The Romance of Two Stars 🚨🚨...

By hanchinyuan

1M 67.2K 2.9K

China ရဲ့ နာမည်ကြီးအဆိုတော်မင်းသားတစ်လက်နဲ့ မြန်မာနိုင်ငံကနေ china idolသွားပြိုင်တဲ့ ကောင်လေးတစ်ယောက်တို့ရဲ့... More

Part (1)
Part(2)
Part(3)
Part (4)
Part (5)
Part (6)
Part (7)
Part (8)
Part (9)
Part ( 10)
Part (11)
Part (12)
Part (13)
Part (14)
Part (15)
Part (16)
Part (17)
Part (18)
Part (19)
Part(20)
Part( 21 )
Part (22)
Part (23)
Part (24)
Part (25)
Part (26)
Part (27)
Part (28)
Part (29)
Part (30)
Part (31)
Part (32)
Part (33)Warning ⚠️⚠️⚠️
Part (35)
Part (36)
Part (37)Warning⚠️⚠️⚠️
Part (38)
Part (39) ++++
Part (40)
Part (41)
Part(42)
Part (43)Warning⚠️⚠️⚠️
Part (44)
Part (45)
Part (46)Warning ⚠️⚠️⚠️
Part (47)
FINAL
ကျေးဇူးတင်လွှာ
လုံ & လင်း
လုံ & လင်း
Book Cover
Book Order🌸🌸
Sec Edition

Part(34)

16.1K 1K 44
By hanchinyuan

Unicode

မနေ့ညက လုံချင်တို့ ပွဲကြမ်းလားမကြမ်းလား မနက်ရောက်တော့ ဝေလင်းတစ်ကိုယ်လုံး လှုပ်မရအောင်နာကျင်လို့နေသည်။

မျက်လုံးမဖွင့်ခင် တွေးလိုက်မိတာက
အကြောတွေများ သေသွားပလားလို့ ....

နာနေတာခံစားရတယ်ဆိုတော့
မသေလောက်သေးပါဘူးလေ ......

လည်ချောင်းထဲ ခြောက်ကပ်ကပ်ဖြစ်နေတာမို့ ရေတောင်းဖို့ရာ မျက်လုံးဖွင့်ကြည့်မိသည်။

အနားမှာ ဘယ်သူမှ မရှိ .....

နားစွင့်ကြည့်တော့ ရေချိုးခန်းထဲမှာ
ရေကျသံတွေ ကြားနေရသည်။

သောက်နွားရိုင်းကြီး ရေချိုးနေပြီနေမှာ ......

အားတင်းကာ လက်ထောက်ကြည့်မိတော့
အောက်ပိုင်းတစ်နေရာက
စူးနေအောင်နာသည်။

" အင့် ... "

နာကျင်မှုက မစားသာ၍ ငြိမ်ငြိမ်လေးသာနေလိုက်ရတော့သည်။

ဘယ်တတ်နိုင်မလဲ ကိုယ်ကလည်း
ရတဲ့အခွင့်ရေးကို
ကောင်းကောင်းမှအသုံးမချတတ်တာကိုး ......

ဂျောက် ~ ~ ကျွီ ~ ~ ~

" ဟာ .....  ကလေးလေးနိုးနေပြီလား "

လုံချင်က ရေစက်လက်နဲ့ ဝေလင်းအနားလျှောက်လာ၏။

ဝေလင်းစိတ်ဆိုးဟန်နဲ့
မျက်စောင်းထိုးလိုက်တော့
ရယ်ကျဲကျဲနဲ့နဖူးကိုဖွဖွလေးလာနမ်းသည်။

" စိတ်ဆိုးနေတာလား "

"  ......... "

ဝေလင်းနှုတ်ခမ်းကို ဆူထားမိဆဲ ....

" ကိုယ်တောင်းပန်ပါတယ် ....
ကိုယ်ကြမ်းမိသွားလို့ ...
နောက်တစ်ခါကျကလေးပဲဦးဆောင်ပါ ...... "

လုံချင်ရဲ့ မျက်နှာငယ်လေးနဲ့​ပြောနေပုံအောက်မှာ ဝေလင်းအသည်းတွေပြုတ်ကျကုန်သည်။

ဒီလောက်ချစ်တတ်တဲ့သူကို အောက်မှာနေခိုင်းရအောင် ဝေလင်းကရူးနေတာမှ
မဟုတ်တာ ......

အသည်းခိုက်အောင်နာကျင်ရတဲ့အရာမို့
လုံချင်ကို သူမနာကျင်စေချင်ဘူး .....

လုပ်လည်းမလုပ်ရက်ဘူး ......

" ကလေးငယ် မျက်နှာသစ်မလား ....
ကိုယ်ချီမယ် "

ဝေလင်း ခေါင်းခါပြလိုက်သည်။

နာကျင်ခြောက်ကပ်နေတဲ့ လည်ချောင်းကို
အားယူရင်း

''ရေသောက်ချင်တယ် ´´

ဟင် !!! အသံ .... အသံက ထွက်မလာဘူး ...

တစ်ခါမှ ဒီလိုမဖြစ်ဖူးတာမို့
ဝေလင်းအတော်ထိတ်လန့်သွားသည်။

'' ရေ ..... ´´

အသံက လည်ချောင်းထဲမှာတင်
ပျောက်သွား၏။

" ကလေးငယ် ဘာလုပ်ချင်လို့လဲ "

ဝေလင်းက နှုတ်ခမ်းလေးသာ
လှုပ်လာတာမို့ လုံချင်မေးလိုက်သည်။

'' ရေလို့ ..... ´´

အသံမထွက်ပြန်ဘူး ......

' ငါ့အသံတွေ သေသွားပြီလား ....
အီး ... ဟီး ....
ငါစကားမပြောနိုင်တော့ဘူးလား ....  '

ဝေလင်းတွေးရင်းနဲ့ ၀မ်းနည်းကာ
မျက်ရည်တွေ စီးကျလာတော့သည်။

လုံချင်မှာလည်း ရုတ်တရက်ငိုချလာသော
ဝေလင်းကြောင့် ခြေမကိုင်မိလက်မကိုင်မိ
ပြူးပြူးပြာပြာဖြစ်သွား၏။

" လင်း ... ဘာဖြစ်လို့လဲ ...
နာလို့လား ... ဟင် ... ကိုယ်ဆရာ၀န်ခေါ်ပေးမယ်နော် "

လုံချင် ချက်ခြင်းပဲ ဒီမြို့မှာရှိတဲ့
သူငယ်ချင်းဆရာ၀န်ကို ဖုန်းဆက်ခေါ်ရတော့သည်။

ဝေလင်းကတော့ ငိုနေဆဲ .....

လုံချင်လည်း အ၀တ်အစားပင်
မလဲနိုင်ပဲ တတွတ်တွတ်နဲ့
ဖအေကြီးတစ်ယောက်လို ချော့နေရသည်။

ခဏကြာတော့ ဆရာ၀န်ရောက်လာ၏။

" လုံချင်  ... မတွေ့တာကြာပြီနော်
နွား ... ငါကသတိရနေတာ "

ဆရာ၀န်က တံခါးလာဖွင့်ပေးသော
လုံချင် အရင်နှုတ်ဆက်လေသည်။

" ငါလည်း အလုပ်နဲ့ဆိုတော့
ဒီဘက်မရောက်ဖြစ်လို့လေ ...
လာ ငါ့ကလေးကို ကြည့်ပေးပါဦး "

" ဟင် ... မင်းဘယ်တုန်းကအိမ်ထောင်ကျ...
ဟမ် ... သူ သူက "

ဆရာ၀န်မှာ လုံချင်ကိုမေးနေရင်းမှ
ဝေလင်းကိုမြင်ပြီးသကာလ ဆွံ့အ,
သွားတော့သည်။

" ငါ့ ကလေး ... ငါ့ babyကွာ ...
အထူးအဆန်းလုပ်မနေနဲ့ ...
မင်းမှာလည်း ဘဲကြီးရှိနေတာကို "

" အေးပါကွာ .... ငါက ရုတ်တရက်မို့ပါ "

" အင်း မြန်မြန် .... ခုနက ငါ့babyငိုနေလို့ "

" အာ ... ok ok "

ဆရာ၀န်လည်း အခြေအနေကို သဘောပေါက်ပြီး ဝေလင်းဒဏ်ရာကို
ဆေးထည့်ပေးပြီး ဆေးပါထိုးပေးလိုက်သည်။

ထိုအချိန်ထိ ဝေလင်းအသံက ထွက်မလာ ...

" ကလေးသက်သာရဲ့လား "

လုံချင်မေးတော့ ဝေလင်းခေါင်းခါပြလိုက်သည်။

ရေသောက်ချင်တဲ့ပုံစံလုပ်ပြလိုက်တော့
ချက်ခြင်းရေထယူပေးပြီး
ခေါင်းလေးထူပေးကာ တယုတယတိုက်၏။

" အဆင်ပြေရဲ့လား ကလေး "

ဝေလင်းခေါင်းငြိမ့်ပြလိုက်သည်။

ဆရာ၀န်ကလည်း ကဲကဲသဲသဲအတွဲကို
ကြည့်နေတုန်းပင် .....

ရေလေးသောက်လိုက်တော့
ခြောက်ကပ်နေတဲ့ လည်ချောင်းက
နေသာထိုင်သာရှိလာသည်။

ဆရာ၀န်ကိုကြည့်ပြီး ....

" အသံ .... ထွက်  ... ထွက်မရ ... "

ဝေလင်းရဲ့အသံက တစ်၀က်တစ်ပျက်ဆိုသော်လည်း ဆရာ၀န်က ချက်ခြင်းသဘောပေါက်သည်။

" လည်ချောင်းနာနေလား "

ဝေလင်းခေါင်းငြိမ့်ပြလိုက်သည်။

" အရမ်းနာနေတာလား "

ခေါင်းလေးကို အသာခါပြလိုက်သည်။

" နည်းနည်းပဲနာတာဆိုရင်တော့
အသံ၀င်နေတာ ...
ဆရာဆေးပေးခဲ့မယ် ...
ထမင်းစားပြီး သောက်လိုက်နော် "

လုံချင် ဘေးကနေ ကြောင်တောင်တောင်ကြည့်နေမိသည်။

ဆရာ၀န်က လုံချင်ဘက်လှည့်ပြီး
နားရင်းကို တစ်ချက်အုပ်လိုက်သည်။

" အား .... ဘာတုန်းဟ !! "

လုံချင် ချက်ခြင်းပဲ ငယ်ငယ်ကစိတ်တွေပြန်၀င်လာပြီး ပြန်လုပ်ဖို့ပြင်တုန်းမှာပင်
ဆရာ၀န်ဆီက အသံစူးစူးထွက်လာ၏။

" သေမလို လုပ်ထားလို့ ...
မင်းသောက်ကလေး အသံ၀င်နေတယ် ...
ခွေးကောင်ရဲ့ "

" ဟင် အသံ၀င်တာလား ....
အဲ့တာကြောင့် ကလေးက စကားမပြောတာလား ...
ကလေးနေရသက်သာလား  ဟင် "

" အသံ၀င်နေပါတယ်ဆို ......
သေမလိုမေးနေတာလား သောက်နွားရဲ့ ..... "

" အာ ... ဟုတ်သားပဲ ... sryနော်ကလေး ...
ကိုယ် မေ့သွားတယ် ..... "

လုံချင်က ပြောပြီး ဝေလင်းနဖူးလေးကို
အသာအယာနမ်းရှိုက်လိုက်သည်။

ဆရာ၀န်ကတော့ နှာခေါင်းရှုံ့ကာ

" မင်းလူတစ်ယောက်ထည့်ပေးလိုက်ဦး ...
လိုတဲ့ဆေး ပေးလိုက်မလို့ "

" OK ... ကျေးဇူးပါကွာ "

" မလိုပါဘူး ... ငါပြန်တော့မယ် "

" အင်း ... ဒီတစ်ခေါက် မင်းဘဲကြီး
ပေကျင်းလာရင် လိုက်ခဲ့လေ ....
ရိ၀မ်ရော ငါတို့စုံကြတာပေါ့ "

" နောက်အားမှလာခဲ့ပါ့မယ်ကွာ ....
ငါ့လူနာတွေက ပစ်ထားလို့မရဘူး "

" အေးပါ ... ငါစောင့်နေမယ် "

" Ok ... ok ငါပြန်ပြီ ... မင်းကလေးကို
ဂရုစိုက်လိုက်ဦး "

" အင်း "

ဆရာ၀န်ပြန်သွားပြီးနောက်
လုံချင် အ၀တ်အစားလဲပြီး
ဟိုတယ်ကနေ ဆန်ပြုတ်မှာလိုက်သည်။

လုံချင်မှာတာမို့ ဟိုတယ်ကလည်း
ချက်ခြင်းပင်စီစဥ်ပေးလေသည်။

ခဏကြာတော့ အငွေ့တထောင်းထောင်းထနေတဲ့ ဆန်ပြုတ်နဲ့အတူ စားစရာတစ်ချို့က
အခန်းထဲရောက်လာ၏။

ကလေးပေါက်စကို ဆန်ပြုတ်ခွံ့ပြီး
ဆေးတိုက်ကာ ချော့သိပ်လိုက်ရသည်။

သူလည်းအခုမှ ကလေးအဖေကြီးနဲ့ကို
တူလို့ ......

ကလေးပေါက်စအိပ်သွားမှ
အတွင်းရေးမှူးကို ဖုန်းဆက်ပြီး
လုပ်ငန်းကိစ္စတွေ ပြောရတော့သည်။

၃ နာရီထိုးခါနီးလောက်တွင် အိပ်နေသော
ကလေးပေါက်စ နိုးလာ၏။

" ကလေး နိုးပြီလား ... သက်သာလား ဟင် "

" အင်း .... "

" ရေချိုးချင်လား ... ကိုယ်ပို့ပေးမယ် "

ခေါင်းငြိမ့်ပြတာကြောင့်
နုံးချိချိမျက်နှာလေးကို အနမ်းပေးရင်း
ရေချိုးခန်းဆီ ပွေ့ခေါ်သွားရသည်။

" အပြင်ထွက်ပေး ...... "

အသံထွက်လာပေမယ့် ပုံမှန်မဟုတ်ပဲ
ပြာနေသေးသည်။

လုံချင်လည်း ကလေးပေါက်စအလိုကျ
ရေချိုးခန်းအပြင်ကသာ စောင့်ပေးနေလိုက်သည်။

တူ ..... တူ ......

ကလေးငယ်ကိုစောင့်နေရင်းမှ
ဖုန်းသံကြားတာကြောင့် သွားကိုင်လိုက်သည်။

ရိ၀မ်မန်နေဂျာဆီမှ ဆက်ခြင်းပင် ....

ကလေးပေါက်စကလည်း မသက်သာတာမို့
ငြင်းလိုက်ရသည်။

အခုချိန်ကလေးပေါက်စ အနားသာ
အချိန်ကုန်ချင်ပါသည်။

ဟိုဘက်က လွဲ့ချိန်လည်း လုံချင်က
မလာဘူးဆိုတာကြောင့် ခေါင်းမီးတောက်နေပြီဖြစ်သည်။

Bossကိုပြောဖို့ သူ့လင်လေးအခန်းရှေ့က
စောင့်နေပါသော်လည်း
bossက အခုချိန်ထိထွက်မလာ .....

အထဲမှာ ဘာလုပ်နေမှန်းမသိတော့
ဖုန်းဆက်ဖို့ရာလည်း မ၀ံ့ရဲ .....

တော်ကြာ သူကနှောင့်ယှက်တယ်ဆိုပြီး
အလုပ်ထုတ်မှဖြင့် ခက်ရချည်ရဲ့ ......

ကျွီ ~ ~ ~

အောင်မလေး ....
လွဲ့ချိန်တို့တော့ မိုးနတ်မင်းကယ်တာပဲ .....

Bossက မျက်နှာကြီး ဖြုံးဖြီးပြီးတော့ကို
ထွက်လာတာ .......

အခွင့်အရေးက နှစ်ခါမရတာမို့ Bossရှေ့မှာ
အမြန်အရိုအသေပေးရင်း

" Boss ... လုံသူဌေးက မလာဘူးလို့
ပြောပါတယ် .... "

" ဘာ !!! "

" ဟို လုံသူဌေးပြောတာပါ ... မလာပါဘူးတဲ့ "

ရိ၀မ်စိတ်တို့ကို ဆွဲဆန့်လိုက်သည်။

"  ငါ့ဘာသာပဲ ဖုန်းဆက်လိုက်တော့မယ် "

" ဟုတ်ကဲ့ boss "

ရိ၀မ် အခန်းထဲ ရောက်တာနဲ့
လုံချင်ကို ဖုန်းခေါ်လိုက်သည်။

* Wei ရိ၀မ် ပြော .....*

" မလာဘူးဆို လုံချင် .... ဘာဖြစ်လို့လဲ "

* မင်းကောင်လေးကို မင်းဘာသာ
supriseလုပ်မှာ ငါက လာစရာလား ....
အလကား​နေရင်း
ငါ့ကလေးက စိတ်မကောင်းဖြစ်ဦးမယ် *

" မင်းကလည်း ကူညီပါကွာ ....
မင်းကလေးကို နောက်မှ လုပ်ပေးလိုက်ပေါ့ "

* မရဘူး ဟေ့ကောင် .... *

" လုံချင်ရာ ... သူငယ်ချင်းတွေကို
ကပ်တွက်မနေစမ်းပါနဲ့ ....
မင်းကငါ့ထက်တောင် အဆင်ပြေနေတာကို
မကူညီချင်ဘူးလား "

* ဒါကတော့ မင်းဘာမင်း အသုံးမကျတာလေ ....
မင်းသားဖြစ်ပြီး ဇာတ်ကားတွေထဲကလို
ချုပ်လိုက်စမ်းပါ မင်းကောင်လေးကော်နဲ့ကပ်ထားသလိုကို ကပ်နေလိမ့်မယ် *

" ရင်ထဲကမေတ္တာအစစ်အမှန်တွေပဲ
ပေးချင်တာ လုံချင် ...
ကလေးငယ်က ငါ့ရဲ့အသက်မို့
စစ်မှန်ခြင်းတွေပဲ ပုံအောချင်တာ ....
ငါ့အချစ်တွေကို နားလည်ပြီး
ဆွဲထားစရာမလိုပဲ ငါ့အနားမှာ
နေပျော်တာကိုပဲ လိုချင်တာ .... "

* ဟုတ်ပါပြီ ... ကိုယ်တော်ရယ် ...
မှားပါတယ် *

" အဲ့ဆို လာခဲ့ကွာ ...
ငါ့ကလေးကသူ့ငယ်ချင်းလည်း ရှိစေချင်မှာ ...
ကူညီပါကွာနော် "

လုံချင် လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။

* လင်းရန် နေမကောင်းဘူး ရိ၀မ်ရ ... *

" ဆရာ၀န်ခေါ်ထားပေးမယ် ခဏပဲ ....
နော် ငါ့ဦးလေးကို လှမ်းခေါ်လိုက်မယ် "

အတင်းတောင်းဆိုနေတဲ့ ရိ၀မ်ကြောင့်
လုံချင်လည်း မနေသာတော့ ....

* မင်းဦးလေးခေါ်မနေပါနဲ့ ....
ဒီမြို့မှာ ဖန်းချို ရှိတယ်လေ ...
သူ့ပဲခေါ်ခဲ့လိုက်မယ် ....
ငါတို့လည်း မတွေ့တာကြာပြီကို ..... *

" ok ..ok ကျေးဇူးပါကွာ .... "

* နည်းနည်းနောက်ကျမယ်နော် ...
ငါ့ကလေးက နေကောင်းတာမဟုတ်ဘူး *

ရိ၀မ် နာရီကို တစ်ချက်ကြည့်မိသည်။

၃ နာရီနဲ့ ၂၃ မိနစ်။

" ၆ နာရီ အရောက်လာခဲ့ကွာ ....
မင်းအတွက်လည်း အဆင်ပြေအောင်
ကြည့်စီစဥ်ထားပေးမယ် "

* မလိုပါဘူးကွာ ....
မင်းအဆင်ပြေအောင်သာလုပ် ....
ငါ့ကလေးကို ငါ့ဘာသာ
နောက်မှ စီစဥ်ပေးလိုက်မယ် *

" ok .... ok ကျေးဇူး ... ဒါပဲနော် "

ရိ၀မ် ဖုန်းချပြီးသည်နှင့် အ၀တ်တွေအကုန်ချွတ်ကာ  ရေချိုးခန်းပြေးရတော့သည်။

ကလေးငယ်က နာရီ၀က်ပဲ စောင့်ခိုင်းထားတာဆိုတော့ ကလေးငယ်ထက်အရင်
သူအဆင်သင့်ဖြစ်နေမှ ရမည်လေ .....

ရေချိုးပြီးတော့ Lagguageအိတ်ထဲက
အထူးစီစဥ်ထားတဲ့ ၀တ်စုံကို ထုတ်ကြည့်လိုက်သည်။

ဒါက ဟိုဘက်ရောက်မှ ၀တ်ရမည့်၀တ်စုံ။

ဖိနပ်ကော အကုန်အစုံ စီစဥ်ထားတာမို့
လွဲ့ချိန်ကို လှမ်းခေါ်ပြီး ဟိုဘက်က ဟိုတယ်ကို အရင်ပို့ခိုင်းထားလိုက်သည်။

ဒါကို ကလေးငယ်မြင်သွားလို့ မဖြစ်သေး ....

တူ ... တူ .....

ဖုန်း၀င်လို့ ကိုင်လိုက်တော့ ကလေးငယ်ရယ် ......

အဆင်သင့်ဖြစ်နေပြီတဲ့။

ရိ၀မ်လည်း အ၀တ်အစားအမြန်လဲပြီး
ကလေးအခန်းရှေ့ထွက်လာခဲ့သည်။

သူ့ကိုမြင်တော့ ကလေးရဲ့ မျက်ခုံးတွေ
တွန့်ချိုးကုန်သည်။

ရိ၀မ်လည်း ကြောင်အမ်းအမ်းဖြစ်သွား၏။

" အပြင်သွားမယ်ဆို .... "

" ဟင် .... ဟုတ်တယ်လေ ကလေးငယ် "

" ခေါင်းလည်း ရေပြောင်အောင်
သုတ်မလာဘူး .... "

" အာ အဲ့တာက .... "

" လာ ... လုပ်ပေးမယ် "

ကလေးငယ်က ရိ၀မ်လက်ကိုဆွဲကို
သူ့အခန်းထဲသွင်းပြီး သေသေချာချာ
ရေသုတ်ပေးနေ၏။

နီးကပ်နေသော ကလေးငယ်ကြောင့်
ရိ၀မ် နှလုံးခုန်သံတွေ မြန်လာသည်။

ကလေးငယ်ကတော့ သိမည်မထင်ပါ။

ရိ၀မ်ကို hair spary တွေ သေချာဖြန်းပေးပြီး  ခေါင်းလည်း ဖြီးပေးနေပြန်သည်။

ဒီကလေးကြောင့် ရိ၀မ်ရဲ့
အသက်ရှူသံတွေ ပုံမှန်မဟုတ်တော့ ....

" ကဲ ... ရပြီ ... သွားရအောင် "

" Ok .... "

ရိ၀မ်တို့ ဟိုတယ်က ထွက်တော့
၄နာရီပင် ထိုးလုပြီ။

ရိ၀မ် ကလေးငယ်သဘောကျလောက်မယ့်
နေရာတွေကို ဦးတည်လိုက်ပို့ပေးဖြစ်သည်။

အချိန်က ၁နာရီကျော်လောက်ပဲ
လိုတော့တာမို့ လူရှုပ်တဲ့နေရာတွေနဲ့
ဝေးဝေးလံလံနေရာတွေတော့ မသွားရဲ ......

ကလေးငယ်က အခုမှရောက်ဖူးတဲ့
နေရာသစ်တွေမှာ တော်တော်ပျော်နေပုံရသည်။

လူလည်းသိပ်မရှိတာမို့ လွတ်လပ်တာကြောင့်လည်း ပါမည်။

ဓာတ်ပုံတွေတောင် ရိုက်နေလိုက်သေးသည်။

နောက်ထပ် နှစ်နေရာလောက်
လိုက်ပို့ပေးပြီးတဲ့ အခါမှာတော့
၅ နာရီကျော်ပြီမို့ ပြန်ခဲ့လိုက်ကြသည်။

ကလေးငယ်က မပြန်ချင်သေးတာကို
ရိ၀မ်က အတင်းခေါ်လာတာကြောင့်
တစ်လမ်းလုံးရိ၀မ်ကို စကားမပြောပေ ....

ရိ၀မ်တို့ ဟိုတယ်နားရောက်ခါနီးတော့
လုံချင်ဆီက မက်ဆေ့လ် ၀င်လာသည်။

' သူတို့ ရောက်နေပြီ ' တဲ့ ....

တစ်ဆက်တည်းမှာ ယီယီဆီက
' အားလုံး Ready ပါ boss ' ဟူသော
မက်ဆေ့လ် ကပါ၀င်လာ၏။

ဖုန်းကို ကြည့်ပြီး ရိ၀မ်ပြုံးလိုက်မိသည်။

သူ့ကိုမကျေနပ်စွာ မျက်စောင်းထိုးနေတဲ့
ကလေးငယ်ကိုတော့ သတိမထားမိလိုက် ....

ဆက်ရန် .............





Zawgyi

မေန႔ညက လုံခ်င္တို႔ ပြဲၾကမ္းလားမၾကမ္းလား မနက္ေရာက္ေတာ့ ေဝလင္းတစ္ကိုယ္လုံး လႈပ္မရေအာင္နာက်င္လို႔ေနသည္။

မ်က္လုံးမဖြင့္ခင္ ေတြးလိုက္မိတာက
အေၾကာေတြမ်ား ေသသြားပလားလို႔ ....

နာေနတာခံစားရတယ္ဆိုေတာ့
မေသေလာက္ေသးပါဘူးေလ ......

လည္ေခ်ာင္းထဲ ေျခာက္ကပ္ကပ္ျဖစ္ေနတာမို႔ ေရေတာင္းဖို႔ရာ မ်က္လုံးဖြင့္ၾကည့္မိသည္။

အနားမွာ ဘယ္သူမွ မ႐ွိ .....

နားစြင့္ၾကည့္ေတာ့ ေရခ်ိဳးခန္းထဲမွာ
ေရက်သံေတြ ၾကားေနရသည္။

ေသာက္ႏြား႐ိုင္းႀကီး ေရခ်ိဳးေနၿပီေနမွာ ......

အားတင္းကာ လက္ေထာက္ၾကည့္မိေတာ့
ေအာက္ပိုင္းတစ္ေနရာက
စူးေနေအာင္နာသည္။

" အင့္ ... "

နာက်င္မႈက မစားသာ၍ ၿငိမ္ၿငိမ္ေလးသာေနလိုက္ရေတာ့သည္။

ဘယ္တတ္ႏိုင္မလဲ ကိုယ္ကလည္း
ရတဲ့အခြင့္ေရးကို
ေကာင္းေကာင္းမွအသုံးမခ်တတ္တာကိုး ......

ေဂ်ာက္ ~ ~ ကြၽီ ~ ~ ~

" ဟာ .....  ကေလးေလးႏိုးေနၿပီလား "

လုံခ်င္က ေရစက္လက္နဲ႔ ေဝလင္းအနားေလွ်ာက္လာ၏။

ေဝလင္းစိတ္ဆိုးဟန္နဲ႔
မ်က္ေစာင္းထိုးလိုက္ေတာ့
ရယ္က်ဲက်ဲနဲ႔နဖူးကိုဖြဖြေလးလာနမ္းသည္။

" စိတ္ဆိုးေနတာလား "

"  ......... "

ေဝလင္းႏႈတ္ခမ္းကို ဆူထားမိဆဲ ....

" ကိုယ္ေတာင္းပန္ပါတယ္ ....
ကိုယ္ၾကမ္းမိသြားလို႔ ...
ေနာက္တစ္ခါက်ကေလးပဲဦးေဆာင္ပါ ...... "

လုံခ်င္ရဲ႕ မ်က္ႏွာငယ္ေလးနဲ႔​ေျပာေနပုံေအာက္မွာ ေဝလင္းအသည္းေတြျပဳတ္က်ကုန္သည္။

ဒီေလာက္ခ်စ္တတ္တဲ့သူကို ေအာက္မွာေနခိုင္းရေအာင္ ေဝလင္းက႐ူးေနတာမွ
မဟုတ္တာ ......

အသည္းခိုက္ေအာင္နာက်င္ရတဲ့အရာမို႔
လုံခ်င္ကို သူမနာက်င္ေစခ်င္ဘူး .....

လုပ္လည္းမလုပ္ရက္ဘူး ......

" ကေလးငယ္ မ်က္ႏွာသစ္မလား ....
ကိုယ္ခ်ီမယ္ "

ေဝလင္း ေခါင္းခါျပလိုက္သည္။

နာက်င္ေျခာက္ကပ္ေနတဲ့ လည္ေခ်ာင္းကို
အားယူရင္း

''ေရေသာက္ခ်င္တယ္ ´´

ဟင္ !!! အသံ .... အသံက ထြက္မလာဘူး ...

တစ္ခါမွ ဒီလိုမျဖစ္ဖူးတာမို႔
ေဝလင္းအေတာ္ထိတ္လန္႔သြားသည္။

'' ေရ ..... ´´

အသံက လည္ေခ်ာင္းထဲမွာတင္
ေပ်ာက္သြား၏။

" ကေလးငယ္ ဘာလုပ္ခ်င္လို႔လဲ "

ေဝလင္းက ႏႈတ္ခမ္းေလးသာ
လႈပ္လာတာမို႔ လုံခ်င္ေမးလိုက္သည္။

'' ေရလို႔ ..... ´´

အသံမထြက္ျပန္ဘူး ......

' ငါ့အသံေတြ ေသသြားၿပီလား ....
အီး ... ဟီး ....
ငါစကားမေျပာႏိုင္ေတာ့ဘူးလား ....  '

ေဝလင္းေတြးရင္းနဲ႔ ၀မ္းနည္းကာ
မ်က္ရည္ေတြ စီးက်လာေတာ့သည္။

လုံခ်င္မွာလည္း ႐ုတ္တရက္ငိုခ်လာေသာ
ေဝလင္းေၾကာင့္ ေျခမကိုင္မိလက္မကိုင္မိ
ျပဴးျပဴးျပာျပာျဖစ္သြား၏။

" လင္း ... ဘာျဖစ္လို႔လဲ ...
နာလို႔လား ... ဟင္ ... ကိုယ္ဆရာ၀န္ေခၚေပးမယ္ေနာ္ "

လုံခ်င္ ခ်က္ျခင္းပဲ ဒီၿမိဳ႕မွာ႐ွိတဲ့
သူငယ္ခ်င္းဆရာ၀န္ကို ဖုန္းဆက္ေခၚရေတာ့သည္။

ေဝလင္းကေတာ့ ငိုေနဆဲ .....

လုံခ်င္လည္း အ၀တ္အစားပင္
မလဲႏိုင္ပဲ တတြတ္တြတ္နဲ႔
ဖေအႀကီးတစ္ေယာက္လို ေခ်ာ့ေနရသည္။

ခဏၾကာေတာ့ ဆရာ၀န္ေရာက္လာ၏။

" လုံခ်င္  ... မေတြ႕တာၾကာၿပီေနာ္
ႏြား ... ငါကသတိရေနတာ "

ဆရာ၀န္က တံခါးလာဖြင့္ေပးေသာ
လုံခ်င္ အရင္ႏႈတ္ဆက္ေလသည္။

" ငါလည္း အလုပ္နဲ႔ဆိုေတာ့
ဒီဘက္မေရာက္ျဖစ္လို႔ေလ ...
လာ ငါ့ကေလးကို ၾကည့္ေပးပါဦး "

" ဟင္ ... မင္းဘယ္တုန္းကအိမ္ေထာင္က်...
ဟမ္ ... သူ သူက "

ဆရာ၀န္မွာ လုံခ်င္ကိုေမးေနရင္းမွ
ေဝလင္းကိုျမင္ၿပီးသကာလ ဆြံ႕အ,
သြားေတာ့သည္။

" ငါ့ ကေလး ... ငါ့ babyကြာ ...
အထူးအဆန္းလုပ္မေနနဲ႔ ...
မင္းမွာလည္း ဘဲႀကီး႐ွိေနတာကို "

" ေအးပါကြာ .... ငါက ႐ုတ္တရက္မို႔ပါ "

" အင္း ျမန္ျမန္ .... ခုနက ငါ့babyငိုေနလို႔ "

" အာ ... ok ok "

ဆရာ၀န္လည္း အေျခအေနကို သေဘာေပါက္ၿပီး ေဝလင္းဒဏ္ရာကို
ေဆးထည့္ေပးၿပီး ေဆးပါထိုးေပးလိုက္သည္။

ထိုအခ်ိန္ထိ ေဝလင္းအသံက ထြက္မလာ ...

" ကေလးသက္သာရဲ႕လား "

လုံခ်င္ေမးေတာ့ ေဝလင္းေခါင္းခါျပလိုက္သည္။

ေရေသာက္ခ်င္တဲ့ပုံစံလုပ္ျပလိုက္ေတာ့
ခ်က္ျခင္းေရထယူေပးၿပီး
ေခါင္းေလးထူေပးကာ တယုတယတိုက္၏။

" အဆင္ေျပရဲ႕လား ကေလး "

ေဝလင္းေခါင္းၿငိမ့္ျပလိုက္သည္။

ဆရာ၀န္ကလည္း ကဲကဲသဲသဲအတြဲကို
ၾကည့္ေနတုန္းပင္ .....

ေရေလးေသာက္လိုက္ေတာ့
ေျခာက္ကပ္ေနတဲ့ လည္ေခ်ာင္းက
ေနသာထိုင္သာ႐ွိလာသည္။

ဆရာ၀န္ကိုၾကည့္ၿပီး ....

" အသံ .... ထြက္  ... ထြက္မရ ... "

ေဝလင္းရဲ႕အသံက တစ္၀က္တစ္ပ်က္ဆိုေသာ္လည္း ဆရာ၀န္က ခ်က္ျခင္းသေဘာေပါက္သည္။

" လည္ေခ်ာင္းနာေနလား "

ေဝလင္းေခါင္းၿငိမ့္ျပလိုက္သည္။

" အရမ္းနာေနတာလား "

ေခါင္းေလးကို အသာခါျပလိုက္သည္။

" နည္းနည္းပဲနာတာဆိုရင္ေတာ့
အသံ၀င္ေနတာ ...
ဆရာေဆးေပးခဲ့မယ္ ...
ထမင္းစားၿပီး ေသာက္လိုက္ေနာ္ "

လုံခ်င္ ေဘးကေန ေၾကာင္ေတာင္ေတာင္ၾကည့္ေနမိသည္။

ဆရာ၀န္က လုံခ်င္ဘက္လွည့္ၿပီး
နားရင္းကို တစ္ခ်က္အုပ္လိုက္သည္။

" အား .... ဘာတုန္းဟ !! "

လုံခ်င္ ခ်က္ျခင္းပဲ ငယ္ငယ္ကစိတ္ေတြျပန္၀င္လာၿပီး ျပန္လုပ္ဖို႔ျပင္တုန္းမွာပင္
ဆရာ၀န္ဆီက အသံစူးစူးထြက္လာ၏။

" ေသမလို လုပ္ထားလို႔ ...
မင္းေသာက္ကေလး အသံ၀င္ေနတယ္ ...
ေခြးေကာင္ရဲ႕ "

" ဟင္ အသံ၀င္တာလား ....
အဲ့တာေၾကာင့္ ကေလးက စကားမေျပာတာလား ...
ကေလးေနရသက္သာလား  ဟင္ "

" အသံ၀င္ေနပါတယ္ဆို ......
ေသမလိုေမးေနတာလား ေသာက္ႏြားရဲ႕ ..... "

" အာ ... ဟုတ္သားပဲ ... sryေနာ္ကေလး ...
ကိုယ္ ေမ့သြားတယ္ ..... "

လုံခ်င္က ေျပာၿပီး ေဝလင္းနဖူးေလးကို
အသာအယာနမ္း႐ိႈက္လိုက္သည္။

ဆရာ၀န္ကေတာ့ ႏွာေခါင္း႐ႈံ႕ကာ

" မင္းလူတစ္ေယာက္ထည့္ေပးလိုက္ဦး ...
လိုတဲ့ေဆး ေပးလိုက္မလို႔ "

" OK ... ေက်းဇူးပါကြာ "

" မလိုပါဘူး ... ငါျပန္ေတာ့မယ္ "

" အင္း ... ဒီတစ္ေခါက္ မင္းဘဲႀကီး
ေပက်င္းလာရင္ လိုက္ခဲ့ေလ ....
ရိ၀မ္ေရာ ငါတို႔စုံၾကတာေပါ့ "

" ေနာက္အားမွလာခဲ့ပါ့မယ္ကြာ ....
ငါ့လူနာေတြက ပစ္ထားလို႔မရဘူး "

" ေအးပါ ... ငါေစာင့္ေနမယ္ "

" Ok ... ok ငါျပန္ၿပီ ... မင္းကေလးကို
ဂ႐ုစိုက္လိုက္ဦး "

" အင္း "

ဆရာ၀န္ျပန္သြားၿပီးေနာက္
လုံခ်င္ အ၀တ္အစားလဲၿပီး
ဟိုတယ္ကေန ဆန္ျပဳတ္မွာလိုက္သည္။

လုံခ်င္မွာတာမို႔ ဟိုတယ္ကလည္း
ခ်က္ျခင္းပင္စီစဥ္ေပးေလသည္။

ခဏၾကာေတာ့ အေငြ႕တေထာင္းေထာင္းထေနတဲ့ ဆန္ျပဳတ္နဲ႔အတူ စားစရာတစ္ခ်ိဳ႕က
အခန္းထဲေရာက္လာ၏။

ကေလးေပါက္စကို ဆန္ျပဳတ္ခြံ႕ၿပီး
ေဆးတိုက္ကာ ေခ်ာ့သိပ္လိုက္ရသည္။

သူလည္းအခုမွ ကေလးအေဖႀကီးနဲ႔ကို
တူလို႔ ......

ကေလးေပါက္စအိပ္သြားမွ
အတြင္းေရးမႉးကို ဖုန္းဆက္ၿပီး
လုပ္ငန္းကိစၥေတြ ေျပာရေတာ့သည္။

၃ နာရီထိုးခါနီးေလာက္တြင္ အိပ္ေနေသာ
ကေလးေပါက္စ ႏိုးလာ၏။

" ကေလး ႏိုးၿပီလား ... သက္သာလား ဟင္ "

" အင္း .... "

" ေရခ်ိဳးခ်င္လား ... ကိုယ္ပို႔ေပးမယ္ "

ေခါင္းၿငိမ့္ျပတာေၾကာင့္
ႏုံးခ်ိခ်ိမ်က္ႏွာေလးကို အနမ္းေပးရင္း
ေရခ်ိဳးခန္းဆီ ေပြ႕ေခၚသြားရသည္။

" အျပင္ထြက္ေပး ...... "

အသံထြက္လာေပမယ့္ ပုံမွန္မဟုတ္ပဲ
ျပာေနေသးသည္။

လုံခ်င္လည္း ကေလးေပါက္စအလိုက်
ေရခ်ိဳးခန္းအျပင္ကသာ ေစာင့္ေပးေနလိုက္သည္။

တူ ..... တူ ......

ကေလးငယ္ကိုေစာင့္ေနရင္းမွ
ဖုန္းသံၾကားတာေၾကာင့္ သြားကိုင္လိုက္သည္။

ရိ၀မ္မန္ေနဂ်ာဆီမွ ဆက္ျခင္းပင္ ....

ကေလးေပါက္စကလည္း မသက္သာတာမို႔
ျငင္းလိုက္ရသည္။

အခုခ်ိန္ကေလးေပါက္စ အနားသာ
အခ်ိန္ကုန္ခ်င္ပါသည္။

ဟိုဘက္က လြဲ႕ခ်ိန္လည္း လုံခ်င္က
မလာဘူးဆိုတာေၾကာင့္ ေခါင္းမီးေတာက္ေနၿပီျဖစ္သည္။

Bossကိုေျပာဖို႔ သူ႕လင္ေလးအခန္းေ႐ွ႕က
ေစာင့္ေနပါေသာ္လည္း
bossက အခုခ်ိန္ထိထြက္မလာ .....

အထဲမွာ ဘာလုပ္ေနမွန္းမသိေတာ့
ဖုန္းဆက္ဖို႔ရာလည္း မဝံ့ရဲ .....

ေတာ္ၾကာ သူကေႏွာင့္ယွက္တယ္ဆိုၿပီး
အလုပ္ထုတ္မွျဖင့္ ခက္ရခ်ည္ရဲ႕ ......

ကြၽီ ~ ~ ~

ေအာင္မေလး ....
လြဲ႕ခ်ိန္တို႔ေတာ့ မိုးနတ္မင္းကယ္တာပဲ .....

Bossက မ်က္ႏွာႀကီး ျဖဳံးၿဖီးၿပီးေတာ့ကို
ထြက္လာတာ .......

အခြင့္အေရးက ႏွစ္ခါမရတာမို႔ Bossေ႐ွ႕မွာ
အျမန္အ႐ိုအေသေပးရင္း

" Boss ... လုံသူေဌးက မလာဘူးလို႔
ေျပာပါတယ္ .... "

" ဘာ !!! "

" ဟို လုံသူေဌးေျပာတာပါ ... မလာပါဘူးတဲ့ "

ရိ၀မ္စိတ္တို႔ကို ဆြဲဆန္႔လိုက္သည္။

"  ငါ့ဘာသာပဲ ဖုန္းဆက္လိုက္ေတာ့မယ္ "

" ဟုတ္ကဲ့ boss "

ရိ၀မ္ အခန္းထဲ ေရာက္တာနဲ႔
လုံခ်င္ကို ဖုန္းေခၚလိုက္သည္။

* Wei ရိ၀မ္ ေျပာ .....*

" မလာဘူးဆို လုံခ်င္ .... ဘာျဖစ္လို႔လဲ "

* မင္းေကာင္ေလးကို မင္းဘာသာ
supriseလုပ္မွာ ငါက လာစရာလား ....
အလကား​ေနရင္း
ငါ့ကေလးက စိတ္မေကာင္းျဖစ္ဦးမယ္ *

" မင္းကလည္း ကူညီပါကြာ ....
မင္းကေလးကို ေနာက္မွ လုပ္ေပးလိုက္ေပါ့ "

* မရဘူး ေဟ့ေကာင္ .... *

" လုံခ်င္ရာ ... သူငယ္ခ်င္းေတြကို
ကပ္တြက္မေနစမ္းပါနဲ႔ ....
မင္းကငါ့ထက္ေတာင္ အဆင္ေျပေနတာကို
မကူညီခ်င္ဘူးလား "

* ဒါကေတာ့ မင္းဘာမင္း အသုံးမက်တာေလ ....
မင္းသားျဖစ္ၿပီး ဇာတ္ကားေတြထဲကလို
ခ်ဳပ္လိုက္စမ္းပါ မင္းေကာင္ေလးေကာ္နဲ႔ကပ္ထားသလိုကို ကပ္ေနလိမ့္မယ္ *

" ရင္ထဲကေမတၱာအစစ္အမွန္ေတြပဲ
ေပးခ်င္တာ လုံခ်င္ ...
ကေလးငယ္က ငါ့ရဲ႕အသက္မို႔
စစ္မွန္ျခင္းေတြပဲ ပုံေအာခ်င္တာ ....
ငါ့အခ်စ္ေတြကို နားလည္ၿပီး
ဆြဲထားစရာမလိုပဲ ငါ့အနားမွာ
ေနေပ်ာ္တာကိုပဲ လိုခ်င္တာ .... "

* ဟုတ္ပါၿပီ ... ကိုယ္ေတာ္ရယ္ ...
မွားပါတယ္ *

" အဲ့ဆို လာခဲ့ကြာ ...
ငါ့ကေလးကသူ႕ငယ္ခ်င္းလည္း ႐ွိေစခ်င္မွာ ...
ကူညီပါကြာေနာ္ "

လုံခ်င္ ေလပူတစ္ခ်က္ မႈတ္ထုတ္လိုက္သည္။

* လင္းရန္ ေနမေကာင္းဘူး ရိ၀မ္ရ ... *

" ဆရာ၀န္ေခၚထားေပးမယ္ ခဏပဲ ....
ေနာ္ ငါ့ဦးေလးကို လွမ္းေခၚလိုက္မယ္ "

အတင္းေတာင္းဆိုေနတဲ့ ရိ၀မ္ေၾကာင့္
လုံခ်င္လည္း မေနသာေတာ့ ....

* မင္းဦးေလးေခၚမေနပါနဲ႔ ....
ဒီၿမိဳ႕မွာ ဖန္းခ်ိဳ ႐ွိတယ္ေလ ...
သူ႕ပဲေခၚခဲ့လိုက္မယ္ ....
ငါတို႔လည္း မေတြ႕တာၾကာၿပီကို ..... *

" ok ..ok ေက်းဇူးပါကြာ .... "

* နည္းနည္းေနာက္က်မယ္ေနာ္ ...
ငါ့ကေလးက ေနေကာင္းတာမဟုတ္ဘူး *

ရိ၀မ္ နာရီကို တစ္ခ်က္ၾကည့္မိသည္။

၃ နာရီနဲ႔ ၂၃ မိနစ္။

" ၆ နာရီ အေရာက္လာခဲ့ကြာ ....
မင္းအတြက္လည္း အဆင္ေျပေအာင္
ၾကည့္စီစဥ္ထားေပးမယ္ "

* မလိုပါဘူးကြာ ....
မင္းအဆင္ေျပေအာင္သာလုပ္ ....
ငါ့ကေလးကို ငါ့ဘာသာ
ေနာက္မွ စီစဥ္ေပးလိုက္မယ္ *

" ok .... ok ေက်းဇူး ... ဒါပဲေနာ္ "

ရိ၀မ္ ဖုန္းခ်ၿပီးသည္ႏွင့္ အ၀တ္ေတြအကုန္ခြၽတ္ကာ  ေရခ်ိဳးခန္းေျပးရေတာ့သည္။

ကေလးငယ္က နာရီ၀က္ပဲ ေစာင့္ခိုင္းထားတာဆိုေတာ့ ကေလးငယ္ထက္အရင္
သူအဆင္သင့္ျဖစ္ေနမွ ရမည္ေလ .....

ေရခ်ိဳးၿပီးေတာ့ Lagguageအိတ္ထဲက
အထူးစီစဥ္ထားတဲ့ ၀တ္စုံကို ထုတ္ၾကည့္လိုက္သည္။

ဒါက ဟိုဘက္ေရာက္မွ ၀တ္ရမည့္၀တ္စုံ။

ဖိနပ္ေကာ အကုန္အစုံ စီစဥ္ထားတာမို႔
လြဲ႕ခ်ိန္ကို လွမ္းေခၚၿပီး ဟိုဘက္က ဟိုတယ္ကို အရင္ပို႔ခိုင္းထားလိုက္သည္။

ဒါကို ကေလးငယ္ျမင္သြားလို႔ မျဖစ္ေသး ....

တူ ... တူ .....

ဖုန္း၀င္လို႔ ကိုင္လိုက္ေတာ့ ကေလးငယ္ရယ္ ......

အဆင္သင့္ျဖစ္ေနၿပီတဲ့။

ရိ၀မ္လည္း အ၀တ္အစားအျမန္လဲၿပီး
ကေလးအခန္းေ႐ွ႕ထြက္လာခဲ့သည္။

သူ႕ကိုျမင္ေတာ့ ကေလးရဲ႕ မ်က္ခုံးေတြ
တြန္႔ခ်ိဳးကုန္သည္။

ရိ၀မ္လည္း ေၾကာင္အမ္းအမ္းျဖစ္သြား၏။

" အျပင္သြားမယ္ဆို .... "

" ဟင္ .... ဟုတ္တယ္ေလ ကေလးငယ္ "

" ေခါင္းလည္း ေရေျပာင္ေအာင္
သုတ္မလာဘူး .... "

" အာ အဲ့တာက .... "

" လာ ... လုပ္ေပးမယ္ "

ကေလးငယ္က ရိ၀မ္လက္ကိုဆြဲကို
သူ႕အခန္းထဲသြင္းၿပီး ေသေသခ်ာခ်ာ
ေရသုတ္ေပးေန၏။

နီးကပ္ေနေသာ ကေလးငယ္ေၾကာင့္
ရိ၀မ္ ႏွလုံးခုန္သံေတြ ျမန္လာသည္။

ကေလးငယ္ကေတာ့ သိမည္မထင္ပါ။

ရိ၀မ္ကို hair spary ေတြ ေသခ်ာျဖန္းေပးၿပီး  ေခါင္းလည္း ၿဖီးေပးေနျပန္သည္။

ဒီကေလးေၾကာင့္ ရိ၀မ္ရဲ႕
အသက္႐ွဴသံေတြ ပုံမွန္မဟုတ္ေတာ့ ....

" ကဲ ... ရၿပီ ... သြားရေအာင္ "

" Ok .... "

ရိ၀မ္တို႔ ဟိုတယ္က ထြက္ေတာ့
၄နာရီပင္ ထိုးလုၿပီ။

ရိ၀မ္ ကေလးငယ္သေဘာက်ေလာက္မယ့္
ေနရာေတြကို ဦးတည္လိုက္ပို႔ေပးျဖစ္သည္။

အခ်ိန္က ၁နာရီေက်ာ္ေလာက္ပဲ
လိုေတာ့တာမို႔ လူ႐ႈပ္တဲ့ေနရာေတြနဲ႔
ေဝးေဝးလံလံေနရာေတြေတာ့ မသြားရဲ ......

ကေလးငယ္က အခုမွေရာက္ဖူးတဲ့
ေနရာသစ္ေတြမွာ ေတာ္ေတာ္ေပ်ာ္ေနပုံရသည္။

လူလည္းသိပ္မ႐ွိတာမို႔ လြတ္လပ္တာေၾကာင့္လည္း ပါမည္။

ဓာတ္ပုံေတြေတာင္ ႐ိုက္ေနလိုက္ေသးသည္။

ေနာက္ထပ္ ႏွစ္ေနရာေလာက္
လိုက္ပို႔ေပးၿပီးတဲ့ အခါမွာေတာ့
၅ နာရီေက်ာ္ၿပီမို႔ ျပန္ခဲ့လိုက္ၾကသည္။

ကေလးငယ္က မျပန္ခ်င္ေသးတာကို
ရိ၀မ္က အတင္းေခၚလာတာေၾကာင့္
တစ္လမ္းလုံးရိ၀မ္ကို စကားမေျပာေပ ....

ရိ၀မ္တို႔ ဟိုတယ္နားေရာက္ခါနီးေတာ့
လုံခ်င္ဆီက မက္ေဆ့လ္ ၀င္လာသည္။

' သူတို႔ ေရာက္ေနၿပီ ' တဲ့ ....

တစ္ဆက္တည္းမွာ ယီယီဆီက
' အားလုံး Ready ပါ boss ' ဟူေသာ
မက္ေဆ့လ္ ကပါ၀င္လာ၏။

ဖုန္းကို ၾကည့္ၿပီး ရိ၀မ္ျပဳံးလိုက္မိသည္။

သူ႕ကိုမေက်နပ္စြာ မ်က္ေစာင္းထိုးေနတဲ့
ကေလးငယ္ကိုေတာ့ သတိမထားမိလိုက္ ....

ဆက္ရန္ .............









Continue Reading

You'll Also Like

592K 6.1K 94
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
394K 21.8K 29
ကိုယ်နေတဲ့တိုင်းပြည်မှာ စစ်ဖြစ်လို့ ပြေးရှောင် ထွက်ပြေးရင်း တိုင်းတစ်ပါးသို့ရောက်သွားခဲ့သည့်ကောင်လေး ကံကောင်းချင်တော့ သူဌေးကြီးတစ်ဦးထံမှာ အလုပ်ရခဲ့...
43.2K 3.8K 88
Season1ကအျဖစ္အပ်က္ေတြရဲ႕ အဓိကအေျခခံအေၾကာင္းတရားေတြ လ်ိဳ႕ဝွက္ဆန္းၾကယ္မႈေတြနဲ႔ ျပည္႕နွက္ေနတဲ႕ဘဝရဲ႕ ခါးသီးမႈေတြကိုဘလိုေက်ာ္ျဖတ္မလဲ Perthဟာတကယ္ပဲ.ယုတ္မာရ...
6.6M 431K 94
Hanary Victor + Loon Tar Nay San