လျှို့ဝှက်ဆန်းပြားလောက〘Uni+Za...
By Kaiyou1111
236K 40.5K 1K
[တစ်ကမ္ဘာလုံးက မင်းကို အနိုင်ကျင့်ကြတယ်၊ မုန်းတီးကြတယ်၊ နောက်ပြီး မင်းကို ခွဲခြားဆက်ဆံကြတယ်၊ ဒါပေမဲ့ မင်းရဲ့က... More
Description
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၂)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၃)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၆)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၇)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၈)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၉)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၀)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၁)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၂)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၃)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၆)
သေမင်းတမန် (၁)
သေမင်းတမန် (၂)
သေမင်းတမန် (၃)
သေမင်းတမန် (၄)
သေမင်းတမန် (၅)
သေမင်းတမန် (၆)
သေမင်းတမန် (၇)
သေမင်းတမန် (၈)
သေမင်းတမန် (၉)
သေမင်းတမန် (၁၀)
သေမင်းတမန် (၁၁)
သေမင်းတမန် (၁၂)
သေမင်းတမန် (၁၃)
သေမင်းတမန် (၁၄)
သေမင်းတမန် (၁၅)
လူသားစားမြို့(၁)
လူသားစားမြို့(၂)
လူသားစားမြို့(၃)
လူသားစားမြို့(၄)
လူသားစားမြို့(၅)
လူသားစားမြို့(၆)
လူသားစားမြို့(၇)
လူသားစားမြို့(၈)
လူသားစားမြို့(၉)
လူသားစားမြို့(၁၀)
လူသားစားမြို့(၁၁)
လူသားစားမြို့(၁၂)
လူသားစားမြို့(၁၃)
လူသားစားမြို့(၁၄)
လူသားစားမြို့(၁၅)
လူသားစားမြို့(၁၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၇)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၈)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၉)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၀)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၆)
Not Update!!
Good New (。•̀ᴗ-)✧
Hello (。•̀ᴗ-)✧
လူသတ်ဂိမ်း (၁)
လူသတ်ဂိမ်း (၂)
လူသတ်ဂိမ်း (၃)
လူသတ်ဂိမ်း (၄)
လူသတ်ဂိမ်း (၅)
လူသတ်ဂိမ်း (၆)
လူသတ်ဂိမ်း(၇)
လူသတ်ဂိမ်း (၈)
လူသတ်ဂိမ်း (၉)
လူသတ်ဂိမ်း (၁၀)
လူသတ်ဂိမ်း (၁၁)
လူသတ်ဂိမ်း (၁၂)
တစ္ဆေမျက်လုံး (၁)
တစ္ဆေမျက်လုံး (၂)
တစ္ဆေမျက်လုံး (၃)
တစ္ဆေမျက်လုံး (၄)
တစ္ဆေမျက်လုံး (၅)
တစ္ဆေမျက်လုံး (၆)
တစ္ဆေမျက်လုံး (၇)
တစ္ဆေမျက်လုံး (၈)
တစ္ဆေမျက်လုံး(၉)
တစ္ဆေမျက်လုံး (၁၀)
တစ္ဆေမျက်လုံး (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၂)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၃)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၄)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၅)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၆)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၇)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၈)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၉)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၀)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၂)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၄)
3.8K 728 25
By Kaiyou1111
Unicode
ဝမ်တောင် ကသူ့လက်ကို တင်းကြပ်စွာ ဆုပ်လိုက်ပြီး သူ့ခန္ဓာကိုယ်မှ ကြွက်သားအားလုံးက ရုတ်တရက် ပေါ်လာခဲ့သည်။ လူတိုင်းက သူ့အပေါ်တွင် အာရုံစိုက်နေကြပြီး သူတို့မျက်လုံးတွေက အကူအညီတောင်းခံနေကြပြီး ကြောက်လန့်မှု၊ စိတ်ပျက်ပြားမှု၊ နာကျင်မှုတွေ ပါဝင်နေသည်။
ဝမ်တောင် ကစတင် လှုပ်ရှားလိုက်သည်။ သူက ဆာလဖျူရစ် အက်စစ်ရှေ့ထိ လျှောက်သွားခဲ့သည်။ အရည်တွေက အရောင်မဲ့နေပြီး ဖောက်ထွင်းမြင်နိုင်ကာ ဆီလိုမျိုး ဖြစ်နေသည်။ ဝမ်တောင် ကဂရုတစိုက်ဖြင့် သူ့ညာလက် လက်ညှိုးကို ထည့်လိုက်ပြီး ပုလင်းထောင့်အား ထိလိုက်သည်။ သို့သော် သူအရည်နဲ့ မထိခင်မှာပဲ ပြိုလဲသွားကာ သူ့လက်ကို ပြန်ရုတ်လိုက်သည်။ သူက သွေးအေးသည့် လူဖြစ်တာကြောင့် တခြားသူတွေအတွက် သူ့ကိုယ်သူ နာကျင်ခံရဖို့ ဆန္ဒရှိမှာလဲ? သူက အံကြိတ်လိုက်သည်။ “ငါမလုပ်နိုင်ဘူး”
“ဝူးဝူးဝူးဝူး!!”
“!!!”
နွယ်ရှင်တွေနဲ့ အချုပ်ခံထားရသည့် လူအားလုံးက စတင်ပြီး ရုန်းကန်ကြပြီး သူတို့မျက်လုံးတွေက အတော်လေးကို ဒေါသထွက်နေတာကို ပြနေကြသည်။
ငါ မသေချင်ဘူး!!
အသံလွှင့်မှုမှ ကြက်သီးထ,စရာ ကောင်းလောက်သည့် အသံဖြင့် ရယ်လိုက်သည်။ [ကြည့်ရတာ လူတိုင်းမှာလည်း သူတို့ကိုယ်ပိုင် အမြင်တွေ ရှိကြပုံပဲ!]
[ဒီလိုဖြစ်တည်းက ငါမင်းတို့အားလုံးကို တခြားအခွင့်အရေးပေးနိုင်တယ်!] သွားကြိမ်းလောက်သည့် ပွတ်တိုက်သံတွေက ထွက်လာခဲ့သည်။
တစ်ချိန်တည်းတွင် နွယ်ရှင်တွေက တဖြည်းဖြည်း ပြေလျော့သွားကြပြီး ဖမ်းထားကြသည့် လူတွေအား လျော့ပေးလိုက်သည်။
[မင်းတို့အားလုံး သူ့လက်ကို ဆာလဖျူရစ်အက်စစ်ထဲ ထည့်နိုင်သ၍ ဒီတစ်ကြိမ်က အနိုင်လို့ သတ်မှတ်နိုင်တယ်!] ဝမ်တောင် ရဲ့မျက်လုံးက ပြူးကျယ်သွားခဲ့ပြီး သူ့နှလုံးက ခုန်ထွက်လာခဲ့သည်။ သူပြေးဖို့ စီစဉ်လိုက်ပေမဲ့ သူ တစ်လှမ်းတောင် မလှမ်းနိုင်ခင်မှာပဲ ကောင်လေး တစ်ယောက်က ရှေ့ထွက်လာပြီး သူ့ဘယ်လက်အား ဆွဲလိုက်သည်။ သူက ကြောက်လန့်စရာ ကောင်းနေသည်။ အဲ့ကောင်လေးက သူ့ညီအစ်ကိုထဲတွင် တကယ့်ကို အနာခံဆုံး သူပဲ!
ဝမ်တောင် ကတိုက်ကွမ်ဒိုကို လေ့ကျင့်ခဲ့ပြီး ကောင်လေးက သူ့ခြေထောက်ကို တစ်ချက်လှုပ်ကာ အဝေးကို ကန်ထုတ်လိုက်သည်။
သို့သော် ခဏအကြာတွင် သူ့ညာခြေထောက်ကို တခြားကောင်လေးက ဖမ်းချုပ်ထားခဲ့သည်။ သူ့အား တခြားလုပ်ခွင့် မပေးတော့ပဲ ခရမ်းရောင်ဆံပင်နဲ့ ကောင်မလေးက ရှေ့ထွက်လာကာ သူ့အား ခုံနဲ့ရိုက်ချလိုက်သည်။
“ဘမ်း!” ကျယ်လောင်သည့် အသံကြီးက ထွက်လာခဲ့သည်။
ဝမ်တောင် ရဲ့ရပ်တည်မှုက မတည်ငြိမ်တော့ပဲ အနောက်ကို ရိုက်မိပြီးနောက်တွင် ကြမ်းပြင်ပေါ်ကို လဲကျသွားခဲ့သည်။ သူ့အား ခုံနဲ့ရိုက်လိုက်ချိန်တွင် သူ့အရိုးကျိုးသံကိုတောင် ကြားလိုက်ရသည်။
“အား!” သူက မချိမဆန့်ဖြင့် အော်လိုက်သည်။
တခြားလူတွေက ထိုအခြေအနေအား ဝိုင်းကာ ကြည့်နေခဲ့ကြသည်။ ချက်ချင်းပင် သူတို့က ရှေ့ထွက်လာကြပြီး တွန့်ဆုတ်ခြင်းမရှိပဲ တိုးလာကြကာ ဝမ်တောင် ရဲ့ခြေတွေ၊ လက်တွေအား မလှုပ်နိုင်အောင် ကန်လိုက်ကြသည်။
ဝမ်တောင် ကအရမ်းနာနေပြီး ချွေးစေးတွေနဲ့ ရွှဲနေခဲ့သည်။ သူက နည်းနည်းလေးသာ လှုပ်ရှားနိုင်ပြီး ပြန်တိုက်ခိုက်ဖို့က မဖြစ်နိုင်ပေ! သူ့ညာလက်က သူ့ဗိုက်တွင်ကပ်ထားရင်း ကြမ်းပြင်တွင် ကွေးနေခဲ့သည်။
“မြန်မြန်! ပုလင်းကို ဒီယူလာခဲ့!” လူအုပ်ထဲမှ ကောင်လေး တစ်ယောက်က အော်လိုက်သည်။ ဝမ်တောင် ကသူခံစားနေရသည့် နာကျင်မှုတွေကြားမှ လွတ်မြောက်ဖို့ ကြိုးစားလိုက်ပေမဲ့ သူ့ခန္ဓာကိုယ် တစ်ခုလုံးက လဲပြိုနေခဲ့သည်။ သူ့တွင် ဘာအားမှ မထုတ်နိုင်ပဲ သူ့ခြေတွေ၊ လက်တွေအား လူငါးယောက်၊ ခြောက်ယောက်လောက်က ချုပ်ထားကြသည်။ သူလှုပ်ချင်ရင်တောင် မလုပ်နိုင်ပေ!
“ငါ့ကိုလွှတ်စမ်း!” ဝမ်တောင် ကသူ့ခေါင်းနဲ့ အနီးဆုံးလူအား တိုက်ခိုက်လိုက်သည်။ အဲ့ကောင်လေးက ဒေါသထွက်သွားပြီး ခုံအားဆွဲလိုက်ကာ ဝမ်တောင် ရဲ့ခေါင်းကို ရိုက်ချလိုက်သည်။
“Thump!” ဝမ်တောင် ရဲ့လည်ချောင်းမှ သွေးတွေက ဖြာထွက်လာပြီး သူ့အား ညစ်ညူးသလို ခံစားရစေသည်။ သူ့ခေါင်းတွင်လည်း ပြင်းထန်သည့် ဒဏ်ရာက ရှိနေပြီး သွေးလွှတ်ကြောကို ထိမိသွားသလိုမျိုး သွေးတွေက စီးကျနေသည်။ ဝမ်တောင် ကသေဆုံးနေသည့် အရုပ်လိုမျိုး ခုခံဖို့အင်အားတောင် လုံးဝကိုပျောက်ဆုံးသွားခဲ့သည်။ သူ့ခြေလက်တွေက တဖြည်းဖြည်း တွန့်လိမ်လာပြီး သူ့မျက်လုံးတွေက ဘယ်ညာသာ လှည့်နိုင်တော့သည်။
သူ့မြင်ကွင်းမှ လူတိုင်းက သူ့လက်ဆတ်သည့် အသွေးအသားတွေအား ကိုက်ဖျက်စားသောက်ဖို့ မစောင့်နိုင်တော့သည့် သားရဲတွေလိုမျိုး ဖြစ်လာခဲ့သည်။
သူတို့က မတည်မငြိမ် ဖြစ်လာကြပြီး ရှင်သန်ခြင်းဗီဇမှ ဒေါသတွေကို ဖိနှိပ်ထားခဲ့ကြသည်။
-
ရှောင်ချန်း က ရှုရှန်း ရဲ့လက်မောင်းတွင် လှဲလျောင်းနေရင်း မျက်ရည်တွေက သူ့မျက်လုံးထောင့်မှ ကျဆင်းနေသည်။ သူ့လက်တွေက ရှုရှန်း ရဲ့နောက်ကျောအား တင်းကြပ်စွာ ဆုပ်ထားခဲ့သည်။
“အဲ့အချိန်တုန်းက နာခဲ့လား?” ရှောင်ချန်း ရဲ့အသံက အက်ရှနေပြီး တုန်နေခဲ့သည်။
ဘယ်လိုလုပ် မနာပဲနေမှာလဲ?
လူတိုင်းရဲ့ မညှာမတာ အနိုင်ကျင့်မှု၊ ရိုက်နှက်မှုတွေထက် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုက အရာအားလုံးထက် ပိုပြင်းထန်သည်။ သူ့သေဆုံးခြင်း မရောက်ခင် သူက အများဆုံး ခံစားခဲ့ရသည်။ သူတို့ရဲ့ ကမ္ဘာပေါ်တွင် အကြမ်းတမ်းဆုံး၊ အရက်စက်ဆုံး စကားလုံးတွေနဲ့အတူ မနှစ်မြို့မှု၊ ကျိန်ဆဲမှုတွေကို ခံစားခဲ့ရသည်။ သူ့အမုန်းတရားတွေနဲ့ မကျေနပ်မှုတွေက သူ့သွေးကြောတစ်လျှောက် နက်ရှိုင်းစွာ ဝင်ရောက်နေပြီး တွန်းအားဖြစ်စေခဲ့သည်။ နောက်ဆုံးတော့ သူက လီဂွေ့ (မကျေချမ်းမှုကြောင့် သတ်သေသည့်သူမှ ဖြစ်လာသည့် မကောင်းဆိုးရွား တစ္ဆေ/ မိစ္ဆာ) အဖြစ် ပြောင်းလဲခဲ့ပြီး အပြစ်သားတွေအား လက်စားချေဖို့ ရှာဖွေခဲ့သည်။
ရှုရှန်း ကစီနီယာမျက်နှာမှ ဆံပင်တွေကို ညင်သာစွာ ဖယ်လိုက်ပြီးနောက် မျက်လုံးထောင့်အား သုတ်ပေးလိုက်သည်။ သူ့မီးခိုးရောင် မျက်လုံးတွေက စွဲလမ်းမှုတွေ စီးဆင်းနေသည်။ “မနာပါဘူး”
ရှောင်ချန်း ကရယ်လိုက်သည်။
သူ မယုံဘူး။
“စီနီယာ၊ ကျွန်တော် နမ်းလို့ရလား?” ရှုရှန်း ရဲ့နှုတ်ခမ်းထောင့်က မြင့်တက်သွားပြီး သူ့ခေါင်းက ရှောင်ချန်း ရဲ့ပုခုံးတွင် မှီနေခဲ့သည်။ တစ်ဖက်လူရဲ့ ပြိုင်ဘက်ကင်း ရနံ့အား ရှုရှိုက်ရင်း သူ့မျက်လုံးတွေက ကျေနပ်မှုဖြင့် ဝေဝါးနေခဲ့သည်။ ဒီဖျော့တော့သည့် ရနံ့က သူ့အား တမင်တကာ နှိုးဆွနေခဲ့သည်။
ရှောင်ချန်း ကစကားမပြောခဲ့ပေ။ သူ့အမူအရာက တချို့အရာကြောင့် မတည်မငြိမ် ဖြစ်နေပြီး မငြင်းဆန်ပေမဲ့ ရှုရှန်း ရဲ့ပွေ့ဖက်မှုထဲတွင်သာ မှီတွယ်နေခဲ့သည်။
ရှုရှန်း ကပြုံးလိုက်ပြီး စီနီယာရဲ့ လည်စလုတ်အား နမ်းလိုက်သည်။ သူ့နှုတ်ခမ်းတွေက တဖြည်းဖြည်း အပေါ်ကို ရွေ့သွားပြီး စီနီယာရဲ့ ဘယ်ဘက်နားကို နမ်းလိုက်ပြီး သူ့နားသီးအား လျှက်လိုက်သည်။ ရှုရှန်း ကသူ့အပြုအမူကြောင့် သူ့လက်မောင်းထဲကလူက တွန့်သွားတာကို ခံစားမိသည်။
စီနီယာရဲ့ ဘယ်ဘက်နားကို သူတကယ်ပဲ သဘောကျသည်။ နူးညံ့သည့် အသက်ရှူသံလေးကတော့ သူ့ကို တုန်ခါစေတာကြောင့် အကြိမ်တိုင်း ရှုရှန်း က စီနီယာရဲ့ဘက်ဘက်နား နားတွင်သာမှီပြီး စကားပြောခဲ့သည်။
-
ဆာလဖျူရစ်အက်စစ် ပုလင်းဖြင့် တစ်စုံတစ်ယောက်က အနားတိုးလာရင်း ဝမ်တောင် ရဲ့မျက်လုံးတွေက မှော်ဆန်ဆန်နဲ့ လွတ်မြောက်စေဖို့ မျှော်လင့်နေသလိုမျိုး ဖြစ်နေခဲ့သည်။ သို့သော်လည်း အတန်းဖော်တွေက သူ့ခြေလက်တွေကို ချုပ်ထားပြီး ပူးပေါင်းနေခဲ့ကြသည်။ ဒါပေမဲ့ သူတို့က ဒီလိုလုပ်ဖို့ ဖိအားပေးခံခဲ့ရတာ! နောက်ပြီး ဝမ်တောင် ကလက်တစ်ဖက်တည်း ဆုံးရှုံးနိုင်ပေမဲ့ သူသာ ဆာလဖျူရစ်အက်စစ်ကို မထိခဲ့ရင် လူတိုင်းရဲ့ အသက်တွေက လက်လွှတ်ခံရလိမ့်မယ်! ဝမ်တောင် ကဒေါသထွက်နေပေမဲ့ သူ့အနာခံဆုံး ညီအစ်ကို၊ ကတုံးဆံပင်နဲ့ ကောင်လေးက ပုလင်းအား ဆွဲယူလိုက်ပြီး လှည့်လာတာကိုသာ ကြည့်နေနိုင်ခဲ့သည်။
“ဝမ်တောင်၊ မင်းဘာသာပဲ အပြစ်တင်လိုက်!” ကတုံးဆံပင်နဲ့ ကောင်လေးက စကားတစ်လုံးချင်းစီတိုင်း အမုန်းတရားတွေနဲ့ ပြောလိုက်သည်။ တခြားလူတွေကလည်း ခေါင်းညိတ်လိုက်ကြရင်း ဝမ်တောင် ရဲ့လက်အား နေရာချလိုက်သည်။
ဝမ်တောင် ရဲ့မျက်လုံးတွေက ပြူးကျယ်သွားရင်း အစစ်အမှန်ထဲ စတင်နစ်မြှုပ်လာခဲ့သည်။ နှစ်ကြိမ်လောက် လှုပ်ရှားလိုက်ပြီး သူ့ကိုယ်မှ နာကျင်မှုတွေကြောင့် မချိမဆန့်နဲ့ ဝေဒနာအား ခံစားလိုက်ရသည်။ သူ့တွင် ဒေါသဖြစ်ဖို့ စွမ်းအင်သာ ရှိတယ်! သို့သော် အဆိုးဆုံးနာကျင်မှုကို ခံစားရဖို့က အဝေးကြီး လိုသေးကြောင်းကို သူနားလည်နေခဲ့သည်။
နောက်ဆုံး သူ့အင်အားကို မှီခိုလိုက်ပြီး လွတ်မြောက်စေဖို့ ကြိုးစားလိုက်သည်။ ဒီရုတ်တရက် အပြုအမူကြောင့် တခြားသူတွေက သူ့အား ပိုတင်းကြပ်စွာ ဖိချလိုက်သည်။
တစ်ချက်ထိုးခံရမှုနဲ့ ဝမ်တောင် ရဲ့လက်က ဆာလဖျူရစ်အက်စစ်ဖြင့် ရက်စက်စွာ လောင်းချခံလိုက်ရသည်။
“အားးး!!!”
သူ့တစ်ရှူးနဲ့ ကြွက်သား အပိုင်းတွေက ကွဲထွက်သွားပြီး သူ့အား စိတ်ရူးဖောက်စေဖို့ တွန်းအားပေးနေခဲ့သည်။ သူ့အသားအရည်က မည်းသွားပြီး လောင်ကျွမ်းသလို ဖြစ်သွားကာ ဆဲလ်တွေက ပျက်ဆီးသွားခဲ့သည်။ စက္ကန့်တိုင်း သူ့ညာလက်က ပုံဖော်ဖို့တောင် ခက်ခဲလာခဲ့သည်။
ဝမ်တောင် ရဲ့စိတ်လိုက်မာန်ပါ အပြုအမူမှ ဒီနှိပ်စက်မှုက အသက်ဝင်သွားခဲ့ပြီး သူ့လက်က စတင်ကာ ကြမ်းတမ်းစွာဖြင့် အရိုက်ခံလိုက်ရသည်။ ဆာလဖျူရစ်အက်စစ်က ပတ်လည်တွင် ကျန်ရစ်နေရင်း အစက်အနည်းငယ်က တခြားနေရာကို ကျသွားခဲ့သည်။
“Motherfu*ker!”
လူတိုင်းက အနောက်ကို ဆုတ်သွားကြရင်း ကတုံးဆံပင်နဲ့ ကောင်လေးက ပုလင်းအား နံရံဆီ ပစ်လိုက်ကာ သူ့လက်အား လှောင်ပြောင်သည့် အမူအရာဖြင့် ကြည့်နေခဲ့သည်။
တစ်ဖက်မှ ဝမ်တောင် ကနာကျင်မှုအား ဖိနှိပ်ထားခဲ့သည်။ အခုတော့ သူ့ခြေလက်တွေက လွတ်လပ်သွားပြီး ဘယ်ညာအား လှိမ့်နေကာ အော်ဟစ်နေရင်း မျက်နှာထက်မှ မျက်ရည်တွေက ကျဆင်းနေခဲ့သည်။ အချိန်အနည်းငယ်လောက် ပျောက်သွားတော့မလို ခံစားလိုက်ရသော်လည်း အသိစိတ်တစ်ခုက သူ့ဆီ ဆက်ဝင်နေခဲ့သည်။ ထိုနေရာမှ နာကျင်မှုက မချိမဆန့်ခံစားနေရကာ ထုံကျင်စေပြီး ပိုဆိုးရွားလာခဲ့သည်။
လူသတ်အကြည့်တွေနဲ့ ကတုံးဆံပင်ဖြင့် ကောင်လေးက ဝမ်တောင် ရဲ့ဆံပင်အား ဆွဲလိုက်ပြီး တစ်ဖက်အား ခေါင်းစောင်းလိုက်သည်။ လူတိုင်းက ပြန်လာကြပြီး သူ့လက်နဲ့ ခြေထောက်တွေအား ချုပ်ထားကြသည်။ သူတို့ဒေါသက ကတုံးဆံပင် ကောင်လေးလောက်ပင်။
“ငါတို့အတွက် တစ်ကြိမ်လောက်လေးတောင် မတွေးပေးနိုင်ဘူးလား? ငါတို့က ဒီဂိမ်း ပထမပွဲကို အနိုင်မရရင် ငါတို့အားလုံး အသတ်ခံရမယ်!” ကတုံးဆံပင်နဲ့ ကောင်လေးက အော်လိုကသ်ည်။ သူ့ဘေးတွင် လူတိုင်းက တဖြည်းဖြည်းဖြင့် ပိုစိတ်လှုပ်ရှားကြရင်း အသံလွှင့်မှာကို စောင့်နေခဲ့ကြသည်။ ဝမ်တောင် ရဲ့အပြုအမူကနေ ဒီအကြိမ်ကို ရှုံးတော့မလို ဖြစ်ခဲ့တာမလား?
သို့သော် ကတုံးဆံပင်နဲ့ ကောင်လေးရဲ့ စကားသံကို ကြားလိုက်ချိန်တွင် ဝမ်တောင် ရဲ့မျက်လုံးတွင် ဆင်ခြင်တွေးဆမှုက ပေါ်လာခဲ့သည်။ သူက နာကျင်မှုကို မခံစားရတော့သလိုမျိုး စပ်ဖြဲဖြဲ လုပ်လိုက်သည်။ သူက မရူးမိုက်ပေ၊ ကယ်တင်ခြင်း နောက်ကွယ်ကိုလည်း သူသိခဲ့သည်။ ဒါ့ကြောင့် လက်ရှိတွင် သူဆန္ဒအရှိဆုံးက သူနဲ့အတူ သူ့အတန်းဖော်တွေကို ဆွဲချဖို့ပင်!
“မင်းက ငါတို့ကို စွပေးနိုင်တုန်းပဲလား? မင်းရဲ့ ဒီမျက်လုံးတွေကို ငါထိုးထုတ်ပစ်ချိန်မှာ ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရအောင်!” လူတစ်ယောက်က အော်လိုက်သည်။
အသံလွှင့်မှုက ပေါ်လာခဲ့သည်။ [ပထမအလှည့်ကို အနိုင်ရသွားလို့ ကစားသမားတွေအား ဂုဏ်ပြုပါတယ်! နောက်အလှည့်က ပိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ King ကသူ့မာနကြောင့် အပြစ်ပေးမခံသင့်ဘူးလား? ကစားသမား ဝမ်တောင် ရဲ့မျက်လုံးတွေကို တခြားကစားသမားက အောင်အောင်မြင်မြင်နဲ့ ဖောက်နိုင်ခဲ့ရင် ဒုတိယအလှည့်က အနိုင်ပါပဲ!]
ကျောင်းသားတွေက ထိတ်လန့်သွားကြသည်။ အသံလွှင့်မှုကနေ ဒါကို ပြောလာမယ်လို့ မထင်ထားကြပေ! ဝမ်တောင် ရဲ့စိုက်ကြည့်ခံရတာကို ဘယ်သူမှ မကြိုက်ကြပေ။ လူအနည်းစုက ဘေးဘက်ကို သွားလိုက်ကြရင်း မျက်လုံးမရှိသည့် ဝမ်တောင် ရဲ့မျက်နှာအား ပုံဖော်ကြည့်နေကြသည်။ သူတို့က သူ့အား အဲ့လိုထပ်ကြည့်ဖို့ အခွင့်အရေး မပေးနိုင်ပေ!
“ရပ်လိုက်!! အဲ့လိုမလုပ်နဲ့၊ Bast*rds!” ဝမ်တောင် ကငိုကြွေးလိုက်သည်။ ဒါက အရမ်းများတယ်! သူ့လက်က ပျက်ဆီးသွားပြီးတော့ ဝမ်တောင် ကသူ့ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုလေးတောင် အဆုံးရှုံးမခံနိုင်သလို နာကျင်ဖို့လည်း မတက်နိုင်ပေ။ သူ့နဖူးမှ ဆံပင်တွေကလည်း ချွေးတွေနဲ့ ရွှဲနေပြီး တင်းမာစွာ အံကြိတ်ထားတာကြောင့် သူ့ဖိအားအောက်မှ အက်ကွဲသွားမှာတောင် ကြောက်ရသည်။
သူတို့က ခဏလောက် တိတ်ဆိတ်နေပြီးနောက် တစ်ယောက်က ပြောလိုက်သည်။
“ငါမသေချင်ဘူး” ကတုံးဆံပင်နဲ့ ကောင်လေးက ပြောလိုက်သည်။ သူ့စကားတွေက လူတိုင်းအား အသိပေးလိုက်သလို ဖြစ်သွားသည်။ ရုတ်တရက် ဝမ်တောင် ရဲ့မျက်လုံးကို ထုတ်လိုက်တာထက် ဘာမှပိုမကောင်းဘူးဆိုတဲ့ အကြံတွေက ထွက်ပေါ်လာကြသည်။
ဝမ်တောင် ကသူ့မျက်လုံးတွေကို မှိတ်ချလိုက်ပေမဲ့ သူ့နှလုံးသားတွင်တော့ လက်လျော့ထားခဲ့သည်။ သေဆုံးခြင်းကသာ သူ့ကယ်တင်ရှင်ပဲ!
မကြာခင်တွင် ကတုံးဆံပင်နဲ့ ကောင်လေးက သူ့ဘယ်ဘက်မျက်လုံးအား ကလော်ကာ ဖွင့်လိုက်သည်။ သူက ထိတ်လန့်နေသည့် မျက်လုံးတွေအား စိုက်ကြည့်နေရင်း ဆာလောင်နေသည့် မွန်းစတားရဲ့ လက်သည်းတွေလိုမျိုး လက်ချောင်းတွေက ဆင်းလာခဲ့သည်။ တစ်ချက်လှုပ်ရှားမှုတွင် သူ့မျက်လုံးက ထွက်သွာခဲ့သည်!
“အားးးး!!!!”
ဝမ်တောင် ကသိမ့်သိမ့်တုန်သွားပြီး သူ့ပါးစပ်ထောင့်မှ အမြှုပ်တွေက ထွက်လာခဲ့သည်။ သူ့မျက်တောင်မှ သွေးတွေက ထွက်လာပြီး မျက်ရည်တွေနဲ့ ရောနေသည်။ သူ့လှုပ်ရှားမှုက ရပ်ဆဲနေသည်။ သူက အသက်ဆက် မရှူနေရင် တစ်ယောက်က သူသေသွားပြီလို့ ထင်နေလိမ့်မည်!
သိပ်မကြာခင် ဝမ်တောင် ကလုံးဝကို ကန်းသွားခဲ့ပြီး သူ့သွေးတွေက အတန်းဖော်တွေဆီ စင်ထွက်သွားခဲ့သည်။ သို့သော်လည်း သူ့စိတ်ကတော့ လုံးဝကို ပြိုလဲနေပြီး သူ့ခေါင်းထဲတွင် ဘာတွေဖြစ်နေမှန်း မသိတော့ပေ။ သူ့ဘေးတွင် လူအားလုံးက ဝိုင်းနေကြပြီး ပျက်ယွင်းနေတဲ့ လူတစ်ယောက်အား သူတို့က မြင်လိုက်ချိန်တွင် မသက်သာမှု နည်းနည်းလေးကို ခံစားလိုက်ရသည်။
သို့သော် သူက အခုတော့ လူသား မဟုတ်တော့ဘူး။ တစ်စုံတစ်ယောက်က သေချာပေါက်ကို နတ်ဆိုးနဲ့ တူနေတယ်!
[ဒုတိယအလှည့်အား အနိုင်ရတဲ့အတွက် ကစားသမားတွေအား ဂုဏ်ပြုပါတယ်!] အသံလွှင့်ခြင်းမှ ပျော်စရာကောင်းတဲ့ ကစားပွဲအား မြင်နေရသလို ရယ်သံလေးက ပါဝင်နေသည်။ [ဒီအလှည့်ကတော့ နောက်ဆုံး ဖြစ်ပါတယ်။ မင်းတို့အားလုံးက ဝမ်‌ေတာင် ရဲ့ညာခြေအား ဖြတ်ထုတ်ရပါမယ်!]
အရင်က စာပွဲးပေါ်တွင် ဆာလဖျူရစ်အက်စစ်က ရှိနေသည့်နေရာတွင် လွှတစ်ချောင်းက ပေါ်လာခဲ့သည်။
လူတိုင်းက ထိုနေရာအား တဖြည်းဖြည်း လှည့်ကြည့်လိုက်ကြသည်။ သူတို့အမူအရာတွေက နည်းနည်းတော့ ထိခိုက်နေခဲ့သည်။ ဟုတ်တယ်၊ ဒါက နတ်ဆိုး တစ်ကောင်ပဲ!
22.8.2021 (Sun)
............................
Zawgyi
“ဝူးဝူးဝူးဝူး!!”
“!!!”
ငါ မသေချင်ဘူး!!
-
သူ မယုံဘူး။
-
“အားးး!!!”
“Motherfu*ker!”
“အားးးး!!!!”
22.8.2021 (Sun)
............................
Continue Reading
You'll Also Like
54.8K 6.9K 12
သရဲအခြောက်ကြမ်းသော ဆေးရုံကြီး၏ ရာဇဝင်ကိုမသိပဲ ထိုဆေးရုံတွင် တာဝန် စတင်ထမ်းဆောင်ရသော ခွဲစိတ် ဆရာဝန်ပေါက်စလေး Jeon Jungkook 👨‍⚕️ သူငယ်ချင်းနှင့်အတူ...
416K 36.7K 29
"နတ်ဆိုးတကောင်က နတ်သားလိုလှပတဲ့ ကောင်လေးကို ပိုင်ဆိုင်ဖို့ဆိုတာ ထိုက်တန်တယ်မလား" Lucas "သေချာတာပ...
30.2K 2.4K 56
ဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက...
66.7K 4.2K 46
ဆောင်ကြာမြိုင်ကမိန်းကလေးနဲ့ တော်ဝင်မင်းသားတစ်ပါးရဲ့ အချစ်ဇာတ်လမ်း... ဒီလိုနဲ့ဝမ်းနည်းစရာခရေပန်းပုံပြင်တစ်ပုဒ်ဖြစ်လာခဲ့တယ် ဆောင်ကြာမြိုင်ကမိန်းကလေးနဲ...