အပိုင်း (၆၅.၁) - ညဘက် ဝန်းရံတိုက်ခိုက်မှု

4.1K 815 6
                                    

Unicode

ညအချိန် ဖြစ်သည်။ အနက်ရောင်ဝတ်စုံနှင့် လူငါးဦးသည် အန်း အိမ်တော်ထဲသို့ အမှောင်ရိပ်ခို၍ ရောက်လာကြသည်။

အနက်ဝတ်လူ ငါးယောက်သည် နေရာလေးနေရာသို့ ခွဲထွက်လိုက်ကြသည်။ နှစ်ယောက်မှာ အန်းကျီယန်၏ အိပ်ခန်းဆီသို့ သွားလိုက်ကြပြီး အခြားသူများမှာ အိမ်တော်ထိန်းဆု ၊ ဆုကျီနှင့် ငွေစာရင်းအခန်းများဆီသို့ အသီးသီး သွားလိုက်ကြသည်။

နေ့ဘက်တွင် သူတို့သည် အန်းမိသားစု အိမ်တော်၏ အပြင်အဆင်ကို လေ့လာမှတ်သားရန် အားများစွာ မစိုက်ထုတ်လိုက်ရပေ။ တစ်ခဏအတွင်းမှာပင် အနက်ဝတ်လူ နှစ်ယောက်သည် အစောင့်အကြပ် မရှိသည့် အန်းကျီယန်၏ အိပ်ခန်းနားဆီသို့ ရောက်လာကြသည်။

အချိန်က မနက် သုံးနာရီ ရှိပြီ ဖြစ်ပြီး လူတိုင်း အိပ်မောကျနေလေသည်။

အန်းကျီယန်၏ အိပ်ခန်းထဲရှိ မီးအလင်းရောင်သည် ငြိမ်းသတ်သွားသည်မှာ ကြာပြီ ဖြစ်သည်။ အခန်း သည် အလွန်အမင်း တိတ်ဆိတ်နေလေပြီး  ခြင်တစ်ကောင်၏ တောင်ပံခတ်သံ ကိုပင် ကြားနိုင်ပေသည်။

အနက်ဝတ်လူများထဲရှိတစ်ယောက်က အိပ်ဆေးများ ဖြည့်ထားသည့် ပြွန်တစ်ခုကို ဆွဲထုတ်လိုက်၏။   သူက ပြွန်ထဲမှ အငွေ့များကို အိပ်ခန်းထဲသို့ မှုတ်ထုတ်လိုက်လေသည်။ ထိုသို့ လုပ်ဆောင်ပြီးသည်နှင့် ခဏမျှ စောင့်ဆိုင်းလိုက်ပြီးနောက် တံခါးကို ဂရုတစိုက် ဖွင့်လိုက်ကာ အထဲသို့ ဝင်သွားလိုက်၏။ ပုတီးလိုက်ကာများက တချွင်ချွင်သံများ ထွက်ပေါ်သွားသည်။ ဤသည်မှာ တိတ်ဆိတ်ငြိမ်သက်သည့် ညတွင် အလွန်ပင် သိသာထင်ရှားသော်ငြား အိပ်ရာပေါ်ရှိ လူများမှာကား လှုပ်ရှားလာခြင်း မရှိပေ။

အနက်ဝတ်လူနှစ်ယောက် သည် တစ်ယောက် ကို တစ်ယောက် စိုက်ကြည့်လိုက်မိကြသည်။

သူတို့ထဲမှ တစ်ယောက် က လျှောက်သွားလိုက်လေပြီး စောင်ကို ဂရုတစိုက် မ ကြည့်လေသည်။ ခြုံစောင်လွှာအောက်၌ လူနှစ်ယောက် မရှိဘဲ  ခေါင်းအုံး နှစ်လုံးသာ ရှိနေသည်ကို မြင်လိုက်ရသောကြောင့် သူ တုန်လှုပ်သွားလေသည်။ သူက 'မကောင်းတော့ဘူး' ဟု ​ပြောမည်အပြု သူ့နောက်ဆီမှ ဂျွတ်ခနဲ ကျိုးပဲ့သွားသံကို ကြားလိုက်ရ၏။ အနှီ တုန်လှုပ်စေသော ကျိုးပဲ့သံက သူ့ကို ထခုန်လုမတတ်ဖြစ်သွားစေပြီး သူ့စိတ်ထဲမှလည်း ဒိန်းခနဲ ထိတ်လန့်သွားရသည်။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Kde žijí příběhy. Začni objevovat