Unicode
" ဖယ်နော် ခင်ဗျားကြီး ... လွှတ် ... အင့် လူယုတ်မာ !! "
ကားပေါ်ကနေ အတင်းဆွဲချပြီး လူကို
စံအိမ်အကြီးကြီးတစ်ခုထဲ
ပွေ့ကာခေါ်သွားပြန်သည်။
သူ့လက်တစ်ဖက်နဲ့ထဲ
ရှင်းခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းထားနိုင်တာအံ့သြစရာ ကောင်းလှသည်။
သူကပဲ အားကြီးလွန်းနေတာလား .....
ကိုယ်ကပဲ နုလွန်းနေတာလားတော့ မသိ ....
ဘုန်း !!
" အင့် "
မွေ့ယာပေါ် ပစ်ချလိုက်တာမို့
လူက အင့်ကနဲ ......
ဟင့် !! အနိုင်ကျင့်တယ် .....
" အွန့် ... ဟင့် ... ပြွတ်စ် "
သူ့ရင်ခွင်အောက်က ရုန်းမရတဲ့ရှင်းကို
အတင်းဖျစ်ညစ်နမ်းလာပြန်သည်။
" အင့် ... ပြွတ်စ် ...ဟင့် နာ ... နာ လာပြီ
ပြွတ်စ် "
အတင်းနမ်းနေသည့်ကြားက
ထွက်လာတဲ့အသံက မပီမသ ......
သူ့စိတ်ကြိုက်အားရအောင်
နမ်းပြီးသွားတဲ့အခါ
ရှင်းနှုတ်ခမ်းတစ်ခုလုံး ပူထူကာ
ပျားတုပ်ထားသလိုဖူးယောင်လာသည်။
ထိုမျှနှင့်ပြီးပြီလားဆိုတော့ မပြီးခဲ့။
ထိုအားကြီးသော ဘီလူးကြီးက
ရှင်းရဲ့လည်တိုင်ကို ရန်ရှာလာပြန်သည်။
" ဟင့် ... ဘာလို့လာလျက်နေတာလဲ "
လျှာဖျားဖြင့် ရှင်းရဲ့လည်တိုင်နုနုကို
လာသပ်တော့ ရှင်းကြက်သီးထကာ
ကတုန်ကယင်ဖြစ်လာသည်။
ထပ်မံ၍ လည်တိုင်ကို
စုပ်ယူလိုက်သည့်အခါ ရှင်းခံစားချက်တွေက တိမ်တွေပေါ်ရောက်လိုက်
ချောက်နက်ထဲထိုးကျလိုက်နဲ့
စကားပင်မပြောနိုင်လောက်အောင်
တုန်ရီလှိုက်ဖိုကုန်တော့သည်။
ရိဝမ်က ရှင်းရဲ့ မခံစားနိုင်ပုံကိုကြည့်ကာ
ပြုံးရင်း လည်တိုင်ကို
ဆတ်ကနဲကိုက်ကာ အဆုံးသတ်လိုက်သည်။
" အား !!! ဟင့် ... လူယုတ်မာ "
" ကိုယ်တကယ်ယုတ်မာလိုက်ရမလား "
လုပ်ပြုံးကြီးနဲ့ပြောလာတဲ့ ရိဝမ်ကြောင့်
ရှင်း ထုရိုက်ချင်စိတ်ပင်ပေါက်သွားသည်။
သို့သော် မလုပ်ရဲခဲ့ .....
သူထပ်အနမ်းမခံနိုင်တော့ဘူးလေ .....
" အခန်းထဲမှာ ကောင်းကောင်းနေခဲ့ ....
ကိုယ် ရှင်းစားဖို့တစ်ခုယူခဲ့မယ် "
" ဟင့်အင်း ... မစားဘူး !! ပြန်မှာ "
" မပြန်ရဘူး !!! "
" ပြန်မှာလို့ !! ပြန်ပို့ပေး "
" ပြန်ပို့ပေးချင်ရင် အစထဲကခေါ်မလာဘူး !! "
" ဟင့် !! ရအောင် ပြန်မှာ "
" အဟက် .... ကြိုးစားကြည့်ပေါ့ "
လှောင်ရယ်ကာ ထွက်ခွာသွားတဲ့
ကျောပြင်ကိုကြည့်ပြီး
ရှင်းအနားမှာရှိတဲ့ ပစ္စည်းတွေကို
ဒေါသတကြီး ကိုင်ပေါက်ပစ်မိသည်။
' သူက ဘာမလို့လဲ .....
ရှင်းကိုများ သူလုပ်ချင်တိုင်းလုပ်လို့ရတဲ့
ငချွတ်လေးမှတ်နေလား .....
ရှင်းရဲ့ကျောထောက်နောက်ခံက
သူ့လောက်အင်အားမကြီးပေမယ့်
ရှင်းက ချည့်နဲ့နေတဲ့သူမဟုတ် .....
ရှင်း ဖုန်းတစ်ချက်ဆက်လိုက်တာနဲ့
ဖေဖေနဲ့မေမေလေးက
ဒီစံအိမ်တစ်ခုလုံးကို ပြာချပစ်လိမ့်မယ် .... '
အတွေးနဲ့အတူ အခန်းတွင်းဖုန်းကို
လှည့်ပတ်ရှာတော့ မတွေ့။
အခန်းတံခါးနားသွားကာ
တွန်းဖွင့်ကြည့်ပေမယ့်
တံခါးက လော့ခ်ချထားလေသည်။
ရှင်း ပိုစိတ်တိုလာကာ
တံခါးကို ခြေထောက်နဲ့ပစ်လိုက်သည်။
ဒုန်း !!
" ဖွင့်စမ်း !! "
ဒုန်း !!
" ဖွင့်စမ်းလို့ !! တောက် !!! "
ဝုန်း !!!
ကန်နေရင်း ခြေထောက်ကပွန်းကာ
သွေးစို့လာတော့
ခန္ဓာကိုယ်နဲ့ တိုက်ဖွင့်မိသည်။
သူဒီထဲမှာ ပိတ်လှောင်ခံထားရလို့
မဖြစ်ဘူး .....
သူ Finalပွဲကို သေချာပေါက်
ယှဥ်ပြိုင်ရဦးမယ် .....
သူ့မိဘနဲ့ Fanလေးတွေ ဂုဏ်ယူရအောင်
သူကြိုးစားပြရဦးမယ် ....
ဝုန်း !!!
ဒုန်း !!!
ဝုန်း !!!
သူ အားအပြည့်ထည့်ကာ
အရှိန်နဲ့ ဝင်တိုက်သော်လည်း
ခေတ်မီနည်းပညာနဲ့ တည်ဆောက်ထားတဲ့
တံခါးက လှုပ်၍ပင်မလာ .....
ကြာတော့ သူ့ခန္ဓာကိုယ်သာ
နာကျင်နွမ်းလျလာသည်။
ဝုန်း !!!
နောက်ဆုံးတစ်ချက် ပစ်တိုက်ပြီး
တံခါးကို မီကာထိုင်ချလိုက်မိသည်။
သူ့မှာ မျှော်လင့်ချက်တွေ မရှိတော့ ....
အတောင်တွေရိုက်ချိုးခံလိုက်ရတဲ့
ငှက်ကလေးလို၊
လက်သည်းတွေမရှိတော့တဲ့
ကြောင်လေးလို
သူ့ဘဝကအဓိပ္ပါယ်မဲ့လာသလို ခံစားရသည်။
ဒီလိုလုပ်ရက်သည့် ရိဝမ်ကိုလည်း
စိတ်ထဲမှာ ခံပြင်းဒေါသထွက်မိသည်။
' သူလုပ်နိုင်တာ ဘာမှမရှိတော့ဘူးလား ..... '
တွေးမိတော့ မျက်ရည်ကဝဲကနဲ .....
မှုန်ဝါးနေတဲ့မျက်ဝန်းတို့ကို
ဖိသုတ်ကာ ပြတင်းပေါက်နားကို
တိုးကြည့်မိသည်။
အောက်ကိုရောက်ဖို့
အတော်လှမ်းနေတာကြောင့်
အမြင့်ကြောက်သူ
ရှင်းအဖို့ဘယ်လိုမှ အဆင်မပြေနိုင်။
ခုန်ချပစ်ဖို့လည်း သတ္တိမရှိ ......
' သူတကယ် ဘာမှကို မလုပ်နိုင်တောတာပဲ '
" ဟင့် ... အီး ..... ဟီးး
သားကိုလာခေါ်ပါ ဖေဖေ .... အီး ... ဟီး "
ဘယ်လိုမှ မတတ်နိုင်တဲ့အဆုံး
ဖေဖေ့ကို တ,ကာ ငိုချလိုက်မိသည်။
" သားကို မြန်မြန်လာခေါ်ပါ အီးး ဟီးး အီးး "
ရှင်း ပြတင်းပေါက်နားမှာ
ကျုံ့ကျုံ့လေးထိုင်ငိုနေမိသည်။
ငိုပါများတော့ တဖြေးဖြေးရှိုက်လာကာ
အသက်ရှူမဝချင်တော့ ......
တစ်ချက်ရှိုက်လိုက်သည်နှင့်
ရင်ဘတ်ထဲက စူးနေအောင်အောင့်သည်။
စိတ်ဝေဒနာအပြင်
ရောဂါဝေဒနာပါထပ်ပေါင်းတော့
နုနယ်သည့် ရှင်းခန္ဓာကိုယ်က
တောင့်ခံမထားနိုင်တော့။
အမြင်အာရုံတွေဝေဝါးလာပြီး
မြင်ကွင်းအားလုံးအမှောင်အတိ။
ဆက်ရန် ......
( AN:ဒီအပိုင်းက ပြင်ထားတာပါ)
Zawgyi
" ဖယ္ေနာ္ ခင္ဗ်ားႀကီး ... လႊတ္ ... အင့္ လူယုတ္မာ !! "
ကားေပၚကေန အတင္းဆြဲခ်ၿပီး လူကို
စံအိမ္အႀကီးႀကီးတစ္ခုထဲ
ေပြ႕ကာေခၚသြားျပန္သည္။
သူ႕လက္တစ္ဖက္နဲ႔ထဲ
႐ွင္းခႏၶာကိုယ္တစ္ခုလုံးကို ထိန္းထားႏိုင္တာအံ့ၾသစရာ ေကာင္းလွသည္။
သူကပဲ အားႀကီးလြန္းေနတာလား .....
ကိုယ္ကပဲ ႏုလြန္းေနတာလားေတာ့ မသိ ....
ဘုန္း !!
" အင့္ "
ေမြ႕ယာေပၚ ပစ္ခ်လိုက္တာမို႔
လူက အင့္ကနဲ ......
ဟင့္ !! အႏိုင္က်င့္တယ္ .....
" အြန္႔ ... ဟင့္ ... ႁပြတ္စ္ "
သူ႕ရင္ခြင္ေအာက္က ႐ုန္းမရတဲ့႐ွင္းကို
အတင္းဖ်စ္ညစ္နမ္းလာျပန္သည္။
" အင့္ ... ႁပြတ္စ္ ...ဟင့္ နာ ... နာ လာၿပီ
ႁပြတ္စ္ "
အတင္းနမ္းေနသည့္ၾကားက
ထြက္လာတဲ့အသံက မပီမသ ......
သူ႕စိတ္ႀကိဳက္အားရေအာင္
နမ္းၿပီးသြားတဲ့အခါ
႐ွင္းႏႈတ္ခမ္းတစ္ခုလုံး ပူထူကာ
ပ်ားတုပ္ထားသလိုဖူးေယာင္လာသည္။
ထိုမွ်ႏွင့္ၿပီးၿပီလားဆိုေတာ့ မၿပီးခဲ့။
ထိုအားႀကီးေသာ ဘီလူးႀကီးက
႐ွင္းရဲ႕လည္တိုင္ကို ရန္႐ွာလာျပန္သည္။
" ဟင့္ ... ဘာလို႔လာလ်က္ေနတာလဲ "
လွ်ာဖ်ားျဖင့္ ႐ွင္းရဲ႕လည္တိုင္ႏုႏုကို
လာသပ္ေတာ့ ႐ွင္းၾကက္သီးထကာ
ကတုန္ကယင္ျဖစ္လာသည္။
ထပ္မံ၍ လည္တိုင္ကို
စုပ္ယူလိုက္သည့္အခါ ႐ွင္းခံစားခ်က္ေတြက တိမ္ေတြေပၚေရာက္လိုက္
ေခ်ာက္နက္ထဲထိုးက်လိုက္နဲ႔
စကားပင္မေျပာႏိုင္ေလာက္ေအာင္
တုန္ရီလိႈက္ဖိုကုန္ေတာ့သည္။
ရိဝမ္က ႐ွင္းရဲ႕ မခံစားႏိုင္ပုံကိုၾကည့္ကာ
ျပဳံးရင္း လည္တိုင္ကို
ဆတ္ကနဲကိုက္ကာ အဆုံးသတ္လိုက္သည္။
" အား !!! ဟင့္ ... လူယုတ္မာ "
" ကိုယ္တကယ္ယုတ္မာလိုက္ရမလား "
လုပ္ျပဳံးႀကီးနဲ႔ေျပာလာတဲ့ ရိဝမ္ေၾကာင့္
႐ွင္း ထု႐ိုက္ခ်င္စိတ္ပင္ေပါက္သြားသည္။
သို႔ေသာ္ မလုပ္ရဲခဲ့ .....
သူထပ္အနမ္းမခံႏိုင္ေတာ့ဘူးေလ .....
" အခန္းထဲမွာ ေကာင္းေကာင္းေနခဲ့ ....
ကိုယ္ ႐ွင္းစားဖို႔တစ္ခုယူခဲ့မယ္ "
" ဟင့္အင္း ... မစားဘူး !! ျပန္မွာ "
" မျပန္ရဘူး !!! "
" ျပန္မွာလို႔ !! ျပန္ပို႔ေပး "
" ျပန္ပို႔ေပးခ်င္ရင္ အစထဲကေခၚမလာဘူး !! "
" ဟင့္ !! ရေအာင္ ျပန္မွာ "
" အဟက္ .... ႀကိဳးစားၾကည့္ေပါ့ "
ေလွာင္ရယ္ကာ ထြက္ခြာသြားတဲ့
ေက်ာျပင္ကိုၾကည့္ၿပီး
႐ွင္းအနားမွာ႐ွိတဲ့ ပစၥည္းေတြကို
ေဒါသတႀကီး ကိုင္ေပါက္ပစ္မိသည္။
' သူက ဘာမလို႔လဲ .....
႐ွင္းကိုမ်ား သူလုပ္ခ်င္တိုင္းလုပ္လို႔ရတဲ့
ငခြၽတ္ေလးမွတ္ေနလား .....
႐ွင္းရဲ႕ေက်ာေထာက္ေနာက္ခံက
သူ႕ေလာက္အင္အားမႀကီးေပမယ့္
႐ွင္းက ခ်ည့္နဲ႔ေနတဲ့သူမဟုတ္ .....
႐ွင္း ဖုန္းတစ္ခ်က္ဆက္လိုက္တာနဲ႔
ေဖေဖနဲ႔ေမေမေလးက
ဒီစံအိမ္တစ္ခုလုံးကို ျပာခ်ပစ္လိမ့္မယ္ .... '
အေတြးနဲ႔အတူ အခန္းတြင္းဖုန္းကို
လွည့္ပတ္႐ွာေတာ့ မေတြ႕။
အခန္းတံခါးနားသြားကာ
တြန္းဖြင့္ၾကည့္ေပမယ့္
တံခါးက ေလာ့ခ္ခ်ထားေလသည္။
႐ွင္း ပိုစိတ္တိုလာကာ
တံခါးကို ေျခေထာက္နဲ႔ပစ္လိုက္သည္။
ဒုန္း !!
" ဖြင့္စမ္း !! "
ဒုန္း !!
" ဖြင့္စမ္းလို႔ !! ေတာက္ !!! "
ဝုန္း !!!
ကန္ေနရင္း ေျခေထာက္ကပြန္းကာ
ေသြးစို႔လာေတာ့
ခႏၶာကိုယ္နဲ႔ တိုက္ဖြင့္မိသည္။
သူဒီထဲမွာ ပိတ္ေလွာင္ခံထားရလို႔
မျဖစ္ဘူး .....
သူ Finalပြဲကို ေသခ်ာေပါက္
ယွဥ္ၿပိဳင္ရဦးမယ္ .....
သူ႕မိဘနဲ႔ Fanေလးေတြ ဂုဏ္ယူရေအာင္
သူႀကိဳးစားျပရဦးမယ္ ....
ဝုန္း !!!
ဒုန္း !!!
ဝုန္း !!!
သူ အားအျပည့္ထည့္ကာ
အ႐ွိန္နဲ႔ ဝင္တိုက္ေသာ္လည္း
ေခတ္မီနည္းပညာနဲ႔ တည္ေဆာက္ထားတဲ့
တံခါးက လႈပ္၍ပင္မလာ .....
ၾကာေတာ့ သူ႕ခႏၶာကိုယ္သာ
နာက်င္ႏြမ္းလ်လာသည္။
ဝုန္း !!!
ေနာက္ဆုံးတစ္ခ်က္ ပစ္တိုက္ၿပီး
တံခါးကို မီကာထိုင္ခ်လိုက္မိသည္။
သူ႕မွာ ေမွ်ာ္လင့္ခ်က္ေတြ မ႐ွိေတာ့ ....
အေတာင္ေတြ႐ိုက္ခ်ိဳးခံလိုက္ရတဲ့
ငွက္ကေလးလို၊
လက္သည္းေတြမ႐ွိေတာ့တဲ့
ေၾကာင္ေလးလို
သူ႕ဘဝကအဓိပၸါယ္မဲ့လာသလို ခံစားရသည္။
ဒီလိုလုပ္ရက္သည့္ ရိဝမ္ကိုလည္း
စိတ္ထဲမွာ ခံျပင္းေဒါသထြက္မိသည္။
' သူလုပ္ႏိုင္တာ ဘာမွမ႐ွိေတာ့ဘူးလား ..... '
ေတြးမိေတာ့ မ်က္ရည္ကဝဲကနဲ .....
မႈန္ဝါးေနတဲ့မ်က္ဝန္းတို႔ကို
ဖိသုတ္ကာ ျပတင္းေပါက္နားကို
တိုးၾကည့္မိသည္။
ေအာက္ကိုေရာက္ဖို႔
အေတာ္လွမ္းေနတာေၾကာင့္
အျမင့္ေၾကာက္သူ
႐ွင္းအဖို႔ဘယ္လိုမွ အဆင္မေျပႏိုင္။
ခုန္ခ်ပစ္ဖို႔လည္း သတၱိမ႐ွိ ......
' သူတကယ္ ဘာမွကို မလုပ္ႏိုင္ေတာတာပဲ '
" ဟင့္ ... အီး ..... ဟီးး
သားကိုလာေခၚပါ ေဖေဖ .... အီး ... ဟီး "
ဘယ္လိုမွ မတတ္ႏိုင္တဲ့အဆုံး
ေဖေဖ့ကို တ,ကာ ငိုခ်လိုက္မိသည္။
" သားကို ျမန္ျမန္လာေခၚပါ အီးး ဟီးး အီးး "
႐ွင္း ျပတင္းေပါက္နားမွာ
က်ံဳ႕က်ံဳ႕ေလးထိုင္ငိုေနမိသည္။
ငိုပါမ်ားေတာ့ တေျဖးေျဖး႐ိႈက္လာကာ
အသက္႐ွဴမဝခ်င္ေတာ့ ......
တစ္ခ်က္႐ိႈက္လိုက္သည္ႏွင့္
ရင္ဘတ္ထဲက စူးေနေအာင္ေအာင့္သည္။
စိတ္ေဝဒနာအျပင္
ေရာဂါေဝဒနာပါထပ္ေပါင္းေတာ့
ႏုနယ္သည့္ ႐ွင္းခႏၶာကိုယ္က
ေတာင့္ခံမထားႏိုင္ေတာ့။
အျမင္အာ႐ုံေတြေဝဝါးလာၿပီး
ျမင္ကြင္းအားလုံးအေမွာင္အတိ။
ဆက္ရန္ ......
( AN:ဒီအပိုင္းက ျပင္ထားတာပါ)