အပိုင်း (၆၃.၂) - စာရင်းစာအုပ်

3.8K 781 6
                                    

Unicode

အပိုင်း (၆၃.၂) - စာရင်းစာအုပ်

အန်းကျီယန် က ခန်းမဆောင် ထဲတွင် လှုပ်ရှားမှုမရှိစွာ ထိုင်နေလေပြီး သူ့မျက်နှာထက်တွင် လေးနက်တည်ကြည်သည့် အကြည့်တစ်ခု ရှိနေပေသည်။ ဖူဝူထျန်း သည်လည်း လှုပ်ရှားမှု မရှိပေ။

အစေခံများမှာတော့ အထဲသို့ ဝင်ပြီး သူတို့အား စိတ်အနှောင့်အယှက် ဖြစ်စေရန် မဝံ့ရဲပေ။ သခင်လေးက အလွန်ပင် စိတ်ဆိုးနေသည်ဟု လူတိုင်းက တွေးထင်မိနေကြသည်။ ထို့ကြောင့် သူတို့ ခန်းမဆောင် ရှေ့မှ ဖြတ်သွားချိန်တိုင်း ​ခြေကိုဖော့၍ လျှောက်ကြလေ၏။

ထို့နောက် လူတစ်ယောက်က ရုတ်တရက်ဆိုသလို အလောတကြီး ​ပြေးဝင်လာသည်။

ထိုသူက အသက်မရှုစတမ်း ပြေးဝင်လာခဲ့ခြင်း ဖြစ်သည်။ ကျီယန်နှင့် ဖူဝူထျန်း တို့ နှစ်ယောက်လုံး ခန်းမဆောင်ထဲတွင် ရှိနေကြောင်း မြင်လိုက်ရချိန်၌ ထိုသူက တုန်လှုပ်သွားလေ၏။ ထို့နောက် သူက အံ့သြတကြီး မေးလိုက်သည်။

"အရှင်...အန်းသခင်လေး...ကျွန်တော် ဒီနေ့ ပြန်ရောက်လာမယ် ဆိုတာကို အရှင်တို့ နှစ်ယောက် ဘယ်လို သိနေကြတာလဲ?ကျွန်တော် အရှင်တို့ကို သတင်းမပို့မိတာ သေချာနေတာကို"

ကောချင်အန်း က သူ့ကို စိုက်ကြည့်လိုက်ကာ အေးစက်စက် ပြောလိုက်လေ၏။

"ငတုံးကောင်!"

ရှို့ဖေး၏ မျက်နှာထက်တွင် ကွယ်ဝှက်ထားသည့်ခါးသီးမှုအချို့ ဖြတ်ပြေးသွားသည်။  သူက နည်းနည်းလေးတောင် အံ့သြပြလို့ မရဘူးလား?!

ဖူဝူထျန်း က မေးလိုက်သည်။

"ကိစ္စက ဘယ်လိုဖြစ်သွားပြီလဲ?"

ရှို့ဖေး သူ့စိတ်ကို ပြန်လည် ထိန်းညှိလိုက်ပြီးနောက် သူ့ အကျီလက်ထဲမှ စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်သည်။ သူက ဂုဏ်ယူဝံ့ကြွားမှုအပြည့်ဖြင့် ပြောလိုက်လေ၏။.

"ရှို့ဖေးဆိုတဲ့ ကျွန်တော် လှုပ်ရှားမှတော့ ဒီကိစ္စက သေချာပေါက် အောင်မြင်ရမှာပေါ့။ ကျွန်တော် သက်သေကို ရခဲ့တယ်လေ...အဲ့တာက စာရင်းစာအုပ် တစ်အုပ်ပဲ။ အထဲမှာ မှတ်တမ်းတင်ထားတာက သခင်လေးရဲ့ အဖေတင် မကဘူး...အခြား လူအများကြီး ပါသေးတယ်..."

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Donde viven las historias. Descúbrelo ahora