The Romance of Two Stars 🚨🚨...

By hanchinyuan

1M 67.3K 2.9K

China ရဲ့ နာမည်ကြီးအဆိုတော်မင်းသားတစ်လက်နဲ့ မြန်မာနိုင်ငံကနေ china idolသွားပြိုင်တဲ့ ကောင်လေးတစ်ယောက်တို့ရဲ့... More

Part (1)
Part(2)
Part(3)
Part (4)
Part (5)
Part (6)
Part (7)
Part (8)
Part (9)
Part ( 10)
Part (11)
Part (12)
Part (13)
Part (14)
Part (15)
Part (16)
Part (17)
Part (18)
Part (19)
Part(20)
Part( 21 )
Part (22)
Part (23)
Part (24)
Part (25)
Part (26)
Part (27)
Part (28)
Part (29)
Part (31)
Part (32)
Part (33)Warning ⚠️⚠️⚠️
Part(34)
Part (35)
Part (36)
Part (37)Warning⚠️⚠️⚠️
Part (38)
Part (39) ++++
Part (40)
Part (41)
Part(42)
Part (43)Warning⚠️⚠️⚠️
Part (44)
Part (45)
Part (46)Warning ⚠️⚠️⚠️
Part (47)
FINAL
ကျေးဇူးတင်လွှာ
လုံ & လင်း
လုံ & လင်း
Book Cover
Book Order🌸🌸
Sec Edition

Part (30)

15.3K 1.1K 45
By hanchinyuan

Unicode

ယခုဆို ရှင်းထိုင်နေတာ နှစ်နာရီနီးပါးရှိနေပြီဖြစ်သည်။

ရေချိုးခန်းထဲက ရေကျသံတွေ ကြားနေရဆဲ ....

အစောက အနိုင်ယူလိုစိတ်နဲ့ ပြောလိုက်မိတဲ့အတွက် ရှင်းလွန်သွားမှန်းသိပါသည်။

ကိုယ့်ကိုဒေါသတကြီးအော်တာမျိုးကို
ရှင်းမကြိုက် ......

ဒါပေမယ့် ရိ၀မ်က ရှင်းကိုတွေ့တိုင်း
အမြဲ ဆူပူနေတတ်သည်။

ဟိုဟာမလုပ်ရ ဒါမလုပ်ရနဲ့
ချုပ်ချယ်လွန်းလှသည်။

ကိုယ်တိုင်က လွတ်လွတ်လပ်လပ်နေတတ်သူမို့လား မသိ ချုပ်ချယ်ခံရတဲ့ ဘ၀မှာ
အသားမကျနိုင်သေး ......

အရာရာလိုက် ထိန်းချုပ်လွန်းတဲ့ ရိ၀မ်ကို
တခါတခါအမြင်ကပ်မိသည်။

ကိုယ်လုပ်မိတဲ့အရာတွေ
သူ့ကို အရွဲ့တိုက်ချင်တာကြောင့်လည်းပါသည်။

သူသာထပ်ပြီး အနိုင်ယူနေဦးမယ်ဆိုရင်
သူ့အပေါ်ထားတဲ့ ရှင်းရဲ့ချစ်စိတ်တွေကို
ပြင်သင့်ရင်ပြင်ရတော့မည်။

မချစ်ပဲနေလို့တော့ မရတာမို့
အချစ်ဆီကနေ ရှောင်ပြေးဖို့သာ .....

အတွေးတွေနဲ့ငိုင်နေတုန်း ခေါင်းအုံးနားမှာ
သူထားခဲ့သည့်ဖုန်းက လင်းလာသည်။

Silent လုပ်ထားတာမို့ ဖုန်းသံကမကြားရ။

ဆက်တိုက်၀င်နေသော ဖုန်းတွေ ....

ကိုယ်အရေး မဟုတ်တာကြောင့်
လျစ်လျူရှုထားမိလိုက်သည်။

သူ့ဖုန်းမြင်ကာမှ ကိုယ့်ဖုန်းလည်း
ဘယ်နားကျန်ခဲ့မှန်းမသိ .....

ရိုက်ကွင်းမှာပဲလား ....

ဒါမှမဟုတ် တစ်နေရာရာများကကျန်ခဲ့သလား ....

ကျကျန်ခဲ့တာဆိုရင်တော့ ကွိုင်ပဲ....

ဖုန်းထဲမှာ ကျန်းရိ၀မ်ရဲ့ ပုံတွေချည်းပဲ
ပြည့်နေသည်လေ ...

ပြီးတော့ ၀င်ထားတဲ့ မက်ဆေ့လ်တွေကအစ
တစ်ခုမှ ဖျက်မထားမိ .....

တကယ်ကို ဒုက္ခပါပဲ .......

ကုတင်ပေါ်က ဖုန်းက လင်းနေဆဲ ....

ရှင်းလည်း ဗိုက်ဆာလာသည်။

ဟိုလူကြီးက အခုထိ ရေချိုးခန်းထဲက
ထွက်မလာသေး .....

သွားခေါ်မှရတော့မည်။

မတော်လို့ အအေးပတ်နေမှဖြင့်
ရိုက်ကူးရေး ရပ်ထားရရင် အချိန်တွေကုန်သွားနိုင်သည်။

ဒေါက် .. ဒေါက်

အထဲက ရေကျသံနဲ့မို့
ရှင်းရဲ့တံခါးခေါက်သံက အရာမရောက် .....

တဒုန်းဒုန်းထုသော်လည်း ဖွင့်ပေးမလာ ....

စိတ်က ထူပူလာသည်။

လော့ချမထားတာကြောင့် တံခါးကို
ဆွဲဖွင့်လိုက်တော့ မျက်လုံးရဲကြီးတွေနဲ့
လူကိုမော့ကြည့်လာ၏။

ဘာမှမဖြစ်ပဲနဲ့ အသံမပေးတော့
စိတ်က ထောင်းကနဲပဲ .....

" ရူးနေလား ... ရူးနေလို့
ခေါ်နေတာမထူးတာလား ဟမ် ...
ခင်ဗျားကြီး နားကန်းနေလား "

မထုံတက်တေးအမူအရာက ဆွဲဆောင့်ပစ်ချင်စရာကောင်းလှသည်။

ရှင်းပဲလေ ... စိတ်ထက် လူကမြန်တယ်...

ရေပန်းပိတ်ပြီး ထိုင်နေတဲ့လူကြီးရဲ့
ဆံပင်ကို အားရပါးရဆွဲဆောင့်ပစ်လိုက်သည်။

မနာဘူးလားမသိ ... ဘာအသံမှထွက်မလာ ...

ထပ်မံ၍ ရင်အုံကို အားနဲ့ကိုက်ချပစ်လိုက်သည်။

သွေးစို့လာသည့်အထိ ထိုလူကြီးက
တုတ်တုတ်မှမလှုပ်  ....

ရှင်းစိတ်တိုလာသည်။

စိတ်တိုရင် ဖြစ်နေကျအတိုင်း
အသားတွေ တဆတ်ဆတ်တုန်ပြီး
မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာသည်။

" ရှင်း ... ရှင်းငယ် ... ဘာ ဘာဖြစ်လို့လဲ ...
ဟင် သွားနာလို့လား ... တစ်ခုခုဖြစ်လို့လား "

ရှင်းရဲ့ မျက်ရည်တွေမြင်တော့ ရိ၀မ်
ပြာယာခတ်သွားသည်။

ကိုယ့်ကို စိတ်ဆိုးနေလို့ ဘယ်လိုချော့ရမလဲ
တွေးမရဖြစ်နေတုန်း ကလေးငယ်က ရောက်လာတာ ....

ဒေါသတကြီး အော်ဟစ်နေတာကြောင့်
အမှားပါသွားမှာစိုးလို့ တိတ်တဆိတ်
နေခဲ့ခြင်းဖြစ်သည်။

ဆံပင်လာဆွဲတော့ သူ့ဒေါသလေး
ပြေပါစေတော့ရယ်လို့ ငြိမ်ခံပေးခဲ့တာ ....

လာကိုက်တော့လည်း နာတာတောင်
အသံမထွက်ရဲခဲ့ဘူး ......

ကလေးငယ် ထပ်စိတ်ဆိုးသွားမှာ
ကြောက်တာကြောင့် .....

အခုကျ ကလေးငယ်က ငိုနေပြန်ပြီ။

သူဘာတွေများ အမှားထပ်လုပ်မိလို့လဲ ....

" ကလေးမငိုနဲ့နော် ...
ကလေးမကျေနပ်သေးရင်
ကိုယ့်ကို စိတ်ကြိုက်လုပ် .....
ငိုတော့ မငိုပါနဲ့ ... ကိုယ်ရင်တွေပူလို့ "

" ........  "

" ကလေးကိုယ့်ကို ရိုက်ချင်တာလား ဟင်
လာ ရိုက်လိုက် အဲ့လိုကြီးမငိုပါနဲ့ "

ကလေးငယ်ဟာ ရိ၀မ်ကို ဆောင့်တွန်းပြီး
ရေချိုးခန်းထဲက ထွက်သွားသည်။

ရိ၀မ်လည်းနောက်ကနေလိုက်ရင်း

" ရှင်းလေး ... ကလေး ... "

" မလာနဲ့ ဟင့် ခင်ဗျားကို မုန်းတယ် !! "

ရိ၀မ် ခေါင်းအုံးပေါ်မျက်နှာမှောက် ငိုနေသော
ကလေးငယ်ရဲ့ရှေ့မှာ ဒူးထောက်လိုက်သည်။

" ကလေး ကိုယ်တောင်းပန်ပါတယ် ....
ကိုယ်မှားသွားပါတယ်နော် ... ကလေး
မကျေနပ်သေးရင် ကိုယ်အပြစ်ခံယူပါ့မယ် "

ပြောလည်းပြော ကြမ်းပြင်ကိုလည်း
လက်သီးနဲ့ တရစပ်ထိုးနေမိသည်။

နာနေပေမယ့် မရပ်မိ ....

" အား !!! ရူးနေလား ...
ခင်ဗျားလုံး၀ ရူးနေပြီ ဟင့် အီး ဟီး ... "

ငိုယိုပြီး ကိုယ့်လက်ကို အတင်းလာဆွဲသော
ကလေးငယ်ရယ် ......

" လွှတ်ပါ ... ကလေးမကျေနပ်ရင်ကိုယ် ... "

" ဟင့်အင်း မလုပ်နဲ့  ... တော်ပါတော့ ဟင့် .."

" ကိုယ်တောင်းပန်ပါတယ်
ကိုယ်မှားသွားတယ် "

" ဟင့် ... ခင်ဗျားမမှားပါဘူး ... အင့်
ကျနော်က အကြီးကို မရိုမသေလုပ်မိတာ
ဟင့် "

" မငိုနဲ့ ကလေးရယ် ...
မျက်လုံးတွေနာ​နေမယ်နော် ...  နော် "

" အင့် ... "

ငိုနေတဲ့ ကလေးငယ်လေးကို
ရင်ခွင်ထဲ အသာထည့်ထားလိုက်မိသည်။

မရုန်းကန်ပေမယ့် ငိုရှိုက်နေဆဲပင် .....

" တိတ် တိတ် ပြန်မလားဟင် ...
ကိုယ်လိုက်ပို့ပေးမယ် "

" ဟင့် ... ဗိုက်ဆာတယ် အင့် "

" အာ ဟုတ်သားပဲ ...
ကိုယ်မှာပေးမယ်နော် ဘာနဲ့စားမလဲ "

" အင့် အဆင်ပြေတာ မှာလိုက် "

" ok ...ok "

ရိ၀မ် မီးအိမ်တင်ထားတဲ့စားပွဲပေါ်က
အနီရောင် ခလုပ်နှိပ်လိုက်တော့
မန်နေဂျာဆီက အသံထွက်လာ၏။

ထမင်းနဲ့ အဆင်ပြေလောက်မယ့်
ဟင်းပွဲတစ်ချို့ကို မှာပြီး အမြန်ဆုံးလာပို့ခိုင်းလိုက်သည်။

" အ၀တ်အစားလဲဦးလေ "

ကလေးက သတိပေးသလို လှမ်းပြောမှ
ရိ၀မ် တစ်ကိုယ်လုံး ရေတွေရွှဲနေမှန်း သတိထားမိတော့သည်။

" ထားလိုက်ပါတော့ အခုချိန်အ၀တ်အစားတောင်းလိုက်ရင် ၀န်ထမ်းတွေတစ်မျိုးထင်သွားလိမ့်မယ် ...
အပြန်ကျမှ ရိုက်ကွင်းက
staffကို စီစဥ်ခိုင်းလိုက်တော့မယ် ... "

" အေးနေမှာပေါ့ "

" ရတယ် ... ကိုယ်အဆင်ပြေတယ် "

သူကအဆင်ပြေတယ်ဆိုတော့
ရှင်းဘာမှဆက်မပြောတော့ .....

ရှေးခေတ်အ၀တ်အစားစိုကြီးနဲ့မို့
နည်းနည်းတော့ စိတ်ပူနေမိသည်။

ထို့ကြောင့် Aircon controlရှာပြီး
အအေးလျော့ပေးထားသည်။

ဒါကို အကျင့်မကောင်းတဲ့လူကြီးက
ပြုံးစိစိကြည့်နေပြန်သည်။

အစောက သူမဟုတ်တဲ့ အတိုင်းပဲ .....

" ကလေးငယ် "

" ပြော "

" အဲ့လိုကြီး မထူးပါနဲ့ ...
ကိုယ်ပြောရမှာတောင် လန့်လာပြီ "

" ဟွန့် "

ရှင်းက နှုတ်ခမ်းထော်တော့ ဖြတ်ကနဲ
လာနမ်းသည်။

" အသားယူလိုက်တာ "

" ချစ်လို့ပါ ကလေးရဲ့ "

" ဟွန့် "

" အခုက ရိုက်ကွင်းပြန်သွားဦးမလား "

" အင်း သွားမယ်လေ ...
ညပိုင်းရိုက်စရာတွေရှိသေးတယ် ...
စောင့်နေရရင် ကျန်တဲ့လုပ်ဖော်ကိုင်ဖက်တွေ အားနာစရာကြီး "

" ထမင်းစားပြီးရင် ကိုယ်လိုက်ပို့မယ် "

ကလေးမျက်နှာလေးက ငယ်ကျသွားပြန်သည်။

တစ်စုံတစ်ခုကို စိတ်ပူနေတာ
သူသိတာပေါ့ ......

" ကိုယ်က ကျန်းလုပ်ငန်းစုရဲ့ဆက်ခံသူဆိုတာ သိလားကလေး "

" သိတယ်လေ ကြွားမလို့လား "

" ကျန်းလုပ်ငန်းစုအကြောင်းရော သိလား "

" အဲ့တာတော့ မသိဘူး "

" ကိုယ် rumor ထွက်တာရော ကြားဖူးလား  .... "

" ဟင့်အင်း "

" ကိုယ်ပြောပြမယ် ...
သေချာလေးနားထောင် ဟုတ်ပြီလား "

" အင်း "

" ကိုယ်တို့ ကျန်းလုပ်ငန်းစုမှာ ထိပ်ပိုင်းလူကြီးတွေကို ကာကွယ်ဖို့ bodyguard ဌာနဆိုတာ
သပ်သပ်ရှိတယ် ....
ပြီးတော့ သတင်းမှားတွေကိုဖျက်ချတဲ့ Hackerအဖွဲ့ဆိုတာလည်း ရှိတယ် .... hackerအဖွဲ့မှာ လူပေါင်းရာနဲ့ချီရှိပြီး နယ်ပယ်အစုံမှာရှိတယ် ....
အဲ့တာကြောင့် သတင်းမှားတွေတက်လာတာနဲ့ ဘယ်နေရာကဘယ်သူဆိုတာမျိုး တိုက်ရိုက်သိနိုင်တယ် ...
အဲ့ဒီလူက နိုင်ငံရဲ့ အကြီးအကဲဆိုရင်တောင်မှပေါ့ ...... "

ကလေးငယ်ဟာ ရိ၀မ်စကားကို
မျက်လုံးလေး အပြူးသားနဲ့ နားထောင်နေ၏။

" ကျန်းလုပ်ငန်းစုရဲ့ အကြောင်းနဲ့ ပိုင်ဆိုင်မှုတွေကိုတော့ နောက်ကျ ကလေးသိလာမှာပါ...
အခုကိုယ်​ပြောချင်တာက ကလေးစိတ်ပူနေတဲ့ rumorကိစ္စကို ခေါင်းထဲကထုတ်လိုက် ...
ဟိုတခါ ကိုယ်တို့ Publicမှာ နမ်းတာတောင် rumorထွက်လာလို့လား "

ရိ၀မ်ရဲ့ စကားအဆုံး ကလေးငယ်မျက်နှာလေးက နီရဲသွား၏။

ဒီကလေး ရှက်သွားတာ .....

" ကျန်းလုပ်ငန်းစုဥက္ကဌက
သူ့သားနဲ့သားမက်လေးကို စောင့်ရှောက်ဖို့
လူလွှတ်ထားတယ် ...
ကလေးအနေနဲ့ ကိုယ်နဲ့ ပတ်သက်တဲ့ rumorတွေကို စိုးရိမ်စရာမလိုဘူး ...
ချောက်ချွမ်ကိုသာ သတိထားပြီးနေ .... "

" ချောက်ချွမ်ကောက ဘာဖြစ်လို့လဲဟင် "

" အရင်တုန်းက သူကရှုပ်တယ်လေ ...
လူပေါင်းစုံနဲ့ Dating newတွေ
ထွက်ဖူးတယ် ....
သူ့ရဲ့ အနုပညာစွမ်းရည်က
ထူးခြားနေလို့သာ အခုလို ထိပ်တန်းစာရင်း ၀င်နေတာ ....
အဲ့တာကြောင့် သူနဲ့လက်တွဲလုပ်မယ့်
အနုပညာရှင်တွေကိုဆို သူတို့Fanတွေက
သိပ်မလုပ်စေချင်ကြဘူးလေ "

" အော် အဲ့လိုလား "

" ကလေးက မသိသေးလို့ ဒီနယ်ပယ်မှာက
ကြိုးတန်းပေါ်လမ်းလျှောက်နေရသလိုပဲ ...
ကလေးဒီအခြေအနေထိရောင်ဖို့ အများကြီး
ကြိုးစားခဲ့ရပေမယ့် ပြုတ်ကျဖို့ဆို
နာရီ၀က်တောင် မလိုဘူး .....
ကိုယ်ကအခုမှ လမ်းပေါ်စရောက်ကာစမို့
Antiတွေကို နိုင်ကွက်မပေးမိစေနဲ့  ....
ဒီလမ်းကို ရွေးပြီးပြီဆို အဆုံးထိလျှောက် ...
တစ်ခုခုလုပ်တော့မယ်ဆို ရှင်းဟွားလေးတွေ
အတွက်ပါ တွေးပေး ... "

" အခုလည်း တွေးပေးပါတယ် "

တိုးတိုးတိမ်တိမ်အသံလေးက
မရဲမ၀ံ့ထွက်လာထွက်လာသည်။

" အဲ့တာဆို အစစအရာရာဆင်ခြင်လေ ...
အခုလို ချောင်ချွမ်နဲ့ Shipခံရတာက
ကလေးအနေနဲ့ မျက်ကွယ်ပြုထားလို့
ရပေမယ့် ရှင်းဟွားလေးတွေကျ မတူဘူးလေ ...
သူတို့က ကလေးကို ဘယ်သူနဲ့မှ
မShip ပဲ only stanတာ ....
တခြားသူက သူတို့ Idolကို တခြားidolနဲ့ shipနေတော့ ဘယ်ခံချင်ပါ့မလဲ ....
ပြီးတော့ Shipတဲ့ ပုံစံတွေကို ကလေးသိမှာပါ ...
သူတို့ဘယ်လောက်တောင်
မခံချင် ဖြစ်နေလိုက်မလဲ "

" အင်း ... နားလည်ပါပြီ "

အပြစ်လုပ်ထားသည့်ပုံစံနှင့် လက်လေးနှစ်ဖက်ကို ပွတ်ပြီး တိုးတိုးလေးပြန်ဖြေလာသည်။

ရန်တွေ့နေတုန်းက ရှင်းမဟုတ်တဲ့ အတိုင်းပဲ ......

" ပြီးရောလေ ... အခုလို လိုက်ပြောနေရတော့
ကိုယ်က လူကြမ်းကြီးဖြစ်ရော "

" လူကြမ်းကြီးမဟုတ်ပါဘူး ဟို ...  "

" အင်း ဘာလဲ "

" လူယုတ်မာကြီး ဟီး .... "

ဟော ... ​မကြောက်မရွံ့လာစနေပြန်ပြီ။

" တကယ် လူယုတ်မာလုပ်လိုက်ရမလား "

မျက်နှာနားတိုးကပ်ကာ လက်လေးကို
ချုပ်ပြီးမေးတော့ ဂွကြားနေရာကို
ဒူးနဲ့ အတိုက်ခံလိုက်ရသည်။

မျက်နှာလေးကို ချီပြီး မျက်စောင်းလေးနဲ့
ရမယ်များထင်နေလားတဲ့ ......

.

.

.

.

" Bossပြန်လာပြီလား "

ရိ၀မ်ကားရပ်လိုက်သည်နှင့် ယီယီက
ကားနားကို ချက်ခြင်းရောက်လာ၏။

" ပြန်လာလို့ နင့်ရှေ့ရောက်နေတာလေ "

ရိ၀မ် ကလေးငယ်ရဲ့ ကားတံခါးကို ဖွင့်ပေးရင်း ယီယိီ့ကို ပြန်ဖြေလိုက်သည်။

" ဟွန့်  bossကလည်း ...
ယီယီက အကောင်းပြောမလို့ကို "

" ပြော ... ပြီးရင် အ၀တ်တစ်စုံပြင်ထားလိုက် .....
ရှင်းလေးဖြည်းဖြည်းချော်ကြမယ် "

ကလေးငယ်ကို ဂရုစိုက်ဖို့လည်း မမေ့။

" ဒါရိုက်တာလင်းကလေ ညနေက ယွင်ရှင်းတို့ Ent; ကို ဖုန်းဆက်ပြီး မေးလိုက်တာ ....
ent; က လင်းရန်ကို ချက်ချင်းပြန်ခေါ်သွားရော ....
ပြီးတော့ ယွင်ရှင်းကိုလည်း
staffတွေလိုက်ရှာနေတယ် ...
ဖုန်းဆက်တာမရလို့တဲ့ "

" ဘာ !!! ချင်လုံကလား ...
လက်ရှိ JiJiကလား .... "

" JiJiကပါ boss "

" ဝေလင်းကို ဆူနေတော့မှာ ဟင့် ...
အဲ့အဖွားကြီးက အရမ်းငေါက်တာ ....
လူကြားထဲလည်း မရှောင်ဘူး ဟင့် ... အင့်
ဝေလင်းလေး ငါ့ကြောင့် ... အီး ... "

" အာ .. ရှင်းလေး မငိုနဲ့ ...
ကိုယ့်ကြောင့်ဖြစ်တာ ကိုယ်ရှင်းပေးမယ်  ဟုတ်ပြီလား .... နော် ...
လင်းရန်ကိုလည်း မဆူစေရဘူး  "

" ဟင့် ဟုတ် "

" ယီယီ ... ပါပါးကိုဆက်သွယ်ပြီး
JiJiကိစ္စကို တင်ပြလိုက် ...
ပြီးတော့ ဒါရိုက်တာလင်းကိုလည်း
ငါတို့ JiJiကို
သွားတဲ့အကြောင်းပြောထားလိုက် ....
သောက် Ent; က ဇောင်းကြွနေတာ ...
အကုန်လုံး ပြာကျချင်နေပြီ ထင်တယ် "

" ဟုတ်ကဲ့ Boss "

" ပြီးရင် နင်က ငါ့နောက်ကို ချက်ခြင်းလိုက်လာခဲ့ ...
bodyguard အင်အားပါ ထပ်တိုးထား "

" ဟုတ်ကဲ့ boss "

ရိ၀မ် ကားပေါ်တက်ပြီး ကလေးငယ်နဲ့အတူ
JiJi ent;ဆီဦးတည်လိုက်သည်။

စိတ်ထဲတွင်လည်း အရင်ကထဲက
အခဲမကျေမှုတွေတေးထားလျက် ....

အဖွားကြီးက ကလေးတွေကို
အိပ်ချိန်တောင် သိပ်မပေးပဲ
ခိုင်းတဲ့အချက်အလက်တွေ ...

အနုပညာရှင်ရဲ့ ကိုယ်ရေးကိုယ်တာကို
၀င်စွက်ဖက်မှုတွေ  .....

အနုပညာကြေး 70%ကို ခေါင်းပုံဖြတ်တာတွေ အစရှိတဲ့ အချက်အလက်တွေက
ကလေးငယ် debutမလုပ်ခင်ထဲက
ရိ၀မ်ဆီမှာ ရှိပြီးသား ......

ကလေးငယ်က Centerဖြစ်ရမှာကို
မဲလိမ်ထားတဲ့ ကိစ္စထဲက ရိ၀မ်တင်းနေတာ ...

ကလေးငယ်က သူတို့လက်အောက်မှာမို့သာ
ငြိမ်ခံနေခြင်း  .....

အခုတော့ အပြတ်ရှင်းသင့်တန် ရှင်းရတော့မည်။

" ဟင့် ... "

" မငိုနဲ့လို့ ကလေးရဲ့ ... ဘာမှမဖြစ်ပါဘူးဆို "

" ပြဿနာမရှာနဲ့နော် အင့် ....
ကျန်တဲ့ ဟင့် memberတွေ အင့် ... "

" ကိုယ်သိတယ် ...
သူတို့ကို မထိခိုက်စေရဘူး ... ကိုယ့်ကိုယုံ ... "

" ဟုတ်  ... အင့် "





ဆက်ရန် .................

( ရှင်းတော့မသိဘူး ကိုယ်တော့
မငိုနဲ့ဆိုလေ ပိုငိုချင်လေပဲ😬 )



zawgyi

ယခုဆို ႐ွင္းထိုင္ေနတာ ႏွစ္နာရီနီးပါး႐ွိေနၿပီျဖစ္သည္။

ေရခ်ိဳးခန္းထဲက ေရက်သံေတြ ၾကားေနရဆဲ ....

အေစာက အႏိုင္ယူလိုစိတ္နဲ႔ ေျပာလိုက္မိတဲ့အတြက္ ႐ွင္းလြန္သြားမွန္းသိပါသည္။

ကိုယ့္ကိုေဒါသတႀကီးေအာ္တာမ်ိဳးကို
႐ွင္းမႀကိဳက္ ......

ဒါေပမယ့္ ရိ၀မ္က ႐ွင္းကိုေတြ႕တိုင္း
အၿမဲ ဆူပူေနတတ္သည္။

ဟိုဟာမလုပ္ရ ဒါမလုပ္ရနဲ႔
ခ်ဳပ္ခ်ယ္လြန္းလွသည္။

ကိုယ္တိုင္က လြတ္လြတ္လပ္လပ္ေနတတ္သူမို႔လား မသိ ခ်ဳပ္ခ်ယ္ခံရတဲ့ ဘ၀မွာ
အသားမက်ႏိုင္ေသး ......

အရာရာလိုက္ ထိန္းခ်ဳပ္လြန္းတဲ့ ရိ၀မ္ကို
တခါတခါအျမင္ကပ္မိသည္။

ကိုယ္လုပ္မိတဲ့အရာေတြ
သူ႕ကို အ႐ြဲ႕တိုက္ခ်င္တာေၾကာင့္လည္းပါသည္။

သူသာထပ္ၿပီး အႏိုင္ယူေနဦးမယ္ဆိုရင္
သူ႕အေပၚထားတဲ့ ႐ွင္းရဲ႕ခ်စ္စိတ္ေတြကို
ျပင္သင့္ရင္ျပင္ရေတာ့မည္။

မခ်စ္ပဲေနလို႔ေတာ့ မရတာမို႔
အခ်စ္ဆီကေန ေ႐ွာင္ေျပးဖို႔သာ .....

အေတြးေတြနဲ႔ငိုင္ေနတုန္း ေခါင္းအုံးနားမွာ
သူထားခဲ့သည့္ဖုန္းက လင္းလာသည္။

Silent လုပ္ထားတာမို႔ ဖုန္းသံကမၾကားရ။

ဆက္တိုက္၀င္ေနေသာ ဖုန္းေတြ ....

ကိုယ္အေရး မဟုတ္တာေၾကာင့္
လ်စ္လ်ဴ႐ႈထားမိလိုက္သည္။

သူ႕ဖုန္းျမင္ကာမွ ကိုယ့္ဖုန္းလည္း
ဘယ္နားက်န္ခဲ့မွန္းမသိ .....

႐ိုက္ကြင္းမွာပဲလား ....

ဒါမွမဟုတ္ တစ္ေနရာရာမ်ားကက်န္ခဲ့သလား ....

က်က်န္ခဲ့တာဆိုရင္ေတာ့ ကြိဳင္ပဲ....

ဖုန္းထဲမွာ က်န္းရိ၀မ္ရဲ႕ ပုံေတြခ်ည္းပဲ
ျပည့္ေနသည္ေလ ...

ၿပီးေတာ့ ၀င္ထားတဲ့ မက္ေဆ့လ္ေတြကအစ
တစ္ခုမွ ဖ်က္မထားမိ .....

တကယ္ကို ဒုကၡပါပဲ .......

ကုတင္ေပၚက ဖုန္းက လင္းေနဆဲ ....

႐ွင္းလည္း ဗိုက္ဆာလာသည္။

ဟိုလူႀကီးက အခုထိ ေရခ်ိဳးခန္းထဲက
ထြက္မလာေသး .....

သြားေခၚမွရေတာ့မည္။

မေတာ္လို႔ အေအးပတ္ေနမွျဖင့္
႐ိုက္ကူးေရး ရပ္ထားရရင္ အခ်ိန္ေတြကုန္သြားႏိုင္သည္။

ေဒါက္ .. ေဒါက္

အထဲက ေရက်သံနဲ႔မို႔
႐ွင္းရဲ႕တံခါးေခါက္သံက အရာမေရာက္ .....

တဒုန္းဒုန္းထုေသာ္လည္း ဖြင့္ေပးမလာ ....

စိတ္က ထူပူလာသည္။

ေလာ့ခ်မထားတာေၾကာင့္ တံခါးကို
ဆြဲဖြင့္လိုက္ေတာ့ မ်က္လုံးရဲႀကီးေတြနဲ႔
လူကိုေမာ့ၾကည့္လာ၏။

ဘာမွမျဖစ္ပဲနဲ႔ အသံမေပးေတာ့
စိတ္က ေထာင္းကနဲပဲ .....

" ႐ူးေနလား ... ႐ူးေနလို႔
ေခၚေနတာမထူးတာလား ဟမ္ ...
ခင္ဗ်ားႀကီး နားကန္းေနလား "

မထုံတက္ေတးအမူအရာက ဆြဲေဆာင့္ပစ္ခ်င္စရာေကာင္းလွသည္။

႐ွင္းပဲေလ ... စိတ္ထက္ လူကျမန္တယ္...

ေရပန္းပိတ္ၿပီး ထိုင္ေနတဲ့လူႀကီးရဲ႕
ဆံပင္ကို အားရပါးရဆြဲေဆာင့္ပစ္လိုက္သည္။

မနာဘူးလားမသိ ... ဘာအသံမွထြက္မလာ ...

ထပ္မံ၍ ရင္အုံကို အားနဲ႔ကိုက္ခ်ပစ္လိုက္သည္။

ေသြးစို႔လာသည့္အထိ ထိုလူႀကီးက
တုတ္တုတ္မွမလႈပ္  ....

႐ွင္းစိတ္တိုလာသည္။

စိတ္တိုရင္ ျဖစ္ေနက်အတိုင္း
အသားေတြ တဆတ္ဆတ္တုန္ၿပီး
မ်က္ရည္ေတြ ပိုးပိုးေပါက္ေပါက္က်လာသည္။

" ႐ွင္း ... ႐ွင္းငယ္ ... ဘာ ဘာျဖစ္လို႔လဲ ...
ဟင္ သြားနာလို႔လား ... တစ္ခုခုျဖစ္လို႔လား "

႐ွင္းရဲ႕ မ်က္ရည္ေတြျမင္ေတာ့ ရိ၀မ္
ျပာယာခတ္သြားသည္။

ကိုယ့္ကို စိတ္ဆိုးေနလို႔ ဘယ္လိုေခ်ာ့ရမလဲ
ေတြးမရျဖစ္ေနတုန္း ကေလးငယ္က ေရာက္လာတာ ....

ေဒါသတႀကီး ေအာ္ဟစ္ေနတာေၾကာင့္
အမွားပါသြားမွာစိုးလို႔ တိတ္တဆိတ္
ေနခဲ့ျခင္းျဖစ္သည္။

ဆံပင္လာဆြဲေတာ့ သူ႕ေဒါသေလး
ေျပပါေစေတာ့ရယ္လို႔ ၿငိမ္ခံေပးခဲ့တာ ....

လာကိုက္ေတာ့လည္း နာတာေတာင္
အသံမထြက္ရဲခဲ့ဘူး ......

ကေလးငယ္ ထပ္စိတ္ဆိုးသြားမွာ
ေၾကာက္တာေၾကာင့္ .....

အခုက် ကေလးငယ္က ငိုေနျပန္ၿပီ။

သူဘာေတြမ်ား အမွားထပ္လုပ္မိလို႔လဲ ....

" ကေလးမငိုနဲ႔ေနာ္ ...
ကေလးမေက်နပ္ေသးရင္
ကိုယ့္ကို စိတ္ႀကိဳက္လုပ္ .....
ငိုေတာ့ မငိုပါနဲ႔ ... ကိုယ္ရင္ေတြပူလို႔ "

" ........  "

" ကေလးကိုယ့္ကို ႐ိုက္ခ်င္တာလား ဟင္
လာ ႐ိုက္လိုက္ အဲ့လိုႀကီးမငိုပါနဲ႔ "

ကေလးငယ္ဟာ ရိ၀မ္ကို ေဆာင့္တြန္းၿပီး
ေရခ်ိဳးခန္းထဲက ထြက္သြားသည္။

ရိ၀မ္လည္းေနာက္ကေနလိုက္ရင္း

" ႐ွင္းေလး ... ကေလး ... "

" မလာနဲ႔ ဟင့္ ခင္ဗ်ားကို မုန္းတယ္ !! "

ရိ၀မ္ ေခါင္းအုံးေပၚမ်က္ႏွာေမွာက္ ငိုေနေသာ
ကေလးငယ္ရဲ႕ေ႐ွ႕မွာ ဒူးေထာက္လိုက္သည္။

" ကေလး ကိုယ္ေတာင္းပန္ပါတယ္ ....
ကိုယ္မွားသြားပါတယ္ေနာ္ ... ကေလး
မေက်နပ္ေသးရင္ ကိုယ္အျပစ္ခံယူပါ့မယ္ "

ေျပာလည္းေျပာ ၾကမ္းျပင္ကိုလည္း
လက္သီးနဲ႔ တရစပ္ထိုးေနမိသည္။

နာေနေပမယ့္ မရပ္မိ ....

" အား !!! ႐ူးေနလား ...
ခင္ဗ်ားလုံး၀ ႐ူးေနၿပီ ဟင့္ အီး ဟီး ... "

ငိုယိုၿပီး ကိုယ့္လက္ကို အတင္းလာဆြဲေသာ
ကေလးငယ္ရယ္ ......

" လႊတ္ပါ ... ကေလးမေက်နပ္ရင္ကိုယ္ ... "

" ဟင့္အင္း မလုပ္နဲ႔  ... ေတာ္ပါေတာ့ ဟင့္ .."

" ကိုယ္ေတာင္းပန္ပါတယ္
ကိုယ္မွားသြားတယ္ "

" ဟင့္ ... ခင္ဗ်ားမမွားပါဘူး ... အင့္
က်ေနာ္က အႀကီးကို မ႐ိုမေသလုပ္မိတာ
ဟင့္ "

" မငိုနဲ႔ ကေလးရယ္ ...
မ်က္လုံးေတြနာ​ေနမယ္ေနာ္ ...  ေနာ္ "

" အင့္ ... "

ငိုေနတဲ့ ကေလးငယ္ေလးကို
ရင္ခြင္ထဲ အသာထည့္ထားလိုက္မိသည္။

မ႐ုန္းကန္ေပမယ့္ ငို႐ိႈက္ေနဆဲပင္ .....

" တိတ္ တိတ္ ျပန္မလားဟင္ ...
ကိုယ္လိုက္ပို႔ေပးမယ္ "

" ဟင့္ ... ဗိုက္ဆာတယ္ အင့္ "

" အာ ဟုတ္သားပဲ ...
ကိုယ္မွာေပးမယ္ေနာ္ ဘာနဲ႔စားမလဲ "

" အင့္ အဆင္ေျပတာ မွာလိုက္ "

" ok ...ok "

ရိ၀မ္ မီးအိမ္တင္ထားတဲ့စားပြဲေပၚက
အနီေရာင္ ခလုပ္ႏွိပ္လိုက္ေတာ့
မန္ေနဂ်ာဆီက အသံထြက္လာ၏။

ထမင္းနဲ႔ အဆင္ေျပေလာက္မယ့္
ဟင္းပြဲတစ္ခ်ိဳ႕ကို မွာၿပီး အျမန္ဆုံးလာပို႔ခိုင္းလိုက္သည္။

" အ၀တ္အစားလဲဦးေလ "

ကေလးက သတိေပးသလို လွမ္းေျပာမွ
ရိ၀မ္ တစ္ကိုယ္လုံး ေရေတြ႐ႊဲေနမွန္း သတိထားမိေတာ့သည္။

" ထားလိုက္ပါေတာ့ အခုခ်ိန္အ၀တ္အစားေတာင္းလိုက္ရင္ ၀န္ထမ္းေတြတစ္မ်ိဳးထင္သြားလိမ့္မယ္ ...
အျပန္က်မွ ႐ိုက္ကြင္းက
staffကို စီစဥ္ခိုင္းလိုက္ေတာ့မယ္ ... "

" ေအးေနမွာေပါ့ "

" ရတယ္ ... ကိုယ္အဆင္ေျပတယ္ "

သူကအဆင္ေျပတယ္ဆိုေတာ့
႐ွင္းဘာမွဆက္မေျပာေတာ့ .....

ေ႐ွးေခတ္အ၀တ္အစားစိုႀကီးနဲ႔မို႔
နည္းနည္းေတာ့ စိတ္ပူေနမိသည္။

ထို႔ေၾကာင့္ Aircon control႐ွာၿပီး
အေအးေလ်ာ့ေပးထားသည္။

ဒါကို အက်င့္မေကာင္းတဲ့လူႀကီးက
ျပဳံးစိစိၾကည့္ေနျပန္သည္။

အေစာက သူမဟုတ္တဲ့ အတိုင္းပဲ .....

" ကေလးငယ္ "

" ေျပာ "

" အဲ့လိုႀကီး မထူးပါနဲ႔ ...
ကိုယ္ေျပာရမွာေတာင္ လန္႔လာၿပီ "

" ဟြန္႔ "

႐ွင္းက ႏႈတ္ခမ္းေထာ္ေတာ့ ျဖတ္ကနဲ
လာနမ္းသည္။

" အသားယူလိုက္တာ "

" ခ်စ္လို႔ပါ ကေလးရဲ႕ "

" ဟြန္႔ "

" အခုက ႐ိုက္ကြင္းျပန္သြားဦးမလား "

" အင္း သြားမယ္ေလ ...
ညပိုင္း႐ိုက္စရာေတြ႐ွိေသးတယ္ ...
ေစာင့္ေနရရင္ က်န္တဲ့လုပ္ေဖာ္ကိုင္ဖက္ေတြ အားနာစရာႀကီး "

" ထမင္းစားၿပီးရင္ ကိုယ္လိုက္ပို႔မယ္ "

ကေလးမ်က္ႏွာေလးက ငယ္က်သြားျပန္သည္။

တစ္စုံတစ္ခုကို စိတ္ပူေနတာ
သူသိတာေပါ့ ......

" ကိုယ္က က်န္းလုပ္ငန္းစုရဲ႕ဆက္ခံသူဆိုတာ သိလားကေလး "

" သိတယ္ေလ ႂကြားမလို႔လား "

" က်န္းလုပ္ငန္းစုအေၾကာင္းေရာ သိလား "

" အဲ့တာေတာ့ မသိဘူး "

" ကိုယ္ rumor ထြက္တာေရာ ၾကားဖူးလား  .... "

" ဟင့္အင္း "

" ကိုယ္ေျပာျပမယ္ ...
ေသခ်ာေလးနားေထာင္ ဟုတ္ၿပီလား "

" အင္း "

" ကိုယ္တို႔ က်န္းလုပ္ငန္းစုမွာ ထိပ္ပိုင္းလူႀကီးေတြကို ကာကြယ္ဖို႔ bodyguard ဌာနဆိုတာ
သပ္သပ္႐ွိတယ္ ....
ၿပီးေတာ့ သတင္းမွားေတြကိုဖ်က္ခ်တဲ့ Hackerအဖြဲ႕ဆိုတာလည္း ႐ွိတယ္ .... hackerအဖြဲ႕မွာ လူေပါင္းရာနဲ႔ခ်ီ႐ွိၿပီး နယ္ပယ္အစုံမွာ႐ွိတယ္ ....
အဲ့တာေၾကာင့္ သတင္းမွားေတြတက္လာတာနဲ႔ ဘယ္ေနရာကဘယ္သူဆိုတာမ်ိဳး တိုက္႐ိုက္သိႏိုင္တယ္ ...
အဲ့ဒီလူက ႏိုင္ငံရဲ႕ အႀကီးအကဲဆိုရင္ေတာင္မွေပါ့ ...... "

ကေလးငယ္ဟာ ရိ၀မ္စကားကို
မ်က္လုံးေလး အျပဴးသားနဲ႔ နားေထာင္ေန၏။

" က်န္းလုပ္ငန္းစုရဲ႕ အေၾကာင္းနဲ႔ ပိုင္ဆိုင္မႈေတြကိုေတာ့ ေနာက္က် ကေလးသိလာမွာပါ...
အခုကိုယ္​ေျပာခ်င္တာက ကေလးစိတ္ပူေနတဲ့ rumorကိစၥကို ေခါင္းထဲကထုတ္လိုက္ ...
ဟိုတခါ ကိုယ္တို႔ Publicမွာ နမ္းတာေတာင္ rumorထြက္လာလို႔လား "

ရိ၀မ္ရဲ႕ စကားအဆုံး ကေလးငယ္မ်က္ႏွာေလးက နီရဲသြား၏။

ဒီကေလး ႐ွက္သြားတာ .....

" က်န္းလုပ္ငန္းစုဥကၠဌက
သူ႕သားနဲ႔သားမက္ေလးကို ေစာင့္ေ႐ွာက္ဖို႔
လူလႊတ္ထားတယ္ ...
ကေလးအေနနဲ႔ ကိုယ္နဲ႔ ပတ္သက္တဲ့ rumorေတြကို စိုးရိမ္စရာမလိုဘူး ...
ေခ်ာက္ခြၽမ္ကိုသာ သတိထားၿပီးေန .... "

" ေခ်ာက္ခြၽမ္ေကာက ဘာျဖစ္လို႔လဲဟင္ "

" အရင္တုန္းက သူက႐ႈပ္တယ္ေလ ...
လူေပါင္းစုံနဲ႔ Dating newေတြ
ထြက္ဖူးတယ္ ....
သူ႕ရဲ႕ အႏုပညာစြမ္းရည္က
ထူးျခားေနလို႔သာ အခုလို ထိပ္တန္းစာရင္း ၀င္ေနတာ ....
အဲ့တာေၾကာင့္ သူနဲ႔လက္တြဲလုပ္မယ့္
အႏုပညာ႐ွင္ေတြကိုဆို သူတို႔Fanေတြက
သိပ္မလုပ္ေစခ်င္ၾကဘူးေလ "

" ေအာ္ အဲ့လိုလား "

" ကေလးက မသိေသးလို႔ ဒီနယ္ပယ္မွာက
ႀကိဳးတန္းေပၚလမ္းေလွ်ာက္ေနရသလိုပဲ ...
ကေလးဒီအေျခအေနထိေရာင္ဖို႔ အမ်ားႀကီး
ႀကိဳးစားခဲ့ရေပမယ့္ ျပဳတ္က်ဖို႔ဆို
နာရီ၀က္ေတာင္ မလိုဘူး .....
ကိုယ္ကအခုမွ လမ္းေပၚစေရာက္ကာစမို႔
Antiေတြကို ႏိုင္ကြက္မေပးမိေစနဲ႔  ....
ဒီလမ္းကို ေ႐ြးၿပီးၿပီဆို အဆုံးထိေလွ်ာက္ ...
တစ္ခုခုလုပ္ေတာ့မယ္ဆို ႐ွင္းဟြားေလးေတြ
အတြက္ပါ ေတြးေပး ... "

" အခုလည္း ေတြးေပးပါတယ္ "

တိုးတိုးတိမ္တိမ္အသံေလးက
မရဲမဝံ့ထြက္လာထြက္လာသည္။

" အဲ့တာဆို အစစအရာရာဆင္ျခင္ေလ ...
အခုလို ေခ်ာင္ခြၽမ္နဲ႔ Shipခံရတာက
ကေလးအေနနဲ႔ မ်က္ကြယ္ျပဳထားလို႔
ရေပမယ့္ ႐ွင္းဟြားေလးေတြက် မတူဘူးေလ ...
သူတို႔က ကေလးကို ဘယ္သူနဲ႔မွ
မShip ပဲ only stanတာ ....
တျခားသူက သူတို႔ Idolကို တျခားidolနဲ႔ shipေနေတာ့ ဘယ္ခံခ်င္ပါ့မလဲ ....
ၿပီးေတာ့ Shipတဲ့ ပုံစံေတြကို ကေလးသိမွာပါ ...
သူတို႔ဘယ္ေလာက္ေတာင္
မခံခ်င္ ျဖစ္ေနလိုက္မလဲ "

" အင္း ... နားလည္ပါၿပီ "

အျပစ္လုပ္ထားသည့္ပုံစံႏွင့္ လက္ေလးႏွစ္ဖက္ကို ပြတ္ၿပီး တိုးတိုးေလးျပန္ေျဖလာသည္။

ရန္ေတြ႕ေနတုန္းက ႐ွင္းမဟုတ္တဲ့ အတိုင္းပဲ ......

" ၿပီးေရာေလ ... အခုလို လိုက္ေျပာေနရေတာ့
ကိုယ္က လူၾကမ္းႀကီးျဖစ္ေရာ "

" လူၾကမ္းႀကီးမဟုတ္ပါဘူး ဟို ...  "

" အင္း ဘာလဲ "

" လူယုတ္မာႀကီး ဟီး .... "

ေဟာ ... ​မေၾကာက္မ႐ြံ႕လာစေနျပန္ၿပီ။

" တကယ္ လူယုတ္မာလုပ္လိုက္ရမလား "

မ်က္ႏွာနားတိုးကပ္ကာ လက္ေလးကို
ခ်ဳပ္ၿပီးေမးေတာ့ ဂြၾကားေနရာကို
ဒူးနဲ႔ အတိုက္ခံလိုက္ရသည္။

မ်က္ႏွာေလးကို ခ်ီၿပီး မ်က္ေစာင္းေလးနဲ႔
ရမယ္မ်ားထင္ေနလားတဲ့ ......

.

.

.

.

" Bossျပန္လာၿပီလား "

ရိ၀မ္ကားရပ္လိုက္သည္ႏွင့္ ယီယီက
ကားနားကို ခ်က္ျခင္းေရာက္လာ၏။

" ျပန္လာလို႔ နင့္ေ႐ွ႕ေရာက္ေနတာေလ "

ရိ၀မ္ ကေလးငယ္ရဲ႕ ကားတံခါးကို ဖြင့္ေပးရင္း ယီယိီ႕ကို ျပန္ေျဖလိုက္သည္။

" ဟြန္႔  bossကလည္း ...
ယီယီက အေကာင္းေျပာမလို႔ကို "

" ေျပာ ... ၿပီးရင္ အ၀တ္တစ္စုံျပင္ထားလိုက္ .....
႐ွင္းေလးျဖည္းျဖည္းေခ်ာ္ၾကမယ္ "

ကေလးငယ္ကို ဂ႐ုစိုက္ဖို႔လည္း မေမ့။

" ဒါ႐ိုက္တာလင္းကေလ ညေနက ယြင္႐ွင္းတို႔ Ent; ကို ဖုန္းဆက္ၿပီး ေမးလိုက္တာ ....
ent; က လင္းရန္ကို ခ်က္ခ်င္းျပန္ေခၚသြားေရာ ....
ၿပီးေတာ့ ယြင္႐ွင္းကိုလည္း
staffေတြလိုက္႐ွာေနတယ္ ...
ဖုန္းဆက္တာမရလို႔တဲ့ "

" ဘာ !!! ခ်င္လုံကလား ...
လက္႐ွိ JiJiကလား .... "

" JiJiကပါ boss "

" ေဝလင္းကို ဆူေနေတာ့မွာ ဟင့္ ...
အဲ့အဖြားႀကီးက အရမ္းေငါက္တာ ....
လူၾကားထဲလည္း မေ႐ွာင္ဘူး ဟင့္ ... အင့္
ေဝလင္းေလး ငါ့ေၾကာင့္ ... အီး ... "

" အာ .. ႐ွင္းေလး မငိုနဲ႔ ...
ကိုယ့္ေၾကာင့္ျဖစ္တာ ကိုယ္႐ွင္းေပးမယ္  ဟုတ္ၿပီလား .... ေနာ္ ...
လင္းရန္ကိုလည္း မဆူေစရဘူး  "

" ဟင့္ ဟုတ္ "

" ယီယီ ... ပါပါးကိုဆက္သြယ္ၿပီး
JiJiကိစၥကို တင္ျပလိုက္ ...
ၿပီးေတာ့ ဒါ႐ိုက္တာလင္းကိုလည္း
ငါတို႔ JiJiကို
သြားတဲ့အေၾကာင္းေျပာထားလိုက္ ....
ေသာက္ Ent; က ေဇာင္းႂကြေနတာ ...
အကုန္လုံး ျပာက်ခ်င္ေနၿပီ ထင္တယ္ "

" ဟုတ္ကဲ့ Boss "

" ၿပီးရင္ နင္က ငါ့ေနာက္ကို ခ်က္ျခင္းလိုက္လာခဲ့ ...
bodyguard အင္အားပါ ထပ္တိုးထား "

" ဟုတ္ကဲ့ boss "

ရိ၀မ္ ကားေပၚတက္ၿပီး ကေလးငယ္နဲ႔အတူ
JiJi ent;ဆီဦးတည္လိုက္သည္။

စိတ္ထဲတြင္လည္း အရင္ကထဲက
အခဲမေက်မႈေတြေတးထားလ်က္ ....

အဖြားႀကီးက ကေလးေတြကို
အိပ္ခ်ိန္ေတာင္ သိပ္မေပးပဲ
ခိုင္းတဲ့အခ်က္အလက္ေတြ ...

အႏုပညာ႐ွင္ရဲ႕ ကိုယ္ေရးကိုယ္တာကို
၀င္စြက္ဖက္မႈေတြ  .....

အႏုပညာေၾကး 70%ကို ေခါင္းပုံျဖတ္တာေတြ အစ႐ွိတဲ့ အခ်က္အလက္ေတြက
ကေလးငယ္ debutမလုပ္ခင္ထဲက
ရိ၀မ္ဆီမွာ ႐ွိၿပီးသား ......

ကေလးငယ္က Centerျဖစ္ရမွာကို
မဲလိမ္ထားတဲ့ ကိစၥထဲက ရိ၀မ္တင္းေနတာ ...

ကေလးငယ္က သူတို႔လက္ေအာက္မွာမို႔သာ
ၿငိမ္ခံေနျခင္း  .....

အခုေတာ့ အျပတ္႐ွင္းသင့္တန္ ႐ွင္းရေတာ့မည္။

" ဟင့္ ... "

" မငိုနဲ႔လို႔ ကေလးရဲ႕ ... ဘာမွမျဖစ္ပါဘူးဆို "

" ျပႆနာမ႐ွာနဲ႔ေနာ္ အင့္ ....
က်န္တဲ့ ဟင့္ memberေတြ အင့္ ... "

" ကိုယ္သိတယ္ ...
သူတို႔ကို မထိခိုက္ေစရဘူး ... ကိုယ့္ကိုယုံ ... "

" ဟုတ္  ... အင့္ "





ဆက္ရန္ .................

( ႐ွင္းေတာ့မသိဘူး ကိုယ္ေတာ့
မငိုနဲ႔ဆိုေလ ပိုငိုခ်င္ေလပဲ😬 )







Continue Reading

You'll Also Like

8M 477K 148
သက်မဲ့ DOLL မဟုတ်တဲ့မင်းက အထီးကျန်တဲ့ ကိုယ့်ဘဝအတွက် တောက်ပတဲ့ ကြယ်လေးပါ ... (Zawgyi + Unicode )
12.8K 798 16
ကိုယ် ပိုက်ဆံရှာဖို့ တာဝန်ယူတယ် မင်း အဲဒီပိုက်ဆံတွေကို သုံးပေးဖို့ တာဝန်ယူပေးပါ MEW Suppasit... တကယ်လို့ U MEWထက်ငယ်တဲ့ သူနဲ့ တွဲဖို့ မရှက်ဘူးဆိုရင...
1M 33.2K 47
"Story Preview" - ဒီ Fic ​လေးက အခု​နောက်ဆုံး ထွက်ရှိခဲ့တဲ့ NeZha Zhi Mo Tong Jiang Shi ရဲ့ 2019 Animation movie ကိုအ​​ခြေခံပီး Nezha နဲ့ Ao Bing တို့...
6.6M 433K 94
Hanary Victor + Loon Tar Nay San