အပိုင်း (၅၃) - စားနပ်ရိက္ခာ သိုလှောင်ခြင်း

5.6K 1.2K 97
                                    

Unicode

အဆုံး၌ ဖန်ကျန်းပင် နှင့် ကျန်းပိတို့မှာ အန်းကျီယန် နှင့် ယှဥ်မပြောနိုင်ကြပါပေ။

သို့သော်လည်း သူတို့က ယာဂုနှင့် ဆားစိမ်အသီးအရွက်မျှကို နာနာခံခံ မစားကြပါချေ။ နောက်ပိုင်း သူတို့က စားဖိုမှူးဝမ်ထံသို့ သွားခဲ့သော်ငြား ယခုအခါတွင် သူက အန်းကျီယန်၏ အထောက်အပံ့နှင့် ရပ်တည်နေသူမို့ ထိုအမျိုးသမီးအားလုံးကို ခိုင်မြဲ တည်တံ့သည့် အသံဖြင့်သာ နောက်ကြောင်းပြန်ရန် ပြောလိုက်လေ၏။

အမျိုးသမီး လေးယောက်မှာ ရွေးချယ်စရာမရှိတော့သော်ငြား သူတို့ စုဆောင်းထားသည်များထဲမှ နှိုက်ထုတ်ကာ သူတို့ လိုချင်သည့် အစားအသောက်များအား အပြင်မှ သယ်ဆောင်လာဖို့ရန် အစေခံများကို ခိုင်းစေကြကုန်သည်။ ဆယ်ရက်ကြာသည်အထိ သူတို့က သတ်သတ်လွတ်စားရန် ငြင်းပယ်နေကြဆဲပါပင်။ အကျိုးဆက်အနေဖြင့် အနှီ ဆယ်ရက်တာ သုံးစွဲခြင်းက သူတို့၏ လစဥ်ထောက်ပံ့ကြေးများကို လျော့ပါးသွားစေသည်။ လတ်တလောတွင် သူတို့မှာ လပေါင်းများစွာ အတွက် ထောက်ပံ့ကြေးကို ဆုံးရှုံးထားကြရ၏။ လစဥ်ထောက်ပံ့ကြေး တစ်လအပိုကြီးတောင် နှုတ်ယူခံလိုက်ရသည့် ဖန်ကျန်းပင်မှာ ပိုတိုးလို့ နာကျင်နေရပေသည်။

အခု အန်းချန်တိဘက်သို့ တစ်ချက် ကြည့်ကြည့်ကြပါလေ။

အမြန်ဆုံးနှုန်းဖြင့် တစ်ရက်တာ ခရီးသွားပြီးနောက်တွင် သူတို့မှာ ယုံကျိုးစီရင်စုသို့ ရောက်သွားလေတော့သည်။

သူတို့၏ အစီအစဥ်များကို သိထားပြီး ဖြစ်သော အန်းကျီယန် က သူတို့နှင့် အလျှင်စလို မရင်ဆိုင်သေးပေ။ သူတို့က အန်းမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ရဖို့အတွက် မည်သို့ပင် ကြံစည်နေပါစေ ၊ သူက အချိန်ကို ဖြုန်းတီးပြီး သူတို့ကို ကိုင်တွယ်ဖို့ရာ တွေးတောနေရန်လည်း အင်အားစိုက်ထုတ်မနေလိုပေ။

"သခင်လေး...ကျုပ် သခင်လေး ခိုင်းတဲ့အတိုင်း လုပ်ထားပြီးပါပြီ"

အိမ်တော်ထိန်းဆု က ရောက်လာသည်နှင့် အန်းကျီယန် ဆီ တည့်တည့်သွားကာ ပြောလိုက်သည်။ အကြောင်းမှာ ဤကိစ္စသည် အရေးကြီးကိစ္စဖြစ်နေလေသည်မို့  သူက ကိုယ်တိုင်ကိုယ်ကျ နေရာတိုင်းသို့ သွားကာ သေချာအောင် လုပ်နေရခြင်း ဖြစ်သည်။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)حيث تعيش القصص. اكتشف الآن