အပိုင်း(၇၅.၁) - ကူညီရန်

4.3K 796 12
                                    

Unicode

အပိုင်း (၇၅.၁) – ကူညီရန်

နောက်နေ့မနက်တွင် အန်းကျီယန် နှင့် ဖူဝူထျန်းတို့သည် ပုံမှန်အတိုင်း စောစီးစွာ အိပ်ရာထခဲ့ကြ၏။

သူတို့နှစ်ယောက်သည် နောက်ဆုံးတွင် လင်မယားအရာမြောက်သွားကာ တကယ့်စုံတွဲ ဖြစ်သွားပြီ ဖြစ်ကြောင်း မည်သူမှ မသိကြပေ။ ဝမ်းနည်းပူဆွေးခြင်းကာလ ဟူသည်အတွက်မူကား...သူတို့ လင်လင်နှစ်ယောက်တွင် တစ်ယောက်က နှစ်ဆယ့်တစ်ရာစုခေတ်မှ ဝိညာဥ်ဖြစ်ပြီး တစ်ယောက်မှာမူ သူ့၏ လောကအပေါ်ရှုမြင်ပုံက ပုံမှန်မဟုတ်ပေ။ သူတို့အတွက်တော့ ဝမ်းနည်းပူဆွေးခြင်းကာလ ဟူသည်မှာ အတွေးထဲ၌ပင် ထည့်ထားစရာ မဟုတ်ချေ။

ဒီနေ့သည် လက်ထပ်ပွဲ ပြင်ဆင်ရန်အတွက် အန်းခယ့်ရှင်း အခြားအိမ်တော်သို့ ရွှေ့ရမည့်နေ့ ဖြစ်သည်။

အခြားအိမ်တော်က သေးငယ်ပြီး အန်းမိသားစုအိမ်တော်၏ တစ်ဝက်မျှသာ ရှိသည်။ ထိုအိမ်တော်တွင် လူများစွာ နေမည်မဟုတ်သောကြောင့် အန်းကျီယန် က အန်းခယ့်ရှင်း နှင့် သူမ၏ အမေတို့ကို ပထမဆုံး ရွှေ့ပေးရန် စီစဥ်လိုက်သည်။

"ဂရုစိုက်ကြ...ဒါက ဒီသခင်မလေးရဲ့ ခန်းဝင်ပစ္စည်း တွေပဲ။ မင်းတို့ ဖျက်ဆီးမိသွားရင် ပြန်လျော်နိုင်မှာ မဟုတ်ဘူး။"

အန်းခယ့်ရှင်း ၏ အာကျယ်ကျယ်အသံက အရှေ့ခန်းမဆီမှ ထွက်ပေါ်လာ၏။

အန်းကျီယန်နှင့် ဖူဝူထျန်း တို့ လျှောက်လာချိန်တွင် လှေကားထစ်ပေါ်၌ ရပ်ကာ အစေခံများကို တောင်းရမ်းပစ္စည်းများ ရွှေ့ခိုင်းနေသော သူမအား မြင်လိုက်ရလေသည်။ ထိုနေ့ကမူ လက်ထပ်ရမည့်အစား သေလိုက်မည် ဆိုသည့်မျက်နှာနှင့် ဖြစ်သော်ငြား ယခုတွင်တော့ ပြောင်းလဲသွားသည်။

“ပိုပြီး သတိထားကြ"

ကျန်းပိက သူ့သမီး၏ နံဘေးတွင် ရပ်နေလေသည်။ သူမ၏ အမူအရာ က အလွန့်အလွန် ကျေနပ်အားရနေဟန် ရသည်။ သူမ စကားပြောပြီးသည့်နောက် အန်းကျီယန်နှင့် ဖူဝူထျန်းတို့ ရောက်လာသည်ကို တွေ့လိုက်ရသည်။

အန်းခယ့်ရှင်းသည်လည်း သတိထားမိသွားသည်။ သူမ ဘာတွေးမိသွားသည် မသိသော်ငြား သူမက ကျန်းပိကို လျှို့ဝှက်သည့်အဓိပ္ပါယ်ဖြင့် တသ်ချက်ကြည့်လိုက်သည်။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now