Unicode
ရှောင်ချန်း ကသက်ပြင်းချလိုက်ပြီး လူအုပ်အား ဖြတ်သွားကာ တံခါးဆီ သွားလိုက်သည်။
ဘယ်သူကမှ သူ့ကို မတားဆီးပဲ အဲ့လိုလုပ်တဲ့သူလည်း ဘယ်သူမှ ရှိမနေပေ။
ငြိမ်သက်အေးချမ်းသည့် ညတွင် ဘော့စတွန်နွယ်ပင်က စိတ်အားထက်သန်စွာဖြင့် နံရံပေါ်တွင် ကြီးထွားနေရင်း ဒါကို ဘယ်သူမှ သတိမပြုမိရင်, ဒါက ဘာအသံမှ မထွက်ဘူးလို့ ထင်ကြလိမ့်မယ်။ သို့သော် ဒါက အဝါ-အစိမ်း အရောင်မဟုတ်ပေမဲ့ အနက်နဲ့ ခရမ်းရောင် ဘယ်ရီအရောင်နဲ့ ပိုတူနေသည်။ ဒါက ညအမှောင်ထဲတွင် မြုတ်နေတာကြောင့် လူတိုင်းက ရှင်းလင်းစွာ မမြင်နိုင်ပေ။
စာကြည့်တိုက် တစ်ဆောင်လုံးက ဘော့စတွန်နွယ်ပင်တွေနဲ့ ဖုံးအုပ်နေသည်။ ဒါတွေက ပြတင်းပေါက်အား ဖြတ်သွားပြီး အခန်းထဲကို ကျူးကျော်ဝင်ရောက်လာခဲ့သည်။ ဒါက အရမ်းကြီးတော့ ကြောက်စရာ ကောင်းမနေပေ။
တစ်ချိန်တည်းတွင် တစ်ကျောင်းလုံးအား မြူတွေဆိုင်းသွားခဲ့သည်။
ရှောင်ချန်း ကစာကြည့်တိုက် အဆောင်ရဲ့ အဓိကဂိတ်ဆီ ဦးတည်းသွားနေခဲ့သည်။ အံ့ဩစရာကောင်းစွာပင် သူ့လျှောက်လာရင်း ဘာမီးအားပေးစက်မှ မရှိပဲနဲ့ အဆောက်အဦးတွင် လင်းလာခဲ့ပြီး သူ့ဘာသာ အလုပ်လုပ်နေခဲ့သည်။ အခြေခံအားဖြင့် သူသွားသည့် နေရာတိုင်း အလိုလျောက်ပင် မီးတွေလင်းလာခဲ့သည်။ သူထွက်သွားသည်နှင့် ထိုနေရာက လုံးဝကို မဲမှောင်သွားပြီး မီးပိတ်သွားသလို အသံကိုသာ ကြားရသည်။
ရှောင်ချန်း ကသူ့နှုတ်ခမ်းကို စေ့လိုက်သည်။
တကယ်တော့ သူ့နှလုံးသားတွင် အဖြေရှိနေခဲ့သည်။
သူ့ခြေထောက်အောက်မှ အရိပ်က နှစ်ခုကွဲနေသည်။ အရိပ်အသစ်က တဖြည်းဖြည်းဖြင့် ပုံစံဖြစ်တည်လာပြီး ခန္ဓာကိုယ်နဲ့ မျက်နှာအသွင်အပြင်မျိုး ဖြစ်လာခဲ့သည်။
ရှောင်ချန်း ကခေါင်းငုံ့လိုက်ပြီး အနက်ရောင် အရိပ်က သူ့ခါးအား ပွေ့ဖက်ထားတာကို မြင်နေရသည်။ စိတ်အားနည်းသည့် တစ်စုံတစ်ယောက်သာဆိုရင် သူတို့က လုံးဝကို ကြောက်လန့်သွားလိမ့်မည်။
ရှောင်ချန်း ကအနက်ရောင် အရိပ်ဆီကို လှည့်ကြည့်လိုက်သည်။ ပတ်လည်မှ အလင်းရောင်က လင်းနေတာကြောင့် တစ်ဖက်လူရဲ့ အသွင်အပြင်ကို ရှင်းလင်းစွာ မြင်နေရသည်။
အရိပ်ရဲ့ မျက်နှာအသွင်အပြင်က သဘာဝကျစွာဖြင့် ရှုထောင့်သုံးမျိုး ဖြစ်နေပေမဲ့ သူ့ရှေ့တွင် မြူအလွှာပါးက ရှိနေကာ ဘာကိုမှအသေးစိတ် မှတ်မိဖို့ကို ခွင့်မပြုကြောင်း ရှောင်ချန်း ခံစားမိသည်။
“မင်း” သူက တိုက်ရိုက်ပင် အရိပ်ရဲ့မျက်နှာကို ထိတွေ့လိုက်ပြီး လေးနက်စွာဖြင့် လေ့လာနေခဲ့သည်။ သူတစ်ခုခုကို ထိမိမှန်း ခံစားနိုင်ပေမဲ့ ဘာအပူချိန်မှ ရှိမနေပေ။
အနက်ရောင်အရိပ်က ဘာမှမပြောပဲ ရှောင်ချန်း ရဲ့လက်က သူ့မျက်နှာတွင် အပေါ်အောက် လှုပ်ရှားနေဖို့ ခွင့်ပြုနေခဲ့သည်။
“မင်းက ရှုရှန်း၊ ဟုတ်တယ်မလား?” ရှောင်ချန်း ရဲ့အသံက ပုံမှန်ဖြစ်နေပေမဲ့ အသေးစိတ် အာရုံစိုက်ကြည့်ရင် ဖော်ပြဖို့ခက်ခဲ့သည့် တင်းအားမျိုးက ရှိနေသည်။
ရှောင်ချန်း ရဲ့မျက်လုံးအား ကာထားသည့် မြူငွေ့တွေက ပျောက်ပျက်သွားပြီး အရိပ်ရဲ့မူလ အသွင်အပြင်က လေထုတွင် ပေါက်ကွဲသွားခဲ့သည်။
“အင်း”
တစ်ဖက်လူက တည့်တိုးကြီး ဖြေလာမယ်လို့ ရှောင်ချန်း မထင်ထားခဲ့ပေ။ သူက ထိုနေရာတွင်သာ ဗလာဖြစ်စွာ တည်ရှိနေပြီး သူ့လက်တွေက ဘေးဘက်ရှိ အရိပ်မျက်နှာမှ ချော်ကျသွားခဲ့သည်။
ဘာအသံမှ မထွက်ပဲ နှစ်ယောက်သားက အရူးလိုမျိုး စကားတစ်လုံးမှ မပြောကြပဲ ရပ်နေခဲ့ကြသည်။
ရှောင်ချန်း ကဘာပြောရမှန်း မသိပဲ၊ ရှုရှန်း ကတော့ တစ်ဖက်လူက ဘာပြောမလဲဆိုတာကို စောင့်နေခဲ့သည်။
“ငါတောင်းပန်ပါတယ်” ရှောင်ချန်း ကတောင့်တင်းစွာဖြင့် ပါးစပ်ကို ဖွင့်လိုက်ပြီး ခေါင်းငုံ့လိုက်သည်။ သူ့လက်ချောင်းတွေက ရှုရှန်း ရဲ့ပုခုံးအား တင်းကြပ်စွာ ဆုတ်ထားခဲ့သည်။
ဒါက သူ့ကြောင့်သာ မဟုတ်ရင် ရှုရှန်း ကသေဆုံးမှာ မဟုတ်ပေ။
အရိပ်က ရှောင်ချန်း ရဲ့ခါးအား လျော့ရဲစွာ ဆွဲလိုက်ပြီး နူးညံ့စွာဖက်လိုက်သည်။ သူ့လက်ဖဝါးတွေက ကိုင်ထားရင်း တဖြည်းဖြည်းနဲ့ တစ်ဝက်ဒူးထောက်ချသည့် ပုံစံဖြင့် သူ့ခေါင်းက ရှောင်ချန်း ရဲ့ဗိုက်တွင် မှီနေခဲ့သည်။
ဒါက နတ်ဘုရားအား ရိုသေလေးစာမှုကို ပြသနေတာနဲ့ တူနေသည်။
ရှောင်ချန်း ကသူ့ဆီမှ တီးတိုးစကားသံကို ကြားလိုက်ရသည်။
“ဒီကမ္ဘာကြီးမှာ၊ စီနီယာကသာ ကျွန်တော့်ကို တောင်းပန်ပါတယ်လို့ မပြောသင့်တဲ့ လူတစ်ယောက်ပဲ”
စီနီယာက ကျွန်တော်ရဲ့ နားခိုရာလေးပဲ။
-
ဂွမ်ရှုဟန် ကတည်ငြိမ်နေပြီး ချက်ချင်းပင် ရန်ကျဲ ရဲ့ခန္ဓာကိုယ်အား ကြည့်လိုက်သည်။
သူမတွင် ရဲရင့်နေသည့် အကြံတွေရှိနေသည်။ လူတိုင်းသေဆုံးသွားရင် ဇာတ်လမ်းက ပြီးဆုံးသွားပြီ ဖြစ်တာကြောင့် ဒါတွေဖြစ်ပျက်ပြီးသွားရင် သူမက အိမ်ကို ပြန်နိုင်မယ်လို့ ဆိုလိုတာမလား?
လူတိုင်းက သူမဘေးတွင်တွင် ခံစားချက်မဲ့စွာဖြင့် ထိုင်နေခဲ့ကြသည်။ သူတို့က မျက်လုံးချင်းတောင် မစုံရဲကြပေ။ သူတို့က သူတို့ဘာသာ ထိုးဆိတ်ပြီးတော့တောင် နိုးနေဖို့ လုပ်နေနိုင်သည်။
ထို့နောက် ညအချိန်အတွင်း လုံခြုံမှုမရှိပေ။
ဂွမ်ရှုဟန် ကဓားလေးကို ထုတ်လိုက်ပြီး သေချာစွာ ဆုပ်ထားခဲ့သည်။
သူမ မသေချင်ပေ၊ သူမ မသေနိုင်ဘူး။
သို့သော် စာကြည့်တိုက်မှ သူမနဲ့ ဆန့်ကျင်ဘက်တွင် ထိုင်နေသည့် ဆံပင်အခွေနဲ့ ကောင်မလေးက သူမအား အရင်ဆုံး တွေ့သွားခဲ့ပြီး မျက်တောင်မခတ်ပဲ သူမအား စိုက်ကြည့်နေခဲ့သည်။ မိန်းကလေးက သုံးမိနစ်လုံး ပုံစံတစ်မျိုးတည်းဖြင့်သာ ရှိနေခဲ့သည်။
အလင်းဖျော့လေးက ရောက်လာခဲ့သည်။ ဆံပင်အခွေနဲ့ ကောင်မလေးရဲ့ သူငယ်အိမ်က သွေးနီရောင် ဖြစ်လာခဲ့ပြီး သူမနှုတ်ခမ်းထောင့်က ကွေးတက်သွားကာ စူးရှသည့် အစွယ်တွေက ပေါ်လာခဲ့သည်။ ဒါက ဆန့်ကျင့်ဘက်လူအား အမဲလိုက်ဖို့ စောင့်နေသည့် ဗန်ပိုင်းယားလိုမျိုး ဖြစ်နေသည်။
သူမအကြည့်က ဂွမ်ရှုဟန် ဆီမှအပူချိန် ပျောက်ဆုံးနေပြီဖြစ်သည့် ရန်ကျဲ ခန္ဓာကိုယ်အား ကြည့်လိုက်သည်။
သူမက ပြင်းထန်စွာ အသက်ရှူသွင်းလိုက်ပြီး သူမလျှာဖြင့် သွားတွေကို သပ်လိုက်သည်။ သူမက မမျှော်လင့်စွာဖြင့် စွဲမက်စေရင်း မောဟိုက်လာခဲ့သည်။
ဆံပင်အခွေနဲ့ ကောင်မလေးရဲ့ ရုတ်ချင်း အပြုအမူကြောင့် ကောင်မလေး တစ်ယောက်က ထိတ်လန့်သွားပြီး မထိန်းချုပ်နိုင်ပဲ နံရံဆီသို့ နောက်ဆုတ်ကာ အပြေးသွားလိုက်သည်။ ဒီတိကျသည့် အပြုအမူကြောင့် ဆံပင်အခွေနဲ့ ကောင်မလေး၊ ကျုံပင် ကတည်ငြိမ်စွာဖြင့် သူမခေါင်းကို မော့လိုက်ပြီး စောင်းလိုက်တာကြောင့် သူမဆံပင်အခွေတွေက အနောက်ဘက်ကို ရောက်သွားသည်။
သူမမျက်လုံးတွေက လုံးဝကိုပြသနေခဲ့သည်။ ကောင်မလေးက ဘာမှမလုပ်နိုင်ခင် သူမပုခုံးတွေအား ကျုံပင် ကကြမ်းတမ်းစွာ ကိုက်ချလိုက်သည်။
“အားးး!” သူမအော်သံက အနားမှလူတွေကို ထိတ်လန့်သွားစေသည်။
“ငါ့ကို ကယ်ပါ၊ ကယ်ကြပါ!! မြန်မြန် ကယ်ပေးကြပါ!!" ကောင်မလေးက သူမလက်တွေ၊ ခြေထောက်တွေကို အသုံးချပြီး ကျုံပင် အားဖယ်ရှားပြီး တစ်ဖက်လူရဲ့ ဆံပင်ကို ဆွဲလိုက်သည်။ သို့သော် ကျုံပင် ကအသိစိတ် ပျောက်ဆုံးနေသလို ဖြစ်နေပြီး ကောင်မလေးရဲ့ လက်ဆတ်သည့် သွေးကိုသာ ပျော်ရွှင်စွာ ဆက်စုတ်နေခဲ့သည်။ ရုန်းကန်နေသည့် လက်တွေက သူမအစားကို နှောင့်ယှက်ပြီး သူမကို စိတ်ဒုက္ခပေးနေတာကြောင့် ကျုံပင် ကတိုက်ရိုက်ပင် သူမအားတားဆီးဖို့အတွက် ကောင်မလေးရဲ့ လည်ပင်းအား ဖမ်းကိုင်လိုက်သည်။
ဖြစ်နိုင်တာက သူမက အားအရမ်းသုံးမိသွားတာကြောင့် တစ်ဖက်လူက တကယ့်ကို အသက်ရှူ ရပ်သွားခဲ့သည်။
သို့သော် ကျုံပင် ကအတော်လေးကို ပျော်ရွှင်နေပြီး ဆက်စားသောက်နေခဲ့သည်။ သူမရဲ့ သွေးစုတ်နှုန်းက ကြောက်စရာ ကောင်းလှသည်။
အမွှေးတိုင် တစ်တိုင်စာအတွင်း မိန်းကလေးက လူတိုင်းရဲ့အကြည့်အောက်မှာပင် ခြောက်သွေ့နေသည့် အလောင်းကောင် ဖြစ်သွားခဲ့သည်။
ထို့နောက် ကျုံပင် ကခန္ဓာကိုယ်အား အဝေးကို ပစ်လွှတ်လိုက်ပြီး သူမဗိုက်အား ပွတ်သပ်လိုက်သည်။
ဗိုက်ဆာနေတုန်းပဲ...
သူမက ခေါင်းကိုမော့လိုက်ပြီး စာကြည့်တိုက်ထဲက လူတွေအား လောဘကြီးစွာဖြင့် ကြည့်နေခဲ့သည်။
“အား!!”
“ငါတို့အသက်ကို ကယ်ပေးကြပါ!”
“အားး!!”
-
ရှုရှန်း ရဲ့မျက်လုံးတွေက ရုတ်တရက် ပွင့်သွားခဲ့သည်။ သူ့လက်ထဲတွင် အိပ်ပျော်နေသည့် ရှောင်ချန်း ကရှိနေသည်။
ထို့နောက် သူတို့ပတ်ဝန်းကျင်က စတင်ပြောင်းလဲလာပြီး အစက စာသင်ခန်းမှ အိပ်ခန်းဖြစ်သွားခဲ့သည်။ ရှောင်ချန်း နိုးလာရင် သူ့ကိုယ်ပိုင် အိပ်ခန်းကိုသာ ရှာတွေ့လိမ့်မည်။
ရှုရှန်း ကဂရုတစိုက်ဖြင့် စောင်ခြုံပေးလိုက်ကာ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း မတည်ငြိမ်တော့ပဲ အနက်ရောင်မြူအဖြစ် ပြောင်းလဲသွားခဲ့သည်။ လူသားအသွင်အပြင်သာ ကျန်နေခဲ့သည်။
“ငါးယောက်မြောက်” ရှုရှန်း ကသူဘာခံစားမိမှန်း မသိပဲ သူ့နှုတ်ခမ်းက စကားသံက ထွက်လာခဲ့သည်။
နတ်ဘုရား ရဲ့မုန်းတီးတဲ့အရာ ၇ မျိုးရှိတယ်လို့ ဘီဘယ် ကပြောတယ်။ ‘မောက်မာသည့်မျက်လုံးတွေ၊ လိမ်ညာသည့်လျှာဖျား၊ အပြစ်ကင်းတဲ့ သွေးစွန်းနေသည့်လက်တွေ၊ လှည့်စားမှု အကြံစည်တွေနဲ့ ပြည့်နေသည့် နှလုံးသား၊ နတ်ဆိုးအဖြစ် အလျင်အမြန် ရောက်နိုင်တဲ့ ခြေထောက်တွေ၊ အမှားလေး တစ်ခုကြောင့် ထုတ်ပြောနိုင်သည့် အလိမ်အညာတွေနဲ့ လူ့အဖွဲ့အစည်းကို ပြောင်းလဲစေဖို့ လှုံ့ဆော်တဲ့လူ’
နောက်ပြီး ၁၃ ရာစု ဘာသာရေးတည်ထောင်သူ ဘုန်းကြီး စိန့်သော်မတ်အကွေ့နာ ကမကောင်းမှု ၇ မျိုးအား ကိုးကားပြောခဲ့တယ်။ ‘မာနာကြီးခြင်း၊ မနာလိုခြင်း၊ အမျက်ဒေါသထွက်ခြင်း၊ ပျင်းရိခြင်း၊ လောဘကြီးခြင်း၊ အစားကျူးခြင်းနဲ့ တဏှာ’
ပိုင်ချောင်ချောင် ရဲ့မာနကြီးမှုနဲ့ အမှန်တရားကို မလေ့လာပဲ မုန်းတီးမှုက ရှုရှန်း ကိုပျက်ဆီးစေခဲ့သည်၊ လွေ့ချွန်းမင် ရဲ့ပျင်းရိခြင်းက သူ့ကျောင်းသားရဲ့ အနိုင်ကျင့်ခံရမှုကို လျစ်လျူရှုခဲ့ပြီး ရန်ကျဲ ရဲ့မနာလိုမှုက ရှုရှန်း ကိုချောက်ကမ်းပါးဆီ တွန်းချခဲ့သည်။
လူတိုင်းက ၇ မျိုးသော အပြစ်တွေကို ကျူးလွန်းခဲ့ကြတယ်!
“အစားကျူးမှုက စတင်ပြီး မီးခိုးငွေ့ဖြစ်လာခဲ့ပြီ” ရှုရှန်း ရဲ့နှုတ်ခမ်းက ကွေးသွားခဲ့သည်။
အိမ်မက်ဆိုးကလည်း စတင်လာခဲ့သည်။
စားသောက်ခြင်း ပွဲတော်က မကောင်းသည့် စိတ်ဆန္ဒတွေနဲ့ ပြန်စားသောက်လိမ့်မယ်။
13.8.2021 (Fri)
.........................
Zawgyi
ေ႐ွာင္ခ်န္း ကသက္ျပင္းခ်လိုက္ၿပီး လူအုပ္အား ျဖတ္သြားကာ တံခါးဆီ သြားလိုက္သည္။
ဘယ္သူကမွ သူ႕ကို မတားဆီးပဲ အဲ့လိုလုပ္တဲ့သူလည္း ဘယ္သူမွ ႐ွိမေနေပ။
ၿငိမ္သက္ေအးခ်မ္းသည့္ ညတြင္ ေဘာ့စတြန္ႏြယ္ပင္က စိတ္အားထက္သန္စြာျဖင့္ နံရံေပၚတြင္ ႀကီးထြားေနရင္း ဒါကို ဘယ္သူမွ သတိမျပဳမိရင္, ဒါက ဘာအသံမွ မထြက္ဘူးလို႔ ထင္ၾကလိမ့္မယ္။ သို႔ေသာ္ ဒါက အဝါ-အစိမ္း အေရာင္မဟုတ္ေပမဲ့ အနက္နဲ႔ ခရမ္းေရာင္ ဘယ္ရီအေရာင္နဲ႔ ပိုတူေနသည္။ ဒါက ညအေမွာင္ထဲတြင္ ျမဳတ္ေနတာေၾကာင့္ လူတိုင္းက ႐ွင္းလင္းစြာ မျမင္ႏိုင္ေပ။
စာၾကည့္တိုက္ တစ္ေဆာင္လုံးက ေဘာ့စတြန္ႏြယ္ပင္ေတြနဲ႔ ဖုံးအုပ္ေနသည္။ ဒါေတြက ျပတင္းေပါက္အား ျဖတ္သြားၿပီး အခန္းထဲကို က်ဴးေက်ာ္ဝင္ေရာက္လာခဲ့သည္။ ဒါက အရမ္းႀကီးေတာ့ ေၾကာက္စရာ ေကာင္းမေနေပ။
တစ္ခ်ိန္တည္းတြင္ တစ္ေက်ာင္းလုံးအား ျမဴေတြဆိုင္းသြားခဲ့သည္။
ေ႐ွာင္ခ်န္း ကစာၾကည့္တိုက္ အေဆာင္ရဲ႕ အဓိကဂိတ္ဆီ ဦးတည္းသြားေနခဲ့သည္။ အံ့ဩစရာေကာင္းစြာပင္ သူ႕ေလွ်ာက္လာရင္း ဘာမီးအားေပးစက္မွ မ႐ွိပဲနဲ႔ အေဆာက္အဦးတြင္ လင္းလာခဲ့ၿပီး သူ႕ဘာသာ အလုပ္လုပ္ေနခဲ့သည္။ အေျခခံအားျဖင့္ သူသြားသည့္ ေနရာတိုင္း အလိုေလ်ာက္ပင္ မီးေတြလင္းလာခဲ့သည္။ သူထြက္သြားသည္ႏွင့္ ထိုေနရာက လုံးဝကို မဲေမွာင္သြားၿပီး မီးပိတ္သြားသလို အသံကိုသာ ၾကားရသည္။
ေ႐ွာင္ခ်န္း ကသူ႕ႏႈတ္ခမ္းကို ေစ့လိုက္သည္။
တကယ္ေတာ့ သူ႕ႏွလုံးသားတြင္ အေျဖ႐ွိေနခဲ့သည္။
သူ႕ေျခေထာက္ေအာက္မွ အရိပ္က ႏွစ္ခုကြဲေနသည္။ အရိပ္အသစ္က တျဖည္းျဖည္းျဖင့္ ပုံစံျဖစ္တည္လာၿပီး ခႏၶာကိုယ္နဲ႔ မ်က္ႏွာအသြင္အျပင္မ်ိဳး ျဖစ္လာခဲ့သည္။
ေ႐ွာင္ခ်န္း ကေခါင္းငုံ႔လိုက္ၿပီး အနက္ေရာင္ အရိပ္က သူ႕ခါးအား ေပြ႕ဖက္ထားတာကို ျမင္ေနရသည္။ စိတ္အားနည္းသည့္ တစ္စုံတစ္ေယာက္သာဆိုရင္ သူတို႔က လုံးဝကို ေၾကာက္လန္႔သြားလိမ့္မည္။
ေ႐ွာင္ခ်န္း ကအနက္ေရာင္ အရိပ္ဆီကို လွည့္ၾကည့္လိုက္သည္။ ပတ္လည္မွ အလင္းေရာင္က လင္းေနတာေၾကာင့္ တစ္ဖက္လူရဲ႕ အသြင္အျပင္ကို ႐ွင္းလင္းစြာ ျမင္ေနရသည္။
အရိပ္ရဲ႕ မ်က္ႏွာအသြင္အျပင္က သဘာဝက်စြာျဖင့္ ႐ႈေထာင့္သုံးမ်ိဳး ျဖစ္ေနေပမဲ့ သူ႕ေ႐ွ႕တြင္ ျမဴအလႊာပါးက ႐ွိေနကာ ဘာကိုမွအေသးစိတ္ မွတ္မိဖို႔ကို ခြင့္မျပဳေၾကာင္း ေ႐ွာင္ခ်န္း ခံစားမိသည္။
“မင္း” သူက တိုက္႐ိုက္ပင္ အရိပ္ရဲ႕မ်က္ႏွာကို ထိေတြ႕လိုက္ၿပီး ေလးနက္စြာျဖင့္ ေလ့လာေနခဲ့သည္။ သူတစ္ခုခုကို ထိမိမွန္း ခံစားႏိုင္ေပမဲ့ ဘာအပူခ်ိန္မွ ႐ွိမေနေပ။
အနက္ေရာင္အရိပ္က ဘာမွမေျပာပဲ ေ႐ွာင္ခ်န္း ရဲ႕လက္က သူ႕မ်က္ႏွာတြင္ အေပၚေအာက္ လႈပ္႐ွားေနဖို႔ ခြင့္ျပဳေနခဲ့သည္။
“မင္းက ႐ႈ႐ွန္း၊ ဟုတ္တယ္မလား?” ေ႐ွာင္ခ်န္း ရဲ႕အသံက ပုံမွန္ျဖစ္ေနေပမဲ့ အေသးစိတ္ အာ႐ုံစိုက္ၾကည့္ရင္ ေဖာ္ျပဖို႔ခက္ခဲ့သည့္ တင္းအားမ်ိဳးက ႐ွိေနသည္။
ေ႐ွာင္ခ်န္း ရဲ႕မ်က္လုံးအား ကာထားသည့္ ျမဴေငြ႕ေတြက ေပ်ာက္ပ်က္သြားၿပီး အရိပ္ရဲ႕မူလ အသြင္အျပင္က ေလထုတြင္ ေပါက္ကြဲသြားခဲ့သည္။
“အင္း”
တစ္ဖက္လူက တည့္တိုးႀကီး ေျဖလာမယ္လို႔ ေ႐ွာင္ခ်န္း မထင္ထားခဲ့ေပ။ သူက ထိုေနရာတြင္သာ ဗလာျဖစ္စြာ တည္႐ွိေနၿပီး သူ႕လက္ေတြက ေဘးဘက္႐ွိ အရိပ္မ်က္ႏွာမွ ေခ်ာ္က်သြားခဲ့သည္။
ဘာအသံမွ မထြက္ပဲ ႏွစ္ေယာက္သားက အ႐ူးလိုမ်ိဳး စကားတစ္လုံးမွ မေျပာၾကပဲ ရပ္ေနခဲ့ၾကသည္။
ေ႐ွာင္ခ်န္း ကဘာေျပာရမွန္း မသိပဲ၊ ႐ႈ႐ွန္း ကေတာ့ တစ္ဖက္လူက ဘာေျပာမလဲဆိုတာကို ေစာင့္ေနခဲ့သည္။
“ငါေတာင္းပန္ပါတယ္” ေ႐ွာင္ခ်န္း ကေတာင့္တင္းစြာျဖင့္ ပါးစပ္ကို ဖြင့္လိုက္ၿပီး ေခါင္းငုံ႔လိုက္သည္။ သူ႕လက္ေခ်ာင္းေတြက ႐ႈ႐ွန္း ရဲ႕ပုခုံးအား တင္းၾကပ္စြာ ဆုတ္ထားခဲ့သည္။
ဒါက သူ႕ေၾကာင့္သာ မဟုတ္ရင္ ႐ႈ႐ွန္း ကေသဆုံးမွာ မဟုတ္ေပ။
အရိပ္က ေ႐ွာင္ခ်န္း ရဲ႕ခါးအား ေလ်ာ့ရဲစြာ ဆြဲလိုက္ၿပီး ႏူးညံ့စြာဖက္လိုက္သည္။ သူ႕လက္ဖဝါးေတြက ကိုင္ထားရင္း တျဖည္းျဖည္းနဲ႔ တစ္ဝက္ဒူးေထာက္ခ်သည့္ ပုံစံျဖင့္ သူ႕ေခါင္းက ေ႐ွာင္ခ်န္း ရဲ႕ဗိုက္တြင္ မွီေနခဲ့သည္။
ဒါက နတ္ဘုရားအား ႐ိုေသေလးစာမႈကို ျပသေနတာနဲ႔ တူေနသည္။
ေ႐ွာင္ခ်န္း ကသူ႕ဆီမွ တီးတိုးစကားသံကို ၾကားလိုက္ရသည္။
“ဒီကမ႓ာႀကီးမွာ၊ စီနီယာကသာ ကြၽန္ေတာ့္ကို ေတာင္းပန္ပါတယ္လို႔ မေျပာသင့္တဲ့ လူတစ္ေယာက္ပဲ”
စီနီယာက ကြၽန္ေတာ္ရဲ႕ နားခိုရာေလးပဲ။
-
ဂြမ္႐ႈဟန္ ကတည္ၿငိမ္ေနၿပီး ခ်က္ခ်င္းပင္ ရန္က်ဲ ရဲ႕ခႏၶာကိုယ္အား ၾကည့္လိုက္သည္။
သူမတြင္ ရဲရင့္ေနသည့္ အၾကံေတြ႐ွိေနသည္။ လူတိုင္းေသဆုံးသြားရင္ ဇာတ္လမ္းက ၿပီးဆုံးသြားၿပီ ျဖစ္တာေၾကာင့္ ဒါေတြျဖစ္ပ်က္ၿပီးသြားရင္ သူမက အိမ္ကို ျပန္ႏိုင္မယ္လို႔ ဆိုလိုတာမလား?
လူတိုင္းက သူမေဘးတြင္တြင္ ခံစားခ်က္မဲ့စြာျဖင့္ ထိုင္ေနခဲ့ၾကသည္။ သူတို႔က မ်က္လုံးခ်င္းေတာင္ မစုံရဲၾကေပ။ သူတို႔က သူတို႔ဘာသာ ထိုးဆိတ္ၿပီးေတာ့ေတာင္ ႏိုးေနဖို႔ လုပ္ေနႏိုင္သည္။
ထို႔ေနာက္ ညအခ်ိန္အတြင္း လုံျခဳံမႈမ႐ွိေပ။
ဂြမ္႐ႈဟန္ ကဓားေလးကို ထုတ္လိုက္ၿပီး ေသခ်ာစြာ ဆုပ္ထားခဲ့သည္။
သူမ မေသခ်င္ေပ၊ သူမ မေသႏိုင္ဘူး။
သို႔ေသာ္ စာၾကည့္တိုက္မွ သူမနဲ႔ ဆန္႔က်င္ဘက္တြင္ ထိုင္ေနသည့္ ဆံပင္အေခြနဲ႔ ေကာင္မေလးက သူမအား အရင္ဆုံး ေတြ႕သြားခဲ့ၿပီး မ်က္ေတာင္မခတ္ပဲ သူမအား စိုက္ၾကည့္ေနခဲ့သည္။ မိန္းကေလးက သုံးမိနစ္လုံး ပုံစံတစ္မ်ိဳးတည္းျဖင့္သာ ႐ွိေနခဲ့သည္။
အလင္းေဖ်ာ့ေလးက ေရာက္လာခဲ့သည္။ ဆံပင္အေခြနဲ႔ ေကာင္မေလးရဲ႕ သူငယ္အိမ္က ေသြးနီေရာင္ ျဖစ္လာခဲ့ၿပီး သူမႏႈတ္ခမ္းေထာင့္က ေကြးတက္သြားကာ စူး႐ွသည့္ အစြယ္ေတြက ေပၚလာခဲ့သည္။ ဒါက ဆန္႔က်င့္ဘက္လူအား အမဲလိုက္ဖို႔ ေစာင့္ေနသည့္ ဗန္ပိုင္းယားလိုမ်ိဳး ျဖစ္ေနသည္။
သူမအၾကည့္က ဂြမ္႐ႈဟန္ ဆီမွအပူခ်ိန္ ေပ်ာက္ဆုံးေနၿပီျဖစ္သည့္ ရန္က်ဲ ခႏၶာကိုယ္အား ၾကည့္လိုက္သည္။
သူမက ျပင္းထန္စြာ အသက္႐ွဴသြင္းလိုက္ၿပီး သူမလွ်ာျဖင့္ သြားေတြကို သပ္လိုက္သည္။ သူမက မေမွ်ာ္လင့္စြာျဖင့္ စြဲမက္ေစရင္း ေမာဟိုက္လာခဲ့သည္။
ဆံပင္အေခြနဲ႔ ေကာင္မေလးရဲ႕ ႐ုတ္ခ်င္း အျပဳအမူေၾကာင့္ ေကာင္မေလး တစ္ေယာက္က ထိတ္လန္႔သြားၿပီး မထိန္းခ်ဳပ္ႏိုင္ပဲ နံရံဆီသို႔ ေနာက္ဆုတ္ကာ အေျပးသြားလိုက္သည္။ ဒီတိက်သည့္ အျပဳအမူေၾကာင့္ ဆံပင္အေခြနဲ႔ ေကာင္မေလး၊ က်ံဳပင္ ကတည္ၿငိမ္စြာျဖင့္ သူမေခါင္းကို ေမာ့လိုက္ၿပီး ေစာင္းလိုက္တာေၾကာင့္ သူမဆံပင္အေခြေတြက အေနာက္ဘက္ကို ေရာက္သြားသည္။
သူမမ်က္လုံးေတြက လုံးဝကိုျပသေနခဲ့သည္။ ေကာင္မေလးက ဘာမွမလုပ္ႏိုင္ခင္ သူမပုခုံးေတြအား က်ံဳပင္ ကၾကမ္းတမ္းစြာ ကိုက္ခ်လိုက္သည္။
“အားးး!” သူမေအာ္သံက အနားမွလူေတြကို ထိတ္လန္႔သြားေစသည္။
“ငါ့ကို ကယ္ပါ၊ ကယ္ၾကပါ!! ျမန္ျမန္ ကယ္ေပးၾကပါ!!" ေကာင္မေလးက သူမလက္ေတြ၊ ေျခေထာက္ေတြကို အသုံးခ်ၿပီး က်ံဳပင္ အားဖယ္႐ွားၿပီး တစ္ဖက္လူရဲ႕ ဆံပင္ကို ဆြဲလိုက္သည္။ သို႔ေသာ္ က်ံဳပင္ ကအသိစိတ္ ေပ်ာက္ဆုံးေနသလို ျဖစ္ေနၿပီး ေကာင္မေလးရဲ႕ လက္ဆတ္သည့္ ေသြးကိုသာ ေပ်ာ္႐ႊင္စြာ ဆက္စုတ္ေနခဲ့သည္။ ႐ုန္းကန္ေနသည့္ လက္ေတြက သူမအစားကို ေႏွာင့္ယွက္ၿပီး သူမကို စိတ္ဒုကၡေပးေနတာေၾကာင့္ က်ံဳပင္ ကတိုက္႐ိုက္ပင္ သူမအားတားဆီးဖို႔အတြက္ ေကာင္မေလးရဲ႕ လည္ပင္းအား ဖမ္းကိုင္လိုက္သည္။
ျဖစ္ႏိုင္တာက သူမက အားအရမ္းသုံးမိသြားတာေၾကာင့္ တစ္ဖက္လူက တကယ့္ကို အသက္႐ွဴ ရပ္သြားခဲ့သည္။
သို႔ေသာ္ က်ံဳပင္ ကအေတာ္ေလးကို ေပ်ာ္႐ႊင္ေနၿပီး ဆက္စားေသာက္ေနခဲ့သည္။ သူမရဲ႕ ေသြးစုတ္ႏႈန္းက ေၾကာက္စရာ ေကာင္းလွသည္။
အေမႊးတိုင္ တစ္တိုင္စာအတြင္း မိန္းကေလးက လူတိုင္းရဲ႕အၾကည့္ေအာက္မွာပင္ ေျခာက္ေသြ႕ေနသည့္ အေလာင္းေကာင္ ျဖစ္သြားခဲ့သည္။
ထို႔ေနာက္ က်ံဳပင္ ကခႏၶာကိုယ္အား အေဝးကို ပစ္လႊတ္လိုက္ၿပီး သူမဗိုက္အား ပြတ္သပ္လိုက္သည္။
ဗိုက္ဆာေနတုန္းပဲ...
သူမက ေခါင္းကိုေမာ့လိုက္ၿပီး စာၾကည့္တိုက္ထဲက လူေတြအား ေလာဘႀကီးစြာျဖင့္ ၾကည့္ေနခဲ့သည္။
“အား!!”
“ငါတို႔အသက္ကို ကယ္ေပးၾကပါ!”
“အားး!!”
-
႐ႈ႐ွန္း ရဲ႕မ်က္လုံးေတြက ႐ုတ္တရက္ ပြင့္သြားခဲ့သည္။ သူ႕လက္ထဲတြင္ အိပ္ေပ်ာ္ေနသည့္ ေ႐ွာင္ခ်န္း က႐ွိေနသည္။
ထို႔ေနာက္ သူတို႔ပတ္ဝန္းက်င္က စတင္ေျပာင္းလဲလာၿပီး အစက စာသင္ခန္းမွ အိပ္ခန္းျဖစ္သြားခဲ့သည္။ ေ႐ွာင္ခ်န္း ႏိုးလာရင္ သူ႕ကိုယ္ပိုင္ အိပ္ခန္းကိုသာ ႐ွာေတြ႕လိမ့္မည္။
႐ႈ႐ွန္း ကဂ႐ုတစိုက္ျဖင့္ ေစာင္ျခဳံေပးလိုက္ကာ သူ႕ခႏၶာကိုယ္က တျဖည္းျဖည္း မတည္ၿငိမ္ေတာ့ပဲ အနက္ေရာင္ျမဴအျဖစ္ ေျပာင္းလဲသြားခဲ့သည္။ လူသားအသြင္အျပင္သာ က်န္ေနခဲ့သည္။
“ငါးေယာက္ေျမာက္” ႐ႈ႐ွန္း ကသူဘာခံစားမိမွန္း မသိပဲ သူ႕ႏႈတ္ခမ္းက စကားသံက ထြက္လာခဲ့သည္။
နတ္ဘုရား ရဲ႕မုန္းတီးတဲ့အရာ ၇ မ်ိဳး႐ွိတယ္လို႔ ဘီဘယ္ ကေျပာတယ္။ ‘ေမာက္မာသည့္မ်က္လုံးေတြ၊ လိမ္ညာသည့္လွ်ာဖ်ား၊ အျပစ္ကင္းတဲ႕ ေသြးစြန္းေနသည့္လက္ေတြ၊ လွည့္စားမႈ အၾကံစည္ေတြနဲ႔ ျပည့္ေနသည့္ ႏွလုံးသား၊ နတ္ဆိုးအျဖစ္ အလ်င္အျမန္ ေရာက္ႏိုင္တဲ့ ေျခေထာက္ေတြ၊ အမွားေလး တစ္ခုေၾကာင့္ ထုတ္ေျပာႏိုင္သည့္ အလိမ္အညာေတြနဲ႔ လူ႕အဖြဲ႕အစည္းကို ေျပာင္းလဲေစဖို႔ လႈံ႕ေဆာ္တဲ့လူ’
ေနာက္ၿပီး ၁၃ ရာစု ဘာသာေရးတည္ေထာင္သူ ဘုန္းႀကီး စိန္႔ေသာ္မတ္အေကြ႕နာ ကမေကာင္းမႈ ၇ မ်ိဳးအား ကိုးကားေျပာခဲ့တယ္။ ‘မာနာႀကီးျခင္း၊ မနာလိုျခင္း၊ အမ်က္ေဒါသထြက္ျခင္း၊ ပ်င္းရိျခင္း၊ ေလာဘႀကီးျခင္း၊ အစားက်ဴးျခင္းနဲ႔ တဏွာ’
ပိုင္ေခ်ာင္ေခ်ာင္ ရဲ႕မာနႀကီးမႈနဲ႔ အမွန္တရားကို မေလ့လာပဲ မုန္းတီးမႈက ႐ႈ႐ွန္း ကိုပ်က္ဆီးေစခဲ့သည္၊ ေလြ႕ခြၽန္းမင္ ရဲ႕ပ်င္းရိျခင္းက သူ႕ေက်ာင္းသားရဲ႕ အႏိုင္က်င့္ခံရမႈကို လ်စ္လ်ဴ႐ႈခဲ့ၿပီး ရန္က်ဲ ရဲ႕မနာလိုမႈက ႐ႈ႐ွန္း ကိုေခ်ာက္ကမ္းပါးဆီ တြန္းခ်ခဲ့သည္။
လူတိုင္းက ၇ မ်ိဳးေသာ အျပစ္ေတြကို က်ဴးလြန္းခဲ့ၾကတယ္!
“အစားက်ဴးမႈက စတင္ၿပီး မီးခိုးေငြ႕ျဖစ္လာခဲ့ၿပီ” ႐ႈ႐ွန္း ရဲ႕ႏႈတ္ခမ္းက ေကြးသြားခဲ့သည္။
အိမ္မက္ဆိုးကလည္း စတင္လာခဲ့သည္။
စားေသာက္ျခင္း ပြဲေတာ္က မေကာင္းသည့္ စိတ္ဆႏၵေတြနဲ႔ ျပန္စားေသာက္လိမ့္မယ္။
13.8.2021 (Fri)
.........................