Part 13

6.1K 597 11
                                    

Unicode

flashback

ရိပေါ် ရေချိုးခန်းထဲဝင်နေတုန်း ရှောင်းကျန့် jian guoလေးကို ပွတ်သပ်ပေးပြီး ​အမွှေးတွေကိုဘီးလေးနှင့်ဖြီးပေးနေလိုက်သည်။
ရှောင်းကျန့် ခေါင်းငုံကာ jian guoလေးကို ဘီးလေးနှင့်ဖြီးပေးနေတုန်း ပတ်ဝန်းကျင်ကအရမ်းအရမ်းကိုတိတ်ဆိတ်နေတာကြောင့် ရှောင်းကျန့်မူမမှန်တော့မှန်းခံစားမိလာသည်။
လက်ကjian guoလေးကိုပွတ်သပ်ပေးနေတုန်း သူ့အရှေ့တည့်တည့်ကအရိပ်တစ်ခုမြင်လိုက်တာကြောင့် ရှောင်းကျန့်ခေါင်းမော့ကြည့်လိုက်တော့ သွေးစွန်းပြီးညစ်ပတ်ကာ ဘာအရောင်မှန်းမသိတော့တဲ့ ဂါဝန်ကြီးနှင့်မိန်းမတစ်ယောက်က သူနှင့် တစ်တောင်ကျော်ကျော်လောက်မှာထိုင်ကာ jian guoလေးကိုပြုံးပြုံးကြီးစိုက်ကြည့်ပြီး သူကြည့်နေတာမှန်းသိတော့ ထိုအရာကသူ့ကိုကြည့်ကာအေးစက်စက်ကြီးရီပြလာသည်။
အဲ့မိန်းမမျက်နှာက မဲပုတ်နေပြီး ဆံပင်တွေကလည်းဖွလန်ကြဲနေကာ လည်ပင်းမှာလည်း
သံဆူးကြိုးကြီးတစ်ချောင်းက အဲ့မိန်းမရဲ့မဲပုတ်နေတဲ့အသားထဲစိုက်ဝင်နေသည်။

ရှောင်းကျန့် ကျောက်ရုပ်ကြီးလိုအသံမထွက်ဘဲ မျက်တောင်တောင်ခတ်မိရဲ့လားမသိ ထိုမိန်းမကြီးကိုစိုက်ကြည့်နေသည်။ ထိုမိန်းမကြီးကဆောင့်ကြောင့်ထိုင်နေရာက အဲ့ဒီပုံစံအတိုင်း ပြုံးပြုံးကြီး သူ့အနားကိုတဖြည်းဖြည်းတိုးလာတော့မှ ရှောင်းကျန့် မျက်လုံးမှိတ်ပြီး အသားကုန်အော်လိုက်မိသည်။

Flashback end

------------------------

ခြေဖျားလက်ဖျားတွေအေးစက်ကာ ကြုံခဲ့ရတာကိုပြန်ပြောနေတဲ့ရှောင်းကျန့်​ကြောင့် ရိပေါ်သနားကာ ပခုံးလေးကိုဖွဖွပွတ်ပေးလိုက်သည်။
သူသာရှောင်းကျန့်ကိုတစ်ယောက်တည်းမထားခဲ့ရင် ရှောင်းကျန့်ရဲ့အခုလိုပုံစံကိုမြင်ရမှာမဟုတ်။
ရှောင်းကျန့်မျက်နှာက ပြုံးနေတာကိုမြင်နေရတဲ့သူ့အဖို့ ဒီငိုနေတဲ့မျက်နှာက သူ့အတွက်စိမ်းသက်သက်ပင်။

"ကော ကျွန်တော်အဲ့မှာမနေရဲတော့ဘူး"

"မကြောက်ပါနဲ့ zhuo chengရာ ကိုယ်ရှိပါတယ်"

SECRET ( Completed)Where stories live. Discover now