လျှို့ဝှက်ဆန်းပြားလောက〘Uni+Za...

By Kaiyou1111

237K 40.5K 1K

[တစ်ကမ္ဘာလုံးက မင်းကို အနိုင်ကျင့်ကြတယ်၊ မုန်းတီးကြတယ်၊ နောက်ပြီး မင်းကို ခွဲခြားဆက်ဆံကြတယ်၊ ဒါပေမဲ့ မင်းရဲ့က... More

Description
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၂)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၃)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၆)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၇)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၈)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၀)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၁)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၂)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၃)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၆)
သေမင်းတမန် (၁)
သေမင်းတမန် (၂)
သေမင်းတမန် (၃)
သေမင်းတမန် (၄)
သေမင်းတမန် (၅)
သေမင်းတမန် (၆)
သေမင်းတမန် (၇)
သေမင်းတမန် (၈)
သေမင်းတမန် (၉)
သေမင်းတမန် (၁၀)
သေမင်းတမန် (၁၁)
သေမင်းတမန် (၁၂)
သေမင်းတမန် (၁၃)
သေမင်းတမန် (၁၄)
သေမင်းတမန် (၁၅)
လူသားစားမြို့(၁)
လူသားစားမြို့(၂)
လူသားစားမြို့(၃)
လူသားစားမြို့(၄)
လူသားစားမြို့(၅)
လူသားစားမြို့(၆)
လူသားစားမြို့(၇)
လူသားစားမြို့(၈)
လူသားစားမြို့(၉)
လူသားစားမြို့(၁၀)
လူသားစားမြို့(၁၁)
လူသားစားမြို့(၁၂)
လူသားစားမြို့(၁၃)
လူသားစားမြို့(၁၄)
လူသားစားမြို့(၁၅)
လူသားစားမြို့(၁၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၇)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၈)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၉)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၀)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၆)
Not Update!!
Good New (。•̀ᴗ-)✧
Hello (。•̀ᴗ-)✧
လူသတ်ဂိမ်း (၁)
လူသတ်ဂိမ်း (၂)
လူသတ်ဂိမ်း (၃)
လူသတ်ဂိမ်း (၄)
လူသတ်ဂိမ်း (၅)
လူသတ်ဂိမ်း (၆)
လူသတ်ဂိမ်း(၇)
လူသတ်ဂိမ်း (၈)
လူသတ်ဂိမ်း (၉)
လူသတ်ဂိမ်း (၁၀)
လူသတ်ဂိမ်း (၁၁)
လူသတ်ဂိမ်း (၁၂)
တစ္ဆေမျက်လုံး (၁)
တစ္ဆေမျက်လုံး (၂)
တစ္ဆေမျက်လုံး (၃)
တစ္ဆေမျက်လုံး (၄)
တစ္ဆေမျက်လုံး (၅)
တစ္ဆေမျက်လုံး (၆)
တစ္ဆေမျက်လုံး (၇)
တစ္ဆေမျက်လုံး (၈)
တစ္ဆေမျက်လုံး(၉)
တစ္ဆေမျက်လုံး (၁၀)
တစ္ဆေမျက်လုံး (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၂)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၃)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၄)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၅)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၆)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၇)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၈)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၉)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၀)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၂)

သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၉)

3.9K 828 22
By Kaiyou1111

Unicode

ရှောင်ချန်း ကထိတ်လန့်သွားခဲ့သည်။ လက်ညှိုးထိုးသည့် နေရာအား သူကြည့်လိုက်သည်။

ဒါက မြင်ကွင်းအား လုံးဝနီးပါး ဖုံးကွယ်ထားသည့် စာအုပ်စင်နဲ့ ပြတင်းပေါက်နား ဖြစ်သည်။ သူ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပဲ ကိုယ်လုံးသေးသွယ်ကာ ဆံပင်တို ကောင်မလေးကိုသာ ရှာတွေ့သည်။

ဒီအသွင်အပြင်အား စစ်ဆေးလိုက်ပြီး ရှောင်ချန်း ကစိတ်ထဲတွင် ခန့်မှန်းပြီးသား ဖြစ်နေခဲ့သည်။

ဆံပင်တိုနဲ့ ကောင်မလေးရဲ့ မျက်လုံးတွေက လှုပ်ရှားခြင်း မရှိပဲ စာအုပ်တွေအား ပြင်းထန်စွာ လှန်နေပြီး သူမဆံပင်ကိုတောင် စောင့်ဆွဲနေခဲ့သည်။

ရှောင်ချန်း ကတစ်လှမ်းချင်း လျှောက်သွားလိုက်ပြီးနောက် အလင်းဖျော့လေးက တောက်ပနေပြီး မိန်းကလေးရဲ့ မျက်နှာကို တွေ့မြင်နိုင်သည်။ ဒီကောင်မလေးက မိန်းကလေး အုပ်စုမှ ခေါင်းဆောင် ဖြစ်သည်။

ဘာဖြစ်နေတာလဲ?

သူ့နှလုံးခုန်သံက မြန်ဆန်လာပြီး ဒီအခြေအနေအား ပုံမဖော်နိုင်တော့သလို ခံစားလိုက်ရသည်။

ကောင်မလေးကို သူအချိန်အတော်ကြာ မသိခဲ့ပေမဲ့ သူမစိတ်က အတော်လေး တင်းမာတာကို သူပြောနိုင်သည်။ သူမက ကျိုးကြောင်းဆီလျှော်ပြီး ကိုယ်ပိုင်အကြံဉာဏ်တွေ ရှိသည်။ သူမလိုလူက ရှုရှန်း ကိုအနိုင်ကျင့်ခဲ့တယ်ဆိုတာကို ရှောင်ချန်း မယုံကြည်နိုင်ပေ။ သူမက ဘယ်လိုလုပ်ပြီး အပြစ်သား ဖြစ်ရတာလဲ?

သူလမ်းမှားပြီး တွေးနေခဲ့တာလား?

အပြစ်သားက ဘာပြစ်မှုကို ကျူးလွန်ခဲ့တာလဲ?

အရိပ်က သူ့ကို လိမ်ညာနိုင်လား? မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး။ ရှောင်ချန်း ကသူ့အတွေးတွေကို ငြင်းဆန်လိုက်သည်။ အရင်က အကြိမ်များစွာ တစ်ဖက်လူကို စစ်ဆေးခဲ့တာကြောင့် မစ္စတာအရိပ်က သူ့ကို ဒုက္ခမပေးတာကို အသေအချာ ယုံကြည်နိုင်သည်။

ထိုအချိန်တွင် အသံလွှင့်မှုက ဆက်လာခဲ့သည်။ [ဒီနေရာမှာ သူ့ကို လှည့်စားခဲ့တာက မင်းပဲ၊ မှတ်မိလား? ခ်ခ်] ဒီအချိန်တွင် ထုတ်လွှင့်မှုက အရင်က နှစ်ခုနဲ့ လုံးဝမတူပေ။ ဒါက စက်ပစ္စည်းအသံလို အမျိုးသားအသံက ပြောနေပေမဲ့ အခုတော့ ဒါက သာမာန်လူငယ်လေးရဲ့ နတ်ဆိုးဆန်စွာ ပြောနေသည့် အသံမျိုးဖြစ်နေသည်။ ဒီအသံသစ်မှ စကားတစ်လုံးချင်းစီ ထုတ်ပြောနေပြီး ဖြည်းဖြည်းချင်း တိုးသွားခဲ့သည်။ စပီကာက သူတို့နှာခေါင်းနဲ့ ပါးစပ်တွေကို ဖုံးကွယ်ထားသလို ဖြစ်နေသည်။ လူတွေက နားထောင်လိုက်ပြီး ခိုက်ခိုက်တုန်လာခဲ့သည်။

ရှောင်ချန်း ကအရင်က အိမ်မက်ကို ပြန်တွေးလိုက်ပြီး ဒီအသံ...

ဒါက ရှုရှန်း လား?

လူတိုင်းက အသံလွှင့်တာကို ရှင်းရှင်းလင်းလင်း ကြားလိုက်ပြီး သူတို့အားလုံးက တောင့်တင်းနေခဲ့သည်။ ချက်ချင်းပင် စာကြည့်တိုက်က ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။

ရှောင်ချန်း ကဆံပင်တို ကောင်မလေးနဲ့ အရမ်းနီးနေတာကြောင့် စာအုပ်ကိုင်ထားသည့် သူမလက်တွေက တင်းကြပ်သွားပြီး တုန်နေတာ မရပ်နိုင်တာကို သူသတိပြုမိသွားသည်။ မကြာခင် သူမခြေထောက်တွေက မမျှော်လင့်ပဲ ခွေကျသွားပြီး ကြမ်းပြင်တွင် ဒူးထောက်ကျသွားသည်။

“ရန်ကျဲ၊ နင်လား?!” အနီးဆုံးရှိ ဆံပင်အခွေနဲ့ ကောင်မလေးက အစောဆုံး ထ,အော်လိုက်သည်။ သူမက အလျင်အမြန် တုန့်ပြန်ပြီး ဆံပင်တိုနဲ့ ကောင်မလေးဆီ ရွေ့သွားကာ သူမမျက်နှာက ကြမ်းကြုတ်နေသည်။ သူမရဲ့ကြမ်းတမ်းသည့် အသံက တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်အား နှောင့်ယှက်လိုက်သည်။

ရန်ကျဲ ရဲ့အမူအရာက ပြိုလဲသွားခဲ့သည်။ “မဟုတ်ဘူး၊ ငါမဟုတ်ဘူး!”

“နင်မဟုတ်ဘူး? ငါတို့ညီအစ်မတွေထဲမှာ နင်က ရှောင်ချန်း နာမည်ကို အသုံးချပြီး ရှုရှန်း ကိုစာကြည့်တိုက်ဆီ ဆွဲခေါ်ခဲ့တာကို ဘယ်သူက မသိလို့လဲ?” ဆံပင်အခွေနဲ့ ကောင်မလေးက ရှေ့လျှောက်လိုက်ပြီး ရန်ကျဲ ရဲ့ယူနီဖောင်းမှ ကော်လာအား ဆွဲလိုက်သည်။

ရှောင်ချန်း ကထိတ်လန့်သွားခဲ့သည်။

သူတို့ ဘာပြောတာလဲ၊ သူ့နာမည်?

ရန်ကျဲ ကသူမ ကော်လာကို အဆွဲခံရပြီးနောက် ရုန်းကန်လိုက်ကာ ရှောင်ချန်း အားရှက်ရွံ့စွာ ကြည့်လိုက်သည်။

ဆံပင်အခွေနဲ့ ကောင်မလေးက လှောင်ရယ်လိုက်သည်။ “နင်က ဝန်မခံချင်သေးတာလား? စီနီယာရှောင်ချန်း ကိုနင်ချစ်နေတာ မဟုတ်ဘူးလား? ရှုရှန်း ကလည်း စီနီယာရှောင်ချန်း ကိုချစ်နေမှန်း နင်ကြားလိုက်တော့ နင် မထိန်းချုပ်နိုင်တော့ဘူးလေ၊ ဟုတ်တယ်မလား? ပိုင်ချောင်ချောင် က ရှုရှန်း ကိုခေါ်လာဖို့ နင့်ကို ပြောခဲ့တယ်လေ၊ နင်မလုပ်ခဲ့ဘူးလား?”

“ငါမဟုတ်ဘူး၊ ငါမလုပ်ခဲ့ဘူး!” ရန်ကျဲ ကကြမ်းပြင်တွင် ပျော့ခွေစွာ ထိုင်ချလိုက်ရင်း ပြောလိုက်သည်။

“နင်မဟုတ်သေးတုန်းပဲလား? နင်က ရှုရှန်း နဲ့တွေ့ဖို့အတွက် ရှောင်ချန်း ရဲ့နာမည်ကို အသုံးချပြီးတော့ သူ့ကို စာကြည့်တိုက်မှာ အနိုင်ကျင့်ခဲ့တာလေ!” နောက်တော့ ဝမ်တောင် ကလူတွေကို ဦးဆောင်ပြီး ရှုရှန်း အားရေချိုးခန်းကို ဆွဲခေါ်သွားခဲ့ပြီး ဓာတ်ပုံရိုက်ခဲ့သည်။

သို့သော် ဆံပင်အခွေနဲ့ ကောင်မလေးက အဆုံးစာကြောင်းကို ထုတ်မပြောပေ။

“တကယ်ပဲ သူမလား?”

“မဖြစ်နိုင်တာ၊ သူမက တခြားသူတွေ ရှုရှန်း ကိုအနိုင်ကျင့်တာတောင် မမြင်နိုင်တဲ့သူ မဟုတ်ဘူးလား?”

“ဘယ်သူသိမှာလဲ? လူတွေကိုသိတာက မျက်နှာပဲ သိတာလေ၊ နှလုံးသားကိုတော့ မသိနိုင်ဘူး”

ရေရွတ်သံတွေက ထပ်ထွက်လာပြီး လူအနည်းစုက ဝမ်တောင် ရဲ့အမူအရာအား ခိုးကြည့်လိုက်ကြသည်။ ထို့နောက် ရေချိုးခန်းတွင် ရှုရှန်း ကိုအနိုင်ကျင့်ခဲ့တာက သူပဲလေ။

စာကြည့်တိုက်မှ လူတစ်ဝက်လောက်က နောက်တစ်ယောက်က ဝမ်တောင် ဆိုတာကို သေချာပေါက် ပြောနိုင်ကြသည်။

သူတို့ထဲက တချို့ကတော့ လျှို့ဝှက်စွာ သက်ပြင်းချလိုက်ကြသည်။ ကံကောင်းစွာပင် သူတို့က ရှုရှန်း ကိုအနိုင်မကျင့်ခဲ့ပေ။ သို့သော် သူတို့က အေးစက်သည့် မျက်လုံးတွေဖြင့် ရပ်နေခဲ့ပြီး ရှုရှန်း အားသတ်သေစေဖို့ ရွေးချယ်အောင် လုပ်ခဲ့မိတာကို မေ့နေခဲ့ကြသည်။ ရှုရှန်း ကသူတို့ကို ဘယ်လိုလုပ်ပြီး လွှတ်ပေးမှာလဲ?

ဝမ်တောင် ရဲ့မျက်နှာက အတော်လေးကို ရုပ်ဆိုးသွားပေမဲ့ အလျင်အမြန်ပင် ပြောင်းလဲလိုက်သည်။ ဘာရှင်းပြချက်မှ မလုပ်ပဲ သူက ရန်ကျဲ ဆီလျှောက်သွားပြီး သူမလက်မောင်းကို ဆွဲလိုက်ကာ ကျယ်လောင်စွာ အော်လိုက်သည်။ “သူမကို ချည်လိုက်!”

ရန်ကျဲ ရဲ့မျက်လုံးက ပြူးကျယ်သွားခဲ့သည်။ သူမက ဝမ်တောင် ရဲ့လက်ထဲကနေ လွှတ်မြောက်ချင်ပေမဲ့ ဆံပင်အခွေနဲ့ ကောင်မလေးကလည်း ဖမ်းထားခဲ့သည်။ လူတိုင်းက ဒီအခြေအနေကို မြင်လိုက်ချိန်တွင် တွန့်ဆုတ်မှု အနည်းငယ်ဖြင့် ကူညီပေးချင်ကြသည်။

“မလုပ်နဲ့! မလုပ်ပါနဲ့! ငါ့ကိုလွှတ်!” ရန်ကျဲ ကကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူမက ပါးစပ်ကို ဖွင့်လိုက်ပြီး ရူးသွပ်စွာဖြင့် ဝမ်တောင် ရဲ့လက်ကို ကိုက်ချလိုက်သည်။ သူမလက်တွေ၊ ခြေထောက်တွေကို အသုံးပြုပြီး အောင်မြင်မှုရရန် ရုန်းကန်လိုက်သည်။

ဝမ်တောင် ကအကိုက်ခံရပြီးနောက် ချက်ချင်းပင် ရန်ကျဲ ကိုပစ်လိုက်သည်။ သူ့မျက်လုံးတွေက မီးတွေလို တောက်လောင်နေပြီး သူမမျက်နှာအား ရိုက်ချလိုက်သည်။

ရန်ကျဲ ကချက်ချင်းပင် ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

ရှောင်ချန်း ကသူ့ရှေ့မှ မြင်ကွင်းအား ထိတ်လန့်နေခဲ့သည်။ ဒီမြင်ကွင်းအား ဗလာဖြစ်စွာ စိုက်ကြည့်နေနိုင်ပေမဲ့ အချိန်တိုအတွင်း သတိပြန်ဝင်သွားခဲ့သည်။ ရန်ကျဲ အားသွားကူညီပေးဖို့ လုပ်လိုက်ရုံတွင် လက်တစ်စုံက သူ့အား တင်းကြပ်စွာ ဖက်ထားပြီး ပွေ့ဖက်ထားခဲ့သည်။

ဒါက မစ္စတာအရိပ်လား?

ရှောင်ချန်း ကမတုန့်ပြန်နိုင်ခင် မစ္စတာအရိပ် ကသူ့နားဆီ တိုးကပ်လာတာကို မြင်လိုက်ရသည်။ တစ်ဖက်ရဲ့ သွားတွေက ညင်သာစွာဖြင့် ရှောင်ချန်း ရဲ့နားသီးအား ကိုက်လိုက်သည်။ “မသွားနဲ့။ ဒီနေရာက သေဆုံးခြင်းက တကယ့်သေဆုံးခြင်း မဟုတ်ဘူး”

ဘာပြောချင်တာလဲ?

ဒါက ဝိဉာဉ်ကမ္ဘာ မဟုတ်ဘူးလား?

ခဏလေး

ရုတ်တရက် မေးခွန်းတစ်ခုကို တွေးမိသွားခဲ့သည်။ ဒီနေရာက လူတွေက အချိန်အကြာပြီး နေခဲ့ရတာတောင် ဘာကြောင့် မစားမသောက်၊ ရေချိုးခန်းကို ဘာကြောင့် မသွားကြတာလဲ?

ထို့နောက် သူက သေချာပေါက်ကို မွန်းလွဲအချိန်မှာ ကမ္ဘာထဲ ဝင်ရောက်ခဲ့တာကြောင့် ဘာကြောင့် အခုက ညအချိန်ကို ရောက်နေရတာလဲ? နောက်ပြီး တခြားလူတွေက ဒီနေရာမှာရှိနေတာ တစ်နေ့နဲ့ တစ်ညတောင် ရှိနေပြီ!

သူတို့သေဆုံးခြင်းက တကယ့်အမှန် မဟုတ်ဘူးဆိုရင်တောင် ဒါက တကယ်ပဲ ဘယ်နေရာလဲ?

ရှောင်ချန်း ကတံတွေးမြိုချလိုက်သည်။ ဒါတွေအားလုံးက အဓိပ္ပါယ်မရှိဘူးလို့ သူခံစားရသည်။ ခန့်မှန်းချက် တစ်ခုက သူ့ခေါင်းထဲတွင် ပုံပေါ်လာခဲ့သည်။

အဖြေက သေချာသည်။

ဒါက အိမ်မက်ပဲ!

ဒါက တကယ်မဟုတ်ဘူး!

ဖြစ်နိုင်တာက ရှုရှန်း ကသူတို့ကို မသေစေချင်ဘူး! အဲ့အစား သူတို့စိတ်တွေကို နှိပ်စက်ဖို့ ရွေးချယ်လိုက်တာကြောင့် သူတို့က သူတို့ကိုယ်ပိုင် သေဆုံးခြင်းကို ခံစားတွေ့ကြုံရလိမ့်မယ်!

မနှစ်မြို့စရာ၊ နာကျင်မှုနဲ့ လူတိုင်းရဲ့ အေးစက်စွာ စောင့်ကြည့်ခံရတဲ့ ခံစားချက်မျိုးက အတော်လေး ဆိုးရွားသည်။

ကျောင်းသားတွေ နိုးလာချိန်မှာ အိမ်မက်ထဲက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေကို ဘယ်သူမှ မေ့နိုင်ကြမှာ မဟုတ်ပေ။ အဲ့အချိန်မှာ တကယ့်ကမ္ဘာအစစ်မှာ ဒီလူတွေက ကြောက်စရာကောင်းတဲ့ မြင်ကွင်းတွေကို တစ်ပြိုင်နက်တည်း ခံစားနေရမှာလား?

သူတို့က ရူးသွားနိုင်လား? အိမ်မက်ထဲမှာ တခြားလူကြောင့် သေဆုံးခဲ့ရလို့ သူတို့စိတ်အခြေအနေ မတည်ငြိမ်ပဲ လက်စားပြန်ချေကြမလား? ဒါမှမဟုတ်၊ သူတို့က ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကြောင့် ကိုယ့်သာသာ သတ်သေဖို့များ ရွေးချယ်ကြမလား? ဒါဆို သူတို့က အိမ်မက်နဲ့ လက်တွေ့ကြားက ကွာခြားချက်ကို ဘယ်လိုမှ မမြင်နိုင်ဘူးလား?

ထို့နောက် လူတိုင်းက ယှဉ်ပြိုင်မှုတစ်ခုဖြင့် သတ်ပစ်ခဲ့ပြီး တခြားအရာတွေကို စိတ်မဝင်စားကြပေ။ သစ္စာဖောက်မှု အကြောင်းအရာတွေက စိတ်ပျက်ပြားစေဖို့ကို ဦးတည်နိုင်သည်။

ရှောင်ချန်း ကမျက်မှောင်ကြုတ်လိုက်ပြီး သူ့ကိုယ်ပိုင် အတွေးတွေကြောင့် ထိတ်လန့်နေခဲ့သည်။

ဒါပေမဲ့

အိမ်မက်လို့ သူသိနေရင် ဘာဖြစ်မှာလဲ? ပွဲကြည့်ပရိသတ်လိုမျိုး လုံခြုံနိုင်မှာလား?

ရန်ကျဲ ကခုန်လိုက်ပြီး သူမပါးစပ်ထဲမှ တစ်ခုခုကို ခံစားနေရသည်။ သူမက ငိုကြွေးလိုက်ပြီး သူမပါးပေါ်တွင် မျက်ရည်တွေက မရပ်မနား ကျဆင်းနေခဲ့သည်။ သူမက စိတ်ပျက်ပြားစွာ လူးလွန့်လိုက်ပြီး လွတ်မြောက်ဖို့ ဆန္ဒရှိပေမဲ့ အားမရှိပေ။

သူမအား ထုံကျင်နေသလိုမျိုး ဝိုင်းကြည့်နေကြသည့် လူတိုင်းရဲ့ မျက်နှာကို ရှောင်ချန်း မြင်လိုက်ရပြီး သူ့နှလုံးသားက အေးစက်သွားခဲ့သည်။

သူတို့က ဘယ်လိုတောင် အရမ်းရက်စက်နိုင်ရတာလဲ?

လူတိုင်းရဲ့ ထိတ်လန့်ဖွယ် အကြည့်အောက်တွင် ရှောင်ချန်း ကပြေးသွားလိုက်ပြီး ရန်ကျဲ အားသူ့တစ်ကိုယ်လုံးနဲ့ ကာကွယ်လိုက်သည်။ “ခဏလေး၊ မင်းတို့တွေ ရပ်လိုက်ကြ!”

ရန်ကျဲ ကသူလာတာကို မြင်လိုက်ချိန်တွင် သူမမျက်နှာက မျှော်လင့်ချက်နဲ့ ပြည့်သွားခဲ့သည်။ သူမက ရှောင်ချန်း အားနတ်ဘုရားမှ ကောင်းချီးပေးခံရသည့် သူလိုမျိုး ကြည့်နေခဲ့သည်။

ဝမ်တောင် ကသူ့နှုတ်ခမ်းအား စေ့လိုက်ပြီးနောက် အေးစက်စွာ ပြောလိုက်သည်။ “ဘေးဖယ်နေ၊ ဒါက မင်းနဲ့ ဘာမှမပတ်သက်ဘူး!”

ရှောင်ချန်း ကမတုန့်ပြန်နိုင်ခင်မှာပဲ သူတို့ဝန်းကျင်က အမှောင်ထုက ဖုံးလွှမ်းလာခဲ့သည်။ ဒါက အလင်းရောင်လည်း လုံးဝရှိမနေပဲ လုံးဝကို မဲမှောင်နေသည်။

“Fuck, ဘာဖြစ်တာလဲ?”

“ဘာကြောင့် အရမ်းကို မှောင်သွားရတာလဲ? မွန်းစတားတွေ ရောက်လာတာ ဖြစ်နိုင်လား?”

“အားးး!”

လူတိုင်းက ရုတ်ချင်း ကွဲထွက်သွားကြသည်။ တချို့က နံရံတွင် မှီနေကြပြီး တချို့က ကြောက်လန့်ဖွယ် မျက်နှာတွေကို ဖမ်းဆုပ်ထားကြသည်။

ရှောင်ချန်း ကထိုနေရာတွင်သာ အေးခဲနေသည်။ သို့သော် သူ့ခန္ဓာကိုယ်အား တစ်စုံတစ်ယောက်က ထပ်ပြီးထိတွေ့နေသလို ခံစားလိုက်ရသည်။

ဒီခံစားချက်က အရမ်းကို တင်းမာနေပြီး အမှောင်ထဲတွင် ဘာကိုမှ မမြင်ရပေ။ သို့သော် ဒီလူက အရမ်းကြီး မလုပ်ပဲ သူ့ခါးကိုသာ ဖက်ထားပြီးနောက် လွှတ်လိုက်သည်။

ပြတင်းပေါက် အပြင်ဘက်မှ လရောင်က ထပ်ဝင်ရောက်လာပြီး အားနည်းသည့် အလင်းရောင်လေးက လင်းလာခဲ့သည်။

ရန်ကျဲ ကသူမဘဝကို ဆုံးရှုံးသွားခဲ့ပြီး ဖြစ်သည်။ သူမမျက်လုံးတွေက မှိတ်နေပြီး အောက်ဘက်တွင် သွေးတွေက အိုင်ထွန်းနေသည်။

ရှောင်ချန်း ကတုန်သွားခဲ့သည်။

[အပြစ်သားကို အောင်မြင်စွာ ရှာတွေ့ခဲ့တဲ့အတွက် ကစားသမားတွေ အားလုံးကို ဂုဏ်ယူပါတယ်!] နောက်ထပ် စက်သံက ထွက်လာခဲ့သည်။

လူအားလုံးက သတိပြုမိသွားပြီး ပျော်ရွှင်သွားကြသည်။ သူတို့က စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်ပြီး သေဆုံးနေသည့် ရန်ကျဲ ကိုတစ်ချက်တောင် မကြည့်ကြပေ။

သူတို့ရဲ့ သူငယ်ချင်း ဆက်ဆံရေးအတွက် လုံးဝကို နောင်တရနေခြင်း မရှိပေ။

ဆံပင်အခွေနဲ့ ကောင်မလေးက အသက်မဲ့နေသည့် ရန်ကျဲ ရဲ့ခန္ဓာကိုယ်အား နေရာချလိုက်သည်။ သူမက နေရာတစ်ခုကို ရှာဖွေလိုက်ပြီး ထိုင်ချလိုက်ကာ အနားယူဖို့ စီစဉ်လိုက်သည်။

ဝမ်တောင် ရဲ့အကြည့်က ရှုပ်ထွေးနေရင်း ရှောင်ချန်း အားစိုက်ကြည့်နေပေမဲ့ သူက တိတ်ဆိတ်စွာသာ ဘေးဘက်သို့ လျှောက်သွားခဲ့သည်။ တခြားလူတွေကလည်း သူ့နောက်ကို လိုက်သွားပြီး အဝေးကို ထွက်သွားကြကာ ရှောင်ချန်း တစ်ယောက်တည်းသာ ကျန်နေခဲ့သည်။

ရှောင်ချန်း ကမလှုပ်ရှားပေ။

တစ်စုံတစ်ယောက်က သူ့အား ပြောတာကို ကြားလိုက်ရသည်။ “မင်းဆန္ဒရှိခဲ့ရင် ဘာနာကျင်မှုမှမရှိပဲ သူမက သေဆုံးမယ်။ သူမက အိမ်မက်ထဲကနေ နိုးထ,လိမ့်မယ်”

ဘီဘယ် ကပြောတယ်။ ‘မင်း ကောင်းကောင်းလုပ်ရင် မင်း လက်မခံနိုင်ဘူးလား? နောက်ပြီး မင်း ကောင်းကောင်း မလုပ်ရင်တော့ အပြစ်တွေက တံခါးမှာ စုပြုံနေလိမ့်မယ်’

အနက်ရောင် အရိပ်က မထူးခြားစွာဖြင့် ထိုနေရာတွင် ရပ်နေပြီး ဟာသအား ကြည့်သလို ကြည့်နေခဲ့သည်။ သူ့မြင်ကွင်းတွေက ရှောင်ချန်း ပေါ်ရှိချိန်မှသာ နူးညံ့သွားတက်သည်။

စီနီယာ

အရာအားလုံးက စီနီယာ ဆန္ဒရှိသလို ဖြစ်လာလိမ့်မယ်။

စီနီယာက ကျွန်တော့်ရဲ့ နတ်ဘုရားပါပဲ။

10.8.2021 (Tue)
............................

Zawgyi

ေ႐ွာင္ခ်န္း ကထိတ္လန္႔သြားခဲ့သည္။ လက္ညိႇဳးထိုးသည့္ ေနရာအား သူၾကည့္လိုက္သည္။

ဒါက ျမင္ကြင္းအား လုံးဝနီးပါး ဖုံးကြယ္ထားသည့္ စာအုပ္စင္နဲ႔ ျပတင္းေပါက္နား ျဖစ္သည္။ သူ ႐ွင္း႐ွင္းလင္းလင္း မျမင္ႏိုင္ပဲ ကိုယ္လုံးေသးသြယ္ကာ ဆံပင္တို ေကာင္မေလးကိုသာ ႐ွာေတြ႕သည္။

ဒီအသြင္အျပင္အား စစ္ေဆးလိုက္ၿပီး ေ႐ွာင္ခ်န္း ကစိတ္ထဲတြင္ ခန္႔မွန္းၿပီးသား ျဖစ္ေနခဲ့သည္။

ဆံပင္တိုနဲ႔ ေကာင္မေလးရဲ႕ မ်က္လုံးေတြက လႈပ္႐ွားျခင္း မ႐ွိပဲ စာအုပ္ေတြအား ျပင္းထန္စြာ လွန္ေနၿပီး သူမဆံပင္ကိုေတာင္ ေစာင့္ဆြဲေနခဲ့သည္။

ေ႐ွာင္ခ်န္း ကတစ္လွမ္းခ်င္း ေလွ်ာက္သြားလိုက္ၿပီးေနာက္ အလင္းေဖ်ာ့ေလးက ေတာက္ပေနၿပီး မိန္းကေလးရဲ႕ မ်က္ႏွာကို ေတြ႕ျမင္ႏိုင္သည္။ ဒီေကာင္မေလးက မိန္းကေလး အုပ္စုမွ ေခါင္းေဆာင္ ျဖစ္သည္။

ဘာျဖစ္ေနတာလဲ?

သူ႕ႏွလုံးခုန္သံက ျမန္ဆန္လာၿပီး ဒီအေျခအေနအား ပုံမေဖာ္ႏိုင္ေတာ့သလို ခံစားလိုက္ရသည္။

ေကာင္မေလးကို သူအခ်ိန္အေတာ္ၾကာ မသိခဲ့ေပမဲ့ သူမစိတ္က အေတာ္ေလး တင္းမာတာကို သူေျပာႏိုင္သည္။ သူမက က်ိဳးေၾကာင္းဆီေလွ်ာ္ၿပီး ကိုယ္ပိုင္အၾကံဉာဏ္ေတြ ႐ွိသည္။ သူမလိုလူက ႐ႈ႐ွန္း ကိုအႏိုင္က်င့္ခဲ့တယ္ဆိုတာကို ေ႐ွာင္ခ်န္း မယုံၾကည္ႏိုင္ေပ။ သူမက ဘယ္လိုလုပ္ၿပီး အျပစ္သား ျဖစ္ရတာလဲ?

သူလမ္းမွားၿပီး ေတြးေနခဲ့တာလား?

အျပစ္သားက ဘာျပစ္မႈကို က်ဴးလြန္ခဲ့တာလဲ?

အရိပ္က သူ႕ကို လိမ္ညာႏိုင္လား? မဟုတ္ဘူး၊ မျဖစ္ႏိုင္ဘူး။ ေ႐ွာင္ခ်န္း ကသူ႕အေတြးေတြကို ျငင္းဆန္လိုက္သည္။ အရင္က အႀကိမ္မ်ားစြာ တစ္ဖက္လူကို စစ္ေဆးခဲ့တာေၾကာင့္ မစၥတာအရိပ္က သူ႕ကို ဒုကၡမေပးတာကို အေသအခ်ာ ယုံၾကည္ႏိုင္သည္။

ထိုအခ်ိန္တြင္ အသံလႊင့္မႈက ဆက္လာခဲ့သည္။ [ဒီေနရာမွာ သူ႕ကို လွည့္စားခဲ့တာက မင္းပဲ၊ မွတ္မိလား? ခ္ခ္] ဒီအခ်ိန္တြင္ ထုတ္လႊင့္မႈက အရင္က ႏွစ္ခုနဲ႔ လုံးဝမတူေပ။ ဒါက စက္ပစၥည္းအသံလို အမ်ိဳးသားအသံက ေျပာေနေပမဲ့ အခုေတာ့ ဒါက သာမာန္လူငယ္ေလးရဲ႕ နတ္ဆိုးဆန္စြာ ေျပာေနသည့္ အသံမ်ိဳးျဖစ္ေနသည္။ ဒီအသံသစ္မွ စကားတစ္လုံးခ်င္းစီ ထုတ္ေျပာေနၿပီး ျဖည္းျဖည္းခ်င္း တိုးသြားခဲ့သည္။ စပီကာက သူတို႔ႏွာေခါင္းနဲ႔ ပါးစပ္ေတြကို ဖုံးကြယ္ထားသလို ျဖစ္ေနသည္။ လူေတြက နားေထာင္လိုက္ၿပီး ခိုက္ခိုက္တုန္လာခဲ့သည္။

ေ႐ွာင္ခ်န္း ကအရင္က အိမ္မက္ကို ျပန္ေတြးလိုက္ၿပီး ဒီအသံ...

ဒါက ႐ႈ႐ွန္း လား?

လူတိုင္းက အသံလႊင့္တာကို ႐ွင္း႐ွင္းလင္းလင္း ၾကားလိုက္ၿပီး သူတို႔အားလုံးက ေတာင့္တင္းေနခဲ့သည္။ ခ်က္ခ်င္းပင္ စာၾကည့္တိုက္က ေၾကာက္စရာေကာင္းေလာက္ေအာင္ တိတ္ဆိတ္သြားခဲ့သည္။

ေ႐ွာင္ခ်န္း ကဆံပင္တို ေကာင္မေလးနဲ႔ အရမ္းနီးေနတာေၾကာင့္ စာအုပ္ကိုင္ထားသည့္ သူမလက္ေတြက တင္းၾကပ္သြားၿပီး တုန္ေနတာ မရပ္ႏိုင္တာကို သူသတိျပဳမိသြားသည္။ မၾကာခင္ သူမေျခေထာက္ေတြက မေမွ်ာ္လင့္ပဲ ေခြက်သြားၿပီး ၾကမ္းျပင္တြင္ ဒူးေထာက္က်သြားသည္။

“ရန္က်ဲ၊ နင္လား?!” အနီးဆုံး႐ွိ ဆံပင္အေခြနဲ႔ ေကာင္မေလးက အေစာဆုံး ထ,ေအာ္လိုက္သည္။ သူမက အလ်င္အျမန္ တုန္႔ျပန္ၿပီး ဆံပင္တိုနဲ႔ ေကာင္မေလးဆီ ေ႐ြ႕သြားကာ သူမမ်က္ႏွာက ၾကမ္းၾကဳတ္ေနသည္။ သူမရဲ႕ၾကမ္းတမ္းသည့္ အသံက တိတ္ဆိတ္ေနသည့္ ပတ္ဝန္းက်င္အား ေႏွာင့္ယွက္လိုက္သည္။

ရန္က်ဲ ရဲ႕အမူအရာက ၿပိဳလဲသြားခဲ့သည္။ “မဟုတ္ဘူး၊ ငါမဟုတ္ဘူး!”

“နင္မဟုတ္ဘူး? ငါတို႔ညီအစ္မေတြထဲမွာ နင္က ေ႐ွာင္ခ်န္း နာမည္ကို အသုံးခ်ၿပီး ႐ႈ႐ွန္း ကိုစာၾကည့္တိုက္ဆီ ဆြဲေခၚခဲ့တာကို ဘယ္သူက မသိလို႔လဲ?” ဆံပင္အေခြနဲ႔ ေကာင္မေလးက ေ႐ွ႕ေလွ်ာက္လိုက္ၿပီး ရန္က်ဲ ရဲ႕ယူနီေဖာင္းမွ ေကာ္လာအား ဆြဲလိုက္သည္။

ေ႐ွာင္ခ်န္း ကထိတ္လန္႔သြားခဲ့သည္။

သူတို႔ ဘာေျပာတာလဲ၊ သူ႕နာမည္?

ရန္က်ဲ ကသူမ ေကာ္လာကို အဆြဲခံရၿပီးေနာက္ ႐ုန္းကန္လိုက္ကာ ေ႐ွာင္ခ်န္း အား႐ွက္႐ြံ႕စြာ ၾကည့္လိုက္သည္။

ဆံပင္အေခြနဲ႔ ေကာင္မေလးက ေလွာင္ရယ္လိုက္သည္။ “နင္က ဝန္မခံခ်င္ေသးတာလား? စီနီယာေ႐ွာင္ခ်န္း ကိုနင္ခ်စ္ေနတာ မဟုတ္ဘူးလား? ႐ႈ႐ွန္း ကလည္း စီနီယာေ႐ွာင္ခ်န္း ကိုခ်စ္ေနမွန္း နင္ၾကားလိုက္ေတာ့ နင္ မထိန္းခ်ဳပ္ႏိုင္ေတာ့ဘူးေလ၊ ဟုတ္တယ္မလား? ပိုင္ေခ်ာင္ေခ်ာင္ က ႐ႈ႐ွန္း ကိုေခၚလာဖို႔ နင့္ကို ေျပာခဲ့တယ္ေလ၊ နင္မလုပ္ခဲ့ဘူးလား?”

“ငါမဟုတ္ဘူး၊ ငါမလုပ္ခဲ့ဘူး!” ရန္က်ဲ ကၾကမ္းျပင္တြင္ ေပ်ာ့ေခြစြာ ထိုင္ခ်လိုက္ရင္း ေျပာလိုက္သည္။

“နင္မဟုတ္ေသးတုန္းပဲလား? နင္က ႐ႈ႐ွန္း နဲ႔ေတြ႕ဖို႔အတြက္ ေ႐ွာင္ခ်န္း ရဲ႕နာမည္ကို အသုံးခ်ၿပီးေတာ့ သူ႕ကို စာၾကည့္တိုက္မွာ အႏိုင္က်င့္ခဲ့တာေလ!” ေနာက္ေတာ့ ဝမ္ေတာင္ ကလူေတြကို ဦးေဆာင္ၿပီး ႐ႈ႐ွန္း အားေရခ်ိဳးခန္းကို ဆြဲေခၚသြားခဲ့ၿပီး ဓာတ္ပုံ႐ိုက္ခဲ့သည္။

သို႔ေသာ္ ဆံပင္အေခြနဲ႔ ေကာင္မေလးက အဆုံးစာေၾကာင္းကို ထုတ္မေျပာေပ။

“တကယ္ပဲ သူမလား?”

“မျဖစ္ႏိုင္တာ၊ သူမက တျခားသူေတြ ႐ႈ႐ွန္း ကိုအႏိုင္က်င့္တာေတာင္ မျမင္ႏိုင္တဲ့သူ မဟုတ္ဘူးလား?”

“ဘယ္သူသိမွာလဲ? လူေတြကိုသိတာက မ်က္ႏွာပဲ သိတာေလ၊ ႏွလုံးသားကိုေတာ့ မသိႏိုင္ဘူး”

ေရ႐ြတ္သံေတြက ထပ္ထြက္လာၿပီး လူအနည္းစုက ဝမ္ေတာင္ ရဲ႕အမူအရာအား ခိုးၾကည့္လိုက္ၾကသည္။ ထို႔ေနာက္ ေရခ်ိဳးခန္းတြင္ ႐ႈ႐ွန္း ကိုအႏိုင္က်င့္ခဲ့တာက သူပဲေလ။

စာၾကည့္တိုက္မွ လူတစ္ဝက္ေလာက္က ေနာက္တစ္ေယာက္က ဝမ္ေတာင္ ဆိုတာကို ေသခ်ာေပါက္ ေျပာႏိုင္ၾကသည္။

သူတို႔ထဲက တခ်ိဳ႕ကေတာ့ လွ်ိဳ႕ဝွက္စြာ သက္ျပင္းခ်လိုက္ၾကသည္။ ကံေကာင္းစြာပင္ သူတို႔က ႐ႈ႐ွန္း ကိုအႏိုင္မက်င့္ခဲ့ေပ။ သို႔ေသာ္ သူတို႔က ေအးစက္သည့္ မ်က္လုံးေတြျဖင့္ ရပ္ေနခဲ့ၿပီး ႐ႈ႐ွန္း အားသတ္ေသေစဖို႔ ေ႐ြးခ်ယ္ေအာင္ လုပ္ခဲ့မိတာကို ေမ့ေနခဲ့ၾကသည္။ ႐ႈ႐ွန္း ကသူတို႔ကို ဘယ္လိုလုပ္ၿပီး လႊတ္ေပးမွာလဲ?

ဝမ္ေတာင္ ရဲ႕မ်က္ႏွာက အေတာ္ေလးကို ႐ုပ္ဆိုးသြားေပမဲ့ အလ်င္အျမန္ပင္ ေျပာင္းလဲလိုက္သည္။ ဘာ႐ွင္းျပခ်က္မွ မလုပ္ပဲ သူက ရန္က်ဲ ဆီေလွ်ာက္သြားၿပီး သူမလက္ေမာင္းကို ဆြဲလိုက္ကာ က်ယ္ေလာင္စြာ ေအာ္လိုက္သည္။ “သူမကို ခ်ည္လိုက္!”

ရန္က်ဲ ရဲ႕မ်က္လုံးက ျပဴးက်ယ္သြားခဲ့သည္။ သူမက ဝမ္ေတာင္ ရဲ႕လက္ထဲကေန လႊတ္ေျမာက္ခ်င္ေပမဲ့ ဆံပင္အေခြနဲ႔ ေကာင္မေလးကလည္း ဖမ္းထားခဲ့သည္။ လူတိုင္းက ဒီအေျခအေနကို ျမင္လိုက္ခ်ိန္တြင္ တြန္႔ဆုတ္မႈ အနည္းငယ္ျဖင့္ ကူညီေပးခ်င္ၾကသည္။

“မလုပ္နဲ႔! မလုပ္ပါနဲ႔! ငါ့ကိုလႊတ္!” ရန္က်ဲ ကက်ယ္ေလာင္စြာ ေအာ္ဟစ္လိုက္သည္။ သူမက ပါးစပ္ကို ဖြင့္လိုက္ၿပီး ႐ူးသြပ္စြာျဖင့္ ဝမ္ေတာင္ ရဲ႕လက္ကို ကိုက္ခ်လိုက္သည္။ သူမလက္ေတြ၊ ေျခေထာက္ေတြကို အသုံးျပဳၿပီး ေအာင္ျမင္မႈရရန္ ႐ုန္းကန္လိုက္သည္။

ဝမ္ေတာင္ ကအကိုက္ခံရၿပီးေနာက္ ခ်က္ခ်င္းပင္ ရန္က်ဲ ကိုပစ္လိုက္သည္။ သူ႕မ်က္လုံးေတြက မီးေတြလို ေတာက္ေလာင္ေနၿပီး သူမမ်က္ႏွာအား ႐ိုက္ခ်လိုက္သည္။

ရန္က်ဲ ကခ်က္ခ်င္းပင္ ၾကမ္းျပင္ေပၚသို႔ လဲက်သြားခဲ့သည္။

ေ႐ွာင္ခ်န္း ကသူ႕ေ႐ွ႕မွ ျမင္ကြင္းအား ထိတ္လန္႔ေနခဲ့သည္။ ဒီျမင္ကြင္းအား ဗလာျဖစ္စြာ စိုက္ၾကည့္ေနႏိုင္ေပမဲ့ အခ်ိန္တိုအတြင္း သတိျပန္ဝင္သြားခဲ့သည္။ ရန္က်ဲ အားသြားကူညီေပးဖို႔ လုပ္လိုက္႐ုံတြင္ လက္တစ္စုံက သူ႕အား တင္းၾကပ္စြာ ဖက္ထားၿပီး ေပြ႕ဖက္ထားခဲ့သည္။

ဒါက မစၥတာအရိပ္လား?

ေ႐ွာင္ခ်န္း ကမတုန္႔ျပန္ႏိုင္ခင္ မစၥတာအရိပ္ ကသူ႕နားဆီ တိုးကပ္လာတာကို ျမင္လိုက္ရသည္။ တစ္ဖက္ရဲ႕ သြားေတြက ညင္သာစြာျဖင့္ ေ႐ွာင္ခ်န္း ရဲ႕နားသီးအား ကိုက္လိုက္သည္။ “မသြားနဲ႔။ ဒီေနရာက ေသဆုံးျခင္းက တကယ့္ေသဆုံးျခင္း မဟုတ္ဘူး”

ဘာေျပာခ်င္တာလဲ?

ဒါက ဝိဉာဥ္ကမ႓ာ မဟုတ္ဘူးလား?

ခဏေလး

႐ုတ္တရက္ ေမးခြန္းတစ္ခုကို ေတြးမိသြားခဲ့သည္။ ဒီေနရာက လူေတြက အခ်ိန္အၾကာၿပီး ေနခဲ့ရတာေတာင္ ဘာေၾကာင့္ မစားမေသာက္၊ ေရခ်ိဳးခန္းကို ဘာေၾကာင့္ မသြားၾကတာလဲ?

ထို႔ေနာက္ သူက ေသခ်ာေပါက္ကို မြန္းလြဲအခ်ိန္မွာ ကမ႓ာထဲ ဝင္ေရာက္ခဲ့တာေၾကာင့္ ဘာေၾကာင့္ အခုက ညအခ်ိန္ကို ေရာက္ေနရတာလဲ? ေနာက္ၿပီး တျခားလူေတြက ဒီေနရာမွာ႐ွိေနတာ တစ္ေန႔နဲ႔ တစ္ညေတာင္ ႐ွိေနၿပီ!

သူတို႔ေသဆုံးျခင္းက တကယ့္အမွန္ မဟုတ္ဘူးဆိုရင္ေတာင္ ဒါက တကယ္ပဲ ဘယ္ေနရာလဲ?

ေ႐ွာင္ခ်န္း ကတံေတြးၿမိဳခ်လိုက္သည္။ ဒါေတြအားလုံးက အဓိပၸါယ္မ႐ွိဘူးလို႔ သူခံစားရသည္။ ခန္႔မွန္းခ်က္ တစ္ခုက သူ႕ေခါင္းထဲတြင္ ပုံေပၚလာခဲ့သည္။

အေျဖက ေသခ်ာသည္။

ဒါက အိမ္မက္ပဲ!

ဒါက တကယ္မဟုတ္ဘူး!

ျဖစ္ႏိုင္တာက ႐ႈ႐ွန္း ကသူတို႔ကို မေသေစခ်င္ဘူး! အဲ့အစား သူတို႔စိတ္ေတြကို ႏွိပ္စက္ဖို႔ ေ႐ြးခ်ယ္လိုက္တာေၾကာင့္ သူတို႔က သူတို႔ကိုယ္ပိုင္ ေသဆုံးျခင္းကို ခံစားေတြ႕ၾကဳံရလိမ့္မယ္!

မႏွစ္ၿမိဳ႕စရာ၊ နာက်င္မႈနဲ႔ လူတိုင္းရဲ႕ ေအးစက္စြာ ေစာင့္ၾကည့္ခံရတဲ့ ခံစားခ်က္မ်ိဳးက အေတာ္ေလး ဆိုး႐ြားသည္။

ေက်ာင္းသားေတြ ႏိုးလာခ်ိန္မွာ အိမ္မက္ထဲက ျဖစ္ပ်က္ခဲ့တဲ့ အေၾကာင္းေတြကို ဘယ္သူမွ ေမ့ႏိုင္ၾကမွာ မဟုတ္ေပ။ အဲ့အခ်ိန္မွာ တကယ့္ကမ႓ာအစစ္မွာ ဒီလူေတြက ေၾကာက္စရာေကာင္းတဲ့ ျမင္ကြင္းေတြကို တစ္ၿပိဳင္နက္တည္း ခံစားေနရမွာလား?

သူတို႔က ႐ူးသြားႏိုင္လား? အိမ္မက္ထဲမွာ တျခားလူေၾကာင့္ ေသဆုံးခဲ့ရလို႔ သူတို႔စိတ္အေျခအေန မတည္ၿငိမ္ပဲ လက္စားျပန္ေခ်ၾကမလား? ဒါမွမဟုတ္၊ သူတို႔က ၾကဳံေတြ႕ခဲ့ရတဲ့ အေျခအေနေၾကာင့္ ကိုယ့္သာသာ သတ္ေသဖို႔မ်ား ေ႐ြးခ်ယ္ၾကမလား? ဒါဆို သူတို႔က အိမ္မက္နဲ႔ လက္ေတြ႕ၾကားက ကြာျခားခ်က္ကို ဘယ္လိုမွ မျမင္ႏိုင္ဘူးလား?

ထို႔ေနာက္ လူတိုင္းက ယွဥ္ၿပိဳင္မႈတစ္ခုျဖင့္ သတ္ပစ္ခဲ့ၿပီး တျခားအရာေတြကို စိတ္မဝင္စားၾကေပ။ သစၥာေဖာက္မႈ အေၾကာင္းအရာေတြက စိတ္ပ်က္ျပားေစဖို႔ကို ဦးတည္ႏိုင္သည္။

ေ႐ွာင္ခ်န္း ကမ်က္ေမွာင္ၾကဳတ္လိုက္ၿပီး သူ႕ကိုယ္ပိုင္ အေတြးေတြေၾကာင့္ ထိတ္လန္႔ေနခဲ့သည္။

ဒါေပမဲ့

အိမ္မက္လို႔ သူသိေနရင္ ဘာျဖစ္မွာလဲ? ပြဲၾကည့္ပရိသတ္လိုမ်ိဳး လုံျခဳံႏိုင္မွာလား?

ရန္က်ဲ ကခုန္လိုက္ၿပီး သူမပါးစပ္ထဲမွ တစ္ခုခုကို ခံစားေနရသည္။ သူမက ငိုေႂကြးလိုက္ၿပီး သူမပါးေပၚတြင္ မ်က္ရည္ေတြက မရပ္မနား က်ဆင္းေနခဲ့သည္။ သူမက စိတ္ပ်က္ျပားစြာ လူးလြန္႔လိုက္ၿပီး လြတ္ေျမာက္ဖို႔ ဆႏၵ႐ွိေပမဲ့ အားမ႐ွိေပ။

သူမအား ထုံက်င္ေနသလိုမ်ိဳး ဝိုင္းၾကည့္ေနၾကသည့္ လူတိုင္းရဲ႕ မ်က္ႏွာကို ေ႐ွာင္ခ်န္း ျမင္လိုက္ရၿပီး သူ႕ႏွလုံးသားက ေအးစက္သြားခဲ့သည္။

သူတို႔က ဘယ္လိုေတာင္ အရမ္းရက္စက္ႏိုင္ရတာလဲ?

လူတိုင္းရဲ႕ ထိတ္လန္႔ဖြယ္ အၾကည့္ေအာက္တြင္ ေ႐ွာင္ခ်န္း ကေျပးသြားလိုက္ၿပီး ရန္က်ဲ အားသူ႕တစ္ကိုယ္လုံးနဲ႔ ကာကြယ္လိုက္သည္။ “ခဏေလး၊ မင္းတို႔ေတြ ရပ္လိုက္ၾက!”

ရန္က်ဲ ကသူလာတာကို ျမင္လိုက္ခ်ိန္တြင္ သူမမ်က္ႏွာက ေမွ်ာ္လင့္ခ်က္နဲ႔ ျပည့္သြားခဲ့သည္။ သူမက ေ႐ွာင္ခ်န္း အားနတ္ဘုရားမွ ေကာင္းခ်ီးေပးခံရသည့္ သူလိုမ်ိဳး ၾကည့္ေနခဲ့သည္။

ဝမ္ေတာင္ ကသူ႕ႏႈတ္ခမ္းအား ေစ့လိုက္ၿပီးေနာက္ ေအးစက္စြာ ေျပာလိုက္သည္။ “ေဘးဖယ္ေန၊ ဒါက မင္းနဲ႔ ဘာမွမပတ္သက္ဘူး!”

ေ႐ွာင္ခ်န္း ကမတုန္႔ျပန္ႏိုင္ခင္မွာပဲ သူတို႔ဝန္းက်င္က အေမွာင္ထုက ဖုံးလႊမ္းလာခဲ့သည္။ ဒါက အလင္းေရာင္လည္း လုံးဝ႐ွိမေနပဲ လုံးဝကို မဲေမွာင္ေနသည္။

“Fuck, ဘာျဖစ္တာလဲ?”

“ဘာေၾကာင့္ အရမ္းကို ေမွာင္သြားရတာလဲ? မြန္းစတားေတြ ေရာက္လာတာ ျဖစ္ႏိုင္လား?”

“အားးး!”

လူတိုင္းက ႐ုတ္ခ်င္း ကြဲထြက္သြားၾကသည္။ တခ်ိဳ႕က နံရံတြင္ မွီေနၾကၿပီး တခ်ိဳ႕က ေၾကာက္လန္႔ဖြယ္ မ်က္ႏွာေတြကို ဖမ္းဆုပ္ထားၾကသည္။

ေ႐ွာင္ခ်န္း ကထိုေနရာတြင္သာ ေအးခဲေနသည္။ သို႔ေသာ္ သူ႕ခႏၶာကိုယ္အား တစ္စုံတစ္ေယာက္က ထပ္ၿပီးထိေတြ႕ေနသလို ခံစားလိုက္ရသည္။

ဒီခံစားခ်က္က အရမ္းကို တင္းမာေနၿပီး အေမွာင္ထဲတြင္ ဘာကိုမွ မျမင္ရေပ။ သို႔ေသာ္ ဒီလူက အရမ္းႀကီး မလုပ္ပဲ သူ႕ခါးကိုသာ ဖက္ထားၿပီးေနာက္ လႊတ္လိုက္သည္။

ျပတင္းေပါက္ အျပင္ဘက္မွ လေရာင္က ထပ္ဝင္ေရာက္လာၿပီး အားနည္းသည့္ အလင္းေရာင္ေလးက လင္းလာခဲ့သည္။

ရန္က်ဲ ကသူမဘဝကို ဆုံး႐ႈံးသြားခဲ့ၿပီး ျဖစ္သည္။ သူမမ်က္လုံးေတြက မွိတ္ေနၿပီး ေအာက္ဘက္တြင္ ေသြးေတြက အိုင္ထြန္းေနသည္။

ေ႐ွာင္ခ်န္း ကတုန္သြားခဲ့သည္။

[အျပစ္သားကို ေအာင္ျမင္စြာ ႐ွာေတြ႕ခဲ့တဲ့အတြက္ ကစားသမားေတြ အားလုံးကို ဂုဏ္ယူပါတယ္!] ေနာက္ထပ္ စက္သံက ထြက္လာခဲ့သည္။

လူအားလုံးက သတိျပဳမိသြားၿပီး ေပ်ာ္႐ႊင္သြားၾကသည္။ သူတို႔က စိတ္သက္သာစြာျဖင့္ သက္ျပင္းခ်လိုက္ၿပီး ေသဆုံးေနသည့္ ရန္က်ဲ ကိုတစ္ခ်က္ေတာင္ မၾကည့္ၾကေပ။

သူတို႔ရဲ႕ သူငယ္ခ်င္း ဆက္ဆံေရးအတြက္ လုံးဝကို ေနာင္တရေနျခင္း မ႐ွိေပ။

ဆံပင္အေခြနဲ႔ ေကာင္မေလးက အသက္မဲ့ေနသည့္ ရန္က်ဲ ရဲ႕ခႏၶာကိုယ္အား ေနရာခ်လိုက္သည္။ သူမက ေနရာတစ္ခုကို ႐ွာေဖြလိုက္ၿပီး ထိုင္ခ်လိုက္ကာ အနားယူဖို႔ စီစဥ္လိုက္သည္။

ဝမ္ေတာင္ ရဲ႕အၾကည့္က ႐ႈပ္ေထြးေနရင္း ေ႐ွာင္ခ်န္း အားစိုက္ၾကည့္ေနေပမဲ့ သူက တိတ္ဆိတ္စြာသာ ေဘးဘက္သို႔ ေလွ်ာက္သြားခဲ့သည္။ တျခားလူေတြကလည္း သူ႕ေနာက္ကို လိုက္သြားၿပီး အေဝးကို ထြက္သြားၾကကာ ေ႐ွာင္ခ်န္း တစ္ေယာက္တည္းသာ က်န္ေနခဲ့သည္။

ေ႐ွာင္ခ်န္း ကမလႈပ္႐ွားေပ။

တစ္စုံတစ္ေယာက္က သူ႕အား ေျပာတာကို ၾကားလိုက္ရသည္။ “မင္းဆႏၵ႐ွိခဲ့ရင္ ဘာနာက်င္မႈမွမ႐ွိပဲ သူမက ေသဆုံးမယ္။ သူမက အိမ္မက္ထဲကေန ႏိုးထ,လိမ့္မယ္”

ဘီဘယ္ ကေျပာတယ္။ ‘မင္း ေကာင္းေကာင္းလုပ္ရင္ မင္း လက္မခံႏိုင္ဘူးလား? ေနာက္ၿပီး မင္း ေကာင္းေကာင္း မလုပ္ရင္ေတာ့ အျပစ္ေတြက တံခါးမွာ စုျပဳံေနလိမ့္မယ္’

အနက္ေရာင္ အရိပ္က မထူးျခားစြာျဖင့္ ထိုေနရာတြင္ ရပ္ေနၿပီး ဟာသအား ၾကည့္သလို ၾကည့္ေနခဲ့သည္။ သူ႕ျမင္ကြင္းေတြက ေ႐ွာင္ခ်န္း ေပၚ႐ွိခ်ိန္မွသာ ႏူးညံ့သြားတက္သည္။

စီနီယာ

အရာအားလုံးက စီနီယာ ဆႏၵ႐ွိသလို ျဖစ္လာလိမ့္မယ္။

စီနီယာက ကြၽန္ေတာ့္ရဲ႕ နတ္ဘုရားပါပဲ။

10.8.2021 (Tue)
............................

Continue Reading

You'll Also Like

266K 8.2K 16
စိတ္တဇထောင်ချောက်တစ်ခုထဲ သင်ကိုယ်တိုင်ရောက်သွားတဲ့ ခံစားချက်မျိုး လိုချင်ရင် ဒီ fic ကို သင်ဖတ်နိုင်ပါတယ် သို့ပေမယ့် 18+နော်😁
30.1K 3.1K 26
စာအုပ်ကိုဖွင့်မိတာနဲ့တင် ငရဲတံခါးကို ဖွင့်မိသွားတယ်တဲ့။ ဒါ ဘယ်လို သရဲgame မျိုးလဲ စာအုပ္ကိုဖြင့္မိတာနဲ႔တင္ ငရဲတံခါးကို ဖြင့္မိသြားတယ္တဲ့။ ဒါ ဘယ္လို သ...
2.3M 169K 172
PSYCHO လူသတ္သမားတစ္ေယာက္နဲ႔စာခ်ဳပ္ခ်ဳပ္မိျခင္း PSYCHO လူသတ်သမားတစ်ယောက်နဲ့စာချုပ်ချုပ်မိခြင်း Beautiful love story 🖤 #BL #Yaoi Manga translation by...
124K 13.4K 141
ဘာသာပြန်သူ - Horroe, Romance အမျိုးအစားမို့ နည်းနည်းတော့ သည်းထိတ်ရင်ဖိုလေးတွေ ပါမယ်နော်။ Romance လည်း ပါတော့ ချိုချို ကြောက်ကြောက်.. ချိုကြောက်၊ ကြေ...