လျှို့ဝှက်ဆန်းပြားလောက〘Uni+Za...

By Kaiyou1111

237K 40.5K 1K

[တစ်ကမ္ဘာလုံးက မင်းကို အနိုင်ကျင့်ကြတယ်၊ မုန်းတီးကြတယ်၊ နောက်ပြီး မင်းကို ခွဲခြားဆက်ဆံကြတယ်၊ ဒါပေမဲ့ မင်းရဲ့က... More

Description
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၂)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၃)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၆)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၇)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၈)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၉)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၀)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၁)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၂)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၆)
သေမင်းတမန် (၁)
သေမင်းတမန် (၂)
သေမင်းတမန် (၃)
သေမင်းတမန် (၄)
သေမင်းတမန် (၅)
သေမင်းတမန် (၆)
သေမင်းတမန် (၇)
သေမင်းတမန် (၈)
သေမင်းတမန် (၉)
သေမင်းတမန် (၁၀)
သေမင်းတမန် (၁၁)
သေမင်းတမန် (၁၂)
သေမင်းတမန် (၁၃)
သေမင်းတမန် (၁၄)
သေမင်းတမန် (၁၅)
လူသားစားမြို့(၁)
လူသားစားမြို့(၂)
လူသားစားမြို့(၃)
လူသားစားမြို့(၄)
လူသားစားမြို့(၅)
လူသားစားမြို့(၆)
လူသားစားမြို့(၇)
လူသားစားမြို့(၈)
လူသားစားမြို့(၉)
လူသားစားမြို့(၁၀)
လူသားစားမြို့(၁၁)
လူသားစားမြို့(၁၂)
လူသားစားမြို့(၁၃)
လူသားစားမြို့(၁၄)
လူသားစားမြို့(၁၅)
လူသားစားမြို့(၁၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၇)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၈)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၉)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၀)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၆)
Not Update!!
Good New (。•̀ᴗ-)✧
Hello (。•̀ᴗ-)✧
လူသတ်ဂိမ်း (၁)
လူသတ်ဂိမ်း (၂)
လူသတ်ဂိမ်း (၃)
လူသတ်ဂိမ်း (၄)
လူသတ်ဂိမ်း (၅)
လူသတ်ဂိမ်း (၆)
လူသတ်ဂိမ်း(၇)
လူသတ်ဂိမ်း (၈)
လူသတ်ဂိမ်း (၉)
လူသတ်ဂိမ်း (၁၀)
လူသတ်ဂိမ်း (၁၁)
လူသတ်ဂိမ်း (၁၂)
တစ္ဆေမျက်လုံး (၁)
တစ္ဆေမျက်လုံး (၂)
တစ္ဆေမျက်လုံး (၃)
တစ္ဆေမျက်လုံး (၄)
တစ္ဆေမျက်လုံး (၅)
တစ္ဆေမျက်လုံး (၆)
တစ္ဆေမျက်လုံး (၇)
တစ္ဆေမျက်လုံး (၈)
တစ္ဆေမျက်လုံး(၉)
တစ္ဆေမျက်လုံး (၁၀)
တစ္ဆေမျက်လုံး (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၂)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၃)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၄)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၅)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၆)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၇)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၈)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၉)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၀)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၂)

သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၃)

3.7K 749 14
By Kaiyou1111

Unicode

“မင်းပို့ပေးခဲ့တဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်။ ငါအဲ့ဒါတွေကို အရမ်းကြိုက်တယ်။ ဒီနေ့၊ အတန်းပြီးရင် စာကြည့်တိုက်မှာ တွေ့ရအောင်။ ငါမင်းကို ဒုတိယထပ် နံရံရဲ့ ဘယ်ဘက်ခြမ်းနားမှာ စောင့်နေမယ် - ရှောင်ချန်း”

ကောင်လေးရဲ့ ခန္ဓာကိုယ်က တုန်နေခဲ့ပြီး စာရွက်ကို ကိုင်ထားသည့် လက်တွေက ပိုပြီးတော့တောင် မတည်မငြိမ် ဖြစ်နေသည်။ သူ့ခေါင်းက ငုံ့ထားပြီး ရှေ့ဆံပင်နဲ့ မျက်မှန်တွေက သူ့အမူအရာအား ဖုံးကွယ်ထားခဲ့သည်။

ရှောင်ချန်း ကသူ့ကိုယ်ပိုင် စားပွဲတွင်ရပ်နေပြီး ဒီရုတ်တရက် မြင်ကွင်းကြောင့် လန့်သွားခဲ့သည်။ သူရှေ့မှလူအား ရှင်းလင်းစွာ မြင်လိုက်ချိန်တွင် သူ့မျက်လုံးတွေက ပြူးကျယ်သွားခဲ့သည်။ ကောင်လေး ပတ်လည်တွင် ခြေလှမ်းအနည်းငယ် ပတ်လျှောက်လိုက်ပြီးနောက် စာရွက်မှ စာလုံးတွေကို သတိပြုမိသွားခဲ့သည်။ သူ့လက်အား တင်းကြပ်စွာ ဆုပ်လိုက်သည်။

ကောင်လေးက သေသေချာချာ တွေးဆနေရင်း စာသင်ခန်းရဲ့ အနောက်ပေါက်တွင် ဆံပင်တိုနဲ့ မိန်းကလေးက အေးစက်သည့် အမူအရာဖြင့် ရှိနေခဲ့သည်။ သူမက ကောင်လေးရဲ့ အပြုအမူအား မျက်လုံးကျဉ်းမြောင်းကာ လေ့လာနေပြီး အနိုင်ရသည့် အသွင်အပြင်တောင် ရှိနေသည်။ ရှောင်ချန်း ကတစ်ချက်ကြည့်ရုံနဲ့ ထိုကောင်မလေးကို သတိသွားခဲ့သည်။ - ဒါက ရန်ကျဲ။

သတိလက်လွတ် သူ့အသက်ရှူသံကို ထိန်းလိုက်မိရင်း သူ့နှလုံးခုံသံက မြန်လာခဲ့သည်။

ဒါ ရှုရှန်း ရဲ့မှတ်ဉာဏ်တွေလား?

ခေါက်ရာလေး နည်းနည်း ထင်သွားမှာတောင် ကြောက်နေပြီး ရတနာလိုမျိုး စာရွက်အား ညင်သာစွာ ကိုင်ထားသည့် ကောင်လေးကို ရှောင်ချန်း ကြည့်နေခဲ့သည်။ သူ့စားပွဲမှ အပြာရင့်ရောင် စာအုပ်အား ထုတ်လိုက်ပြီး ဂရုတစိုက်ဖြင့် ရထားသည့် စာရွက်လေးအား အထဲတွင် ညှပ်လိုက်သည်။

လှုပ်ရှားမှုတိုင်းက ပျော်ရွှင်မှုတွေနဲ့ ပြည့်နေသည်။
ကောင်လေးက သူ့အဝတ်တွေကို ပုတ်လိုက်ပြီး ဖုန်ရှိနေမှာကို စိုးရိမ်နေသည်။ သူ့ဖိနပ်ကြိုးအား အကြိမ်အနည်းငယ် ချည်ပြီးတာတောင် ထပ်ထပ်ချည်နေပြီး မတော်တဆ မကျွတ်သွားအောင် သေချာဖို့ လုပ်နေခဲ့သည်။ ဒီနည်းလမ်းဖြင့် နောက်ဆုံးတော့ စိတ်ကျေနပ်သွားခဲ့သည်။

စားပွဲမှ လက်ဆောင်ဗူးလေးကို ထုတ်လိုက်ပြီး နည်းနည်း စိတ်လှုပ်ရှားနေသည်။ ထို့နောက် သူက တံခါးအပြင်ကို လျှောက်ထွက်သွားပြီး ရှက်ရွံ့စွာဖြင့် နံရံနားကပ်ကာ လျှောက်သွားခဲ့သည်။

သူထ,လိုက်တာကို ရန်ကျဲ ကမြင်လိုက်ချိန်တွင် သူမက ချက်ချင်းပင် အကြည့်တွေကို ရုတ်သိမ်းလိုက်ပြီး ဘာမှမမြင်လိုက်သလို ဟန်ဆောင်လိုက်ကာ သူမခုံဆီ ပြန်သွားခဲ့သည်။

သို့သော် တခြားကျောင်းသားတွေက သူတို့ခေါင်းအား တပြိုင်နက်တည်း မော့လိုက်ကြပြီး သူ့အားကြည့်ရင်း လှောင်ရယ်လိုက်ကြသည်။

ရှောင်ချန်း ကကောင်လေးနောက်ကို လိုက်သွားပြီး သူ့ခြေလှမ်းတွေက ပေါ့ပါးနေသည်။ ပူနေတာကို သူ မခံစားရပေမဲ့ သူ့နဖူးတွင် ထူးဆန်းစွာဖြင့် ချွေးစေးတွေ ထွက်နေသည်။ သူ့မျက်လုံးထဲတွင် ကောင်လေးက ကျွမ်းကျင်စွာဖြင့် လူများသည့် နေရာတွေအား ရှောင်သွားကာ စာသင်ဆောင်ကို ဖြတ်သွားပြီး ရှည်လျားစွာ သွားနေတာကိုသာ ကြည့်နေခဲ့သည်။ လူတိုင်းရဲ့ ထူးဆန်းသည့် အကြည့်အောက်တွင် သူက စာကြည့်တိုက်ထဲကို ဝင်လိုက်သည်။

ဒီအကြည့်က စက်ဆုပ်ရွံ့ရှာမှု၊ မနှစ်မြို့မှုတွေ ပါဝင်နေသည်။ ခဏအကြာတွင် ထိုလူတွေက သူ့အား အာရုံမစိုက်ထားပေမဲ့ ရှောင်ချန်း ကသူ ရှုရှန်း ဖြစ်သွားသလို ခံစားလိုက်ရသည်။ သို့သော် သူတို့ရဲ့ ရက်စက်သည့် အကြည့်တွေက သူ့အပေါ် ရောက်လာချိန်တွင် ကြက်သီးတောင် ထ,သွားမိသည်။

ကောင်လေးက တခြားသူတွေရဲ့ မနှစ်မြို့မှုအား မသိနားမလည်သလိုမျိုး ပေါ်လာခဲ့သည်။ သူက ပျော်ရွှင်စွာဖြင့် စာကြည့်တိုက်ရဲ့ ဒုတိယထပ်ကို တက်သွားပြီး နံရံဘယ်ဘက်ကို ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ ပျော်ရွှင်မှုကြောင့် သူခုန်ပေါက်ချင်နေပေမဲ့ တစ်ချိန်တည်းတွင် စိတ်လှုပ်ရှားစွာဖြင့် သူ့လက်တွေကို ပွတ်နေခဲ့သည်။ မကြာခင် တည်ငြိမ်စွာဖြင့် ထိုင်ချလိုက်သည်။

နံရံတွင် ချိတ်ထားသည့် နာရီမှတဆင့် ကျောင်းအတန်း ပြီးသွားပြီဆိုတာ ရှောင်ချန်း ခန့်မှန်းမိသည်။

မိနစ်တွေ၊ စက္ကန့်တွေက ကုန်ဆုံးနေရင်း ကောင်လေးက ထိုနေရာတွင်သာ စိတ်ရှည်စွာ စောင့်နေခဲ့သည်။ စာကြည့်တိုက်မှ စကားပြောသံတွေက လုံးဝတိတ်ဆိတ်သွားတာတောင်မှ သူက ထိုနေရာတွင်သာ တိတ်ဆိတ်စွာ ထိုင်နေရင်း သူတွေ့ဆုံမဲ့လူအား စောင့်နေခဲ့သည်။

သို့သော် ရှောင်ချန်း ရဲ့စိတ်ဝိဉာဉ်က တဖြည်းဖြည်းနဲ့ အချိန်တိုင်း လျော့ပါးလာခဲ့သည်။ သူက ကောင်လေးရဲ့ မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး သူ့အား အနီးကပ် စစ်ဆေးနေရင်း သူ့ရဲ့ဂနာမငြိမ်မှုကိုလည်း မြင်နေရသည်။ ရှောင်ချန်း ရဲ့နှလုံးသားက တင်းကြပ်သွားခဲ့သည်။

“ရှုရှန်း၊ ထပ်မစောင့်နဲ့တော့၊ သူမလာနိုင်ဘူး” သူ့အသံက အက်ရှနေပြီး မျက်ရည်တွေနဲ့ ပြည့်နေပေမဲ့ ကောင်လေးက သူ့အသံကို မကြားနိုင်သလို အဖြေလည်း ပြန်မပေးပေ။ ကောင်လေးက သူ့အား မမြင်နိုင်တာကို သူသိနေခဲ့သည်။

ရှောင်ချန်း ကနံရံနာရီမှာ တချက်ချက် မြည်နေသံကိုသာ နားထောင်နေပြီး ခေါင်းခါလိုက်သည်။ ရှုရှန်း ကနောက်ပိုင်း ဘာတွေတွေ့ကြုံရမလဲဆိုတာ သူခန့်မှန်းမိပြီးသားပင်။

အဝေးမှ ခြေသံနှစ်ခုက နီးကပ်လာခဲ့သည်။ ရှောင်ချန်း နဲ့ ရှုရှန်း တို့ကအသံဘက်ကို အတူတူ လှည့်ကြည့်လိုက်ကြသည်။ ကောင်လေးက အူမြူးနေပေမဲ့ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်နေခဲ့သည်။

သို့သော် ရှောင်ချန်း ရဲ့အသက်ရှူသံက ပိုမြန်လာခဲ့ပြီး သူ့လက်တွေက တုန်လာခဲ့သည်။

“ခွေးကောင်၊ ရှုရှန်း တကယ်ပဲ လာခဲ့တာလား?”

“သူက တကယ့်ကို အခြောက်ပဲလား?”

“အရမ်းကို နုံအ,တာပဲ!”

“သူ့ကိုလား? စီနီယာရှောင်ချန်း ကိုများ ကြိုက်ရဲတာလား? အရမ်းကို ရယ်စရာကောင်းတယ်! မြေကြီးကို သေးပန်းပြီး ကိုယ့်ရုပ်ကို ပြန်ကြည့်သင့်တယ်!”

ရှောင်ချန်း ရဲ့မျက်နှာက ဖြူဖွေးသွားခဲ့သည်။ တစ်ချက်ကြည့်လိုက်ပြီး အဝါရောင် ဆံပင်နဲ့ ကောင်လေး၊ ဝမ်တောင် ကသူ့ရှေ့တွင် ရပ်လာတာကို သတိပြုမိသွားသည်။

ရှုရှန်း ကအေးခဲသွားပြီး သူ့နှုတ်ခမ်းက စတင်ပြီး တုန်လာခဲ့သည်။

ရှောင်ချန်း ကသူ့ကို အဝေးခေါ်သွားချင်ပေမဲ့ သူ့လက်တွေက တခြားလူရဲ့ လက်မောင်းကို ဖြတ်သွားခဲ့သည်။

ကြောက်စရာ အကောင်းဆုံးက သူ့တစ်ကိုယ်လုံးက မလှုပ်ရှားနိုင်ပဲ သူ့ခုံတွင်သာ ကပ်နေခဲ့သည်။

“ရှုရှန်း၊ မြန်မြန်ပြေး! မြန်မြန်ပြေးတော့!!” သူက စိတ်ဓာတ်ကျစွာ အော်ဟစ်လိုက်သည်။ သို့သော် တစ်ဖက်လူကတော့ သူ့တည်ရှိမှုကို မသိပေ။

ရှုရှန်း ကထိုအုပ်စုရဲ့ ဆွဲခေါ်သွားခြင်း ခံလိုက်ရတာကို မြင်လိုက်ပြီး သူ့အနီရောင် ဖီးနစ်မျက်လုံးတွေက မျက်ရည်တွေနဲ့ ပြည့်နေပြီး သူ့အသံက တိမ်ဝင်နေခဲ့သည်။ ဒီအဖြစ်အပျက်အား သူက အကူအညီမပေးနိုင်ပဲနဲ့သာ ကြည့်နေခဲ့ရသည်။

သူ့ပတ်ဝန်းကျင်က ပြောင်းသွားပြီး အနက်ရောင် အရိပ်က သူ့အနောက်မှ တိတ်ဆိတ်စွာဖြင့် ပေါ်လာခဲ့သည်။ လက်တစ်စုံက သူ့မျက်လုံးမှ မျက်ရည်တွေကို သုတ်ပေးလိုက်သည်။

အနက်ရောင် အရိပ်က တိတ်ဆိတ်စွာ သက်ပြင်းချလိုက်ပြီး သူ့ကိုယ်သူ ပြင်ဆင်လိုက်ရင်း ရှောင်ချန်း အားပွေ့ဖက်ကာ နှစ်သိမ့်လိုက်သည်။ သူ့ရဲ့ရှက်စရာ အချိန်တွေအား စီနီယာအား မမြင်စေလိုပေ။

ပတ်ဝန်းကျင်က ထပ်ပြောင်းသွားပြီး ဟောခန်းလမ်းနေရာကို ရောက်နေခဲ့သည်။

ရှောင်ချန်း ကသူ့နှာခေါင်းနဲ့ ပါးစပ်အား အုပ်ထားရင်း ငိုနေခဲ့သည်။

ဒီမြင်ကွင်းက အရင်က သူအိမ်မက်ထဲတွင် မြင်ခဲ့ရသည့် မြင်ကွင်းဖြစ်သည်။

မဟုတ်ဘူး၊ ဒါက ကွာခြားတယ်။

တစ်ချက်နှိပ်လိုက်ပြီး တံခါးက ပွင့်သွားခဲ့သည်။ ဆံပင်အခွေနဲ့ ကောင်မလေးက လက်ပိုက်ထားပြီး တံခါးအပြင်တွင် ရပ်နေခဲ့သည်။

“အဖေ၊ ဘာလုပ်နေတာလဲ? သူ့ကို လျစ်လျူရှုပြီး ထားခဲ့လိုက်။ အရမ်းဆူတာပဲ!” ဆံပင်အခွေနဲ့ ကောင်မလေးက ဓာတ်ပုံရိုက်နေသည့် လူအား ကျယ်လောင်စွာ အော်လိုက်ရင်း မျက်လုံးလှည့်လိုက်သည်။

ထိုလူက သူ့ဖုန်းအား အိတ်ထဲပြန်ထည့်လိုက်သည်။ ကောင်လေးအား နောက်ဆုံးအကြိမ် ပြင်းထန်စွာ ကန်ထုတ်ဖို့ကိုလည်း မမေ့ပေ။ သူက ပြန်ဖြေလိုက်သည်။ “လာပြီ၊ လာပြီ!”

သူက လှည့်လိုက်ပြီး တစ်ချက်တောင် လှည့်မကြည့်ပဲ တံခါးကို ပိတ်လိုက်သည်။

ရှောင်ချန်း ရဲ့နှလုံးသားက အေးခဲသွားခဲ့သည်။

[ဂိမ်းကစားနည်းအား ပြင်ဆင်နိုင်ပြီး လွတ်မြောက်ခွင့် ကဒ်ကိုရရှိသွားတဲ့ ကစားသမား ဂွမ်ရှုဟန် ကိုဂုဏ်ပြုပါတယ်] အသံထပ်လွှင့်လာခဲ့သည်။ [ပန်ဒိုရာမှော်သေတ္တာက ဖွင့်ပြီးပါပြီ။ ဂိမ်းထဲမှ လူတွေကြားထဲ နတ်ဆိုးတွေကို လွှတ်ပြီးပါပြီ။ ကံကောင်းမှုဖြင့် အရင်က နောက်ဆုံးအကြိမ် ကစားသမားကို ရွေးချယ်ခဲ့ပါတယ်။ ဒီတစ်ကြိမ် KING ကတော့ ဝမ်တောင် ဖြစ်ပါတယ်]

[နောက်ပြီး သူကသာ...] အသံလွှင့်မှုက ရပ်သွားခဲ့သည်။ ဒါက စက်ပစ္စည်းအသံဆိုတာ သိသာနေပေမဲ့ လူတွေအား ကြောက်လန့်မှုကြောင့် အေးစက်စေသည်။ [... မင်း အသက်ရှင်နိုင်၊ မရှင်နိုင်ကို ဆုံးဖြတ်ပေးမှာပါ]

“ဒါက ဘာကိုပြောတာလဲ?”

“ဘာဖြစ်တာလဲ?”

“ဘာ King ဘာကြောင့် ဂိမ်းစည်းမျည်းက ထပ်ပြောင်းသွားရတာလဲ?”

“ဂွမ်ရှုဟန်?! သူမ ဘာလုပ်ခဲ့တာလဲ? ဘာကြောင့် သူမလဲ?”

အသံလွှင့်ခြင်းအား နားထောင်ပြီးနောက် ပတ်ဝန်းကျင်က ဆွေးနွေးမှုတွေနဲ့ ဆူညံသွားခဲ့သည်။ လူတိုင်းက ထိတ်လန့်နေပြီး သူတို့အကြည့်တွေက ဝမ်တောင် ဆီကျသွားခဲ့သည်။ အကြည့်တစ်ခုချင်းစီက မနာလိုမှု၊ အမုန်းတရားတွေ သယ်ဆောင်ထားကာ မမြင်ရဖို့က ခက်ခဲသည်။

ဘာကြောင့်သူလဲ?

သူကသာ ရှုရှန်း ကိုသတ်သေဖြစ်အောင် လုပ်ခဲ့တဲ့ အဓိကလူ မဟုတ်ဘူးလား?

သို့သော် ဒီအချက်တွေက ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။ နောက်ပြီး အသံလွှင့်ခြင်းတွင် ဝမ်တောင် ကလူတိုင်းရဲ့ တည်ရှိမှုအား ထိန်းချုပ်ရမည်! ဒီအရာကြောင့် ဘယ်သူကမှ သူ့အား အနှောင့်အယှက် မလုပ်ရဲကြပေ။

ဝမ်တောင် ရဲ့မျက်လုံးတွေက ပြူးကျယ်သွားပြီး သူ့နှုတ်ခမ်းကို စေ့လိုက်ကာ စိတ်ထဲတွင် ပီတိဖြစ်နေခဲ့သည်။ ဒီနေရာကို သူရောက်တည်းက သူ့စိတ်ထဲတွင် အဆုံးမဲ့ စိုးထိတ်မှုတွေ ရှိခဲ့သည်။ သူကသာ ရှုရှန်း ရဲ့သေဆုံးခြင်း နောက်ကွယ်မှ အဓိကတရားခံ ဖြစ်တာကြောင့် သူ့ကို ဘယ်လိုမှ အလွတ်မပေးဘူးဆိုတာ သူနားလည်နေခဲ့သည်။

အခုတော့ သူ့မှာ ရှင်သန်ဖို့ အခွင့်အရေး ရလာခဲ့ပြီး ဝမ်တောင် ကဘယ်လိုလုပ်ပြီး မရွှင်ပျပဲ နေနိုင်မှာလဲ?
သို့သော် အသံလွှင့်မှုကနေ သူက ကျောင်းသားတွေရဲ့ သေခြင်း၊ ရှင်ခြင်းကို ဆုံးဖြတ်ရမယ်ဆိုတာက ဘာကိုပြောတာလဲ?

တစ်ချိန်တည်းတွင် ဘော့စတွန်နွယ်ပင်တွေက စာကြည့်တိုက်အား လုံးဝကို ဖုံးအုပ်သွားခဲ့ပြီး ပိုပိုပြီး မှောင်မိုက်လာခဲ့သည်။ ပြတင်းပေါက်မှတဆင့် မြေကြီးရောင် နွယ်ရှင်တွေက ဝင်ရောက်လာခဲ့သည်။ တချို့နွယ်ရှင်တွေက တံခါးပေါက်ကို တွယ်တက်ပြီး ချက်ချင်းပင် သူတို့က များပြားလှသည့် မြွေတွေနဲ့ တူလာခဲ့သည်။

“Fuck, ဒါက ဘာလဲ?”

“အားး! အရမ်းစိတ်ပျက်စရာ ကောင်းတာပဲ! ငါ့ကိုလွှတ်!”

“ဝေးဝေးသွား!! ဝေးဝေးသွား!! ကယ်ကြပါဦး!”

“ဝူးဝူးဝူးဝူး!!!”

နွယ်ပင်တွေက အသက်သွင်းခံထားရပြီး စာကြည့်တိုက်မှ လူတွေအား ရွေးချယ်ကာ ချုပ်နေကြသည်။ နွယ်ရှင်တွေက တင်းကြပ်စွာ ပတ်ထားကြပြီး တုတ်တွေ၊ ဓားတွေနဲ့တောင် ဘာမှမလုပ်နိုင်ပေ။

နွယ်ရှင်တွေက ရွေးချယ်ထားတယ်လို့ ဘာကြောင့် ပြောရတာလဲ?

ထိတ်လန့်စွာဖြင့် မရေတွက်နိုင်သည့် ပမာဏက ဝမ်တောင် အားဖြတ်ကျော်သွားခဲ့သည်။ တစ်မိနစ်အတွင်း လူတိုင်းက နွယ်ပင်တွေနဲ့ ပတ်မိနေပြီး ဝမ်တောင် ကသာ ဘာအန္တရာယ်မှ မရှိပဲ ကျန်နေခဲ့သည့် တစ်ယောက်တည်းသော သူဖြစ်နေသည်။

ဝမ်တောင် ရဲ့ကျောရိုးတစ်လျှောက် ကြက်သီးကထ,သွားပြီး သက်ပြင်းချလိုက်သည်။

ရုတ်တရက် အပြင်ဘက် ကောင်းကင်က နေ့ဘက်ကနေ ညအချိန်ကို ပြောင်းသွားခဲ့သည်။ တစ်ခါက နေရှိနေသည့် နေရာက အခုတော့ အနီရောင်လ ဖြစ်နေပြီး ထူးဆန်းစွာဖြင့် သွေးဆာလောင်မှုကို သယ်ဆောင်ထားသည်။

အသံလွှင့်ခြင်းက ပွင့်လာခဲ့သည်။ [King ဒီရွံ့စရာကောင်းတဲ့ ပိုးမွှားကောင်တွေကို မြင်လား?]

“ဝူးဝူး!!”

“အွန်း!!!”

[သူတို့ရဲ့ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းက အခုတော့ မင်းလက်ထဲမှာပဲ! ဂိမ်းကစားရအောင်! ဂိမ်းနာမည်က...] အသံလွှင့်သည့် အသံက ကြမ်းတမ်းနေပြီး ညှာတာခြင်းမရှိကာ မကောင်းဆိုးရွားလို ဖြစ်နေသည်။ […နောက်ပြီး ဒါတွေ၊ ဟိုဟာတွေ၊ ဘာမှကို မရှိဘူး!]

[ပိုးမွှား ၁၂ ကောင်ရှိသေးတာကြောင့် ပွဲ သုံးကြိမ် ကစားရအောင်] အသံလွှင့်ခြင်းက ဘာလွှမ်းမိုးမှုမှ မရှိပေမဲ့ တချို့အရာကြောင့် လူတွေရဲ့ တည်ရှိမှုအား ခြိမ်းခြောက်နေခဲ့သည်။ [မင်း အောင်မြင်သ၍ မင်းက သူတို့ကို ခေါ်သွားပြီး ထွက်သွားနိုင်ပါတယ်]

[ဒါပေမဲ့ အားလုံးက မင်းရွေးချယ်မှုပါပဲ။ မင်း ကစားဖို့ ဆန္ဒမရှိရင် အခုချက်ချင်း လှည့်ထွက်လို့ရတယ်။ ဒါဆိုလည်း ဒီပိုးမွှားတွေ အားလုံးက ချက်ချင်း သေဆုံးလိမ့်မယ်!] အသံလွှင့်မှုက ရပ်သွားသည်။

[အရေခွံခွာခြင်း၊ အူထုတ်ခြင်း၊ လင်ချီ (ထောင်ပေါင်းများစွာ ဓားနဲ့ဖြတ်သတ်ခြင်း)၊ အပြစ်ပေးမှုငါးမျိုး၊ ဆူပွက်ပြီး အသက်ရှင်ခြင်း နဲ့ လောင်ကျွမ်းပြီး အသက်ရှင်ခြင်း...] ဒီစက်ပစ္စည်းအသံဖြင့် အသံလွှင့်သူက ရယ်လိုက်သည်။ [မင်း ဘယ်တစ်ခုကို ကြိုက်လဲ?]

“ဝူးဝူးဝူး!!!!”

“အားဝူးဝူး!!”

“အွန်းဝူးဝူး!!!”

ကယ်ကြပါ!!!

ဝမ်တောင် ရဲ့နှုတ်ခမ်းတွေက ဖြူဖွေးသွားပြီး သူ့မြင်ကွင်းက ဝေဝါးလာခဲ့သည်။ သူ့ခန္ဓာကိုယ်က လှုပ်နေခဲ့သည်။ သူ့ဘေးက နာကျင်ပြီး တင်းမာစွာ စိုက်ကြည့်နေကြသည့် လူတွေရဲ့မျက်နှာအား ကြည့်လိုက်သည်၊ သူတို့နှာခေါင်းနဲ့ မျက်လုံးမှ အရည်တွေက ကျဆင်းနေကြသည်။ ဝမ်တောင် ကအသက်ရှူသွင်းလိုက်ပြီး အားနည်းစွာဖြင့် ရေရွတ်လိုက်သည်။ “အိုကေ၊ ငါကစားမယ်!”

[ကစားသမား ဝမ်တောင် ကအပြစ်ပေးခြင်းအား အတည်ပြုသည့်အတွက် ဂုဏ်ယူပါတယ်။ ပထမအကြိမ်က ဆာလဖျူရစ် အက်စစ် လောင်းချခြင်း ဖြစ်ပါတယ်!] အသံလွှင့်မှုက ထပ်ထွက်လာခဲ့သည်။

[မင်းရှေ့မှာ၊ ဆာလဖျူရစ် အက်စစ်ပုလင်းကြီး ရှိပါတယ်] အသံလွှင့်မှုက အရိုးကျိုးသင့် ဆူညံသံတွေအား လျစ်လျူရှုထားလိုက်သည်။ [မင်းညာလက်ကို စက္ကန့်သုံးဆယ် အထဲမှာထားလိုက်မယ်ဆိုရင် ပထမအကြိမ်က အနိုင်ရပါမယ်]

ဒါဆို

မင်းဆန္ဒရှိလား?

∆‌ေပြာဖို့‌ေမ့‌ေနလို့ ဒါက အပိုင်းရှည်မဟုတ်ဘူးနော်၊ အတိုလေးတွေ၊ Arc လိုမျိုးပဲ၊ ခေါင်းစဉ်တစ်ခုကို ၁၅/၁၆ အဲ့လောက်ပဲပါတာ၊ နောက်ပြီး permit လဲရပါပြီလို့ ☺️☺️ အစက သွားတာပြောထားတာ မဆင်မပြေရင် တင်ထားတာကို ဖျက်မလိုပဲ အခုတော့ ဖျက်စရာ မလိုတော့ဘူး∆

20.8.2021 (Fri)
..........................

Zawgyi

“မင္းပို႔ေပးခဲ့တဲ့ လက္ေဆာင္အတြက္ ေက်းဇူးတင္ပါတယ္။ ငါအဲ့ဒါေတြကို အရမ္းႀကိဳက္တယ္။ ဒီေန႔၊ အတန္းၿပီးရင္ စာၾကည့္တိုက္မွာ ေတြ႕ရေအာင္။ ငါမင္းကို ဒုတိယထပ္ နံရံရဲ႕ ဘယ္ဘက္ျခမ္းနားမွာ ေစာင့္ေနမယ္ - ေ႐ွာင္ခ်န္း”

ေကာင္ေလးရဲ႕ ခႏၶာကိုယ္က တုန္ေနခဲ့ၿပီး စာ႐ြက္ကို ကိုင္ထားသည့္ လက္ေတြက ပိုၿပီးေတာ့ေတာင္ မတည္မၿငိမ္ ျဖစ္ေနသည္။ သူ႕ေခါင္းက ငုံ႔ထားၿပီး ေ႐ွ႕ဆံပင္နဲ႔ မ်က္မွန္ေတြက သူ႕အမူအရာအား ဖုံးကြယ္ထားခဲ့သည္။

ေ႐ွာင္ခ်န္း ကသူ႕ကိုယ္ပိုင္ စားပြဲတြင္ရပ္ေနၿပီး ဒီ႐ုတ္တရက္ ျမင္ကြင္းေၾကာင့္ လန္႔သြားခဲ့သည္။ သူေ႐ွ႕မွလူအား ႐ွင္းလင္းစြာ ျမင္လိုက္ခ်ိန္တြင္ သူ႕မ်က္လုံးေတြက ျပဴးက်ယ္သြားခဲ့သည္။ ေကာင္ေလး ပတ္လည္တြင္ ေျခလွမ္းအနည္းငယ္ ပတ္ေလွ်ာက္လိုက္ၿပီးေနာက္ စာ႐ြက္မွ စာလုံးေတြကို သတိျပဳမိသြားခဲ့သည္။ သူ႕လက္အား တင္းၾကပ္စြာ ဆုပ္လိုက္သည္။

ေကာင္ေလးက ေသေသခ်ာခ်ာ ေတြးဆေနရင္း စာသင္ခန္းရဲ႕ အေနာက္ေပါက္တြင္ ဆံပင္တိုနဲ႔ မိန္းကေလးက ေအးစက္သည့္ အမူအရာျဖင့္ ႐ွိေနခဲ့သည္။ သူမက ေကာင္ေလးရဲ႕ အျပဳအမူအား မ်က္လုံးက်ဥ္းေျမာင္းကာ ေလ့လာေနၿပီး အႏိုင္ရသည့္ အသြင္အျပင္ေတာင္ ႐ွိေနသည္။ ေ႐ွာင္ခ်န္း ကတစ္ခ်က္ၾကည့္႐ုံနဲ႔ ထိုေကာင္မေလးကို သတိသြားခဲ့သည္။ - ဒါက ရန္က်ဲ။

သတိလက္လြတ္ သူ႕အသက္႐ွဴသံကို ထိန္းလိုက္မိရင္း သူ႕ႏွလုံးခုံသံက ျမန္လာခဲ့သည္။

ဒါ ႐ႈ႐ွန္း ရဲ႕မွတ္ဉာဏ္ေတြလား?

ေခါက္ရာေလး နည္းနည္း ထင္သြားမွာေတာင္ ေၾကာက္ေနၿပီး ရတနာလိုမ်ိဳး စာ႐ြက္အား ညင္သာစြာ ကိုင္ထားသည့္ ေကာင္ေလးကို ေ႐ွာင္ခ်န္း ၾကည့္ေနခဲ့သည္။ သူ႕စားပြဲမွ အျပာရင့္ေရာင္ စာအုပ္အား ထုတ္လိုက္ၿပီး ဂ႐ုတစိုက္ျဖင့္ ရထားသည့္ စာ႐ြက္ေလးအား အထဲတြင္ ညႇပ္လိုက္သည္။

လႈပ္႐ွားမႈတိုင္းက ေပ်ာ္႐ႊင္မႈေတြနဲ႔ ျပည့္ေနသည္။
ေကာင္ေလးက သူ႕အဝတ္ေတြကို ပုတ္လိုက္ၿပီး ဖုန္႐ွိေနမွာကို စိုးရိမ္ေနသည္။ သူ႕ဖိနပ္ႀကိဳးအား အႀကိမ္အနည္းငယ္ ခ်ည္ၿပီးတာေတာင္ ထပ္ထပ္ခ်ည္ေနၿပီး မေတာ္တဆ မကြၽတ္သြားေအာင္ ေသခ်ာဖို႔ လုပ္ေနခဲ့သည္။ ဒီနည္းလမ္းျဖင့္ ေနာက္ဆုံးေတာ့ စိတ္ေက်နပ္သြားခဲ့သည္။

စားပြဲမွ လက္ေဆာင္ဗူးေလးကို ထုတ္လိုက္ၿပီး နည္းနည္း စိတ္လႈပ္႐ွားေနသည္။ ထို႔ေနာက္ သူက တံခါးအျပင္ကို ေလွ်ာက္ထြက္သြားၿပီး ႐ွက္႐ြံ႕စြာျဖင့္ နံရံနားကပ္ကာ ေလွ်ာက္သြားခဲ့သည္။

သူထ,လိုက္တာကို ရန္က်ဲ ကျမင္လိုက္ခ်ိန္တြင္ သူမက ခ်က္ခ်င္းပင္ အၾကည့္ေတြကို ႐ုတ္သိမ္းလိုက္ၿပီး ဘာမွမျမင္လိုက္သလို ဟန္ေဆာင္လိုက္ကာ သူမခုံဆီ ျပန္သြားခဲ့သည္။

သို႔ေသာ္ တျခားေက်ာင္းသားေတြက သူတို႔ေခါင္းအား တၿပိဳင္နက္တည္း ေမာ့လိုက္ၾကၿပီး သူ႕အားၾကည့္ရင္း ေလွာင္ရယ္လိုက္ၾကသည္။

ေ႐ွာင္ခ်န္း ကေကာင္ေလးေနာက္ကို လိုက္သြားၿပီး သူ႕ေျခလွမ္းေတြက ေပါ့ပါးေနသည္။ ပူေနတာကို သူ မခံစားရေပမဲ့ သူ႕နဖူးတြင္ ထူးဆန္းစြာျဖင့္ ေခြၽးေစးေတြ ထြက္ေနသည္။ သူ႕မ်က္လုံးထဲတြင္ ေကာင္ေလးက ကြၽမ္းက်င္စြာျဖင့္ လူမ်ားသည့္ ေနရာေတြအား ေ႐ွာင္သြားကာ စာသင္ေဆာင္ကို ျဖတ္သြားၿပီး ႐ွည္လ်ားစြာ သြားေနတာကိုသာ ၾကည့္ေနခဲ့သည္။ လူတိုင္းရဲ႕ ထူးဆန္းသည့္ အၾကည့္ေအာက္တြင္ သူက စာၾကည့္တိုက္ထဲကို ဝင္လိုက္သည္။

ဒီအၾကည့္က စက္ဆုပ္႐ြံ႕႐ွာမႈ၊ မႏွစ္ၿမိဳ႕မႈေတြ ပါဝင္ေနသည္။ ခဏအၾကာတြင္ ထိုလူေတြက သူ႕အား အာ႐ုံမစိုက္ထားေပမဲ့ ေ႐ွာင္ခ်န္း ကသူ ႐ႈ႐ွန္း ျဖစ္သြားသလို ခံစားလိုက္ရသည္။ သို႔ေသာ္ သူတို႔ရဲ႕ ရက္စက္သည့္ အၾကည့္ေတြက သူ႕အေပၚ ေရာက္လာခ်ိန္တြင္ ၾကက္သီးေတာင္ ထ,သြားမိသည္။

ေကာင္ေလးက တျခားသူေတြရဲ႕ မႏွစ္ၿမိဳ႕မႈအား မသိနားမလည္သလိုမ်ိဳး ေပၚလာခဲ့သည္။ သူက ေပ်ာ္႐ႊင္စြာျဖင့္ စာၾကည့္တိုက္ရဲ႕ ဒုတိယထပ္ကို တက္သြားၿပီး နံရံဘယ္ဘက္ကို ျဖည္းျဖည္းခ်င္း ေလွ်ာက္သြားလိုက္သည္။ ေပ်ာ္႐ႊင္မႈေၾကာင့္ သူခုန္ေပါက္ခ်င္ေနေပမဲ့ တစ္ခ်ိန္တည္းတြင္ စိတ္လႈပ္႐ွားစြာျဖင့္ သူ႕လက္ေတြကို ပြတ္ေနခဲ့သည္။ မၾကာခင္ တည္ၿငိမ္စြာျဖင့္ ထိုင္ခ်လိုက္သည္။

နံရံတြင္ ခ်ိတ္ထားသည့္ နာရီမွတဆင့္ ေက်ာင္းအတန္း ၿပီးသြားၿပီဆိုတာ ေ႐ွာင္ခ်န္း ခန္႔မွန္းမိသည္။

မိနစ္ေတြ၊ စကၠန္႔ေတြက ကုန္ဆုံးေနရင္း ေကာင္ေလးက ထိုေနရာတြင္သာ စိတ္႐ွည္စြာ ေစာင့္ေနခဲ့သည္။ စာၾကည့္တိုက္မွ စကားေျပာသံေတြက လုံးဝတိတ္ဆိတ္သြားတာေတာင္မွ သူက ထိုေနရာတြင္သာ တိတ္ဆိတ္စြာ ထိုင္ေနရင္း သူေတြ႕ဆုံမဲ့လူအား ေစာင့္ေနခဲ့သည္။

သို႔ေသာ္ ေ႐ွာင္ခ်န္း ရဲ႕စိတ္ဝိဉာဥ္က တျဖည္းျဖည္းနဲ႔ အခ်ိန္တိုင္း ေလ်ာ့ပါးလာခဲ့သည္။ သူက ေကာင္ေလးရဲ႕ မ်က္ႏွာခ်င္းဆိုင္တြင္ ထိုင္ေနၿပီး သူ႕အား အနီးကပ္ စစ္ေဆးေနရင္း သူ႕ရဲ႕ဂနာမၿငိမ္မႈကိုလည္း ျမင္ေနရသည္။ ေ႐ွာင္ခ်န္း ရဲ႕ႏွလုံးသားက တင္းၾကပ္သြားခဲ့သည္။

“႐ႈ႐ွန္း၊ ထပ္မေစာင့္နဲ႔ေတာ့၊ သူမလာႏိုင္ဘူး” သူ႕အသံက အက္႐ွေနၿပီး မ်က္ရည္ေတြနဲ႔ ျပည့္ေနေပမဲ့ ေကာင္ေလးက သူ႕အသံကို မၾကားႏိုင္သလို အေျဖလည္း ျပန္မေပးေပ။ ေကာင္ေလးက သူ႕အား မျမင္ႏိုင္တာကို သူသိေနခဲ့သည္။

ေ႐ွာင္ခ်န္း ကနံရံနာရီမွာ တခ်က္ခ်က္ ျမည္ေနသံကိုသာ နားေထာင္ေနၿပီး ေခါင္းခါလိုက္သည္။ ႐ႈ႐ွန္း ကေနာက္ပိုင္း ဘာေတြေတြ႕ၾကဳံရမလဲဆိုတာ သူခန္႔မွန္းမိၿပီးသားပင္။

အေဝးမွ ေျခသံႏွစ္ခုက နီးကပ္လာခဲ့သည္။ ေ႐ွာင္ခ်န္း နဲ႔ ႐ႈ႐ွန္း တို႔ကအသံဘက္ကို အတူတူ လွည့္ၾကည့္လိုက္ၾကသည္။ ေကာင္ေလးက အူျမဴးေနေပမဲ့ သူ႕ကိုယ္သူ တည္ၿငိမ္ေအာင္ လုပ္ေနခဲ့သည္။

သို႔ေသာ္ ေ႐ွာင္ခ်န္း ရဲ႕အသက္႐ွဴသံက ပိုျမန္လာခဲ့ၿပီး သူ႕လက္ေတြက တုန္လာခဲ့သည္။

“ေခြးေကာင္၊ ႐ႈ႐ွန္း တကယ္ပဲ လာခဲ့တာလား?”

“သူက တကယ့္ကို အေျခာက္ပဲလား?”

“အရမ္းကို ႏုံအ,တာပဲ!”

“သူ႕ကိုလား? စီနီယာေ႐ွာင္ခ်န္း ကိုမ်ား ႀကိဳက္ရဲတာလား? အရမ္းကို ရယ္စရာေကာင္းတယ္! ေျမႀကီးကို ေသးပန္းၿပီး ကိုယ့္႐ုပ္ကို ျပန္ၾကည့္သင့္တယ္!”

ေ႐ွာင္ခ်န္း ရဲ႕မ်က္ႏွာက ျဖဴေဖြးသြားခဲ့သည္။ တစ္ခ်က္ၾကည့္လိုက္ၿပီး အဝါေရာင္ ဆံပင္နဲ႔ ေကာင္ေလး၊ ဝမ္ေတာင္ ကသူ႕ေ႐ွ႕တြင္ ရပ္လာတာကို သတိျပဳမိသြားသည္။

႐ႈ႐ွန္း ကေအးခဲသြားၿပီး သူ႕ႏႈတ္ခမ္းက စတင္ၿပီး တုန္လာခဲ့သည္။

ေ႐ွာင္ခ်န္း ကသူ႕ကို အေဝးေခၚသြားခ်င္ေပမဲ့ သူ႕လက္ေတြက တျခားလူရဲ႕ လက္ေမာင္းကို ျဖတ္သြားခဲ့သည္။

ေၾကာက္စရာ အေကာင္းဆုံးက သူ႕တစ္ကိုယ္လုံးက မလႈပ္႐ွားႏိုင္ပဲ သူ႕ခုံတြင္သာ ကပ္ေနခဲ့သည္။

“႐ႈ႐ွန္း၊ ျမန္ျမန္ေျပး! ျမန္ျမန္ေျပးေတာ့!!” သူက စိတ္ဓာတ္က်စြာ ေအာ္ဟစ္လိုက္သည္။ သို႔ေသာ္ တစ္ဖက္လူကေတာ့ သူ႕တည္႐ွိမႈကို မသိေပ။

႐ႈ႐ွန္း ကထိုအုပ္စုရဲ႕ ဆြဲေခၚသြားျခင္း ခံလိုက္ရတာကို ျမင္လိုက္ၿပီး သူ႕အနီေရာင္ ဖီးနစ္မ်က္လုံးေတြက မ်က္ရည္ေတြနဲ႔ ျပည့္ေနၿပီး သူ႕အသံက တိမ္ဝင္ေနခဲ့သည္။ ဒီအျဖစ္အပ်က္အား သူက အကူအညီမေပးႏိုင္ပဲနဲ႔သာ ၾကည့္ေနခဲ့ရသည္။

သူ႕ပတ္ဝန္းက်င္က ေျပာင္းသြားၿပီး အနက္ေရာင္ အရိပ္က သူ႕အေနာက္မွ တိတ္ဆိတ္စြာျဖင့္ ေပၚလာခဲ့သည္။ လက္တစ္စုံက သူ႕မ်က္လုံးမွ မ်က္ရည္ေတြကို သုတ္ေပးလိုက္သည္။

အနက္ေရာင္ အရိပ္က တိတ္ဆိတ္စြာ သက္ျပင္းခ်လိုက္ၿပီး သူ႕ကိုယ္သူ ျပင္ဆင္လိုက္ရင္း ေ႐ွာင္ခ်န္း အားေပြ႕ဖက္ကာ ႏွစ္သိမ့္လိုက္သည္။ သူ႕ရဲ႕႐ွက္စရာ အခ်ိန္ေတြအား စီနီယာအား မျမင္ေစလိုေပ။

ပတ္ဝန္းက်င္က ထပ္ေျပာင္းသြားၿပီး ေဟာခန္းလမ္းေနရာကို ေရာက္ေနခဲ့သည္။

ေ႐ွာင္ခ်န္း ကသူ႕ႏွာေခါင္းနဲ႔ ပါးစပ္အား အုပ္ထားရင္း ငိုေနခဲ့သည္။

ဒီျမင္ကြင္းက အရင္က သူအိမ္မက္ထဲတြင္ ျမင္ခဲ့ရသည့္ ျမင္ကြင္းျဖစ္သည္။

မဟုတ္ဘူး၊ ဒါက ကြာျခားတယ္။

တစ္ခ်က္ႏွိပ္လိုက္ၿပီး တံခါးက ပြင့္သြားခဲ့သည္။ ဆံပင္အေခြနဲ႔ ေကာင္မေလးက လက္ပိုက္ထားၿပီး တံခါးအျပင္တြင္ ရပ္ေနခဲ့သည္။

“အေဖ၊ ဘာလုပ္ေနတာလဲ? သူ႕ကို လ်စ္လ်ဴ႐ႈၿပီး ထားခဲ့လိုက္။ အရမ္းဆူတာပဲ!” ဆံပင္အေခြနဲ႔ ေကာင္မေလးက ဓာတ္ပုံ႐ိုက္ေနသည့္ လူအား က်ယ္ေလာင္စြာ ေအာ္လိုက္ရင္း မ်က္လုံးလွည့္လိုက္သည္။

ထိုလူက သူ႕ဖုန္းအား အိတ္ထဲျပန္ထည့္လိုက္သည္။ ေကာင္ေလးအား ေနာက္ဆုံးအႀကိမ္ ျပင္းထန္စြာ ကန္ထုတ္ဖို႔ကိုလည္း မေမ့ေပ။ သူက ျပန္ေျဖလိုက္သည္။ “လာၿပီ၊ လာၿပီ!”

သူက လွည့္လိုက္ၿပီး တစ္ခ်က္ေတာင္ လွည့္မၾကည့္ပဲ တံခါးကို ပိတ္လိုက္သည္။

ေ႐ွာင္ခ်န္း ရဲ႕ႏွလုံးသားက ေအးခဲသြားခဲ့သည္။

[ဂိမ္းကစားနည္းအား ျပင္ဆင္ႏိုင္ၿပီး လြတ္ေျမာက္ခြင့္ ကဒ္ကိုရ႐ွိသြားတဲ့ ကစားသမား ဂြမ္႐ႈဟန္ ကိုဂုဏ္ျပဳပါတယ္] အသံထပ္လႊင့္လာခဲ့သည္။ [ပန္ဒိုရာေမွာ္ေသတၱာက ဖြင့္ၿပီးပါၿပီ။ ဂိမ္းထဲမွ လူေတြၾကားထဲ နတ္ဆိုးေတြကို လႊတ္ၿပီးပါၿပီ။ ကံေကာင္းမႈျဖင့္ အရင္က ေနာက္ဆုံးအႀကိမ္ ကစားသမားကို ေ႐ြးခ်ယ္ခဲ့ပါတယ္။ ဒီတစ္ႀကိမ္ KING ကေတာ့ ဝမ္ေတာင္ ျဖစ္ပါတယ္]

[ေနာက္ၿပီး သူကသာ...] အသံလႊင့္မႈက ရပ္သြားခဲ့သည္။ ဒါက စက္ပစၥည္းအသံဆိုတာ သိသာေနေပမဲ့ လူေတြအား ေၾကာက္လန္႔မႈေၾကာင့္ ေအးစက္ေစသည္။ [... မင္း အသက္႐ွင္ႏိုင္၊ မ႐ွင္ႏိုင္ကို ဆုံးျဖတ္ေပးမွာပါ]

“ဒါက ဘာကိုေျပာတာလဲ?”

“ဘာျဖစ္တာလဲ?”

“ဘာ King ဘာေၾကာင့္ ဂိမ္းစည္းမ်ည္းက ထပ္ေျပာင္းသြားရတာလဲ?”

“ဂြမ္႐ႈဟန္?! သူမ ဘာလုပ္ခဲ့တာလဲ? ဘာေၾကာင့္ သူမလဲ?”

အသံလႊင့္ျခင္းအား နားေထာင္ၿပီးေနာက္ ပတ္ဝန္းက်င္က ေဆြးေႏြးမႈေတြနဲ႔ ဆူညံသြားခဲ့သည္။ လူတိုင္းက ထိတ္လန္႔ေနၿပီး သူတို႔အၾကည့္ေတြက ဝမ္ေတာင္ ဆီက်သြားခဲ့သည္။ အၾကည့္တစ္ခုခ်င္းစီက မနာလိုမႈ၊ အမုန္းတရားေတြ သယ္ေဆာင္ထားကာ မျမင္ရဖို႔က ခက္ခဲသည္။

ဘာေၾကာင့္သူလဲ?

သူကသာ ႐ႈ႐ွန္း ကိုသတ္ေသျဖစ္ေအာင္ လုပ္ခဲ့တဲ့ အဓိကလူ မဟုတ္ဘူးလား?

သို႔ေသာ္ ဒီအခ်က္ေတြက ခ်က္ခ်င္းပင္ ေပ်ာက္ကြယ္သြားခဲ့သည္။ ေနာက္ၿပီး အသံလႊင့္ျခင္းတြင္ ဝမ္ေတာင္ ကလူတိုင္းရဲ႕ တည္႐ွိမႈအား ထိန္းခ်ဳပ္ရမည္! ဒီအရာေၾကာင့္ ဘယ္သူကမွ သူ႕အား အေႏွာင့္အယွက္ မလုပ္ရဲၾကေပ။

ဝမ္ေတာင္ ရဲ႕မ်က္လုံးေတြက ျပဴးက်ယ္သြားၿပီး သူ႕ႏႈတ္ခမ္းကို ေစ့လိုက္ကာ စိတ္ထဲတြင္ ပီတိျဖစ္ေနခဲ့သည္။ ဒီေနရာကို သူေရာက္တည္းက သူ႕စိတ္ထဲတြင္ အဆုံးမဲ့ စိုးထိတ္မႈေတြ ႐ွိခဲ့သည္။ သူကသာ ႐ႈ႐ွန္း ရဲ႕ေသဆုံးျခင္း ေနာက္ကြယ္မွ အဓိကတရားခံ ျဖစ္တာေၾကာင့္ သူ႕ကို ဘယ္လိုမွ အလြတ္မေပးဘူးဆိုတာ သူနားလည္ေနခဲ့သည္။

အခုေတာ့ သူ႕မွာ ႐ွင္သန္ဖို႔ အခြင့္အေရး ရလာခဲ့ၿပီး ဝမ္ေတာင္ ကဘယ္လိုလုပ္ၿပီး မ႐ႊင္ပ်ပဲ ေနႏိုင္မွာလဲ?
သို႔ေသာ္ အသံလႊင့္မႈကေန သူက ေက်ာင္းသားေတြရဲ႕ ေသျခင္း၊ ႐ွင္ျခင္းကို ဆုံးျဖတ္ရမယ္ဆိုတာက ဘာကိုေျပာတာလဲ?

တစ္ခ်ိန္တည္းတြင္ ေဘာ့စတြန္ႏြယ္ပင္ေတြက စာၾကည့္တိုက္အား လုံးဝကို ဖုံးအုပ္သြားခဲ့ၿပီး ပိုပိုၿပီး ေမွာင္မိုက္လာခဲ့သည္။ ျပတင္းေပါက္မွတဆင့္ ေျမႀကီးေရာင္ ႏြယ္႐ွင္ေတြက ဝင္ေရာက္လာခဲ့သည္။ တခ်ိဳ႕ႏြယ္႐ွင္ေတြက တံခါးေပါက္ကို တြယ္တက္ၿပီး ခ်က္ခ်င္းပင္ သူတို႔က မ်ားျပားလွသည့္ ေႁမြေတြနဲ႔ တူလာခဲ့သည္။

“Fuck, ဒါက ဘာလဲ?”

“အားး! အရမ္းစိတ္ပ်က္စရာ ေကာင္းတာပဲ! ငါ့ကိုလႊတ္!”

“ေဝးေဝးသြား!! ေဝးေဝးသြား!! ကယ္ၾကပါဦး!”

“ဝူးဝူးဝူးဝူး!!!”

ႏြယ္ပင္ေတြက အသက္သြင္းခံထားရၿပီး စာၾကည့္တိုက္မွ လူေတြအား ေ႐ြးခ်ယ္ကာ ခ်ဳပ္ေနၾကသည္။ ႏြယ္႐ွင္ေတြက တင္းၾကပ္စြာ ပတ္ထားၾကၿပီး တုတ္ေတြ၊ ဓားေတြနဲ႔ေတာင္ ဘာမွမလုပ္ႏိုင္ေပ။

ႏြယ္႐ွင္ေတြက ေ႐ြးခ်ယ္ထားတယ္လို႔ ဘာေၾကာင့္ ေျပာရတာလဲ?

ထိတ္လန္႔စြာျဖင့္ မေရတြက္ႏိုင္သည့္ ပမာဏက ဝမ္ေတာင္ အားျဖတ္ေက်ာ္သြားခဲ့သည္။ တစ္မိနစ္အတြင္း လူတိုင္းက ႏြယ္ပင္ေတြနဲ႔ ပတ္မိေနၿပီး ဝမ္ေတာင္ ကသာ ဘာအႏၲရာယ္မွ မ႐ွိပဲ က်န္ေနခဲ့သည့္ တစ္ေယာက္တည္းေသာ သူျဖစ္ေနသည္။

ဝမ္ေတာင္ ရဲ႕ေက်ာ႐ိုးတစ္ေလွ်ာက္ ၾကက္သီးကထ,သြားၿပီး သက္ျပင္းခ်လိုက္သည္။

႐ုတ္တရက္ အျပင္ဘက္ ေကာင္းကင္က ေန႔ဘက္ကေန ညအခ်ိန္ကို ေျပာင္းသြားခဲ့သည္။ တစ္ခါက ေန႐ွိေနသည့္ ေနရာက အခုေတာ့ အနီေရာင္လ ျဖစ္ေနၿပီး ထူးဆန္းစြာျဖင့္ ေသြးဆာေလာင္မႈကို သယ္ေဆာင္ထားသည္။

အသံလႊင့္ျခင္းက ပြင့္လာခဲ့သည္။ [King ဒီ႐ြံ႕စရာေကာင္းတဲ့ ပိုးမႊားေကာင္ေတြကို ျမင္လား?]

“ဝူးဝူး!!”

“အြန္း!!!”

[သူတို႔ရဲ႕ ႐ွင္သန္ျခင္းနဲ႔ ေသဆုံးျခင္းက အခုေတာ့ မင္းလက္ထဲမွာပဲ! ဂိမ္းကစားရေအာင္! ဂိမ္းနာမည္က...] အသံလႊင့္သည့္ အသံက ၾကမ္းတမ္းေနၿပီး ညႇာတာျခင္းမ႐ွိကာ မေကာင္းဆိုး႐ြားလို ျဖစ္ေနသည္။ […ေနာက္ၿပီး ဒါေတြ၊ ဟိုဟာေတြ၊ ဘာမွကို မ႐ွိဘူး!]

[ပိုးမႊား ၁၂ ေကာင္႐ွိေသးတာေၾကာင့္ ပြဲ သုံးႀကိမ္ ကစားရေအာင္] အသံလႊင့္ျခင္းက ဘာလႊမ္းမိုးမႈမွ မ႐ွိေပမဲ့ တခ်ိဳ႕အရာေၾကာင့္ လူေတြရဲ႕ တည္႐ွိမႈအား ၿခိမ္းေျခာက္ေနခဲ့သည္။ [မင္း ေအာင္ျမင္သ၍ မင္းက သူတို႔ကို ေခၚသြားၿပီး ထြက္သြားႏိုင္ပါတယ္]

[ဒါေပမဲ့ အားလုံးက မင္းေ႐ြးခ်ယ္မႈပါပဲ။ မင္း ကစားဖို႔ ဆႏၵမ႐ွိရင္ အခုခ်က္ခ်င္း လွည့္ထြက္လို႔ရတယ္။ ဒါဆိုလည္း ဒီပိုးမႊားေတြ အားလုံးက ခ်က္ခ်င္း ေသဆုံးလိမ့္မယ္!] အသံလႊင့္မႈက ရပ္သြားသည္။

[အေရခြံခြာျခင္း၊ အူထုတ္ျခင္း၊ လင္ခ်ီ (ေထာင္ေပါင္းမ်ားစြာ ဓားနဲ႔ျဖတ္သတ္ျခင္း)၊ အျပစ္ေပးမႈငါးမ်ိဳး၊ ဆူပြက္ၿပီး အသက္႐ွင္ျခင္း နဲ႔ ေလာင္ကြၽမ္းၿပီး အသက္႐ွင္ျခင္း...] ဒီစက္ပစၥည္းအသံျဖင့္ အသံလႊင့္သူက ရယ္လိုက္သည္။ [မင္း ဘယ္တစ္ခုကို ႀကိဳက္လဲ?]

“ဝူးဝူးဝူး!!!!”

“အားဝူးဝူး!!”

“အြန္းဝူးဝူး!!!”

ကယ္ၾကပါ!!!

ဝမ္ေတာင္ ရဲ႕ႏႈတ္ခမ္းေတြက ျဖဴေဖြးသြားၿပီး သူ႕ျမင္ကြင္းက ေဝဝါးလာခဲ့သည္။ သူ႕ခႏၶာကိုယ္က လႈပ္ေနခဲ့သည္။ သူ႕ေဘးက နာက်င္ၿပီး တင္းမာစြာ စိုက္ၾကည့္ေနၾကသည့္ လူေတြရဲ႕မ်က္ႏွာအား ၾကည့္လိုက္သည္၊ သူတို႔ႏွာေခါင္းနဲ႔ မ်က္လုံးမွ အရည္ေတြက က်ဆင္းေနၾကသည္။ ဝမ္ေတာင္ ကအသက္႐ွဴသြင္းလိုက္ၿပီး အားနည္းစြာျဖင့္ ေရ႐ြတ္လိုက္သည္။ “အိုေက၊ ငါကစားမယ္!”

[ကစားသမား ဝမ္ေတာင္ ကအျပစ္ေပးျခင္းအား အတည္ျပဳသည့္အတြက္ ဂုဏ္ယူပါတယ္။ ပထမအႀကိမ္က ဆာလဖ်ဴရစ္ အက္စစ္ ေလာင္းခ်ျခင္း ျဖစ္ပါတယ္!] အသံလႊင့္မႈက ထပ္ထြက္လာခဲ့သည္။

[မင္းေ႐ွ႕မွာ၊ ဆာလဖ်ဴရစ္ အက္စစ္ပုလင္းႀကီး ႐ွိပါတယ္] အသံလႊင့္မႈက အ႐ိုးက်ိဳးသင့္ ဆူညံသံေတြအား လ်စ္လ်ဴ႐ႈထားလိုက္သည္။ [မင္းညာလက္ကို စကၠန္႔သုံးဆယ္ အထဲမွာထားလိုက္မယ္ဆိုရင္ ပထမအႀကိမ္က အႏိုင္ရပါမယ္]

ဒါဆို

မင္းဆႏၵ႐ွိလား?

∆‌ေျပာဖို႔‌ေမ့‌ေနလို႔ ဒါက အပိုင္း႐ွည္မဟုတ္ဘူးေနာ္၊ အတိုေလးေတြ၊ Arc လိုမ်ိဳးပဲ၊ ေခါင္းစဥ္တစ္ခုကို ၁၅/၁၆ အဲ့ေလာက္ပဲပါတာ၊ ေနာက္ၿပီး permit လဲရပါၿပီလို႔ ☺️☺️ အစက သြားတာေျပာထားတာ မဆင္မေျပရင္ တင္ထားတာကို ဖ်က္မလိုပဲ အခုေတာ့ ဖ်က္စရာ မလိုေတာ့ဘူး∆

20.8.2021 (Fri)
..........................

Continue Reading

You'll Also Like

112K 22.9K 60
Completed ✔️✔️ (جۆری چیرۆک :-خەیاڵی .... ترسناک ... سەرکێشی ... ئاکشن ... خۆشەویستی ... جەنگان لە پێناو مانەوە لەژیان ..) Mama I'm In love with a cri...
266K 35.1K 131
ဘာသာပြန်သူ - Swae Nyoe Team, ဆုမြတ်လှိုင်
1.1M 234K 168
MinervaLance အရင် acc က ဝင်မရလို့ အခု Acc အသစ်မှာ အဆက်ကို ဆက်တင်ပေးနေတာပါ။ ပထမအုပ်ကို My Works Reading List ထဲမှာ ရှာလို့ရပါတယ်။ ဟုတ်ကဲ့... အရင်က Mi...
42.7K 4.9K 36
//// 𝑬𝑽𝑬𝑵 𝑰𝑭 𝑰 𝑫𝑰𝑬 𝑰𝑻'𝑺 𝑶𝑵𝑳𝒀 𝒀𝑶𝑼 //// 𝚃𝚑𝚒𝚜 𝚒𝚜 𝚏𝚛𝚘𝚖 𝚖𝚢 𝚘𝚠𝚗 𝚒𝚖𝚊𝚐𝚒𝚗𝚊𝚝𝚒𝚘𝚗. 𝚃𝚑𝚒𝚜 𝚒𝚜 𝚓𝚞𝚜𝚝 𝚊 𝚏𝚊𝚗...