လျှို့ဝှက်ဆန်းပြားလောက〘Uni+Za...

Kaiyou1111 tarafından

237K 40.5K 1K

[တစ်ကမ္ဘာလုံးက မင်းကို အနိုင်ကျင့်ကြတယ်၊ မုန်းတီးကြတယ်၊ နောက်ပြီး မင်းကို ခွဲခြားဆက်ဆံကြတယ်၊ ဒါပေမဲ့ မင်းရဲ့က... Daha Fazla

Description
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၂)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၃)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၆)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၇)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၈)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၉)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၀)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၁)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၂)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၃)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၆)
သေမင်းတမန် (၁)
သေမင်းတမန် (၂)
သေမင်းတမန် (၃)
သေမင်းတမန် (၄)
သေမင်းတမန် (၅)
သေမင်းတမန် (၆)
သေမင်းတမန် (၇)
သေမင်းတမန် (၉)
သေမင်းတမန် (၁၀)
သေမင်းတမန် (၁၁)
သေမင်းတမန် (၁၂)
သေမင်းတမန် (၁၃)
သေမင်းတမန် (၁၄)
သေမင်းတမန် (၁၅)
လူသားစားမြို့(၁)
လူသားစားမြို့(၂)
လူသားစားမြို့(၃)
လူသားစားမြို့(၄)
လူသားစားမြို့(၅)
လူသားစားမြို့(၆)
လူသားစားမြို့(၇)
လူသားစားမြို့(၈)
လူသားစားမြို့(၉)
လူသားစားမြို့(၁၀)
လူသားစားမြို့(၁၁)
လူသားစားမြို့(၁၂)
လူသားစားမြို့(၁၃)
လူသားစားမြို့(၁၄)
လူသားစားမြို့(၁၅)
လူသားစားမြို့(၁၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၇)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၈)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၉)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၀)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၆)
Not Update!!
Good New (。•̀ᴗ-)✧
Hello (。•̀ᴗ-)✧
လူသတ်ဂိမ်း (၁)
လူသတ်ဂိမ်း (၂)
လူသတ်ဂိမ်း (၃)
လူသတ်ဂိမ်း (၄)
လူသတ်ဂိမ်း (၅)
လူသတ်ဂိမ်း (၆)
လူသတ်ဂိမ်း(၇)
လူသတ်ဂိမ်း (၈)
လူသတ်ဂိမ်း (၉)
လူသတ်ဂိမ်း (၁၀)
လူသတ်ဂိမ်း (၁၁)
လူသတ်ဂိမ်း (၁၂)
တစ္ဆေမျက်လုံး (၁)
တစ္ဆေမျက်လုံး (၂)
တစ္ဆေမျက်လုံး (၃)
တစ္ဆေမျက်လုံး (၄)
တစ္ဆေမျက်လုံး (၅)
တစ္ဆေမျက်လုံး (၆)
တစ္ဆေမျက်လုံး (၇)
တစ္ဆေမျက်လုံး (၈)
တစ္ဆေမျက်လုံး(၉)
တစ္ဆေမျက်လုံး (၁၀)
တစ္ဆေမျက်လုံး (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၂)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၃)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၄)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၅)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၆)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၇)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၈)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၉)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၀)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၂)

သေမင်းတမန် (၈)

2.6K 569 10
Kaiyou1111 tarafından

Unicode

ယွမ်ဇောင် ကအိပ်ရာတွင် လှဲလျောင်းနေကာ မျက်နှာကြက်အား တွေဝေစွာ ကြည့်နေခဲ့သည်။ ရုတ်ချင်းပင် တစ်ခုခုကို သတိရသွားကာ ထ,ထိုင်လိုက်သည်။ သူ့ပိုက်ဆံအိတ်ထဲမှ တစ်လက်မအရွယ် မိန်းကလေး ဓာတ်ပုံအား ဆွဲထုတ်လိုက်ပြီး သူ့လက်ပေါ်တွင် တင်လိုက်သည်။ သူ့နှုတ်ခမ်းက တင်းစေ့နေခဲ့သည်။

ဓာတ်ပုံထဲက မိန်းကလေးက အသက်ကြီးပုံမပေါ်ပေ။ သူမက အထက်တန်း ကျောင်းသူအရွယ်သာ ရှိသေးပုံပေါ်သည်။ သူမရွှေရောင် ဆံပင်နဲ့ မိတ်ကပ်မရှိသည့် မျက်နှာက ရိုးရှင်းကာ လန်းဆန်းသည့် အသွင်အပြင် ပေါ်နေသည်။ ဒီပုံက ရှင်းလင်းနေပေမဲ့ ထောင့်ဘက်တွေက ဖျော့တော့နေသည်။

ယွမ်ဇောင် ကအသိစိတ်မကပ်ပဲ ဓာတ်ပုံအား စိုက်ကြည့်နေခဲ့ပြီး သူ့မျက်လုံးက နည်းနည်းစိုစွတ်လာခဲ့သည်။

“ရှင်းရှင်း” ထိုစကားအား နာကျင်သည့် အမူအရာဖြင့် ပြောလိုက်သည်။

“ဘာကြောင့်လဲ?” ယွမ်ဇောင် ကအံကြိတ်လိုက်သည်။ သူ့နှလုံးသားထဲတွင် ဆိုးရွားလွန်းသည့် မကျေနပ်ချက်တွေ ရှိနေသည်။

ကျောင်ရှင်းရှင်း ကသူ့ကောင်မလေး ဖြစ်ပြီး သူ့အချစ်ဦးဖြစ်သည်။

သူတို့နှစ်ယောက်က အတူတူ ကြီးပြင်းလာခဲ့ကြသည်။ သူတို့က မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းအား အတူတူ တက်ခဲ့ကြသည်။ အဲ့မတော်တဆမှုသာ မဖြစ်ခဲ့ရင် သူတို့က တက္ကသိုလ်ကို အတူတူတက်ပြီး အလုပ်လည်း တစ်နေရာတည်းတွင် လုပ်နိုင်လိမ့်မည်။

သို့သော် သူမပညာရေးက အထက်တန်း ဒုတိယနှစ်တွင်ပဲ ရပ်စဲခဲ့ပြီး သူမဘဝကလည်း အသက် ၁၈ နှစ်မှာတင် ကုန်ဆုံးခဲ့ရသည်။

နှစ်ကြိမ်! သူမကို ကယ်တောင်မကယ်နိုင်ခဲ့ဘူး!

သူမ သေခဲ့တာတောင် သူ့ကိုမုန်းနေတုန်းပဲလား?

ယွမ်ဇောင် ကရုတ်တရက် တစ်ခုခုကို တွေးလိုက်မိပြီး ဘောလုံးလို ကွေးလိုက်သည်။ သူ့ခေါင်းကို ခေါင်းအုန်းထဲ နှစ်မြှုတ်လိုက်ပြီး ရုတ်တရက် ငိုကြွေးလိုက်သည်။

သူမ သူ့ကို လိုအပ်တုန်းက သူမဘေးမှာသာ သတ္တိရှိရှိနဲ့ ရိုးရိုးရှင်းရှင်းလေး ခဏလောက် ပိုနေပေးလိုက်ရင် ဘာမှဖြစ်လာခဲ့မှာ မဟုတ်ဘူး!

သူမကို သူနောက်ဆုံးအကြိမ် တွေ့ခဲ့တုန်းက သူမခန္ဓာကိုယ် အပူချိန်က လုံးဝကို ပျောက်ဆုံးနေခဲ့သည်။ သူမသွေးတွေတောင် အေးခဲနေခဲ့တယ်!

သူမ ကားတိုက်ခံရတည်းက သူမလက်အရိုးတွေက ကျိုးပဲ့သွားခဲ့သည်။

ပိုရယ်စရာကောင်းတာက အဲ့နေ့က သူမကို တိုက်သွားတဲ့လူကို သူရှာမတွေ့နိုင်သေးဘူး။ ဒါက အရမ်းကြာခဲ့ပြီ! အထက်တန်း ဒုတိယနှစ်မှာ သူမကို ဘယ်သူက ဒုက္ခရောက်စေခဲ့လဲဆိုတာက သူ မသိခဲ့ဘူး!

အခုတော့ သူလည်း သေဆုံးဖို့ ခြိမ်းခြောက်ခံရမှုနဲ့ ရင်ဆိုင်နေရသည်။

ယွမ်ဇောင် ရဲ့ခေါင်းပတ်လည်တွင် အနက်ရောင် မြူခိုးတွေက တဖြည်းဖြည်း ဖုံးလွှမ်းလာခဲ့ပြီး သူ့ပတ်ဝန်းကျင်တွင် စိမ့်ဝင်ပျံ့နှံ့လာခဲ့သည်။

သူမမြင်နိုင်သည့် ထောင့်ဘက်တွင် အနက်ရောင် ဝတ်ထားသည့် အမျိုးသား တစ်ယောက်က ရပ်နေခဲ့ပြီး သူ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေခဲ့သည်။ သူ့မျက်လုံးထဲတွင် အနည်းပါးဆုံးသော နွေးထွေးမှုလေးတောင် ရှိမနေပေ။ မကြာခင် မျက်စိတစ်မှိတ်အတွင်း လေထုအတွင်း သူက ပျောက်ကွယ်သွားခဲ့သည်။

နောက်တစ်ယောက်က မင်းပဲ။

-

“သေမင်းရဲ့ လှုပ်ရှားမှုအားလုံးက ရည်ရွယ်ချက်ရှိတယ်” လျန်ဂျင်း ကသူ့ဖုန်းမှစာကို ကျယ်လောင်စွာ ဖတ်လိုက်ပြီး သူ့အမူအရာတော့ နည်းနည်း တောင့်တင်းနေသည်။

ဒီစာအုပ်က ‘သေမင်းသီအိုရီ’ ဖြစ်သည်။ ဒါကို တရုတ်ပြည် တည်ထောင်ချိန် (1949 ဝန်းကျင်)အတွင်း ရေးသားခဲ့သည်။ နောက်ပိုင်းတွင် အယူသီးမှုကြောင့် ဒီစာအုပ်က ပိတ်သိမ်းခံခဲ့ရသည်။

ဒီစာအုပ်အား သဘာဝလွန် ဖြစ်ရပ်တွေကို ယုံကြည်ကြသည့် လူအုပ်စီမှ သူရခဲ့ခြင်းပင်။ ဒီစာအုပ်က တိကျသည့် ဝဘ်ဆိုဒ်မှ ဒေါင်းလုတ်ဆွဲထားခြင်းသာ ဖြစ်သည်။ စာအုပ်တောင် မရှိပဲ လူအနည်းငယ်သာ ရှာဖွေဖို့ ခွင့်ပြုထားခဲ့သည်။

နောက်ပြီး ဒီစာအုပ်တွင် စာရေးသူက သေခြင်းအား ပုံစံသုံးမျိုး ခွဲထားခဲ့သည်။ ပထမအမျိုးအစားက သေမင်းရဲ့ သေဆုံးခြင်းပုံစံ၊ ဒုတိယအမျိုးအစားက သဘာဝဆန်စွာ သေဆုံးခြင်းနဲ့ နောက်ဆုံးကတော့ တိုက်ဆိုင်မှုဖြင့် သေဆုံးခြင်းတို့ ဖြစ်သည်။

သဘာဝကျစွာ သေဆုံးခြင်းကတော့ အေးချမ်းစွာ သေဆုံးခြင်းကို ဆိုလိုပြီး တိုက်ဆိုင်မှုဖြင့် သေဆုံးခြင်းကတော့ သဘာဝမဆန်ပဲ အခွင့်အရေးနဲ့အတူ ဖောက်ပြန်မှုကြောင့်ကို ဆိုလိုသည်။ ဒါက ဖျားနာမှု၊ မတော်တဆမှု၊ ဒါမှမဟုတ် တိုက်ဆိုင်မှုတွေ ဆိုရင်တောင်မှ အသက်ရှင်ဖို့ ဖြစ်နိုင်ချေရှိသည်။

သို့သော် သေမင်းရဲ့ သေဆုံးခြင်းပုံစံက ကွာခြားသည်။ ဒီသေဆုံးခြင်းက သီးခြားဖြစ်ပြီး အပြစ်တွေအတွက် ဒဏ်ခက်ခံရဖို့ သီးသန့်ထားသည်။ သေမင်းက ကောင်းကင်ဘုံက ငြင်းပယ်ထားသည့် တစ်စုံတစ်ယောက်အား မရှင်းရသေးခင်အထိ အနားမယူပေ။

ဝမ်ရှင်း ကစိုးရိမ်သွားခဲ့သည်။ “ဒီစာအုပ်ထဲမှာ ငါတို့ဘာသာ ကယ်တင်နိုင်မဲ့ နည်းလမ်းက တကယ်ပဲ မပါဘူးလား?”

အဲ့အချိန်က ခူမန်သုန် ကကယ်တင်ပေးခဲ့ပြီးနောက် လှူဖွယ်ပစ္စည်းတွေကို ဆက်တိုက်ကပ်ခဲ့သည်။ သူမ သွားသည့်နေရာတိုင်း ခူမန်သုန် ကိုယူခဲ့သည်။ နေ့တိုင်း အမွှေးနံ့သာနဲ့ ကောင်းမွန်သည့် အသားငါးတွေကို ပြင်ဆင်ခဲ့သည်။

အစပိုင်းတွင် အရာအားလုံးက အဆင်ပြေနေခဲ့သည်။ မတော်တဆမှုတွေ ကြုံတွေ့ရတာက ရပ်သွားရုံတင်မကပဲ သူမကံကောင်းမှုကလည်း မြင့်တက်လာခဲ့သည်။ သူမ လုပ်သည့်အရာတိုင်းက အောင်မြင်ခဲ့သည်။ သို့သော် ညတိုင်း သူမအား တုန်လှုပ်စေနိုင်ခဲ့သည့် သေခြင်းတရားကို တွေးလိုက်ရုံနဲ့ သူမဘေးမှ ကလေးတစ်ယောက်ရဲ့ သောင်းကျန်းနေသည့် အမြင်အား ဝေဝါးစွာ ခံစားမိလာခဲ့သည်။ ထို့နောက် သူမကံကောင်းမှုက အရင်ကထက်တောင် ပိုဆိုးလာခဲ့သည်။

“မရှိဘူး” လျန်ဂျန်း ကခေါင်းခါလိုက်ပြီး သူ့ညာဘက်လက်အား သူ့နှလုံးသားနေရာတွင် ဆုပ်လိုက်သည်။ သူ့အမူအရာက ရုပ်ဆိုးနေသည်။

အသက်ရှင်ဖို့ သူတို့နှစ်ယောက်က ထိတ်ထိတ်ပြာပြာဖြင့် ရှာဖွေနေခဲ့ကြသည်။ သူတို့က ငွေအားလုံးကို အသုံးပြုခဲ့ကြသည်။ သူတို့က ကျောင်းသားတွေ ဖြစ်တာကြောင့် အကောင်းဆုံး ရှာဖွေဖို့အတွက် အလုံအလောက် မရှိပေ။

အခုတော့ သူတို့က တခြားတစ်ယောက်နဲ့ နေထိုင်နေကြသည်။ အတူတူ နေထိုင်နေကြပြီး သူတို့က အခန်းထဲတွင် အန္တရာယ်ရှိသည့် အရာအားလုံးကို ဖုံးကွယ်ထားခဲ့သည်။ စားပွဲထောင့်တွေမှာတောင် ကားဘန်ပါစတစ်တွေနဲ့ ကာထားခဲ့ကြသည်။ ဘေးကင်းမှုအား ပြုလုပ်ထားပြီး သူတို့က အစားအသောက်အတွက် အပြင်ကနေ မှာယူပြီး ရက်ပေါင်းများစွာတောင် အတန်းမတက်ခဲ့ကြပေ။

ဒီအတိုင်း ဆက်နေပြီး သူမ မသေရင်တောင် သူတို့က ရူးသွားနိုင်သည်။

လျန်ဂျန်း ကအံကြိတ်လိုက်သည်။ သူထပ်သေးဖို့အတွက် ပြန်မွေးဖွားလာခဲ့တာလား? ညတိုင်း သူ့အိမ်မက်ထဲတွင် တောင်စောင်းမှ ကျနေသည့် ကြောက်စရာကောင်းပြီး နာကျင်ရသည့် ခံစားချက်အား ခံစားနေရတုန်းပင်! တစ်ကြိမ် သေဆုံးပြီးသား လူတစ်ယောက်ထက် ဘယ်သူက သူတို့ဘဝကို ဖက်တွယ်ထားနိုင်မှာလဲ?

-

“သိပ်မကြာခင်က ခင်ဗျားဘာကြောင့် အပြင်မထွက်ရတာလဲ?” ရှောင်ချန်း ကခြေဗလာဖြင့် ကြမ်းပြင်ပေါ်တွင် ရပ်နေရင်း ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။ သူ့ခေါင်းက စောင်းသွားပြီး သူ့ငေါထွက်နေသည့် အာဒန်ပန်းသီးအား ထုတ်ပြနေခဲ့သည်။ သူ့မျက်လုံးတွေက သူ့ဘေးမှ ထိုင်နေသည့် လူအားကြည့်နေခဲ့သည်။

ထိုလူရဲ့ဘဝက အရမ်းကို ပျင်းရိစရာကောင်းသည်။ သူ့တွင် ဘာဖျော်ဖြေမှုမှ မရှိပေ။ ရှောင်ချန်း ကဆိုဖာတွင်လှဲကာ TV ကြည့်နေတာတောင် သူက ပါဝင်ဖို့ စိတ်မဝင်စားပေ။ သူက အမူအရာမရှိပဲ အမြဲတမ်း ဘေးဘက်တွင် ထိုင်နေပြီး ရှောင်ချန်း ရဲ့လှုပ်ရှားမှုတိုင်းကိုသာ ကြည့်နေခဲ့သည်။

သူ့မျက်ခုံးတွေက ကြုတ်ထားရင်း ရှောင်ချန်း ကိုစူးစမ်းနေခဲ့သည်။ ပုံရိပ်တစ်ခုက သူ့စိတ်ထဲတွင် စီးဝင်လာခဲ့သည်။

သူ့ရှေ့မှလူက သူ့အား Déjà vu လိုခံစားချက်အား ပေးစွမ်းနေသည်။

(Déjà vu - ပထမဆုံး ကြုံတွေ့ဖူးတဲ့ ခံစားချက်က သူနဲ့ပြန်တွေ့ချိန်မှာ ပြန်ခံစားရသလိုမျိုး)

“ကိုယ်က ကလေးနဲ့အတူရှိချင်ရုံပဲ” ထိုလူရဲ့မျက်လုံးက ကျဉ်းမြောင်းနေပြီး သေခြင်းတရားအား စွဲလမ်းသည့် အရိပ်အမြွတ်တွေ ပါဝင်နေသည်။

“အို” ရှောင်ချန်း ကသူ့ခြေထောက်အား ပျော်ရွှင်စွာ လွှဲရမ်းလိုက်သည်။ ထိုလူရဲ့ကြင်နာတက်သည့် စကားလုံးတွေအား နားထောင်ရတာကို သူသဘောကျသည်။

“စီနီယာ! စီနီယာ ဘယ်မှာလဲ?”

ထိုလူက လန့်သွားခဲ့သည်။ နာကျင်မှုက သူ့ခေါင်းထဲ ဖြတ်ပြေးလာခဲ့သည်။

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ? လမ်းသွားလမ်းလာ အကုန်လုံးကို ကန်ထုတ်ပြီးသွားပြီလေ! ဘာကြောင့် သူ့ကို ရှာမတွေ့ရသေးတာလဲ?!”

“စီနီယာ!! စီနီယာ ဘယ်ကိုသွားနေခဲ့တာလဲ?”
မြင်ကွင်းအများအပြားက ထိုလူရဲ့ခေါင်းထဲ နှစ်ဝင်လာခဲ့ရင်း သူ့သွေးကြောတွေအား ကစဉ့်ကလျား ဖြစ်လာစေခဲ့သည်။

ပုံရိပ်တွေက ရှုပ်ထွေးနေခဲ့သည်။ အဲ့လူရဲ့မျက်နှာကို သူသေသေချာချာ အာရုံမစိုက်နိုင်ပေ။

အတင်းအကြပ် ကြိုးစားလိုက်သည်။ ထို့နောက်တွင် သူ့အကြည့်အား ရှောင်ချန်း ရဲ့ခေါင်းအနောက်ဆီကို ကြည့်လိုက်သည်။ တချို့အရာကြောင့် ရုတ်တရက် သူထ,ရပ်လိုက်ပြီး ရှေ့ကိုရွေ့လိုက်သည်။

ရှောင်ချန်း ကသူ့ခါးကို လာဖက်သည့် ထိုလူကို စွံ့အ,စွာဖြင့် ကြည့်လိုက်သည်။ သူ့လက်ညှိုးဖြင့် တစ်ဖက်လူရဲ့ ပါးကိုထိုးလိုက်ရင်း မင်းသမီးအား သယ်သလို ထိုလူပေါ်တွင် လှဲလိုက်သည်။ “ခင်ဗျား ဘာဖြစ်လို့လဲ?”

“တကယ်ကောင်းတယ်၊ ကလေးကို ကိုင်ထားရတုန်းပဲ” ထိုလူက အသိစိတ်လွတ်စွာ ပြောလိုက်သည်။

ရှောင်ချန်း ကပြုံးလိုက်ပြီး ထိုလူရဲ့နှုတ်ခမ်းထောင့်အား နမ်းလိုက်သည်။

ထိုလူက စကားမပြောပေမဲ့ ရှောင်ချန်း ပေါ်မှ သူ့လက်တွေက တင်းကြပ်သွားခဲ့သည်။

ဒီကလေးက သူ့အား ထားသွားမှာကို သူ မယုံနိုင်လောက်အောင် ကြောက်နေခဲ့သည်။ ဒါကို ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး!

ဒီခံစားချက်တွေက အရမ်းကို ထူးဆန်းနေပြီး ရှောင်ချန်း ကသူ့လက်မောင်းထဲတွင် ရှိနေတာတောင် မကျေနပ်သလို ခံစားနေရသည်။ ဒါ့အပြင် သူ့ကိုယ်တွင်းက နတ်ဆိုးတွေကလည်း သူ့အား ရူးသွပ်လာအောင် လုပ်နေကြသည်။ ရှောင်ချန်း အားဆုံးရှုံးရမည့် အတွေးတွေကို သူလုံးဝ လက်ခံနိုင်ပေ။ အခုတော့ သူ့ရူးသွပ်နေသည့် ပိုင်ဆိုင်လိုစိတ်အား ဖုံးကွယ်ထားဖို့ ဆန္ဒမရှိပေ။

သူက ရူးသွပ်ပြီး မလုံခြုံပေ။ သူ့ကိုယ်သူ မကယ်တင်နိုင်ပေ။

ထိုလူရဲ့လည်ဆွဲက ရှောင်ချန်း ရဲ့ပါးကို ပွတ်သပ်လာတာကြောင့် နောက်ပိုင်းတွင် မသက်သာစွာဖြင့် လှုပ်ရှားလိုက်သည်။

ရလဒ်ကြောင့် သူက သူ့ခေါင်းအား ရှောင်ချန်း ရဲ့လည်ပင်းတွင်သာ မြှုတ်ထားနိုင်ခဲ့သည်။

သူ့တွင် လျှို့ဝှက်ချက် တစ်ခုရှိသည်။ ဒီအကြောင်းကို ရှောင်ချန်း အားသူဘယ်တော့မှ ပြောပြမှာ မဟုတ်ပေ။ ရှောင်ချန်း ကလည်း ဒီအကြောင်းကို ဘယ်တော့မှ သိလာမှာ မဟုတ်ပေ။

နတ်သမီးက ကမ္ဘာတစ်ခုလုံးရဲ့ အနှောင့်အယှက်အတွက် သူတို့ချစ်တဲ့ တစ်ယောက်ကိုတောင် သတ်ပစ်နိုင်တယ်! ဒါပေမဲ့ နတ်ဆိုးကတော့ သူတို့ချစ်တဲ့ တစ်ယောက်အတွက် တစ်ကမ္ဘာလုံးကိုတောင် သတ်ပစ်နိုင်တယ်!

မင်းအတွက် ငါသတ်ခဲ့တဲ့ လူအများကြီးကို မင်းသိဖို့ မလိုအပ်ပါဘူး။

14.9.2021 (Tue)
...........................

Zawgyi

ယြမ္ေဇာင္ ကအိပ္ရာတြင္ လွဲေလ်ာင္းေနကာ မ်က္ႏွာၾကက္အား ေတြေဝစြာ ၾကည့္ေနခဲ့သည္။ ႐ုတ္ခ်င္းပင္ တစ္ခုခုကို သတိရသြားကာ ထ,ထိုင္လိုက္သည္။ သူ႕ပိုက္ဆံအိတ္ထဲမွ တစ္လက္မအ႐ြယ္ မိန္းကေလး ဓာတ္ပုံအား ဆြဲထုတ္လိုက္ၿပီး သူ႕လက္ေပၚတြင္ တင္လိုက္သည္။ သူ႕ႏႈတ္ခမ္းက တင္းေစ့ေနခဲ့သည္။

ဓာတ္ပုံထဲက မိန္းကေလးက အသက္ႀကီးပုံမေပၚေပ။ သူမက အထက္တန္း ေက်ာင္းသူအ႐ြယ္သာ ႐ွိေသးပုံေပၚသည္။ သူမေ႐ႊေရာင္ ဆံပင္နဲ႔ မိတ္ကပ္မ႐ွိသည့္ မ်က္ႏွာက ႐ိုး႐ွင္းကာ လန္းဆန္းသည့္ အသြင္အျပင္ ေပၚေနသည္။ ဒီပုံက ႐ွင္းလင္းေနေပမဲ့ ေထာင့္ဘက္ေတြက ေဖ်ာ့ေတာ့ေနသည္။

ယြမ္ေဇာင္ ကအသိစိတ္မကပ္ပဲ ဓာတ္ပုံအား စိုက္ၾကည့္ေနခဲ့ၿပီး သူ႕မ်က္လုံးက နည္းနည္းစိုစြတ္လာခဲ့သည္။

“႐ွင္း႐ွင္း” ထိုစကားအား နာက်င္သည့္ အမူအရာျဖင့္ ေျပာလိုက္သည္။

“ဘာေၾကာင့္လဲ?” ယြမ္ေဇာင္ ကအံႀကိတ္လိုက္သည္။ သူ႕ႏွလုံးသားထဲတြင္ ဆိုး႐ြားလြန္းသည့္ မေက်နပ္ခ်က္ေတြ ႐ွိေနသည္။

ေက်ာင္႐ွင္း႐ွင္း ကသူ႕ေကာင္မေလး ျဖစ္ၿပီး သူ႕အခ်စ္ဦးျဖစ္သည္။

သူတို႔ႏွစ္ေယာက္က အတူတူ ႀကီးျပင္းလာခဲ့ၾကသည္။ သူတို႔က မူလတန္း၊ အလယ္တန္းနဲ႔ အထက္တန္းအား အတူတူ တက္ခဲ့ၾကသည္။ အဲ့မေတာ္တဆမႈသာ မျဖစ္ခဲ့ရင္ သူတို႔က တကၠသိုလ္ကို အတူတူတက္ၿပီး အလုပ္လည္း တစ္ေနရာတည္းတြင္ လုပ္ႏိုင္လိမ့္မည္။

သို႔ေသာ္ သူမပညာေရးက အထက္တန္း ဒုတိယႏွစ္တြင္ပဲ ရပ္စဲခဲ့ၿပီး သူမဘဝကလည္း အသက္ ၁၈ ႏွစ္မွာတင္ ကုန္ဆုံးခဲ့ရသည္။

ႏွစ္ႀကိမ္! သူမကို ကယ္ေတာင္မကယ္ႏိုင္ခဲ့ဘူး!

သူမ ေသခဲ့တာေတာင္ သူ႕ကိုမုန္းေနတုန္းပဲလား?

ယြမ္ေဇာင္ က႐ုတ္တရက္ တစ္ခုခုကို ေတြးလိုက္မိၿပီး ေဘာလုံးလို ေကြးလိုက္သည္။ သူ႕ေခါင္းကို ေခါင္းအုန္းထဲ ႏွစ္ျမႇဳတ္လိုက္ၿပီး ႐ုတ္တရက္ ငိုေႂကြးလိုက္သည္။

သူမ သူ႕ကို လိုအပ္တုန္းက သူမေဘးမွာသာ သတၱိ႐ွိ႐ွိနဲ႔ ႐ိုး႐ိုး႐ွင္း႐ွင္းေလး ခဏေလာက္ ပိုေနေပးလိုက္ရင္ ဘာမွျဖစ္လာခဲ့မွာ မဟုတ္ဘူး!

သူမကို သူေနာက္ဆုံးအႀကိမ္ ေတြ႕ခဲ့တုန္းက သူမခႏၶာကိုယ္ အပူခ်ိန္က လုံးဝကို ေပ်ာက္ဆုံးေနခဲ့သည္။ သူမေသြးေတြေတာင္ ေအးခဲေနခဲ့တယ္!

သူမ ကားတိုက္ခံရတည္းက သူမလက္အ႐ိုးေတြက က်ိဳးပဲ့သြားခဲ့သည္။

ပိုရယ္စရာေကာင္းတာက အဲ့ေန႔က သူမကို တိုက္သြားတဲ့လူကို သူ႐ွာမေတြ႕ႏိုင္ေသးဘူး။ ဒါက အရမ္းၾကာခဲ့ၿပီ! အထက္တန္း ဒုတိယႏွစ္မွာ သူမကို ဘယ္သူက ဒုကၡေရာက္ေစခဲ့လဲဆိုတာက သူ မသိခဲ့ဘူး!

အခုေတာ့ သူလည္း ေသဆုံးဖို႔ ၿခိမ္းေျခာက္ခံရမႈနဲ႔ ရင္ဆိုင္ေနရသည္။

ယြမ္ေဇာင္ ရဲ႕ေခါင္းပတ္လည္တြင္ အနက္ေရာင္ ျမဴခိုးေတြက တျဖည္းျဖည္း ဖုံးလႊမ္းလာခဲ့ၿပီး သူ႕ပတ္ဝန္းက်င္တြင္ စိမ့္ဝင္ပ်ံ႕ႏွံ႔လာခဲ့သည္။

သူမျမင္ႏိုင္သည့္ ေထာင့္ဘက္တြင္ အနက္ေရာင္ ဝတ္ထားသည့္ အမ်ိဳးသား တစ္ေယာက္က ရပ္ေနခဲ့ၿပီး သူ႕လႈပ္႐ွားမႈတိုင္းကို ေစာင့္ၾကည့္ေနခဲ့သည္။ သူ႕မ်က္လုံးထဲတြင္ အနည္းပါးဆုံးေသာ ေႏြးေထြးမႈေလးေတာင္ ႐ွိမေနေပ။ မၾကာခင္ မ်က္စိတစ္မွိတ္အတြင္း ေလထုအတြင္း သူက ေပ်ာက္ကြယ္သြားခဲ့သည္။

ေနာက္တစ္ေယာက္က မင္းပဲ။

-

“ေသမင္းရဲ႕ လႈပ္႐ွားမႈအားလုံးက ရည္႐ြယ္ခ်က္႐ွိတယ္” လ်န္ဂ်င္း ကသူ႕ဖုန္းမွစာကို က်ယ္ေလာင္စြာ ဖတ္လိုက္ၿပီး သူ႕အမူအရာေတာ့ နည္းနည္း ေတာင့္တင္းေနသည္။

ဒီစာအုပ္က ‘ေသမင္းသီအိုရီ’ ျဖစ္သည္။ ဒါကို တ႐ုတ္ျပည္ တည္ေထာင္ခ်ိန္ (1949 ဝန္းက်င္)အတြင္း ေရးသားခဲ့သည္။ ေနာက္ပိုင္းတြင္ အယူသီးမႈေၾကာင့္ ဒီစာအုပ္က ပိတ္သိမ္းခံခဲ့ရသည္။

ဒီစာအုပ္အား သဘာဝလြန္ ျဖစ္ရပ္ေတြကို ယုံၾကည္ၾကသည့္ လူအုပ္စီမွ သူရခဲ့ျခင္းပင္။ ဒီစာအုပ္က တိက်သည့္ ဝဘ္ဆိုဒ္မွ ေဒါင္းလုတ္ဆြဲထားျခင္းသာ ျဖစ္သည္။ စာအုပ္ေတာင္ မ႐ွိပဲ လူအနည္းငယ္သာ ႐ွာေဖြဖို႔ ခြင့္ျပဳထားခဲ့သည္။

ေနာက္ၿပီး ဒီစာအုပ္တြင္ စာေရးသူက ေသျခင္းအား ပုံစံသုံးမ်ိဳး ခြဲထားခဲ့သည္။ ပထမအမ်ိဳးအစားက ေသမင္းရဲ႕ ေသဆုံးျခင္းပုံစံ၊ ဒုတိယအမ်ိဳးအစားက သဘာဝဆန္စြာ ေသဆုံးျခင္းနဲ႔ ေနာက္ဆုံးကေတာ့ တိုက္ဆိုင္မႈျဖင့္ ေသဆုံးျခင္းတို႔ ျဖစ္သည္။

သဘာဝက်စြာ ေသဆုံးျခင္းကေတာ့ ေအးခ်မ္းစြာ ေသဆုံးျခင္းကို ဆိုလိုၿပီး တိုက္ဆိုင္မႈျဖင့္ ေသဆုံးျခင္းကေတာ့ သဘာဝမဆန္ပဲ အခြင့္အေရးနဲ႔အတူ ေဖာက္ျပန္မႈေၾကာင့္ကို ဆိုလိုသည္။ ဒါက ဖ်ားနာမႈ၊ မေတာ္တဆမႈ၊ ဒါမွမဟုတ္ တိုက္ဆိုင္မႈေတြ ဆိုရင္ေတာင္မွ အသက္႐ွင္ဖို႔ ျဖစ္ႏိုင္ေခ်႐ွိသည္။

သို႔ေသာ္ ေသမင္းရဲ႕ ေသဆုံးျခင္းပုံစံက ကြာျခားသည္။ ဒီေသဆုံးျခင္းက သီးျခားျဖစ္ၿပီး အျပစ္ေတြအတြက္ ဒဏ္ခက္ခံရဖို႔ သီးသန္႔ထားသည္။ ေသမင္းက ေကာင္းကင္ဘုံက ျငင္းပယ္ထားသည့္ တစ္စုံတစ္ေယာက္အား မ႐ွင္းရေသးခင္အထိ အနားမယူေပ။

ဝမ္႐ွင္း ကစိုးရိမ္သြားခဲ့သည္။ “ဒီစာအုပ္ထဲမွာ ငါတို႔ဘာသာ ကယ္တင္ႏိုင္မဲ့ နည္းလမ္းက တကယ္ပဲ မပါဘူးလား?”

အဲ့အခ်ိန္က ခူမန္သုန္ ကကယ္တင္ေပးခဲ့ၿပီးေနာက္ လႉဖြယ္ပစၥည္းေတြကို ဆက္တိုက္ကပ္ခဲ့သည္။ သူမ သြားသည့္ေနရာတိုင္း ခူမန္သုန္ ကိုယူခဲ့သည္။ ေန႔တိုင္း အေမႊးနံ႔သာနဲ႔ ေကာင္းမြန္သည့္ အသားငါးေတြကို ျပင္ဆင္ခဲ့သည္။

အစပိုင္းတြင္ အရာအားလုံးက အဆင္ေျပေနခဲ့သည္။ မေတာ္တဆမႈေတြ ၾကဳံေတြ႕ရတာက ရပ္သြား႐ုံတင္မကပဲ သူမကံေကာင္းမႈကလည္း ျမင့္တက္လာခဲ့သည္။ သူမ လုပ္သည့္အရာတိုင္းက ေအာင္ျမင္ခဲ့သည္။ သို႔ေသာ္ ညတိုင္း သူမအား တုန္လႈပ္ေစႏိုင္ခဲ့သည့္ ေသျခင္းတရားကို ေတြးလိုက္႐ုံနဲ႔ သူမေဘးမွ ကေလးတစ္ေယာက္ရဲ႕ ေသာင္းက်န္းေနသည့္ အျမင္အား ေဝဝါးစြာ ခံစားမိလာခဲ့သည္။ ထို႔ေနာက္ သူမကံေကာင္းမႈက အရင္ကထက္ေတာင္ ပိုဆိုးလာခဲ့သည္။

“မ႐ွိဘူး” လ်န္ဂ်န္း ကေခါင္းခါလိုက္ၿပီး သူ႕ညာဘက္လက္အား သူ႕ႏွလုံးသားေနရာတြင္ ဆုပ္လိုက္သည္။ သူ႕အမူအရာက ႐ုပ္ဆိုးေနသည္။

အသက္႐ွင္ဖို႔ သူတို႔ႏွစ္ေယာက္က ထိတ္ထိတ္ျပာျပာျဖင့္ ႐ွာေဖြေနခဲ့ၾကသည္။ သူတို႔က ေငြအားလုံးကို အသုံးျပဳခဲ့ၾကသည္။ သူတို႔က ေက်ာင္းသားေတြ ျဖစ္တာေၾကာင့္ အေကာင္းဆုံး ႐ွာေဖြဖို႔အတြက္ အလုံအေလာက္ မ႐ွိေပ။

အခုေတာ့ သူတို႔က တျခားတစ္ေယာက္နဲ႔ ေနထိုင္ေနၾကသည္။ အတူတူ ေနထိုင္ေနၾကၿပီး သူတို႔က အခန္းထဲတြင္ အႏၲရာယ္႐ွိသည့္ အရာအားလုံးကို ဖုံးကြယ္ထားခဲ့သည္။ စားပြဲေထာင့္ေတြမွာေတာင္ ကားဘန္ပါစတစ္ေတြနဲ႔ ကာထားခဲ့ၾကသည္။ ေဘးကင္းမႈအား ျပဳလုပ္ထားၿပီး သူတို႔က အစားအေသာက္အတြက္ အျပင္ကေန မွာယူၿပီး ရက္ေပါင္းမ်ားစြာေတာင္ အတန္းမတက္ခဲ့ၾကေပ။

ဒီအတိုင္း ဆက္ေနၿပီး သူမ မေသရင္ေတာင္ သူတို႔က ႐ူးသြားႏိုင္သည္။

လ်န္ဂ်န္း ကအံႀကိတ္လိုက္သည္။ သူထပ္ေသးဖို႔အတြက္ ျပန္ေမြးဖြားလာခဲ့တာလား? ညတိုင္း သူ႕အိမ္မက္ထဲတြင္ ေတာင္ေစာင္းမွ က်ေနသည့္ ေၾကာက္စရာေကာင္းၿပီး နာက်င္ရသည့္ ခံစားခ်က္အား ခံစားေနရတုန္းပင္! တစ္ႀကိမ္ ေသဆုံးၿပီးသား လူတစ္ေယာက္ထက္ ဘယ္သူက သူတို႔ဘဝကို ဖက္တြယ္ထားႏိုင္မွာလဲ?

-

“သိပ္မၾကာခင္က ခင္ဗ်ားဘာေၾကာင့္ အျပင္မထြက္ရတာလဲ?” ေ႐ွာင္ခ်န္း ကေျခဗလာျဖင့္ ၾကမ္းျပင္ေပၚတြင္ ရပ္ေနရင္း ဆိုဖာေပၚတြင္ ထိုင္လိုက္သည္။ သူ႕ေခါင္းက ေစာင္းသြားၿပီး သူ႕ေငါထြက္ေနသည့္ အာဒန္ပန္းသီးအား ထုတ္ျပေနခဲ့သည္။ သူ႕မ်က္လုံးေတြက သူ႕ေဘးမွ ထိုင္ေနသည့္ လူအားၾကည့္ေနခဲ့သည္။

ထိုလူရဲ႕ဘဝက အရမ္းကို ပ်င္းရိစရာေကာင္းသည္။ သူ႕တြင္ ဘာေဖ်ာ္ေျဖမႈမွ မ႐ွိေပ။ ေ႐ွာင္ခ်န္း ကဆိုဖာတြင္လွဲကာ TV ၾကည့္ေနတာေတာင္ သူက ပါဝင္ဖို႔ စိတ္မဝင္စားေပ။ သူက အမူအရာမ႐ွိပဲ အၿမဲတမ္း ေဘးဘက္တြင္ ထိုင္ေနၿပီး ေ႐ွာင္ခ်န္း ရဲ႕လႈပ္႐ွားမႈတိုင္းကိုသာ ၾကည့္ေနခဲ့သည္။

သူ႕မ်က္ခုံးေတြက ၾကဳတ္ထားရင္း ေ႐ွာင္ခ်န္း ကိုစူးစမ္းေနခဲ့သည္။ ပုံရိပ္တစ္ခုက သူ႕စိတ္ထဲတြင္ စီးဝင္လာခဲ့သည္။

သူ႕ေ႐ွ႕မွလူက သူ႕အား Déjà vu လိုခံစားခ်က္အား ေပးစြမ္းေနသည္။

(Déjà vu - ပထမဆုံး ၾကဳံေတြ႕ဖူးတဲ့ ခံစားခ်က္က သူနဲ႔ျပန္ေတြ႕ခ်ိန္မွာ ျပန္ခံစားရသလိုမ်ိဳး)

“ကိုယ္က ကေလးနဲ႔အတူ႐ွိခ်င္႐ုံပဲ” ထိုလူရဲ႕မ်က္လုံးက က်ဥ္းေျမာင္းေနၿပီး ေသျခင္းတရားအား စြဲလမ္းသည့္ အရိပ္အႁမြတ္ေတြ ပါဝင္ေနသည္။

“အို” ေ႐ွာင္ခ်န္း ကသူ႕ေျခေထာက္အား ေပ်ာ္႐ႊင္စြာ လႊဲရမ္းလိုက္သည္။ ထိုလူရဲ႕ၾကင္နာတက္သည့္ စကားလုံးေတြအား နားေထာင္ရတာကို သူသေဘာက်သည္။

“စီနီယာ! စီနီယာ ဘယ္မွာလဲ?”

ထိုလူက လန္႔သြားခဲ့သည္။ နာက်င္မႈက သူ႕ေခါင္းထဲ ျဖတ္ေျပးလာခဲ့သည္။

“ဒါက ဘယ္လိုျဖစ္ႏိုင္မွာလဲ? လမ္းသြားလမ္းလာ အကုန္လုံးကို ကန္ထုတ္ၿပီးသြားၿပီေလ! ဘာေၾကာင့္ သူ႕ကို ႐ွာမေတြ႕ရေသးတာလဲ?!”

“စီနီယာ!! စီနီယာ ဘယ္ကိုသြားေနခဲ့တာလဲ?”
ျမင္ကြင္းအမ်ားအျပားက ထိုလူရဲ႕ေခါင္းထဲ ႏွစ္ဝင္လာခဲ့ရင္း သူ႕ေသြးေၾကာေတြအား ကစဥ့္ကလ်ား ျဖစ္လာေစခဲ့သည္။

ပုံရိပ္ေတြက ႐ႈပ္ေထြးေနခဲ့သည္။ အဲ့လူရဲ႕မ်က္ႏွာကို သူေသေသခ်ာခ်ာ အာ႐ုံမစိုက္ႏိုင္ေပ။

အတင္းအၾကပ္ ႀကိဳးစားလိုက္သည္။ ထို႔ေနာက္တြင္ သူ႕အၾကည့္အား ေ႐ွာင္ခ်န္း ရဲ႕ေခါင္းအေနာက္ဆီကို ၾကည့္လိုက္သည္။ တခ်ိဳ႕အရာေၾကာင့္ ႐ုတ္တရက္ သူထ,ရပ္လိုက္ၿပီး ေ႐ွ႕ကိုေ႐ြ႕လိုက္သည္။

ေ႐ွာင္ခ်န္း ကသူ႕ခါးကို လာဖက္သည့္ ထိုလူကို စြံ႕အ,စြာျဖင့္ ၾကည့္လိုက္သည္။ သူ႕လက္ညိႇဳးျဖင့္ တစ္ဖက္လူရဲ႕ ပါးကိုထိုးလိုက္ရင္း မင္းသမီးအား သယ္သလို ထိုလူေပၚတြင္ လွဲလိုက္သည္။ “ခင္ဗ်ား ဘာျဖစ္လို႔လဲ?”

“တကယ္ေကာင္းတယ္၊ ကေလးကို ကိုင္ထားရတုန္းပဲ” ထိုလူက အသိစိတ္လြတ္စြာ ေျပာလိုက္သည္။

ေ႐ွာင္ခ်န္း ကျပဳံးလိုက္ၿပီး ထိုလူရဲ႕ႏႈတ္ခမ္းေထာင့္အား နမ္းလိုက္သည္။

ထိုလူက စကားမေျပာေပမဲ့ ေ႐ွာင္ခ်န္း ေပၚမွ သူ႕လက္ေတြက တင္းၾကပ္သြားခဲ့သည္။

ဒီကေလးက သူ႕အား ထားသြားမွာကို သူ မယုံႏိုင္ေလာက္ေအာင္ ေၾကာက္ေနခဲ့သည္။ ဒါကို ဘယ္ေတာ့မွ ခြင့္ျပဳမွာ မဟုတ္ဘူး!

ဒီခံစားခ်က္ေတြက အရမ္းကို ထူးဆန္းေနၿပီး ေ႐ွာင္ခ်န္း ကသူ႕လက္ေမာင္းထဲတြင္ ႐ွိေနတာေတာင္ မေက်နပ္သလို ခံစားေနရသည္။ ဒါ့အျပင္ သူ႕ကိုယ္တြင္းက နတ္ဆိုးေတြကလည္း သူ႕အား ႐ူးသြပ္လာေအာင္ လုပ္ေနၾကသည္။ ေ႐ွာင္ခ်န္း အားဆုံး႐ႈံးရမည့္ အေတြးေတြကို သူလုံးဝ လက္ခံႏိုင္ေပ။ အခုေတာ့ သူ႕႐ူးသြပ္ေနသည့္ ပိုင္ဆိုင္လိုစိတ္အား ဖုံးကြယ္ထားဖို႔ ဆႏၵမ႐ွိေပ။

သူက ႐ူးသြပ္ၿပီး မလုံျခဳံေပ။ သူ႕ကိုယ္သူ မကယ္တင္ႏိုင္ေပ။

ထိုလူရဲ႕လည္ဆြဲက ေ႐ွာင္ခ်န္း ရဲ႕ပါးကို ပြတ္သပ္လာတာေၾကာင့္ ေနာက္ပိုင္းတြင္ မသက္သာစြာျဖင့္ လႈပ္႐ွားလိုက္သည္။

ရလဒ္ေၾကာင့္ သူက သူ႕ေခါင္းအား ေ႐ွာင္ခ်န္း ရဲ႕လည္ပင္းတြင္သာ ျမႇဳတ္ထားႏိုင္ခဲ့သည္။

သူ႕တြင္ လွ်ိဳ႕ဝွက္ခ်က္ တစ္ခု႐ွိသည္။ ဒီအေၾကာင္းကို ေ႐ွာင္ခ်န္း အားသူဘယ္ေတာ့မွ ေျပာျပမွာ မဟုတ္ေပ။ ေ႐ွာင္ခ်န္း ကလည္း ဒီအေၾကာင္းကို ဘယ္ေတာ့မွ သိလာမွာ မဟုတ္ေပ။

နတ္သမီးက ကမ႓ာတစ္ခုလုံးရဲ႕ အေႏွာင့္အယွက္အတြက္ သူတို႔ခ်စ္တဲ့ တစ္ေယာက္ကိုေတာင္ သတ္ပစ္ႏိုင္တယ္! ဒါေပမဲ့ နတ္ဆိုးကေတာ့ သူတို႔ခ်စ္တဲ့ တစ္ေယာက္အတြက္ တစ္ကမ႓ာလုံးကိုေတာင္ သတ္ပစ္ႏိုင္တယ္!

မင္းအတြက္ ငါသတ္ခဲ့တဲ့ လူအမ်ားႀကီးကို မင္းသိဖို႔ မလိုအပ္ပါဘူး။

14.9.2021 (Tue)
...........................

Okumaya devam et

Bunları da Beğeneceksin

112K 22.9K 60
Completed ✔️✔️ (جۆری چیرۆک :-خەیاڵی .... ترسناک ... سەرکێشی ... ئاکشن ... خۆشەویستی ... جەنگان لە پێناو مانەوە لەژیان ..) Mama I'm In love with a cri...
236K 48.3K 84
කැලෙ ඇතුලෙම පරවෙනවා බන් හුගක් මල් ජාති.....!
36.2K 1.7K 199
(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်
12.3K 1.5K 15
Horror ကြိုက်တဲ့ဒါဒါလေးများအတွက် အကြိုက်တွေ့စေမှာပါရှင့်။ ဖတ်ကြည့်ကြပါဦးနော်။ ပြီးရင် ကျဲကျဲနဲ့တူတူ ကြောက်ကြရအောင် 😁 သောကြာနေ့တိုင်း update ရှိပါသည...