Part 3

8.6K 759 4
                                    

Unicode

"Hai kuan မင်းငါ့ကို coffeeဆိုင်ခေါ်လာတယ်"

"အေးလေ"

အံ့သြနေတဲ့အမူအယာနဲ့ပြောနေတဲ့ ရိပေါ်ကို လျစ်လျူရှုပြီး အေးအေးသက်သာပြောလာတဲ့ hai kuanကြောင့် ရိပေါ် ခေါင်းကိုက်သလိုတောင်ဖြစ်လာရသည်။
သူဘယ်တုန်းက coffeeဆိုင်ထိုင်ဖူးလို့ haikuanကဒီဆိုင်ကိုခေါ်လာရလည်းစဥ်းစားလို့မရ။
မျက်ခုံးနှစ်ဘက်ကြုံကာစိုက်​ကြည့်နေတဲ့ ရိပေါ်ကြောင့် haikuan အော်ရီလိုက်မိသည်။

"ရိပေါ်ရာ မင်းကလည်းအဲ့လိုမျက်ခုံးကြီးကြုံမထားစမ်းနဲ့ ငါဒီဆိုင်ကိုခေါ်လာတာက အကြောင်းရှိတယ်"

"ဘာအကြောင်းလည်း"

"ဒီလို ဟိုတစ်နေ့ကငါ့ညီမဝမ်းကွဲတစ်ယောက်က အိမ်လာတော့ငါ့အတွက်ဆိုပြီး ပေါင်မုန့်​တွေဝယ်လာတယ် အဲ့ပေါင်မုန့်တွေကလေ စားလို့ကောင်းလိုက်တာမှငါဆိုလုံးဝတကယ်ကြီးအမှန်ကြီးကိုကြိုက်သွားတာ"

"အေးအဲ့ဒါငါကဘာလုပ်ရမှာလည်း"

"မင်းကလည်း အဲ့ပေါင်မုန့်က ဒီဆိုင်ကမလို့မင်းကိုစားစေချင်လို့ခေါ်လာတာ နောက်ပြီး ဒီဆိုင်ရဲ့အပေါ်ထပ်မှာကျ ဟော့ပေါ့တို့အကင်တို့လည်းရတယ်လေ အဲ့ဒါတစ်ခြားနေရာမသွားဘဲဒီဆိုင်မှာတစ်ခါလောက်စမ်းစားကြည့်ရအောင် ကောင်းလားလို့"

"အေးပါ အဲ့ဆိုလည်းပြီးတာဘဲ "

Hai kuanလည်းကားကိုသေချာရပ်ထားခဲ့ပြီး ရိပေါ်နဲ့အတူတူ coffeeဆိုင်ထဲဝင်လာခဲ့သည်။

ဆိုင်ရဲ့အပြင်အဆင်က ရိုးရှင်းပြီးဆွဲဆောင်မှုရှိသည်။ မိန်းကလေးတွေအကြိုက် ဓာတ်ပုံကောင်းကောင်းရိုက်ဖို့နေရာလည်း သေချာပြင်ဆင်ထားတာကြောင့် ဆိုင်ထဲကလူအများစုက မိန်းကလေးတွေကြီးပင်။
Hot pot စားမှာမလို့ အပေါ်ထပ်ကိုတက်လာတဲ့ haikuanနှင့်ရိပေါ်ကို တစ်ချို့ကပေါ်တင်ကြည့်နေသလို၊တချို့ကျတော့လည်းမသိမသာလေးကြည့်နေကြသည်။
အဲ့လိုမိန်းကလေးအများစုရဲ့ အာရုံစိုက်ချင်းကိုခံလိုက်ရတဲ့ တစ်ခဏတော့ haikuanမျက်နှာကမှိုရသလို ပြုံးဖြီးလာတာကြောင့် ရိပေါ် မနိုင်ဘူးဆိုတဲ့သဘောနဲ့ခေါင်းခါလိုက်သည်။

SECRET ( Completed)Where stories live. Discover now