လာတော့
ရေစက်လက်နဲ့ ဖုန်းပြောနေပြန်သည်။
တံဘက်ကိုင်ကာ ရေသုတ်ပေးဖို့ပြင်တော့
လက်ကာပြပြီး ရယ်ပြုံးကာ အပြင်ထွက်
ပြောနေလေရဲ့ ......
ဝေလင်း စိတ်ထဲတင်းကြပ်လာသည်နှင့်အမျှ
အောက်နှုတ်ခမ်းကိုသာ ဖိကိုက်လိုက်မိသည်။
တစ်နာရီခန့်ပြောပြီးနောက် အခန်းထဲ၀င်လာတော့ ရင်ခွင်ထဲတိုး၀င်လိုက်မိသည်။
" အလုပ်က မိတ်ဆွေတစ်ယောက်ပါ ... "
သူ့အတွေးတွေကို သိနေသည့်အလား
ဖြေရှင်းချက်ပေးလာ၏။
" ကိုယ်အလုပ်ရှိသေးတယ် "
အလုပ်ရှိတယ်ဆိုတော့လည်း
အလိုက်သင့်ပါပဲ ...
သူ့ရင်ခွင်ထဲကနေ ဖယ်ခွာပေးလိုက်သည်။
ကိုယ့်ကိုရှောင်ခွာပြီး Laptopဆီ
သွားနေတဲ့လူကြီး ....
ကိုယ့်မျက်နှာမကောင်းတာကို
လျစ်လျူရှုရက်သည်။
ရင်ဘတ်က ဆစ်ကနဲ ......
အိပ်ယာပေါ် ထိုင်ပြီး Onlineကနေ
ငပိုင့်ကိုသာ ရင်ဖွင့်နေမိသည်။
အားကိုးရတဲ့ သူငယ်ချင်းကြီးက
အခုချက်ချင်းလာခေါ်မယ် တကဲကဲ ....
အခြေအနေကြည့်ပြီး မနက်မှ
အကြောင်းပြန်မယ်လို့ အချိန်ဆွဲထားရသည်။
စကားပြောနေရင်း ဘေးကသူတင်ထားခဲ့သော ဖုန်းကမီးလင်းလာသည်။
မက်ဆေ့လ် ၀င်ခြင်းပင် .....
Silentထားတာမို့ အသံတော့မမြည် .....
အသိပေးဖို့လှမ်းကြည့်လိုက်တော့
Laptopထဲသာ အာရုံရောက်နေသည်မလို့
ကိုယ့်ဘာကိုပဲ ယူကြည့်လိုက်သည်။
မိန်းကလေးတစ်ယောက်ရဲ့ ပုံနဲ့ပို့ထားသည့်စာဖြစ်ပြီး " လာမယ်ဆိုလို့မျှော်နေတာ " ပါတဲ့။
စိတ်ထဲ ထောင်းကနဲဖြစ်သွားရသည်။
" ချင်ကော ... "
" အင်း .... "
ကိုယ်ခေါ်တော့ Laptopကနေ
အကြည့်မလွှဲပဲ ထူးလာ၏။
ဝေလင်းနှုတ်ခမ်းကို ကိုက်ထားလိုက်မိသည်။
" ပြောလေ "
ပြောဆိုသော်ငြားလည်း သူ့အကြည့်က
ကိုယ့်ထံတွင်မရှိ။
အနားသွားကာ Laptopကို ဆွဲယူပစ်တော့
မျက်မှောင်ကြုတ်ကာကြည့်လာသည်။
" ဘာလုပ်တာလဲ လင်း ... "
" ကျနော့ကို ချစ်သေးရဲ့လား ... "
မကျေနပ်ချက်တွေအပြည့်နှင့် ဝေလင်းရင်ထဲ
သောကတွေ ဝေနေသည်။
မယုံကြည်တာမဟုတ်ပေမယ့် ပစ်ခါလိုက်ရင်ဆိုတဲ့ အတွေးက ရူးလောက်သည်။
" ကျနော်က အပျော်သက်သက်လား "
" လင်း !! "
သူ့မျက်၀န်းတွေကိုကြည့်ရင်း မျက်ရည်၀ဲတက်လာသည်။
သူ့အကြည့်တွေက ကိုယ့်ကိုဆိုးလိုက်တာလို့
ပြောနေသယောင် .....
" ပေါက်ကရတွေ မတွေးနဲ့ လင်း .....
ကိုယ့်မှာ မင်းတစ်ယောက်ပဲရှိတာ ...... "
အဆုံးသတ်မှာ ပျော့ခွေရတာကိုယ်ပါပဲ။
သူ့နဲ့ပတ်သက်ရင် ချော့စရာမလိုပဲ
ပျော့သွားတတ်တဲ့ ကိုယ့်ကိုယ်ကိုလည်း
အားမရ .....
ချစ်နေတော့လည်း ခက်သား .....
နည်းနည်းတော့ အစိုင်အခဲတွေ ကျန်နေသေးသည်။
ဒါ့ထက် သူ့ခံစားချက်တွေကို အတည်ပြုချင်တာလည်း ပါမှာပေါ့ ။
" ခင်ဗျား ကျနော့ကို တကယ်မချစ်ပါဘူး .... "
အဖျားခတ်ကာတုန်ယင်သွားတဲ့ စကားတို့က
ဘယ်လောက် ခံစားနေရလဲဆိုတဲ့ သက်သေ။
ဆံပင်တွေကို လက်နဲ့ဆွဲဖွပြီး သက်ပြင်းချတဲ့
သူ့ပုံစံက စိတ်ရှုပ်လိုက်တာဆိုသည့် ပုံစံမျိုး။
နာနာကျင်ကျင် ပြုံးလိုက်မိသည်။
ပါးစပ်က ချစ်တယ်ပြောနေပေမယ့်
အပြုအမူတွေက သက်သေပါပဲ ....
ကိုယ်က အသုံးမ၀င်တော့တဲ့ သူလို .....
ကျနေတဲ့မျက်ရည်တွေကို
အကြမ်းပတမ်းဆွဲသုတ်ပြီး ဖုန်းယူကာ
နံပါတ်တစ်ခုကို ခေါ်ဆိုလိုက်သည်။
* Hello *
" Hello ငပိုင် ငါ့ကိုအခုချက်ချင်းလာခေါ်ပေး
"
" လင်း !!! "
* ok ... ငါလာပြီ *
" လင်း ဘာတွေလုပ်နေတာလဲ "
သူ့ကို ဥပက္ခောပြုပြီး အ၀တ်တွေကို
အိတ်ထဲထည့်နေတော့ ဘေးကနေလက်ကို
ဖမ်းချုပ်လာသည်။
" ဖယ် ... လွှတ် ... ခင်ဗျားနဲ့ မနေဘူး "
" လင်း ဘာဖြစ်နေတာလဲ ...
အဓိပ္ပာယ်မရှိတာတွေ မလုပ်နဲ့ကွာ "
" ဖယ်စမ်းပါ ... ခင်ဗျားနဲ့ နေရတာထက်စာရင်တော့ ခုလို ထွက်သွားတာက အဓိပ္ပာယ်အများကြီးရှိမှာပါ "
" လင်း ကိုယ်ဘာမှားနေလို့လဲကွာ "
" ခင်ဗျားမမှားဘူး .... ခင်ဗျားကို ယုံစားပြီး
လိုက်ခဲ့မိတဲ့ ကျနော်ပဲ မှားတာ ... "
ကလေးပီပီ စိတ်ခံချက်တွေပြင်းနေတဲ့
ဝေလင်းအသံက ဒေါသတွေစွက်နေသည်။
" ကိုယ်တောင်းပန်ပါတယ် .... "
" မတောင်းပန်နဲ့ .... ခင်ဗျား မမှားဘူး ... "
" ကိုယ် လင်းကို ပစ်ထားသလိုဖြစ်သွားတယ် "
သူ့အသံက တည်ငြိမ်မှုအပြည့် .....
ကိုယ်ကသာ ယောက်ယပ်ခပ်နေပေမယ့်
သူကတော့ ဘာမှမဖြစ်သည့်အလား ......
ကလေးဆိုးတစ်ယောက်ကို သေချာ
ဖြောင်းဖျနေသလိုပင် .....
ဟင့်အင်း ... ကိုယ်မှ မဆိုးတာ ....
" ခင်ဗျားက တမင် ပစ်ထားတာ ဟင့် "
ရင်နာစွာဆိုမိတော့ ရှိုက်သံက စွက်သည်။
" ကိုယ်တောင်းပန်ပါတယ် ...
မနက်ဖြန်ကျ လင်း အမြင်တွေရှင်းအောင်
ကိုယ်သက်သေပြပါ့မယ် ... ကိုယ့်ကို ယုံကြည်ပေးပါ "
" ဟင့်အင်း .... "
" ကိုယ့်ကို မချစ်ဘူးလား "
" ...... "
နှုတ်ခမ်းကို ဖိကိုက်ထားမိသည်။
ဟန်ဆောင်ပန်ဆောင်တောင် မချစ်ဘူးလို့
မပြောနိုင် ......
" ကိုယ့်ကို မချစ်တော့ဘူးဆိုလည်း
ကိုယ်ချစ်တာကိုတော့ လက်ခံပေး ....
တစ်သက်လုံး ကိုယ်တစ်ယောက်ထဲ ရုန်းကန်လာရတာ အနားမှာ ဘယ်သူမှ မရှိခဲ့ဘူး .....
အရာရာ အဓိပ္ပယ်မဲ့သလို ခံစားနေရတုန်း
ချစ်ရမယ့် လင်းကို တွေ့ခဲ့တာ ......လင်းသာ ထွက်သွားမယ်ဆို ကိုယ်ရူးရလိမ့်မယ် .... "
" ခင်ဗျား လိမ်တာ .... "
" ကိုယ်တကယ်ပြောတာပါ ... ကိုယ့်မှာ
ဘယ်ဆွေမျိုးရှိတာ ကြားဖူးလို့လဲ ....
ကိုယ်တစ်ယောက်ထဲ ဒီနေရာမှာ
ရပ်နေရတာ လွယ်ကူတယ်ထင်လို့လား "
" ခင်ဗျားကို သဘောကျတဲ့သူတွေ
အများကြီး "
" ကိုယ် သဘောမကျဘူးလေ ... "
" လိမ်တာ ... "
" ကိုယ်သာ သူတို့ကို သဘောကျမယ်ဆိုရင်
လင်းလို ကလေးလေးကို အခုချိန်ထိ
ချစ်နေပါ့မလား .... ကိုယ့်ဘ၀မှာ
ပထမဆုံးအချစ်စစ်နဲ့ ချစ်ပေးခဲ့တာ လင်းပဲ
ရှိတယ် .... ဒါကြောင့် ကိုယ့်ဘ၀တစ်ခုလုံးက
လင်းအပိုင်ပါ ... လင်းမရှိရင် ကိုယ်မရှင်သန်နိုင်တာမို့ ထားမသွားပါနဲ့ ..... "
ဝေလင်း တိတ်ဆိတ်စွာနဲ့ပဲ သူ့ရင်ခွင်ထဲ
တိုး၀င်မိသည်။
ရန်တွေ့ချင်တာတွေ မကျေနပ်တာတွေကလည်း မြူမှုန်တွေလို လွင်ပြယ်သွား၏။
ကိုယ့်မှာ သူတစ်ယောက်ပဲရှိသလို သူ့မှာလည်း ကိုယ်ပဲ ရှိတာမလား .....
အကြာကြီး စိတ်မဆိုးရက်တော့ပါဘူး ......
" ကိုယ်နောက်ကို ဆင်ခြင်ပါ့မယ် ....
ကိုယ့်ကို ထားမသွားပါနဲ့ "
သူ့ပုခုံးပေါ် မျက်နှာအပ်ထားသည့်
လုံချင်စကားတွေက လှိုက်လှဲတုန်ခါနေသည်။
ခန္ဓာကိုယ်ကလည်း တသိမ့်သိမ့်တုန်လို့ .....
သူငိုနေတာလား ?
" ငို ... ငိုနေတာလား "
" ...... "
" မငိုပါနဲ့ ... လင်းက ၀မ်းနည်းလွန်းလို့
လျှောက်ပြောမိတာပါ ...
တကယ် ထားမသွားပါဘူး ....
ချင်ကောမရှိတဲ့ ဘယ်နေရာကိုမှ
မသွားဘူး ... "
" တကယ်လား ... "
" တကယ် ... အတည် ... အဲ့တာကြောင့်
မငိုနဲ့တော့ "
" အင်း ... "
" အဲ့တာဆို နမ်း .... "
လုံချင်က တစ်စက္ကန့်မျှအချိန်မဆွဲပဲ
ဝေလင်းနှုတ်ခမ်းပေါ် ဖိကပ်လာ၏။
အပေါ်နှုတ်ခမ်းကို တတိတိကိုက်ပြီး
အောက်နှုတ်ခမ်းကို အသာလေး ငုံလာသည်။
မထိတွေ့တာကြာပြီဖြစ်တဲ့
နှုတ်ခမ်းသားလေးက ရူးလောက်အောင်
ဆွဲဆောင်မှု အပြည့် .....
အနမ်းတွေကြားမှာ နှစ်ယောက်လုံး
နစ်မြောနေမိသည့် တစ်ခဏ အခန်းထဲ
ထည့်ထားသည့် အချက်ပြဘဲလ်သံတွေ
ဆူညံလာတာကြောင့် နှစ်ယောက်သား
အိမ်အောက်ထပ်ကို ပြေးဆင်းမိကြသည်။
အောက်ရောက်တော့ bodyguardတွေ
ခြံရှေ့ပြေးသွားနေတာ တွေ့ရသည်။
နောက်ကနေ လိုက်သွားကြည့်မိတော့
ခြံတံခါးကို အရှိန်ပြင်းပြင်းနဲ့ ၀င်တိုက်နေသော ကားတစ်စီး .....
အနောက်ခပ်ဝေးဝေးထိ ဆုတ်လိုက်
အရှိန်ပြင်းပြင်းနဲ့ ခြံတံခါးကို ၀င်တိုက်လိုက်
လုပ်နေသည်။
ခြံတံခါးက ခိုင်ခံ့တာမို့ အရာပင်မယွင်း .....
" ဟေ့ ဘယ်သူတဲ့လဲ ...
ဘာကိစ္စတိုက်နေတာလဲ "
ထိုအခါ ခြံစောင့်က တုန်တုန်ရီရီနဲ့ ထွက်လာပြီး
" ကောင်လေးတစ်ယောက်ပါ အကိုလေး ...
ဘယ်သူနဲ့တွေ့ချင်လဲမေးတာကို မဖြေပဲ
တံခါးအတင်းဖွင့်ခိုင်းနေတာ ကျနော်က
မဖွင့်ပေးတော့ မဖွင့်ပေးရင် တံခါးဖျက်၀င်မယ် ဆိုပြီး တိုက်နေတာပါ .... "
လုံချင် ခေါင်းရှုပ်သွားပြီး ခြံတံခါးသော့
ယူကာ ကိုယ်တိုင် သော့ဖွင့်လိုက်သည်။
ထိုအခါ ကားက ခပ်ဝေးဝေးထိဆုတ်ပြီး အရှိန်ပြင်းပြင်းနဲ့ ၀င်လာတာမို့ အမြန်ရှောင်လိုက်ရသည်။
bodyguardတွေလည်း အမြန်ရှောင်ရင်း
လဲသူလဲနဲ့ ကို့ရို့ကားယားဖြစ်သွားလေတော့သည်။
လုံချင် တောက်ခေါက်ကာ ထိုကားနောက်ကို
ခြေလှမ်းကျဲကြီးနဲ့ လိုက်သွားသည်။
ကားထဲက လူကတော့ အိမ်ပေါ်တက်ကာ
အော်ဟစ်နေသည်။
" ဝေလင်း ... ဝေလင်း ... မင်းဘယ်မှာလဲ ...
ငါလာပြီ ... ဝေလင်း "
ရှင်း အပေါ်တက်ပြီး အော်ဟစ်နေသော်လည်း
ဝေလင်းအရိပ်အယောင်မတွေ့ ....
သူ့သူငယ်ချင်းကို လုံချင်အနိုင်ကျင့်ပြီး
ဖွက်ထားသလားဆိုပြီး မျက်ရည်တွေ
ဝဲတက်လာသည်။
" ကျိုးလုံချင် !! ခင်ဗျားကြီး ဘယ်မှာလဲ "
" ဘာလဲ ... ဘာကိစ္စသူများအိမ်လာသောင်းကျန်းနေတာလဲဟမ် ... "
လုံချင်အသံကြားတော့ ရှင်းက
အတင်းပြေးလာသည်
၀င်လုံးမယ့်အနေအထားမို့ bodyguardတွေက ဆွဲထားရ၏။
" ကျုပ်သူငယ်ချင်းဘယ်မှာလဲ ဟမ် ...
ခင်ဗျားသူ့ကို ဖွက်ထားတာမလား ...
ဘယ်မှာလဲ ထုတ်ပေး ... အခုထုတ်ပေး ... "
" ငါက ဘာကိစ္စဖွက်ထားရမှာလဲ "
" အဲ့ဆို ဘယ်မှာလဲ ကျုပ်သူငယ်ချင်း "
" ငပိုင် ငါဒီမှာ ... "
ဝေလင်းက bodyguardတွေကြားကနေ
မ၀ံ့မရဲလေး ထွက်လာ၏။
" ဝေလင်း မင်းဘာမှမဖြစ်ဘူးနော် ...
ငါမင်းကို ခေါ်သွားမယ် သိလား ... ငါမင်းကို
တစ်သက်လုံး တင်ကျွေးထားမယ် "
" နေပါဦး ... ဘာကိစ္စ သူများချစ်သူကို
အတင်းလာခေါ်နေတာလဲ ... မင်းမှာ
တင်ကျွေးရမယ့် မင်းလင်တစ်ယောက်လုံး
ရှိနေတာကို .... "
" ခင်ဗျားကို မပြောဘူး ... ဝေလင်း
ငါနဲ့ လိုက်မယ်မလား ... အနိုင်ကျင့်တဲ့
အဲ့သေခါနီးဆီမှာ မနေနဲ့တော့ ငါအဆင်လေးတွေ ရှာပေးမယ် "
ရှင်းစကားကြောင့် လုံချင်ဒေါပွသွားပြီး
bodyguardတွေကြား ယက်ကန်ယက်ကန်
ဖြစ်နေတဲ့ ရှင်းရဲ့ နဖူးကို လက်မနဲ့ လက်ခလယ်ပူးပြီး အားထည့်တောက်လိုက်တော့သည်။
" အား !!! နာတယ် သေခါနီးကြီးရဲ့ "
အတော်နာတာကြောင့် ရှင်းမျက်ရည်တွေပါ
၀ဲလာသည်။
" နာပေါ့ ... နာအောင်တောက်တာကို "
" ခင်ဗျား ... "
" လင်းကို မေးကြည့်ပါဦး မင်းနဲ့လိုက်မလားလို့ "
ချုပ်ထားခံရတဲ့ ရှင်းရှေ့ကို လုံချင်က
ဝေလင်းပုခုံးလေးဖက်ပြီး ခနဲ့နေ၏။
" ဝေလင်း ငါနဲ့ လိုက်မှာမလား ...
အဲ့လူကြီးက မင်းကို အနိုင်မကျင့်စေရဘူး ...
ငါနဲ့ လိုက်ခဲ့ "
" ငါ ... ငါ မလိုက်တော့ဘူး "
" ဘာ !! "
ရှင်းဒေါသထွက်ပြီး လုံချင်ကို စူးစူးရဲရဲကြည့်ကာ
" ခင်ဗျား ကျုပ်သူငယ်ချင်းကို ဘာတွေနဲ့
အကြပ်ကိုင်ထားတာလဲ ... ပြော
ခင်ဗျား လိုချင်တာပြော .. ကျုပ်ပေးမယ် ...
ကျုပ်သူငယ်ချင်းကိုပြန်ပေး "
" ငပိုင် ... ငါ "
" မင်းမပြောနဲ့ ဒီလူကြီးသက်သက် ယုတ်မာတာ "
" ငါတို့က ... ပြန် ပြန်တည့်သွားပြီ "
" ဘာရယ် "
" ခုနက ငါစိတ်ဆိုးပြီး မင်းကိုလာခေါ်ခိုင်းတာ
အခု စိတ်ပြေပြီ ... မ ... မလိုက်တော့ဘူး "
" ဝေလင်း !! "
ရှင်း တော်တော်ဒေါသထွက်သွားသည်။
စိတ်ထဲထိန်းမရတာကြောင့် လွတ်နေတဲ့
ခြေထောက်တွေနဲ့ လုံချင်ရဲ့ ဂွကြားကို
အားထည့်ကန်ပစ်လိုက်သည်။
" အား .. အစ် .. မင်း .. မင်း .. အား "
" သေ ... သေ "
" ချင်ကော ... ချင်ကော .. ငပိုင် မင်း "
" အဲ့တာဘာဖြစ်နေကြတာလဲ !!! "
ရှင်းကို ရန်တွေ့ခါနီး ရိ၀မ် အသံကြားလိုက်တာကြောင့် ဝေလင်း တွန့်သွား၏။
ရှင်းကလည်း အတင်းရုန်းကန်ပြီး
ရိ၀မ်ရင်ခွင်ထဲ ပြေး၀င်လေတော့သည်။
ခဏအကြာ ....
ဆိုဖာပေါ်တွင် အတွဲနှစ်တွဲမျက်နှာချင်းဆိုင်
ထိုင်ပြီး အကြည့်ချင်း စစ်ခင်းနေကြသည်။
ရိ၀မ်က အရင်စပြီး ...
" ဘယ်လို စဖြစ်ကြတာလဲ "
" ဝေလင်းကလေ အဟင့် .. သူ့ကိုလာခေါ်ပါ
လုံချင်က အင့် ... အနိုင်ကျင့်ပါတယ်ဆိုပြီး
ပြောလို့ ဟင့် .. လာခေါ်တာကို .. ဒီရောက်တော့ တံခါးမဖွင့်ပေးကြဘူး ဟင့် ....
ပြီးတော့ လူကို ချုပ်ပြီး အနိုင်ကျင့်ကြတာ
အီး .. ဟီး .. ဟီး .. နဖူးက အခုထိနာတုန်း "
ရှင်းက နီရဲနေတဲ့ နဖူးကို ပြပြီး အတင်းငိုယိုကာ တိုင်တော့သည်။
ရိ၀မ်ကလည်း သူ့ကလေးနဖူးပေါ်က
အနီရာလေးကို ကြည့်ပြီး အာငွေ့ပေးနေ၏။
ပါးစပ်ကလည်း ...
" ကိုယ့်ကလေးကို အနိုင်ကျင့်တဲ့သူတွေကို
မီးရှို့ပစ်မယ် ...
ရာရာစစ ကိုယ့်ကလေးကိုများ "
မျက်နှာချင်းဆိုင်က လုံချင်မှာ သူ့ဟာလေးသူ လက်နဲ့ အုပ်ကိုင်ပြီး ရှုံ့မဲ့ကာ အကဲပိုနေသော ရှင်းကို အမှုန့်ကြိတ်ချင်နေလျက်ရှိသည်။
ကိုယ်က နဖူးလေးတောက်တာကို
သူက ပန်းသေခါနီးထိ လုပ်ပစ်တာ ....
ဒါကို သူ့လင်ကမမြင်ပဲ ဘာမဟုတ်တဲ့
အနီးရာလေးကို အာငွေ့ပေးနေလေရဲ့ ....
" ရိ၀မ် မင်းဟာလေးခေါ်ပြီး ပြန်ပါတော့ကွာ "
" အံမာ မင်းကလုပ်ချင်တိုင်းလုပ်ပြီးမှ
နှင်တယ်ပေါ့ .. ငါ့ကလေး ဘယ်လောက်
နာသွားလဲ မမြင်ဘူးလား "
" မင်းကလေးက နာရုံတင်နာတာ ...
ငါက ပန်းသေတော့မလို့ကွ "
လုံချင် စိတ်ပေါက်ပေါက်နဲ့
ထအော်ပစ်လိုက်သည်။
" ပြန်မယ် ဟင့် .. နားငြီးတယ် "
" အင်း ကလေးသဘော ... ကလေးသဘော "
" မြန်မြန်ကြွ မင်းတို့မြင်ရင် ငါ့ဒေါသတွေ
ငယ်ထိပ်တက်လွန်းလို့ "
" သွားမှာပါ ... နောက်မှစာရင်းရှင်းမယ် "
လင်လင်နှစ်ယောက် အတိုင်အဖောက်ညီကာ
ချက်ချင်းပဲ ပြန်သွားကြ၏။
သူတို့ပြန်သွားကာမှ လုံချင်လည်း
ဝေလင်း ပုခုံးလေးပေါ် မှီချလိုက်တော့သည်။
" အရမ်းနာနေလား .. ဟင် "
ညင်သာတဲ့ အသံတိုးဖွဖွကြောင့်
အောင့်မျက်နေရာကနေ ငေါက်ကနဲ ....
မစားရတာကြာတော့
နည်းနည်းဉာဏ်များမှရမည်။
" အင်း ... အရမ်းပဲ "
" ဆေးခန်းသွားမလား "
" ရတယ် ခဏနားလိုက်ရင် သက်သာမှာ .. "
" ဟုတ်လို့လား .. "
" အင်း မြန်မြန်သက်သာအောင်
ကလေး ကူညီပေးလေ .... "
" ဘယ်လို ကူညီရမှာလဲ "
" လာ .... ကိုယ်ပြမယ် "
အိပ်ခန်းထဲဆွဲခေါ်သွားသော
လုံချင်နောက်ဝေလင်း
ကြောင်တောင်တောင်နှင့် ပါသွား၏။
ခဏကြာတော့ အခန်းထဲကနေ
ငိုသံရုန်းသံတွေ စီရီကာ
ထွက်ကျလာ လေသည်။
ဉာဏ်များသော လုံချင်ကြောင့် ဝေလင်းမှာ ခြေကုန်လက်ပန်းကျပြီး အိမ်မက်ကမ္ဘာထဲ အလည်ရောက်သွားရတော့သည်။
လုံချင်လည်း အိပ်မောကျသွားသော
ကလေးငယ်ကို ရင်ခွင်ထဲ ထည့်ပြီး စောင်ကို
လွှမ်းခြုံလိုက်တော့သည်။
သနားစရာ အ၀တ်တွေကတော့
စုတ်ပြဲကာ အခန်းထဲ
ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေလျက် ......
-------------------
( ဝေလင်းတို့မပါလို့ စိတ်မကောင်းဖြစ်နေကြတယ်ဆိုလို့ သီးသန့်ရေးပေးလိုက်ပါတယ်။
ပျော်ကြပါစေနော် ❤️❤️ )
Zawgyi
ေဝလင္းတစ္ေယာက္ ႐ွင္းတို႔လက္ထပ္ပြဲတုန္းက ပုံေတြၾကည့္ရင္း ငိုင္ေနမိသည္။
လုံခ်င္က အဂၤလန္မွာပဲ ရိ၀မ္တို႔နဲ႔အတူ
လုပ္ငန္းအသစ္စေနသည္မို႔ သူ႕ကို
ဂရုမစိုက်နိုင်အောင် အလုပ္မ်ားေနပုံပင္။
၂ လ။
သူကိုယ့္အေပၚ ေအးစက္ေနတာ
၂ လတိတိ႐ွိၿပီ ......
အလုပ္အေၾကာင္းျပၿပီး အိမ္မွာတစ္ေယာက္ထဲ ထားခဲ့တတ္သလို တခါတေလအိပ္ခ်ိန္ေတြမွာေတာင္ အျပင္ထြက္ၿပီး ညနက္ထိဖုန္းေျပာတတ္လာသည္။
သူ႕မ်က္ႏွာ တစ္ကမ႓ာထင္ၿပီး လိုက္လာခဲ့တဲ့
ကိုယ္ဟာ အားငယ္စိတ္ေတြ ၀င္လာေနၿပီ။
ဒါကို သူကမသိ ....
အခုလည္း ျပန္ေရာက္ထဲက ၀တ္ေက်တန္းေက် အနမ္းတစ္ခုသာေပးၿပီး ေရခ်ိဳးခန္းထဲ
၀င္သြားေလရဲ႕ .....
အတူမေနတာလဲ တစ္လနီးပါး႐ွိေနၿပီ။
ဒီအေတာအတြင္း သူဘာေတြလုပ္ၿပီး
ဘယ္ေျခလွမ္းေတြ လွမ္းေနတယ္ဆိုတာ
ေဝလင္းမသိ။
သိေအာင္လည္း မႀကိဳးစားခ်င္ .....
နာက်င္ရမွာ ေတြးေၾကာက္ေနမိသည္။
ေရခ်ိဳးခန္းထဲက ထြက္လာေတာ့
ေရစက္လက္နဲ႔ ဖုန္းေျပာေနျပန္သည္။
တံဘက္ကိုင္ကာ ေရသုတ္ေပးဖို႔ျပင္ေတာ့
လက္ကာျပၿပီး ရယ္ျပဳံးကာ အျပင္ထြက္
ေျပာေနေလရဲ႕ ......
ေဝလင္း စိတ္ထဲတင္းၾကပ္လာသည္ႏွင့္အမွ်
ေအာက္ႏႈတ္ခမ္းကိုသာ ဖိကိုက္လိုက္မိသည္။
တစ္နာရီခန္႔ေျပာၿပီးေနာက္ အခန္းထဲ၀င္လာေတာ့ ရင္ခြင္ထဲတိုး၀င္လိုက္မိသည္။
" အလုပ္က မိတ္ေဆြတစ္ေယာက္ပါ ... "
သူ႕အေတြးေတြကို သိေနသည့္အလား
ေျဖ႐ွင္းခ်က္ေပးလာ၏။
" ကိုယ္အလုပ္႐ွိေသးတယ္ "
အလုပ္႐ွိတယ္ဆိုေတာ့လည္း
အလိုက္သင့္ပါပဲ ...
သူ႕ရင္ခြင္ထဲကေန ဖယ္ခြာေပးလိုက္သည္။
ကိုယ့္ကိုေ႐ွာင္ခြာၿပီး Laptopဆီ
သြားေနတဲ့လူႀကီး ....
ကိုယ့္မ်က္ႏွာမေကာင္းတာကို
လ်စ္လ်ဴ႐ႈရက္သည္။
ရင္ဘတ္က ဆစ္ကနဲ ......
အိပ္ယာေပၚ ထိုင္ၿပီး Onlineကေန
ငပိုင့္ကိုသာ ရင္ဖြင့္ေနမိသည္။
အားကိုးရတဲ့ သူငယ္ခ်င္းႀကီးက
အခုခ်က္ခ်င္းလာေခၚမယ္ တကဲကဲ ....
အေျခအေနၾကည့္ၿပီး မနက္မွ
အေၾကာင္းျပန္မယ္လို႔ အခ်ိန္ဆြဲထားရသည္။
စကားေျပာေနရင္း ေဘးကသူတင္ထားခဲ့ေသာ ဖုန္းကမီးလင္းလာသည္။
မက္ေဆ့လ္ ၀င္ျခင္းပင္ .....
Silentထားတာမို႔ အသံေတာ့မျမည္ .....
အသိေပးဖို႔လွမ္းၾကည့္လိုက္ေတာ့
Laptopထဲသာ အာ႐ုံေရာက္ေနသည္မလို႔
ကိုယ့္ဘာကိုပဲ ယူၾကည့္လိုက္သည္။
မိန္းကေလးတစ္ေယာက္ရဲ႕ ပုံနဲ႔ပို႔ထားသည့္စာျဖစ္ၿပီး " လာမယ္ဆိုလို႔ေမွ်ာ္ေနတာ " ပါတဲ့။
စိတ္ထဲ ေထာင္းကနဲျဖစ္သြားရသည္။
" ခ်င္ေကာ ... "
" အင္း .... "
ကိုယ္ေခၚေတာ့ Laptopကေန
အၾကည့္မလႊဲပဲ ထူးလာ၏။
ေဝလင္းႏႈတ္ခမ္းကို ကိုက္ထားလိုက္မိသည္။
" ေျပာေလ "
ေျပာဆိုေသာ္ျငားလည္း သူ႕အၾကည့္က
ကိုယ့္ထံတြင္မ႐ွိ။
အနားသြားကာ Laptopကို ဆြဲယူပစ္ေတာ့
မ်က္ေမွာင္ၾကဳတ္ကာၾကည့္လာသည္။
" ဘာလုပ္တာလဲ လင္း ... "
" က်ေနာ့ကို ခ်စ္ေသးရဲ႕လား ... "
မေက်နပ္ခ်က္ေတြအျပည့္ႏွင့္ ေဝလင္းရင္ထဲ
ေသာကေတြ ေဝေနသည္။
မယုံၾကည္တာမဟုတ္ေပမယ့္ ပစ္ခါလိုက္ရင္ဆိုတဲ့ အေတြးက ႐ူးေလာက္သည္။
" က်ေနာ္က အေပ်ာ္သက္သက္လား "
" လင္း !! "
သူ႕မ်က္၀န္းေတြကိုၾကည့္ရင္း မ်က္ရည္၀ဲတက္လာသည္။
သူ႕အၾကည့္ေတြက ကိုယ့္ကိုဆိုးလိုက္တာလို႔
ေျပာေနသေယာင္ .....
" ေပါက္ကရေတြ မေတြးနဲ႔ လင္း .....
ကိုယ့္မွာ မင္းတစ္ေယာက္ပဲ႐ွိတာ ...... "
အဆုံးသတ္မွာ ေပ်ာ့ေခြရတာကိုယ္ပါပဲ။
သူ႕နဲ႔ပတ္သက္ရင္ ေခ်ာ့စရာမလိုပဲ
ေပ်ာ့သြားတတ္တဲ့ ကိုယ့္ကိုယ္ကိုလည္း
အားမရ .....
ခ်စ္ေနေတာ့လည္း ခက္သား .....
နည္းနည္းေတာ့ အစိုင္အခဲေတြ က်န္ေနေသးသည္။
ဒါ့ထက္ သူ႕ခံစားခ်က္ေတြကို အတည္ျပဳခ်င္တာလည္း ပါမွာေပါ့ ။
" ခင္ဗ်ား က်ေနာ့ကို တကယ္မခ်စ္ပါဘူး .... "
အဖ်ားခတ္ကာတုန္ယင္သြားတဲ့ စကားတို႔က
ဘယ္ေလာက္ ခံစားေနရလဲဆိုတဲ့ သက္ေသ။
ဆံပင္ေတြကို လက္နဲ႔ဆြဲဖြၿပီး သက္ျပင္းခ်တဲ့
သူ႕ပုံစံက စိတ္႐ႈပ္လိုက္တာဆိုသည့္ ပုံစံမ်ိဳး။
နာနာက်င္က်င္ ျပဳံးလိုက္မိသည္။
ပါးစပ္က ခ်စ္တယ္ေျပာေနေပမယ့္
အျပဳအမူေတြက သက္ေသပါပဲ ....
ကိုယ္က အသုံးမ၀င္ေတာ့တဲ့ သူလို .....
က်ေနတဲ့မ်က္ရည္ေတြကို
အၾကမ္းပတမ္းဆြဲသုတ္ၿပီး ဖုန္းယူကာ
နံပါတ္တစ္ခုကို ေခၚဆိုလိုက္သည္။
* Hello *
" Hello ငပိုင္ ငါ့ကိုအခုခ်က္ခ်င္းလာေခၚေပး
"
" လင္း !!! "
* ok ... ငါလာၿပီ *
" လင္း ဘာေတြလုပ္ေနတာလဲ "
သူ႕ကို ဥပေကၡာျပဳၿပီး အ၀တ္ေတြကို
အိတ္ထဲထည့္ေနေတာ့ ေဘးကေနလက္ကို
ဖမ္းခ်ဳပ္လာသည္။
" ဖယ္ ... လႊတ္ ... ခင္ဗ်ားနဲ႔ မေနဘူး "
" လင္း ဘာျဖစ္ေနတာလဲ ...
အဓိပၸာယ္မ႐ွိတာေတြ မလုပ္နဲ႔ကြာ "
" ဖယ္စမ္းပါ ... ခင္ဗ်ားနဲ႔ ေနရတာထက္စာရင္ေတာ့ ခုလို ထြက္သြားတာက အဓိပၸာယ္အမ်ားႀကီး႐ွိမွာပါ "
" လင္း ကိုယ္ဘာမွားေနလို႔လဲကြာ "
" ခင္ဗ်ားမမွားဘူး .... ခင္ဗ်ားကို ယုံစားၿပီး
လိုက္ခဲ့မိတဲ့ က်ေနာ္ပဲ မွားတာ ... "
ကေလးပီပီ စိတ္ခံခ်က္ေတြျပင္းေနတဲ့
ေဝလင္းအသံက ေဒါသေတြစြက္ေနသည္။
" ကိုယ္ေတာင္းပန္ပါတယ္ .... "
" မေတာင္းပန္နဲ႔ .... ခင္ဗ်ား မမွားဘူး ... "
" ကိုယ္ လင္းကို ပစ္ထားသလိုျဖစ္သြားတယ္ "
သူ႕အသံက တည္ၿငိမ္မႈအျပည့္ .....
ကိုယ္ကသာ ေယာက္ယပ္ခပ္ေနေပမယ့္
သူကေတာ့ ဘာမွမျဖစ္သည့္အလား ......
ကေလးဆိုးတစ္ေယာက္ကို ေသခ်ာ
ေျဖာင္းဖ်ေနသလိုပင္ .....
ဟင့္အင္း ... ကိုယ္မွ မဆိုးတာ ....
" ခင္ဗ်ားက တမင္ ပစ္ထားတာ ဟင့္ "
ရင္နာစြာဆိုမိေတာ့ ႐ိႈက္သံက စြက္သည္။
" ကိုယ္ေတာင္းပန္ပါတယ္ ...
မနက္ျဖန္က် လင္း အျမင္ေတြ႐ွင္းေအာင္
ကိုယ္သက္ေသျပပါ့မယ္ ... ကိုယ့္ကို ယုံၾကည္ေပးပါ "
" ဟင့္အင္း .... "
" ကိုယ့္ကို မခ်စ္ဘူးလား "
" ...... "
ႏႈတ္ခမ္းကို ဖိကိုက္ထားမိသည္။
ဟန္ေဆာင္ပန္ေဆာင္ေတာင္ မခ်စ္ဘူးလို႔
မေျပာႏိုင္ ......
" ကိုယ့္ကို မခ်စ္ေတာ့ဘူးဆိုလည္း
ကိုယ္ခ်စ္တာကိုေတာ့ လက္ခံေပး ....
တစ္သက္လုံး ကိုယ္တစ္ေယာက္ထဲ ႐ုန္းကန္လာရတာ အနားမွာ ဘယ္သူမွ မ႐ွိခဲ့ဘူး .....
အရာရာ အဓိပၸယ္မဲ့သလို ခံစားေနရတုန္း
ခ်စ္ရမယ့္ လင္းကို ေတြ႕ခဲ့တာ ......လင္းသာ ထြက္သြားမယ္ဆို ကိုယ္႐ူးရလိမ့္မယ္ .... "
" ခင္ဗ်ား လိမ္တာ .... "
" ကိုယ္တကယ္ေျပာတာပါ ... ကိုယ့္မွာ
ဘယ္ေဆြမ်ိဳး႐ွိတာ ၾကားဖူးလို႔လဲ ....
ကိုယ္တစ္ေယာက္ထဲ ဒီေနရာမွာ
ရပ္ေနရတာ လြယ္ကူတယ္ထင္လို႔လား "
" ခင္ဗ်ားကို သေဘာက်တဲ့သူေတြ
အမ်ားႀကီး "
" ကိုယ္ သေဘာမက်ဘူးေလ ... "
" လိမ္တာ ... "
" ကိုယ္သာ သူတို႔ကို သေဘာက်မယ္ဆိုရင္
လင္းလို ကေလးေလးကို အခုခ်ိန္ထိ
ခ်စ္ေနပါ့မလား .... ကိုယ့္ဘ၀မွာ
ပထမဆုံးအခ်စ္စစ္နဲ႔ ခ်စ္ေပးခဲ့တာ လင္းပဲ
႐ွိတယ္ .... ဒါေၾကာင့္ ကိုယ့္ဘ၀တစ္ခုလုံးက
လင္းအပိုင္ပါ ... လင္းမ႐ွိရင္ ကိုယ္မ႐ွင္သန္ႏိုင္တာမို႔ ထားမသြားပါနဲ႔ ..... "
ေဝလင္း တိတ္ဆိတ္စြာနဲ႔ပဲ သူ႕ရင္ခြင္ထဲ
တိုး၀င္မိသည္။
ရန္ေတြ႕ခ်င္တာေတြ မေက်နပ္တာေတြကလည္း ျမဴမႈန္ေတြလို လြင္ျပယ္သြား၏။
ကိုယ့္မွာ သူတစ္ေယာက္ပဲ႐ွိသလို သူ႕မွာလည္း ကိုယ္ပဲ ႐ွိတာမလား .....
အၾကာႀကီး စိတ္မဆိုးရက္ေတာ့ပါဘူး ......
" ကိုယ္ေနာက္ကို ဆင္ျခင္ပါ့မယ္ ....
ကိုယ့္ကို ထားမသြားပါနဲ႔ "
သူ႕ပုခုံးေပၚ မ်က္ႏွာအပ္ထားသည့္
လုံခ်င္စကားေတြက လိႈက္လွဲတုန္ခါေနသည္။
ခႏၶာကိုယ္ကလည္း တသိမ့္သိမ့္တုန္လို႔ .....
သူငိုေနတာလား ?
" ငို ... ငိုေနတာလား "
" ...... "
" မငိုပါနဲ႔ ... လင္းက ၀မ္းနည္းလြန္းလို႔
ေလွ်ာက္ေျပာမိတာပါ ...
တကယ္ ထားမသြားပါဘူး ....
ခ်င္ေကာမ႐ွိတဲ့ ဘယ္ေနရာကိုမွ
မသြားဘူး ... "
" တကယ္လား ... "
" တကယ္ ... အတည္ ... အဲ့တာေၾကာင့္
မငိုနဲ႔ေတာ့ "
" အင္း ... "
" အဲ့တာဆို နမ္း .... "
လုံခ်င္က တစ္စကၠန္႔မွ်အခ်ိန္မဆြဲပဲ
ေဝလင္းႏႈတ္ခမ္းေပၚ ဖိကပ္လာ၏။
အေပၚႏႈတ္ခမ္းကို တတိတိကိုက္ၿပီး
ေအာက္ႏႈတ္ခမ္းကို အသာေလး ငုံလာသည္။
မထိေတြ႕တာၾကာၿပီျဖစ္တဲ့
ႏႈတ္ခမ္းသားေလးက ႐ူးေလာက္ေအာင္
ဆြဲေဆာင္မႈ အျပည့္ .....
အနမ္းေတြၾကားမွာ ႏွစ္ေယာက္လုံး
နစ္ေျမာေနမိသည့္ တစ္ခဏ အခန္းထဲ
ထည့္ထားသည့္ အခ်က္ျပဘဲလ္သံေတြ
ဆူညံလာတာေၾကာင့္ ႏွစ္ေယာက္သား
အိမ္ေအာက္ထပ္ကို ေျပးဆင္းမိၾကသည္။
ေအာက္ေရာက္ေတာ့ bodyguardေတြ
ျခံေ႐ွ႕ေျပးသြားေနတာ ေတြ႕ရသည္။
ေနာက္ကေန လိုက္သြားၾကည့္မိေတာ့
ျခံတံခါးကို အ႐ွိန္ျပင္းျပင္းနဲ႔ ၀င္တိုက္ေနေသာ ကားတစ္စီး .....
အေနာက္ခပ္ေဝးေဝးထိ ဆုတ္လိုက္
အ႐ွိန္ျပင္းျပင္းနဲ႔ ျခံတံခါးကို ၀င္တိုက္လိုက္
လုပ္ေနသည္။
ျခံတံခါးက ခိုင္ခံ့တာမို႔ အရာပင္မယြင္း .....
" ေဟ့ ဘယ္သူတဲ့လဲ ...
ဘာကိစၥတိုက္ေနတာလဲ "
ထိုအခါ ျခံေစာင့္က တုန္တုန္ရီရီနဲ႔ ထြက္လာၿပီး
" ေကာင္ေလးတစ္ေယာက္ပါ အကိုေလး ...
ဘယ္သူနဲ႔ေတြ႕ခ်င္လဲေမးတာကို မေျဖပဲ
တံခါးအတင္းဖြင့္ခိုင္းေနတာ က်ေနာ္က
မဖြင့္ေပးေတာ့ မဖြင့္ေပးရင္ တံခါးဖ်က္၀င္မယ္ ဆိုၿပီး တိုက္ေနတာပါ .... "
လုံခ်င္ ေခါင္း႐ႈပ္သြားၿပီး ျခံတံခါးေသာ့
ယူကာ ကိုယ္တိုင္ ေသာ့ဖြင့္လိုက္သည္။
ထိုအခါ ကားက ခပ္ေဝးေဝးထိဆုတ္ၿပီး အ႐ွိန္ျပင္းျပင္းနဲ႔ ၀င္လာတာမို႔ အျမန္ေ႐ွာင္လိုက္ရသည္။
bodyguardေတြလည္း အျမန္ေ႐ွာင္ရင္း
လဲသူလဲနဲ႔ ကို႔႐ို႕ကားယားျဖစ္သြားေလေတာ့သည္။
လုံခ်င္ ေတာက္ေခါက္ကာ ထိုကားေနာက္ကို
ေျခလွမ္းက်ဲႀကီးနဲ႔ လိုက္သြားသည္။
ကားထဲက လူကေတာ့ အိမ္ေပၚတက္ကာ
ေအာ္ဟစ္ေနသည္။
" ေဝလင္း ... ေဝလင္း ... မင္းဘယ္မွာလဲ ...
ငါလာၿပီ ... ေဝလင္း "
႐ွင္း အေပၚတက္ၿပီး ေအာ္ဟစ္ေနေသာ္လည္း
ေဝလင္းအရိပ္အေယာင္မေတြ႕ ....
သူ႕သူငယ္ခ်င္းကို လုံခ်င္အႏိုင္က်င့္ၿပီး
ဖြက္ထားသလားဆိုၿပီး မ်က္ရည္ေတြ
ဝဲတက္လာသည္။
" က်ိဳးလုံခ်င္ !! ခင္ဗ်ားႀကီး ဘယ္မွာလဲ "
" ဘာလဲ ... ဘာကိစၥသူမ်ားအိမ္လာေသာင္းက်န္းေနတာလဲဟမ္ ... "
လုံခ်င္အသံၾကားေတာ့ ႐ွင္းက
အတင္းေျပးလာသည္
၀င္လုံးမယ့္အေနအထားမို႔ bodyguardေတြက ဆြဲထားရ၏။
" က်ဳပ္သူငယ္ခ်င္းဘယ္မွာလဲ ဟမ္ ...
ခင္ဗ်ားသူ႕ကို ဖြက္ထားတာမလား ...
ဘယ္မွာလဲ ထုတ္ေပး ... အခုထုတ္ေပး ... "
" ငါက ဘာကိစၥဖြက္ထားရမွာလဲ "
" အဲ့ဆို ဘယ္မွာလဲ က်ဳပ္သူငယ္ခ်င္း "
" ငပိုင္ ငါဒီမွာ ... "
ေဝလင္းက bodyguardေတြၾကားကေန
မဝံ့မရဲေလး ထြက္လာ၏။
" ေဝလင္း မင္းဘာမွမျဖစ္ဘူးေနာ္ ...
ငါမင္းကို ေခၚသြားမယ္ သိလား ... ငါမင္းကို
တစ္သက္လုံး တင္ေကြၽးထားမယ္ "
" ေနပါဦး ... ဘာကိစၥ သူမ်ားခ်စ္သူကို
အတင္းလာေခၚေနတာလဲ ... မင္းမွာ
တင္ေကြၽးရမယ့္ မင္းလင္တစ္ေယာက္လုံး
႐ွိေနတာကို .... "
" ခင္ဗ်ားကို မေျပာဘူး ... ေဝလင္း
ငါနဲ႔ လိုက္မယ္မလား ... အႏိုင္က်င့္တဲ့
အဲ့ေသခါနီးဆီမွာ မေနနဲ႔ေတာ့ ငါအဆင္ေလးေတြ ႐ွာေပးမယ္ "
႐ွင္းစကားေၾကာင့္ လုံခ်င္ေဒါပြသြားၿပီး
bodyguardေတြၾကား ယက္ကန္ယက္ကန္
ျဖစ္ေနတဲ့ ႐ွင္းရဲ႕ နဖူးကို လက္မနဲ႔ လက္ခလယ္ပူးၿပီး အားထည့္ေတာက္လိုက္ေတာ့သည္။
" အား !!! နာတယ္ ေသခါနီးႀကီးရဲ႕ "
အေတာ္နာတာေၾကာင့္ ႐ွင္းမ်က္ရည္ေတြပါ
၀ဲလာသည္။
" နာေပါ့ ... နာေအာင္ေတာက္တာကို "
" ခင္ဗ်ား ... "
" လင္းကို ေမးၾကည့္ပါဦး မင္းနဲ႔လိုက္မလားလို႔ "
ခ်ဳပ္ထားခံရတဲ့ ႐ွင္းေ႐ွ႕ကို လုံခ်င္က
ေဝလင္းပုခုံးေလးဖက္ၿပီး ခနဲ႔ေန၏။
" ေဝလင္း ငါနဲ႔ လိုက္မွာမလား ...
အဲ့လူႀကီးက မင္းကို အႏိုင္မက်င့္ေစရဘူး ...
ငါနဲ႔ လိုက္ခဲ့ "
" ငါ ... ငါ မလိုက္ေတာ့ဘူး "
" ဘာ !! "
႐ွင္းေဒါသထြက္ၿပီး လုံခ်င္ကို စူးစူးရဲရဲၾကည့္ကာ
" ခင္ဗ်ား က်ဳပ္သူငယ္ခ်င္းကို ဘာေတြနဲ႔
အၾကပ္ကိုင္ထားတာလဲ ... ေျပာ
ခင္ဗ်ား လိုခ်င္တာေျပာ .. က်ဳပ္ေပးမယ္ ...
က်ဳပ္သူငယ္ခ်င္းကိုျပန္ေပး "
" ငပိုင္ ... ငါ "
" မင္းမေျပာနဲ႔ ဒီလူႀကီးသက္သက္ ယုတ္မာတာ "
" ငါတို႔က ... ျပန္ ျပန္တည့္သြားၿပီ "
" ဘာရယ္ "
" ခုနက ငါစိတ္ဆိုးၿပီး မင္းကိုလာေခၚခိုင္းတာ
အခု စိတ္ေျပၿပီ ... မ ... မလိုက္ေတာ့ဘူး "
" ေဝလင္း !! "
႐ွင္း ေတာ္ေတာ္ေဒါသထြက္သြားသည္။
စိတ္ထဲထိန္းမရတာေၾကာင့္ လြတ္ေနတဲ့
ေျခေထာက္ေတြနဲ႔ လုံခ်င္ရဲ႕ ဂြၾကားကို
အားထည့္ကန္ပစ္လိုက္သည္။
" အား .. အစ္ .. မင္း .. မင္း .. အား "
" ေသ ... ေသ "
" ခ်င္ေကာ ... ခ်င္ေကာ .. ငပိုင္ မင္း "
" အဲ့တာဘာျဖစ္ေနၾကတာလဲ !!! "
႐ွင္းကို ရန္ေတြ႕ခါနီး ရိ၀မ္ အသံၾကားလိုက္တာေၾကာင့္ ေဝလင္း တြန္႔သြား၏။
႐ွင္းကလည္း အတင္း႐ုန္းကန္ၿပီး
ရိ၀မ္ရင္ခြင္ထဲ ေျပး၀င္ေလေတာ့သည္။
ခဏအၾကာ ....
ဆိုဖာေပၚတြင္ အတြဲႏွစ္တြဲမ်က္ႏွာခ်င္းဆိုင္
ထိုင္ၿပီး အၾကည့္ခ်င္း စစ္ခင္းေနၾကသည္။
ရိ၀မ္က အရင္စၿပီး ...
" ဘယ္လို စျဖစ္ၾကတာလဲ "
" ေဝလင္းကေလ အဟင့္ .. သူ႕ကိုလာေခၚပါ
လုံခ်င္က အင့္ ... အႏိုင္က်င့္ပါတယ္ဆိုၿပီး
ေျပာလို႔ ဟင့္ .. လာေခၚတာကို .. ဒီေရာက္ေတာ့ တံခါးမဖြင့္ေပးၾကဘူး ဟင့္ ....
ၿပီးေတာ့ လူကို ခ်ဳပ္ၿပီး အႏိုင္က်င့္ၾကတာ
အီး .. ဟီး .. ဟီး .. နဖူးက အခုထိနာတုန္း "
႐ွင္းက နီရဲေနတဲ့ နဖူးကို ျပၿပီး အတင္းငိုယိုကာ တိုင္ေတာ့သည္။
ရိ၀မ္ကလည္း သူ႕ကေလးနဖူးေပၚက
အနီရာေလးကို ၾကည့္ၿပီး အာေငြ႕ေပးေန၏။
ပါးစပ္ကလည္း ...
" ကိုယ့္ကေလးကို အႏိုင္က်င့္တဲ့သူေတြကို
မီး႐ိႈ႕ပစ္မယ္ ...
ရာရာစစ ကိုယ့္ကေလးကိုမ်ား "
မ်က္ႏွာခ်င္းဆိုင္က လုံခ်င္မွာ သူ႕ဟာေလးသူ လက္နဲ႔ အုပ္ကိုင္ၿပီး ႐ႈံ႕မဲ့ကာ အကဲပိုေနေသာ ႐ွင္းကို အမႈန္႔ႀကိတ္ခ်င္ေနလ်က္႐ွိသည္။
ကိုယ္က နဖူးေလးေတာက္တာကို
သူက ပန္းေသခါနီးထိ လုပ္ပစ္တာ ....
ဒါကို သူ႕လင္ကမျမင္ပဲ ဘာမဟုတ္တဲ့
အနီးရာေလးကို အာေငြ႕ေပးေနေလရဲ႕ ....
" ရိ၀မ္ မင္းဟာေလးေခၚၿပီး ျပန္ပါေတာ့ကြာ "
" အံမာ မင္းကလုပ္ခ်င္တိုင္းလုပ္ၿပီးမွ
ႏွင္တယ္ေပါ့ .. ငါ့ကေလး ဘယ္ေလာက္
နာသြားလဲ မျမင္ဘူးလား "
" မင္းကေလးက နာ႐ုံတင္နာတာ ...
ငါက ပန္းေသေတာ့မလို႔ကြ "
လုံခ်င္ စိတ္ေပါက္ေပါက္နဲ႔
ထေအာ္ပစ္လိုက္သည္။
" ျပန္မယ္ ဟင့္ .. နားၿငီးတယ္ "
" အင္း ကေလးသေဘာ ... ကေလးသေဘာ "
" ျမန္ျမန္ႂကြ မင္းတို႔ျမင္ရင္ ငါ့ေဒါသေတြ
ငယ္ထိပ္တက္လြန္းလို႔ "
" သြားမွာပါ ... ေနာက္မွစာရင္း႐ွင္းမယ္ "
လင္လင္ႏွစ္ေယာက္ အတိုင္အေဖာက္ညီကာ
ခ်က္ခ်င္းပဲ ျပန္သြားၾက၏။
သူတို႔ျပန္သြားကာမွ လုံခ်င္လည္း
ေဝလင္း ပုခုံးေလးေပၚ မွီခ်လိုက္ေတာ့သည္။
" အရမ္းနာေနလား .. ဟင္ "
ညင္သာတဲ့ အသံတိုးဖြဖြေၾကာင့္
ေအာင့္မ်က္ေနရာကေန ေငါက္ကနဲ ....
မစားရတာၾကာေတာ့
နည္းနည္းဉာဏ္မ်ားမွရမည္။
" အင္း ... အရမ္းပဲ "
" ေဆးခန္းသြားမလား "
" ရတယ္ ခဏနားလိုက္ရင္ သက္သာမွာ .. "
" ဟုတ္လို႔လား .. "
" အင္း ျမန္ျမန္သက္သာေအာင္
ကေလး ကူညီေပးေလ .... "
" ဘယ္လို ကူညီရမွာလဲ "
" လာ .... ကိုယ္ျပမယ္ "
အိပ္ခန္းထဲဆြဲေခၚသြားေသာ
လုံခ်င္ေနာက္ေဝလင္း
ေၾကာင္ေတာင္ေတာင္ႏွင့္ ပါသြား၏။
ခဏၾကာေတာ့ အခန္းထဲကေန
ငိုသံ႐ုန္းသံေတြ စီရီကာ
ထြက္က်လာ ေလသည္။
ဉာဏ္မ်ားေသာ လုံခ်င္ေၾကာင့္ ေဝလင္းမွာ ေျခကုန္လက္ပန္းက်ၿပီး အိမ္မက္ကမ႓ာထဲ အလည္ေရာက္သြားရေတာ့သည္။
လုံခ်င္လည္း အိပ္ေမာက်သြားေသာ
ကေလးငယ္ကို ရင္ခြင္ထဲ ထည့္ၿပီး ေစာင္ကို
လႊမ္းျခဳံလိုက္ေတာ့သည္။
သနားစရာ အ၀တ္ေတြကေတာ့
စုတ္ၿပဲကာ အခန္းထဲ
ဟိုတစ္စ ဒီတစ္စ ျပန္႔က်ဲေနလ်က္ ......
-------------------
( ေဝလင္းတို႔မပါလို႔ စိတ္မေကာင္းျဖစ္ေနၾကတယ္ဆိုလို႔ သီးသန္႔ေရးေပးလိုက္ပါတယ္။
ေပ်ာ္ၾကပါေစေနာ္ ❤️❤️ )