Part 24

4.9K 436 7
                                    

Unicode

ရှောင်းကျန့် ဒီတစ်ပါတ်အတွင်း အဲ့အကြောင်းကိုပဲ ထပ်တလဲလဲပြန်တွေးကာ ယခု သူ့မှာသေချာတဲ့ဆုံးဖြတ်အဖြေရလာခဲ့ပြီ။
ရိပေါ်ကို သူ့ပါးအကြောင်း အကုန်လုံးဖွင့်ပြောမယ် ရိပေါ်လက်မခံဘူးဆိုရင် လက်ခံနိုင်လာအောင် ရိပေါ်ကိုဖြောင်းဖြမယ်။
နောက်ဆုံးရိပေါ်ဘက်က သူ့ကိုမုန်းသွားတယ်ဆိုရင်တောင် ရိပေါ်သူ့အပေါ် အမုန်းတွေပြေလျော့လာတဲ့အထိ ရိပေါ်နောက်ကိုတကောက်ကောက်လိုက်မယ်။
အဆုံးစွန််ထိကို ရှောင်းကျန့်စဥ်းစားထားသည်။

ဒီနေ့က ရိပေါ်ရဲ့မွေးနေ့ဖြစ်တဲ့အတွက် ရှောင်းကျန့် ရိပေါ်ကိုဖွင့်ပြောဖို့ဆုံးဖြတ်ထားသည်။
ရိပေါ် ပါးပါးအကြောင်းကိုတော့ မနက်ဖြန်မှပြောမယ်လို့ ရှောင်းကျန့်ဆုံးဖြတ်လိုက်သည်။
ရိပေါ်မွေးနေ့မှာ စိတ်ဆင်းမရဲစေချင်ပါ အဲ့အစား ရိပေါ်သဘောကျစေမယ့် စကားတစ်ခွန်းကိုပဲ ရှောင်းကျန့်ပြောမည်။

"ကျန့်ကော သွားရအောင်"

"ငါဝတ်ထားတာ အဆင်ပြေရဲ့လားရိပေါ်"

"အင်း ပြေတယ်။ ကျန့်ကောက ချောပြီးသားမလို့ ဘာဝတ်ဝတ်အဆင်ပြေတယ်"

"ငါအတည်မေးနေတာ ရိပေါ် ပြောင်စပ်စပ်မလုပ်နဲ့။ မင်းမိဘတွေရောရှိတဲ့မွေးနေ့ပွဲမှာကို ငါဝတ်ထားတာအဆင်မပြေရင် မကောင်းဘူးလေ"

"စိတ်မပူပါနဲ့ ကျန့်ကောကလည်း ပါးပါးနဲ့မားမားက ကောကိုသဘောကျမှာပါ"

"အင်းပါ အဲ့ဆိုလည်း သွားရအောင်လေ လူကြီးတွေကိုစောင့်ခိုင်းထားရင်အားနာစရာကြီး"

ရှောင်းကျန့် နားရွက်ဖျားလေးတွေရဲတွက်လာပြီး ရိပေါ်ကို သွားမယ်လို့ပြောပြီး ထွက်သွားမယ်လုပ်တုန်း ရိပေါ်က ရှောင်းကျန့်လက်ကို ဆွဲပြီးခါးလေးကိုလှမ်းဖက်လိုက်သည်။

"ကျန့်ကော ကျွန်တော့်အတွက် မွေးနေ့ဆုတောင်းနဲ့မွေးနေ့လက်ဆောင်ရော"

"မင်းတို့အိမ်က ပြန်လာမှပေးမယ်လေ"

"မရဘူး။ကျွန်တော်က ကျန့်ကောဆီက ပထမဆုံးမွေးနေ့ဆုတောင်းနဲ့မွေးနေ့လက်ဆောင်ရချင်တာ အခုပေး"

SECRET ( Completed)Where stories live. Discover now