Part 7

7.1K 669 0
                                    

Unicode

Hai kuanအခန်းထဲရောက်တော့ ရိပေါ်က သူကြုံတွေ့ခဲ့ရတဲ့ထူးဆန်းတဲ့အဖြစ်အပျက်လေးတွေကို ပြောပြလိုက်သည်။

"အဲ့တော့ မင်းတစ်ယောက်တည်းမနေရဲဘူးပေါ့"

"အင်း မင်းရောတစ်ယောက်တည်းနေရဲလား"

"မနေရဲဘူး ဒါပေမယ့်ငါကနောက်လေးရက်လောက်နေရင် ငါနဲ့အတူတူနေမယ့်အခန်းဖော်ရှိတော့မှာ"

"အခန်းဖော်ဘယ်သူလည်း"

"Zhuo cheng "

"Zhuo xhengကဘယ်သူတုန်း"

"ငါ့ပါးပါးရဲ့မိတ်ဆွေရဲ့သား သူ့ကိုဒီကျောင်းမှာပြောင်းထားတာ အဲ့ဒါကိုဟိုကလေးက အဆောင်မနေရရင် ကျောင်းမပြောင်းဘူးဆိုပြီးဖြစ်နေတော့ ပါးပါးကငါ့ကိုခေါ်ထားခိုင်းလိုက်တာ။"

"ကလေးဆိုတော့ ငါတို့ထက်ငယ်တာလား"

"မင်းနဲ့ဆိုရွယ်တူဘဲ ငါနဲ့ကျတစ်နှစ်လောက်ငယ်တယ်"

"အော်"

"မင်းတစ်ယောက်တည်းမနေရဲရင် ဟိုကောင်လေးကို အဆောင်နေခိုင်းလိုက်ပါ့လား"

"ဘယ်ကောင်လေးလဲ"

"မင်းရဲ့စိတ်ပျော်ရာလေးလေ"

"အော် ရှောင်းကျန့် အေးဟုတ်သားဘဲ မင်းပြောမှအကြံရတယ်။ သူ့ကိုအဆောင်နေခိုင်းလိုက်ရင် ငါတစ်ယောက်တည်းမပျင်းရတော့ဘူး။"

"သူ့ကိုနေခိုင်းတာကထားပါတော့ သူကလက်ခံမယ်တဲ့လား"

"လက်ခံအောင်လုပ်ဖို့ငါ့မှာအကြံရှိပါတယ်ကွာ"

"အေးပါမင်းသဘောပဲ"

Haikuan ရိပေါ်ကိုကြည့်ပြီးသက်ပြင်းအသာလေးချမိလိုက်သည်။
ဒီကလေးက စိတ်ပါလက်ပါနဲ့မရီမပြုံးတာကြာပြီမလား။အမြဲတမ်းတည်တည်တံ့တံ့နေပြီး သူလုပ်ရမယ့်အလုပ်၊သူလုပ်ရမယ့်တာဝန်တွေကိုသာ ကျေပွန်အောင်ထမ်းဆောင်ပြီး ရင်းနှီးတဲ့သူတွေကိုတောင် အပြုံးတုတွေနဲ့ပြုံးပြနေခဲ့တဲ့ဒီကလေးက ရှောင်းကျန့်ဆိုတဲ့ကောင်လေးကိုကြည့်ပြီး စစ်မှန်တဲ့အပြုံးတွေသူ့နှုတ်ခမ်းထက်မှာဖြစ်တည်လာခဲ့လာကို ကိုယ်တိုင်မြင်တွေ့နေရတဲ့ haikuanက ရိပေါ်စိတ်ချမ်းသာဖို့အတွက်ဘာမဆိုလုပ်ပေးဖို့ ဆုံးဖြတ်ထားသည်။

SECRET ( Completed)Onde histórias criam vida. Descubra agora