လျှို့ဝှက်ဆန်းပြားလောက〘Uni+Za...

By Kaiyou1111

237K 40.5K 1K

[တစ်ကမ္ဘာလုံးက မင်းကို အနိုင်ကျင့်ကြတယ်၊ မုန်းတီးကြတယ်၊ နောက်ပြီး မင်းကို ခွဲခြားဆက်ဆံကြတယ်၊ ဒါပေမဲ့ မင်းရဲ့က... More

Description
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၂)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၃)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၆)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၇)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၉)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၀)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၁)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၂)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၃)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၆)
သေမင်းတမန် (၁)
သေမင်းတမန် (၂)
သေမင်းတမန် (၃)
သေမင်းတမန် (၄)
သေမင်းတမန် (၅)
သေမင်းတမန် (၆)
သေမင်းတမန် (၇)
သေမင်းတမန် (၈)
သေမင်းတမန် (၉)
သေမင်းတမန် (၁၀)
သေမင်းတမန် (၁၁)
သေမင်းတမန် (၁၂)
သေမင်းတမန် (၁၃)
သေမင်းတမန် (၁၄)
သေမင်းတမန် (၁၅)
လူသားစားမြို့(၁)
လူသားစားမြို့(၂)
လူသားစားမြို့(၃)
လူသားစားမြို့(၄)
လူသားစားမြို့(၅)
လူသားစားမြို့(၆)
လူသားစားမြို့(၇)
လူသားစားမြို့(၈)
လူသားစားမြို့(၉)
လူသားစားမြို့(၁၀)
လူသားစားမြို့(၁၁)
လူသားစားမြို့(၁၂)
လူသားစားမြို့(၁၃)
လူသားစားမြို့(၁၄)
လူသားစားမြို့(၁၅)
လူသားစားမြို့(၁၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၇)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၈)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၉)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၀)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၆)
Not Update!!
Good New (。•̀ᴗ-)✧
Hello (。•̀ᴗ-)✧
လူသတ်ဂိမ်း (၁)
လူသတ်ဂိမ်း (၂)
လူသတ်ဂိမ်း (၃)
လူသတ်ဂိမ်း (၄)
လူသတ်ဂိမ်း (၅)
လူသတ်ဂိမ်း (၆)
လူသတ်ဂိမ်း(၇)
လူသတ်ဂိမ်း (၈)
လူသတ်ဂိမ်း (၉)
လူသတ်ဂိမ်း (၁၀)
လူသတ်ဂိမ်း (၁၁)
လူသတ်ဂိမ်း (၁၂)
တစ္ဆေမျက်လုံး (၁)
တစ္ဆေမျက်လုံး (၂)
တစ္ဆေမျက်လုံး (၃)
တစ္ဆေမျက်လုံး (၄)
တစ္ဆေမျက်လုံး (၅)
တစ္ဆေမျက်လုံး (၆)
တစ္ဆေမျက်လုံး (၇)
တစ္ဆေမျက်လုံး (၈)
တစ္ဆေမျက်လုံး(၉)
တစ္ဆေမျက်လုံး (၁၀)
တစ္ဆေမျက်လုံး (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၂)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၃)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၄)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၅)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၆)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၇)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၈)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၉)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၀)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၂)

သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၈)

4.1K 792 25
By Kaiyou1111

Unicode

ရုတ်ချင်းပင် အသံလွှင့်မှုက လူတိုင်းရဲ့နားထဲဆီ ရောက်လာခဲ့သည်။ ဒါက တောင့်တင်းပြီး ခံစားချက် နည်းနည်းလေးတောင် မပါဝင်သည့် အမျိုးသား စက်အသံဖြစ်သည်။ စာတွေကို ဖတ်ပြနေသလိုမျိုး အသံက ရွတ်နေခဲ့သည်။ [ညဘက်ရောက်ဖို့ တစ်နာရီကျန်ပါတယ်။ ကစားသူများ၊ ကျေးဇူးပြုပြီး ပြင်ဆင်ထားကြပါ]

မိန်းကလေးတွေက မျက်လုံးပြူးသွားကြပြီး ထိတ်လန့်နေကာ တုန်လှုပ်လာကြသည်။

ရှောင်ချန်း ကသတိဝင်သွားခဲ့သည်။ “ဒီကမ္ဘာမှာ လူဘယ်လောက် ကျန်သေးလဲ? နောက်ပြီး ငါတို့လှုပ်ရှားမှု အပိုင်းက ဘယ်လောက်ကြီးမားလဲ? အခု ငါတို့အမြန် ပုန်းနေဖို့လိုတယ်”

မိန်းကလေး ခေါင်းဆောင်က အံကြိတ်လိုက်သည်။ “လူအများကြီး မရှိဘူး။ အတန်း ၄ ကကျောင်းသားတွေနဲ့ ရှင်ပဲ။ ကျွန်မတို့ တစ်ကျောင်းလုံး ရောက်လာခဲ့ကြတာ”

ရှောင်ချန်း ကသံသယဖြစ်သွားသည်။ “တစ်ကျောင်းလုံး? ဒါဆို ဘာကြောင့် နံရံကျော်တက်ပြီး ထွက်မပြေးတာလဲ?”

မိန်းကလေးထဲက တစ်ယောက်က ပြောလိုက်သည်။ “ကျွန်မတို့က အဲ့လိုမျိုး မတွေးခဲ့ဘူးလို့ ထင်နေတာလား? ထွက်ပြေးတဲ့လူတွေ ဘာဖြစ်သွားလဲ ရှင်သိရဲ့လား?”

ရှောင်ချန်း ကစကာပြောတာကို ချက်ချင်း ရပ်လိုက်သည်။ ဒီကမ္ဘာက အစစ်အမှန် ကမ္ဘာမဟုတ်ပေ။ သူတို့က ကျောင်းကနေ ထွက်ပြေးရင်တောင် အပြင်က ဘယ်လိုမျိုးလဲ? ဘယ်သူသိမှာလဲ?

သူ့ခေါင်းကို ငုံ့လိုက်ပြီး လေထုက ပိုပြီးတော့ ညှို့မှိုင်းလာခဲ့သည်။

ရုတ်တရက် သူ့လည်ပင်းအား တစ်စုံတစ်ခုက လာထိတွေ့တာကို ခံစားလိုက်ရပြီးနောက် လက်တစ်စုံက သူ့ခါးအား ချိတ်တွယ်လာခဲ့သည်။

ဒီအရာက ရှောင်ချန်း အားကြက်သီးထ,စေသည်။ အောက်ကို ငုံ့ကြည့်လိုက်ချိန်တွင် ဘာမှမမြင်နိုင်ပဲ မိန်းကလေးတွေလည်း ပုံမှန်မဟုတ်တာကို ဘာမှသတိမပြုမိပေ။

ဒီကမ္ဘာနဲ့ပတ်သက်ပြီး သရဲက သူ့ကို သတိပေးနေတာလား? ဒါမှမဟုတ် ရှုရှန်း?

သူ့နှုတ်ခမ်းတွေက ရှောင်ချန်း နားနဲ့နီးလာတာကို ခံစားလိုက်ရပြီး သူ့နားသီးအား ညင်သာစွာဖြင့် စတင်ပွတ်သပ်လာခဲ့သည်။ သံလိုက်လို ဆွဲဆောင်မှုရှိသည့် အမျိုးသားအသံက ရေရွတ်လိုက်သည်။ “စာကြည့်တိုက်ကိုသွား”

သူ့ခါးမှလက်တွေက ပျောက်ကွယ်သွားခဲ့သည်။ ရှောင်ချန်း ကသူ့နားကို ထိလိုက်သည်။ ဒါက နည်းနည်း နီနေသည်။

ရှောင်ချန်း ကသရဲအား ယုံကြည်ဖို့ ရွေးချယ်လိုက်သည်။

သူ့စကားတွေက အမှန်ဆိုရင် သူတို့တွေ အသက်ရှင်နိုင်လိမ့်မည်။ သို့သော် သူ့စကားတွေကသာ မှားနေမယ်ဆိုရင် တခြားသူတွေထက် နည်းနည်းပိုစောပြီး သေဖို့သာရှိသည်။

ပြောစရာတောင် မလိုပေ။

ရှောင်ချန်း ကသူ့လက်တွေအား တင်းကြပ်စွာ ဆုပ်လိုက်သည်။

ဘာကြောင့်မှန်း မသိပေမဲ့ ဒီသရဲက သူ့အား ဒုက္ခမပေးဘူးလို့ ထင်နေမိသည်။

“စာကြည့်တိုက်ကို သွားရအောင်” ရှောင်ချန်း ကတွန့်ဆုတ်ခြင်း မရှိပဲ သတင်းအား မျှဝေလိုက်သည်။ မိန်းကလေးတွေက အံ့ဩစွာဖြင့် ခေါင်းမော့လိုက်ပေမဲ့ အခြေအနေက အလျင်လိုနေပြီး သူတို့တွင်လည်း တခြားရွေးချယ်စရာ မရှိပေ။ ခဏကြာပြီးနောက် သူတို့အားလုံးက ရှောင်ချန်း ရဲ့အကြံပေးချက်ကို လိုက်နာခဲ့ကြသည်။

ညအချိန်က ရောက်လာခဲ့သည်။

ရှောင်ချန်း ကမျက်မှောင်ကြုတ်လိုက်သည်။

မွန်းစတားတွေက ညဘက်တွင် ပေါ်လာတာကြောင့် အဲ့မှာ ဘာမွန်းစတားတွေရှိလဲ?

ရှောင်ချန်း ကဒီမေးခွန်းအား မိန်းကလေးတွေအား အထပ်ထပ် မေးခဲ့ပေမဲ့ သူတို့အမူအရာတွေက အရမ်းကို ထိတ်လန့်နေပုံ ဖြစ်တာကြောင့် ရှောင်ချန်း ကသူတို့ကို ထပ်ပြီးဖိအား မပေးနိုင်တော့ပေ။

စာကြည့်တိုက်ကို သွားနေချိန်တွင် နောက်ထပ် အသံလွှင့်မှုက ရှိလာခဲ့သည်။ မိန်းကလေးတွေက ကြောက်သွားကြပြီး တုန်သွားကြသည်။

[ကစားသမားတို့၊ ညအချိန်မှ ကြိုဆိုပါတယ်! ဂိမ်းစည်းမျည်းကတော့ နှစ်ဆအဖြစ် ပြောင်းလဲသွားပါပြီ။
နောက်ထပ် စည်းမျည်းအသစ် ရှိပါတယ်။ ဂိမ်းတာဝန်အား ‘အပြစ်သားအား ရှာဖွေခြင်း’ ဖြစ်ပါတယ်။ အပြစ်သားတွေက မင်းတို့ကြားမှာ ပုန်းကွယ်နေကြပါတယ်။ ချက်ချင်း အခြေအနေကြောင့် အပြစ်သားအား ရှာဖွေပြီး သူတို့ကို အပြစ်ပေးပါ။

အပြစ်သားကို ရှာဖွေပြီး ဒီနေရာကနေ လွတ်မြောက်ခြင်း ဆုလဒ်ကို ရပါလိမ့်မယ်။

လူအားလုံးရဲ့ မဲပေးချက်နဲ့ နောက်ဆုံး အပြစ်သား တစ်ယောက်ကို ရွေးခဲ့ရပါမယ်။ အဲ့လူက အပြစ်သား ဟုတ်ဟုတ် မဟုတ်ဟုတ် သူတို့က အပြစ်ပေးခံရပါလိမ့်မယ်။

နောက်ပြီး ဒီနေ့ရဲ့တည်နေရာက : စာကြည့်တိုက်

အချိန်ကန့်သတ်ချက်က နှစ်နာရီပါ။ နောက်ပြီး အပြစ်ပေးမှုကတော့ သေဆုံးခြင်းပါ။ မှတ်ထားပါ၊ သေမင်းက မင်းတို့နောက်မှာ ရှိနေပါတယ်။

ကံကောင်းပါစေ]

မိန်းကလေးတွေရဲ့ မျက်လုံးတွေက တောက်ပသွားရင်း သူတို့က စိတ်လှုပ်ရှားနေကြသည်။

နောက်ဆုံးဂိမ်း တာဝန်ကတော့ ညတိုင်းတွင် နှစ်ယောက်ကို အောက်ထပ်တွင် သတ်ပွဲအမိန့်ဖြစ်သည်။ ရှင်သန်ဖို့က ဘယ်လိုအခွင့်အရေးမှ မရှိပေ! သူတို့တွေက သေဖို့သာရှိသည်။

အခုတော့ ရှင်သန်နိုင်မဲ့ နည်းလမ်းက ရှိလာခဲ့ပြီး သူတို့က ဘယ်လိုလုပ်ပြီး မပျော်မြူးပဲ နေနိုင်မှာလဲ?

ခေါင်းဆောင် မိန်းကလေး၊ ဆံပင်တိုနဲ့ ကောင်မလေးက တုန့်ပြန်တာ အမြန်ဆုံးဖြစ်သည်။ သူမက ထိတ်လန့်နေသည့် ရှောင်ချန်း အားကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။ “ကျွန်မတို့ အခုစာကြည့်တိုက်ကို သွားကြမယ်၊ မြန်မြန် သဲလွန်စတွေ ရှာဖွေကြမယ်! ကျွန်မတို့ သေချာပေါက် ရှင်သန်နိုင်တယ်!”

မိန်းကလေးက အလျင်အမြန်ပင် ထ,ရပ်လိုက်ပြီး စာကြည့်တိုက်ဆီ လှည့်ပတ်ကာ ရှာဖွေနေခဲ့သည်။

ရှောင်ချန်း ကသူ့မျက်လုံးအား တင်းကြပ်စွာ ပိတ်ထားခဲ့သည်။ ထိုအရာတွေက မရိုးရှင်းဘူးလို့ သူတွေးမိနေပြီး စာကြည့်တိုက်က သဲလွန်စဖြစ်သည်။

အပြစ်သား

ဘာအပြစ်လဲ? သူတို့က ဘာကြောင့် အပြစ်ရှိတာလဲ? သူတို့က ဘာပြစ်မှုတွေကို ကျူးလွန်ခဲ့တာလဲ?

ဒါက ရှုရှန်း ဖန်တီးထားသည့် ဝိဉာဉ်ကမ္ဘာဖြစ်ရင် အပြစ်သားရဲ့ အပြစ်က ရှုရှန်း နဲ့ပတ်သတ်နေမှာပဲ!

ဒါမှမဟုတ် စာကြည့်တိုက်မှာ သူတို့က ရှုရှန်း အပေါ် မှားခဲ့ကြတယ်။

ဒါဆို သူတို့က အပြစ်သားဆိုတာ အပြစ်သားတွေက သိလိမ့်မလား?

“အား!” ဆံပင်အခွေနဲ့ ကောင်မလေးက ရုတ်တရက် ထ,အော်လိုက်သည်။

“ဘာဖြစ်လို့လဲ?”

“ရှောင်ပင်၊ နင်အဆင်ပြေရဲ့လား? ဘာဖြစ်လို့လဲ?”

ကောင်မလေးရဲ့ အသံကို ကြားလိုက်ပြီး ရှောင်ချန်း ကချက်ချင်း ပြေးသွားလိုက်သည်။

စာကြည့်တိုက်က သေးတာ မဟုတ်ပေ။ အပေါ်ထပ်နဲ့ အောက်ထပ်အပြင် ပိုင်းခြားထားသည့် အခန်းပေါင်းများစွာ ရှိသည်။ ရှောင်ချန်း နဲ့မိန်းကလေးတွေက နှစ်ယောက် တစ်အုပ်စုဖြင့် ခွဲခဲ့ကြသည်။

ဂွမ်ရှုဟန် ကထောင့်ဘက်တွင် ကျုံ့နေခဲ့ပြီး သူမပုံစံက နည်းနည်း ရှက်နေပုံရသည်။

“နင်ပဲ!” မိန်းကလေးတွေက ချက်ချင်းပင် သူမအား မှတ်မိသွားပြီး သူတို့ရဲ့ သတိအနေအထားအား လျော့ချလိုက်သည်။

ဂွမ်ရှုဟန် ရဲ့စိတ်ဝိဉာဉ်က စတင်ပြိုလဲနေခဲ့သည်။ ဇာတ်လမ်းက သူမကြည့်ခဲ့သည့် ဇာတ်ကားနဲ့ လုံးဝကို ကွာခြားလာတာကြောင့်ပင်!

ဇာတ်ကားထဲတွင် ရှုရှန်း ကသရဲဖြစ်သွားပြီးနောက် ကျောင်းထဲက ကျောင်းသားအားလုံးကို အစုလိုက် သတ်ပစ်ခဲ့သည်။ ဘာကြောင့် အတန်း ၄ ကပဲ သေဆုံးရတာလဲ? သိသိသာသာကို သူမက ရှုရှန်း ရဲ့အချစ်လေး ဖြစ်တာကြောင့် ဘာကြောင့် ဒီကမ္ဘာမှာ သူမကော ရှိနေရတာလဲ? ကျောင်ချင်းချင်း၊ လီနီ နဲ့ ရှောင်ချန်း အဲ့ဇာတ်ကောင် သုံးယောက်က ဘာကြောင့် ဒီမှာမရှိရတာလဲ?

ဘာတွေဖြစ်နေတာလဲ? တကယ်ပဲ ဘာတွေဖြစ်လာတာလဲ? ဒီနေရာက ဘယ်နေရာလဲ?

အထူးသဖြင့် ညတုန်းက ကျောင်းသားနှစ်ယောက်က အသတ်ခံရတာကို သူမ မြင်လိုက်ပြီးနောက် သူမ လုံးဝကို ရူးသွပ်သွားသလို ဖြစ်သွားခဲ့သည်။ သူမ မသေချင်ဘူး! သူမ တကယ်ပဲ မသေချင်ဘူး!

ရှောင်ချန်း ကရှေ့တိုးလာရင်း ဂွမ်ရှုဟန် ကသူမခေါင်းကို မော့လိုက်သည်။ သို့သော် သူမက သူ့အား သတိပြုမိသည်နှင့် ချက်ချင်းပင် အော်လိုက်သည်။ “အားးး!!”

ဂွမ်ရှုဟန် ကတစ်ချက်ကြည့်ရုံနဲ့ ဘယ်သူဆိုတာကို သိနေခဲ့သည်။

ရှောင်ချန်း ကအရမ်းကို လှပလွန်းတယ်! သူ့ဘေးရှိ မိန်းကလေးတွေက သိမ်ငယ်သည့် တည်ရှိမှုသာ ဖြစ်နေသည်။ ရှောင်ချန်း ရဲ့အကြီးမားဆုံး ထင်ရှားမှုကတော့ သူ့အနီရောင် ဖီးနစ်လို မျက်ဝန်းတွေပင်။ ရှောင်ချန်း နေရာတွင် သရုပ်ဆောင်ခဲ့သည့် သရုပ်ဆောင်က အတော်လေးကို ခန့်ညားသော်လည်း ဂွမ်ရှုဟန် ရှေ့မှ ရှောင်ချန်း နဲ့ယှဉ်ရင်တော့ ရွက်ကြမ်းရေကျိုလောက်သာ ရှိသည်။

ရှောင်ချန်း ကသူမအော်သံကြောင့် ထိတ်လန့်သွားပြီး ခြေလှမ်းအနည်းငယ် အနောက်ဆုတ်သွားခဲ့သည်။

ဘယ်သူမှ မမြင်နိုင်သည့် ထောင့်ဘက်တွင် အရိပ်တစ်ခုက တိတ်ဆိတ်စွာ ရပ်နေပြီး ခံစားချက်မဲ့နေသည်။ နည်းပါးသည့် အနက်ရောင် မီးခိုးတွေက ခန္ဓာကိုယ်ပုံစံ ဖြစ်နေခဲ့သည်။

Damn အမျိုးသမီး! မင်းက ငါ့စီနီယာကို လန့်အောင် လုပ်ခဲ့တာပဲ!

ဂွမ်ရှုဟန် က ရှောင်ချန်း သေဆုံးခဲ့ပုံကို ပြန်တွေးလိုက်သည်။

ဇာတ်ကားထဲတွင် ရှောင်ချန်း ကချမ်းသာသည့် ဒုတိယမျိုးဆက်ဖြစ်ပြီး သူက ကျောင်ချင်းချင်း နဲ့မရေရာသည့် ဆက်ဆံရေးမျိုး ရှိသည်။ သူမ စိတ်ခံစားချက်အတွက် သူ့မူရင်း ဂုဏ်မောက်သည့် အသွင်အပြင်ဖြင့် သူက ရှုရှန်း ကိုကြည့်မရခဲ့ပေ။

သူက ရှုရှန်း ရဲ့ပတ်ဝန်းကျင်တွင် လိင်နဲ့ပတ်သက်ပြီး သတင်းအမှားတွေကို ဖြန့်ခဲ့သည်။ ထို့နောက် ရှောင်ချန်း က ဝမ်တောင် နဲ့ ပိုင်ချောင်ချောင် တို့နဲ့အတူ ရှုရှန်း အားရေချိုးခန်းထဲတွင် အနိုင်ကျင့်ခဲ့သည်။

ရှုရှန်း ရဲ့ ရှောင်ချန်း အပေါ်အမုန်းတရားက မေးခွန်းတောင် ထုတ်စရာမလိုပေ!

သူက ရှောင်ချန်း အားထောင်ပေါင်းများစွာသော ဖြတ်ရာတွေဖြင့် သတ်ပစ်ခဲ့တယ်!

တစ်ချက်ပြီး တစ်ချက် ဖြတ်ခဲ့သည်။

ဒါရိုက်တာက အကုန်လုံး မရိုက်ကူးခဲ့တာတောင် ဒါက မနှစ်မြို့စရာပုံစံ လုံလောက်သည်။

ဂွမ်ရှုဟန် ကဘယ်လိုလုပ်ပြီး သူ့နားကပ်ရဲမှာလဲ? ဇာတ်လမ်းထဲတွင် ရှုရှန်း ကသူ့အား ညှင်းပန်းနှိပ်စက်ပြီး နောက်ဆုံးမှာသာ သတ်ပစ်ခဲ့သည်။ အလျင်အမြန် သေဆုံးသွားရတဲ့ လူတွေကလည်း ရှောင်ချန်း နဲ့ရင်းနှီးတာကြောင့်ပင်။ ရှုရှန်း ကဒီနည်းလမ်းကို အသုံးချကာ ရှောင်ချန်း ရဲ့စိတ်အား ကစားနေခဲ့ပြီး သူ့အား အေးအေးချမ်းချမ်း သေဆုံးဖို့ကို ခွင့်မပြုခဲ့ပေ။

ဂွမ်ရှုဟန် ကငိုကြွေးလိုက်သည်။ သူမက အရမ်းကို နုံအ,တာပဲ! သရဲတစ်ကောင်က ဘယ်လိုလုပ်ပြီး ကောင်းတဲ့အရာ ဖြစ်နိုင်မှာလဲ? ဘာတစ္ဆေဇနီးလဲ? သရဲနဲ့ လူသားကြားက အချစ်? ဒါတွေက ဘယ်လိုလုပ်ပြီး သူမဘဝထက် ပိုအရေးပါမှာလဲ?

ရှောင်ချန်း ကသူမခံစားချက် အခြေအနေက ထူးဆန်းနေတာကို နားလည်သည်။ သူက မျက်မှောင်ကြုတ်လိုက်ပြီး သူ့ဘေးက မိန်းကလေးတွေက တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့အားလုံးက သဲလွန်စအား ထပ်ရှာဖွေခဲ့ကြသည်။

နှစ်နာရီ ကြာခဲ့သည်။ ဒီအချိန်တွင် သေခြင်း၊ ရှင်ခြင်းကို ဆုံးဖြတ်နိုင်တာကြောင့် ဘယ်သူက ခံစားချက်အတွက် ဂွမ်ရှုဟန် ဆီသွားပြီးတော့ နှစ်သိမ့်ပေးချင်မှာလဲ?

ဝမ်တောင် ကလူတွေအား စာကြည့်တိုက်ဆီ ခေါ်လာချိန်တွင် သူ့ပုံစံက အေးစက်ပြီး ပင်ပန်းနေသည်။ သူ့တစ်ကိုယ်လုံးက သွေးလွှမ်းသည့် လေထုက ထုတ်လွှင့်နေသည်။

ရှောင်ချန်း ကသူ့နောက်မှ ကြီးမားသည့် အသင်းကြီးအား ခိုးကြည့်လိုက်သည်။ လူတိုင်းက အရမ်းကို ကြောက်လန့်စွာဖြင့် ဝမ်တောင် အားစိုက်ကြည့်နေခဲ့သည်။ ဘယ်သူ့ကမှ သူ့အနီးကို မသွားရဲကြပေ။ ဝမ်တောင် ကလည်း နားလည်သည်။

ပြီးခဲ့သည့်ညက ဝမ်တောင် ကလူနှစ်ယောက်အား သတ်ပစ်ခဲ့သည်။

ဝမ်တောင် ကဝင်လာသည်နှင့် ရှောင်ချန်း ကိုချက်ချင်း မြင်လိုက်သည်။ သူ့မျက်လုံးတွေက ပြူးကျယ်သွားပေမဲ့ ခံစားချက်တွေက ရောနှောနေပြီး ရှောင်ချန်း နားကိုမကပ်ပေ။

သေချာပေါက်ကို လူတိုင်းက ရှောင်ချန်း ကိုသတိပြုမိသွားကြသည်။ သူနဲ့ ရှုရှန်း ကြားက ကောလဟာလတွေကို ပြန်တွေးလိုက်ချိန်တွင် သူတို့က သတိအနေအထား ဖြစ်သွားကြသည်။

“သေလိုက်၊ စာကြည့်တိုက်က အရမ်းကြီးတာပဲ! ငါတို့ ဘာရှာနိုင်မှာလဲ?”

“မှန်တယ်၊ ဒီသဲလွန်စက အရမ်းကို အသုံးမဝင်ဘူး။ ဘာအလင်းရောင်မှ မရှိလို့ စာလုံးတွေတောင် ဖတ်လို့မရနိုင်ဘူး!”

“ပိတ်စမ်း!” လူတွေရဲ့ လျှို့ဝှက်စွာ ပြောဆိုနေတာကို ကြားလိုက်ပြီး ဝမ်တောင် ကဓားသွားလို စူးရှစွာ ကြည့်လိုက်သည်။ ချက်ချင်းပင် သူတို့က တိတ်သွားကြသည်။

လူအုပ်စုက ရည်ရွယ်ချက်မဲ့စွာ ရှုပ်ထွေးစွာဖြင့် စာရွက်တွေအား လှန်နေတာကို ရှောင်ချန်း ကကြည့်နေခဲ့သည်။ သူလျှောက်နေတာကို ရပ်လိုက်သည်။

သူ့အရိပ်က အားနည်းသည့် လရောင်မှတဆင့် ကြမ်းပြင်တွင် အရိပ်ထင်နေသည်။ သို့သော် အရိပ်ထဲတွင် ကွာခြားသည့် ပုံစံက ရှိနေသည်။ ထူးခြားစွာဖြင့် အရမ်းကိုသိမ်မွေ့နေပြီး သူသာ သတိလက်လွတ် ငုံ့မကြည့်ခဲ့ရင် သူလုံးဝကို တွေ့မှာမဟုတ်ပေ!

အရိပ်ထဲမှ သူ့ဘယ်လက် လက်ညှိုးဖြင့် တစ်စုံတစ်ယောက်ကို ထိုးပြနေသည်။

8.8.2021 (Sun)
..........................

Zawgyi

႐ုတ္ခ်င္းပင္ အသံလႊင့္မႈက လူတိုင္းရဲ႕နားထဲဆီ ေရာက္လာခဲ့သည္။ ဒါက ေတာင့္တင္းၿပီး ခံစားခ်က္ နည္းနည္းေလးေတာင္ မပါဝင္သည့္ အမ်ိဳးသား စက္အသံျဖစ္သည္။ စာေတြကို ဖတ္ျပေနသလိုမ်ိဳး အသံက ႐ြတ္ေနခဲ့သည္။ [ညဘက္ေရာက္ဖို႔ တစ္နာရီက်န္ပါတယ္။ ကစားသူမ်ား၊ ေက်းဇူးျပဳၿပီး ျပင္ဆင္ထားၾကပါ]

မိန္းကေလးေတြက မ်က္လုံးျပဴးသြားၾကၿပီး ထိတ္လန္႔ေနကာ တုန္လႈပ္လာၾကသည္။

ေ႐ွာင္ခ်န္း ကသတိဝင္သြားခဲ့သည္။ “ဒီကမ႓ာမွာ လူဘယ္ေလာက္ က်န္ေသးလဲ? ေနာက္ၿပီး ငါတို႔လႈပ္႐ွားမႈ အပိုင္းက ဘယ္ေလာက္ႀကီးမားလဲ? အခု ငါတို႔အျမန္ ပုန္းေနဖို႔လိုတယ္”

မိန္းကေလး ေခါင္းေဆာင္က အံႀကိတ္လိုက္သည္။ “လူအမ်ားႀကီး မ႐ွိဘူး။ အတန္း ၄ ကေက်ာင္းသားေတြနဲ႔ ႐ွင္ပဲ။ ကြၽန္မတို႔ တစ္ေက်ာင္းလုံး ေရာက္လာခဲ့ၾကတာ”

ေ႐ွာင္ခ်န္း ကသံသယျဖစ္သြားသည္။ “တစ္ေက်ာင္းလုံး? ဒါဆို ဘာေၾကာင့္ နံရံေက်ာ္တက္ၿပီး ထြက္မေျပးတာလဲ?”

မိန္းကေလးထဲက တစ္ေယာက္က ေျပာလိုက္သည္။ “ကြၽန္မတို႔က အဲ့လိုမ်ိဳး မေတြးခဲ့ဘူးလို႔ ထင္ေနတာလား? ထြက္ေျပးတဲ့လူေတြ ဘာျဖစ္သြားလဲ ႐ွင္သိရဲ႕လား?”

ေ႐ွာင္ခ်န္း ကစကာေျပာတာကို ခ်က္ခ်င္း ရပ္လိုက္သည္။ ဒီကမ႓ာက အစစ္အမွန္ ကမ႓ာမဟုတ္ေပ။ သူတို႔က ေက်ာင္းကေန ထြက္ေျပးရင္ေတာင္ အျပင္က ဘယ္လိုမ်ိဳးလဲ? ဘယ္သူသိမွာလဲ?

သူ႕ေခါင္းကို ငုံ႔လိုက္ၿပီး ေလထုက ပိုၿပီးေတာ့ ညိႇဳ႕မိႈင္းလာခဲ့သည္။

႐ုတ္တရက္ သူ႕လည္ပင္းအား တစ္စုံတစ္ခုက လာထိေတြ႕တာကို ခံစားလိုက္ရၿပီးေနာက္ လက္တစ္စုံက သူ႕ခါးအား ခ်ိတ္တြယ္လာခဲ့သည္။

ဒီအရာက ေ႐ွာင္ခ်န္း အားၾကက္သီးထ,ေစသည္။ ေအာက္ကို ငုံ႔ၾကည့္လိုက္ခ်ိန္တြင္ ဘာမွမျမင္ႏိုင္ပဲ မိန္းကေလးေတြလည္း ပုံမွန္မဟုတ္တာကို ဘာမွသတိမျပဳမိေပ။

ဒီကမ႓ာနဲ႔ပတ္သက္ၿပီး သရဲက သူ႕ကို သတိေပးေနတာလား? ဒါမွမဟုတ္ ႐ႈ႐ွန္း?

သူ႕ႏႈတ္ခမ္းေတြက ေ႐ွာင္ခ်န္း နားနဲ႔နီးလာတာကို ခံစားလိုက္ရၿပီး သူ႕နားသီးအား ညင္သာစြာျဖင့္ စတင္ပြတ္သပ္လာခဲ့သည္။ သံလိုက္လို ဆြဲေဆာင္မႈ႐ွိသည့္ အမ်ိဳးသားအသံက ေရ႐ြတ္လိုက္သည္။ “စာၾကည့္တိုက္ကိုသြား”

သူ႕ခါးမွလက္ေတြက ေပ်ာက္ကြယ္သြားခဲ့သည္။ ေ႐ွာင္ခ်န္း ကသူ႕နားကို ထိလိုက္သည္။ ဒါက နည္းနည္း နီေနသည္။

ေ႐ွာင္ခ်န္း ကသရဲအား ယုံၾကည္ဖို႔ ေ႐ြးခ်ယ္လိုက္သည္။

သူ႕စကားေတြက အမွန္ဆိုရင္ သူတို႔ေတြ အသက္႐ွင္ႏိုင္လိမ့္မည္။ သို႔ေသာ္ သူ႕စကားေတြကသာ မွားေနမယ္ဆိုရင္ တျခားသူေတြထက္ နည္းနည္းပိုေစာၿပီး ေသဖို႔သာ႐ွိသည္။

ေျပာစရာေတာင္ မလိုေပ။

ေ႐ွာင္ခ်န္း ကသူ႕လက္ေတြအား တင္းၾကပ္စြာ ဆုပ္လိုက္သည္။

ဘာေၾကာင့္မွန္း မသိေပမဲ့ ဒီသရဲက သူ႕အား ဒုကၡမေပးဘူးလို႔ ထင္ေနမိသည္။

“စာၾကည့္တိုက္ကို သြားရေအာင္” ေ႐ွာင္ခ်န္း ကတြန္႔ဆုတ္ျခင္း မ႐ွိပဲ သတင္းအား မွ်ေဝလိုက္သည္။ မိန္းကေလးေတြက အံ့ဩစြာျဖင့္ ေခါင္းေမာ့လိုက္ေပမဲ့ အေျခအေနက အလ်င္လိုေနၿပီး သူတို႔တြင္လည္း တျခားေ႐ြးခ်ယ္စရာ မ႐ွိေပ။ ခဏၾကာၿပီးေနာက္ သူတို႔အားလုံးက ေ႐ွာင္ခ်န္း ရဲ႕အၾကံေပးခ်က္ကို လိုက္နာခဲ့ၾကသည္။

ညအခ်ိန္က ေရာက္လာခဲ့သည္။

ေ႐ွာင္ခ်န္း ကမ်က္ေမွာင္ၾကဳတ္လိုက္သည္။

မြန္းစတားေတြက ညဘက္တြင္ ေပၚလာတာေၾကာင့္ အဲ့မွာ ဘာမြန္းစတားေတြ႐ွိလဲ?

ေ႐ွာင္ခ်န္း ကဒီေမးခြန္းအား မိန္းကေလးေတြအား အထပ္ထပ္ ေမးခဲ့ေပမဲ့ သူတို႔အမူအရာေတြက အရမ္းကို ထိတ္လန္႔ေနပုံ ျဖစ္တာေၾကာင့္ ေ႐ွာင္ခ်န္း ကသူတို႔ကို ထပ္ၿပီးဖိအား မေပးႏိုင္ေတာ့ေပ။

စာၾကည့္တိုက္ကို သြားေနခ်ိန္တြင္ ေနာက္ထပ္ အသံလႊင့္မႈက ႐ွိလာခဲ့သည္။ မိန္းကေလးေတြက ေၾကာက္သြားၾကၿပီး တုန္သြားၾကသည္။

[ကစားသမားတို႔၊ ညအခ်ိန္မွ ႀကိဳဆိုပါတယ္! ဂိမ္းစည္းမ်ည္းကေတာ့ ႏွစ္ဆအျဖစ္ ေျပာင္းလဲသြားပါၿပီ။
ေနာက္ထပ္ စည္းမ်ည္းအသစ္ ႐ွိပါတယ္။ ဂိမ္းတာဝန္အား ‘အျပစ္သားအား ႐ွာေဖြျခင္း’ ျဖစ္ပါတယ္။ အျပစ္သားေတြက မင္းတို႔ၾကားမွာ ပုန္းကြယ္ေနၾကပါတယ္။ ခ်က္ခ်င္း အေျခအေနေၾကာင့္ အျပစ္သားအား ႐ွာေဖြၿပီး သူတို႔ကို အျပစ္ေပးပါ။

အျပစ္သားကို ႐ွာေဖြၿပီး ဒီေနရာကေန လြတ္ေျမာက္ျခင္း ဆုလဒ္ကို ရပါလိမ့္မယ္။

လူအားလုံးရဲ႕ မဲေပးခ်က္နဲ႔ ေနာက္ဆုံး အျပစ္သား တစ္ေယာက္ကို ေ႐ြးခဲ့ရပါမယ္။ အဲ့လူက အျပစ္သား ဟုတ္ဟုတ္ မဟုတ္ဟုတ္ သူတို႔က အျပစ္ေပးခံရပါလိမ့္မယ္။

ေနာက္ၿပီး ဒီေန႔ရဲ႕တည္ေနရာက : စာၾကည့္တိုက္

အခ်ိန္ကန္႔သတ္ခ်က္က ႏွစ္နာရီပါ။ ေနာက္ၿပီး အျပစ္ေပးမႈကေတာ့ ေသဆုံးျခင္းပါ။ မွတ္ထားပါ၊ ေသမင္းက မင္းတို႔ေနာက္မွာ ႐ွိေနပါတယ္။

ကံေကာင္းပါေစ]

မိန္းကေလးေတြရဲ႕ မ်က္လုံးေတြက ေတာက္ပသြားရင္း သူတို႔က စိတ္လႈပ္႐ွားေနၾကသည္။

ေနာက္ဆုံးဂိမ္း တာဝန္ကေတာ့ ညတိုင္းတြင္ ႏွစ္ေယာက္ကို ေအာက္ထပ္တြင္ သတ္ပြဲအမိန္႔ျဖစ္သည္။ ႐ွင္သန္ဖို႔က ဘယ္လိုအခြင့္အေရးမွ မ႐ွိေပ! သူတို႔ေတြက ေသဖို႔သာ႐ွိသည္။

အခုေတာ့ ႐ွင္သန္ႏိုင္မဲ့ နည္းလမ္းက ႐ွိလာခဲ့ၿပီး သူတို႔က ဘယ္လိုလုပ္ၿပီး မေပ်ာ္ျမဴးပဲ ေနႏိုင္မွာလဲ?

ေခါင္းေဆာင္ မိန္းကေလး၊ ဆံပင္တိုနဲ႔ ေကာင္မေလးက တုန္႔ျပန္တာ အျမန္ဆုံးျဖစ္သည္။ သူမက ထိတ္လန္႔ေနသည့္ ေ႐ွာင္ခ်န္း အားၾကည့္လိုက္ၿပီးေနာက္ ေျပာလိုက္သည္။ “ကြၽန္မတို႔ အခုစာၾကည့္တိုက္ကို သြားၾကမယ္၊ ျမန္ျမန္ သဲလြန္စေတြ ႐ွာေဖြၾကမယ္! ကြၽန္မတို႔ ေသခ်ာေပါက္ ႐ွင္သန္ႏိုင္တယ္!”

မိန္းကေလးက အလ်င္အျမန္ပင္ ထ,ရပ္လိုက္ၿပီး စာၾကည့္တိုက္ဆီ လွည့္ပတ္ကာ ႐ွာေဖြေနခဲ့သည္။

ေ႐ွာင္ခ်န္း ကသူ႕မ်က္လုံးအား တင္းၾကပ္စြာ ပိတ္ထားခဲ့သည္။ ထိုအရာေတြက မ႐ိုး႐ွင္းဘူးလို႔ သူေတြးမိေနၿပီး စာၾကည့္တိုက္က သဲလြန္စျဖစ္သည္။

အျပစ္သား

ဘာအျပစ္လဲ? သူတို႔က ဘာေၾကာင့္ အျပစ္႐ွိတာလဲ? သူတို႔က ဘာျပစ္မႈေတြကို က်ဴးလြန္ခဲ့တာလဲ?

ဒါက ႐ႈ႐ွန္း ဖန္တီးထားသည့္ ဝိဉာဥ္ကမ႓ာျဖစ္ရင္ အျပစ္သားရဲ႕ အျပစ္က ႐ႈ႐ွန္း နဲ႔ပတ္သတ္ေနမွာပဲ!

ဒါမွမဟုတ္ စာၾကည့္တိုက္မွာ သူတို႔က ႐ႈ႐ွန္း အေပၚ မွားခဲ့ၾကတယ္။

ဒါဆို သူတို႔က အျပစ္သားဆိုတာ အျပစ္သားေတြက သိလိမ့္မလား?

“အား!” ဆံပင္အေခြနဲ႔ ေကာင္မေလးက ႐ုတ္တရက္ ထ,ေအာ္လိုက္သည္။

“ဘာျဖစ္လို႔လဲ?”

“ေ႐ွာင္ပင္၊ နင္အဆင္ေျပရဲ႕လား? ဘာျဖစ္လို႔လဲ?”

ေကာင္မေလးရဲ႕ အသံကို ၾကားလိုက္ၿပီး ေ႐ွာင္ခ်န္း ကခ်က္ခ်င္း ေျပးသြားလိုက္သည္။

စာၾကည့္တိုက္က ေသးတာ မဟုတ္ေပ။ အေပၚထပ္နဲ႔ ေအာက္ထပ္အျပင္ ပိုင္းျခားထားသည့္ အခန္းေပါင္းမ်ားစြာ ႐ွိသည္။ ေ႐ွာင္ခ်န္း နဲ႔မိန္းကေလးေတြက ႏွစ္ေယာက္ တစ္အုပ္စုျဖင့္ ခြဲခဲ့ၾကသည္။

ဂြမ္႐ႈဟန္ ကေထာင့္ဘက္တြင္ က်ံဳ႕ေနခဲ့ၿပီး သူမပုံစံက နည္းနည္း ႐ွက္ေနပုံရသည္။

“နင္ပဲ!” မိန္းကေလးေတြက ခ်က္ခ်င္းပင္ သူမအား မွတ္မိသြားၿပီး သူတို႔ရဲ႕ သတိအေနအထားအား ေလ်ာ့ခ်လိုက္သည္။

ဂြမ္႐ႈဟန္ ရဲ႕စိတ္ဝိဉာဥ္က စတင္ၿပိဳလဲေနခဲ့သည္။ ဇာတ္လမ္းက သူမၾကည့္ခဲ့သည့္ ဇာတ္ကားနဲ႔ လုံးဝကို ကြာျခားလာတာေၾကာင့္ပင္!

ဇာတ္ကားထဲတြင္ ႐ႈ႐ွန္း ကသရဲျဖစ္သြားၿပီးေနာက္ ေက်ာင္းထဲက ေက်ာင္းသားအားလုံးကို အစုလိုက္ သတ္ပစ္ခဲ့သည္။ ဘာေၾကာင့္ အတန္း ၄ ကပဲ ေသဆုံးရတာလဲ? သိသိသာသာကို သူမက ႐ႈ႐ွန္း ရဲ႕အခ်စ္ေလး ျဖစ္တာေၾကာင့္ ဘာေၾကာင့္ ဒီကမ႓ာမွာ သူမေကာ ႐ွိေနရတာလဲ? ေက်ာင္ခ်င္းခ်င္း၊ လီနီ နဲ႔ ေ႐ွာင္ခ်န္း အဲ့ဇာတ္ေကာင္ သုံးေယာက္က ဘာေၾကာင့္ ဒီမွာမ႐ွိရတာလဲ?

ဘာေတြျဖစ္ေနတာလဲ? တကယ္ပဲ ဘာေတြျဖစ္လာတာလဲ? ဒီေနရာက ဘယ္ေနရာလဲ?

အထူးသျဖင့္ ညတုန္းက ေက်ာင္းသားႏွစ္ေယာက္က အသတ္ခံရတာကို သူမ ျမင္လိုက္ၿပီးေနာက္ သူမ လုံးဝကို ႐ူးသြပ္သြားသလို ျဖစ္သြားခဲ့သည္။ သူမ မေသခ်င္ဘူး! သူမ တကယ္ပဲ မေသခ်င္ဘူး!

ေ႐ွာင္ခ်န္း ကေ႐ွ႕တိုးလာရင္း ဂြမ္႐ႈဟန္ ကသူမေခါင္းကို ေမာ့လိုက္သည္။ သို႔ေသာ္ သူမက သူ႕အား သတိျပဳမိသည္ႏွင့္ ခ်က္ခ်င္းပင္ ေအာ္လိုက္သည္။ “အားးး!!”

ဂြမ္႐ႈဟန္ ကတစ္ခ်က္ၾကည့္႐ုံနဲ႔ ဘယ္သူဆိုတာကို သိေနခဲ့သည္။

ေ႐ွာင္ခ်န္း ကအရမ္းကို လွပလြန္းတယ္! သူ႕ေဘး႐ွိ မိန္းကေလးေတြက သိမ္ငယ္သည့္ တည္႐ွိမႈသာ ျဖစ္ေနသည္။ ေ႐ွာင္ခ်န္း ရဲ႕အႀကီးမားဆုံး ထင္႐ွားမႈကေတာ့ သူ႕အနီေရာင္ ဖီးနစ္လို မ်က္ဝန္းေတြပင္။ ေ႐ွာင္ခ်န္း ေနရာတြင္ သ႐ုပ္ေဆာင္ခဲ့သည့္ သ႐ုပ္ေဆာင္က အေတာ္ေလးကို ခန္႔ညားေသာ္လည္း ဂြမ္႐ႈဟန္ ေ႐ွ႕မွ ေ႐ွာင္ခ်န္း နဲ႔ယွဥ္ရင္ေတာ့ ႐ြက္ၾကမ္းေရက်ိဳေလာက္သာ ႐ွိသည္။

ေ႐ွာင္ခ်န္း ကသူမေအာ္သံေၾကာင့္ ထိတ္လန္႔သြားၿပီး ေျခလွမ္းအနည္းငယ္ အေနာက္ဆုတ္သြားခဲ့သည္။

ဘယ္သူမွ မျမင္ႏိုင္သည့္ ေထာင့္ဘက္တြင္ အရိပ္တစ္ခုက တိတ္ဆိတ္စြာ ရပ္ေနၿပီး ခံစားခ်က္မဲ့ေနသည္။ နည္းပါးသည့္ အနက္ေရာင္ မီးခိုးေတြက ခႏၶာကိုယ္ပုံစံ ျဖစ္ေနခဲ့သည္။

Damn အမ်ိဳးသမီး! မင္းက ငါ့စီနီယာကို လန္႔ေအာင္ လုပ္ခဲ့တာပဲ!

ဂြမ္႐ႈဟန္ က ေ႐ွာင္ခ်န္း ေသဆုံးခဲ့ပုံကို ျပန္ေတြးလိုက္သည္။

ဇာတ္ကားထဲတြင္ ေ႐ွာင္ခ်န္း ကခ်မ္းသာသည့္ ဒုတိယမ်ိဳးဆက္ျဖစ္ၿပီး သူက ေက်ာင္ခ်င္းခ်င္း နဲ႔မေရရာသည့္ ဆက္ဆံေရးမ်ိဳး ႐ွိသည္။ သူမ စိတ္ခံစားခ်က္အတြက္ သူ႕မူရင္း ဂုဏ္ေမာက္သည့္ အသြင္အျပင္ျဖင့္ သူက ႐ႈ႐ွန္း ကိုၾကည့္မရခဲ့ေပ။

သူက ႐ႈ႐ွန္း ရဲ႕ပတ္ဝန္းက်င္တြင္ လိင္နဲ႔ပတ္သက္ၿပီး သတင္းအမွားေတြကို ျဖန္႔ခဲ့သည္။ ထို႔ေနာက္ ေ႐ွာင္ခ်န္း က ဝမ္ေတာင္ နဲ႔ ပိုင္ေခ်ာင္ေခ်ာင္ တို႔နဲ႔အတူ ႐ႈ႐ွန္း အားေရခ်ိဳးခန္းထဲတြင္ အႏိုင္က်င့္ခဲ့သည္။

႐ႈ႐ွန္း ရဲ႕ ေ႐ွာင္ခ်န္း အေပၚအမုန္းတရားက ေမးခြန္းေတာင္ ထုတ္စရာမလိုေပ!

သူက ေ႐ွာင္ခ်န္း အားေထာင္ေပါင္းမ်ားစြာေသာ ျဖတ္ရာေတြျဖင့္ သတ္ပစ္ခဲ့တယ္!

တစ္ခ်က္ၿပီး တစ္ခ်က္ ျဖတ္ခဲ့သည္။

ဒါ႐ိုက္တာက အကုန္လုံး မ႐ိုက္ကူးခဲ့တာေတာင္ ဒါက မႏွစ္ၿမိဳ႕စရာပုံစံ လုံေလာက္သည္။

ဂြမ္႐ႈဟန္ ကဘယ္လိုလုပ္ၿပီး သူ႕နားကပ္ရဲမွာလဲ? ဇာတ္လမ္းထဲတြင္ ႐ႈ႐ွန္း ကသူ႕အား ညႇင္းပန္းႏွိပ္စက္ၿပီး ေနာက္ဆုံးမွာသာ သတ္ပစ္ခဲ့သည္။ အလ်င္အျမန္ ေသဆုံးသြားရတဲ့ လူေတြကလည္း ေ႐ွာင္ခ်န္း နဲ႔ရင္းႏွီးတာေၾကာင့္ပင္။ ႐ႈ႐ွန္း ကဒီနည္းလမ္းကို အသုံးခ်ကာ ေ႐ွာင္ခ်န္း ရဲ႕စိတ္အား ကစားေနခဲ့ၿပီး သူ႕အား ေအးေအးခ်မ္းခ်မ္း ေသဆုံးဖို႔ကို ခြင့္မျပဳခဲ့ေပ။

ဂြမ္႐ႈဟန္ ကငိုေႂကြးလိုက္သည္။ သူမက အရမ္းကို ႏုံအ,တာပဲ! သရဲတစ္ေကာင္က ဘယ္လိုလုပ္ၿပီး ေကာင္းတဲ့အရာ ျဖစ္ႏိုင္မွာလဲ? ဘာတေစၧဇနီးလဲ? သရဲနဲ႔ လူသားၾကားက အခ်စ္? ဒါေတြက ဘယ္လိုလုပ္ၿပီး သူမဘဝထက္ ပိုအေရးပါမွာလဲ?

ေ႐ွာင္ခ်န္း ကသူမခံစားခ်က္ အေျခအေနက ထူးဆန္းေနတာကို နားလည္သည္။ သူက မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး သူ႕ေဘးက မိန္းကေလးေတြက တစ္ေယာက္နဲ႔ တစ္ေယာက္ ၾကည့္လိုက္ၾကသည္။ သူတို႔အားလုံးက သဲလြန္စအား ထပ္႐ွာေဖြခဲ့ၾကသည္။

ႏွစ္နာရီ ၾကာခဲ့သည္။ ဒီအခ်ိန္တြင္ ေသျခင္း၊ ႐ွင္ျခင္းကို ဆုံးျဖတ္ႏိုင္တာေၾကာင့္ ဘယ္သူက ခံစားခ်က္အတြက္ ဂြမ္႐ႈဟန္ ဆီသြားၿပီးေတာ့ ႏွစ္သိမ့္ေပးခ်င္မွာလဲ?

ဝမ္ေတာင္ ကလူေတြအား စာၾကည့္တိုက္ဆီ ေခၚလာခ်ိန္တြင္ သူ႕ပုံစံက ေအးစက္ၿပီး ပင္ပန္းေနသည္။ သူ႕တစ္ကိုယ္လုံးက ေသြးလႊမ္းသည့္ ေလထုက ထုတ္လႊင့္ေနသည္။

ေ႐ွာင္ခ်န္း ကသူ႕ေနာက္မွ ႀကီးမားသည့္ အသင္းႀကီးအား ခိုးၾကည့္လိုက္သည္။ လူတိုင္းက အရမ္းကို ေၾကာက္လန္႔စြာျဖင့္ ဝမ္ေတာင္ အားစိုက္ၾကည့္ေနခဲ့သည္။ ဘယ္သူ႕ကမွ သူ႕အနီးကို မသြားရဲၾကေပ။ ဝမ္ေတာင္ ကလည္း နားလည္သည္။

ၿပီးခဲ့သည့္ညက ဝမ္ေတာင္ ကလူႏွစ္ေယာက္အား သတ္ပစ္ခဲ့သည္။

ဝမ္ေတာင္ ကဝင္လာသည္ႏွင့္ ေ႐ွာင္ခ်န္း ကိုခ်က္ခ်င္း ျမင္လိုက္သည္။ သူ႕မ်က္လုံးေတြက ျပဴးက်ယ္သြားေပမဲ့ ခံစားခ်က္ေတြက ေရာေႏွာေနၿပီး ေ႐ွာင္ခ်န္း နားကိုမကပ္ေပ။

ေသခ်ာေပါက္ကို လူတိုင္းက ေ႐ွာင္ခ်န္း ကိုသတိျပဳမိသြားၾကသည္။ သူနဲ႔ ႐ႈ႐ွန္း ၾကားက ေကာလဟာလေတြကို ျပန္ေတြးလိုက္ခ်ိန္တြင္ သူတို႔က သတိအေနအထား ျဖစ္သြားၾကသည္။

“ေသလိုက္၊ စာၾကည့္တိုက္က အရမ္းႀကီးတာပဲ! ငါတို႔ ဘာ႐ွာႏိုင္မွာလဲ?”

“မွန္တယ္၊ ဒီသဲလြန္စက အရမ္းကို အသုံးမဝင္ဘူး။ ဘာအလင္းေရာင္မွ မ႐ွိလို႔ စာလုံးေတြေတာင္ ဖတ္လို႔မရႏိုင္ဘူး!”

“ပိတ္စမ္း!” လူေတြရဲ႕ လွ်ိဳ႕ဝွက္စြာ ေျပာဆိုေနတာကို ၾကားလိုက္ၿပီး ဝမ္ေတာင္ ကဓားသြားလို စူး႐ွစြာ ၾကည့္လိုက္သည္။ ခ်က္ခ်င္းပင္ သူတို႔က တိတ္သြားၾကသည္။

လူအုပ္စုက ရည္႐ြယ္ခ်က္မဲ့စြာ ႐ႈပ္ေထြးစြာျဖင့္ စာ႐ြက္ေတြအား လွန္ေနတာကို ေ႐ွာင္ခ်န္း ကၾကည့္ေနခဲ့သည္။ သူေလွ်ာက္ေနတာကို ရပ္လိုက္သည္။

သူ႕အရိပ္က အားနည္းသည့္ လေရာင္မွတဆင့္ ၾကမ္းျပင္တြင္ အရိပ္ထင္ေနသည္။ သို႔ေသာ္ အရိပ္ထဲတြင္ ကြာျခားသည့္ ပုံစံက ႐ွိေနသည္။ ထူးျခားစြာျဖင့္ အရမ္းကိုသိမ္ေမြ႕ေနၿပီး သူသာ သတိလက္လြတ္ ငုံ႔မၾကည့္ခဲ့ရင္ သူလုံးဝကို ေတြ႕မွာမဟုတ္ေပ!

အရိပ္ထဲမွ သူ႕ဘယ္လက္ လက္ညိႇဳးျဖင့္ တစ္စုံတစ္ေယာက္ကို ထိုးျပေနသည္။

8.8.2021 (Sun)
..........................

Continue Reading

You'll Also Like

1.1M 234K 168
MinervaLance အရင် acc က ဝင်မရလို့ အခု Acc အသစ်မှာ အဆက်ကို ဆက်တင်ပေးနေတာပါ။ ပထမအုပ်ကို My Works Reading List ထဲမှာ ရှာလို့ရပါတယ်။ ဟုတ်ကဲ့... အရင်က Mi...
266K 8.2K 16
စိတ္တဇထောင်ချောက်တစ်ခုထဲ သင်ကိုယ်တိုင်ရောက်သွားတဲ့ ခံစားချက်မျိုး လိုချင်ရင် ဒီ fic ကို သင်ဖတ်နိုင်ပါတယ် သို့ပေမယ့် 18+နော်😁
124K 13.4K 141
ဘာသာပြန်သူ - Horroe, Romance အမျိုးအစားမို့ နည်းနည်းတော့ သည်းထိတ်ရင်ဖိုလေးတွေ ပါမယ်နော်။ Romance လည်း ပါတော့ ချိုချို ကြောက်ကြောက်.. ချိုကြောက်၊ ကြေ...
2.3M 169K 172
PSYCHO လူသတ္သမားတစ္ေယာက္နဲ႔စာခ်ဳပ္ခ်ဳပ္မိျခင္း PSYCHO လူသတ်သမားတစ်ယောက်နဲ့စာချုပ်ချုပ်မိခြင်း Beautiful love story 🖤 #BL #Yaoi Manga translation by...