လျှို့ဝှက်ဆန်းပြားလောက〘Uni+Za...
By Kaiyou1111
237K 40.5K 1K
[တစ်ကမ္ဘာလုံးက မင်းကို အနိုင်ကျင့်ကြတယ်၊ မုန်းတီးကြတယ်၊ နောက်ပြီး မင်းကို ခွဲခြားဆက်ဆံကြတယ်၊ ဒါပေမဲ့ မင်းရဲ့က... More
Description
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၂)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၃)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၆)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၇)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၈)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၉)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၀)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၁)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၂)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၃)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၆)
သေမင်းတမန် (၂)
သေမင်းတမန် (၃)
သေမင်းတမန် (၄)
သေမင်းတမန် (၅)
သေမင်းတမန် (၆)
သေမင်းတမန် (၇)
သေမင်းတမန် (၈)
သေမင်းတမန် (၉)
သေမင်းတမန် (၁၀)
သေမင်းတမန် (၁၁)
သေမင်းတမန် (၁၂)
သေမင်းတမန် (၁၃)
သေမင်းတမန် (၁၄)
သေမင်းတမန် (၁၅)
လူသားစားမြို့(၁)
လူသားစားမြို့(၂)
လူသားစားမြို့(၃)
လူသားစားမြို့(၄)
လူသားစားမြို့(၅)
လူသားစားမြို့(၆)
လူသားစားမြို့(၇)
လူသားစားမြို့(၈)
လူသားစားမြို့(၉)
လူသားစားမြို့(၁၀)
လူသားစားမြို့(၁၁)
လူသားစားမြို့(၁၂)
လူသားစားမြို့(၁၃)
လူသားစားမြို့(၁၄)
လူသားစားမြို့(၁၅)
လူသားစားမြို့(၁၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၇)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၈)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၉)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၀)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၆)
Not Update!!
Good New (。•̀ᴗ-)✧
Hello (。•̀ᴗ-)✧
လူသတ်ဂိမ်း (၁)
လူသတ်ဂိမ်း (၂)
လူသတ်ဂိမ်း (၃)
လူသတ်ဂိမ်း (၄)
လူသတ်ဂိမ်း (၅)
လူသတ်ဂိမ်း (၆)
လူသတ်ဂိမ်း(၇)
လူသတ်ဂိမ်း (၈)
လူသတ်ဂိမ်း (၉)
လူသတ်ဂိမ်း (၁၀)
လူသတ်ဂိမ်း (၁၁)
လူသတ်ဂိမ်း (၁၂)
တစ္ဆေမျက်လုံး (၁)
တစ္ဆေမျက်လုံး (၂)
တစ္ဆေမျက်လုံး (၃)
တစ္ဆေမျက်လုံး (၄)
တစ္ဆေမျက်လုံး (၅)
တစ္ဆေမျက်လုံး (၆)
တစ္ဆေမျက်လုံး (၇)
တစ္ဆေမျက်လုံး (၈)
တစ္ဆေမျက်လုံး(၉)
တစ္ဆေမျက်လုံး (၁၀)
တစ္ဆေမျက်လုံး (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၂)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၃)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၄)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၅)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၆)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၇)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၈)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၉)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၀)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၂)
သေမင်းတမန် (၁)
5.1K 747 16
By Kaiyou1111
Unicode
“အား!” ဗိုက်ပူနေသည့် အမျိုးသမီးက သူမခြေထောက်တွေကို ခွဲထားခဲ့သည်။ သူမဆံပင်တွေက ချွေးတွေကြောင့် ရွှဲစိုနေရင်း မျက်လုံးတွေကို မှိတ်ထားပြီး ကျောကော့ကာ အော်ဟစ်နေခဲ့သည်။ သူမမျက်နှာက အမူအရာတွေက မချိမဆန့်ဝေဒနာကြောင့် ကြောက်စရာကောင်းနေသည်။
“မြန်မြန်၊ မြန်မြန်လုပ်! ကိုယ်ဝန်ဆောင် အမျိုးသမီးက သွေးအများကြီး ဆုံးရှုံးထားတယ်!!!” သူမဘေးတွင် အစိမ်းရောင် ဆာဂျင်ဝတ်ရုံတွေ ဝတ်ထားကြသည့် ဆရာဝန်တွေက ထိတ်လန့်နေကြရင်း ဆူညံနေကြသည်။
အမျိုးသမီးရဲ့ မျက်လုံးထောင့်မှ မျက်ရည်တွေက အဆက်မပြတ် ကျဆင်းနေပြီး သူမအောက်ပိုင်းမှ နာကျင်မှုတွေက အရိုးကျိုးသွားသလိုမျိုး ခံစားနေရသည်။
သို့သော် ခွဲခန်းစားပွဲဘေးတွင် ခံစားချက်မဲ့စွာ ရပ်နေသည့် အနက်ရောင် ဝတ်ရုံနဲ့ အမျိုးသား တစ်ယောက် ရှိနေတာကိုတော့ ဘယ်သူမှ သတိမပြုမိကြပေ။ သူ့မေးသာ ထုတ်ပြနေပြီး သူ့မျက်နှာ တစ်ခုလုံးက လုံးဝကို ဖုံးအုပ်နေသည်။ သူ့မျက်ဝန်းအစုံက ဦးထုပ်အောက်တွင် ဖုံးကွယ်နေပြီး မယုံကြည်နိုင်ဖွယ် ထူးဆန်းသည့် လေထုအား ပေးစွမ်းနေသည်။ သူ့လည်ပင်း ပတ်လည်တွင် တံစဉ်နဲ့ဆင်တူသည့် တံဆိပ်ပြားနဲ့ ဆွဲကြိုးက ရှိနေသည်။ ဒါက သစ်သားနဲ့ လုပ်ထားသလိုမျိုး သူက လုံးဝကို တည်ငြိမ်နေသည်။
ဘယ်သူကမှ သူ့အား အပြစ်တင်တာမျိုး၊ ထွက်သွားဖို့ စေခိုင်းတာမျိုး၊ သူ့အား စကားပြောတာမျိုးတောင် ရှိမနေပေ။
လူအားလုံးက သူ့ကို မမြင်ရတာနဲ့ တူနေသည်။
....
သူက တဖြည်းဖြည်းနဲ့ လက်ကို မြှောက်လိုက်ပြီး ပတ်လည်တွင် အနက်ရောင် မြူခိုးတွေက သိပ်သည်းလာခဲ့သည်။
“ဒေါက်တာ! ကျွန်မ မလုပ်နိုင်တော့ဘူး! ကလေးလေးကိုသာ ကယ်ပေးပါ! ရှင်တို့ကို ကျွန်မ တောင်းဆိုပါတယ်!! ဒါက သေဆုံးသွားတဲ့ ကျွန်မယောင်္ကျားရဲ့ တစ်ဦးတည်းသော ကလေးပါပဲ!” အမျိုးသမီးက အမောတကောဖြင့် လေးလံစွာ စကားတွေကို ပြောလိုက်သည်။ သူမအသံက အားနည်းနေပြီး ဒီစကားတွေကို ပြောနိုင်ဖို့အတွက် သူမ အင်အားတွေ အားလုံးကို အသုံးပြုလိုက်ရတာနဲ့ တူနေသည်။
“အခုတော့ မီးဖွားဖို့က မလွယ်ကူတော့ဘူး။ မင်းက ကလေးကို ကယ်ချင်တယ်ဆိုရင် သွေးအများအပြား ဆုံးရှုံးမှုကြောင့် မင်းအသက်သေနိုင်တယ်။ ဒါကို မင်းသိလား?” ဆရာဝန်က အရမ်းကို စိတ်ဓာတ်ကျနေပုံပေါ်ပေမဲ့ အလျင်အမြန် တွေးလိုက်လိုက်ကာ သူ့လက်လှုပ်ရှားမှုတွေက မရပ်ခဲ့ပေ။
“ရှင်တို့ကို ကျွန်မ တောင်းဆိုပါတယ်!! အား!” အမျိုးသမီးရဲ့နှုတ်ခမ်းက ဖြူဖွေးနေပြီး သူမအသံက တိုးလျနေသည်။ မယုံကြည်နိုင်သည့် နာကျင်မှုကို သူမက တောင့်ခံနေတာကိုသာ ပြောနိုင်သည်။
“ကိုယ်ဝန်ဆောင် အမျိုးသမီး၊ အရင်ဆုံး မင်းခံစားချက်တွေကို တည်ငြိမ်အောင် လုပ်သင့်တယ်။ ဆေးရုံက ကလေး၊ လူကြီးကြားမှာ ရွေးချယ်တာမျိုးကို ထည့်မတွက်ဘူး” ဆရာဝန်က ပြောလိုက်သည်။ သူ့နဖူးမှ ချွေးအေးတွေက ဆက်ကျနေခဲ့သည်။
ထူးဆန်းသည့်လူကတော့ ဂရုမစိုက်စွာဖြင့် သူ့ရှေ့မှ ဖရိုဖရဲအခြေအနေအား ကြည့်နေခဲ့သည်။
သို့သော် အမျိုးသမီးရဲ့ ထင်ရှားသည့် ရွေးချယ်ချက်က ဆရာဝန်ရဲ့ အကြံပြုချက်ကို နှလုံးမသွင်းနိုင်ပဲ သူမ အမူအရာက လဲပြိုနေခဲ့သည်။
ဆရာဝန်က သူတို့အလုပ်အား မြန်လိုက်သည်။ အချိန်တွေက စက္ကန့်၊ မိနစ်ကုန်ဆုံးသွားပေမဲ့ အခြေအနေကတော့ မတိုးတက်လာခဲ့ပေ။
မွေးလိုက်! မွေးလိုက်!
ကလေးထွက်လာပြီ!
သို့သော် ခေါင်းဆောင်ဆရာဝန်က အချိန်ကြာကြာ မပျော်လိုက်ရခင်မှာပဲ သူ့လက်တွေက တုန့်သွားပြီး သူ့မျက်နှာက ပျက်ယွင်းသွားခဲ့သည်။
ကလေးက မွေးဖွားလာသည်နှင့် အသက်ရှင်သည့် လက္ခဏာမပြပေ!
သူ့ဘေးမှ ဆရာဝန်က ပြောလိုက်သည်။ “မကောင်းတော့ဘူး၊ ကိုယ်ဝန်ဆောင် အမျိုးသမီးက အားနည်းနေပြီ!”
လူတိုင်းက ထပ်ပြီးတော့ အလျင်အမြန် လုပ်လိုက်ကြသည်။
အမျိုးသားက လှည့်လိုက်ပြီး ထွက်သွားဖို့ ပြင်လိုက်သည်။ သို့သော် တချို့အရာကြောင့် သူ့မျက်လုံးတွေက သေဆုံးပြီးသား ကလေးဆီကို အကြည့်ပြန်ရောက်သွားခဲ့သည်။ သူက တွေးဆလိုက်ပြီး ပုံစံတူဖြင့်သာ အချိန်အတော်ကြာ ရပ်နေခဲ့သည်။ ထို့နောက်တွင် အဝေးကို ကြည့်လိုက်ကာ ပျောက်ကွယ်သွားခဲ့သည်။
ရုတ်တရက် ဆရာဝန်တွေအား ကူပေးနေသည့် ဆေးဝန်ထမ်းကနေ ကလေးက အသက်ရှင်လာပြီး စတင်ပြီး ငိုကြွေးကာ ကန်ကြောင့်တာကို အံ့ဩစရာကောင်းစွာ မြင်လိုက်ရသည်။
-
“Ring! Ring! Ring! Ring!” အိပ်ရာဘေးမှ နာရီနှိုးစက်သံက မြည်လာခဲ့သည်။
ရှောင်ချန်း ကအိပ်ရာမှ ထ,ထိုင်လိုက်ပြီး စိတ်တွေက နောက်ကျိနေသည်။ နှိုးစက်အား လှမ်းပိတ်လိုက်ပြီးနောက် သူ့ဆံပင်အား ဖွလိုက်သည်။
သူဘာတွေးနေမှန်း မသိရပဲ သူ့ရှပ်အင်္ကျီ ကော်လာမှ ကြယ်သီးအား ဖြုတ်လိုက်သည်။ သူ့ခေါင်းက အောက်စိုက်သွားပြီး သူ့ရင်ဘတ်နဲ့ ညှပ်ရိုးတွေအား ကြည့်လိုက်သည်။
အပြာနဲ့ ခရမ်းရောင် အနမ်းအမှတ်တွေက ရှိနေသည်။
ရှောင်ချန်း ကစိတ်ထဲတွင် ညည်းညူလိုက်ပေမဲ့ အပြင်ဘက်တွင်တော့ အသံမြည်ကာ သက်ပြင်းသာချလိုက်သည်။
ဒီလိုမျိုး ထပ်ဖြစ်နေပြန်ပြီ။
ရှောင်ချန်း ကနံရံဘက်ကို ကြည့်လိုက်သည်။ ထိုနေရာတွင် မှတ်စုလေး တစ်ခုက ရှိနေသည်။ ထိုထဲမှ စာတွေကို ဖတ်ပြီးချိန်တွင် မထိန်းချုပ်နိုင်ပဲ နှုတ်ခမ်းဆူလိုက်မိသည်။
ထိုအထဲတွင် စာတစ်ကြောင်းတည်းသာ ရှိနေသည်။ ‘ဒီနေ့ အပြင်မထွက်နဲ့’
ရှောင်ချန်း ကအံကြိတ်လိုက်သည်။
ဒီနေ့ ကလပ်တွင် လုပ်ဆောင်ရမှာရှိပြီး တန်ရှန်းတောင်အား တခြားသူတွေနဲ့ တက်ဖို့စီစဉ်ထားခဲ့သည်။
ဘာ၊ သူ့ကို တကယ်ပဲ အပြင်ထွက်ဖို့ ခွင့်မပြုဘူးလား?
အေးစက်စွာဖြင့် နှာမှုတ်လိုက်ပြီး နည်းနည်း သုန်မှုန်သွားခဲ့သည်။ အပြင်ထွက်ဖို့ စီစဉ်ထားပြီး သူ့အဝတ်တွေကို လဲလိုက်ကာ ပါးလုတ်ကျင်းလိုက်ပြီး သူ့အသွင်အပြင်အား သေချာအောင် လုပ်လိုက်သည်။
သို့သော် သူတံခါးပိတ်ပြီး ခဏအကြာတွင် တစ်နေရာမှ အမျိုးသားတစ်ယောက်က ထွက်လာခဲ့သည်။ ထိုလူက တစ်ကိုယ်လုံး အနက်ကို ဝတ်ဆင်ထားခဲ့ပြီး လည်ပင်းတွင်လည်း တံစဉ်လိုဆွဲကြိုးက ရှိနေသည်။
သူ့ခေါင်းကို ခါလိုက်ပြီး အကူအညီမဲ့မှုနဲ့ အလိုလိုက်မှု အနည်းငယ်ဖြင့် သက်ပြင်းချလိုက်သည်။
ဒီကလေးက နားမထောင်ဘူးဆိုတာ သူသိနေခဲ့သည်။
-
ဒီနေ့တွင် နေရောင်က တောက်ပနေပြီး လူတိုင်းအား စိတ်ညစ်ညူးစေဖို့ လုံလောက်သည်။
ရှောင်ချန်း ကမျက်မှောင်ကြုတ်လိုက်သည်။ ကျောင်းကားပေါ် တက်လိုက်ချိန်တွင် တစ်ခုခု မှားနေသလိုမျိုး သူခံစားလိုက်ရသည်။
အပြင်ဘက်ကမ္ဘာတွင် သူက အရမ်းကို အထိမခံနိုင်ဖြစ်ပြီး အထူးသဖြင့် သေဆုံးမှုအား ကြုံတွေ့ခဲ့တာကြောင့်ပင်။ သူ့တွင် ဆဌမအာရုံရှိပြီး သေဆုံးခြင်းကို ကြိုသိနိုင်သည်။
သူငယ်ငယ်တည်းက သေဆုံးခြင်း ချောက်ကမ်းပါးဆီ ခဏခဏ ရောက်ခဲ့ဖူးသည်။ သို့သော် သူ့စူးစမ်းမှုနဲ့ ဆဌမအာရုံကြောင့်ပဲ ထိုခြိမ်းခြောက်မှုတွေမှ လွတ်မြောက်နိုင်ခဲ့သည်။ အသက် ၁၂ နှစ်အရွယ်တွင် အဲ့လူက ပေါ်လာခဲ့ပြီး ဒီလိုအရာတွေကို ထပ်မကျော်ဖြတ်ချင်တော့ပေ။
ဒီကားရဲ့ လိုင်စင်နံပါတ် ငါးလုံးက 74666 ဖြစ်သည်။
74 ကသံတူစကားက ‘သွားသေလိုက်’ဖြစ်ပြီး 666 ကသားရဲနံပါတ်နဲ့ စမ်းသပ်ချက်အသစ်က နတ်ဆိုးနံပါတ် ဖြစ်သည်။
ဒီအရာတွေက ရှောင်ချန်း အားချက်ချင်းပင် မကောင်းတဲ့စိတ်အား ဖြစ်စေသည်။ ဒီမနက် ထိုလူထားခဲ့သည့် မှတ်စုကို ပြန်တွေးမိသွားရင်း တစ်စက္ကန့်လောက်သာ တွန့်ဆုတ်ပြီးနောက် ဆင်းဖို့ပြင်လိုက်သည်။
သူ့စိတ်ထင့်မှုကို သူယုံကြည်သည်။
သို့သော် သူမရပ်ခင်မှာပဲ သူ့ဘေးတွင် အိပ်နေသည့် လျန်ဂျင်း ကရုတ်ချင်းပင် မျက်လုံးပွင့်လာခဲ့သည်။ သူ့မျက်နှာက ကြောက်ရွံ့မှု၊ ထိတ်လန့်မှုတွေနဲ့ ပြည့်နေသည်။ ရှောင်ချန်း ကမတုန့်ပြန်နိုင်ခင်မှာပဲ တခြားသူရဲ့ အော်သံကို ကြားလိုက်ရသည်။ “ကားရပ်လိုက်၊ ကားရပ်လိုက်! ငါမလိုက်တော့ဘူး!!”
ဒီအချိန်တွင် ဘတ်စ်ကားပေါ်က လူတိုင်းက ငိုက်မျည်းနေကြပြီး ဘယ်သူမှ စကားမပြောကြပေ။ လျန်ဂျင်း ရဲ့ကျယ်လောင်သည့် အသံက လူအနည်းငယ်အား ထိတ်လန့်စွာဖြင့် နိုးထစေသည်။ သူက အနောက်တန်းတွင် ထိုင်နေတည်းက လူတိုင်းက လှည့်လာကြပြီး သူ့အား ဒေါသဖြင့် စိုက်ကြည့်လိုက်ကြသည်။
သူက အနည်းငယ် တုန်နေပေမဲ့ ဒီအကြောင်းကို အများကြီး ဂရုမစိုက်ပေ။ သူက ရှောင်ချန်း ရဲ့လက်ကို ဆွဲလိုက်ပြီး ပြောလိုက်သည်။ “ရှောင်ချန်း၊ ငါ့ကိုယုံ၊ ငါတို့အမြန် ကားပေါ်ကနေ ဆင်းရမယ်!”
ဂိုက်ကလည်း မျက်ခုံးတွေကို ကြုတ်လိုက်သည်။ သူ့ခုံက ပထမဆုံး အတန်းတွင် ဖြစ်ပေမဲ့ ဆူညံသံအား သူကြားနေတုန်းပင်။ အနောက်ဘက်ကို လှည့်လိုက်ပြီး တစ်ခုခုဖြင့် ငြင်းခုန်နေကြတာကို မြင်လိုက်သည်။
လျန်ဂျင်း ကအနီးဆုံးရှိ သူငယ်ချင်းအား လှုပ်လိုက်ပြီး စိုးထိတ်မှု မြင့်မားစွာဖြင့် ထ,ငိုတော့မဲ့ပုံ ဖြစ်နေသည်။ “မြန်မြန် သွားရအောင်! မကြာခင် ချော်ကျလိမ့်မယ်!”
ကျယ်လောင်တာကြောင့် လူတိုင်းက သူ့အား နေမကောင်းသည့်လူလို ကြည့်နေကြသည်။ တခြားသူမပြောနဲ့ လျန်ဂျင်း ရဲ့ကောင်မလေး ဝမ်ရှင်း တောင်မှ သူ့အား ရူးနှမ်းနေသည့်လူလိုမျိုး ကြည့်နေခဲ့သည်။
ရှောင်ချန်း ကချက်ချင်း အသိပြန်ဝင်သွားခဲ့သည်။ တစ်ခုခုကို သူနားလည်သွားပြီး အော်လိုက်သည်။ “ကျွန်တော်တို့ ဆင်းမယ်! ငါတို့ဆင်းရအောင်!”
“သူတို့က ရူးနေတာ ဖြစ်ရမယ်! ဒီအရူးတွေက ဘယ်ကနေ လာခဲ့ကြတာလဲ?”
“WTF! ဒီစောက်စကားတွေက ဘာတွေလဲဟ! သေလိုက်! ဒီတစ်နေ့လုံး ငါ့ကောင်းနေတဲ့ ခံစားချက်လေးတော့ သွားပါပြီ!”
“ဒါရိုက်ဘာ! သူတို့က အမြန်ဆင်းခိုင်းလိုက်!! သူတို့က ကျွန်တော်တို့ကို နှောင့်ယှက်နေတယ်!!”
ဂိုက်နဲ့ ဧည့်လမ်းညွှန်မှ သူတို့ ၆ ယောက်အား ကန်ထုတ်လိုက်ရင်း သူတို့က တိတ်ဆိတ်နေသည့် တောင်ပေါ်လမ်းအား လှည့်ပတ်ကြည့်လိုက်သည်။ ဝမ်ရှင်း ကဒေါသကြောင့် ရယ်လိုက်သည်။ “လျန်ဂျင်း၊ နင်ဘာဖြစ်နေတာလဲ? ဘာဖြစ်လို့လဲ?”
ပန်းပွင့် အဝတ်ဝတ်ထားသည့် ရန်မိုင်လီ က ဝမ်ရှင်း ရဲ့သူငယ်ချင်းကောင်း ဖြစ်သည်။ သူမက လျန်ဂျင်း အားစိတ်ဂနာမငြိမ်သည့် လူလိုမျိုး ခိုးကြည့်နေခဲ့သည်။
လျန်ဂျင်း တွင်ပါးစပ်ပေါင်း ၁၀၀ ရှိမယ်ဆိုရင်တောင် ပြန်မချေပနိုင်ပေ။ သူက စိုးထိတ်စွာဖြင့် ပြောလိုက်သည်။ “မင်းတို့တွေ၊ ငါ့ကိုယုံ၊ ငါမြင်လိုက်တယ်။ အချိန်ခဏလေးမှာပဲ ငါတို့ကားက တောင်ထိပ်ကိုသွားရင်းနဲ့ ကျောက်တုံးကို တိုက်မိပြီး တစ်ဝက်လောက် ပျက်ဆီးသွားလိမ့်မယ်။ လူတချို့က တစ်ခါတည်း သေသွားကြပြီး တခြားလူတွေက တောင်စောင်းကနေ ပြုတ်ကျသွားကြလိမ့်မယ်”
အရိုးသားဆုံးဖြစ်သည့် ယွမ်ဇောင် ကထပ်ပြီး ရပ်မနေနိုင်တော့ပေ။ သူက မျက်မှောင်ကြုတ်လိုက်ပြီး လျန်ဂျင်း အားစကားလုံး အနည်းငယ်နဲ့ ဆူပူလိုက်သည်။ သို့သော် သူပြောလို့ မပြီးခင်မှာပဲ တစ်အုပ်စုလုံး ထိုနေရာတွင် အေးခဲသွားကြသည်။
ကြီးမားသည့် ကျောက်တုံးကြီးက တောင်ပေါ်ကနေ ကျလာခဲ့သည်။ လမ်းက အပေါ်သွားသည့် လမ်းဖြစ်ပြီး ဘာအပင်မှ မရှိတာကြောင့် သူတို့က သိပ်ဝေးဝေး မရောက်သေးသည့် ကားကို သေချာစွာ မြင်နိုင်သေးသည်။
သူတို့က ထိတ်လန့်သွားကြသည်။ လျန်ဂျင်း ပြောခဲ့တဲ့အတိုင်း ကျောက်တုံးကြီး အလျင်အမြန်ပင် ကျလာခဲ့ပြီး ကားပေါ်ကို တိုက်ရိုက်ဖြစ်နေရင်း သူတို့ သိထားခဲ့သလို ဖြစ်နေခဲ့သည်။ ကားခေါင်မိုးက တိုက်ရိုက်ပင် ပျက်ယွင်းသွားခဲ့ပြီး ကားက တစ်ပတ်၊ နှစ်ပတ်လောက် လည်သွားခဲ့သည်။ တစ်ဝက်ကျော်ကျော်လောက်က တောင်စောင်းတွင် ချိတ်နေခဲ့သည်။
သူတို့စိုးရိမ်စိတ်အား ချေဖျက်ဖို့ အသက်ရှင်သူအား ကယ်ထုတ်ဖို့ မသွားနိုင်ခင်မှာပဲ ထောင့်စွန်းတွင် တင်နေသည့်ကားက မထိန်းချုပ်နိုင်ပဲ စောင်းသွားခဲ့သည်။ တောင်စောင်းပေါ် တက်နေသည့် လူတွေတောင်မှ အောက်ကို ပြုတ်ကြသွားခဲ့ကြသည်။
“ဘမ်း!” ကျယ်လောင်သည့် အသံကြီးက ထွက်လာခဲ့သည်။
ဒီမြင်ကွင်းကို မြင်လိုက်သည့် လူအားလုံးက ကြောက်လန့်သွားကြသည်။ ကြောက်လန့်စွာ အေးခဲနေပြီး ခဏအကြာတွင် သူတို့ရဲ့မေးခွန်း အကြည့်တွေက မထိန်းချုပ်နိုင်စွာဖြင့် လျန်ဂျင်း ထံကို စုပြုံသွားခဲ့ကြသည်။
လီဟိုက်ပေါင် ကပိုပြီးတော့ သိသာနေသည်။ သူက လျန်ဂျင်း အားကြည့်လိုက်ပြီး မေးလိုက်သည်။ “ဘယ်လို၊ ဘယ်လိုလုပ်ပြီး မင်းသိနေတာလဲ?”
တစ်ပြိုင်နက်တည်းပင် လူတိုင်းက သူ့အား ပထမဆုံး အကြိမ်တွေ့ဆုံသလိုမျိုး လျန်ဂျင်း အားတင်းမာစွာ စိုက်ကြည့်နေကြသည်။ သူတို့မျက်လုံးတွေက ကြောက်ရွံ့မှုနဲ့ ထိတ်လန့်နေမှုတွေ ပါဝင်နေသည်။
ရှောင်ချန်း ကသာ တည်ငြိမ်နေခဲ့သည်။ ကားဆီအား အမူအရာမဲ့စွာဖြင့် ကြည့်နေခဲ့သည်။
သူ မြင်လိုက်တယ်!
အနက်ရောင် ဝတ်ရုံနဲ့လူက ကားဘေးမှာ မလှုပ်ရှားပဲ ရပ်နေပြီး သူ့ဘေးမှာ ဖြစ်ပျက်နေတဲ့ အရာအားလုံးကို စောင့်ကြည့်နေခဲ့သည်။ အားလုံး အခြေချသွားချိန်တော့ သူက တည်ငြိမ်စွာနဲ့ လှည့်လာပြီး ရှောင်ချန်း ကိုကြည့်ခဲ့သည်။ သို့သော် ရှောင်ချန်း ကတစ်ဖက်လူရဲ့ ကာထားသည့် မျက်နှာအား စိတ်ဝင်စားမှု မရှိပေ။
သို့သော် သူ့နှလုံးသားထဲတွင် အဖြေတစ်ခုက ရှိနေခဲ့သည်။
အချိန်အတော်ကြာ ထိုလူက နည်းပါးသည့် လေထုကြားတွင် ပေါ်ထွက်လာခဲ့သည်။ ထပ်ပြီးတော့ တူညီတဲ့ နည်းလမ်းနဲ့ ပျောက်ကွယ်သွားခဲ့သည်။
29.8.2021 (Sun)
.............................
Zawgyi
....
မွေးလိုက်! မွေးလိုက်!
ကလေးထွက်လာပြီ!
-
-