အပိုင်း (၇၆.၁) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း

4.5K 788 27
                                    

Unicode

အပိုင်း (၇၆.၁) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း

ချုန်းမင်၏ နှစ်ဆယ့်ခုနစ်နှစ်မြောက်နှစ်...ငါးလပိုင်း ၂၀ ရက်...အုံ့မှိုင်းသောနေ့။

မိုးခေါင်ခြင်းက ချန်းပြည်နယ်တွင် ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။နှစ်စကတည်းက မိုးတစ်ပေါက်မျှ ကျမလာသေး...သို့သော် မိုးခေါင်ခြင်းက အဓိကပြဿနာ မဟုတ်ပေ။ အရေးအကြီးဆုံးအရာမှာကား မြေဆီလွှာတိုက်စားခြင်း နှင့် အသီးအရွက်များ ပျက်စီးခြင်းတို့ကြောင့် ဖြစ်သည်။

ချုန်းမင်ဧကရာဇ်က ချန်းပြည်နယ် ရှိ အခြေအနေကို ဂရုစိုက်ခြင်း မရှိသလို ချန်းပြည်နယ်ရှိ အရာရှိများသည်လည်း ကိုယ်ပိုင်အကျိုးအမြတ်များအတွက်သာ အာဏာကို အသုံးပြုကြ၏။ ချန်းပြည်နယ် တိုးတက်ကောင်းမွန်လာဖို့ရာအတွက် ငွေကြေး ခွဲဝေ သတ်မှတ်ပေးမည်ဆိုလျှင်ပင် အနေချောင်အစားချောင်သည့် အရာရှိများက ထိုငွေများကို ဝါးမြိုကာ သူတို့အချင်းချင်း ခွဲဝေလိုက်ကြပေလိမ့်မည်။ အကျိုးဆက်အနေဖြင့် ပြဿနာကို လုံးဝ မဖြေရှင်းနိုင်ခဲ့ဘဲ တစ်နှစ်ထက်တစ်နှစ် ပိုမို ဆိုးရွားလာလေသည်။

မိုးခေါင်ခြင်း ဖြစ်ပွားပြီးနောက် လူတိုင်း၏ မျက်လုံးက တော်ဝင်မိသားစုဆီမှ ချန်းပြည်နယ်အရေးကို တာဝန်ယူရန် ဧကရာဇ်ကိုယ်တိုင် အမိန့်ပေးထားသည်ဟု သူတို့ ကြားထားသော ဖူဝူထျန်းဆီသို့ ရောက်သွားကြသည်။

ကျွင်းဝမ်က သာမန်လူမဟုတ်ကြောင်း သူတို့ သိထားကြသော်လည်း ချန်းပြည်နယ်ရှိ လောဘကြီးသော အရာရှိများက ငွေကြေးမက်မောမှုကြောင့် ကန်းနေကြပြီး ကယ်ဆယ်ရေးရန်ပုံငွေကိုပင် တပ်မက်သည့်အကြည့်များဖြင့် မျက်စိကျနေကြသည်။ ချန်းပြည်နယ်ရှိ အချို့ကုန်သည်များဆိုလျှင် ဆန်စျေးများ စတင် မြှင့်ပစ်လိုက်ပြီး သူတို့ဆီသို့ ကျွင်းဝမ်လာဝယ်မည့် အချိန်အား စောင့်နေကြသည်။ သို့သော် ရလဒ်က သူတို့ မျှော်လင့်ထားသည်ထက် ကျော်လွန်နေပေသည်။

မိုးခေါင်ခြင်းနှင့်အတူ ကျိုင်းကောင်ကပ်ဘေး သည်ပါ မကြာခဏ ပါလာတတ်သည်။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now