အပိုင်း (၆၂.၂) - တိုးတက်မှု

5.5K 969 34
                                    

Unicode

ချင်ရွယ်ဟော့က ဆန်ဆိုင်ထဲသို့ စိုက်ကြည့်လိုက်ပြီးနောက် အန်းကျီယန် နှင့် တာဝန်ခံဖုန့် တို့ စကားပြောနေသည်ကို မြင်လိုက်ရလေသည်။ သူ မျက်မှောင်ကြုတ်လိုက်မိချေ၏။

အန်းကျီယန် လုပ်ဆောင်သမျှ အရာအားလုံး၏ နောက်ကွယ်၌ အခြားသော ရည်ရွယ်ချက်များ ရှိလိမ့်မည်ဟု သူ တွေးထင်ထားခဲ့သည်။ အခြားသူများက အမှန်တရားကို မသိရုံမျှသာ ဖြစ်သည်။ ထို့ကြောင့် သူက အန်းကျီယန်၏ အစစ်အမှန်ပုံစံ ထွက်ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။ သို့သော် သူ ဤမြင်ကွင်းကို မြင်ရလိမ့်မည်ဟု မထင်ထားမိပေ။

အန်းကျီယန်က အန်းယွမ်စီရင်စုရှိ လူများ၏ အကျိုးအတွက် နောက်ထပ်တစ်ကြိမ် အန်းမိသားစု၏ အကျိုးအမြတ်ကို လျစ်လျူရှုလိုက်ပြန်သည်။ ထိုကဲ့သို့သော အပြုအမူက သူသည် စီရင်စုရှိ လုများကို ချမ်းသာလာအောင် ကြိုးစားကူညီနေသည်ဟူသော အမြင်ကိုသာ ဖြစ်တည်လာစေသည်။ ဖြစ်ကောင်းဖြစ်နိုင်သည်က သူ့၌ အခြား ရည်ရွယ်ချက် မရှိဘဲ ဤနေရာရှိ လူများ၏ အဆင့်အတန်းကို မြှင့်တင်ပေးလိုသောကြောင့် ဖြစ်သည်လား?

"တာ့ရန်...ကြည့်ရတာ ကျွန်တော်တို့ရဲ့ အစီအစဥ်တွေကို ရွှေ့ဆိုင်းထားရမယ်ထင်တယ်"

အစောင့်က ပတ်ပတ်လည်ကို သတိရှိစွာ ကြည့်လိုက်ပြီးနောက် ချင်ရွယ်ဟော့၏ နားထဲသို့ တီးတိုးပြောလိုက်သည်။ သူတို့အတွက်မူ အန်းကျီယန် အန်းမိသားစု၏ အမွေအနှစ်များကို ဖြုန်းတီးနေသည်ကို မြင်ရခြင်းကြောင့် ကြီးကြီးမားမား ရိတ်သိမ်းနိုင်တော့မည် မဟုတ်ပေ။ ဤသို့သော အခြေအနေတွင် အစိုးရက အန်းမိသားစု၏ ပိုင်ဆိုင်မှုများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းယူလိုက်လျှင်ပင် အကျိုးအမြတ်က မျှော်လင့်ထားသည်ထက် နည်းပါးပေလိမ့်မည်။

"ငါတို့ ပြန်သွားပြီးတော့မှ ပြောကြတာပေါ့"

ချင်ရွယ်ဟော့က ပြောလိုက်ပြီးနောက် ထွက်သွားလိုက်လေသည်။

အစောင့်သည်လည်း အလျှင်အမြန် နောက်မှ လိုက်ပါသွား၏။

ထို့နောက် နှစ်ယောက်သားသည် တည်းခိုခန်း ဆီသို့ ပြန်သွားလိုက်ကြသည်။ မူလက သူတို့သည် အန်းချန်တိ၏ အိမ်တော်၌ နေရန် ကြံရွယ်ခဲ့သော်ငြား အန်းကျီယန်၏ အာရုံကို ဆွဲဆောင်မိသွားမည်ကို စိုးရိမ်နေသောကြောင့် ဖြစ်သည်။ ထို့ပြင် အန်းချန်တိနှင့် သူ့ဇနီး တို့ကို မသိစေချင်သည့် အချို့ကိစ္စများလည်း ရှိနေပေသည်။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now