အပိုင်း (၅၀) - ခြိမ်းခြောက်ဖို့ရန်

6.1K 1.1K 140
                                    

Unicode

ခန်းမတစ်ခုလုံးမှာ ရှို့ဖေး၏ စကားများကြောင့် တိတ်ဆိတ်သွားကြလေ၏။

ဝမ်ချင်းလန်၏ အမြင်အာရုံတို့မှာ မည်းမှောင်သွားမတတ်ဖြစ်သွားချေသည်။ အန်းကျီယန် က တကယ်ကြီး ယောကျ်ားတစ်ယောက်ကို လက်ထပ်လိုက်တာတဲ့လား?အန်းကျီမင် ကလည်း လေးလသားအရွယ်မျှသာ ရှိသေးသည်မို့ မိသားစုကို မဆက်ခံနိုင်သေးပေ။ ဤသို့လုပ်လိုက်ခြင်းမှာ...အန်းကျီယန် သည် သူနှင့်အတူ အန်းမိသားစု ကိုပါ လက်ထပ်ပွဲ၌ ခန်းဝင်ပစ္စည်း အဖြစ် ယူဆောင်သွားသည်မျိုးဟု ဆိုလိုနေခြင်း မဟုတ်ပါလား? အန်းမိသားစုသာ မရှိလျှင်...သူမက ဘာများဖြစ်သွားလိမ့်မလဲ?

ဖန်ကျန်းပင်နှင့်ကျန်းပိ တို့၏ မျက်နှာများမှာ တွန့်လိမ်သွားလေ၏။ သူတို့သည်လည်း ဝမ်ချင်းလန် ကဲ့သို့ တွေးတောနေကြခြင်းပါပင်။ အဆုံးတွင် သူတို့က သူတို့၏ သမီးများအတွက် ခန်းဝင်ပစ္စည်းများ ပေးဖို့အတွက် ဆုံးဖြတ်ရမည် ဖြစ်သည်။ အန်းမိသားစု သည်သာ ထို့လူ့၏ အပိုင် ဖြစ်လာမည် ဆိုပါက...သူက သူမတို့ကို ခန်းဝင်ပစ္စည်း ပေးမလား မပေးဘူးလား ဆိုသည်ကို မည်သူသိလိမ့်မည်နည်း။

"အန်းကျီယန်...နင် တော်တော် အရှက်မရှိတဲ့သူပဲ။ နင်က ကိုယ့်ကိုယ်ကို ဒီလိုမျိုး အဆင့်အတန်း ကျခံပြီးတော့ အဲ့ဒီလူရဲ့ ကိုယ်လုပ်တော် အဖြစ်တောင် လက်ထပ်ရဲတယ်ပေါ့လေ။ နင့်ရဲ့ မိဘတွေသာ ဒီအကြောင်းကို သိသွားရင် သူတို့ရဲ့ အုတ်ဂူထဲကနေတောင် ထထိုင်လာလိမ့်မယ်"

ကျန်းပိ၏အသံမှ ဆိုလိုချက်က ဝမ်ချင်းလန် ထက်ပင် ထက်ရှ နေသေး၏။ သူမ၏ မျက်လုံးများက ခိုင်ကျည်လွန်းနေသည်မို့ နီရဲစပင် ပြုလာလေပြီ။ သူမ သေချာပေါက် သိနေသည်မှာ သူမရဲ့ သမီး၌သာ ခန်းဝင်ပစ္စည်း မရှိခဲ့ပါက နောင်အနာဂတ် လက်ထပ်သည့်အခါတွင် ခင်ပွန်းသည်၏ မိသားစုဘက်မှ အထင်အမြင်သေး ခံရမည်မို့ သူတို့၏ လှပသည့်အနာဂတ်မှာလည်း ပျက်စီးသွားရပေလိမ့်မည်။

အန်းကျီယန် က ဤကဲ့သို့သော တုန့်ပြန်မှုကို အရင်ကတည်းက မျှော်လင့်ထားခဲ့ပြီး ဖြစ်သည်။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now