လျှို့ဝှက်ဆန်းပြားလောက〘Uni+Za...

By Kaiyou1111

237K 40.5K 1K

[တစ်ကမ္ဘာလုံးက မင်းကို အနိုင်ကျင့်ကြတယ်၊ မုန်းတီးကြတယ်၊ နောက်ပြီး မင်းကို ခွဲခြားဆက်ဆံကြတယ်၊ ဒါပေမဲ့ မင်းရဲ့က... More

Description
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၂)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၃)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၆)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၇)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၈)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၉)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၀)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၁)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၂)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၃)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၆)
သေမင်းတမန် (၁)
သေမင်းတမန် (၂)
သေမင်းတမန် (၃)
သေမင်းတမန် (၄)
သေမင်းတမန် (၅)
သေမင်းတမန် (၆)
သေမင်းတမန် (၇)
သေမင်းတမန် (၈)
သေမင်းတမန် (၉)
သေမင်းတမန် (၁၀)
သေမင်းတမန် (၁၁)
သေမင်းတမန် (၁၂)
သေမင်းတမန် (၁၃)
သေမင်းတမန် (၁၄)
သေမင်းတမန် (၁၅)
လူသားစားမြို့(၁)
လူသားစားမြို့(၂)
လူသားစားမြို့(၃)
လူသားစားမြို့(၄)
လူသားစားမြို့(၅)
လူသားစားမြို့(၆)
လူသားစားမြို့(၇)
လူသားစားမြို့(၈)
လူသားစားမြို့(၉)
လူသားစားမြို့(၁၀)
လူသားစားမြို့(၁၁)
လူသားစားမြို့(၁၂)
လူသားစားမြို့(၁၃)
လူသားစားမြို့(၁၄)
လူသားစားမြို့(၁၅)
လူသားစားမြို့(၁၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၇)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၈)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၉)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၀)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၆)
Not Update!!
Good New (。•̀ᴗ-)✧
Hello (。•̀ᴗ-)✧
လူသတ်ဂိမ်း (၁)
လူသတ်ဂိမ်း (၂)
လူသတ်ဂိမ်း (၃)
လူသတ်ဂိမ်း (၄)
လူသတ်ဂိမ်း (၅)
လူသတ်ဂိမ်း (၆)
လူသတ်ဂိမ်း(၇)
လူသတ်ဂိမ်း (၈)
လူသတ်ဂိမ်း (၉)
လူသတ်ဂိမ်း (၁၀)
လူသတ်ဂိမ်း (၁၁)
လူသတ်ဂိမ်း (၁၂)
တစ္ဆေမျက်လုံး (၁)
တစ္ဆေမျက်လုံး (၂)
တစ္ဆေမျက်လုံး (၃)
တစ္ဆေမျက်လုံး (၄)
တစ္ဆေမျက်လုံး (၅)
တစ္ဆေမျက်လုံး (၆)
တစ္ဆေမျက်လုံး (၇)
တစ္ဆေမျက်လုံး (၈)
တစ္ဆေမျက်လုံး(၉)
တစ္ဆေမျက်လုံး (၁၀)
တစ္ဆေမျက်လုံး (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၂)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၃)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၄)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၅)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၆)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၇)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၈)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၉)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၀)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၂)

သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁)

11.3K 1.2K 30
By Kaiyou1111

Unicode

"ဟေး၊ ကြည့်! အဲ့ရုပ်ဆိုးမွန်းစတားက အရမ်းညစ်ပတ်တာပဲ!"

"ကျစ်၊ ကျစ်၊ ဘယ်လိုမျက်နှာနဲ့များ ကျောင်းကို လာနေသေးလဲမသိဘူး? သူ့နေရာမှာ ငါသာဆိုရင် အိမ်မှာပဲ ပုန်းနေမိလိမ့်မယ်!"

"အိမ်မှာပုန်းနေမယ်? သူ့ပြည့်တန်ဆာ အမေနဲ့လား?"
ကျယ်လောင်သည့် ရယ်မောသံတွေက ထွက်ပေါ်လာခဲ့သည်။

ကောင်လေးတွင် အနက်ရောင်ဘောင် မျက်မှန်နဲ့ ထူထဲသည့် ဆံပင်တွေက ကျဆင်းနေသည်။ သူ့ဆံပင်တွင် ကပ်ရပ်ပြီး မာတောင့်နေသည့် ကြက်ဥလိုမျိုး တစ်ခုခုက ကပ်နေပြီး သူ့ခေါင်းက ငုံ့နေခဲ့သည်။ သူ့ကိုယ်တွင် ဝတ်ဆင်ထားသည့် ကျောင်းယူနီဖောင်းက ကပ်နေကာ ရှုပ်ပွနေသည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်က အဝတ်တွေအားလုံးက စိုရွှဲနေပြီး ညစ်ပတ်နေသည်။

သူ့ဘေးက လူတိုင်းက သူ့အား တစ်ချက်ကြည့်ကာ အဝေးကို အလျင်အမြန် လျှောက်သွားကြပြီး ကောင်လေးရဲ့ ခန္ဓာကိုယ်မှ ထူးဆန်းသည့် အနံ့အသက်တွေကို မရစေဖို့ အသက်အောင့်ထားကြသည်။ သူတို့ရဲ့ နာကျင်ဖွယ်ကောင်းသည့် စကားလုံးတွေအား ကောင်လေးကို မကြားစေဖို့ ထိန်းချုပ်ထားတာမျိုး မရှိပေ။ သူတို့က မုန်းတီးမှုတွေနဲ့ ပြည့်နေပြီး သူ့အား ထိုနေရာတွင်သာ သေဆုံးစေဖို့ ရည်ရွယ်နေတာကို သူမြင်နိုင်သည်။

ဒီအသက်တွင် ကလေးတွေက အပြစ်အကင်းစင်ဆုံး ဖြစ်ပေမဲ့ ဒီလိုလူတွေရဲ့ စကားလုံးတွေက ဘာကြောင့်များ အရမ်းပြင်းထန်နေရတာလဲ?

ရှုရှန်း ရဲ့အကြည့်က အမြဲတမ်း အောက်စိုက်ထားပြီး သူ့ရှေ့ဆံပင်က သူ့မျက်လုံးကို ကာနေခဲ့သည်။ ထို့ကြောင့် ဒီလူရဲ့မျက်လုံးတွေက လှပကာ ရေကန်ထဲက ရေလိုမျိုး မီးခိုးရောင်ဖြင့် ဆွဲဆောင်နိုင်သည့် သူငယ်အိမ်တွေ ရှိတာကို သူ့ဘေးကလူတွေက လုံးဝမခန့်မှန်းနိုင်ခဲ့ပေ။

ရှုရှန်း ကသူ့လက်အား တင်းကြပ်စွာဆုပ်လိုက်သည်။

သူတို့အကုန်လုံး သေသွားတာက အကောင်းဆုံးပဲ!

ရှောင်ချန်း ကပြတင်းပေါက်ကို ကြည့်လိုက်ပြီး အောက်ထပ်မှ ဆယ်ကျော်သက် ကောင်လေးကို သတိပြုမိချိန်တွင် သူ့လှပသည့် မျက်နှာက သိသိသာသာကို မျက်မှောင်ကြုတ်သွားသည်။

သူ့ရှေ့မှကောင်မလေးက သူ့အကြည့်နောက်လိုက်ရင်း ဖြစ်ပျက်နေတာကို မြင်သွားချိန်တွင် သူမက မထိန်းချုပ်နိုင်ပဲ လှောင်ပြောင်စွာ ရယ်မောလိုက်သည်။ "စီနီယာ၊ ရှင်လည်း သူ့ကို သိတာပဲလား?"

"ဘာလဲ?"

"အဲ့ဒါက ရှုရှန်း လေ! သူ့အမေက ပြည့်တန်ဆာလို့ ကြားခဲ့တယ်" ကောင်မလေးက ချိုသာပြီး ကြည်လင်သည့် အသံဖြင့် အပြစ်တင်စကား ပြောလိုက်ပေမဲ့ သူမ စကားတွေက ဘယ်လောက်တောင် မကျေနပ်စရာ ကောင်းလဲဆိုတာကို သိပုံမရပေ။

ရှောင်ချန်း ကသူ့အကြည့်ကို ရုတ်လိုက်ပြီး သူ့အမူအရာက အေးစက်နေရင်း ပြောလိုက်သည်။ "တခြားသူကို အဲ့လိုမျိုး မပြောနဲ့!"

ကောင်မလေးရဲ့ အမူအရာက ထုံထိုင်းသွားခဲ့သည်။ စီနီယာရဲ့ မတူညီသည့်ပုံစံအား သူမမြင်ရတာ ပထမဆုံး အကြိမ်ဖြစ်သည်။ သူမမှတ်ဉာဏ်ထဲတွင် စီနီယာက အမြဲတမ်း အပြုံးလေးနဲ့ ညင်သာသည့် လူမျိုးဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းအပေါ်တွင် စိတ်မရှည် မဖြစ်တက်ပေ။ ကောင်မလေးရဲ့ မျက်လုံးတွေက နီရဲသွားသည်။ "ဟုတ်ကဲ့၊ တောင်းပန်ပါတယ်"

ရှောင်ချန်း ကသက်ပြင်းချကာ အလေးအနက် ပြောလိုက်သည်။ "နောက်ကျရင် တခြားသူတွေကို အဲ့လိုမျိုး မပြောနဲ့!"

ကောင်မလေးက ခေါင်းညိတ်လိုက်ပြီး ရှက်ရွံ့စွာဖြင့် နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမမျက်ရည်တွေကို ထိန်းလိုက်ရင်း လှည့်လိုက်ကာ စာသင်ခန်းမှ ထွက်သွားခဲ့သည်။

ရှောင်ချန်း ကသူမအား လျစ်လျူရှုလိုက်ပြီး အောက်ထပ်ကို ချောင်းကြည့်လိုက်သည်။

ထိုနေရာမှ ကောင်လေးက ထွက်သွားခဲ့ပြီ။

ရှောင်ချန်း ရဲ့အတွေးတွေက တချို့အရာတွေကြောင့် ပျံ့ကျဲသွားသည်။ သူ့လက်ရှိနဲ့ အတိတ်တွင် လူနှစ်ယောက် ဖြစ်လာသလို ခံစားလိုက်ရသည်။ အရာအားလုံးက ရက်အနည်းငယ်က စတင်ခဲ့ပြီး အတိတ်က ရှင်သန်မှုအား သူ မထိန်းညှိနိုင်ပေ။

သူ့အတန်းဖော်တွေ မျက်လုံးထဲတွင် ရှောင်ချန်း ကသိမ်မွေ့သည့် လူဖြစ်ပေမဲ့ သူ့အောက်ခြေတွင်တော့ သူတော်ကောင်း ဟန်ဆောင်နေတာကို သူ့ကိုယ်သူသာ သိသည်။

သူ့ကြင်နာမှုနဲ့ ရင်းနှီးမှုတွေက သူ့ကိုယ်ကျိုးအတွက်သာ ဖြစ်ပြီး သူ့တကယ့် သရုပ်ကတော့ တစ်ကိုယ်ကောင်းဆန်ပြီး သူတပါးအတွက် မခံစားတက်ပေ။ သူ့ကိုယ်သူအား ကြင်နာတက်သည့် ပုံစံဖြင့်သာ အလှဆင်ထားခဲ့သည်။

အောက်ထပ်တွင် မြင်ခဲ့ရသည့် အတိတ် ရှောင်ချန်း သာဆိုရင် သူသတိမမူပဲ ထိုကောင်လေးရဲ့ ဘေးကို တိုက်ရိုက် ရောက်သွားလိမ့်မည်။

သို့သော် လက်ရှိ ရှောင်ချန်း ရဲ့နှလုံးသားက ကျောင်းဝန်းမှ ဒီလိုအနိုင်ကျင့်မှုတွေကြောင့် မလှုပ်ရှားနိုင်တော့ပေ။

"ဘာ၊ bi*ch, မင်းက စားချင်တာလား?" အဝါရောင် ဆံပင်နဲ့ ကောင်လေးက ရှုရှန်း ရဲ့လမ်းကို ပိတ်ထားပြီး အရောင်စုံလင်သည့် ဆံပင်တွေနဲ့ ကောင်လေးတွေက သူ့ပတ်လည်တွင် ဝိုင်းနေကြသည်။

ရှုရှန်း ကတိတ်ဆိတ်စွာသာ ခေါင်းငုံ့ထားပြီး သူ့လက်ထဲက အစားအသောက်တွေကို သယ်ထားခဲ့သည်။ လူတွေနဲ့ တွေ့ဆုံချိန်က သူ့အတွက် ရှားပါးပြီး သူ့တည်ရှိမှုကို လျော့ချနိုင်ရန်အတွက် နံရံနားကိုသာ လျှောက်သွားလိုက်သည်။ သို့သော် သူ ကျောင်းတွင်ရှိနေသမျှ လူတွေရဲ့ ရွံရှာသည့် အကြည့်တွေနဲ့ ရင်ဆိုင်ရမှာကို သူသိနေခဲ့သည်။ သူတို့အများစုက စူးစမ်းတာ၊ ဒါမှမဟုတ် မနှစ်မြို့ကြပေ။ သူရေချိုးခန်းကို သွားချင်ရင်တောင် မုန့်ကောင်တာတွင် အတားခံလိုက်ရသည်။ သူစားချိန်တွင် လူအများစုက သူ့အား အနှောင့်အယှက် ပေးကြသည်။ ထို့ကြောင့် သူဒီလိုသာ လုပ်နိုင်သည်။

အဝါရောင်ဆံပင်နဲ့ ကောင်လေးက သူ အထက်တန်း ပထမနှစ်တည်းက အနိုင်ကျင့်ခဲ့သူဖြစ်ပြီး သူ့အမြင်မှ သူ့ကိုယ်ပိုင်မိဘတွေ ဆုံးရှုံးသွားသည့် တစ်စုံတစ်ယောက်လိုမျိုး ရှုရှန်း ရှေ့အမြဲတမ်း ပေါ်လာလိမ့်မည်။

အစက သူ့တွင် ရှုရှန်း ကိုအနိုင်ကျင့်ဖို့ အကြောင်းပြချက် မရှိပေ။ သူက ယောင်ချာချာ ဖြစ်နေရင်တောင် တစ်စုံတစ်ယောက်နဲ့ တစ်သက်လုံး မတည်ဆောက်နိုင်ပေ။ သို့သော် ပြီးခဲ့သည့်လက ကင်မရာတွေ၊ တခြားလူတွေ မရှိသည့် ကျောင်းနောက်ဘက် တောအုပ်လေးတွင် ကောင်လေးတစ်ယောက်အား သူရိုက်နှက်ခဲ့တာကို စာတင်ခံခဲ့ရသည်။

သို့သော်လည်း ရှုရှန်း ကသာ ဖြတ်လျှောက်သွားသူ ဖြစ်တာကို သူသေသေချာချာကို မှတ်မိနေတာကြောင့် သူ့အား ပြဿနာရှာဖို့ ချက်ချင်း ရှာခဲ့ပြီး ဘာရှင်းပြချက်မှ နားမထောင်ခဲ့ပေ။

ရှုရှန်း ကစကားအများကြီး မပြောတက်သည့် လူဖြစ်တာကြောင့် သူ့ကိုယ်သူ ကာကွယ်ဖို့ မလုပ်နိုင်ခဲ့ပေ။ သူပိုပြီး တင်းခံရင် သူ့အားတိုက်ခိုက်သူတွေက ပိုစိတ်လှုပ်ရှားမှာကို သူသိနေခဲ့သည်။ ဒါ့ကြောင့်ပဲ သူ့ခေါင်းကိုသာ ကာကွယ်ခဲ့သည်။

အဝါရောင်ဆံပင်နဲ့ ကောင်လေးက အံကြိတ်လိုက်ပြီး ရှုရှန်း အားပြင်းထန်စွာ ရိုက်နှက်ခဲ့သည်။ ရှုရှန်း ရဲ့သာတူညီမျှမှုက ပျောက်ဆုံးသွားပြီး အနောက်ကို နှစ်လှမ်းဆုတ်သွားပေမဲ့ သူ့လက်ထဲက အစားတွေကိုတော့ သူ့သေခြင်း၊ ရှင်ခြင်းအား ဆုံးဖြတ်ထားသလိုမျိုး ပြုတ်ကျခွင့်မပြုပေ။

ပတ်ဝန်းကျင်က လူတွေက ထိုနှစ်ယောက်အား ကောင်းမွန်သည့် ရှိုးပွဲကို ကြည့်နေရသလိုမျိုး ကြည့်နေကြသည်။ သူတို့က တိုးတိုးဆွေးနွေးကြပြီး ပီတိဖြစ်သည့် ရယ်သံတွေတောင် ကြားနေရသည်။ သူတို့အားလုံးက အားနည်းပြီး တစ်ယောက်တည်း ဖြစ်နေသည့်လူအား စက်ဆုပ်နေကြသည်။ အဝါရောင် ဆံပင်နဲ့ ကောင်လေးက ဒီအာရုံစိုက်မှုကြောင့် ပျော်ရွှင်နေခဲ့သည်။

"ယို! ကောင်းပြီ! မင်းက စားချင်တာလား? ငါ့ကို ယုံယုံ၊ မယုံယုံ..." သူ့အသံက တိုးသွားခြင်း မရှိသော်လည်း လူအုပ်ထဲမှ တစ်ယောက်က ဝင်လာခဲ့သည်။

"မင်းဘာလုပ်နေတာလဲ?! ကျောင်းဝန်းထဲမှာ ရန်ဖြစ်တာကို ခွင့်မပြုထားဘူး!" ရှောင်ချန်း ကသူ့အမူအရာအား တင်းမာထားပြီး သူ့လက်အား ဆန့်လိုက်ကာ အဝါရောင် ကောင်လေးအား ရပ်တန့်စေဖို့ အဝေးကို တွန်းလိုက်သည်။

ပတ်ဝန်းကျင်က လူတွေက ကြက်ကလေးလို ချက်ချင်းကို တိတ်သွားကြသည်။

လူအနည်းစုက ရှောင်ချန်း ကိုမမှတ်မိကြပေ။ အဝါရောင် ကောင်လေးကတော့ သူ့ကို သိသည်။ ရှောင်ချန်း ရဲ့မျက်နှာက အပြစ်အနာအဆာ ကင်းမဲ့နေပြီး သူတို့ကို ဖြတ်လျှောက်သွားချိန်တွင် ဖမ်းစားခံလိုက်ရသည်။ သူက ဒုတိယနှစ်ရဲ့ ခေါင်းဆောင်ဖြစ်ပြီး သူ့အတန်းတွင် ထိပ်ဆုံးကျောင်းသားလည်း ဖြစ်သည်။ တစ်ကျောင်းလုံး အတွင်းတွင် 80% သောမိန်းကလေးတွေက သူ့ဖန်တွေ ဖြစ်ကြပြီး 50% သောကောင်လေးတွေက ရှောင်ချန်း ရဲ့မျက်နှာကြောင့် လှည့်စားခံရသည်။ အံ့ဩစရာ ကောင်းစွာဖြင့် အဝါရောင် ကောင်လေးက ထို 50% တွင်ပါဝင်သည်။

ရှုရှန်း ရဲ့ခေါင်းက ငုံ့ထားဆဲဖြစ်ပြီး သူစိမ်းတစ်ယောက်အား မြင်တွေ့ရဖို့ ကြောက်နေပုံရသည်။ သို့သော် သူ့ဆံပင်အောက်မှ မီးခိုးရောင် သူငယ်အိမ်က ကျယ်သွားခဲ့ပြီး ပန်းကန်အားကိုင်ထားသည့် လက်တွေက အနည်းငယ် တင်းကြပ်သွားခဲ့သည်။

သူ့ကိုကူညီပေးဖို့ ဘယ်လိုလုပ်ပြီး တစ်စုံတစ်ယောက် ရှိနေရတာလဲ...

ရှောင်ချန်း ရဲ့မျက်လုံးတွေက ပြူးကျယ်သွားခဲ့သည်။ အဝါရောင် ဆံပင်ကောင်လေးကို သူရင်ဆိုင်လိုက်ချိန်တွင် သူ့သန့်စင်သည့် မျက်လုံးတွေတွင် တခြားသူရဲ့ပုံရိပ်က ရောင်ပြန်နေပြီး ပြောလိုက်သည်။ "အနာဂတ်မှာ တခြားကျောင်းသားတွေကို အနိုင်မကျင့်ပါနဲ့!"

အဝါရောင်ဆံပင် ကောင်လေးက ရှောင်ချန်း ကိုစိုက်ကြည့်လိုက်ပြီး အံကြိတ်လိုက်သည်။ သူတို့ပတ်လည်မှ လူအုပ်ကြီးက မြင်လိုက်ရတာကို မယုံကြည်နိုင် ဖြစ်နေကြသည်။ အဝါရောင်ဆံပင်နဲ့ ကောင်လေးက သူ့အကြည့်ကို ပြောင်းလိုက်ပြီး ချက်ချင်း ပြောလိုက်သည်။ "မင်း ဒီတစ်ကြိမ်တော့ ကံကောင်းသွားတယ်!"

ရှောင်ချန်း နဲ့ ရှုရှန်း တို့ကသူတို့အား ထားရစ်ခဲ့ပြီး တဖြည်းဖြည်း ထွက်သွားခဲ့တာကို အဝါရောင် ကောင်လေးက ကြည့်နေခဲ့သည်။

ရှောင်ချန်း ရဲ့မျက်လုံးတွေက ကျောင်းသားတွေထဲတွင် ထိပ်တိုက်ရင်ဆိုင်ရဲမည့်လူကို ရှာဖွေလိုက်သည်။ ရှောင်ချန်း ကကြည့်လာချိန်တွင် လူတိုင်းက ခေါင်းငုံ့လိုက်ကြပြီး သူတို့အား မမြင်ပဲ သူတို့တည်ရှိမှုကို လျော့ချနိုင်ဖို့သာ ဆုံးဖြတ်လိုက်ကြသည်။ လူတိုင်းက အရင်က သူတို့ရဲ့အထင်သေးသည့် အကြည့်တွေကို စွန့်ပစ်လိုက်ကြသည်။

ရှောင်ချန်း ကတည်ငြိမ်သွားပြီး သူ့အေးစက်သည့် မျက်နှာကို ပြန်ရောက်သွားခဲ့သည်။ သူလှည့်လိုက်ပြီး အနိုင်ကျင့်ခံရသည့် သံသယရှိသူ ကြောက်တက်သည့် ကောင်လေးကို ကြည့်လိုက်ပြီး နည်းနည်း စိတ်ပျက်သလို ခံစားလိုက်ရသည်။ ကောင်လေးရဲ့ဆံပင်တွင် တစ်ခုခုက ရှိနေပြီး သူ့ပုံစံက အနိုင်ကျင့်ခံ သဲအိတ်နဲ့ တူနေသည်။

သို့သော် တစ်ချို့အရာကြောင့် ရှောင်ချန်း ကထိုကောင်လေးကို မြင်လိုက်ပြီး ရင်းနှီးနေသလို ခံစားလိုက်ရသည်။ လူတိုင်းက သန့်ရှင်းမှုကို ချစ်မြတ်နိုးကြတာတောင် သူ့ဝမ်းနည်းဖွယ် အသွင်အပြင်ကြောင့် ကောင်လေးအား သူ မမုန်းတီးနိုင်ပေ။

ရှောင်ချန်း ကလက်ကို ဆန့်လိုက်ချိန်တွင် ကောင်လေးက ချက်ချင်းပင် ခေါင်းကို မော့လိုက်ပြီး သူ့ရှေ့မှလက်အား ထူးဆန်းသည့်အရာလိုမျိုး စိုက်ကြည့်နေခဲ့သည်။ ထိုအချိန်တွင် ရှောင်ချန်း ကကောင်လေးရဲ့ မျက်နှာအား ရှင်းလင်းစွာ မြင်လိုက်ရသည်။

အရမ်းဖြူဖွေးသည့် အသားအရည်တွင် မြင့်မားသည့် ပါးရိုးတွေ၊ ဖြောင့်တန်းသည့် နှာခေါင်းနဲ့ ဝိုင်းစက်သည့် မျက်လုံးတွေက ရှောင်ချန်း ရဲ့ပုံစံကို ရောင်ပြန်ဟပ်နေသည်။ သူ့မျက်နှာက နာမည်ကြီးတွေနဲ့တောင် ယှဉ်နိုင်သည်။

ရှောင်ရှန်း ကသူ့မျက်နှာမှ ရေးထားသည့် ထိတ်လန့်မှုကြောင့် သူ့လက်ကိုရုတ်လိုက်သည်။ ရှောင်ရှန်း ကိုမြင်လိုက်ရင်း သူ့ဆီမှ ထွက်ပြေးသွားပြီး တစ်ယောက်တည်း ထားခဲ့သည်။

မဟုတ်ဘူး၊ ဒီလိုနူးညံ့မှုတွေကို မရနိုင်ဘူး၊ ဒီနူးညံ့မှုတွေက အဖြည့်ခံပဲ!

အချိန်ကြာပြီးနောက် ရှုရှန်း ရဲ့ခြေလှမ်းတွေက ကျောင်းဝန်းရှေ့မှ နာမည်ဘုတ်ပြားတွင် ရပ်လိုက်သည်။ ထိုနေရာတွင် ထူးချွန်ကျောင်းသားတွေရဲ့ အဆင့်တွေက ရှိနေသည်။ ဒုတိယနှစ် အတန်းနေရာတွင် ပထမနေရာက ရှောင်ချန်း ဖြစ်သည်။ ဓာတ်ပုံထဲတွင် ကောင်လေးရဲ့ နှုတ်ခမ်းထောင့်က အနည်းငယ် မြင့်တက်နေပြီး သူ့မျက်လုံးတွေက ကွေးနေခဲ့သည်။ ဒါက တစ်လက်မ ဓာတ်ပုံဖြစ်တာတောင် လန်းဆန်းသည့် အရှိန်အဝါတွေကို မြင်နေရသည်။

ရှုရှန်း ရဲ့ညာလက်က မထိန်းချုပ်နိုင်ပဲ ဓာတ်ပုံအား ထိလိုက်ပြီး အဖိုးတန်ရတနာလို ကိုင်တွယ်နေခဲ့သည်။ သေဆုံးခြင်း ချောက်ကမ်းပါးမှာ ရှာတွေ့ခဲ့သည့် သေဆုံးသူအတွက် နားခိုရာလိုမျိုး သူ့မျက်လုံးတွေက ပိုင်ဆိုင်လိုသည့် ချစ်ခြင်းတွေ ရှိနေသည်။ ဒါက သူ့နတ်ဘုရား၊ သူ့အလင်းလေးပဲ။

ရှောင်ချန်း

သူက နူးညံ့စွာ ပြောလိုက်သည်။

ထို့နောက်တွင် သူ့တစ်ဘဝလုံးအတွက် ဒီစကားနှစ်လုံးက သူ့တစ်ကိုယ်လုံးတွင် နက်ရှိုင်းစွာ ထုဆစ်ထားခဲ့သည်။

မင်းသိလား? ချောက်ကမ်းပါးထဲကို အချိန်အတော်ကြာ ကြည့်နေမယ်ဆိုရင် ချောက်ကမ်းပါးကလည်း မင်းကို ပြန်ကြည့်နေမယ်ဆိုတာကို။

23.7.2021 (Fri)
..........................

Zawgyi

"ေဟး၊ ၾကည့္! အဲ့႐ုပ္ဆိုးမြန္းစတားက အရမ္းညစ္ပတ္တာပဲ!"

"က်စ္၊ က်စ္၊ ဘယ္လိုမ်က္ႏွာနဲ႔မ်ား ေက်ာင္းကို လာေနေသးလဲမသိဘူး? သူ႕ေနရာမွာ ငါသာဆိုရင္ အိမ္မွာပဲ ပုန္းေနမိလိမ့္မယ္!"

"အိမ္မွာပုန္းေနမယ္? သူ႕ျပည့္တန္ဆာ အေမနဲ႔လား?"
က်ယ္ေလာင္သည့္ ရယ္ေမာသံေတြက ထြက္ေပၚလာခဲ့သည္။

ေကာင္ေလးတြင္ အနက္ေရာင္ေဘာင္ မ်က္မွန္နဲ႔ ထူထဲသည့္ ဆံပင္ေတြက က်ဆင္းေနသည္။ သူ႕ဆံပင္တြင္ ကပ္ရပ္ၿပီး မာေတာင့္ေနသည့္ ၾကက္ဥလိုမ်ိဳး တစ္ခုခုက ကပ္ေနၿပီး သူ႕ေခါင္းက ငုံ႔ေနခဲ့သည္။ သူ႕ကိုယ္တြင္ ဝတ္ဆင္ထားသည့္ ေက်ာင္းယူနီေဖာင္းက ကပ္ေနကာ ႐ႈပ္ပြေနသည္။ ထို႔ေၾကာင့္ သူ႕ခႏၶာကိုယ္က အဝတ္ေတြအားလုံးက စို႐ႊဲေနၿပီး ညစ္ပတ္ေနသည္။

သူ႕ေဘးက လူတိုင္းက သူ႕အား တစ္ခ်က္ၾကည့္ကာ အေဝးကို အလ်င္အျမန္ ေလွ်ာက္သြားၾကၿပီး ေကာင္ေလးရဲ႕ ခႏၶာကိုယ္မွ ထူးဆန္းသည့္ အနံ႔အသက္ေတြကို မရေစဖို႔ အသက္ေအာင့္ထားၾကသည္။ သူတို႔ရဲ႕ နာက်င္ဖြယ္ေကာင္းသည့္ စကားလုံးေတြအား ေကာင္ေလးကို မၾကားေစဖို႔ ထိန္းခ်ဳပ္ထားတာမ်ိဳး မ႐ွိေပ။ သူတို႔က မုန္းတီးမႈေတြနဲ႔ ျပည့္ေနၿပီး သူ႕အား ထိုေနရာတြင္သာ ေသဆုံးေစဖို႔ ရည္႐ြယ္ေနတာကို သူျမင္ႏိုင္သည္။

ဒီအသက္တြင္ ကေလးေတြက အျပစ္အကင္းစင္ဆုံး ျဖစ္ေပမဲ့ ဒီလိုလူေတြရဲ႕ စကားလုံးေတြက ဘာေၾကာင့္မ်ား အရမ္းျပင္းထန္ေနရတာလဲ?

႐ႈ႐ွန္း ရဲ႕အၾကည့္က အၿမဲတမ္း ေအာက္စိုက္ထားၿပီး သူ႕ေ႐ွ႕ဆံပင္က သူ႕မ်က္လုံးကို ကာေနခဲ့သည္။ ထို႔ေၾကာင့္ ဒီလူရဲ႕မ်က္လုံးေတြက လွပကာ ေရကန္ထဲက ေရလိုမ်ိဳး မီးခိုးေရာင္ျဖင့္ ဆြဲေဆာင္ႏိုင္သည့္ သူငယ္အိမ္ေတြ ႐ွိတာကို သူ႕ေဘးကလူေတြက လုံးဝမခန္႔မွန္းႏိုင္ခဲ့ေပ။

႐ႈ႐ွန္း ကသူ႕လက္အား တင္းၾကပ္စြာဆုပ္လိုက္သည္။

သူတို႔အကုန္လုံး ေသသြားတာက အေကာင္းဆုံးပဲ!

ေ႐ွာင္ခ်န္း ကျပတင္းေပါက္ကို ၾကည့္လိုက္ၿပီး ေအာက္ထပ္မွ ဆယ္ေက်ာ္သက္ ေကာင္ေလးကို သတိျပဳမိခ်ိန္တြင္ သူ႕လွပသည့္ မ်က္ႏွာက သိသိသာသာကို မ်က္ေမွာင္ၾကဳတ္သြားသည္။

သူ႕ေ႐ွ႕မွေကာင္မေလးက သူ႕အၾကည့္ေနာက္လိုက္ရင္း ျဖစ္ပ်က္ေနတာကို ျမင္သြားခ်ိန္တြင္ သူမက မထိန္းခ်ဳပ္ႏိုင္ပဲ ေလွာင္ေျပာင္စြာ ရယ္ေမာလိုက္သည္။ "စီနီယာ၊ ႐ွင္လည္း သူ႕ကို သိတာပဲလား?"

"ဘာလဲ?"

"အဲ့ဒါက ႐ႈ႐ွန္း ေလ! သူ႕အေမက ျပည့္တန္ဆာလို႔ ၾကားခဲ့တယ္" ေကာင္မေလးက ခ်ိဳသာၿပီး ၾကည္လင္သည့္ အသံျဖင့္ အျပစ္တင္စကား ေျပာလိုက္ေပမဲ့ သူမ စကားေတြက ဘယ္ေလာက္ေတာင္ မေက်နပ္စရာ ေကာင္းလဲဆိုတာကို သိပုံမရေပ။

ေ႐ွာင္ခ်န္း ကသူ႕အၾကည့္ကို ႐ုတ္လိုက္ၿပီး သူ႕အမူအရာက ေအးစက္ေနရင္း ေျပာလိုက္သည္။ "တျခားသူကို အဲ့လိုမ်ိဳး မေျပာနဲ႔!"

ေကာင္မေလးရဲ႕ အမူအရာက ထုံထိုင္းသြားခဲ့သည္။ စီနီယာရဲ႕ မတူညီသည့္ပုံစံအား သူမျမင္ရတာ ပထမဆုံး အႀကိမ္ျဖစ္သည္။ သူမမွတ္ဉာဏ္ထဲတြင္ စီနီယာက အၿမဲတမ္း အျပဳံးေလးနဲ႔ ညင္သာသည့္ လူမ်ိဳးျဖစ္သည္။ ဘယ္လိုပဲျဖစ္ျဖစ္ လူတိုင္းအေပၚတြင္ စိတ္မ႐ွည္ မျဖစ္တက္ေပ။ ေကာင္မေလးရဲ႕ မ်က္လုံးေတြက နီရဲသြားသည္။ "ဟုတ္ကဲ့၊ ေတာင္းပန္ပါတယ္"

ေ႐ွာင္ခ်န္း ကသက္ျပင္းခ်ကာ အေလးအနက္ ေျပာလိုက္သည္။ "ေနာက္က်ရင္ တျခားသူေတြကို အဲ့လိုမ်ိဳး မေျပာနဲ႔!"

ေကာင္မေလးက ေခါင္းညိတ္လိုက္ၿပီး ႐ွက္႐ြံ႕စြာျဖင့္ ႏႈတ္ခမ္းကို ကိုက္လိုက္ၿပီး သူမမ်က္ရည္ေတြကို ထိန္းလိုက္ရင္း လွည့္လိုက္ကာ စာသင္ခန္းမွ ထြက္သြားခဲ့သည္။

ေ႐ွာင္ခ်န္း ကသူမအား လ်စ္လ်ဴ႐ႈလိုက္ၿပီး ေအာက္ထပ္ကို ေခ်ာင္းၾကည့္လိုက္သည္။

ထိုေနရာမွ ေကာင္ေလးက ထြက္သြားခဲ့ၿပီ။

ေ႐ွာင္ခ်န္း ရဲ႕အေတြးေတြက တခ်ိဳ႕အရာေတြေၾကာင့္ ပ်ံ႕က်ဲသြားသည္။ သူ႕လက္႐ွိနဲ႔ အတိတ္တြင္ လူႏွစ္ေယာက္ ျဖစ္လာသလို ခံစားလိုက္ရသည္။ အရာအားလုံးက ရက္အနည္းငယ္က စတင္ခဲ့ၿပီး အတိတ္က ႐ွင္သန္မႈအား သူ မထိန္းညႇိႏိုင္ေပ။

သူ႕အတန္းေဖာ္ေတြ မ်က္လုံးထဲတြင္ ေ႐ွာင္ခ်န္း ကသိမ္ေမြ႕သည့္ လူျဖစ္ေပမဲ့ သူ႕ေအာက္ေျခတြင္ေတာ့ သူေတာ္ေကာင္း ဟန္ေဆာင္ေနတာကို သူ႕ကိုယ္သူသာ သိသည္။

သူ႕ၾကင္နာမႈနဲ႔ ရင္းႏွီးမႈေတြက သူ႕ကိုယ္က်ိဳးအတြက္သာ ျဖစ္ၿပီး သူ႕တကယ့္ သ႐ုပ္ကေတာ့ တစ္ကိုယ္ေကာင္းဆန္ၿပီး သူတပါးအတြက္ မခံစားတက္ေပ။ သူ႕ကိုယ္သူအား ၾကင္နာတက္သည့္ ပုံစံျဖင့္သာ အလွဆင္ထားခဲ့သည္။

ေအာက္ထပ္တြင္ ျမင္ခဲ့ရသည့္ အတိတ္ ေ႐ွာင္ခ်န္း သာဆိုရင္ သူသတိမမူပဲ ထိုေကာင္ေလးရဲ႕ ေဘးကို တိုက္႐ိုက္ ေရာက္သြားလိမ့္မည္။

သို႔ေသာ္ လက္႐ွိ ေ႐ွာင္ခ်န္း ရဲ႕ႏွလုံးသားက ေက်ာင္းဝန္းမွ ဒီလိုအႏိုင္က်င့္မႈေတြေၾကာင့္ မလႈပ္႐ွားႏိုင္ေတာ့ေပ။

"ဘာ၊ bi*ch, မင္းက စားခ်င္တာလား?" အဝါေရာင္ ဆံပင္နဲ႔ ေကာင္ေလးက ႐ႈ႐ွန္း ရဲ႕လမ္းကို ပိတ္ထားၿပီး အေရာင္စုံလင္သည့္ ဆံပင္ေတြနဲ႔ ေကာင္ေလးေတြက သူ႕ပတ္လည္တြင္ ဝိုင္းေနၾကသည္။

႐ႈ႐ွန္း ကတိတ္ဆိတ္စြာသာ ေခါင္းငုံ႔ထားၿပီး သူ႕လက္ထဲက အစားအေသာက္ေတြကို သယ္ထားခဲ့သည္။ လူေတြနဲ႔ ေတြ႕ဆုံခ်ိန္က သူ႕အတြက္ ႐ွားပါးၿပီး သူ႕တည္႐ွိမႈကို ေလ်ာ့ခ်ႏိုင္ရန္အတြက္ နံရံနားကိုသာ ေလွ်ာက္သြားလိုက္သည္။ သို႔ေသာ္ သူ ေက်ာင္းတြင္႐ွိေနသမွ် လူေတြရဲ႕ ႐ြံ႐ွာသည့္ အၾကည့္ေတြနဲ႔ ရင္ဆိုင္ရမွာကို သူသိေနခဲ့သည္။ သူတို႔အမ်ားစုက စူးစမ္းတာ၊ ဒါမွမဟုတ္ မႏွစ္ၿမိဳ႕ၾကေပ။ သူေရခ်ိဳးခန္းကို သြားခ်င္ရင္ေတာင္ မုန္႔ေကာင္တာတြင္ အတားခံလိုက္ရသည္။ သူစားခ်ိန္တြင္ လူအမ်ားစုက သူ႕အား အေႏွာင့္အယွက္ ေပးၾကသည္။ ထို႔ေၾကာင့္ သူဒီလိုသာ လုပ္ႏိုင္သည္။

အဝါေရာင္ဆံပင္နဲ႔ ေကာင္ေလးက သူ အထက္တန္း ပထမႏွစ္တည္းက အႏိုင္က်င့္ခဲ့သူျဖစ္ၿပီး သူ႕အျမင္မွ သူ႕ကိုယ္ပိုင္မိဘေတြ ဆုံး႐ႈံးသြားသည့္ တစ္စုံတစ္ေယာက္လိုမ်ိဳး ႐ႈ႐ွန္း ေ႐ွ႕အၿမဲတမ္း ေပၚလာလိမ့္မည္။

အစက သူ႕တြင္ ႐ႈ႐ွန္း ကိုအႏိုင္က်င့္ဖို႔ အေၾကာင္းျပခ်က္ မ႐ွိေပ။ သူက ေယာင္ခ်ာခ်ာ ျဖစ္ေနရင္ေတာင္ တစ္စုံတစ္ေယာက္နဲ႔ တစ္သက္လုံး မတည္ေဆာက္ႏိုင္ေပ။ သို႔ေသာ္ ၿပီးခဲ့သည့္လက ကင္မရာေတြ၊ တျခားလူေတြ မ႐ွိသည့္ ေက်ာင္းေနာက္ဘက္ ေတာအုပ္ေလးတြင္ ေကာင္ေလးတစ္ေယာက္အား သူ႐ိုက္ႏွက္ခဲ့တာကို စာတင္ခံခဲ့ရသည္။

သို႔ေသာ္လည္း ႐ႈ႐ွန္း ကသာ ျဖတ္ေလွ်ာက္သြားသူ ျဖစ္တာကို သူေသေသခ်ာခ်ာကို မွတ္မိေနတာေၾကာင့္ သူ႕အား ျပႆနာ႐ွာဖို႔ ခ်က္ခ်င္း ႐ွာခဲ့ၿပီး ဘာ႐ွင္းျပခ်က္မွ နားမေထာင္ခဲ့ေပ။

႐ႈ႐ွန္း ကစကားအမ်ားႀကီး မေျပာတက္သည့္ လူျဖစ္တာေၾကာင့္ သူ႕ကိုယ္သူ ကာကြယ္ဖို႔ မလုပ္ႏိုင္ခဲ့ေပ။ သူပိုၿပီး တင္းခံရင္ သူ႕အားတိုက္ခိုက္သူေတြက ပိုစိတ္လႈပ္႐ွားမွာကို သူသိေနခဲ့သည္။ ဒါ့ေၾကာင့္ပဲ သူ႕ေခါင္းကိုသာ ကာကြယ္ခဲ့သည္။

အဝါေရာင္ဆံပင္နဲ႔ ေကာင္ေလးက အံႀကိတ္လိုက္ၿပီး ႐ႈ႐ွန္း အားျပင္းထန္စြာ ႐ိုက္ႏွက္ခဲ့သည္။ ႐ႈ႐ွန္း ရဲ႕သာတူညီမွ်မႈက ေပ်ာက္ဆုံးသြားၿပီး အေနာက္ကို ႏွစ္လွမ္းဆုတ္သြားေပမဲ့ သူ႕လက္ထဲက အစားေတြကိုေတာ့ သူ႕ေသျခင္း၊ ႐ွင္ျခင္းအား ဆုံးျဖတ္ထားသလိုမ်ိဳး ျပဳတ္က်ခြင့္မျပဳေပ။

ပတ္ဝန္းက်င္က လူေတြက ထိုႏွစ္ေယာက္အား ေကာင္းမြန္သည့္ ႐ိႈးပြဲကို ၾကည့္ေနရသလိုမ်ိဳး ၾကည့္ေနၾကသည္။ သူတို႔က တိုးတိုးေဆြးေႏြးၾကၿပီး ပီတိျဖစ္သည့္ ရယ္သံေတြေတာင္ ၾကားေနရသည္။ သူတို႔အားလုံးက အားနည္းၿပီး တစ္ေယာက္တည္း ျဖစ္ေနသည့္လူအား စက္ဆုပ္ေနၾကသည္။ အဝါေရာင္ ဆံပင္နဲ႔ ေကာင္ေလးက ဒီအာ႐ုံစိုက္မႈေၾကာင့္ ေပ်ာ္႐ႊင္ေနခဲ့သည္။

"ယို! ေကာင္းၿပီ! မင္းက စားခ်င္တာလား? ငါ့ကို ယုံယုံ၊ မယုံယုံ..." သူ႕အသံက တိုးသြားျခင္း မ႐ွိေသာ္လည္း လူအုပ္ထဲမွ တစ္ေယာက္က ဝင္လာခဲ့သည္။

"မင္းဘာလုပ္ေနတာလဲ?! ေက်ာင္းဝန္းထဲမွာ ရန္ျဖစ္တာကို ခြင့္မျပဳထားဘူး!" ေ႐ွာင္ခ်န္း ကသူ႕အမူအရာအား တင္းမာထားၿပီး သူ႕လက္အား ဆန္႔လိုက္ကာ အဝါေရာင္ ေကာင္ေလးအား ရပ္တန္႔ေစဖို႔ အေဝးကို တြန္းလိုက္သည္။

ပတ္ဝန္းက်င္က လူေတြက ၾကက္ကေလးလို ခ်က္ခ်င္းကို တိတ္သြားၾကသည္။

လူအနည္းစုက ေ႐ွာင္ခ်န္း ကိုမမွတ္မိၾကေပ။ အဝါေရာင္ ေကာင္ေလးကေတာ့ သူ႕ကို သိသည္။ ေ႐ွာင္ခ်န္း ရဲ႕မ်က္ႏွာက အျပစ္အနာအဆာ ကင္းမဲ့ေနၿပီး သူတို႔ကို ျဖတ္ေလွ်ာက္သြားခ်ိန္တြင္ ဖမ္းစားခံလိုက္ရသည္။ သူက ဒုတိယႏွစ္ရဲ႕ ေခါင္းေဆာင္ျဖစ္ၿပီး သူ႕အတန္းတြင္ ထိပ္ဆုံးေက်ာင္းသားလည္း ျဖစ္သည္။ တစ္ေက်ာင္းလုံး အတြင္းတြင္ 80% ေသာမိန္းကေလးေတြက သူ႕ဖန္ေတြ ျဖစ္ၾကၿပီး 50% ေသာေကာင္ေလးေတြက ေ႐ွာင္ခ်န္း ရဲ႕မ်က္ႏွာေၾကာင့္ လွည့္စားခံရသည္။ အံ့ဩစရာ ေကာင္းစြာျဖင့္ အဝါေရာင္ ေကာင္ေလးက ထို 50% တြင္ပါဝင္သည္။

႐ႈ႐ွန္း ရဲ႕ေခါင္းက ငုံ႔ထားဆဲျဖစ္ၿပီး သူစိမ္းတစ္ေယာက္အား ျမင္ေတြ႕ရဖို႔ ေၾကာက္ေနပုံရသည္။ သို႔ေသာ္ သူ႕ဆံပင္ေအာက္မွ မီးခိုးေရာင္ သူငယ္အိမ္က က်ယ္သြားခဲ့ၿပီး ပန္းကန္အားကိုင္ထားသည့္ လက္ေတြက အနည္းငယ္ တင္းၾကပ္သြားခဲ့သည္။

သူ႕ကိုကူညီေပးဖို႔ ဘယ္လိုလုပ္ၿပီး တစ္စုံတစ္ေယာက္ ႐ွိေနရတာလဲ...

ေ႐ွာင္ခ်န္း ရဲ႕မ်က္လုံးေတြက ျပဴးက်ယ္သြားခဲ့သည္။ အဝါေရာင္ ဆံပင္ေကာင္ေလးကို သူရင္ဆိုင္လိုက္ခ်ိန္တြင္ သူ႕သန္႔စင္သည့္ မ်က္လုံးေတြတြင္ တျခားသူရဲ႕ပုံရိပ္က ေရာင္ျပန္ေနၿပီး ေျပာလိုက္သည္။ "အနာဂတ္မွာ တျခားေက်ာင္းသားေတြကို အႏိုင္မက်င့္ပါနဲ႔!"

အဝါေရာင္ဆံပင္ ေကာင္ေလးက ေ႐ွာင္ခ်န္း ကိုစိုက္ၾကည့္လိုက္ၿပီး အံၾကိတ္လိုက္သည္။ သူတို႔ပတ္လည္မွ လူအုပ္ႀကီးက ျမင္လိုက္ရတာကို မယုံၾကည္ႏိုင္ ျဖစ္ေနၾကသည္။ အဝါေရာင္ဆံပင္နဲ႔ ေကာင္ေလးက သူ႕အၾကည့္ကို ေျပာင္းလိုက္ၿပီး ခ်က္ခ်င္း ေျပာလိုက္သည္။ "မင္း ဒီတစ္ႀကိမ္ေတာ့ ကံေကာင္းသြားတယ္!"

ေ႐ွာင္ခ်န္း နဲ႔ ႐ႈ႐ွန္း တို႔ကသူတို႔အား ထားရစ္ခဲ့ၿပီး တျဖည္းျဖည္း ထြက္သြားခဲ့တာကို အဝါေရာင္ ေကာင္ေလးက ၾကည့္ေနခဲ့သည္။

ေ႐ွာင္ခ်န္း ရဲ႕မ်က္လုံးေတြက ေက်ာင္းသားေတြထဲတြင္ ထိပ္တိုက္ရင္ဆိုင္ရဲမည့္လူကို ႐ွာေဖြလိုက္သည္။ ေ႐ွာင္ခ်န္း ကၾကည့္လာခ်ိန္တြင္ လူတိုင္းက ေခါင္းငုံ႔လိုက္ၾကၿပီး သူတို႔အား မျမင္ပဲ သူတို႔တည္႐ွိမႈကို ေလ်ာ့ခ်ႏိုင္ဖို႔သာ ဆုံးျဖတ္လိုက္ၾကသည္။ လူတိုင္းက အရင္က သူတို႔ရဲ႕အထင္ေသးသည့္ အၾကည့္ေတြကို စြန္႔ပစ္လိုက္ၾကသည္။

ေ႐ွာင္ခ်န္း ကတည္ၿငိမ္သြားၿပီး သူ႕ေအးစက္သည့္ မ်က္ႏွာကို ျပန္ေရာက္သြားခဲ့သည္။ သူလွည့္လိုက္ၿပီး အႏိုင္က်င့္ခံရသည့္ သံသယ႐ွိသူ ေၾကာက္တက္သည့္ ေကာင္ေလးကို ၾကည့္လိုက္ၿပီး နည္းနည္း စိတ္ပ်က္သလို ခံစားလိုက္ရသည္။ ေကာင္ေလးရဲ႕ဆံပင္တြင္ တစ္ခုခုက ႐ွိေနၿပီး သူ႕ပုံစံက အႏိုင္က်င့္ခံ သဲအိတ္နဲ႔ တူေနသည္။

သို႔ေသာ္ တစ္ခ်ိဳ႕အရာေၾကာင့္ ေ႐ွာင္ခ်န္း ကထိုေကာင္ေလးကို ျမင္လိုက္ၿပီး ရင္းႏွီးေနသလို ခံစားလိုက္ရသည္။ လူတိုင္းက သန္႔႐ွင္းမႈကို ခ်စ္ျမတ္ႏိုးၾကတာေတာင္ သူ႕ဝမ္းနည္းဖြယ္ အသြင္အျပင္ေၾကာင့္ ေကာင္ေလးအား သူ မမုန္းတီးႏိုင္ေပ။

ေ႐ွာင္ခ်န္း ကလက္ကို ဆန္႔လိုက္ခ်ိန္တြင္ ေကာင္ေလးက ခ်က္ခ်င္းပင္ ေခါင္းကို ေမာ့လိုက္ၿပီး သူ႕ေ႐ွ႕မွလက္အား ထူးဆန္းသည့္အရာလိုမ်ိဳး စိုက္ၾကည့္ေနခဲ့သည္။ ထိုအခ်ိန္တြင္ ေ႐ွာင္ခ်န္း ကေကာင္ေလးရဲ႕ မ်က္ႏွာအား ႐ွင္းလင္းစြာ ျမင္လိုက္ရသည္။

အရမ္းျဖဴေဖြးသည့္ အသားအရည္တြင္ ျမင့္မားသည့္ ပါး႐ိုးေတြ၊ ေျဖာင့္တန္းသည့္ ႏွာေခါင္းနဲ႔ ဝိုင္းစက္သည့္ မ်က္လုံးေတြက ေ႐ွာင္ခ်န္း ရဲ႕ပုံစံကို ေရာင္ျပန္ဟပ္ေနသည္။ သူ႕မ်က္ႏွာက နာမည္ႀကီးေတြနဲ႔ေတာင္ ယွဥ္ႏိုင္သည္။

ေ႐ွာင္႐ွန္း ကသူ႕မ်က္ႏွာမွ ေရးထားသည့္ ထိတ္လန္႔မႈေၾကာင့္ သူ႕လက္ကို႐ုတ္လိုက္သည္။ ေ႐ွာင္႐ွန္း ကိုျမင္လိုက္ရင္း သူ႕ဆီမွ ထြက္ေျပးသြားၿပီး တစ္ေယာက္တည္း ထားခဲ့သည္။

မဟုတ္ဘူး၊ ဒီလိုႏူးညံ့မႈေတြကို မရႏိုင္ဘူး၊ ဒီႏူးညံ့မႈေတြက အျဖည့္ခံပဲ!

အခ်ိန္ၾကာၿပီးေနာက္ ႐ႈ႐ွန္း ရဲ႕ေျခလွမ္းေတြက ေက်ာင္းဝန္းေ႐ွ႕မွ နာမည္ဘုတ္ျပားတြင္ ရပ္လိုက္သည္။ ထိုေနရာတြင္ ထူးခြၽန္ေက်ာင္းသားေတြရဲ႕ အဆင့္ေတြက ႐ွိေနသည္။ ဒုတိယႏွစ္ အတန္းေနရာတြင္ ပထမေနရာက ေ႐ွာင္ခ်န္း ျဖစ္သည္။ ဓာတ္ပုံထဲတြင္ ေကာင္ေလးရဲ႕ ႏႈတ္ခမ္းေထာင့္က အနည္းငယ္ ျမင့္တက္ေနၿပီး သူ႕မ်က္လုံးေတြက ေကြးေနခဲ့သည္။ ဒါက တစ္လက္မ ဓာတ္ပုံျဖစ္တာေတာင္ လန္းဆန္းသည့္ အ႐ွိန္အဝါေတြကို ျမင္ေနရသည္။

႐ႈ႐ွန္း ရဲ႕ညာလက္က မထိန္းခ်ဳပ္ႏိုင္ပဲ ဓာတ္ပုံအား ထိလိုက္ၿပီး အဖိုးတန္ရတနာလို ကိုင္တြယ္ေနခဲ့သည္။ ေသဆုံးျခင္း ေခ်ာက္ကမ္းပါးမွာ ႐ွာေတြ႕ခဲ့သည့္ ေသဆုံးသူအတြက္ နားခိုရာလိုမ်ိဳး သူ႕မ်က္လုံးေတြက ပိုင္ဆိုင္လိုသည့္ ခ်စ္ျခင္းေတြ ႐ွိေနသည္။ ဒါက သူ႕နတ္ဘုရား၊ သူ႕အလင္းေလးပဲ။

ေ႐ွာင္ခ်န္း

သူက ႏူးညံ့စြာ ေျပာလိုက္သည္။

ထို႔ေနာက္တြင္ သူ႕တစ္ဘဝလုံးအတြက္ ဒီစကားႏွစ္လုံးက သူ႕တစ္ကိုယ္လုံးတြင္ နက္႐ိႈင္းစြာ ထုဆစ္ထားခဲ့သည္။

မင္းသိလား? ေခ်ာက္ကမ္းပါးထဲကို အခ်ိန္အေတာ္ၾကာ ၾကည့္ေနမယ္ဆိုရင္ ေခ်ာက္ကမ္းပါးကလည္း မင္းကို ျပန္ၾကည့္ေနမယ္ဆိုတာကို။

23.7.2021 (Fri)
..........................

Continue Reading

You'll Also Like

158K 12.1K 50
အမှောင် အောက်က ‌ကျားရဲ တစ်ကောင်ရဲ့မျက်ဝန်းလို သွေးဆာ နေတဲ့ မျက်လုံး စိမ်းစိမ်း တောက်တောက်တွေ သွေးညှီနံ့ ဟောင်ထွက်နေတဲ့ အခန်းတွေ ထဲ က အလောင်းတွေ သတင်း...
40.2K 4.6K 15
တို့ , မင်းကိုစောင့်မျှော်နေခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ ကြိုဆိုပါတယ် ဟန်နီ
3.6K 114 14
မြူဇ္ဇူမောင်+လရိပ်ရောင်
292K 55.8K 89
Author - Cyan Wings ( 青色羽翼 ) Chapters - 42 + 5 extras ( completed ) I do not own this story . All credit goes to original authors.