ရွှယ်ဇီရွမ် (Completed) (MM T...

Oleh MayKingMK119

519K 70.1K 1.2K

Translator _ May King Lebih Banyak

Twins of Different Fates
FOD Extra_1 _ ႐ႊယ္ဇီ႐ြမ္၏ ျပန္လည္ေမြးဖြားျခင္း
FOD Extra_1_Chapter(1-1) - ႐ုတ္တရက္ အလည္လာျခင္း
FOD Extra_1_Chapter(1-2) - ႐ုတ္တရက္ အလည္လာျခင္း
FOD Extra_1_Chapter(1-3) (Zawgyi+Unicode)
FOD Extra_1_Chapter(1-4) (Zawgyi+Unicode)
FOD Extra_1_Chapter(1-5) (Zawgyi+Unicode)
FOD Extra_1_Chapter(1-6) (Zawgyi+Unicode)
FOD Extra_1_Chapter(2-1) (Zawgyi+Unicode)
FOD Extra_1_Chapter(2-2) (Zawgyi+Unicode)
FOD Extra_1_Chapter(2-3) (Zawgyi+Unicode)
FOD Extra 1 - Chapter (2-4)
FOD Extra_1_Chapter(2-5) (Zawgyi+Unicode)
New Fiction - Lord of End of World
FOD Extra 1 - Chapter (3-1) - လူသားကမာၻသို႔ ျပန္လည္ေရာက္ရွိျခင္း
Chapter (3-2)- သူနဲ႕ေတြ႕မွျဖစ္မယ္
Chapter (3-3) - ဟြမ္ရီ ဘယ္မွာလဲ
Chapter (3-4)- အိမ္ကို ျပန္လာရသည့္ ခံစားခ်က္
Chapter (3-5)- ေတာင္းပန္္ပါတယ္ ကိုယ့္ခ်စ္သူေလးရယ္
FOD Extra_1_ Chapter - (3-6) ေရွာင္ရီ..ကိုကိုေတာင္းပန္ပါတယ္
Chapter (3-7) - ကိုကိုရွိေနသေရႊ႕ မင္းကိုယ္ေပၚ ဘယ္သူမွ လက္ေတာင္ မရြယ္ေစရဘူး။
FOD Extra 1 - Chapter (4-1) - အစြန္းႏွစ္ဖက္ ကိုယ္ရည္ကိုယ္ေသြးႏွင့္ စိတ္ ေရာဂါ
FOD Extra 1 - Chapter (4-2) - မင္းမက်န္းမာတာ ဟြမ္ရီရဲ႕အမွားမဟုတ္ဘူး
FOD Extra 1 - Chapter (4-3) - ဝိဥာဥ္ကူးေျပာင္းလာသူလား?
FOD Extra 1 - Chapter (4-4) - ကိုယ့္ကို ကိုကိုလုိ႕ ေခၚ....
FOD Extra 1 - Chapter (4-5) - ခုလို ဝတ္တာ မင္း ႀကည့္ရဆိုးတယ္ ေရွာင္ရီေလး....
Chapter (5-1) - ထိန္းခ်ဳပ္ႏိုင္စြမ္း ေလ်ာ့နည္းသြားသည့္ system
Chapter (5-2) - 'ေရွာင္ရီေလး.. ကိုယ့္ကို ခြဲမသြားပါနဲ႔..'
Chapter (5-3) - "ရႊယ္ရန္ကိုေရွာင္ဖို႔ ၿမိဳ႕ထဲကို ေျပာင္းေနၾကမယ္.."
Chapter (5-4) - "အျခားသူေတြ မင္းကို ထိခိုက္ေအာင္လုပ္တာခြင့္မျပဳဘူး.."
Chapter (5-5) - ေက်ာင္းတက္ရေတာ့မွာမို႕ ျမိဳ႕ထဲေျပာင္းေနလိုက္ပါ
Chapter (5-6) - ရႊယ္က်င္းရီ... မင္းရူးသြားျပီလား
Chapter (5-7) - ကိုယ့္နွလံုးသားကို လိုခ်င္တယ္ဆိုရင္ အရာအားလံုး ေပးအပ္မယ္။
Chapter (6-1) - မူလရည္႐ြယ္ခ်က္ကို မေမ့ပါဘူး (Zawgyi+Unicode)
Chapter (6-2) - "ဟြမ္ရီက ခ်စ္ဖို႔ေကာင္းတယ္.. ဒီကေလးက သူပိုင္တဲ့ေကာင္ေလး.."
Chapter (6-3) -ဟြမ္ရီေဘးမွာ ဆန္မုန႔္လုံးေလးလို ကပ္ေနခ်င္တယ္
Chapter (6-4) - ေမွ်ာ္လင့္ျခင္းနဲ႔ ျပန္လည္ဆုံစည္းျခင္း ေခါင္းေလာင္းျပာပန္း
Another FOD tanslation
Chapter (6-5)+ (6-6) (Z+U)
Chapter (6-7) - အေကာင္းဆံုးေတြပဲ မင္းကို ေပးအပ္ခ်င္တယ္ ေရွာင္ရီေလး (Z+U)
Chapter (7-1)+(7-2)+(7-3) (Z+U)
Chapter (7-4)+(7-5)(Z+U)
Chapter (7-6)+(7-7) (Z+U)
Chapter (8-1)+(8-2)(Z+U)
Chapter (8-3)+(8-4)(Z+U)
Chapter (8-5)+(8-6)+(8-7)(Z+U)
Chapter (8-8+8-9)(Z+U)
FOD Arc-14 completed
Chapter _ (9-1) +(9-2) ( Z+U)
Chapter (9-3) + (9-4) (Z+U)
FOD Extra_ 1_ Chapter (9-5)_ ျပိဳင္ကားကို ျပန္လည္တပ္ဆင္ျပီးျခင္း (Z+U)
Chapter (9-6)+(9-7)
Chapter (9-8)_ villain system စက္ရုပ္ကိုတီထြက္ျခင္း (Z+U)
Chapter (10-1)_ ႏွစ္ေယာက္တည္း ကမာၻ (Z+U)
FOD Extra 1_ Chapter (10-2) (Z+U) - ႏွစ္ေယာက္တည္းကမာၻ
FOD: Extra 1_ Chapter (10-3) -ႏွစ္ေယာက္တည္း ကမာၻ (Z+U)
FOD: Extra 1_ Chapter (10-4) -ႏွစ္ေယာက္တည္း ကမာၻ
FOD _ Extra 1 - Chapter (10.6) - နှစ်ယောက်တည်း ကမ္ဘာ (1)
🚨🚨🚨 အသားစားခြင်း/အသားစားျခင္း
FOD: Extra 1_ Xue Zi Xuan- Chapter (10.8)
Extra 1_ Chapter (11-1) - စန္ဒယားပြိုင်ပွဲ
FOD Extra 1_ Chapter (11-2) - စန္ဒရားပြိုင်ပွဲ
FOD Extra 1_ Chapter (11-3) - စန္ဒရားပြိုင်ပွဲ(U+Z)
Extra 1 _Chapter (11-4) - စန္ဒရားပြိုင်ပွဲ
Extra 1_ Chapter (11-5) - စန္ဒရားပြိုင်ပွဲ
(z)Chapter (11-5) - စႏၵရားၿပိဳင္ပြဲ
FOD Extra 1_ Chapter (11-6) _ စန္ဒယားပြိုင်ပွဲ
FOD Extra 1_ Chapter (11-7) _ စန္ဒယားပြိုင်ပွဲ
Chapter (11- 8) - စန္ဒယားပြိုင်ပွဲ
Chapter (12-1) ထာဝရအချစ်
(U+Z) Chapter (12-2) - (M) ထာဝရအချစ်
Chapter (12-3)_ မကောင်းဆိုးဝါး မာရ်နတ်
(U+Z) Chapter (12-4)_ ဟွမ်ရီ အနိုင်ရရှိခြင်း
Chapter (13-1) - လူသတ်မှု
ongoing
Chapter (13-2) _ ဒီကောင်လေးကို အဆုံးထိ ကာကွယ်ပေးရမယ်.....
Chapter (13-3) - ဟွမ်ရီကို ပူးပေါင်းလုပ်ကြံကြခြင်း
Chapter (13-4)_ မကောင်းကြံသူတိုင်း ပြန်လည်ပေးဆပ်ရမယ်
Chapter (13-5)_ ကလဲ့စားချေခြင်း
Extra 1_ Chapter (14-1) _ ရှောင်ရီကို ကာကွယ်ဖို့ ဘာမဆိုလုပ်မယ်
Chapter (14-2)_ ဟွမ်ရီကို သေတာထက် ဆိုးသည့်ဘဝကို ရောက်အောင်လုပ်ပစ်မည်.....
Chapter (14-3)_ ဟွမ်ရီ ဘယ်လောက်တောင် နာကျင်ခဲ့ရမလဲ.....
Chapter (15-1)_ ခေါင်းလောင်းပန်းတို့ ဝေဝေဆာဆာပွင့်ဖူးချိန်
Chapter (15-2)_ မင်းကို ငါ စောင့်နေမယ်
Chapter (15-3)_တရုတ်စံကားပန်းတွေ ပွင့်လာတဲ့အခါ
Chapter (15-4)_ မင်းရှိတဲ့နေရာတိုင်းက ကိုယ့်အိမ်ပဲ.....
Chapter (15-5)_ နှစ်ဘဝတိုင်တိုင် စောင့်ခဲ့ရတယ်.....

FOD Extra 1_ Chapter (10-5)_ ႏွစ္ေယာက္တည္း ကမာၻ

4.4K 638 7
Oleh MayKingMK119

FOD Extra 1_ Chapter (10-5)_ ႏွစ္ေယာက္တည္း ကမာၻ

ရႊယ္က်င္းရီက "အေမ" ဟု 2 ခါ ေခၚခဲ့ေပမယ့္ ရႊယ္လီဒန္နီက လံုးဝမတုန္႕ျပန္ခဲ့ေပ။ ေနာက္ဆံုးေတာ့ သူမက ဒီမိသားစုထဲမွာ တကယ့္ သားအရင္းျဖစ္သူ ရႊယ္ဇီရြမ္ကို ဘယ္သူမွ မဆန္႕က်င္နုိင္ဘူးဆိုတာကို ေကာင္းစြာနားလည္လာခဲ့သည္။

သူမေကာ၊ သူမရဲ႕အမႊာအကိုျဖစ္သူ ဟြမ္ရီက ဒီရႊယ္မိသားစုရဲ႕ ေမြးစားကေလးေတြျဖစ္တာခ်င္းအတူတူ သူမက ရႊယ္ဇီရြမ္ ခ်စ္ျမတ္နိုးသည္သူ လံုးဝ မျဖစ္ခဲ့ေပ။ ဘာေႀကာင့္ ေရွ႕ဘဝခရီးက သူမ ႀကိဳေတြးထားသလို မျဖစ္ရတာလဲ။ တကယ္ဆိုရင္ သူမက ဒီ ရႊြယ္မိသားစုက တန္ဖိုးထားျမတ္နိုးရတဲ့ သမီးမဟုတ္လား။ သူမရဲ႕အကိုႀကီးကလည္း သူမကို မ်က္နွာအညွိဳးမခံနုိင္ေအာင္ ခ်စ္ခင္ အလိုလိုက္ခဲ့တယ္မဟုတ္လား။ ဒီေကာင္ ဟြမ္ရီ ေရာက္လာမွာ အရာအားလံုးေျပာင္းလဲသြားခဲ့သည္။ အကိုႀကိးရဲ႕ ခ်စ္ခင္မႈအားလံုးက ဟြမ္ရီလို ေတာသားဆိီကို ဘာေႀကာင့္ေရာက္သြား၇တာလဲ။

ရႊယ္ဇီရြမ္က သူ႔စီးကရက္ကိုၿငိမ္းသတ္ခဲ့တယ္။ သူေျပာလိုက္သည့္ အသံုးနႈန္းက ထူးျခားျပတ္သားေပမယ့္ တကယ္ေတာ့ ျခိမ္းေျခာက္လိုက္တာျဖစ္သည္။ ဒါေပမယ့္ သူက သူနွင့္ ဟြမ္ရီရဲ႕ ဆက္ဆံေရးကို တေလာကလံုး မသိေအာင္ ဖုံးကြယ္ထားခ်င္သည့္ ရည္ရြယ္ခ်က္မရွိေႀကာင္းကိုလည္း ပြင့္လင္းစြာ ေျပာခဲ့သည္။ သူ႕ခံစားခ်က္ကို မိခင္ေရွ႕မွာ အတိအလင္း ထုတ္ေျပာဝ့ံသလို ဘယ္သူ႕ကိုမွ ေႀကာက္ရြံ႕ျခင္းမရွိပဲ ဟြမ္ရီကို လက္တြဲထားခ်င္ေႀကာင္း အထင္းသားေပၚလြင္ေနသည္။

ဒါေပမယ့္ သူ႕ေဘးမွာ ထိုင္ေနသည့္ သူျမတ္နိုးရတဲ့ လူငယ္ေလးကို သူ႕အေမဆီက မလိုလားအပ္တဲ့ ဖိအားေတြ ေရာက္လာမွာ၊ အေနွာက္ယွက္ေပးမွာကို လံုးဝမလိုလားေသာေႀကာင့္ ခုလို ေျပာလိုက္ရတာျဖစ္သည္။ ဒီကေလးက ငယ္ေသးသည္။ သူ႕ ေတာင္ပံေအာက္မွ အပူပင္ေကာင္းျပီး ေအးခ်မ္းသည့္ ဘဝေလးကို ေပးအပ္ခ်င္ေသးသည္။

ဒါေႀကာင့္ ပထမဆံုးအေနနဲ႕ သူက မိဘနွစ္ပါးကို အသစ္ဝယ္ လိုက္တဲ့ အပန္းေျဖစံအိမ္ကို သြားေနဖို႕ ပထုတ္လိုက္ျပီး ဒီရႊယ္အိမ္ေတာ္မွာ ဟြမ္ရီကို အခက္ေတြ႕ေအာင္လုပ္နုိင္မည့္သူ ဘယ္သူမွ မရွိေအာင္ ေသခ်ာ တဆင့္ျခင္းလုပ္ေနတာျဖစ္သည္။ ဒါမွ ေနာင္မွ ထြက္ေပၚလာမယ့္ ေကာလဟာလေတြနဲ႕အတူ မိဘေတြဆီက ေပးသည့္ ဖိအားကို ေရွာင္ရွားနုိင္လိမ့္မည္။ ျဖစ္လာသမွ် ဖိအားအားလံုးကို သူကပဲ ေရွ႕ကေန ရင္စီးခံလိုက္မည္ ျဖစ္သည္။

ရႊယ္က်င္းရီက အခုအိမ္ေတာ္ကေန လံုးဝထြက္ခြာခ်င္စိတ္မရွိပဲ ေပကတ္ကတ္လုပ္ေနသည္ကိုေတြ႕ေတာ့ ရႊယ္ဇီရြမ္က အခ်ိန္မျဖဳန္းခ်င္ေတာ့သျဖင့္ ေအးစက္စြာေျပာလိုက္သည္။

"မင္းအခန္းကိုျပန္ျပီး ခရီးေဆာင္အိ္တ္ေတြကို ထုပ္ပိုးလိုက္ေတာ့။ မနက္ျဖန္ မင္းကို ငါ ဆြတ္ဇာလန္ကိုလႊတ္ေတာ့မယ္ "

ရႊယ္က်င္းရီက ဝမ္းနည္းမႈေႀကာင့္ အသက္ကင္းမဲ့ သလို ျဖစ္လို႕ေနသည္။ သူမက တံခါးနားကိုေရာက္ေတာ့ ေနာက္ျပန္လွည့္ႀကည့္ လိုက္သည္။ ရႊယ္က်င္းရီက ဟြမ္ရီရဲ႕ ရင္ဘတ္ကို ဓါးလို ထက္ျမက္သည့္ မ်က္ဝန္းျဖင့္ စိုက္ႀကည့္ကာ ခါးသီးစြာျဖင့္ ထြက္သြားခဲ့သည္။ တကယ္လို႕ ကိုက္ညီေသာ နွလံုးသားကိုလည္းမရခဲ့ရင္၊ သူ႕နွလံုးနဲ႕ အခ်ိန္မွီအစားမထိုးနိုင္ရင္ ဒီမိန္းကေလးက တကယ္ ေသဆံုးရေတာ့မည္ျဖစ္သည္။

က်ိဳးယြင္ရွန္႕သည္ အလြန္တုန္လႈပ္သြားၿပီး ခ်က္ခ်င္းပင္ ရြယ္က်င္းရီရဲ႕ လူသတ္ခ်င္သည့္ ရည္႐ြယ္ခ်က္ကို ျမင္လိုက္ရသည္။ ဒါကို ႀကည့္ျခင္းအားျဖင့္ ရႊယ္က်င္းရီက တခုခုကို သိထားျပီထင္တယ္။ သူ႕ကို မူလေခၚလာတဲ့ ရည္ရြယ္ခ်က္က သူမ အသက္ဆက္ရွင္သန္ဖုိ႕ သူ႕နွလံုးသားကို ထုတ္ယူဖုိ႕ဆိုတာ သိထားလို႕ သူ႕ နွလံုးသားကို သူမ အပိုင္ ပံုစံျဖင့္ ႀကည့္လိုက္တာျဖစ္မည္။ ဒီအေႀကာင္းကို သူမ ဘယ္လုိ စံုစမ္းထားတာပါလိမ့္။ ဒါေပမယ့္ ရႊယ္က်င္းရီက သူ႕ကို အကိုအျဖစ္ တခါမွေတာင္ မသတ္မွတ္ဘူးဆိုတာ အခု လူသတ္ျပီး နွလံုးကို တူးထုတ္ခ်င္တဲ့ အႀကည့္ေတြကေန သိလိုက္ရသည္။ က်ိဳးယြင္ရွန္႕က သက္ျပင္းခ်ကာ သူမကို ႀကည့္ေနရာမွ အႀကည့္လႊဲလိုက္သည္။

2 ေယာက္တညး္က်န္ေတာ့မွ က်ိဳးယြင္ရွန္႕က သူ႕ေဘးက ရႊယ္ဇီရြမ္ကို ႀကည့္ကာေမးလိုက္သည္။

"ဘယ္အခ်ိန္တုန္းက ကြ်န္ေတာ္တို႕ ၂ ေယာက္ ခ်စ္သြားႀကလို႕လဲ"

ရႊယ္ဇီရြမ္က ေကာင္ေလးရဲ႕ ျဖဴေဖြးေသာ ေျခအစံုကို အသာယာပြတ္သပ္ကာ ညင္သာစြာေျပာလုိက္သည္။

" ခ်စ္သြားႀကတာ ႀကာျပီ မဟုတ္လား။ ေနာက္ဆိုရင္ ကိုယ္တို႕ လက္ထပ္ကတိျပဳႀကရေတာ့မယ္ေလ"

အခုအခ်ိန္က ရႊယ္ဇီရြမ္ လိုခ်င္တာကို ခ်က္ခ်င္းေပးရမယ့္ အခ်ိန္ မဟုတ္ေပ။ က်ိဳးယြင္ရွန္႕က သူ႕ကို နွာေခါင္းေလးရံႈ႕ကာ ေျပာလိုက္သည္။

"ကြ်န္ေတာ္ ခ်စ္တယ္လို႕ မေျပာခဲ့ပါဘူးေနာ္။ ျပီးေတာ့ ဘယ္တုန္းက ကြ်န္ေတာ္ အကို႕ကို လက္ထပ္မယ္လို႕ ေျပာခဲ့လို႕လဲ။ ျပီးေတာ့ တရုတ္ျပည္မွ လိင္တူျခင္း လက္ထပ္တာကို တရားဝင္ ခြင့္မျပဳထားဘူးေလ "

" ဒါဆိုရင္ ငါတို႕ လိင္တူခ်စ္သူေတြ လက္ထပ္တာကို အသိအမွတ္ျပဳထားတဲ့ျပည္နယ္တစ္ခုကို ရွာျပီး အဲ့ဒီမွာ လက္ထပ္ မွတ္ပံုတင္ႀကတာေပါ့... ။ ျပီးေတာ့ ကိုယ္က အဲ့ဒီနုိင္ငံကို ရႊယ္မိသားစုရဲ႕ပိုင္ဆိုင္မႈကိုေရႊ႕ေျပာင္းျပီး သြားေနႀကတာေပါ့... "

ရႊယ္ဇီရြမ္၏ေပါ့ပါးေသာအသံသည္ လူေနမႈအဆင့္အတန္း ေျပာင္းလဲျခင္း၊ ပိုင္ဆိုင္မႈမ်ား ေျပာင္းလဲျခင္း စသျဖင့္ အေရးႀကီးေသာ ဘဝကိုေျပာင္းလဲေစသည့္ အေႀကာင္းအရာမ်ား ေျပာေနသလို မဟုတ္ဘဲ သာမန္ ကိစၥမ်ားႏွင့္ ပတ္သက္၍ ေျပာေနသတိ ေပါ့ေပါ့ပါးပါးရွိလွသည္။

ဤအရာေတြက တကယ္ေတာ့ ဘာမွ သိပ္မဟုတ္ေပ။ အရင္ဘဝတုန္းက သူက တရုတ္ျပည္မွ ရႊယ္ယန္ကို နုိင္ေအာင္ မတိုက္နုိင္ေတာ့ သူ႕ ပိုင္ဆိုင္မႈမ်ားကို နုိင္ငံျခားသို႕ေရႊ႕ေျပာင္းကာ တိုင္းတပါးတြင္ လုပ္ငန္းကို ေအာင္ျမင္ေအာင္ စတင္လုပ္ကိုင္ကာ ေျခကုတ္ယူျပီးမွ တရုတ္ျပည္ကို ျပန္ဝင္လာျပီး ရႊယ္ယန္ကို ယွဥ္ျပိဳင္တိုက္ခိုက္ခဲ့တာျဖစ္သည္။ ဒါေႀကာင့္ ျပည္ပသို႕ ပိုင္ဆုိင္မႈမ်ား ေရႊ႕ေျပာင္းျခင္းနွင့္ လုပ္ငနး္ ေျပာင္းေရႊ႕ျခင္းက သူ႕အတြက္ ဘာမွ မဟုတ္ေပ။

အခု ျပန္လည္ေမြးဖြားလာေတာ့ အရင္ဘဝက ခါးသီးသည့္ ေသလုေမ်ာပါးရုနး္ကန္ခဲ့ရသည့္ အေတြ႕အႀကံဳေတြက ေက်းဇူးတင္စရာေကာင္းေအာင္ အသံုးဝင္ေနသည္။ အခု သူ ခ်စ္ရတဲ့ ေရွာင္ရိီကို ကာကြယ္ေပးဖို႕၊ သူ႕လုပ္ငနး္ေတြ တိုးတက္ေအာင္လုပ္ေဆာင္နုိင္ဖို႕ အေထာက္အကူမ်ား စြာျဖစ္ေနသည္။ ဒီအစြမး္ေႀကာင့္ ေကာင္ေလးကို ကာကြယ္နုိင္စြမ္း ပိုတုိးလာတာ ျဖစ္သည္။

အခု ျပန္လည္ေမြးဖြားလာေတာ့ သူ ေနာင္တရသည့္ အလုပ္ကို အမ်ားႀကီး မလုပ္ရေသးသည့္အျပင္ သူ႕မိသားစုကို ေသတြင္းထဲ တြန္းပို႕မည့္ ေရွာင္ရီရဲ႕ နွလံုးကို ထုတ္ယူမည့္ အစီစဥ္ကို ရပ္ဆိုင္းနုိင္ခဲ့သည္။ ရႊယ္ယန္ အင္အားႀကီးထြားလာမည့္ရန္ကို ဟန္႕တားနုိင္ျပီး ရႊယ္မိသားစုထဲမွာ ကိုယ္ပုိင္အင္အား ထူေထာင္နုိင္ခဲ့သည္။ ဒါက အရင္ဘဝနဲ႕ မတူကြဲျပားတဲ့အခ်က္ေတြ ျဖစ္သည္။ အရင္ဘဝက အမွားမ်ိဳးကို ဘယ္တခုမွ သူ ထပ္ျပီး ျဖစ္ခြင့္မျပဳနုိင္ေပ။

က်ိဳးယြင္ရွန္႕က ရႊယ္ဇီရြမ္ ရဲ႕မ်က္လံုးေတြထဲကို စိုက္ႀကည့္လုိက္ေတာ့ စေနာက္ေနသည့္ အရိပ္ လံုးဝ မေတြ႕ရပဲ အတည္ေျပာေနသည္ကို သိလိုက္ရသည္။

ရႊယ္ဇီရြမ္ရဲ႕ နက္ရိႈင္းတဲ့အခ်စ္၊ ေပြ႕ဖက္ထားတဲ့ က်ယ္ျပန္႕တဲ့ရင္ခြင္နဲ႕ ခိုင္မာတဲ့ ဆံုးျဖတ္ခ်က္က က်ိဳးယြင္ရွန္႕ကို တကယ္ စိတ္လႈပ္ရွားေစပါသည္။ ဇာတ္လမ္းမ်ားစြာမွာ ဝင္စားခဲ့ျပီး မွီခိုရာ အိမ္ရယ္လို႕ မရွိတဲ့ဘဝ၊ ခ်စ္ေပးမည့္သူ မရွိပဲ ဗီလိန္ဘဝနဲ႕ ရက္ရက္စက္စက္ အသတ္ခံေနရသည့္ ဘဝမွာပဲ က်င္လည္ေနရသည့္ သူ႕အတြက္ စိတ္ရင္းနဲ႕ခ်စ္ျပီး ေႏြးေထြးတဲ့ အိမ္ကို ေပးနုိင္မည့္ ခ်စ္သူကို တကယ္ပဲ လိုလားေတာင့္တခဲ့မိသည္။

ဒါေပမယ့္ ရႊယ္ဇီရြမ္က သူ႕ကို ဒီရႊယ္အိမ္ေတာ္ကို ေခၚေဆာင္လာခဲ့သည့္ မူလရည္ရြယ္ခ်က္ကို သူ မေမ့ေသးေပ။ ဒီလူက သူ႕နွလံုးကို အရွင္လတ္လတ္တူးထုတ္ခ်င္သည့္ လူေတြထဲက တစ္ေယာက္မဟုတ္လား။ ဒါေပမယ့္ သူက ဘယ္လိုျဖစ္ျပီး စိတ္ေျပာင္းသြားတာလဲ။ သူ႕ကို မသတ္ခ်င္ လွည့္စားေနမျဖစ္နုိင္ဘူးလား။ ရႊယ္ဇီရြမ္က သူ႕အေပၚေကာင္းေပးခဲ့တာ၊ ခ်စ္ေပးခဲ့တာ၊ ယုယေပးခဲ့တာကို က်ိဳးယြင္ရွန္႕ တကယ့္ကို သေဘာက်ကာ သာယာမိေပမယ့္ ရႊယ္ဇီရြမ္ရဲ႕အခ်စ္ကို မယံုႀကည္နို္င္ေသးေပ။ အရင္ဘဝက သူ႕ကို သတ္သည့္အထဲ ဒီ ရႊယ္ဇီရြမ္လည္းပါဝင္ေနခဲ့သည္ကို သူ မေမ့ေပ။ အခုဘဝမွာ ရႊယ္ဇီရြမ္ က ဘယ္္လို ေတြလုပ္ဖို႕ စီစဥ္ထားသလဲဆုိတာ က်ိဳးယြင္ရွန္႕ လံုးဝ မမွန္းနုိင္ေတာ့ေပ။ သူ ယံုႀကည္လိုက္မိရင္ စိတ္ပ်က္စရာ ေတြနဲ႕ေတြ႕တဲ့အခ်ိန္ သူ႕ေမွ်ာ္လင့္ခ်က္အားလံုး က်ဳိးပ်က္သြားမည္ကို ေႀကာက္ေနမိသည္။ ဒါေႀကာင့္ က်ိဳးယြင္ရွန္႕က ရႊယ္ဇီရြမ္ မပါသည့္ အနာဂါတ္ကို ႀကိဳတင္ေတြးေတာကာ တိတ္တဆိတ္ စီစဥ္ေနေတာ့သည္။

ရႊယ္ဇီရြမ္ရဲ႕တကယ့္ရည္ရြယ္ခ်က္ကို မသိရမခ်င္း သူ႕ကို စိတ္ဒံုးဒုံးခ် ယံုႀကည္လို႕မျဖစ္ေသးေပ။

က်ိဳးယြင္ရွန္႕က မ်က္ေတာင္ တျဖတ္ျဖတ္ခတ္ကာ စကားလြဲလိုက္သည္။

' ကြ်န္ေတာ္ ကြန္ျပဴတာ ဂိမ္းသြားေဆာ့ဦးမယ္, "

ဟုေျပာကာ ထြက္ေျပးခဲ့သည္။

အဆိုပါေကာင္ေလးရဲ႕အလ်င္အျမန္ ထြက္ေျပးသြားတာကို စိုက္ၾကည့္ေနရင္း ရႊယ္ဇီရြမ္က ျပံဳးလိုက္မိသည္။ ေကာင္ေလးက ငယ္ေသးလို႕ သူ႕အခ်စ္ကို ေပ်ာ္ဝင္ဖုိ႕ေႀကာက္ေနပံုရသည္။ သူ အႀကာႀကီးေစာင့္ေနခဲ့ျပီးမွေတာ့ အခု ထပ္ေစာင့္ရလည္း ဘာမွမျဖစ္ပါဘူး။ သူ႕မ်က္စိေရွ႕မွာ ခ်စ္သူေလးကို ေတြ႕ေနရျပီမဟုတ္လား။

ရႊယ္ဇီရြမ္က က်ိဳးယြင္ရွန္႕ရဲ႕ေနာက္ေက်ာေလးကို ခ်စ္ျခင္း ေမတၱာ အျပည့္အဝပါသည့္ အၿပဳံးျဖင့္ ျပံုးကာ ေငးႀကည့္ေနမိသည္။

*************-********************

FOD Extra 1_ Chapter (10-5)_ နှစ်ယောက်တည်း ကမ္ဘာ

ရွှယ်ကျင်းရီက "အမေ" ဟု 2 ခါ ခေါ်ခဲ့ပေမယ့် ရွှယ်လီဒန်နီက လုံးဝမတုန့်ပြန်ခဲ့ပေ။ နောက်ဆုံးတော့ သူမက ဒီမိသားစုထဲမှာ တကယ့် သားအရင်းဖြစ်သူ ရွှယ်ဇီရွမ်ကို ဘယ်သူမှ မဆန့်ကျင်နိုင်ဘူးဆိုတာကို ကောင်းစွာနားလည်လာခဲ့သည်။

သူမကော၊ သူမရဲ့အမွှာအကိုဖြစ်သူ ဟွမ်ရီက ဒီရွှယ်မိသားစုရဲ့ မွေးစားကလေးတွေဖြစ်တာချင်းအတူတူ သူမက ရွှယ်ဇီရွမ် ချစ်မြတ်နိုးသည်သူ လုံးဝ မဖြစ်ခဲ့ပေ။ ဘာကြောင့် ရှေ့ဘဝခရီးက သူမ ကြိုတွေးထားသလို မဖြစ်ရတာလဲ။ တကယ်ဆိုရင် သူမက ဒီ ရွှွယ်မိသားစုက တန်ဖိုးထားမြတ်နိုးရတဲ့ သမီးမဟုတ်လား။ သူမရဲ့အကိုကြီးကလည်း သူမကို မျက်နှာအညှိုးမခံနိုင်အောင် ချစ်ခင် အလိုလိုက်ခဲ့တယ်မဟုတ်လား။ ဒီကောင် ဟွမ်ရီ ရောက်လာမှာ အရာအားလုံးပြောင်းလဲသွားခဲ့သည်။ အကိုကြိးရဲ့ ချစ်ခင်မှုအားလုံးက ဟွမ်ရီလို တောသားဆီကို ဘာကြောင့်ရောက်သွား၇တာလဲ။

ရွှယ်ဇီရွမ်က သူ့စီးကရက်ကိုငြိမ်းသတ်ခဲ့တယ်။ သူပြောလိုက်သည့် အသုံးနှုန်းက ထူးခြားပြတ်သားပေမယ့် တကယ်တော့ ခြိမ်းခြောက်လိုက်တာဖြစ်သည်။ ဒါပေမယ့် သူက သူနှင့် ဟွမ်ရီရဲ့ ဆက်ဆံရေးကို တလောကလုံး မသိအောင် ဖုံးကွယ်ထားချင်သည့် ရည်ရွယ်ချက်မရှိကြောင်းကိုလည်း ပွင့်လင်းစွာ ပြောခဲ့သည်။ သူ့ခံစားချက်ကို မိခင်ရှေ့မှာ အတိအလင်း ထုတ်ပြောဝံ့သလို ဘယ်သူ့ကိုမှ ကြောက်ရွံ့ခြင်းမရှိပဲ ဟွမ်ရီကို လက်တွဲထားချင်ကြောင်း အထင်းသားပေါ်လွင်နေသည်။

ဒါပေမယ့် သူ့ဘေးမှာ ထိုင်နေသည့် သူမြတ်နိုးရတဲ့ လူငယ်လေးကို သူ့အမေဆီက မလိုလားအပ်တဲ့ ဖိအားတွေ ရောက်လာမှာ၊ အနှောက်ယှက်ပေးမှာကို လုံးဝမလိုလားသောကြောင့် ခုလို ပြောလိုက်ရတာဖြစ်သည်။ ဒီကလေးက ငယ်သေးသည်။ သူ့ တောင်ပံအောက်မှ အပူပင်ကောင်းပြီး အေးချမ်းသည့် ဘဝလေးကို ပေးအပ်ချင်သေးသည်။

ဒါကြောင့် ပထမဆုံးအနေနဲ့ သူက မိဘနှစ်ပါးကို အသစ်ဝယ် လိုက်တဲ့ အပန်းဖြေစံအိမ်ကို သွားနေဖို့ ပထုတ်လိုက်ပြီး ဒီရွှယ်အိမ်တော်မှာ ဟွမ်ရီကို အခက်တွေ့အောင်လုပ်နိုင်မည့်သူ ဘယ်သူမှ မရှိအောင် သေချာ တဆင့်ခြင်းလုပ်နေတာဖြစ်သည်။ ဒါမှ နောင်မှ ထွက်ပေါ်လာမယ့် ကောလဟာလတွေနဲ့အတူ မိဘတွေဆီက ပေးသည့် ဖိအားကို ရှောင်ရှားနိုင်လိမ့်မည်။ ဖြစ်လာသမျှ ဖိအားအားလုံးကို သူကပဲ ရှေ့ကနေ ရင်စီးခံလိုက်မည် ဖြစ်သည်။

ရွှယ်ကျင်းရီက အခုအိမ်တော်ကနေ လုံးဝထွက်ခွာချင်စိတ်မရှိပဲ ပေကတ်ကတ်လုပ်နေသည်ကိုတွေ့တော့ ရွှယ်ဇီရွမ်က အချိန်မဖြုန်းချင်တော့သဖြင့် အေးစက်စွာပြောလိုက်သည်။

"မင်းအခန်းကိုပြန်ပြီး ခရီးဆောင်အိတ်တွေကို ထုပ်ပိုးလိုက်တော့။ မနက်ဖြန် မင်းကို ငါ ဆွတ်ဇာလန်ကိုလွှတ်တော့မယ် "

ရွှယ်ကျင်းရီက ဝမ်းနည်းမှုကြောင့် အသက်ကင်းမဲ့ သလို ဖြစ်လို့နေသည်။ သူမက တံခါးနားကိုရောက်တော့ နောက်ပြန်လှည့်ကြည့် လိုက်သည်။ ရွှယ်ကျင်းရီက ဟွမ်ရီရဲ့ ရင်ဘတ်ကို ဓါးလို ထက်မြက်သည့် မျက်ဝန်းဖြင့် စိုက်ကြည့်ကာ ခါးသီးစွာဖြင့် ထွက်သွားခဲ့သည်။ တကယ်လို့ ကိုက်ညီသော နှလုံးသားကိုလည်းမရခဲ့ရင်၊ သူ့နှလုံးနဲ့ အချိန်မှီအစားမထိုးနိုင်ရင် ဒီမိန်းကလေးက တကယ် သေဆုံးရတော့မည်ဖြစ်သည်။

ကျိုးယွင်ရှန့်သည် အလွန်တုန်လှုပ်သွားပြီး ချက်ချင်းပင် ရွယ်ကျင်းရီရဲ့ လူသတ်ချင်သည့် ရည်ရွယ်ချက်ကို မြင်လိုက်ရသည်။ ဒါကို ကြည့်ခြင်းအားဖြင့် ရွှယ်ကျင်းရီက တခုခုကို သိထားပြီထင်တယ်။ သူ့ကို မူလခေါ်လာတဲ့ ရည်ရွယ်ချက်က သူမ အသက်ဆက်ရှင်သန်ဖို့ သူ့နှလုံးသားကို ထုတ်ယူဖို့ဆိုတာ သိထားလို့ သူ့ နှလုံးသားကို သူမ အပိုင် ပုံစံဖြင့် ကြည့်လိုက်တာဖြစ်မည်။ ဒီအကြောင်းကို သူမ ဘယ်လို စုံစမ်းထားတာပါလိမ့်။ ဒါပေမယ့် ရွှယ်ကျင်းရီက သူ့ကို အကိုအဖြစ် တခါမှတောင် မသတ်မှတ်ဘူးဆိုတာ အခု လူသတ်ပြီး နှလုံးကို တူးထုတ်ချင်တဲ့ အကြည့်တွေကနေ သိလိုက်ရသည်။ ကျိုးယွင်ရှန့်က သက်ပြင်းချကာ သူမကို ကြည့်နေရာမှ အကြည့်လွှဲလိုက်သည်။

2 ယောက်တည်းကျန်တော့မှ ကျိုးယွင်ရှန့်က သူ့ဘေးက ရွှယ်ဇီရွမ်ကို ကြည့်ကာမေးလိုက်သည်။

"ဘယ်အချိန်တုန်းက ကျွန်တော်တို့ ၂ ယောက် ချစ်သွားကြလို့လဲ"

ရွှယ်ဇီရွမ်က ကောင်လေးရဲ့ ဖြူဖွေးသော ခြေအစုံကို အသာယာပွတ်သပ်ကာ ညင်သာစွာပြောလိုက်သည်။

" ချစ်သွားကြတာ ကြာပြီ မဟုတ်လား။ နောက်ဆိုရင် ကိုယ်တို့ လက်ထပ်ကတိပြုကြရတော့မယ်လေ"

အခုအချိန်က ရွှယ်ဇီရွမ် လိုချင်တာကို ချက်ချင်းပေးရမယ့် အချိန် မဟုတ်ပေ။ ကျိုးယွင်ရှန့်က သူ့ကို နှာခေါင်းလေးရှုံ့ကာ ပြောလိုက်သည်။

"ကျွန်တော် ချစ်တယ်လို့ မပြောခဲ့ပါဘူးနော်။ ပြီးတော့ ဘယ်တုန်းက ကျွန်တော် အကို့ကို လက်ထပ်မယ်လို့ ပြောခဲ့လို့လဲ။ ပြီးတော့ တရုတ်ပြည်မှ လိင်တူခြင်း လက်ထပ်တာကို တရားဝင် ခွင့်မပြုထားဘူးလေ "

" ဒါဆိုရင် ငါတို့ လိင်တူချစ်သူတွေ လက်ထပ်တာကို အသိအမှတ်ပြုထားတဲ့ပြည်နယ်တစ်ခုကို ရှာပြီး အဲ့ဒီမှာ လက်ထပ် မှတ်ပုံတင်ကြတာပေါ့... ။ ပြီးတော့ ကိုယ်က အဲ့ဒီနိုင်ငံကို ရွှယ်မိသားစုရဲ့ပိုင်ဆိုင်မှုကိုရွှေ့ပြောင်းပြီး သွားနေကြတာပေါ့... "

ရွှယ်ဇီရွမ်၏ပေါ့ပါးသောအသံသည် လူနေမှုအဆင့်အတန်း ပြောင်းလဲခြင်း၊ ပိုင်ဆိုင်မှုများ ပြောင်းလဲခြင်း စသဖြင့် အရေးကြီးသော ဘဝကိုပြောင်းလဲစေသည့် အကြောင်းအရာများ ပြောနေသလို မဟုတ်ဘဲ သာမန် ကိစ္စများနှင့် ပတ်သက်၍ ပြောနေသတိ ပေါ့ပေါ့ပါးပါးရှိလှသည်။

ဤအရာတွေက တကယ်တော့ ဘာမှ သိပ်မဟုတ်ပေ။ အရင်ဘဝတုန်းက သူက တရုတ်ပြည်မှ ရွှယ်ယန်ကို နိုင်အောင် မတိုက်နိုင်တော့ သူ့ ပိုင်ဆိုင်မှုများကို နိုင်ငံခြားသို့ရွှေ့ပြောင်းကာ တိုင်းတပါးတွင် လုပ်ငန်းကို အောင်မြင်အောင် စတင်လုပ်ကိုင်ကာ ခြေကုတ်ယူပြီးမှ တရုတ်ပြည်ကို ပြန်ဝင်လာပြီး ရွှယ်ယန်ကို ယှဉ်ပြိုင်တိုက်ခိုက်ခဲ့တာဖြစ်သည်။ ဒါကြောင့် ပြည်ပသို့ ပိုင်ဆိုင်မှုများ ရွှေ့ပြောင်းခြင်းနှင့် လုပ်ငန်း ပြောင်းရွှေ့ခြင်းက သူ့အတွက် ဘာမှ မဟုတ်ပေ။

အခု ပြန်လည်မွေးဖွားလာတော့ အရင်ဘဝက ခါးသီးသည့် သေလုမျောပါးရုန်းကန်ခဲ့ရသည့် အတွေ့အကြုံတွေက ကျေးဇူးတင်စရာကောင်းအောင် အသုံးဝင်နေသည်။ အခု သူ ချစ်ရတဲ့ ရှောင်ရီကို ကာကွယ်ပေးဖို့၊ သူ့လုပ်ငန်းတွေ တိုးတက်အောင်လုပ်ဆောင်နိုင်ဖို့ အထောက်အကူများ စွာဖြစ်နေသည်။ ဒီအစွမ်းကြောင့် ကောင်လေးကို ကာကွယ်နိုင်စွမ်း ပိုတိုးလာတာ ဖြစ်သည်။

အခု ပြန်လည်မွေးဖွားလာတော့ သူ နောင်တရသည့် အလုပ်ကို အများကြီး မလုပ်ရသေးသည့်အပြင် သူ့မိသားစုကို သေတွင်းထဲ တွန်းပို့မည့် ရှောင်ရီရဲ့ နှလုံးကို ထုတ်ယူမည့် အစီစဉ်ကို ရပ်ဆိုင်းနိုင်ခဲ့သည်။ ရွှယ်ယန် အင်အားကြီးထွားလာမည့်ရန်ကို ဟန့်တားနိုင်ပြီး ရွှယ်မိသားစုထဲမှာ ကိုယ်ပိုင်အင်အား ထူထောင်နိုင်ခဲ့သည်။ ဒါက အရင်ဘဝနဲ့ မတူကွဲပြားတဲ့အချက်တွေ ဖြစ်သည်။ အရင်ဘဝက အမှားမျိုးကို ဘယ်တခုမှ သူ ထပ်ပြီး ဖြစ်ခွင့်မပြုနိုင်ပေ။

ကျိုးယွင်ရှန့်က ရွှယ်ဇီရွမ် ရဲ့မျက်လုံးတွေထဲကို စိုက်ကြည့်လိုက်တော့ စနောက်နေသည့် အရိပ် လုံးဝ မတွေ့ရပဲ အတည်ပြောနေသည်ကို သိလိုက်ရသည်။

ရွှယ်ဇီရွမ်ရဲ့ နက်ရှိုင်းတဲ့အချစ်၊ ပွေ့ဖက်ထားတဲ့ ကျယ်ပြန့်တဲ့ရင်ခွင်နဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်က ကျိုးယွင်ရှန့်ကို တကယ် စိတ်လှုပ်ရှားစေပါသည်။ ဇာတ်လမ်းများစွာမှာ ဝင်စားခဲ့ပြီး မှီခိုရာ အိမ်ရယ်လို့ မရှိတဲ့ဘဝ၊ ချစ်ပေးမည့်သူ မရှိပဲ ဗီလိန်ဘဝနဲ့ ရက်ရက်စက်စက် အသတ်ခံနေရသည့် ဘဝမှာပဲ ကျင်လည်နေရသည့် သူ့အတွက် စိတ်ရင်းနဲ့ချစ်ပြီး နွေးထွေးတဲ့ အိမ်ကို ပေးနိုင်မည့် ချစ်သူကို တကယ်ပဲ လိုလားတောင့်တခဲ့မိသည်။

ဒါပေမယ့် ရွှယ်ဇီရွမ်က သူ့ကို ဒီရွှယ်အိမ်တော်ကို ခေါ်ဆောင်လာခဲ့သည့် မူလရည်ရွယ်ချက်ကို သူ မမေ့သေးပေ။ ဒီလူက သူ့နှလုံးကို အရှင်လတ်လတ်တူးထုတ်ချင်သည့် လူတွေထဲက တစ်ယောက်မဟုတ်လား။ ဒါပေမယ့် သူက ဘယ်လိုဖြစ်ပြီး စိတ်ပြောင်းသွားတာလဲ။ သူ့ကို မသတ်ချင် လှည့်စားနေမဖြစ်နိုင်ဘူးလား။ ရွှယ်ဇီရွမ်က သူ့အပေါ်ကောင်းပေးခဲ့တာ၊ ချစ်ပေးခဲ့တာ၊ ယုယပေးခဲ့တာကို ကျိုးယွင်ရှန့် တကယ့်ကို သဘောကျကာ သာယာမိပေမယ့် ရွှယ်ဇီရွမ်ရဲ့အချစ်ကို မယုံကြည်နိုင်သေးပေ။ အရင်ဘဝက သူ့ကို သတ်သည့်အထဲ ဒီ ရွှယ်ဇီရွမ်လည်းပါဝင်နေခဲ့သည်ကို သူ မမေ့ပေ။ အခုဘဝမှာ ရွှယ်ဇီရွမ် က ဘယ်လို တွေလုပ်ဖို့ စီစဉ်ထားသလဲဆိုတာ ကျိုးယွင်ရှန့် လုံးဝ မမှန်းနိုင်တော့ပေ။ သူ ယုံကြည်လိုက်မိရင် စိတ်ပျက်စရာ တွေနဲ့တွေ့တဲ့အချိန် သူ့မျှော်လင့်ချက်အားလုံး ကျိုးပျက်သွားမည်ကို ကြောက်နေမိသည်။ ဒါကြောင့် ကျိုးယွင်ရှန့်က ရွှယ်ဇီရွမ် မပါသည့် အနာဂါတ်ကို ကြိုတင်တွေးတောကာ တိတ်တဆိတ် စီစဉ်နေတော့သည်။

ရွှယ်ဇီရွမ်ရဲ့တကယ့်ရည်ရွယ်ချက်ကို မသိရမချင်း သူ့ကို စိတ်ဒုံးဒုံးချ ယုံကြည်လို့မဖြစ်သေးပေ။

ကျိုးယွင်ရှန့်က မျက်တောင် တဖြတ်ဖြတ်ခတ်ကာ စကားလွဲလိုက်သည်။

' ကျွန်တော် ကွန်ပြူတာ ဂိမ်းသွားဆော့ဦးမယ်, "

ဟုပြောကာ ထွက်ပြေးခဲ့သည်။

အဆိုပါကောင်လေးရဲ့အလျင်အမြန် ထွက်ပြေးသွားတာကို စိုက်ကြည့်နေရင်း ရွှယ်ဇီရွမ်က ပြုံးလိုက်မိသည်။ ကောင်လေးက ငယ်သေးလို့ သူ့အချစ်ကို ပျော်ဝင်ဖို့ကြောက်နေပုံရသည်။ သူ အကြာကြီးစောင့်နေခဲ့ပြီးမှတော့ အခု ထပ်စောင့်ရလည်း ဘာမှမဖြစ်ပါဘူး။ သူ့မျက်စိရှေ့မှာ ချစ်သူလေးကို တွေ့နေရပြီမဟုတ်လား။

ရွှယ်ဇီရွမ်က ကျိုးယွင်ရှန့်ရဲ့နောက်ကျောလေးကို ချစ်ခြင်း မေတ္တာ အပြည့်အဝပါသည့် အပြုံးဖြင့် ပြုံးကာ ငေးကြည့်နေမိသည်။

*************-********************

Lanjutkan Membaca

Kamu Akan Menyukai Ini

1.1M 164K 64
传说之主的夫人 by 尹琊 Chuanshuo Zhi Zhu De Furen by Yin Ya Genres: Action, Adventure, Fantasy, Comedy, Historical, Martial Art, Romance, WuxiaWorld, BL (Cha...
235K 26.3K 105
Language Korean Author(s) 벼르치 Associated Names 메인수가 집착광공이 되면 Status in COO 103 chapters (Complete) Licensed No Original Publisher BLYNUE 블리뉴 Descript...
399K 36K 29
This is just Translation. ✨All credits to original author and english translator. Start date-12.1.2021 End date_ 27.9.2021 Status in COO - 66 Chapter...
1M 52.5K 45
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...