SECRET ( Completed)
由 Tulip_loon
255K 20.2K 340
yizhan❤ Wang Yibo & Xiao Zhan 🍀🌷❤ Unicode/ Zawgyi 更多
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
New Year
Part 12
Part 13
Part 14
Part 15
part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
part 31
part 32
Part 33
Part 34
Ending
ကျေးဇူးတင်လွှာ
Season-2
⁉️
Part 30
5.2K 442 6
由 Tulip_loon
ရှောင်းကျန့်နှင့် ရိပေါ် အခန်းထဲလိုက်ရှာပေမယ့် မတွေ့။
ကလေးငိုသံက အဆက်မပြတ်ကြားနေရပြီး ဘယ်နားမှန်းလည်း မသိ။
"ရိပေါ် ကလေးငိုသံကအခန်းတစ်ခန်းထဲကလာတဲ့ပုံပဲ"
"ဒါပေမယ့် ဒီမှာအခန်းမှမရှိတာ"
" သေချာအာရုံပြန်စိုက်ပြီး အသံနားထောင်ကြည့်ရအောင်"
သေချာအာရုံစိုက်ပြီး အသံကြားရာကိုရှောင်းကျန့်နှင့်ရိပေါ်သွားရင်း ပစ္စည်းတွေစုပုံထားသည့်နေရာရဲ့ နောက်ကနေအသံထွက်လာသည်။
"ရိပေါ် ပစ္စည်းတွေဖယ်ကြည့်ရအောင်"
"အင်း"
စုပုံနေသည့် ပစ္စည်းတွေဖယ်ရင်း နံရံကိုနားကပ်ကာ သေချာနားထောင်ကြည့်တာ့ နံရံနောက်က ကလေးငိုသံကိုကြားနေရသည်။
"ကျန့်ကော ဖယ်"
ရိပေါ် ဘေးနားမှာရှိသည့် ကုလားထိုင်ကိုဆွဲမပြီး နံရံပြစ်ပေါက်လိုက်သည်။
ထိုင်ခုံနှင့်ပြစ်ပေါက်လိုက်သည့်ဒဏ်ကြောင့် နံရံက အင်းဂတေများကွာကျလာသည်။
ရိပေါ် ပြစ်ပေါက်လိုက်သည့်နေရာက မြေအောက်ခန်းတံခါးတည့်တည့်ဖြစ်နေတော့ ရိပေါ်နှင့်ရှောင်းကျန့်လည်း ဘေးမှာရှိသည့် ခုံတွေနှင့်ထုပြီး လူတစ်ကိုယ်စာဝင်လို့ရမည့် အပေါက်ဖြစ်အောင်လုပ်လိုက်သည်။
"ကျွန်တော့်နောက်က လိုက်ခဲ့။"
ရှောင်းကျန့်က အရှေ့ကအရင်သွားမလို့လုပ်ပေမယ့် ရိပေါ်က ရှောင်းကျန့်လက်ကိုဆွဲပြီး အရှေ့ကနေ မှောင်မှောင်မဲမဲထဲ ဓာတ်မီးတစ်လက်နှင့် ဝင်သွားသည်။
အနည်းငယ် ဆွေးချင်သလိုဖြစ်နေသည့် သစ်သားလှေကားပေါ်ကနေ နှစ်ယောက်သား သေချာဆင်းခဲ့ကြသည်။
အောက်ရောက်တော့ အခန်းပေါင်းများစွာကိုတွေ့လိုက်ရတာကြောင့် ရှောင်းကျန့်နှင့်ရိပေါ် အံ့သြသွားတယ်။
"ကျန့်ကော ကလေးငိုသံမကြားတော့သလိုပဲ"
"အင်း ရိပေါ် အခန်းတွေကအများကြီးပဲ မထူးဆန်းဘူးလား"
"အင်း ဘာလုပ်ဖို့အဲ့လောက်အခန်းတွေများနေမှန်းမသိဘူး"
"ကြည့်ကြည့်ရအောင်"
မြေအောက်ခန်းက အခန်းတွေထဲတစ်ခန်းဝင် တစ်ခန်းထွက်လိုက်ရှာကြည့်တော့ ဘာမှမတွေ့အကုန်ပြောင်းနေသည်။
ရှောင်းကျန့် ဒီအခန်းတွေက ဘာလုပ်သည့်အခန်းတွေလဲဆိုတာ သိပေမယ့် ရိပေါ်ကိုမပြော။
တိတ်တဆိတ်သာ ရိပေါ်နောက်ကလိုက်နေလိုက်သည်။
"ရိပေါ် ဒီအခန်းဝင်မကြည့်တော့ဘူး"
ရိပေါ်က အခန်းတစ်ခန်းကိုကျော်ပြီး အနောက်ဆုံးကအခန်းဘက်သွားနေတာကြောင့် ရှောင်းကျန့်မေးလိုက်သည်။
"ကျွန်တော် ကလေးကိုတွေ့လိုက်တယ်"
ရိပေါ် ကလေးမလေးက နောက်ဆုံးအခန်းထဲဝင်သွားတာကြောင့် အမြန်သွားလိုက်သည်။
အခန်းထဲရောက်တော့ ကလေးကိုမတွေ့။ ကျန်တဲ့အခန်းတွေထက်တမူထူးခြားစွာ ဒီအခန်းထဲမှာ ဗီဒို၊စာကြည့်စားပွဲ၊ကုလားထိုင်၊ကုတင် တခြားအသုံးအဆောင်ပစ္စည်းများစွာလည်းရှိနေသည်။
"ရိပေါ် ကလေးရော"
"ကျွန်တော် ခုဏကသေချာမြင်လိုက်တယ် ဒီအခန်းထဲဝင်သွားတာ"
ရှောင်းကျန့်လည်း ရိပေါ်ကသေချာကြီးပြောနေတာကြောင့် အခန်းထဲလျှာက်ကြည့်လိုက်သည်။
နံရံတွေကိုပါ သေချာကြည့်ရင်း ခုဏတုန်းက မြေအောက်ခန်းတွေ့ခဲ့သည့်ပုံကို သတိရလာတာကြောင့် ရိပေါ်ကိုခေါ်လိုက်သည်။
"ရိပေါ် ဗီဒိုကြီး ရွှေ့ကြည့်ရအောင်"
"အင်း"
နှစ်ယောက်သားဗီဒိုကိုရွှေ့ပြီး နံရံကိုကြည့်တော့ ထင်သည့်အတိုင်း တံခါးပေါက်ရှိနေသည်။
တံခါးပေါက်ကို ဖွင့်ပြီး အခန်းထဲဓာတ်မီးထိုးကြည့်တော့ သေတ္တာပုံးများစွာရှိနေသည်။
သေတ္တာပုံးတွေထဲဖွင့်ကြည့်တော့ လက်နက်များစွာ၊ရွှေချောင်းတွေ၊မူးယစ်ဆေးဝါးများစွာပါ ရှိနေသည်။
"ရိပေါ် မင်းစိတ်ကိုအတက်နိုင်ဆုံးပြင်ဆင်ထားရင်ကောင်းမယ်"
ရှောင်းကျန့် အဲ့ဒါပဲပြောပြီး ရိဝူကောဆီကိုဖုန်းဆက်လိုက်သည်။
ရိပေါ်က ခေါ်ပြီး အပေါ်ထပ်ပြန်တက်လာကာ စတိုခန်းထဲမှာပဲ ထိုင်စောင့်နေလိုက်သည်။
အတော်လေးကြာတော့ ရိဝူကောတို့ရောက်လာပြီး သက်သေတွေယူ ပစ္စည်းတွေစစ်ဆေးပြီး ဝမ်သူဌေးကို အမြန်ဆုံးအပြစ်ဒဏ်ပေးဖို့အတွက် စီစဥ်လိုက်သည်။
"ရိပေါ် ပြန်လိုက်တော့"
"ကော ကျွန်တော့်အဖေကအဲ့လို လူစားမဟုတ်ဘူး"
"သက်သေတွေကိုကြည့်လိုက် ရိပေါ်"
ရှောင်းကျန့် ရိပေါ်ကိုပြောပြီး အမြန်ထွက်လာခဲ့သည်။
ထပ်ပြီး စိတ်ဒဏ်ရာတွေမပေးချင်တော့ပါ။
🍀
အားလုံးကိုတောင်းပန်ပါတယ် အရမ်းကြာနေတဲ့အတွက်။ ကိုယ်လည်းအရမ်းစိတ်ညစ်နေတဲ့အတွက် မရေးတာပါ။
ဒီတစ်ပိုင်းတောင် မနေ့ညက ကိုယ်ညကင်းစောင့်ရလို့ ရေးလိုက်တာပါ။
ဘယ်ချိန်မှ ထပ်ပြီး Updateလုပ်နိုင်မလည်း မသိတဲ့အတွက် တောင်းပန်ပါတယ်။
အားလုံးပဲ ဂရုစိုက်ကြပါ။အားမလျှော့ပါနဲ့ ဒီတိုက်ပွဲကို နိုင်အောင်တိုက်ရပါ့မယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်
Zawgyi
"အင်း"
"ကျန့်ကော ဖယ်"
"ကြည့်ကြည့်ရအောင်"
"ရိပေါ် ကလေးရော"
"အင်း"
"ရိပေါ် ပြန်လိုက်တော့"
🍀
繼續閱讀
You'll Also Like
8.8K 471 22
"everyday notes to remind you how precious you are," KENTIN.
30.6K 639 198
"This Christmas (Month), Im making a book" "Where everything is related to Disventure Camp" "Cause This month, to save me from blocks" "I'm making a...
589K 13.2K 40
In wich a one night stand turns out to be a lot more than that.
281K 21.9K 59
Xiao Zhan - များစွာသော အတုအယောင်တွေကြား စစ်မှန်တဲ့မင်းကိုသာ ငါအချစ်ဆုံး Yibo - ချစ်စရာလူများနေရင်တောင် ကျွန်တော့်ဘက်ကို တစ်နေ့နေ့တော့ လှည့်ကြည့်ပေးပါ...