သက်တန့်ရောင် မိန်းမပျို Book...

By CharmZoey

649K 84.2K 679

ခေါင်းစဉ် - သက်တန့်ရောင် မိန်းမပျို (ဘာသာပြန်) မူရင်းခေါင်းစဉ် - Fields of Gold အမျိုးအစား - သဘာဝလွန်၊ စိတ်ကူ... More

Intro
အပိုင္း၁ (ေပါက္စီတစ္လုံးေၾကာင့္ အသတ္ခံရျခင္း)
အပိုင္း၂ (အက်င့္ပုတ္တဲ့ အဘြား)
အပိုင္း၃ (ထူးဆန္းတဲ့ ေရာင္စုံေက်ာက္တုံး )
အပိုင္း၄ (သူမမွာ ေကာင္းမြန္တဲ့ အေဖရွိတယ္)
အပိုင္း၅ (မ်က္ေတာင္မခတ္ပဲလိမ္လည္ျခင္း)
အခန္း ၇ - အလွေလးကိုကယ္တင္ျခင္း
အပိုင္း ၈ (ထူးျခားတဲ့ ေနာက္ခံ)
အပိုင္း၉ (အက်ိဳးမ်ားတဲ့ ခရီးတို)
အခန္း၁၀ (လ်ိဳ႕ဝွက္အႀကံအစည္)
အခန်း ၁၁
အပိုင္း ၁၂ (က်ိန္ရႈံစားေသာက္ဆိုင္ရဲ႕
အပိုင္း ၁၃ (လုံးဝရႈပ္ေထြးေနေသာ)
အပိုင္း ၁၄ (လိမ္ရလြယ္တဲ့သားေကာင္)
အခန္း ၁၅ (အေကာင္းဆုံးဟင္းခတ္အေမႊးအႀကိဳင္)
အခန္း ၁၆ (ေဈးဝယ္ထြက္ျခင္း)
အပိုင္း ၁၇ (မိဘရဲ႕ ခ်စ္ျခင္းတရား)
အပိုင္း ၁၈ (ေတာင္ေပၚက ေကာင္ေခ်ာေလး)
အပိုင္း ၁၉ ( အကိုဟန႔္ေနာက္ကိုလိုက္ရင္ စားဖို႔အသားရွိတယ္ )
အပိုင္း ၂၀ (အံ့ဖြယ္ေက်ာက္တုံး ျပန္လာျခင္း)
အပိုင္း ၂၁ -အသားကင္တတ္တဲ့သူက အေခ်ာဆုံးပဲ!
အပိုင္း ၂၂ (လမ္းမွာေတြ႕ရတဲ့ အတားအဆီး)
အပိုင္း ၂၃ (အငယ္ဆုံးဦးေလး အိမ္ျပန္လာၿပီ)
အခန္း ၂၄ (ေျမႇာက္ပင့္ျခင္း)
အပိုင္း ၂၅ (ခ်ီးမြမ္းျခင္း)
အပိုင္း၂၆ (ဂုဏ္သိကၡာ)
အပိုင္း ၂၇ ( အလုပ္သင္ )
အပိုင္း ၂၈ (ပိုက္ဆံစုေဆာင္းျခင္း)
အပိုင္း ၂၉ (ေထာင္ေခ်ာက္ဆင္ျခင္း)
အပိုင္း ၃၀ (ထူးျခားမႈ)
အပိုင္း၃၁ (ေကာင္ေခ်ာေလးေနာက္တစ္ေယာက္)
အခန္း ၃၂ (အစားမက္သူ)
အပိုင္း ၃၃ -(အ႐ိုက္ခံရျခင္း)
အပိုင္း ၃၄ (ေဆးပညာသင္ယူျခင္း)
အပိုင္း-၃၅ ( ခ်စ္စရာ အိမ္ေမြးတိရိစာၦန္)
အပိုင္း ၃၆ (သဘာဝရဲ႕လက္ေဆာင္)
အပိုင္း ၃၇ - (ဆိပ္ကမ္း)
အပိုင္း ၃၈ - (ေတာ္ဝင္မင္းသား)
အပိုင္း ၃၉ (ေက်းဇူးတင္ျခင္းသေကၤတ)
အခန္း ၄၀ (ျမင့္မားေသာအထြက္ႏႈန္း)
အပိုင္း ၄၁ - (ျပင္းထန္စြာ ဖ်ားနာမႈ)
အပိုင္း၄၂ (ေဆာင္းတြင္းကပ္ေဘးဒုကၡ)
အပိုင္း -၄၃ ( အၾကင္နာတရားမရွိဘူး )
အပိုင္း -၄၄( ခါးသီးတဲ့စိတ္ထိခိုက္မႈ )
အပိုင္း ၄၅ (ခ်မ္းသာလာျခင္း)
အပိုင္း ၄၆ (အေၾကာင္းျပခ်က္ဖန္တီးျခင္း)
အပိုင္း ၄၇ (ျပစ္ဒဏ္)
အပိုင်း ၄၉ (အတွေးစိတ်ကူးများ)
အပိုင်း ၄၈ (အပြောင်းအလဲတစ်ခု)
အပိုင်း၅၀ (ပိုက်ဆံလက်ဆောင်)
အခန္း၅၁ (စီးပြားေရးရင္းႏွီးျမႇဳပ္ႏွံမႈ)
အပိုင်း-၅၂ (အိမ်ကိုအလည်လာခြင်း)
အပိုင်း ၅၃ (ရှင်ယာဝင်ဖြစ်လာခြင်း)
အပိုင်း ၅၄ - (ကြော်ငြာခြင်း)
အပိုင်း၅၅ (နှစ်သစ်ကူး)
အပိုင်း ၅၆ (ဒုက္ခရောက်သောနှစ်)
အပိုင်း ၅၇ - (ဘေးအန္တရာယ်)
အပိုင်း ၅၈ (ဖြတ်တောက်ခြင်း)
အပိုင်း ၅၉ (အတိတ်)
အပိုင်း ၆၀ (သတိလစ်မေ့မျောခြင်း )
အပိုင်း ၆၁ (ပြန်သတိရလာခြင်း)
အပိုင်း၆၂ (ရောင်းစားခံရခြင်း)
အပိုင်း ၆၃ - မိသားစုကွဲခြင်း (၁)
အပိုင်း ၆၄ - မိသားစုကွဲခြင်း ( ၂ )
အပိုင်း ၆၅ (နေအိမ်ဟောင်း)
အပိုင်း ၆၆ (မိခင်ဘက်မှမိသားစု)
အပိုင်း ၆၇ (အိမ်ပြင်ခြင်း)
အပိုင်း ၆၈ (ပိုကောင်းတဲ့အရွေ့အပြောင်း)
အပိုင်း ၆၉ (ငွေရှာမည့်အရင်းအမြစ်များကိုတိုးချဲ့ခြင်း)
အပိုင်း၇၀ (ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း)
အပိုင်း ၇၁ (ချစ်စရာကောင်းတဲ့လူငယ်လေး)
အပိုင်း၇၂ (ပေါက်စီ)
အပိုင်း ၇၃ (တိတ်တိတ်လေး သည်းညည်းခံနေခြင်း)
အပိုင်း၇၄ (လက်တွဲလုပ်ဆောင်မှု)
အပိုင်း၇၅ (ကူညီခြင်း)
အပိုင်း ၇၆ (အံ့ဩစရာကောင်းလိုက်တာ!)
အပိုင်း ၇၇ (အသားနှပ်)
အပိုင္း၇၈ (ဆိုင္ဖြင့္တဲ့ေန႔)
အပိုင်း ၇၉ (ဝက်ခေါင်း)
အပိုင်း၈၀ (ပြဿနာတက်ခြင်း)
အပိုင်း ၈၁ (လျှို့ဝှက်ချက်ပြုတ်နည်း)
အပိုင်း ၈၂ (အရသာသစ်)
အပိုင်း၈၃ (ကျော်ကြားတဲ့ပညာရှိ)
အပိုင်း ၈၄ (အစားကြီးသူ)
အပိုင်း ၈၅ (တပည့်တစ်ယောက်အဖြစ်လက်ခံခြင်း)
အပိုင်း၈၆ (ငါးဖမ်းခြင်း)
အပိုင်း ၈၇ (ငါးချဉ်)
အပိုင်း၈၈ (အဖေနဲ့သမီး)
အခန်း ၈၉ (ကျောင်းလခ)
အပိုင်း ၉၀ (လျို့ကော)
အခန်း၉၁ (ကြေးမြင့်တဲ့ပေးချေမှု)
အပိုင်း ၉၂ ( စိုနေတဲ့ဆန် )
အပိုင်း ၉၃ (အထင်ကြီးစရာဧည့်သည်)
အပိုင်း ၉၄ (မြည်းလှည်း)
အပိုင်း ၉၅ (ကျောင်းတက်ခြင်း)
အပိုင်း ၉၆ (အပူအပင်)
အပိုင်း ၉၇ (ဖျားနာနေသောမြည်း)
အပိုင်း ၉၈ (ဝေစု)
အပိုင်း ၉၉ - တွေ့ဆုံဖို့ အခွင့်အရေး
အပိုင်း ၁၀၀ (အချိန်အခါမဟုတ်အိမ်ကိုလာခြင်း)
အပိုင်း၁၀၁ (ကျိုးမိသားစု)
အပိုင်း၁၀၂ (အလုပ်မှာရေသာခိုခြင်း)
အပိုင်း ၁၀၃ (အကျင့်ပျက်ခြင်း)
အခန်း ၁၀၄ (လုယက်သူ)
အခန်း ၁၀၅ (ဝိညာဉ်တစ်ခုကိုမြင်ရခြင်း)
အပိုင်း ၁၀၆ (သေလုဆဲဆဲဖြစ်ခြင်း)
အပိုင်း ၁၀၇ (စုံစမ်းမေးမြန်းခြင်း)
အပိုင်း ၁၀၈ (မိုးကြိုး)
အပိုင်း၁၀၉ (မိုးကြိုးပစ်ခြင်း)
အပိုင်း ၁၁၀ (ဝန်ချတောင်းပန်ခြင်း)
အပိုင်း ၁၁၁ (အိမ်ပြန်လာခြင်း)
အခန်း ၁၁၂ (ထွက်ခွာခြင်း)
အပိုင်း ၁၁၃ (ဆေးဖက်ဝင်ဂျင်ဆင်းဘုရင်)
အပိုင်း ၁၁၄ (အကျိုးများတဲ့ခရီးတိုတစ်ခု)
အပိုင်း ၁၁၅ ( အသီးအရွက်များရောင်းခြင်း)
အပိုင်း ၁၁၆ (မင်းသားလေး)
အပိုင်း ၁၁၇ (ဟင်းသီးဟင်းရွက်များကြောင့် ရန်ဖြစ်ကြခြင်း)
အပိုင်း ၁၁၈ (လူကဲခတ်မြန်တဲ့လူကြီးမင်း)
အပိုင်း ၁၁၉ (ကျေနပ်အားရခြင်း)
အပိုင်း ၁၂၀ (ဆုလာဘ်)
အပိုင်း ၁၂၁ (ရင်းနှီးမြှပ်နှံမှု)
အပိုင်း ၁၂၂ (ဝဋ်လည်ခြင်း)
အပိုင်း ၁၂၃ ( အလုပ်များသော)
အပိုင်း ၁၂၄ (နောက်တစ်ခေါက်လာကြပြန်ပြီ! )
အပိုင်း ၁၂၅ (ကုတ်ခြစ်ခံရခြင်း)
အပိုင်း ၁၂၆
အပိုင်း ၁၂၇ (တိုင်ပင်ခြင်း)
အပိုင်း ၁၂၈ (သူမအိမ်လည်လာခြင်းရဲ့ရည်ရွယ်ချက်)
အပိုင်း ၁၂၉ (အဆိပ်မရှိခြင်း)
အပိုင်း၁၃၀ (အလည်ရောက်လာသူများ)
အပိုင်း ၁၃၁ ( မနက်စာ )
အပိုင်း ၁၃၂ (ဘဲသားနှပ်)
အပိုင်း ၁၃၃ (ကြမ္မာဖန်သောတွေ့ဆုံမှု)
အပိုင်း ၁၃၄ (အတွေ့အကြုံရင့်တဲ့အစားချစ်သူ)
အပိုင်း ၁၃၅ (အကင်းပါးသော)
အပိုင်း ၁၃၆ (ညနောက်ကျမှပြန်လာခြင်း)
အပိုင်း၁၃၇ (သိမ်းသွင်းစည်းရုံးခြင်း)
အပိုင်း ၁၃၈ (အစီအစဉ်ချခြင်း)
အပိုင်း ၁၃၉ ( စီရင်စုမြို့)
အပိုင်း ၁၄၀ (ဈေးဝယ်ထွက်ခြင်း)
အပိုင်း ၁၄၁ (စစ်သူကြီး)
အပိုင်း ၁၄၂ (အပြန်လမ်း)
အပိုင်း ၁၄၃ (လည်ပတ်ခြင်း)
အပိုင်း ၁၄၄ (အကြံဉာဏ်ပေးခြင်း)
အခန်း ၁၄၅ (အဆိုပြုခြင်း)
အပိုင်း ၁၄၆ (သံတမန်)
အပိုင်း ၁၄၇ (မွေးစားသမီး?)
အပိုင်း၁၄၈ (မွေးစားအဖေ)
အပိုင်း ၁၄၉ (မိသားစုဖြစ်လာခြင်း)
အပိုင်း ၁၅၀ (လူထူးလူဆန်း)
အပိုင်း ၁၅၁ (တော်ဝင်အမိန့်ပြန်တမ်း)
အပိုင်း၁၅၂ (မှတ်ဉာဏ်ဟောင်းများ)
အပိုင်း ၁၅၃ (ဧကရာဇ်ဟောင်း)
အပိုင်း ၁၅၄ (ဂျုံကြာဇံ)
အခန်း၁၅၅ (ထွက်ခွာဖို့လေးကန်နေခြင်း)
အခန်း ၁၅၆ (ပို့ဆောင်ခြင်း)
အခန်း ၁၅၇ (ပင်လယ်မျှော့)
အပိုင်း ၁၅၈ (မသမာတဲ့နည်းလမ်းသုံးခြင်း)
အပိုင်း ၁၅၉ (ခြိမ်းခြောက်ခြင်း)
အပိုင်း - ၁၆၀ ( အကြပ်ရိုက်အောင် လုပ်ခြင်း )
အပိုင်း ၁၆၁ (မနာလိုဖြစ်ခြင်း)
အပိုင်း ၁၆၂ - မနာလိုမှု
အပိုင်း ၁၆၃ - အကူ
အပိုင်း ၁၆၄ (ဝန်ခံလက်မြှောက်ခြင်း)
အပိုင်း ၁၆၅ (ပြောင်းလဲဖို့)
အခန်း ၁၆၆ (ဟုန်းဟုန်းတောက်ကျော်ကြားခြင်း)
အပိုင်း ၁၆၇ - (သမီးကိုကာကွယ်ခြင်း)
အခန်း ၁၆၈ - ချမ်းသာကြွယ်ဝခြင်း
အပိုင်း ၁၆၉ - အလုပ်ခေါ်စာ
အခန်း ၁၇၀ (ဖရဲသီးရောင်းခြင်း)
အပိုင်း ၁၇၁ ဖရဲသီးဆိုင်
အပိုင္း-၁၇၂( ခမ္းနားေသာ ဖြင့္ပြဲ )
အပိုင္း - ၁၇၃ (အကုန္ ေရာင္းထြက္ျခင္း)
အပိုင်း၁၇၄ - ဂုဏ်ပြုစားပွဲ
အပိုင်း ၁၇၅ - ချိုမြိန်ခြင်း အရသာ
အပိုင်း ၁၇၆ - ကြင်ယာတော်မင်းသမီး
အပိုင်း ၁၇၇ - အကြံအစည်
အပိုင်း - ၁၇၈ ( မွေးစားအမေ )
အပိုင်း ၁၇၉ - ရန်လိုမှု
အပိုင်း ၁၈၀ - ကံကြမ္မာ
အပိုင်း-၁၈၁ ( ထမင်းတစ်နပ်ကျွေးခြင်း )
အပိုင်း၁၈၂ - (ဧည့်ဝတ်ကျေပွန်မှု)
အပိုင်း၁၈၃ - မျက်နှာသာပေးတာ ခံချင်သူ
အပိုင်း ၁၈၄ နေထိုင်အခြေချဖို့ကူညီပေးခြင်း
အပိုင်း ၁၈၅ - သူခိုး
အခန်း ၁၈၆ - စဉ်းလဲတဲ့အကြံကိုလက်လွှတ်ဖို့ ငြင်းဆန်ခြင်း
အခန်း ၁၈၇ - အဆုံးမရှိ ဒုက္ခပေးခြင်း
အပိုင်း -၁၈၈ ( အရှက်မရှိခြင်း )
အပိုင်း ၁၈၉ - အချိန်ဆွဲထားခြင်း
အပိုင်း ၁၉၀ (စုံစမ်းမေးမြန်ခြင်း)
အပိုင်း ၁၉၁ ပြစ်မှုတစ်ခုကို တိုင်ကြားခြင်း
အပိုင်း ၁၉၂ - အိမ်မက်ဆိုး
အပိုင်း ၁၉၃ - ပေါ်ပေါက်လာခြင်း
အပိုင်း - ၁၉၄ (သဘောတူစာချုပ်)
အပိုင်း ၁၉၅ - ဝိညာဉ်
အပိုင်း ၁၉၆ (တရားရုံးအမှုစစ်များ)
အပိုင်း ၁၉၇ (ကိုယ့်ပါးကို ပြန်ရိုက်ခြင်း)
အပိုင်း ၁၉၈ (တရားရုံးသို့သွားခြင်း)
အပိုင်း ၁၉၉ (ကြီးမားတဲ့ချစ်ခြင်းမေတ္တာတရား)

အပိုင္း၆ (ပင္လယ္စာ ေကာက္ယူျခင္း)

3.7K 526 0
By CharmZoey

[Zawgyi]

အပိုင္း၆ (ပင္လယ္စာ ေကာက္ယူျခင္း)

သူ ဘာလို႔ ေမ့လဲသြားတာလဲ  သမားေတာ္ကေရာ ဘာေျပာသြားေသးလဲ ?
ဒုတိယေခြၽးမတစ္ေယာက္ သူ၏ ေျမးမေလးအား မနားတမ္းျပဳစုေနတာကို လူႀကီးမင္းယြီျမင္ခဲ့ၿပီးျဖစ္သည္။

အဘြားက သမားေတာ္ မေခၚခိုင္းဘူး  သူေျပာတာေတာ့ အေမက အိပ္ၿပီးရင္ သက္သာသြားလိမ့္မယ္တဲ့
ယြီေရွာင္ေခ်ာင္းတစ္ေယာက္ အခြင့္အေရးကို အမိအရသုံးလိုက္ၿပီး တိုင္တန္းလိုက္သည္။

အဓိပၸာယ္မရွိလိုက္တာ! ငါတို႔ ထမင္းစားၿပီးတာနဲ႔ ဒုတိယေခြၽးမကို ေဆးကုဖို႔ သမားေတာ္ယိုကို သြားပင့္ခ်ည္ အခုအပ္နဲ႔ထြင္ရမယ့္ဟာကို ေနာက္က်မွပုဆိန္နဲ႔ထြင္းေနရမယ္ မေပါ့ဆနဲ႔" လို႔ေျပာၿပီး
လူႀကီးမင္းယြီက ပဲဟင္းရည္ကိုကုန္ေအာင္ ေသာက္ၿပီး ပါးစပ္ကို သုတ္လိုက္သည္။

ဒါကို သေဘာမေတြ႕တဲ့ အမ်ိဳးသမီးက်န္းက ခ်က္ခ်င္းဆိုသလို

သမားေတာ္ပင့္ရင္ ပိုက္ဆံကုန္မွာေပါ့ ! ငါတို႔ရဲ႕ တတိယသားက ခ႐ိုင္ဆင့္စာေမးပြဲေျဖဖို႔ က်န္ေသးတယ္  အဲ့စာေမးပြဲအတြက္ သတ္မွတ္ထားတဲ့ၿမိဳ႕ဆီသြားဖို႔ အသြားစရိတ္ေတြကလည္း လိုေသးတယ္ ! ဒီ ယြီဟိုင္မိသားစုအတြက္ ပိုက္ဆံသုံးလိုက္ရင္ ငါ့သားေလးရဲ႕ အသြားစရိတ္ကို ကာမိမွာမဟုတ္ဘူး အဲ့လိုသာဆို သူနင့္ကို စိတ္ပ်က္သြားမွာ ေသခ်ာတယ္

ထိုစကားကို လူႀကီးမင္းယြီ ဘဝင္မက်။ အသုံးျပဳေနေသာ ထမင္းစားတူႏွင့္ စားပြဲကို ေဆာင့္ကာ

မင္းေျပာသေလာက္ ငါတို႔မိသားစုက မြဲေတမေနပါဘူး ! ငါးဖမ္းတာထဲက ခနထား၊ အမဲလိုက္တာတစ္ခုနဲ႔တင္ကို ယြီဟိုင္က ေငြေတြအမ်ားႀကီးရွာႏိုင္ေနတာ ! ငါတို႔ရဲ႕ တတိယသားသာ ႏွစ္ေတြအၾကာႀကီးထိ စာလုပ္လာၿပီး ခုထိ ဒီဗဟိုအဆင့္ စာေမးပြဲကိုေတာင္ ျဖစ္ေျမာက္ေအာင္မေျဖႏိုင္ေသးဘူး  ငါကေတာ့ သူစာဆက္သင္တာထက္ ေငြစုၿပီး လယ္ထြန္ဖို႔ ယာေလးဘာေလး ဝယ္ထားသင့္ၿပီလို႔ပဲျမင္တယ္

ယြီမိသားစုသာ သူတို႔တတိယသားကို ႏွစ္ေတြအၾကာႀကီးထိ မေထာက္ပံ့ခဲ့ဘူးဆိုလွ်င္
ခုေနဆိုယြီမိသားစုက သက္ေတာင့္သက္သာေနႏိုင္တဲ့ အေနအထားမ်ိဳးပင္။ ပုံမွန္ ထမင္းျဖဴႏွင့္ ဂ်ဳံဆန္စားေနလွ်င္ပင္ စားနပ္ရိကၡာမ်ားလိုတာထက္ကို ပိုေနဦးမည္။ သူမ တတိယသား၏ ပညာသင္စရိတ္၊ ၿမိဳ႕ႀကီးမွာေနေသာ စားစရိတ္၊ေနစရိတ္ေတြဟာ ဤကဲ့သို႔ လယ္လုပ္ေနတဲ့ အလတ္တန္းစားမိသားစုအတြက္ေတာ့ မည္သို႔မည္ဖုံကာမိလိမ့္မည္နည္း။

ဘာ ဒီမွာအဖိုးႀကီး! ေဗဒင္ဆရာကိုယ္တိုင္ကိုက ဒီအိမ္မွာ အရာရွိတစ္ေယာက္ ေပၚမယ္လို႔ ေဟာထားတာ  ကြၽန္မကေတာ့ သခင္မႀကီးလို႔ ေခၚခံရဖို႔ တတိယသားကို ေမွ်ာ္မွန္းေနအုံးမွာပဲ ! ေလာကႀကီးကို အရႈံးေပးရမယ္ဆိုရင္ေတာင္ ကြၽန္မသားကိုေတာ့ ဆက္ေထာက္ပံ့ေပးေနဦးမွာ

အမ်ိဳးသမီးက်န္းမွာ သူမအမ်ိဳးသားအား အနည္းငယ္ ေၾကာက္႐ြံ႕ေသာ္လည္း သူမသား၏အနာဂတ္ႏွင့္ သူမ,မက္ေမာေနေသာ ဂုဏ္အတြက္ ရန္ေထာင္ရန္သာ ဆုံးျဖတ္လိုက္သည္။

လူႀကီးမင္းယြီသည္ သူ႔မိန္းမအား အၾကည့္တစ္ခ်က္မွအပ ထိုအေၾကာင္းအား ဆက္ေျပာျခင္းမျပဳေတာ့။ ထို႔ေနာက္ ပန္ကန္လုံးကို စားပြဲေပၚခ်ကာ မက်ယ္ေလာင္ေသာ အသံျဖင့္

ငါတို႔ရဲ႕ သုံးဧကက်ယ္တဲ့ လယ္ခင္းကို သြားရွင္းဖို႔ သြားလိုက္ဦးမယ္! ဒါနဲ႔ ေရွာင္လ်န္ .. သြား..သြား မင္းအေမအတြက္ ေခါက္ဆြဲတစ္ပြဲသြားလုပ္ေပးခ်ည္ ၾကက္ဥႏွစ္လုံးပါေၾကာ္ၿပီး ထည့္ေပးလိုက္ကြာ သူလည္း ဒီအေတာအတြင္း ေတာ္ေတာ္ပင္ပန္းေနရွာမွာ

ဟုတ္ကဲ့ပါ အဘိုး ေက်းဇူးတင္ပါတယ္ !
ယြီေရွာင္ေခ်ာင္းတစ္ေယာက္ ေပ်ာ္႐ႊင္စြာနဲ႔ပင္ ေျဖလိုက္သည္။

ေရွာင္လ်န္ ေရွာင္လ်န္ ေအာ္  ဒီတစ္ေယာက္နဲ႔ေတာ့ အခန္းထဲမွာပဲ ေအာင္းေနေတာ့မွာလား မိုး႐ြာေတာ့မယ္ဆိုတာ မၾကည့္တတ္ဘူးလား သြား သြား ေျခာက္ေနတဲ့ အဝတ္ေတြကို သြား႐ုတ္ခ်ည္
ေန႔တိုင္းပင္ ယြီေရွာင္ေခ်ာင္းတစ္ေယာက္ သူမအဘြား၏ တတြတ္တြတ္ဆူသည့္ အသံဆိုးျဖင့္ ႏိုးထရသည္။

ေယာကၡမ၏ အႏိုင္က်င့္ခံေနက်ျဖစ္တဲ့ အမ်ိဳးသမီးလ်ိဳက အက်င့္အရ အိပ္ယာမွထရန္ အားျပဳလိုက္သည္။ ဒါကိုျမင္သည့္ ယြီဟိုင္တစ္ေယာက္ ေရွ႕ကတားကာ
ေန ေန ငါပဲ ထၾကည့္လိုက္မယ္၊ အားရွိေအာင္သာ ေသခ်ာေလး အနားယူေနဦး

ထိုေန႔မွာ ေလျပင္းတိုက္ေနသျဖင့္ ေလွထြက္၍မရ။ ထို႔ေၾကာင့္ ယြီဟိုင္တစ္ေယာက္ အိမ္မွာ အားလ်က္ေနသည္။ ထို႔ေနာက္ အဝတ္အစားလဲၿပီး အိမ္ထဲသို႔ျပန္ဝင္လာကာ သူ႔ကေလးေတြကို

ဒီေန႔က ဇြန္လရဲ႕ ဒုတိယေျမာက္ေန႔ပဲ
ခုေလးတင္ သြားၾကည့္လာတာ ဒီေရကလည္းက်ေနၿပီ မိုးကလည္းေအး အေနာက္ေတာင္ေလကလည္း တျဖဴးျဖဴးနဲ႔  တကယ့္ကိုေကာင္းတဲ့ ရာသီဥတုပဲကြ ဒီေရသာအျမန္က်ရင္ေတာ့ ပင္လယ္စာေတြ အခ်ီႀကီးရမွာေသခ်ာတယ္ လာ လာ အေဖတို႔ေတြ ကမာေကာင္တို႔ ငါး၊ဂဏန္း၊ပုစြန္တို႔ သြားေကာက္ၾကရေအာင္  ကံေကာင္းရင္ ပင္လယ္ခ႐ုေတြေတာင္ ရွာေတြ႕မယ့္ပုံပဲ !

ပင္လယ္ထဲမွာ ပင္လယ္စာေတြ သြားေကာက္ၾကမွာလား ဝိုးးး  လိုက္ခ်င္လိုက္တာ ေဖႀကီး.. သမီးတစ္ခါမွ ပင္လယ္စာ လိုက္မေကာက္ဖူးလို႔ ဒီတစ္ခါေတာ့ ေခၚသြားေပးေနာ္ .. ေနာ္  ေနာ္ ..

ယခင္ဘဝက လင္ေရွာင္းဝမ္သည္ အလယ္ပိုင္းေဒသနယ္ခံ ျဖစ္သည္။ ပင္လယ္ဆိုလို႔ သူ႔ဘဝတစ္ေလွ်ာက္၂၉ ႏွစ္လုံးမွာမွ တစ္ခါတည္းသာ ျမင္ဖူးေသးသည္။ ထိုမွာလည္း ပင္လယ္ကမ္းစပ္၏ မနီးမေဝးတကၠသိုလ္တြင္ စာသင္ေနတဲ့ သူ႔ညီမကိုသြားေတြ႕ရင္းျဖစ္သည္။

သူသည္ ခႏၶာသစ္ႏွင့္ တံငါ႐ြာမွာေရာက္လင့္ေနတာ ငါးရက္ ေျခာက္ရက္ေလာက္ပင္ ရွိၿပီ။ သို႔ရာတြင္ အမ်ိဳးသမီးလ်ိဳက သူမျမန္ျမန္သက္သာေအာင္ အိမ္ထဲမထြက္ခိုင္းသျဖင့္ ပင္လယ္နားသြားရန္အသာထား အိမ္ကေနပင္တစ္လွမ္းမွ် မခြါရေသး။ ယခု ပင္လယ္ထြက္ၾကမည္ဆိုေတာ့ ယြီေရွာင္ေခ်ာင္းခမ်ာ

ရန္ျဖစ္လွ်င္လည္း ျဖစ္လိုက္မည္။ ပင္လယ္ေတာ့ရေအာင္ လိုက္မည္ ထိ ဆုံးျဖတ္ၿပီးျဖစ္သည္။

ေအးေလ .. ငါကခု ကေလးပဲ .. ကေလးဆိုးဆိုးပစ္လိုက္လို႔ရတာပဲ ဟု သူမေတြးလိုက္သည္။

အမ်ိဳးသမီးလ်ိဳက စိုးရိမ္စိတ္နဲ႔ သူ႔သမီးေလးကို ပင္လယ္သို႔မလိုက္ရန္ ေဖ်ာင္းျဖသည္။

ဒီေန႔ ေလေတြ အေတာ္တိုက္ေနတယ္ အနာျမန္ျမန္သက္သာေအာင္ အိမ္မွာပဲေနဦးေနာ္ ဒီတစ္ရက္ ႏွစ္ရက္ပါပဲ ဒါၿပီးရင္ သမီး ဘယ္သြားခ်င္လည္း ေမေမအကုန္ခြင့္ျပဳေပးမယ္

ေရွာင္ေခ်ာင္းတစ္ေယာက္ မနာခံ။ သူမအေနနဲ႔လည္း အိမ္မွာေအာင္းေနတာ ၾကာလာေတာ့ စိတ္က်ဥ္းၾကပ္လာၿပီျဖစ္သည္။ အဓိကကေတာ့ ငါးဖမ္းေတာ္တဲ့ သူ႔အေဖတစ္ေယာက္ အေဖာ္လိုက္ေပးမည္ဆိုေတာ့ ပင္လယ္စာေတြ အေတာ္ေလးဖမ္းမိမွာ အေသခ်ာ။ ဒီလို ရခဲတဲ့အခြင့္အေရးကို သူမဘယ္ လက္လြတ္ခ်င္လိမ့္မလဲ

ေမေမနဲ႔ အဘိုးယိုပဲေျပာေတာ့ သမီးရဲ႕ ဒဏ္ရာေတြကသက္သာလာၿပီး က်န္းမာလာၿပီဆို သမီးခု ေနလို႔လည္းေကာင္းၿပီး အစားလည္းစားႏိုင္ၿပီ ! အဘိုးယိုေျပာတာ လႈပ္လႈပ္ရွားရွားေနတာ က်န္းမာေရးအတြက္ ေကာင္းတယ္တဲ့ ေက်းဇူးျပဳၿပီး လိုက္ခြင့္ေပးပါေနာ္

ယြီေရွာင္ေခ်ာင္းတစ္ေယာက္ ခြင့္ေတာင္းေနရင္း
သားသမီးေတြကို အဆုံးအဆမရွိ အလိုလိုက္တတ္တယ္လို႔သိထားတဲ့ သူမအေဖကို သနားစဖြယ္မ်က္ဝန္းေတြနဲ႔ ၾကည့္လိုက္သည္။

အေဖျဖစ္သူ ယြီဟိုင္သည္ သူ႔သမီးအငယ္ဆုံးေျပာသမွ်ကို လိုက္ေလ်ာတတ္ၿပီး သမီးကို အလိုလိုက္တတ္သူျဖစ္သျဖင့္ ခ်က္ခ်င္းဆိုသလို သူ႔ဇနီးကို ေဖ်ာင္းျဖလိုက္သည္။

မုယြမ္မင့္ သမီးကို ငါေသခ်ာဂ႐ုစိုက္မွာမို႔ စိတ္ခ်စမ္းပါ အိမ္မွာ ေအးေဆးသာ အနားယူေနလိုက္ ..အျပန္ ပင္လယ္ခ႐ုေတြေကာက္လာၿပီး မင္းအားရွိဖို႔ စြပ္ျပဳတ္ေကာင္းေကာင္း လုပ္ေကြၽးတာေပါ့ !

သူသည္ ေျပာေနရင္း သမီးငယ္ကို အခန္းထဲမွ အျမန္ထြက္လာရန္ မ်က္စျပဳလိုက္သည္။ သို႔ျဖစ္၍ ယြီေရွာင္ေခ်ာင္းတစ္ေယာက္ ေက်ေက်နပ္နပ္ႏွင့္ တံခါးအသာဖြင့္ၿပီး အျမန္ထြက္လာလိုက္သည္။

ယြီဟန္သည္ ဝင္းထဲတြင္ ပင္လယ္စာေကာက္ရန္ လိုအပ္သည့္ တန္ဆာမ်ားကို အရန္သင့္ျပင္ဆင္ထားၿပီးျဖစ္သည္။ ေရွာင္လ်န္နဲ႔ ရွီထုန္တို႔ ႏွစ္ေယာက္သားမွာလည္း ေရပုံးႏွင့္ ေဂၚျပားအသင့္ကိုင္ထားကာ သူတို႔အေဖအလာကို ေစာင့္ေနၾကသည္။ ကေလးသဘာဝအေလ်ာက္ သူတို႔စိတ္ထဲဝယ္ သူတို႔အေဖကို လူစြမ္းေကာင္းႀကီး ဟု မွတ္ယူထားသည္။ ထို႔ေၾကာင့္ သူတို႔မသြားခင္ပင္ ပင္လယ္စာမ်ားအလွ်ံပယ္ ဖမ္းယူႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနထားၿပီးျဖစ္သည္။

တုန္ရွန္း႐ြာရဲ႕ ဇြန္လမွာ ပူအိုက္ၿပီး စိုစြတ္ေနသည္။ ပါးလႊာေသာအထည္ကို ဝတ္ဆင္ထားတဲ့ ေရွာင္ေခ်ာင္းတစ္ေယာက္ ဝါးျခင္းေတာင္းေလး ကိုင္ၿပီး သူ႔အေဖေျခရာေနာက္ အမွီလိုက္ရန္ႀကိဳးစားသည္။

ယြီဟိုင္သည္ သန္သန္မာမာ ထြားထြားက်ိဳင္းက်ိဳင္းရွိၿပီး အရပ္အေမာင္းလည္း ၅ေပ ၁၀လက္မထိရွည္သည္။ ယြီေရွာင္ေခ်ာင္း ၾကာရွည္စြာဖ်ားနာခဲ့သျဖင့္ သူမထက္ ၁၅မိနစ္သာႀကီးေသာ ယြီေရွာင္လ်န္ထက္ တစ္ေခါင္းစာေလာက္ ပု၍က်န္ခဲ့သည္။ ေရွာင္ေခ်ာင္းတစ္ေယာက္ ေျခတိုေလးျဖင့္ ေနာက္ေကာက္မက်န္မိေအာင္ ႀကိဳးစားေသာ္လည္း မေအာင္ျမင္။

သားသမီးကို တရိပ္ရိပ္ၾကည့္ေနေသာ ယြီဟိုင္ သူ႔သမီးငယ္၏ အေျခအေနကို သတိထားမိသြားသည္။ ဒါကိုသူ သေဘာက်ေနၿပီး တခစ္ခစ္ရယ္ကာ လက္တစ္ဖက္ျဖင့္ ေရွာင္ေခ်ာင္းကို ပခုံးဝယ္မတင္လိုက္သည္။

ေရွာင္ေခ်ာင္းဟာ ခ်က္ခ်င္းဆိုသလို ရွက္ေသြးမ်ားျဖာလာသည္။ ကေလးဆိုေပမယ့္ စိတ္ထဲမွာေတာ့ သူ႔အသက္က ယြီဟိုင္နီးပါး ရွိေနၿပီကိုး။ ငါးႏွစ္သားရွီထုန္ေတာင္ သူမကဲ့သို႔ပခုံးေပၚအခ်ီမခံရသည္ကိုျမင္ေသာ္ ပို၍ပင္ ရွက္လာသည္။

ခ်ဴခ်ာတတ္တဲ့ညီမျဖစ္သူကို တိတ္တဆိတ္စူးစမ္းေနတဲ့ အကိုအႀကီးဆုံး ယြီဟန္ကလည္း သူ႔ညီမမ်က္ႏွာမ်ား နီရဲေနတာကို သတိျပဳမိသြားေတာ့ ေကာက္႐ိုးႏွင့္ရက္ထားတဲ့ ခေမာက္ေလးကို လွမ္းေပးလိုက္သည္။ ထို႔ေနာက္ စိုးရိမ္စိတ္ျဖင့္

ညီမအငယ္ဆုံးေလးကေတာ့ မိုးအုံ႔ၿပီး ေနသိပ္မထြက္တာေတာင္ ေနေလာင္လြယ္တတ္လိုက္တာ .. ခုလည္း မ်က္ႏွာတစ္ခုလုံး နီရဲေနပါေရာလား ..

ေရွးေရွးက လျပကၡဒိန္ျဖင့္သာ အခ်ိန္ကိုတိုင္းတာၾကေတာ့ ဇြန္လဟာ ေႏြလလယ္ဟုေျပာ၍ရသည္။ ကမ္းစပ္မွာ မိုးကအုံ႔ေနသေယာင္ ရွိေသာ္လည္း ေနပူခ်ိန္မွာေလ်ာ့၍မေနခဲ့။ သို႔ေသာ္ ေရွာင္ေခ်ာင္း၏ နီျမန္းေနတဲ့ပါးျပင္ဟာ ထိုေနေရာင္ျခည္ေၾကာင့္ေတာ့ မဟုတ္ခဲ့ေခ်။

ဒီေရက်တဲ့ ျဖစ္စဥ္ဟာ တုန္ရွန္း႐ြာသားတို႔ ဝင္ေငြရွာဖို႔အတြက္ ရွားပါးတဲ့အခြင့္အေရးဟု ဆိုရမည္။ ဝါရင့္တံငါသည္ေတြဟာ ဒီေရက်ခ်ိန္ နဲ႔ ရင္းႏွီးသည္။ ဒီေန႔ရဲ႕ ဒီေရအနိမ့္ဆုံးအခ်ိန္မွာ မြန္းတည့္ခ်ိန္ျဖစ္သည္။ ဒါေၾကာင့္ လတာျပင္တစ္ခုလုံးဟာ ပင္လယ္စာေကာက္မည့္သူမ်ားနဲ႔ ျပည့္ႏွက္ေနသည္။

ယြီဟိုင္ရဲ႕ မိသားစုမွာ ေနာက္က်မွ ေရာက္ခဲ့သျဖင့္ ခြင္ေကာင္းေသာေနရာမ်ား လြတ္သြားဟန္။ ထိုကို မခ်ိတင္ကဲျဖစ္ေနတဲ့ ရွီထုန္တစ္ေယာက္ တတြတ္တြတ္ႏွင့္

အႀကီးဆုံး အေဒၚသာ ထမင္းေလးျပင္ဖို႔ အခ်ိန္အၾကာႀကီးမယူခဲ့ရင္ ေနရာေကာင္းတစ္ေနရာေတာ့ က်န္ခဲ့ရင္ က်န္ခဲ့အုံးမွာ

ဒါကို နားေထာင္ေနေသာ ယြီဟိုင္တစ္ေယာက္ တစ္ခ်က္ၿပဳံးကာ

သိပ္လည္းစိတ္မပ်က္ပါနဲ႔ .. ေနရာေကာင္းတစ္ခုကို အေဖသိပါတယ္ .. အဲ့ေနရာမွာ လူေတြမရွိေလာက္ေသးဘူးဆိုတာကို အေဖအာမခံတယ္

ယြီဟိုင္ေျပာေသာ ေခ်ာက္ကမ္းပါးေဘးနားမွ ေက်ာက္တန္းလ်ားေလးဟာ အႏၲရာယ္ေတာ့ရွိဟန္ ေပၚသည္။ ပုံမွန္ဆို ထိုေနရာေလးက ပင္လယ္ေရႏွင့္ျပည့္ေနၿပီး လႈိင္းလုံးႀကီးမ်ား ႐ိုက္ခတ္ေနတတ္သည္။ ဒီေရက်ခ်ိန္မွာသာ ထိုေက်ာက္တန္းလ်ားေလးေပၚလာတတ္ျခင္းျဖစ္သည္။ ႐ြာႏွင့္လည္း ေဝးေတာ့ မည္သူမွ ထိုေနရာကို သတိျပဳျခင္းမရွိ။

ေက်ာက္တန္းလ်ားမွာ အႏၲရာယ္ရွိသည္ဟု ထင္ရေသာ္လည္း အမွန္ကား သြားလာရန္မလြယ္ကူျခင္းသာ။ ေက်ာက္တန္းလ်ားသို႔ ေရာက္ရန္ ေခ်ာက္ကမ္းပါးကိုျဖတ္ရသည္မွာ ခက္ခဲသည္။ သို႔ေသာ္ ယြီဟိုင္အတြက္ေတာ့ ဒါဟာ အေသးအမႊားပင္။ ဦးစြာကေလးတစ္ေယာက္ခ်င္း စီကို ခက္ခဲသည္ဆိုေသာ လမ္းသို႔ ျဖတ္ေစသည္။ ထို႔ေနာက္ ေခ်ာက္ကမ္းပါးသို႔ ထပ္၍။ အားလုံးစုံစုံလင္လင္ ေက်ာက္တန္းလ်ားေပၚသို႔ေရာက္သြားေသာအခါ ကေလးေတြရဲ႕ မ်က္လုံးက အေရာင္လက္လာသည္။

.....

[Unicode]

အပိုင်း၆ (ပင်လယ်စာ ကောက်ယူခြင်း)

သူ ဘာလို့ မေ့လဲသွားတာလဲ  သမားတော်ကရော ဘာပြောသွားသေးလဲ ?
ဒုတိယချွေးမတစ်ယောက် သူ၏ မြေးမလေးအား မနားတမ်းပြုစုနေတာကို လူကြီးမင်းယွီမြင်ခဲ့ပြီးဖြစ်သည်။

အဘွားက သမားတော် မခေါ်ခိုင်းဘူး  သူပြောတာတော့ အမေက အိပ်ပြီးရင် သက်သာသွားလိမ့်မယ်တဲ့
ယွီရှောင်ချောင်းတစ်ယောက် အခွင့်အရေးကို အမိအရသုံးလိုက်ပြီး တိုင်တန်းလိုက်သည်။

အဓိပ္ပာယ်မရှိလိုက်တာ! ငါတို့ ထမင်းစားပြီးတာနဲ့ ဒုတိယချွေးမကို ဆေးကုဖို့ သမားတော်ယိုကို သွားပင့်ချည် အခုအပ်နဲ့ထွင်ရမယ့်ဟာကို နောက်ကျမှပုဆိန်နဲ့ထွင်းနေရမယ် မပေါ့ဆနဲ့" လို့ပြောပြီး
လူကြီးမင်းယွီက ပဲဟင်းရည်ကိုကုန်အောင် သောက်ပြီး ပါးစပ်ကို သုတ်လိုက်သည်။

ဒါကို သဘောမတွေ့တဲ့ အမျိုးသမီးကျန်းက ချက်ချင်းဆိုသလို

သမားတော်ပင့်ရင် ပိုက်ဆံကုန်မှာပေါ့ ! ငါတို့ရဲ့ တတိယသားက ခရိုင်ဆင့်စာမေးပွဲဖြေဖို့ ကျန်သေးတယ်  အဲ့စာမေးပွဲအတွက် သတ်မှတ်ထားတဲ့မြို့ဆီသွားဖို့ အသွားစရိတ်တွေကလည်း လိုသေးတယ် ! ဒီ ယွီဟိုင်မိသားစုအတွက် ပိုက်ဆံသုံးလိုက်ရင် ငါ့သားလေးရဲ့ အသွားစရိတ်ကို ကာမိမှာမဟုတ်ဘူး အဲ့လိုသာဆို သူနင့်ကို စိတ်ပျက်သွားမှာ သေချာတယ်

ထိုစကားကို လူကြီးမင်းယွီ ဘဝင်မကျ။ အသုံးပြုနေသော ထမင်းစားတူနှင့် စားပွဲကို ဆောင့်ကာ

မင်းပြောသလောက် ငါတို့မိသားစုက မွဲတေမနေပါဘူး ! ငါးဖမ်းတာထဲက ခနထား၊ အမဲလိုက်တာတစ်ခုနဲ့တင်ကို ယွီဟိုင်က ငွေတွေအများကြီးရှာနိုင်နေတာ ! ငါတို့ရဲ့ တတိယသားသာ နှစ်တွေအကြာကြီးထိ စာလုပ်လာပြီး ခုထိ ဒီဗဟိုအဆင့် စာမေးပွဲကိုတောင် ဖြစ်မြောက်အောင်မဖြေနိုင်သေးဘူး  ငါကတော့ သူစာဆက်သင်တာထက် ငွေစုပြီး လယ်ထွန်ဖို့ ယာလေးဘာလေး ဝယ်ထားသင့်ပြီလို့ပဲမြင်တယ်

ယွီမိသားစုသာ သူတို့တတိယသားကို နှစ်တွေအကြာကြီးထိ မထောက်ပံ့ခဲ့ဘူးဆိုလျှင်
ခုနေဆိုယွီမိသားစုက သက်တောင့်သက်သာနေနိုင်တဲ့ အနေအထားမျိုးပင်။ ပုံမှန် ထမင်းဖြူနှင့် ဂျုံဆန်စားနေလျှင်ပင် စားနပ်ရိက္ခာများလိုတာထက်ကို ပိုနေဦးမည်။ သူမ တတိယသား၏ ပညာသင်စရိတ်၊ မြို့ကြီးမှာနေသော စားစရိတ်၊နေစရိတ်တွေဟာ ဤကဲ့သို့ လယ်လုပ်နေတဲ့ အလတ်တန်းစားမိသားစုအတွက်တော့ မည်သို့မည်ဖုံကာမိလိမ့်မည်နည်း။

ဘာ ဒီမှာအဖိုးကြီး! ဗေဒင်ဆရာကိုယ်တိုင်ကိုက ဒီအိမ်မှာ အရာရှိတစ်ယောက် ပေါ်မယ်လို့ ဟောထားတာ  ကျွန်မကတော့ သခင်မကြီးလို့ ခေါ်ခံရဖို့ တတိယသားကို မျှော်မှန်းနေအုံးမှာပဲ ! လောကကြီးကို အရှုံးပေးရမယ်ဆိုရင်တောင် ကျွန်မသားကိုတော့ ဆက်ထောက်ပံ့ပေးနေဦးမှာ

အမျိုးသမီးကျန်းမှာ သူမအမျိုးသားအား အနည်းငယ် ကြောက်ရွံ့သော်လည်း သူမသား၏အနာဂတ်နှင့် သူမ,မက်မောနေသော ဂုဏ်အတွက် ရန်ထောင်ရန်သာ ဆုံးဖြတ်လိုက်သည်။

လူကြီးမင်းယွီသည် သူ့မိန်းမအား အကြည့်တစ်ချက်မှအပ ထိုအကြောင်းအား ဆက်ပြောခြင်းမပြုတော့။ ထို့နောက် ပန်ကန်လုံးကို စားပွဲပေါ်ချကာ မကျယ်လောင်သော အသံဖြင့်

ငါတို့ရဲ့ သုံးဧကကျယ်တဲ့ လယ်ခင်းကို သွားရှင်းဖို့ သွားလိုက်ဦးမယ်! ဒါနဲ့ ရှောင်လျန် .. သွား..သွား မင်းအမေအတွက် ခေါက်ဆွဲတစ်ပွဲသွားလုပ်ပေးချည် ကြက်ဥနှစ်လုံးပါကြော်ပြီး ထည့်ပေးလိုက်ကွာ သူလည်း ဒီအတောအတွင်း တော်တော်ပင်ပန်းနေရှာမှာ

ဟုတ်ကဲ့ပါ အဘိုး ကျေးဇူးတင်ပါတယ် !
ယွီရှောင်ချောင်းတစ်ယောက် ပျော်ရွှင်စွာနဲ့ပင် ဖြေလိုက်သည်။

ရှောင်လျန် ရှောင်လျန် အော်  ဒီတစ်ယောက်နဲ့တော့ အခန်းထဲမှာပဲ အောင်းနေတော့မှာလား မိုးရွာတော့မယ်ဆိုတာ မကြည့်တတ်ဘူးလား သွား သွား ခြောက်နေတဲ့ အဝတ်တွေကို သွားရုတ်ချည်
နေ့တိုင်းပင် ယွီရှောင်ချောင်းတစ်ယောက် သူမအဘွား၏ တတွတ်တွတ်ဆူသည့် အသံဆိုးဖြင့် နိုးထရသည်။

ယောက္ခမ၏ အနိုင်ကျင့်ခံနေကျဖြစ်တဲ့ အမျိုးသမီးလျိုက အကျင့်အရ အိပ်ယာမှထရန် အားပြုလိုက်သည်။ ဒါကိုမြင်သည့် ယွီဟိုင်တစ်ယောက် ရှေ့ကတားကာ
နေ နေ ငါပဲ ထကြည့်လိုက်မယ်၊ အားရှိအောင်သာ သေချာလေး အနားယူနေဦး

ထိုနေ့မှာ လေပြင်းတိုက်နေသဖြင့် လှေထွက်၍မရ။ ထို့ကြောင့် ယွီဟိုင်တစ်ယောက် အိမ်မှာ အားလျက်နေသည်။ ထို့နောက် အဝတ်အစားလဲပြီး အိမ်ထဲသို့ပြန်ဝင်လာကာ သူ့ကလေးတွေကို

ဒီနေ့က ဇွန်လရဲ့ ဒုတိယမြောက်နေ့ပဲ
ခုလေးတင် သွားကြည့်လာတာ ဒီရေကလည်းကျနေပြီ မိုးကလည်းအေး အနောက်တောင်လေကလည်း တဖြူးဖြူးနဲ့  တကယ့်ကိုကောင်းတဲ့ ရာသီဥတုပဲကွ ဒီရေသာအမြန်ကျရင်တော့ ပင်လယ်စာတွေ အချီကြီးရမှာသေချာတယ် လာ လာ အဖေတို့တွေ ကမာကောင်တို့ ငါး၊ဂဏန်း၊ပုစွန်တို့ သွားကောက်ကြရအောင်  ကံကောင်းရင် ပင်လယ်ခရုတွေတောင် ရှာတွေ့မယ့်ပုံပဲ !

ပင်လယ်ထဲမှာ ပင်လယ်စာတွေ သွားကောက်ကြမှာလား ဝိုးးး  လိုက်ချင်လိုက်တာ ဖေကြီး.. သမီးတစ်ခါမှ ပင်လယ်စာ လိုက်မကောက်ဖူးလို့ ဒီတစ်ခါတော့ ခေါ်သွားပေးနော် .. နော်  နော် ..

ယခင်ဘဝက လင်ရှောင်းဝမ်သည် အလယ်ပိုင်းဒေသနယ်ခံ ဖြစ်သည်။ ပင်လယ်ဆိုလို့ သူ့ဘဝတစ်လျှောက်၂၉ နှစ်လုံးမှာမှ တစ်ခါတည်းသာ မြင်ဖူးသေးသည်။ ထိုမှာလည်း ပင်လယ်ကမ်းစပ်၏ မနီးမဝေးတက္ကသိုလ်တွင် စာသင်နေတဲ့ သူ့ညီမကိုသွားတွေ့ရင်းဖြစ်သည်။

သူသည် ခန္ဓာသစ်နှင့် တံငါရွာမှာရောက်လင့်နေတာ ငါးရက် ခြောက်ရက်လောက်ပင် ရှိပြီ။ သို့ရာတွင် အမျိုးသမီးလျိုက သူမမြန်မြန်သက်သာအောင် အိမ်ထဲမထွက်ခိုင်းသဖြင့် ပင်လယ်နားသွားရန်အသာထား အိမ်ကနေပင်တစ်လှမ်းမျှ မခွါရသေး။ ယခု ပင်လယ်ထွက်ကြမည်ဆိုတော့ ယွီရှောင်ချောင်းခမျာ

ရန်ဖြစ်လျှင်လည်း ဖြစ်လိုက်မည်။ ပင်လယ်တော့ရအောင် လိုက်မည် ထိ ဆုံးဖြတ်ပြီးဖြစ်သည်။

အေးလေ .. ငါကခု ကလေးပဲ .. ကလေးဆိုးဆိုးပစ်လိုက်လို့ရတာပဲ ဟု သူမတွေးလိုက်သည်။

အမျိုးသမီးလျိုက စိုးရိမ်စိတ်နဲ့ သူ့သမီးလေးကို ပင်လယ်သို့မလိုက်ရန် ဖျောင်းဖြသည်။

ဒီနေ့ လေတွေ အတော်တိုက်နေတယ် အနာမြန်မြန်သက်သာအောင် အိမ်မှာပဲနေဦးနော် ဒီတစ်ရက် နှစ်ရက်ပါပဲ ဒါပြီးရင် သမီး ဘယ်သွားချင်လည်း မေမေအကုန်ခွင့်ပြုပေးမယ်

ရှောင်ချောင်းတစ်ယောက် မနာခံ။ သူမအနေနဲ့လည်း အိမ်မှာအောင်းနေတာ ကြာလာတော့ စိတ်ကျဉ်းကြပ်လာပြီဖြစ်သည်။ အဓိကကတော့ ငါးဖမ်းတော်တဲ့ သူ့အဖေတစ်ယောက် အဖော်လိုက်ပေးမည်ဆိုတော့ ပင်လယ်စာတွေ အတော်လေးဖမ်းမိမှာ အသေချာ။ ဒီလို ရခဲတဲ့အခွင့်အရေးကို သူမဘယ် လက်လွတ်ချင်လိမ့်မလဲ

မေမေနဲ့ အဘိုးယိုပဲပြောတော့ သမီးရဲ့ ဒဏ်ရာတွေကသက်သာလာပြီး ကျန်းမာလာပြီဆို သမီးခု နေလို့လည်းကောင်းပြီး အစားလည်းစားနိုင်ပြီ ! အဘိုးယိုပြောတာ လှုပ်လှုပ်ရှားရှားနေတာ ကျန်းမာရေးအတွက် ကောင်းတယ်တဲ့ ကျေးဇူးပြုပြီး လိုက်ခွင့်ပေးပါနော်

ယွီရှောင်ချောင်းတစ်ယောက် ခွင့်တောင်းနေရင်း
သားသမီးတွေကို အဆုံးအဆမရှိ အလိုလိုက်တတ်တယ်လို့သိထားတဲ့ သူမအဖေကို သနားစဖွယ်မျက်ဝန်းတွေနဲ့ ကြည့်လိုက်သည်။

အဖေဖြစ်သူ ယွီဟိုင်သည် သူ့သမီးအငယ်ဆုံးပြောသမျှကို လိုက်လျောတတ်ပြီး သမီးကို အလိုလိုက်တတ်သူဖြစ်သဖြင့် ချက်ချင်းဆိုသလို သူ့ဇနီးကို ဖျောင်းဖြလိုက်သည်။

မုယွမ်မင့် သမီးကို ငါသေချာဂရုစိုက်မှာမို့ စိတ်ချစမ်းပါ အိမ်မှာ အေးဆေးသာ အနားယူနေလိုက် ..အပြန် ပင်လယ်ခရုတွေကောက်လာပြီး မင်းအားရှိဖို့ စွပ်ပြုတ်ကောင်းကောင်း လုပ်ကျွေးတာပေါ့ !

သူသည် ပြောနေရင်း သမီးငယ်ကို အခန်းထဲမှ အမြန်ထွက်လာရန် မျက်စပြုလိုက်သည်။ သို့ဖြစ်၍ ယွီရှောင်ချောင်းတစ်ယောက် ကျေကျေနပ်နပ်နှင့် တံခါးအသာဖွင့်ပြီး အမြန်ထွက်လာလိုက်သည်။

ယွီဟန်သည် ဝင်းထဲတွင် ပင်လယ်စာကောက်ရန် လိုအပ်သည့် တန်ဆာများကို အရန်သင့်ပြင်ဆင်ထားပြီးဖြစ်သည်။ ရှောင်လျန်နဲ့ ရှီထုန်တို့ နှစ်ယောက်သားမှာလည်း ရေပုံးနှင့် ဂေါ်ပြားအသင့်ကိုင်ထားကာ သူတို့အဖေအလာကို စောင့်နေကြသည်။ ကလေးသဘာဝအလျောက် သူတို့စိတ်ထဲဝယ် သူတို့အဖေကို လူစွမ်းကောင်းကြီး ဟု မှတ်ယူထားသည်။ ထို့ကြောင့် သူတို့မသွားခင်ပင် ပင်လယ်စာများအလျှံပယ် ဖမ်းယူနိုင်လိမ့်မယ်လို့ မျှော်လင့်နေထားပြီးဖြစ်သည်။

တုန်ရှန်းရွာရဲ့ ဇွန်လမှာ ပူအိုက်ပြီး စိုစွတ်နေသည်။ ပါးလွှာသောအထည်ကို ဝတ်ဆင်ထားတဲ့ ရှောင်ချောင်းတစ်ယောက် ဝါးခြင်းတောင်းလေး ကိုင်ပြီး သူ့အဖေခြေရာနောက် အမှီလိုက်ရန်ကြိုးစားသည်။

ယွီဟိုင်သည် သန်သန်မာမာ ထွားထွားကျိုင်းကျိုင်းရှိပြီး အရပ်အမောင်းလည်း ၅ပေ ၁၀လက်မထိရှည်သည်။ ယွီရှောင်ချောင်း ကြာရှည်စွာဖျားနာခဲ့သဖြင့် သူမထက် ၁၅မိနစ်သာကြီးသော ယွီရှောင်လျန်ထက် တစ်ခေါင်းစာလောက် ပု၍ကျန်ခဲ့သည်။ ရှောင်ချောင်းတစ်ယောက် ခြေတိုလေးဖြင့် နောက်ကောက်မကျန်မိအောင် ကြိုးစားသော်လည်း မအောင်မြင်။

သားသမီးကို တရိပ်ရိပ်ကြည့်နေသော ယွီဟိုင် သူ့သမီးငယ်၏ အခြေအနေကို သတိထားမိသွားသည်။ ဒါကိုသူ သဘောကျနေပြီး တခစ်ခစ်ရယ်ကာ လက်တစ်ဖက်ဖြင့် ရှောင်ချောင်းကို ပခုံးဝယ်မတင်လိုက်သည်။

ရှောင်ချောင်းဟာ ချက်ချင်းဆိုသလို ရှက်သွေးများဖြာလာသည်။ ကလေးဆိုပေမယ့် စိတ်ထဲမှာတော့ သူ့အသက်က ယွီဟိုင်နီးပါး ရှိနေပြီကိုး။ ငါးနှစ်သားရှီထုန်တောင် သူမကဲ့သို့ပခုံးပေါ်အချီမခံရသည်ကိုမြင်သော် ပို၍ပင် ရှက်လာသည်။

ချူချာတတ်တဲ့ညီမဖြစ်သူကို တိတ်တဆိတ်စူးစမ်းနေတဲ့ အကိုအကြီးဆုံး ယွီဟန်ကလည်း သူ့ညီမမျက်နှာများ နီရဲနေတာကို သတိပြုမိသွားတော့ ကောက်ရိုးနှင့်ရက်ထားတဲ့ ခမောက်လေးကို လှမ်းပေးလိုက်သည်။ ထို့နောက် စိုးရိမ်စိတ်ဖြင့်

ညီမအငယ်ဆုံးလေးကတော့ မိုးအုံ့ပြီး နေသိပ်မထွက်တာတောင် နေလောင်လွယ်တတ်လိုက်တာ .. ခုလည်း မျက်နှာတစ်ခုလုံး နီရဲနေပါရောလား ..

ရှေးရှေးက လပြက္ခဒိန်ဖြင့်သာ အချိန်ကိုတိုင်းတာကြတော့ ဇွန်လဟာ နွေလလယ်ဟုပြော၍ရသည်။ ကမ်းစပ်မှာ မိုးကအုံ့နေသယောင် ရှိသော်လည်း နေပူချိန်မှာလျော့၍မနေခဲ့။ သို့သော် ရှောင်ချောင်း၏ နီမြန်းနေတဲ့ပါးပြင်ဟာ ထိုနေရောင်ခြည်ကြောင့်တော့ မဟုတ်ခဲ့ချေ။

ဒီရေကျတဲ့ ဖြစ်စဉ်ဟာ တုန်ရှန်းရွာသားတို့ ဝင်ငွေရှာဖို့အတွက် ရှားပါးတဲ့အခွင့်အရေးဟု ဆိုရမည်။ ဝါရင့်တံငါသည်တွေဟာ ဒီရေကျချိန် နဲ့ ရင်းနှီးသည်။ ဒီနေ့ရဲ့ ဒီရေအနိမ့်ဆုံးအချိန်မှာ မွန်းတည့်ချိန်ဖြစ်သည်။ ဒါကြောင့် လတာပြင်တစ်ခုလုံးဟာ ပင်လယ်စာကောက်မည့်သူများနဲ့ ပြည့်နှက်နေသည်။

ယွီဟိုင်ရဲ့ မိသားစုမှာ နောက်ကျမှ ရောက်ခဲ့သဖြင့် ခွင်ကောင်းသောနေရာများ လွတ်သွားဟန်။ ထိုကို မချိတင်ကဲဖြစ်နေတဲ့ ရှီထုန်တစ်ယောက် တတွတ်တွတ်နှင့်

အကြီးဆုံး အဒေါ်သာ ထမင်းလေးပြင်ဖို့ အချိန်အကြာကြီးမယူခဲ့ရင် နေရာကောင်းတစ်နေရာတော့ ကျန်ခဲ့ရင် ကျန်ခဲ့အုံးမှာ

ဒါကို နားထောင်နေသော ယွီဟိုင်တစ်ယောက် တစ်ချက်ပြုံးကာ

သိပ်လည်းစိတ်မပျက်ပါနဲ့ .. နေရာကောင်းတစ်ခုကို အဖေသိပါတယ် .. အဲ့နေရာမှာ လူတွေမရှိလောက်သေးဘူးဆိုတာကို အဖေအာမခံတယ်

ယွီဟိုင်ပြောသော ချောက်ကမ်းပါးဘေးနားမှ ကျောက်တန်းလျားလေးဟာ အန္တရာယ်တော့ရှိဟန် ပေါ်သည်။ ပုံမှန်ဆို ထိုနေရာလေးက ပင်လယ်ရေနှင့်ပြည့်နေပြီး လှိုင်းလုံးကြီးများ ရိုက်ခတ်နေတတ်သည်။ ဒီရေကျချိန်မှာသာ ထိုကျောက်တန်းလျားလေးပေါ်လာတတ်ခြင်းဖြစ်သည်။ ရွာနှင့်လည်း ဝေးတော့ မည်သူမှ ထိုနေရာကို သတိပြုခြင်းမရှိ။

ကျောက်တန်းလျားမှာ အန္တရာယ်ရှိသည်ဟု ထင်ရသော်လည်း အမှန်ကား သွားလာရန်မလွယ်ကူခြင်းသာ။ ကျောက်တန်းလျားသို့ ရောက်ရန် ချောက်ကမ်းပါးကိုဖြတ်ရသည်မှာ ခက်ခဲသည်။ သို့သော် ယွီဟိုင်အတွက်တော့ ဒါဟာ အသေးအမွှားပင်။ ဦးစွာကလေးတစ်ယောက်ချင်း စီကို ခက်ခဲသည်ဆိုသော လမ်းသို့ ဖြတ်စေသည်။ ထို့နောက် ချောက်ကမ်းပါးသို့ ထပ်၍။ အားလုံးစုံစုံလင်လင် ကျောက်တန်းလျားပေါ်သို့ရောက်သွားသောအခါ ကလေးတွေရဲ့ မျက်လုံးက အရောင်လက်လာသည်။

.....

Continue Reading

You'll Also Like

2.9M 227K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
1.7M 181K 69
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့...
2.8M 185K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022