ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး...

Oleh Hululu61

348K 58K 2.4K

အရင် accထဲဝင်မရတော့လို့ Book ခွဲလိုက်ပါပြီ 🙆 ဒါက အပိုင်း ၁ ကနေ ဖတ်လို့ရတဲ့ Linkပါ🖤 https://my.w.tt/7FVYRdnw... Lebih Banyak

အပိုင်း (၄၁) - အတူတူအိပ်ခြင်း
အပိုင်း (၄၁) - အိပ်ရာမျှဝေခြင်း (CENSOR)
အပိုင်း (၄၂.၁) - ကူဖော်လောင်ဖက်
အပိုင်း (၄၂.၂) - ကူဖော်လောင်ဖက်(WARNING)
အပိုင်း (၄၃) - ကိုယ် မြင်လိုက်တယ်
အပိုင်း (၄၄) - မနက်စာ
အပိုင်း (၄၅) - တော်ဝင်မိသားစု သဘောထား
အပိုင်း (၄၆) - ဇနီးလေးရဲ့ ညီငယ်သေးသေးလေး
အပိုင်း (၄၇) - လယ်သမားများ
အပိုင်း (၄၈) - အန်းမိသားစုသို့ အပြန်
အပိုင်း (၄၉.၁) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၄၉.၂) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၅၀) - ခြိမ်းခြောက်ဖို့ရန်
အပိုင်း (၅၁) - တန်ပြန်အစီအစဥ်
အပိုင်း (၅၂) - အလုံးစုံ ထိန်းချုပ်ခြင်း
အပိုင်း (၅၃) - စားနပ်ရိက္ခာ သိုလှောင်ခြင်း
အပိုင်း (၅၄) - အစားအစာ ရရှိဖို့ရန်
အပိုင်း (၅၅) - မွှေးပျံ့ကော့လန်သည့် ဆန်(ပေါ်ဆန်းမွှေး)
အပိုင်း (၅၆) - သက်သေခံ အထောက်အထား
အပိုင်း (၅၇) - ပုန်းကွယ်နေသည့် လုပ်ကြံသတ်ဖြတ်သူ
အပိုင်း (၅၈) - လျှော်ပင်နှင့် ပင်လယ်တားမြစ်ချက်
အပိုင်း (၅၉) - ပိုးပန်းသူ
အပိုင်း (၆၀) - အန်းချောင်၏ စိတ်ဓာတ်ကြံ့ခိုင်မှု
အပိုင်း (၆၁.၁) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၁.၂) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၂.၁) - တိုးတက်မှု
အပိုင်း (၆၂.၂) - တိုးတက်မှု
အပိုင်း (၆၃.၁) - စာရင်းစာအုပ်
အပိုင်း (၆၃.၂) - စာရင်းစာအုပ်
အပိုင်း (၆၄.၁) - ဖူဝူထျန်း ၏ စွမ်းအား
အပိုင်း (၆၄.၂) - ဖူဝူထျန်း၏ စွမ်းအား
အပိုင်း (၆၅.၁) - ညဘက် ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၅.၂) - ညဘက်ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၆.၁) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၆.၂) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၇.၁) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၇.၂) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၈.၂) - တိုက်ဆိုင်မှု
Attention Plz
အပိုင်း (၆၉.၁) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၆၉.၂) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၇၀.၁) - လက်ထပ်ပေးခြင်း
အပိုင်း (၇၀.၂) - လက်ထပ်ပေးခြင်း
အပိုင်း (၇၁) - ဉာဏ်ပူဇော်ခ
အပိုင်း (၇၂) - စစ်ကြောမေးမြန်းခြင်း
အပိုင်း (၇၃) - စစ်ကြောမေးမြန်းခြင်းနှင့် စိတ်အား ထက်သန်မှု
အပိုင်း (၇၄.၁) - သာမန်လူများနှင့် ခြားနားသော[Warning!🔞]
အပိုင်း (၇၄.၂) - သာမန်လူများနှင့် ခြားနားသော
အပိုင်း(၇၅.၁) - ကူညီရန်
အပိုင်း (၇၅.၂) - ကူညီရန်
အပိုင်း (၇၆.၁) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၆.၂) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၇) - စီရင်ချက်
အပိုင်း (၇၈) - အန်းနန်းဆောင်
အပိုင်း (၇၉.၁) - အပြစ်ပေးခြင်း
အပိုင်း (၇၉.၂) - အပြစ်ပေးခြင်း
အပိုင်း (၈၀.၁) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၀.၂) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၁.၁) - လောင်းကစားရုံ
အပိုင်း (၈၁.၂) - လောင်းကစားရုံ
အပိုင်း (၈၂.၁) - ရက်စက်သော ပြိုင်ပွဲ
အပိုင်း (၈၂.၂) - ရက်စက်သော ပြိုင်ပွဲ
!!!

အပိုင်း (၆၈.၁) - တိုက်ဆိုင်မှု

4.1K 861 9
Oleh Hululu61

Unicode

အပိုင်း (၆၈.၁) - တိုက်ဆိုင်မှု

ကျွင်းကျီမြို့၊ ဝူဝမ်နန်းတော်...။

ဖူယွမ်ဝူသည် စာရင်းစာအုပ် နှင့် ပတ်သတ်၍ အလွန်အမင်း စိုးရိမ်ပူပန်နေပေသည်။ အကြောင်းမှာကား ထို စာရင်းစာအုပ် ထဲတွင် သူ့မယ်တော်ဘက်မှ တော်စပ်သော အဘိုး၏ တပည့်တစ်ဦး ပါဝင်နေသည် ဆိုသော သတင်းကြောင့်ပင် ဖြစ်သည်။ ဖုံးကွယ်ထားသော အကြံအစည်များရှိသည့် တစ်စုံတစ်ယောက် လက်ထဲသို့ ထိုစာအုပ် ရောက်သွားပါက သူ့အဘိုးအတွက် ပြဿနာကြီးတစ်ခု ဖြစ်တည်လာပေလိမ့်မည်။

တစ်ဖက်တွင်မူ သူတို့သည်သာ ဤကိစ္စကို သင့်တင့်လျောက်ပတ်စွာ အသုံးချမည်ဆိုပါက သူတို့အတွက် အကျိုးအမြတ်များစွာ ရရှိနိုင်ပေသည်။

ဆန်စပါးမြို့တော် ဆိုသည့် ဟုန်စီရင်စု၏ ဒေသအမည်သည် သာမန်ကာလျှံကာ နာမည်ပြောင်တစ်ခု မဟုတ်ပေ။ ဤသည်မှာ ဆီလျော်သင့်တော်သည့် အမည်နာမပင် ဖြစ်သည်။ ဟုန်စီရင်စုအတွင်း ပါဝင်နေမှုက အကျိုးအမြတ်များ အလျှံအပယ်ရရှိခြင်းကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ဟုန်စီရင်စုကို ပစ်မှတ်ထားနေသည့် လူပေါင်းများစွာ ရှိပေသည်။ သူ့အဖိုး၏ တပည့်ဖြစ်သူ လျှိုဖေးဟုန် ပြောပုံအရဆိုလျှင် ဟုန်စီရင်စုအပေါ် မျက်စိကျနေသည့် လူအုပ်စုသက်သက်တစ်ခုပင် ရှိိသည်။ သူသည်သာ စာရင်းစာအုပ်ကို ရရှိနိုင်ပြီး စွန့်စားနိုင်မည် ဆိုပါက  ထိုသူများ၏ မောက်မာဝံ့ကြွားမှုကို ချိုးနှိမ်ပစ်ဖို့ရာအတွက် ယုံကြည်မှု အပြည့် ရှိပေ၏။ သူ ထိုလူများကို အမြစ်ပြတ် မရှင်းလင်းနိုင်လိုက်လျှင်ပင် သူတို့၏ အတောင်ပံများကို ရိုက်ချိုးနိုင်မည်မို့ အလွန်တရာ ကျေနပ်အားရစရာကောင်းပေလိမ့်မည်။

သူ့၏ တွက်ချက်မှုက အလွန်အမင်း ကောင်းမွန်လှသည်ဟု ဖူယွမ်ဝူ ခံစားမိပေသည်။ သူက သူ့၏ ခမည်းတော် ဧကရာဇ်ဆီသို့ သွား၍ပင် အင်ပါယာအမိန့်ကို တောင်းဆိုချင်နေသေး၏။

ကျင်းကျုံးထင် က အချိန်ခဏလေးအတွင်း စီရင်စုလေးဆီမှ မြေရှင်ငယ်လေး ကို ရှုံးနိမ့်သွားလိမ့်မည် နှင့် ဖူဝူထျန်း ထိုနေရာ၌ ရှိနေလိမ့်မည်ကို သူ ဘယ်တုန်းကမှ တွေးမထားခဲ့ဖူးပေ။

သို့သော် ကျင်းကျုံးထင်၏ သေဆုံးမှုအကြောင်း သတင်း ရောက်လာဖို့ရာအတွက် အချိန်သိပ်မကြာခဲ့ပေ။

"မင်း ဘာပြောလိုက်တာလဲ? ကျင်းကျုံးထင် သေသွားပြီတဲ့လား?"

ဖူယွမ်ဝူ  သူ့၏ ထိုင်ခုံထက်မှ ရုတ်ချည်းထရပ်လိုက်ကာ အစီအရင်ခံစာ လာပို့သည့်သူအား စူးစူးဝါးဝါး စိုက်ကြည့်လိုက်မိ၏။
အစီအစဥ် ကျရှုံးသွားပြီး ကျင်းကျုံးထင် သေဆုံးသွားလိမ့်မည်ဟု သူ ဘယ်တုန်းကမှ တွေးမထားခဲ့ဖူးချေ။

ဆက်သားက အလျှင်အမြန်ပင် သူ့ကိုယ်ကို မြေ၌ ကပ်၍ ဦးတိုက်လိုက်လေပြီး ဒေါသထွက်နေသော မင်းသားကို တိုက်ရိုက်မကြည့်ရဲပေ။

"ပထမမင်းသား...ဒီငယ်သားက ကျင်းကျုံးထင် တကယ်သေသွားပြီဆိုတဲ့ သတင်းကို ရခဲ့တာ အမှန်ပါ။ ဒါ့အပြင် သူက မြေရှင်ငယ်လေးရဲ့ အိမ်မှာ ဆုံးပါးသွားတာပါခင်ဗျာ။ ကျွန်တော် ကြားရသလောက်တော့ တစ်ယောက်ယောက် က သူ့လက်ကို လူမြင်ကွင်းမှာ ဖြတ်ပစ်ပြီး ခေါင်းဖြတ် ကွပ်မျက်ပစ်လိုက်တယ်တဲ့"

ဖူယွမ်ဝူ၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။ သူ့၏ ကျစ်ကျစ်ပါအောင် ​ဆုပ်ထားသောလက်သီးဖြင့် စားပွဲထက်သို့ ရိုက်ချလိုက်၏။ ကျယ်လောင်လှသော အသံက အခန်းအပြင်ဘက်မှ လူများကို ထိတ်လန့်သွားစေပြီး တိတ်ဆိတ်သွားကြသည်။

"အဲ့လူက ဘယ်သူလဲ?ဘယ်သူက အဲ့လောက်ထိ အတင့်ရဲရတာလဲ?ကျင်းကျုံးထင် က ဒီမင်းသားရဲ့ နောက်လိုက်ဆိုတာကို သူတို့ မသိကြဘူးလား?အဲ့လူက တတိယမင်းသား ဘက်ခြမ်းကများလား?"

ထိုသူများသည်သာ သူ့လူများကို ညှာတာမှုမရှိဘဲ သတ်ဖြတ်ရဲပေလိမ့်မည်။

အကြောင်းမှာကား သူတို့သည် ထီးနန်းအတွက် ယှဥ်ပြိုင်နေကြသည့် ပြိုင်ဘက်များ ဖြစ်သောကြောင့် ပင်တည်း။

"ဒါ...သူတို့ မဟုတ်ပါဘူး"

ဆက်သား(သတင်းပို့သူ)က ထစ်အအနှင့် ပြောလာချေ၏။

"ဒါဆို အဲ့လူက ဘယ်သူလဲ?"

"အဲ့...အဲ့ဒီလူက...ကျွင်းဝမ်ပါ ခင်ဗျာ"

ဖူယွမ်ဝူ က ရှေ့သို့ ချက်ချင်း တိုးလာလေသည်။ သူက ဆက်သား၏ အကျီကော်လာကို  အားဖြင့် ဆွဲဆောင့်ပစ်လိုက်၏။ သူ့မျက်နှာက ဒေါသကြောင့် တွန့်ရှုံ့နေသည်။

"မင်း ဘာပြောလိုက်တယ်?  အဲ့ဒီလူက ကျွင်းဝမ်ဆိုတာ မင်း သေချာလို့လား?"

ဆက်သားသည် သူ့ အကျီကော်လာကို တင်းကြပ်စွာ ဆွဲဆုပ်ခံထားရသောကြောင့် စကားပြောနိုင်စွမ်းမရှိပေ။ သူ့အနေဖြင့် ဆက်တိုက် ခေါင်းငြိမ့်ပြရန်သာ တတ်နိုင်ပေသည်။

နောက်ဆုံးတွင် ဖူယွမ်ဝူ က ထိုသူ့ကို ဘေးသို့ တွန်းလွှတ်ချလိုက်၏။ သူ့၏ အကျီလက်ကို အားမာန်အပြည့်နှင့် ခါယမ်းလိုက်သည်မို့ အသံကျယ်ကျယ်ထွက်သွားသည်။ သူ့၏ ရင်အုပ်က နိမ့်ချည်မြင့်ချည်ဖြင့် ကြမ်းတမ်းစွာ လှုပ်ရှားနေပေ၏။ သူက ထိုသတင်းကို လုံးဝ မတွေးထားမိသည်မှာ ရှင်းလင်းလှသည်။ ကျင်းကျုံးထင်၏ သေဆုံးမှုနှင့် နှိုင်းယှဥ်လျှင် စီရင်စုငယ်လေး၌ ဖူဝူထျန်း ရှိနေရသည့်အကြောင်းက သူ့ကို ပို၍ အံ့အားသင့်သွားစေသည်။

သူက တစ်ခဏမျှ တွေးတောကြည့်ပါသော်ငြား ထိုကိစ္စကို ပဟေဠိ ဖြစ်နေဆဲ ဖြစ်သည်။ ဖူယွမ်ဝူ က မထင်ထားမိဘဲ တစ်ဖက်သို့ လှည့်လိုက်သည်။ သူ့၏ စူးရှလှသောအကြည့်က ဆက်သားအပေါ်သို့ တစ်ဖန် ကျရောက်သွား၏။

"သူက ဘာလို့ အဲ့နေရာကို ရောက်နေရတာလဲ?"

ဆက်သားက ဒူးထောက်ကာ လက်များဖြင့် ဝပ်တွား ဂါရဝပြုလိုက်သည်။ သူက ချက်ချင်းဆိုသလို ပြန်ဖြေလိုက်၏။

"ပထမမင်းသားကို ပြန်လည်လျှောက်တင်ပါတယ်...လေးလပိုင်းတုန်းက ကျွင်းဝမ် ရုတ်တရက် လက်ထပ်သွားတယ်ဆိုတဲ့ သတင်းကို အရှင် မှတ်မိပါသေးရဲ့လား?"

ဖူယွမ်ဝူ က ထပ်လှည့်ကြည့်လာပြန်သည်။

"ဒီကိစ္စနှစ်ခုကြားမှာ ဘာများ ဆက်စပ်မှုရှိနေလို့လဲ?"

ဆက်သားက သူ့နဖူးပေါ်ရှိ ချွေးအေးများကို သုတ်ဖယ်လိုက်သည်။

"သေချာပေါက် ဆက်စပ်မှု ရှိတာပေါ့ခင်ဗျာ...ဘာလို့လဲဆိုတော့ ကျွင်းဝမ် လက်ထပ်လိုက်တယ်ဆိုတဲ့ ဝမ်ဖေးက အန်းယွမ်စီရင်စုရဲ့ မြေရှင်ငယ်လေး ဖြစ်နေလို့ပါပဲ။ ဒီတစ်ခေါက် ကျွင်းဝမ် အဲ့ဒီနေရာမှာ ပေါ်လာရတာကလည်း သူက သူ့ရဲ့ ဝမ်ဖေးနဲ့ အတူ သတို့သမီးအိမ်ကို အလည်အပတ်ပြန်လာတာကြောင့်ပါ။ ပြီးတော့ သူတို့က ကျွင်းကျီမြို့ကို ချက်ချင်း ပြန်မလာသေးဘဲ အဲ့မှာ နေနေကြသေးတာပါ ခင်ဗျာ"

ဒီကမ္ဘာမှာ ဒီလောက်ထိ တိုက်ဆိုင်နေတာမျိုး ရှိနေသေးတာလား?!

ဖူယွမ်ဝူမှာကား ရွေးချယ်စရာမရှိဘဲ ထိုကိစ္စကို ယုံကြည်လိုက်ရသည်။ သို့သော် ဤ တိုက်ဆိုင်မှုက သူ့ကို ထိုးနှက်သွားသလို ခံစားရပေသည်။ သူ ဤအကြောင်းကို တွေးလိုက်မိချိန်တွင် ဒေါသများက တစ်ဖန် မြင့်တက်လာပြန်၏။

"ဒါဆိုရင် စာရင်းစာအုပ်က ကျွင်းဝမ်ရဲ့လက်ထဲကို ရောက်သွားပြီပေါ့ ဟုတ်လား?"

ပထမမင်းသား၏ အသံအနေအထားအရ စိတ်အ​ခြေအနေကောင်းမွန်မနေကြောင်း ဆက်သားက သိလိုက်လေပြီမို့ ပို၍ပင် သတိထားလိုက်သည်။

"ကျွန်တော်မျိုးလည်း အဲ့လိုပဲ ကြားခဲ့ရပါတယ်။ ဟုန်စီရင်စုရဲ့ စီရင်စုအောက်တရားသူကြီး လျှိုဖေးဟုန် ကိုလည်း ကျွင်းဝမ်က ဖမ်းဆီးသွားပါပြီခင်ဗျာ"

ဖူယွမ်ဝူ၏ ဒေါသက တကယ့်ကို ပေါက်ကွဲထွက်မလာပါချေ။

အကယ်၍ ထိုသူသာ တတိယမင်းသား ဆိုပါက ဖူယွမ်ဝူသည် သူ့ဓားသူ ကောက်ကိုင်ပြီး လူများကို စတင်သတ်ဖြတ်နေပေလိမ့်မည်။

သို့သော် သူနှင့်သူ့အဘိုး၏ နောက်လိုက်များ ဖူဝူထျန်း၏ လက်ထဲသို့ မည်သို့မည်ပုံ ကျဆင်းသွားကြောင်း တွေးလိုက်မိသည်နှင့် သူ ပြင်းပြစွာ လူသတ်လိုလာဆဲဖြစ်သည်။ မည်သည့် လူမျိုးကို ဖြစ်စေ ဆန့်ကျင်တိုက်ခိုက်နိုင်ပေသည်။ သို့သော် အဘယ်ကြောင့် ဖူဝူထျန်း ဖြစ်နေရသည်နည်း။

ဆက်သားက ဖူယွမ်ဝူ၏ မျက်နှာ အုံ့မှိုင်း၍ ဝေခွဲမရဖြစ်နေသည်ကို မြင်လိုက်ရလေ၏။ သူက ထိုအကြောင်းကို တွေးလိုက်မိပြီးနောက် ကူကယ်ရာမဲ့စွာ ပြောလိုက်လေသည်။

"ပထမမင်းသား ခင်ဗျာ...ဒီနိမ့်ကျတဲ့ ငယ်သား အမြင်အရ ဖူဝူထျန်း က အရှင်မင်းသားနဲ့ အမတ်ချုပ်ကြီး(ဝန်ကြီးချုပ်) အပေါ် သိပ်ပြီး လေးစားရိုသေမှု ရှိဟန်မရဘူး ခင်ဗျ။ ကျင်း သခင်ကြီးက အရှင်မင်းသားရဲ့ ငယ်သားမှန်း သူသိနေတာတောင် ကျင်းသခင်ကြီးကို သူက သတ်ဖြတ်ရဲ..."

"ပါးစပ်ပိတ်ထားစမ်း!"

ဖူယွမ်ဝူ က ရုတ်ချည်း နောက်သို့ လှည့်ချလာကာ ဆက်သားကို ရက်စက်ကြမ်းကြုတ်သည့် မျက်နှာထားဖြင့် အော်ငေါက်လိုက်သည်။

ဆက်သားမှာကား အလွန်အမင်း ကြောက်ရွံ့သွားသည်မို့ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားသည်။ ပထမမင်းသား အဘယ်ကြောင့် ထိုမျှ ဒေါသထွက်သွားသည်ကို သူ လုံးဝနားမလည်နိုင်ပါချေ။ သူ​ပြောသည့်စကားက သိသိသာသာကြီးကို မှန်ကန်နေသည် မဟုတ်ဘူးလား?

ဆက်သား ပြောသည့်စကားမှာ တကယ့်ကို မှန်ကန်ပါသော်ငြား သူမသိသည်က ဖူယွမ်ဝူဆီတွင် ဖူဝူထျန်း ကို ဆန့်ကျင်တိုက်ခိုက်နိုင်သည့် စွမ်းအား မရှိသည်ကိုပင်။

ဖူဝူထျန်းသည် များပြားလှသော စစ်တပ်အင်အားကို အမိန့်ပေးနိုင်စွမ်း ရှိလေ၏။ သူ ကျွင်းကျီမြို့သို့ ပြန်လာပြီးနောက် မင်းသားတိုင်းက သူ့ကို သူတို့ဘက်သို့ အပါသိမ်းရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော် ဤသည်က အရေးအကြီးဆုံး အချက် မဟုတ်ပေ။ သူတို့အားလုံး ဖူဝူထျန်း ရှေ့တွင် နှိမ့်ချနေရသည့်အကြောင်းမှာကား ဖူဝူထျန်းသည် အရင်ဧကရာဇ်၏ ဆန္ဒကို ကိုင်ဆောင်ထားသူ ဖြစ်သောကြောင့် ဖြစ်သည်။ ဤအဖြစ်အပျက်မှာ လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ကိစ္စဖြစ်သည်မို့ အလွန်နည်းပါးသည့် လူနည်းစုသာ သိထားကြသည်။ လက်ရှိတွင်တော့ ထိုကိစ္စကို မည်သူကမှ ထုတ်ဖော်မပြောရဲပါပေ။ အဘယ်ကြောင့်ဆိုသော် သူတို့က ချုန်းမင်ဧကရာဇ်၏ အနာကို ဆွမိသည်မျိုး မဖြစ်ချင်ကြချေ။

"ဒီမင်းသားအတွက် အခုချက်ချင်း မြင်းလှည်းတစ်ခု ပြင်လိုက်ကြစမ်း...ဒီမင်းသားက ကျန်းစန်းနန်းတော်*ကို သွားချင်တယ် "

[T/N - ဧကရီ၏ နန်းဆောင်]

ဖူယွမ်ဝူက နည်းနည်းလေးမျှပင် တုန့်ဆိုင်းနေခြင်း မရှိပါပေ။ သူ ဒီကိစ္စကို သူ့အဘိုးထံသို့ သေချာပေါက် အစီအရင်ခံရပေမည်။ ဟုန်စီရင်စုတွင် သူ့လူများစွာ ရှိမနေပါချေ။ ဤကိစ္စမှ သူကိုယ်တိုင် လွတ်မြောက်ရန်မှာကား အခက်အခဲမရှိပေ။ သို့သော်...လျှိုဖေးဟုန် က သူ့အဘိုး၏ တပည့်တစ်ဦး ဖြစ်နေပေသည်။

[T/N - မနက်ဖြန်အတွက်ကို တင်ပေးလိုက်ပါပြီ။ မနက်ဖြန် မမျှော်နဲ့တော့နော်💜]

Zawgyi

အပိုင္း (၆၈.၁) - တိုက္ဆိုင္မႈ

ကြၽင္းက်ီၿမိဳ႕၊ ဝူဝမ္နန္းေတာ္...။

ဖူယြမ္ဝူသည္ စာရင္းစာအုပ္ ႏွင့္ ပတ္သတ္၍ အလြန္အမင္း စိုးရိမ္ပူပန္ေနေပသည္။ အေၾကာင္းမွာကား ထို စာရင္းစာအုပ္ ထဲတြင္ သူ႕မယ္ေတာ္ဘက္မွ ေတာ္စပ္ေသာ အဘိုး၏ တပည့္တစ္ဦး ပါဝင္ေနသည္ ဆိုေသာ သတင္းေၾကာင့္ပင္ ျဖစ္သည္။ ဖုံးကြယ္ထားေသာ အႀကံအစည္မ်ားရွိသည့္ တစ္စုံတစ္ေယာက္ လက္ထဲသို႔ ထိုစာအုပ္ ေရာက္သြားပါက သူ႕အဘိုးအတြက္ ျပႆနာႀကီးတစ္ခု ျဖစ္တည္လာေပလိမ့္မည္။

တစ္ဖက္တြင္မူ သူတို႔သည္သာ ဤကိစၥကို သင့္တင့္ေလ်ာက္ပတ္စြာ အသုံးခ်မည္ဆိုပါက သူတို႔အတြက္ အက်ိဳးအျမတ္မ်ားစြာ ရရွိနိုင္ေပသည္။

ဆန္စပါးၿမိဳ႕ေတာ္ ဆိုသည့္ ဟုန္စီရင္စု၏ ေဒသအမည္သည္ သာမန္ကာလွ်ံကာ နာမည္ေျပာင္တစ္ခု မဟုတ္ေပ။ ဤသည္မွာ ဆီေလ်ာ္သင့္ေတာ္သည့္ အမည္နာမပင္ ျဖစ္သည္။ ဟုန္စီရင္စုအတြင္း ပါဝင္ေနမႈက အက်ိဳးအျမတ္မ်ား အလွ်ံအပယ္ရရွိျခင္းကို ျဖစ္ေပၚေစသည္။ ထို႔ေၾကာင့္ ဟုန္စီရင္စုကို ပစ္မွတ္ထားေနသည့္ လူေပါင္းမ်ားစြာ ရွိေပသည္။ သူ႕အဖိုး၏ တပည့္ျဖစ္သူ လွ်ိုေဖးဟုန္ ေျပာပုံအရဆိုလွ်င္ ဟုန္စီရင္စုအေပၚ မ်က္စိက်ေနသည့္ လူအုပ္စုသက္သက္တစ္ခုပင္ ရွိိသည္။ သူသည္သာ စာရင္းစာအုပ္ကို ရရွိနိုင္ၿပီး စြန့္စားနိုင္မည္ ဆိုပါက  ထိုသူမ်ား၏ ေမာက္မာဝံ့ႂကြားမႈကို ခ်ိဳးႏွိမ္ပစ္ဖို႔ရာအတြက္ ယုံၾကည္မႈ အျပည့္ ရွိေပ၏။ သူ ထိုလူမ်ားကို အျမစ္ျပတ္ မရွင္းလင္းနိုင္လိုက္လွ်င္ပင္ သူတို႔၏ အေတာင္ပံမ်ားကို ရိုက္ခ်ိဳးနိုင္မည္မို႔ အလြန္တရာ ေက်နပ္အားရစရာေကာင္းေပလိမ့္မည္။

သူ႕၏ တြက္ခ်က္မႈက အလြန္အမင္း ေကာင္းမြန္လွသည္ဟု ဖူယြမ္ဝူ ခံစားမိေပသည္။ သူက သူ႕၏ ခမည္းေတာ္ ဧကရာဇ္ဆီသို႔ သြား၍ပင္ အင္ပါယာအမိန့္ကို ေတာင္းဆိုခ်င္ေနေသး၏။

က်င္းက်ဳံးထင္ က အခ်ိန္ခဏေလးအတြင္း စီရင္စုေလးဆီမွ ေျမရွင္ငယ္ေလး ကို ရႈံးနိမ့္သြားလိမ့္မည္ ႏွင့္ ဖူဝူထ်န္း ထိုေနရာ၌ ရွိေနလိမ့္မည္ကို သူ ဘယ္တုန္းကမွ ေတြးမထားခဲ့ဖူးေပ။

သို႔ေသာ္ က်င္းက်ဳံးထင္၏ ေသဆုံးမႈအေၾကာင္း သတင္း ေရာက္လာဖို႔ရာအတြက္ အခ်ိန္သိပ္မၾကာခဲ့ေပ။

"မင္း ဘာေျပာလိုက္တာလဲ? က်င္းက်ဳံးထင္ ေသသြားၿပီတဲ့လား?"

ဖူယြမ္ဝူ  သူ႕၏ ထိုင္ခုံထက္မွ ႐ုတ္ခ်ည္းထရပ္လိုက္ကာ အစီအရင္ခံစာ လာပို႔သည့္သူအား စူးစူးဝါးဝါး စိုက္ၾကည့္လိုက္မိ၏။
အစီအစဥ္ က်ရႈံးသြားၿပီး က်င္းက်ဳံးထင္ ေသဆုံးသြားလိမ့္မည္ဟု သူ ဘယ္တုန္းကမွ ေတြးမထားခဲ့ဖူးေခ်။

ဆက္သားက အလွ်င္အျမန္ပင္ သူ႕ကိုယ္ကို ေျမ၌ ကပ္၍ ဦးတိုက္လိုက္ေလၿပီး ေဒါသထြက္ေနေသာ မင္းသားကို တိုက္ရိုက္မၾကည့္ရဲေပ။

"ပထမမင္းသား...ဒီငယ္သားက က်င္းက်ဳံးထင္ တကယ္ေသသြားၿပီဆိုတဲ့ သတင္းကို ရခဲ့တာ အမွန္ပါ။ ဒါ့အျပင္ သူက ေျမရွင္ငယ္ေလးရဲ႕ အိမ္မွာ ဆုံးပါးသြားတာပါခင္ဗ်ာ။ ကြၽန္ေတာ္ ၾကားရသေလာက္ေတာ့ တစ္ေယာက္ေယာက္ က သူ႕လက္ကို လူျမင္ကြင္းမွာ ျဖတ္ပစ္ၿပီး ေခါင္းျဖတ္ ကြပ္မ်က္ပစ္လိုက္တယ္တဲ့"

ဖူယြမ္ဝူ၏ မ်က္လုံးမ်ား ျပဴးက်ယ္သြားေလသည္။ သူ႕၏ က်စ္က်စ္ပါေအာင္ ဆုပ္ထားေသာလက္သီးျဖင့္ စားပြဲထက္သို႔ ရိုက္ခ်လိဳက္၏။ က်ယ္ေလာင္လွေသာ အသံက အခန္းအျပင္ဘက္မွ လူမ်ားကို ထိတ္လန့္သြားေစၿပီး တိတ္ဆိတ္သြားၾကသည္။

"အဲ့လူက ဘယ္သူလဲ?ဘယ္သူက အဲ့ေလာက္ထိ အတင့္ရဲရတာလဲ?က်င္းက်ဳံးထင္ က ဒီမင္းသားရဲ႕ ေနာက္လိုက္ဆိုတာကို သူတို႔ မသိၾကဘူးလား?အဲ့လူက တတိယမင္းသား ဘက္ျခမ္းကမ်ားလား?"

ထိုသူမ်ားသည္သာ သူ႕လူမ်ားကို ညွာတာမႈမရွိဘဲ သတ္ျဖတ္ရဲေပလိမ့္မည္။

အေၾကာင္းမွာကား သူတို႔သည္ ထီးနန္းအတြက္ ယွဥ္ၿပိဳင္ေနၾကသည့္ ၿပိဳင္ဘက္မ်ား ျဖစ္ေသာေၾကာင့္ ပင္တည္း။

"ဒါ...သူတို႔ မဟုတ္ပါဘူး"

ဆက္သား(သတင္းပို႔သူ)က ထစ္အအႏွင့္ ေျပာလာေခ်၏။

"ဒါဆို အဲ့လူက ဘယ္သူလဲ?"

"အဲ့...အဲ့ဒီလူက...ကြၽင္းဝမ္ပါ ခင္ဗ်ာ"

ဖူယြမ္ဝူ က ေရွ႕သို႔ ခ်က္ခ်င္း တိုးလာေလသည္။ သူက ဆက္သား၏ အက်ီေကာ္လာကို  အားျဖင့္ ဆြဲေဆာင့္ပစ္လိုက္၏။ သူ႕မ်က္ႏွာက ေဒါသေၾကာင့္ တြန့္ရႈံ႕ေနသည္။

"မင္း ဘာေျပာလိုက္တယ္?  အဲ့ဒီလူက ကြၽင္းဝမ္ဆိုတာ မင္း ေသခ်ာလို႔လား?"

ဆက္သားသည္ သူ႕ အက်ီေကာ္လာကို တင္းၾကပ္စြာ ဆြဲဆုပ္ခံထားရေသာေၾကာင့္ စကားေျပာနိုင္စြမ္းမရွိေပ။ သူ႕အေနျဖင့္ ဆက္တိုက္ ေခါင္းၿငိမ့္ျပရန္သာ တတ္နိုင္ေပသည္။

ေနာက္ဆုံးတြင္ ဖူယြမ္ဝူ က ထိုသူ႕ကို ေဘးသို႔ တြန္းလႊတ္ခ်လိဳက္၏။ သူ႕၏ အက်ီလက္ကို အားမာန္အျပည့္ႏွင့္ ခါယမ္းလိုက္သည္မို႔ အသံက်ယ္က်ယ္ထြက္သြားသည္။ သူ႕၏ ရင္အုပ္က နိမ့္ခ်ည္ျမင့္ခ်ည္ျဖင့္ ၾကမ္းတမ္းစြာ လႈပ္ရွားေနေပ၏။ သူက ထိုသတင္းကို လုံးဝ မေတြးထားမိသည္မွာ ရွင္းလင္းလွသည္။ က်င္းက်ဳံးထင္၏ ေသဆုံးမႈႏွင့္ ႏွိုင္းယွဥ္လွ်င္ စီရင္စုငယ္ေလး၌ ဖူဝူထ်န္း ရွိေနရသည့္အေၾကာင္းက သူ႕ကို ပို၍ အံ့အားသင့္သြားေစသည္။

သူက တစ္ခဏမွ် ေတြးေတာၾကည့္ပါေသာ္ျငား ထိုကိစၥကို ပေဟဠိ ျဖစ္ေနဆဲ ျဖစ္သည္။ ဖူယြမ္ဝူ က မထင္ထားမိဘဲ တစ္ဖက္သို႔ လွည့္လိုက္သည္။ သူ႕၏ စူးရွလွေသာအၾကည့္က ဆက္သားအေပၚသို႔ တစ္ဖန္ က်ေရာက္သြား၏။

"သူက ဘာလို႔ အဲ့ေနရာကို ေရာက္ေနရတာလဲ?"

ဆက္သားက ဒူးေထာက္ကာ လက္မ်ားျဖင့္ ဝပ္တြား ဂါရဝျပဳလိုက္သည္။ သူက ခ်က္ခ်င္းဆိုသလို ျပန္ေျဖလိုက္၏။

"ပထမမင္းသားကို ျပန္လည္ေလွ်ာက္တင္ပါတယ္...ေလးလပိုင္းတုန္းက ကြၽင္းဝမ္ ႐ုတ္တရက္ လက္ထပ္သြားတယ္ဆိုတဲ့ သတင္းကို အရွင္ မွတ္မိပါေသးရဲ႕လား?"

ဖူယြမ္ဝူ က ထပ္လွည့္ၾကည့္လာျပန္သည္။

"ဒီကိစၥႏွစ္ခုၾကားမွာ ဘာမ်ား ဆက္စပ္မႈရွိေနလို႔လဲ?"

ဆက္သားက သူ႕နဖူးေပၚရွိ ေခြၽးေအးမ်ားကို သုတ္ဖယ္လိုက္သည္။

"ေသခ်ာေပါက္ ဆက္စပ္မႈ ရွိတာေပါ့ခင္ဗ်ာ...ဘာလို႔လဲဆိုေတာ့ ကြၽင္းဝမ္ လက္ထပ္လိုက္တယ္ဆိုတဲ့ ဝမ္ေဖးက အန္းယြမ္စီရင္စုရဲ႕ ေျမရွင္ငယ္ေလး ျဖစ္ေနလို႔ပါပဲ။ ဒီတစ္ေခါက္ ကြၽင္းဝမ္ အဲ့ဒီေနရာမွာ ေပၚလာရတာကလည္း သူက သူ႕ရဲ႕ ဝမ္ေဖးနဲ႕ အတူ သတို႔သမီးအိမ္ကို အလည္အပတ္ျပန္လာတာေၾကာင့္ပါ။ ၿပီးေတာ့ သူတို႔က ကြၽင္းက်ီၿမိဳ႕ကို ခ်က္ခ်င္း ျပန္မလာေသးဘဲ အဲ့မွာ ေနေနၾကေသးတာပါ ခင္ဗ်ာ"

ဒီကမၻာမွာ ဒီေလာက္ထိ တိုက္ဆိုင္ေနတာမ်ိဳး ရွိေနေသးတာလား?!

ဖူယြမ္ဝူမွာကား ေ႐ြးခ်ယ္စရာမရွိဘဲ ထိုကိစၥကို ယုံၾကည္လိုက္ရသည္။ သို႔ေသာ္ ဤ တိုက္ဆိုင္မႈက သူ႕ကို ထိုးႏွက္သြားသလို ခံစားရေပသည္။ သူ ဤအေၾကာင္းကို ေတြးလိုက္မိခ်ိန္တြင္ ေဒါသမ်ားက တစ္ဖန္ ျမင့္တက္လာျပန္၏။

"ဒါဆိုရင္ စာရင္းစာအုပ္က ကြၽင္းဝမ္ရဲ႕လက္ထဲကို ေရာက္သြားၿပီေပါ့ ဟုတ္လား?"

ပထမမင္းသား၏ အသံအေနအထားအရ စိတ္အေျခအေနေကာင္းမြန္မေနေၾကာင္း ဆက္သားက သိလိုက္ေလၿပီမို႔ ပို၍ပင္ သတိထားလိုက္သည္။

"ကြၽန္ေတာ္မ်ိဳးလည္း အဲ့လိုပဲ ၾကားခဲ့ရပါတယ္။ ဟုန္စီရင္စုရဲ႕ စီရင္စုေအာက္တရားသူႀကီး လွ်ိုေဖးဟုန္ ကိုလည္း ကြၽင္းဝမ္က ဖမ္းဆီးသြားပါၿပီခင္ဗ်ာ"

ဖူယြမ္ဝူ၏ ေဒါသက တကယ့္ကို ေပါက္ကြဲထြက္မလာပါေခ်။

အကယ္၍ ထိုသူသာ တတိယမင္းသား ဆိုပါက ဖူယြမ္ဝူသည္ သူ႕ဓားသူ ေကာက္ကိုင္ၿပီး လူမ်ားကို စတင္သတ္ျဖတ္ေနေပလိမ့္မည္။

သို႔ေသာ္ သူႏွင့္သူ႕အဘိုး၏ ေနာက္လိုက္မ်ား ဖူဝူထ်န္း၏ လက္ထဲသို႔ မည္သို႔မည္ပုံ က်ဆင္းသြားေၾကာင္း ေတြးလိုက္မိသည္ႏွင့္ သူ ျပင္းျပစြာ လူသတ္လိုလာဆဲျဖစ္သည္။ မည္သည့္ လူမ်ိဳးကို ျဖစ္ေစ ဆန့္က်င္တိုက္ခိုက္နိုင္ေပသည္။ သို႔ေသာ္ အဘယ္ေၾကာင့္ ဖူဝူထ်န္း ျဖစ္ေနရသည္နည္း။

ဆက္သားက ဖူယြမ္ဝူ၏ မ်က္ႏွာ အုံ႕မွိုင္း၍ ေဝခြဲမရျဖစ္ေနသည္ကို ျမင္လိုက္ရေလ၏။ သူက ထိုအေၾကာင္းကို ေတြးလိုက္မိၿပီးေနာက္ ကူကယ္ရာမဲ့စြာ ေျပာလိုက္ေလသည္။

"ပထမမင္းသား ခင္ဗ်ာ...ဒီနိမ့္က်တဲ့ ငယ္သား အျမင္အရ ဖူဝူထ်န္း က အရွင္မင္းသားနဲ႕ အမတ္ခ်ဳပ္ႀကီး(ဝန္ႀကီးခ်ဳပ္) အေပၚ သိပ္ၿပီး ေလးစားရိုေသမႈ ရွိဟန္မရဘူး ခင္ဗ်။ က်င္း သခင္ႀကီးက အရွင္မင္းသားရဲ႕ ငယ္သားမွန္း သူသိေနတာေတာင္ က်င္းသခင္ႀကီးကို သူက သတ္ျဖတ္ရဲ..."

"ပါးစပ္ပိတ္ထားစမ္း!"

ဖူယြမ္ဝူ က ႐ုတ္ခ်ည္း ေနာက္သို႔ လွည့္ခ်လာကာ ဆက္သားကို ရက္စက္ၾကမ္းၾကဳတ္သည့္ မ်က္ႏွာထားျဖင့္ ေအာ္ေငါက္လိုက္သည္။

ဆက္သားမွာကား အလြန္အမင္း ေၾကာက္႐ြံ႕သြားသည္မို႔ ခႏၶာကိုယ္တစ္ခုလုံး ေအးစက္သြားသည္။ ပထမမင္းသား အဘယ္ေၾကာင့္ ထိုမွ် ေဒါသထြက္သြားသည္ကို သူ လုံးဝနားမလည္နိုင္ပါေခ်။ သူေျပာသည့္စကားက သိသိသာသာႀကီးကို မွန္ကန္ေနသည္ မဟုတ္ဘူးလား?

ဆက္သား ေျပာသည့္စကားမွာ တကယ့္ကို မွန္ကန္ပါေသာ္ျငား သူမသိသည္က ဖူယြမ္ဝူဆီတြင္ ဖူဝူထ်န္း ကို ဆန့္က်င္တိုက္ခိုက္နိုင္သည့္ စြမ္းအား မရွိသည္ကိုပင္။

ဖူဝူထ်န္းသည္ မ်ားျပားလွေသာ စစ္တပ္အင္အားကို အမိန့္ေပးနိုင္စြမ္း ရွိေလ၏။ သူ ကြၽင္းက်ီၿမိဳ႕သို႔ ျပန္လာၿပီးေနာက္ မင္းသားတိုင္းက သူ႕ကို သူတို႔ဘက္သို႔ အပါသိမ္းရန္ ႀကိဳးပမ္းခဲ့ၾကသည္။ သို႔ေသာ္ ဤသည္က အေရးအႀကီးဆုံး အခ်က္ မဟုတ္ေပ။ သူတို႔အားလုံး ဖူဝူထ်န္း ေရွ႕တြင္ ႏွိမ့္ခ်ေနရသည့္အေၾကာင္းမွာကား ဖူဝူထ်န္းသည္ အရင္ဧကရာဇ္၏ ဆႏၵကို ကိုင္ေဆာင္ထားသူ ျဖစ္ေသာေၾကာင့္ ျဖစ္သည္။ ဤအျဖစ္အပ်က္မွာ လြန္ခဲ့သည့္ ဆယ္ႏွစ္ေက်ာ္က ကိစၥျဖစ္သည္မို႔ အလြန္နည္းပါးသည့္ လူနည္းစုသာ သိထားၾကသည္။ လက္ရွိတြင္ေတာ့ ထိုကိစၥကို မည္သူကမွ ထုတ္ေဖာ္မေျပာရဲပါေပ။ အဘယ္ေၾကာင့္ဆိုေသာ္ သူတို႔က ခ်ဳန္းမင္ဧကရာဇ္၏ အနာကို ဆြမိသည္မ်ိဳး မျဖစ္ခ်င္ၾကေခ်။

"ဒီမင္းသားအတြက္ အခုခ်က္ခ်င္း ျမင္းလွည္းတစ္ခု ျပင္လိုက္ၾကစမ္း...ဒီမင္းသားက က်န္းစန္းနန္းေတာ္*ကို သြားခ်င္တယ္ "

[T/N - ဧကရီ၏ နန္းေဆာင္]

ဖူယြမ္ဝူက နည္းနည္းေလးမွ်ပင္ တုန့္ဆိုင္းေနျခင္း မရွိပါေပ။ သူ ဒီကိစၥကို သူ႕အဘိုးထံသို႔ ေသခ်ာေပါက္ အစီအရင္ခံရေပမည္။ ဟုန္စီရင္စုတြင္ သူ႕လူမ်ားစြာ ရွိမေနပါေခ်။ ဤကိစၥမွ သူကိုယ္တိုင္ လြတ္ေျမာက္ရန္မွာကား အခက္အခဲမရွိေပ။ သို႔ေသာ္...လွ်ိုေဖးဟုန္ က သူ႕အဘိုး၏ တပည့္တစ္ဦး ျဖစ္ေနေပသည္။

[T/N - မနက္ျဖန္အတြက္ကို တင္ေပးလိုက္ပါၿပီ။ မနက္ျဖန္ မေမွ်ာ္နဲ႕ေတာ့ေနာ္💜]

Lanjutkan Membaca

Kamu Akan Menyukai Ini

13.1K 929 61
Just like how two shores of sea can never meet, they can never meet too, might be physically but never mentally. The other shore is too far to even t...
253K 40.4K 67
I Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**
5.4K 373 22
21st century girl is going to time travel to duwara yug where betrayal, humiliation, love, loyal and war were taken place. How is she going to react...
80.3K 10.1K 26
This is the sequel of RRR, so new readers please read it before starting this book. Agneya, the soon to be crown prince of Rakshatra, was bounded by...