Unicode
“အဆင်ပြေပါတယ်။ ဒီအချိန်အတွင်း မင်းလုံခြုံမှုကိုလည်း အာရုံစိုက်ထားသင့်တယ်” အမျိုးသား အရာရှိက မှတ်တမ်းစာအုပ်ကို ဘေးတွင်ချလိုက်ပြီး ထွက်သွားဖို့ ပြင်လိုက်သည်။ သူက လှည့်လိုက်ပြီး ရှောင်ချန်း အားစိုးရိမ်သည့် အမူအရာဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။
ဒီဖြစ်ရပ်က အရမ်းကို ထူးဆန်းလွန်းတယ်။
လူတိုင်းက မတော်တဆမှုနဲ့ သေဆုံးခဲ့ကြတယ်! ဖြစ်နိုင်ချေရှိတဲ့ လူသတ်သမားလည်း မရှိဘူး!
ကမ္ဘာကြီးမှာ ဘယ်လိုလုပ်ပြီး ဒီလိုတိုက်ဆိုင်မှုတွေ ဖြစ်နေရတာလဲ?
ရှောင်ချန်း ကဆိုဖာပေါ်တွင် ထိုင်နေပြီး သူ့မျက်နှာက ပုံမှန်ဖြစ်နေပြီး ခေါင်းညိတ်လိုက်သည်။ ရဲရဲ့တောင်းဆိုချက်အတွင်း တစ်ယောက်ပြီး တစ်ယောက် သေဆုံးတာကို ယှဉ်ပြချိန်ကို ကြားလိုက်ချိန်တွင် အံ့ဩမှုသုံးခါ ထုတ်ပြခဲ့ပြီး ဝမ်နည်းမှု နှစ်ခါထုတ်ပြလိုက်သည်။
စိတ်ပိုင်းဆိုင်ရာကို လေ့လာနေသည့် အရာရှိဆိုရင်တောင် ရှောင်ချန်း ဆီမှအသေးငယ်ဆုံး ပြောင်းလဲမှုကိုတောင် မြင်နိုင်မှာ မဟုတ်ပေ။
အရာရှိက ထွက်သွားပြီးနောက် မူလက ဖောက်ထွင်းမြင်ရသည့် လေထုက စုဝေးသွားပြီးနောက် လေထုထဲမှ ပုံရိပ်က ပေါ်လာခဲ့သည်။
ထိုလူက အရာရှိသွားသည့် လမ်းကြောင်းကို ကြည့်လိုက်ပြီး ရှောင်ချန်း ဘေးတွင် ထိုင်ချလိုက်သည်။
အမျိုးသား အရာရှိက ရှောင်ချန်း အိမ်မှထွက်သွားပြီးနောက် wechat မှ 99+ စာတွေကို မြင်လိုက်ရပြီး သူ့မျက်လုံးက တွန့်သွားခဲ့သည်။
ဖွင့်လိုက်သည်နှင့် မျိုးစုံသော ပုံတွေကို မြင်လိုက်ရသည်။
ထိုပုံတွေကတော့ လျန်ဂျင်း နဲ့ ဝမ်ရှင်း တို့ကသူစိမ်းအမျိုးသမီးအား ကားဖြင့်တိုက်ကာ ပြေးသွားသည့်ပုံ ဖြစ်သည်။ လျန်ဂျင်း ကလူအိုကြီးကို သတ်ပြီးနောက် သူတို့အတူတူ မြေမြှုတ်ခဲ့တဲ့ပုံလည်း ရှိနေသည်။
ခေါင်းဆောင် : ဒီပုံတွေကို သေချာအတည်ပြုဖို့ ကျွမ်းကျင်တဲ့အသင်းကို ငါ့ဆီပို့ပေး! ဒီပုံတွေကို မနက်ကပဲ ငါ့ဆီ အမည်မသိလူက ပို့ခဲ့တာ! ငါ့အတွက် id စစ်ပေး!
အမျိုးသား အရာရှိက သူ့ဖုန်းအား အိတ်ထဲပြန်ထည့်လိုက်ပြီး ရှောင်ချန်း ရဲ့အိမ်ကို ပြန်လှည့်ကြည့်လိုက်သည်။ တွေးမိတာမရှိပြ ခေါင်းသာခါလိုက်ပြီး ထွက်သွားလိုက်သည်။
ပုံတွေကသာ အမှန်ဆိုရင် မကြာခင်က အများကြီး ဖြစ်ခဲ့တာပင်!
“ဒီနွေရာသီမှာ ခင်ဗျားဘယ်နေရာကို သွားဖို့လုပ်ထားလဲ?”
ရှောင်ချန်း ကခေါင်းစောင်းလိုက်ပြီး သူ့မျက်လုံးက လှုပ်ရှားသွားကာ ထိုလူရဲ့အရှေ့တွင် သီးသန့်ပြုမူသည့် ဘက်အခြမ်းကို ထုတ်ပြလိုက်သည်။ ထို့နောက် သူက ထိုလူရဲ့ရှေ့ကို မှီလိုက်ပြီး မျက်လုံးဝိုင်းတွေဖြင့် စိုက်ကြည့်လိုက်သည်။ “ခင်ဗျား ကျွန်တော့်ကို ဘယ်အချိန် လက်ထပ်မှာလဲ?”
တစ်စက္ကန့်...
နှစ်စက္ကန့်...
“pfff” ထိုလူက သူ့အမူအရာအတိုင်း ဖိအားမရှိပဲ ရယ်လိုက်သည်။
ရှောင်ချန်း ကထိုလူရဲ့မေးအား လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး မပျော်မရွှင်ဖြင့် ပြောလိုက်သည်။ “ခင်ဗျားဘာလို့ ရယ်တာလဲ?”
ထိုလူက ပြောလိုက်သည်။ “ဒါဆို အိုင်ယာလန်းကို သွားမယ်”
ရှောင်ချန်း ကမျက်မှောင်ကြုတ်လိုက်ပြီး စိတ်မကျေနပ်သည့် အမူအရာဖြင့် ပြောလိုက်သည်။ “မြန်မြန်၊ ကျွန်တော့်မေးခွန်းကိုဖြေ”
ထိုလူက ရှောင်ချန်း အားသူ့လက်မောင်းထဲတွင် ဖက်လိုက်ပြီး “ကိုယ်က ကလေးကို တင်တောင်းငွေ ပေးခဲ့ပြီးပြီ မဟုတ်ဘူးလား?” ထိုလူရဲ့မျက်လုံးက ရှောင်ချန်း ရဲ့မျက်လုံးကို စိုက်ကြည့်နေပြီး ပြုံးနေကာ သူ့လူသတ်ရိပ်က ပျောက်ကွယ်နေခဲ့သည်။
ဒါက သူ့အလင်းရောင်လေး...
ရှောင်ချန်း ကတုန့်ပြန်လိုက်သည်။ သူ့ရှပ်အင်္ကျီ ကော်လာကို ထိလိုက်ပြီးနောက် ဆွဲကြိုးကို ထုတ်လိုက်သည်။ သူ့မျက်လုံးက ကြည်လင်နေပြီး အဆုံးမှာတော့ အပေါ်မော့သွားခဲ့သည်။ “ဒါလား?”
ထိုလူက စကားတစ်လုံးမှ မပြောပဲ သူ့လက်ကတော့ ကလေးရဲ့ ပုခုံးပေါ်တွင် ရှိနေပြီးနောက် ကလေးက အေးခဲနေရင်း နှာခေါင်းထောင့်ကို နမ်းလိုက်သည်။
သူ့လက်ထဲမှာ ကိုင်ထားတာက ဘာဆိုတာကို သိဖို့မလိုအပ်ပေ၊ တကယ်တော့ ဒါက သေမင်းရဲ့ဘဝပင်!
နည်းလမ်းတိုင်းက အန္တရာယ်ရှိပေမဲ့ သူ့အတွက် ကောင်းကင်ဘုံကို ဆန့်ကျင်ဖို့က ဒီနည်းလမ်းပဲ ရှိသည်။ ဒီကလေးကို ကောင်းကင်က အန္တရာယ်ပေးမှုမှ ကာကွယ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်သည်။
ရှောင်ချန်း ကရှက်ရွံ့ကာ သူ့နှာခေါင်းကို ထိလိုက်ပြီးနောက် သူ့ညာလက်ဖြင့် မေးကိုကိုင်ထားပြီး ထိုလူရဲ့ မျက်နှာအား ရူးမိုက်သည့် အမူအရာဖြင့် ကြည့်နေခဲ့သည်။ “ကျွန်တော် အရမ်းပျော်တာပဲ!”
အိုင်ယာလန်းက ကွာရှင်းဖို့ ခွင့်မပြုသည့် နိုင်ငံဖြစ်ပြီး နှစ်ပေါင်း တစ်ရာစာ သဘောတူညီချက်ပင် ဖြစ်သည်။
သူက နှစ်ပေါင်းတစ်ရာ လိုချင်တာမဟုတ်၊ တစ်ဘဝလုံးမဟုတ်ဘူး၊ ထာဝရလိုချင်သည်။
ထိုလူက ကလေးအား သူ့လက်မောင်းထဲတွင် လွှဲနေပြီး ပြတင်းပေါက် အပြင်ဘက်မှ ကောင်းကင်ကို ကြည့်လိုက်သည်။
ဒါက အစလည်း မဟုတ်သလို အဆုံးလည်း မဟုတ်ပေ။
သူက ကောင်းကင်ဘုံရဲ့ အောက်ခြေစည်းမျည်းကို ထိခဲ့ပြီး လက်ရှိတွင် မဖြစ်နိုင်သေးတာကို သိခဲ့သည်။
သူ့အကြည့်ကို ပြန်ရုတ်လိုက်သည်။ ကလေးရဲ့ တစ်ကိုယ်လုံးက သူ့အပေါ်တွင် လှဲလျောင်းနေပြီး ချက်ချင်းပင် ကလေးပုခုံး ရှရာမှ တက်တူးကို မြင်လိုက်သည်။ ထိုအရာကို ကြည့်လိုက်ချိန်တွင် သူ့မျက်လုံးတွေက နူးညံ့သွားခဲ့သည်။
အဆင်ပြေပါတယ်။ သူမသိနိုင်၊ မမှတ်မိနိုင်တဲ့ အရာတွေ ဖြစ်နေရုံပါပဲ။
သို့သော် ဘာတွေဖြစ်လာနိုင်မလဲ!
ဘယ်လိုစောင့်နိုင်မလဲ!
“ရှင် တစ်ယောက်ယောက်နဲ့ လာတာလား? ဒါမှမဟုတ် တစ်ယောက်တည်းလား?” ရှောင်ချန်း ဘေးတွင် ရွှေရောင်ဆံပင်နဲ့ အလှလေးက ထိုင်နေပြီး စကားစကို စတင်လိုက်သည်။
ရှောင်ချန်း ကရှပ်အင်္ကျီအရှည်ကို ဝတ်ဆင်ထားပြီး သူ့မေးသာ ပေါ်သည့်ဦးထုပ်ကို စောင်းထားခဲ့သည်။ သူက ကဖေးထောင့်တွင် တစ်ယောက်တည်း ထိုင်နေခဲ့ပြီး ပြတင်းပေါက် အပြင်အား တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
သူ့ပြိုင်ဘက်ကင်းသည့် တရုတ်မျက်နှာနဲ့ စိတ်ထားကြောင့် မိန်းကလေး အများစုရဲ့ အာရုံက သူ့အပေါ် ရောက်နေပြီး တီးတိုးပြောနေခဲ့ကြသည်။
နောက်ဆုံးတော့ သူမဘေးမှ သတ္တိရှိသည့် မိန်းကလေးက ရှေ့တိုးကာ မေးခွန်းတွေကို မေးလိုက်သည်။
ရှောင်ချန်း ကခေါင်းမော့လိုက်ပြီး ကြည်လင်သည့် ဖီးနစ်မျက်ဝန်းအစုံက မိန်းကလေးရဲ့ အကြည့်နဲ့စုံသွားပြီး တချို့အရာကြောင့် အံ့အားသင့်ဖွယ်ကောင်းနေသည်။
“ငါ့ချစ်သူကို စောင့်နေတာ” ရှောင်ချန်း ကအမူအရာ မပြောင်းလဲပဲ မိန်းကလေးရဲ့ မေးခွန်းအား အေးစက်သည့် အသံဖြင့် ဖြေလိုက်သည်။
မိန်းကလေးက အံ့ဩသွားကာ သူမပါးစပ်က အနည်းငယ် ပွင့်သွားပြီးနောက် တောင်းပန်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
အိုင်ယာလန်း ကသစ္စာရှိသည့် နိုင်ငံမျိုးဖြစ်သည်။ ဒီအမျိုးသမီးတွေက ဆက်ဆံရေးနဲ့ ပတ်သက်ရင် အရမ်းကို လေးနက်ကြသည်။ သူစိမ်းကောင်လေးက ပါတနာရှိပြီးကြောင်း သိလိုက်ချိန်တွင် သူတို့က ထပ်မနှောင့်ယှက်တာ့ပဲ နောင်တအနည်းငယ်တော့ ရနေခဲ့ကြသည်။
“ဒင်-ဒင်” ကဖေးတံခါးက ထပ်ပွင့်သွားခဲ့သည်။
အနက်ရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ထားသည့် အမျိုးသား တစ်ယောက်က ဝင်လာခဲ့သည်။ ထိုလူက လူမျိုးခြား မျက်နှာနဲ့ ရောနေပုံရသည်။ သူ့အရပ်က ၁.၉ မီတာအထက် ရှိလောက်ပြီး ထူးခြားသည့် အညိုရောင် မျက်ဝန်းတွေရှိသည်။
“wow! ဒီလူက ငါမြင်ဖူးသမျှထဲမှာ ကြည့်အကောင်းဆုံးပဲ!” မိန်းကလေး အုပ်စုထဲမှ တစ်ယောက်က မထိန်းချုပ်နိုင်ပဲ ထုတ်ပြောလိုက်သည်။
ထိုလူက ရှောင်ချန်း ဆီကိုကြည့်လိုက်ပြီး သူ့လက်ထဲတွင် မုန့်အိတ်ကို ကိုင်ထားခဲ့သည်။ သူ့မျက်လုံးတွေက ရှောင်ချန်း နဲ့တွေ့လိုက်ချိန်တွင် သူ့မျက်နှာထက်တွင် အပြုံးလေးက ပေါ်လာခဲ့ပြီး အလျင်အမြန်ပင် လျှောက်လိုက်သည်။
ရှောင်ချန်း ကခေါင်းမော့လိုက်သည်။ ထိုလူကို မြင်လိုက်ချိန်တွင် အရင်က အေးခဲနေသည့် အမူအရာက ကျိုးပဲ့သွားပြီး သူ့နှုတ်ခမ်းထောင့်က မြင့်တက်လာခဲ့သည်။
“ခင်ဗျားသွားတာ ဘာလို့ဒီလောက်တောင်က ကြာရတာလဲ?!” ရှောင်ချန်း ကမထိန်းချုပ်နိုင်ပဲ ပြောလိုက်သည်။
ထိုလူက ကလေးရှေ့တွင် အချိုမျိုးစုံပြည့်နေသည့် မုန့်အိတ်ကို ချလိုက်သည်။
ကလေးက ခါးတဲ့အရာတွေကို သဘောမကျပဲ ချိုတာမျိုးကိုသာ သဘောကျသည်။
မိန်းကလေးတွေက သူတို့ရှေ့မှ နှစ်ယောက်အား အာရုံစိုက်နေကြပြီး တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ကြသည်။
မိန်းကလေး တစ်ယောက်က မထိန်းချုပ်နိုင်ပဲ ပြောလိုက်သည်။ “သူတို့အတူတူရှိတာ အရမ်းကြည့်ကောင်းတာပဲ!”
အမျိုးသား နှစ်ယောက်လုံးက သူတို့အကြည့်အား ဆွဲဆောင်နိုင်သည်။ အကြည့်တွေက တိုက်ရိုက်ဖြစ်ပြီး ခိုးဝှက်ကြည့်နေတာမျိုး ရှိမနေပေ။ သူတို့နှစ်ယောက်ရဲ့ အကြည့်တွေက အရမ်းကိုချိုမြိန်နေကာ ချစ်ခြင်းတွေနဲ့ ပြည့်နေသည်။
ရှောင်ချန်း ကအချိုကို စားလိုက်ပြီး သူထိုင်နေချိန်တွင် ဘယ်လောက်တောင် ပျင်းနေကြောင်းကို ထုတ်ပြောလိုက်ကာ ထိုလူရဲ့မျက်နှာကို ကြည့်လိုက်ပြီး ပြုံးလိုက်သည်။ “ခင်ဗျားက အရမ်းကြည့်ကောင်းတာပဲ”
ထိုလူရဲ့လက်နှစ်ဖက်လုံးက စားပွဲပေါ်တွင် ရှိနေပြီး သူ့မျက်လုံးတွေက ကလေးရဲ့ လှုပ်ရှားမှုတိုင်းပေါ်တွင်သာ ရှိနေပြီး အပြုံးလေးနဲ့ ပြောလိုက်သည်။ “ဘယ်လောက်ပဲ ကြည့်ကောင်းပါစေ၊ ကလေး တစ်ဦးတည်းအပိုင်ပဲ”
ရှောင်ချန်း ကနှုတ်ခမ်းစေ့လိုက်သည်။ “အခုနောက်ပိုင်း ခင်ဗျားက ဘာလိုလုပ်ပြီး ဒီလောက်တောင် အပြောကောင်းလာရတာလဲ၊ ဟမ်?”
“ကလေး ကြားချင်ရင် ကိုယ်အများကြီး ပိုပြောပေးမယ်” ထိုလူရဲ့မျက်နှာက ပြောင်းလဲခြင်းမရှိပဲ သူ့နှုတ်ခမ်းကတော့ ပြုံးနေခဲ့သည်။
ရှောင်ချန်း ကမုန့်ချိုအား အမြန်အဆုံးသတ်လိုက်ပြီး ပျော်ရွှင်စွာ ထ,ရပ်လိုက်ကာ ထိုလူရဲ့လက်အား တွန့်ဆုတ်ခြင်းမရှိပဲ ဆွဲလိုက်သည်။ “သွားရအောင်၊ မစ္စတာသေမင်း”
သူက မျက်တောင်ခတ်လိုက်သည်။ “ဒိတ်လုပ်ရအောင်!”
“အင်း” ထိုလူက ကလေးရဲ့လက်အား တင်းကြပ်စွာ ကိုင်လိုက်သည်။
မင်းတစ်ဘဝလုံးအတွက် ကျေးဇူးပြုပြီး ကိုယ့်ကိုသာ ပိုပြီးပေးပါ!
Next ➤ လူသားစားမြို့
1.10.2021(Fri)
..........................
Zawgyi
“အဆင္ေျပပါတယ္။ ဒီအခ်ိန္အတြင္း မင္းလုံျခဳံမႈကိုလည္း အာ႐ုံစိုက္ထားသင့္တယ္” အမ်ိဳးသား အရာ႐ွိက မွတ္တမ္းစာအုပ္ကို ေဘးတြင္ခ်လိုက္ၿပီး ထြက္သြားဖို႔ ျပင္လိုက္သည္။ သူက လွည့္လိုက္ၿပီး ေ႐ွာင္ခ်န္း အားစိုးရိမ္သည့္ အမူအရာျဖင့္ ေျပာလိုက္ျခင္း ျဖစ္သည္။
ဒီျဖစ္ရပ္က အရမ္းကို ထူးဆန္းလြန္းတယ္။
လူတိုင္းက မေတာ္တဆမႈနဲ႔ ေသဆုံးခဲ့ၾကတယ္! ျဖစ္ႏိုင္ေခ်႐ွိတဲ့ လူသတ္သမားလည္း မ႐ွိဘူး!
ကမ႓ာႀကီးမွာ ဘယ္လိုလုပ္ၿပီး ဒီလိုတိုက္ဆိုင္မႈေတြ ျဖစ္ေနရတာလဲ?
ေ႐ွာင္ခ်န္း ကဆိုဖာေပၚတြင္ ထိုင္ေနၿပီး သူ႕မ်က္ႏွာက ပုံမွန္ျဖစ္ေနၿပီး ေခါင္းညိတ္လိုက္သည္။ ရဲရဲ႕ေတာင္းဆိုခ်က္အတြင္း တစ္ေယာက္ၿပီး တစ္ေယာက္ ေသဆုံးတာကို ယွဥ္ျပခ်ိန္ကို ၾကားလိုက္ခ်ိန္တြင္ အံ့ဩမႈသုံးခါ ထုတ္ျပခဲ့ၿပီး ဝမ္နည္းမႈ ႏွစ္ခါထုတ္ျပလိုက္သည္။
စိတ္ပိုင္းဆိုင္ရာကို ေလ့လာေနသည့္ အရာ႐ွိဆိုရင္ေတာင္ ေ႐ွာင္ခ်န္း ဆီမွအေသးငယ္ဆုံး ေျပာင္းလဲမႈကိုေတာင္ ျမင္ႏိုင္မွာ မဟုတ္ေပ။
အရာ႐ွိက ထြက္သြားၿပီးေနာက္ မူလက ေဖာက္ထြင္းျမင္ရသည့္ ေလထုက စုေဝးသြားၿပီးေနာက္ ေလထုထဲမွ ပုံရိပ္က ေပၚလာခဲ့သည္။
ထိုလူက အရာ႐ွိသြားသည့္ လမ္းေၾကာင္းကို ၾကည့္လိုက္ၿပီး ေ႐ွာင္ခ်န္း ေဘးတြင္ ထိုင္ခ်လိုက္သည္။
အမ်ိဳးသား အရာ႐ွိက ေ႐ွာင္ခ်န္း အိမ္မွထြက္သြားၿပီးေနာက္ wechat မွ 99+ စာေတြကို ျမင္လိုက္ရၿပီး သူ႕မ်က္လုံးက တြန္႔သြားခဲ့သည္။
ဖြင့္လိုက္သည္ႏွင့္ မ်ိဳးစုံေသာ ပုံေတြကို ျမင္လိုက္ရသည္။
ထိုပုံေတြကေတာ့ လ်န္ဂ်င္း နဲ႔ ဝမ္႐ွင္း တို႔ကသူစိမ္းအမ်ိဳးသမီးအား ကားျဖင့္တိုက္ကာ ေျပးသြားသည့္ပုံ ျဖစ္သည္။ လ်န္ဂ်င္း ကလူအိုႀကီးကို သတ္ၿပီးေနာက္ သူတို႔အတူတူ ေျမျမႇဳတ္ခဲ့တဲ့ပုံလည္း ႐ွိေနသည္။
ေခါင္းေဆာင္ : ဒီပုံေတြကို ေသခ်ာအတည္ျပဳဖို႔ ကြၽမ္းက်င္တဲ့အသင္းကို ငါ့ဆီပို႔ေပး! ဒီပုံေတြကို မနက္ကပဲ ငါ့ဆီ အမည္မသိလူက ပို႔ခဲ့တာ! ငါ့အတြက္ id စစ္ေပး!
အမ်ိဳးသား အရာ႐ွိက သူ႕ဖုန္းအား အိတ္ထဲျပန္ထည့္လိုက္ၿပီး ေ႐ွာင္ခ်န္း ရဲ႕အိမ္ကို ျပန္လွည့္ၾကည့္လိုက္သည္။ ေတြးမိတာမ႐ွိျပ ေခါင္းသာခါလိုက္ၿပီး ထြက္သြားလိုက္သည္။
ပုံေတြကသာ အမွန္ဆိုရင္ မၾကာခင္က အမ်ားႀကီး ျဖစ္ခဲ့တာပင္!
“ဒီေႏြရာသီမွာ ခင္ဗ်ားဘယ္ေနရာကို သြားဖို႔လုပ္ထားလဲ?”
ေ႐ွာင္ခ်န္း ကေခါင္းေစာင္းလိုက္ၿပီး သူ႕မ်က္လုံးက လႈပ္႐ွားသြားကာ ထိုလူရဲ႕အေ႐ွ႕တြင္ သီးသန္႔ျပဳမူသည့္ ဘက္အျခမ္းကို ထုတ္ျပလိုက္သည္။ ထို႔ေနာက္ သူက ထိုလူရဲ႕ေ႐ွ႕ကို မွီလိုက္ၿပီး မ်က္လုံးဝိုင္းေတြျဖင့္ စိုက္ၾကည့္လိုက္သည္။ “ခင္ဗ်ား ကြၽန္ေတာ့္ကို ဘယ္အခ်ိန္ လက္ထပ္မွာလဲ?”
တစ္စကၠန္႔...
ႏွစ္စကၠန္႔...
“pfff” ထိုလူက သူ႕အမူအရာအတိုင္း ဖိအားမ႐ွိပဲ ရယ္လိုက္သည္။
ေ႐ွာင္ခ်န္း ကထိုလူရဲ႕ေမးအား လက္ႏွစ္ဖက္ျဖင့္ ကိုင္ထားၿပီး မေပ်ာ္မ႐ႊင္ျဖင့္ ေျပာလိုက္သည္။ “ခင္ဗ်ားဘာလို႔ ရယ္တာလဲ?”
ထိုလူက ေျပာလိုက္သည္။ “ဒါဆို အိုင္ယာလန္းကို သြားမယ္”
ေ႐ွာင္ခ်န္း ကမ်က္ေမွာင္ၾကဳတ္လိုက္ၿပီး စိတ္မေက်နပ္သည့္ အမူအရာျဖင့္ ေျပာလိုက္သည္။ “ျမန္ျမန္၊ ကြၽန္ေတာ့္ေမးခြန္းကိုေျဖ”
ထိုလူက ေ႐ွာင္ခ်န္း အားသူ႕လက္ေမာင္းထဲတြင္ ဖက္လိုက္ၿပီး “ကိုယ္က ကေလးကို တင္ေတာင္းေငြ ေပးခဲ့ၿပီးၿပီ မဟုတ္ဘူးလား?” ထိုလူရဲ႕မ်က္လုံးက ေ႐ွာင္ခ်န္း ရဲ႕မ်က္လုံးကို စိုက္ၾကည့္ေနၿပီး ျပဳံးေနကာ သူ႕လူသတ္ရိပ္က ေပ်ာက္ကြယ္ေနခဲ့သည္။
ဒါက သူ႕အလင္းေရာင္ေလး...
ေ႐ွာင္ခ်န္း ကတုန္႔ျပန္လိုက္သည္။ သူ႕႐ွပ္အက်ႌ ေကာ္လာကို ထိလိုက္ၿပီးေနာက္ ဆြဲႀကိဳးကို ထုတ္လိုက္သည္။ သူ႕မ်က္လုံးက ၾကည္လင္ေနၿပီး အဆုံးမွာေတာ့ အေပၚေမာ့သြားခဲ့သည္။ “ဒါလား?”
ထိုလူက စကားတစ္လုံးမွ မေျပာပဲ သူ႕လက္ကေတာ့ ကေလးရဲ႕ ပုခုံးေပၚတြင္ ႐ွိေနၿပီးေနာက္ ကေလးက ေအးခဲေနရင္း ႏွာေခါင္းေထာင့္ကို နမ္းလိုက္သည္။
သူ႕လက္ထဲမွာ ကိုင္ထားတာက ဘာဆိုတာကို သိဖို႔မလိုအပ္ေပ၊ တကယ္ေတာ့ ဒါက ေသမင္းရဲ႕ဘဝပင္!
နည္းလမ္းတိုင္းက အႏၲရာယ္႐ွိေပမဲ့ သူ႕အတြက္ ေကာင္းကင္ဘုံကို ဆန္႔က်င္ဖို႔က ဒီနည္းလမ္းပဲ ႐ွိသည္။ ဒီကေလးကို ေကာင္းကင္က အႏၲရာယ္ေပးမႈမွ ကာကြယ္ႏိုင္မည့္ တစ္ခုတည္းေသာ နည္းလမ္းလည္း ျဖစ္သည္။
ေ႐ွာင္ခ်န္း က႐ွက္႐ြံ႕ကာ သူ႕ႏွာေခါင္းကို ထိလိုက္ၿပီးေနာက္ သူ႕ညာလက္ျဖင့္ ေမးကိုကိုင္ထားၿပီး ထိုလူရဲ႕ မ်က္ႏွာအား ႐ူးမိုက္သည့္ အမူအရာျဖင့္ ၾကည့္ေနခဲ့သည္။ “ကြၽန္ေတာ္ အရမ္းေပ်ာ္တာပဲ!”
အိုင္ယာလန္းက ကြာ႐ွင္းဖို႔ ခြင့္မျပဳသည့္ ႏိုင္ငံျဖစ္ၿပီး ႏွစ္ေပါင္း တစ္ရာစာ သေဘာတူညီခ်က္ပင္ ျဖစ္သည္။
သူက ႏွစ္ေပါင္းတစ္ရာ လိုခ်င္တာမဟုတ္၊ တစ္ဘဝလုံးမဟုတ္ဘူး၊ ထာဝရလိုခ်င္သည္။
ထိုလူက ကေလးအား သူ႕လက္ေမာင္းထဲတြင္ လႊဲေနၿပီး ျပတင္းေပါက္ အျပင္ဘက္မွ ေကာင္းကင္ကို ၾကည့္လိုက္သည္။
ဒါက အစလည္း မဟုတ္သလို အဆုံးလည္း မဟုတ္ေပ။
သူက ေကာင္းကင္ဘုံရဲ႕ ေအာက္ေျခစည္းမ်ည္းကို ထိခဲ့ၿပီး လက္႐ွိတြင္ မျဖစ္ႏိုင္ေသးတာကို သိခဲ့သည္။
သူ႕အၾကည့္ကို ျပန္႐ုတ္လိုက္သည္။ ကေလးရဲ႕ တစ္ကိုယ္လုံးက သူ႕အေပၚတြင္ လွဲေလ်ာင္းေနၿပီး ခ်က္ခ်င္းပင္ ကေလးပုခုံး ႐ွရာမွ တက္တူးကို ျမင္လိုက္သည္။ ထိုအရာကို ၾကည့္လိုက္ခ်ိန္တြင္ သူ႕မ်က္လုံးေတြက ႏူးညံ့သြားခဲ့သည္။
အဆင္ေျပပါတယ္။ သူမသိႏိုင္၊ မမွတ္မိႏိုင္တဲ့ အရာေတြ ျဖစ္ေန႐ုံပါပဲ။
သို႔ေသာ္ ဘာေတြျဖစ္လာႏိုင္မလဲ!
ဘယ္လိုေစာင့္ႏိုင္မလဲ!
“႐ွင္ တစ္ေယာက္ေယာက္နဲ႔ လာတာလား? ဒါမွမဟုတ္ တစ္ေယာက္တည္းလား?” ေ႐ွာင္ခ်န္း ေဘးတြင္ ေ႐ႊေရာင္ဆံပင္နဲ႔ အလွေလးက ထိုင္ေနၿပီး စကားစကို စတင္လိုက္သည္။
ေ႐ွာင္ခ်န္း က႐ွပ္အက်ႌအ႐ွည္ကို ဝတ္ဆင္ထားၿပီး သူ႕ေမးသာ ေပၚသည့္ဦးထုပ္ကို ေစာင္းထားခဲ့သည္။ သူက ကေဖးေထာင့္တြင္ တစ္ေယာက္တည္း ထိုင္ေနခဲ့ၿပီး ျပတင္းေပါက္ အျပင္အား တိတ္ဆိတ္စြာ ၾကည့္ေနခဲ့သည္။
သူ႕ၿပိဳင္ဘက္ကင္းသည့္ တ႐ုတ္မ်က္ႏွာနဲ႔ စိတ္ထားေၾကာင့္ မိန္းကေလး အမ်ားစုရဲ႕ အာ႐ုံက သူ႕အေပၚ ေရာက္ေနၿပီး တီးတိုးေျပာေနခဲ့ၾကသည္။
ေနာက္ဆုံးေတာ့ သူမေဘးမွ သတၱိ႐ွိသည့္ မိန္းကေလးက ေ႐ွ႕တိုးကာ ေမးခြန္းေတြကို ေမးလိုက္သည္။
ေ႐ွာင္ခ်န္း ကေခါင္းေမာ့လိုက္ၿပီး ၾကည္လင္သည့္ ဖီးနစ္မ်က္ဝန္းအစုံက မိန္းကေလးရဲ႕ အၾကည့္နဲ႔စုံသြားၿပီး တခ်ိဳ႕အရာေၾကာင့္ အံ့အားသင့္ဖြယ္ေကာင္းေနသည္။
“ငါ့ခ်စ္သူကို ေစာင့္ေနတာ” ေ႐ွာင္ခ်န္း ကအမူအရာ မေျပာင္းလဲပဲ မိန္းကေလးရဲ႕ ေမးခြန္းအား ေအးစက္သည့္ အသံျဖင့္ ေျဖလိုက္သည္။
မိန္းကေလးက အံ့ဩသြားကာ သူမပါးစပ္က အနည္းငယ္ ပြင့္သြားၿပီးေနာက္ ေတာင္းပန္စြာျဖင့္ ေခါင္းညိတ္ျပလိုက္သည္။
အိုင္ယာလန္း ကသစၥာ႐ွိသည့္ ႏိုင္ငံမ်ိဳးျဖစ္သည္။ ဒီအမ်ိဳးသမီးေတြက ဆက္ဆံေရးနဲ႔ ပတ္သက္ရင္ အရမ္းကို ေလးနက္ၾကသည္။ သူစိမ္းေကာင္ေလးက ပါတနာ႐ွိၿပီးေၾကာင္း သိလိုက္ခ်ိန္တြင္ သူတို႔က ထပ္မေႏွာင့္ယွက္တာ့ပဲ ေနာင္တအနည္းငယ္ေတာ့ ရေနခဲ့ၾကသည္။
“ဒင္-ဒင္” ကေဖးတံခါးက ထပ္ပြင့္သြားခဲ့သည္။
အနက္ေရာင္ အေနာက္တိုင္းဝတ္စုံကို ဝတ္ထားသည့္ အမ်ိဳးသား တစ္ေယာက္က ဝင္လာခဲ့သည္။ ထိုလူက လူမ်ိဳးျခား မ်က္ႏွာနဲ႔ ေရာေနပုံရသည္။ သူ႕အရပ္က ၁.၉ မီတာအထက္ ႐ွိေလာက္ၿပီး ထူးျခားသည့္ အညိဳေရာင္ မ်က္ဝန္းေတြ႐ွိသည္။
“wow! ဒီလူက ငါျမင္ဖူးသမွ်ထဲမွာ ၾကည့္အေကာင္းဆုံးပဲ!” မိန္းကေလး အုပ္စုထဲမွ တစ္ေယာက္က မထိန္းခ်ဳပ္ႏိုင္ပဲ ထုတ္ေျပာလိုက္သည္။
ထိုလူက ေ႐ွာင္ခ်န္း ဆီကိုၾကည့္လိုက္ၿပီး သူ႕လက္ထဲတြင္ မုန္႔အိတ္ကို ကိုင္ထားခဲ့သည္။ သူ႕မ်က္လုံးေတြက ေ႐ွာင္ခ်န္း နဲ႔ေတြ႕လိုက္ခ်ိန္တြင္ သူ႕မ်က္ႏွာထက္တြင္ အျပဳံးေလးက ေပၚလာခဲ့ၿပီး အလ်င္အျမန္ပင္ ေလွ်ာက္လိုက္သည္။
ေ႐ွာင္ခ်န္း ကေခါင္းေမာ့လိုက္သည္။ ထိုလူကို ျမင္လိုက္ခ်ိန္တြင္ အရင္က ေအးခဲေနသည့္ အမူအရာက က်ိဳးပဲ့သြားၿပီး သူ႕ႏႈတ္ခမ္းေထာင့္က ျမင့္တက္လာခဲ့သည္။
“ခင္ဗ်ားသြားတာ ဘာလို႔ဒီေလာက္ေတာင္က ၾကာရတာလဲ?!” ေ႐ွာင္ခ်န္း ကမထိန္းခ်ဳပ္ႏိုင္ပဲ ေျပာလိုက္သည္။
ထိုလူက ကေလးေ႐ွ႕တြင္ အခ်ိဳမ်ိဳးစုံျပည့္ေနသည့္ မုန္႔အိတ္ကို ခ်လိုက္သည္။
ကေလးက ခါးတဲ့အရာေတြကို သေဘာမက်ပဲ ခ်ိဳတာမ်ိဳးကိုသာ သေဘာက်သည္။
မိန္းကေလးေတြက သူတို႔ေ႐ွ႕မွ ႏွစ္ေယာက္အား အာ႐ုံစိုက္ေနၾကၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ ၾကည့္လိုက္ၾကသည္။
မိန္းကေလး တစ္ေယာက္က မထိန္းခ်ဳပ္ႏိုင္ပဲ ေျပာလိုက္သည္။ “သူတို႔အတူတူ႐ွိတာ အရမ္းၾကည့္ေကာင္းတာပဲ!”
အမ်ိဳးသား ႏွစ္ေယာက္လုံးက သူတို႔အၾကည့္အား ဆြဲေဆာင္ႏိုင္သည္။ အၾကည့္ေတြက တိုက္႐ိုက္ျဖစ္ၿပီး ခိုးဝွက္ၾကည့္ေနတာမ်ိဳး ႐ွိမေနေပ။ သူတို႔ႏွစ္ေယာက္ရဲ႕ အၾကည့္ေတြက အရမ္းကိုခ်ိဳၿမိန္ေနကာ ခ်စ္ျခင္းေတြနဲ႔ ျပည့္ေနသည္။
ေ႐ွာင္ခ်န္း ကအခ်ိဳကို စားလိုက္ၿပီး သူထိုင္ေနခ်ိန္တြင္ ဘယ္ေလာက္ေတာင္ ပ်င္းေနေၾကာင္းကို ထုတ္ေျပာလိုက္ကာ ထိုလူရဲ႕မ်က္ႏွာကို ၾကည့္လိုက္ၿပီး ျပဳံးလိုက္သည္။ “ခင္ဗ်ားက အရမ္းၾကည့္ေကာင္းတာပဲ”
ထိုလူရဲ႕လက္ႏွစ္ဖက္လုံးက စားပြဲေပၚတြင္ ႐ွိေနၿပီး သူ႕မ်က္လုံးေတြက ကေလးရဲ႕ လႈပ္႐ွားမႈတိုင္းေပၚတြင္သာ ႐ွိေနၿပီး အျပဳံးေလးနဲ႔ ေျပာလိုက္သည္။ “ဘယ္ေလာက္ပဲ ၾကည့္ေကာင္းပါေစ၊ ကေလး တစ္ဦးတည္းအပိုင္ပဲ”
ေ႐ွာင္ခ်န္း ကႏႈတ္ခမ္းေစ့လိုက္သည္။ “အခုေနာက္ပိုင္း ခင္ဗ်ားက ဘာလိုလုပ္ၿပီး ဒီေလာက္ေတာင္ အေျပာေကာင္းလာရတာလဲ၊ ဟမ္?”
“ကေလး ၾကားခ်င္ရင္ ကိုယ္အမ်ားႀကီး ပိုေျပာေပးမယ္” ထိုလူရဲ႕မ်က္ႏွာက ေျပာင္းလဲျခင္းမ႐ွိပဲ သူ႕ႏႈတ္ခမ္းကေတာ့ ျပဳံးေနခဲ့သည္။
ေ႐ွာင္ခ်န္း ကမုန္႔ခ်ိဳအား အျမန္အဆုံးသတ္လိုက္ၿပီး ေပ်ာ္႐ႊင္စြာ ထ,ရပ္လိုက္ကာ ထိုလူရဲ႕လက္အား တြန္႔ဆုတ္ျခင္းမ႐ွိပဲ ဆြဲလိုက္သည္။ “သြားရေအာင္၊ မစၥတာေသမင္း”
သူက မ်က္ေတာင္ခတ္လိုက္သည္။ “ဒိတ္လုပ္ရေအာင္!”
“အင္း” ထိုလူက ကေလးရဲ႕လက္အား တင္းၾကပ္စြာ ကိုင္လိုက္သည္။
မင္းတစ္ဘဝလုံးအတြက္ ေက်းဇူးျပဳၿပီး ကိုယ့္ကိုသာ ပိုၿပီးေပးပါ!
Next ➤ လူသားစားၿမိဳ႕
1.10.2021(Fri)
..........................