Unicode
* Hello.... *
" Hello ဝေလင်း....အဆင်သင့်ဖြစ်ပြီလား "
* အေး....Flight ticketက ဖြတ်ပြီးပြီကွ...
မင်းအိမ်က ထွက်ဖို့အဆင်ပြေပါ့မလား *
" ရတယ် ရတယ် ငါ့ဘာသာကြည့်ထွက်ခဲ့မယ် "
* ငါလေဆိပ်ကစောင့်နေမယ်နော် *
" Ok မနက် ၇ခွဲ Flightနဲ့မလား "
* အေး... ၇ နာရီရောက်အောင်လာနော် *
" Ok...ok ဒါပဲနော် "
* အေး...အေး *
ဖုန်းချပြီးသည့်နောက် ရှင်းလမင်းပိုင်
တစ်ယောက် Luggage အိတ်ထဲအ၀တ်အစားတွေ စီထည့်လိုက်သည်။
နံရံပေါ်က မိသားစု ဓာတ်ပုံလည်းဖြုတ်ပြီး
အိတ်ထဲထည့်ဖို့ မမေ့...
ရှင်းလမင်းပိုင် က စီးပွားရေးမေဂျာပထမနှစ်ကျောင်းသား။
အမေက ငယ်စဥ်ကတည်းကဆုံးသွားပြီး သူနဲ့ ၈နှစ်သာကွာသည့် မိထွေးနဲ့အတူနေရသည်။
အဖေက သဘာ၀ဓာတ်ငွေ့နှင့်ရေနံလုပ်ငန်းရှင် သူဌေးကြီးဦးရန်ရှင်း.....
တစ်ဦးတည်းသောသားမို့ အဖေဖြစ်သူက စီးပွားရေးလုပ်ခိုင်းချင်ပေမယ့် သူကအနုပညာသာဝါသနာပါသူ...
ဆယ်တန်းဖြေပြီးထဲက ကိုရီးယားသွားဖို့ ပြင်ခဲ့သော်လည်း အဖေကခွင့်မပြုတာရော၊အကြောင်းအမျိုးမျိုးကြောင့်ပါ မသွားဖြစ်ခဲ့။
ထို့နောက် international online audition တွေလိုက်ဖြေရင်းကနေ ယခု ၁၈ နှစ်ပြည့်တော့ သူငယ်ချင်းဖြစ်သူ ဝေလင်းမောင်ကောင်းမှုနဲ့ Chinese idolသွားပြိုင်ဖို့ အကြောင်းဖန်လာခဲ့သည်။
ဒီအခွင့်အရေးကိုလက်လွှတ်မခံနိုင်တော့......
သူသွားဖြစ်အောင် သွားရမည်။
အိမ်ကမလွှတ်တာမို့ သူခိုးသွားမည်။
ပတ်စ်ပို့နဲ့ ဗီဇာက အရင်ထဲကရှိတာဆိုတော့
ပူစရာမလို။
အဓိကဖြစ်သော ပိုက်ဆံကိုသာ ဒီရက်ပိုင်း မိထွေးလေးဆီက ကပ်ချွဲပြီး တောင်းထားလိုက်ရသည်။
ကိုရီးယားမသွားရပေမယ့် Chinaဆိုလည်း မဆိုးပါဘူး။
ယခုနောက်ပိုင်း group project တွေနဲ့ debutပေးနေသည်ပဲလေ...
ဘာပဲဖြစ်ဖြစ် Idol ဖြစ်ချင်သည့် သူ့အိမ်မက်လေးကို အကောင်အထည်ဖော်ရမည်သာ...
အားလုံးသိမ်းစရာရှိတာသိမ်း၊ထည့်စရာရှိတာ ထည့်ပြီးတော့ ည ၈ နာရီပင်ထိုးပြီ။
မနက် ဒီLuggage အိတ်ကြီးနဲ့ ဘယ်လိုအပြင်ထွက်ရမလဲ အကြံထုတ်ရပြန်သည်။
လူချည်းပဲဆိုလျှင် မနက်ခင်းလမ်းလျှောက်မယ် ဘာညာနဲ့လစ်ထွက်လို့ ရပေမယ့် ဒီLuggageအိတ်ကြီးနဲ့ကျ အဆင်မပြေ။
ဘယ်လိုလုပ်ရမလဲ.....ဘယ်လိုလုပ်ရမလဲ ?
အခန်းထဲခေါက်တုံ့ခေါက်ပြန် လျှောက်ရင်းနဲ့စဥ်းစားရသည်။
အခန်းထဲကထွက်ရင် ဧည့်ခန်းထဲတွင်ထိုင်နေကျဖြစ်သော အဖေ့မိန်းမ ဒေါ်ယုယနှင့်
အရင်ဆုံး ရင်ဆိုင်ရမည်။
အဲ့ထဲက ကိစ္စကပြတ်ပြီ....
တကယ်လို့ အိမ်ထဲကအောင်အောင်မြင်မြင်ထွက်နိုင်သည်ပဲထား ခြံရှေ့တွင်ရှိသော Bodyguardနှစ်ယောက်ကို ဘယ်လိုထပ်ရင်ဆိုင်မလဲ။
ထို bodyguard တွေက ဖေဖေ့တမိန့်ထဲသာနာခံသူ။
ဒေါ်ယုယတောင် ပြောမရ....
သူ့မှာ Luggageအိတ်ကြီးသာ ပါလာရင် သေချာပေါက် ဖေဖေ့နားရောက်မှာပင်။
ထိုအခါ အပြင်ထွက်ဖို့မပြောနဲ့ အခန်းထဲက ထွက်ဖို့တောင် အခွင့်ရေးရမည် မဟုတ်တော့။
ကြံရာမရသည့်အဆုံး ဝေလင်းမောင်ဆီသာ ထပ်အပူကပ်ရပြန်တော့မည်။
Phone contant list ရဲ့ ထိပ်ဆုံးမှာရှိသော
Wai Linnဆိုသည့် နာမည်လေးကိုနှိပ်ကာ ခေါ်လိုက်သည်။
* Hello *
" Hello ဝေလင်း။ငါပါ.... "
* ဘာထပ်ဖြစ်ရပြန်ပြီလဲကိုယ်တော်....
မလိုက်တော့ဘူးလို့ ပြောမှာတော့ မဟုတ်ပါဘူးနော် *
ဒီတနေ့ထဲတင် ဖုန်းခေါ်တာ အခေါက်၂၀လောက်ရှိပြီမို့ ဝေလင်းမောင်
သကောင့်သားအား အနည်းငယ် ခနဲ့ပေးလိုက်သည်။
" ဟာ...မဟုတ်ပါဘူး မင်းကလည်း "
* အဲ့တာဆိုပြော.... *
" ဒီလိုကွာ ငါလူချည်းပဲဆို လာရတာကိစ္စမရှိပေမယ့် Luggageအိတ်ကြီး ပါနေလို့ ထွက်လို့မရလောက်ဘူးကွ "
* ဟ...အ့တာဆိုလည်း မယူခဲ့နဲ့လေ *
" မယူခဲ့ရင် ငါက ဘာ၀တ်ရမှာလဲကွ "
* ငါ့အ၀တ်တွေပါတယ် ယူ၀တ်လို့ရတယ် *
" မ၀တ်ချင်ပါဘူး။မင်းအ၀တ်တွေက ပုံတုံးကြီးတွေ "
* F--- ငါ ဆဲမိတော့မယ်နော် ငပိုင် *
" ဆဲပြီးနေပြီပဲဟာကို "
* ကဲ မင်းကိုငါ ဘယ်လိုကူညီရမလဲပြော။
အ၀တ်စားသစ်တွေ ၀ယ်ပေးရမှာလား *
" မဟုတ်ဘူး...မဟုတ်ဘူး။
အခုငါ့အိမ်ရှေ့ကို Luggageအိတ်လာယူပေး.... မင်းခရီးသွားစရာရှိလို့ လာငှားတာလို့ အိမ်ကို လိမ်ပြောထားလိုက်မယ် "
* ဟင်း.....အခုချိန်ကြီး မင်းဆီလာရဦးမယ်ပေါ့ *
" မင်းကလည်း ကူညီပါကွာနော်.....သူငယ်အချင်းချင်းပဲကို "
* Ok..ok ငါလာခဲ့မယ် အိမ်ရှေ့က ထွက်စောင့်နေ *
" အွန်း အဲ့တာဆို ဒါပဲနော် ငါစောင့်နေမယ် "
* အေး...အေး *
ဖုန်းကိုချပြီး အခန်းထဲမှထွက်ကာ အပေါ်ထပ်ရှိ ဖေဖေတို့အိပ်ခန်းသို့ တက်ခဲ့လိုက်သည်။
အခန်းရှေ့ရောက်တော့ တံခါးကိုနှစ်ချက် ဆင့်ခေါက်လိုက်သည်။
ဒေါက် ~ ဒေါက် ~
သိပ်မကြာ တံခါးဖွင့်သံနှင့်အတူ ညအိပ်၀တ်စုံနှင့် ဒေါ်ယုယက အခန်းရှေ့ပေါ်လာ၏။
" သား...ဘာကိစ္စရှိလို့လဲ "
" ဟို ခွင့်တောင်းစရာရှိလို့ပါ...ဖေဖေအိပ်ပြီလား "
" မေမေလေးကို ပြောလေသား...ပြန်ပြောပေးမယ်...သားဖေဖေက ရေချိုးခန်းထဲရောက်နေလို့ "
" ဟုတ်..သားသူငယ်ချင်းတစ်ယောက်က မနက်ဖြန်ခရီးသွားမှာမို့ သားဆီက Luggageအိတ်လာငှားနေလို့ပါ။
သူ့အိတ်က ဇစ်ပျက်သွားလို့တဲ့ ၀ယ်ဖို့ကလည်း မမီတော့တာနဲ့ အဲ့တာ.... "
" ရတယ်လေသား ငှားလိုက်...သားသူငယ်ချင်းက လာယူမှာတဲ့လား "
" ဟုတ်...သားအိမ်ရှေ့က စောင့်နေမယ်တဲ့ "
" ဟုတ်ပြီ...မေမေလေး သားဖေဖေကို ပြောပေးမယ်နော်..... "
" ဟုတ်ကဲ့ "
" Goodnight သား "
" ဟုတ်ကဲ့ Goodnightပါဗျ "
ဒေါ်ယုယက ပြောပြီး အခန်းတံခါးပိတ်သွားတာမို့ သူလည်း အခန်းဆီပြန်ပြေးဆင်းလာခဲ့သည်။
အခန်းထဲရောက်တော့ ဖုန်းထဲတွင်
ဝေလင်း၏ ရောက်နေပြီ ဟူသော မက်ဆေ့ က အထင်းသား။
အချိန်ဆွဲမနေတော့ပဲ Luggageအိတ်ဆွဲကာ
ခြံရှေ့ထွက်ခဲ့လိုက်သည်။
Bodyguard နှစ်ယောက်က ရစ်နေသေးတာမို့ ဖေဖေ့ဆီဖုန်းဆက်ပြီး ပြောရပြန်သည်။
ဖေဖေက ခွင့်ပြုမှ တံခါးဖွင့်ပေးသော bodyguardနှစ်ယောက်ကို စိတ်ထဲမှ
ကြိတ်ကျိန်ဆဲရင်း ဝေလင်းကားဆီ အပြေးသွားလိုက်သည်။
" ကြာလိုက်တာ ငပိုင်ရာ "
" အေး ဟိုဘိုးတော်တွေ ရစ်နေလို့လေ။
သူတို့နဲ့ ဘယ်တော့မှ အိမ်ပြင်အေးဆေးထွက်မရဘူး "
" ကဲ ထားပါ။မင်းအိတ်ထဲ အကုန်ပါလား "
" ပါတယ်။ ပတ်စ်ပို့ရယ်၊ဗီဇာရယ်၊ ဘဏ်ကဒ်ရယ် အားလုံး ဒီအိတ်ထဲမှာပါပဲ "
" ငွေသားလည်း ထည့်ခဲ့ဦးလေကွာ မင်းကလည်း "
" ငွေသားလည်းပါပါတယ်ကွာ။
ငါရှစ်တန်းထဲက စုထားတဲ့ စုဗူးပါထည့်လာတယ် "
" Ok...အဲ့တာဆို ငါသွားမယ်။
ညနက်နေပြီမလို့.... မနက်ဖြန် ၇နာရီလေဆိပ်ကို အရောက်လာခဲ့နော် "
" သေချာပေါက်လာခဲ့မယ်။ ဆက်ဆက်သာစောင့်နေ "
" အင်း....အဲ့တာဆို ငါသွားပြီနော် "
" အေး ဂရုစိုက်ဦး ဝေလင်း "
" ok "
ဝေလင်းမောင်တို့ ကားထွက်သွားတော့ သူလည်းအိမ်ထဲ ပြန်၀င်လာခဲ့လိုက်သည်။
အိမ်ထဲမ၀င်ခင် ၀ရန်တာမှ သူ့ကိုလှမ်းကြည့်နေသော ဖေဖေ့ကိုလည်း မြင်ဖြစ်အောင် မြင်လိုက်သေးသည်။
သို့သော် စိတ်ထဲမထားပဲ အခန်းထဲအမြန်၀င်ကာ မနက်၆နာရီ Alarm ပေးပြီး အိပ်စက်လိုက်သည်။
ပန်းတိုင်သွားရမယ့် ခရီးအစပျိုးလာပြီဖြစ်၍လားမသိ ထိုညက
ရှင်းလမင်းပိုင်တစ်ယောက် အိမ်မက်ဆိုးများကင်းဝေးပြီးနှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့သည်။
ဆက်ရန်...............
Zawgyi
* Hello.... *
" Hello ေဝလင္း....အဆင္သင့္ျဖစ္ၿပီလား "
* ေအး....Flight ticketက ျဖတ္ၿပီးၿပီကြ...
မင္းအိမ္က ထြက္ဖို႔အဆင္ေျပပါ့မလား *
" ရတယ္ ရတယ္ ငါ့ဘာသာၾကည့္ထြက္ခဲ့မယ္ "
* ငါေလဆိပ္ကေစာင့္ေနမယ္ေနာ္ *
" Ok မနက္ ၇ခြဲ Flightနဲ႔မလား "
* ေအး... ၇ နာရီေရာက္ေအာင္လာေနာ္ *
" Ok...ok ဒါပဲေနာ္ "
* ေအး...ေအး *
ဖုန္းခ်ၿပီးသည့္ေနာက္ ႐ွင္းလမင္းပိုင္
တစ္ေယာက္ Luggage အိတ္ထဲအ၀တ္အစားေတြ စီထည့္လိုက္သည္။
နံရံေပၚက မိသားစု ဓာတ္ပုံလည္းျဖဳတ္ၿပီး
အိတ္ထဲထည့္ဖို႔ မေမ့...
႐ွင္းလမင္းပိုင္ က စီးပြားေရးေမဂ်ာပထမႏွစ္ေက်ာင္းသား။
အေမက ငယ္စဥ္ကတည္းကဆုံးသြားၿပီး သူနဲ႔ ၈ႏွစ္သာကြာသည့္ မိေထြးနဲ႔အတူေနရသည္။
အေဖက သဘာ၀ဓာတ္ေငြ႕ႏွင့္ေရနံလုပ္ငန္း႐ွင္ သူေဌးႀကီးဦးရန္႐ွင္း.....
တစ္ဦးတည္းေသာသားမို႔ အေဖျဖစ္သူက စီးပြားေရးလုပ္ခိုင္းခ်င္ေပမယ့္ သူကအႏုပညာသာဝါသနာပါသူ...
ဆယ္တန္းေျဖၿပီးထဲက ကိုရီးယားသြားဖို႔ ျပင္ခဲ့ေသာ္လည္း အေဖကခြင့္မျပဳတာေရာ၊အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ပါ မသြားျဖစ္ခဲ့။
ထို႔ေနာက္ international online audition ေတြလိုက္ေျဖရင္းကေန ယခု ၁၈ ႏွစ္ျပည့္ေတာ့ သူငယ္ခ်င္းျဖစ္သူ ေဝလင္းေမာင္ေကာင္းမႈနဲ႔ Chinese idolသြားၿပိဳင္ဖို႔ အေၾကာင္းဖန္လာခဲ့သည္။
ဒီအခြင့္အေရးကိုလက္လႊတ္မခံႏိုင္ေတာ့......
သူသြားျဖစ္ေအာင္ သြားရမည္။
အိမ္ကမလႊတ္တာမို႔ သူခိုးသြားမည္။
ပတ္စ္ပို႔နဲ႔ ဗီဇာက အရင္ထဲက႐ွိတာဆိုေတာ့
ပူစရာမလို။
အဓိကျဖစ္ေသာ ပိုက္ဆံကိုသာ ဒီရက္ပိုင္း မိေထြးေလးဆီက ကပ္ခြၽဲၿပီး ေတာင္းထားလိုက္ရသည္။
ကိုရီးယားမသြားရေပမယ့္ Chinaဆိုလည္း မဆိုးပါဘူး။
ယခုေနာက္ပိုင္း group project ေတြနဲ႔ debutေပးေနသည္ပဲေလ...
ဘာပဲျဖစ္ျဖစ္ Idol ျဖစ္ခ်င္သည့္ သူ႕အိမ္မက္ေလးကို အေကာင္အထည္ေဖာ္ရမည္သာ...
အားလုံးသိမ္းစရာ႐ွိတာသိမ္း၊ထည့္စရာ႐ွိတာ ထည့္ၿပီးေတာ့ ည ၈ နာရီပင္ထိုးၿပီ။
မနက္ ဒီLuggage အိတ္ႀကီးနဲ႔ ဘယ္လိုအျပင္ထြက္ရမလဲ အၾကံထုတ္ရျပန္သည္။
လူခ်ည္းပဲဆိုလွ်င္ မနက္ခင္းလမ္းေလွ်ာက္မယ္ ဘာညာနဲ႔လစ္ထြက္လို႔ ရေပမယ့္ ဒီLuggageအိတ္ႀကီးနဲ႔က် အဆင္မေျပ။
ဘယ္လိုလုပ္ရမလဲ.....ဘယ္လိုလုပ္ရမလဲ ?
အခန္းထဲေခါက္တုံ႔ေခါက္ျပန္ ေလွ်ာက္ရင္းနဲ႔စဥ္းစားရသည္။
အခန္းထဲကထြက္ရင္ ဧည့္ခန္းထဲတြင္ထိုင္ေနက်ျဖစ္ေသာ အေဖ့မိန္းမ ေဒၚယုယႏွင့္
အရင္ဆုံး ရင္ဆိုင္ရမည္။
အဲ့ထဲက ကိစၥကျပတ္ၿပီ....
တကယ္လို႔ အိမ္ထဲကေအာင္ေအာင္ျမင္ျမင္ထြက္ႏိုင္သည္ပဲထား ျခံေ႐ွ႕တြင္႐ွိေသာ Bodyguardႏွစ္ေယာက္ကို ဘယ္လိုထပ္ရင္ဆိုင္မလဲ။
ထို bodyguard ေတြက ေဖေဖ့တမိန္႔ထဲသာနာခံသူ။
ေဒၚယုယေတာင္ ေျပာမရ....
သူ႕မွာ Luggageအိတ္ႀကီးသာ ပါလာရင္ ေသခ်ာေပါက္ ေဖေဖ့နားေရာက္မွာပင္။
ထိုအခါ အျပင္ထြက္ဖို႔မေျပာနဲ႔ အခန္းထဲက ထြက္ဖို႔ေတာင္ အခြင့္ေရးရမည္ မဟုတ္ေတာ့။
ၾကံရာမရသည့္အဆုံး ေဝလင္းေမာင္ဆီသာ ထပ္အပူကပ္ရျပန္ေတာ့မည္။
Phone contant list ရဲ႕ ထိပ္ဆုံးမွာ႐ွိေသာ
Wai Linnဆိုသည့္ နာမည္ေလးကိုႏွိပ္ကာ ေခၚလိုက္သည္။
* Hello *
" Hello ေဝလင္း။ငါပါ.... "
* ဘာထပ္ျဖစ္ရျပန္ၿပီလဲကိုယ္ေတာ္....
မလိုက္ေတာ့ဘူးလို႔ ေျပာမွာေတာ့ မဟုတ္ပါဘူးေနာ္ *
ဒီတေန႔ထဲတင္ ဖုန္းေခၚတာ အေခါက္၂၀ေလာက္႐ွိၿပီမို႔ ေဝလင္းေမာင္
သေကာင့္သားအား အနည္းငယ္ ခနဲ႔ေပးလိုက္သည္။
" ဟာ...မဟုတ္ပါဘူး မင္းကလည္း "
* အဲ့တာဆိုေျပာ.... *
" ဒီလိုကြာ ငါလူခ်ည္းပဲဆို လာရတာကိစၥမ႐ွိေပမယ့္ Luggageအိတ္ႀကီး ပါေနလို႔ ထြက္လို႔မရေလာက္ဘူးကြ "
* ဟ...အ့တာဆိုလည္း မယူခဲ့နဲ႔ေလ *
" မယူခဲ့ရင္ ငါက ဘာ၀တ္ရမွာလဲကြ "
* ငါ့အ၀တ္ေတြပါတယ္ ယူ၀တ္လို႔ရတယ္ *
" မ၀တ္ခ်င္ပါဘူး။မင္းအ၀တ္ေတြက ပုံတုံးႀကီးေတြ "
* F--- ငါ ဆဲမိေတာ့မယ္ေနာ္ ငပိုင္ *
" ဆဲၿပီးေနၿပီပဲဟာကို "
* ကဲ မင္းကိုငါ ဘယ္လိုကူညီရမလဲေျပာ။
အ၀တ္စားသစ္ေတြ ၀ယ္ေပးရမွာလား *
" မဟုတ္ဘူး...မဟုတ္ဘူး။
အခုငါ့အိမ္ေ႐ွ႕ကို Luggageအိတ္လာယူေပး.... မင္းခရီးသြားစရာ႐ွိလို႔ လာငွားတာလို႔ အိမ္ကို လိမ္ေျပာထားလိုက္မယ္ "
* ဟင္း.....အခုခ်ိန္ႀကီး မင္းဆီလာရဦးမယ္ေပါ့ *
" မင္းကလည္း ကူညီပါကြာေနာ္.....သူငယ္အခ်င္းခ်င္းပဲကို "
* Ok..ok ငါလာခဲ့မယ္ အိမ္ေ႐ွ႕က ထြက္ေစာင့္ေန *
" အြန္း အဲ့တာဆို ဒါပဲေနာ္ ငါေစာင့္ေနမယ္ "
* ေအး...ေအး *
ဖုန္းကိုခ်ၿပီး အခန္းထဲမွထြက္ကာ အေပၚထပ္႐ွိ ေဖေဖတို႔အိပ္ခန္းသို႔ တက္ခဲ့လိုက္သည္။
အခန္းေ႐ွ႕ေရာက္ေတာ့ တံခါးကိုႏွစ္ခ်က္ ဆင့္ေခါက္လိုက္သည္။
ေဒါက္ ~ ေဒါက္ ~
သိပ္မၾကာ တံခါးဖြင့္သံႏွင့္အတူ ညအိပ္၀တ္စုံႏွင့္ ေဒၚယုယက အခန္းေ႐ွ႕ေပၚလာ၏။
" သား...ဘာကိစၥ႐ွိလို႔လဲ "
" ဟို ခြင့္ေတာင္းစရာ႐ွိလို႔ပါ...ေဖေဖအိပ္ၿပီလား "
" ေမေမေလးကို ေျပာေလသား...ျပန္ေျပာေပးမယ္...သားေဖေဖက ေရခ်ိဳးခန္းထဲေရာက္ေနလို႔ "
" ဟုတ္..သားသူငယ္ခ်င္းတစ္ေယာက္က မနက္ျဖန္ခရီးသြားမွာမို႔ သားဆီက Luggageအိတ္လာငွားေနလို႔ပါ။
သူ႕အိတ္က ဇစ္ပ်က္သြားလို႔တဲ့ ၀ယ္ဖို႔ကလည္း မမီေတာ့တာနဲ႔ အဲ့တာ.... "
" ရတယ္ေလသား ငွားလိုက္...သားသူငယ္ခ်င္းက လာယူမွာတဲ့လား "
" ဟုတ္...သားအိမ္ေ႐ွ႕က ေစာင့္ေနမယ္တဲ့ "
" ဟုတ္ၿပီ...ေမေမေလး သားေဖေဖကို ေျပာေပးမယ္ေနာ္..... "
" ဟုတ္ကဲ့ "
" Goodnight သား "
" ဟုတ္ကဲ့ Goodnightပါဗ် "
ေဒၚယုယက ေျပာၿပီး အခန္းတံခါးပိတ္သြားတာမို႔ သူလည္း အခန္းဆီျပန္ေျပးဆင္းလာခဲ့သည္။
အခန္းထဲေရာက္ေတာ့ ဖုန္းထဲတြင္
ေဝလင္း၏ ေရာက္ေနၿပီ ဟူေသာ မက္ေဆ့ က အထင္းသား။
အခ်ိန္ဆြဲမေနေတာ့ပဲ Luggageအိတ္ဆြဲကာ
ျခံေ႐ွ႕ထြက္ခဲ့လိုက္သည္။
Bodyguard ႏွစ္ေယာက္က ရစ္ေနေသးတာမို႔ ေဖေဖ့ဆီဖုန္းဆက္ၿပီး ေျပာရျပန္သည္။
ေဖေဖက ခြင့္ျပဳမွ တံခါးဖြင့္ေပးေသာ bodyguardႏွစ္ေယာက္ကို စိတ္ထဲမွ
ႀကိတ္က်ိန္ဆဲရင္း ေဝလင္းကားဆီ အေျပးသြားလိုက္သည္။
" ၾကာလိုက္တာ ငပိုင္ရာ "
" ေအး ဟိုဘိုးေတာ္ေတြ ရစ္ေနလို႔ေလ။
သူတို႔နဲ႔ ဘယ္ေတာ့မွ အိမ္ျပင္ေအးေဆးထြက္မရဘူး "
" ကဲ ထားပါ။မင္းအိတ္ထဲ အကုန္ပါလား "
" ပါတယ္။ ပတ္စ္ပို႔ရယ္၊ဗီဇာရယ္၊ ဘဏ္ကဒ္ရယ္ အားလုံး ဒီအိတ္ထဲမွာပါပဲ "
" ေငြသားလည္း ထည့္ခဲ့ဦးေလကြာ မင္းကလည္း "
" ေငြသားလည္းပါပါတယ္ကြာ။
ငါ႐ွစ္တန္းထဲက စုထားတဲ့ စုဗူးပါထည့္လာတယ္ "
" Ok...အဲ့တာဆို ငါသြားမယ္။
ညနက္ေနၿပီမလို႔.... မနက္ျဖန္ ၇နာရီေလဆိပ္ကို အေရာက္လာခဲ့ေနာ္ "
" ေသခ်ာေပါက္လာခဲ့မယ္။ ဆက္ဆက္သာေစာင့္ေန "
" အင္း....အဲ့တာဆို ငါသြားၿပီေနာ္ "
" ေအး ဂ႐ုစိုက္ဦး ေဝလင္း "
" ok "
ေဝလင္းေမာင္တို႔ ကားထြက္သြားေတာ့ သူလည္းအိမ္ထဲ ျပန္၀င္လာခဲ့လိုက္သည္။
အိမ္ထဲမ၀င္ခင္ ၀ရန္တာမွ သူ႕ကိုလွမ္းၾကည့္ေနေသာ ေဖေဖ့ကိုလည္း ျမင္ျဖစ္ေအာင္ ျမင္လိုက္ေသးသည္။
သို႔ေသာ္ စိတ္ထဲမထားပဲ အခန္းထဲအျမန္၀င္ကာ မနက္၆နာရီ Alarm ေပးၿပီး အိပ္စက္လိုက္သည္။
ပန္းတိုင္သြားရမယ့္ ခရီးအစပ်ိဳးလာၿပီျဖစ္၍လားမသိ ထိုညက
႐ွင္းလမင္းပိုင္တစ္ေယာက္ အိမ္မက္ဆိုးမ်ားကင္းေဝးၿပီးႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေနခဲ့သည္။
ဆက္ရန္...............