မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်
By user13326062
263K 9.1K 422
မုန်းလို့မဟုတ်ပေမယ့် အမြင်ကပ်လို့ မဆိုသလောက်လေးဒုက္ခပေးမိတာပါ မိန့်အာဏာ ဘဝက ရုပ်ရှင်လိုနာရီပိုင်းအတွင်းမပြီးသ... More
Part1(uni + zawgyi)
Part2 (uni. Zawgyi)
Part3(Uni +zawgyi)
Part4(uni+zawgyi)
Part5
Part 6(uni + zawgyi)
Part7(uni +zawgyi)
Part8(uni+ zawgyi)
Part9(uni +zawgyi)
Part10(uni+zawgyi)
Part11(uni+zawgyi)
Part12(uni+zawgyi)
Part13(uni+zawgyi)
Part14(Uni+Zawgyi)
Part15(uni+zawgyi)
Part16(uni+zawgyi)
Part17(uni+zawgyi)
Part18(uni+zawgyi)
Part19(uni+zawgyi)
Part20(uni+zawgyi)
Part22(uni+zawgyi)
Part23(uni+zawgyi)
Part24(uni+zawgyi)
Part25(uni+zawgyi)
Part26(uni+zawgyi)
Part27(uni+zawgyu)
Part28(uni+zawgyi)
Part29(uni+zawygi)
Part30(uni+zawgyi)
Part31(uni+zawgyi)
Part32(uni+zawgyi)
Part33(uni+zawgyi)
Part34(uni+zawgyi)
Part35(uni+zawgyi)
Part36(uni+zawgyi)
Part37(uni+zawgyi)
Part38(uni+zawgyi)
Part39(uni+zawgyi)
Part40(uni+zawgyi)
Part41(uni+zawgyi)
Part42(uni+zawgyi)
Part43(uni+zawgyi)
Part44(uni+zawgyi)Final
Extra(uni+zawgyi)
Part21(uni+zawgyi)
5.2K 209 0
By user13326062
Uni
လူကနေမကောင်းပါဘူးဆို တစ်ချိန်လုံးစိတ်ရှုပ်စရာတွေချည်းပဲကြုံနေရတယ်
မိန့်အာဏာက တစ်မျိုး သူ့ကောင်မလေးကတစ်မျိုး
ခုလည်းသူ့နံမည်တောင်သေချာမသိသေးဘူး
သူပါးရိုက်တာခံလိုက်ရတယ်
ကိုယ်ကလည်းသိပ်အားမရှိတော့
သူ့ကိုပြန်မရိုက်လိုက်နိုင်ဘူး
အခန်းပြင်ထွက်လာတော့လဲ သူတို့နှစ်ယောက်ကိုတွေ့တယ်
ကန်တင်းသွားတော့လည်း ရှေ့တည့်တည့်ကခုံမှာ ထိုင်ပြီး မျက်လုံးစိမ်းကြီးနဲ့ကြည့်နေတာ ဘယ်လိုလုပ်စားလို့ရမှာလဲ
ခေါက်ဆွဲပြုတ်က မှာထားပြီး ပွတောင်နေပြီ
စားချင်စိတ်လည်းမရှိတာနဲ့ ထိုင်နေတုန်း ဒီလူဆွဲခေါ်ရာနောက်ပါလာတာလေ
လက်ကို အတင်းဆွဲလာတာ ချုပ်ရိုးကိုထိမိပြီး သွေးတွေပြန်ထွက်နေပြီ
ကားပေါ်ရောက်တော့ "မင်းတော်တော်အဲ့ကောင်ကိုကြိုက်နေတာလား မင်းငါနဲ့လက်ထက်လိုက်ရလို့အဲ့လောက်စိတ်ဆင်းရဲနေရလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး ကဲပြောစမ်းပါဦး ခုဘာဖြစ်လို့ အစားတောင်မစားနိုင်အောင်ဖြစ်နေတာလဲ ပြောစမ်း"ဆို နက်လက်မောင်းကိုအကြမ်းကိုင်လှုပ်ပြီး မိန့်မေးလိုက်တယ်
နက်ကမျက်ရည်တွေနဲ့ မိန့်ကိုကြည့်ပဲကြည့်နေတယ် ဘာမှလဲမဖြေဘူး
မိန့်စိတ်မရှည်တော့ဘူး နက်ပါးနှသ်ဖက်ကို လက်တစ်ဖက်တည်းနဲ့ညှစ်ပြီး "ပြောလေ ပြောစမ်းပါ"
"အ"ပါးကရောင်နေတာကိုး
"ပါးကဘာဖြစ်တာလဲ နက် မင်းဘာဖြစ်လာတာလဲလို့ ငါမေးနေတယ်လေ "
"ဘာမှမဖြစ်ဘူး ဘာမှလဲဖြစ်မလာဘူး ဟုတ်ပြီလား
ကိုမိန့်အာဏာ ရှင်ကျွန်မကိစ္စတွေကိုလိုကမပတ်သက်ပါနဲ့
ကျွန်မတောင်းပန်ပါတယ်
ကျွန်မဘဝမှာရှင်ဝင်လာတည်းက အားလုံးရှုပ်ကုန်ပြီ "
"ဘာ မင်းဘာပြောလိုက်တယ် မင်းတစ်ယောက်တည်းလို့ထင်လို့လား
ငါကရော ငါလည်းမင်းလိုပဲ စိတ်ရှုပ်နေရတာတွေ စိတ်ညစ်နေရတာတွေ
စိတ်ပူနေရတာတွေအားလုံးဟာ မင်းကြောင့်ချည်းပဲ
မင်းကြောင့်အားလုံး ကမောက်ကမဖြစ်ဖြစ်နေတာ ငါလည်းမင်းနဲ့မပတ်သက်ချင်ဘူး "
"ဒါဆို လွှတ်ထားလိုက်ပါလား ဘာလို့လိုက်နှောက်ယှက်နေတာလဲ ကျွန်မတစ်ယောက်တည်းနေပါရစေ ဟီးအီး အီး"
ခုလိုနက်အော်ငိုနေတော့လည်းစိတ်မကောင်း မိန့်ပဲသက်ပျင်းချပြီး စိတ်လျှော့လိုက်ရတယ်
"ကဲပါ မင်းဘာမှမစားရသေးဘူးမလား ဘာစားချင်လဲ ဗိုက်မစာဘူးလား "ခေါင်းခါပြတဲ့နက်ကြောင့်"ဒါဆိုပြန်ရအောင်လေမင်းပါးကဒါဏ်ရာကလည်းရောင်နေတာကွာ အတန်းထပ်တက်မနေနဲ့တော့နော်
ကိုယ်တို့ အပြင်မှာ တစ်ခုခုသွားစားရအောင်လေနော်"
"ကိုမိန့်အာဏာရဲ့ကောင်မလေးပါ"
"ဘာ ငါ့ဘာဖြစ်တယ်"
"သူလေ ဘာမှုံလဲ မသိဘူး သူကျွန်မကိုရိုက်လိုက်တာ "
"ဘယ်လို ယမုံက မင်းကိုရိုက်လိုက်တာ ဟုတ်လား
ဘာလို့လဲ ဘာလို့ရိုက်လိုက်တာလဲ
မင်းကသူ့ကိုပြန်မလုပ်ဘူးလား နေဦး ငါသွားပြန်ရိုက်မယ်"
မိန့် ကားပေါ်ကဆင်းဖို့လုပ်နေတုန်း နက်ကမိန့်ကိုလှမ်းဆွဲတယ်"ဟင့်အင်း မသွားပါနဲ့ ကျွန်မကြောင့်ပါ ကျွန်မက သူ့ရည်းစားကိုသွားပတ်သက်တာကိုး
ကျွန်မအမှားမို့သွားမလုပ်ပါနဲ့ ဟင့်ဟင့်"
"ငါကသူ့ရည်းစားဆိုပေမယ့် မင်းကငါ့မိန်းမလေ သူ့ထက်ပိုပြီး ငါ့ကိုပိုင်တာလေ မင်းကဘာလို့အရိုက်ခံလာရတာလဲ ငိုမနေနဲ့ ခုတိတ် "
တိတ်လို့ပြောမှ ပိုငိုနေတဲ့ကောင်မလေးကြောင့် ကျွန်တော်သူ့ကိုသနားသွားတယ်
တကယ်ဆို နက်နဲ့ဘာမှမဆိုင်ဘဲ ခံခဲ့ရတဲ့ အတွက် ကျွန်တော့ကိုယ်ကျွန်တော်ပဲအပစ်တင်မိပါတယ် ကျွန်တော့်ကြောင့်သူငိုနေရတာပါ
"ကဲပါကွာ မငိုနဲ့တော့ ကိုယ်တို့ပြန်ရအောင်နော် ဗိုက်စာနေပြီမလား မင်းဘာမှမစားရသေးဘဲနဲ့ ပဲပြောဘာသွားစားကြမလဲ"
နက်ခေါင်းခါပြီး"ပြန်ပဲပြန်မယ် အိမ်ပြန်ရအောင်နော်" 
မပြန်ဘဲ ဟိုတစ်ယောက်ကိုရန်သွားရှာနေမှာစိုးလို့
"မြန်မြန်ပြန်ကြတာပိုကောင်းမယ် ကျွန်မအိမ်ပြန်ချင်နေပြီ"
မိန့်ကို မျက်လုံးလေးလဲ့ပြီးပြောနေတဲ့နက်ကြောင့် မိန့်နုတ်ခမ်းလေးကွေးပြီး
"Ok okပြန်မယ်နော် ကိုယ်လိုက်ပို့မယ်"
......
အိမ်ရောက်တော့ နက်တင်းထားတဲ့စိတ်လျော့လိုက်လို့ထင်တယ်
လူက အိပ်ပဲငိုက်သလိုလို နုံးပဲနုံးသလိုလိုဖြစ်လာတယ်
"ကိုမိန့်အာဏာ ရှင်အပြင်သွားစရာရှိရင်သွားလေ ကျွန်မအိပ်လိုက်ဦးမယ်"
"ဟင်အိပ်မလို့လား မင်းစားဖို့အန်တီကြီးကို တစ်ခုခုလုပ်ခိုင်းလိုက်မယ်လေ"
"ဟုတ်ကဲ့ ဒါပေမယ့်ကျွန်မအိပ်ချင်သေးလို့ အိပ်ရာကနိုးမှစားလိုက်တော့မယ်"
"ဒါဆိုကိုယ်လုပ်ခိုင်းပြီးမင်းအခန်းထဲလာပို့ခိုင်းလိုက်မယ်လေ မင်းသွားအိပ်တော့"
ကိုယ်ဝန်ကြောင့်ထင်တယ်
နက်ခဏခဏ အိပ်နေတယ် အစားသိပ်မစားပဲ အိပ်ပဲအိပ်နေတဲ့ကောင်မလေးကို
ကျွန်တော် ဘယ်လိုဂရုစိုက်ရမလဲဆိုတာမေမေ့ကိုတော့မေးရဦးမယ်
အန်တီကြီးကို နက်နဲ့တည့်မယ့် တစ်ခုခုလုပ်ခိုင်းတော့ ကြက်ဥပူတင်းလေးဖုတ်ပေးတယ် ကြက်ဥပူတင်းကျက်တော့
"ကျွန်တော်ပဲသွားပို့လိုက်မယ် အန်တီနားလိုက်ပါ"မိန့်ပူတင်းပန်ကန်လေးကိုင်ပြီး နက်အခန်းထဲဝင်သွားတယ်
"နက် နက် ထတော့ နက်အိပ်နေတာကြာပြီ ဒီမှာပူတင်းလုပ်လာတယ် စားလိုက်နော်"
နက်အိပ်ချင်မူးတူးနဲ့ထလာပြီး ပူတင်းကိုငုံ့ကြည့်တယ်
ပြီးတော့ဇွန်းနဲ့ခပ်ပြီး စားလိုက်တယ်
"အော့ အော့ "
"နက်ဘာလို့လဲ စားမကောင်းဘူလား ပေးပေး မစားနဲ့တော့ ဘာစားချင်လဲ ပြော ကိုယ်ထပ်လုပ်ခိုင်းလိုက်မယ်"
ခေါင်းလေးခါပြီး"ရတယ် ကိုမိန့်အာဏာ ကျွန်မဒါပဲ အော့ "
ရေချိုးခန်းထဲပြေးဝင်ပီ့းအန်နေတဲ့ နက်ကိုကြည့်ပီ့း ရင်ထဲမကောင်း "အန်တီရေ ကျွန်တော့ကို ကြက်သားစွပ်ပြုတ်လေး ပြုတ်ပေးပါနော်"
မိန့်သွားမှာပြီး အန်နေတဲ့ကောင်မလေးအခန်းထဲဝင်လာတော့ ငိုနေတာတွေ့တယ် မိန်စိတ်ပူပီ့းပြေးသွားတယ်
"ဟေ့ ဘာလိုငိုနေပြန်တာလဲကွာ ကိုယ်စိတ်ပူအောင် မငိုနဲ့ မင်းဘာလိုချင်လဲပြော ဘာဖြစ်ချင်လဲ ဘယ်နေရာကနာလို့လဲပြောလေကွာ မင်းမပြောတော့ ကိုယ်က ဘယ်သိမလဲ"
"အီးဟီး ကိုမိန့်အာဏာ ဟင့် ကျွန်မလေကြက်သားစွပ်ပြုတ်လဲမစားချင်ဘူး အီး"
"ဟာ မစားချင်တာငိုစရာလား မစားနဲ့ပေါ့ တိတ်တိတ် မငိုနဲ့ နက်ကဘာစားချင်လို့လဲ"
မိန့်တအိအိနဲ့ငိုနေတဲ့ ကောင်မလေးကို ရင်ခွင်ထဲထည့်ပြီးဖက်ထားချင်လိုက်တာ
"ဟိုလေ ဟို ဟိုမနေ့က ကိုမိန့်အာဏာချက်ကျွေးတဲ့ ဟာလေ အဲ့တာစားချင်     လို့"
"ဟား ဟားဟား ဒါများကွာ စောစောကပြောပေါ့ ကိုယ့်မှာ မင်းတစ်ခုခုများဖြစ်လို့ငိုတာလားလို့ ခွီး"
မိန့်စိုးရိမ်လို့မျက်မှောင်ကျုံးထားတာလေ ခုတော့ အားရပါးရကိုရယ်တော့တာ
"ကျွန်မက ထမင်းချက်ဖြစ်ပြီး အိမ်ရှင့်ကိုခိုင်းလိုကောင်းမလား sob"
"ဒါဆိုလဲ ထမင်းချက်မလုပ်ပဲ ထမင်းချက် မိန်းမလုပ်လိုက်ပေါ့ ဟားဟား"
"ရှင်"
........
နှင်းဆီနက်ဘဝမှာ တခါမှ ဘယ်သူ့ကိုမှမပူစာဖူးဘူး
ပူစာလဲမရဖူးဘူး ဖွားဖွားကလဲ နက်မသိတက်ခင်ထဲက နက်အတွက်ကျောင်းစရိတ် အိမ်စရိတ် စားစရိတ်နဲ့လုံးပန်းနေရတော့
နက်တစ်ခါမှ လိုချင်တာ စားချင်တာ မပူစာဖူးဘူး
ခုတော့ နက်အစာကောင်းကောင်းမစားနိုင်တာ တစ်လနီးပါးရှိနေပြီမို့ ထပ်ပြီး အန်ဖို့တောင်အင်အားမရှိတော့ဘူး
မိန့်အာဏာက အန်တီကြီးကို ကြက်သားစွပ်ပြုတ်ပြုတ်ခိုင်းလိုက်တာ ကြားလိုက်တော့ ငိုချင်သွားတယ် သူစွပ်ပြုတ်မသောက်ချင်ဘူး
ဗိုက်ထဲက ကလေးကြောင့်လားပဲ အားအားရှိငိုချင်နေတယ်
မစားချင်တာဆို ဘယ်လိုမှ ကြိတ်မှိတ်ပြီးမစားနိုင်တော့
ခုတော့ ဘာ်လို့မှ မတက်နိုင်တဲ့ အဆုံး ကိုမိန့်အာဏာကို ဖွင့်ပြောလိုက်မိတယ်
သူကနက်ပြောတာကိုကြားတော့ အော်ပြီးတောင်ရယ်နေသေး သူကရယ်လေ နက်ကငိုချင်လေပဲ ဒီကလေးဟာလေ
နက်ကို နောက်တစ်ယောက်အဖြစ်ပြောင်းလဲသွားစေတယ်
...............
Thanks for reading 10july 2021
❤️❤️❤️❤️❤️
Uni
"အ"ပါးကရောင်နေတာကိုး
ကိုမိန့်အာဏာ ရှက်ျွန်မကိစ္စတွေကိုလိုကမပတ်သက်ပါနဲ့
"ဘာ ငါ့ဘာဖြစ်တယ်"
တကယ်ဆို နက်နဲ့ဘာမှမဆိုင်ဘဲ ခံခဲ့ရတဲ့ အတွက် ကျွန်တော့ကိုက်ျွန်တော်ပဲအပစ်တင်မိပါတယ် ကျွန်တော့်ကြောင့်သူငိုနေရတာပါ
......
"အော့ အော့ "
"ရှင်"
........
ခုတော့ ဘ်ာလို့မှ မတက်နိုင်တဲ့ အဆုံး ကိုမိန့်အာဏာကို ဖွင့်ပြောလိုက်မိတယ်
...............
❤️❤️❤️❤️❤️
Continue Reading
You'll Also Like
71.6K 2.4K 40
အနက်ရောင်ဆိုတဲ့ကောင်မလေးကိုမုန့်ကျွေးပြီးအဖြေတောင်းခဲ့တဲ့ကျွန်တော်သူများတွေသူ့ကိုမုန့်ဝယ်ကျွေးမှာတောင်ကြောက်နေရပြီသူကဘယ်သူတောင်းတောင်းပေးမှာတဲ့ဗျာ ...
431K 22.5K 49
2.6K 206 7
ကမ္ဘာဟာသူ့အချိန်နဲ့သူလည်ပတ်အုန်းမှာပါ ကမ္ဘာဟာသူ့အချိန်နဲ့သူလည်ပတ်အုန်းမှာပါ -Taraw Muo-